ရုပ်ဆိုးတဲ့နှင်းဆီ (Completed)
7
" နာမည်လေးက စံထားတဲ့ ၊ မချောမလှပေဘူးလား"
တစ်ပတ်လျိုထုံးထားနဲ့ဆံနွယ်လှလှတွေကဘယ်လောက် ကျန်းမာသန်စွမ်းသလဲဆိုတာမေးမြန်းဖွယ်မလိုပါ။ အနက်ရောင် ကတ္တီပါစလို ရှင်းသွဲ့နက် မှောင်နေသော ကောင်းခြင်းအလှတရားတွေ။
လေညင်းသွဲ့သွဲ့ ရရှိလာသော သနပ်ခါးနံ့လေးတွေက
အေးချမ်းခြင်းကိုဆောင်နှင်းလာ၏။
" ကျွန်မကို ကိုဘွဲ့ဆူး မြင်ဖူးပြီးသားပါ ဘထွေးရဲ့ "
ရယ်မောလိုက်ရင်း ဘထွေးကို အကျိုးအကြောင်းပြောလာတဲ့ စကားတွေကြောင့် ဘွဲ့ဆူးပါ ပြုံးရင်းခေါင်းညိမ့်ပြမိသွားသည်။
" ဟုတ်တယ်ဘထွေး၊ ဒီကဆရာမကို သောင်းဆင့်ဖျားတဲ့နေ့ကပင့်ဖူးတယ်"
" ဟုတ်လား၊ ဘထွေးက မင်းနဲ့မတွေ့ဖူးသေးဘူးထင်လို့ မိတ်ဆက်ပေးမလို့"
ဘထွေးဘယ်ခြေလှမ်းလှမ်းနေသလဲဆိုတာ သိတော့ ဘွဲ့ဆူး ရယ်ချင်မိပါသည် ။ သူ့အား အသက်ခပ်ကြီးကြီး ဂေါ်မစွံလူပျိုသိုးအရွယ်ရောက်နေပြီဟု တွေးထင်နေပြီမို့ မိန်းမပေးစားဖို့စိတ်ကူးရှိနေပုံပင်။
ခက်တာက မိန်းမပိုးဖို့ သူ့အတွက်ခက်ခဲနေခြင်းဖြစ်သည်။ စံထားသည်လှပါသည်။ အဆင့်အတန်း၊အရည်အချင်းနှင့်ရုပ်ရည်သည်လည်းပြောစရာမလိုပေ။သို့သော်ငြား ဘွဲ့ဆူး နီးစပ်အောင် မကြိုးစားနိုင်။
အကြောင်းအရင်းမှာ အခြားမဟုတ်။
ပတ်ဝန်းကျင်မှာ ရှိတဲ့ အကြီးအငယ်မရွေး ဘွဲ့ဆူးတည့်အောင်ခင်မင်ပေါင်းသင်းနိုင်ပေမဲ့ အချစ်ရေး၊အချစ်မူမှာတော့ နှုတ်ထွက်စကားနည်းပါးလွန်းတာ ကြောင့်ဖြစ်သည်။
ရှင်းရှင်းပြောရရင် ပျိုမျစ်နုငယ်တဲ့ဆယ်ကျော်သက်အရွယ်မှာတုန်းက သူ့ဖက်က တိတ်တခိုးသဘောကျခဲ့တဲ့သူရှိခဲ့ဖူးတာကလွဲရင် လက်ဆုပ်လက်ကိုင်ဒါ ကျွန်တော်ရည်းစားပါဆိုတဲ့အဆင့်အထိရောက်ခဲ့ဖူးသူမရှိခဲ့။
" ကျွန်တော်တို့ မျက်မှန်းတန်းမိပြီးသားပါ ၊
ဒါနဲ့ ဆရာမက ဘုရားရှစ်ခိုးဝတ်ပြု ညတိုင်းတက်သလား ဘထွေး။ ခုမှ ဘထွေးညနေတိုင်းသွားတက်တဲ့ ဓမ္မာရုံကိုရောက်ဖူးတာ။ လူကြီးတွေကော လူငယ်တွေကော ဝတ်ပြုအဖွဲ့က လူများသားပဲ"
ညနေနေဝင်စအချိန်၊ မီးထွန်းချိန်မှစ၍ ချောင်းကမ်းရွာ၏ ရွာလယ် ဓမ္မာရုံတွင် ဘုရားဝတ်ပြုကန်တော့သည့် အစဥ်အလာရှိလေသည်။
ထို့အစဥ်လာသည် နှစ်ပေါင်းကြာညောင်းသည်ထိမပြောင်းလဲစွာ အဆင့်ဆင့်လက်ဆင့်ကမ်းလာကြသည့်အထိ။
ညနေနေဝင်ချိန်တွင် အချိန်ပေးနိုင်သည့်သက်ကြီးရွယ်အိုလူပျို အပျို တော်တော်များများသည် နေ့စဉ် ရွာလယ်ဓမ္မာရုံသို့ ရောက်အောင်လာကြပြီး ဘုရားဝတ်ပြုပူဇော်ကြ၏။
ထို့အပြင် ဓမ္မာရုံမှာတည်ထားကိုးကွယ်သော
မြတ်စွာဘုရားရှင်၏ အတုမရှိရုပ်ပွားတော်သည်
ဘုန်းတန်ခိုးကြီးမားသည်ဟု လေးရွာအနှံ့ဂုဏ်ကျက်သရေကျော်ဇော၏။
တစ်ချိန်တစ်ခါက ရွတ်ဖတ်ပူဇော်နေရင်း ရောင်ခြည်တော်များကွန့်မြူးလာသည်ကို ဓမ္မာရုံမှာရှိတဲ့ ဝတ်ပြုသူများမြင်တွေ့ရခဲ့သည်။ ကွန့်မြူးချိန်သည် အချိန် ဆယ်မိနစ်ခန့်လောက်ကြာမြင့်ခဲ့သည်မို့ တစ်ရွာလုံးနီးပါး အုန်းအုန်းထအောင် အပြေးအလွှား ဖူးမျှော်ခွင့်ရရှိခဲ့၏။ ထို့အပြင် ရွာရှိဓာတ်ပုံဆရာမှ အလျှင်အမြန်မှတ်တမ်းတင်နိုင်ခဲ့သည်မို့ ထိုကောင်းမြတ်သော သတင်းစကားသည်လေးရွာအနှံ့ တောမီးပမာပျံ့နှံခဲ့၏။
ထိုအကြောင်းသည် ချောင်းကမ်းရွာ၏ အထင်ကရအကြောင်းဖြစ်ခဲ့သည်။ ဘုရားပွဲတော်သည်လည်း နှစ်စဉ်ရှိသလို ရွာရှိလူငယ်များ၏ သက်ဝင်ယုံကြည်ခြင်းသည် ပိုမိုတိုးပွားလာကာ ညနေ ဘုရားအိုးတက်သော အဖွဲ့သည် ပိုမိုစည်ကားလာတော့၏။
" ဒီမှာက မင်းမြင်တဲ့အတိုင်းပဲလေ ၊လူကြီးလူငယ်တွေ များလွန်းလို့ ဓမ္မာရုံတောင်မှ သိပ်မဆန့်ချင်တော့ဘူး။ ဆရာမလေး လည်းဒီမှာလာ
ရွတ်ဖတ်တာ နှစ်နှစ်လောက်ရှိပြီထင်တယ်"
" နှစ်နှစ်နဲ့ သုံးလကျော်ပြီဘထွေး။ တိတိကျကျဆိုရင်သမီးတာဝန်စကျကတည်းက ခုထိ မပြတ်တမ်း ဘုရားရှစ်ခိုးလိုက်ခဲ့တာဆိုတော့ ၊ နှစ်နှစ်နဲ့လေးလလောက် ရှိနေပြီ "
တွေးတွေးဆဆပြောလိုက်တဲ့ဟန်ပန်လေးက ချစ်စရာပင်။ တည်ငြိမ်တဲ့အရွယ်မို့ စကားပြောတာပဲဖြစ်ဖြစ် ၊ဘထွေးစကားကို အလိုက်တသင့် ခေါင်းညိမ့်ထောက်ခံတာပဲဖြစ်ဖြစ် ဘယ်လိုလေးနေနေ ကြည့်လိုက်တာနဲ့ တကယ့်အမျိုးကောင်းသမီးပုံစံမျိုးကအပြည့်။ ဒါကြောင့် လူကြီးတွေပါးစပ်ဖျားမှာ ဆရာမလေးဆိုတာဖြစ်နေတာပင်။
" သာဓု ပါဆရာမလေး ၊ ဘာပဲပြောပြော ဆရာမလေးလို သမီးမျိုးလေးတစ်ယောက်တော့ ကျုပ်မှာ ရှိစေချင်တယ်။ ခက်တာက ကျုပ်တူ ဘွဲ့ဆူးက ခုထိ ရိုးရိုးအေးအေးကြီးလုပ်နေတော့ အလိမ်မာ အိမ်မပါဖြစ်နေတာပေါ့ "
"လုပ်ပြန်ပြီဘထွေးရာ၊ ဆရာမကိုအားနာစရာကြီး။ "
ဘထွေးမကြည်တဲ့အကြည့်ကြောင့် ဘွဲ့ဆူးနေရခက်သွား၏။ တည့်တည့်ကြီးလမ်းကြောင်းနေတဲ့ အနေအထားမို့ ဆရာမလေးကိုလည်းအားနာရသည်။
" ရပါတယ် ၊ကိုဘွဲ့ဆူး။ ဘထွေးတို့ပြောပါများလို့ ကျွန်မဖြင့် ရိုးတောင်နေပါပြီ "
" အဲ့ဒါသာကြည့်တော့ဆရာမလေးရယ် "
" ကဲပါ ဘထွေးရာ ၊ဓမ္မာရုံမှာ ဒီအကြောင်းတွေပြောဖို့မသင့်ပါဘူး။ ဟိုမှာ ဘထွေးမိတ်ဆွေတွေလာနေပြီ။ ကျွန်တော်ပြန်တော့မယ်၊အပြန်လာမကြိုပေးတော့ဘူးနော်၊ တောင်ဘက်လမ်းက မလာခဲ့နဲ့ ။ ဘိုးအေးချိုတို့နဲ့ ရွာလယ်လမ်းကပဲ ပြန်ခဲ့လိုက်တော့ "
" အေးအေး ၊အပြန်ရေတန်းမချိုးနဲ့နော် ကိုဘွဲ့"
" ဟုတ်ကဲ့ ဘထွေး။ "
"ဆရာမရေ ၊ မကြာခင်ဘုရားဝတ်တက်တော့မှာဆိုတော့ ကျွန်တော်လည်းပြန်တော့မယ်ဗျ။ "
"ဟုတ်ကဲ့ကိုဘွဲ့ဆူး ၊ စကားကောင်းနေတာနဲ့ မှောင်တောင်နေပြီ "
အလိုက်တသိနှစ်သိမ့်လာတဲ့မျက်ဝန်းများကြောင့်ရင်ထဲနွေးခနဲ။ ပြန်လည်ပြုံးပြရင်း ဘွဲ့ဆူးစာရင်းစာအုပ်တချို့ထည့်ထားသော အိတ်ကိုဆွဲယူ၏။
" ရပါတယ်၊ ကျွန်တော်ပြန်ပြီဆရာမ၊ နောက်ကြုံမှစကားအေးအေးဆေးဆေးပြောတော့မယ်နော်"
"ဟုတ်ကဲ့"
တဖြည်းဖြည်းများလာသော လူအုပ်ကြောင့်မကြာခင်
ဘုရားဝတ်တက်ခြင်းစတင်တော့မည်ဖြစ်သည်။
ခုထိရေမချိုးရသေးသည်မို့ လူက ငြီးစိစိဖြစ်ရုံသာမက အိပ်ယာထဲထိုးလှဲ၍ နားနားနေနေ နေချင်လှပြီဖြစ်သည်။
အလုပ်ကဒီနေ့လစာထုတ်ရက်မို့အပြန်နောက်ကျသည်။ပွဲရုံက အပြန် ဓမ္မာရုံဖက်ကနေ ပြန်ရသည်မို့ ဘထွေးနဲ့ဆုံကာဝင်ထိုင်ဖြစ်ခဲ့ခြင်း။
ဘထွေးက ညနေဆို ဘုရားရှစ်ခိုးမစတင်ခင် ညနေအချိန်ကိုစောကာ ဓမ္မာရုံကိုသွားတက်သည်။ သူ့လိုသက်ကြီးပိုင်းတချို့ ရေနွေးကြမ်းသောက်၍ အပျင်းဖြေတက်ကြသည်မို့ ညနေပိုင်းဆို လေးနာရီ၊ငါးနာရီလောက်ကတည်းက ဓမ္မာရုံမှာလူစည်ကားသည်။ ထို့အပြင် တချို့လူငယ်တွေလည်းစောလာကြသည်။ ဥပမာဆရာမလေးစံထားလို့ပေါ့။
တံမြက်စည်းလှည်းခြင်း၊ ဘုရားပန်းလဲခြင်း၊သောက်တော်ရေနှင့်ဆီမီးပူဇော်ခြင်းတို့ကို လူငယ်တွေနှင့် အမျိုးသမီးကြီးတချို့က လုပ်ကိုင်ကြ၏။
ဇာတ်ကြောတွေသည် တနေ့လုံးခေါင်းငုံ့အလုပ်လုပ်ခဲ့ရသည်မို့ တောင့်တင်းကာ တက်နေသည်။
ဘယ်ညာရမ်း၍ ဇာတ်ချိုးသော်ငြား ပြေပျောက်မသွားသည်မို့ လက်ဖြင့်ဂုတ်ပိုးအားဖိနှိပ်ကာ အိမ်ပြန်လမ်းအားလျှောက်လှမ်းနေမိသည်။
မှောင်စပျိုးနေသောပတ်ဝန်းကျင်သည် ခပ်ဖျော့ဖျော့လမ်းမီးတိုင်တချို့ကြောင့် အလင်းသဲ့သဲ့ရှိချေသည်။
လျှပ်စစ်မီးမရှိသောဒေသမို့ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် တစ်ရွာလုံးမီးလင်းအောင် ညကိုးနာရီထိပေးသော မီးလည်းရှိသည်။ ထိုမီးသည် မီးသီး၊မီးချောင်းတို့သာ လင်းစေပြီး အားဆွဲများသော တခြားမည်သည့်ပစ္စည်းများမှအသုံးမဝင်ပါချေ။
ဓမ္မာရုံမှအိမ်သို့ ဆယ်မိနစ်ခန့်လမ်းလျှောက်ရုံမျှရောက်လေသည်။ အိမ်လေးသည် မီးရောင်အောက်တွင် ငြိမ်သက်နေပြီး အထီးကျန်ဆန်မူ့လည်းခံစားစေရ၏။ ဘွဲ့ဆူးစေ့ပိတ်ထားသော ခြံတံခါးအားဖွင့်၍
ခြံဝင်းအတွင်းဝင်လိုက်ချိန်တွင်သူ့အိမ်မှတပါး အရာရာအားလုံးသည် ပုံမှန်အတိုင်းလည်ပတ်နေသလိုပင်။ ဘေးအိမ်တွင် ဖိုးထွေးဖွင့်နေသော စံလင်းရဲ့သီချင်းသံအေးအေးလေးသာမက ၊ မြောက်ဖက်အိမ်တွင်ေဒါ်ဘုတ်ဆုံတို့သားအမိ အခြေအတင်စကားများနေသံသဲ့သဲ့၊ ထိုလည်ပတ်မူ့တွေက အိမ်၏နွေးထွေးမူ့ကို ဖည့်စွတ်နေသယောင် ။
" အား မွှေးလိုက်တာ "
ခပ်ဖျော့ဖျော့ပန်းနံ့သည် အိမ်နဲ့နီးလာလေ ပိုမွှေးလာလေ ။ ထုံသင်းနေသော ပန်းနံ့။ ထိုအနံ့သည်သင်းပျံ့လွန်းလို့ ဘွဲ့ဆူးညစ်ညူးနေသော စိတ်တို့လွင့်ပါးကုန်၏။
အိမ်ပေါက်ဝတည့်တည့်အားခြေစုံရပ်ရင်း ဘွဲ့ဆူးလေတင်အားခေါင်းမော့ရူရှိုက်ကြည့်လိုက်၏။
လေနဲ့ပါလာသော ပန်းအနံ့ကသိသိသာသာ မွှေးကြူလွန်းလှတာမို့ အိမ်အတွင်းသို့မဝင်သေးပဲ ထိုနေရာမှာပဲခြေစုံရပ်၍ အနံ့ခံနေမိသည်။ သူ့မျက်လုံးတို့အားမှေးမှိတ်ထားကာ ၊ သူ့အနံ့ခံအာရုံကြောကိုသာ သိသိသာသာ အလုပ်ပေးမိသည်မှာ စိတ်ကူးယဉ်ဆန်သူလို။
" ရင်ခတ်ပန်းက ကျုပ်နှင်းဆီလောက်မွှေးနိုင်မှာတဲ့လား"
" ဟင်.. မင်း"
ပန်းတပွေ့တပိုက်ကြီးနဲ့ အိမ်ထောင့်မှာ မှီရပ်နေသူ။
အဝါရောင်ပန်းတွေက သူ့လက်နဲ့တောင်ဆန့်ပါ့မလားမသေချာပေမဲ့ အရက်သမားတစ်ယောက်နဲ့ မအပ်မစပ်ဟု စိတ်ထဲချက်ခြင်းတွေးမိလိုက်သေး၏ ။
" ဟုတ်ပါတယ်။ ကျုပ်သောင်းဆင့်ပါဗျ။ "
သေချာစိုက်ကြည့်နေမှန်းသိတော့ ပြောလာ၏။
ဘွဲ့ဆူးအကြည့်လွဲကာ လက်ထဲကအိတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်မိသည်။ ဒီကောင်နဲ့ရန်ဖြစ်ဖို့သူ့မှာအင်အားမရှိသေး။
ပြော ၊ ဘာကိစ္စလဲ"
" ဘာကိစ္စရမှာလဲ။ လွမ်းလို့လာတွေ့တာလေ။ ဘယ်လိုလဲ ကျုပ်ခူးလာတဲ့ပန်းတွေ လှရဲ့လား "
" ပန်းကလှတယ် "
လွမ်းလို့လာတွေ့တာဆိုတဲ့စကားကြောင့်နှုတ်ခမ်းတွေကိုအကျည်းတန်အောင်မဲ့မိသွား၏။
သောင်းဆင့်က သူ့စကားကြောင့်ရယ်ကာ အိမ်ကိုမှီထားရာမှရပ်ကာ ဘွဲ့ဆူးဘေးကိုတိုးလာသည်။ သိသိသာသာ မွှေးပျံ့နေသော ရင်ခတ်ပန်းတွေက သူ့သဘာဝအတိုင်းအနံ့ကိုလှိုင်လှိုင်ထုတ်ပေးနေ၏
" ဘာလဲ ပန်းကလှတယ်ဆိုတော့၊ ကျုပ်ကို မလှဘူးပြောချင်တာလား။
ဟွန်း.. ကျုပ်လှတဲ့နေရာ ခင်ဗျားမတွေ့ဖူးသေးလို့ပါဗျာ ။ "
အစ်တစ်တစ်ရယ်သံကြီးကဟန်လုပ်ရယ်နေသလိုမို့ ဘွဲ့ဆူးစိတ်တိုတိုနဲ့ မျက်စောင်းပစ်ထိုးလိုက်မိ၏။
ဒီကောင် အနှောင့်အသွားမလွတ်တဲ့ စကားတွေပြောဖို့ဆိုလျင် ပါးစပ်က ထွက်တာမြန်လွန်းသည်။
တုပြိုင်ရန်ဖြစ်လျင် ဒီညပြီးဆုံးတော့မည်မဟုတ်သည်မို့
" မင်းနဲ့ရန်မဖြစ်အားဘူး။ ပြန်တော့ "
" ပြန်မှာပါ ၊ပင်ပန်းနေတယ်ထင်လို့ ပန်းလာပို့ပေးတာပါဗျာ၊ ရင်ခတ်ပန်းတွေ နေ့ခင်းကတည်းက ကျုပ်ခူးလာတာ။ တစ်နေ့လုံး မညှိုးအောင် ကျုပ်ဂရုစိုက်ထားတယ်၊ဒါကိုခင်ဗျားယူသွား ၊ ပန်းက သိပ်တော့မလှဘူး ကျုပ်နှင်းဆီ။ ကျုပ်က ပန်းဆိုနှင်းဆီမှကြိုက်တာ "
" ငါက နှင်းဆီပန်းဆို လုံးဝမကြိုက်ဘူး ၊ပေး .. ပြီးရင်ပြန်တော့"
နှင်ထုတ်တဲ့ နှုတ်ခမ်းလှလှကိုငေးကာ သောင်းဆင့်ရင်ဘတ်ကြီးလှုပ်လုလု။
သူ့နာမည်က နှင်းဆီတဲ့၊ ဘယ်ပန်းမှမမှီတဲ့ကျုပ်ရဲ့နှင်းဆီ။
ဘွဲ့ဆူးလက်ထဲက ပန်းတွေအား ငုံ့ကြည့်ကာ မကြည်သလိုလို မျက်မှောင်ကြုတ်လိုက်မိသေးသည်။ ထို့နောက် ခေါင်းငုံ့နမ်းကာ အိပ်ယာဘေးခုံပေါ်အားအသာအယာချလိုက်၏။
စိတ်ထဲမှာ ထိုးလှဲအိပ်လိုက်ချင်စိတ်က အလုံးလိုက်။
သို့သော် ညစ်ပတ်နေတယ်လို့ခံစားနေရသည်မို့ အိပ်ယာအားရှောင်ကာ ရေချိုးဖို့ ပြင်လိုက်မိ၏။ ရေလှုပ်ရမည့်အရေးတွေးကာ စိတ်ထဲမှာပျင်းရိရိ။ မကြာမကြာ ရေပြည့်နေတဲ့ ကျောက်ကန်ကြီးအကြောင်းတွေးကာ ဒီညလည်း ရေလှုပ်ထားသူရှိပါစေဟု ဆုတောင်းမိသေးသည်။ တစ်ခါတလေ ဖိုးထွေးတို့မိသားစု ရေလာချိုးတက်သည်မို့ သူတို့ပြန်ရင် ဘွဲ့ဆူးတို့ သုံးရအောင် ရေလှုပ်ပေးတက်တာလည်းရှိ၏။
ထို့ကြောင့် ရေတစ်ခါတလေ ပြည့်နေတက်ရင် ဘွဲ့ဆူးကတော့ အံ့ဩလေ့မရှိပဲ ဝမ်းသာမူ့သာရှိတက်၏။
" မနက်က ချွတ်ထားတဲ့ အဝတ်တွေကကော၊ ငါဘယ်နားထားမိပါလိမ့်"
ဟောင်းလောင်းဖြစ်နေတဲ့ အညစ်တောင်းအားမြှောက်ကြည့်၍ လူကဇဝေဇဝါ။
သူသေသေချာချာမှတ်မိပါသေးသည်။ မနက်က အလုပ်မသွားခင်ရေချိုးသွားသေးသည်။
ညကဝတ်ထားတဲ့အဝတ်တွေမို့ သူလျှော်မဲ့ခြင်းထဲပစ်ထည့်ခဲ့လိုက်သည်။ ယခုမူမရှိတော့ချေ။
ယခုချွတ်လိုက်တဲ့ အဝတ်တွေအားဆွဲပွေ့ကာ ဘွဲ့ဆူး ကြောင်တောင်တောင်အောက်ထပ်ဆင်းလာခဲ့မိ၏။
စိတ်ထဲမှာ ဘဝင်မကျစိတ်ကအပြည့်ဖြစ်ကာ အောက်ဆင်းလာသည်ထိ မျက်စိကတောင်မြောက်ပတ်ရှာနေမိသေးသည်။
သို့သော် ရှာနေသောအဝတ်တို့သည် ခြံထောင့်၏ ရေချိုးသည့်နေရာ၏ဘေးမှာရှိသော အဝတ်လှမ်းသည့် ဝါးတန်းတွင် အဆင့်သင့်ရှိနေ၏။ ဘွဲ့ဆူးပြေးကာ ကိုင်ကြည့်လိုက်တော့ သူ့အဝတ်အစားမှသူ့အဝတ်အစားဖြစ်၏။ အညိုရောင် ဘောင်းဘီနှင့်အင်္ကျီဝမ်းဆက်သည် ညအိပ်ဝတ်ဖြစ်ကာ ဘောင်တိုအတွင်းခံအနက်ကလေးကပါ ဘေးမှ ဖြန့်ဆန့်လို့။
ဘထွေးများလျှော်ထားလေသလားဟုတွေးမိကာ ရှက်သည့်စိတ်ကအလုံးလိုက်တက်လာတော့သည်။
မျက်နှာနီနီဖြင့် ဖုံးဖိလှမ်းမထားသော အတွင်းခံလေးအား အင်္ကျီအောက်မှာ ထိုးထည့်၍ ပြန်လှမ်းလိုက်ရ၏။
ထူးတော့ထူးဆန်းနေသည်။ ဘထွေးက ဒူးနာ၍အိမ်အောက်ထပ်သာနေပြီး အိမ်ပေါ်အားတက်လေ့မရှိ။
ဘွဲ့ဆူးမလျှော်ရင် ဘထွေးလျှော်ပေးတာဖြစ်နိုင်ပေမဲ့ မသိစိတ်ကလည်း ဘထွေးလက်ချက်မဟုတ်ဘူးဆိုတာ သိနေပြန်၏။
အတွေးများက မရေရာတော့ပေ။
စိတ်ထဲတစ်မျိုးကြီးဖြစ်နေတာမို့ ရေကန်မှာရေပြည့်နေတာကိုပင်ပျော်မသွားတော့။
ခပ်သွက်သွက်ရေချိုးပြီးချိန်ထိ ရေကန်၏ထောင့်လေးမှာ ရင်ခတ်ပန်းတစ်ပွင့်ပြုတ်ကျပြီး နွမ်းလျစ ပြုနေပြီကို ဘွဲ့ဆူးမြင်မသွားနိုင်ခဲ့။
________
" မင်း ခုတလော ဘာတွေလုပ်နေတာလဲသောင်းဆင့်။
တောလည်တုန်းဝက်ပက်ခံခဲ့ရတာလည်း ဖိုးထွေးပြောမှ ငါသိရတာ "
သာဒင်မကြည်ပါ။
သောင်းဆင့်နဲ့မတွေ့တာ ရက်အတော်ကြာပြီဖြစ်ပေမဲ့ ထိခိုက်ဒဏ်ရာရနေသည်ကိုတော့ သူမသိရှိပေ။
ပုံမှန်အတိုင်း လယ်အလုပ်နှင့် သူအားလပ်သည်ဟူ၍မရှိသည်မို့ မတွေ့တာကို အမှတ်တမဲ့သာရှိခဲ့၏
" သောင်းဆင့်မသေသေးပါဘူးကွ"
အရက်ခွက်ကိုကိုင်မြှောက်ကာ လှည့်ပတ်ကစားရင်း
သောင်းဆင့်သာဒင်အား မကြည့်ပဲပြောမိသည်။
ထုံးစံအတိုင်းအရက်ဝိုင်းမှာ သုံးယောက်သားဆုံမိကြရာ သာဒင်တစ်ယောက် နေမကောင်းဖြစ်နေတာတွေ့တော့ ရှူးရှူးရှဲရှဲထဖြစ်သည်။ ငယ်ပေါင်းကြီးဖော်တွေမို့ သာဒင်စိတ်ပူတာသိပေမဲ့ သောင်းဆင့်ကတော့ သွေးအေးဆဲပင်။
အမှန်က သူ့စိတ်ထဲမှာ ဖိုးထွေးလည်းမရှိ၊ သာဒင်လည်းမရှိပေ။ တစ်ပွင့်တည်းသော နှင်းဆီရိုင်းလေးသာရှိပေ၏။
အချစ်ဘယ်ကစ
ကျုပ်နှင်းဆီကစ လို့ ပြောရမည်ပင်။
နှင်းဆီက ခြောက်နှစ်အရွယ်ကတည်းက သောင်းဆင့် ငယ်ချစ်ဦးဖြစ်လာတာ။ ဘယ်သူနဲ့ယှဉ်ယှဉ် နှင်းဆီက တစ်။ နှင်းဆီက နှစ်ဖြစ်လာတာ အနှစ်နှစ်ဆယ်ရှိနေပြီ။ ကျုပ်နှင်းဆီကတော့ ဒီအကြောင်းတွေသိချင်မှသိမည်။
ဒါကလည်း အချိန်ကာလ ကြာမြင့်ခဲ့ပြီကို။
ကလေးဘဝကတည်းကမို့ မမှတ်မိလည်း အပြစ်ဟူသမျှ သောင်းဆင့်တို့က သေးသေးလေးတောင်မှမမြင်နိုင်။
ခြောက်နှစ်အရွယ်ကတည်းက နှင်းဆီက
ဘွဲ့ဆူးနှလုံးသားဖြစ်လာတာ။အမြစ်စတွယ်ခဲ့တာ
ထိုအချိန်ကတည်းကဆိုပေမဲ့ နှုတ်မရပြုမရရှင်သန်ချင်းစတင်ခဲ့တာတော့ နှင်းဆီဘွဲ့ဆူးဆိုတဲ့ အမျိုးသားကို ဖိုးထွေးခြံဖက်နေ ပထမဦးဆုံးမြင်လိုက်ရတဲ့အချိန်ကတည်းက သောင်းဆင့်တစ်ယောက် အရူးအမဲသားကျွေးသလိုဖြစ်ခဲ့ရတာ။
အမှန်က သောင်းဆင့်ကွေးတာ နှင်းဆီဘွဲ့ဆူးနဲ့တော့မဆိုင်ပေ။
သူ့စိတ်သူ့ဗီဇက အရက်သမား လူကြမ်းကြီးသာဖြစ်ခဲ့တာ မိန်းမဆို ပထမဦးဆုံးလူပျိုစဖြစ်တဲ့ ဆယ့်ငါးနှစ်အရွယ်က စိတ်မဝင်စားတာသိသိသာသာ။
ရှင်းရှင်းပြောရရင် သောင်းဆင့်က အမဆို ယင်မတောင်အသန်းမခံရသေးတဲ့ လူပျိုလူနုလေး။
နုလွန်းပျိုလွန်းလို့ အုအက်သွားမလားတောင်မှစိုးရအောင် သောင်းဆင့်တို့က အဖိုးတန်ဈေးမှန်လေး။
အရက်ကလွဲရင် သောင်းဆင့်က နှင်းဆီမှ နှင်းဆီ တစ်ပြားသားမှမလျော့လေဘူး။
ချစ်မိသွားတော့လည်းခက်သား။
ယောကျာ်းသော ဘာသော နားမလည်ဘူး တစ်သက်လုံးထိန်းသိမ်းထားတဲ့ လူပျိုဥအက်ဂုဏ်အင်လေးကိုပေးချင်လိုက်တာမှ စပ်စပ်ကိုခါလို့။
သူ့ရဲ့ပထမဦးဆုံးကိုပဲရမည့်အမျိုးကောင်းသားလေးအတွက် တိတ်တခိုး ဂုဏ်ယူမိသာလည်းအမောသားပင်။
မစောင့်နိုင်သည်မို့ဘယ်တော့ယူကြမလဲသာမေးချင်တော့သည်။
ခက်သာက သူ့နှင်းဆီက သူ့အားကြိုက်နိုင်မကြိုက်နိုင် မသေချာ။
သေချာလို့ကတော့ ဝါတောင်မဝင်ခံနိုင်တော့သည် ထိ တစ်ယောက်ထဲကြိတ်ပြီးရူးမိနေသည်ထိ။
ဒါတွေကို ရင်ထဲပဲ တိုးတိုးလေးသိမ်းထားမိသည်။
သိတဲ့သူက သိနေတယ်ဆိုပေမဲ့ နည်းနည်းတော့ ရှက်စိတ်ကလေးတော့ရှိသေးသည်မို့ သာဒင်မသိအောင် ကွယ်ဝှက်ထားမိသည်။ ဖိုးထွေးကတော့ သိ၏။ သို့သော်ငြား သူဂရုတော့မစိုက်ပါလေ။
ရေခိုးလှုပ်ပေးတာ ၊အဝတ်ခိုးလျှော်ပေးတာတွေက ခုမလုပ်လည်း နောက်လုပ်ရမည်သာ။
အဝတ်လျှော်ပေးတယ်ဆိုမှ နေ့ခင်းက ဘထွေးမသိအောင်ခိုးလျှော်ခဲ့တဲ့ အတွင်းခံအနက်လေးအားတွေးမိတော့ သောင်းဆင့်မျက်နှာကြီးပြုံးဖြဲဖြဲဖြစ်လာ၏။
နောက်ဆို သူအတွင်းခံကအစ အကုန်လျှော်ပေးမည်။
အဝတ်ညစ်တွေလည်းလျှော်မည်။
မီးဖိုချောင်၊ စားသောက်စရိတ်နှင့် လူတန်းစေ့နေနိုင်ရေးသည်းသူတာဝန်၊
သူများမိန်းမတွေလို ၊ ရွှေငွေအပြည့် ဆင်ပေးနိုင်ဖို့ကလည်းသူ့အရေး။
အတွေးထဲမှာ သူနဲ့အတူ ရွှေဆွဲကြိုးတုတ်တုတ်ဆင်တူဝတ်ဖို့တွေးမိတော့ ကျေနပ်မိတာအတိုင်းထက်အလွန်ဖြစ်ရသည်။
ရွှေကြိုက်တက်သူမို့ ၊သူ့အိမ်ထောင်ဖက်သူ့နှင်းဆီကလေးအားလည်းဆင်ချင်ပါသည်။
လည်ပင်းမှာလည်းဆင်မည်။
လက်မှာလည်းဆင်မည်။
နားနှင့်ခြေထောက်မှာလည်းဆင်မည်။
ဟိုနေရာမှာလည်းဖြစ်နိုင်ရင်ဆင်ချင်သည်။
နေရာမရွေးအကုန်ဆင်ချင်သည်။
အများအမြင်အားကျအောင် တစ်ကိုယ်လုံးရွှေရည်စိမ် ၊ရွှေဘောင်ကွပ်ချင်သည်။
ရွှေနှင်းဆီလေးဖြစ်အောင်လုပ်မည်။
ရွှေရောင်တဝင်းဝင်းနှင့် နှင်းဆီပန်းလေးလက်လက်ထနေမည့်အရေးစိတ်ကူးကြည့်ရုံဖြင့်
ချစ်လိုက်တာမှ ဟိုဟာတောင် တုန်လို့။
တခြားမတွေးပါနဲ့။ အသည်းနှလုံးပြောပါတယ်။
အများအမြင်သာ သိသာအောင်မပြလေတာ၊ သူ့နှလုံးသားကြီးက နှင်းဆီကြောင့် ဗြုတ်ဗြုတ်ပြုန်းလုလု။
" အဲ့အခွက်က ဘာဖြစ်နေတာလဲ၊ ရုပ်ကိုက ရည်းစားထားချင်နေတဲ့ရုပ်နဲ့"
အတွေးတွေအကုန်လုံး သာဒင့်အသံကြောင့်ပျက်ကုန်၏။ သောင်းဆင့် မသောက်သေးတဲ့ အရက်ခွက်ကိုစောင့်ချကာ သာဒင်အား ဒေါသမျက်ဝန်းဖြင့်ကြည့်လိုက်၏။
" _ီးဖြစ်လို့ လာပြောနေတာလား။ ငါရည်းစားထားတော့ရော မင်းစောက်ကြောင်းလား "
" ကြည့်စမ်းဖိုးထွေး။ မင်းကောင် မရိုးသားတော့ဘူး ။"
"ထားလိုက်စမ်းပါကွာ၊ မကြာခင် မင်းရိုးသွားမှာပါ"
အရာရာသိနေသလို ဖိုးထွေးမျက်နှာထားကြောင့်
သာဒင်၏ သိလိုစိတ်ကပြင်းပျလာ၏။
ဘယ်သူနဲ့လဲ။
ဘယ်ရွာကလဲ။
ဘယ်မိန်ကလေးလဲ။
တို့ရွာက ဟိုဟာကိုင်ဒီဟာကိုင်လောက်ရော လှရဲ့လား။
အတွေးတွေထဲဗလောင်ဆူနေသည်မှာ သောင်းဆင့်၏ လေးရွာအပိုင် စားရထားသလို ရုပ်ကြီးကြောင့်ဖြစ်သည်။
သောင်းဆင့်၏ တစ်သက်တာ ကံစမ်းမဲအား ဘယ်အမျိုးသမီး မဲပေါက်သွားလေသလဲ။
ချစ်တဲ့အိမ်စည်။
" နာမည္ေလးက စံထားတဲ့ ၊ မေခ်ာမလွေပဘူးလား"
တစ္ပတ္လ်ိဳထံုးထားနဲ႔ဆံႏြယ္လွလွေတြကဘယ္ေလာက္ က်န္းမာသန္စြမ္းသလဲဆိုတာေမးျမန္းဖြယ္မလိုပါ။ အနက္ေရာင္ ကတၲီပါစလို ရွင္းသြဲ႔နက္ ေမွာင္ေနေသာ ေကာင္းျခင္းအလွတရားေတြ။
ေလညင္းသြဲ႔သြဲ႔ ရရိွလာေသာ သနပ္ခါးနံ႔ေလးေတြက
ေအးခ်မ္းျခင္းကိုေဆာင္ႏွင္းလာ၏။
" ကြၽန္မကို ကိုဘြဲ႔ဆူး ျမင္ဖူးၿပီးသားပါ ဘေထြးရဲ့ "
ရယ္ေမာလိုက္ရင္း ဘေထြးကို အက်ိဳးအေၾကာင္းေျပာလာတဲ့ စကားေတြေၾကာင့္ ဘြဲ႔ဆူးပါ ၿပံဳးရင္းေခါင္းညိမ့္ျပမိသြားသည္။
" ဟုတ္တယ္ဘေထြး၊ ဒီကဆရာမကို ေသာင္းဆင့္ဖ်ားတဲ့ေန့ကပင့္ဖူးတယ္"
" ဟုတ္လား၊ ဘေထြးက မင္းနဲ႔မေတြ့ဖူးေသးဘူးထင္လို႔ မိတ္ဆက္ေပးမလို႔"
ဘေထြးဘယ္ေျခလွမ္းလွမ္းေနသလဲဆိုတာ သိေတာ့ ဘြဲ႔ဆူး ရယ္ခ်င္မိပါသည္ ။ သူ႔အား အသက္ခပ္ႀကီးႀကီး ေဂၚမစြံလူပ်ိဳသိုးအရြယ္ေရာက္ေနၿပီဟု ေတြးထင္ေနၿပီမို႔ မိန္းမေပးစားဖို႔စိတ္ကူးရိွေနပံုပင္။
ခက္တာက မိန္းမပိုးဖို႔ သူ႔အတြက္ခက္ခဲေနျခင္းျဖစ္သည္။ စံထားသည္လွပါသည္။ အဆင့္အတန္း၊အရည္အခ်င္းႏွင့္ရုပ္ရည္သည္လည္းေျပာစရာမလိုေပ။သို႔ေသာ္ျငား ဘြဲ႔ဆူး နီးစပ္ေအာင္ မႀကိဳးစားႏိုင္။
အေၾကာင္းအရင္းမွာ အျခားမဟုတ္။
ပတ္ဝန္းက်င္မွာ ရိွတဲ့ အႀကီးအငယ္မေရြး ဘြဲ႔ဆူးတၫ့္ေအာင္ခင္မင္ေပါင္းသင္းႏိုင္ေပမဲ့ အခ်စ္ေရး၊အခ်စ္မူမွာေတာ့ ႏႈတ္ထြက္စကားနည္းပါးလြန္းတာ ေၾကာင့္ျဖစ္သည္။
ရွင္းရွင္းေျပာရရင္ ပ်ိဳမ်စ္ႏုငယ္တဲ့ဆယ္ေက်ာ္သက္အရြယ္မွာတုန္းက သူ႔ဖက္က တိတ္တခိုးသေဘာက်ခဲ့တဲ့သူရိွခဲ့ဖူးတာကလြဲရင္ လက္ဆုပ္လက္ကိုင္ဒါ ကြၽန္ေတာ္ရည္းစားပါဆိုတဲ့အဆင့္အထိေရာက္ခဲ့ဖူးသူမရိွခဲ့။
" ကြၽန္ေတာ္တို႔ မ်က္မွန္းတန္းမိၿပီးသားပါ ၊
ဒါနဲ႔ ဆရာမက ဘုရားရွစ္ခိုးဝတ္ျပဳ ညတိုင္းတက္သလား ဘေထြး။ ခုမွ ဘေထြးညေနတိုင္းသြားတက္တဲ့ ဓမၼာရံုကိုေရာက္ဖူးတာ။ လူႀကီးေတြေကာ လူငယ္ေတြေကာ ဝတ္ျပဳအဖြဲ႔က လူမ်ားသားပဲ"
ညေနေနဝင္စအခ်ိန္၊ မီးထြန္းခ်ိန္မွစ၍ ေခ်ာင္းကမ္းရြာ၏ ရြာလယ္ ဓမၼာရံုတြင္ ဘုရားဝတ္ျပဳကန္ေတာ့သၫ့္ အစဥ္အလာရိွေလသည္။
ထို႔အစဥ္လာသည္ ႏွစ္ေပါင္းၾကာေညာင္းသည္ထိမေျပာင္းလဲစြာ အဆင့္ဆင့္လက္ဆင့္ကမ္းလာၾကသၫ့္အထိ။
ညေနေနဝင္ခ်ိန္တြင္ အခ်ိန္ေပးႏိုင္သၫ့္သက္ႀကီးရြယ္အိုလူပ်ိဳ အပ်ိဳ ေတာ္ေတာ္မ်ားမ်ားသည္ ေန့စဉ္ ရြာလယ္ဓမၼာရံုသို႔ ေရာက္ေအာင္လာၾကၿပီး ဘုရားဝတ္ျပဳပူေဇာ္ၾက၏။
ထို႔အျပင္ ဓမၼာရံုမွာတည္ထားကိုးကြယ္ေသာ
ျမတ္စြာဘုရားရွင္၏ အတုမရိွရုပ္ပြားေတာ္သည္
ဘုန္းတန္ခိုးႀကီးမားသည္ဟု ေလးရြာအႏွံ႔ဂုဏ္က်က္သေရေက်ာ္ေဇာ၏။
တစ္ခ်ိန္တစ္ခါက ရြတ္ဖတ္ပူေဇာ္ေနရင္း ေရာင္ျခည္ေတာ္မ်ားကြန႔္ျမဴးလာသည္ကို ဓမၼာရံုမွာရိွတဲ့ ဝတ္ျပဳသူမ်ားျမင္ေတြ့ရခဲ့သည္။ ကြန႔္ျမဴးခ်ိန္သည္ အခ်ိန္ ဆယ္မိနစ္ခန႔္ေလာက္ၾကာျမင့္ခဲ့သည္မို႔ တစ္ရြာလံုးနီးပါး အုန္းအုန္းထေအာင္ အေျပးအလႊား ဖူးေမ်ွာ္ခြင့္ရရိွခဲ့၏။ ထို႔အျပင္ ရြာရိွဓာတ္ပံုဆရာမွ အလ်ွင္အျမန္မွတ္တမ္းတင္ႏိုင္ခဲ့သည္မို႔ ထိုေကာင္းျမတ္ေသာ သတင္းစကားသည္ေလးရြာအႏွံ႔ ေတာမီးပမာပ်ံ့ႏွံခဲ့၏။
ထိုအေၾကာင္းသည္ ေခ်ာင္းကမ္းရြာ၏ အထင္ကရအေၾကာင္းျဖစ္ခဲ့သည္။ ဘုရားပြဲေတာ္သည္လည္း ႏွစ္စဉ္ရိွသလို ရြာရိွလူငယ္မ်ား၏ သက္ဝင္ယံုၾကည္ျခင္းသည္ ပိုမိုတိုးပြားလာကာ ညေန ဘုရားအိုးတက္ေသာ အဖြဲ႔သည္ ပိုမိုစည္ကားလာေတာ့၏။
" ဒီမွာက မင္းျမင္တဲ့အတိုင္းပဲေလ ၊လူႀကီးလူငယ္ေတြ မ်ားလြန္းလို႔ ဓမၼာရံုေတာင္မွ သိပ္မဆန႔္ခ်င္ေတာ့ဘူး။ ဆရာမေလး လည္းဒီမွာလာ
ရြတ္ဖတ္တာ ႏွစ္ႏွစ္ေလာက္ရိွၿပီထင္တယ္"
" ႏွစ္ႏွစ္နဲ႔ သံုးလေက်ာ္ၿပီဘေထြး။ တိတိက်က်ဆိုရင္သမီးတာဝန္စက်ကတည္းက ခုထိ မျပတ္တမ္း ဘုရားရွစ္ခိုးလိုက္ခဲ့တာဆိုေတာ့ ၊ ႏွစ္ႏွစ္နဲ႔ေလးလေလာက္ ရိွေနၿပီ "
ေတြးေတြးဆဆေျပာလိုက္တဲ့ဟန္ပန္ေလးက ခ်စ္စရာပင္။ တည္ၿငိမ္တဲ့အရြယ္မို႔ စကားေျပာတာပဲျဖစ္ျဖစ္ ၊ဘေထြးစကားကို အလိုက္တသင့္ ေခါင္းညိမ့္ေထာက္ခံတာပဲျဖစ္ျဖစ္ ဘယ္လိုေလးေနေန ၾကၫ့္လိုက္တာနဲ႔ တကယ့္အမ်ိဳးေကာင္းသမီးပံုစံမ်ိဳးကအျပၫ့္။ ဒါေၾကာင့္ လူႀကီးေတြပါးစပ္ဖ်ားမွာ ဆရာမေလးဆိုတာျဖစ္ေနတာပင္။
" သာဓု ပါဆရာမေလး ၊ ဘာပဲေျပာေျပာ ဆရာမေလးလို သမီးမ်ိဳးေလးတစ္ေယာက္ေတာ့ က်ဳပ္မွာ ရိွေစခ်င္တယ္။ ခက္တာက က်ဳပ္တူ ဘြဲ႔ဆူးက ခုထိ ရိုးရိုးေအးေအးႀကီးလုပ္ေနေတာ့ အလိမ္မာ အိမ္မပါျဖစ္ေနတာေပါ့ "
"လုပ္ျပန္ၿပီဘေထြးရာ၊ ဆရာမကိုအားနာစရာႀကီး။ "
ဘေထြးမၾကည္တဲ့အၾကၫ့္ေၾကာင့္ ဘြဲ႔ဆူးေနရခက္သြား၏။ တၫ့္တၫ့္ႀကီးလမ္းေၾကာင္းေနတဲ့ အေနအထားမို႔ ဆရာမေလးကိုလည္းအားနာရသည္။
" ရပါတယ္ ၊ကိုဘြဲ႔ဆူး။ ဘေထြးတို႔ေျပာပါမ်ားလို႔ ကြၽန္မျဖင့္ ရိုးေတာင္ေနပါၿပီ "
" အဲ့ဒါသာၾကၫ့္ေတာ့ဆရာမေလးရယ္ "
" ကဲပါ ဘေထြးရာ ၊ဓမၼာရံုမွာ ဒီအေၾကာင္းေတြေျပာဖို႔မသင့္ပါဘူး။ ဟိုမွာ ဘေထြးမိတ္ေဆြေတြလာေနၿပီ။ ကြၽန္ေတာ္ျပန္ေတာ့မယ္၊အျပန္လာမႀကိဳေပးေတာ့ဘူးေနာ္၊ ေတာင္ဘက္လမ္းက မလာခဲ့နဲ႔ ။ ဘိုးေအးခ်ိဳတို႔နဲ႔ ရြာလယ္လမ္းကပဲ ျပန္ခဲ့လိုက္ေတာ့ "
" ေအးေအး ၊အျပန္ေရတန္းမခ်ိဳးနဲ႔ေနာ္ ကိုဘြဲ႔"
" ဟုတ္ကဲ့ ဘေထြး။ "
"ဆရာမေရ ၊ မၾကာခင္ဘုရားဝတ္တက္ေတာ့မွာဆိုေတာ့ ကြၽန္ေတာ္လည္းျပန္ေတာ့မယ္ဗ်။ "
"ဟုတ္ကဲ့ကိုဘြဲ႔ဆူး ၊ စကားေကာင္းေနတာနဲ႔ ေမွာင္ေတာင္ေနၿပီ "
အလိုက္တသိႏွစ္သိမ့္လာတဲ့မ်က္ဝန္းမ်ားေၾကာင့္ရင္ထဲေနြးခနဲ။ ျပန္လည္ၿပံဳးျပရင္း ဘြဲ႔ဆူးစာရင္းစာအုပ္တခ်ိဳ႕ထၫ့္ထားေသာ အိတ္ကိုဆြဲယူ၏။
" ရပါတယ္၊ ကြၽန္ေတာ္ျပန္ၿပီဆရာမ၊ ေနာက္ႀကံဳမွစကားေအးေအးေဆးေဆးေျပာေတာ့မယ္ေနာ္"
"ဟုတ္ကဲ့"
တျဖည္းျဖည္းမ်ားလာေသာ လူအုပ္ေၾကာင့္မၾကာခင္
ဘုရားဝတ္တက္ျခင္းစတင္ေတာ့မည္ျဖစ္သည္။
ခုထိေရမခ်ိဳးရေသးသည္မို႔ လူက ၿငီးစိစိျဖစ္ရံုသာမက အိပ္ယာထဲထိုးလွဲ၍ နားနားေနေန ေနခ်င္လွၿပီျဖစ္သည္။
အလုပ္ကဒီေန့လစာထုတ္ရက္မို႔အျပန္ေနာက္က်သည္။ပြဲရံုက အျပန္ ဓမၼာရံုဖက္ကေန ျပန္ရသည္မို႔ ဘေထြးနဲ႔ဆံုကာဝင္ထိုင္ျဖစ္ခဲ့ျခင္း။
ဘေထြးက ညေနဆို ဘုရားရွစ္ခိုးမစတင္ခင္ ညေနအခ်ိန္ကိုေစာကာ ဓမၼာရံုကိုသြားတက္သည္။ သူ႔လိုသက္ႀကီးပိုင္းတခ်ိဳ႕ ေရႏြေးၾကမ္းေသာက္၍ အပ်င္းေျဖတက္ၾကသည္မို႔ ညေနပိုင္းဆို ေလးနာရီ၊ငါးနာရီေလာက္ကတည္းက ဓမၼာရံုမွာလူစည္ကားသည္။ ထို႔အျပင္ တခ်ိဳ႕လူငယ္ေတြလည္းေစာလာၾကသည္။ ဥပမာဆရာမေလးစံထားလို႔ေပါ့။
တံျမက္စည္းလွည္းျခင္း၊ ဘုရားပန္းလဲျခင္း၊ေသာက္ေတာ္ေရႏွင့္ဆီမီးပူေဇာ္ျခင္းတို႔ကို လူငယ္ေတြႏွင့္ အမ်ိဳးသမီးႀကီးတခ်ိဳ႕က လုပ္ကိုင္ၾက၏။
ဇာတ္ေၾကာေတြသည္ တေန့လံုးေခါင္းငံု႔အလုပ္လုပ္ခဲ့ရသည္မို႔ ေတာင့္တင္းကာ တက္ေနသည္။
ဘယ္ညာရမ္း၍ ဇာတ္ခ်ိဳးေသာ္ျငား ေျပေပ်ာက္မသြားသည္မို႔ လက္ျဖင့္ဂုတ္ပိုးအားဖိႏိွပ္ကာ အိမ္ျပန္လမ္းအားေလ်ွာက္လွမ္းေနမိသည္။
ေမွာင္စပ်ိဳးေနေသာပတ္ဝန္းက်င္သည္ ခပ္ေဖ်ာ့ေဖ်ာ့လမ္းမီးတိုင္တခ်ိဳ႕ေၾကာင့္ အလင္းသဲ့သဲ့ရိွေခ်သည္။
လ်ွပ္စစ္မီးမရိွေသာေဒသမို႔ ကိုယ္ထူကိုယ္ထ စနစ္ျဖင့္ တစ္ရြာလံုးမီးလင္းေအာင္ ညကိုးနာရီထိေပးေသာ မီးလည္းရိွသည္။ ထိုမီးသည္ မီးသီး၊မီးေခ်ာင္းတို႔သာ လင္းေစၿပီး အားဆြဲမ်ားေသာ တျခားမည္သၫ့္ပစၥည္းမ်ားမွအသံုးမဝင္ပါေခ်။
ဓမၼာရံုမွအိမ္သို႔ ဆယ္မိနစ္ခန႔္လမ္းေလ်ွာက္ရံုမ်ွေရာက္ေလသည္။ အိမ္ေလးသည္ မီးေရာင္ေအာက္တြင္ ၿငိမ္သက္ေနၿပီး အထီးက်န္ဆန္မူ႔လည္းခံစားေစရ၏။ ဘြဲ႔ဆူးေစ့ပိတ္ထားေသာ ၿခံတံခါးအားဖြင့္၍
ၿခံဝင္းအတြင္းဝင္လိုက္ခ်ိန္တြင္သူ႔အိမ္မွတပါး အရာရာအားလံုးသည္ ပံုမွန္အတိုင္းလည္ပတ္ေနသလိုပင္။ ေဘးအိမ္တြင္ ဖိုးေထြးဖြင့္ေနေသာ စံလင္းရဲ့သီခ်င္းသံေအးေအးေလးသာမက ၊ ေျမာက္ဖက္အိမ္တြင္ေဒၚဘုတ္ဆံုတို႔သားအမိ အေျခအတင္စကားမ်ားေနသံသဲ့သဲ့၊ ထိုလည္ပတ္မူ႔ေတြက အိမ္၏ေနြးေထြးမူ႔ကို ဖၫ့္စြတ္ေနသေယာင္ ။
" အား ေမႊးလိုက္တာ "
ခပ္ေဖ်ာ့ေဖ်ာ့ပန္းနံ႔သည္ အိမ္နဲ႔နီးလာေလ ပိုေမႊးလာေလ ။ ထံုသင္းေနေသာ ပန္းနံ႔။ ထိုအနံ႔သည္သင္းပ်ံ့လြန္းလို႔ ဘြဲ႔ဆူးညစ္ၫူးေနေသာ စိတ္တို႔လြင့္ပါးကုန္၏။
အိမ္ေပါက္ဝတၫ့္တၫ့္အားေျခစံုရပ္ရင္း ဘြဲ႔ဆူးေလတင္အားေခါင္းေမာ့ရူရိႈက္ၾကၫ့္လိုက္၏။
ေလနဲ႔ပါလာေသာ ပန္းအနံ႔ကသိသိသာသာ ေမႊးၾကဴလြန္းလွတာမို႔ အိမ္အတြင္းသို႔မဝင္ေသးပဲ ထိုေနရာမွာပဲေျခစံုရပ္၍ အနံ႔ခံေနမိသည္။ သူ႔မ်က္လံုးတို႔အားေမွးမိွတ္ထားကာ ၊ သူ႔အနံ႔ခံအာရံုေၾကာကိုသာ သိသိသာသာ အလုပ္ေပးမိသည္မွာ စိတ္ကူးယဉ္ဆန္သူလို။
" ရင္ခတ္ပန္းက က်ဳပ္ႏွင္းဆီေလာက္ေမႊးႏိုင္မွာတဲ့လား"
" ဟင္.. မင္း"
ပန္းတေပြ့တပိုက္ႀကီးနဲ႔ အိမ္ေထာင့္မွာ မွီရပ္ေနသူ။
အဝါေရာင္ပန္းေတြက သူ႔လက္နဲ႔ေတာင္ဆန႔္ပါ့မလားမေသခ်ာေပမဲ့ အရက္သမားတစ္ေယာက္နဲ႔ မအပ္မစပ္ဟု စိတ္ထဲခ်က္ျခင္းေတြးမိလိုက္ေသး၏ ။
" ဟုတ္ပါတယ္။ က်ဳပ္ေသာင္းဆင့္ပါဗ်။ "
ေသခ်ာစိုက္ၾကၫ့္ေနမွန္းသိေတာ့ ေျပာလာ၏။
ဘြဲ႔ဆူးအၾကၫ့္လြဲကာ လက္ထဲကအိတ္ကို က်စ္က်စ္ပါေအာင္ဆုပ္မိသည္။ ဒီေကာင္နဲ႔ရန္ျဖစ္ဖို႔သူ႔မွာအင္အားမရိွေသး။
ေျပာ ၊ ဘာကိစၥလဲ"
" ဘာကိစၥရမွာလဲ။ လြမ္းလို႔လာေတြ့တာေလ။ ဘယ္လိုလဲ က်ဳပ္ခူးလာတဲ့ပန္းေတြ လွရဲ့လား "
" ပန္းကလွတယ္ "
လြမ္းလို႔လာေတြ့တာဆိုတဲ့စကားေၾကာင့္ႏႈတ္ခမ္းေတြကိုအက်ည္းတန္ေအာင္မဲ့မိသြား၏။
ေသာင္းဆင့္က သူ႔စကားေၾကာင့္ရယ္ကာ အိမ္ကိုမွီထားရာမွရပ္ကာ ဘြဲ႔ဆူးေဘးကိုတိုးလာသည္။ သိသိသာသာ ေမႊးပ်ံ့ေနေသာ ရင္ခတ္ပန္းေတြက သူ႔သဘာဝအတိုင္းအနံ႔ကိုလိႈင္လိႈင္ထုတ္ေပးေန၏
" ဘာလဲ ပန္းကလွတယ္ဆိုေတာ့၊ က်ဳပ္ကို မလွဘူးေျပာခ်င္တာလား။
ဟြန္း.. က်ဳပ္လွတဲ့ေနရာ ခင္ဗ်ားမေတြ့ဖူးေသးလို႔ပါဗ်ာ ။ "
အစ္တစ္တစ္ရယ္သံႀကီးကဟန္လုပ္ရယ္ေနသလိုမို႔ ဘြဲ႔ဆူးစိတ္တိုတိုနဲ႔ မ်က္ေစာင္းပစ္ထိုးလိုက္မိ၏။
ဒီေကာင္ အေနွာင့္အသြားမလြတ္တဲ့ စကားေတြေျပာဖို႔ဆိုလ်င္ ပါးစပ္က ထြက္တာျမန္လြန္းသည္။
တုၿပိဳင္ရန္ျဖစ္လ်င္ ဒီညၿပီးဆံုးေတာ့မည္မဟုတ္သည္မို႔
" မင္းနဲ႔ရန္မျဖစ္အားဘူး။ ျပန္ေတာ့ "
" ျပန္မွာပါ ၊ပင္ပန္းေနတယ္ထင္လို႔ ပန္းလာပို႔ေပးတာပါဗ်ာ၊ ရင္ခတ္ပန္းေတြ ေန့ခင္းကတည္းက က်ဳပ္ခူးလာတာ။ တစ္ေန့လံုး မၫွိုးေအာင္ က်ဳပ္ဂရုစိုက္ထားတယ္၊ဒါကိုခင္ဗ်ားယူသြား ၊ ပန္းက သိပ္ေတာ့မလွဘူး က်ဳပ္ႏွင္းဆီ။ က်ဳပ္က ပန္းဆိုႏွင္းဆီမွႀကိဳက္တာ "
" ငါက ႏွင္းဆီပန္းဆို လံုးဝမႀကိဳက္ဘူး ၊ေပး .. ၿပီးရင္ျပန္ေတာ့"
ႏွင္ထုတ္တဲ့ ႏႈတ္ခမ္းလွလွကိုေငးကာ ေသာင္းဆင့္ရင္ဘတ္ႀကီးလႈပ္လုလု။
သူ႔နာမည္က ႏွင္းဆီတဲ့၊ ဘယ္ပန္းမွမမွီတဲ့က်ဳပ္ရဲ့ႏွင္းဆီ။
ဘြဲ႔ဆူးလက္ထဲက ပန္းေတြအား ငံု႔ၾကၫ့္ကာ မၾကည္သလိုလို မ်က္ေမွာင္ၾကဳတ္လိုက္မိေသးသည္။ ထို႔ေနာက္ ေခါင္းငံု႔နမ္းကာ အိပ္ယာေဘးခံုေပၚအားအသာအယာခ်လိုက္၏။
စိတ္ထဲမွာ ထိုးလွဲအိပ္လိုက္ခ်င္စိတ္က အလံုးလိုက္။
သို႔ေသာ္ ညစ္ပတ္ေနတယ္လို႔ခံစားေနရသည္မို႔ အိပ္ယာအားေရွာင္ကာ ေရခ်ိဳးဖို႔ ျပင္လိုက္မိ၏။ ေရလႈပ္ရမၫ့္အေရးေတြးကာ စိတ္ထဲမွာပ်င္းရိရိ။ မၾကာမၾကာ ေရျပၫ့္ေနတဲ့ ေက်ာက္ကန္ႀကီးအေၾကာင္းေတြးကာ ဒီညလည္း ေရလႈပ္ထားသူရိွပါေစဟု ဆုေတာင္းမိေသးသည္။ တစ္ခါတေလ ဖိုးေထြးတို႔မိသားစု ေရလာခ်ိဳးတက္သည္မို႔ သူတို႔ျပန္ရင္ ဘြဲ႔ဆူးတို႔ သံုးရေအာင္ ေရလႈပ္ေပးတက္တာလည္းရိွ၏။
ထို႔ေၾကာင့္ ေရတစ္ခါတေလ ျပၫ့္ေနတက္ရင္ ဘြဲ႔ဆူးကေတာ့ အံ့ဩေလ့မရိွပဲ ဝမ္းသာမူ႔သာရိွတက္၏။
" မနက္က ခြၽတ္ထားတဲ့ အဝတ္ေတြကေကာ၊ ငါဘယ္နားထားမိပါလိမ့္"
ေဟာင္းေလာင္းျဖစ္ေနတဲ့ အညစ္ေတာင္းအားေျမႇာက္ၾကၫ့္၍ လူကဇေဝဇဝါ။
သူေသေသခ်ာခ်ာမွတ္မိပါေသးသည္။ မနက္က အလုပ္မသြားခင္ေရခ်ိဳးသြားေသးသည္။
ညကဝတ္ထားတဲ့အဝတ္ေတြမို႔ သူေလ်ွာ္မဲ့ျခင္းထဲပစ္ထၫ့္ခဲ့လိုက္သည္။ ယခုမူမရိွေတာ့ေခ်။
ယခုခြၽတ္လိုက္တဲ့ အဝတ္ေတြအားဆြဲေပြ့ကာ ဘြဲ႔ဆူး ေၾကာင္ေတာင္ေတာင္ေအာက္ထပ္ဆင္းလာခဲ့မိ၏။
စိတ္ထဲမွာ ဘဝင္မက်စိတ္ကအျပၫ့္ျဖစ္ကာ ေအာက္ဆင္းလာသည္ထိ မ်က္စိကေတာင္ေျမာက္ပတ္ရွာေနမိေသးသည္။
သို႔ေသာ္ ရွာေနေသာအဝတ္တို႔သည္ ၿခံေထာင့္၏ ေရခ်ိဳးသၫ့္ေနရာ၏ေဘးမွာရိွေသာ အဝတ္လွမ္းသၫ့္ ဝါးတန္းတြင္ အဆင့္သင့္ရိွေန၏။ ဘြဲ႔ဆူးေျပးကာ ကိုင္ၾကၫ့္လိုက္ေတာ့ သူ႔အဝတ္အစားမွသူ႔အဝတ္အစားျဖစ္၏။ အညိုေရာင္ ေဘာင္းဘီႏွင့္အက်ႌဝမ္းဆက္သည္ ညအိပ္ဝတ္ျဖစ္ကာ ေဘာင္တိုအတြင္းခံအနက္ကေလးကပါ ေဘးမွ ျဖန႔္ဆန႔္လို႔။
ဘေထြးမ်ားေလ်ွာ္ထားေလသလားဟုေတြးမိကာ ရွက္သၫ့္စိတ္ကအလံုးလိုက္တက္လာေတာ့သည္။
မ်က္ႏွာနီနီျဖင့္ ဖံုးဖိလွမ္းမထားေသာ အတြင္းခံေလးအား အက်ႌေအာက္မွာ ထိုးထၫ့္၍ ျပန္လွမ္းလိုက္ရ၏။
ထူးေတာ့ထူးဆန္းေနသည္။ ဘေထြးက ဒူးနာ၍အိမ္ေအာက္ထပ္သာေနၿပီး အိမ္ေပၚအားတက္ေလ့မရိွ။
ဘြဲ႔ဆူးမေလ်ွာ္ရင္ ဘေထြးေလ်ွာ္ေပးတာျဖစ္ႏိုင္ေပမဲ့ မသိစိတ္ကလည္း ဘေထြးလက္ခ်က္မဟုတ္ဘူးဆိုတာ သိေနျပန္၏။
အေတြးမ်ားက မေရရာေတာ့ေပ။
စိတ္ထဲတစ္မ်ိဳးႀကီးျဖစ္ေနတာမို႔ ေရကန္မွာေရျပၫ့္ေနတာကိုပင္ေပ်ာ္မသြားေတာ့။
ခပ္သြက္သြက္ေရခ်ိဳးၿပီးခ်ိန္ထိ ေရကန္၏ေထာင့္ေလးမွာ ရင္ခတ္ပန္းတစ္ပြင့္ျပဳတ္က်ၿပီး ႏြမ္းလ်စ ျပဳေနၿပီကို ဘြဲ႔ဆူးျမင္မသြားႏိုင္ခဲ့။
________
" မင္း ခုတေလာ ဘာေတြလုပ္ေနတာလဲေသာင္းဆင့္။
ေတာလည္တုန္းဝက္ပက္ခံခဲ့ရတာလည္း ဖိုးေထြးေျပာမွ ငါသိရတာ "
သာဒင္မၾကည္ပါ။
ေသာင္းဆင့္နဲ႔မေတြ့တာ ရက္အေတာ္ၾကာၿပီျဖစ္ေပမဲ့ ထိခိုက္ဒဏ္ရာရေနသည္ကိုေတာ့ သူမသိရိွေပ။
ပံုမွန္အတိုင္း လယ္အလုပ္ႏွင့္ သူအားလပ္သည္ဟူ၍မရိွသည္မို႔ မေတြ့တာကို အမွတ္တမဲ့သာရိွခဲ့၏
" ေသာင္းဆင့္မေသေသးပါဘူးကြ"
အရက္ခြက္ကိုကိုင္ေျမႇာက္ကာ လွၫ့္ပတ္ကစားရင္း
ေသာင္းဆင့္သာဒင္အား မၾကၫ့္ပဲေျပာမိသည္။
ထံုးစံအတိုင္းအရက္ဝိုင္းမွာ သံုးေယာက္သားဆံုမိၾကရာ သာဒင္တစ္ေယာက္ ေနမေကာင္းျဖစ္ေနတာေတြ့ေတာ့ ရႉးရႉးရွဲရွဲထျဖစ္သည္။ ငယ္ေပါင္းႀကီးေဖာ္ေတြမို႔ သာဒင္စိတ္ပူတာသိေပမဲ့ ေသာင္းဆင့္ကေတာ့ ေသြးေအးဆဲပင္။
အမွန္က သူ႔စိတ္ထဲမွာ ဖိုးေထြးလည္းမရိွ၊ သာဒင္လည္းမရိွေပ။ တစ္ပြင့္တည္းေသာ ႏွင္းဆီရိုင္းေလးသာရိွေပ၏။
အခ်စ္ဘယ္ကစ
က်ဳပ္ႏွင္းဆီကစ လို႔ ေျပာရမည္ပင္။
ႏွင္းဆီက ေျခာက္ႏွစ္အရြယ္ကတည္းက ေသာင္းဆင့္ ငယ္ခ်စ္ဦးျဖစ္လာတာ။ ဘယ္သူနဲ႔ယွဉ္ယွဉ္ ႏွင္းဆီက တစ္။ ႏွင္းဆီက ႏွစ္ျဖစ္လာတာ အႏွစ္ႏွစ္ဆယ္ရိွေနၿပီ။ က်ဳပ္ႏွင္းဆီကေတာ့ ဒီအေၾကာင္းေတြသိခ်င္မွသိမည္။
ဒါကလည္း အခ်ိန္ကာလ ၾကာျမင့္ခဲ့ၿပီကို။
ကေလးဘဝကတည္းကမို႔ မမွတ္မိလည္း အျပစ္ဟူသမ်ွ ေသာင္းဆင့္တို႔က ေသးေသးေလးေတာင္မွမျမင္ႏိုင္။
ေျခာက္ႏွစ္အရြယ္ကတည္းက ႏွင္းဆီက
ဘြဲ႔ဆူးႏွလံုးသားျဖစ္လာတာ။အျမစ္စတြယ္ခဲ့တာ
ထိုအခ်ိန္ကတည္းကဆိုေပမဲ့ ႏႈတ္မရျပဳမရရွင္သန္ခ်င္းစတင္ခဲ့တာေတာ့ ႏွင္းဆီဘြဲ႔ဆူးဆိုတဲ့ အမ်ိဳးသားကို ဖိုးေထြးၿခံဖက္ေန ပထမဦးဆံုးျမင္လိုက္ရတဲ့အခ်ိန္ကတည္းက ေသာင္းဆင့္တစ္ေယာက္ အရူးအမဲသားေကြၽးသလိုျဖစ္ခဲ့ရတာ။
အမွန္က ေသာင္းဆင့္ေကြးတာ ႏွင္းဆီဘြဲ႔ဆူးနဲ႔ေတာ့မဆိုင္ေပ။
သူ႔စိတ္သူ႔ဗီဇက အရက္သမား လူၾကမ္းႀကီးသာျဖစ္ခဲ့တာ မိန္းမဆို ပထမဦးဆံုးလူပ်ိဳစျဖစ္တဲ့ ဆယ့္ငါးႏွစ္အရြယ္က စိတ္မဝင္စားတာသိသိသာသာ။
ရွင္းရွင္းေျပာရရင္ ေသာင္းဆင့္က အမဆို ယင္မေတာင္အသန္းမခံရေသးတဲ့ လူပ်ိဳလူႏုေလး။
ႏုလြန္းပ်ိဳလြန္းလို႔ အုအက္သြားမလားေတာင္မွစိုးရေအာင္ ေသာင္းဆင့္တို႔က အဖိုးတန္ေဈးမွန္ေလး။
အရက္ကလြဲရင္ ေသာင္းဆင့္က ႏွင္းဆီမွ ႏွင္းဆီ တစ္ျပားသားမွမေလ်ာ့ေလဘူး။
ခ်စ္မိသြားေတာ့လည္းခက္သား။
ေယာက်ာ္းေသာ ဘာေသာ နားမလည္ဘူး တစ္သက္လံုးထိန္းသိမ္းထားတဲ့ လူပ်ိဳဥအက္ဂုဏ္အင္ေလးကိုေပးခ်င္လိုက္တာမွ စပ္စပ္ကိုခါလို႔။
သူ႔ရဲ့ပထမဦးဆံုးကိုပဲရမၫ့္အမ်ိဳးေကာင္းသားေလးအတြက္ တိတ္တခိုး ဂုဏ္ယူမိသာလည္းအေမာသားပင္။
မေစာင့္ႏိုင္သည္မို႔ဘယ္ေတာ့ယူၾကမလဲသာေမးခ်င္ေတာ့သည္။
ခက္သာက သူ႔ႏွင္းဆီက သူ႔အားႀကိဳက္ႏိုင္မႀကိဳက္ႏိုင္ မေသခ်ာ။
ေသခ်ာလို႔ကေတာ့ ဝါေတာင္မဝင္ခံႏိုင္ေတာ့သည္ ထိ တစ္ေယာက္ထဲႀကိတ္ၿပီးရူးမိေနသည္ထိ။
ဒါေတြကို ရင္ထဲပဲ တိုးတိုးေလးသိမ္းထားမိသည္။
သိတဲ့သူက သိေနတယ္ဆိုေပမဲ့ နည္းနည္းေတာ့ ရွက္စိတ္ကေလးေတာ့ရိွေသးသည္မို႔ သာဒင္မသိေအာင္ ကြယ္ဝွက္ထားမိသည္။ ဖိုးေထြးကေတာ့ သိ၏။ သို႔ေသာ္ျငား သူဂရုေတာ့မစိုက္ပါေလ။
ေရခိုးလႈပ္ေပးတာ ၊အဝတ္ခိုးေလ်ွာ္ေပးတာေတြက ခုမလုပ္လည္း ေနာက္လုပ္ရမည္သာ။
အဝတ္ေလ်ွာ္ေပးတယ္ဆိုမွ ေန့ခင္းက ဘေထြးမသိေအာင္ခိုးေလ်ွာ္ခဲ့တဲ့ အတြင္းခံအနက္ေလးအားေတြးမိေတာ့ ေသာင္းဆင့္မ်က္ႏွာႀကီးၿပံဳးၿဖဲျဖဲျဖစ္လာ၏။
ေနာက္ဆို သူအတြင္းခံကအစ အကုန္ေလ်ွာ္ေပးမည္။
အဝတ္ညစ္ေတြလည္းေလ်ွာ္မည္။
မီးဖိုေခ်ာင္၊ စားေသာက္စရိတ္ႏွင့္ လူတန္းေစ့ေနႏိုင္ေရးသည္းသူတာဝန္၊
သူမ်ားမိန္းမေတြလို ၊ ေရႊေငြအျပၫ့္ ဆင္ေပးႏိုင္ဖို႔ကလည္းသူ႔အေရး။
အေတြးထဲမွာ သူနဲ႔အတူ ေရႊဆြဲႀကိဳးတုတ္တုတ္ဆင္တူဝတ္ဖို႔ေတြးမိေတာ့ ေက်နပ္မိတာအတိုင္းထက္အလြန္ျဖစ္ရသည္။
ေရႊႀကိဳက္တက္သူမို႔ ၊သူ႔အိမ္ေထာင္ဖက္သူ႔ႏွင္းဆီကေလးအားလည္းဆင္ခ်င္ပါသည္။
လည္ပင္းမွာလည္းဆင္မည္။
လက္မွာလည္းဆင္မည္။
နားႏွင့္ေျခေထာက္မွာလည္းဆင္မည္။
ဟိုေနရာမွာလည္းျဖစ္ႏိုင္ရင္ဆင္ခ်င္သည္။
ေနရာမေရြးအကုန္ဆင္ခ်င္သည္။
အမ်ားအျမင္အားက်ေအာင္ တစ္ကိုယ္လံုးေရႊရည္စိမ္ ၊ေရႊေဘာင္ကြပ္ခ်င္သည္။
ေရႊႏွင္းဆီေလးျဖစ္ေအာင္လုပ္မည္။
ေရႊေရာင္တဝင္းဝင္းႏွင့္ ႏွင္းဆီပန္းေလးလက္လက္ထေနမၫ့္အေရးစိတ္ကူးၾကၫ့္ရံုျဖင့္
ခ်စ္လိုက္တာမွ ဟိုဟာေတာင္ တုန္လို႔။
တျခားမေတြးပါနဲ႔။ အသည္းႏွလံုးေျပာပါတယ္။
အမ်ားအျမင္သာ သိသာေအာင္မျပေလတာ၊ သူ႔ႏွလံုးသားႀကီးက ႏွင္းဆီေၾကာင့္ ျဗဳတ္ျဗဳတ္ျပဳန္းလုလု။
" အဲ့အခြက္က ဘာျဖစ္ေနတာလဲ၊ ရုပ္ကိုက ရည္းစားထားခ်င္ေနတဲ့ရုပ္နဲ႔"
အေတြးေတြအကုန္လံုး သာဒင့္အသံေၾကာင့္ပ်က္ကုန္၏။ ေသာင္းဆင့္ မေသာက္ေသးတဲ့ အရက္ခြက္ကိုေစာင့္ခ်ကာ သာဒင္အား ေဒါသမ်က္ဝန္းျဖင့္ၾကၫ့္လိုက္၏။
" _ီးျဖစ္လို႔ လာေျပာေနတာလား။ ငါရည္းစားထားေတာ့ေရာ မင္းေစာက္ေၾကာင္းလား "
" ၾကၫ့္စမ္းဖိုးေထြး။ မင္းေကာင္ မရိုးသားေတာ့ဘူး ။"
"ထားလိုက္စမ္းပါကြာ၊ မၾကာခင္ မင္းရိုးသြားမွာပါ"
အရာရာသိေနသလို ဖိုးေထြးမ်က္ႏွာထားေၾကာင့္
သာဒင္၏ သိလိုစိတ္ကျပင္းပ်လာ၏။
ဘယ္သူနဲ႔လဲ။
ဘယ္ရြာကလဲ။
ဘယ္မိန္ကေလးလဲ။
တို႔ရြာက ဟိုဟာကိုင္ဒီဟာကိုင္ေလာက္ေရာ လွရဲ့လား။
အေတြးေတြထဲဗေလာင္ဆူေနသည္မွာ ေသာင္းဆင့္၏ ေလးရြာအပိုင္ စားရထားသလို ရုပ္ႀကီးေၾကာင့္ျဖစ္သည္။
ေသာင္းဆင့္၏ တစ္သက္တာ ကံစမ္းမဲအား ဘယ္အမ်ိဳးသမီး မဲေပါက္သြားေလသလဲ။
ခ်စ္တဲ့အိမ္စည္။
Bạn đang đọc truyện trên: ZingTruyen.Xyz