ရုပ်ဆိုးတဲ့နှင်းဆီ (Completed)
5
လေညှင်းသွဲ့သွဲ့ကတိုက်ခတ်လာသည့်အခါမှာ
ယိမ်းနွဲ့သွားသော တောပန်းလေးများက ဘွဲ့ဆူး
၏စိတ်နှလုံးကို သာယာကြည်နူးစေသည်။
ညစ်ညူးနေသောစိတ်၊ လေးပင်နေသော စိတ်တို့သည် အေးမြသာယာမူ့ကြောင့် ချက်ခြင်းဆိုသလို
ပျောက်ကွယ်ကုန်ပြန်သည်။
ထို့အပြင် ၊သန့်ရှင်းလတ်ဆတ်သောလေသည်အစိမ်းရောင်မြက်ခင်းပြင်ကိုဖြတ်၍ လွင့်ပျံလာတာမို့ ရှူ
ရှိုက်ရတာ နတ်ဘုံနတ်နန်းတက်ရသလို ခံစားရ၏။ ဘွဲ့ဆူး သည်ထူထဲသော သစ်ဝါးများပေါက်ရောက်သော တောစပ်ကိုလှမ်းမျှော်ကြည့်လိုက်မိသည်။ အကွာအဝေးသည် ရွာစပ်နှင့် နီးသည်လည်းမဟုတ်၊ဝေးသည်လည်းမဟုတ်။ နွားများ စားကျက်လွှတ်ထားချိန်မို့ မြက်ခင်းပြင်ကို စိတ်ကြိုက်စားသောက်နေကြသည်မှာ ကျေနပ်ဖွယ်ရာအတိ။
အစိမ်းရောင် မြက်ခင်းပြင်ကျယ်သည် တောင်ခြေ၏ အဆုံးတွင် တမျှော်တခေါ်ရှိကာ မြင်မြင်သမျှ သာယာလှိုက်မောဖွယ်ဖြစ်လို့နေပါ၏။
ရွာစပ်နှင့်တောင်ခြေသည် မနီးမဝေးဆိုပါသော်ငြား
ကြားကွင်းပြင်ကျယ်တွင် တောတက် ၊ဝါးခုတ်သွားသည့်လှည်းလမ်းလေးလည်းရှိသည်။ ထိုနေရာတွင် မြက်ပင်များမပေါက်သည့်အပြင် သွားလာပါများလို့ လှည်းဘီးရာ မြေချိုင့်များပါဖြစ်နေချေသည်။ ဘွဲ့ဆူးသည် ထိုလှည်းလမ်းမှမသွားပါ။ မြက်ခင်းပြင်ကိုဖြတ်၍ တောင်ခြေနှင့်အနီးကပ်ဆုံးရောက်အောင် လမ်းလျှောက်မိသည်။ အမျိုးအမည်မသိသော တောပန်းများမှာ မြက်ပင်များကြား ဟိုတစ်ပင် သည်တစ်ပင် ပွင့်လန်းနေကြပြီးတချို့ဆို လေယူရာယိမ်းကာ လှုပ်ရမ်းနေကြသည်။
ဝါးရုံတောကြီးများတွင် မြေဆီကောင်း၍ အပင်ထူကာ ပေါက်သောဝါးသည် ကွေ့ကောက်ခြင်းမရှိ တဖြောင့်ထဲဖြစ်သည်။ အလုံးပတ်သည် ကြီးမားကာ ထိုဝါးတို့ကို အသုံးပြု၍မတက်နိုင်သူတွေက အိမ်တိုင်အဖြစ်သုံးကြ၏။ ဝါးဖြင့် ကပ်ခွေကာ ထရံအဖြစ်အစားသုံးကြသည်။ ထို့အပြင် ဝါးကို ပြား၍ အခင်းပြင်အဖြစ်လည်း အစားသုံးကြ သေးသည်။
မည်သို့ပင်ဆိုစေကာမူ လေးရွာတောကြီးသည် စားဖို့အပြင်၊ နေထိုင်ဖို့ပါစီမံပေးနိုင်သည့်မရှိမဖြစ် အားကိုးရာပင်။ ဝါးပင်တို့သည်ထူထဲကာ နေပျောက်ကင်းလျက်ရှိနေ၏။
အစိမ်းရောင် အရွက်ကလေးများသည် ဖြာကျနေလျက်ရှိကာ တစ်ပင်ကိုတစ်ပင်ခုန်၍ပြေးလွှား ဆော့ကစားနေသော ရှဉ့်ကလေးများကိုလည်းမြင်နေရပြီး၊ တကျီကျီအော်နေသော
တောငှက်သံလေးများကလည်း စိတ်ငြိမ်သက်စရာပင်။
လေးရွာတောသည် သိပ်ကို အေးချမ်းလွန်းပါ၏။
အနီးဆုံး တောပန်းတစ်ပွင့်အားလှမ်းခူးရင်း ဘွဲ့ဆူး အပင်ရိပ်အောက်မှာ အေးဆေးစွာထိုင်လိုက်မိ၏။
အချိန်အတော်ကြာအောင် လှပမူ့ကို သူခံစားနေမိပေမဲ့ ပျင်းရိသည်ဟုနည်းနည်းမှ မတွေးမိပါ။
သဘာဝအလှတရားများသည် အပူမီး ၊သောကမီးကို အေးချမ်းစေတာ သိသိသာသာပင်။
လေညင်းတသုန်သုန်တိုက်ခတ်နေတာမို့ ဘွဲ့ဆူးဆံပင်တွေကလည်း လေယူရာယိမ်းနွဲ့နေကာ စိတ်ကူးတို့သည် အတိတ်ကိုပြန်တွေးမိစေ၏။
မိမရှိ၊ ဖမရှိတဲ့ သူ့ဘဝကို ပြန်တွေးကြည့်ရင်းဘွဲ့ဆူး တစ်ကိုယ်တည်း အထီးကျန်နေမိသည်ဟုလည်း ခံစားနေရသည်။
ဒီရက်တွေမှာ ဘွဲ့ဆူးတွေးကြည့်မိသည်။
သူ့အသက်လည်း သုံးဆယ်နားကပ်နေပြီမို့ သာယာတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ချင်သလို မိသားစုလည်းပျော်ရွှင်စွာဖြတ်သန်းချင်၏။
ဘထွေး၏အိမ်မှာ သူနေထိုင်ပေမဲ့ ဆွေမျိုးဆိုသည်မှာကိုယ်တစ်ယောက်ထဲမဟုတ်တော့ ၊ အမြင်မကြည်စရာဖြစ်လာနိုင်သည်။ ခုတောင်မှ တစ်ဝမ်းကွဲအဒေါ် ဒေါ်လေးသီက ပတ်ဝန်းကျင်မှာ ဘထွေးအမွေတွေအား လက်ဝါးကြီးအုပ်နေသူလိုလို၊
မြို့မှာ အိမ်မြေယာမြေမဲ့လို့ ရွာကို လာကပ်သည်လိုလို မဟုတ်မကန်း သတင်းစကားတို့ကို လွှင့်နေချေ၏ ။ ဘထွေးသည် တစ်ယောက်ထဲနေထိုင်သူဖြစ်ပေမဲ့ စုစောင်းထားတဲ့ အတွင်းပစ္စည်းနှင့် လယ်ယာမြေပိုင်ဆိုင်မူ့က အမျိုးတွေ မျက်စိကျချင်စရာ ရှိလေတော့ အပြောတော့ခံရမှာပင်။
ထို့ကြောင့် သူအပိုင် မိသားစုနှင့် တစ်ကိုယ်တည်းသီးသန့်ခွဲခွာနေချင်တာ သူ့ဆန္ဒသာ။
" လိုက်ပို့မယ်လို့ ပြောတုန်းက မသွားချင်တာလိုလိုနဲ့ ခုတော့ တစ်ယောက်ထဲ တိတ်တိတ်ခိုးလာတာလား"
စူးခနဲ ဝင်လာသော သေရည် အနံ့ ကြောင့် လူမမြင်ရပေမဲ့ နှာခေါင်းက အလိုလို ရှုံ့မိလျက်သား။
မော့ကြည့်လိုက်တော့ သောင့်ဆင့်ငမူး၊ငမူးသောင်းဆင့်ဖြစ်နေ၏။
ချည်ထည်ကြမ်း အင်္ကျီက လက်ဖျားတွေကို ခေါက်တင်မထားတာကြောင့်လားမသိ ဖားလျားကျကာ
လူက သေသပ်မူ့မရှိ၊ ဒူးအတိတိုတိုဝတ်ထားသော ပုဆိုးစကို ကိုင်ကာ ဘေးမှာ ဝင်ထိုင်လိုက်ပုံက မသိလျင် နှစ်ယောက်သား ရင်းနှီးကျွမ်းဝင်နေတာလိုလို။
ထိုအရက်သမားသည် ဘွဲ့ဆူးအတွက် စိတ်ပျက်ရွံ့ရှာစရာတော်တော်ကောင်းသည်မှာ မလွဲဧကန်ပင်။
စကားလည်းမပြောချင် ၊ အိမ်လည်မပြန်ချင်သေးသည်မို့ ဘွဲ့ဆူး ရှေ့တည့်တည့်ကိုသာ မျက်နှာမူ၍
လျစ်လျူ ရှု့ခြင်းအတက်ကိုသာ ပြုမိလေ၏။
" ကျုပ် ကို စကားမပြောချင်လည်းရပါတယ် ၊
ပြောတာပဲ နားထောင်နားထောင်ရင်ရပါပြီ "
သောင်းဆင့် မိမိဘေးမှာ ရှိနေသော အ မွှေးရနံ့တချို့ကို ခိုးရူရှိုက်ရင်း မော်ချီနေတဲ့ မေးဖျားကို နုညံ့စွာ ကြည့်ရှု့မိ၏။
ထို့နောက် သူ့အား သဘောမကျဘူးဆိုတဲ့ မျက်နှာထားနှင့် ထလည်းမသွား ၊ထိုင်နေသော်ငြား မပြုံးမရယ်လုပ်နေသော အမျိုးသားအား
လေညင်းလို အသံဖြင့်
" ကျုပ်နေမကောင်းဘူး ၊ ခင်ဗျားတစ် ယောက်ထဲသွားတယ် ဆိုလို့သာ လိုက်လာခဲ့ရတာ ခေါင်းက မူးနောက်နောက်နဲ့" ဟု ချော့မော့ ဆိုးနွဲ့သလို ပြောနေမိသည်။
ဘွဲ့ဆူးသည် အရက်သောက်၍ ခေါင်းမူးနေသော
ယောကျာ်းသားကို လှည့်ကြည့်ကာ ခပ်ရွဲ့ရွဲ့စကားကိုပြော တော့၏။
" မင်းမူးနေတာ ရေချိန်မကိုက်သေးလို့နေမှာပါ။
ပိုက်ဆံလိုလို့လိုက်ရှာနေတာဆိုရင် မင်းကိုယ့်ကို အရင်သုံးသောင်းပြန်မဆပ်ရသေးဘူးနော်"
" တစ်ထောင့်ငါးရာ ကျပ်တော့ ကျုပ်မှာ ပါတယ်၊
အရင်ဦးဆုံးယူထားပေးချင်လား"
နှုတ်ကလည်းဆို လက်ကလည်း ခါးပုံစထဲမှာ နုညံ့စွာ ထုတ်ယူလိုက်သော တစ်စုံတစ်ခု။
ထိုအရာသည် နှင်းဆီဖြူလေးတစ်ပွင့် နှင့်ငွေကျပ်ေထာင့်ငါးရာ သာဖြစ်သည်။
" အရစ်ကျဆပ်ပေးမယ်လေ ၊ရမလားဗျ။ "
ရနံ့သင်းသင်းပန်းတစ်ပွင့်အား ကြည့်ကာ
ဘွဲ့ဆူးမျက်မှောင်ကြုံမိပြန်သည်။
" ပန်းတွေကို အလေးမထားပဲ မခူးမိစေနဲ့။
ပန်းဆိုတာ အပင်ပေါ်နေမှတင့်တယ်တာ ၊ နောက်ကို
ခုလို ယူမလာမိစေနဲ့ "
" ပန်းတစ်ပွင့်အတွက် ခင်ဗျားကို ဘယ်လိုစကားနဲ့
တောင်းပန်စေချင်တာလဲ နှင်းဆီငယ် ၊တကယ်ပြောတာ ခင်ဗျားလောက် ချစ်စရာမကောင်းမှတော့ အပင်ပေါ်ရှိနေလည်းမထူးတော့ဘူးလေ"
နှင်းဆီငယ်ဆိုသော အခေါ်အဝေါ်ကြောင့် လူကမတ်မတ်ထိုင်နေရာမှာကြုံဝင်သွားလုလု။
ဖြူနုနုပါးပြင်သည်အရောင်အသွေးမခြယ်သော်ငြား အတွင်းစိတ်မှာတော့ ယားယံမူ့က အတိုင်းအဆမရှိလေ။ ဒီလူ သူ့ကို ဘယ်လိုတောင် ခေါ်ရဲရတာလဲ။
" ငါ မင်းကို စိတ်မတိုချင်ဘူးသောင်းဆင့် ၊
ငါ့ကို ရိသဲ့သဲ့လုပ်တာကို ရှောင်ရှားပေးစမ်းပါ"
ရှက်ရမ်းရမ်းကာ အော်ပြန်သော်လည်း အရှက်မရှိသူက မကြိုက်သည်ကို အခါခါပြုလေပြန်သည်။
" အပြောင်အပျက်လို့ ဘယ်သူပြောချင်လဲ နှင်းဆီငယ်ရယ်၊ တကယ်ပြောတာ ကျုပ်ခင်ဗျားနဲ့ နေ့ရက်တွေတိုင်းမှာ အတူရှိချင်တာ "
" မင်း လူလိုနားမလည်တာလား သောင်းဆင့်ဆက်နိုင်"
မျက်တောင်ကော့တွေနဲ့
တုန်ရီနေသော ဒေါသမျက်နှာထားလေးအားကြည့်ရင်း ရင်ထဲမချိသည်က သောင်းဆင့်သာ အသိဆုံးလေ။
" ဘာကြောင့် ကျုပ်ကို နားမလည်တာလဲ နှင်းဆီ ၊
ခင်ဗျား ကျုပ် ကို အမြဲဝမ်းနည်းအောင်မလုပ်ချင်စမ်းပါနဲ့ ၊ "
အဖျားခတ်တုန်ရီသွားတဲ့ ငိုသံသဲ့သဲ့ ကြောင့်
သောင်းဆင့် အား ဘွဲ့ဆူးလှည့်ကြည့်မိစဉ် ငုံ့ကျသွားတဲ့ ကြမ်းရှတဲ့နေလောင်ဆံပင်တွေအောက်မှာ ပျောက်ကွယ်လုလု
ဝမ်းနည်းရိပ်သမ်းနေသော မျက်လုံးအစုံ။
ပြောပြီးပြီဆိုမှ စိတ်မကောင်းဖြစ်သွားကာ တင်းမာနေတဲ့ မျက်နှာထားက ဖြည်းဖြည်းလျော့ကျသွား၏။
အရက်သမားတွေတော်တော်များများ စိတ်အတက်အကျမြန်တက်သလားဆိုတာ သူမသိ။
ဒေါသထွက်၍ အော်ဟစ်တက်သူသည် ယခုအခါမှာတော့ ဝမ်းနည်းနေပြန်သည်။
" ပေး"
ဖျတ်ခနဲ ဆွဲယူမိသည်က နှင်းဆီတစ်ပွင့် ပိုက်ဆံ တစ်ထောင်ငါးရာကျပ်။ သောင်းဆင့်သည် ဘွဲ့ဆူးလက်ထဲက နှင်းဆီဖြူကိုကြည့်သည်။ ထို့နောက် ဘွဲ့ဆူးကိုလည်းကြည့်လာသည်။
" နှင်းဆီပန်းကိုလှတယ်လို့များ ၊ကျုပ်တစ်ခါတောင်မတွေးဖူးဘူး၊ ဒါပေမဲ့ နှင်းဆီဘွဲ့ဆူး ခင်ဗျားကတော့ တကယ်လှပါတယ်"
" မင်းပြောတော့ ငါ့ကိုရုပ်ဆိုးတယ်ဆို၊ ခုကျတော့ တစ်မျိုးပြောပြန်ပြီ ၊ အရက်သမားစကားဆိုတာ
ဘယ်တော့မှမယုံရဘူး "
လှတယ်လို့ ပြောတာကို မကျေနပ်ဖို့မေ့စွာ
ရုပ်ဆိုးတယ်ပြောခဲ့ဖူးတာကိုပင် သတိတရ ရန်စကားဆိုမိလေ၏။ တကယ်ပြောတာ ။ နှင်းဆီဘွဲ့ဆူးတစ်ကိုယ်လုံး ဘယ်နေရာကြည့်ကြည့် ယောကျာ်းမှယောကျာ်းတစ်ယောက်ပဲ။ လှတယ်လို့ပြောရင် ဘွဲ့ဆူးတို့ကမကြိုက်၊ ဒါငယ်စဉ်ကတည်းက။
အတန်းဖော်တွေက ဘွဲ့ဆူးအား နှင်းဆီဘွဲ့ဆူးအမည်နှင့်သက်မှတ်ကာ မိန်းကလေးဟုထင်ကြ၏။
နှင်းဆီဆိုတာ မိန်းမတွေအတွက်ပဲ သတ်မှာထားတာလား။
ပန်းသည် ယောကျာ်းနှင့်လုံးဝမသက်ဆိုင်ဟု
တရားဝင်ထုတ်ပြန်ထားတာရှိပါသလား။
ဘယ်သူတွေဘာပြောပြော ဘွဲ့ဆူးက မေမေပေးခဲ့တဲ့နာမည်အားမကြိုက်နှစ်သက်တာမျိုးလုံးဝမရှိခဲ့သလို
ရှက်ရွံ့ခြင်းလည်းကင်းခဲ့၏။
" ကျုပ်ပြန်တော့မယ်"
" ခဏ .."
ချက်ခြင်းထပြန်တော့လည်း စိတ်ထဲတစ်မျိုးဖြစ်သွားသည်မို့ ရုတ်တရက်လက်ဖျားအားလှမ်းဆွဲလိုက်မိသည်။
" သောင်းဆင့် ၊ မင်းတကယ်ဖျားနေတာလား၊ ကြည့်စမ်း ပူကျစ်နေတာပဲ"
မီးပူကဲ့သို့သော ပူနွေးမူ့ကြောင့် ဘွဲ့ဆူးပါ အလန့်တကြားထရပ်မိလိုက်၏။
ဆွဲထားတဲ့ လက်ဖျားကိုတော့ အမှတ်တမဲ့ မလွတ်ဖြစ်လိုက်ပါ။ ထိုလက်ဖျားမှတစ်ဆင့် အနွေးစီးကြောင်းလေးသည် ရင်ထဲသို့ တငြိမ့်ငြိမ့်စီးဝင်နေတာ အံ့ဩစရာပင်ဖြစ်သည်။ ထိုခံစားချက်ကိုဘွဲ့ဆူးရင်းရင်း
နှီးနှီးရှိသည်။ ဤသည်မှာ ဘယ်တုန်းကမှန်းသူမမှတ်မိ။
" ကျုပ်လိမ်နေတယ်လို့ခင်ဗျားထင်နေတယ်မို့လား ၊
ကျုပ်ဘယ်တုန်းကမှ မလိမ်တက်ဘူးနှင်းဆီ။ ခင်ဗျား ကျုပ်အကြောင်းကို ဘယ်အချိန်မှ စိတ်ဝင်စားမှာလဲ"
" မဟုတ်ဘူး ကိုယ်ပြောတာက..."
" ခင်ဗျားပိုက်ဆံကို သုံးသောင်းပြည့်အောင် တဖြည်းဖြည်းချင်းဆပ်မယ် "
ပြောပြီးထွက်ခွာသွားသော ခြေသံသဲ့သဲ့။
နွေဦးနှင့်အတူ လေနှင်ရာထွက်ခွာသွားသော ရော်ရွက်ကလေးလို ၊ ကြွေချိန်တန်ရင်ကြွေမှာပဲဆိုပေမဲ့ ထူးဆန်းစွာ စိတ်ပူမိသည်က သောင်းဆင့်ဆက်နိုင်အပေါ်မှာ ဒီတစ်ခါပထမဦးဆုံး။
" ဘွဲ့ဆူးရေ ၊ ဟိုဖက်အိမ်က ဖိုးထွေးရောက်နေတယ် "
ရေနွေးကြမ်းသောက်နေတဲ့ ဘထွေးအော်သံကြောင့် အလုပ်သွားဖို့ ပြင်ဆင်နေရာမှ ခပ်သွက်သွက် ပြီးစီးအောင် အလျင်လိုလိုက်၏။
အိမ်အောက်ရောက်တော့ ဘထွေးနဲ့အတူ စကားပြောနေသော ဖိုးထွေးကြောင့် ဘေးမှာဝင်ထိုင်ရင်းနှုတ်ဆက်မိသည်။
" ဘာအရေးလဲ ဖိုးထွေးရ ၊အကို အလုပ်သွားတော့မလို့"
ရံဖာရံဖာ ဟင်းအမျိုးမျိုးလာပေးတက်သော ကောင်လေးမို့ ရင်းနှီးနေခဲ့သည်။
" ညက သောင်းဆင့်နဲ့ ရွာချောင်းစပ်မှာ ပုရစ်သွားထောင်ခဲ့တာ ၊ အကိုဘွဲ့ဆူးများ စားချင်မလားလို့"
စကားပြောရင်း ထိုးပေးလာသောပန်းကန်လုံးလေးထဲမှာ ပုရစ်ကြော်တွေက နည်းနည်းနောနောမဟုတ်။
အားနာစိတ်အပြင် ၊ သောင်းဆင့်ဆိုတဲ့ အမူးကောင်ကြောင့် ဆူပူချင်စိတ်ကလေးက အနည်းငယ်ပေါ်လာလေ၏။
" သောင်းဆင့်ကဖျားနေတယ်ဆို ၊သက်သာသွားပြီလား"
" မသက်သာလည်းဒီကောင်က အိပ်ယာထဲမှာ ခွေနေတက်တဲ့သူမျိုးမဟုတ်ဘူး အကိုဘွဲ့ဆူးရ ၊ ကျွန်တော်တို့ပြောရင်လည်းသူက လက်ခံတာမဟုတ်ဘူး၊ သောင်းဆင့်အကြောင်းကမသိရင် ဘထွေးသာမေးကြည့်ပေတော့ ၊ ဪ ကျန်သေးတယ် ၊ ဒီမှာ ပုရစ်ကြော်အပြင် ပိုက်ဆံလေးပေးခိုင်းလိုက်သေးတယ်"
နေ့ရက်ခြားဆိုသလို ရောက်လာတက်သော
ထောင်းငါးရာကျပ်ဆို ပေမဲ့ ဘထွေးရှေ့မှာမို့ မျက်နှာပူမိပါသည်။ ဘထွေးသည် ထောင့်ငါးရာ၏ အဓိပ္ပါယ်အား သိနိုင်မည်မထင်ပါသော်ငြား သောင်းဆင့် ရိသဲ့သဲ့ အပြောတွေကြားမှာ မလုံသူက ရှက်ရွံ့ရစမြဲ။
" သောင်းဆင့် အဖျားရက်ကြာနေပြီ ငထွေး ၊ခုဘာတွေလုပ်နေလဲ ဒီကောင် ၊ အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ထွင်းနေရအုံးမယ်၊ ဆေးပေးခန်းမှာ ဆေးလေးဘာလေး သွားမယူဘူးလားကွဲ့ ၊ မင်းတို့လူငယ်တွေများ
ပြောရတာ သိပ်လက်ပေါက်ကပ်လွန်းတယ်၊ ကဲကဲ ဘွဲ့ဆူး အလုပ်သွားတော့ ၊ ငါလည်းသောင်းဆင့်ဆီ သွားလိုက်အုံးမယ်"
ဘထွေးက ခုံကနေ စိတ်မြန်လက်မြန်ထကာ တောင်ဝှေးဆွဲနေပြီမို့ ဘွဲ့ဆူးလည်း ထိုင်နေလို့မဖြစ်တော့ပေ။ ထို့ကြောင့်ဘထွေးလက်ကိုဆွဲကာ သူသွားမည်ဖြစ်ကြောင်း အလျင်အမြန်ပြောလိုက်မိသည်။
" နေပါဦး ဘထွေးရာ ၊ ကျွန်တော်ပြောပါအုံးမယ်၊ ဘထွေးခု ဘုန်းကြီးကျောင်းကိုသွားမှာမို့လား၊ သောင်းဆင့်ဆီသွားရင် နေပူနေလိမ့်မယ်၊ အလုပ်မသွားခင် ကျွန်တော် လူနာဝင်မေးလိုက်မယ်၊ မသက်သာရင် ဆေးပေးခန်းကို ညနေအလုပ်အပြန်ရင်ဝင်ပို့ပေးခဲ့မယ်၊ ဟုတ်ပြီလား"
" မဟုတ်ဘူးအကိုဘွဲ့ဆူး၊ သောင်းဆင့် ညက ဂိုထောင်မှာ သွားအိပ်တယ်။ ဘထွေးလည်းစိတ်ပူမနေနဲ့ အလုပ်သွားရင်း အကိုဘွဲ့ဆူးဝင်ကြည့်လိမ့်မယ်"
" ဒါဆိုလည်းသွက်သွက် သွားကြတော့ ၊
ဘွဲ့ဆူ မင်းညီ ပြောမရရင် ငါ့ကိုလာပြောလှည့် ၊ဒီတုတ်ကောက်နဲ့နာနာလေးရိုက်ပေးလိုက်မယ်"
ဘထွေးရွယ်ပြတဲ့ တုတ်အားကြည့်ပြီး ဘွဲ့ဆူး ပြုံးကာခေါင်းငြိမ့်ပြလိုက်၏။ ဘထွေးက တကယ်ကို သောင်းဆင့်ကိုချစ်ရှာလေသည်။ အများအမြင်မှာ သောင်းဆင့်ကို လူဆိုးဟု သက်မှတ်ကြပေမဲ့ ဘထွေးက တော့
'ကလေးကဆိုးတာမဟုတ်ဘူး ၊ သူ့အဖေကိုအရွဲ့တိုက်နေတာ'ဟုသာပြောတက်၏။
ဘွဲ့ဆူးအမြင်တွင်လည်း ဦးဘောဂနဲ့သောင်းဆင့်သည် သားအဖဟုဆိုသော်ငြား ရင်းရင်းနှီးနှီးဆက်ဆံရေးမရှိလှ။
သောင်းဆင့်အိမ်ကို ပြန်တာရှားသလို၊ ဦးဘောဂသည်လည်း ပြန်မလာ၍ အိမ်ပြန်မလာပါလားဟူ၍မရှိ ပေ။
ပိုက်ဆံလိုလျင် ဆန်စက်မှာလာပြီး ကလေးတွေအားရန်ပြု တောင်းဆိုတက်ပြီး၊ အိပ်စရာနေရာကိုလည်း သာဒင်တို့နွားတင်းကုတ်မှာအိပ်လိုက်၊ ပွဲရုံ ဂိုထောင်မှာအိပ်လိုက်နှင့်လေလွှင့်နေသူတစ်ယောက်လိုပင်။
" ဖိုးထွေး အကိုပဲ သွားလိုက်တော့မယ် မင်းနေချင်နေခဲ့လေ "
" ဟုတ်၊ ဒါဆို ကျွန်တော် လိုက်မပို့တော့ဘူးနော်"
" အေး"
ဘွဲ့ဆူးခြေလှမ်းတွေသည် မြေနီလမ်းအား ဖွဖွနင်းလျက် လျင်မြန်စွာရွေ့လျားနေသည်။
အိပ်ထဲတွင်လည်း သောင်းဆင့်ပေးသော တစ်ထောင့်ငါးရာကျပ်က ရင်ဘတ်နဲ့အနီးဆုံးနေရာမှာ။
ေလၫွင္းသြဲ႔သြဲ႔ကတိုက္ခတ္လာသၫ့္အခါမွာ
ယိမ္းႏြဲ႔သြားေသာ ေတာပန္းေလးမ်ားက ဘြဲ႔ဆူး
၏စိတ္ႏွလံုးကို သာယာၾကည္ႏူးေစသည္။
ညစ္ၫူးေနေသာစိတ္၊ ေလးပင္ေနေသာ စိတ္တို႔သည္ ေအးျမသာယာမူ႔ေၾကာင့္ ခ်က္ျခင္းဆိုသလို
ေပ်ာက္ကြယ္ကုန္ျပန္သည္။
ထို႔အျပင္ ၊သန႔္ရွင္းလတ္ဆတ္ေသာေလသည္အစိမ္းေရာင္ျမက္ခင္းျပင္ကိုျဖတ္၍ လြင့္ပ်ံလာတာမို႔ ရႉ
ရိႈက္ရတာ နတ္ဘံုနတ္နန္းတက္ရသလို ခံစားရ၏။ ဘြဲ႔ဆူး သည္ထူထဲေသာ သစ္ဝါးမ်ားေပါက္ေရာက္ေသာ ေတာစပ္ကိုလွမ္းေမ်ွာ္ၾကၫ့္လိုက္မိသည္။ အကြာအေဝးသည္ ရြာစပ္ႏွင့္ နီးသည္လည္းမဟုတ္၊ေဝးသည္လည္းမဟုတ္။ ႏြားမ်ား စားက်က္လႊတ္ထားခ်ိန္မို႔ ျမက္ခင္းျပင္ကို စိတ္ႀကိဳက္စားေသာက္ေနၾကသည္မွာ ေက်နပ္ဖြယ္ရာအတိ။
အစိမ္းေရာင္ ျမက္ခင္းျပင္က်ယ္သည္ ေတာင္ေျခ၏ အဆံုးတြင္ တေမ်ွာ္တေခၚရိွကာ ျမင္ျမင္သမ်ွ သာယာလိႈက္ေမာဖြယ္ျဖစ္လို႔ေနပါ၏။
ရြာစပ္ႏွင့္ေတာင္ေျခသည္ မနီးမေဝးဆိုပါေသာ္ျငား
ၾကားကြင္းျပင္က်ယ္တြင္ ေတာတက္ ၊ဝါးခုတ္သြားသၫ့္လွည္းလမ္းေလးလည္းရိွသည္။ ထိုေနရာတြင္ ျမက္ပင္မ်ားမေပါက္သၫ့္အျပင္ သြားလာပါမ်ားလို႔ လွည္းဘီးရာ ေျမခ်ိဳင့္မ်ားပါျဖစ္ေနေခ်သည္။ ဘြဲ႔ဆူးသည္ ထိုလွည္းလမ္းမွမသြားပါ။ ျမက္ခင္းျပင္ကိုျဖတ္၍ ေတာင္ေျခႏွင့္အနီးကပ္ဆံုးေရာက္ေအာင္ လမ္းေလ်ွာက္မိသည္။ အမ်ိဳးအမည္မသိေသာ ေတာပန္းမ်ားမွာ ျမက္ပင္မ်ားၾကား ဟိုတစ္ပင္ သည္တစ္ပင္ ပြင့္လန္းေနၾကၿပီးတခ်ိဳ႕ဆို ေလယူရာယိမ္းကာ လႈပ္ရမ္းေနၾကသည္။
ဝါးရံုေတာႀကီးမ်ားတြင္ ေျမဆီေကာင္း၍ အပင္ထူကာ ေပါက္ေသာဝါးသည္ ေကြ့ေကာက္ျခင္းမရိွ တေျဖာင့္ထဲျဖစ္သည္။ အလံုးပတ္သည္ ႀကီးမားကာ ထိုဝါးတို႔ကို အသံုးျပဳ၍မတက္ႏိုင္သူေတြက အိမ္တိုင္အျဖစ္သံုးၾက၏။ ဝါးျဖင့္ ကပ္ေခြကာ ထရံအျဖစ္အစားသံုးၾကသည္။ ထို႔အျပင္ ဝါးကို ျပား၍ အခင္းျပင္အျဖစ္လည္း အစားသံုးၾက ေသးသည္။
မည္သို႔ပင္ဆိုေစကာမူ ေလးရြာေတာႀကီးသည္ စားဖို႔အျပင္၊ ေနထိုင္ဖို႔ပါစီမံေပးႏိုင္သၫ့္မရိွမျဖစ္ အားကိုးရာပင္။ ဝါးပင္တို႔သည္ထူထဲကာ ေနေပ်ာက္ကင္းလ်က္ရိွေန၏။
အစိမ္းေရာင္ အရြက္ကေလးမ်ားသည္ ျဖာက်ေနလ်က္ရိွကာ တစ္ပင္ကိုတစ္ပင္ခုန္၍ေျပးလႊား ေဆာ့ကစားေနေသာ ရွၪ့္ကေလးမ်ားကိုလည္းျမင္ေနရၿပီး၊ တက်ီက်ီေအာ္ေနေသာ
ေတာငွက္သံေလးမ်ားကလည္း စိတ္ၿငိမ္သက္စရာပင္။
ေလးရြာေတာသည္ သိပ္ကို ေအးခ်မ္းလြန္းပါ၏။
အနီးဆံုး ေတာပန္းတစ္ပြင့္အားလွမ္းခူးရင္း ဘြဲ႔ဆူး အပင္ရိပ္ေအာက္မွာ ေအးေဆးစြာထိုင္လိုက္မိ၏။
အခ်ိန္အေတာ္ၾကာေအာင္ လွပမူ႔ကို သူခံစားေနမိေပမဲ့ ပ်င္းရိသည္ဟုနည္းနည္းမွ မေတြးမိပါ။
သဘာဝအလွတရားမ်ားသည္ အပူမီး ၊ေသာကမီးကို ေအးခ်မ္းေစတာ သိသိသာသာပင္။
ေလညင္းတသုန္သုန္တိုက္ခတ္ေနတာမို႔ ဘြဲ႔ဆူးဆံပင္ေတြကလည္း ေလယူရာယိမ္းႏြဲ႔ေနကာ စိတ္ကူးတို႔သည္ အတိတ္ကိုျပန္ေတြးမိေစ၏။
မိမရိွ၊ ဖမရိွတဲ့ သူ႔ဘဝကို ျပန္ေတြးၾကၫ့္ရင္းဘြဲ႔ဆူး တစ္ကိုယ္တည္း အထီးက်န္ေနမိသည္ဟုလည္း ခံစားေနရသည္။
ဒီရက္ေတြမွာ ဘြဲ႔ဆူးေတြးၾကၫ့္မိသည္။
သူ႔အသက္လည္း သံုးဆယ္နားကပ္ေနၿပီမို႔ သာယာတဲ့ အိမ္ေထာင္တစ္ခုကို ထူေထာင္ခ်င္သလို မိသားစုလည္းေပ်ာ္ရႊင္စြာျဖတ္သန္းခ်င္၏။
ဘေထြး၏အိမ္မွာ သူေနထိုင္ေပမဲ့ ေဆြမ်ိဳးဆိုသည္မွာကိုယ္တစ္ေယာက္ထဲမဟုတ္ေတာ့ ၊ အျမင္မၾကည္စရာျဖစ္လာႏိုင္သည္။ ခုေတာင္မွ တစ္ဝမ္းကြဲအေဒၚ ေဒၚေလးသီက ပတ္ဝန္းက်င္မွာ ဘေထြးအေမြေတြအား လက္ဝါးႀကီးအုပ္ေနသူလိုလို၊
ၿမိဳ႔မွာ အိမ္ေျမယာေျမမဲ့လို႔ ရြာကို လာကပ္သည္လိုလို မဟုတ္မကန္း သတင္းစကားတို႔ကို လႊင့္ေနေခ်၏ ။ ဘေထြးသည္ တစ္ေယာက္ထဲေနထိုင္သူျဖစ္ေပမဲ့ စုေစာင္းထားတဲ့ အတြင္းပစၥည္းႏွင့္ လယ္ယာေျမပိုင္ဆိုင္မူ႔က အမ်ိဳးေတြ မ်က္စိက်ခ်င္စရာ ရိွေလေတာ့ အေျပာေတာ့ခံရမွာပင္။
ထို႔ေၾကာင့္ သူအပိုင္ မိသားစုႏွင့္ တစ္ကိုယ္တည္းသီးသန႔္ခြဲခြာေနခ်င္တာ သူ႔ဆႏၵသာ။
" လိုက္ပို႔မယ္လို႔ ေျပာတုန္းက မသြားခ်င္တာလိုလိုနဲ႔ ခုေတာ့ တစ္ေယာက္ထဲ တိတ္တိတ္ခိုးလာတာလား"
စူးခနဲ ဝင္လာေသာ ေသရည္ အနံ႔ ေၾကာင့္ လူမျမင္ရေပမဲ့ ႏွာေခါင္းက အလိုလို ရႈံ႔မိလ်က္သား။
ေမာ့ၾကၫ့္လိုက္ေတာ့ ေသာင့္ဆင့္ငမူး၊ငမူးေသာင္းဆင့္ျဖစ္ေန၏။
ခ်ည္ထည္ၾကမ္း အက်ႌက လက္ဖ်ားေတြကို ေခါက္တင္မထားတာေၾကာင့္လားမသိ ဖားလ်ားက်ကာ
လူက ေသသပ္မူ႔မရိွ၊ ဒူးအတိတိုတိုဝတ္ထားေသာ ပုဆိုးစကို ကိုင္ကာ ေဘးမွာ ဝင္ထိုင္လိုက္ပံုက မသိလ်င္ ႏွစ္ေယာက္သား ရင္းႏွီးကြၽမ္းဝင္ေနတာလိုလို။
ထိုအရက္သမားသည္ ဘြဲ႔ဆူးအတြက္ စိတ္ပ်က္ရြံ႔ရွာစရာေတာ္ေတာ္ေကာင္းသည္မွာ မလြဲဧကန္ပင္။
စကားလည္းမေျပာခ်င္ ၊ အိမ္လည္မျပန္ခ်င္ေသးသည္မို႔ ဘြဲ႔ဆူး ေရ႔ွတည့္တၫ့္ကိုသာ မ်က္ႏွာမူ၍
လ်စ္လ်ူ ရႈ႔ျခင္းအတက္ကိုသာ ျပဳမိေလ၏။
" က်ဳပ္ ကို စကားမေျပာခ်င္လည္းရပါတယ္ ၊
ေျပာတာပဲ နားေထာင္နားေထာင္ရင္ရပါၿပီ "
ေသာင္းဆင့္ မိမိေဘးမွာ ရိွေနေသာ အ ေမႊးရနံ႔တခ်ိဳ႕ကို ခိုးရူရိႈက္ရင္း ေမာ္ခ်ီေနတဲ့ ေမးဖ်ားကို ႏုညံ့စြာ ၾကၫ့္ရႈ႔မိ၏။
ထို႔ေနာက္ သူ႔အား သေဘာမက်ဘူးဆိုတဲ့ မ်က္ႏွာထားႏွင့္ ထလည္းမသြား ၊ထိုင္ေနေသာ္ျငား မၿပံဳးမရယ္လုပ္ေနေသာ အမ်ိဳးသားအား
ေလညင္းလို အသံျဖင့္
" က်ဳပ္ေနမေကာင္းဘူး ၊ ခင္ဗ်ားတစ္ ေယာက္ထဲသြားတယ္ ဆိုလို႔သာ လိုက္လာခဲ့ရတာ ေခါင္းက မူးေနာက္ေနာက္နဲ႔" ဟု ေခ်ာ့ေမာ့ ဆိုးႏြဲ႔သလို ေျပာေနမိသည္။
ဘြဲ႔ဆူးသည္ အရက္ေသာက္၍ ေခါင္းမူးေနေသာ
ေယာက်ာ္းသားကို လွၫ့္ၾကၫ့္ကာ ခပ္ရြဲ႔ရြဲ႔စကားကိုေျပာ ေတာ့၏။
" မင္းမူးေနတာ ေရခ်ိန္မကိုက္ေသးလို႔ေနမွာပါ။
ပိုက္ဆံလိုလို႔လိုက္ရွာေနတာဆိုရင္ မင္းကိုယ့္ကို အရင္သံုးေသာင္းျပန္မဆပ္ရေသးဘူးေနာ္"
" တစ္ေထာင့္ငါးရာ က်ပ္ေတာ့ က်ဳပ္မွာ ပါတယ္၊
အရင္ဦးဆံုးယူထားေပးခ်င္လား"
ႏႈတ္ကလည္းဆို လက္ကလည္း ခါးပံုစထဲမွာ ႏုညံ့စြာ ထုတ္ယူလိုက္ေသာ တစ္စံုတစ္ခု။
ထိုအရာသည္ ႏွင္းဆီျဖဴေလးတစ္ပြင့္ ႏွင့္ေငြက်ပ္ေထာင့္ငါးရာ သာျဖစ္သည္။
" အရစ္က်ဆပ္ေပးမယ္ေလ ၊ရမလားဗ်။ "
ရနံ႔သင္းသင္းပန္းတစ္ပြင့္အား ၾကၫ့္ကာ
ဘြဲ႔ဆူးမ်က္ေမွာင္ႀကံဳမိျပန္သည္။
" ပန္းေတြကို အေလးမထားပဲ မခူးမိေစနဲ႔။
ပန္းဆိုတာ အပင္ေပၚေနမွတင့္တယ္တာ ၊ ေနာက္ကို
ခုလို ယူမလာမိေစနဲ႔ "
" ပန္းတစ္ပြင့္အတြက္ ခင္ဗ်ားကို ဘယ္လိုစကားနဲ႔
ေတာင္းပန္ေစခ်င္တာလဲ ႏွင္းဆီငယ္ ၊တကယ္ေျပာတာ ခင္ဗ်ားေလာက္ ခ်စ္စရာမေကာင္းမွေတာ့ အပင္ေပၚရိွေနလည္းမထူးေတာ့ဘူးေလ"
ႏွင္းဆီငယ္ဆိုေသာ အေခၚအေဝၚေၾကာင့္ လူကမတ္မတ္ထိုင္ေနရာမွာႀကံဳဝင္သြားလုလု။
ျဖဴႏုႏုပါးျပင္သည္အေရာင္အေသြးမျခယ္ေသာ္ျငား အတြင္းစိတ္မွာေတာ့ ယားယံမူ႔က အတိုင္းအဆမရိွေလ။ ဒီလူ သူ႔ကို ဘယ္လိုေတာင္ ေခၚရဲရတာလဲ။
" ငါ မင္းကို စိတ္မတိုခ်င္ဘူးေသာင္းဆင့္ ၊
ငါ့ကို ရိသဲ့သဲ့လုပ္တာကို ေရွာင္ရွားေပးစမ္းပါ"
ရွက္ရမ္းရမ္းကာ ေအာ္ျပန္ေသာ္လည္း အရွက္မရိွသူက မႀကိဳက္သည္ကို အခါခါျပဳေလျပန္သည္။
" အေျပာင္အပ်က္လို႔ ဘယ္သူေျပာခ်င္လဲ ႏွင္းဆီငယ္ရယ္၊ တကယ္ေျပာတာ က်ဳပ္ခင္ဗ်ားနဲ႔ ေန့ရက္ေတြတိုင္းမွာ အတူရိွခ်င္တာ "
" မင္း လူလိုနားမလည္တာလား ေသာင္းဆင့္ဆက္ႏိုင္"
မ်က္ေတာင္ေကာ့ေတြနဲ႔
တုန္ရီေနေသာ ေဒါသမ်က္ႏွာထားေလးအားၾကၫ့္ရင္း ရင္ထဲမခ်ိသည္က ေသာင္းဆင့္သာ အသိဆံုးေလ။
" ဘာေၾကာင့္ က်ဳပ္ကို နားမလည္တာလဲ ႏွင္းဆီ ၊
ခင္ဗ်ား က်ဳပ္ ကို အၿမဲဝမ္းနည္းေအာင္မလုပ္ခ်င္စမ္းပါနဲ႔ ၊ "
အဖ်ားခတ္တုန္ရီသြားတဲ့ ငိုသံသဲ့သဲ့ ေၾကာင့္
ေသာင္းဆင့္ အား ဘြဲ႔ဆူးလွၫ့္ၾကၫ့္မိစဉ္ ငံု႔က်သြားတဲ့ ၾကမ္းရွတဲ့ေနေလာင္ဆံပင္ေတြေအာက္မွာ ေပ်ာက္ကြယ္လုလု
ဝမ္းနည္းရိပ္သမ္းေနေသာ မ်က္လံုးအစံု။
ေျပာၿပီးၿပီဆိုမွ စိတ္မေကာင္းျဖစ္သြားကာ တင္းမာေနတဲ့ မ်က္ႏွာထားက ျဖည္းျဖည္းေလ်ာ့က်သြား၏။
အရက္သမားေတြေတာ္ေတာ္မ်ားမ်ား စိတ္အတက္အက်ျမန္တက္သလားဆိုတာ သူမသိ။
ေဒါသထြက္၍ ေအာ္ဟစ္တက္သူသည္ ယခုအခါမွာေတာ့ ဝမ္းနည္းေနျပန္သည္။
" ေပး"
ဖ်တ္ခနဲ ဆြဲယူမိသည္က ႏွင္းဆီတစ္ပြင့္ ပိုက္ဆံ တစ္ေထာင္ငါးရာက်ပ္။ ေသာင္းဆင့္သည္ ဘြဲ႔ဆူးလက္ထဲက ႏွင္းဆီျဖဴကိုၾကၫ့္သည္။ ထို႔ေနာက္ ဘြဲ႔ဆူးကိုလည္းၾကၫ့္လာသည္။
" ႏွင္းဆီပန္းကိုလွတယ္လို႔မ်ား ၊က်ဳပ္တစ္ခါေတာင္မေတြးဖူးဘူး၊ ဒါေပမဲ့ ႏွင္းဆီဘြဲ႔ဆူး ခင္ဗ်ားကေတာ့ တကယ္လွပါတယ္"
" မင္းေျပာေတာ့ ငါ့ကိုရုပ္ဆိုးတယ္ဆို၊ ခုက်ေတာ့ တစ္မ်ိဳးေျပာျပန္ၿပီ ၊ အရက္သမားစကားဆိုတာ
ဘယ္ေတာ့မွမယံုရဘူး "
လွတယ္လို႔ ေျပာတာကို မေက်နပ္ဖို႔ေမ့စြာ
ရုပ္ဆိုးတယ္ေျပာခဲ့ဖူးတာကိုပင္ သတိတရ ရန္စကားဆိုမိေလ၏။ တကယ္ေျပာတာ ။ ႏွင္းဆီဘြဲ႔ဆူးတစ္ကိုယ္လံုး ဘယ္ေနရာၾကၫ့္ၾကၫ့္ ေယာက်ာ္းမွေယာက်ာ္းတစ္ေယာက္ပဲ။ လွတယ္လို႔ေျပာရင္ ဘြဲ႔ဆူးတို႔ကမႀကိဳက္၊ ဒါငယ္စဉ္ကတည္းက။
အတန္းေဖာ္ေတြက ဘြဲ႔ဆူးအား ႏွင္းဆီဘြဲ႔ဆူးအမည္ႏွင့္သက္မွတ္ကာ မိန္းကေလးဟုထင္ၾက၏။
ႏွင္းဆီဆိုတာ မိန္းမေတြအတြက္ပဲ သတ္မွာထားတာလား။
ပန္းသည္ ေယာက်ာ္းႏွင့္လံုးဝမသက္ဆိုင္ဟု
တရားဝင္ထုတ္ျပန္ထားတာရိွပါသလား။
ဘယ္သူေတြဘာေျပာေျပာ ဘြဲ႔ဆူးက ေမေမေပးခဲ့တဲ့နာမည္အားမႀကိဳက္ႏွစ္သက္တာမ်ိဳးလံုးဝမရိွခဲ့သလို
ရွက္ရြံ႔ျခင္းလည္းကင္းခဲ့၏။
" က်ဳပ္ျပန္ေတာ့မယ္"
" ခဏ .."
ခ်က္ျခင္းထျပန္ေတာ့လည္း စိတ္ထဲတစ္မ်ိဳးျဖစ္သြားသည္မို႔ ရုတ္တရက္လက္ဖ်ားအားလွမ္းဆြဲလိုက္မိသည္။
" ေသာင္းဆင့္ ၊ မင္းတကယ္ဖ်ားေနတာလား၊ ၾကၫ့္စမ္း ပူက်စ္ေနတာပဲ"
မီးပူကဲ့သို႔ေသာ ပူေနြးမူ႔ေၾကာင့္ ဘြဲ႔ဆူးပါ အလန႔္တၾကားထရပ္မိလိုက္၏။
ဆြဲထားတဲ့ လက္ဖ်ားကိုေတာ့ အမွတ္တမဲ့ မလြတ္ျဖစ္လိုက္ပါ။ ထိုလက္ဖ်ားမွတစ္ဆင့္ အေနြးစီးေၾကာင္းေလးသည္ ရင္ထဲသို႔ တၿငိမ့္ၿငိမ့္စီးဝင္ေနတာ အံ့ဩစရာပင္ျဖစ္သည္။ ထိုခံစားခ်က္ကိုဘြဲ႔ဆူးရင္းရင္း
ႏွီးႏွီးရိွသည္။ ဤသည္မွာ ဘယ္တုန္းကမွန္းသူမမွတ္မိ။
" က်ဳပ္လိမ္ေနတယ္လို႔ခင္ဗ်ားထင္ေနတယ္မို႔လား ၊
က်ဳပ္ဘယ္တုန္းကမွ မလိမ္တက္ဘူးႏွင္းဆီ။ ခင္ဗ်ား က်ဳပ္အေၾကာင္းကို ဘယ္အခ်ိန္မွ စိတ္ဝင္စားမွာလဲ"
" မဟုတ္ဘူး ကိုယ္ေျပာတာက..."
" ခင္ဗ်ားပိုက္ဆံကို သံုးေသာင္းျပၫ့္ေအာင္ တျဖည္းျဖည္းခ်င္းဆပ္မယ္ "
ေျပာၿပီးထြက္ခြာသြားေသာ ေျခသံသဲ့သဲ့။
ေနြဦးႏွင့္အတူ ေလႏွင္ရာထြက္ခြာသြားေသာ ေရာ္ရြက္ကေလးလို ၊ ေႂကြခ်ိန္တန္ရင္ေႂကြမွာပဲဆိုေပမဲ့ ထူးဆန္းစြာ စိတ္ပူမိသည္က ေသာင္းဆင့္ဆက္ႏိုင္အေပၚမွာ ဒီတစ္ခါပထမဦးဆံုး။
" ဘြဲ႔ဆူးေရ ၊ ဟိုဖက္အိမ္က ဖိုးေထြးေရာက္ေနတယ္ "
ေရႏြေးၾကမ္းေသာက္ေနတဲ့ ဘေထြးေအာ္သံေၾကာင့္ အလုပ္သြားဖို႔ ျပင္ဆင္ေနရာမွ ခပ္သြက္သြက္ ၿပီးစီးေအာင္ အလ်င္လိုလိုက္၏။
အိမ္ေအာက္ေရာက္ေတာ့ ဘေထြးနဲ႔အတူ စကားေျပာေနေသာ ဖိုးေထြးေၾကာင့္ ေဘးမွာဝင္ထိုင္ရင္းႏႈတ္ဆက္မိသည္။
" ဘာအေရးလဲ ဖိုးေထြးရ ၊အကို အလုပ္သြားေတာ့မလို႔"
ရံဖာရံဖာ ဟင္းအမ်ိဳးမ်ိဳးလာေပးတက္ေသာ ေကာင္ေလးမို႔ ရင္းႏွီးေနခဲ့သည္။
" ညက ေသာင္းဆင့္နဲ႔ ရြာေခ်ာင္းစပ္မွာ ပုရစ္သြားေထာင္ခဲ့တာ ၊ အကိုဘြဲ႔ဆူးမ်ား စားခ်င္မလားလို႔"
စကားေျပာရင္း ထိုးေပးလာေသာပန္းကန္လံုးေလးထဲမွာ ပုရစ္ေၾကာ္ေတြက နည္းနည္းေနာေနာမဟုတ္။
အားနာစိတ္အျပင္ ၊ ေသာင္းဆင့္ဆိုတဲ့ အမူးေကာင္ေၾကာင့္ ဆူပူခ်င္စိတ္ကေလးက အနည္းငယ္ေပၚလာေလ၏။
" ေသာင္းဆင့္ကဖ်ားေနတယ္ဆို ၊သက္သာသြားၿပီလား"
" မသက္သာလည္းဒီေကာင္က အိပ္ယာထဲမွာ ေခြေနတက္တဲ့သူမ်ိဳးမဟုတ္ဘူး အကိုဘြဲ႔ဆူးရ ၊ ကြၽန္ေတာ္တို႔ေျပာရင္လည္းသူက လက္ခံတာမဟုတ္ဘူး၊ ေသာင္းဆင့္အေၾကာင္းကမသိရင္ ဘေထြးသာေမးၾကၫ့္ေပေတာ့ ၊ ဪ က်န္ေသးတယ္ ၊ ဒီမွာ ပုရစ္ေၾကာ္အျပင္ ပိုက္ဆံေလးေပးခိုင္းလိုက္ေသးတယ္"
ေန့ရက္ျခားဆိုသလို ေရာက္လာတက္ေသာ
ေထာင္းငါးရာက်ပ္ဆို ေပမဲ့ ဘေထြးေရ႔ွမွာမို႔ မ်က္ႏွာပူမိပါသည္။ ဘေထြးသည္ ေထာင့္ငါးရာ၏ အဓိပၸါယ္အား သိႏိုင္မည္မထင္ပါေသာ္ျငား ေသာင္းဆင့္ ရိသဲ့သဲ့ အေျပာေတြၾကားမွာ မလံုသူက ရွက္ရြံ႔ရစၿမဲ။
" ေသာင္းဆင့္ အဖ်ားရက္ၾကာေနၿပီ ငေထြး ၊ခုဘာေတြလုပ္ေနလဲ ဒီေကာင္ ၊ အပ္နဲ႔ထြင္းရမွာကို ပုဆိန္နဲ႔ ထြင္းေနရအံုးမယ္၊ ေဆးေပးခန္းမွာ ေဆးေလးဘာေလး သြားမယူဘူးလားကြဲ႔ ၊ မင္းတို႔လူငယ္ေတြမ်ား
ေျပာရတာ သိပ္လက္ေပါက္ကပ္လြန္းတယ္၊ ကဲကဲ ဘြဲ႔ဆူး အလုပ္သြားေတာ့ ၊ ငါလည္းေသာင္းဆင့္ဆီ သြားလိုက္အံုးမယ္"
ဘေထြးက ခံုကေန စိတ္ျမန္လက္ျမန္ထကာ ေတာင္ေဝွးဆြဲေနၿပီမို႔ ဘြဲ႔ဆူးလည္း ထိုင္ေနလို႔မျဖစ္ေတာ့ေပ။ ထို႔ေၾကာင့္ဘေထြးလက္ကိုဆြဲကာ သူသြားမည္ျဖစ္ေၾကာင္း အလ်င္အျမန္ေျပာလိုက္မိသည္။
" ေနပါဦး ဘေထြးရာ ၊ ကြၽန္ေတာ္ေျပာပါအံုးမယ္၊ ဘေထြးခု ဘုန္းႀကီးေက်ာင္းကိုသြားမွာမို႔လား၊ ေသာင္းဆင့္ဆီသြားရင္ ေနပူေနလိမ့္မယ္၊ အလုပ္မသြားခင္ ကြၽန္ေတာ္ လူနာဝင္ေမးလိုက္မယ္၊ မသက္သာရင္ ေဆးေပးခန္းကို ညေနအလုပ္အျပန္ရင္ဝင္ပို႔ေပးခဲ့မယ္၊ ဟုတ္ၿပီလား"
" မဟုတ္ဘူးအကိုဘြဲ႔ဆူး၊ ေသာင္းဆင့္ ညက ဂိုေထာင္မွာ သြားအိပ္တယ္။ ဘေထြးလည္းစိတ္ပူမေနနဲ႔ အလုပ္သြားရင္း အကိုဘြဲ႔ဆူးဝင္ၾကၫ့္လိမ့္မယ္"
" ဒါဆိုလည္းသြက္သြက္ သြားၾကေတာ့ ၊
ဘြဲ႔ဆူ မင္းညီ ေျပာမရရင္ ငါ့ကိုလာေျပာလွၫ့္ ၊ဒီတုတ္ေကာက္နဲ႔နာနာေလးရိုက္ေပးလိုက္မယ္"
ဘေထြးရြယ္ျပတဲ့ တုတ္အားၾကၫ့္ၿပီး ဘြဲ႔ဆူး ၿပံဳးကာေခါင္းၿငိမ့္ျပလိုက္၏။ ဘေထြးက တကယ္ကို ေသာင္းဆင့္ကိုခ်စ္ရွာေလသည္။ အမ်ားအျမင္မွာ ေသာင္းဆင့္ကို လူဆိုးဟု သက္မွတ္ၾကေပမဲ့ ဘေထြးက ေတာ့
'ကေလးကဆိုးတာမဟုတ္ဘူး ၊ သူ႔အေဖကိုအရြဲ႔တိုက္ေနတာ'ဟုသာေျပာတက္၏။
ဘြဲ႔ဆူးအျမင္တြင္လည္း ဦးေဘာဂနဲ႔ေသာင္းဆင့္သည္ သားအဖဟုဆိုေသာ္ျငား ရင္းရင္းႏွီးႏွီးဆက္ဆံေရးမရိွလွ။
ေသာင္းဆင့္အိမ္ကို ျပန္တာရွားသလို၊ ဦးေဘာဂသည္လည္း ျပန္မလာ၍ အိမ္ျပန္မလာပါလားဟူ၍မရိွ ေပ။
ပိုက္ဆံလိုလ်င္ ဆန္စက္မွာလာၿပီး ကေလးေတြအားရန္ျပဳ ေတာင္းဆိုတက္ၿပီး၊ အိပ္စရာေနရာကိုလည္း သာဒင္တို႔ႏြားတင္းကုတ္မွာအိပ္လိုက္၊ ပြဲရံု ဂိုေထာင္မွာအိပ္လိုက္ႏွင့္ေလလႊင့္ေနသူတစ္ေယာက္လိုပင္။
" ဖိုးေထြး အကိုပဲ သြားလိုက္ေတာ့မယ္ မင္းေနခ်င္ေနခဲ့ေလ "
" ဟုတ္၊ ဒါဆို ကြၽန္ေတာ္ လိုက္မပို႔ေတာ့ဘူးေနာ္"
" ေအး"
ဘြဲ႔ဆူးေျခလွမ္းေတြသည္ ေျမနီလမ္းအား ဖြဖြနင္းလ်က္ လ်င္ျမန္စြာေရြ့လ်ားေနသည္။
အိပ္ထဲတြင္လည္း ေသာင္းဆင့္ေပးေသာ တစ္ေထာင့္ငါးရာက်ပ္က ရင္ဘတ္နဲ႔အနီးဆံုးေနရာမွာ။
Bạn đang đọc truyện trên: ZingTruyen.Xyz