ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
11
ညချမ်းအေး နံရံကပ်ဘီရိုကို မြင်သည့်တိုင်အဝတ်တွေအား သံသေတ္တာထဲမှာသာ ထားဖြစ်သည်။
အိမ်ကြီးအိမ်ကောင်းမဟုတ်ပေမဲ့တစ်အိမ်လုံးမှာ မရှိတာ မရှိ။ ကုတင်ပေါ်မှာလည်း သင်ဖြူးဖျာလေးက အဆင်သင့်။ ခေါင်အုံး၊စောင် ချထားတာမမြင်သော်ငြား
ရှာကြည့်ရင် သိမ်းထားတာရှိနိုင်သေးသည်။
မပြတ်တမ်း လူလာရှင်းပေးတက်တယ်ဟု ကြားရတာ အမှန်ဖြစ်နိုင်တာမို့ အနည်းငယ် မသက်မသာလည်း ခံစားရသည်။
စိတ်အိုက်တာကြောင့် ရေချိုးဖို့ သံသေတ္တာကိုဖွင့်ကာ ရေလဲပုဆိုးနှင့်အတူ သေချာထုတ်ပိုးထားသော
ဆပ်ပြာ၊သွားတိုက်ဆေး ကိုထုတ်ယူလိုက်၏။
သံသေတ္တာဆိုသည်မှာလည်း ဘော်ဒါဆောင်
နေစဉ်အခါက ထောက်ပံ့ပေးတဲ့မိသားစုမှ ဝယ်ပေးထားခြင်းသာ။ သူ့မှာ အသုံးဆောင်ဆိုလို့ ဒါတွေပဲရှိတာမို့လား။
ခြင်ထောင်နှင့် ခေါင်းအုံးကအစ ကျောင်းစတက်ကတည်းက သုံးလာတာ ခုထိ ။ သန့်သန့်ရှင်းရှင်းထားသလို ရိုလည်းရိုသေတာမို့ သူ့ပစ္စည်းတွေ အစွန်းအထင်းကင်းကာရှိနေသည်။
သူရေချိုးမသွားခင် တစ်ယောက်ကုတင်ပေါ်မှာတက်၍ ခြင်ထောင်သေချာထောင်လိုက်သည်။
အကုန်ပြီးစီးပြီးနောက် ရေလဲပုဆိုးယူကာ
အိမ်နောက်ဖေးလှေကားကနေတဆင့် ရေကန်ဆီ ရေသွားချိုးလိုက်သည်။
အေးမြသောရေက တနေလုံးပင်ပန်းမူ့အားရေဆေးချလိုက်သလို လန်းဆန်းသွားစေသည်။
ခရီးပန်းသလို တနေကုန် အားကုန်နေတာကြောင့်
တစ်နေနေရာရာမှာ ခေါင်းချ ကာ အနားလည်းယူချင်သေးသည်။
ရေချိုးပြီးတော့ နေဝင်ရီရောပြီမို့ အိမ်က မှောင်လာ၏။
ဘာမှ ပြင်ဆင်မထားတာကြောင့် အမြန်ပင် အဝတ်အစားလဲကာ ပြတင်းတံခါးကို ပိတ်လိုက်လေ သည်။ တအားမှောင်လာရင် ဘာမှမမြင်ရပဲနေမှာစိုးလို့ပင်။ အကုန်ပြီးစီးတော့ အိပ်ယာထဲ ဝင်နေလိုက်သည်။ မှောင်နေတာခြင်းအတူတူ သူ အိပ်ယာစောစော ဝင်လိုက်တာ အကောင်းဆုံးဖြစ်မည်ဟုထင်လိုက်တာကြောင့်ဖြစ်၏။
အညောင်းအညာပြေသွားပေမဲ့ သူအိပ်၍ မရသေးပါ။
ထိုအချိန်တဖက်အိမ်ဆီမှ မီးစက်သံသဲ့သဲ့ထွက်လာပြီး ဖျတ်ခနဲ မီးက လင်းလာခဲ့သည်။
ဝိုင်ယာကြိုးဖြင့် နှစ်အိမ်တစ်အိမ် ဆက်သွယ်ထားသည်ထင်၏။ စိတ်ထဲ အိပ်ယာစိမ်းနေတာဖြစ်သလို သူစိမ်အိမ်ဆိုတဲ့အသိကြောင့် သူ့စိတ်ထဲ မလုံမလဲ အနည်းငယ်လည်းရှိနေသေးတာတော့အမှန်။ ခုလို လင်းလင်းထင်းထင်းဖြစ်လာတော့လည်း စိတ်ထဲ ပျော်သွားတာ ကလေးတစ်ယောက်လိုဖြစ်သည်။ အဖြူရောင် မီးချောင်းအောက်တွင် သူ့စိတ်ချလက်ချ ဖြစ် လာကာ တဖြည်းဖြည်းအိပ်
ပျော်သွားခဲ့၏။
---------------
" ဦးထွန်း.. သမီးကို ပန်းခူးပေး "
" ကူးကူး... မဆိုးနဲ့နော်။ ညည်းအဖေ အိပ်ယာနိုးလာလို့ သူ့ပန်းတွေခူးနေတာတွေ့ရင် ဦးထွန်းကို သတ်လိမ့်မယ်"
" ဟင့်အင်မရဘူး။ ဦးထွန်း ခူးမပေးရင် ကူးကူးငိုမှာနော်"
" ဟိတ်.. ဟိတ်.. မငိုနဲ့ မငိုနဲ့။ ဦးထွန်းခူးပေးမယ် တိတ်တိတ်နေ "
ဘုရားကန်တော့ရင်း နားထဲတိုးဝင်လာတဲ့ အသံတွေ အစီအစဉ်မကျ ။ ဘယ်သူတွေမှန်းသိချင်တာကြောင့် မြန်မြန်ဦးချကာ ဘုရားစင်ရှင်ကနေထရပ်လိုက်မိသည်။
သူအိမ်တံခါးကိုတွန်းဖွင့်ကာ ကြည့်မိစဉ်
ကလေးတစ်ယောက်နှင့် ဂျင်းဘောင်းကြပ်ကြပ်ဝတ်ထားတဲ့ လူ တစ်ယောက်သည် ဆူးပုတ်ပင်ပေါ်တက်နေသော တောစံပယ်တို့အားမမှီမကမ်းခူးနေကြသည်။ နောက်ကျောပေးနေသည်မို့ ညချမ်းအေးကိုမြင်သည့်ပုံတော့ မပေါ် ။ ထို့ကြောင့်အသံပြုလိုက်၏။
" ဟိုလေ .. ဘယ်သူတွေလဲမသိဘူး "
"ဟင်?"
ချစ်ထွန်းလှည့်ကြည့်မိတဲ့အခါမှာ မြင်လိုက်ရတာ ကောင်လေးငယ်ငယ်တစ်ယောက်ဖြစ်၏။မျက်လုံးဝိုင်းဝိုင်း ခပ်ခွေခွေဆံပင်ဖြင့် လူပုံက ရိုးပုံရိုးပန်း။
" ကျွန်တော် ဒီအိမ်ကပါ ။ ခင်ဗျားကရော ဘယ်သူတုန်းဗျ "
ချစ်ထွန်းအမေးစကားကြောင့် ခပ်အမ်းအမ်းအမူအယာလေးဖြစ်သွားတာတွေ့လိုက်ရသည်။
အားနာသွားပုံဖြင့် အိမ်၏ သုံးဆင့်မျှလေးခါးထစ်လေးကို အပြေးအလွှားအမြန်ဆင်းလာ၏။
" ကျွန်တော်က ရွာကျောင်းအတွက်တာဝန်ကျလာတဲ့ကျောင်းဆရာပါ ။ ဒီအိမ်ကို မနေ့ကပဲ ငှားထားတာပါဗျ "
"ငှားထားတယ် ။ ဟုတ်လား"
" ဟုတ်ကဲ့ဗျ"
ချစ်ထွန်းတအံ့တဩဖြစ်သွားသည်။
သူ့ဆရာက ဘယ်သူမှ ဒီအိမ်ကိုနေတာမကြိုက်။
မိဘအမွေအိမ်မို့မပျက်စီးအောင်လည်းပြုပြင်ကာထိန်းသိမ်းစောင့်ရှောက်တက်သည်။ ခုတော့ လူနေ
အငှားထားသည်ဆိုတော့...
" ဪ .. ဟုတ်လားဗျ။ ကျွန်တော် မသိလိုက်လို့တောင်းပန်ပါတယ်ဆရာလေး ။ကိုစုံကလည်း ဘာမှပြောမထားတော့ မသိလိုက်ဘူး။ ကူးကူး နှုတ်ဆက်လိုက်အုံးဆရာလေးကို "
ကူးကူးဆိုတော့ ကောင်မလေးက ညချမ်းအေးကိုမော့ကာ ပြုံးပြလာတာ ချစ်စဖွယ်။ ရှေ့သွားနှစ်ချောင်းက ကျိုးနေတာမို့ ရဲရဲလည်းမရယ်ရဲရှာ။
" ဒါလေးက ဒီအိမ်ပိုင်ရှင်ရဲ့သမီးလေးဆိုတာလား "
ညချမ်းအေး ကလေးနှင့်တတန်းတည်းဖြစ်အောင်ထိုင်ချလိုက်သည်။
" ဟုတ်ကဲ့. ကူးကူးက ကိုစုံသာမြိုင်ရဲ့သမီးလေးလေ ။ ရွာထဲကသူတွေဆို အကူးကို အကုန်သိကြတယ်"
ချစ်ထွန်းကို အကူးကိုမိတ်ဆက်ပေးလိုက်သည်။
" ဦးဦးက ကျောင်းဆရာလား "
" ဟုတ်တယ် ဦးဦးကကျောင်းဆရာ။
သမီး.. စာသင်မှာလားဦးဦးနဲ့ "
ချစ်ထွန်း ကူးကူးက စကားပြောနေတာကိုငေးနေမိသည်။
သူ့ပုံစံက စိတ်ဝင်စားနေတာသိသိသာသာမို့ ချစ်ထွန်းမှာ တအံ့တဩ။ တကယ်ဆို မိကူးက လူအရမ်းကြောက်ကာ တော်ရုံလူဆို စကားမပြောတက်။
" တကယ်လား။ ကူးကူး နောက်နှစ်ဆို ကျောင်းတက်ရတော့မယ်လို့ ဖေကြီးပြောတယ် ။ သူငယ်ချင်းတွေအများကြီးရှိတဲ့ကျောင်းကို ကူးကူးသွားချင်တယ် "
" သွားရမှာပေါ့။ ခုစာသင်ချင်ရင်လည်း ဦးဦးဆီလာခဲ့လို့ရတယ်သိလား"
ကူးကူးခေါင်းတညိတ်ညိတ်။
အမှန်ဆို စုံသာမြိုင်က အလုပ်များလွန်းသည်။
မကြာခဏ သွားရလွန်းသော ခရီးများကြောင့် သမီးနဲ့အဖေဖြစ်သူက အလှမ်းဝေးလွန်းသည်။ ကလေးကငယ်သေးတာကြောင့် ဘယ်မှလည်းခေါ်မသွားသလို အပ်ထားခဲ့တဲ့ ကလေးထိန်းတွေကလည်း ထိခိုက်မိမှာစိုးတာကြောင့်အရိပ်တကြည့်ကြည့်။ ထို့ကြောင့်ကူးကူးက အထီးကျန်တဲ့ကလေးတစ်ယောက်ဖြစ်လာသည်။
" ကူးကူး ဆရာလေးကိုနှုတ်ဆက်လိုက်။ နင့်အဖေနိုးတော့မယ်။ လာ.. လာ သွားရအောင် ဉီးထွန်းတို့ ။ "
" ဆရာလေး ကျွန်တော့်နာမည်ချစ်ထွန်းပါ ။ လိုတာရှိရင်ပြောလို့ရတယ်။ ခုတော့ ကိုစုံနိုးတော့မှာဆိုတော့ ပြန်မှရမယ်"
" ဦးဦးတာ့တာနော်။ ဖေကြီးက အိပ်ယာနိုးလို့ အကူးကိုမတွေ့ရင် စိတ်တိုတက်လို့"
ကလေးစကားပြောတာမဆုံးသေး ချစ်ထွန်းက မချီပြီးပြေးတော့သည်။ အိမ်နောက်ဖေး မလွယ်ပေါက်တံခါးကိုဖွင့်လိုက်ပြီး ကလေးနှင့်အတူ နောက်ဖက်တိုက်ကို ကူးလိုက်သည်။
အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းမှာ ထိုင်နေတဲ့ စုံသာမြိုင်ကိုတွေ့လိုက်တော့ ချစ်ထွန်း အကူးမ ကို ညည်းသတိထားနေဆိုတော့ အကြည့်ဖြင့်သတိပေးကာကြည့်မိတော့သည်...
" ကဲ... ပြောပါဦး။ ဘယ်က ပြန်လာတာလဲ"
" အနောက်အိမ်မှာ ဦးဦးကို သွားတွေ့တာ ဖေကြီး။ "
ကူးကူးက ဖအေဆိုတော့ကြောက်ရမှန်းမသိ။
ထိုင်နေတဲ့ကိုစုံဆီ လစ်ခနဲနေအောင်ပြေးတက်သည်။
မြင်နေရတဲ့ချစ်ထွန်းမှာသာ ခုမြင်ကွင်းကို မရိုးနိုင်စွာ
အလန့်တကြားကြည့်ရသည်။ လွန်ခဲ့သော နှစ်တွေက
ကိုစုံဆိုတာ ဘဝပျောက်သွားသူလို အရူးတစ်ယောက်နှယ် ကြမ်းခဲ့တာမျက်မြင်။ ခုနောက်ပိုင်းတည်ငြိမ်လာတယ်ဆိုပေမဲ့ ချစ်ထွန်းမှာတော့ အရှိန်မသေနိုင်တဲ့မုန်တိုင်းလို ကြောက်ဆဲ။ ချစ်ထွန်းထင်မထားသလို
ငစုံက ဒေါသလည်းမထွက်သလို စိတ်ရှုပ်ပုံလည်းမရ။
" ဦးဦးက ဘာပြောလဲ"
" စာသင်ပေးမယ်တဲ့။ ဖေကြီး အကူးသင်လို့ရလား"
စုံသာမြိုင်သူ့ ပေါင်ပေါ်ထိုင်နေတဲ့ သမီးဖြစ်သူ၏ခါးသေးသေးကို ခပ်ဖွဖွဖက်ထားကာ
" ဦးဦး က... လာခဲ့ခေါ်ရင် သွားပေါ့ ။ ဦးထွန်းဆီမှာ သမီးအတွက်ဝယ်ထားတဲ့ စာအုပ်တွေကို တောင်းသွား။ ဦးဦးစိတ်ညစ်အောင်တော့ ဂျီမကျရဘူးနော် ကြားလား"
ချစ်ထွန်းမှာ တော့ ထိုမြင်ကွင်းကိုကြည့်ကာ
ဘုရား.. ဘုရားဟု တ မိတော့မတတ်။
သမီးမိန်းကလေးမို့တော်ရုံယောကျာ်း ချီတာပွေ့တာမကြိုက်။ ဘယ်ယောကျာ်းကပ်ကပ် စကားမပြောရဘူး။ ပွေ့တာဖက်တာလုပ်လာရင် ဖေကြီးမသိရင်ထွက်ပြေး ၊ အစရှိသဖြင့် သင်တက်တဲ့သူက ဦးဦးကိုဂျီမကျရဘူးတဲ့လား။
အကူး ခေါင်းညိတ်ကာ သူ့အဖေ၏ လက်မောင်းကြီးကြီးပေါ်မှီအိပ်လိုက်သည်။ ခပ်ဖွဖွဖက်ထားသည့် စုံသာမြိုင်၏ လက်တစ်ဖက်မှလွဲ၍ ကျန်လက်တစ်ဖက်မှာ ထွေးပွေ့မရှိပဲ ထိုအတိုင်း ။
သူကား စိတ်ကြမ်းလက်ကြမ်းမို့ သမီးကို ကြင်နာရကောင်းသည်ဟူ၍ သိပ်မရှိ။ သို့ပေမဲ့ လိုလေစိတ်မရှိအောင်တော့ထားသည်။
" ဟိုဖက်အိမ်မှာ လိုတာဖြည့်ပေးလိုက်။ ဆန်ဆီ မပြတ်စေနဲ့ ။ "
" ဟုတ်ကဲ့ ကိုစုံ "
"ဘမှောင် ဘယ်သွားလဲ"
" ဆီကြိတ်စက်တွေသွားစစ်နေတယ်။ ခုတလော စက်ရုံဖက်တွေမှာ ဆီပုံးတွေ ပျောက်နေတယ်လို့ သတင်းကြားလို့ ကိုဘမှောင်လိုက်သွားတာ။ စာရင်းကိုင်တွေကလည်း လခ ယူထားပြီး စာရင်းဇယားကဘယ်တော့မှမတိကျဘူး ။ ဒီနှစ်ထဲ ချမ်းသာ ပဲဆီက နာမည်ရလာတော့ အတိုက်အခိုက်တွေက ပေါပါတယ်ဆိုနေမှ"
ချစ်ထွန်းက အရင်နှစ်တွေတုန်းကလို ကလေးသာသာ မဟုတ်တော့။ ပြောင်းလဲလာတာမှသိသိသာသာ။
ထွက်လာတဲ့အရပ်ရော ၊ ထွားလာတာတဲ့ကိုယ်ထည်ရော ။ တကယ့်အားကိုးလောက်စရာညာလက်ရုံးပဲ။
" မင်းဘောင်ဘီ ကြပ်လွန်းတယ်။ "
ငစုံအကြည့်က ချစ်ထွန်း၏ ဟန်လုပ်ဝတ်ထားတဲ့ဘောင်ဘီဆီမှာ။ ငစုံနည်းတူငုံ့ကြည့်ကာ ချစ်ထွန်းမသက်မသာဟန်ဖြင့်
" နည်းနည်းသေးသွားတယ်ထင်တယ်။ "
မရမက စွပ်ဝတ်ထားတာကြောင့် ချစ်ထွန်းမှာအောင့်သက်သက်။
ငစုံ ခေါင်းညိတ်ကာ
" ဟုတ်တယ် ၊ မင်းကြည့်ရတာ ဥနှစ်လုံး အညှပ်ခံထားရသလိုပဲ ။ အဲ့လောက်ကြပ်တာတွေမဝတ်နဲ့ မဖွံ့ထွားသင့်တဲ့နေရာတွေ မဖွံ့ထွားပဲနေမယ်။
အဲ့ဒါမဝတ်တော့နဲ့ ။ ငါ နောက်ဆိုဒ်ကြီးဝာာဝယ်ခဲ့ပေးမယ်"
ဂရုစိုက်ရကောင်းသည်ကိုမသိရှာတဲ့ ငစုံဟာ ထိုသို့လည်းအလိုလိုက်တက်ပါသေးသည်။ သို့ပေမဲ့ ချစ်ထွန်းမှာတော့ ဂဏန်းညှပ်ခံရသလို ဂွကြားအုပ်ကာ
အီလယ်လယ် ဖြစ်သွား၏။ ငစုံကတော့ ဒါတွေ မသိသလို သိလည်းအားနာမနေပေ။
သူ့ဘဝမှာ ချစ်ထွန်းက တပည့်ဆိုတာထက် ညီအကို ကောင်းတစ်ယောက်လိုပါပဲ။ အရွယ်ရောက်တော့ ချစ်ထွန်းက လှချင်လာသည်။ တီဗွီထဲမှာပါတဲ့ မင်းသားတွေအတိုင်း တုပကာ လိုက်ဝတ်ချင်သည်။
ဘယ်သွားသွား ... ချစ်ထွန်းအတွက် အဝတ်အစားက မပါမဖြစ်ဝယ်ရသည်မှာ အလုပ်တစ်ခုလို ဖြစ်ပေမဲ့
သူ့ကို ဘာဝယ်ပေးပါဟု နှုတ်ကနေ မပူဆာရဲပေ။
သူ့သမီး ရနံ့ကူးတောင်မှ ချစ်ထွန်းလောက် ပဲမများတာပဲ ကျေနပ်ရမလို။
" ထတော့ ရနံ့ကူး ။ ဖေကြီး ဆန်စက်ကို သွားမလို့ "
သူဆင်းခိုင်းတာနှင့် အကူးကသွက်သွက်လက်လက်လျောဆင်းသွားသည်။ ထို့နောက် စုံသာမြိုင်က
စတီခုံရဲ့လက်ရန်းကို ထိန်းကိုင်ကာ အသာထလိုက်ရသည်။ သူအပြင်ထွက်သွားတာနှင့် ဂျစ်ကား တစ်စီးက အိမ်ရှေ့မှာ အဆင်သင့်ရှိနေသည် ။
ခပ်ဖြည်းဖြည်းသွားတဲ့ခြေလှမ်းတွေမှာ ဘယ်ဖက်ခြေထောက်က မသိမသာနိမ့်ဆင်းသွားတက်၏။
ချစ်ထွန်းငေးကြည့်ကာ အကူးကို ကောက်ပွေ့လိုက်သည်။
စိတ်ထဲမှာ နင့်ခနဲ ဖြစ်သွားပေမဲ့ ကိုစုံက သူ့ကိုအဲ့လိုကြည့်တာ လုံးဝမကြိုက်။
မနက်ခင်းကူးကူးကို မနက်စာကျွေးသည်။
အဝတ်လဲသည်။ အိမ်အကူ နှင့်ကလေးထိန်းတချို့ရှိပေမဲ့ ချစ်ထွန်းက စိတ်ချလက်ချ မထားပေ။
ဦးလေးတွေအဖေတွေနဲ့နေရပေမဲ့ ကလေးမှာ စိတ်အားငယ်နေရတာမျိုးမဖြစ်စေချင်။ ကူးကူးကမိခင်နို့ရည်လည်းကောင်းကောင်းမသောက်ရတော့
ငယ်တုန်းကတည်း ချူချာပြီး လူစိမ်းတွေနှင့်ပက်သက်ရမှာ ကြောက်တက်သည်။
ချွင်းချက် ညချမ်းအေးတော့ မပါပေ။
ဆန်စက်၏ မြေကွက်လပ်တွင် စပါးဝါဝါတွေ လှမ်းထားလေသည်။ ဆန်စပါးအထွက်ကောင်းလှတာကြောင့် ဆန်ဆိုရင် အထက်နယ်တကြော ချမ်းသာ ဆန်အိတ်ဆိုပြီး ဖြန့်သည်။ တနယ်လုံး လယ်ယာမြေများကို ဒီတိုင်းမထားစေပဲ စီးပွားဖြစ်ထွန်းအောင် စပါးစိုက်ခိုင်းသည် ။ မြေပဲဆီကြိတ်လို့ရအောင် စပါးစိုက်မရတဲ့မြေတွေဆို မြေပဲစိုက်ခိုင်းသည်။
ထို့ကြောင့် ချမ်းသာ ဆန်စက်နှင့်ဆီစက်က တွင်ကျယ်လာတာဖြစ်သည်။ စီးပွားဖြစ်ထွန်းလာတာနှင့်အမျှ လမ်းပန်းသာ လာပြီးနယ်တွေ အကုန်လုံး ပွင့်လန်းလာသည်။ ယခင်အတိတ်ဘဝက ကျေးလက်တောရွာဖြစ်တဲ့သဖန်းတောအပါအဝင် နရန်းရွာတွေအကုန်လုံး တိုးတက်မူ့နှောင့်နှေးကာ 2022ထိ မူပြကျောင်း နှင့် ရပ်တန့်နေသလို မီးမရ ၊လမ်းမကောင်းဘဝဖြင့် ရိုးအစွာ ကုန်ဆုံးရသည်။
ဒီဘဝတွင်တော့ ထိုသို့မဟုတ်တော့။စုံသာမြိုင်သည်
ရွှေအောင်လာခဲ့ကတည်းက မြို့ပေါ်တွင်အ ခြေချနေနိုင်သည်။ သို့သော် စီးပွားရေးလုပ်ကိုင်စားသောက်ဖို့
အဆင်မပြေတဲ့တောရွာမှာ အခြေချကာ
ဆန်စက် ဆီစက်ကို တည်ထောင်သည်။
ငစုံ၏ ချမ်းသာ ဆန်စက်သည်ရွာမဝင်ခင် ကားလမ်းဘေးတစ်နေရာမှာ မြေဧက ငါးဧကခန့် အကျယ်အဝန်းဖြင့် သေချာ ဆောက်လုပ်ထားတာဖြစ်သည်။
ဆန်ဆိုရင် ဂိုထောင်လေးငါးလုံးဖြင့် အကြီးအကျယ်
လုပ်ဆောင်တာဖြစ်သလို တစ်နယ်လုံး ဆန်စပါးစိုက်ခိုင်းကာ ရတဲ့ ဆန်ကို ချမ်းသာတံဆပ် သဖန်းတောဆန်အဖြစ် ဖြန့်ဝေခဲ့သည်။ ထိုခေတ်က တီဗွီခေတ် ဖြစ်တာကြောင့် နာမည်ကြီး ကြော်ငြာမင်းသမီးများကို ငှားကာ ကြော်ငြာစေခဲ့တာကြောင့် ဈေးကွက်ခဏအတွင်းဝင်ဆန့်ခဲ့သည်။
ထိုအချိန်က ကြော်ငြာမင်းသမီးမိုးဝေဝေဆိုတဲ့ မိန်းကလေးနှင့်တောင်မှ စုံသာမြိုင်က ကောလဟလ ထွက်ရှိခဲ့သေးသည်။
ဒါ ဆန်စက်စတင်တည်ထောင်စဉ်က အဖြစ်ပျက်များသာ ။
" မောင်ကျန် ဒီကိုလာအုံး "
" ဟုတ်ကဲ့ ကိုစုံ ။ ဘာခိုင်းမလို့လဲ "
ဆန်စက်မှာ မောင်ကျန်က အလုပ်သမားခေါင်း။
သူရွှေအောင်တော့ အလုပ်သမားတော်တော်များများ စုမိစောင်းမိကြသည်။ မောင်ကျန်လိုပင် သူ့အပေါ်မှာ သစ္စာရှိတဲ့ ဝန်ထမ်းများကို သူမချန်ထားခဲ့ပေ။
သူဒီဆန်စက်ကိုစတင်တည်ထောင်တော့ သူနဲ့အတူတောင်မှော်အင်းကနေ ပါလာတဲ့အလုပ်သမား
ကိုးယောက်ရှိသည်။
" အနောက်အိမ်မှာ စားပွဲနဲ့ခုံမရှိဘူး။ မင်းအားရင် ဝယ်ထည့်ပေးလိုက်။ မဟုတ်သေးဘူး။ အားအားမအားအား ဒီနေ့ပြီးအောင်လုပ်ပေးထားလိုက်။
"
" ဟုတ်ကဲ့ ကိုစုံ"
မောင်ကျန်က ချိုသည်ခါးသည် မမေး ။
ခိုင်းတာကို ခေါင်းညိတ်ကာ ချက်ချင်းသွားဖို့ ပြင်သည်။
" အိမ်ထဲဝင်ရင် တံခါးခေါက် ။ အဲ့မှာ လူရှိတယ်"
လှည့်သွားမလိုလုပ်တဲ့မောင်ကျန်တစ်ယောက် ပါးစပ်အဟောင်းသား။
အဲ့အိမ်က အပြင်လူမပြောနဲ့ သူတို့လူရင်းတွေတောင်မှ ခြံထဲကလွဲရင်အိမ်ထဲဝင်ရတာမဟုတ်။
ဘယ်သူတုန်းဟု တွေးမိကာ မောင်ကျန်တစ်ယောက်
ထိုနေရာကနေ အတော်ကြာအောင်ထွက်မသွားမိတော့ချေ။
(အရမ်းဇာတ်အေးနေသလားမသိပေမဲ့ တဖြည်းဖြည်းသွားတဲ့ ရိုမန့်ရေးရတာ ကို အကြိုက်တွေ့နေတော့လည်းအခက်သား။ viewအရမ်းများတာ လိုချင်တယ် ။ ဒါပေမဲ့ ဒီနောက်ပိုင်း ကိုယ့်ဇာတ်နဲ့ကိုယ်လမ်းပဲ
အေးအေးဆေးဆေးဖောက်ရတာကိုပဲ သဘောကျနေတယ်။ တကယ်ကြိုက်လို့ ပေးတဲ့ vote နဲ့ တကယ်ကြိုက်လို့ပေးတဲ့ review ကိုပဲ လိုချင်ပါတယ် ။
အတင်းအကြပ် voteပေးပါလို့ မပြောသလို သူများကိုလည်း ကိုယ့်စိတ်ထဲဖတ်ရတာ တကယ်ကြိုက်မှ ညွန်းပေးစေချင်တယ်။ အနည်းဆုံး ကိုယ့်ဖက်က အစစ်အမှန်ပေးတဲ့ ကြိုးစားမူ့ကို အစစ်အမှန်ဖတ်ရှု့ပေးတဲ့သူနဲ့တွေ့ဆုံချင်လို့ပါ။ ကိုယ်ရေးနေကြဖြစ်တဲ့ ချစ်တဲ့အိမ်စည်ဆိုတဲ့ နာမည်တောင် မရေးဖြစ်ဘူး။ အိမ်စည်ရေးလို့ဖတ်တာဆိုတာထက် ကောင်းလို့ဖတ်လာကိုပဲလိုချင်တာ ကိုယ့်အတ္တပါ။ ဒီနောက်ပိုင်း ကိုယ်တိတ်တိတ်လေးပဲနေချင်တော့တယ် ။ လူတွေကပေးတဲ့ လူ့သဘောတွေကို ကိုယ်တော်တော်ကြီးကြောက်မိသွားတာ ။ မိတ်ဆွေကအစ နောက်ကျောကို ဓားနဲ့ထိုးတာမျိုး၊ စိတ်နဲ့ရင်းပေါင်းခဲ့ပြီး ခွာပြဲကုန်ကြတာမျိုး၊
စာရေးသူအိမ်စည်ကို သဘောကျပါတယ်ပြောပြီး
မုန်းသွားကြတာမျိုး ကိုယ် အနေနဲ့ လက်ခံဖို့တော်တော်အချိန်ယူလိုက်ရတယ် ။ ဒါကြောင့်အတက်နိုင်ဆုံးလောဘသတ်ပြီး တကယ် အစစ်အမှန်ရပ်ဝန်းမှာပဲ လူသတိမထားမိတဲ့နေရာမှာ အမှားအနည်းဆုံး
ကိုယ်နေတော့မယ်ဆုံးဖြတ်ထားတာ။ ဒီနောက်ပိုင်းလည်း ပိုမိုတိတ်ဆိတ်သွားဖို့ပဲရှိတယ်ဆိုတာ အသိပေးတာပဲ ။ မေ့မသွားကြဖို့ပဲမျှော်လင့်လျက်ပါ )
ညခ်မ္းေအး နံရံကပ္ဘီရိုကို ျမင္သည့္တိုင္အဝတ္ေတြအား သံေသတၲာထဲမွာသာ ထားျဖစ္သည္။
အိမ္ႀကီးအိမ္ေကာင္းမဟုတ္ေပမဲ့တစ္အိမ္လံုးမွာ မရိွတာ မရိွ။ ကုတင္ေပၚမွာလည္း သင္ျဖဴးဖ်ာေလးက အဆင္သင့္။ ေခါင္အံုး၊ေစာင္ ခ်ထားတာမျမင္ေသာ္ျငား
ရွာၾကၫ့္ရင္ သိမ္းထားတာရိွႏိုင္ေသးသည္။
မျပတ္တမ္း လူလာရွင္းေပးတက္တယ္ဟု ၾကားရတာ အမွန္ျဖစ္ႏိုင္တာမို႔ အနည္းငယ္ မသက္မသာလည္း ခံစားရသည္။
စိတ္အိုက္တာေၾကာင့္ ေရခ်ိဳးဖို႔ သံေသတၲာကိုဖြင့္ကာ ေရလဲပုဆိုးႏွင့္အတူ ေသခ်ာထုတ္ပိုးထားေသာ
ဆပ္ျပာ၊သြားတိုက္ေဆး ကိုထုတ္ယူလိုက္၏။
သံေသတၲာဆိုသည္မွာလည္း ေဘာ္ဒါေဆာင္
ေနစဉ္အခါက ေထာက္ပံ့ေပးတဲ့မိသားစုမွ ဝယ္ေပးထားျခင္းသာ။ သူ႔မွာ အသံုးေဆာင္ဆိုလို႔ ဒါေတြပဲရိွတာမို႔လား။
ျခင္ေထာင္ႏွင့္ ေခါင္းအံုးကအစ ေက်ာင္းစတက္ကတည္းက သံုးလာတာ ခုထိ ။ သန႔္သန႔္ရွင္းရွင္းထားသလို ရိုလည္းရိုေသတာမို႔ သူ႔ပစၥည္းေတြ အစြန္းအထင္းကင္းကာရိွေနသည္။
သူေရခ်ိဳးမသြားခင္ တစ္ေယာက္ကုတင္ေပၚမွာတက္၍ ျခင္ေထာင္ေသခ်ာေထာင္လိုက္သည္။
အကုန္ၿပီးစီးၿပီးေနာက္ ေရလဲပုဆိုးယူကာ
အိမ္ေနာက္ေဖးေလွကားကေနတဆင့္ ေရကန္ဆီ ေရသြားခ်ိဳးလိုက္သည္။
ေအးျမေသာေရက တေနလံုးပင္ပန္းမူ႔အားေရေဆးခ်လိုက္သလို လန္းဆန္းသြားေစသည္။
ခရီးပန္းသလို တေနကုန္ အားကုန္ေနတာေၾကာင့္
တစ္ေနေနရာရာမွာ ေခါင္းခ် ကာ အနားလည္းယူခ်င္ေသးသည္။
ေရခ်ိဳးၿပီးေတာ့ ေနဝင္ရီေရာၿပီမို႔ အိမ္က ေမွာင္လာ၏။
ဘာမွ ျပင္ဆင္မထားတာေၾကာင့္ အျမန္ပင္ အဝတ္အစားလဲကာ ျပတင္းတံခါးကို ပိတ္လိုက္ေလ သည္။ တအားေမွာင္လာရင္ ဘာမွမျမင္ရပဲေနမွာစိုးလို႔ပင္။ အကုန္ၿပီးစီးေတာ့ အိပ္ယာထဲ ဝင္ေနလိုက္သည္။ ေမွာင္ေနတာျခင္းအတူတူ သူ အိပ္ယာေစာေစာ ဝင္လိုက္တာ အေကာင္းဆံုးျဖစ္မည္ဟုထင္လိုက္တာေၾကာင့္ျဖစ္၏။
အေညာင္းအညာေျပသြားေပမဲ့ သူအိပ္၍ မရေသးပါ။
ထိုအခ်ိန္တဖက္အိမ္ဆီမွ မီးစက္သံသဲ့သဲ့ထြက္လာၿပီး ဖ်တ္ခနဲ မီးက လင္းလာခဲ့သည္။
ဝိုင္ယာႀကိဳးျဖင့္ ႏွစ္အိမ္တစ္အိမ္ ဆက္သြယ္ထားသည္ထင္၏။ စိတ္ထဲ အိပ္ယာစိမ္းေနတာျဖစ္သလို သူစိမ္အိမ္ဆိုတဲ့အသိေၾကာင့္ သူ႔စိတ္ထဲ မလံုမလဲ အနည္းငယ္လည္းရိွေနေသးတာေတာ့အမွန္။ ခုလို လင္းလင္းထင္းထင္းျဖစ္လာေတာ့လည္း စိတ္ထဲ ေပ်ာ္သြားတာ ကေလးတစ္ေယာက္လိုျဖစ္သည္။ အျဖဴေရာင္ မီးေခ်ာင္းေအာက္တြင္ သူ႔စိတ္ခ်လက္ခ် ျဖစ္ လာကာ တျဖည္းျဖည္းအိပ္
ေပ်ာ္သြားခဲ့၏။
---------------
" ဦးထြန္း.. သမီးကို ပန္းခူးေပး "
" ကူးကူး... မဆိုးနဲ႔ေနာ္။ ညည္းအေဖ အိပ္ယာႏိုးလာလို႔ သူ႔ပန္းေတြခူးေနတာေတြ့ရင္ ဦးထြန္းကို သတ္လိမ့္မယ္"
" ဟင့္အင္မရဘူး။ ဦးထြန္း ခူးမေပးရင္ ကူးကူးငိုမွာေနာ္"
" ဟိတ္.. ဟိတ္.. မငိုနဲ႔ မငိုနဲ႔။ ဦးထြန္းခူးေပးမယ္ တိတ္တိတ္ေန "
ဘုရားကန္ေတာ့ရင္း နားထဲတိုးဝင္လာတဲ့ အသံေတြ အစီအစဉ္မက် ။ ဘယ္သူေတြမွန္းသိခ်င္တာေၾကာင့္ ျမန္ျမန္ဦးခ်ကာ ဘုရားစင္ရွင္ကေနထရပ္လိုက္မိသည္။
သူအိမ္တံခါးကိုတြန္းဖြင့္ကာ ၾကၫ့္မိစဉ္
ကေလးတစ္ေယာက္ႏွင့္ ဂ်င္းေဘာင္းၾကပ္ၾကပ္ဝတ္ထားတဲ့ လူ တစ္ေယာက္သည္ ဆူးပုတ္ပင္ေပၚတက္ေနေသာ ေတာစံပယ္တို႔အားမမွီမကမ္းခူးေနၾကသည္။ ေနာက္ေက်ာေပးေနသည္မို႔ ညခ်မ္းေအးကိုျမင္သၫ့္ပံုေတာ့ မေပၚ ။ ထို႔ေၾကာင့္အသံျပဳလိုက္၏။
" ဟိုေလ .. ဘယ္သူေတြလဲမသိဘူး "
"ဟင္?"
ခ်စ္ထြန္းလွၫ့္ၾကၫ့္မိတဲ့အခါမွာ ျမင္လိုက္ရတာ ေကာင္ေလးငယ္ငယ္တစ္ေယာက္ျဖစ္၏။မ်က္လံုးဝိုင္းဝိုင္း ခပ္ေခြေခြဆံပင္ျဖင့္ လူပံုက ရိုးပံုရိုးပန္း။
" ကြၽန္ေတာ္ ဒီအိမ္ကပါ ။ ခင္ဗ်ားကေရာ ဘယ္သူတုန္းဗ် "
ခ်စ္ထြန္းအေမးစကားေၾကာင့္ ခပ္အမ္းအမ္းအမူအယာေလးျဖစ္သြားတာေတြ့လိုက္ရသည္။
အားနာသြားပံုျဖင့္ အိမ္၏ သံုးဆင့္မ်ွေလးခါးထစ္ေလးကို အေျပးအလႊားအျမန္ဆင္းလာ၏။
" ကြၽန္ေတာ္က ရြာေက်ာင္းအတြက္တာဝန္က်လာတဲ့ေက်ာင္းဆရာပါ ။ ဒီအိမ္ကို မေန့ကပဲ ငွားထားတာပါဗ် "
"ငွားထားတယ္ ။ ဟုတ္လား"
" ဟုတ္ကဲ့ဗ်"
ခ်စ္ထြန္းတအံ့တဩျဖစ္သြားသည္။
သူ႔ဆရာက ဘယ္သူမွ ဒီအိမ္ကိုေနတာမႀကိဳက္။
မိဘအေမြအိမ္မို႔မပ်က္စီးေအာင္လည္းျပဳျပင္ကာထိန္းသိမ္းေစာင့္ေရွာက္တက္သည္။ ခုေတာ့ လူေန
အငွားထားသည္ဆိုေတာ့...
" ဪ .. ဟုတ္လားဗ်။ ကြၽန္ေတာ္ မသိလိုက္လို႔ေတာင္းပန္ပါတယ္ဆရာေလး ။ကိုစံုကလည္း ဘာမွေျပာမထားေတာ့ မသိလိုက္ဘူး။ ကူးကူး ႏႈတ္ဆက္လိုက္အံုးဆရာေလးကို "
ကူးကူးဆိုေတာ့ ေကာင္မေလးက ညခ်မ္းေအးကိုေမာ့ကာ ၿပံဳးျပလာတာ ခ်စ္စဖြယ္။ ေရ႔ွသြားႏွစ္ေခ်ာင္းက က်ိဳးေနတာမို႔ ရဲရဲလည္းမရယ္ရဲရွာ။
" ဒါေလးက ဒီအိမ္ပိုင္ရွင္ရဲ့သမီးေလးဆိုတာလား "
ညခ်မ္းေအး ကေလးႏွင့္တတန္းတည္းျဖစ္ေအာင္ထိုင္ခ်လိုက္သည္။
" ဟုတ္ကဲ့. ကူးကူးက ကိုစံုသာၿမိဳင္ရဲ့သမီးေလးေလ ။ ရြာထဲကသူေတြဆို အကူးကို အကုန္သိၾကတယ္"
ခ်စ္ထြန္းကို အကူးကိုမိတ္ဆက္ေပးလိုက္သည္။
" ဦးဦးက ေက်ာင္းဆရာလား "
" ဟုတ္တယ္ ဦးဦးကေက်ာင္းဆရာ။
သမီး.. စာသင္မွာလားဦးဦးနဲ႔ "
ခ်စ္ထြန္း ကူးကူးက စကားေျပာေနတာကိုေငးေနမိသည္။
သူ႔ပံုစံက စိတ္ဝင္စားေနတာသိသိသာသာမို႔ ခ်စ္ထြန္းမွာ တအံ့တဩ။ တကယ္ဆို မိကူးက လူအရမ္းေၾကာက္ကာ ေတာ္ရံုလူဆို စကားမေျပာတက္။
" တကယ္လား။ ကူးကူး ေနာက္ႏွစ္ဆို ေက်ာင္းတက္ရေတာ့မယ္လို႔ ေဖႀကီးေျပာတယ္ ။ သူငယ္ခ်င္းေတြအမ်ားႀကီးရိွတဲ့ေက်ာင္းကို ကူးကူးသြားခ်င္တယ္ "
" သြားရမွာေပါ့။ ခုစာသင္ခ်င္ရင္လည္း ဦးဦးဆီလာခဲ့လို႔ရတယ္သိလား"
ကူးကူးေခါင္းတညိတ္ညိတ္။
အမွန္ဆို စံုသာၿမိဳင္က အလုပ္မ်ားလြန္းသည္။
မၾကာခဏ သြားရလြန္းေသာ ခရီးမ်ားေၾကာင့္ သမီးနဲ႔အေဖျဖစ္သူက အလွမ္းေဝးလြန္းသည္။ ကေလးကငယ္ေသးတာေၾကာင့္ ဘယ္မွလည္းေခၚမသြားသလို အပ္ထားခဲ့တဲ့ ကေလးထိန္းေတြကလည္း ထိခိုက္မိမွာစိုးတာေၾကာင့္အရိပ္တၾကၫ့္ၾကၫ့္။ ထို႔ေၾကာင့္ကူးကူးက အထီးက်န္တဲ့ကေလးတစ္ေယာက္ျဖစ္လာသည္။
" ကူးကူး ဆရာေလးကိုႏႈတ္ဆက္လိုက္။ နင့္အေဖႏိုးေတာ့မယ္။ လာ.. လာ သြားရေအာင္ ဉီးထြန္းတို႔ ။ "
" ဆရာေလး ကြၽန္ေတာ့္နာမည္ခ်စ္ထြန္းပါ ။ လိုတာရိွရင္ေျပာလို႔ရတယ္။ ခုေတာ့ ကိုစံုႏိုးေတာ့မွာဆိုေတာ့ ျပန္မွရမယ္"
" ဦးဦးတာ့တာေနာ္။ ေဖႀကီးက အိပ္ယာႏိုးလို႔ အကူးကိုမေတြ့ရင္ စိတ္တိုတက္လို႔"
ကေလးစကားေျပာတာမဆံုးေသး ခ်စ္ထြန္းက မခ်ီၿပီးေျပးေတာ့သည္။ အိမ္ေနာက္ေဖး မလြယ္ေပါက္တံခါးကိုဖြင့္လိုက္ၿပီး ကေလးႏွင့္အတူ ေနာက္ဖက္တိုက္ကို ကူးလိုက္သည္။
အိမ္ထဲဝင္ဝင္ခ်င္း ဧၫ့္ခန္းမွာ ထိုင္ေနတဲ့ စံုသာၿမိဳင္ကိုေတြ့လိုက္ေတာ့ ခ်စ္ထြန္း အကူးမ ကို ညည္းသတိထားေနဆိုေတာ့ အၾကၫ့္ျဖင့္သတိေပးကာၾကၫ့္မိေတာ့သည္...
" ကဲ... ေျပာပါဦး။ ဘယ္က ျပန္လာတာလဲ"
" အေနာက္အိမ္မွာ ဦးဦးကို သြားေတြ့တာ ေဖႀကီး။ "
ကူးကူးက ဖေအဆိုေတာ့ေၾကာက္ရမွန္းမသိ။
ထိုင္ေနတဲ့ကိုစံုဆီ လစ္ခနဲေနေအာင္ေျပးတက္သည္။
ျမင္ေနရတဲ့ခ်စ္ထြန္းမွာသာ ခုျမင္ကြင္းကို မရိုးႏိုင္စြာ
အလန႔္တၾကားၾကၫ့္ရသည္။ လြန္ခဲ့ေသာ ႏွစ္ေတြက
ကိုစံုဆိုတာ ဘဝေပ်ာက္သြားသူလို အရူးတစ္ေယာက္ႏွယ္ ၾကမ္းခဲ့တာမ်က္ျမင္။ ခုေနာက္ပိုင္းတည္ၿငိမ္လာတယ္ဆိုေပမဲ့ ခ်စ္ထြန္းမွာေတာ့ အရိွန္မေသႏိုင္တဲ့မုန္တိုင္းလို ေၾကာက္ဆဲ။ ခ်စ္ထြန္းထင္မထားသလို
ငစံုက ေဒါသလည္းမထြက္သလို စိတ္ရႈပ္ပံုလည္းမရ။
" ဦးဦးက ဘာေျပာလဲ"
" စာသင္ေပးမယ္တဲ့။ ေဖႀကီး အကူးသင္လို႔ရလား"
စံုသာၿမိဳင္သူ႔ ေပါင္ေပၚထိုင္ေနတဲ့ သမီးျဖစ္သူ၏ခါးေသးေသးကို ခပ္ဖြဖြဖက္ထားကာ
" ဦးဦး က... လာခဲ့ေခၚရင္ သြားေပါ့ ။ ဦးထြန္းဆီမွာ သမီးအတြက္ဝယ္ထားတဲ့ စာအုပ္ေတြကို ေတာင္းသြား။ ဦးဦးစိတ္ညစ္ေအာင္ေတာ့ ဂ်ီမက်ရဘူးေနာ္ ၾကားလား"
ခ်စ္ထြန္းမွာ ေတာ့ ထိုျမင္ကြင္းကိုၾကၫ့္ကာ
ဘုရား.. ဘုရားဟု တ မိေတာ့မတတ္။
သမီးမိန္းကေလးမို႔ေတာ္ရံုေယာက်ာ္း ခ်ီတာေပြ့တာမႀကိဳက္။ ဘယ္ေယာက်ာ္းကပ္ကပ္ စကားမေျပာရဘူး။ ေပြ့တာဖက္တာလုပ္လာရင္ ေဖႀကီးမသိရင္ထြက္ေျပး ၊ အစရိွသျဖင့္ သင္တက္တဲ့သူက ဦးဦးကိုဂ်ီမက်ရဘူးတဲ့လား။
အကူး ေခါင္းညိတ္ကာ သူ႔အေဖ၏ လက္ေမာင္းႀကီးႀကီးေပၚမွီအိပ္လိုက္သည္။ ခပ္ဖြဖြဖက္ထားသၫ့္ စံုသာၿမိဳင္၏ လက္တစ္ဖက္မွလြဲ၍ က်န္လက္တစ္ဖက္မွာ ေထြးေပြ့မရိွပဲ ထိုအတိုင္း ။
သူကား စိတ္ၾကမ္းလက္ၾကမ္းမို႔ သမီးကို ၾကင္နာရေကာင္းသည္ဟူ၍ သိပ္မရိွ။ သို႔ေပမဲ့ လိုေလစိတ္မရိွေအာင္ေတာ့ထားသည္။
" ဟိုဖက္အိမ္မွာ လိုတာျဖၫ့္ေပးလိုက္။ ဆန္ဆီ မျပတ္ေစနဲ႔ ။ "
" ဟုတ္ကဲ့ ကိုစံု "
"ဘေမွာင္ ဘယ္သြားလဲ"
" ဆီႀကိတ္စက္ေတြသြားစစ္ေနတယ္။ ခုတေလာ စက္ရံုဖက္ေတြမွာ ဆီပံုးေတြ ေပ်ာက္ေနတယ္လို႔ သတင္းၾကားလို႔ ကိုဘေမွာင္လိုက္သြားတာ။ စာရင္းကိုင္ေတြကလည္း လခ ယူထားၿပီး စာရင္းဇယားကဘယ္ေတာ့မွမတိက်ဘူး ။ ဒီႏွစ္ထဲ ခ်မ္းသာ ပဲဆီက နာမည္ရလာေတာ့ အတိုက္အခိုက္ေတြက ေပါပါတယ္ဆိုေနမွ"
ခ်စ္ထြန္းက အရင္ႏွစ္ေတြတုန္းကလို ကေလးသာသာ မဟုတ္ေတာ့။ ေျပာင္းလဲလာတာမွသိသိသာသာ။
ထြက္လာတဲ့အရပ္ေရာ ၊ ထြားလာတာတဲ့ကိုယ္ထည္ေရာ ။ တကယ့္အားကိုးေလာက္စရာညာလက္ရံုးပဲ။
" မင္းေဘာင္ဘီ ၾကပ္လြန္းတယ္။ "
ငစံုအၾကၫ့္က ခ်စ္ထြန္း၏ ဟန္လုပ္ဝတ္ထားတဲ့ေဘာင္ဘီဆီမွာ။ ငစံုနည္းတူငံု႔ၾကၫ့္ကာ ခ်စ္ထြန္းမသက္မသာဟန္ျဖင့္
" နည္းနည္းေသးသြားတယ္ထင္တယ္။ "
မရမက စြပ္ဝတ္ထားတာေၾကာင့္ ခ်စ္ထြန္းမွာေအာင့္သက္သက္။
ငစံု ေခါင္းညိတ္ကာ
" ဟုတ္တယ္ ၊ မင္းၾကၫ့္ရတာ ဥႏွစ္လံုး အၫွပ္ခံထားရသလိုပဲ ။ အဲ့ေလာက္ၾကပ္တာေတြမဝတ္နဲ႔ မဖြံ႔ထြားသင့္တဲ့ေနရာေတြ မဖြံ႔ထြားပဲေနမယ္။
အဲ့ဒါမဝတ္ေတာ့နဲ႔ ။ ငါ ေနာက္ဆိုဒ္ႀကီးဝာဝယ္ခဲ့ေပးမယ္"
ဂရုစိုက္ရေကာင္းသည္ကိုမသိရွာတဲ့ ငစံုဟာ ထိုသို႔လည္းအလိုလိုက္တက္ပါေသးသည္။ သို႔ေပမဲ့ ခ်စ္ထြန္းမွာေတာ့ ဂဏန္းၫွပ္ခံရသလို ဂြၾကားအုပ္ကာ
အီလယ္လယ္ ျဖစ္သြား၏။ ငစံုကေတာ့ ဒါေတြ မသိသလို သိလည္းအားနာမေနေပ။
သူ႔ဘဝမွာ ခ်စ္ထြန္းက တပၫ့္ဆိုတာထက္ ညီအကို ေကာင္းတစ္ေယာက္လိုပါပဲ။ အရြယ္ေရာက္ေတာ့ ခ်စ္ထြန္းက လွခ်င္လာသည္။ တီဗြီထဲမွာပါတဲ့ မင္းသားေတြအတိုင္း တုပကာ လိုက္ဝတ္ခ်င္သည္။
ဘယ္သြားသြား ... ခ်စ္ထြန္းအတြက္ အဝတ္အစားက မပါမျဖစ္ဝယ္ရသည္မွာ အလုပ္တစ္ခုလို ျဖစ္ေပမဲ့
သူ႔ကို ဘာဝယ္ေပးပါဟု ႏႈတ္ကေန မပူဆာရဲေပ။
သူ႔သမီး ရနံ႔ကူးေတာင္မွ ခ်စ္ထြန္းေလာက္ ပဲမမ်ားတာပဲ ေက်နပ္ရမလို။
" ထေတာ့ ရနံ႔ကူး ။ ေဖႀကီး ဆန္စက္ကို သြားမလို႔ "
သူဆင္းခိုင္းတာႏွင့္ အကူးကသြက္သြက္လက္လက္ေလ်ာဆင္းသြားသည္။ ထို႔ေနာက္ စံုသာၿမိဳင္က
စတီခံုရဲ့လက္ရန္းကို ထိန္းကိုင္ကာ အသာထလိုက္ရသည္။ သူအျပင္ထြက္သြားတာႏွင့္ ဂ်စ္ကား တစ္စီးက အိမ္ေရ႔ွမွာ အဆင္သင့္ရိွေနသည္ ။
ခပ္ျဖည္းျဖည္းသြားတဲ့ေျခလွမ္းေတြမွာ ဘယ္ဖက္ေျခေထာက္က မသိမသာနိမ့္ဆင္းသြားတက္၏။
ခ်စ္ထြန္းေငးၾကၫ့္ကာ အကူးကို ေကာက္ေပြ့လိုက္သည္။
စိတ္ထဲမွာ နင့္ခနဲ ျဖစ္သြားေပမဲ့ ကိုစံုက သူ႔ကိုအဲ့လိုၾကၫ့္တာ လံုးဝမႀကိဳက္။
မနက္ခင္းကူးကူးကို မနက္စာေကြၽးသည္။
အဝတ္လဲသည္။ အိမ္အကူ ႏွင့္ကေလးထိန္းတခ်ိဳ႕ရိွေပမဲ့ ခ်စ္ထြန္းက စိတ္ခ်လက္ခ် မထားေပ။
ဦးေလးေတြအေဖေတြနဲ႔ေနရေပမဲ့ ကေလးမွာ စိတ္အားငယ္ေနရတာမ်ိဳးမျဖစ္ေစခ်င္။ ကူးကူးကမိခင္ႏို႔ရည္လည္းေကာင္းေကာင္းမေသာက္ရေတာ့
ငယ္တုန္းကတည္း ခ်ူခ်ာၿပီး လူစိမ္းေတြႏွင့္ပက္သက္ရမွာ ေၾကာက္တက္သည္။
ခြၽင္းခ်က္ ညခ်မ္းေအးေတာ့ မပါေပ။
ဆန္စက္၏ ေျမကြက္လပ္တြင္ စပါးဝါဝါေတြ လွမ္းထားေလသည္။ ဆန္စပါးအထြက္ေကာင္းလွတာေၾကာင့္ ဆန္ဆိုရင္ အထက္နယ္တေၾကာ ခ်မ္းသာ ဆန္အိတ္ဆိုၿပီး ျဖန႔္သည္။ တနယ္လံုး လယ္ယာေျမမ်ားကို ဒီတိုင္းမထားေစပဲ စီးပြားျဖစ္ထြန္းေအာင္ စပါးစိုက္ခိုင္းသည္ ။ ေျမပဲဆီႀကိတ္လို႔ရေအာင္ စပါးစိုက္မရတဲ့ေျမေတြဆို ေျမပဲစိုက္ခိုင္းသည္။
ထို႔ေၾကာင့္ ခ်မ္းသာ ဆန္စက္ႏွင့္ဆီစက္က တြင္က်ယ္လာတာျဖစ္သည္။ စီးပြားျဖစ္ထြန္းလာတာႏွင့္အမ်ွ လမ္းပန္းသာ လာၿပီးနယ္ေတြ အကုန္လံုး ပြင့္လန္းလာသည္။ ယခင္အတိတ္ဘဝက ေက်းလက္ေတာရြာျဖစ္တဲ့သဖန္းေတာအပါအဝင္ နရန္းရြာေတြအကုန္လံုး တိုးတက္မူ႔ေနွာင့္ေနွးကာ 2022ထိ မူျပေက်ာင္း ႏွင့္ ရပ္တန႔္ေနသလို မီးမရ ၊လမ္းမေကာင္းဘဝျဖင့္ ရိုးအစြာ ကုန္ဆံုးရသည္။
ဒီဘဝတြင္ေတာ့ ထိုသို႔မဟုတ္ေတာ့။စံုသာၿမိဳင္သည္
ေရႊေအာင္လာခဲ့ကတည္းက ၿမိဳ႔ေပၚတြင္အ ေျခခ်ေနႏိုင္သည္။ သို႔ေသာ္ စီးပြားေရးလုပ္ကိုင္စားေသာက္ဖို႔
အဆင္မေျပတဲ့ေတာရြာမွာ အေျခခ်ကာ
ဆန္စက္ ဆီစက္ကို တည္ေထာင္သည္။
ငစံု၏ ခ်မ္းသာ ဆန္စက္သည္ရြာမဝင္ခင္ ကားလမ္းေဘးတစ္ေနရာမွာ ေျမဧက ငါးဧကခန႔္ အက်ယ္အဝန္းျဖင့္ ေသခ်ာ ေဆာက္လုပ္ထားတာျဖစ္သည္။
ဆန္ဆိုရင္ ဂိုေထာင္ေလးငါးလံုးျဖင့္ အႀကီးအက်ယ္
လုပ္ေဆာင္တာျဖစ္သလို တစ္နယ္လံုး ဆန္စပါးစိုက္ခိုင္းကာ ရတဲ့ ဆန္ကို ခ်မ္းသာတံဆပ္ သဖန္းေတာဆန္အျဖစ္ ျဖန႔္ေဝခဲ့သည္။ ထိုေခတ္က တီဗြီေခတ္ ျဖစ္တာေၾကာင့္ နာမည္ႀကီး ေၾကာ္ျငာမင္းသမီးမ်ားကို ငွားကာ ေၾကာ္ျငာေစခဲ့တာေၾကာင့္ ေဈးကြက္ခဏအတြင္းဝင္ဆန႔္ခဲ့သည္။
ထိုအခ်ိန္က ေၾကာ္ျငာမင္းသမီးမိုးေဝေဝဆိုတဲ့ မိန္းကေလးႏွင့္ေတာင္မွ စံုသာၿမိဳင္က ေကာလဟလ ထြက္ရိွခဲ့ေသးသည္။
ဒါ ဆန္စက္စတင္တည္ေထာင္စဉ္က အျဖစ္ပ်က္မ်ားသာ ။
" ေမာင္က်န္ ဒီကိုလာအံုး "
" ဟုတ္ကဲ့ ကိုစံု ။ ဘာခိုင္းမလို႔လဲ "
ဆန္စက္မွာ ေမာင္က်န္က အလုပ္သမားေခါင္း။
သူေရႊေအာင္ေတာ့ အလုပ္သမားေတာ္ေတာ္မ်ားမ်ား စုမိေစာင္းမိၾကသည္။ ေမာင္က်န္လိုပင္ သူ႔အေပၚမွာ သစၥာရိွတဲ့ ဝန္ထမ္းမ်ားကို သူမခ်န္ထားခဲ့ေပ။
သူဒီဆန္စက္ကိုစတင္တည္ေထာင္ေတာ့ သူနဲ႔အတူေတာင္ေမွာ္အင္းကေန ပါလာတဲ့အလုပ္သမား
ကိုးေယာက္ရိွသည္။
" အေနာက္အိမ္မွာ စားပြဲနဲ႔ခံုမရိွဘူး။ မင္းအားရင္ ဝယ္ထၫ့္ေပးလိုက္။ မဟုတ္ေသးဘူး။ အားအားမအားအား ဒီေန့ၿပီးေအာင္လုပ္ေပးထားလိုက္။
"
" ဟုတ္ကဲ့ ကိုစံု"
ေမာင္က်န္က ခ်ိဳသည္ခါးသည္ မေမး ။
ခိုင္းတာကို ေခါင္းညိတ္ကာ ခ်က္ခ်င္းသြားဖို႔ ျပင္သည္။
" အိမ္ထဲဝင္ရင္ တံခါးေခါက္ ။ အဲ့မွာ လူရိွတယ္"
လွၫ့္သြားမလိုလုပ္တဲ့ေမာင္က်န္တစ္ေယာက္ ပါးစပ္အေဟာင္းသား။
အဲ့အိမ္က အျပင္လူမေျပာနဲ႔ သူတို႔လူရင္းေတြေတာင္မွ ၿခံထဲကလြဲရင္အိမ္ထဲဝင္ရတာမဟုတ္။
ဘယ္သူတုန္းဟု ေတြးမိကာ ေမာင္က်န္တစ္ေယာက္
ထိုေနရာကေန အေတာ္ၾကာေအာင္ထြက္မသြားမိေတာ့ေခ်။
(အရမ္းဇာတ္ေအးေနသလားမသိေပမဲ့ တျဖည္းျဖည္းသြားတဲ့ ရိုမန႔္ေရးရတာ ကို အႀကိဳက္ေတြ့ေနေတာ့လည္းအခက္သား။ viewအရမ္းမ်ားတာ လိုခ်င္တယ္ ။ ဒါေပမဲ့ ဒီေနာက္ပိုင္း ကိုယ့္ဇာတ္နဲ႔ကိုယ္လမ္းပဲ
ေအးေအးေဆးေဆးေဖာက္ရတာကိုပဲ သေဘာက်ေနတယ္။ တကယ္ႀကိဳက္လို႔ ေပးတဲ့ vote နဲ႔ တကယ္ႀကိဳက္လို႔ေပးတဲ့ review ကိုပဲ လိုခ်င္ပါတယ္ ။
အတင္းအၾကပ္ voteေပးပါလို႔ မေျပာသလို သူမ်ားကိုလည္း ကိုယ့္စိတ္ထဲဖတ္ရတာ တကယ္ႀကိဳက္မွ ၫြန္းေပးေစခ်င္တယ္။ အနည္းဆံုး ကိုယ့္ဖက္က အစစ္အမွန္ေပးတဲ့ ႀကိဳးစားမူ႔ကို အစစ္အမွန္ဖတ္ရႈ႔ေပးတဲ့သူနဲ႔ေတြ့ဆံုခ်င္လို႔ပါ။ ကိုယ္ေရးေနၾကျဖစ္တဲ့ ခ်စ္တဲ့အိမ္စည္ဆိုတဲ့ နာမည္ေတာင္ မေရးျဖစ္ဘူး။ အိမ္စည္ေရးလို႔ဖတ္တာဆိုတာထက္ ေကာင္းလို႔ဖတ္လာကိုပဲလိုခ်င္တာ ကိုယ့္အတၲပါ။ ဒီေနာက္ပိုင္း ကိုယ္တိတ္တိတ္ေလးပဲေနခ်င္ေတာ့တယ္ ။ လူေတြကေပးတဲ့ လူ႔သေဘာေတြကို ကိုယ္ေတာ္ေတာ္ႀကီးေၾကာက္မိသြားတာ ။ မိတ္ေဆြကအစ ေနာက္ေက်ာကို ဓားနဲ႔ထိုးတာမ်ိဳး၊ စိတ္နဲ႔ရင္းေပါင္းခဲ့ၿပီး ခြာၿပဲကုန္ၾကတာမ်ိဳး၊
စာေရးသူအိမ္စည္ကို သေဘာက်ပါတယ္ေျပာၿပီး
မုန္းသြားၾကတာမ်ိဳး ကိုယ္ အေနနဲ႔ လက္ခံဖို႔ေတာ္ေတာ္အခ်ိန္ယူလိုက္ရတယ္ ။ ဒါေၾကာင့္အတက္ႏိုင္ဆံုးေလာဘသတ္ၿပီး တကယ္ အစစ္အမွန္ရပ္ဝန္းမွာပဲ လူသတိမထားမိတဲ့ေနရာမွာ အမွားအနည္းဆံုး
ကိုယ္ေနေတာ့မယ္ဆံုးျဖတ္ထားတာ။ ဒီေနာက္ပိုင္းလည္း ပိုမိုတိတ္ဆိတ္သြားဖို႔ပဲရိွတယ္ဆိုတာ အသိေပးတာပဲ ။ ေမ့မသြားၾကဖို႔ပဲေမ်ွာ္လင့္လ်က္ပါ )
Bạn đang đọc truyện trên: ZingTruyen.Xyz