ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

8

eainsi23

နွေအကုန်မိုးအကူး။
အဲ့ဒီရာသီရောက်ရင် သောင်းဆင့်‌ ပေါက်စလေးက
ကျန်းမာရေးပိုမိုချူချာလာတက်သည်။
တစ်ခါတလေ ကျတက်သောမိုးနှင့် စိုစိစိရာသီဥတုသည် သောင်းဆင့်၏ကျန်းမာရေးကိုဖောက်ပြားစေသလားဆိုတာ ထင်မှားဖွယ်ရာ။
ထိုအပြင် တောတောင်ကောင်းသော အရပ်ဒေသမို့ မိုးတွင်းဆိုလျင် ငှက်ဖျားပိုးကိုကြောက်ရသေး၏။
ယခုလည်း သောင်းဆင့်တစ်ယောက်ဖျားချေပြီ။
ချူချာတက်သော သောင်းဆင့်လေးသည်
အမြဲတမ်းကျန်းမာရေးကောင်းမွန်သူတစ်ယောက်လို မနေနိုင်ခဲ့ပေမဲ့ ဆိုးဆိုးဝါးဝါးတော့ဖြစ်လေ့မရှိ။
ဒါပေမဲ့ ဒီတစ်ခါ ဖျားနာမူ့သည် သောင်းဆင့်လေးအပေါ်မှာ များစွာ ရိုက်ခတ်စေသည်။
ဆယ်ရက်ကျော်သည်ထိ မစားနိုင်မသောက်နိုင်သလို  အော့အန်ခြင်း၊
ချွေးစေးများထွက်ပြီး အိပ်ယာထဲကနေ ကယောင်ကတမ်း အော်ဟစ်ခြင်းတွေအထိပါဖြစ်လာခဲ့သည်။ အဆိုးဆုံးမှာ သောင်းဆင့်လေးသည် အသိရှိသူတစ်ယောက်လို မဟုတ်တော့တာပင်။

အမြဲတမ်းလိုလို ဖျားနာနေပြီး နိုးထသည့်အချိန်တိုင်းတွင် မျက်လုံးတို့သည် မျက်နှာကျက်ကိုသာငေးမောနေပြီး ဘာပြောပြော ပြန်မပြောတော့ခြင်း။
ဖြူဖျော့သော အသားရေတို့သည်ရောဂါသည်တစ်ယောက်လို ဖြစ်နေပြီး နှုတ်ခမ်းတို့သည် အရေခွံများလန်သည်ထိ ခြောက်ခမ်းလာတာပင်။

အသက်အရွယ်နုငယ်သေး‌သည်မို့ ရာသီအပြောင်းအလဲဖြစ်တာနှင့်သောင်းဆင့်ခံနိုင်ရည်မရှိတော့သည်ဟု မိခင်ကတော့ထင်ခဲ့သည်။ ထုံစံလိုလိုပင် ဖျားလျင်အဖျားကြာကာ တော်တော်ဖြင့် နလန်မထူနိုင်တော့တာမျိုးမို့  ဆေးဆရာမျိုးစုံပင့်ကာ ကုသစေခဲ့၏။ 
တိုးတက်မလာသော အခြေအနေတွင်  မိခင်ဖြစ်သူသည် ပိုမိုသွေးပျက်လာခဲ့သည်။

"မိငယ်ရေ ၊ သောင်းဆင့်လေးမသက်သာဘူးလား"

မိငယ်ဟု အခေါ်ခံရသူမိန်းကလေးသည်
ငြိုးငယ်စွာ ခေါင်းရမ်းပြလာ၏။
သူသည် သောင်းဆင့်၏မိခင်ဖြစ်ပေသည်။
နာမည်အရင်းရှိပေသည့် ‌မောင်နှမ ငါးယောက်မှာအထွေးဆုံးဖြစ်တာမို့ မိငယ် ၊ငယ်ငယ် ဟုသာ အကြီးများက ချစ်စနိုးခေါ်ဝေါ်တက်ကြ၏။
သူ အိမ်ထောင်ကျသည်က ဘောဂဟုခေါ်သည့်
ချောင်းကမ်းရွားသား လူချမ်းသာ သားတစ်ယောက်ဖြစ်သည်။ မိဘချင်းသဘောတူကာ ယူခဲ့ရတာမို့
သံယောဇဉ်က သောင်းဆင့် ခြောက်နှစ်ပြည့်တဲ့အထိ ထင်သလောက်တွယ်တာမူ့မရှိခဲ့။
ခုလည်း သားဖျားနေတဲ့အချိန် ၊သူသည်လည်းမွေးခါနီးဗိုက်တစ်လုံးနှင့် ၊ ကုန်သည်ယောင်ယောင်ဘာယောင်ယောင်လုပ်နေတဲ့ ယောကျာ်းက အိမ်ကပ်သည်ဟူ၍ မရှိ။
စိတ်ညစ်လွန်းလို့ သူ့မျက်နှာမှာ ထာဝစဉ် ညိုးငယ်နေရသလိုဖြစ်နေပြီ။
အငယ်ဖြစ်သူမျက်နှာမကောင်းတော့ အမကြီးဆုံးဖြစ်တဲ့ အမျိုးသမီးက မသက်မသာ ဝင်ထိုင်သည်။
ဘေးမှာ သောင်းဆင့်ကလေးက ဖျားနေတာမို့
အိပ်ယာထပ်မှာမှေးနေသည်။
နီတီတီမျက်နှာလေးက ဖျားသွေးကြောင့် အန်း‌နေရာ
မိခင်ဖြစ်သူမှာတော့ နဖူးလေးစမ်းလိုက်ပါးလေးစမ်းလိုက်ဖြင့် ဝမ်းနည်းပက်လက်ဖြစ်နေရရှာသည်။

" မမကြီးရယ်၊ သားလေးအခြေအနေက တိုးတက်လည်းမလာဘူး။ အဖျားက ရက်ရှည်နေပြီ။
ကျွန်မလေ သောင်းဆင့်လေးတစ်ခုခုဖြစ်သွားမှာ သိပ်စိုးတာပဲ"

" အိုအေ၊ မပြောကောင်းတာတွေ။ ဘာဖြစ်ရမှာလဲ
ကျုပ်တူက အချိန်တန်ကောင်းသွားမှာပါအေ။ "

" မဟုတ်ဘူး မမကြီးရယ် ၊ကျွန်မသိတယ်။ သားသာ တစ်ခုခုဖြစ်သွားရင် ကျွန်မ သေမှာ သိလား"

သားလက်ကလေးကိုဆွဲလို့ မိခင်ဖြစ်သူက ငိုရှာသည်။
မြင်ရတဲ့သူအဖို့လည်းမသက်မသာဖြစ်ရ၏။

" မြင့်မိုရ်မှာ ဘိုးတော်တစ်ယောက် ရောက်နေတယ်တဲ့။ဆေးကုတာလည်း ပျောက်တယ်ဆိုပဲ။ ညည်းပင့်ချင်လား"

‌မျှော်လင့်ချက်တွေ့ရသလို မိခင်ဖြစ်သူမျက်နှာသည်
နေထိပန်းလို လန်းလာချေသည်။ ယခုအချိန်မှာ ဘယ်လိုနည်းမျိုးဖြင့်ကုရကုရ သားသာသက်သာသွားရင် သူကုနိုင်သည်။

" ပင့်ချင်တာပေါ့မမကြီးရယ်၊ပင့်ချင်တာပေါ့ ။
ဘယ်လိုပင့်ရမှာလဲ ၊ကျွန်မကိုကူညီပါဦး "

အမကြီးသည် ခေါင်းညိမ့်ပြသည်။
ညီမဖြစ်သူလက်ကိုလည်းပုတ်ကာ နှစ်သိမ့်ပေးသည်။
အပူပေါ်အပူဆင့်နေချိန်တွင် ယောကျာ်းလုပ်သူကတော့မရှိ။
အမှန်စင်စစ် ဘောဂသောင်းမှာ ချစ်ဦးသူရှိ‌တာဖြစ်သည်။ မိဘချင်းသဘောတူသူယူခဲ့ရပေမဲ့ စိတ်ကတော့ ငယ်ချစ်ဦးအပေါ်မှာ မပြတ်သားခဲ့။
ထို့ကြောင့်ဇနီးမယားအပေါ်မှာ မကြင်နာပေ။
ဆန်ကုန်သည်မို့ နယ်လှည့် ဆန်ကောက်လျင်
တစ်လကိုးသတင်း ကြာတက်သည်။
ထိုအချိန်မျိုးတွင် အိမ်သတင်းလည်းသူမသိ။
ပျော်ရာမှာနေကာ သားနှင့်ဇနီးကိုလည်းမေ့ထားတက်သည်။
ယခုလည်း တစ်လ‌ ကျော်နီးပါးကြာမြင့်သည်ထိ ဘောဂသောင်းပြန်မလာခဲ့ပေ။

" ညည်းမပူပါနဲ့ ၊ သွားပင့်ဖို့က ငါ့တာဝန်ထားပါ ။ ဒါနဲ့ ဘောဂ ပြန်မလာတာ ဘယ်နှစ်ရက်ရှိနေပြီလဲ။ တစ်ရွာတစ်ကျည်ဆောက်မှ ဒုက္ခဝေနေဦးမယ် ။ ကိုယ့်လင်ကို ကိုယ်နိုင်အောင်ထိန်းဦး မိမိငယ်"

ယောကျာ်းဖြစ်သူအကြောင်းကြားတော့လည်း
မိငယ်တစ်ယောက်မျက်နှာငယ်ရပြန်သည်။
ကိုဘောဂသတင်းတွေ မကြားမဟုတ်ကြားသည်။
သို့သော် အနေအေးသည်မို့  ထက်မြက်တဲ့ယောက်ျားကို ကြိုးကိုင်နိုင်စွမ်းမရှိ။
သားဇော ၊ယောကျာ်းဇောနှင့် ဒီနှစ်ပိုင်းအတွင်း
လှပါသည်ဆိုတဲ့ ရွာကွမ်းထောင်ကိုင်ဖြစ်ခဲ့တဲ့သူသည်
သောကဝေလျက် အနွမ်းပန်းလေးနှင့်တူနေချေလောက်ပြီ။

" ကျွန်မလည်း စိတ်ညစ်နေရပါတယ် မမကြီးရယ်။
‌ကိုဘောဂကို ကျွန်မ မပြောဝံ့ဘူးလေ။ ကံစီမံရာပေါ့မမရယ်၊ မနေချင်လို့သွားဆိုလည်း သားလက်ကိုဆွဲပြီးကျွန်မသွားမှာပါ။ အဓိကကတော့ ကျွန်မသားလေးနေကောင်းဖို့ပါပဲ။ သောင်းဆင့်ကသာကျွန်မအတွက်အရေးကြီးဆုံးပါ။ ကျွန်မမှာ ရွာစွန်မှာအမေတို့ပေးထားတဲ့ အိမ်နဲ့ဝိုင်းလေးနဲ့ရှိတာပဲ။
ကွဲကြမယ်ဆိုရင်လည်း အဲ့အိမ်မှာ သွားနေရမှာပဲ။
သူမလိုချင်မှတော့ ကျွန်မလည်းတွယ်ကပ်မနေချင်ဘူး"

" အို... ညည်း ဘယ်လိုစကားပြောလိုက်တာလဲ။
သင်းက ဘာကောင်မို့ ညည်းက အိမ်ပေါ်ကဆင်းရမှာလဲ။ ဆင်းချင်းဆင်းသင်းဆင်းသွားပလေ့စေ။
ဘယ်နှယ့်တော် အိမ်မှာ မယားတစ်ယောက်လုံးငုတ်တုတ်ရှိနေတာတောင်မှ အပြင်မှာ အပျော်ရှာရတယ်လို့။ "

မမစကားတွေကြောင့် မချိတင်ကဲပြုံးမိပြန်သည်။
အတွင်းလှိုက်စားနေသော အိမ်ထောင်ရေးက ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မှာလဲ။
ရွာစွန်အိမ်ကလေးသည် ကောင်းမွန်သော အိမ်မဟုတ်ပေမဲ့ သားအမိတတွေ လုံခြုံစွာနေလို့ရနိုင်တဲ့ ပျဉ်ထောင်အိမ်နှစ်ခန်းပတ်လည်ခြေတံရှည်အိမ်လေးဖြစ်သည်။
ထိုအိမ်လေးမှာ သူတို့သားအမိသွားနေလည်းရတယ်။
စီးပွားရေးအနေနဲ့က မင်္ဂလာလက်ဖွဲ့အနေနဲ့ အမေတို့ပေးထားတဲ့ လယ်တချို့ရှိသည်။ အငှားချကာ သိုသိုသိပ်သိပ်စားလျင် သူတို့ဝမ်းရေးမပူရ။
ချစ်ခြင်းမေတ္တာအား လောဘမကြီးသူပီပီ ကိုဘောဂသောင်းအပေါ်မှာလည်း ပေါ့ပါးသော ခံစားမူ့ကိုသာ
ထားခဲ့သူဖြစ်သည်။ ထို့ကြောင့် တစ်ခါတလေ အားငယ်သည်မှလွဲ၍ ထူးထွေမခံစားရပါ။

" ကျွန်မခံစားချက်ကို မမနားမလည်ပါဘူး။
ကိုဘောဂသောင်းက ပူလောင်တယ်။ အပူသည်အနားမှာ ကျွန်မကြာကြာမနေနိုင်တော့လို့ပါ ။
သူ့ဖက်ကသာ တစ်ခုခုပြောလာကြည့် ၊ကျွန်မ ဆွဲထားမှာမဟုတ်ဘူး ။
ကျွန်မကတော့ သားသမီးတွေနဲ့ ကျန်းကျန်းမာမာနေရရင်ကိုကျေနပ်ပါပြီ"


" မိငယ်ရယ် ညည်းစိတ်ကလည်း ရောင့်ရဲတက်ရန်ကော " ဆိုတဲ့ မမကြီးရဲ့ အလိုမကျတဲ့စကားကြောင့်
သူ လျော့ရဲရဲပြုံးမိပါ၏။

_______

မိုးရွာပြီးစ အချိန်မို့ အရာရာအားလုံး ရေစက်ရေပေါက်တို့ဖြင့် စိမ်းစိမ်းစိုလျက်။
ထိုအချိန်တွင် သောင်းဆင့်တို့ သားအမိသည်
မြင့်မိုရ်ရွာသို့ရောက်ရှိနေကြ၏။
ဘိုးတော်ဟုခေါ်သည့် အသက် ရှစ်ဆယ်အရွယ် ဘမှန်သည် ခရီးတို့အား မလိုက်ပါနိုင်တော့တဲ့အရွယ်ဖြစ်နေပြီမို့ သောင်းဆင့်ကိုပွေ့လျက် မိခင်ဖြစ်သူမှာ
ဘမှန် ဆီကို ရောက်ခဲ့ချေသည်။
ချောင်းကမ်းရွာနှင့်မြင့်မိုရ်ရွာသည်  နေ့တစ်ပိုင်းမျှ
လှည်းဖြင့်သွားမှရောက်၏။ ထိုခေတ်ထိုအခါက
နွားလှည်းကိုသာ အားထားရသည်မို့ ခရီးသည်ထင်သလောက်မတွင်ခဲ့။

လမ်းတွင် နားတစ်လှည့် ၊ မောင်းတလှည့်ဖြင့် သောင်းဆင့်တို့သားအမိသည် မြင့်မိုရ်ရွာသို့မနက်အ‌ စောပိုင်းတွင်ရောက်ရှိခဲ့သည်။

ဘမှန်သည် ဆေးကုရာ၌ ဆေးစွမ်းသည်ဟု နာမည်ကြီးပြီး
လာရောက်ကုသသူများကလည်းများပြားသည်။
ဘမှန်ဆီရောက်သည့်အချိန်တွင် သောင်းဆင့်သည် ခပ်ဖျော့ဖျော့သာကျန်တော့သည်။

လူနာအများအပြားအား ကုသပေးပြီးနောက်တွင်
သောင်းဆင့်၏ အလှည့်ရောက်လာချေ၏။
ဘမှန်၏ ကုသဆေးသည် မြန်မာဆေးဖြစ်ကာ
ထူးဆန်းပြီး သာမန်လူတို့ယုံကြည်ဖွယ်မရှိတဲ့ကိစ္စရပ်များကိုလည်း အလျင်းသင့်သလို ကုသပေးသည့်ဆရာအဖြစ်လည်း ဘမှန်ကနာမည်ကြီးသေး၏။
သို့သော် ဘမှန်သည် နေရာအနှံ့အပြားကို နယ်လှည့်သွားလာသူမို့  တွေ့ဆုံဖို့ရာခက်ခဲသည်။

တစ်ခါတလေ တောတွင်း၌ အကြောင်းအရာမရှိတွေ့တက်ပြီး ၊ တစ်ခါတလေ သုံးလေးနှစ်ကြာတဲ့အထိ ဘမှန်ကိုမတွေ့ရတက်။

ဆေးကုသရာ၌ အခငွေကြေးလည်းမယူသလို ၊
လာသမျှလူနာကိုလည်းမငြင်းဆိုတက်ပေ။
ဘမှန်သည် ယောဂီရောင် အင်္ကျီဝတ်ထားလျက် 
ရှည်လျားသော မုတ်ဆိတ်အဖြူများလည်းရှိသည်။
စဉ်းစားဟန်ပြုသည့်အခါများတွင် မုတ်ဆိတ်များအားသပ်၍ ငြိမ်သက်သွားတက်ပြီး အတော်ကြာအောင် မလှုပ်ရှားတော့ပေ။

ယခုလည်း ဘမှန် သောင်းဆင့်အားကြည့်ပြီး မုတ်ဆိတ်တို့အားသပ်ခါ ငြိမ်သက်၍ နေချေသည်။ ‌တွက်ချက် စမ်းသက်စရာ‌ တော့မလိုပေ။
သောင်းဆင့်အားကြည့်ပြီး ဘာဖြစ်နေသလဲ ဘမှန်အတက်ပြောနိုင်ပေသည်။

"ကလေးက ရောဂါဖြစ်နေတာမဟုတ်ဘူး။
ပြုစားခံရတာပါ။ တော်တော်လေးအခြေနေရဆိုးနေပြီ၊လာတာနောက်ကျလိုက်တာ "

ဂရုဏာဒေါသကြောင့် ဘမှန်၏ အသံတွေသည်လေးလံနေ၏။

" ဒါ..ဒါဆို ကျွန်မသားလေးက "

သောင်းဆင့်လက်ဖဝါးကိုဆုပ်ကိုင်ကာ ‌မိခင်ဖြစ်သူသည် သည်းထန်စွာငိုကြွေးတော့သည်။ စကားတို့သည် မပီသတော့ပါချေ။
အမဖြစ်သူသည်လည်းထိုဖြစ်အင်ကိုကြည့်ကာ
ဝမ်းနည်းစိတ်တို့ရစ်သီလာချေသည်။
ဗိုက်ကြီးကြီးနှင့် ယောကျာ်းလုပ်သူသည်လည်းဘေးမှာရှိမနေခဲ့။ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိအောင် ဘောဂသောင်းကပျောက်ချင်းမလှပျောက်နေသည်။ အမြဲကုန်သည်တစ်ယောက်မို့ နယ်လှည့်နေသည့်အလုပ်က ပတ်ဝန်းကျင်တွင် သတိထားမိစရာမရှိပေမဲ့ အိမ်တွင်းရေးမှာတော့ အပူမီးကတော်တော်ဟပ်နေပြီဖြစ်သည်။

" ကယ်ပါဦးအဘရယ်၊ ကျွန်မတို့တူလေးကိုကယ်ပါဦး။ ဒီကို အဘအားကိုးနဲ့ ကျွန်မတို့ လာခဲ့ရတာပါ "

ဘမှန်သည် စဉ်းစားဟန်ပြုသည်။
ကလေး၏လက်ဖဝါးနှင့် ပါးစပ်တို့အားဖြဲကြည့်သည်။
သောင်းဆင့်သည် ပျော့ခွေနေပြီဖြစ်ပေမဲ့
အသက်သည်ကားရှိသေး၏။

" လုပ်တဲ့သူက ချစ်လို့မဟုတ်ဘူးမုန်းလို့လုပ်တာ။
မိသားစုထဲကတစ်ယောက်မဟုတ်တစ်ယောက်သေအောင် အတက်ပညာနဲ့လုပ်ထားတာပါ ၊ ကလေးက ကံလည်း‌ တော်တော်ညံ့နေတယ် "

" ရှင်!!"

မိခင်ဖြစ်သူသည်အံ့ဩလေပြီ။ သူမတို့မှာ
မုန်းသူမရှိပေ။ ဒါမှမဟုတ် ကိုဘောဂသောင်း‌ ကြောင့်လား။ မျက်ရည်တွေသည် မခံစားနိုင်တော့၍ ဆည်ကျိုးသလို ကျိုးကျလေပြီ။

အမှန်မှာ အရာအားလုံး သူ့ကြောင့်သာဖြစ်ပြီး
သားကတော့ ဘာမှန်းမသိတဲ့ကလေးငယ်လေးသာဖြစ်၏။ ခုထိ စာမလာ သတင်းမကြားပဲ ပစ်ပယ်ထားသည့်ယောကျာ်းအားလည်းမုန်းလှပါသည်။
အပူမီးများသည် သားစိတ်ကြောင့် တဟုန်းဟုန်းလောင်လျက် ပူပြင်းလှ၏။

"  ဒါ..ဒါဆို  ၊ သားလေးကို ကျွန်မတို့ ပစ်ရတော့မှာလား... အဘရယ် ကျွန်မ‌သားလေးကို ကယ်ပေးပါဦး ။  ကျွန်မ..ဘာပဲ ပေးဆပ်ရဆပ်ရ .. အဘခိုင်းတဲ့အတိုင်းလုပ်ပေးနိုင်ပါတယ် ။ သားကိုသာ ကယ်ပေးပါ "

" နည်းတစ်နည်းတော့ရှိတယ်၊ အဲ့ဒါက ဒီကလေးကို မနက်ဆယ်နာရီမထိုးခင်မွေးတဲ့ ဘုန်းကံကျော်ဇောတဲ့စနေသားရဲ့  အကူအညီနဲ့ ဒီမွန်းမတည့်ခင် အစီအရင်လုပ်ပြီးကုမှ ပျောက်လိမ့်မယ် "

( ဒီအပိုင်းမှာ ပါတဲ့ အသုံးအနှုန်းနှင့် ဇာတ်ကြောင်းတို့သည် စိတ်ကူးယဉ်ရေးဖွဲ့မူ့သာဖြစ်သည်)

" ကျွန်မ.. ကျွန်မ ..."

ထစ်အစွာ ထွက်လာသော စကားတို့နောက်မှာ
သူပြောစရာစကားတို့မရှိတော့ပေ။
အချိန်အားဖြင့် မနက် ဆယ်တစ်နာရီကျော်နေပြီဖြစ်သည်။
မကြာခင် မွန်းတည့်တော့မည်။
အချိန်များစွာ မကျန်တော့သည်မို့ မိခင် ဖြစ်သူသည်
ဘာဆက်လုပ်ရမှန်းမသိတော့ချေ။
ထို့အတူ အတူပါလာသော အမကြီးဖြစ်သူလည်း ပြောစရာမဲ့လေပြီ။
အရွယ်မရောက်သေးသော ကလေးငယ်သည် ဝါးကြမ်းပေါ်မှာ ပက်လက်ကလေးအိပ်၍နေသည်။
ရေသည်ပင်တိုက်မရတော့သည်မို့ နှုတ်ခမ်းတို့သည်ဖွေးဆုတ်နေပြီဖြစ်သည်။

" မခွာညို "

ဒေါ်ခေတ္တာသည် လှည့်ကြည့်လိုက်လျှင် အပြာဖျော့ဖျော့ ရိပ်ပန်းကို ချုပ်ဝတ်ထားသည့် အမျိုးသမီးတစ်ယောက်သည် အရွယ်ငယ်သေးသညါ့ကလေးတစ်ယောက်လက်အားဆွဲ၍ ဆေးကုသတဲ့နားတိုးလာ၏။
မျက်လုံးတို့သည် ရပ်ဆွေရပ်မျိုးကိုတွေ့ရ၍ဝမ်းသာနေသည့်ဟန်။

" ဟုတ်ပါတယ် ၊အမကြီး မခေတ္တာနဲ့မခွာညိုမို့လား။
ကျွန်မ သန္တာနှင်းပါ ၊ရွာလယ်က ကိုဘထွေးရဲ့ညီမတစ်ဝမ်းကွဲလေ မမှတ်မိဘူးလား။ ကလေး ဘာဖြစ်လို့လဲဟင်။"

သန္တာနှင်းသည် ဘွဲ့ဆူးလက်ကိုဆွဲကာ
အိပ်ယာပေါ်ကကလေးအားလှမ်းကြည့်မိသည်။
ထို့နောက် အငိုမျက်နှာဖြင့် ရှိနေသော အမျိုးသမီးနှစ်ယောက် အား ထပ်မံကြည့်သည်။
ကလေးနေမကောင်းဖြစ်နေသည်မှန်းသိတော့ လာနှုတ်ဆက်ရသည်ကို အလွန်အမင်းအားနာသွား၏။

‌အမကြီးသည် မှတ်မိသွားချေပြီ။
သူသည် မြို့သားတစ်ယောက်နှင့်အိမ်ထောင်ကျသွားတဲ့ ချောင်းကမ်းရွာသူလေးဖြစ်သည်။
ထို့ကြောင့်မျက်ရည်များကိုသုတ်၍ အတက်နိုင်ဆုံး နှုတ်ဆက်လိုက်လေသည်။

ကိုဘထွေးကိုတော့ သူတို့သိ၏။
ခေတ္တာ ၊ခွာညို၏ မိဘများသည် အဆင်ပြေသော အသိုင်းအဝိုင်းကမို့  တောင်သူလုပ်ခြင်းအပြင် ၊ပိုလျံ သော ငွေကြေးတို့အားရပ်ရွာမှာငွေးတိုးပေးသော အလုပ်ကိုလုပ်ကိုင်ကြ၏။

အကူညီလိုအပ်သူတိုင်း ဒေါ်မြသစ်ဆိုသော ခေတ္တာတို့အမေနှင့် ကင်းလွှတ်သူမရှိကြ။
ထိုအထဲမှာ ကိုဘထွေးတစ်ယောက်လည်းအပါအဝင်ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က
ကိုဘထွေး သည် ၊ညီမဖြစ်သူ သန္တာနှင်းအတွက် ဒေါ်မြသစ်ဆီမှာ ငွေတိုးချေးပေးဖူးသည်။

ထိုစဉ်က ညီမဖြစ်သူ မိငယ်‌ လေးသည် အိမ်ထောင်ကျခါစဖြစ်၏။  ငွေကြေးကိစ္စများကို မိငယ်မသိပေမဲ့ အကြီးဆုံးပီပီ သူကတော့သိသည်။
ဒါပေသည့် ယခု  လာနှုတ်ဆက်သော မိန်းကလေး၏နာမည်မှာ သန္တာနှင်း ဆိုတာကိုတော့ မှတ်မိခဲ့ခြင်းမရှိ။ ခင်မင်မူ့ကလည်း အရွယ်ခြင်းကွာဟသည်ကြောင့် မျက်မှန်းတန်းမိရုံသာရှိသည်။

သောင်းဆင့်လက်ကိုကိုင်ကာ မိခင်ဖြစ်သူကတော့ ဟန်ဆောင်မူ့ကင်းစွာ ပြန်လှည့်၍ ငိုနေပြီဖြစ်သည်။

ဘွဲ့ဆူးလေးသည် ဆွဲထားသော အမေဖြစ်သူလက်ကိုဖြုတ်၍ နေမကောင်းနေတဲ့ကလေးငယ်အနားသို့တို့ကပ်သွား၏။  စပ်စုလိုဟန်ရှိပေသည့် မျက်ဝန်းများက ကလေးပီပီ သနားနေဟန်လည်းရှိသည်။
ထို့နောက် ငိုနေသော သောင်းဆင့်လေး၏အမေအား ကြည့်ကာ

" ညီလေးဘာဖြစ်တာလဲ ဒေါ်ဒေါ် " ဟု တိုးတိုးလေးမေးလာလေသည်။ 

မိခင်ဖြစ်သူသည် ပြန်မဖြေနိုင်ခဲ့ပါ။
ဦးဘမှန်သည် ဘေးမှာ ရပ်၍ ကြည့်နေသော ကောင်လေးအား အချိန်အတော်ကြာအောင် ကြည့်နေခဲ့သည်။ထို့နောက် လက်ဖဝါးတို့နှင့် လက်ကောက်ဝတ်တို့အား စစ်ဆေးကြည့်ရှူ့၏။

ထို့နောက် ....

သန္တာနှင်းသည် မြင့်မိုရ်ရွာသို့ရောက်လာပုံမှာ ဆန်းသည်။
ယောကျာ်းဖြစ်သူ မြတ်ကျော်၏ ညီတစ်ဝမ်းကွဲသည်
မြင့်မိုရ်ရွာသူတစ်ယောက်နှင့်အကြောင်းပါ၍
မင်္ဂလာကိစ္စအပ်နှင်းရန်ရောက်လာခြင်းဖြစ်သည်။
ဘမှန်ဆေးကုရာ  တည်းအိမ်နှင့် သူတို့တည်းသည့်အိမ်သည် တစ်ခြံဝန်းထဲမှာသာဖြစ်သည်။
တောရွာတို့တွင် ခြံအကျယ်ကြီးများဖြင့်နေကာ ထိုခြံထဲမှာပင် အိမ်လေးငါးလုံးခန့် စုပေါင်းဆောက်လုပ်နေတက်ကြသည်။ 

ဧည့်သည်အဖြစ် ရောက်ရှိလာသူမို့ အလုပ်အကိုင်မယ်မယ်ရရမရှိ၍ သားမိနှစ်ယောက်လုံး ထမင်းစားပြီးပျင်းရိနေကြခြင်းဖြစ်သည်။
ထို့ကြောင့် မျက်နှာချင်းဆိုင်မှ ဆေးကုလာသူတွေကိုသာ ငေးမောပြီး ထိုင်ကြည့်နေကြစဉ် ရင်းနှီးသော
မျက်နှာများကိုတွေ့ရ၍ဝမ်းသာအားရလာနှုတ်ဆက်ရခြင်းဖြစ်သည်။

မခေတ္တာ ၊မခွာညို ညီအမအား သန္တာနှင်းသိပါ၏။
လွန်ခဲ့သော အတိတ်တွင် သားလေးမွေးဖွားဖို့ စု ဆောင်းထားသော ငွေကြေးများအလိမ်ခံရဖူးသည်။ ဘဝပျက်မလိုဖြစ်ခဲ့ချိန် ကူညီဖူးသူမှာ ထိုညီအမ၏ မိခင် ဒေါ်မြသစ်ဖြစ်သည်။ ငွေတိုး‌ေချးငှားသူဆိုပေမဲ့ ဘထွေးမျက်နှာဖြင့် ခြောက်လတိတိ အတိုးမယူပဲ ဗလာချေးပေးခဲ့သည်။
ထိုကျေးဇူးကြောင့် သန္တာနှင်းရွာသို့အလည်လာတိုင်း ဒေါ်မြသစ်ကိုတော့ သွားရောက်ကန်တော့တက်၏။
အိမ်ထောင်ခွဲများဖြစ်ပေသည့် သားသမီးများ၏ ပုံတူဓာတ်ပုံများသည် ဒေါ်မြသစ်၏အိမ်၌ ရှိပေသည်။
ထို့ကြောင့် ခေတ္တာ ၊ခွာညို ညီအမသည် သူ့အားရင်းနှီးမူ့နည်းပါးပေမဲ့ သန္တာနှင်းကတော့ စိတ်ထဲခင်မင်နေသည်သာ။

" မမကြီး "

သန္တာနှင်းနဲ့ အကျိုးအကြောင်းပြောနေ‌စဉ်
မိငယ်ဆီမှ ဝမ်းနည်းလှိုက်ဖိုစွာခေါ်လိုက်သံကြီးကြောင့်  နှစ်ယောက်အတူလှည့်ကြည့်လိုက်ကြသည်။
ညီမဖြစ်သူသည် မျက်ရည်လည်ရွဲဖြင့် ဘွဲ့ဆူး၏ လက်ကိုကိုင်ကာ မပီမသပြောလာ၏။

" သူ.. သူက စနေသားတဲ့။  မမကြီးမေးပေးပါဦး ဘယ်ချိန်မွေးတာလဲ ၊ ညီမလေး သူဘယ်ချိန်မွေးတာလဲ "

အမကြီးဖြစ်သူထံအားကိုးသလို တိုင်တည်ပြီးမှ ချက်ချင်းဆိုသလို ကူကယ်ရာမဲ့တဲ့မျက်ဝန်းတွေက သန္တာနှင်းဆီရောက်လာချေ၏။ ဘွဲ့ဆူးသည် သူ့လက်ကိုင်ထားသော အမျိုးသမီးကိုတလှည့် အံ့အားသင့်နေသော မိခင်ဖြစ်သူအားတလှည့် ‌မျက်လုံးလေးပြူးကာကြည့်နေသည်။
သန္တာနှင်းသည်ပင် အခြေအနေကိုနားမလည်ပဲဖြစ်နေသည်။
မမကြီးသည်  သန္တာနှင်းကို အားနာစွာကြည့်လိုက်ပြီးမိငယ်မေးသည့် စကားကိုထပ်မံ၍မေးလိုက်၏။

" ညီမလေး သန္တာနှင်း ၊ ညည်းသားလေး က ဘယ်အချိန်မွေးတာလဲ"

" ကိုး.. ကိုးနာရီခွဲပါ မမ "

သန္တာနှင်းသည် တံထွေးအားခက်ခက် ခဲခဲမျိုချရင်း
ခေတ္တာ၊ခွာညို ပန်းညီအမအားဖြေပေးမိသည်။
ထို့နောက် ငိုနေဆဲဖြစ်တဲ့ မခွာညိုလက်ထဲမှ သားဖြစ်သူကိုလည်းကြည့်၏။ ဘိုးဘမှန်သည် အလုံးစုံကို ကြည့်နေဆဲဖြစ်၏။
ထို့နောက်ချောင်းဟန့်ကာ..

"   ဒီကလေးရဲ့ ကျန်းမာရေးက
သမီး ညည်းသားပေါ်မှာ မူတည်နေတယ်။ အချိန်လည်းမရှိတော့ဘူးဆိုတော့ အပုတ်ချိန်မရောက်ခင်
အစီရင်လေးလုပ်ပေးမယ်။ ကလေးနှစ်ယောက်ကိုခေါ်ထားမယ် ။ ညည်းတို့အပြင်ကစောင့်နေချေ "

ဦးဘမှန်၏ စကားကြောင့် သန္တာနှင်းအတော်လေးထိတ်လန့်သွားချေသည်။ ထို့နောက် သားလက်ကိုပြေးဆွဲကာ သူ့ဘေးနားမှာ ခေါ်ထားတော့၏။
မျက်လံုးအား လက်ဖြင့်ပိတ်ကာ
မကြည့်စေရန်ကာထားလိုက်၏။

မည်သို့ပင် ကျေးဇူးရှိပါစေ သားလေးအား ထိမည်ကိုတော့ ကြောက်လေသည်။
ထိုဆေးဆရာဆီလာရောက်သည့် ထူးဆန်းဖွယ်လူနာများအကြောင်းကို သန္တာနှင်းသိ၏။
သားသည် ကလေးအရွယ်သာ ရှိသေးသည်။
ထိုကိစ္စများအား သန္တာနှင်း နားမလည်ပေမဲ့ ကောင်းသော အရာဖြစ်မည်မဟုတ်မှန်းတော့အတက်သိသည်။

ဦးဘမှန်သည် ထိုအချင်းအရာကိုသေချာကြည့်ကာ
အေးဆေးစွာပြောလာ၏။
စိတ်ဆိုးခြင်း ၊ဒေါသထွက်ခြင်းအလျင်းမရှိပဲ..

"  အသက်တစ်ချောင်းဆိုတာ ကယ်ကောင်းပါတယ်ကလေးမ ၊ ကျုပ်ကြောင့် ညည်းသား ဘာအန္တရာယ်မှမကျစေရဘူးဆိုတာ ကျုပ်ဂုဏ်သိက္ခာနဲ့ရင်းပြီးအာမခံပါတယ်။  သောင်းဆင့်အသက်ကံက နည်းပါးနေပါီပြီ ၊အချိန်‌လည်းမကျန်တော့ဘူးဆိုတော့ ငါ့တူမ သားရဲ့ ဘုန်းကံနဲ့ အသက်ရှည်လမ်းကြောင်းကိုကြည့်ရှု့မိလိုက်တယ် ၊ ကိုးနာရီခွဲမှာမွေးဖွားခဲ့တဲ့ စနေသား နှင်းဆီဘွဲ့ဆူးရဲ့ အသက်ကံက အသက်တစ်ရာကျော် အနာမဲ့ခြင်းကင်းစွာနေရမဲ့ကံပါနေပါတယ်။ ဘမှန်အနေနဲ့ ငါ့တူမသားရဲ့  အသံရှည်ခြင်းကံနှင့် အသက်ဆက်ခြင်းကြိုးကို ပြုလုပ်ပြီး သောင်းဆင့်အတွက် အစီအရင်လုပ်ပေးမှာပါ၊ အဲ့ဒီအတွက် တူမကြီးရဲ့သားမှာဘယ်လို ဆိုးဝါးတဲ့ အကြောင်းအရာတွေမှ ဖြစ်လာမှာမဟုတ်သလို ၊ အသက်တစ်ချောင်းကယ်ဆယ်ရတဲ့အကျိုးအတွက်သာ ကောင်းမွန်တဲ့ အနာဂတ်ဖြစ်လာစေမှာပါ "

သားကိုဖက်ထားသော လက်တို့သည်လျော့ရဲကုန်၏။
သို့ပေသည့် ရဲရဲဝင့်ဝင့်‌ တော့လွတ်မသွားပါချေ  ။ သန္တာနှင်း၏ အနည်းငယ်ပူပင်ဟန်လျော့သွားသည့်အခြေအနေကိုမြင်တော့  မခေတ္တာသည်
အနားကိုတိုးကပ်သွားကာ  

" သန္တာနှင်း အမရဲ့တူလေးက ငယ်ပါသေးတယ်ကွယ်။ ကယ်တင်ပေးဖို့ တိုက်တိုက်ဆိုင်ဆိုင် ညီမတို့ရောက်လာခဲ့တာပါ။ သောင်းဆင့်လေးရဲ့ ကံဇာတာက ညီမလေးတို့သားအမိနဲ့ ရေစက်ကိုပါနေတာပါ။ အကျိုးအကြောင်းမရှိပဲ ညီမလေးတို့လည်းဒီမ‌ ရောက်လာနိုင်သလို ၊ အမတို့တူလေးလည်း မြင့်မိုရ်ရွာထိ လာဆေးကုမှာမဟုတ်ပါဘူးကွယ် ၊စဉ်းစားပါဦးနော်၊  အမတို့တူလေးကို ကယ်ပေးပါ ညီမရယ်၊ ညီမလေးကြိုက်သလောက် အမတို့ဆီက ငွေကြေးတောင်းဆိုနိုင်ပါတယ် ၊ အမတို့ကျေးဇူးဆပ်မှာပါ "

" အို .. မဟုတ်တာတွေ မမကြီးရယ်၊ ကျွန်မ အဲ့သလောက်ထိ အမကြီးတို့အပေါ်မှာ ကျေးဇူးမကန်းပါဘူး။ သား.. တစ်ခုခုဖြစ်မှာ စိုးရိမ်လို့သာ လုပ်မိလုပ်ရာလုပ်‌လိုက်မိတာပါ။ ဘာမှ မဖြစ်တာသေချာရင်တော့ .."

သန္တာနှင်းသားလေးအား ငုံ့ကြည့်ကာ သက်မချလိုက်သည်။ ဘွဲ့ဆူးသည်လည်းမိခင်ဖြစ်သူအားမော့ကြည့်ကာ

" မေမေ ... ညီလေး ကို နေကောင်းအောင်လုပ်ပေးရအောင်နော် " ဟု ပြောလာသည်။

သန္တာနှင်း မလွတ်ချင်ဟန်ဖြင့် သားကိုကြည့်ကာ
အသာအယာခေါင်းညိမ့်ပြလိုက်၏။
ဘမှန်သည်  အိပ်နေသော သောင်းဆင့်အားပွေ့ကာ
အတွင်းအခန်းသို့ ခေါ်ဆောင်သွား၏။
ဘွဲ့ဆူးသည်လည်း နောက်မှ အသာအယာလိုက်ပါလို့သွားခဲ့သည်။

တိတ်ဆိတ်သွာ‌းသော စကားဝိုင်းသည် စိုးရိမ်သောကများဖြင့် ချက်ခြင်းဖုံးလွှမ်းသွား၏။
မွန်းမတည့်ခင် အချိန်တွင် ဘွဲ့ဆူးပြန်ထွက်လာ၏။
သန္တာနှင်းသည် သားအားချော့မော့၍
ဘမှန်သည် မည်သို့ သားအား လုပ်သလဲဟု မေးမြန်းသော်ငြား
ဘွဲ့ဆူးသည်ခေါင်းသာရမ်း၏။ အဖြေမပေးလာပေ။
နောက်ရက်တွင် သန္တာနှင်းတို့သားအမိပြန်သွားခဲ့သည်။

ဘမှန်ရှိရာ မြင့်မိုရ်ရွာတွင် သောင်းဆင့်သည် တစ်ပတ်တိတိ ဆေးကု၍ နေခဲ့ရ၏။
သောင်းဆင့်၏ လည်ပင်းတွင် ငွေဂြုပ်ကလေးကို မိခင်ဖြစ်သူဝတ်ဆင်ထားသော ရွှေဆွဲကြိုးဖြင့်သီကာ
ဘမှန်သည်ဝတ်ဆင်စေခဲ့၏။
ထိုအရာကိုလည်းမည်သည့်အချိန်မှ မဖြုတ်မိစေရန်မှာလိုက်သေးသည်။

ထို့နေ့မှစ၍ သောင်းဆင့်၏ လက် ၊လည်ပင်းတွင် ရွှေများနေရာယူလာခဲ့သည်။
ထူထူထောင်ထောင်ချက်ခြင်းဖြစ်မလာသေးပေမဲ့ သောင်းဆင့်သည် ကျွေးသမျှကို စားနိုင်လာသည်။
ကယောင်ကတန်းများကိုလည်းမပြောတော့ပေ။

သောင်းဆင့် အိမ်ပြန်မည့်နေ့မှစ၍ ဘမှန်သည် မြင့်မိုရ်ရွာမှာ တိတ်တဆိတ်ထွက်ခွာသွားခဲ့၏။
ယခုအချိန်ထိ ဘမှန်အား တွေ့ဆုံသူမရှိကြတော့ပဲ
ဘမှန်သည် ပျောက်ခြင်းမလှပျောက်ကွယ်ခဲ့သည်။

တစ်လကျော်ကြာပြီးနောက်မှာ ညီမဖြစ်သူ ကလျာသောင်းအား မိခင်ဖြစ်သူမှမွေးဖွားခဲ့သည်။
နောက်ပြီး ဘောဂသောင်းအားတရားဝင်ကွာရှင်း၍
အမွေရခဲ့သော အိမ်ခြံဝင်းလေးဆီမှာ စိတ်ကူးဖြင့်စီစဉ်ခဲ့သလိုနေထိုင်ခဲ့သည်။

သောင်းဆင့်တို့ခြံထဲမှာ စတင်၍ နှင်းဆီပင်လေးများ
သောင်းဆင့်အမေသည်စိုက်ပျိုးခဲ့သည်။
ဘောဂသောင်းသည် မကြာခဏဆိုသလို လာရောက်တောင်းပန်တက်သော်လည်း သောင်းဆင့်အမေသည် ခွင့်မလွှတ်ခဲ့ပေ။

ထိုအချိန်မှ စ၍ ဦးဘောဂသောင်းသည် သားနှင့်သမီးအား အဝေးကနေသာ တွေ့ဆုံခဲ့ရပြီး  အိမ်‌ရိပ်ကိုပင် ဇနီးသည်က မနင်းစေရဟု ပိတ်ပင်တားမြစ်ခဲ့သည်။
နောင်တတရားတို့နှင့်အတူ ဘောဂသောင်းသည်
နယ်လှည့်ရသော ကုန်သည်အလုပ်ကိုစွန့်၍ ဆန်စက်စတင်‌တည်ထောင်ခဲ့သည်။

သောင်းဆင့်သည် သိတက်စအရွယ်ရောက်ပြီမို့ ဖခင်နှင့်မိခင်၏ဇာတ်လမ်းကို အနည်းအကျဉ်းသိထားသည်။ ထို့ကြောင့် အမေချစ်သားပီပီ ဖခင်အားလမ်းတွေ့လည်းမခေါ်ပေ။
စိတ်နာ၍ မဟုတ်ပေမဲ့ အမေငိုခဲ့သည်များကို များစွာမြင်ဖူး၍ ဖခင်အား မခေါ်ချင်တာဖြစ်သည်။

ထို့နေ့ရက်များမှစတင်၍ နှင်းဆီဘွဲ့ဆူးသည်
ချောင်းကမ်းရွာကို ပြန်မလာတော့ပေ။
အမေပြောသော သောင်းဆင့်၏ အိပ်ယာဝင်ပုံပြင်များထဲတွင် နှင်းဆီဘွဲ့ဆူးသည် နတ်သားလှလှလေးဖြစ်သည်။

ကြည်ကြည်လင်လင်မျက်ဝန်းများအကြောင်း အမေပြောသည့်အခါ သောင်းဆင့် ကိုယ်တိုင်ကြည့်ချင်သည်။

အသက်ဆက်ပေးခဲ့သော နှင်းဆီတစ်ပွင့်သည် သောင်းဆင့် တို့အိမ်လေးတွင်  အထင်ကရ ပန်းလေးတစ်ပွင့်ဖြစ်ခဲ့သည်။

ထိုနေ့မှစတင်၍ သောင်းဆင့်သည် နှင်းဆီပန်းများအား စတင်ချစ်မြတ်နိုးခဲ့‌လေ၏။

ချစ်တဲ့အိမ်စည်။

( ဇာတ်လမ်းပါ အကြောင်း၊ ဇာတ်လမ်းပါ ကျေးရွာများသည် စိတ်ကူးဖြင့် ပုံဖော်ထားခြင်းသာ ဖြစ်ပြီး အပြင်တွင် ရှိမည်မဟုတ်ကြောင်း သတိပေးအပ်ပါသည်။ ) 

ေနြအကုန္မိုးအကူး။
အဲ့ဒီရာသီေရာက္ရင္ ေသာင္းဆင့္‌ ေပါက္စေလးက
က်န္းမာေရးပိုမိုခ်ူခ်ာလာတက္သည္။
တစ္ခါတေလ က်တက္ေသာမိုးႏွင့္ စိုစိစိရာသီဥတုသည္ ေသာင္းဆင့္၏က်န္းမာေရးကိုေဖာက္ျပားေစသလားဆိုတာ ထင္မွားဖြယ္ရာ။
ထိုအျပင္ ေတာေတာင္ေကာင္းေသာ အရပ္ေဒသမို႔ မိုးတြင္းဆိုလ်င္ ငွက္ဖ်ားပိုးကိုေၾကာက္ရေသး၏။
ယခုလည္း ေသာင္းဆင့္တစ္ေယာက္ဖ်ားေခ်ၿပီ။
ခ်ူခ်ာတက္ေသာ ေသာင္းဆင့္ေလးသည္
အၿမဲတမ္းက်န္းမာေရးေကာင္းမြန္သူတစ္ေယာက္လို မေနႏိုင္ခဲ့ေပမဲ့ ဆိုးဆိုးဝါးဝါးေတာ့ျဖစ္ေလ့မရိွ။
ဒါေပမဲ့ ဒီတစ္ခါ ဖ်ားနာမူ႔သည္ ေသာင္းဆင့္ေလးအေပၚမွာ မ်ားစြာ ရိုက္ခတ္ေစသည္။
ဆယ္ရက္ေက်ာ္သည္ထိ မစားႏိုင္မေသာက္ႏိုင္သလို  ေအာ့အန္ျခင္း၊
ေခြၽးေစးမ်ားထြက္ၿပီး အိပ္ယာထဲကေန ကေယာင္ကတမ္း ေအာ္ဟစ္ျခင္းေတြအထိပါျဖစ္လာခဲ့သည္။ အဆိုးဆံုးမွာ ေသာင္းဆင့္ေလးသည္ အသိရိွသူတစ္ေယာက္လို မဟုတ္ေတာ့တာပင္။

အၿမဲတမ္းလိုလို ဖ်ားနာေနၿပီး ႏိုးထသၫ့္အခ်ိန္တိုင္းတြင္ မ်က္လံုးတို႔သည္ မ်က္ႏွာက်က္ကိုသာေငးေမာေနၿပီး ဘာေျပာေျပာ ျပန္မေျပာေတာ့ျခင္း။
ျဖဴေဖ်ာ့ေသာ အသားေရတို႔သည္ေရာဂါသည္တစ္ေယာက္လို ျဖစ္ေနၿပီး ႏႈတ္ခမ္းတို႔သည္ အေရခြံမ်ားလန္သည္ထိ ေျခာက္ခမ္းလာတာပင္။

အသက္အရြယ္ႏုငယ္ေသး‌သည္မို႔ ရာသီအေျပာင္းအလဲျဖစ္တာႏွင့္ေသာင္းဆင့္ခံႏိုင္ရည္မရိွေတာ့သည္ဟု မိခင္ကေတာ့ထင္ခဲ့သည္။ ထံုစံလိုလိုပင္ ဖ်ားလ်င္အဖ်ားၾကာကာ ေတာ္ေတာ္ျဖင့္ နလန္မထူႏိုင္ေတာ့တာမ်ိဳးမို႔  ေဆးဆရာမ်ိဳးစံုပင့္ကာ ကုသေစခဲ့၏။ 
တိုးတက္မလာေသာ အေျခအေနတြင္  မိခင္ျဖစ္သူသည္ ပိုမိုေသြးပ်က္လာခဲ့သည္။

"မိငယ္ေရ ၊ ေသာင္းဆင့္ေလးမသက္သာဘူးလား"

မိငယ္ဟု အေခၚခံရသူမိန္းကေလးသည္
ၿငိဳးငယ္စြာ ေခါင္းရမ္းျပလာ၏။
သူသည္ ေသာင္းဆင့္၏မိခင္ျဖစ္ေပသည္။
နာမည္အရင္းရိွေပသၫ့္ ‌ေမာင္ႏွမ ငါးေယာက္မွာအေထြးဆံုးျဖစ္တာမို႔ မိငယ္ ၊ငယ္ငယ္ ဟုသာ အႀကီးမ်ားက ခ်စ္စႏိုးေခၚေဝၚတက္ၾက၏။
သူ အိမ္ေထာင္က်သည္က ေဘာဂဟုေခၚသၫ့္
ေခ်ာင္းကမ္းရြားသား လူခ်မ္းသာ သားတစ္ေယာက္ျဖစ္သည္။ မိဘခ်င္းသေဘာတူကာ ယူခဲ့ရတာမို႔
သံေယာဇဉ္က ေသာင္းဆင့္ ေျခာက္ႏွစ္ျပၫ့္တဲ့အထိ ထင္သေလာက္တြယ္တာမူ႔မရိွခဲ့။
ခုလည္း သားဖ်ားေနတဲ့အခ်ိန္ ၊သူသည္လည္းေမြးခါနီးဗိုက္တစ္လံုးႏွင့္ ၊ ကုန္သည္ေယာင္ေယာင္ဘာေယာင္ေယာင္လုပ္ေနတဲ့ ေယာက်ာ္းက အိမ္ကပ္သည္ဟူ၍ မရိွ။
စိတ္ညစ္လြန္းလို႔ သူ႔မ်က္ႏွာမွာ ထာဝစဉ္ ညိုးငယ္ေနရသလိုျဖစ္ေနၿပီ။
အငယ္ျဖစ္သူမ်က္ႏွာမေကာင္းေတာ့ အမႀကီးဆံုးျဖစ္တဲ့ အမ်ိဳးသမီးက မသက္မသာ ဝင္ထိုင္သည္။
ေဘးမွာ ေသာင္းဆင့္ကေလးက ဖ်ားေနတာမို႔
အိပ္ယာထပ္မွာေမွးေနသည္။
နီတီတီမ်က္ႏွာေလးက ဖ်ားေသြးေၾကာင့္ အန္း‌ေနရာ
မိခင္ျဖစ္သူမွာေတာ့ နဖူးေလးစမ္းလိုက္ပါးေလးစမ္းလိုက္ျဖင့္ ဝမ္းနည္းပက္လက္ျဖစ္ေနရရွာသည္။

" မမႀကီးရယ္၊ သားေလးအေျခအေနက တိုးတက္လည္းမလာဘူး။ အဖ်ားက ရက္ရွည္ေနၿပီ။
ကြၽန္မေလ ေသာင္းဆင့္ေလးတစ္ခုခုျဖစ္သြားမွာ သိပ္စိုးတာပဲ"

" အိုေအ၊ မေျပာေကာင္းတာေတြ။ ဘာျဖစ္ရမွာလဲ
က်ဳပ္တူက အခ်ိန္တန္ေကာင္းသြားမွာပါေအ။ "

" မဟုတ္ဘူး မမႀကီးရယ္ ၊ကြၽန္မသိတယ္။ သားသာ တစ္ခုခုျဖစ္သြားရင္ ကြၽန္မ ေသမွာ သိလား"

သားလက္ကေလးကိုဆြဲလို႔ မိခင္ျဖစ္သူက ငိုရွာသည္။
ျမင္ရတဲ့သူအဖို႔လည္းမသက္မသာျဖစ္ရ၏။

" ျမင့္မိုရ္မွာ ဘိုးေတာ္တစ္ေယာက္ ေရာက္ေနတယ္တဲ့။ေဆးကုတာလည္း ေပ်ာက္တယ္ဆိုပဲ။ ညည္းပင့္ခ်င္လား"

‌ေမ်ွာ္လင့္ခ်က္ေတြ့ရသလို မိခင္ျဖစ္သူမ်က္ႏွာသည္
ေနထိပန္းလို လန္းလာေခ်သည္။ ယခုအခ်ိန္မွာ ဘယ္လိုနည္းမ်ိဳးျဖင့္ကုရကုရ သားသာသက္သာသြားရင္ သူကုႏိုင္သည္။

" ပင့္ခ်င္တာေပါ့မမႀကီးရယ္၊ပင့္ခ်င္တာေပါ့ ။
ဘယ္လိုပင့္ရမွာလဲ ၊ကြၽန္မကိုကူညီပါဦး "

အမႀကီးသည္ ေခါင္းညိမ့္ျပသည္။
ညီမျဖစ္သူလက္ကိုလည္းပုတ္ကာ ႏွစ္သိမ့္ေပးသည္။
အပူေပၚအပူဆင့္ေနခ်ိန္တြင္ ေယာက်ာ္းလုပ္သူကေတာ့မရိွ။
အမွန္စင္စစ္ ေဘာဂေသာင္းမွာ ခ်စ္ဦးသူရိွ‌တာျဖစ္သည္။ မိဘခ်င္းသေဘာတူသူယူခဲ့ရေပမဲ့ စိတ္ကေတာ့ ငယ္ခ်စ္ဦးအေပၚမွာ မျပတ္သားခဲ့။
ထို႔ေၾကာင့္ဇနီးမယားအေပၚမွာ မၾကင္နာေပ။
ဆန္ကုန္သည္မို႔ နယ္လွၫ့္ ဆန္ေကာက္လ်င္
တစ္လကိုးသတင္း ၾကာတက္သည္။
ထိုအခ်ိန္မ်ိဳးတြင္ အိမ္သတင္းလည္းသူမသိ။
ေပ်ာ္ရာမွာေနကာ သားႏွင့္ဇနီးကိုလည္းေမ့ထားတက္သည္။
ယခုလည္း တစ္လ‌ ေက်ာ္နီးပါးၾကာျမင့္သည္ထိ ေဘာဂေသာင္းျပန္မလာခဲ့ေပ။

" ညည္းမပူပါနဲ႔ ၊ သြားပင့္ဖို႔က ငါ့တာဝန္ထားပါ ။ ဒါနဲ႔ ေဘာဂ ျပန္မလာတာ ဘယ္ႏွစ္ရက္ရိွေနၿပီလဲ။ တစ္ရြာတစ္က်ည္ေဆာက္မွ ဒုကၡေဝေနဦးမယ္ ။ ကိုယ့္လင္ကို ကိုယ္ႏိုင္ေအာင္ထိန္းဦး မိမိငယ္"

ေယာက်ာ္းျဖစ္သူအေၾကာင္းၾကားေတာ့လည္း
မိငယ္တစ္ေယာက္မ်က္ႏွာငယ္ရျပန္သည္။
ကိုေဘာဂသတင္းေတြ မၾကားမဟုတ္ၾကားသည္။
သို႔ေသာ္ အေနေအးသည္မို႔  ထက္ျမက္တဲ့ေယာက္်ားကို ႀကိဳးကိုင္ႏိုင္စြမ္းမရိွ။
သားေဇာ ၊ေယာက်ာ္းေဇာႏွင့္ ဒီႏွစ္ပိုင္းအတြင္း
လွပါသည္ဆိုတဲ့ ရြာကြမ္းေထာင္ကိုင္ျဖစ္ခဲ့တဲ့သူသည္
ေသာကေဝလ်က္ အႏြမ္းပန္းေလးႏွင့္တူေနေခ်ေလာက္ၿပီ။

" ကြၽန္မလည္း စိတ္ညစ္ေနရပါတယ္ မမႀကီးရယ္။
‌ကိုေဘာဂကို ကြၽန္မ မေျပာဝံ့ဘူးေလ။ ကံစီမံရာေပါ့မမရယ္၊ မေနခ်င္လို႔သြားဆိုလည္း သားလက္ကိုဆြဲၿပီးကြၽန္မသြားမွာပါ။ အဓိကကေတာ့ ကြၽန္မသားေလးေနေကာင္းဖို႔ပါပဲ။ ေသာင္းဆင့္ကသာကြၽန္မအတြက္အေရးႀကီးဆံုးပါ။ ကြၽန္မမွာ ရြာစြန္မွာအေမတို႔ေပးထားတဲ့ အိမ္နဲ႔ဝိုင္းေလးနဲ႔ရိွတာပဲ။
ကြဲၾကမယ္ဆိုရင္လည္း အဲ့အိမ္မွာ သြားေနရမွာပဲ။
သူမလိုခ်င္မွေတာ့ ကြၽန္မလည္းတြယ္ကပ္မေနခ်င္ဘူး"

" အို... ညည္း ဘယ္လိုစကားေျပာလိုက္တာလဲ။
သင္းက ဘာေကာင္မို႔ ညည္းက အိမ္ေပၚကဆင္းရမွာလဲ။ ဆင္းခ်င္းဆင္းသင္းဆင္းသြားပေလ့ေစ။
ဘယ္ႏွယ့္ေတာ္ အိမ္မွာ မယားတစ္ေယာက္လံုးငုတ္တုတ္ရိွေနတာေတာင္မွ အျပင္မွာ အေပ်ာ္ရွာရတယ္လို႔။ "

မမစကားေတြေၾကာင့္ မခ်ိတင္ကဲၿပံဳးမိျပန္သည္။
အတြင္းလိႈက္စားေနေသာ အိမ္ေထာင္ေရးက ဘယ္ေလာက္ၾကာေအာင္ ေတာင့္ခံႏိုင္မွာလဲ။
ရြာစြန္အိမ္ကေလးသည္ ေကာင္းမြန္ေသာ အိမ္မဟုတ္ေပမဲ့ သားအမိတေတြ လံုၿခံဳစြာေနလို႔ရႏိုင္တဲ့ ပ်ဉ္ေထာင္အိမ္ႏွစ္ခန္းပတ္လည္ေျခတံရွည္အိမ္ေလးျဖစ္သည္။
ထိုအိမ္ေလးမွာ သူတို႔သားအမိသြားေနလည္းရတယ္။
စီးပြားေရးအေနနဲ႔က မဂၤလာလက္ဖြဲ႔အေနနဲ႔ အေမတို႔ေပးထားတဲ့ လယ္တခ်ိဳ႕ရိွသည္။ အငွားခ်ကာ သိုသိုသိပ္သိပ္စားလ်င္ သူတို႔ဝမ္းေရးမပူရ။
ခ်စ္ျခင္းေမတၲာအား ေလာဘမႀကီးသူပီပီ ကိုေဘာဂေသာင္းအေပၚမွာလည္း ေပါ့ပါးေသာ ခံစားမူ႔ကိုသာ
ထားခဲ့သူျဖစ္သည္။ ထို႔ေၾကာင့္ တစ္ခါတေလ အားငယ္သည္မွလြဲ၍ ထူးေထြမခံစားရပါ။

" ကြၽန္မခံစားခ်က္ကို မမနားမလည္ပါဘူး။
ကိုေဘာဂေသာင္းက ပူေလာင္တယ္။ အပူသည္အနားမွာ ကြၽန္မၾကာၾကာမေနႏိုင္ေတာ့လို႔ပါ ။
သူ႔ဖက္ကသာ တစ္ခုခုေျပာလာၾကၫ့္ ၊ကြၽန္မ ဆြဲထားမွာမဟုတ္ဘူး ။
ကြၽန္မကေတာ့ သားသမီးေတြနဲ႔ က်န္းက်န္းမာမာေနရရင္ကိုေက်နပ္ပါၿပီ"


" မိငယ္ရယ္ ညည္းစိတ္ကလည္း ေရာင့္ရဲတက္ရန္ေကာ " ဆိုတဲ့ မမႀကီးရဲ့ အလိုမက်တဲ့စကားေၾကာင့္
သူ ေလ်ာ့ရဲရဲၿပံဳးမိပါ၏။

_______

မိုးရြာၿပီးစ အခ်ိန္မို႔ အရာရာအားလံုး ေရစက္ေရေပါက္တို႔ျဖင့္ စိမ္းစိမ္းစိုလ်က္။
ထိုအခ်ိန္တြင္ ေသာင္းဆင့္တို႔ သားအမိသည္
ျမင့္မိုရ္ရြာသို႔ေရာက္ရိွေနၾက၏။
ဘိုးေတာ္ဟုေခၚသၫ့္ အသက္ ရွစ္ဆယ္အရြယ္ ဘမွန္သည္ ခရီးတို႔အား မလိုက္ပါႏိုင္ေတာ့တဲ့အရြယ္ျဖစ္ေနၿပီမို႔ ေသာင္းဆင့္ကိုေပြ့လ်က္ မိခင္ျဖစ္သူမွာ
ဘမွန္ ဆီကို ေရာက္ခဲ့ေခ်သည္။
ေခ်ာင္းကမ္းရြာႏွင့္ျမင့္မိုရ္ရြာသည္  ေန့တစ္ပိုင္းမ်ွ
လွည္းျဖင့္သြားမွေရာက္၏။ ထိုေခတ္ထိုအခါက
ႏြားလွည္းကိုသာ အားထားရသည္မို႔ ခရီးသည္ထင္သေလာက္မတြင္ခဲ့။

လမ္းတြင္ နားတစ္လွၫ့္ ၊ ေမာင္းတလွၫ့္ျဖင့္ ေသာင္းဆင့္တို႔သားအမိသည္ ျမင့္မိုရ္ရြာသို႔မနက္အ‌ ေစာပိုင္းတြင္ေရာက္ရိွခဲ့သည္။

ဘမွန္သည္ ေဆးကုရာ၌ ေဆးစြမ္းသည္ဟု နာမည္ႀကီးၿပီး
လာေရာက္ကုသသူမ်ားကလည္းမ်ားျပားသည္။
ဘမွန္ဆီေရာက္သၫ့္အခ်ိန္တြင္ ေသာင္းဆင့္သည္ ခပ္ေဖ်ာ့ေဖ်ာ့သာက်န္ေတာ့သည္။

လူနာအမ်ားအျပားအား ကုသေပးၿပီးေနာက္တြင္
ေသာင္းဆင့္၏ အလွၫ့္ေရာက္လာေခ်၏။
ဘမွန္၏ ကုသေဆးသည္ ျမန္မာေဆးျဖစ္ကာ
ထူးဆန္းၿပီး သာမန္လူတို႔ယံုၾကည္ဖြယ္မရိွတဲ့ကိစၥရပ္မ်ားကိုလည္း အလ်င္းသင့္သလို ကုသေပးသၫ့္ဆရာအျဖစ္လည္း ဘမွန္ကနာမည္ႀကီးေသး၏။
သို႔ေသာ္ ဘမွန္သည္ ေနရာအႏွံ႔အျပားကို နယ္လွၫ့္သြားလာသူမို႔  ေတြ့ဆံုဖို႔ရာခက္ခဲသည္။

တစ္ခါတေလ ေတာတြင္း၌ အေၾကာင္းအရာမရိွေတြ့တက္ၿပီး ၊ တစ္ခါတေလ သံုးေလးႏွစ္ၾကာတဲ့အထိ ဘမွန္ကိုမေတြ့ရတက္။

ေဆးကုသရာ၌ အခေငြေၾကးလည္းမယူသလို ၊
လာသမ်ွလူနာကိုလည္းမျငင္းဆိုတက္ေပ။
ဘမွန္သည္ ေယာဂီေရာင္ အက်ႌဝတ္ထားလ်က္ 
ရွည္လ်ားေသာ မုတ္ဆိတ္အျဖဴမ်ားလည္းရိွသည္။
စဉ္းစားဟန္ျပဳသၫ့္အခါမ်ားတြင္ မုတ္ဆိတ္မ်ားအားသပ္၍ ၿငိမ္သက္သြားတက္ၿပီး အေတာ္ၾကာေအာင္ မလႈပ္ရွားေတာ့ေပ။

ယခုလည္း ဘမွန္ ေသာင္းဆင့္အားၾကၫ့္ၿပီး မုတ္ဆိတ္တို႔အားသပ္ခါ ၿငိမ္သက္၍ ေနေခ်သည္။ ‌တြက္ခ်က္ စမ္းသက္စရာ‌ ေတာ့မလိုေပ။
ေသာင္းဆင့္အားၾကၫ့္ၿပီး ဘာျဖစ္ေနသလဲ ဘမွန္အတက္ေျပာႏိုင္ေပသည္။

"ကေလးက ေရာဂါျဖစ္ေနတာမဟုတ္ဘူး။
ျပဳစားခံရတာပါ။ ေတာ္ေတာ္ေလးအေျခေနရဆိုးေနၿပီ၊လာတာေနာက္က်လိုက္တာ "

ဂရုဏာေဒါသေၾကာင့္ ဘမွန္၏ အသံေတြသည္ေလးလံေန၏။

" ဒါ..ဒါဆို ကြၽန္မသားေလးက "

ေသာင္းဆင့္လက္ဖဝါးကိုဆုပ္ကိုင္ကာ ‌မိခင္ျဖစ္သူသည္ သည္းထန္စြာငိုေႂကြးေတာ့သည္။ စကားတို႔သည္ မပီသေတာ့ပါေခ်။
အမျဖစ္သူသည္လည္းထိုျဖစ္အင္ကိုၾကၫ့္ကာ
ဝမ္းနည္းစိတ္တို႔ရစ္သီလာေခ်သည္။
ဗိုက္ႀကီးႀကီးႏွင့္ ေယာက်ာ္းလုပ္သူသည္လည္းေဘးမွာရိွမေနခဲ့။ ဘယ္ေရာက္လို႔ဘယ္ေပါက္မွန္းမသိေအာင္ ေဘာဂေသာင္းကေပ်ာက္ခ်င္းမလွေပ်ာက္ေနသည္။ အၿမဲကုန္သည္တစ္ေယာက္မို႔ နယ္လွၫ့္ေနသၫ့္အလုပ္က ပတ္ဝန္းက်င္တြင္ သတိထားမိစရာမရိွေပမဲ့ အိမ္တြင္းေရးမွာေတာ့ အပူမီးကေတာ္ေတာ္ဟပ္ေနၿပီျဖစ္သည္။

" ကယ္ပါဦးအဘရယ္၊ ကြၽန္မတို႔တူေလးကိုကယ္ပါဦး။ ဒီကို အဘအားကိုးနဲ႔ ကြၽန္မတို႔ လာခဲ့ရတာပါ "

ဘမွန္သည္ စဉ္းစားဟန္ျပဳသည္။
ကေလး၏လက္ဖဝါးႏွင့္ ပါးစပ္တို႔အားၿဖဲၾကၫ့္သည္။
ေသာင္းဆင့္သည္ ေပ်ာ့ေခြေနၿပီျဖစ္ေပမဲ့
အသက္သည္ကားရိွေသး၏။

" လုပ္တဲ့သူက ခ်စ္လို႔မဟုတ္ဘူးမုန္းလို႔လုပ္တာ။
မိသားစုထဲကတစ္ေယာက္မဟုတ္တစ္ေယာက္ေသေအာင္ အတက္ပညာနဲ႔လုပ္ထားတာပါ ၊ ကေလးက ကံလည္း‌ ေတာ္ေတာ္ညံ့ေနတယ္ "

" ရွင္!!"

မိခင္ျဖစ္သူသည္အံ့ဩေလၿပီ။ သူမတို႔မွာ
မုန္းသူမရိွေပ။ ဒါမွမဟုတ္ ကိုေဘာဂေသာင္း‌ ေၾကာင့္လား။ မ်က္ရည္ေတြသည္ မခံစားႏိုင္ေတာ့၍ ဆည္က်ိဳးသလို က်ိဳးက်ေလၿပီ။

အမွန္မွာ အရာအားလံုး သူ႔ေၾကာင့္သာျဖစ္ၿပီး
သားကေတာ့ ဘာမွန္းမသိတဲ့ကေလးငယ္ေလးသာျဖစ္၏။ ခုထိ စာမလာ သတင္းမၾကားပဲ ပစ္ပယ္ထားသၫ့္ေယာက်ာ္းအားလည္းမုန္းလွပါသည္။
အပူမီးမ်ားသည္ သားစိတ္ေၾကာင့္ တဟုန္းဟုန္းေလာင္လ်က္ ပူျပင္းလွ၏။

"  ဒါ..ဒါဆို  ၊ သားေလးကို ကြၽန္မတို႔ ပစ္ရေတာ့မွာလား... အဘရယ္ ကြၽန္မ‌သားေလးကို ကယ္ေပးပါဦး ။  ကြၽန္မ..ဘာပဲ ေပးဆပ္ရဆပ္ရ .. အဘခိုင္းတဲ့အတိုင္းလုပ္ေပးႏိုင္ပါတယ္ ။ သားကိုသာ ကယ္ေပးပါ "

" နည္းတစ္နည္းေတာ့ရိွတယ္၊ အဲ့ဒါက ဒီကေလးကို မနက္ဆယ္နာရီမထိုးခင္ေမြးတဲ့ ဘုန္းကံေက်ာ္ေဇာတဲ့စေနသားရဲ့  အကူအညီနဲ႔ ဒီမြန္းမတၫ့္ခင္ အစီအရင္လုပ္ၿပီးကုမွ ေပ်ာက္လိမ့္မယ္ "

( ဒီအပိုင္းမွာ ပါတဲ့ အသံုးအႏႈန္းႏွင့္ ဇာတ္ေၾကာင္းတို႔သည္ စိတ္ကူးယဉ္ေရးဖြဲ႔မူ႔သာျဖစ္သည္)

" ကြၽန္မ.. ကြၽန္မ ..."

ထစ္အစြာ ထြက္လာေသာ စကားတို႔ေနာက္မွာ
သူေျပာစရာစကားတို႔မရိွေတာ့ေပ။
အခ်ိန္အားျဖင့္ မနက္ ဆယ္တစ္နာရီေက်ာ္ေနၿပီျဖစ္သည္။
မၾကာခင္ မြန္းတၫ့္ေတာ့မည္။
အခ်ိန္မ်ားစြာ မက်န္ေတာ့သည္မို႔ မိခင္ ျဖစ္သူသည္
ဘာဆက္လုပ္ရမွန္းမသိေတာ့ေခ်။
ထို႔အတူ အတူပါလာေသာ အမႀကီးျဖစ္သူလည္း ေျပာစရာမဲ့ေလၿပီ။
အရြယ္မေရာက္ေသးေသာ ကေလးငယ္သည္ ဝါးၾကမ္းေပၚမွာ ပက္လက္ကေလးအိပ္၍ေနသည္။
ေရသည္ပင္တိုက္မရေတာ့သည္မို႔ ႏႈတ္ခမ္းတို႔သည္ေဖြးဆုတ္ေနၿပီျဖစ္သည္။

" မခြာညို "

ေဒၚေခတၲာသည္ လွၫ့္ၾကၫ့္လိုက္လ်ွင္ အျပာေဖ်ာ့ေဖ်ာ့ ရိပ္ပန္းကို ခ်ဳပ္ဝတ္ထားသၫ့္ အမ်ိဳးသမီးတစ္ေယာက္သည္ အရြယ္ငယ္ေသးသညါ့ကေလးတစ္ေယာက္လက္အားဆြဲ၍ ေဆးကုသတဲ့နားတိုးလာ၏။
မ်က္လံုးတို႔သည္ ရပ္ေဆြရပ္မ်ိဳးကိုေတြ့ရ၍ဝမ္းသာေနသၫ့္ဟန္။

" ဟုတ္ပါတယ္ ၊အမႀကီး မေခတၲာနဲ႔မခြာညိုမို႔လား။
ကြၽန္မ သႏၲာႏွင္းပါ ၊ရြာလယ္က ကိုဘေထြးရဲ့ညီမတစ္ဝမ္းကြဲေလ မမွတ္မိဘူးလား။ ကေလး ဘာျဖစ္လို႔လဲဟင္။"

သႏၲာႏွင္းသည္ ဘြဲ႔ဆူးလက္ကိုဆြဲကာ
အိပ္ယာေပၚကကေလးအားလွမ္းၾကၫ့္မိသည္။
ထို႔ေနာက္ အငိုမ်က္ႏွာျဖင့္ ရိွေနေသာ အမ်ိဳးသမီးႏွစ္ေယာက္ အား ထပ္မံၾကၫ့္သည္။
ကေလးေနမေကာင္းျဖစ္ေနသည္မွန္းသိေတာ့ လာႏႈတ္ဆက္ရသည္ကို အလြန္အမင္းအားနာသြား၏။

‌အမႀကီးသည္ မွတ္မိသြားေခ်ၿပီ။
သူသည္ ၿမိဳ႔သားတစ္ေယာက္ႏွင့္အိမ္ေထာင္က်သြားတဲ့ ေခ်ာင္းကမ္းရြာသူေလးျဖစ္သည္။
ထို႔ေၾကာင့္မ်က္ရည္မ်ားကိုသုတ္၍ အတက္ႏိုင္ဆံုး ႏႈတ္ဆက္လိုက္ေလသည္။

ကိုဘေထြးကိုေတာ့ သူတို႔သိ၏။
ေခတၲာ ၊ခြာညို၏ မိဘမ်ားသည္ အဆင္ေျပေသာ အသိုင္းအဝိုင္းကမို႔  ေတာင္သူလုပ္ျခင္းအျပင္ ၊ပိုလ်ံ ေသာ ေငြေၾကးတို႔အားရပ္ရြာမွာေငြးတိုးေပးေသာ အလုပ္ကိုလုပ္ကိုင္ၾက၏။

အကူညီလိုအပ္သူတိုင္း ေဒၚျမသစ္ဆိုေသာ ေခတၲာတို႔အေမႏွင့္ ကင္းလႊတ္သူမရိွၾက။
ထိုအထဲမွာ ကိုဘေထြးတစ္ေယာက္လည္းအပါအဝင္ျဖစ္သည္။ လြန္ခဲ့ေသာ ဆယ္ႏွစ္ေက်ာ္ခန႔္က
ကိုဘေထြး သည္ ၊ညီမျဖစ္သူ သႏၲာႏွင္းအတြက္ ေဒၚျမသစ္ဆီမွာ ေငြတိုးေခ်းေပးဖူးသည္။

ထိုစဉ္က ညီမျဖစ္သူ မိငယ္‌ ေလးသည္ အိမ္ေထာင္က်ခါစျဖစ္၏။  ေငြေၾကးကိစၥမ်ားကို မိငယ္မသိေပမဲ့ အႀကီးဆံုးပီပီ သူကေတာ့သိသည္။
ဒါေပသၫ့္ ယခု  လာႏႈတ္ဆက္ေသာ မိန္းကေလး၏နာမည္မွာ သႏၲာႏွင္း ဆိုတာကိုေတာ့ မွတ္မိခဲ့ျခင္းမရိွ။ ခင္မင္မူ႔ကလည္း အရြယ္ျခင္းကြာဟသည္ေၾကာင့္ မ်က္မွန္းတန္းမိရံုသာရိွသည္။

ေသာင္းဆင့္လက္ကိုကိုင္ကာ မိခင္ျဖစ္သူကေတာ့ ဟန္ေဆာင္မူ႔ကင္းစြာ ျပန္လွၫ့္၍ ငိုေနၿပီျဖစ္သည္။

ဘြဲ႔ဆူးေလးသည္ ဆြဲထားေသာ အေမျဖစ္သူလက္ကိုျဖဳတ္၍ ေနမေကာင္းေနတဲ့ကေလးငယ္အနားသို႔တို႔ကပ္သြား၏။  စပ္စုလိုဟန္ရိွေပသၫ့္ မ်က္ဝန္းမ်ားက ကေလးပီပီ သနားေနဟန္လည္းရိွသည္။
ထို႔ေနာက္ ငိုေနေသာ ေသာင္းဆင့္ေလး၏အေမအား ၾကၫ့္ကာ

" ညီေလးဘာျဖစ္တာလဲ ေဒၚေဒၚ " ဟု တိုးတိုးေလးေမးလာေလသည္။ 

မိခင္ျဖစ္သူသည္ ျပန္မေျဖႏိုင္ခဲ့ပါ။
ဦးဘမွန္သည္ ေဘးမွာ ရပ္၍ ၾကၫ့္ေနေသာ ေကာင္ေလးအား အခ်ိန္အေတာ္ၾကာေအာင္ ၾကၫ့္ေနခဲ့သည္။ထို႔ေနာက္ လက္ဖဝါးတို႔ႏွင့္ လက္ေကာက္ဝတ္တို႔အား စစ္ေဆးၾကၫ့္ရႉ႔၏။

ထို႔ေနာက္ ....

သႏၲာႏွင္းသည္ ျမင့္မိုရ္ရြာသို႔ေရာက္လာပံုမွာ ဆန္းသည္။
ေယာက်ာ္းျဖစ္သူ ျမတ္ေက်ာ္၏ ညီတစ္ဝမ္းကြဲသည္
ျမင့္မိုရ္ရြာသူတစ္ေယာက္ႏွင့္အေၾကာင္းပါ၍
မဂၤလာကိစၥအပ္ႏွင္းရန္ေရာက္လာျခင္းျဖစ္သည္။
ဘမွန္ေဆးကုရာ  တည္းအိမ္ႏွင့္ သူတို႔တည္းသၫ့္အိမ္သည္ တစ္ၿခံဝန္းထဲမွာသာျဖစ္သည္။
ေတာရြာတို႔တြင္ ၿခံအက်ယ္ႀကီးမ်ားျဖင့္ေနကာ ထိုၿခံထဲမွာပင္ အိမ္ေလးငါးလံုးခန႔္ စုေပါင္းေဆာက္လုပ္ေနတက္ၾကသည္။ 

ဧၫ့္သည္အျဖစ္ ေရာက္ရိွလာသူမို႔ အလုပ္အကိုင္မယ္မယ္ရရမရိွ၍ သားမိႏွစ္ေယာက္လံုး ထမင္းစားၿပီးပ်င္းရိေနၾကျခင္းျဖစ္သည္။
ထို႔ေၾကာင့္ မ်က္ႏွာခ်င္းဆိုင္မွ ေဆးကုလာသူေတြကိုသာ ေငးေမာၿပီး ထိုင္ၾကၫ့္ေနၾကစဉ္ ရင္းႏွီးေသာ
မ်က္ႏွာမ်ားကိုေတြ့ရ၍ဝမ္းသာအားရလာႏႈတ္ဆက္ရျခင္းျဖစ္သည္။

မေခတၲာ ၊မခြာညို ညီအမအား သႏၲာႏွင္းသိပါ၏။
လြန္ခဲ့ေသာ အတိတ္တြင္ သားေလးေမြးဖြားဖို႔ စု ေဆာင္းထားေသာ ေငြေၾကးမ်ားအလိမ္ခံရဖူးသည္။ ဘဝပ်က္မလိုျဖစ္ခဲ့ခ်ိန္ ကူညီဖူးသူမွာ ထိုညီအမ၏ မိခင္ ေဒၚျမသစ္ျဖစ္သည္။ ေငြတိုး‌ေခ်းငွားသူဆိုေပမဲ့ ဘေထြးမ်က္ႏွာျဖင့္ ေျခာက္လတိတိ အတိုးမယူပဲ ဗလာေခ်းေပးခဲ့သည္။
ထိုေက်းဇူးေၾကာင့္ သႏၲာႏွင္းရြာသို႔အလည္လာတိုင္း ေဒၚျမသစ္ကိုေတာ့ သြားေရာက္ကန္ေတာ့တက္၏။
အိမ္ေထာင္ခြဲမ်ားျဖစ္ေပသၫ့္ သားသမီးမ်ား၏ ပံုတူဓာတ္ပံုမ်ားသည္ ေဒၚျမသစ္၏အိမ္၌ ရိွေပသည္။
ထို႔ေၾကာင့္ ေခတၲာ ၊ခြာညို ညီအမသည္ သူ႔အားရင္းႏွီးမူ႔နည္းပါးေပမဲ့ သႏၲာႏွင္းကေတာ့ စိတ္ထဲခင္မင္ေနသည္သာ။

" မမႀကီး "

သႏၲာႏွင္းနဲ႔ အက်ိဳးအေၾကာင္းေျပာေန‌စဉ္
မိငယ္ဆီမွ ဝမ္းနည္းလိႈက္ဖိုစြာေခၚလိုက္သံႀကီးေၾကာင့္  ႏွစ္ေယာက္အတူလွၫ့္ၾကၫ့္လိုက္ၾကသည္။
ညီမျဖစ္သူသည္ မ်က္ရည္လည္ရြဲျဖင့္ ဘြဲ႔ဆူး၏ လက္ကိုကိုင္ကာ မပီမသေျပာလာ၏။

" သူ.. သူက စေနသားတဲ့။  မမႀကီးေမးေပးပါဦး ဘယ္ခ်ိန္ေမြးတာလဲ ၊ ညီမေလး သူဘယ္ခ်ိန္ေမြးတာလဲ "

အမႀကီးျဖစ္သူထံအားကိုးသလို တိုင္တည္ၿပီးမွ ခ်က္ခ်င္းဆိုသလို ကူကယ္ရာမဲ့တဲ့မ်က္ဝန္းေတြက သႏၲာႏွင္းဆီေရာက္လာေခ်၏။ ဘြဲ႔ဆူးသည္ သူ႔လက္ကိုင္ထားေသာ အမ်ိဳးသမီးကိုတလွၫ့္ အံ့အားသင့္ေနေသာ မိခင္ျဖစ္သူအားတလွၫ့္ ‌မ်က္လံုးေလးျပဴးကာၾကၫ့္ေနသည္။
သႏၲာႏွင္းသည္ပင္ အေျခအေနကိုနားမလည္ပဲျဖစ္ေနသည္။
မမႀကီးသည္  သႏၲာႏွင္းကို အားနာစြာၾကၫ့္လိုက္ၿပီးမိငယ္ေမးသၫ့္ စကားကိုထပ္မံ၍ေမးလိုက္၏။

" ညီမေလး သႏၲာႏွင္း ၊ ညည္းသားေလး က ဘယ္အခ်ိန္ေမြးတာလဲ"

" ကိုး.. ကိုးနာရီခြဲပါ မမ "

သႏၲာႏွင္းသည္ တံေထြးအားခက္ခက္ ခဲခဲမ်ိဳခ်ရင္း
ေခတၲာ၊ခြာညို ပန္းညီအမအားေျဖေပးမိသည္။
ထို႔ေနာက္ ငိုေနဆဲျဖစ္တဲ့ မခြာညိုလက္ထဲမွ သားျဖစ္သူကိုလည္းၾကၫ့္၏။ ဘိုးဘမွန္သည္ အလံုးစံုကို ၾကၫ့္ေနဆဲျဖစ္၏။
ထို႔ေနာက္ေခ်ာင္းဟန႔္ကာ..

"   ဒီကေလးရဲ့ က်န္းမာေရးက
သမီး ညည္းသားေပၚမွာ မူတည္ေနတယ္။ အခ်ိန္လည္းမရိွေတာ့ဘူးဆိုေတာ့ အပုတ္ခ်ိန္မေရာက္ခင္
အစီရင္ေလးလုပ္ေပးမယ္။ ကေလးႏွစ္ေယာက္ကိုေခၚထားမယ္ ။ ညည္းတို႔အျပင္ကေစာင့္ေနေခ် "

ဦးဘမွန္၏ စကားေၾကာင့္ သႏၲာႏွင္းအေတာ္ေလးထိတ္လန္႔သြားေခ်သည္။ ထို႔ေနာက္ သားလက္ကိုေျပးဆြဲကာ သူ႔ေဘးနားမွာ ေခၚထားေတာ့၏။
မ်က္လံုးအား လက္ျဖင့္ပိတ္ကာ
မၾကၫ့္ေစရန္ကာထားလိုက္၏။

မည္သို႔ပင္ ေက်းဇူးရိွပါေစ သားေလးအား ထိမည္ကိုေတာ့ ေၾကာက္ေလသည္။
ထိုေဆးဆရာဆီလာေရာက္သၫ့္ ထူးဆန္းဖြယ္လူနာမ်ားအေၾကာင္းကို သႏၲာႏွင္းသိ၏။
သားသည္ ကေလးအရြယ္သာ ရိွေသးသည္။
ထိုကိစၥမ်ားအား သႏၲာႏွင္း နားမလည္ေပမဲ့ ေကာင္းေသာ အရာျဖစ္မည္မဟုတ္မွန္းေတာ့အတက္သိသည္။

ဦးဘမွန္သည္ ထိုအခ်င္းအရာကိုေသခ်ာၾကၫ့္ကာ
ေအးေဆးစြာေျပာလာ၏။
စိတ္ဆိုးျခင္း ၊ေဒါသထြက္ျခင္းအလ်င္းမရိွပဲ..

"  အသက္တစ္ေခ်ာင္းဆိုတာ ကယ္ေကာင္းပါတယ္ကေလးမ ၊ က်ဳပ္ေၾကာင့္ ညည္းသား ဘာအႏၲရာယ္မွမက်ေစရဘူးဆိုတာ က်ဳပ္ဂုဏ္သိကၡာနဲ႔ရင္းၿပီးအာမခံပါတယ္။  ေသာင္းဆင့္အသက္ကံက နည္းပါးေနပီါၿပီ ၊အခ်ိန္‌လည္းမက်န္ေတာ့ဘူးဆိုေတာ့ ငါ့တူမ သားရဲ့ ဘုန္းကံနဲ႔ အသက္ရွည္လမ္းေၾကာင္းကိုၾကၫ့္ရႈ႔မိလိုက္တယ္ ၊ ကိုးနာရီခြဲမွာေမြးဖြားခဲ့တဲ့ စေနသား ႏွင္းဆီဘြဲ႔ဆူးရဲ့ အသက္ကံက အသက္တစ္ရာေက်ာ္ အနာမဲ့ျခင္းကင္းစြာေနရမဲ့ကံပါေနပါတယ္။ ဘမွန္အေနနဲ႔ ငါ့တူမသားရဲ့  အသံရွည္ျခင္းကံႏွင့္ အသက္ဆက္ျခင္းႀကိဳးကို ျပဳလုပ္ၿပီး ေသာင္းဆင့္အတြက္ အစီအရင္လုပ္ေပးမွာပါ၊ အဲ့ဒီအတြက္ တူမႀကီးရဲ့သားမွာဘယ္လို ဆိုးဝါးတဲ့ အေၾကာင္းအရာေတြမွ ျဖစ္လာမွာမဟုတ္သလို ၊ အသက္တစ္ေခ်ာင္းကယ္ဆယ္ရတဲ့အက်ိဳးအတြက္သာ ေကာင္းမြန္တဲ့ အနာဂတ္ျဖစ္လာေစမွာပါ "

သားကိုဖက္ထားေသာ လက္တို႔သည္ေလ်ာ့ရဲကုန္၏။
သို႔ေပသၫ့္ ရဲရဲဝင့္ဝင့္‌ ေတာ့လြတ္မသြားပါေခ်  ။ သႏၲာႏွင္း၏ အနည္းငယ္ပူပင္ဟန္ေလ်ာ့သြားသၫ့္အေျခအေနကိုျမင္ေတာ့  မေခတၲာသည္
အနားကိုတိုးကပ္သြားကာ  

" သႏၲာႏွင္း အမရဲ့တူေလးက ငယ္ပါေသးတယ္ကြယ္။ ကယ္တင္ေပးဖို႔ တိုက္တိုက္ဆိုင္ဆိုင္ ညီမတို႔ေရာက္လာခဲ့တာပါ။ ေသာင္းဆင့္ေလးရဲ့ ကံဇာတာက ညီမေလးတို႔သားအမိနဲ႔ ေရစက္ကိုပါေနတာပါ။ အက်ိဳးအေၾကာင္းမရိွပဲ ညီမေလးတို႔လည္းဒီမ‌ ေရာက္လာႏိုင္သလို ၊ အမတို႔တူေလးလည္း ျမင့္မိုရ္ရြာထိ လာေဆးကုမွာမဟုတ္ပါဘူးကြယ္ ၊စဉ္းစားပါဦးေနာ္၊  အမတို႔တူေလးကို ကယ္ေပးပါ ညီမရယ္၊ ညီမေလးႀကိဳက္သေလာက္ အမတို႔ဆီက ေငြေၾကးေတာင္းဆိုႏိုင္ပါတယ္ ၊ အမတို႔ေက်းဇူးဆပ္မွာပါ "

" အို .. မဟုတ္တာေတြ မမႀကီးရယ္၊ ကြၽန္မ အဲ့သေလာက္ထိ အမႀကီးတို႔အေပၚမွာ ေက်းဇူးမကန္းပါဘူး။ သား.. တစ္ခုခုျဖစ္မွာ စိုးရိမ္လို႔သာ လုပ္မိလုပ္ရာလုပ္‌လိုက္မိတာပါ။ ဘာမွ မျဖစ္တာေသခ်ာရင္ေတာ့ .."

သႏၲာႏွင္းသားေလးအား ငံု႔ၾကၫ့္ကာ သက္မခ်လိုက္သည္။ ဘြဲ႔ဆူးသည္လည္းမိခင္ျဖစ္သူအားေမာ့ၾကၫ့္ကာ

" ေမေမ ... ညီေလး ကို ေနေကာင္းေအာင္လုပ္ေပးရေအာင္ေနာ္ " ဟု ေျပာလာသည္။

သႏၲာႏွင္း မလြတ္ခ်င္ဟန္ျဖင့္ သားကိုၾကၫ့္ကာ
အသာအယာေခါင္းညိမ့္ျပလိုက္၏။
ဘမွန္သည္  အိပ္ေနေသာ ေသာင္းဆင့္အားေပြ့ကာ
အတြင္းအခန္းသို႔ ေခၚေဆာင္သြား၏။
ဘြဲ႔ဆူးသည္လည္း ေနာက္မွ အသာအယာလိုက္ပါလို႔သြားခဲ့သည္။

တိတ္ဆိတ္သြာ‌းေသာ စကားဝိုင္းသည္ စိုးရိမ္ေသာကမ်ားျဖင့္ ခ်က္ျခင္းဖံုးလႊမ္းသြား၏။
မြန္းမတၫ့္ခင္ အခ်ိန္တြင္ ဘြဲ႔ဆူးျပန္ထြက္လာ၏။
သႏၲာႏွင္းသည္ သားအားေခ်ာ့ေမာ့၍
ဘမွန္သည္ မည္သို႔ သားအား လုပ္သလဲဟု ေမးျမန္းေသာ္ျငား
ဘြဲ႔ဆူးသည္ေခါင္းသာရမ္း၏။ အေျဖမေပးလာေပ။
ေနာက္ရက္တြင္ သႏၲာႏွင္းတို႔သားအမိျပန္သြားခဲ့သည္။

ဘမွန္ရိွရာ ျမင့္မိုရ္ရြာတြင္ ေသာင္းဆင့္သည္ တစ္ပတ္တိတိ ေဆးကု၍ ေနခဲ့ရ၏။
ေသာင္းဆင့္၏ လည္ပင္းတြင္ ေငျြဂဳပ္ကေလးကို မိခင္ျဖစ္သူဝတ္ဆင္ထားေသာ ေရႊဆြဲႀကိဳးျဖင့္သီကာ
ဘမွန္သည္ဝတ္ဆင္ေစခဲ့၏။
ထိုအရာကိုလည္းမည္သၫ့္အခ်ိန္မွ မျဖဳတ္မိေစရန္မွာလိုက္ေသးသည္။

ထို႔ေန့မွစ၍ ေသာင္းဆင့္၏ လက္ ၊လည္ပင္းတြင္ ေရႊမ်ားေနရာယူလာခဲ့သည္။
ထူထူေထာင္ေထာင္ခ်က္ျခင္းျဖစ္မလာေသးေပမဲ့ ေသာင္းဆင့္သည္ ေကြၽးသမ်ွကို စားႏိုင္လာသည္။
ကေယာင္ကတန္းမ်ားကိုလည္းမေျပာေတာ့ေပ။

ေသာင္းဆင့္ အိမ္ျပန္မၫ့္ေန့မွစ၍ ဘမွန္သည္ ျမင့္မိုရ္ရြာမွာ တိတ္တဆိတ္ထြက္ခြာသြားခဲ့၏။
ယခုအခ်ိန္ထိ ဘမွန္အား ေတြ့ဆံုသူမရိွၾကေတာ့ပဲ
ဘမွန္သည္ ေပ်ာက္ျခင္းမလွေပ်ာက္ကြယ္ခဲ့သည္။

တစ္လေက်ာ္ၾကာၿပီးေနာက္မွာ ညီမျဖစ္သူ ကလ်ာေသာင္းအား မိခင္ျဖစ္သူမွေမြးဖြားခဲ့သည္။
ေနာက္ၿပီး ေဘာဂေသာင္းအားတရားဝင္ကြာရွင္း၍
အေမြရခဲ့ေသာ အိမ္ၿခံဝင္းေလးဆီမွာ စိတ္ကူးျဖင့္စီစဉ္ခဲ့သလိုေနထိုင္ခဲ့သည္။

ေသာင္းဆင့္တို႔ၿခံထဲမွာ စတင္၍ ႏွင္းဆီပင္ေလးမ်ား
ေသာင္းဆင့္အေမသည္စိုက္ပ်ိဳးခဲ့သည္။
ေဘာဂေသာင္းသည္ မၾကာခဏဆိုသလို လာေရာက္ေတာင္းပန္တက္ေသာ္လည္း ေသာင္းဆင့္အေမသည္ ခြင့္မလႊတ္ခဲ့ေပ။

ထိုအခ်ိန္မွ စ၍ ဦးေဘာဂေသာင္းသည္ သားႏွင့္သမီးအား အေဝးကေနသာ ေတြ့ဆံုခဲ့ရၿပီး  အိမ္‌ရိပ္ကိုပင္ ဇနီးသည္က မနင္းေစရဟု ပိတ္ပင္တားျမစ္ခဲ့သည္။
ေနာင္တတရားတို႔ႏွင့္အတူ ေဘာဂေသာင္းသည္
နယ္လွၫ့္ရေသာ ကုန္သည္အလုပ္ကိုစြန႔္၍ ဆန္စက္စတင္‌တည္ေထာင္ခဲ့သည္။

ေသာင္းဆင့္သည္ သိတက္စအရြယ္ေရာက္ၿပီမို႔ ဖခင္ႏွင့္မိခင္၏ဇာတ္လမ္းကို အနည္းအက်ဉ္းသိထားသည္။ ထို႔ေၾကာင့္ အေမခ်စ္သားပီပီ ဖခင္အားလမ္းေတြ့လည္းမေခၚေပ။
စိတ္နာ၍ မဟုတ္ေပမဲ့ အေမငိုခဲ့သည္မ်ားကို မ်ားစြာျမင္ဖူး၍ ဖခင္အား မေခၚခ်င္တာျဖစ္သည္။

ထို႔ေန့ရက္မ်ားမွစတင္၍ ႏွင္းဆီဘြဲ႔ဆူးသည္
ေခ်ာင္းကမ္းရြာကို ျပန္မလာေတာ့ေပ။
အေမေျပာေသာ ေသာင္းဆင့္၏ အိပ္ယာဝင္ပံုျပင္မ်ားထဲတြင္ ႏွင္းဆီဘြဲ႔ဆူးသည္ နတ္သားလွလွေလးျဖစ္သည္။

ၾကည္ၾကည္လင္လင္မ်က္ဝန္းမ်ားအေၾကာင္း အေမေျပာသၫ့္အခါ ေသာင္းဆင့္ ကိုယ္တိုင္ၾကၫ့္ခ်င္သည္။

အသက္ဆက္ေပးခဲ့ေသာ ႏွင္းဆီတစ္ပြင့္သည္ ေသာင္းဆင့္ တို႔အိမ္ေလးတြင္  အထင္ကရ ပန္းေလးတစ္ပြင့္ျဖစ္ခဲ့သည္။

ထိုေန့မွစတင္၍ ေသာင္းဆင့္သည္ ႏွင္းဆီပန္းမ်ားအား စတင္ခ်စ္ျမတ္ႏိုးခဲ့‌ေလ၏။

ခ်စ္တဲ့အိမ္စည္။

( ဇာတ္လမ္းပါ အေၾကာင္း၊ ဇာတ္လမ္းပါ ေက်းရြာမ်ားသည္ စိတ္ကူးျဖင့္ ပံုေဖာ္ထားျခင္းသာ ျဖစ္ၿပီး အျပင္တြင္ ရိွမည္မဟုတ္ေၾကာင္း သတိေပးအပ္ပါသည္။ ) 

Bạn đang đọc truyện trên: ZingTruyen.Xyz