ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

10

eainsi23

ချောင်းကမ်းရွာ၏ လူပျိုပွဲအပြီးမှာ ထူးဆန်းစွာ
ထွက်ပေါ်လာသော သတင်းစကားတစ်ခုရှိ၏။
ထိုသတင်းကြောင့်ရွာထဲတွင် အုတ်အော်သောင်းနင်းဖြစ်ရုံမက ရွာမျက်နှာဖုံးကြီး ဦးဘောဂသောင်းတစ်ယောက်ရမ်းပုံမီးကျ ဖြစ်နေတော့သည်။
အလားတူပင် တရားသမားဘထွေးသည်ပင်
ဒေါသစိတ်နှင့်ရှက်စိတ်တို့ကြောင့် ချောင်းကမ်းရွာမှာရှိတဲ့ သူပိုင်ဆိုင်တဲ့ လယ်တောအိမ်မှာ ချက်ချင်းပြောင်းရွေ့သွားသည်အထိဖြစ်ခဲ့ရသည်။

လူပျိုည အပြီးမှာ တစ်ယောက်မဟုတ်တစ်ယောက်
ချစ်သူရည်းစားများ အိမ်ထောင်သည်အဖြစ်ကူးပြောင်းနိုင်ကြပေမဲ့ မျိုးတူယောကျာ်းနှစ်ယောက်ကတော့ တစ်ခါပင် မကြားဖူးခဲ့ပေ။

ပိုမိုထူးဆန်းသည်က ဤသည်ကို ပြုလုပ်သူက
ရွာဇော်အရက်သမားကြီး ကိုသောင်းဆင့်ပင်။
ခိုးပြေးသည်လား၊ နှစ်ဦးသဘောတူ အကြောင်းပါကြသည်လား၊ ဒါမှမဟုတ် ယောကျာ်းလေးအချင်းချင်း မူးရူး၍ တွေ့တဲ့နေရာ အိပ်ပျော်နေသည်လား မသေချာသော်ငြား သတင်းထွက်လာသည်က
သောင်းဆင့်တစ်ယောက် ယောကျာ်းခိုးပြေးသွားသည်ဟူ၍ ။

မဖြစ်နိုင်ဘူးဟု တချို့က တထစ်ချ ပြောကြပြီး ၊တချို့ကတော့ အတူဖက်၍ ပွဲမှ ထွက်ခွာသွားသည်မို့ ခိုးပြေးတာသေချာသည်ဟု ပြောကြပြန်သည်။
မည်သို့ပင်ဆိုစေကာမူ သေချာသော သတင်းစကားအား ဖြန့်သူတို့က ရှိသေးပေသည်။

သာဒင်သည် ရွာတောင်ပိုင်းကို တာဝန်ယူပြီး၊ ဖိုးထွေးကတော့ ရွာမြောက်ပိုင်းကိုတာဝန်ယူကာ ခိုးပြေးပြီဟု မသိမသာ သတင်းလွှင့်ခဲ့သည်။
ထို့အကြောင်းသည် လွန်ခဲ့သောနှစ်ရက်ကတည်းက ပျံ့လွင့်နေပြီး
တစ်ယောက်စကား၊တစ်ယောက်နားဖြင့် ဟိုးလေးကြော်ခဲ့သည်။
တခြားအကြောင်းပြချက်ရှိသေးသည်။
အပျိုခေါင်း ဒေါ်လော်စပီကာကြီးသည်လည်း
သောင်းဆင့်က ဘွဲ့ဆူးအားပွေ့ဖက်ခေါ်သွားသည်ဟု သက်သေထူပြန်သည်။

ရှစ်ဆယ်ရာခိုင်နှုန်းသာ သေချာသေးပေမဲ့ မိုးလင်းသည်နှင့် လေးရွာအနှံ့ ထိုသတင်းတို့က တောမီးပမာပျံ့နှံ့ကုန်သည်မှာ နှစ်ရက်မျှကြာမြင့်ခဲ့သည်။

" သောင်းဆင့်ဆက်နိုင်!!!"

" ဗျာ အဖေ "

ပုံမှန်မဟုတ်သော ထူးသံနှင့် အတူ အညိုအမဲ စွဲနေသော မျက်နှာတစ်ခု။  ဧည့်ခန်းမှာ ငုတ်တုတ်ထိုင်နေသည်မို့
ပါးစောင်မှာ ညိုငန်းနေရုံသာမက မျက်ကွင်းတစ်ဖက်လည်း ရုပ်ပျက်ဆင်းပျက်ညိုနေသေးတာကို ရှင်းရှင်းလင်းလင်းတွေ့နေရသည်။
ဦးဘောဂသောင်း ဒေါသအလျောက် ခါးထောက်ကာ မတ်မတ်ရပ်ကာ သူ့သားအားကြည့်မိသည်။
ပြောစရာစကားပျောက်ရှလျက် ‌အံကြိတ်မျက်မှောင်တွန့်ရုံသာ တက်နိုင်သည့်အခြေအနေ။
ရောက်လာတော့လည်း သူအိမ်ထောင်ကျတာကို အတိအလင်းအဖေကိုလာပြောပြသည်။

နဂိုကမှ ဒေါသထွက်နေပါသည်ဆိုမှ သူ့အဖြစ်က
မီးပုံထဲဓာတ်ဆီ လောင်းထည့်ခံလိုက်ရသလို တဝုန်းဝုန်းထတောက်လာသည့်နှယ်။

" မင်းငါ့ကို မရွဲ့နဲ့ ။ ခုအဲ့ကောင်လေးကို ပြန်ပို့ပေးလိုက်၊ မဖြစ်နိုင်တာကို ဇွတ်မလုပ်ချင်နဲ့ နော် သောင်းဆင့်ဆက်နိုင်"

" မဖြစ်နိုင်ဘူးဆိုတာ အဖေက ဘာကိုပြောတာလဲ။
အဖေ့တုန်းကလည်းအဖေကြိုက်တာလုပ်ခဲ့တာပဲ။
သောင်းဆင့်ကျမှ ဘာလို့လာတားနေတာလဲ ၊ မရဘူး။
သောင်းဆင့် က သောင်းဆင့် လုပ်ပြီးသားကိုပြန်ပြင်ရိုးထုံးစံမရှိဘူး "

ပြောပုံက အမှားလုပ်ထားတာ မဟုတ်သည့်အတိုင်း။
သောင်းဆင့်ဆက်နိုင်မျက်နှာပြောင်တိုက်ချက်က ကမ်းကုန်နေပါပြီ။
အမြဲ ပြောနေကျ ကျုပ်ဆိုတဲ့ အသံပျောက်လျက်
သောင်းဆင့်က ဆိုတဲ့ အသံကြီးကို ဦးဘောဂသောင်းမကြားနိုင်စွာ မျက်နှာကြီးရှုံ့တွလာပါ၏။

သားယောကျာ်းလေးတစ်ယောက်ထဲမို့ သူ့မှာ မပြောမဆူရက် ချစ်ခဲ့ရသည်။
သင်းက အဖေဖြစ်သူကို အရွဲ့တိုက်ဖို့ကလွဲပြီး
ချစ်မှန်းလည်းမသိ၊ အနားလည်းမကပ်။

" သဘောမတူဘူး။ ငါဘယ်လိုမှ စိတ်ဒုန်းဒုန်းချ မျက်စိစုံမှိတ်ပြီး  သဘောတူပါတယ်ဆိုတာ ပြောကို ပြောမထွက်တာ။ တဖက်ကလည်း မင်းကို မကျေနပ်ဘူးဆို။ အတင်းမလုပ်နဲ့သောင်းဆင့် ထောင်ကျသွားမယ်။ ပြန်လွတ်ပေးလိုက်"

" သူလည်းနာမည်ပျက်နေပြီ။
ပျက်အောင်လည်းသောင်းဆင့်ပဲ လုပ်လိုက်တာ။
အဖေက အမေ့ကို မချစ်ပေမဲ့ သောင်းဆင့်ကတော့
နှင်းဆီဘွဲ့ဆူးကို ချစ်လိုက်တာမှာတုန်လို့ "

" တော်တော်... မင်းထင်တာတွေ ရမ်းမပြောနဲ့ ။
ခု ပုန်းနေတဲ့နေရာကနေ အိမ်ကို ပြန်လာနေ။
ကောင်လေးကိုလည်း အိမ်ပြန်ပို့ဖို့ ငါလုပ်ပေးမယ်"

" အဖေက အခွင့်အရေးပေးနေတာကို မယူတက်တာပဲ။။ သောင်းဆင့်အကြောင်းကို အဖေသိရဲ့နဲ့ လာတားနေတာ လေကုန်မှာပေါ့ ၊ဘယ်တုန်းကရဖူးလို့လဲ။
သောင်းဆင့်က မူးပေမဲ့ တစ်ခွန်းဆို တစ်ခွန်း ပြောပြီးသားစကားကိုတည်တယ်။
အဖေလို မဟုတ်ဘူး။ သောင်းဆင့်က ယူထားတဲ့ ကောင်လေးကို  တစ်သက်လုံးပေါင်းမှာ ..ကဲ သောင်းဆင့်ပြန်တော့မယ်။ "

" မင်း!!!"

ဦးဘောဂသောင်း လက်ညိုးကြီးထိုးလျက် စကားပင်ဆက်မပြောနိုင်တော့ပေ။
သောင်းဆင့်ကတော့ အဖေဘာပြောပြော လုပ်ချင်ရာလုပ်တက်တဲ့ဉာဉ်ကတော့ နည်းနည်းမှမပျောက်။
ခုလည်း ပုဆိုးကို ဖြန့်ကာ ယိုင်တိုင်တိုင်ထရပ်ကာပြန်တော့မည့်ဟန်။

" မင်း..မင်း ငါ့စကားကိုနားမထောင်ရင် အမွေဖြတ်မှာနော် "

နောက်ဆုံးသောကြိုးကို ဦးဘောဂသောင်းမှီရာဆွဲလိုက်သော်ငြားသောင်းဆင့်က အရေးပင်မလုပ်။

ဧည့်ခန်းဘေးမှာ‌ထပ်ထားတဲ့ ဆန်အိတ်တွေထဲက တစ်အိတ်ကိုကောက်ထမ်းကာ ပြန်ကာနီး
ပြောသွားသော စကားကို နားထောင်၍ ဦးဘောဂ၏နားထင်မှသွေးကြောတို့သည် တဒိန်းဒိန်းထောင်တက်လာ၏။

" အဖေဖြတ်လည်း သောင်းဆင့်က မမူ့ဘူးနော်။
ပြီးမှ အိမ်ပြန်လာခဲ့လို့ ခေါ်လည်း သောင်းဆင့်က ဘူးဆို ဖရုံမသီးတော့ဘူး။ ယူထားတဲ့ ယောကျာ်းက
ပညာတက် တယ်။ သောင်းဆင့် ရွာမနေပဲ မြို့ကို လိုက်သွားလိုက်မှာ " တဲ့ ။

ဒီဖေ ....

_____

" လူယုတ်မာ "

ပြန်လာတာနဲ့ ပစ်လွင့်လိုက်တဲ့ စတီးဇလုံတစ်ခုက
သောင်းဆင့် နှဖူးအား ဒင်ကနဲနေအောင် ထိတွေ့လာ၏။ ရှောင်ချိန်မရလိုက်သည်မို့ ပူသွားတဲ့ နှဖူးအားပွတ်၍ ဆန်အိတ်ကိုချကာ ဒေါသကြောင့်နီရဲနေသော မျက်နှာလေးဘေး ခြေပစ်လက်ပစ် ဝင်ထိုင်လိုက်သည်။

" နာလိုက်တာဗျာ။ ကျုပ်နှင်းဆီက လက်သွက်ချက်ကတော့ ကျုပ်ယောကျာ်းဖြစ်ထိုက်ပါ‌ ပေတယ်။ "

ပြောလာတဲ့ စကားကြောင့် ဘွဲ့ဆူး စိတ်ပျက်လက်ပျက် မျက်နှာလွဲလိုက်မိသည်။
ရောက်နေတဲ့ နေရာသည် လယ်တောအိမ်တစ်ခု။
ဘယ်နေရာမှန်းသူမသိသလို အနည်းငယ်သောက်မိသော အရက်ကြောင့် အရက်သမားမျိုးတူကောင်ကို ယူလိုက်ရသည်။

ခိုးပြေးလာသည်ဆိုတဲ့ စကားမှလွဲ‌၍ ဘာမေးမေးမရ။
အကြိမ်ကြိမ် ထိုးနှက်ရိုက်နှက်သော်လည်း အပြုံးမပျက် စကားဖြင့် အသားယူသည်။

" ငါ့ကို အိမ်ပြန်ပို့ပေး"

" လာပြန်ပြီ။ ပြောရင်မောမယ်လို့ပြောထားပြီးသားနော်။ ကျုပ်က ချစ်လို့ ခိုးလာပါတယ်ဆိုမှ ပြန်လာပို့ခိုင်းမနေနဲ့။ ဒီမှာ ခင်ဗျားရောက်နေတာ နှစ်ရက်ကျော်နေပြီ။ ခုမှပြန်ပို့ခိုင်းလည်း နောက်ကျသွားပြီ။
တစ်ရွာလုံး တစ်နယ်လုံး ခင်ဗျားနဲ့ ကျုပ် ဘာဘာညာညာ ဖြစ်သွားပြီဆိုတာ မသိချင်မှမဆုံး။ ပြောရရင် ခင်ဗျား ဘထွေးတောင်မှ စိတ်ဆိုးလွန်းလို့ အိမ်မှာတောင်မနေဘူးဆိုပဲ"

" မင်းဘယ်လိုတောင် ကိုယ့်အပေါ်ကို လုပ်ရက်ရတာလဲ ။  မင်းနဲ့ ဘာရန်ငြိုးမှမရှိပဲ.. ကိုယ့်ဘဝကို မင်းဖျက်စီးတယ်"

" ကျုပ်ခုထိ ခင်ဗျားကို ထိတောင်မထိရသေးဘူး။ ဘောက်မဲ့ကြောင့် ဖျက်စီးတယ်ပြောနေရတာလဲ ။ "

" မင်း စကားတက်တိုင်း လက်တစ်လုံးခြားမပြောနဲ့။
မင်းကြောင့် ကိုယ်နာမည်က သုံးစားစရာမရှိမှတော့ ဘဝပျက်တာနဲ့အတူတူပဲကွ "

" ကျစ်.. စိတ်ဆိုးရင် အော်ပါဗျာ။ ဘာလို့ မျက်ရည်က ကျလာရတာလဲ။ တိတ် .. တိတ်။ ဖြစ်ပြီးမှတော့
အတူတူနေရတော့မှာပေါ့။ ချစ်လို့ ခိုးလာပါတယ်ဆိုဆိုမှ လူကို စိတ်မကောင်းဖြစ်အောင် ဘာတွေပြောနေတာလဲ။ ကျုပ်က ကျုပ်နှင်းဆီကို ပျော်အောင်ထားမှာပါဗျ "

နီရဲရဲ မျက်နှာပေါ်က မျက်ရည်စတွေအား တယုတယ သုတ်ကာ သောင်းဆင့်ပြောသည်။
ဘွဲ့ဆူး စိတ်ညစ်လွန်းလို့ ရူးချင်နေပြီဖြစ်သည်။
မျက်နှာပေါ်က လက်တွေအားရိုက်ပုတ်ကာ
ခေါင်းရမ်း၍ အထိမခံပဲ ငြင်းသည်။
သောင်းဆင့်က ပြုံး၍ ဘေးမှာ ထိုင်ကြည့်ကာ
ဘွဲ့ဆူးအထပ်မထိတော့ပေ။

" ကျုပ်ထမင်းချက်ဦးမယ်။ ဒီရက်ပိုင်းတော့ ရှိတာနဲ့ စားလိုက်နော်။ "

ပြောစကားကို နားမထောင်ပဲ သောင်းဆင့် ထိုင်ရာမှထသည်။ ထို့နောက် မီးမွှေး၍ အဖေ့ဆီက ယူလာသောဆန်ဖြင့် ထမင်းအိုးတည်ထားကာ အိမ်ဘေးရှိ တောစပ်ကို အလျင်စလို ဝင်သွားလိုက်သည်။
သူတို့ရောက်နေသော နေရာသည် လေးရွာတောစပ်မှာရှိတဲ့ ရွာနဲ့အဝေးဆုံးလယ်တောတစ်ခုမှာဖြစ်သည်။
လယ်တောအိမ်မို့ ခြေတံရှည်ဖြစ်ကာ အောက်တွင်အကာအရံမရှိ။
အနည်းငယ်ယိုင်၍နေသည်။
မီးဖိုခန်းနှင့်အိပ်တဲ့နေရာသည် နှစ်ခန်းငယ်ကျဉ်းကျဉ်းမို့  သောင်းဆင့်လုပ်သမျှ ဘွဲ့ဆူးသိနေနိုင်သည်။
ပလိုင်းလွယ်ကာ ထထွက်လာတော့ ထမင်းအိုးငဲ့ဖို့ပြောထားခဲ့သည်။
သို့သော်အရေးမလုပ်။

သူ့နှင်းဆီ၏ အကျင့်မှာ စိတ်ဆိုးနေလျင်တောင်မှ
ပစ္စည်းတို့အားနှမြောတက်သော ကောင်းသောအကျင့်ရှိသည်။
စားပြီးသားပန်းကန်အား ပစ်ထားခြင်းမရှိ။
သောင်းဆင့်မစားရသေးလျှင် သပ်ရပ်စွာ ဟင်းတို့ကိုချန်၏။

ထို့ကြောင့် သောင်းဆင့်ပိုလို့ အသည်းစွဲရသည်။

တောစပ်ကို ဝင်လိုက်သည်နှင့် တကျီကျီ အသံတို့သည် ပို၍ ဆူညံလာသည်။
အရိပ်ကောင်းသည်မို့ ကျေးငှက်တို့နားခိုရာ ကောင်းကာ  အေးမြခြင်းသည် အလျဉ်းမရှိ။

သူ့နှင်းဆီကလေးနှင့် အဆင်ပြေချင်ပါသည်။
နှစ်ကိုယ်တူတောကိုဝင်ကာ စားသောက်ဖွယ်ရာများအားလည်း ရှာချင်ပါသည်။
ချစ်ခင်နှစ်သက်စွာ သူ့အား ချစ်စကားတွေပြောလာစေချင်သည်။
သို့သော် သောင်းဆင့်က လောဘသတ်နိုင်သည်။
ဘေးမှာရှိလျင်ရသည် ။
မချစ်သော်လည်း မခွဲသွားလျင်ရသည်။

အတွေးတို့က နှင်းဆီဘွဲ့ဆူးလေးကြောင့် ပြုံးတမြမြဖြစ်ရသည်။

စိတ်ချမ်းသာလိုက်ပါဘိ။

ပလိုင်းမှာ ထည့်ထားသော ဓားအားယူကာ
ပုံနေသော အင်ဖက်တချို့အားရှင်းလိုက်သည်။

ထိုနေရာရှိမြေသည် ညက မိုးကြောင့် စိုစွတ်လျက်ရှိသည်။
ကြီးမားသော အင်ပင်များကြားမှာ သောင်းဆင့် ငုတ်တုတ်ထိုင်လိုက်သည်။ သူရောက်နေသော နေရာသည် လေးရွာတောစပ်ရှိ အင်ပင်များအပေါက်များသော အင်းတိုင်းတော ဖြစ်သည်။
မိုးစပ်စပ်ကျသော ရာသီတွင် အင်ဥပေါ်တက်သည်။
မငုတ်တငုတ် ထိပ်မဲလေးများပေါ်နေသော ဥငယ်လေးများသည် အင်ဖက်တို့ဆွေးမှ ဖြစ်တည်‌လာသော အင်ဥလေးများဖြစ်သည်။

အနက်ရောင် ဥလေးများမှာ ပွယောင်းသည့် မြေကိုအနည်းငယ်စွလိုက်သည်နှင့်ပေါ်လာချေသည်။
ထိုအရာကို အင်ဥဟုခေါ်သည်။

မရင့်သေးသည်မို့ ဥတို့သည် ခပ်သေးသေးသာရှိချေသေး၏။
သောင်းဆင့်ခပ်သွက်သွက် အင်းဥတူးမိသည်။
ပေါများသော အရပ်ဒေသမို့  လိုတာထပ်ပိုပြီးမတူးခဲ့ပေ။

ဒီနေ့ အင်ဥ ချက်မည်။
အရည်သောက်တစ်ခွက်လည်းချက်မည်။

စိတ်ကူးဖြင့် ဟင်းချိုသောက်လို့ ရမည့်အရွက်တချို့ကိုတောစပ်မှ ခူးခဲ့သေးသည်။
သောင်းဆင့်ပြန်ရောက်သည့်အချိန်တွင် နှင်းဆီဘွဲ့ဆူးသည် တမင်းအိုးငှဲ့ထားချေသည်။
လူကမူ အောက်ထပ် ရေတွင်းမှာ ရေပုံးချကာ ရေငင်နေတာကိုတွေ့ရသည်။
အမြန်ပင် အင်ဥတုအားရေပြောင်အောင်ဆေး၍
ဓားဖြင့်ပါးပါးလှီးလိုက်သည်။
ဆီကော ဆန်ကော အဖေ့ဆီမှ လုလာတာမို့ ဝယ်စရာတော့မလိုပေ။
တခြားသော အရာများကိုတော့ သုံးစရာမရှိသည်မို့
သူ့နှင်းဆီဆီက တောင်းရသည်။

ထိုနေ့က အင်္ကျီအိတ်ထဲ ထည့်ထားသော ပိုက်ဆံအနည်းငယ်သည် နှင်းဆီဘွဲ့ဆူးအိတ်ထဲပါလာခဲ့သည်။

ငါးသောင်းကျော်မို့ သောင်းဆင့်တို့နှစ်ယောက် လောက်ငှပါ၏။ တောင်းသည့်နေ့က စိတ်ဆိုးကာ ကြည့်သော အကြည့်တို့အား သောင်းဆင့်မမေ့။

" ခိုးပြေးလာတာ မင်း။ ပိုက်ဆံလာတောင်းတော့ ကိုယ်ဆီ။ မင်းမလွန်ဘူးလား" တဲ့ ။
ရှက်ပေမဲ့လည်း မျက်နှာပြောင်တိုက်ခဲ့မိသည်။
သူ့ရည်ရွယ်ချက်က နှင်းဆီဘွဲ့ဆူးအား ရွှေကွပ်ထားချင်တာဖြစ်ပေမဲ့ ခုတော့ လင်ဆီကတဖန်ပြန်တောင်းစားနေရသည့်အဖြစ်ဖြစ်‌ နေပေသည်။

နှင်းဆီဘွဲ့ဆူးသာ လိမ်မာလျင် တချိန်ကျ ဘယ်သူ့အတွက်ဖြစ်နိုင်မှာတဲ့လဲ။ အခုလိုအဆင်မပြေချိန်မှာတော့ ရွှေကွပ်မည့်အစီအစဉ်သည် နောက်သို့ရွေ့ရတော့၏။ မရှာကျွေးချင်လို့မဟုတ်ပါ။  ရှိတာကိုချွတ်ပေးဆိုရင်တော့ ချွတ်ပေးဖို့အသင့်။

" ရေတွေသုတ်ဗျာ ၊ ထမင်းစားရအောင် "

ခူးခပ် ထားသော ထမင်းစားပွဲမှာ ယပ်တောင်တချောင်းနှင့် တဖြန်းဖြန်းခပ်ကာ သောင်းဆင့်တစ်ယောက်ထိုင်နေသည်။
ဘွဲ့ဆူးခပ်တည်တည်ဖြင့် သူ့အားမျှော်ကြည့်
နေသော မျက်ဝန်းတစ်စုံအားရှောင်လွဲလိုက်သည်။
အခန်းဟူ၍ သီးသန့်မရှိသော လယ်တောအိမ်သည်
ဘွဲ့ဆူးအတွက် အတော်လေးနေရခက်စေသည်။
ဟန်ကိုယ်ဖို့ အဝတ်တို့အား အရက်သမားရှေ့မှာ လဲလှယ်ရသည်မှာ  စိတ်ကျဉ်းကြပ်ဖွယ်။

" မင်းမျက်လုံးကြီး ဟိုဖက်လှည့်ထားလိုက်စမ်းပါ"

မချင့်မရဲ ပြောနေပုံလေးက ရင်အေးစရာဖြစ်‌ နေလေသည်။ ဆူဆူပြောပြော သောင်းဆင့်ငေးမဝ။ ခုထိ မပျောက်သေးတဲ့ အညိုရောင်မျက်ကွင်းတစ်ဖက်ဖြင့် သောင်းဆင့်က ဘယ်တော့မှအမှတ်‌သည်းခြေမရှိ။

" လှည့်မရဘူးဗျ။ ယောကျာ်းချင်းဆိုပေမဲ့ ခင်ဗျားကကြည့်ချင်စရာလေး "

" ဘာပြောတယ် "

စကားထက် လက်ကအရင် ဝှစ်ခနဲ ပစ်လိုက်ပြီးသား။
လျစ်ခနဲပြေးဝင်လာတဲ့ စတီးဇလုံက ခေါင်းအား
ဒေါင်ခနဲမြည်သည်ထိ ထိချက်ကပြင်း၏။

" အ ! "

" မှတ်ပြီလား "

သောင်းဆင့် ခေါင်းကိုပွတ်ကာ နှင်းဆီဘွဲ့ဆူးအား ငေးကြည့်လိုက်မိသည်။
ရေစက်လက် ကိုယ်ထည်သည် ရင်ပြင်ကျယ်ကာ
ခါးနေရာမှာ သွယ်လျသွား၏။
သပ်ရပ်စွာဖြီးသင်တက်သော ဆံပင်တိုတွေသည် ခုတော့ ရေဖြင့်ရွဲကာ တစက်စက်ကျလေသည်။
နာရကောင်းသည် မရှိ။
စိတ်ဆိုးမူ့မရှိ ၊ သောင်းဆင့် မျက်စိလွှဲဖို့မေ့ခဲ့သည်အထိ။

" မမှတ်ဘူး။ "

" သောင်းဆင့်ဆက်နိုင် !!!"

" ဗျာ ဗျ "

" မင်း.. မင်း ကိုယ့်ကို ဒေါသထွက်သေအောင်လုပ်နေတာလား "

ပြူးဝိုင်းကာ တဆတ်ဆတ်တုန်နေသော ဒေါသမျက်နှာလေးကိုကြည့်ကာ သောင်းဆင့် မြန်မြန်ဆန်ဆန်ခေါင်းရမ်းပြလိုက်သည်။

" ကျုပ်နှင်းဆီကို ရင်တုန်၊ဖင်တုန်အောင်ထိ ချစ်မဝတာ၊ သေအောင်လုပ်စရာလား။ မကြည့်တော့ဘူးဗျာ။ ထမင်းစားရအောင် သွက်သွက်သာ လာတော့"

အချိုးမပြေသော စကား၏နောက်ကွယ်မှာ
ပြုံးစိစိဖြစ်နေသော ရုပ်ကြီးကြောင့် ဆက်ပြောဖို့နှုတ်ဆိတ်လိုက်ရတာ ဘွဲ့ဆူးသာဖြစ်သည်။
ထိုနေ့ကုန်အပြီး မိုးလင်းသည့်အချိန်တွင် မွှန်ထူနေသော အရက်နံ့တွေကြားမှာ ဘွဲ့ဆူးနှိုးလာခဲ့သည်။
တင်းကြပ်အောင်ပွေ့ဖက်ထားသည်က မျိုးတူယောကျာ်းတစ်ယောက်ဖြစ်နေသည်မှလွဲပြီး
ညက ဘာဖြစ်ခဲ့သလဲဆိုတာ ဘွဲ့ဆူးမသိခဲ့တော့ပေ။

အကြောင်းစုံသိလာပြီးနောက်မှာ သင်းက ကိုယ့်ကိုခိုးပြေးလာသည်တဲ့။
စိတ်တိုလွန်းလို့ ထိုးနှက်ခဲ့မိသည်။
ညိုငန်းကာ သွေးစက်လက်ကျသည်ထိ သူ့ဒေါသအားဖြေခဲ့သည်။
သို့သော် ချစ်လို့ပါ ဆိုတဲ့ စကားကလွဲပြီး ဘွဲ့ဆူးအားသောင်းဆင့် မတောင်းပန်ခဲ့ပေ။
ပထမတစ်ရက်ထိ သူ့အား အတင်းအကြပ် ချုပ်၍ ထိန်းသိမ်းထားခဲ့သည်။
ဒုတိယနေ့တွင် ဖိုးထွေးရောက်ခဲ့၏။
အ ကျိုးအကြောင်းမေးမြန်းကြည့်တော့ ဘွဲ့ဆူးသည် ယောကျာ်းခိုးပြေးသွားပါသည်ဟု ထိန်းသိမ်းမရအောင်နာမည်ပျက်ခဲ့‌ လေပြီ။
ဘထွေးသည်ပင် သူ့အား စိတ်နာသွားခဲ့ပြီး
အနယ်နယ်အရပ်ရပ်ထိ သူ့သတင်းသည် ထူးဆန်းတဲ့သတင်းစကားဖြစ်သွားခဲ့၏။

ဤအကြောင်းအရာတွေဖြစ်ပြီးနောက်မှာ ဘွဲ့ဆူးသည် သောင်းဆင့်ကို မချစ်သော်လည်းအောင့်ကာနမ်းသည့်အဖြစ်အားရောက်ခဲ့တော့သည်။

ရွာမှာနေမဖြစ်လျင် ဘွဲ့ဆူးမြို့ကိုပြန်မည်။
သောင်းဆင့်အားတော့မယူနိုင်ပေ။
သူ့အိမ်မက်၊သူ့ဘဝသည် သောင်းဆင့်ကြောင့်အဖက်ဆယ်မရအောင်ပျက်ရပြီမို့ အတိတ်က မုန်းသည်ထက် ပို၍ ပင်မုန်းလာခဲ့သည်။

" အဝတ်လဲပြီးရင်လည်းလာဗျာ။ ကျုပ်ချက်ထားတာ ပူပူနွေးနွေးပဲရှိသေးတယ် ၊ ခုစားမှာ စားမြိန်တာဗျ "

ဘွဲ့ဆူးသက်ပြင်းချကာ မအီမသာ ထမင်းဝိုင်းအားဝင်ထိုင်လိုက်လေသည်။
အနံ့အရသာသည် အရက်သမားချက်ဆိုသော်ငြား ပြောစရာမလိုအောင် ကောင်းပေသည်။

" အင်ဥလေ ၊ စားဖူးလား။ "

ဘွဲ့ဆူးဖြေမဖြေပေ။
ထည့်ပေးသော ထမင်းနဲ့ဟင်းကိုသာနှယ်ဖက်၍စားလိုက်သည်။ သူမပြောလဲ လေကြောရှည်တဲ့ အမူးသမားက ဂရုမစိုက်။

" ပေါ် ဦး ပေါ်ဖျားဆိုတော့ အင်ဥတွေ နုသေးတယ်။
ဒါနဲ့ ဒီအနောက်ဖက်တောစပ်မှာ အင်ပင်တွေရှိတယ် သိလား။ ခင်ဗျားပျင်းရင် ကျုပ်လိုက်ပို့ပေးမယ်လေ။
ဒါမှမဟုတ် ကျုပ်တို့နှစ်ယောက် အတူတူ သွားတူးကြမလား။ ခုတလော အိမ်ပြင်ထွက်မရသေးတော့
စားဖို့သောက်ဖို့က တောထဲရှာဖွေစားမှ ဖြစ်မှာ "

" မင်း ငါ့ဆီက ပိုက်ဆံ ငါးသောင်းယူထားသေးတယ်နော်။ အရင် အကြွေးလည်းမကျေသေးဘူး"

သောင်းဆင့် ပြောလက်စစကားရပ်သွား၏။
ထို့နောက် ဘွဲ့ဆူးစားနေတဲ့ ထမင်းပန်းကန်ထဲဆီသို့ ဟင်းခပ်ထည့်ပေးကာ

" နောင်ရေးတွေ ပြောနေတယ်လေဗျာ ။  ကိုယ့်ယောကျာ်းဆီ အကြွေးအကြောင်းပြောတာ ခင်ဗျားတစ်ယောက်ပဲ ရှိလိမ့်မယ်။ "

" ငါ့မှာ စုထားတာအများကြီးမရှိဘူး "

သောင်းဆင့်ခေါင်းညိမ့်ပြသည်။

" မပူပါနဲ့ ။ ကျုပ်မှာ ရွှေတွေရှိပါတယ်။ အဖေပြန်သိမ်းမယ်ဆို‌ရင်တော့ တခြားနည်းလမ်းစဉ်းစားရမှာပါ့။ ကျုပ်အမေပေးခဲ့တာဆိုပေမဲ့ သူက အဖေဆိုတော့ ပြန်မပေးရင် ကျုပ်က ငရဲကြီးဦးမယ်။
အဖေက ခင်ဗျားနဲ့ယူမှာကို စိုးနေတယ်။ ကျုပ်ကလည်းကျုပ်ပဲ နှင်းဆီကိုမှမရရင် မလွယ်တော့ဘူးမို့ အမွေဖြတ်မယ်လို့ ပြောတာကို မသိချင်ယောင်ဆောင်ခဲ့လိုက်တယ်။ သူပြန်မလာတောင်းခင် မြန်မြန်ရောင်းစားရင်တော့ ရပါတယ်။ ခင်ဗျားမပူပါနဲ့ ။ မဖြစ်တဲ့အဆုံး ကျုပ် တောလည်ကျွေးမှာပါ "

ဘွဲ့ဆူး ဆက်မပြောဖြစ်တော့ပေ။
ငြိမ်သက်သွားသော ထမင်းစားဝိုင်းသည် အတွေးကိုယ်ဆီဖြင့် လွင့်လူးတော့သည်။
ယောကျာ်းချင်းအတူတူ ဘွဲ့ဆူးအား ဆိုးဆိုးဝါးဝါးချစ်ပြနေတာ ရင်တုန်ဖို့ကောင်းသလို ကြက်သီးထဖွယ်လည်းကောင်းသည်။
သင်းရုပ်ကနောက်နေပုံလည်းမရ။
အတည်ယူရအောင်လည်း ယောကျာ်းချင်းကြီး။

မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး

ချစ်တဲ့အိမ်စည်။

ေခ်ာင္းကမ္းရြာ၏ လူပ်ိဳပြဲအၿပီးမွာ ထူးဆန္းစြာ
ထြက္ေပၚလာေသာ သတင္းစကားတစ္ခုရိွ၏။
ထိုသတင္းေၾကာင့္ရြာထဲတြင္ အုတ္ေအာ္ေသာင္းနင္းျဖစ္ရံုမက ရြာမ်က္ႏွာဖံုးႀကီး ဦးေဘာဂေသာင္းတစ္ေယာက္ရမ္းပံုမီးက် ျဖစ္ေနေတာ့သည္။
အလားတူပင္ တရားသမားဘေထြးသည္ပင္
ေဒါသစိတ္ႏွင့္ရွက္စိတ္တို႔ေၾကာင့္ ေခ်ာင္းကမ္းရြာမွာရိွတဲ့ သူပိုင္ဆိုင္တဲ့ လယ္ေတာအိမ္မွာ ခ်က္ခ်င္းေျပာင္းေရြ့သြားသည္အထိျဖစ္ခဲ့ရသည္။

လူပ်ိဳည အၿပီးမွာ တစ္ေယာက္မဟုတ္တစ္ေယာက္
ခ်စ္သူရည္းစားမ်ား အိမ္ေထာင္သည္အျဖစ္ကူးေျပာင္းႏိုင္ၾကေပမဲ့ မ်ိဳးတူေယာက်ာ္းႏွစ္ေယာက္ကေတာ့ တစ္ခါပင္ မၾကားဖူးခဲ့ေပ။

ပိုမိုထူးဆန္းသည္က ဤသည္ကို ျပဳလုပ္သူက
ရြာေဇာ္အရက္သမားႀကီး ကိုေသာင္းဆင့္ပင္။
ခိုးေျပးသည္လား၊ ႏွစ္ဦးသေဘာတူ အေၾကာင္းပါၾကသည္လား၊ ဒါမွမဟုတ္ ေယာက်ာ္းေလးအခ်င္းခ်င္း မူးရူး၍ ေတြ့တဲ့ေနရာ အိပ္ေပ်ာ္ေနသည္လား မေသခ်ာေသာ္ျငား သတင္းထြက္လာသည္က
ေသာင္းဆင့္တစ္ေယာက္ ေယာက်ာ္းခိုးေျပးသြားသည္ဟူ၍ ။

မျဖစ္ႏိုင္ဘူးဟု တခ်ိဳ႕က တထစ္ခ် ေျပာၾကၿပီး ၊တခ်ိဳ႕ကေတာ့ အတူဖက္၍ ပြဲမွ ထြက္ခြာသြားသည္မို႔ ခိုးေျပးတာေသခ်ာသည္ဟု ေျပာၾကျပန္သည္။
မည္သို႔ပင္ဆိုေစကာမူ ေသခ်ာေသာ သတင္းစကားအား ျဖန႔္သူတို႔က ရိွေသးေပသည္။

သာဒင္သည္ ရြာေတာင္ပိုင္းကို တာဝန္ယူၿပီး၊ ဖိုးေထြးကေတာ့ ရြာေျမာက္ပိုင္းကိုတာဝန္ယူကာ ခိုးေျပးၿပီဟု မသိမသာ သတင္းလႊင့္ခဲ့သည္။
ထို႔အေၾကာင္းသည္ လြန္ခဲ့ေသာႏွစ္ရက္ကတည္းက ပ်ံ့လြင့္ေနၿပီး
တစ္ေယာက္စကား၊တစ္ေယာက္နားျဖင့္ ဟိုးေလးေၾကာ္ခဲ့သည္။
တျခားအေၾကာင္းျပခ်က္ရိွေသးသည္။
အပ်ိဳေခါင္း ေဒၚေလာ္စပီကာႀကီးသည္လည္း
ေသာင္းဆင့္က ဘြဲ႔ဆူးအားေပြ့ဖက္ေခၚသြားသည္ဟု သက္ေသထူျပန္သည္။

ရွစ္ဆယ္ရာခိုင္ႏႈန္းသာ ေသခ်ာေသးေပမဲ့ မိုးလင္းသည္ႏွင့္ ေလးရြာအႏွံ႔ ထိုသတင္းတို႔က ေတာမီးပမာပ်ံ့ႏွံ႔ကုန္သည္မွာ ႏွစ္ရက္မ်ွၾကာျမင့္ခဲ့သည္။

" ေသာင္းဆင့္ဆက္ႏိုင္!!!"

" ဗ်ာ အေဖ "

ပံုမွန္မဟုတ္ေသာ ထူးသံႏွင့္ အတူ အညိုအမဲ စြဲေနေသာ မ်က္ႏွာတစ္ခု။  ဧၫ့္ခန္းမွာ ငုတ္တုတ္ထိုင္ေနသည္မို႔
ပါးေစာင္မွာ ညိုငန္းေနရံုသာမက မ်က္ကြင္းတစ္ဖက္လည္း ရုပ္ပ်က္ဆင္းပ်က္ညိုေနေသးတာကို ရွင္းရွင္းလင္းလင္းေတြ့ေနရသည္။
ဦးေဘာဂေသာင္း ေဒါသအေလ်ာက္ ခါးေထာက္ကာ မတ္မတ္ရပ္ကာ သူ႔သားအားၾကၫ့္မိသည္။
ေျပာစရာစကားေပ်ာက္ရွလ်က္ ‌အံႀကိတ္မ်က္ေမွာင္တြန႔္ရံုသာ တက္ႏိုင္သၫ့္အေျခအေန။
ေရာက္လာေတာ့လည္း သူအိမ္ေထာင္က်တာကို အတိအလင္းအေဖကိုလာေျပာျပသည္။

နဂိုကမွ ေဒါသထြက္ေနပါသည္ဆိုမွ သူ႔အျဖစ္က
မီးပံုထဲဓာတ္ဆီ ေလာင္းထၫ့္ခံလိုက္ရသလို တဝုန္းဝုန္းထေတာက္လာသၫ့္ႏွယ္။

" မင္းငါ့ကို မရြဲ႔နဲ႔ ။ ခုအဲ့ေကာင္ေလးကို ျပန္ပို႔ေပးလိုက္၊ မျဖစ္ႏိုင္တာကို ဇြတ္မလုပ္ခ်င္နဲ႔ ေနာ္ ေသာင္းဆင့္ဆက္ႏိုင္"

" မျဖစ္ႏိုင္ဘူးဆိုတာ အေဖက ဘာကိုေျပာတာလဲ။
အေဖ့တုန္းကလည္းအေဖႀကိဳက္တာလုပ္ခဲ့တာပဲ။
ေသာင္းဆင့္က်မွ ဘာလို႔လာတားေနတာလဲ ၊ မရဘူး။
ေသာင္းဆင့္ က ေသာင္းဆင့္ လုပ္ၿပီးသားကိုျပန္ျပင္ရိုးထံုးစံမရိွဘူး "

ေျပာပံုက အမွားလုပ္ထားတာ မဟုတ္သၫ့္အတိုင္း။
ေသာင္းဆင့္ဆက္ႏိုင္မ်က္ႏွာေျပာင္တိုက္ခ်က္က ကမ္းကုန္ေနပါၿပီ။
အၿမဲ ေျပာေနက် က်ဳပ္ဆိုတဲ့ အသံေပ်ာက္လ်က္
ေသာင္းဆင့္က ဆိုတဲ့ အသံႀကီးကို ဦးေဘာဂေသာင္းမၾကားႏိုင္စြာ မ်က္ႏွာႀကီးရႈံ႔တြလာပါ၏။

သားေယာက်ာ္းေလးတစ္ေယာက္ထဲမို႔ သူ႔မွာ မေျပာမဆူရက္ ခ်စ္ခဲ့ရသည္။
သင္းက အေဖျဖစ္သူကို အရြဲ႔တိုက္ဖို႔ကလြဲၿပီး
ခ်စ္မွန္းလည္းမသိ၊ အနားလည္းမကပ္။

" သေဘာမတူဘူး။ ငါဘယ္လိုမွ စိတ္ဒုန္းဒုန္းခ် မ်က္စိစံုမိွတ္ၿပီး  သေဘာတူပါတယ္ဆိုတာ ေျပာကို ေျပာမထြက္တာ။ တဖက္ကလည္း မင္းကို မေက်နပ္ဘူးဆို။ အတင္းမလုပ္နဲ႔ေသာင္းဆင့္ ေထာင္က်သြားမယ္။ ျပန္လြတ္ေပးလိုက္"

" သူလည္းနာမည္ပ်က္ေနၿပီ။
ပ်က္ေအာင္လည္းေသာင္းဆင့္ပဲ လုပ္လိုက္တာ။
အေဖက အေမ့ကို မခ်စ္ေပမဲ့ ေသာင္းဆင့္ကေတာ့
ႏွင္းဆီဘြဲ႔ဆူးကို ခ်စ္လိုက္တာမွာတုန္လို႔ "

" ေတာ္ေတာ္... မင္းထင္တာေတြ ရမ္းမေျပာနဲ႔ ။
ခု ပုန္းေနတဲ့ေနရာကေန အိမ္ကို ျပန္လာေန။
ေကာင္ေလးကိုလည္း အိမ္ျပန္ပို႔ဖို႔ ငါလုပ္ေပးမယ္"

" အေဖက အခြင့္အေရးေပးေနတာကို မယူတက္တာပဲ။။ ေသာင္းဆင့္အေၾကာင္းကို အေဖသိရဲ့နဲ႔ လာတားေနတာ ေလကုန္မွာေပါ့ ၊ဘယ္တုန္းကရဖူးလို႔လဲ။
ေသာင္းဆင့္က မူးေပမဲ့ တစ္ခြန္းဆို တစ္ခြန္း ေျပာၿပီးသားစကားကိုတည္တယ္။
အေဖလို မဟုတ္ဘူး။ ေသာင္းဆင့္က ယူထားတဲ့ ေကာင္ေလးကို  တစ္သက္လံုးေပါင္းမွာ ..ကဲ ေသာင္းဆင့္ျပန္ေတာ့မယ္။ "

" မင္း!!!"

ဦးေဘာဂေသာင္း လက္ညိုးႀကီးထိုးလ်က္ စကားပင္ဆက္မေျပာႏိုင္ေတာ့ေပ။
ေသာင္းဆင့္ကေတာ့ အေဖဘာေျပာေျပာ လုပ္ခ်င္ရာလုပ္တက္တဲ့ဉာဉ္ကေတာ့ နည္းနည္းမွမေပ်ာက္။
ခုလည္း ပုဆိုးကို ျဖန႔္ကာ ယိုင္တိုင္တိုင္ထရပ္ကာျပန္ေတာ့မၫ့္ဟန္။

" မင္း..မင္း ငါ့စကားကိုနားမေထာင္ရင္ အေမျြဖတ္မွာေနာ္ "

ေနာက္ဆံုးေသာႀကိဳးကို ဦးေဘာဂေသာင္းမွီရာဆြဲလိုက္ေသာ္ျငားေသာင္းဆင့္က အေရးပင္မလုပ္။

ဧၫ့္ခန္းေဘးမွာ‌ထပ္ထားတဲ့ ဆန္အိတ္ေတြထဲက တစ္အိတ္ကိုေကာက္ထမ္းကာ ျပန္ကာနီး
ေျပာသြားေသာ စကားကို နားေထာင္၍ ဦးေဘာဂ၏နားထင္မွေသြးေၾကာတို႔သည္ တဒိန္းဒိန္းေထာင္တက္လာ၏။

" အေဖျဖတ္လည္း ေသာင္းဆင့္က မမူ႔ဘူးေနာ္။
ၿပီးမွ အိမ္ျပန္လာခဲ့လို႔ ေခၚလည္း ေသာင္းဆင့္က ဘူးဆို ဖရံုမသီးေတာ့ဘူး။ ယူထားတဲ့ ေယာက်ာ္းက
ပညာတက္ တယ္။ ေသာင္းဆင့္ ရြာမေနပဲ ၿမိဳ႔ကို လိုက္သြားလိုက္မွာ " တဲ့ ။

ဒီေဖ ....

_____

" လူယုတ္မာ "

ျပန္လာတာနဲ႔ ပစ္လြင့္လိုက္တဲ့ စတီးဇလံုတစ္ခုက
ေသာင္းဆင့္ ႏွဖူးအား ဒင္ကနဲေနေအာင္ ထိေတြ့လာ၏။ ေရွာင္ခ်ိန္မရလိုက္သည္မို႔ ပူသြားတဲ့ ႏွဖူးအားပြတ္၍ ဆန္အိတ္ကိုခ်ကာ ေဒါသေၾကာင့္နီရဲေနေသာ မ်က္ႏွာေလးေဘး ေျခပစ္လက္ပစ္ ဝင္ထိုင္လိုက္သည္။

" နာလိုက္တာဗ်ာ။ က်ဳပ္ႏွင္းဆီက လက္သြက္ခ်က္ကေတာ့ က်ဳပ္ေယာက်ာ္းျဖစ္ထိုက္ပါ‌ ေပတယ္။ "

ေျပာလာတဲ့ စကားေၾကာင့္ ဘြဲ႔ဆူး စိတ္ပ်က္လက္ပ်က္ မ်က္ႏွာလြဲလိုက္မိသည္။
ေရာက္ေနတဲ့ ေနရာသည္ လယ္ေတာအိမ္တစ္ခု။
ဘယ္ေနရာမွန္းသူမသိသလို အနည္းငယ္ေသာက္မိေသာ အရက္ေၾကာင့္ အရက္သမားမ်ိဳးတူေကာင္ကို ယူလိုက္ရသည္။

ခိုးေျပးလာသည္ဆိုတဲ့ စကားမွလြဲ‌၍ ဘာေမးေမးမရ။
အႀကိမ္ႀကိမ္ ထိုးႏွက္ရိုက္ႏွက္ေသာ္လည္း အၿပံဳးမပ်က္ စကားျဖင့္ အသားယူသည္။

" ငါ့ကို အိမ္ျပန္ပို႔ေပး"

" လာျပန္ၿပီ။ ေျပာရင္ေမာမယ္လို႔ေျပာထားၿပီးသားေနာ္။ က်ဳပ္က ခ်စ္လို႔ ခိုးလာပါတယ္ဆိုမွ ျပန္လာပို႔ခိုင္းမေနနဲ႔။ ဒီမွာ ခင္ဗ်ားေရာက္ေနတာ ႏွစ္ရက္ေက်ာ္ေနၿပီ။ ခုမျွပန္ပို႔ခိုင္းလည္း ေနာက္က်သြားၿပီ။
တစ္ရြာလံုး တစ္နယ္လံုး ခင္ဗ်ားနဲ႔ က်ဳပ္ ဘာဘာညာညာ ျဖစ္သြားၿပီဆိုတာ မသိခ်င္မွမဆံုး။ ေျပာရရင္ ခင္ဗ်ား ဘေထြးေတာင္မွ စိတ္ဆိုးလြန္းလို႔ အိမ္မွာေတာင္မေနဘူးဆိုပဲ"

" မင္းဘယ္လိုေတာင္ ကိုယ့္အေပၚကို လုပ္ရက္ရတာလဲ ။  မင္းနဲ႔ ဘာရန္ၿငိဳးမွမရိွပဲ.. ကိုယ့္ဘဝကို မင္းဖ်က္စီးတယ္"

" က်ဳပ္ခုထိ ခင္ဗ်ားကို ထိေတာင္မထိရေသးဘူး။ ေဘာက္မဲ့ေၾကာင့္ ဖ်က္စီးတယ္ေျပာေနရတာလဲ ။ "

" မင္း စကားတက္တိုင္း လက္တစ္လံုးျခားမေျပာနဲ႔။
မင္းေၾကာင့္ ကိုယ္နာမည္က သံုးစားစရာမရိွမွေတာ့ ဘဝပ်က္တာနဲ႔အတူတူပဲကြ "

" က်စ္.. စိတ္ဆိုးရင္ ေအာ္ပါဗ်ာ။ ဘာလို႔ မ်က္ရည္က က်လာရတာလဲ။ တိတ္ .. တိတ္။ ျဖစ္ၿပီးမွေတာ့
အတူတူေနရေတာ့မွာေပါ့။ ခ်စ္လို႔ ခိုးလာပါတယ္ဆိုဆိုမွ လူကို စိတ္မေကာင္းျဖစ္ေအာင္ ဘာေတြေျပာေနတာလဲ။ က်ဳပ္က က်ဳပ္ႏွင္းဆီကို ေပ်ာ္ေအာင္ထားမွာပါဗ် "

နီရဲရဲ မ်က္ႏွာေပၚက မ်က္ရည္စေတြအား တယုတယ သုတ္ကာ ေသာင္းဆင့္ေျပာသည္။
ဘြဲ႔ဆူး စိတ္ညစ္လြန္းလို႔ ရူးခ်င္ေနၿပီျဖစ္သည္။
မ်က္ႏွာေပၚက လက္ေတြအားရိုက္ပုတ္ကာ
ေခါင္းရမ္း၍ အထိမခံပဲ ျငင္းသည္။
ေသာင္းဆင့္က ၿပံဳး၍ ေဘးမွာ ထိုင္ၾကၫ့္ကာ
ဘြဲ႔ဆူးအထပ္မထိေတာ့ေပ။

" က်ဳပ္ထမင္းခ်က္ဦးမယ္။ ဒီရက္ပိုင္းေတာ့ ရိွတာနဲ႔ စားလိုက္ေနာ္။ "

ေျပာစကားကို နားမေထာင္ပဲ ေသာင္းဆင့္ ထိုင္ရာမွထသည္။ ထို႔ေနာက္ မီးေမႊး၍ အေဖ့ဆီက ယူလာေသာဆန္ျဖင့္ ထမင္းအိုးတည္ထားကာ အိမ္ေဘးရိွ ေတာစပ္ကို အလ်င္စလို ဝင္သြားလိုက္သည္။
သူတို႔ေရာက္ေနေသာ ေနရာသည္ ေလးရြာေတာစပ္မွာရိွတဲ့ ရြာနဲ႔အေဝးဆံုးလယ္ေတာတစ္ခုမွာျဖစ္သည္။
လယ္ေတာအိမ္မို႔ ေျခတံရွည္ျဖစ္ကာ ေအာက္တြင္အကာအရံမရိွ။
အနည္းငယ္ယိုင္၍ေနသည္။
မီးဖိုခန္းႏွင့္အိပ္တဲ့ေနရာသည္ ႏွစ္ခန္းငယ္က်ဉ္းက်ဉ္းမို႔  ေသာင္းဆင့္လုပ္သမ်ွ ဘြဲ႔ဆူးသိေနႏိုင္သည္။
ပလိုင္းလြယ္ကာ ထထြက္လာေတာ့ ထမင္းအိုးငဲ့ဖို႔ေျပာထားခဲ့သည္။
သို႔ေသာ္အေရးမလုပ္။

သူ႔ႏွင္းဆီ၏ အက်င့္မွာ စိတ္ဆိုးေနလ်င္ေတာင္မွ
ပစၥည္းတို႔အားႏွေျမာတက္ေသာ ေကာင္းေသာအက်င့္ရိွသည္။
စားၿပီးသားပန္းကန္အား ပစ္ထားျခင္းမရိွ။
ေသာင္းဆင့္မစားရေသးလ်ွင္ သပ္ရပ္စြာ ဟင္းတို႔ကိုခ်န္၏။

ထို႔ေၾကာင့္ ေသာင္းဆင့္ပိုလို႔ အသည္းစြဲရသည္။

ေတာစပ္ကို ဝင္လိုက္သည္ႏွင့္ တက်ီက်ီ အသံတို႔သည္ ပို၍ ဆူညံလာသည္။
အရိပ္ေကာင္းသည္မို႔ ေက်းငွက္တို႔နားခိုရာ ေကာင္းကာ  ေအးျမျခင္းသည္ အလ်ဉ္းမရိွ။

သူ႔ႏွင္းဆီကေလးႏွင့္ အဆင္ေျပခ်င္ပါသည္။
ႏွစ္ကိုယ္တူေတာကိုဝင္ကာ စားေသာက္ဖြယ္ရာမ်ားအားလည္း ရွာခ်င္ပါသည္။
ခ်စ္ခင္ႏွစ္သက္စြာ သူ႔အား ခ်စ္စကားေတြေျပာလာေစခ်င္သည္။
သို႔ေသာ္ ေသာင္းဆင့္က ေလာဘသတ္ႏိုင္သည္။
ေဘးမွာရိွလ်င္ရသည္ ။
မခ်စ္ေသာ္လည္း မခြဲသြားလ်င္ရသည္။

အေတြးတို႔က ႏွင္းဆီဘြဲ႔ဆူးေလးေၾကာင့္ ၿပံဳးတျမျမျဖစ္ရသည္။

စိတ္ခ်မ္းသာလိုက္ပါဘိ။

ပလိုင္းမွာ ထၫ့္ထားေသာ ဓားအားယူကာ
ပံုေနေသာ အင္ဖက္တခ်ိဳ႕အားရွင္းလိုက္သည္။

ထိုေနရာရိွေျမသည္ ညက မိုးေၾကာင့္ စိုစြတ္လ်က္ရိွသည္။
ႀကီးမားေသာ အင္ပင္မ်ားၾကားမွာ ေသာင္းဆင့္ ငုတ္တုတ္ထိုင္လိုက္သည္။ သူေရာက္ေနေသာ ေနရာသည္ ေလးရြာေတာစပ္ရိွ အင္ပင္မ်ားအေပါက္မ်ားေသာ အင္းတိုင္းေတာ ျဖစ္သည္။
မိုးစပ္စပ္က်ေသာ ရာသီတြင္ အင္ဥေပၚတက္သည္။
မငုတ္တငုတ္ ထိပ္မဲေလးမ်ားေပၚေနေသာ ဥငယ္ေလးမ်ားသည္ အင္ဖက္တို႔ေဆြးမွ ျဖစ္တည္‌လာေသာ အင္ဥေလးမ်ားျဖစ္သည္။

အနက္ေရာင္ ဥေလးမ်ားမွာ ပြေယာင္းသၫ့္ ေျမကိုအနည္းငယ္စြလိုက္သည္ႏွင့္ေပၚလာေခ်သည္။
ထိုအရာကို အင္ဥဟုေခၚသည္။

မရင့္ေသးသည္မို႔ ဥတို႔သည္ ခပ္ေသးေသးသာရိွေခ်ေသး၏။
ေသာင္းဆင့္ခပ္သြက္သြက္ အင္းဥတူးမိသည္။
ေပါမ်ားေသာ အရပ္ေဒသမို႔  လိုတာထပ္ပိုၿပီးမတူးခဲ့ေပ။

ဒီေန့ အင္ဥ ခ်က္မည္။
အရည္ေသာက္တစ္ခြက္လည္းခ်က္မည္။

စိတ္ကူးျဖင့္ ဟင္းခ်ိဳေသာက္လို႔ ရမၫ့္အရြက္တခ်ိဳ႕ကိုေတာစပ္မွ ခူးခဲ့ေသးသည္။
ေသာင္းဆင့္ျပန္ေရာက္သည့္အခ်ိန္တြင္ ႏွင္းဆီဘြဲ႔ဆူးသည္ တမင္းအိုးငွဲ႔ထားေခ်သည္။
လူကမူ ေအာက္ထပ္ ေရတြင္းမွာ ေရပံုးခ်ကာ ေရငင္ေနတာကိုေတြ့ရသည္။
အျမန္ပင္ အင္ဥတုအားေရေျပာင္ေအာင္ေဆး၍
ဓားျဖင့္ပါးပါးလွီးလိုက္သည္။
ဆီေကာ ဆန္ေကာ အေဖ့ဆီမွ လုလာတာမို႔ ဝယ္စရာေတာ့မလိုေပ။
တျခားေသာ အရာမ်ားကိုေတာ့ သံုးစရာမရိွသည္မို႔
သူ႔ႏွင္းဆီဆီက ေတာင္းရသည္။

ထိုေန့က အက်ႌအိတ္ထဲ ထၫ့္ထားေသာ ပိုက္ဆံအနည္းငယ္သည္ ႏွင္းဆီဘြဲ႔ဆူးအိတ္ထဲပါလာခဲ့သည္။

ငါးေသာင္းေက်ာ္မို႔ ေသာင္းဆင့္တို႔ႏွစ္ေယာက္ ေလာက္ငွပါ၏။ ေတာင္းသၫ့္ေန့က စိတ္ဆိုးကာ ၾကၫ့္ေသာ အၾကၫ့္တို႔အား ေသာင္းဆင့္မေမ့။

" ခိုးေျပးလာတာ မင္း။ ပိုက္ဆံလာေတာင္းေတာ့ ကိုယ္ဆီ။ မင္းမလြန္ဘူးလား" တဲ့ ။
ရွက္ေပမဲ့လည္း မ်က္ႏွာေျပာင္တိုက္ခဲ့မိသည္။
သူ႔ရည္ရြယ္ခ်က္က ႏွင္းဆီဘြဲ႔ဆူးအား ေရႊကြပ္ထားခ်င္တာျဖစ္ေပမဲ့ ခုေတာ့ လင္ဆီကတဖန္ျပန္ေတာင္းစားေနရသၫ့္အျဖစ္ျဖစ္‌ ေနေပသည္။

ႏွင္းဆီဘြဲ႔ဆူးသာ လိမ္မာလ်င္ တခ်ိန္က် ဘယ္သူ႔အတြက္ျဖစ္ႏိုင္မွာတဲ့လဲ။ အခုလိုအဆင္မေျပခ်ိန္မွာေတာ့ ေရႊကြပ္မၫ့္အစီအစဉ္သည္ ေနာက္သို႔ေရြ့ရေတာ့၏။ မရွာေကြၽးခ်င္လို႔မဟုတ္ပါ။  ရိွတာကိုခြၽတ္ေပးဆိုရင္ေတာ့ ခြၽတ္ေပးဖို႔အသင့္။

" ေရေတြသုတ္ဗ်ာ ၊ ထမင္းစားရေအာင္ "

ခူးခပ္ ထားေသာ ထမင္းစားပြဲမွာ ယပ္ေတာင္တေခ်ာင္းႏွင့္ တျဖန္းျဖန္းခပ္ကာ ေသာင္းဆင့္တစ္ေယာက္ထိုင္ေနသည္။
ဘြဲ႔ဆူးခပ္တည္တည္ျဖင့္ သူ႔အားေမ်ွာ္ၾကၫ့္
ေနေသာ မ်က္ဝန္းတစ္စံုအားေရွာင္လြဲလိုက္သည္။
အခန္းဟူ၍ သီးသန႔္မရိွေသာ လယ္ေတာအိမ္သည္
ဘြဲ႔ဆူးအတြက္ အေတာ္ေလးေနရခက္ေစသည္။
ဟန္ကိုယ္ဖို႔ အဝတ္တို႔အား အရက္သမားေရ႔ွမွာ လဲလွယ္ရသည္မွာ  စိတ္က်ဉ္းၾကပ္ဖြယ္။

" မင္းမ်က္လံုးႀကီး ဟိုဖက္လွၫ့္ထားလိုက္စမ္းပါ"

မခ်င့္မရဲ ေျပာေနပံုေလးက ရင္ေအးစရာျဖစ္‌ ေနေလသည္။ ဆူဆူေျပာေျပာ ေသာင္းဆင့္ေငးမဝ။ ခုထိ မေပ်ာက္ေသးတဲ့ အညိုေရာင္မ်က္ကြင္းတစ္ဖက္ျဖင့္ ေသာင္းဆင့္က ဘယ္ေတာ့မွအမွတ္‌သည္းေျခမရိွ။

" လွၫ့္မရဘူးဗ်။ ေယာက်ာ္းခ်င္းဆိုေပမဲ့ ခင္ဗ်ားကၾကၫ့္ခ်င္စရာေလး "

" ဘာေျပာတယ္ "

စကားထက္ လက္ကအရင္ ဝွစ္ခနဲ ပစ္လိုက္ၿပီးသား။
လ်စ္ခနဲေျပးဝင္လာတဲ့ စတီးဇလံုက ေခါင္းအား
ေဒါင္ခနဲျမည္သည္ထိ ထိခ်က္ကျပင္း၏။

" အ ! "

" မွတ္ၿပီလား "

ေသာင္းဆင့္ ေခါင္းကိုပြတ္ကာ ႏွင္းဆီဘြဲ႔ဆူးအား ေငးၾကၫ့္လိုက္မိသည္။
ေရစက္လက္ ကိုယ္ထည္သည္ ရင္ျပင္က်ယ္ကာ
ခါးေနရာမွာ သြယ္လ်သြား၏။
သပ္ရပ္စြာၿဖီးသင္တက္ေသာ ဆံပင္တိုေတြသည္ ခုေတာ့ ေရျဖင့္ရြဲကာ တစက္စက္က်ေလသည္။
နာရေကာင္းသည္ မရိွ။
စိတ္ဆိုးမူ႔မရိွ ၊ ေသာင္းဆင့္ မ်က္စိလႊဲဖို႔ေမ့ခဲ့သည္အထိ။

" မမွတ္ဘူး။ "

" ေသာင္းဆင့္ဆက္ႏိုင္ !!!"

" ဗ်ာ ဗ် "

" မင္း.. မင္း ကိုယ့္ကို ေဒါသထြက္ေသေအာင္လုပ္ေနတာလား "

ျပဴးဝိုင္းကာ တဆတ္ဆတ္တုန္ေနေသာ ေဒါသမ်က္ႏွာေလးကိုၾကၫ့္ကာ ေသာင္းဆင့္ ျမန္ျမန္ဆန္ဆန္ေခါင္းရမ္းျပလိုက္သည္။

" က်ဳပ္ႏွင္းဆီကို ရင္တုန္၊ဖင္တုန္ေအာင္ထိ ခ်စ္မဝတာ၊ ေသေအာင္လုပ္စရာလား။ မၾကၫ့္ေတာ့ဘူးဗ်ာ။ ထမင္းစားရေအာင္ သြက္သြက္သာ လာေတာ့"

အခ်ိဳးမေျပေသာ စကား၏ေနာက္ကြယ္မွာ
ၿပံဳးစိစိျဖစ္ေနေသာ ရုပ္ႀကီးေၾကာင့္ ဆက္ေျပာဖို႔ႏႈတ္ဆိတ္လိုက္ရတာ ဘြဲ႔ဆူးသာျဖစ္သည္။
ထိုေန့ကုန္အၿပီး မိုးလင္းသၫ့္အခ်ိန္တြင္ မႊန္ထူေနေသာ အရက္နံ႔ေတြၾကားမွာ ဘြဲ႔ဆူးႏိႈးလာခဲ့သည္။
တင္းၾကပ္ေအာင္ေပြ့ဖက္ထားသည္က မ်ိဳးတူေယာက်ာ္းတစ္ေယာက္ျဖစ္ေနသည္မွလြဲၿပီး
ညက ဘာျဖစ္ခဲ့သလဲဆိုတာ ဘြဲ႔ဆူးမသိခဲ့ေတာ့ေပ။

အေၾကာင္းစံုသိလာၿပီးေနာက္မွာ သင္းက ကိုယ့္ကိုခိုးေျပးလာသည္တဲ့။
စိတ္တိုလြန္းလို႔ ထိုးႏွက္ခဲ့မိသည္။
ညိုငန္းကာ ေသြးစက္လက္က်သည္ထိ သူ႔ေဒါသအားေျဖခဲ့သည္။
သို႔ေသာ္ ခ်စ္လို႔ပါ ဆိုတဲ့ စကားကလြဲၿပီး ဘြဲ႔ဆူးအားေသာင္းဆင့္ မေတာင္းပန္ခဲ့ေပ။
ပထမတစ္ရက္ထိ သူ႔အား အတင္းအၾကပ္ ခ်ဳပ္၍ ထိန္းသိမ္းထားခဲ့သည္။
ဒုတိယေန့တြင္ ဖိုးေထြးေရာက္ခဲ့၏။
အ က်ိဳးအေၾကာင္းေမးျမန္းၾကၫ့္ေတာ့ ဘြဲ႔ဆူးသည္ ေယာက်ာ္းခိုးေျပးသြားပါသည္ဟု ထိန္းသိမ္းမရေအာင္နာမည္ပ်က္ခဲ့‌ ေလၿပီ။
ဘေထြးသည္ပင္ သူ႔အား စိတ္နာသြားခဲ့ၿပီး
အနယ္နယ္အရပ္ရပ္ထိ သူ႔သတင္းသည္ ထူးဆန္းတဲ့သတင္းစကားျဖစ္သြားခဲ့၏။

ဤအေၾကာင္းအရာေတျြဖစ္ၿပီးေနာက္မွာ ဘြဲ႔ဆူးသည္ ေသာင္းဆင့္ကို မခ်စ္ေသာ္လည္းေအာင့္ကာနမ္းသၫ့္အျဖစ္အားေရာက္ခဲ့ေတာ့သည္။

ရြာမွာေနမျဖစ္လ်င္ ဘြဲ႔ဆူးၿမိဳ႔ကိုျပန္မည္။
ေသာင္းဆင့္အားေတာ့မယူႏိုင္ေပ။
သူ႔အိမ္မက္၊သူ႔ဘဝသည္ ေသာင္းဆင့္ေၾကာင့္အဖက္ဆယ္မရေအာင္ပ်က္ရၿပီမို႔ အတိတ္က မုန္းသည္ထက္ ပို၍ ပင္မုန္းလာခဲ့သည္။

" အဝတ္လဲၿပီးရင္လည္းလာဗ်ာ။ က်ဳပ္ခ်က္ထားတာ ပူပူေနြးေနြးပဲရိွေသးတယ္ ၊ ခုစားမွာ စားၿမိန္တာဗ် "

ဘြဲ႔ဆူးသက္ျပင္းခ်ကာ မအီမသာ ထမင္းဝိုင္းအားဝင္ထိုင္လိုက္ေလသည္။
အနံ႔အရသာသည္ အရက္သမားခ်က္ဆိုေသာ္ျငား ေျပာစရာမလိုေအာင္ ေကာင္းေပသည္။

" အင္ဥေလ ၊ စားဖူးလား။ "

ဘြဲ႔ဆူးေျဖမေျဖေပ။
ထၫ့္ေပးေသာ ထမင္းနဲ႔ဟင္းကိုသာႏွယ္ဖက္၍စားလိုက္သည္။ သူမေျပာလဲ ေလေၾကာရွည္တဲ့ အမူးသမားက ဂရုမစိုက္။

" ေပၚ ဦး ေပၚဖ်ားဆိုေတာ့ အင္ဥေတြ ႏုေသးတယ္။
ဒါနဲ႔ ဒီအေနာက္ဖက္ေတာစပ္မွာ အင္ပင္ေတြရိွတယ္ သိလား။ ခင္ဗ်ားပ်င္းရင္ က်ဳပ္လိုက္ပို႔ေပးမယ္ေလ။
ဒါမွမဟုတ္ က်ဳပ္တို႔ႏွစ္ေယာက္ အတူတူ သြားတူးၾကမလား။ ခုတေလာ အိမ္ျပင္ထြက္မရေသးေတာ့
စားဖို႔ေသာက္ဖို႔က ေတာထဲရွာေဖြစားမွ ျဖစ္မွာ "

" မင္း ငါ့ဆီက ပိုက္ဆံ ငါးေသာင္းယူထားေသးတယ္ေနာ္။ အရင္ အေႂကြးလည္းမေက်ေသးဘူး"

ေသာင္းဆင့္ ေျပာလက္စစကားရပ္သြား၏။
ထို႔ေနာက္ ဘြဲ႔ဆူးစားေနတဲ့ ထမင္းပန္းကန္ထဲဆီသို႔ ဟင္းခပ္ထၫ့္ေပးကာ

" ေနာင္ေရးေတြ ေျပာေနတယ္ေလဗ်ာ ။  ကိုယ့္ေယာက်ာ္းဆီ အေႂကြးအေၾကာင္းေျပာတာ ခင္ဗ်ားတစ္ေယာက္ပဲ ရိွလိမ့္မယ္။ "

" ငါ့မွာ စုထားတာအမ်ားႀကီးမရိွဘူး "

ေသာင္းဆင့္ေခါင္းညိမ့္ျပသည္။

" မပူပါနဲ႔ ။ က်ဳပ္မွာ ေရႊေတြရိွပါတယ္။ အေဖျပန္သိမ္းမယ္ဆို‌ရင္ေတာ့ တျခားနည္းလမ္းစဉ္းစားရမွာပါ့။ က်ဳပ္အေမေပးခဲ့တာဆိုေပမဲ့ သူက အေဖဆိုေတာ့ ျပန္မေပးရင္ က်ဳပ္က ငရဲႀကီးဦးမယ္။
အေဖက ခင္ဗ်ားနဲ႔ယူမွာကို စိုးေနတယ္။ က်ဳပ္ကလည္းက်ဳပ္ပဲ ႏွင္းဆီကိုမွမရရင္ မလြယ္ေတာ့ဘူးမို႔ အေမျြဖတ္မယ္လို႔ ေျပာတာကို မသိခ်င္ေယာင္ေဆာင္ခဲ့လိုက္တယ္။ သူျပန္မလာေတာင္းခင္ ျမန္ျမန္ေရာင္းစားရင္ေတာ့ ရပါတယ္။ ခင္ဗ်ားမပူပါနဲ႔ ။ မျဖစ္တဲ့အဆံုး က်ဳပ္ ေတာလည္ေကြၽးမွာပါ "

ဘြဲ႔ဆူး ဆက္မေျပာျဖစ္ေတာ့ေပ။
ၿငိမ္သက္သြားေသာ ထမင္းစားဝိုင္းသည္ အေတြးကိုယ္ဆီျဖင့္ လြင့္လူးေတာ့သည္။
ေယာက်ာ္းခ်င္းအတူတူ ဘြဲ႔ဆူးအား ဆိုးဆိုးဝါးဝါးခ်စ္ျပေနတာ ရင္တုန္ဖို႔ေကာင္းသလို ၾကက္သီးထဖြယ္လည္းေကာင္းသည္။
သင္းရုပ္ကေနာက္ေနပံုလည္းမရ။
အတည္ယူရေအာင္လည္း ေယာက်ာ္းခ်င္းႀကီး။

မျဖစ္ႏိုင္ဘူး။ လံုးဝမျဖစ္ႏိုင္ဘူး

ခ်စ္တဲ့အိမ္စည္။

Bạn đang đọc truyện trên: ZingTruyen.Xyz