ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

6

eainsi23

ဂိုထောင် သို့မဟုတ် ၊ဝန်ထမ်းအိမ်ယာ။
ထိုနေရာသည် အပေါ်အောက်ထရံကိုသာ အစားသုံးထားပြီး အိမ်သည် နှစ်ထပ်အိမ်အမျိုးအစားဖြစ်၏။
လှေကားကို အိမ်၏ အပြင်မှ ‌ ဆောက်လုပ်ထားပြီးအထပ်တိုင်းကို သစ်သားလှေကားထစ်လေးများဖြင့်သာ ပြုလုပ်ထားသည်။ ထို့အပြင် လူတစ်ယောက်သွားစာရုံသာ ကျယ်ဝန်းပြီး လက်ရန်းသည်လည်း ပြုတ်မကျရုံသာ တပ်ဆင်ထားလေ၏။

အတွင်းကိုကြည့်မည်ဆိုပါလျင်အောက်ထပ်တွင် ကုတင်‌ လေးလုံးရှိပြီး တစ်လုံးနှင့်တစ်လုံး ဆက်ထားကာ အနည်းဆုံး လူ7ယောက်ထက်မနည်းအိပ်စက်နေထိုင်ကြဟန်ရှိ၏။
ဘွဲ့ဆူး လျှောက်ပတ်ကြည့်မနေတော့ပဲ အပေါ်ထပ်သို့ တိုက်ရိုက်တက်သွားလိုက်တော့သည်။
ထိုအပေါ်ထပ်တွင် သောင်းဆင့်ဆက်နိုင်ရှိပေသည်။
လူဦးရေ များစွာ နေထိုင်မူ့မရှိသည်မို့ အပေါ်တွင် သောင်းဆင့်တစ်ယောက်လာ‌နေသည့်အခါသာ သုံးသည်ဟု ကြားသိရ၏။

ရွာခံအများစုမို့ အိမ်မှလာ၍အလုပ်လုပ်သူများသာရှိကြပြီး ဂိုထောင်မှာ နေထိုင်သူများကတော့ လူပျိုလူလွတ်များနှင့် လွတ်လပ်စွာနေထိုင်ချင်သူများသာဖြစ်သည်။
အစပိုင်း ဘွဲ့ဆူး လာနေဖို့စဉ်းစားမိသေးသည်။
သို့သော်ငြား ဘထွေးကိုတော့တစ်ယောက်ထဲပစ်ထားခဲ့ရန် အဆင်မပြေသည်မို့ စဉ်းစားမိသည်ကိုပြင်ဆင်ခဲ့ရလေသည်။

အပေါ်ထပ်တွင် အခန်းတစ်ခန်းသာရှိပြီးထိုအခန်းသည် တံခါးပေါက်မရှိပါ။ ထိုအစား ဟောင်းနွမ်းနေသော လိုက်ကာစတစ်ခုကိုသာ ကာရံထားလေသည်။
အခန်းပေါက်ကိုခြေချမိသည်အထိ ဘွဲ့ဆူးမှာ အထဲဝင်ဖို့ အဆင်သင့်မဖြစ်သေးပေ။
သူအစကတော့ သောင်းဆင့်အား လူ‌နာမေးရန်လာတာဖြစ်ပေမဲ့ တွေးကြည့်ပြန်တော့ သူတို့နှစ်ယောက်သည် ခင်မင်သော ဆက်ဆံရေးရှိမနေပြန်။

အထဲဝင်သွားပြီးကာမှ " ကိုယ်မင်းကို လူနာသတင်းနာမေးတာ" ဟု ပြောဖို့လည်း ရှက်စရာကောင်းနေပြန်သည်။

ဝင်မသွားပဲ ပြန်သွားရမလားဟု တွေးမိပြန်တော့လည်း ဘာရယ်မဟုတ်နောက်ပြန်လှည့်ဖို့တွန့်ဆုတ်ပြန်၏။ အလုပ်နဲ့လက်နဲ့မပြတ်လုပ်ကိုင်တက်သူသည် ယနေ့တွင် နေ့ခင်းစာ စားချိန်ကို စောင့်မျှော်နေခဲ့ရတာ သိသိသာသာ။ မနက်ကတည်းက သတင်းစကားမေးဖို့ သွားချင်ခဲ့သော်ငြား အလုပ်တွေပုံနေတာမို့ ချက်ချင်းမရောက်ဖြစ်လိုက်။ လက်ကသာ အလုပ်ကို အမှားအယွင်းမရှိအောင် လုပ်ကိုင်နေတာ စိတ်က
တစ်ယောက်ထဲ အဆင်မှပြေရဲ့လား တစ်ချက်တစ်ချက် စိတ်ပူမိသွားသေးသည်။ အမှန်ဆိုကိုယ်တွေက ပတ်သတ်မူ့မရှိတဲ့သူစိမ်းတွေ။
ရန်စွယ်‌ငေါငေါ တုန့်ပြန်ခဲ့ချိန်တွေသတိရတော့ နေရထိုင်ရခက်လာပြန်၏။ တကယ်ကို သောင်းဆင့်နှင့်သူက မတည့်သူတွေဖြစ်သည်။  ဘာကြောင့်မှန်းမသိ၊ နေမကောင်းဖြစ်နေတယ်ကြားတော့ သွားမေးလိုက်မယ်ဟု အလောတကြီး ပြောခဲ့မိသည်။

ဘာပဲပြော ပြော အကူအညီပေးထားတဲ့ဖိုးထွေးနဲ့ ဘထွေး မျက်နှာကရှိသေးသည်။
မပတ်သတ်ချင်လည်း ကျန်းမာရေးမို့ စိတ်ထဲက မလိုအပ်တာတွေ မတွေးဟု ဆုံးဖြတ်မိသည်မှာ ဟန်ကိုယ့်အတွက်များအလား။

တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အချိန်ကြာအောင် စဉ်းစားမိပြီးမှ သူလည်းယောကျာ်း၊ငါလည်းယောကျာ်း ဘာရှက်နေရမှာလဲဟု
အားခဲကာ လိုက်ကာစကို ဖယ်လိုက်မိတော့၏။
သို့သော် အထင်နှင့်အမြင်လွဲမှားစွာ သောင်းဆင့်သည် ဘွဲ့ဆူးအား စကားပြောနိုင်သည့်အခြေအနေရှိမနေခဲ့ပေ။

တဟင်းဟင်း ညီးညူနေသည့်အသံနှင့် ကွေးကွေးလေးတုန်ရီနေသည်
သောင်းဆင့်သည် စောင်ကြမ်းခင်းထားတဲ့အိပ်ယာပေါ်မှာမရှိပဲ ‌ဖျာကြမ်းခင်းပေါ်မှာသာလှဲ‌ လျောင်းလျက်သား။အ နားတွင် နှုတ်ခမ်းပဲ့နေသော ကြွေခွက်အဟောင်း‌ လေးသည် ရေစက်လက်ဖြင့်လဲကျ‌နေပြီး ထိုဘေးတွင် ပျံ့ကျဲနေသော ဆေးလုံးတချို့ရှိနေသည် ။

" သောင်းဆင့် ! သောင်းဆင့် ဆက်နိုင်  ၊သတိထားစမ်း "

ဘွဲ့ဆူးပြေးထူလိုက်စဉ် မီးခဲကဲ့သို့ အထိအတွေ့ကိုခံစားလိုက်မိသည်မို့ စိုးရိမ်တကြီးအကြိမ်ကြိမ်အော်ခေါ်ကြည့်လိုက်၏။ သို့သော်သောင်းဆင့်သည်ပြန်ဖြေမလာခဲ့သလို
နီကျင်ကျင်ရှုပ်ပွနေသော ဆံသားအောက်မှာ မှေးစက်နေသော မျက်လုံးအစုံသည်လည်းပွင့်ဟမလာခဲ့ပါ။
အဖျားတက်နေသည်မို့တကိုယ်လုံးတုန်ရီ၍ တဟင်းဟင်းညီးညူသံကအဆက်မပြတ်။
ဘွဲ့ဆူး အလျင်အမြန်ပင် သောင်းဆင့်အား အိပ်ယာပေါ်ဆွဲ‌ ရွေ့တင်လိုက်သည်။
ညစ်တစ်တစ်ခေါင်းအုန်းသည်အဟောင်းရောင်ဖြစ်ရုံတင်မက တစ်ခန်းလုံးတွင် သစ်လွင်သော ပစ္စည်းတစ်ခုတောင်ရှိမနေခြင်းသည် ဘွဲ့ဆူးအတွက်အံ့ဩစရာဖြစ်နေခဲ့သည်။

အခန်းပတ်ပတ်လည်ကိုလိုက်ကြည့်ပြီး ပလက်စတစ်ကြိုးဖြင့် တန်းလုပ်ထားသော အဝတ်တန်းပေါ်က ပုဆိုးတစ်ထည်အား ဘွဲ့ဆူးလှမ်းယူကာ အခန်းထောင့်တွင် ထောင်ထားသော ရေဘူးကိုလောင်းချ၍ရေစွတ်လိုက်၏။ 
ထို့နောက် အဖျားကြီးကာ မေ့မျောနေပြီဖြစ်သော သောင်းဆင့်နှဖူးပေါ်အားရေညစ်၍ တင်လိုက်သည်မှာ မီးခဲအား ရေငြိမ်ခံလိုက်ရသလို အသံမထွက်၍သာ ရှဲခနဲ မမြည်လေသလားပဲ။ ချက်ခြင်း အေးနေရာမှပူသွားသော ရေဝတ်ကြောင့် ဘွဲ့ဆူး ပိုမိုပြီး စိတ်ပူလာ၏။

မာကျောသော သကောင့်သား ရွာဇော်တစ်ယောက် တစ်ချက်မနား တအီးအီး ညီးသံထွက်လျက် တုန်ရီနေပုံမှာ လူစားလဲခံလိုက်ရသလို။ အချိန်ဆွဲ၍ မကောင်းသည်မို့  လေကဲ့သို့အရှိန်အဟုန်ဖြင့် ဘွဲ့ဆူးလျင်မြန်စွာ အခန်းအတွင်းမှပြေးထွက်လိုက်သည်။
သူပြေးထွက်လာတဲ့နေရာက သောင်းဆင့်နေထိုင်ရာ အပေါ်ထပ်ကမို့ ဥဒဟိုသွားလာသူများ၏အကြည့်က စပ်စုလိုစိတ်ဖြင့် သိသိသာသာ ရပ်ကြည့်ခြင်းခံလိုက်ရသည်။

ရှက်ခြင်းဟူသည် ရင်မှာတိုးဝင်လာပေမဲ့  သောင်းဆင့်ရုပ်လွှာကိုမြင်ကာ ရေကန်ဆီကိုသာ အပြေးနှင်မိလေ၏။  ဆန်စက်တွင် အသုံးပြုရန် စက်ရေတွင်းရှိသည်မို့ဖြည့်တင်းထားသည့်ရေကအပြည့်ပေ။
တဗျန်းဗျန်းဆွဲထည့်နေတုန်း  သောက်ရေလာခပ်တဲ့ ဂိုထောင်စောင့် ဦးထွန်းမြင့်ကို တွေ့လိုက်သည်ကြောင့် အားနာပေမဲ့

" ဦးလေး ရွာ‌လယ်က ကျန်းမာရေးမှူးကို သွားပင့်ပေးလို့ရမလား "

" ဘယ်သူဘာဖြစ်လို့လဲ ကိုဘွဲ့ရ"

အများခေါ်သလို ကိုဘွဲ့ဟု ခေါ်လာတဲ့ ဦးထွန်းမြင့်အား ရေကန်ပေါ် ဖလားပြန်တင်ရင်း သောင်းဆင့်အဖျားကြီးနေသည့်အကြောင်းအကျိုးအကြောင်းရှင်းပြပြီး ဆေးဆရာသွားပင့်ခိုင်းလိုက်ရတော့သည်။  
ဘွဲ့ဆူးပြန်ရောက်ချိန်တွင် သောင်းဆင့်အဖျားပိုကြီးကာ ညီးသံပင်ကျယ်လာ၏။ သူဌေးသားဆိုတဲ့ကောင်၏ပေတေမူ့ကို အံ့ဩမဆုံးတော့ပေ။ အဖေရှိသည်၊ပြုစုယုယမဲ့သူရှိသည်။ သို့သော် အထီးကျန်ဆန်ကာ သတိလစ်လုနီးပါး တစ်ယောက်ထဲ  ဒလပေသေမှန်းမသိ၊ရှင်မှန်းမသိ နေချင်တဲ့နေရာမှာ နေသည်။ တကယ်ဗရုတ်သုတ်ခ ။

" သောင်းဆင့် ၊ ဟေ့ ကိုယ်ပြောတာကြားလား ။ "

အဝတ်တန်းဆိုတဲ့ ကြိုးမှာလည်း အဝတ်အစားဆိုပြီးများများစားစားမရှိ၊ ပုဆိုး နှစ်ထည်နဲ့ အဝတ်တချို့က တို့လို့တန်းလန်း။ ဘွဲ့ဆူး ပေါ့ပေါ့ပါးပါးအင်္ကျီတစ်ထည်ကိုထပ်မံ၍ယူကာ ရေပုံးမှာ‌နှစ်လိုက်ပြီး သောင်းဆင့်အားရေပတ်တိုက်ဖို့ရေညစ်လိုက်၏။ သို့သော် သောင်းဆင့်အင်္ကျီသည်ကားမချွတ်ရသေး။

" အဝတ်ချွတ်ပြီး ရေပတ်တိုက်မယ်နော်၊ ကိုယ်ပြောတာမင်းကြားရလား"

သောင်းဆင့်ဝတ်ထားသော အင်္ကျီသည် အကွက်ကျဲကျဲ အကြမ်းထည်ဖြစ်ကာ ရင်ကွဲကြယ်သီး တပ်မို့ဘွဲ့ဆူး ခက်ခက်ခဲခဲ ကြယ်သီးများအား ဆွဲဖြုတ်နေရလျက်ရှိသည်။ ကြယ်သီးဖြုတ်၍ပြီးသည့်နောက် အင်္ကျီရင်ဘတ်ကို ဆွဲဟလိုက်ချိန်တွင် ဘွဲ့ဆူး လက်တို့သည် ကျောက်ချခံလိုက်ရသော သ‌င်္ဘောကဲ့သို့ လှုပ်ရှားဖို့ခတ်ခဲသွား၏။

မြင်တွေ့လိုက်ရသည်က ဒဏ်ရာတစ်ခု။ အညိုရင့်ရောင် ဝမ်းဗိုက်တွင် ကန့်လန့်ဖြတ် အမာရွတ်သည် ယောင်ရမ်းလျက် ပြည်ပင်တည်နေလျက် ။

အနာရင်း၍ ဖျားခြင်းပေလား။
စိုးရိမ်သည့်စိတ်နှင့် သောင်းဆင့်ပါးအား ခပ်ဆတ်ဆတ်ပုတ်ကာ

"ဟိတ် သောင်းဆင့် ၊ ငါ ရေပတ်တိုက်ပေးမယ် ။ သတိထားစမ်း။ "

ရေပုံးထဲက ရေဖြင့် ပုဆိုးအားစိုစွတ်စေလျက် လျက်ဖျား ၊ခြေဖျားပါမကျန် စိတ်လိုလက်ရ အပူလျော့အောင်လုပ်ပေးနေမိသည်။ ထိုအချိန်မှာ အမုန်းမရှိ ၊
အတွေးမိရှိခဲ့။
အဖျား‌ လျော့ကျစေချင်စိတ်ပါရှိပြီး၊ ပြုစုသမျှသည်းစိတ်ရင်းသာဖြစ်သည်။

အချိန်အားဖြင့် ဆယ်မိနစ်ခန့်...

ခြေသံသဲ့သဲ့နှင့်အတူ စကားပြောသံတချို့ ။
သောင်းဆင့်အား လဲဝတ်ပေးထားသော အင်္ကျီရင်ဘတ်အားစေ့၍ ရေစိုအဝတ်အား ရေညစ်လျက် နဖူးပေါ်တင်စေလိုက်သည်။

ညီးညူသံများကတော့ မပျက်သေး။
ကိုယ်ခန္ဓာကလည်း တုန်ရီနေဆဲ ။
တက်သလောက်မှတ်သလောက်ပြုစုဖြစ်ပေမဲ့ အဖျားကတော့ လုံလောက်အောင် မကျသေးဘူးဆိုတာ ဘွဲ့ဆူးသိနေသည်။

ဘယ်လောက်တောင်ပေတေတဲ့ကောင်လဲ။

" ကိုဘွဲ့ ဆရာမ‌လေး ပါလာပြီ"

ဦးထွန်းမြင့်သည် ဆေးအိတ်ကိုဆွဲလျက် အခန်းအတွင်းသို့ဝင်လာ၏။ သူ့နောက်တွင်လည်း သနပ်ခါးပါးပါးဖြင့် ကျန်းမာရေးမှူးဖြစ်ဟန်တူသော မိန်းကလေးတစ်ယောက်။ အသက်အားဖြင့် ငယ်ရွယ်ပုံပေါ်ပေမဲ့ ကြည့်ရသည်က အေးချမ်းသည်။

" လာပါ ဆရာမ။ လူနာက အဖျားကြီးပြီး ကယောင်ကတမ်းဖြစ်နေလို့ ၊ကျွန်တော် ရေပတ်တိုက်ပေးထားပါတယ်"

" နေမကောင်းတာ ကိုသောင်းဆင့်လား။  ကျွန်မ
တခြားသူမှတ်နေတာ "

အေးချမ်းသာယာတဲ့ အသံဖြင့် ဆေးအိတ်အားဖွင့်ပုံက ညင်သာသာ။
ဘွဲ့ဆူး ဆေးသေချာ ကုလို့ရအောင် ကိုယ်ကိုရို့ပေးကာ ဘေးမှာ အခြေအနေအားရှင်းပြလို့‌ရအောင်  စောင့်ဆိုင်းနေမိသည်။

" အဖျား၁၀၄ရှိနေတာပဲ "

အပူချိန်တိုင်းတဲ့ ကရိယာအား လှုပ်ခါသိမ်းဆည်းရင်း ပြောလာတာမို့

" ဟုတ်တယ် ဆရာမ၊ ရင်ဘတ်မှာ ဒဏ်ရာရှိ‌နေတယ် ၊ ပြည်လည်းစို့နေတယ်"

" ဒဏ်ရာက ခုထိ မကျက်သေးဘူးလား"

အံ့ဩဟန်မရှိ ၊စိုးရိမ်သွားပုံရတဲ့ မျက်ဝန်းတွေကအခြေနေအရပ်ရပ်ကိုသိနေတဲ့အတိုင်းပင်။

" သူ့မှာ ဒဏ်ရာရှိတာ ဆရာမ သိနေတာလား"

" တောဝက်ပက်ခံရတာလေ ၊ အဖျားခတ်လို့တော်သေးတာပေါ့ ၊ ၈ချက်လောက်တော့ ချုပ်လိုက်ရတယ်၊ အနာမန်းဝင်တာလားမသိဘူး "

ဆရာမ စကားကြောင့် ဘွဲ့ဆူးသောင်းဆင့်မျက်နှာအား စူးစိုက်ကြည့်မိလိုက်၏။ ထူးပိန်းနေတဲ့မျော့သဏ္ဍာန်မျက်ခုံးတွေတစ်ချက်တစ်ချက်တွန့်ချိုးသွားတာကလွဲ၍ ညီးညူ‌ နေတဲ့အသံအဆုံး ဘယ်နေရာကြည့်ကြည့် မိုက်ရူးရဲဆန်တဲ့ယောကျာ်းအသွင်အနည်းငယ်မျှမရှိနေပါ။။

သောင်းဆင့်ကချောပါသည်။
အရက်သောက် မူးရူးရမ်းကားနေချိန်မှလွဲ၍...

" ဘယ်တုန်းကလာပြတာလဲဆရာမ "

" ဆယ်ရက်လောက်ရှိရောပေါ့ ၊အဲ့နေ့က ကျွန်မတောင်မှလန့်တယ်၊ သွေးထွက်များလို့ လူကဖြူဖျော့နေပြီ ၊အကြောကတော့မာမှမာ ၊ ဒီဒေသကလူတွေရဲ့ဝါသနာကအခက်သားပဲ ၊ တောလည်ထွက်တာကို ပေါ့ပေါ့ပါးပါး အလုပ်လို အပျော်လုပ်ကြတာ။
ကိုသောင်းဆင့် တောဝက်ရဖို့ တောလည်တာ နှစ်ရက်သုံးရက်ကြာတယ်ဆိုပဲ ၊ကျွန်မဖြင့် စိတ်တိုလွန်းလို့ဘာပြောရမှန်းမသိအောင်ပဲ ။  "

ဆရာမပြောနေတဲ့စကားတွေက နားထဲမကြားတစ်ချက် ကြားတစ်ချက်ဖြစ်နေဆဲ။ သောင်းဆင့်ရဲ့ ရဲရဲနီနေတဲ့ အဖျားမျက်နှာကိုကြည့်ကာ အချိန်အခါမဟုတ်လာပို့ပေးသော ဖိုးထွေးဆီက ဝက်သားတစ်ခွက်အားသွားသတိရမိပါသည်။
ရင်ထဲမှာ လှိုင်းလုံးကြီးရိုက်ခတ်လိုက်သလို တဝုန်းဝုန်းအသံမြည်နေသလိုခံစားနေရပြီး ဘွဲ့ဆူး ချွေးစေးတွေအနည်းငယ်စိမ့်ထွက် လာ၏။
ဆရာမ ပြန်သွားသည်ထိ လူက ငူငူငိုင်ငိုင်ဖြစ်နေဆဲပေ။  ‌သောင်းဆင့်သူ့အားမထိခလုတ်စနောက်တက်သော စကားများအားပြန်ကြားယောင်မိတော့ နားရွက်ဖျားတွေပူနွေးလာသယောင် ။

ပိုးကြေးပန်းကြေးကို လက်ခံလိုက်မိသော ခံစားချက်က နှလုံးသားကို ပိုးကိုက်ခံလိုက်ရသလို အောင့်သက်သက်စပ်ဖျင်းဖျင်း။

"တောဝက်သား စားချင်လို့ ဈေးသည်လာရင် ဝယ်ထားပေးပါဦး"ဆိုပြီးပြောခဲ့မိတဲ့ ပါးစပ်က ဘယ်ပါးစပ်လဲ။
မေးပြီးခပ်ဆတ်ဆတ်ရိုက်ချင်စိတ်ကတားမရပါ။
ကိုယ့်နှုတ်ခမ်းကို ကိုင်ပြီး မနာကျင်အောင် အနည်းငယ်ရိုက်ကာ သောင်းဆင့်အားမျက်စောင်းရွယ်လုလု။

ဟိတ်ကောင် သောင်းဆင့် မင်းဘာကောင်တုံးကွ။

အမျက်မပါ ၊ဒေါသမပါတဲ့ အတွေးစကားကို ခပ်တိုးတိုးဆိုကာ ဝတ္တရားမပြတ်
ဆရာမ မှာခဲ့သော
" ရေပတ်နာနာတိုက်ပေး ၊ ဒူးကြား၊ပေါင်ခြံကြားပါမချန်နဲ့ " ဆိုတဲ့စကားအတိုင်း သောင်းဆင့် အင်္ကျီကို ရင်ဘတ်ပြန်မပိတ်ပေးပဲ ရေစိုဝတ်နဲ့ ချိုင်းကြားတွေထိ တိုက်ပေးမိ၏။ အဖျားသွေးထက်မန်းယောင်တာမို့ ကယောင်ကတမ်းတွေနှင့် တုန်တုန်ရီရီ ဖြစ်နေဆဲ သောင်းဆင့်ကတော့ ဘွဲ့ဆူးသူ့အား ရေပတ်တိုက်ပေးနေတာကို သိမှာမဟုတ်။
အထက်ပါ အပိုင်းထိ လွယ်လွယ်လေးပြီးစီးနိုင်ပေမဲ့
အောက်ပါ အပိုင်းရောက်တော့ လက်က ဘာမဆိုင်ညာမဆိုင် ရောယောင် တုန်ချိလာ၏။
လက်တုန်ခြေတုန်နှင့် ဒူးအထိတိုတိုဝတ်ထားသော ပုဆိုးစအား လက်ညိုးနှင့် လက်မ သုံးကာ တဖြည်းဖြည်းပဲဆွဲမလိုက်ရသည်။ မျက်လုံးတွေကတော့ ရဲရဲမကြည့်ရဲ ။ မှေးတေးတေး တဝက်တပျက် ခိုးကြည့်နေရသည့်အခြေအနေသာ။

သို့သော် မြင်ရသည်က မျှော်မှန်းထားသလို
လက်နက်ကြီးမဟုတ်။ ကာတွန်းဘောင်းဘီအဝါကြား။

" ဪ.. တော်သေးတာပါ့ "

ရှက်ရှက်ဖြင့် တစ်ယောက်ထဲပြုံးရင်း ပေါင်လယ်လောက်ရှိတဲ့ဘောင်းဘီတိုအပွအား အထက်နားထိ ဖြည်းဖြည်းချင်းတွန်း၍ ပေါင်ခြံထိရောက်အောင် တင်နေမိသည်။

" ကျုပ်နှင်းဆီ ၊ ခင်ဗျား ဘာကိုကြည့်ချင်တာလဲ"

" အမလေး ဘုတ်ဘုတ်"

အာမေဋိတ်သံနှင့်အတူ ခေါင်းမှာရှိတဲ့ ဆီလိမ်းပုံသွင်းထားသော ဆံပင်တွေပင်မိုးပေါ်ထောင်သွားသယောင်။
အစ်တစ်တစ်အသံနှင့် ခပ်မှေးမှေးကြည့်နေသော မျက်လုံးအစုံက မသက်မသာဖြစ်နေသေးသည်။ အညိုရောင်ရင့်ရင့် နှုတ်ခမ်းတွေက တုန်ရီနေ‌ဆဲ ။
ဘွဲ့ဆူးနှုတ်ခမ်းကို သွားဖြင့်ဖိ၍ ဘာပြောရမှန်းမေ့သွား၏။
ရှက်စိတ်က အားတင်းထားတဲ့ သူလည်းယောကျာ်းပါဆိုတဲ့အတွေးကိုပါ ဖြိုတိုက်ချသွားတာ ကမ်းပါးဘေးကမြေဆိုင်ခဲတွေလိုပင်။

" မဟုတ်ဘူးသောင်းဆင့်၊ ကိုယ်... ကိုယ်လေ မင်းကို
‌ရေ ပတ်တိုက်ပေးမလို့ပါ "

နွေဦးလေလို တိုးဝှေ့သွားတဲ့ ဂီတသံက သောင်းဆင့်ရယ်သံလေလား ‌။ နေမကောင်းတာမို့ ၊သတိလည်လာခါစမို့လား ၊ရယ်သံက အက်ရှကာ တစ်မျိုးလေး။
ဘွဲ့ဆူး ဘယ်နေရာက ယားယံလာမှန်းမသိတော့သလိုပဲ။ 

နေရခက်စွာ ရေစိုဝတ်အား အားနဲ့ညှစ်မိတော့ တစ်ဖက်ကကိုင်ထားတဲ့ ဘောင်းဘီစက အထက်ကို တော်တော်တက်သွား၏။

အယ်...

ပေါ်လာတဲ့ ပေါင်းသားတစ်လျှောက် တုတ်ခိုင်မူ့က အယ်ခနဲ အသံထွက်လုလု။ ညိုမောင်းနေသော ပေါင်းသားကြီးက ဘွဲ့ဆူးနဲ့တခြားဆီ ။

" တိုက်မှာဆိုလည်းမြန်မြန်တိုက်ပါ ။ ကျုပ်အေးနေပြီ"

" အင်း..ဒါ..ဒါဆိုလည်း မင်း ခဏအိပ်နှင့်ဦး။ ကိုယ်...မြန်မြန်လုပ်ပေးမယ်'

ဘွဲ့ဆူး ရှက်ရှက်နှင့် သောင်းဆင့်၏စေ့ထားတဲ့ပေါင်အား ဖြဲလိုက်မိသည်။ 

" အာ့ ဖြည်းဖြည်း၊ ကျုပ်နှင်းဆီ ဖြည်းဖြည်း"

ခပ်အင့်အင့်ကြိတ်အော်သံထွက်လာတာမို့ ဘွဲ့ဆူးမှာခြေမကိုင်မိလက်မကိုင်မိ။ ရှုံ့မဲ့သွားတဲ့သောင်းဆင့်မျက်နှာကိုကြည့်ကာ နှဖူးက ချွေးတွေကို‌အကြောင်းမဲ့ပွတ်သုတ်လိုက်မိ၏။ 

"  နာ.. နာသွားလားဟင် ၊ ကိုယ်တောင်းပန်ပါတယ်ကွာ။  ကိုယ်ဒီနေ့ ဘာဖြစ်နေမှန်းမသိဘူး။ "

" ကျုပ်အများကြီး မနာပါဘူး။ ရပါတယ်။ "

နာကျင်သွားတဲ့ဝမ်းဗိုက်ကိုဖိကာ သောင်းဆင့် အသက်ကိုမနည်းမှန်အောင်ရှူနေရ၏။
မနာပါဘူးပြောပေမဲ့  နာသည်မှာကား အသက်ထွက်လုလု။

" ကျေးဇူးတင်ပါတယ် "

အဆုံးသတ်ကြယ်သီးတစ်လုံးကို ရင်ဘတ်လုံအောင်အပြည့်တပ်ပေးနေတဲ့ မျက်တောင်လှလှလေးကို
သောင်းဆင့်ကြည့်ကာ တမေ့တမောပြောမိသည်။

" ရပါတယ်၊ မင်းသက်သာရဲ့လား  "

" ခေါင်းမူးပြီး လူကချမ်းနေသေးပေမဲ့ အဆင်ပြေပါတယ်"

" ဆေးသောက်ရမယ်၊ ဘာစားထားလဲ "

" မနေ့ကထိ ကျုပ်ဘာမှမစားရသေးဘူး "

ဝင့်လာတဲ့ မျက်တောင်ဖျားတွေက မြားတွေသာဆိုရင် သောင်းဆင့်အခါခါသေတာကြာရောပေါ့။
ဒေါသပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ၊ဒီမျက်တောင်ဖျားတွေက လူမိုက်ကြီးရဲ့ကျဆုံးခန်းတွေ။
နှစ်တွေကြာတာတောင် သောင်းဆင့်မမေ့သေးဘူး။

အိမ်မှာ ပျိုးတဲ့နှင်းဆီတွေနဲ့ အမေပိုင်တဲ့လယ်တောခြံက နှင်းဆီခင်းတွေက သက်သေပဲ။
သတိရပါတယ်ပြော ၊ သောင်းဆင့်တို့က အလုပ်နဲ့ပဲသက်သေပြမယ်။
ဆယ်စုနှစ်နှစ်ခုလုံးနဲ့  ဖြတ်ခဲ့တဲ့ လူပျိုဖော်ဝင်စအဆုံး နှင်းဆီဘွဲ့ဆူးကြောင့်ပဲ မပြောင်းလဲပဲ ကွေးခဲ့ရတာ။ ဘယ်ဆီနေလို့ဘယ်ဝယ်ရောက်မှန်းမသိပေမဲ့
သတိတရ လွမ်းဆွတ်ခဲ့တာ သောင်းဆင့်စိုက်တဲ့ ပျိုးနှင်းဆီတွေသာအသိဆုံး။

" မင်းတအားပေတေလွန်းတယ်၊ အင်းလေ အစားထက်မင်းက အရက်ကိုပိုကြိုက်တာမို့လား။
လျော့တော့သောက် မဟုတ်ရင် မင်းလျောတော့မယ်"

" မင်းမသိလို့ ၊ ကျုပ်နှင်းဆီရေ၊ ကျုပ်က အရက်ထက်ခင်ဗျားကို ပိုကြိုက်တာပါ ။ မယုံရင် အပိုင်သိမ်းကြည့် ၊ ကျုပ်က သစ္စာရှိပါတယ်ဆိုတဲ့အရက်ကိုတောင် အားမနာတမ်းပစ်ထားခဲ့လိုက်မှာ။ အဲ့လောက် ခင်ဗျားကို မေတ္တာရှိသဗျာ "

ဆေးထိုးတဲ့အရှိန်လေးနဲ့ ချွေးလေးစို့လာတော့ လူက
ပြောင်စပ်စပ်မျက်နှာ ပေးက ချက်ချင်းပေါ်လာသည်။ 

" ဒီလိုမှန်းသိရင် မင်းကို ပစ်ထားတယ် ငမိုက်သား ။
အသံထွက်နိုင်တာနဲ့လူက ပြောင်စပ်စပ်၊ ဖာခေါင်းရုပ်နဲ့ ၊ ကိုယ့်ကိုအဲ့လို လာမကြည့်စမ်းနဲ့"

ဘွဲ့ဆူးရေစိုဝတ်နဲ့ ပစ်ပေါက်ကာ ထိုင်နေရာမှဒေါနဲ့မောနဲ့ထရပ်လိုက်သည်။
ကိုယ်ဘယ်လောက်ဒေါသထွက်ထွက်သင်းမျက်နှာက
ဘာမဆို လိုက်ရောချင်တဲ့ သကြားဖေဖေလို။
ကြည့်ရင်းကြည့်ရင်းနဲ့ နားထဲကြားရသည်က

စားချင်တာရှိရင်  တောဝက်ရချင်သလား၊ ပုရစ်ရချင်သလား ပူဆာလိုက်စမ်းဖေသားလေး"ဟု ပြောနေသယောင်။ 
စိတ်တိုတိုနဲ့ လှည့်မကြည့်ပဲ အခန်းထဲကနေ ခြေထောက်စောင့်ကာ ထွက်လာခဲ့လိုက်သည်ထိ

" ကျုပ်နှင်းဆီ ၊ ကျုပ်ကို အငတ်မထားနဲ့နော် "
ဆိုတဲ့ အသံပြဲနဲ့နောက်ကနေအော်နေတုန်း။

ဘာတဲ့ကျုပ်နှင်းဆီ ၊ ဘောနှင်းဆီလိုက် ဖာခေါင်းသောင်းဆင့်။

ချစ်တဲ့အိမ်စည်။

ဂိုေထာင္ သို႔မဟုတ္ ၊ဝန္ထမ္းအိမ္ယာ။
ထိုေနရာသည္ အေပၚေအာက္ထရံကိုသာ အစားသံုးထားၿပီး အိမ္သည္ ႏွစ္ထပ္အိမ္အမ်ိဳးအစားျဖစ္၏။
ေလွကားကို အိမ္၏ အျပင္မွ ‌ ေဆာက္လုပ္ထားၿပီးအထပ္တိုင္းကို သစ္သားေလွကားထစ္ေလးမ်ားျဖင့္သာ ျပဳလုပ္ထားသည္။ ထို႔အျပင္ လူတစ္ေယာက္သြားစာရံုသာ က်ယ္ဝန္းၿပီး လက္ရန္းသည္လည္း ျပဳတ္မက်ရံုသာ တပ္ဆင္ထားေလ၏။

အတြင္းကိုၾကၫ့္မည္ဆိုပါလ်င္ေအာက္ထပ္တြင္ ကုတင္‌ ေလးလံုးရိွၿပီး တစ္လံုးႏွင့္တစ္လံုး ဆက္ထားကာ အနည္းဆံုး လူ7ေယာက္ထက္မနည္းအိပ္စက္ေနထိုင္ၾကဟန္ရိွ၏။
ဘြဲ႔ဆူး ေလ်ွာက္ပတ္ၾကၫ့္မေနေတာ့ပဲ အေပၚထပ္သို႔ တိုက္ရိုက္တက္သြားလိုက္ေတာ့သည္။
ထိုအေပၚထပ္တြင္ ေသာင္းဆင့္ဆက္ႏိုင္ရိွေပသည္။
လူဦးေရ မ်ားစြာ ေနထိုင္မူ႔မရိွသည္မို႔ အေပၚတြင္ ေသာင္းဆင့္တစ္ေယာက္လာ‌ေနသၫ့္အခါသာ သံုးသည္ဟု ၾကားသိရ၏။

ရြာခံအမ်ားစုမို႔ အိမ္မွလာ၍အလုပ္လုပ္သူမ်ားသာရိွၾကၿပီး ဂိုေထာင္မွာ ေနထိုင္သူမ်ားကေတာ့ လူပ်ိဳလူလြတ္မ်ားႏွင့္ လြတ္လပ္စြာေနထိုင္ခ်င္သူမ်ားသာျဖစ္သည္။
အစပိုင္း ဘြဲ႔ဆူး လာေနဖို႔စဉ္းစားမိေသးသည္။
သို႔ေသာ္ျငား ဘေထြးကိုေတာ့တစ္ေယာက္ထဲပစ္ထားခဲ့ရန္ အဆင္မေျပသည္မို႔ စဉ္းစားမိသည္ကိုျပင္ဆင္ခဲ့ရေလသည္။

အေပၚထပ္တြင္ အခန္းတစ္ခန္းသာရိွၿပီးထိုအခန္းသည္ တံခါးေပါက္မရိွပါ။ ထိုအစား ေဟာင္းႏြမ္းေနေသာ လိုက္ကာစတစ္ခုကိုသာ ကာရံထားေလသည္။
အခန္းေပါက္ကိုေျခခ်မိသည္အထိ ဘြဲ႔ဆူးမွာ အထဲဝင္ဖို႔ အဆင္သင့္မျဖစ္ေသးေပ။
သူအစကေတာ့ ေသာင္းဆင့္အား လူ‌နာေမးရန္လာတာျဖစ္ေပမဲ့ ေတြးၾကၫ့္ျပန္ေတာ့ သူတို႔ႏွစ္ေယာက္သည္ ခင္မင္ေသာ ဆက္ဆံေရးရိွမေနျပန္။

အထဲဝင္သြားၿပီးကာမွ " ကိုယ္မင္းကို လူနာသတင္းနာေမးတာ" ဟု ေျပာဖို႔လည္း ရွက္စရာေကာင္းေနျပန္သည္။

ဝင္မသြားပဲ ျပန္သြားရမလားဟု ေတြးမိျပန္ေတာ့လည္း ဘာရယ္မဟုတ္ေနာက္ျပန္လွၫ့္ဖို႔တြန႔္ဆုတ္ျပန္၏။ အလုပ္နဲ႔လက္နဲ႔မျပတ္လုပ္ကိုင္တက္သူသည္ ယေန့တြင္ ေန့ခင္းစာ စားခ်ိန္ကို ေစာင့္ေမ်ွာ္ေနခဲ့ရတာ သိသိသာသာ။ မနက္ကတည္းက သတင္းစကားေမးဖို႔ သြားခ်င္ခဲ့ေသာ္ျငား အလုပ္ေတြပံုေနတာမို႔ ခ်က္ခ်င္းမေရာက္ျဖစ္လိုက္။ လက္ကသာ အလုပ္ကို အမွားအယြင္းမရိွေအာင္ လုပ္ကိုင္ေနတာ စိတ္က
တစ္ေယာက္ထဲ အဆင္မွေျပရဲ့လား တစ္ခ်က္တစ္ခ်က္ စိတ္ပူမိသြားေသးသည္။ အမွန္ဆိုကိုယ္ေတြက ပတ္သတ္မူ႔မရိွတဲ့သူစိမ္းေတြ။
ရန္စြယ္‌ေငါေငါ တုန႔္ျပန္ခဲ့ခ်ိန္ေတြသတိရေတာ့ ေနရထိုင္ရခက္လာျပန္၏။ တကယ္ကို ေသာင္းဆင့္ႏွင့္သူက မတၫ့္သူေတျြဖစ္သည္။  ဘာေၾကာင့္မွန္းမသိ၊ ေနမေကာင္းျဖစ္ေနတယ္ၾကားေတာ့ သြားေမးလိုက္မယ္ဟု အေလာတႀကီး ေျပာခဲ့မိသည္။

ဘာပဲေျပာ ေျပာ အကူအညီေပးထားတဲ့ဖိုးေထြးနဲ႔ ဘေထြး မ်က္ႏွာကရိွေသးသည္။
မပတ္သတ္ခ်င္လည္း က်န္းမာေရးမို႔ စိတ္ထဲက မလိုအပ္တာေတြ မေတြးဟု ဆံုးျဖတ္မိသည္မွာ ဟန္ကိုယ့္အတြက္မ်ားအလား။

တြန႔္ဆုတ္တြန႔္ဆုတ္ျဖင့္ အခ်ိန္ၾကာေအာင္ စဉ္းစားမိၿပီးမွ သူလည္းေယာက်ာ္း၊ငါလည္းေယာက်ာ္း ဘာရွက္ေနရမွာလဲဟု
အားခဲကာ လိုက္ကာစကို ဖယ္လိုက္မိေတာ့၏။
သို႔ေသာ္ အထင္ႏွင့္အျမင္လြဲမွားစြာ ေသာင္းဆင့္သည္ ဘြဲ႔ဆူးအား စကားေျပာႏိုင္သၫ့္အေျခအေနရိွမေနခဲ့ေပ။

တဟင္းဟင္း ညီးၫူေနသည့္အသံႏွင့္ ေကြးေကြးေလးတုန္ရီေနသည္
ေသာင္းဆင့္သည္ ေစာင္ၾကမ္းခင္းထားတဲ့အိပ္ယာေပၚမွာမရိွပဲ ‌ဖ်ာၾကမ္းခင္းေပၚမွာသာလွဲ‌ ေလ်ာင္းလ်က္သား။အ နားတြင္ ႏႈတ္ခမ္းပဲ့ေနေသာ ေႂကြခြက္အေဟာင္း‌ ေလးသည္ ေရစက္လက္ျဖင့္လဲက်‌ေနၿပီး ထိုေဘးတြင္ ပ်ံ့က်ဲေနေသာ ေဆးလံုးတခ်ိဳ႕ရိွေနသည္ ။

" ေသာင္းဆင့္ ! ေသာင္းဆင့္ ဆက္ႏိုင္  ၊သတိထားစမ္း "

ဘြဲ႔ဆူးေျပးထူလိုက္စဉ္ မီးခဲကဲ့သို႔ အထိအေတြ့ကိုခံစားလိုက္မိသည္မို႔ စိုးရိမ္တႀကီးအႀကိမ္ႀကိမ္ေအာ္ေခၚၾကၫ့္လိုက္၏။ သို႔ေသာ္ေသာင္းဆင့္သည္ျပန္ေျဖမလာခဲ့သလို
နီက်င္က်င္ရႈပ္ပြေနေသာ ဆံသားေအာက္မွာ ေမွးစက္ေနေသာ မ်က္လံုးအစံုသည္လည္းပြင့္ဟမလာခဲ့ပါ။
အဖ်ားတက္ေနသည္မို႔တကိုယ္လံုးတုန္ရီ၍ တဟင္းဟင္းညီးၫူသံကအဆက္မျပတ္။
ဘြဲ႔ဆူး အလ်င္အျမန္ပင္ ေသာင္းဆင့္အား အိပ္ယာေပၚဆြဲ‌ ေရြ့တင္လိုက္သည္။
ညစ္တစ္တစ္ေခါင္းအုန္းသည္အေဟာင္းေရာင္ျဖစ္ရံုတင္မက တစ္ခန္းလံုးတြင္ သစ္လြင္ေသာ ပစၥည္းတစ္ခုေတာင္ရိွမေနျခင္းသည္ ဘြဲ႔ဆူးအတြက္အံ့ဩစရာျဖစ္ေနခဲ့သည္။

အခန္းပတ္ပတ္လည္ကိုလိုက္ၾကၫ့္ၿပီး ပလက္စတစ္ႀကိဳးျဖင့္ တန္းလုပ္ထားေသာ အဝတ္တန္းေပၚက ပုဆိုးတစ္ထည္အား ဘြဲ႔ဆူးလွမ္းယူကာ အခန္းေထာင့္တြင္ ေထာင္ထားေသာ ေရဘူးကိုေလာင္းခ်၍ေရစြတ္လိုက္၏။ 
ထို႔ေနာက္ အဖ်ားႀကီးကာ ေမ့ေမ်ာေနၿပီျဖစ္ေသာ ေသာင္းဆင့္ႏွဖူးေပၚအားေရညစ္၍ တင္လိုက္သည္မွာ မီးခဲအား ေရၿငိမ္ခံလိုက္ရသလို အသံမထြက္၍သာ ရွဲခနဲ မျမည္ေလသလားပဲ။ ခ်က္ျခင္း ေအးေနရာမွပူသြားေသာ ေရဝတ္ေၾကာင့္ ဘြဲ႔ဆူး ပိုမိုၿပီး စိတ္ပူလာ၏။

မာေက်ာေသာ သေကာင့္သား ရြာေဇာ္တစ္ေယာက္ တစ္ခ်က္မနား တအီးအီး ညီးသံထြက္လ်က္ တုန္ရီေနပံုမွာ လူစားလဲခံလိုက္ရသလို။ အခ်ိန္ဆြဲ၍ မေကာင္းသည္မို႔  ေလကဲ့သို႔အရိွန္အဟုန္ျဖင့္ ဘြဲ႔ဆူးလ်င္ျမန္စြာ အခန္းအတြင္းမွေျပးထြက္လိုက္သည္။
သူေျပးထြက္လာတဲ့ေနရာက ေသာင္းဆင့္ေနထိုင္ရာ အေပၚထပ္ကမို႔ ဥဒဟိုသြားလာသူမ်ား၏အၾကၫ့္က စပ္စုလိုစိတ္ျဖင့္ သိသိသာသာ ရပ္ၾကၫ့္ျခင္းခံလိုက္ရသည္။

ရွက္ျခင္းဟူသည္ ရင္မွာတိုးဝင္လာေပမဲ့  ေသာင္းဆင့္ရုပ္လႊာကိုျမင္ကာ ေရကန္ဆီကိုသာ အေျပးႏွင္မိေလ၏။  ဆန္စက္တြင္ အသံုးျပဳရန္ စက္ေရတြင္းရိွသည္မို႔ျဖၫ့္တင္းထားသၫ့္ေရကအျပၫ့္ေပ။
တဗ်န္းဗ်န္းဆြဲထၫ့္ေနတုန္း  ေသာက္ေရလာခပ္တဲ့ ဂိုေထာင္ေစာင့္ ဦးထြန္းျမင့္ကို ေတြ့လိုက္သည္ေၾကာင့္ အားနာေပမဲ့

" ဦးေလး ရြာ‌လယ္က က်န္းမာေရးမွဴးကို သြားပင့္ေပးလို႔ရမလား "

" ဘယ္သူဘာျဖစ္လို႔လဲ ကိုဘြဲ႔ရ"

အမ်ားေခၚသလို ကိုဘြဲ႔ဟု ေခၚလာတဲ့ ဦးထြန္းျမင့္အား ေရကန္ေပၚ ဖလားျပန္တင္ရင္း ေသာင္းဆင့္အဖ်ားႀကီးေနသၫ့္အေၾကာင္းအက်ိဳးအေၾကာင္းရွင္းျပၿပီး ေဆးဆရာသြားပင့္ခိုင္းလိုက္ရေတာ့သည္။  
ဘြဲ႔ဆူးျပန္ေရာက္ခ်ိန္တြင္ ေသာင္းဆင့္အဖ်ားပိုႀကီးကာ ညီးသံပင္က်ယ္လာ၏။ သူေဌးသားဆိုတဲ့ေကာင္၏ေပေတမူ႔ကို အံ့ဩမဆံုးေတာ့ေပ။ အေဖရိွသည္၊ျပဳစုယုယမဲ့သူရိွသည္။ သို႔ေသာ္ အထီးက်န္ဆန္ကာ သတိလစ္လုနီးပါး တစ္ေယာက္ထဲ  ဒလေပေသမွန္းမသိ၊ရွင္မွန္းမသိ ေနခ်င္တဲ့ေနရာမွာ ေနသည္။ တကယ္ဗရုတ္သုတ္ခ ။

" ေသာင္းဆင့္ ၊ ေဟ့ ကိုယ္ေျပာတာၾကားလား ။ "

အဝတ္တန္းဆိုတဲ့ ႀကိဳးမွာလည္း အဝတ္အစားဆိုၿပီးမ်ားမ်ားစားစားမရိွ၊ ပုဆိုး ႏွစ္ထည္နဲ႔ အဝတ္တခ်ိဳ႕က တို႔လို႔တန္းလန္း။ ဘြဲ႔ဆူး ေပါ့ေပါ့ပါးပါးအက်ႌတစ္ထည္ကိုထပ္မံ၍ယူကာ ေရပံုးမွာ‌ႏွစ္လိုက္ၿပီး ေသာင္းဆင့္အားေရပတ္တိုက္ဖို႔ေရညစ္လိုက္၏။ သို႔ေသာ္ ေသာင္းဆင့္အက်ႌသည္ကားမခြၽတ္ရေသး။

" အဝတ္ခြၽတ္ၿပီး ေရပတ္တိုက္မယ္ေနာ္၊ ကိုယ္ေျပာတာမင္းၾကားရလား"

ေသာင္းဆင့္ဝတ္ထားေသာ အက်ႌသည္ အကြက္က်ဲက်ဲ အၾကမ္းထည္ျဖစ္ကာ ရင္ကြဲၾကယ္သီး တပ္မို႔ဘြဲ႔ဆူး ခက္ခက္ခဲခဲ ၾကယ္သီးမ်ားအား ဆြဲျဖဳတ္ေနရလ်က္ရိွသည္။ ၾကယ္သီးျဖဳတ္၍ၿပီးသၫ့္ေနာက္ အက်ႌရင္ဘတ္ကို ဆြဲဟလိုက္ခ်ိန္တြင္ ဘြဲ႔ဆူး လက္တို႔သည္ ေက်ာက္ခ်ခံလိုက္ရေသာ သ‌ေဘၤာကဲ့သို႔ လႈပ္ရွားဖို႔ခတ္ခဲသြား၏။

ျမင္ေတြ့လိုက္ရသည္က ဒဏ္ရာတစ္ခု။ အညိုရင့္ေရာင္ ဝမ္းဗိုက္တြင္ ကန႔္လန႔္ျဖတ္ အမာရြတ္သည္ ေယာင္ရမ္းလ်က္ ျပည္ပင္တည္ေနလ်က္ ။

အနာရင္း၍ ဖ်ားျခင္းေပလား။
စိုးရိမ္သၫ့္စိတ္ႏွင့္ ေသာင္းဆင့္ပါးအား ခပ္ဆတ္ဆတ္ပုတ္ကာ

"ဟိတ္ ေသာင္းဆင့္ ၊ ငါ ေရပတ္တိုက္ေပးမယ္ ။ သတိထားစမ္း။ "

ေရပံုးထဲက ေရျဖင့္ ပုဆိုးအားစိုစြတ္ေစလ်က္ လ်က္ဖ်ား ၊ေျခဖ်ားပါမက်န္ စိတ္လိုလက္ရ အပူေလ်ာ့ေအာင္လုပ္ေပးေနမိသည္။ ထိုအခ်ိန္မွာ အမုန္းမရိွ ၊
အေတြးမိရိွခဲ့။
အဖ်ား‌ ေလ်ာ့က်ေစခ်င္စိတ္ပါရိွၿပီး၊ ျပဳစုသမ်ွသည္းစိတ္ရင္းသာျဖစ္သည္။

အခ်ိန္အားျဖင့္ ဆယ္မိနစ္ခန႔္...

ေျခသံသဲ့သဲ့ႏွင့္အတူ စကားေျပာသံတခ်ိဳ႕ ။
ေသာင္းဆင့္အား လဲဝတ္ေပးထားေသာ အက်ႌရင္ဘတ္အားေစ့၍ ေရစိုအဝတ္အား ေရညစ္လ်က္ နဖူးေပၚတင္ေစလိုက္သည္။

ညီးၫူသံမ်ားကေတာ့ မပ်က္ေသး။
ကိုယ္ခႏၶာကလည္း တုန္ရီေနဆဲ ။
တက္သေလာက္မွတ္သေလာက္ျပဳစုျဖစ္ေပမဲ့ အဖ်ားကေတာ့ လံုေလာက္ေအာင္ မက်ေသးဘူးဆိုတာ ဘြဲ႔ဆူးသိေနသည္။

ဘယ္ေလာက္ေတာင္ေပေတတဲ့ေကာင္လဲ။

" ကိုဘြဲ႔ ဆရာမ‌ေလး ပါလာၿပီ"

ဦးထြန္းျမင့္သည္ ေဆးအိတ္ကိုဆြဲလ်က္ အခန္းအတြင္းသို႔ဝင္လာ၏။ သူ႔ေနာက္တြင္လည္း သနပ္ခါးပါးပါးျဖင့္ က်န္းမာေရးမွဴးျဖစ္ဟန္တူေသာ မိန္းကေလးတစ္ေယာက္။ အသက္အားျဖင့္ ငယ္ရြယ္ပံုေပၚေပမဲ့ ၾကၫ့္ရသည္က ေအးခ်မ္းသည္။

" လာပါ ဆရာမ။ လူနာက အဖ်ားႀကီးၿပီး ကေယာင္ကတမ္းျဖစ္ေနလို႔ ၊ကြၽန္ေတာ္ ေရပတ္တိုက္ေပးထားပါတယ္"

" ေနမေကာင္းတာ ကိုေသာင္းဆင့္လား။  ကြၽန္မ
တျခားသူမွတ္ေနတာ "

ေအးခ်မ္းသာယာတဲ့ အသံျဖင့္ ေဆးအိတ္အားဖြင့္ပံုက ညင္သာသာ။
ဘြဲ႔ဆူး ေဆးေသခ်ာ ကုလို႔ရေအာင္ ကိုယ္ကိုရို႔ေပးကာ ေဘးမွာ အေျခအေနအားရွင္းျပလို႔‌ရေအာင္  ေစာင့္ဆိုင္းေနမိသည္။

" အဖ်ား၁၀၄ရိွေနတာပဲ "

အပူခ်ိန္တိုင္းတဲ့ ကရိယာအား လႈပ္ခါသိမ္းဆည္းရင္း ေျပာလာတာမို႔

" ဟုတ္တယ္ ဆရာမ၊ ရင္ဘတ္မွာ ဒဏ္ရာရိွ‌ေနတယ္ ၊ ျပည္လည္းစို႔ေနတယ္"

" ဒဏ္ရာက ခုထိ မက်က္ေသးဘူးလား"

အံ့ဩဟန္မရိွ ၊စိုးရိမ္သြားပံုရတဲ့ မ်က္ဝန္းေတြကအေျခေနအရပ္ရပ္ကိုသိေနတဲ့အတိုင္းပင္။

" သူ႔မွာ ဒဏ္ရာရိွတာ ဆရာမ သိေနတာလား"

" ေတာဝက္ပက္ခံရတာေလ ၊ အဖ်ားခတ္လို႔ေတာ္ေသးတာေပါ့ ၊ ၈ခ်က္ေလာက္ေတာ့ ခ်ဳပ္လိုက္ရတယ္၊ အနာမန္းဝင္တာလားမသိဘူး "

ဆရာမ စကားေၾကာင့္ ဘြဲ႔ဆူးေသာင္းဆင့္မ်က္ႏွာအား စူးစိုက္ၾကၫ့္မိလိုက္၏။ ထူးပိန္းေနတဲ့ေမ်ာ့သ႑ာန္မ်က္ခံုးေတြတစ္ခ်က္တစ္ခ်က္တြန႔္ခ်ိဳးသြားတာကလြဲ၍ ညီးၫူ‌ ေနတဲ့အသံအဆံုး ဘယ္ေနရာၾကၫ့္ၾကၫ့္ မိုက္ရူးရဲဆန္တဲ့ေယာက်ာ္းအသြင္အနည္းငယ္မ်ွမရိွေနပါ။။

ေသာင္းဆင့္ကေခ်ာပါသည္။
အရက္ေသာက္ မူးရူးရမ္းကားေနခ်ိန္မွလြဲ၍...

" ဘယ္တုန္းကလာျပတာလဲဆရာမ "

" ဆယ္ရက္ေလာက္ရိွေရာေပါ့ ၊အဲ့ေန့က ကြၽန္မေတာင္မွလန႔္တယ္၊ ေသြးထြက္မ်ားလို႔ လူကျဖဴေဖ်ာ့ေနၿပီ ၊အေက်ာကေတာ့မာမွမာ ၊ ဒီေဒသကလူေတြရဲ့ဝါသနာကအခက္သားပဲ ၊ ေတာလည္ထြက္တာကို ေပါ့ေပါ့ပါးပါး အလုပ္လို အေပ်ာ္လုပ္ၾကတာ။
ကိုေသာင္းဆင့္ ေတာဝက္ရဖို႔ ေတာလည္တာ ႏွစ္ရက္သံုးရက္ၾကာတယ္ဆိုပဲ ၊ကြၽန္မျဖင့္ စိတ္တိုလြန္းလို႔ဘာေျပာရမွန္းမသိေအာင္ပဲ ။  "

ဆရာမေျပာေနတဲ့စကားေတြက နားထဲမၾကားတစ္ခ်က္ ၾကားတစ္ခ်က္ျဖစ္ေနဆဲ။ ေသာင္းဆင့္ရဲ့ ရဲရဲနီေနတဲ့ အဖ်ားမ်က္ႏွာကိုၾကၫ့္ကာ အခ်ိန္အခါမဟုတ္လာပို႔ေပးေသာ ဖိုးေထြးဆီက ဝက္သားတစ္ခြက္အားသြားသတိရမိပါသည္။
ရင္ထဲမွာ လိႈင္းလံုးႀကီးရိုက္ခတ္လိုက္သလို တဝုန္းဝုန္းအသံျမည္ေနသလိုခံစားေနရၿပီး ဘြဲ႔ဆူး ေခြၽးေစးေတြအနည္းငယ္စိမ့္ထြက္ လာ၏။
ဆရာမ ျပန္သြားသည္ထိ လူက ငူငူငိုင္ငိုင္ျဖစ္ေနဆဲေပ။  ‌ေသာင္းဆင့္သူ႔အားမထိခလုတ္စေနာက္တက္ေသာ စကားမ်ားအားျပန္ၾကားေယာင္မိေတာ့ နားရြက္ဖ်ားေတြပူေနြးလာသေယာင္ ။

ပိုးေၾကးပန္းေၾကးကို လက္ခံလိုက္မိေသာ ခံစားခ်က္က ႏွလံုးသားကို ပိုးကိုက္ခံလိုက္ရသလို ေအာက္သက္သက္စပ္ဖ်င္းဖ်င္း။

"ေတာဝက္သား စားခ်င္လို႔ ေဈးသည္လာရင္ ဝယ္ထားေပးပါဦး"ဆိုၿပီးေျပာခဲ့မိတဲ့ ပါးစပ္က ဘယ္ပါးစပ္လဲ။
ေမးၿပီးခပ္ဆတ္ဆတ္ရိုက္ခ်င္စိတ္ကတားမရပါ။
ကိုယ့္ႏႈတ္ခမ္းကို ကိုင္ၿပီး မနာက်င္ေအာင္ အနည္းငယ္ရိုက္ကာ ေသာင္းဆင့္အားမ်က္ေစာင္းရြယ္လုလု။

ဟိတ္ေကာင္ ေသာင္းဆင့္ မင္းဘာေကာင္တံုးကြ။

အမ်က္မပါ ၊ေဒါသမပါတဲ့ အေတြးစကားကို ခပ္တိုးတိုးဆိုကာ ဝတၲရားမျပတ္
ဆရာမ မွာခဲ့ေသာ
" ေရပတ္နာနာတိုက္ေပး ၊ ဒူးၾကား၊ေပါင္ၿခံၾကားပါမခ်န္နဲ႔ " ဆိုတဲ့စကားအတိုင္း ေသာင္းဆင့္ အက်ႌကို ရင္ဘတ္ျပန္မပိတ္ေပးပဲ ေရစိုဝတ္နဲ႔ ခ်ိဳင္းၾကားေတြထိ တိုက္ေပးမိ၏။ အဖ်ားေသြးထက္မန္းေယာင္တာမို႔ ကေယာင္ကတမ္းေတြႏွင့္ တုန္တုန္ရီရီ ျဖစ္ေနဆဲ ေသာင္းဆင့္ကေတာ့ ဘြဲ႔ဆူးသူ႔အား ေရပတ္တိုက္ေပးေနတာကို သိမွာမဟုတ္။
အထက္ပါ အပိုင္းထိ လြယ္လြယ္ေလးၿပီးစီးႏိုင္ေပမဲ့
ေအာက္ပါ အပိုင္းေရာက္ေတာ့ လက္က ဘာမဆိုင္ညာမဆိုင္ ေရာေယာင္ တုန္ခ်ိလာ၏။
လက္တုန္ေျခတုန္ႏွင့္ ဒူးအထိတိုတိုဝတ္ထားေသာ ပုဆိုးစအား လက္ညိုးႏွင့္ လက္မ သံုးကာ တျဖည္းျဖည္းပဲဆြဲမလိုက္ရသည္။ မ်က္လံုးေတြကေတာ့ ရဲရဲမၾကၫ့္ရဲ ။ ေမွးေတးေတး တဝက္တပ်က္ ခိုးၾကၫ့္ေနရသၫ့္အေျခအေနသာ။

သို႔ေသာ္ ျမင္ရသည္က ေမ်ွာ္မွန္းထားသလို
လက္နက္ႀကီးမဟုတ္။ ကာတြန္းေဘာင္းဘီအဝါၾကား။

" ဪ.. ေတာ္ေသးတာပါ့ "

ရွက္ရွက္ျဖင့္ တစ္ေယာက္ထဲၿပံဳးရင္း ေပါင္လယ္ေလာက္ရိွတဲ့ေဘာင္းဘီတိုအပြအား အထက္နားထိ ျဖည္းျဖည္းခ်င္းတြန္း၍ ေပါင္ၿခံထိေရာက္ေအာင္ တင္ေနမိသည္။

" က်ဳပ္ႏွင္းဆီ ၊ ခင္ဗ်ား ဘာကိုၾကၫ့္ခ်င္တာလဲ"

" အမေလး ဘုတ္ဘုတ္"

အာေမဋိတ္သံႏွင့္အတူ ေခါင္းမွာရိွတဲ့ ဆီလိမ္းပံုသြင္းထားေသာ ဆံပင္ေတြပင္မိုးေပၚေထာင္သြားသေယာင္။
အစ္တစ္တစ္အသံႏွင့္ ခပ္ေမွးေမွးၾကၫ့္ေနေသာ မ်က္လံုးအစံုက မသက္မသာျဖစ္ေနေသးသည္။ အညိုေရာင္ရင့္ရင့္ ႏႈတ္ခမ္းေတြက တုန္ရီေန‌ဆဲ ။
ဘြဲ႔ဆူးႏႈတ္ခမ္းကို သြားျဖင့္ဖိ၍ ဘာေျပာရမွန္းေမ့သြား၏။
ရွက္စိတ္က အားတင္းထားတဲ့ သူလည္းေယာက်ာ္းပါဆိုတဲ့အေတြးကိုပါ ၿဖိဳတိုက္ခ်သြားတာ ကမ္းပါးေဘးကေျမဆိုင္ခဲေတြလိုပင္။

" မဟုတ္ဘူးေသာင္းဆင့္၊ ကိုယ္... ကိုယ္ေလ မင္းကို
‌ေရ ပတ္တိုက္ေပးမလို႔ပါ "

ေနြဦးေလလို တိုးေဝ႔ွသြားတဲ့ ဂီတသံက ေသာင္းဆင့္ရယ္သံေလလား ‌။ ေနမေကာင္းတာမို႔ ၊သတိလည္လာခါစမို႔လား ၊ရယ္သံက အက္ရွကာ တစ္မ်ိဳးေလး။
ဘြဲ႔ဆူး ဘယ္ေနရာက ယားယံလာမွန္းမသိေတာ့သလိုပဲ။ 

ေနရခက္စြာ ေရစိုဝတ္အား အားနဲ႔ၫွစ္မိေတာ့ တစ္ဖက္ကကိုင္ထားတဲ့ ေဘာင္းဘီစက အထက္ကို ေတာ္ေတာ္တက္သြား၏။

အယ္...

ေပၚလာတဲ့ ေပါင္းသားတစ္ေလ်ွာက္ တုတ္ခိုင္မူ႔က အယ္ခနဲ အသံထြက္လုလု။ ညိုေမာင္းေနေသာ ေပါင္းသားႀကီးက ဘြဲ႔ဆူးနဲ႔တျခားဆီ ။

" တိုက္မွာဆိုလည္းျမန္ျမန္တိုက္ပါ ။ က်ဳပ္ေအးေနၿပီ"

" အင္း..ဒါ..ဒါဆိုလည္း မင္း ခဏအိပ္ႏွင့္ဦး။ ကိုယ္...ျမန္ျမန္လုပ္ေပးမယ္'

ဘြဲ႔ဆူး ရွက္ရွက္ႏွင့္ ေသာင္းဆင့္၏ေစ့ထားတဲ့ေပါင္အား ၿဖဲလိုက္မိသည္။ 

" အာ့ ျဖည္းျဖည္း၊ က်ဳပ္ႏွင္းဆီ ျဖည္းျဖည္း"

ခပ္အင့္အင့္ႀကိတ္ေအာ္သံထြက္လာတာမို႔ ဘြဲ႔ဆူးမွာေျခမကိုင္မိလက္မကိုင္မိ။ ရႈံ႔မဲ့သြားတဲ့ေသာင္းဆင့္မ်က္ႏွာကိုၾကၫ့္ကာ ႏွဖူးက ေခြၽးေတြကို‌အေၾကာင္းမဲ့ပြတ္သုတ္လိုက္မိ၏။ 

"  နာ.. နာသြားလားဟင္ ၊ ကိုယ္ေတာင္းပန္ပါတယ္ကြာ။  ကိုယ္ဒီေန့ ဘာျဖစ္ေနမွန္းမသိဘူး။ "

" က်ဳပ္အမ်ားႀကီး မနာပါဘူး။ ရပါတယ္။ "

နာက်င္သြားတဲ့ဝမ္းဗိုက္ကိုဖိကာ ေသာင္းဆင့္ အသက္ကိုမနည္းမွန္ေအာင္ရႉေနရ၏။
မနာပါဘူးေျပာေပမဲ့  နာသည္မွာကား အသက္ထြက္လုလု။

" ေက်းဇူးတင္ပါတယ္ "

အဆံုးသတ္ၾကယ္သီးတစ္လံုးကို ရင္ဘတ္လံုေအာင္အျပၫ့္တပ္ေပးေနတဲ့ မ်က္ေတာင္လွလွေလးကို
ေသာင္းဆင့္ၾကၫ့္ကာ တေမ့တေမာေျပာမိသည္။

" ရပါတယ္၊ မင္းသက္သာရဲ့လား  "

" ေခါင္းမူးၿပီး လူကခ်မ္းေနေသးေပမဲ့ အဆင္ေျပပါတယ္"

" ေဆးေသာက္ရမယ္၊ ဘာစားထားလဲ "

" မေန့ကထိ က်ဳပ္ဘာမွမစားရေသးဘူး "

ဝင့္လာတဲ့ မ်က္ေတာင္ဖ်ားေတြက ျမားေတြသာဆိုရင္ ေသာင္းဆင့္အခါခါေသတာၾကာေရာေပါ့။
ေဒါသပါသည္ျဖစ္ေစ၊ မပါသည္ျဖစ္ေစ ၊ဒီမ်က္ေတာင္ဖ်ားေတြက လူမိုက္ႀကီးရဲ့က်ဆံုးခန္းေတြ။
ႏွစ္ေတြၾကာတာေတာင္ ေသာင္းဆင့္မေမ့ေသးဘူး။

အိမ္မွာ ပ်ိဳးတဲ့ႏွင္းဆီေတြနဲ႔ အေမပိုင္တဲ့လယ္ေတာၿခံက ႏွင္းဆီခင္းေတြက သက္ေသပဲ။
သတိရပါတယ္ေျပာ ၊ ေသာင္းဆင့္တို႔က အလုပ္နဲ႔ပဲသက္ေသျပမယ္။
ဆယ္စုႏွစ္ႏွစ္ခုလံုးနဲ႔  ျဖတ္ခဲ့တဲ့ လူပ်ိဳေဖာ္ဝင္စအဆံုး ႏွင္းဆီဘြဲ႔ဆူးေၾကာင့္ပဲ မေျပာင္းလဲပဲ ေကြးခဲ့ရတာ။ ဘယ္ဆီေနလို႔ဘယ္ဝယ္ေရာက္မွန္းမသိေပမဲ့
သတိတရ လြမ္းဆြတ္ခဲ့တာ ေသာင္းဆင့္စိုက္တဲ့ ပ်ိဳးႏွင္းဆီေတြသာအသိဆံုး။

" မင္းတအားေပေတလြန္းတယ္၊ အင္းေလ အစားထက္မင္းက အရက္ကိုပိုႀကိဳက္တာမို႔လား။
ေလ်ာ့ေတာ့ေသာက္ မဟုတ္ရင္ မင္းေလ်ာေတာ့မယ္"

" မင္းမသိလို႔ ၊ က်ဳပ္ႏွင္းဆီေရ၊ က်ဳပ္က အရက္ထက္ခင္ဗ်ားကို ပိုႀကိဳက္တာပါ ။ မယံုရင္ အပိုင္သိမ္းၾကၫ့္ ၊ က်ဳပ္က သစၥာရိွပါတယ္ဆိုတဲ့အရက္ကိုေတာင္ အားမနာတမ္းပစ္ထားခဲ့လိုက္မွာ။ အဲ့ေလာက္ ခင္ဗ်ားကို ေမတၲာရိွသဗ်ာ "

ေဆးထိုးတဲ့အရိွန္ေလးနဲ႔ ေခြၽးေလးစို႔လာေတာ့ လူက
ေျပာင္စပ္စပ္မ်က္ႏွာ ေပးက ခ်က္ခ်င္းေပၚလာသည္။ 

" ဒီလိုမွန္းသိရင္ မင္းကို ပစ္ထားတယ္ ငမိုက္သား ။
အသံထြက္ႏိုင္တာနဲ႔လူက ေျပာင္စပ္စပ္၊ ဖာေခါင္းရုပ္နဲ႔ ၊ ကိုယ့္ကိုအဲ့လို လာမၾကၫ့္စမ္းနဲ႔"

ဘြဲ႔ဆူးေရစိုဝတ္နဲ႔ ပစ္ေပါက္ကာ ထိုင္ေနရာမွေဒါနဲ႔ေမာနဲ႔ထရပ္လိုက္သည္။
ကိုယ္ဘယ္ေလာက္ေဒါသထြက္ထြက္သင္းမ်က္ႏွာက
ဘာမဆို လိုက္ေရာခ်င္တဲ့ သၾကားေဖေဖလို။
ၾကၫ့္ရင္းၾကၫ့္ရင္းနဲ႔ နားထဲ"

စားခ်င္တာရိွရင္  ေတာဝက္ရခ်င္သလား၊ ပုရစ္ရခ်င္သလား ပူဆာလိုက္စမ္းေဖသားေလး"ဟု ေျပာေနသေယာင္။ 
စိတ္တိုတိုနဲ႔ လွၫ့္မၾကၫ့္ပဲ အခန္းထဲကေန ေျခေထာက္ေစာင့္ကာ ထြက္လာခဲ့လိုက္သည္ထိ

" က်ဳပ္ႏွင္းဆီ ၊ က်ဳပ္ကို အငတ္မထားနဲ႔ေနာ္ "
ဆိုတဲ့ အသံၿပဲနဲ႔ေနာက္ကေနေအာ္ေနတုန္း။

ဘာတဲ့က်ဳပ္ႏွင္းဆီ ၊ ေဘာႏွင္းဆီလိုက္ ဖာေခါင္းေသာင္းဆင့္။

ခ်စ္တဲ့အိမ္စည္။

Bạn đang đọc truyện trên: ZingTruyen.Xyz