ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

9

eainsi23

သောင်းဆင့်နှင့် အဖေဖြစ်သူ၏ဆက်ဆံရေးသည်
လွန်ခဲ့သော ကာလကတည်းက ခပ်တန်းတန်းပင်။
မိခင်ဆုံးသည့်အချိန်တွင်သူတို့မောင်နှမနှစ်ယောက်လုံး ငယ်ရွယ်ကြသေးသည်။ ခိုလှုံရာ မရှိရင်မဖြစ်ကြသေးသည်မို့ အုပ်ချုပ်ခွင့်သည် အဖေ့ထံပြန်ရောက်လာခဲ့သည်။
သောင်းဆင့်ကတော့ ခပ်တည်တည်သာ ‌နေသည်မို့ အဖေနှင့် လိုအပ်တာထပ်ပိုမရင်းနှီးခဲ့ ။ ညီမလေးကတော့ ထိုအချိန်ကငယ်လွန်းသေးတာမို့ အဖေနှင့် ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်ဖို့မခက်ခဲခဲ့ပေ။ ထို့ကြောင့် အဖေက သောင်းဆင့်ထက် ကလျာကိုပိုချစ်သည်။

သောင်းဆင့်သည် အိမ်ကိုပြန်ချင်မှပြန်သည်။
သောက်သည် ၊စားသည်၊ လမ်းဘေးအိပ်သည်က သောင်းဆင့်အတွက် ပုံမှန်လိုပင်။ အဖေ့၏ ချမ်းသာမူ့ကို သူမမက်မောပေ။ ပိုက်ဆံလိုရင် အဖေ့ဆီကမတောင်း။ ဆန်စက်မှာသာ သွားသောင်းကြမ်းကာ တောင်းတက်သည်။
အဖေကတော့ အိမ်ပြန်လာစေချင်၍ သူ့အားမပေးဖို့ တားမြစ်ထားပုံရပေမဲ့သောင်းဆင့်ကတော့ လိုရင် ဘယ်သူဘာပြောပြော ရအောင်ယူတက်၏။
ထို့ကြောင့် သူ့အားအလုပ်သမားအများစုက ကြောက်ကြ၏။

သူ့ကိုမကြောက်သူသည် သူ့၏နှင်းဆီပန်းလေသာဖြစ်၏။
ထိုအရာသည် သူ့အားရင်ခုန်စေပါသည်။
အကြည့်စူးစူးရန်လိုသော မျက်လုံးလေးများက သူ့နှလုံးသားကို စိတ်လှုပ်ရှားစေသလို ဒေါသထွက်ကာ
ဆဲဆိုလာသံက သူ့မြတ်နိုးခြင်းတွေဖြစ်လာပါသည်။

နှင်းဆီဘွဲ့ဆူးသည် ငယ်ရွယ်စဉ်ကလေးဘဝကတည်းက ရင်းနှီးခဲ့သောအိပ်ယာဝင်နတ်သားလေးဖြစ်သည်။ မမြင်ဖူးခဲ့ပေမဲ့ ရွှေနှင်းဆီကလေး၏
လှပသော အကြည်ဓာတ်ကလေးကို သူ့အမြင်အာရုံမှာပုံဖော်ရင်းတိတ်တခိုးစွဲလန်းခဲ့ဖူးသည်။
မြင်လိုက်ရချိန်၌လည်း သူ့နှလုံးသားသည် အိမ်မက်ကိုရိုက်ပုတ်ခံလိုက်ရသလို တဆတ်ဆတ်တုန်ရီရမြဲပင်။

သူ သူ့နှင်းဆီပန်းလေးကို ချစ်ပါ၏။
စွဲမြဲစွာသောက်တက်သော အရက်ထက်လည်းမြတ်နိုးပါ၏။

သို့သော် နှင်းဆီပန်းစုတ်ကလေးသည် သူ့အား
ဆန့်ကျင်၍ အဓိပ္ပါယ်မရှိသော အလုပ်ကို လုပ်ဖို့ကြံရွယ်နေလေသည်။

ဤသည်မှာ စံထားဟုခေါ်သော အနှီမိန်းကလေးနှင့် ပိုမိုရင်းနှီးလာသော ဆက်ဆံရေးကြောင့်ပင်ဖြစ်သည် ။

အဲ့ကလေးမက သူတို့ရွာမှာ တာဝန်ကျနေတဲ့ ကျန်းမာရေးဆရာမ။ လှပေသည့် ခပ်အေးအေးမို့
အနေတည်သည်ဟု သတ်မှတ်လို့ရသည်။
ထားရီလိုတော့ ဝင့်ဝင့်ကြွားကြွားလှပမူ့တော့မရှိ။
ဒါပေမဲ့ သူ့အလှနှင့်သူရှိသည်။

အလျင်က စံထားကို သောင်းဆင့် ကောင်းမွန်သောမှတ်ချက်ပြုနိုင်ပေမဲ့ ယခုမူ ဆိုးဝါးသောအမြင်တို့သာရှိချေတော့သည်။

မီးပုံက မီးများသည် တဖျစ်ဖျစ်တောက်လောင်နေပါသည်။
မီးဖွားလေးများသည် လေနှင့်အတူအနည်းငယ်လွင့်ပါးနေပေမဲ့မည်သူမှ စိုးရိမ်မူ့တော့မရှိကြ။

ဒီညက ချောင်းကမ်းရွာ၏အထင်ကရပွဲတော်နေ့ဖြစ်သည်။
လေးရွာနယ်တလျှောက် ချောင်းကမ်းရွာ၏ လူပျို၊အပျိုပွဲတော်နေ့အား လာရောက် လည်ပတ်သူများစည်ကားနေသည်။
ထိုချစ်စရာပွဲတော်နေ့လေးတွင် ရွာရှိ လူပျို ၊အပျိုများသည် ရွာထိပ်ရှိ လွမ်းချောင်းသောင်စပ်၌
လွတ်လွတ်လပ်လပ် ပျော်ကြလေ့ရှိသည်။
နှမချင်းစာနာသော စိတ်၊ မိဘများမှ ထို လူပျို၊အပျိုနေ့တွင် ကိုယ့်သားပျို ၊သမီးပျိုများအားသက်မှတ်ထားသော ပွဲတော်ကျင်းပရာ နေရာကို လာရောက်ပို့ဆောင်ကြသည်မှာ ချစ်စရာပင်ဖြစ်ကြသည်။
ထိုနေရာတွင် ရွာရှိ လူကြီးပိုင်းများမှ စီစဉ်ကျွေးမွေးသော  အစားအသောက်များစွာအပြင် ၊ သားပျို၊သမီးပျိုတို့၏မိခင်တို့မှ ထည့်ပေးလိုက်သော မုန့်ပဲသရေစာများစွာလည်းရှိသည်။
အရက်သေစာ သောက်စားမူးရစ်ရမ်းကားမူ့အား မသောက်ကြစေရန်တားမြစ်ထားသော်လည်း ခိုးဝှက်သောက်သူများလည်းရှိသည်။

သို့သော် ဆွဲလားရမ်းလားလုပ်သူများတော့မရှိ ။
ထိုနေ့တွင် ရမ်းကားမူ့ရှိပါက ရွာမှ ကြီးလေးသော အပြစ်အားပေးလေ့ရှိသည်။
ဤသည်မှာ လူတစ်ယောက်၏ ဗီဇအားဖွင့်လှစ်ပြသမူ့ဖြစ်သည်ကြောင့် ရှက်စရာဟု သတ်မှတ်ကြသည်။
မိဘဆုံးမမူ့ညံ့ဖျင်းသည်ဟုသက်မှတ်ကြသည်။
အရှက်လည်းကွဲကြ၏။ ထို့ကြောင့် ထိုနေ့တွင် လူငယ်များက စည်းကမ်းတကျ ပျော်တက်ကြ၏။

ထိုပွဲတော်အား ချောင်းကမ်းရွာတစ်ခုတည်း ကျင်းပခြင်းမဟုတ်။
တခြားရွာမှလာရောက်လည်ပတ်သူ အပျိုများ၊လူပျိုများကိုလည်း ချောင်းကမ်းရွာ၏ လူပျိုပွဲတော်အားလာရောက်ဆင်နွှဲခွင့်‌ ပေးထားသည်။
တချို့က သမီးရည်းစားများရှိကြပြီး ၊တချို့ကတော့ ချစ်သူရည်စားမရှိကြသေး။
မရှိသူများအတွက်ကတော့ လူပျိုပွဲတော်ကို လာရောက်လည်ပတ်သူ အမျိုးသမီးငယ်များအား စိတ်ကြိုက်ပိုးပန်းနိုင်ပြီး၊ မကြိုက်နှစ်သက်လို့ ငြင်းခံရလျင်လည်းထပ်မံနှောက်ယှက်ခွင့်မရှိ။
ထို့အတူ လှပစွာ ဆင်ယင်ခြယ်သထားသော အမျိုးကောင်းသမီးပျိုများကလည်း မိမိတို့စိတ်ဆန္ဒနှင့် ကိုက်ညီသော ယောကျာ်းပျိုများအား ရွေးချယ်ခွင့်ရှိကြ၏။

ထိုပွဲတော်တွင် လက်ထပ်ပြီးသားသူများလာခွင့်မရှိပေ။ ထိုညတွင် အသက်နှစ်ဆယ်မပြည့်သေးသောလူငယ်များ ခိုးပြေးမူ့မရှိရပေ။
အကြောင်းမှာ စိတ်ချစွာ လာရောက်အပ်နှံ့သော မိဘများအတွက်ဖြစ်သည်။ ထိုအရွယ်တွင် ဆုံးဖြတ်နိုင်မူ့နည်းပါးသေးသည်မို့ ကန့်သတ်ထားခြင်းဖြစ်သည်။

သို့တိုင် ရံဖာရံခါတော့ ခိုးပြေးမူ့များက ရှိနေ‌ဆဲပင်။
အချစ်ဆိုသည်မှာ ထိန်းချုပ်လို့ရသည့်အရာတော့မဟုတ်ပေ ။

ထိုပွဲတော်အား အပျိုကြီး၊လူပျိုကြီးများမှ အုပ်ချုပ်ပြီး အစားအသောက်များအား ထိုလူကြီးများကပင် စီစဉ်ပေးလေသည်။
ထိုည၌ ခိုးပြေးမူ့အား တားမြစ်ထားသော်ငြား ၊
ခိုးပြေးသူများလည်းရှိကြဆဲပင်။
ထိုသူများအား အပျိုခေါင်းများမှ ဒဏ်ကြေး ကောက်ယူရသည်။ မပေးလျှင် ရွာကျဉ်၏။
ပေးငွေသည်လည်း ပုံမှန်ပေးနေကြ ရွာအပ်ကြေးထက် သုံးဆပိုများသည်မို့ မတက်နိုင်သူများကတော့
ခို‌းပြေးမူ့ မလုပ်ကြ။

သောင်းဆင့်သည် လက်ထဲမှာ ရွာရှိ အပျိုကြီး၊လူပျိုကြီးများမှ ဝေငင်ထားသော ပြောင်းဖူးပြုတ်အားမကျေနပ်စွာကိုက်ရင်း ၊ဆန့်ကျင်ဖက်အရပ်တွင်ရှိသော သူ၏ လူပျိုသိုးကြီးအား စိတ်ဆိုးစွာကြည့်မိပါသည်။
သူ့နှင်းဆီ၏ အပြုံးတွေသည် မီးရောင်နှင့်အတူ မြင်ရသည်မှာ လတ်ဆတ်လွန်း၏။
သို့သော် ထိုအပြုံးတွေသည် သူ့အတွက်မဟုတ်ပေ။
စံထားဆိုသော ဆရာမအား သောင်းဆင့်ကြည့်မရတော့ပေ။
တိုးကပ်စွာပြောနေကြသော အကြောင်းအရာများသည် မည်သို့သော အကြောင်းများဖြစ်မည်နည်း။
စိတ်ဝင်စားလွန်းပါဘိ။
ခံစားရပါဘိ။

" သောင်းဆင့် မင်းအကြည့်တွေလျော့ပါဦးဟ "

မနေနိုင်သည့်အဆုံးသာဒင်ဝင်တားလိုက်သည်။

မီးပွားကဲ့သို့လွင့်စေသောအကြည့်တို့ကြောင့်
ဆရာမသည် အနည်းငယ်နေရခက်ပုံပေါ်နေသည်။
သောင်းဆင့်မကျေမနပ်ခေါင်းငုံ့မိသည်။
လက်ထဲတွင်ကိုင်ဆောင်ထားသော ပြောင်းဖူးအားလည်း ခပ်ဝေးဝေးသို့လွင့်ပစ်ကာ ဒေါသအားဖြေဖျောက်မိပါသော်ငြား စိတ်ခံစားချက်တော့ လျော့ရဲမသွားပါ။

" ငါတကယ် လူသတ်ချင်နေပြီ"

" ဟာ ! မဟုတ်တာတွေ သောင်းဆင့်ရာ ၊ဒီနေ့က လူပျိုပွဲတော်နေ့လေကွာ။ ကိုဘွဲ့ဆူးက လူပျိုဆိုတော့ သူ့အနေနဲ့ ဆင်နွှဲချင်မှာပဲလေ။ မင်းပိတ်ပင်ရအောင်လည်းမင်းရည်းစားမှမဟုတ်တာ "

ရွှေပြည်အေးတရားလာဟောနေသော ဖိုးထွေးကို သောင်းဆင့် မျက်မှောင်ကုတ်ကာ ကြည့်မိလျှင် ပါးစပ်ချက်ခြင်းပိတ်သွား၏။

သာဒင်သည် သောင်းဆင့်၏အကဲပိုလှတဲ့ ပုံပန်းကြောင့် စိတ်မရှည်ပါသော်ငြား စိတ်ပျက်မူ့တော့ရှိမသွား။ သောင်းဆင့်၏အကြောင်းကို သူသိထားသည်မှာမကြာသေးပေ။
သောင်းဆင့်သည် ယောကျာ်းတို့ကိုကြိုက်နှစ်သက်ဟန် တစ်ခါတောင်မပြဘူးသည်မို့ အံ့ဩမူ့သည် အတိုင်းထက်အလွန်ပင်။
သို့တိုင်ထူးဆန်းသည်ထင်မိရုံမှလွဲ၍ ရွံ့ရှာမူ့တော့မရှိခဲ့။

မိန်းမများအား စိတ်မဝင်စားသည့်အကြောင်းကို တော့ ထိုနေ့မှနားလည်ခဲ့သည်။

ကိုဘွဲ့ဆူးသည် တည်ငြိမ်သော ပုံပန်းရှိပေမဲ့ ထူးခြားစွာ လှပမူ့တော့မရှိ။ ထို့အပြင် တောင့်တောင့်တင်းတင်းယောကျာ်းသားမို့ နှင်းဆီဘွဲ့ဆူးဟူသည့်နာမည်နှင့်ပင်မလိုက်ဖက်။
နာမည်သည် အနည်းငယ်နွဲ့နှောင်းသည့်ဖက် သွားပေမဲ့ ကိုဘွဲ့ဆူးကတော့အမျိုးသားဆန်သည်။

သောင်းဆင့်ကိုလည်းကြိုက်ဟန်မတူ။
မိန်းမယူမည့်သဘောကို ဆောင်သည်မို့ သောင်းဆင့်ဖက်က တဖက်သတ် သီးသန့်သာ။

သာဒင်သည် သောင်းဆင့်အားလက်ကုတ်သည်။
ထို့နောက် အကြံဆိုးတချို့အား ပေးလိုက်၏။
တခြားတော့မဟုတ်။
အပိုင်ကြံနိုင်မည့်နည်းတချို့သာ။
သောင်းဆင့်က အရူးမီးဝိုင်းဖြစ်နေချေပြီ။
ထိုအကြောင်းကို သူတို့နှစ်ယောက်သာ သိသည်။

မချစ်တက်သလို ၊ချစ်မိလျင်လည်း ရူးနေအောင်ချစ်မည့်သူသည် သောင်းဆင့်သာ ဖြစ်၏။

တစ်နေ့တစ်ခြားပိုပိုဆိုးလာပြီး ၊ခိုးချောင်ခိုးဝှက် ချောင်းရသည်မှာလည်းအမောသား။
ထို့ကြောင့် မရရင်မဖြစ်တော့သည့်သောင်းဆင့်အားသူအကြံတချို့ပေးလိုက်လေသည်။ မပေးခင်မေးလိုက်သေးသည်။

" မင်း ကိုဘွဲ့ဆူးကို ရချင်သလား"

မေးတက်ရန်ကောဆိုသည့်အကြည့်ကချက်ခြင်းရောက်လာ၏။

" ထားတော့ ၊ မင်းကို ဟိုက ခါးခါးသီးသီးမုန်းရင်ကော ၊ အတူနေနိုင်ပါ့မလား"

သောင်းဆင့် လူမိုက်အကြည့်နှင့်သာဒင်အားကြည့်သည်။ ထို့နောက်

" ဒီမှာ ၊ အဲ့ဒီလူက နှင်းဆီဘွဲ့ဆူးသာ ဖြစ်ပါစေ၊
မုန်းလွန်းလို့ ‌နေ့တိုင်း ငါ့ကို လက်သီးနဲ့ ထိုးတောင်
သောင်းဆင့်တို့က အပြုံးမပျက်ဘူး။ သဘောပါလား"

" သဘောပါတာနောက်ထား၊ မင်းအဖေကရှိသေးတယ်၊ သာဒင်မြောက်မပေးနဲ့"

ဖိုး‌ထွေး ဦးဘောဂသောင်းမျက်နှာအားမြင်ယောင်ကာ
သာဒင်အားကြောက်လန့်တကြားဝင်တားလိုက်သည်။
ဒါကို မကျေနပ်စွာ သောင်းဆင့် ဖိုးထွေးအားနားရင်းပိတ်ရိုက်လိုက်ပြီး

" အဖေနဲ့ပေါင်းမှာလား၊ငါနဲ့ပေါင်းမှာလား"

" မင်းအဖေနဲ့မပေါင်းလည်း ၊ သဘောမတူလို့ သောင်းကြမ်းရင် မင်းဘာတက်နိုင်မှာလဲ"

" မကျေနပ် အမွေဖြတ်ပေါ့ဟ၊ ငါ့ယောကျာ်းက ပညာတက်တယ်၊ သူရှာကျွေးလိမ့်မယ်"

သောင်းဆင့်၏ မုန့်ဆီကြော်ကဘယ်နားမှန်းမသိ ၊နှုတ်ခမ်းနာနဲ့တည့်မတည့် စိတ်ကူးယဉ်နေတဲ့မျက်နှာကြောင့် သာဒင်နှင့်ဖိုးထွေးပြိုင်တူနှာခေါင်းရှုံ့မိ‌ေတာ့သည် ။

" အံ့ဩပါ့ ၊မကျေနပ်လို့ ထောင်ထဲပို့ရင် မင်းဟာက လင်မရပဲ ထောင်ထွက်နာမည်ကျန်နေခဲ့ဦးမှာ "

" ဒါကတော့ ကြိုးစားမကြည့်ပဲ ဖြစ်နိုင်မဖြစ်နိုင်တွေးပူနေလို့တော့မဖြစ်ဘူးလေ၊ ငါ့အနေနဲ့က ဖြစ်နိုင်ချေ
သုံညဖြစ်နေရင်တောင်မှ လက်မလျော့ချင်ဘူး။
ရိုးရိုးနည်းအတိုင်းသွားလို့ကတော့ တစ်သက်လုံး ငါ့ကိုပြန်ကြိုက်မှာမဟုတ်ဘူး။ အဲ့တော့ သာဒင်မင်းဘာအကြံပေးမှာလဲ "

သာဒင်းခေါင်းငြိမ့်ကာ သူ့အကြံတို့အားပြောပြလိုက်သည်။

သောင်းဆင့်၏ ထမင်း၇ရက်မစားရ‌သလို ရုပ်အိုကြီးသည် ချက်ခြင်းဆိုသလို ဝင်းပကုန်၏။

" ကျေးဇူးပဲ "

သာဒင်လက်ပြလိုက်ပြီး ခါးကြားမှထိုးထားသော ပုလင်းအပြား‌လေးကိုထုတ်ကာ ရှေ့မှာ ပွဲတော်မှတိုက်သော
အချိုရည်ခွက်ထဲအနည်းငယ်လောင်းထည့်လိုက်သည်။ 

သူ့လုပ်ရပ်ကိုမည်သူမှမမြင်လိုက်ရပေ။ 

________

" ဟိုမှာ ကိုသောင်းဆင့်က ကျွန်မ ကိုမကျေနပ်နေသလိုပဲ ၊ သူ့အကြည့်က ကြောက်စရာကြီး "

ဘွဲ့ဆူးသည် အနည်းငယ်စောင်းကြည့်ကာ
ချက်ခြင်းဆိုသလို စံထားဖက်ကိုပြန်လှညါ့လိုက်သည်။
သူ့အနေနဲ့ သောင်းဆင့်အကြောင်းကို မသိ၍ မဟုတ် သိတာထက်ပိုနေလို့ပေ။
ဒီမျက်နှာဒီအကြည့်တို့သည် ရန်လိုနေတယ် ဆိုပြီးစာမကပ်ထားရုံတမယ်။

သောင်းဆင့် ဘွဲ့ဆူးအပေါ်မှာ ဘယ်လို အချိုးမပြေတဲ့စိတ်ထားနေသလဲဆိုတာ လည်း သူအသိဆုံး။
ကိုယ်တိုင်ကလည်း မိသားစုဘဝကိုသာ မက်မောသူမို့ သောင်းဆင့်ဆို ဝေးဝေးကသာ ရှောင်ချင်သည်။
ပတ်သက်ဖို့ဆိုတာအဝေးကြီး။

" ထားလိုက်ပါ၊ ဆရာမ ဘာစားချင်သေးလဲ၊ အအေးသွားထပ်ယူပေးရမလား"

" နေနေ... ကိုဘွဲ့ဆူး။ ကျွန်မ မိုးချုပ်တဲ့အထိ နေလို့မရဘူး။ စားတာလည်းများနေပြီဆိုတော့ မိုးမိုးကိုခေါ်ပြီးပြန်တော့မှာ "

" ပြန်တော့မှာလား။ စောပါသေး "

" အင်း.. စောစော ပြန်မှ မနက်စောစောထနိုင်မှာ ကိုဘွဲ့ဆူးရဲ့။ ကျွန်မ မနက်ဖန် ငှက်ဖျားရောဂါအကြောင်း ဟိုဖက်ရွာမှာ ပညာပေးဗဟုသုတ မျှဝေပေးစရာရှိလို့ စောစောသွားရမှာမို့ "

" ဟုတ်လား ၊ဒါဆို ကျွန်တော်ပြန်လိုက်ပို့ပေးမယ်လေ "

" ရပါတယ်ရှင်.. တစ်နှစ်မှာ တစ်ခါပဲ ကျင်းပတဲ့ ထူးထူးဆန်းဆန်းပွဲလေးကို ကိုဘွဲ့ဆူးပျော်နေခဲ့ပါ။
ကျွန်မ ကလေးတွေနဲ့အတူတူပဲ ပြန်လိုက်ပါမယ်။ "

ဖားလျားချထားသော ဆံနွယ်ရှည်ကြီးက တင်ပါးအောက်ထိ တော်တော်ရှည်လွန်းတာမို့ ထိုင်နေတာတောင်မှ ဆံပင်တွေကို ရှေ့ချကာ ပေါင်ပေါ်စုတင်ထားရရှာသည်။
ဘွဲ့ဆူး ဆံပင်ရှည်တွေအားတမေ့တမော ငေးမိပြီးမှ
ရှက်ရွံ့မိသွား၏။
ထို့နောက် ဂုတ်ပိုးတို့အားပွတ်ကာ  အမြန်ပင်ခေါင်းညိမ့်ပြလိုက်မိသည်။

ပွဲတော်နေ့သည် အချောအလှအလေးများစုဝေးရာဟုခေါ်တွင်‌နိုင်သည်။ လိုတာထပ်ပိုမခြယ်သထားသော ရုပ်ရည်လေးများတွင် သနပ်ခါးပါးပါးသာ ရှိချေသည်။

မိုးလေကင်းစင်ဆဲမို့ ကောင်းကင်သည် လရောင်ဖြာလျက်။

သောင်းစပ်ရှိ မီးပုံတချို့တွင် အရွယ်ညီသော ကောင်‌ လေးကောင်မလေးများရှိ၏။

စုဝိုင်းစကားပြောနေကြပြီး တချို့ကတော့ တိတ်တခိုး လက်ကလေးများအားခိုးဝှက်ဆုပ်ကိုင်ထားကြသည်။

အပြင်ထွက်၍ ချိန်းတွေ့မူ့မျိုးတော့မရှိကြ။

တချို့ဆိုလျင် မိမိချစ်ခင်သော မိန်းမပျိုကို ဘေးကနေသွားထိုင်၍ ချစ်ရေးဆိုကြသည်။
ငြင်းခံရလျင် ရှက်ရယ်ရယ်ကာ ထိုင်ရာမှထပေးရသည်။

မငြင်းခံရလျင်တော့ ထိုမိန်းကလေး၏ဘေးမှာထိုင်ကာ စကားပြောခွင့်ရတက်၏။

အများအားဖြင့် ထိုနေ့တွင် ချစ်သူရည်းစားမရသေးသူများ ရည်းစားရနိုင်ဖွယ်ရှိသည်။

တချို့တွင် သူငယ်ချင်းများဖြစ်သည်။
အတူထိုင်နေကြသော်ငြား စကားတပြောပြော ၊မုန့်များစား၍ အပန်းလာဖြေကြဟန်တူသည်။

လူပျိုပွဲတော်ဆိုပေသည့် ပိုးပန်းရုံသက်သက်မဟုတ်။

ယောကျာ်းလေးမိန်းကလေး သူငယ်ချင်းများသည်ဝိုင်းထိုင်၍ စားသောက်ကြသလို၊
တချို့က ယောကျာ်းလေးအစုလိုက် သီချင်းတအေးအေးနှင့် အပျော်ကို အေးဆေးစွာခံစားကြသည်။

တချို့ကတော့ ရောနှောမူ့မရှိ ၊စိတ်ဝင်စားမူ့မရှိ
မုန့်စားပြီးပြန်ကြသည်။

တချို့ကတော့ လာရောက်၍ တွေ့တဲ့ဝိုင်းထိုင်၍ စ
ကားပြောအာလူးဖုတ်ကြ၏။

အစားအသောက်ဟူသည်မှာလည်း ပေါများလွန်း၏။
ကျွေးမွေးဧည့်ခံမူ့များသည် အမျိုးအမည်ပင်စုံလင်လျက်။

လာရောက်ဝေငင်ထားသော အစားအသောက်တို့ကို ဘွဲ့ဆူးဖြည်းဖြည်းချင်းစားနေမိသည်။
သူထိုင်သော နေရာတွင် သူတစ်ဦးသာရှိတော့သည်။

ခဏထိုင်၍ သူလည်းပြန်‌ ‌ေတာ့မည်။
မနက်တွင် အလုပ်မသွားရသော်ငြား ဉာဉ့်နက်သည်ထိတော့မနေချင်ပေ။

ပြန်ဖို့တွေးနေပြီးသည်နှင့် နောက်ဆုံးစားလက်စ မုန့်အားဝါးလျက် သောက်ဖို့အအေးခွက်ကိုကိုင်၏
သို့သော် လက်ကျန်‌အနည်းငယ်သာရှိသော အအေးခွက်ကြောင့် ဘွဲ့ဆူးစိတ်ပျက်သွားရ၏။

မထူးတော့သည်မို့ထပ်မံတောင်းယူမူ့အားမပြုတော့ပေ။
အိမ်ပြန်ရောက်မှပဲသောက်ပေတော့မည်။

"ကိုဘွဲ့ဆူး "

လာရောက်နှုတ်ဆက်သည်မို့ ဘွဲ့ဆူး မော့ကြည့်လိုက်သည်။

" ဪ သာဒင် ပါလား "

ခွက်ငယ်တစ်လုံး ကိုင်ထားသည့်ကောင်လေးကိုသူသိသည်။
ထိုသူမှာ သောင်းဆင့်သူငယ်ချင်းဖြစ်ကာ
ဘွဲ့ဆူးနှင့်တော့ ဖိုးထွေးလောက်မရင်းနှီးချေ။

" ဟုတ်ကဲ့၊ ပြန်တော့မလို့လား"

" အင်း.. ကိုယ် အိမ်စောစော ပြန်နားတော့မလို့ ၊
ဘယ်လိုလဲ ဒီနေ့ သဘောကျရမဲ့ မိန်းကလေးတွေ့သွားပြီလား"

သာဒင် နှာခေါင်းရှုံကာ ခေါင်းရမ်းပြသည်။

" ကျွန်တော်က အရက်ပဲ ကြိုက်တာ ။
အပူမရှာချင်ပါဘူးဗျာ ။ ရော့ .. မပြန်ခင်သောက်သွားလိုက်ဦး ၊ ဒါ သောက်ရခဲတယ်"

မျက်နှာရှေ့ထိုးပေးလာသော ခွက်အား ဘွဲ့ဆူး ပြုံးကာ ယူလိုက်သည်။

" သောက်ရခဲတယ်ဆို‌ တော့ဘာများတုံးကွ။ ‌"

" သောက်ကြည့်ရင်သိမှာပေါ့ဗျာ ။ ဒီနေ့ ကိုဘွဲ့ဆူးလည်း ရွာက ဆရာမလေးနဲ့အဆင်ပြေတယ်မို့လား"

" စံထားနဲ့ ကိုယ်က မိတ်ဆွေတွေပါကွာ။ အတူထိုင်တိုင်း သမီးရည်းစားဆိုရင် ကိုယ်နဲ့အတူတဲ့မိန်းက‌ေလးတိုင်း ဘာလိုလို ဖြစ်ကုန်ကြမှာပါ့ ။မဟုတ်ဘူးလား"

ဘွဲ့ဆူးခွက်ကို လှည့်ကာ နှုတ်ခမ်းနားမှာ ကပ်လိုက်၏။
အနံ့အရသာပြင်းပြင်းက မွှေးပျံ့စွာထွက်လာပြီး
တချက်တချက် အရက်နံ့ပါ ခပ်ပါးပါးပျံ့နှံ့လာသည်။

" ဒါ အရက်ရောထားတာလား"

" ပါးပါးလေးပါ။ ကိုဘွဲ့ဆူး အဆင်ပြေအောင် နည်းနည်းပဲရောပေးထားတာ "

" ပွဲတော်နေ့မှာ မသောက်ရဘူးလို့ ကန့်သတ်ထားတယ်နော်"

သာဒင် ရယ်ကျဲကျဲဖြစ်သွားသည်။

" သောက်စေချင်လို့ခိုးတိုက်တာလေဗျာ ၊ကိုဘွဲ့ဆူး အဲ့လိုတည့်ကြီးမပြောရဘူး"

ဘွဲ့ဆူးပြုံးကာ

" ကိုယ်က မသောက်တက်ဘူး။ ဒါပေမဲ့ မင်းကို အားနာလို့ပြန်တော့မပေးလိုက်ဘူး။ ကျေးဇူးပဲ "

ဘွဲ့ဆူး အနည်းငယ်မော့သောက်လိုက်လျင် ချိုခါးခါး အရသာက လျှာမှာ ပျံ့လာ၏။
စပ်ထားသည်မို့ အရက်အရသာသီးသန့်တော့မရ။
ချိုမြမြအရသာရောနေသည်မို့သောက်ရသည်မှာ ဆိုးဆိုးဝါးဝါးတော့မဖြစ်သွား။

သာဒင် ခပ်ပြုံးပြုံးတပ်ခေါက်လာလိုက်သည်။
သောင်းဆင့်သည်ထိုအပြုံးကိုမြင်ကာ ထိုင်ရာမှထကာ လွမ်းချောင်းသောင်စပ်သို့ထွက်ခွာသွားတော့သည်။

လရောင် အကာအကွယ်ကြောင့်ပတ်ဝန်းကျင်မှာ ထိန်းလင်းလျက်ရှိချေသည်။

ဘွဲ့ဆူးသည် တရှိန်းရှိန်းတက်လာသော ကိုယ်အပူချိန်ကြောင့် မျက်နှာနှင့် လည်ဂုတ်တို့အားမကြာမကြာပွတ်မိနေသည်။

သူသည် မသောက်မစားသူဆိုပေသည့် အရက်အားအလွန်အမင်းစိမ်းသက်နေခြင်းတော့မရှိပါပေ။
ဒါပေသည့် ဒီညတော့ ဘွဲ့ဆူးချာချာလည်လုသည်ထိမူး၏။

အမြင်အာရုံတို့သည်လည်းနှစ်ထပ်ဖြစ်လာသည်။

လေပွေအနည်းငယ်က တသုန်သုန် တိုက်နေပါသည်။
လေတိုက်လာလျင်ပိုဆိုးလာသလိုပင်။
အမှန်ဆို သာဒင်လာပေးတာကိုသောက်ပြီး အနည်းငယ်ခပ်ထွေထွေဖြစ်နေရုံသာ။ ထပြန်ခဲ့သည်အထိ ထိုမျှလောက်မဆိုးသေး။

သောက်တာကြာလာလေလေ ၊ ပိုပိုမူးလာလေလေက မဟုတ်သေး။

" ပြန်လာပြီလား"

သောင်းဆင့်သည် ဘေးမှာ ဖြတ်သွားသော အပျိုကြီးတစ်ဦးအား ပြုံးပြနှုတ်ဆက်၍ ဘွဲ့ဆူးလက်မောင်းအား အနည်းငယ်အားထည့်၍ ဆွဲယူလိုက်သည်။
ထိုအပျိုကြီးကို လော်စပီကာဟု ခေါ်တွင်ပြီး
သတင်းတစ်ခုအားသိလျင် ချက်ခြင်းဆိုသလို ပျံ့နှံ့အောင်လုပ်နိုင်စွမ်းကြီးမားသည်။
သောင်းဆင့်တမင်ပင် ဘွဲ့ဆူးနှင့် သူ၏ပုံရိပ်အားပြသလိုက်ခြင်းပင်။
အနည်းငယ် ကျဆင်းနေသော ဆံနွယ်စတို့ကိုပင်တယုတယသပ်တင်ပြလိုက်သေးသည်။
သိသိသာသာ နောက်ပြန်ကြည့်သွားသည်ထိ ထိုအပျိုကြီး၏ စိတ်ဝင်စားမူ့က မြင့်တက်လာမှ အနည်းငယ်သက်ပြင်းချမိတော့၏။ 

ဘွဲ့ဆူး မကျေမနပ်ဖြစ်သွားသည်။

" မင်းအပူဘာပါလဲ"

သောင်းဆင့် ရယ်ကာ အနည်းငယ်ယိုင်တိုင်တိုင်ဖြစ်နေသူအား လက်မောင်းကနေထိန်းကိုင်ပေးထားသည်ကိုပြန်မလွှတ်ခဲ့။ 

သာဒင်တိုက်လိုက်သည်က ချက်အရက် အရက်ပြင်းစား။ အ‌ အေးရောထသည်မို့ အနံ့သိပ်မထွက်ပေမဲ့ သောက်လိုက်တာနှင့်
မခံနိုင်သူဆို ချက်ခြင်းမူးနိုင်သည်။
ထို့အပြင် ထိုအရက်၏ အားသာချက်မှာ လေတိုက်တိုင်း ပိုမူးလာခြင်း။

ထိုအရက်ကိုချက်နိုင်သူမှာ  လေးရွာတနယ်လုံး
သူတို့ရွာတစ်ရွာသာရှိပေသည်။
ထိုသူမှာ သာဒင်၏ ဦးလေးအရင်းပင်ဖြစ်သည်။

"ကျုပ်နဲ့လိုက်ခဲ့ "

" မင်းနော် ငါ့လက်ကို အတင်းမဆွဲနဲ့ "

" ဖြည်းဖြည်းပဲ ဆွဲမယ် ၊ရလား"

ဘွဲ့ဆူး မျက်ခုံး‌တွေအား သောင်းဆင့်ကြည့်၍ ပြောမိသည်။ မကျေနပ်သည်က လူတွေ့သည်နှင့် ချက်ခြင်းပေါ်လာသည်။ မူးသည်ဆိုပေမဲ့  ရန်လည်းတွေ့နိုင်သေးသည်။

" မင်းမလိုက်နဲ့ "

" ဟောဗျာ ။ အတူသွားမှာပါဆို "

" မသွားနိုင်ဘူး။ ငါအရက်သမားတွေကိုမုန်းတယ်"

ခပ်လေးလေးပြောသော စကားတွေက သောင်းဆင့်အားပန်းနှင့်ပေါက်သလိုပါပင်။
အရက်သမားတွေမုန်းလည်း သူ့က မမူ့ပေ။
အရက်သမားကို မုန်းချင်မုန်း၊ သောင်းဆင့်ကိုမမုန်းဖို့က အဓိက။

သောင်းဆင့်ဘာစကားမှမပြောပေ။
ထင်းထွက်နေသော အပြုံးတွေကိုဆင်မြန်း၍ ဘွဲ့ဆူးအား ရွာ အနောက်ဖက်အား ဖြည်းဖြည်းခြင်းခေါ်ငင်လာခဲ့သည်။ မူးနေသူကတော့မသိခဲ့ပေ။

သူထိုသူအား ဒီနေ့ည စည်းကမ်းအားဖောက်ဖျက်၍
ခေါ်ဆောင်ခဲ့လေပြီ။
ရွာကြေးသုံးဆတော့ သူ့မှာ မရှိပေ။
သို့တိုင် ရွှေတွေတော့ရှိသည်။

သူ့နှင်းဆီအိုလေးအတွက်ဆို ရွှေတွေကိုလည်းမနှမြောတော့ပေ။

ချစ်တဲ့အိမ်စည်။

ေသာင္းဆင့္ႏွင့္ အေဖျဖစ္သူ၏ဆက္ဆံေရးသည္
လြန္ခဲ့ေသာ ကာလကတည္းက ခပ္တန္းတန္းပင္။
မိခင္ဆံုးသၫ့္အခ်ိန္တြင္သူတို႔ေမာင္ႏွမႏွစ္ေယာက္လံုး ငယ္ရြယ္ၾကေသးသည္။ ခိုလႈံရာ မရိွရင္မျဖစ္ၾကေသးသည္မို႔ အုပ္ခ်ဳပ္ခြင့္သည္ အေဖ့ထံျပန္ေရာက္လာခဲ့သည္။
ေသာင္းဆင့္ကေတာ့ ခပ္တည္တည္သာ ‌ေနသည္မို႔ အေဖႏွင့္ လိုအပ္တာထပ္ပိုမရင္းႏွီးခဲ့ ။ ညီမေလးကေတာ့ ထိုအခ်ိန္ကငယ္လြန္းေသးတာမို႔ အေဖႏွင့္ ခိုင္မာေသာ ဆက္ဆံေရးကို တည္ေဆာကဖို႔မခက္ခဲခဲ့ေပ။ ထို႔ေၾကာင့္ အေဖက ေသာင္းဆင့္ထက္ ကလ်ာကိုပိုခ်စ္သည္။

ေသာင္းဆင့္သည္ အိမ္ကိုျပန္ခ်င္မျွပန္သည္။
ေသာက္သည္ ၊စားသည္၊ လမ္းေဘးအိပ္သည္က ေသာင္းဆင့္အတြက္ ပံုမွန္လိုပင္။ အေဖ့၏ ခ်မ္းသာမူ႔ကို သူမမက္ေမာေပ။ ပိုက္ဆံလိုရင္ အေဖ့ဆီကမေတာင္း။ ဆန္စက္မွာသာ သြားေသာင္းၾကမ္းကာ ေတာင္းတက္သည္။
အေဖကေတာ့ အိမ္ျပန္လာေစခ်င္၍ သူ႔အားမေပးဖို႔ တားျမစ္ထားပံုရေပမဲ့ေသာင္းဆင့္ကေတာ့ လိုရင္ ဘယ္သူဘာေျပာေျပာ ရေအာင္ယူတက္၏။
ထို႔ေၾကာင့္ သူ႔အားအလုပ္သမားအမ်ားစုက ေၾကာက္ၾက၏။

သူ႔ကိုမေၾကာက္သူသည္ သူ႔၏ႏွင္းဆီပန္းေလသာျဖစ္၏။
ထိုအရာသည္ သူ႔အားရင္ခုန္ေစပါသည္။
အၾကၫ့္စူးစူးရန္လိုေသာ မ်က္လံုးေလးမ်ားက သူ႔ႏွလံုးသားကို စိတ္လႈပ္ရွားေစသလို ေဒါသထြက္ကာ
ဆဲဆိုလာသံက သူ႔ျမတ္ႏိုးျခင္းေတျြဖစ္လာပါသည္။

ႏွင္းဆီဘြဲ႔ဆူးသည္ ငယ္ရြယ္စဉ္ကေလးဘဝကတည္းက ရင္းႏွီးခဲ့ေသာအိပ္ယာဝင္နတ္သားေလးျဖစ္သည္။ မျမင္ဖူးခဲ့ေပမဲ့ ေရႊႏွင္းဆီကေလး၏
လွပေသာ အၾကည္ဓာတ္ကေလးကို သူ႔အျမင္အာရံုမွာပံုေဖာ္ရင္းတိတ္တခိုးစြဲလန္းခဲ့ဖူးသည္။
ျမင္လိုက္ရခ်ိန္၌လည္း သူ႔ႏွလံုးသားသည္ အိမ္မက္ကိုရိုက္ပုတ္ခံလိုက္ရသလို တဆတ္ဆတ္တုန္ရီရၿမဲပင္။

သူ သူ႔ႏွင္းဆီပန္းေလးကို ခ်စ္ပါ၏။
စြဲၿမဲစြာေသာက္တက္ေသာ အရက္ထက္လည္းျမတ္ႏိုးပါ၏။

သို႔ေသာ္ ႏွင္းဆီပန္းစုတ္ကေလးသည္ သူ႔အား
ဆန႔္က်င္၍ အဓိပၸါယ္မရိွေသာ အလုပ္ကို လုပ္ဖို႔ႀကံရြယ္ေနေလသည္။

ဤသည္မွာ စံထားဟုေခၚေသာ အႏွီမိန္းကေလးႏွင့္ ပိုမိုရင္းႏွီးလာေသာ ဆက္ဆံေရးေၾကာင့္ပင္ျဖစ္သည္ ။

အဲ့ကေလးမက သူတို႔ရြာမွာ တာဝန္က်ေနတဲ့ က်န္းမာေရးဆရာမ။ လွေပသၫ့္ ခပ္ေအးေအးမို႔
အေနတည္သည္ဟု သတ္မွတ္လို႔ရသည္။
ထားရီလိုေတာ့ ဝင့္ဝင့္ႂကြားႂကြားလွပမူ႔ေတာ့မရိွ။
ဒါေပမဲ့ သူ႔အလွႏွင့္သူရိွသည္။

အလ်င္က စံထားကို ေသာင္းဆင့္ ေကာင္းမြန္ေသာမွတ္ခ်က္ျပဳႏိုင္ေပမဲ့ ယခုမူ ဆိုးဝါးေသာအျမင္တို႔သာရိွေခ်ေတာ့သည္။

မီးပံုက မီးမ်ားသည္ တဖ်စ္ဖ်စ္ေတာက္ေလာင္ေနပါသည္။
မီးဖြားေလးမ်ားသည္ ေလႏွင့္အတူအနည္းငယ္လြင့္ပါးေနေပမဲ့မည္သူမွ စိုးရိမ္မူ႔ေတာ့မရိွၾက။

ဒီညက ေခ်ာင္းကမ္းရြာ၏အထင္ကရပြဲေတာ္ေန့ျဖစ္သည္။
ေလးရြာနယ္တေလ်ွာက္ ေခ်ာင္းကမ္းရြာ၏ လူပ်ိဳ၊အပ်ိဳပြဲေတာ္ေန့အား လာေရာက္ လည္ပတ္သူမ်ားစည္ကားေနသည္။
ထိုခ်စ္စရာပြဲေတာ္ေန့ေလးတြင္ ရြာရိွ လူပ်ိဳ ၊အပ်ိဳမ်ားသည္ ရြာထိပ္ရိွ လြမ္းေခ်ာင္းေသာင္စပ္၌
လြတ္လြတ္လပ္လပ္ ေပ်ာ္ၾကေလ့ရိွသည္။
ႏွမခ်င္းစာနာေသာ စိတ္၊ မိဘမ်ားမွ ထို လူပ်ိဳ၊အပ်ိဳေန့တြင္ ကိုယ့္သားပ်ိဳ ၊သမီးပ်ိဳမ်ားအားသတ္မွတ္ထားေသာ ပြဲေတာ္က်င္းပရာ ေနရာကို လာေရာက္ပို႔ေဆာင္ၾကသည္မွာ ခ်စ္စရာပင္ျဖစ္ၾကသည္။
ထိုေနရာတြင္ ရြာရိွ လူႀကီးပိုင္းမ်ားမွ စီစဉ္ေကြၽးေမြးေသာ  အစားအေသာက္မ်ားစြာအျပင္ ၊ သားပ်ိဳ၊သမီးပ်ိဳတို႔၏မိခင္တို႔မွ ထၫ့္ေပးလိုက္ေသာ မုန႔္ပဲသေရစာမ်ားစြာလည္းရိွသည္။
အရက္ေသစာ ေသာက္စားမူးရစ္ရမ္းကားမူ႔အား မေသာက္ၾကေစရန္တားျမစ္ထားေသာ္လည္း ခိုးဝွက္ေသာက္သူမ်ားလည္းရိွသည္။

သို႔ေသာ္ ဆြဲလားရမ္းလားလုပ္သူမ်ားေတာ့မရိွ ။
ထိုေန့တြင္ ရမ္းကားမူ႔ရိွပါက ရြာမွ ႀကီးေလးေသာ အျပစ္အားေပးေလ့ရိွသည္။
ဤသည္မွာ လူတစ္ေယာက္၏ ဗီဇအားဖြင့္လ်စ္ျပသမူ႔ျဖစ္သည္ေၾကာင့္ ရွက္စရာဟု သတ္မွတ္ၾကသည္။
မိဘဆံုးမမူ႔ညံ့ဖ်င္းသည္ဟုသတ္မွတ္ၾကသည္။
အရွက္လည္းကြဲၾက၏။ ထို႔ေၾကာင့္ ထိုေန့တြင္ လူငယ္မ်ားက စည္းကမ္းတက် ေပ်ာ္တက္ၾက၏။

ထိုပြဲေတာ္အား ေခ်ာင္းကမ္းရြာတစ္ခုတည္း က်င္းပျခင္းမဟုတ္။
တျခားရြာမွလာေရာက္လည္ပတ္သူ အပ်ိဳမ်ား၊လူပ်ိဳမ်ားကိုလည္း ေခ်ာင္းကမ္းရြာ၏ လူပ်ိဳပြဲေတာ္အားလာေရာက္ဆင္ႏႊဲခြင့္‌ ေပးထားသည္။
တခ်ိဳ႕က သမီးရည္းစားမ်ားရိွၾကၿပီး ၊တခ်ိဳ႕ကေတာ့ ခ်စ္သူရည္စားမရိွၾကေသး။
မရိွသူမ်ားအတြက္ကေတာ့ လူပ်ိဳပြဲေတာ္ကို လာေရာက္လည္ပတ္သူ အမ်ိဳးသမီးငယ္မ်ားအား စိတ္ႀကိဳက္ပိုးပန္းႏိုင္ၿပီး၊ မႀကိဳက္ႏွစ္သက္လို႔ ျငင္းခံရလ်င္လည္းထပ္မံေနွာက္ယွက္ခြင့္မရိွ။
ထို႔အတူ လွပစြာ ဆင္ယင္ျခယ္သထားေသာ အမ်ိဳးေကာင္းသမီးပ်ိဳမ်ားကလည္း မိမိတို႔စိတ္ဆႏၵႏွင့္ ကိုက္ညီေသာ ေယာက်ာ္းပ်ိဳမ်ားအား ေရြးခ်ယ္ခြင့္ရိွၾက၏။

ထိုပြဲေတာ္တြင္ လက္ထပ္ၿပီးသားသူမ်ားလာခြင့္မရိွေပ။ ထိုညတြင္ အသက္ႏွစ္ဆယ္မျပၫ့္ေသးေသာလူငယ္မ်ား ခိုးေျပးမူ႔မရိွရေပ။
အေၾကာင္းမွာ စိတ္ခ်စြာ လာေရာက္အပ္ႏွံ႔ေသာ မိဘမ်ားအတြက္ျဖစ္သည္။ ထိုအရြယ္တြင္ ဆံုးျဖတ္ႏိုင္မူ႔နည္းပါးေသးသည္မို႔ ကန႔္သတ္ထားျခင္းျဖစ္သည္။

သို႔တိုင္ ရံဖာရံခါေတာ့ ခိုးေျပးမူ႔မ်ားက ရိွေန‌ဆဲပင္။
အခ်စ္ဆိုသည္မွာ ထိန္းခ်ဳပ္လို႔ရသၫ့္အရာေတာ့မဟုတ္ေပ ။

ထိုပြဲေတာ္အား အပ်ိဳႀကီး၊လူပ်ိဳႀကီးမ်ားမွ အုပ္ခ်ဳပ္ၿပီး အစားအေသာက္မ်ားအား ထိုလူႀကီးမ်ားကပင္ စီစဉ္ေပးေလသည္။
ထိုည၌ ခိုးေျပးမူ႔အား တားျမစ္ထားေသာ္ျငား ၊
ခိုးေျပးသူမ်ားလည္းရိွၾကဆဲပင္။
ထိုသူမ်ားအား အပ်ိဳေခါင္းမ်ားမွ ဒဏ္ေၾကး ေကာက္ယူရသည္။ မေပးလ်ွင္ ရြာက်ဉ္၏။
ေပးေငြသည္လည္း ပံုမွန္ေပးေနၾက ရြာအပ္ေၾကးထက္ သံုးဆပိုမ်ားသည္မို႔ မတက္ႏိုင္သူမ်ားကေတာ့
ခို‌းေျပးမူ႔ မလုပ္ၾက။

ေသာင္းဆင့္သည္ လက္ထဲမွာ ရြာရိွ အပ်ိဳႀကီး၊လူပ်ိဳႀကီးမ်ားမွ ေဝငင္ထားေသာ ေျပာင္းဖူးျပဳတ္အားမေက်နပ္စြာကိုက္ရင္း ၊ဆန႔္က်င္ဖက္အရပ္တြင္ရိွေသာ သူ၏ လူပ်ိဳသိုးႀကီးအား စိတ္ဆိုးစြာၾကၫ့္မိပါသည္။
သူ႔ႏွင္းဆီ၏ အၿပံဳးေတြသည္ မီးေရာင္ႏွင့္အတူ ျမင္ရသည္မွာ လတ္ဆတ္လြန္း၏။
သို႔ေသာ္ ထိုအၿပံဳးေတြသည္ သူ႔အတြက္မဟုတ္ေပ။
စံထားဆိုေသာ ဆရာမအား ေသာင္းဆင့္ၾကၫ့္မရေတာ့ေပ။
တိုးကပ္စြာေျပာေနၾကေသာ အေၾကာင္းအရာမ်ားသည္ မည္သို႔ေသာ အေၾကာင္းမ်ားျဖစ္မည္နည္း။
စိတ္ဝင္စားလြန္းပါဘိ။
ခံစားရပါဘိ။

" ေသာင္းဆင့္ မင္းအၾကၫ့္ေတြေလ်ာ့ပါဦးဟ "

မေနႏိုင္သၫ့္အဆံုးသာဒင္ဝင္တားလိုက္သည္။

မီးပြားကဲ့သို႔လြင့္ေစေသာအၾကၫ့္တို႔ေၾကာင့္
ဆရာမသည္ အနည္းငယ္ေနရခက္ပံုေပၚေနသည္။
ေသာင္းဆင့္မေက်မနပ္ေခါင္းငံု႔မိသည္။
လက္ထဲတြင္ကိုင္ေဆာင္ထားေသာ ေျပာင္းဖူးအားလည္း ခပ္ေဝးေဝးသို႔လြင့္ပစ္ကာ ေဒါသအားေျဖေဖ်ာက္မိပါေသာ္ျငား စိတ္ခံစားခ်က္ေတာ့ ေလ်ာ့ရဲမသြားပါ။

" ငါတကယ္ လူသတ္ခ်င္ေနၿပီ"

" ဟာ ! မဟုတ္တာေတြ ေသာင္းဆင့္ရာ ၊ဒီေန့က လူပ်ိဳပြဲေတာ္ေန့ေလကြာ။ ကိုဘြဲ႔ဆူးက လူပ်ိဳဆိုေတာ့ သူ႔အေနနဲ႔ ဆင္ႏႊဲခ်င္မွာပဲေလ။ မင္းပိတ္ပင္ရေအာင္လည္းမင္းရည္းစားမွမဟုတ္တာ "

ေရႊျပည္ေအးတရားလာေဟာေနေသာ ဖိုးေထြးကို ေသာင္းဆင့္ မ်က္ေမွာင္ကုတ္ကာ ၾကၫ့္မိလ်ွင္ ပါးစပ္ခ်က္ျခင္းပိတ္သြား၏။

သာဒင္သည္ ေသာင္းဆင့္၏အကဲပိုလွတဲ့ ပံုပန္းေၾကာင့္ စိတ္မရွည္ပါေသာ္ျငား စိတ္ပ်က္မူ႔ေတာ့ရိွမသြား။ ေသာင္းဆင့္၏အေၾကာင္းကို သူသိထားသည္မွာမၾကာေသးေပ။
ေသာင္းဆင့္သည္ ေယာက်ာ္းတို႔ကိုႀကိဳက္ႏွစ္သက္ဟန္ တစ္ခါေတာင္မျပဘူးသည္မို႔ အံ့ဩမူ႔သည္ အတိုင္းထက္အလြန္ပင္။
သို႔တိုင္ထူးဆန္းသည္ထင္မိရံုမွလြဲ၍ ရြံ႔ရွာမူ႔ေတာ့မရိွခဲ့။

မိန္းမမ်ားအား စိတ္မဝင္စားသၫ့္အေၾကာင္းကို ေတာ့ ထိုေန့မွနားလည္ခဲ့သည္။

ကိုဘြဲ႔ဆူးသည္ တည္ၿငိမ္ေသာ ပံုပန္းရိွေပမဲ့ ထူးျခားစြာ လွပမူ႔ေတာ့မရိွ။ ထို႔အျပင္ ေတာင့္ေတာင့္တင္းတင္းေယာက်ာ္းသားမို႔ ႏွင္းဆီဘြဲ႔ဆူးဟူသၫ့္နာမည္ႏွင့္ပင္မလိုက္ဖက္။
နာမည္သည္ အနည္းငယ္ႏြဲ႔ႏွောင္းသၫ့္ဖက္ သြားေပမဲ့ ကိုဘြဲ႔ဆူးကေတာ့အမ်ိဳးသားဆန္သည္။

ေသာင္းဆင့္ကိုလည္းႀကိဳက္ဟန္မတူ။
မိန္းမယူမၫ့္သေဘာကို ေဆာင္သည္မို႔ ေသာင္းဆင့္ဖက္က တဖက္သတ္ သီးသန႔္သာ။

သာဒင္သည္ ေသာင္းဆင့္အားလက္ကုတ္သည္။
ထို႔ေနာက္ အႀကံဆိုးတခ်ိဳ႕အား ေပးလိုက္၏။
တျခားေတာ့မဟုတ္။
အပိုင္ႀကံႏိုင္မၫ့္နည္းတခ်ိဳ႕သာ။
ေသာင္းဆင့္က အရူးမီးဝိုင္းျဖစ္ေနေခ်ၿပီ။
ထိုအေၾကာင္းကို သူတို႔ႏွစ္ေယာက္သာ သိသည္။

မခ်စ္တက္သလို ၊ခ်စ္မိလ်င္လည္း ရူးေနေအာင္ခ်စ္မၫ့္သူသည္ ေသာင္းဆင့္သာ ျဖစ္၏။

တစ္ေန့တစ္ျခားပိုပိုဆိုးလာၿပီး ၊ခိုးေခ်ာင္ခိုးဝွက္ ေခ်ာင္းရသည္မွာလည္းအေမာသား။
ထို႔ေၾကာင့္ မရရင္မျဖစ္ေတာ့သၫ့္ေသာင္းဆင့္အားသူအႀကံတခ်ိဳ႕ေပးလိုက္ေလသည္။ မေပးခင္ေမးလိုက္ေသးသည္။

" မင္း ကိုဘြဲ႔ဆူးကို ရခ်င္သလား"

ေမးတက္ရန္ေကာဆိုသၫ့္အၾကၫ့္ကခ်က္ျခင္းေရာက္လာ၏။

" ထားေတာ့ ၊ မင္းကို ဟိုက ခါးခါးသီးသီးမုန္းရင္ေကာ ၊ အတူေနႏိုင္ပါ့မလား"

ေသာင္းဆင့္ လူမိုက္အၾကၫ့္ႏွင့္သာဒင္အားၾကၫ့္သည္။ ထို႔ေနာက္

" ဒီမွာ ၊ အဲ့ဒီလူက ႏွင္းဆီဘြဲ႔ဆူးသာ ျဖစ္ပါေစ၊
မုန္းလြန္းလို႔ ‌ေန့တိုင္း ငါ့ကို လက္သီးနဲ႔ ထိုးေတာင္
ေသာင္းဆင့္တို႔က အၿပံဳးမပ်က္ဘူး။ သေဘာပါလား"

" သေဘာပါတာေနာက္ထား၊ မင္းအေဖကရိွေသးတယ္၊ သာဒင္ေျမာက္မေပးနဲ႔"

ဖိုး‌ေထြး ဦးေဘာဂေသာင္းမ်က္ႏွာအားျမင္ေယာင္ကာ
သာဒင္အားေၾကာက္လန႔္တၾကားဝင္တားလိုက္သည္။
ဒါကို မေက်နပ္စြာ ေသာင္းဆင့္ ဖိုးေထြးအားနားရင္းပိတ္ရိုက္လိုက္ၿပီး

" အေဖနဲ႔ေပါင္းမွာလား၊ငါနဲ႔ေပါင္းမွာလား"

" မင္းအေဖနဲ႔မေပါင္းလည္း ၊ သေဘာမတူလို႔ ေသာင္းၾကမ္းရင္ မင္းဘာတက္ႏိုင္မွာလဲ"

" မေက်နပ္ အေမျြဖတ္ေပါ့ဟ၊ ငါ့ေယာက်ာ္းက ပညာတက္တယ္၊ သူရွာေကြၽးလိမ့္မယ္"

ေသာင္းဆင့္၏ မုန႔္ဆီေၾကာ္ကဘယ္နားမွန္းမသိ ၊ႏႈတ္ခမ္းနာနဲ႔တၫ့္မတၫ့္ စိတ္ကူးယဉ္ေနတဲ့မ်က္ႏွာေၾကာင့္ သာဒင္ႏွင့္ဖိုးေထြးၿပိဳင္တူႏွာေခါင္းရႈံ႔မိ‌ေတာ့သည္ ။

" အံ့ဩပါ့ ၊မေက်နပ္လို႔ ေထာင္ထဲပို႔ရင္ မင္းဟာက လင္မရပဲ ေထာင္ထြက္နာမည္က်န္ေနခဲ့ဦးမွာ "

" ဒါကေတာ့ ႀကိဳးစားမၾကၫ့္ပဲ ျဖစ္ႏိုင္မျဖစ္ႏိုင္ေတြးပူေနလို႔ေတာ့မျဖစ္ဘူးေလ၊ ငါ့အေနနဲ႔က ျဖစ္ႏိုင္ေခ်
သံုညျဖစ္ေနရင္ေတာင္မွ လက္မေလ်ာ့ခ်င္ဘူး။
ရိုးရိုးနည္းအတိုင္းသြားလို႔ကေတာ့ တစ္သက္လံုး ငါ့ကိုျပန္ႀကိဳက္မွာမဟုတ္ဘူး။ အဲ့ေတာ့ သာဒင္မင္းဘာအႀကံေပးမွာလဲ "

သာဒင္းေခါင္းၿငိမ့္ကာ သူ႔အႀကံတို႔အားေျပာျပလိုက္သည္။

ေသာင္းဆင့္၏ ထမင္း၇ရက္မစားရ‌သလို ရုပ္အိုႀကီးသည္ ခ်က္ျခင္းဆိုသလို ဝင္းပကုန္၏။

" ေက်းဇူးပဲ "

သာဒင္လက္ျပလိုက္ၿပီး ခါးၾကားမွထိုးထားေသာ ပုလင္းအျပား‌ေလးကိုထုတ္ကာ ေရ႔ွမွာ ပြဲေတာ္မွတိုက္ေသာ
အခ်ိဳရည္ခြက္ထဲအနည္းငယ္ေလာင္းထၫ့္လိုက္သည္။ 

သူ႔လုပ္ရပ္ကိုမည္သူမွမျမင္လိုက္ရေပ။ 

________

" ဟိုမွာ ကိုေသာင္းဆင့္က ကြၽန္မ ကိုမေက်နပ္ေနသလိုပဲ ၊ သူ႔အၾကၫ့္က ေၾကာက္စရာႀကီး "

ဘြဲ႔ဆူးသည္ အနည္းငယ္ေစာင္းၾကၫ့္ကာ
ခ်က္ျခင္းဆိုသလို စံထားဖက္ကိုျပန္လွညါ့လိုက္သည္။
သူ႔အေနနဲ႔ ေသာင္းဆင့္အေၾကာင္းကို မသိ၍ မဟုတ္ သိတာထက္ပိုေနလို႔ေပ။
ဒီမ်က္ႏွာဒီအၾကၫ့္တို႔သည္ ရန္လိုေနတယ္ ဆိုၿပီးစာမကပ္ထားရံုတမယ္။

ေသာင္းဆင့္ ဘြဲ႔ဆူးအေပၚမွာ ဘယ္လို အခ်ိဳးမေျပတဲ့စိတ္ထားေနသလဲဆိုတာ လည္း သူအသိဆံုး။
ကိုယ္တိုင္ကလည္း မိသားစုဘဝကိုသာ မက္ေမာသူမို႔ ေသာင္းဆင့္ဆို ေဝးေဝးကသာ ေရွာင္ခ်င္သည္။
ပတ္သတ္ဖို႔ဆိုတာအေဝးႀကီး။

" ထားလိုက္ပါ၊ ဆရာမ ဘာစားခ်င္ေသးလဲ၊ အေအးသြားထပ္ယူေပးရမလား"

" ေနေန... ကိုဘြဲ႔ဆူး။ ကြၽန္မ မိုးခ်ဳပ္တဲ့အထိ ေနလို႔မရဘူး။ စားတာလည္းမ်ားေနၿပီဆိုေတာ့ မိုးမိုးကိုေခၚၿပီးျပန္ေတာ့မွာ "

" ျပန္ေတာ့မွာလား။ ေစာပါေသး "

" အင္း.. ေစာေစာ ျပန္မွ မနက္ေစာေစာထႏိုင္မွာ ကိုဘြဲ႔ဆူးရဲ့။ ကြၽန္မ မနက္ဖန္ ငွက္ဖ်ားေရာဂါအေၾကာင္း ဟိုဖက္ရြာမွာ ပညာေပးဗဟုသုတ မ်ွေဝေပးစရာရိွလို႔ ေစာေစာသြားရမွာမို႔ "

" ဟုတ္လား ၊ဒါဆို ကြၽန္ေတာ္ျပန္လိုက္ပို႔ေပးမယ္ေလ "

" ရပါတယ္ရွင္.. တစ္ႏွစ္မွာ တစ္ခါပဲ က်င္းပတဲ့ ထူးထူးဆန္းဆန္းပြဲေလးကို ကိုဘြဲ႔ဆူးေပ်ာ္ေနခဲ့ပါ။
ကြၽန္မ ကေလးေတြနဲ႔အတူတူပဲ ျပန္လိုက္ပါမယ္။ "

ဖားလ်ားခ်ထားေသာ ဆံႏြယ္ရွည္ႀကီးက တင္ပါးေအာက္ထိ ေတာ္ေတာ္ရွည္လြန္းတာမို႔ ထိုင္ေနတာေတာင္မွ ဆံပင္ေတြကို ေရ႔ွခ်ကာ ေပါင္ေပၚစုတင္ထားရရွာသည္။
ဘြဲ႔ဆူး ဆံပင္ရွည္ေတြအားတေမ့တေမာ ေငးမိၿပီးမွ
ရွက္ရြံ႔မိသြား၏။
ထို႔ေနာက္ ဂုတ္ပိုးတို႔အားပြတ္ကာ  အျမန္ပင္ေခါင္းညိမ့္ျပလိုက္မိသည္။

ပြဲေတာ္ေန့သည္ အေခ်ာအလွအေလးမ်ားစုေဝးရာဟုေခၚတြင္‌ႏိုင္သည္။ လိုတာထပ္ပိုမျခယ္သထားေသာ ရုပ္ရည္ေလးမ်ားတြင္ သနပ္ခါးပါးပါးသာ ရိွေခ်သည္။

မိုးေလကင္းစင္ဆဲမို႔ ေကာင္းကင္သည္ လေရာင္ျဖာလ်က္။

ေသာင္းစပ္ရိွ မီးပံုတခ်ိဳ႕တြင္ အရြယ္ညီေသာ ေကာင္‌ ေလးေကာင္မေလးမ်ားရိွ၏။

စုဝိုင္းစကားေျပာေနၾကၿပီး တခ်ိဳ႕ကေတာ့ တိတ္တခိုး လက္ကေလးမ်ားအားခိုးဝွက္ဆုပ္ကိုင္ထားၾကသည္။

အျပင္ထြက္၍ ခ်ိန္းေတြ့မူ႔မ်ိဳးေတာ့မရိွၾက။

တခ်ိဳ႕ဆိုလ်င္ မိမိခ်စ္ခင္ေသာ မိန္းမပ်ိဳကို ေဘးကေနသြားထိုင္၍ ခ်စ္ေရးဆိုၾကသည္။
ျငင္းခံရလ်င္ ရွက္ရယ္ရယ္ကာ ထိုင္ရာမွထေပးရသည္။

မျငင္းခံရလ်င္ေတာ့ ထိုမိန္းကေလး၏ေဘးမွာထိုင္ကာ စကားေျပာခြင့္ရတက္၏။

အမ်ားအားျဖင့္ ထိုေန့တြင္ ခ်စ္သူရည္းစားမရေသးသူမ်ား ရည္းစားရႏိုင္ဖြယ္ရိွသည္။

တခ်ိဳ႕တြင္ သူငယ္ခ်င္းမ်ားျဖစ္သည္။
အတူထိုင္ေနၾကေသာ္ျငား စကားတေျပာေျပာ ၊မုန႔္မ်ားစား၍ အပန္းလာေျဖၾကဟန္တူသည္။

လူပ်ိဳပြဲေတာ္ဆိုေပသၫ့္ ပိုးပန္းရံုသက္သက္မဟုတ္။

ေယာက်ာ္းေလးမိန္းကေလး သူငယ္ခ်င္းမ်ားသည္ဝိုင္းထိုင္၍ စားေသာက္ၾကသလို၊
တခ်ိဳ႕က ေယာက်ာ္းေလးအစုလိုက္ သီခ်င္းတေအးေအးႏွင့္ အေပ်ာ္ကို ေအးေဆးစြာခံစားၾကသည္။

တခ်ိဳ႕ကေတာ့ ေရာေနွာမူ႔မရိွ ၊စိတ္ဝင္စားမူ႔မရိွ
မုန႔္စားၿပီးျပန္ၾကသည္။

တခ်ိဳ႕ကေတာ့ လာေရာက္၍ ေတြ့တဲ့ဝိုင္းထိုင္၍ စ
ကားေျပာအာလူးဖုတ္ၾက၏။

အစားအေသာက္ဟူသည္မွာလည္း ေပါမ်ားလြန္း၏။
ေကြၽးေမြးဧၫ့္ခံမူ႔မ်ားသည္ အမ်ိဳးအမည္ပင္စံုလင္လ်က္။

လာေရာက္ေဝငင္ထားေသာ အစားအေသာက္တို႔ကို ဘြဲ႔ဆူးျဖည္းျဖည္းခ်င္းစားေနမိသည္။
သူထိုင္ေသာ ေနရာတြင္ သူတစ္ဦးသာရိွေတာ့သည္။

ခဏထိုင္၍ သူလည္းျပန္‌ ‌ေတာ့မည္။
မနက္တြင္ အလုပ္မသြားရေသာ္ျငား ဉာၪ့္နက္သည္ထိေတာ့မေနခ်င္ေပ။

ျပန္ဖို႔ေတြးေနၿပီးသည္ႏွင့္ ေနာက္ဆံုးစားလက္စ မုန႔္အားဝါးလ်က္ ေသာက္ဖို႔အေအးခြက္ကိုကိုင္၏
သို႔ေသာ္ လက္က်န္‌အနည္းငယ္သာရိွေသာ အေအးခြက္ေၾကာင့္ ဘြဲ႔ဆူးစိတ္ပ်က္သြားရ၏။

မထူးေတာ့သည္မို႔ထပ္မံေတာင္းယူမူ႔အားမျပဳေတာ့ေပ။
အိမ္ျပန္ေရာက္မွပဲေသာက္ေပေတာ့မည္။

"ကိုဘြဲ႔ဆူး "

လာေရာက္ႏႈတ္ဆက္သည္မို႔ ဘြဲ႔ဆူး ေမာ့ၾကၫ့္လိုက္သည္။

" ဪ သာဒင္ ပါလား "

ခြက္ငယ္တစ္လံုး ကိုင္ထားသၫ့္ေကာင္ေလးကိုသူသိသည္။
ထိုသူမွာ ေသာင္းဆင့္သူငယ္ခ်င္းျဖစ္ကာ
ဘြဲ႔ဆူးႏွင့္ေတာ့ ဖိုးေထြးေလာက္မရင္းႏွီးေခ်။

" ဟုတ္ကဲ့၊ ျပန္ေတာ့မလို႔လား"

" အင္း.. ကိုယ္ အိမ္ေစာေစာ ျပန္နားေတာ့မလို႔ ၊
ဘယ္လိုလဲ ဒီေန့ သေဘာက်ရမဲ့ မိန္းကေလးေတြ့သြားၿပီလား"

သာဒင္ ႏွာေခါင္းရႈံကာ ေခါင္းရမ္းျပသည္။

" ကြၽန္ေတာ္က အရက္ပဲ ႀကိဳက္တာ ။
အပူမရွာခ်င္ပါဘူးဗ်ာ ။ ေရာ့ .. မျပန္ခင္ေသာက္သြားလိုက္ဦး ၊ ဒါ ေသာက္ရခဲတယ္"

မ်က္ႏွာေရ႔ွထိုးေပးလာေသာ ခြက္အား ဘြဲ႔ဆူး ၿပံဳးကာ ယူလိုက္သည္။

" ေသာက္ရခဲတယ္ဆို‌ ေတာ့ဘာမ်ားတံုးကြ။ ‌"

" ေသာက္ၾကၫ့္ရင္သိမွာေပါ့ဗ်ာ ။ ဒီေန့ ကိုဘြဲ႔ဆူးလည္း ရြာက ဆရာမေလးနဲ႔အဆင္ေျပတယ္မို႔လား"

" စံထားနဲ႔ ကိုယ္က မိတ္ေဆြေတြပါကြာ။ အတူထိုင္တိုင္း သမီးရည္းစားဆိုရင္ ကိုယ္နဲ႔အတူတဲ့မိန္းက‌ေလးတိုင္း ဘာလိုလို ျဖစ္ကုန္ၾကမွာပါ့ ။မဟုတ္ဘူးလား"

ဘြဲ႔ဆူးခြက္ကို လွၫ့္ကာ ႏႈတ္ခမ္းနားမွာ ကပ္လိုက္၏။
အနံ႔အရသာျပင္းျပင္းက ေမႊးပ်ံ့စြာထြက္လာၿပီး
တခ်က္တခ်က္ အရက္နံ႔ပါ ခပ္ပါးပါးပ်ံ့ႏွံ႔လာသည္။

" ဒါ အရက္ေရာထားတာလား"

" ပါးပါးေလးပါ။ ကိုဘြဲ႔ဆူး အဆင္ေျပေအာင္ နည္းနည္းပဲေရာေပးထားတာ "

" ပြဲေတာ္ေန့မွာ မေသာက္ရဘူးလို႔ ကန႔္သတ္ထားတယ္ေနာ္"

သာဒင္ ရယ္က်ဲက်ဲျဖစ္သြားသည္။

" ေသာက္ေစခ်င္လို႔ခိုးတိုက္တာေလဗ်ာ ၊ကိုဘြဲ႔ဆူး အဲ့လိုတၫ့္ႀကီးမေျပာရဘူး"

ဘြဲ႔ဆူးၿပံဳးကာ

" ကိုယ္က မေသာက္တက္ဘူး။ ဒါေပမဲ့ မင္းကို အားနာလို႔ျပန္ေတာ့မေပးလိုက္ဘူး။ ေက်းဇူးပဲ "

ဘြဲ႔ဆူး အနည္းငယ္ေမာ့ေသာက္လိုက္လ်င္ ခ်ိဳခါးခါး အရသာက လ်ွာမွာ ပ်ံ့လာ၏။
စပ္ထားသည္မို႔ အရက္အရသာသီးသန႔္ေတာ့မရ။
ခ်ိဳျမျမအရသာေရာေနသည္မို႔ေသာက္ရသည္မွာ ဆိုးဆိုးဝါးဝါးေတာ့မျဖစ္သြား။

သာဒင္ ခပ္ၿပံဳးၿပံဳးတပ္ေခါက္လာလိုက္သည္။
ေသာင္းဆင့္သည္ထိုအၿပံဳးကိုျမင္ကာ ထိုင္ရာမွထကာ လြမ္းေခ်ာင္းေသာင္စပ္သို႔ထြက္ခြာသြားေတာ့သည္။

လေရာင္ အကာအကြယ္ေၾကာင့္ပတ္ဝန္းက်င္မွာ ထိန္းလင္းလ်က္ရိွေခ်သည္။

ဘြဲ႔ဆူးသည္ တရိွန္းရိွန္းတက္လာေသာ ကိုယ္အပူခ်ိန္ေၾကာင့္ မ်က္ႏွာႏွင့္ လည္ဂုတ္တို႔အားမၾကာမၾကာပြတ္မိေနသည္။

သူသည္ မေသာက္မစားသူဆိုေပသၫ့္ အရက္အားအလြန္အမင္းစိမ္းသပ္ေနျခင္းေတာ့မရိွပါေပ။
ဒါေပသၫ့္ ဒီညေတာ့ ဘြဲ႔ဆူးခ်ာခ်ာလည္လုသည္ထိမူး၏။

အျမင္အာရံုတို႔သည္လည္းႏွစ္ထပ္ျဖစ္လာသည္။

ေလေပြအနည္းငယ္က တသုန္သုန္ တိုက္ေနပါသည္။
ေလတိုက္လာလ်င္ပိုဆိုးလာသလိုပင္။
အမွန္ဆို သာဒင္လာေပးတာကိုေသာက္ၿပီး အနည္းငယ္ခပ္ေထြေထျြဖစ္ေနရံုသာ။ ထျပန္ခဲ့သည္အထိ ထိုမ်ွေလာက္မဆိုးေသး။

ေသာက္တာၾကာလာေလေလ ၊ ပိုပိုမူးလာေလေလက မဟုတ္ေသး။

" ျပန္လာၿပီလား"

ေသာင္းဆင့္သည္ ေဘးမွာ ျဖတ္သြားေသာ အပ်ိဳႀကီးတစ္ဦးအား ၿပံဳးျပႏႈတ္ဆက္၍ ဘြဲ႔ဆူးလက္ေမာင္းအား အနည္းငယ္အားထၫ့္၍ ဆြဲယူလိုက္သည္။
ထိုအပ်ိဳႀကီးကို ေလာ္စပီကာဟု ေခၚတြင္ၿပီး
သတင္းတစ္ခုအားသိလ်င္ ခ်က္ျခင္းဆိုသလို ပ်ံ့ႏွံ႔ေအာင္လုပ္ႏိုင္စြမ္းႀကီးမားသည္။
ေသာင္းဆင့္တမင္ပင္ ဘြဲ႔ဆူးႏွင့္ သူ၏ပံုရိပ္အားျပသလိုက္ျခင္းပင္။
အနည္းငယ္ က်ဆင္းေနေသာ ဆံႏြယါစတို႔ကိုပင္တယုတယသပ္တင္ျပလိုက္ေသးသည္။
သိသိသာသာ ေနာက္ျပန္ၾကၫ့္သြားသည္ထိ ထိုအပ်ိဳႀကီး၏ စိတ္ဝင္စားမူ႔က ျမင့္တက္လာမွ အနည္းငယ္သက္ျပင္းခ်မိေတာ့၏။ 

ဘြဲ႔ဆူး မေက်မနပ္ျဖစ္သြားသည္။

" မင္းအပူဘာပါလဲ"

ေသာင္းဆင့္ ရယ္ကာ အနည္းငယ္ယိုင္တိုင္တိုင္ျဖစ္ေနသူအား လက္ေမာင္းကေနထိန္းကိုင္ေပးထားသည္ကိုျပန္မလႊတ္ခဲ့။ 

သာဒင္တိုက္လိုက္သည္က ခ်က္အရက္ အရက္ျပင္းစား။ အ‌ ေအးေရာထသည္မို႔ အနံ႔သိပ္မထြက္ေပမဲ့ ေသာက္လိုက္တာႏွင့္
မခံႏိုင္သူဆို ခ်က္ျခင္းမူးႏိုင္သည္။
ထို႔အျပင္ ထိုအရက္၏ အားသာခ်က္မွာ ေလတိုက္တိုင္း ပိုမူးလာျခင္း။

ထိုအရက္ကိုခ်က္ႏိုင္သူမွာ  ေလးရြာတနယ္လံုး
သူတို႔ရြာတစ္ရြာသာရိွေပသည္။
ထိုသူမွာ သာဒင္၏ ဦးေလးအရင္းပင္ျဖစ္သည္။

"က်ဳပ္နဲ႔လိုက္ခဲ့ "

" မင္းေနာ္ ငါ့လက္ကို အတင္းမဆြဲနဲ႔ "

" ျဖည္းျဖည္းပဲ ဆြဲမယ္ ၊ရလား"

ဘြဲ႔ဆူး မ်က္ခံုး‌ေတြအား ေသာင္းဆင့္ၾကၫ့္၍ ေျပာမိသည္။ မေက်နပ္သည္က လူေတြ့သည္ႏွင့္ ခ်က္ျခင္းေပၚလာသည္။ မူးသည္ဆိုေပမဲ့  ရန္လည္းေတြ့ႏိုင္ေသးသည္။

" မင္းမလိုက္နဲ႔ "

" ေဟာဗ်ာ ။ အတူသြားမွာပါဆို "

" မသြားႏိုင္ဘူး။ ငါအရက္သမားေတြကိုမုန္းတယ္"

ခပ္ေလးေလးေျပာေသာ စကားေတြက ေသာင္းဆင့္အားပန္းႏွင့္ေပါက္သလိုပါပင္။
အရက္သမားေတြမုန္းလည္း သူ႔က မမူ႔ေပ။
အရက္သမားကို မုန္းခ်င္မုန္း၊ ေသာင္းဆင့္ကိုမမုန္းဖို႔က အဓိက။

ေသာင္းဆင့္ဘာစကားမွမေျပာေပ။
ထင္းထြက္ေနေသာ အၿပံဳးေတြကိုဆင္ျမန္း၍ ဘြဲ႔ဆူးအား ရြာ အေနာက္ဖက္အား ျဖည္းျဖည္းျခင္းေခၚငင္လာခဲ့သည္။ မူးေနသူကေတာ့မသိခဲ့ေပ။

သူထိုသူအား ဒီေန့ည စည္းကမ္းအားေဖာက္ဖ်က္၍
ေခၚေဆာင္ခဲ့ေလၿပီ။
ရြာေၾကးသံုးဆေတာ့ သူ႔မွာ မရိွေပ။
သို႔တိုင္ ေရႊေတြေတာ့ရိွသည္။

သူ႔ႏွင္းဆီအိုေလးအတြက္ဆို ေရႊေတြကိုလည္းမႏွေျမာေတာ့ေပ။

ခ်စ္တဲ့အိမ္စည္။

Bạn đang đọc truyện trên: ZingTruyen.Xyz