ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
12
စာဖတ်နေစဥ်စေ့ရုံစေ့ထားတဲ့ တံခါးချပ်ကိုခပ်ဖွဖွခေါက်လာ၏။ နံရံကပ်နာရီသည် အချိန်အားဖြင့် ညနေသုံးနာရီလောက် ရှိနေပြီဖြစ် ကြောင်း ပြသနေသည်။ ညချမ်းအေး စာအုပ်ကိုပိတ်ကာ တံခါးထဖွင့်ပေးလိုက်ချိန်တွင် ပုဆိုးနှင့်အင်္ကျီကိုသေသပ်စွာဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်ကိုတွေ့ရသည်။ ထိုသူကပဲရည်မွန်စွာပြုံးပြလာကာ
"ကိုစုံကပို့ခိုင်းလိုက်လို့ ၊ ပစ္စည်းလာပို့ပေးတာပါဗျ"
"ဪ... ဟုတ်"
ညချမ်းအေး ဘာပြောရမှန်းမသိခင် ထိုသူကပင် နောက်ကိုလှည့်ကာ " ပစ္စည်းတွေယူခဲ့တော့" ဟု အော်လိုက်သည်။ အလုပ်သမားတချို့သည် စားပွဲနှင့်ခုံတို့ကို ယူလာပြီး အိမ်ထဲကို နေရာချကာ အမြန် ပြန်ထွက်သွား၏။ ထိုအချိန်ထိ ညချမ်းအေးသည် အိမ်၏ တံခါးဝတွင်ယောင်လည်လည်ရပ်နေမှန်းသတိမရသေး။ ထူးခြားစွာ သူအိမ်ငှားတဲ့နေရာသည်
လိုအပ်သည်ဟု၍မရှိ။ မနေ့ကပင် ထိုင်စရာတစ်ခုခု စီစဉ်အုံးမှဟု တွေးနေစဉ် ယနေ့ရောက်လာတဲ့ ပေါလစ်ပြောင်နေသောစတီခုံတွေက သူ့အားအနည်းငယ်တော့ စိတ်ကျဉ်းကြပ်စေသည်။
" လိုအပ်တာရှိရင် ဟိုဖက်ကအိမ်က အလုပ်သမားတွေကို ခေါ်ခိုင်းလို့ရပါတယ်ဗျ "
" အာ... ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်"
ထိုသူသည် ချက်ချင်းပင်ပြန်သွားလေသည်။
အိမ်နောက်ဖက်ရှိ ရေကန်သည် တစ်ဖက်အိမ်ကနေ ပိုက်ဖြင့်ဖြည့်ပေးရုံသာမက ညဆိုရင်လည်း မှောင်မဲမဲ အိမ်မှာ မီးမရှိပဲနေစရာမလို။ ဒီလောက်ပြီးပြည့်စုံအောင်ထားရအောင် ကိုယ်နဲ့လည်းဆွေမျိုးရင်းချာမဟုတ်။
အားနာမူ့ထက် စိတ်ထဲမတင်မကျဖြစ်လာရသည်။
" အရီး... "
" ဟေ ... ညချမ်းအေး ။ ဘယ်ကလှည့်လာတာလဲ"
" တမင်အရီးဆီလာတာ ။ အရီးအားလား"
" အေး အားတယ်လေ ။ လာလေ... "
ထုံးစံအတိုင်းအရီးအိမ်မှာ အဘ မရှိ။အမှိုက်လှဲနေတဲ့အရီးကညချမ်းအေးလာတော့ လက်စ အမြန်သတ်ကာ အိမ်အောက်က ကွပ်ပျစ်မှာ လာထိုင်သည်။
" ဘာကိစ္စရှိလို့လဲညချမ်းအေး"
" ကိစ္စဆိုတာထက် အရီး ကျွန်တော်ကိုတခြားအိမ်ရှာပေးလို့မရဘူးလား"
" ဟဲ့ဘာဖြစ်ရပြန်တာလဲ"
ညချမ်းအေးသက်မောချကာ
" မသိပါဘူးအရီးရာ။ နေရတာ သက်တောင့်သက်သာမရှိလို့ ဘူးထင်လို့ပါ။ ပိုင်ရှင်ကအတော်လေး ကောင်းရှာပါတယ်။ ရေဆိုရေ မီးဆိုမီး မပူရဘူးဆိုပေမဲ့ ကျွန်တော့်စိတ်ထဲတစ်မျိုးကြီးဖြစ်နေလို့"
" ဘာများဖြစ်လာရတာလဲလို့ "
" စုံသာမြိုင်က လူကောင်းပါဟယ်။ မင်းနေတဲ့အိမ်ကလည်း သူ့အမေ အမွေထားရစ်ခဲ့တဲ့အိမ်။ ခါတိုင်း
အလုပ်သမားဝင်တာတောင်မကြိုက်ဘူး။ မင်းမို့ကံကောင်းလို့နေခွင့်ပေးထားတာ "
" ကျွန်တော်ကလည်း သာမန်လူပဲလေ ။တစ်ခါမှ မမြင်ဖူးပဲ လိုက်လျောလွန်းအားကြီးနေတာကို ကျွန်တော်စိတ်မလုံဘူးအရီး။ မနေ့ကဆို
စတီခုံအသစ်တွေလာပို့ပေးတယ်။ ဒီနေ့မနက်ကလည်း အခန်းတံခါးဂျက်ပျက်နေတာကို လာပြင်ပေးသွားသေးတယ်"
ဟိုဖက်အိမ်က အလုပ်သမားတချို့ဆို သူမြင်တာနဲ့ ဆရာလေး ဘာလိုသေးလဲဆိုတာ မကြာခဏ မြင်တာနဲ့မေးတက်သေးသည်။ ကူးကူးဆိုတဲ့ကလေးမလေးကိုတော့ ဒီရက်ထဲ မမြင်။ ပိုင်ရှင်ကတော့ ပြောမနေနဲ့ ရုပ်က ဘယ်လိုပုံဆိုတာတောင် သူ့မှာ မခန့်မှန်းမိအောင်ပင်။
" မင်းမှမဟုတ်ပါဘူးညချမ်းအေးရယ်။ စုံသာမြိုင်က စကားသိပ်မပြောပေမဲ့ စိတ်ရင်းကောင်းရှာပါတယ်။
ဘယ်သူ့နေနေ သူအကူညီက ကင်းတဲ့သူမရှိဘူး ။
လိုအပ်ရင် ငွေဆိုငွေ ကူညီလိုက်တာချည်းပဲ။
ဘာမှမဟုတ်တာကို စိတ်ထဲထားမနေနဲ့ ။ "
အရီးဖက်က မလှုပ်တော့ အိမ်ပြောင်းဖို့ကိစ္စ တစ်ခန်းရပ်ခဲ့ပြန်သည်။ ထို့နေ့က အရီးအိမ်မှာပဲ နေခင်းစာ စားပြီးပြန်လာတော့ အိမ်ရှေ့က တောစံပယ် ပင်အောက် လူတစ်ယောက် ရပ်နေတာ တွေရလေသည်။ မကြာခဏ ဒီစံပယ်ပင်အောက် လူတွေ တွေ့နေရတော့ ညချမ်းအေး အရင်ကလောက်လန့်မနေတော့။
ပုံမှန်ပင် ခြံဝန်းတံခါးဖွင့်ဝင်လိုက်စဉ်
မလှုပ်မယှက် ရပ်နေတဲ့သူသည် ကျောပေးနေရာမှ
လှည့်လာသည်။
ထိုသူသည် အရပ်အတော်ရှည်ကာ ခြေမျက်စိထိရှည်သော ပုဆိုးကိုဝတ်ဆင်ကာ အကွက်စိတ်သောဖျင်ထည်အညိုကွက်ကိုတံတောင်ထိရောက်အောင်ဆွဲတင်ဝတ်ဆင်ထား၏။
ရုပ်ရည်သည် အနည်းငယ်ပြေပြစ်ကြည့်ကောင်းသည်ဟုထင်ရသော်လည်း မျက်ခုံးအဖျားကနေ မျက်စိထောင့်နားထိ ကန့်လန့်ဖြတ်အမာရွတ်ကြီးကြောင့်
ခက်ထန်သည်ဟုလည်းထင်ရသည်။
ထူးထူးခြားခြားပုံပန်းကြောင့် ညချမ်းအေးသည်လည်း နှုတ်ဆက်ဖို့မေ့နေစဉ် သူသည်ဖြတ်ခနဲလှည့်ထွက်သွားလေသည်။
နောက်ထပ်ထူးခြားမူ့တစ်ခုက ထိုသူထံပါးမှာရှိနေသေးတာအံ့ဩစရာ။ ဘယ်ခြေထောက်သည်
လမ်းလျှောက်တိုင်း အနည်းငယ်နိမ့်ဆင်းသွားသယောင်ရှိနေပြီး ခြေညှပ်ဖိနပ်ဝတ်ဆင်ထားတဲ့ ဘယ်ခြေထောက်သည် အဝါရောင် ဖြစ်နေခြင်းပင်။ တစ်ဖက်ခြေထောက်နဲ့ တစ်ဖက်ပုံပန်းမတူညီခြင်း။ ဟုတ်သည်။ညချမ်းအေးတွေးမိသလိုပင် ထိုသူ၏ ဘယ်ခြေထောက်သည်
ခြေတုတစ်ခုကို အသုံးဖြစ်ကာ လမ်းသွားနေခြင်းပင်။
စံပယ်ပင်သည် လေရူးတစ်ပွေကြောင့် မြင်လွှာရှေ့
တဖြုတ်ဖြုတ်ကြွေကျကုန်သည်။ ညချမ်းအေး နှလုံးအိမ်တွင်လည်း ထူးဆန်းစွာ တဒုတ်ဒုတ်ခုန်လာသည်မှာ ကြောက်ဖွယ်လိလိ။
________
ကြည်လင်သော မျက်လုံးဝိုင်းကြီးများအား မြင်လိုက်ရစဉ် သူသည် အတိတ်ကိုသာပြန်သတိရမိတော့သည်။ ထိုစဉ်အခါကညချမ်းအေး မျက်နှာသည် ယခုလို ဝင်းမွတ်မနေပေ။ လောကဓံကြောင့်တောက်ပမူ့မရှိတဲ့ကောင်လေးသည် သူ့အတွက်တစ်ဘဝစာလုံး အတူရှိနေပေးခဲ့ဖူးသည်။ သူ့အနေနဲ့ညချမ်း အေး၏နောက်ကွယ်ကနေသာ ထောက်ပံ့ပေးဖို့ကြိုးစားခဲ့သည်မှာ ပြောင်းလဲလွန်းသော ကံကြမ္မာအား မယုံကြည်ခဲ့လို့ဖြစ်သည်။
" အစားအသောက်စားတိုင်း ဟိုဟာ ဂျေးများ ဒီဟာဂျေးများနဲ့။ လူကြီးသူမက ကောင်းတာကျွေးရင် ကလေးပီပီစားလိုက်ပါ့လား "
အိမ်ထဲဝင်လိုက်တာနဲ့ ကူးကူးတစ်ယောက် စားပွဲပေါ်ရှိ ငှက်ပျောဖီးအား မျက်နှာငယ်စွာကြည့်နေလေသည်။
ဦးလူလှသည် စတီခုံပေါ်တွင်ကျကျနနထိုင်ကာ
ကူးကူးအားဆူနေသည်။ ချစ်ထွန်း ကို သူအလုပ်ခိုင်းလိုက်လို့အိမ်မှာမရှိ။ ကလေးတစ်ယောက်ထဲအလုပ်သမားတွေနှင့်ထားခဲ့တယ်ဆိုပေမဲ့ သူ့လူတွေက စိတ်ချရသည်။ သို့ပေသည့် တစ်ခါတစ်ရံမှာလာတက်တဲ့ဦးလူလှကိုတော့ ယှဉ်ပြောရဲမည်မဟုတ်။
ကူးကူးတစ်ယောက် ငိုတော့မည့်ဟန်မျက်ရည်ဝိုင်းလာတာမြင်တော့ သူ့ရင်ထဲ တင်းခနဲဖြစ်သွားသည်။
"လူကြီးကျွေးတိုင်းစားရအောင် သူကြိုက်တာဖြစ်အုံးမှကို။ ကျွန်တော့်သမီးကို မကြိုက်တာရှိရင် သူစားစရာ မလိုအောင် ကျွန်တော်က အကုန်ဖြည့်ဆည်းပေးထားတာ။ ငှက်ပျောသီးဆိုတာ ငယ်ငယ်ကတည်းက သူလုံးဝကျွေးမရတာ။ အတင်းကျွေးလို့ နင်ရင် ဘကြီးတာဝန်ယူမှာလား"
ပြောပြောဆိုဆို ကုတ်ကုတ်လေးထိုင်နေတဲ့ ကူးကူးကို ကောက်ပွေ့လိုက်တာစွေ့ခနဲ။ ကူးကူးကသူ့ကို မြင်တော့ လည်ပင်းကို သိုင်းဖက်ကာ တိတ်တိတ်လေး ငိုတော့သည်။
သူ့ကိုမြင်တော့ ဦးလူလှ မျက်နှာချိုသွေးလာသည်။
" ဘကြီးက စားစေချင်လို့ အိမ်ကယူလာတာလေ။
ငှက်ပျောသီးက ပင်မှည့်ဆိုတော့ ကလေးတွေနဲ့လည်းတည့်တယ်။ မင်းလည်း စားရအောင် အပင်ပေါ်တင်မှည့်ဝင်းနေအောင်ထားရတာ "
" နောက်ယူမလာပေးလည်းရတယ်ဘကြီး။
ကူးကူးလည်းမကြိုက်ဘူး။ ကျုပ်လည်းမကြိုက်ဘူး"
ပိတ်ကာပြောပစ်တော့မှ ဦးလူလှ ဆက်မပြောတော့တာဖြစ်သည်။ အရင်လိုလည်း စုံသာမြိုင်က
လူ့နင်းပြားမှ မဟုတ်တော့တာ။ သူချမ်းသာတာ မြင်တော့ အမျိုးတွေ အိမ်ကိုအဝင်အထွက်ရှိလာသည်။အကျိုးမျှော်လို့ညောင်ရေလောင်းတဲ့သူက ခပ်များများဆိုတော့ ငစုံက တစ်ယောက်မှမျက်နှာသာမပေး။
" အနောက်ဖက်အိမ်ကို အိမ်ငှားတင်တယ်ဆို"
" အိမ်ငှားတင်တာ မဟုတ်ဘူး။ ဒီအတိုင်းပေးနေလိုက်တာ။ "
" အတူတူပဲမဟုတ်ဘူးလား။ မင်းမှာ ပိုက်ဆံမလိုတာခြင်းအတူတူ ဘကြီး ပြောထားသလို ဆုံးရှုံးခဲ့တဲ့ငွေတွေအတွက် ပြန်မပေးချင်ဘူးလား။ မင်းသိတဲ့အတိုင်း ဘကြီးတို့လည်းအရင်လိုအဆင်မှမပြေတော့တာ"
ရည်ရွယ်ချက်က ပေါ်လာပြီဆိုတော့ ကလေးကိုတင်းတင်းပွေ့ရင် စုံသာမြိုင် နှုတ်ခမ်းတွန့်ရုံမျှပြုံးမိတော့သည်။
" အဆင်ပြေတိုင်း ကျုပ်ဆီလာငြီးညူနေကြတာ နေ့တိုင်းဆိုတော့ ကြားရတာ တော်တော် အဆင်မပြေတော့ဘူးဘကြီး။ ကျုပ် မပြေလည်ခင်လည်း ဘကြီးတို့အမျိုးတစ်စု ဝေးဝေးရှောင်ခဲ့ကြတာမဟုတ်ဖူးလား။ဒီမှာ ဘကြီး ၊ ကျုပ်ရောင်းခဲ့တဲ့မြေက
ဘကြီးကျေနပ်လို့ဝယ်ခဲ့တာ ။ စာချုပ်စာတန်းခုထိရှိသေးသလို တရားရုံးထိ တက်မယ်ဆိုလည်း ဘကြီးသဘောပါ။ ကျုပ်ကို အချိုခံသတ်ဖို့ အရေး ခဏခဏ လာနေရတာ ဘကြီးလည်း အဆင်ပြေမယ်မထင်ဘူး။ အဲ့တော့ နောက်မလာခဲ့ပါနဲ့ "
ငစုံ အပြတ်ပြောတော့ ဦးလူလှ မျက်နှာကြီးမဲခနဲ။
" ငစုံမင်းအတော်ရိုင်းလာတာပဲ။ ကောင်းပြီ
ကျေးဇူးကန်းတဲ့ အရိုင်းအစိုင်းကောင်။ မင်းဘဝ ဘယ်အထိ ခုလို ဒုက္ခိတဘဝနဲ့ ကြာကြာစံရမလဲ စောင့်ကြည့်နေမယ်"
ဦးလူလှပြန်သွားပြီးအတော်ကြာတဲ့အထိ စုံသာမြိုင် ငိုင်သွား၏။ ပုဆိုးအောက်ကခပ်ရေးရေးပေါ်နေတဲ့ ဘယ်ခြေတုသည် သူ့အား အတော်လေး စိတ်အားလျော့သွားစေသည်။ သူ့ကိုယ်ပေါ်က ကူးကူးသည် သူ့စိတ်ခံစားချက်ကိုနားလည်သည်ထင် ငြိမ်သက်စွာ သူနဲ့နည်းတူ ထိုင်နေခဲ့သည်။
အချိန်တွေ အတော်ကြာတဲ့အထိ နှစ်ယောက်သားထိုင်နေအပြီးမှာ စုံသာမြိုင်သက်မောကို ခပ်ဖွဖွချကာ
သမီး၏ဆံပင်လေးတွေကို ပွတ်သပ်ပေးမိသည်။
" ကူးကူး ...ဟိုဖက်ကို အလည်မသွားဘူးလား"
" အကူး သွားလို့ရလား"
" သမီးသွားချင်ရင်သွားလို့ရပါတယ်။ စာသင်ချင်တယ်ဆိုရင်လည်းဖေကြီးဖြစ်ဖြစ် ဦးထွန်းဖြစ်ဖြစ်လိုက်အပ်ပေးမယ်။ဒါမှ လာမဲ့နှစ်ကျောင်းအပ်ရင် သမီး စာတွေလိုက်နိုင်မှာ"
"တကယ်လား။ ဒါဆို အကူးစာသွားသင်မယ်နော်ဖေကြီး "
လက်ညိုးလေးထောင်ကာ ကူးကူးက ပြောလာသည်မို့ သူခေါင်းညိတ်ပြမိသည်။
ထိုအခါ အကူးက သဘောတကျ တဟီးဟီးရယ်လေသည်။ နို့ဘူးကူခဲ့ရတဲ့သွားလေးတွေက ပိုးစားကာ အစုံအလင်မရှိ။ ချစ်စရာကောင်းလှတာကြောင့်ဖွဖွဖက်ကာ တိုးတိတ်စွာ တစ်စုံတစ်ယောက်အားသတိရမိသွား၏။ ညချမ်းအေးသည်လည်း ထိုသို့ ချစ်စရာကောင်းလှသည်မို့လား။
________
"ဦးဦး..."
မီးဖိုချောင်ထဲ ထမင်းဟင်းချက်နေရာမှ ကြားလိုက်ရတဲ့အသံလေးကြောင်ကပျာကယာ အပြင်ပြေးထွက်လိုက်စဉ် ကလေးနှင့်အတူ ယှဉ်ရပ်နေတဲ့ ဟိုနေ့ကတွေ့လိုက်ရတဲ့သူကြောင့် ညချမ်းအေး ဧည့်ခန်းမရောက်ခင်ရပ်တန့်သွား၏။
ထိုသူကလည်း ညချမ်းအေးကို မမှိတ်မသုန်စိုက်ကြည့်နေသည်မို့ ဖြည်းနှေးသော ခြေလှမ်းတို့ဖြင့်
ရှေ့ဆက်သွားရတော့၏။
" ဟို.... ဘာကိစ္စရှိလို့လဲဗျ "
ကလေးကို သီးသန့်တစ်ယောက်ထဲမြင်ရင် ညချမ်းအေး ထိုသို့မေးမိမှာမဟုတ်။
အကြည့်စူးစူးတို့ကြောင့် လူကလည်း အယောင်ယောင်အမှားမှား။ထိုအခါမှ ထိုသူက
အရင်အကြည့်လွှဲသွားကာ
" ကူးကူးက နောက်နှစ်ကျောင်းစတက်ရတော့မှာ ။
ဖြစ်နိုင်ရင် သူ့အတွက် အခြေခံစာလေး နည်းနည်းလောက်ဖြစ်ဖြစ် သင်ပေးလို့ရမလား"
သုံးယောက်လုံးဧည့်ခန်းမှာပင်မိုးတို့မတ်တပ်။
ညချမ်းအေးခေါင်းအသာကုတ်ရင်း
" ဟို ... အရင်ထိုင်လိုက်ကြပါအုံးလား"
"လာ ဖေကြီး"
ကူးကူးကပင် အရင်လက်ဆွဲကာဝင်ထိုင်လိုက်တာမို့
စုံသာမြိုင်လည်း မနေသာတော့။
" ကလေးက စာသင်ချင်တယ်ဆိုလို့ ။ မင်းအားတယ်ဆိုရင် စာသင်ပေးလို့ရမလား"
" ဟုတ်.. ကျွန်တော်လည်း အဲ့ဒါပြောမလို့ပါ။
ဒီအိမ်မှာနေခွင့်ပေးတာကိုပဲ ကျွန်တော်ကျေးဇူးတင်မဆုံးပါဘူး။ အခငွေကြေးလည်း မယူတော့
စာသင်ပေးရင် ရမလားလို့ ပြောကြည့်ဖို့ရာ..."
" မဟုတ်ဘူး ။ မင်းကို ဉာဏ်ပူဇော်ခ ကျုပ်ပေးမှာပါ။ အဓိကက ကျုပ်သမီးပါ ။ သူကလူလည်းကြောက်တက်တယ်။ ယောကျာ်းသားတွေ ပဲရှိတော့ ကလေးက အထီးကျန်နေသလိုဖြစ်နေတယ်ထင်တယ်၊ သူ့ကို သေချာ စောင့်ရှောက်ပေးဖို့လိုနေတာမျိုးပါ။ ကျုပ်က မကြာခဏ ခရီးတွေထွက်ရတဲ့သူ ဆိုတော့ကူးကူးကိုတစ်ယောက်ထဲ ဦးလေးတွေနဲ့ထားခဲ့ရတာများတယ်။
မင်းအဆင်ပြေရင် အားတဲအချိန်တိုင်းစာသင်ပေးရင်းမလိမ်မာတာရှိရင် ဆုံးမတာမျိုး၊အမြင်မတော်တာရှိရင်သွန်သင်တာမျိုး လုပ်ပေးစေချင်တာပါ "
ပြောသွားတဲ့စကားတွေက ချည်ပြီးတုတ်ပြီး။
ကူးကူးရဲ့အဖေက ထိုသူပါလားဟုသိလိုက်ရတော့ စိတ်ထဲ လှိုင်းခတ်သွားသလိုလို ခံစားလိုက်ရသည်။ မနေ့က မြင်ကစကာက ဆိုရင် ဒီလူ့ကို နှစ်ပေါင်းများစွာက သိကျွမ်းဖူးသူလိုလို ရင်းနှီးနေသည်။
" ငွေတော့မယူပါရစေ။ အိမ်မှာဒီတိုင်း ပေးနေခိုင်းတယ်ဆိုကတည်းက ကျွန်တော်လည်း အားနာနေရတာပါ ။ ကလေးကို စိတ်ချပါ။ ကျွန်တော် ကိုယ့်တူမ ၊ ညီမလေးလို သေချာ သွန်သင်စောင့်ရှောက်ပါ့မယ် "
သူစကားအဆုံးမှာ ဖျတ်ခနဲ ပင့်ကြည့်လာတဲ့ အကြည့်တွေကြောင့် ရင်ထဲ ကတုန်ကယင် ဖြစ်သွားပြန်သည်။
သူဘာဖြစ်နေရတာလဲ။ ဒီလူ့ကိုမြင်တိုင်း ခံစားချက်ကြီးက တစ်မျိုးကြီး။ ထိုသူ၏ အကြည့်ကလည်း စူးနစ်လွန်းပြန်သည်။ သူ့တစ်သက်နှင့်တကိုယ် ထိုသို့
နင့်နေအောင် ကြည့်တက်လွန်းသော သူမျိုးကို ဒီတစ်ခါပဲ ကြုံတွေ့ဖူးသည်။ လုပ်ငန်းကြီးလုပ်နေတဲ့သူမို့ တမူထူးခြားသလား မသိပေမဲ့ အကြည့်ခံလိုက်ရတဲ့ သူအဖို့ စိမ့်နေအောင်ကြက်သီးထရလေသည်။
မျက်လုံးထောင့် ကြီးမားတဲ့ ကန့်လန့်ဖြတ်အမာရွတ်ကြောင့်လား။
ပုံမှန်လိုမဟုတ်တဲ့ခြေထောက်တစ်ဖက်ကြောင့်လား မသေချာ။
ထို့နေ့ကသူပြန်သွားပြီးတစ်ပတ်အထိ ထပ်မမြင်ရတော့ပေ။ ကလေးကိုမေးကြည့်တော့ သူခရီးထွက်သွားသည်တဲ့။ တကယ့်အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်က တောရွာမှာ ပုန်းအောင်နေသလို ဖြစ်နေတာကိုတော့ နှမြောမိသည်။ ထိုအပြင် ထင်သလောက်လည်း စုံသာမြိုင်ဆိုတဲ့သူကအသက်ကြီးမနေသေးပေ။ရုပ်ကတော့ အမာရွတ်ရှိတဲ့အပြင် တင်းမာလွန်းတဲ့မျက်နှာထားကြောင့် ရှိရင်းစွဲအသက်ထက်ပို့ရင့်နေသည်။
ကူးကူးကတော့အိမ်ဖက် ကူးလာပြီးစာလာသင်တက်လေသည်။
စာသင်ရုံတင်မက တရေးတမောအိပ်ပျော်သွားတက်တာမို့ သူ့အိမ်က လူတွေလာလာပို့ပွေ့မှ ပြန်ပါသွားတက်လေသည်။
ထိုသို့ဖြတ်သန်းရင်းနှင့် ညချမ်းအေး၏ဘဝထဲတဖြည်းဖြည်း ကူးကူးဆိုသော ကလေးမလေးက ဝင်ရောက်လာခဲ့၏။
စာဖတ္ေနစဥ္ေစ့ရံုေစ့ထားတဲ့ တံခါးခ်ပ္ကိုခပ္ဖြဖြေခါက္လာ၏။ နံရံကပ္နာရီသည္ အခ်ိန္အားျဖင့္ ညေနသံုးနာရီေလာက္ ရိွေနၿပီျဖစ္ ေၾကာင္း ျပသေနသည္။ ညခ်မ္းေအး စာအုပ္ကိုပိတ္ကာ တံခါးထဖြင့္ေပးလိုက္ခ်ိန္တြင္ ပုဆိုးႏွင့္အက်ႌကိုေသသပ္စြာဝတ္ဆင္ထားတဲ့ အမ်ိဳးသားတစ္ေယာက္ကိုေတြ့ရသည္။ ထိုသူကပဲရည္မြန္စြာၿပံဳးျပလာကာ
"ကိုစံုကပို႔ခိုင္းလိုက္လို႔ ၊ ပစၥည္းလာပို႔ေပးတာပါဗ်"
"ဪ... ဟုတ္"
ညခ်မ္းေအး ဘာေျပာရမွန္းမသိခင္ ထိုသူကပင္ ေနာက္ကိုလွၫ့္ကာ " ပစၥည္းေတြယူခဲ့ေတာ့" ဟု ေအာ္လိုက္သည္။ အလုပ္သမားတခ်ိဳ႕သည္ စားပြဲႏွင့္ခံုတို႔ကို ယူလာၿပီး အိမ္ထဲကို ေနရာခ်ကာ အျမန္ ျပန္ထြက္သြား၏။ ထိုအခ်ိန္ထိ ညခ်မ္းေအးသည္ အိမ္၏ တံခါးဝတြင္ေယာင္လည္လည္ရပ္ေနမွန္းသတိမရေသး။ ထူးျခားစြာ သူအိမ္ငွားတဲ့ေနရာသည္
လိုအပ္သည္ဟု၍မရိွ။ မေန့ကပင္ ထိုင္စရာတစ္ခုခု စီစဉ္အံုးမွဟု ေတြးေနစဉ္ ယေန့ေရာက္လာတဲ့ ေပါလစ္ေျပာင္ေနေသာစတီခံုေတြက သူ႔အားအနည္းငယ္ေတာ့ စိတ္က်ဉ္းၾကပ္ေစသည္။
" လိုအပ္တာရိွရင္ ဟိုဖက္ကအိမ္က အလုပ္သမားေတြကို ေခၚခိုင္းလို႔ရပါတယ္ဗ် "
" အာ... ဟုတ္ကဲ့။ ေက်းဇူးတင္ပါတယ္"
ထိုသူသည္ ခ်က္ခ်င္းပင္ျပန္သြားေလသည္။
အိမ္ေနာက္ဖက္ရိွ ေရကန္သည္ တစ္ဖက္အိမ္ကေန ပိုက္ျဖင့္ျဖၫ့္ေပးရံုသာမက ညဆိုရင္လည္း ေမွာင္မဲမဲ အိမ္မွာ မီးမရိွပဲေနစရာမလို။ ဒီေလာက္ၿပီးျပၫ့္စံုေအာင္ထားရေအာင္ ကိုယ္နဲ႔လည္းေဆြမ်ိဳးရင္းခ်ာမဟုတ္။
အားနာမူ႔ထက္ စိတ္ထဲမတင္မက်ျဖစ္လာရသည္။
" အရီး... "
" ေဟ ... ညခ်မ္းေအး ။ ဘယ္ကလွၫ့္လာတာလဲ"
" တမင္အရီးဆီလာတာ ။ အရီးအားလား"
" ေအး အားတယ္ေလ ။ လာေလ... "
ထံုးစံအတိုင္းအရီးအိမ္မွာ အဘ မရိွ။အမိႈက္လွဲေနတဲ့အရီးကညခ်မ္းေအးလာေတာ့ လက္စ အျမန္သတ္ကာ အိမ္ေအာက္က ကြပ္ပ်စ္မွာ လာထိုင္သည္။
" ဘာကိစၥရိွလို႔လဲညခ်မ္းေအး"
" ကိစၥဆိုတာထက္ အရီး ကြၽန္ေတာ္ကိုတျခားအိမ္ရွာေပးလို႔မရဘူးလား"
" ဟဲ့ဘာျဖစ္ရျပန္တာလဲ"
ညခ်မ္းေအးသက္ေမာခ်ကာ
" မသိပါဘူးအရီးရာ။ ေနရတာ သက္ေတာင့္သက္သာမရိွလို႔ ဘူးထင္လို႔ပါ။ ပိုင္ရွင္ကအေတာ္ေလး ေကာင္းရွာပါတယ္။ ေရဆိုေရ မီးဆိုမီး မပူရဘူးဆိုေပမဲ့ ကြၽန္ေတာ့္စိတ္ထဲတစ္မ်ိဳးႀကီးျဖစ္ေနလို႔"
" ဘာမ်ားျဖစ္လာရတာလဲလို႔ "
" စံုသာၿမိဳင္က လူေကာင္းပါဟယ္။ မင္းေနတဲ့အိမ္ကလည္း သူ႔အေမ အေမြထားရစ္ခဲ့တဲ့အိမ္။ ခါတိုင္း
အလုပ္သမားဝင္တာေတာင္မႀကိဳက္ဘူး။ မင္းမို႔ကံေကာင္းလို႔ေနခြင့္ေပးထားတာ "
" ကြၽန္ေတာ္ကလည္း သာမန္လူပဲေလ ။တစ္ခါမွ မျမင္ဖူးပဲ လိုက္ေလ်ာလြန္းအားႀကီးေနတာကို ကြၽန္ေတာ္စိတ္မလံုဘူးအရီး။ မေန့ကဆို
စတီခံုအသစ္ေတြလာပို႔ေပးတယ္။ ဒီေန့မနက္ကလည္း အခန္းတံခါးဂ်က္ပ်က္ေနတာကို လာျပင္ေပးသြားေသးတယ္"
ဟိုဖက္အိမ္က အလုပ္သမားတခ်ိဳ႕ဆို သူျမင္တာနဲ႔ ဆရာေလး ဘာလိုေသးလဲဆိုတာ မၾကာခဏ ျမင္တာနဲ႔ေမးတက္ေသးသည္။ ကူးကူးဆိုတဲ့ကေလးမေလးကိုေတာ့ ဒီရက္ထဲ မျမင္။ ပိုင္ရွင္ကေတာ့ ေျပာမေနနဲ႔ ရုပ္က ဘယ္လိုပံုဆိုတာေတာင္ သူ႔မွာ မခန႔္မွန္းမိေအာင္ပင္။
" မင္းမွမဟုတ္ပါဘူးညခ်မ္းေအးရယ္။ စံုသာၿမိဳင္က စကားသိပ္မေျပာေပမဲ့ စိတ္ရင္းေကာင္းရွာပါတယ္။
ဘယ္သူ႔ေနေန သူအကူညီက ကင္းတဲ့သူမရိွဘူး ။
လိုအပ္ရင္ ေငြဆိုေငြ ကူညီလိုက္တာခ်ည္းပဲ။
ဘာမွမဟုတ္တာကို စိတ္ထဲထားမေနနဲ႔ ။ "
အရီးဖက္က မလႈပ္ေတာ့ အိမ္ေျပာင္းဖို႔ကိစၥ တစ္ခန္းရပ္ခဲ့ျပန္သည္။ ထို႔ေန့က အရီးအိမ္မွာပဲ ေနခင္းစာ စားၿပီးျပန္လာေတာ့ အိမ္ေရ႔ွက ေတာစံပယ္ ပင္ေအာက္ လူတစ္ေယာက္ ရပ္ေနတာ ေတြရေလသည္။ မၾကာခဏ ဒီစံပယ္ပင္ေအာက္ လူေတြ ေတြ့ေနရေတာ့ ညခ်မ္းေအး အရင္ကေလာက္လန႔္မေနေတာ့။
ပံုမွန္ပင္ ၿခံဝန္းတံခါးဖြင့္ဝင္လိုက္စဉ္
မလႈပ္မယွက္ ရပ္ေနတဲ့သူသည္ ေက်ာေပးေနရာမွ
လွၫ့္လာသည္။
ထိုသူသည္ အရပ္အေတာ္ရွည္ကာ ေျခမ်က္စိထိရွည္ေသာ ပုဆိုးကိုဝတ္ဆင္ကာ အကြက္စိတ္ေသာဖ်င္ထည္အညိုကြက္ကိုတံေတာင္ထိေရာက္ေအာင္ဆြဲတင္ဝတ္ဆင္ထား၏။
ရုပ္ရည္သည္ အနည္းငယ္ေျပျပစ္ၾကၫ့္ေကာင္းသည္ဟုထင္ရေသာ္လည္း မ်က္ခံုးအဖ်ားကေန မ်က္စိေထာင့္နားထိ ကန႔္လန႔္ျဖတ္အမာရြတ္ႀကီးေၾကာင့္
ခက္ထန္သည္ဟုလည္းထင္ရသည္။
ထူးထူးျခားျခားပံုပန္းေၾကာင့္ ညခ်မ္းေအးသည္လည္း ႏႈတ္ဆက္ဖို႔ေမ့ေနစဉ္ သူသည္ျဖတ္ခနဲလွၫ့္ထြက္သြားေလသည္။
ေနာက္ထပ္ထူးျခားမူ႔တစ္ခုက ထိုသူထံပါးမွာရိွေနေသးတာအံ့ဩစရာ။ ဘယ္ေျခေထာက္သည္
လမ္းေလ်ွာက္တိုင္း အနည္းငယ္နိမ့္ဆင္းသြားသေယာင္ရိွေနၿပီး ေျခၫွပ္ဖိနပ္ဝတ္ဆင္ထားတဲ့ ဘယ္ေျခေထာက္သည္ အဝါေရာင္ ျဖစ္ေနျခင္းပင္။ တစ္ဖက္ေျခေထာက္နဲ႔ တစ္ဖက္ပံုပန္းမတူညီျခင္း။ ဟုတ္သည္။ညခ်မ္းေအးေတြးမိသလိုပင္ ထိုသူ၏ ဘယ္ေျခေထာက္သည္
ေျခတုတစ္ခုကို အသံုးျဖစ္ကာ လမ္းသြားေနျခင္းပင္။
စံပယ္ပင္သည္ ေလရူးတစ္ေပြေၾကာင့္ ျမင္လႊာေရ႔ွ
တျဖဳတ္ျဖဳတ္ေႂကြက်ကုန္သည္။ ညခ်မ္းေအး ႏွလံုးအိမ္တြင္လည္း ထူးဆန္းစြာ တဒုတ္ဒုတ္ခုန္လာသည္မွာ ေၾကာက္ဖြယ္လိလိ။
________
ၾကည္လင္ေသာ မ်က္လံုးဝိုင္းႀကီးမ်ားအား ျမင္လိုက္ရစဉ္ သူသည္ အတိတ္ကိုသာျပန္သတိရမိေတာ့သည္။ ထိုစဉ္အခါကညခ်မ္းေအး မ်က္ႏွာသည္ ယခုလို ဝင္းမြတ္မေနေပ။ ေလာကဓံေၾကာင့္ေတာက္ပမူ႔မရိွတဲ့ေကာင္ေလးသည္ သူ႔အတြက္တစ္ဘဝစာလံုး အတူရိွေနေပးခဲ့ဖူးသည္။ သူ႔အေနနဲ႔ညခ်မ္း ေအး၏ေနာက္ကြယ္ကေနသာ ေထာက္ပံ့ေပးဖို႔ႀကိဳးစားခဲ့သည္မွာ ေျပာင္းလဲလြန္းေသာ ကံၾကမၼာအား မယံုၾကည္ခဲ့လို႔ျဖစ္သည္။
" အစားအေသာက္စားတိုင္း ဟိုဟာ ေဂ်းမ်ား ဒီဟာေဂ်းမ်ားနဲ႔။ လူႀကီးသူမက ေကာင္းတာေကြၽးရင္ ကေလးပီပီစားလိုက္ပါ့လား "
အိမ္ထဲဝင္လိုက္တာနဲ႔ ကူးကူးတစ္ေယာက္ စားပြဲေပၚရိွ ငွက္ေပ်ာဖီးအား မ်က္ႏွာငယ္စြာၾကၫ့္ေနေလသည္။
ဦးလူလွသည္ စတီခံုေပၚတြင္က်က်နနထိုင္ကာ
ကူးကူးအားဆူေနသည္။ ခ်စ္ထြန္း ကို သူအလုပ္ခိုင္းလိုက္လို႔အိမ္မွာမရိွ။ ကေလးတစ္ေယာက္ထဲအလုပ္သမားေတြႏွင့္ထားခဲ့တယ္ဆိုေပမဲ့ သူ႔လူေတြက စိတ္ခ်ရသည္။ သို႔ေပသၫ့္ တစ္ခါတစ္ရံမွာလာတက္တဲ့ဦးလူလွကိုေတာ့ ယွဉ္ေျပာရဲမည္မဟုတ္။
ကူးကူးတစ္ေယာက္ ငိုေတာ့မၫ့္ဟန္မ်က္ရည္ဝိုင္းလာတာျမင္ေတာ့ သူ႔ရင္ထဲ တင္းခနဲျဖစ္သြားသည္။
"လူႀကီးေကြၽးတိုင္းစားရေအာင္ သူႀကိဳက္တာျဖစ္အံုးမွကို။ ကြၽန္ေတာ့္သမီးကို မႀကိဳက္တာရိွရင္ သူစားစရာ မလိုေအာင္ ကြၽန္ေတာ္က အကုန္ျဖၫ့္ဆည္းေပးထားတာ။ ငွက္ေပ်ာသီးဆိုတာ ငယ္ငယ္ကတည္းက သူလံုးဝေကြၽးမရတာ။ အတင္းေကြၽးလို႔ နင္ရင္ ဘႀကီးတာဝန္ယူမွာလား"
ေျပာေျပာဆိုဆို ကုတ္ကုတ္ေလးထိုင္ေနတဲ့ ကူးကူးကို ေကာက္ေပြ့လိုက္တာေစြ့ခနဲ။ ကူးကူးကသူ႔ကို ျမင္ေတာ့ လည္ပင္းကို သိုင္းဖက္ကာ တိတ္တိတ္ေလး ငိုေတာ့သည္။
သူ႔ကိုျမင္ေတာ့ ဦးလူလွ မ်က္ႏွာခ်ိဳေသြးလာသည္။
" ဘႀကီးက စားေစခ်င္လို႔ အိမ္ကယူလာတာေလ။
ငွက္ေပ်ာသီးက ပင္မွၫ့္ဆိုေတာ့ ကေလးေတြနဲ႔လည္းတၫ့္တယ္။ မင္းလည္း စားရေအာင္ အပင္ေပၚတင္မွၫ့္ဝင္းေနေအာင္ထားရတာ "
" ေနာက္ယူမလာေပးလည္းရတယ္ဘႀကီး။
ကူးကူးလည္းမႀကိဳက္ဘူး။ က်ဳပ္လည္းမႀကိဳက္ဘူး"
ပိတ္ကာေျပာပစ္ေတာ့မွ ဦးလူလွ ဆက္မေျပာေတာ့တာျဖစ္သည္။ အရင္လိုလည္း စံုသာၿမိဳင္က
လူ႔နင္းျပားမွ မဟုတ္ေတာ့တာ။ သူခ်မ္းသာတာ ျမင္ေတာ့ အမ်ိဳးေတြ အိမ္ကိုအဝင္အထြက္ရိွလာသည္။အက်ိဳးေမ်ွာ္လို႔ေညာင္ေရေလာင္းတဲ့သူက ခပ္မ်ားမ်ားဆိုေတာ့ ငစံုက တစ္ေယာက္မွမ်က္ႏွာသာမေပး။
" အေနာက္ဖက္အိမ္ကို အိမ္ငွားတင္တယ္ဆို"
" အိမ္ငွားတင္တာ မဟုတ္ဘူး။ ဒီအတိုင္းေပးေနလိုက္တာ။ "
" အတူတူပဲမဟုတ္ဘူးလား။ မင္းမွာ ပိုက္ဆံမလိုတာျခင္းအတူတူ ဘႀကီး ေျပာထားသလို ဆံုးရႈံးခဲ့တဲ့ေငြေတြအတြက္ ျပန္မေပးခ်င္ဘူးလား။ မင္းသိတဲ့အတိုင္း ဘႀကီးတို႔လည္းအရင္လိုအဆင္မွမေျပေတာ့တာ"
ရည္ရြယ္ခ်က္က ေပၚလာၿပီဆိုေတာ့ ကေလးကိုတင္းတင္းေပြ့ရင္ စံုသာၿမိဳင္ ႏႈတ္ခမ္းတြန႔္ရံုမ်ွၿပံဳးမိေတာ့သည္။
" အဆင္ေျပတိုင္း က်ဳပ္ဆီလာၿငီးၫူေနၾကတာ ေန့တိုင္းဆိုေတာ့ ၾကားရတာ ေတာ္ေတာ္ အဆင္မေျပေတာ့ဘူးဘႀကီး။ က်ဳပ္ မေျပလည္ခင္လည္း ဘႀကီးတို႔အမ်ိဳးတစ္စု ေဝးေဝးေရွာင္ခဲ့ၾကတာမဟုတ္ဖူးလား။ဒီမွာ ဘႀကီး ၊ က်ဳပ္ေရာင္းခဲ့တဲ့ေျမက
ဘႀကီးေက်နပ္လို႔ဝယ္ခဲ့တာ ။ စာခ်ဳပ္စာတန္းခုထိရိွေသးသလို တရားရံုးထိ တက္မယ္ဆိုလည္း ဘႀကီးသေဘာပါ။ က်ဳပ္ကို အခ်ိဳခံသတ္ဖို႔ အေရး ခဏခဏ လာေနရတာ ဘႀကီးလည္း အဆင္ေျပမယ္မထင္ဘူး။ အဲ့ေတာ့ ေနာက္မလာခဲ့ပါနဲ႔ "
ငစံု အျပတ္ေျပာေတာ့ ဦးလူလွ မ်က္ႏွာႀကီးမဲခနဲ။
" ငစံုမင္းအေတာ္ရိုင္းလာတာပဲ။ ေကာင္းၿပီ
ေက်းဇူးကန္းတဲ့ အရိုင္းအစိုင္းေကာင္။ မင္းဘဝ ဘယ္အထိ ခုလို ဒုကၡိတဘဝနဲ႔ ၾကာၾကာစံရမလဲ ေစာင့္ၾကၫ့္ေနမယ္"
ဦးလူလျွပန္သြားၿပီးအေတာ္ၾကာတဲ့အထိ စံုသာၿမိဳင္ ငိုင္သြား၏။ ပုဆိုးေအာက္ကခပ္ေရးေရးေပၚေနတဲ့ ဘယ္ေျခတုသည္ သူ႔အား အေတာ္ေလး စိတ္အားေလ်ာ့သြားေစသည္။ သူ႔ကိုယ္ေပၚက ကူးကူးသည္ သူ႔စိတ္ခံစားခ်က္ကိုနားလည္သည္ထင္ ၿငိမ္သက္စြာ သူနဲ႔နည္းတူ ထိုင္ေနခဲ့သည္။
အခ်ိန္ေတြ အေတာ္ၾကာတဲ့အထိ ႏွစ္ေယာက္သားထိုင္ေနအၿပီးမွာ စံုသာၿမိဳင္သက္ေမာကို ခပ္ဖြဖြခ်ကာ
သမီး၏ဆံပင္ေလးေတြကို ပြတ္သပ္ေပးမိသည္။
" ကူးကူး ...ဟိုဖက္ကို အလည္မသြားဘူးလား"
" အကူး သြားလို႔ရလား"
" သမီးသြားခ်င္ရင္သြားလို႔ရပါတယ္။ စာသင္ခ်င္တယ္ဆိုရင္လည္းေဖႀကီးျဖစ္ျဖစ္ ဦးထြန္းျဖစ္ျဖစ္လိုက္အပ္ေပးမယ္။ဒါမွ လာမဲ့ႏွစ္ေက်ာင္းအပ္ရင္ သမီး စာေတြလိုက္ႏိုင္မွာ"
"တကယ္လား။ ဒါဆို အကူးစာသြားသင္မယ္ေနာ္ေဖႀကီး "
လက္ညိုးေလးေထာင္ကာ ကူးကူးက ေျပာလာသည္မို႔ သူေခါင္းညိတ္ျပမိသည္။
ထိုအခါ အကူးက သေဘာတက် တဟီးဟီးရယ္ေလသည္။ ႏို႔ဘူးကူခဲ့ရတဲ့သြားေလးေတြက ပိုးစားကာ အစံုအလင္မရိွ။ ခ်စ္စရာေကာင္းလွတာေၾကာင့္ဖြဖြဖက္ကာ တိုးတိတ္စြာ တစ္စံုတစ္ေယာက္အားသတိရမိသြား၏။ ညခ်မ္းေအးသည္လည္း ထိုသို႔ ခ်စ္စရာေကာင္းလွသည္မို႔လား။
________
"ဦးဦး..."
မီးဖိုေခ်ာင္ထဲ ထမင္းဟင္းခ်က္ေနရာမွ ၾကားလိုက္ရတဲ့အသံေလးေၾကာင္ကပ်ာကယာ အျပင္ေျပးထြက္လိုက္စဉ္ ကေလးႏွင့္အတူ ယွဉ္ရပ္ေနတဲ့ ဟိုေန့ကေတြ့လိုက္ရတဲ့သူေၾကာင့္ ညခ်မ္းေအး ဧၫ့္ခန္းမေရာက္ခင္ရပ္တန႔္သြား၏။
ထိုသူကလည္း ညခ်မ္းေအးကို မမိွတ္မသုန္စိုက္ၾကၫ့္ေနသည္မို႔ ျဖည္းေနွးေသာ ေျခလွမ္းတို႔ျဖင့္
ေရ႔ွဆက္သြားရေတာ့၏။
" ဟို.... ဘာကိစၥရိွလို႔လဲဗ် "
ကေလးကို သီးသန႔္တစ္ေယာက္ထဲျမင္ရင္ ညခ်မ္းေအး ထိုသို႔ေမးမိမွာမဟုတ္။
အၾကၫ့္စူးစူးတို႔ေၾကာင့္ လူကလည္း အေယာင္ေယာင္အမွားမွား။ထိုအခါမွ ထိုသူက
အရင္အၾကၫ့္လႊဲသြားကာ
" ကူးကူးက ေနာက္ႏွစ္ေက်ာင္းစတက္ရေတာ့မွာ ။
ျဖစ္ႏိုင္ရင္ သူ႔အတြက္ အေျခခံစာေလး နည္းနည္းေလာက္ျဖစ္ျဖစ္ သင္ေပးလို႔ရမလား"
သံုးေယာက္လံုးဧၫ့္ခန္းမွာပင္မိုးတို႔မတ္တပ္။
ညခ်မ္းေအးေခါင္းအသာကုတ္ရင္း
" ဟို ... အရင္ထိုင္လိုက္ၾကပါအံုးလား"
"လာ ေဖႀကီး"
ကူးကူးကပင္ အရင္လက္ဆြဲကာဝင္ထိုင္လိုက္တာမို႔
စံုသာၿမိဳင္လည္း မေနသာေတာ့။
" ကေလးက စာသင္ခ်င္တယ္ဆိုလို႔ ။ မင္းအားတယ္ဆိုရင္ စာသင္ေပးလို႔ရမလား"
" ဟုတ္.. ကြၽန္ေတာ္လည္း အဲ့ဒါေျပာမလို႔ပါ။
ဒီအိမ္မွာေနခြင့္ေပးတာကိုပဲ ကြၽန္ေတာ္ေက်းဇူးတင္မဆံုးပါဘူး။ အခေငြေၾကးလည္း မယူေတာ့
စာသင္ေပးရင္ ရမလားလို႔ ေျပာၾကၫ့္ဖို႔ရာ..."
" မဟုတ္ဘူး ။ မင္းကို ဉာဏ္ပူေဇာ္ခ က်ဳပ္ေပးမွာပါ။ အဓိကက က်ဳပ္သမီးပါ ။ သူကလူလည္းေၾကာက္တက္တယ္။ ေယာက်ာ္းသားေတြ ပဲရိွေတာ့ ကေလးက အထီးက်န္ေနသလိုျဖစ္ေနတယ္ထင္တယ္၊ သူ႔ကို ေသခ်ာ ေစာင့္ေရွာက္ေပးဖို႔လိုေနတာမ်ိဳးပါ။ က်ဳပ္က မၾကာခဏ ခရီးေတြထြက္ရတဲ့သူ ဆိုေတာ့ကူးကူးကိုတစ္ေယာက္ထဲ ဦးေလးေတြနဲ႔ထားခဲ့ရတာမ်ားတယ္။
မင္းအဆင္ေျပရင္ အားတဲအခ်ိန္တိုင္းစာသင္ေပးရင္းမလိမ္မာတာရိွရင္ ဆံုးမတာမ်ိဳး၊အျမင္မေတာ္တာရိွရင္သြန္သင္တာမ်ိဳး လုပ္ေပးေစခ်င္တာပါ "
ေျပာသြားတဲ့စကားေတြက ခ်ည္ၿပီးတုတ္ၿပီး။
ကူးကူးရဲ့အေဖက ထိုသူပါလားဟုသိလိုက္ရေတာ့ စိတ္ထဲ လိႈင္းခတ္သြားသလိုလို ခံစားလိုက္ရသည္။ မေန့က ျမင္ကစကာက ဆိုရင္ ဒီလူ႔ကို ႏွစ္ေပါင္းမ်ားစြာက သိကြၽမ္းဖူးသူလိုလို ရင္းႏွီးေနသည္။
" ေငြေတာ့မယူပါရေစ။ အိမ္မွာဒီတိုင္း ေပးေနခိုင္းတယ္ဆိုကတည္းက ကြၽန္ေတာ္လည္း အားနာေနရတာပါ ။ ကေလးကို စိတ္ခ်ပါ။ ကြၽန္ေတာ္ ကိုယ့္တူမ ၊ ညီမေလးလို ေသခ်ာ သြန္သင္ေစာင့္ေရွာက္ပါ့မယ္ "
သူစကားအဆံုးမွာ ဖ်တ္ခနဲ ပင့္ၾကၫ့္လာတဲ့ အၾကၫ့္ေတြေၾကာင့္ ရင္ထဲ ကတုန္ကယင္ ျဖစ္သြားျပန္သည္။
သူဘာျဖစ္ေနရတာလဲ။ ဒီလူ႔ကိုျမင္တိုင္း ခံစားခ်က္ႀကီးက တစ္မ်ိဳးႀကီး။ ထိုသူ၏ အၾကၫ့္ကလည္း စူးနစ္လြန္းျပန္သည္။ သူ႔တစ္သက္ႏွင့္တကိုယ္ ထိုသို႔
နင့္ေနေအာင္ ၾကၫ့္တက္လြန္းေသာ သူမ်ိဳးကို ဒီတစ္ခါပဲ ႀကံဳေတြ့ဖူးသည္။ လုပ္ငန္းႀကီးလုပ္ေနတဲ့သူမို႔ တမူထူးျခားသလား မသိေပမဲ့ အၾကၫ့္ခံလိုက္ရတဲ့ သူအဖို႔ စိမ့္ေနေအာင္ၾကက္သီးထရေလသည္။
မ်က္လံုးေထာင့္ ႀကီးမားတဲ့ ကန႔္လန႔္ျဖတ္အမာရြတ္ေၾကာင့္လား။
ပံုမွန္လိုမဟုတ္တဲ့ေျခေထာက္တစ္ဖက္ေၾကာင့္လား မေသခ်ာ။
ထို႔ေန့ကသူျပန္သြားၿပီးတစ္ပတ္အထိ ထပ္မျမင္ရေတာ့ေပ။ ကေလးကိုေမးၾကၫ့္ေတာ့ သူခရီးထြက္သြားသည္တဲ့။ တကယ့္ေအာင္ျမင္ေနတဲ့ လုပ္ငန္းရွင္တစ္ေယာက္က ေတာရြာမွာ ပုန္းေအာင္ေနသလို ျဖစ္ေနတာကိုေတာ့ ႏွေျမာမိသည္။ ထိုအျပင္ ထင္သေလာက္လည္း စံုသာၿမိဳင္ဆိုတဲ့သူကအသက္ႀကီးမေနေသးေပ။ရုပ္ကေတာ့ အမာရြတ္ရိွတဲ့အျပင္ တင္းမာလြန္းတဲ့မ်က္ႏွာထားေၾကာင့္ ရိွရင္းစြဲအသက္ထက္ပို႔ရင့္ေနသည္။
ကူးကူးကေတာ့အိမ္ဖက္ ကူးလာၿပီးစာလာသင္တက္ေလသည္။
စာသင္ရံုတင္မက တေရးတေမာအိပ္ေပ်ာ္သြားတက္တာမို႔ သူ႔အိမ္က လူေတြလာလာပို႔ေပြ့မွ ျပန္ပါသြားတက္ေလသည္။
ထိုသို႔ျဖတ္သန္းရင္းႏွင့္ ညခ်မ္းေအး၏ဘဝထဲတျဖည္းျဖည္း ကူးကူးဆိုေသာ ကေလးမေလးက ဝင္ေရာက္လာခဲ့၏။
Bạn đang đọc truyện trên: ZingTruyen.Xyz