ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

4

eainsi23

သောင်းဆင့်သည် လူကို ဘယ်လိုစိတ်တိုအောင်လုပ်ရမလဲ သိသူပင်။ အမျိုးမျိုးသော ဒုက္ခပေး‌မူ့ကြောင့်
ဘွဲ့ဆူးသည်ပင် မြို့ကိုပြန်ပြေးချင်သည်အထိပင်ဖြစ်ရသည်။
ဘွဲ့ဆူးသည် စိတ်ရှုပ်ထွေးလာရင် မနေတက်သူမို့ ချောင်းကမ်းရွာမှာနေရတာ အရင်လိုပျော်စရာမ‌ေကာင်းတော့သည်ဟုခံစားလာရသည်ထိ။
ဘထွေးကတော့ ပြောရှာသည်။ သောင်းဆင့်သည်
ထိုသို့အကျင့်မျိုးမရှိဘူး ၊ တကယ်ခင်မင်လို့ စနောက်ခြင်းနေမှာပါတဲ့။
မည်သို့ပင်ဆိုစေကာမူ့ ဘွဲ့ဆူးကတော့ သောင်းဆင့်၏အချိုးမပြေမူ့ကို မုန်းလှပေသည်။
သောင်းဆင့်ကိုမြင်လျင် အဝေးကပတ်၍ရှောင်သလို၊
အသံကြားသည်ဖြစ်စေ ၊အရက်နံ့ကိုခံစားမိသည်ဖြစ်စေ၊ ဘွဲ့ဆူးက သတိနဲ့ မတွေ့ဆုံအောင် ပုန်းနေလေ့ရှိ၏။

ထို့ကြောင့် သောင်းဆင့်ဆိုသော အမူးသမားနဲ့
ဘွဲ့ဆူးမတွေ့ဆုံရတော့ပေ။ ရန်လည်းမဖြစ်ချင်သလို ကိုယ့်အပေါ်မှာတင်စီးသော အပြောအဆိုကိုလည်းခံနိုင်ရည်မရှိ၍ မတွေ့ဆုံရသည်ကအကောင်းဆုံးသာဖြစ်လေ၏။

ဘထွေး၏နေအိမ်တွင် ရေအသုံးပြုရန် လက်လှုပ်ရေတွင်းရှိ‌ လေသည်။
သံမောင်းတံကို အထက်အောက်လှုပ်ခါလျှင်ရေထွက်သော်ငြား ရေတစ်ခါချိုးဖို့ရေလှုပ်ရတာတော့ မလွယ်လှပေ။
သို့သော် ဘွဲ့ဆူး ငြိုငြင်လို့မဖြစ်ပေ။
ရောမလိုရောက်လျင်ရောမလိုကျင့်တက်ဖို့လိုသေးပေသည်။
ဤသည်ကြောင့် မရသေးသော အကျင့်အားပြုပြင်ရန်လက်လှုပ်ရေကန်ရှေ့မှာ ထိုင်ရင်းဘွဲ့ဆူးရေမချိုးပဲ
အတွေးပွားလျက်စိတ်ပျက်စွာထိုင်နေမိသည်။
မနက်ခင်းတွင်တော့ ဘထွေးစားရအောင် ထမင်းဟင်းချက်ပြီးသည်နှင့် ရေချိုး၍ ဘွဲ့ဆူးအလုပ်သွားလေ့ရှိသည်။ သူ့အတွက်သည်ကား ဆန်စက်၌ကြုံသလိုစားရသည်မို့ ပူစရာမရှိပေ။
ဒီနေ့လည်း ထမင်းအိုးတည်ထားလျက် အိမ်အလုပ်တချို့ကိုဘွဲ့ဆူး လုပ်ကိုင်ဖို့ကြိုးစားနေပေမဲ့ စိတ်မကြည်သည်မို့ ပျင်းရိနေမိသည်။
ထို့ကြောင့် ရေချိုးဖို့ ရေလှုပ်ရမည့် အရေးအား‌ဆိုင်းငင့်ရင်း အိမ်ထဲကိုပြန်ဝင်သွားတော့၏။

ဘွဲ့ဆူးထွက်သွားသည်နှင့်တပြိုင်နက် ဖိုထွေးအိမ်ကနေပုန်း၍ခိုးကြည့်နေသော သောင်းဆင့်သည် ခိုးကြောင်ခိုးဝှက်နှင့်ထွက်လာကာရေ‌တွင်းရှေ့ရောက်လာ၏။ ကျောက်စရစ်ကန်‌၏ သုံးချိုးတစ်ချိုးပင်မကျန်တော့သော ရေတို့ကိုငုံ့ကြည့်ကာ စတင်၍ ရေလှုပ်‌ တော့၏။
ရေသည် ကြည်လင်ကာ အပင်ရိပ်မို့အေးမြပေသည်။
သို့ပေသည့် သံမောင်းတံအားအထက် အောက်အကြိမ်ကြိမ်အောက်လှုပ်ခါ ဖို့မလွယ်ကူပေ။ ရေတစ်ကန်ပြည့်ဖို့ အချက်ပေါင်းများစွာ ရေလှုပ်ရသလို
မောင်းတံ မာ၍ လက်လည်းညောင်းပေ၏။ သို့သော်သောင်းဆင့်တို့က မမူ့ပေ။ ခိုးဝှက်၍ ‌တစ်ယောက်သောသူအား ကျေနပ်စေရန်ပြုမူနေသော်ငြား
လူကိုတော့ မတွေ့စေပါ။
တွေ့တိုင်းစနောက်တက်သော ၊အသားယူလိုသော အကျင့်အားလည်းမပြင်နိုင်သည်မို့ ခိုးကြည့်သည်ကသာ အကောင်းဆုံးပင်။

သွက်လက်စွာ ရေဖြည့်ပေးပြီးသည်နှင့် သောင်းဆင့် ခြံကျော်ကာ ပြန်ထွက်သွားသည်။
ထိုအချိန်တွင် ဘွဲ့ဆူးသည် ထမင်းဟင်းချက်နေချိန်ဖြစ်သည်။
ရှေ့တွင်ဖြစ်ပျက်နေသော အပြုအမူတချို့ကိုသူမတွေ့လိုက်ရပေ။

ဖိုးထွေးသည် ခြံကိုကျော်ခွနေသော အမူးသမားအား
လက်ပိုက်ကာ ဒီဖက်ခြံကနေကြည့်နေမိသည်။
ရေခိုးလှုပ်ပေးသည်ကအစ၊ ဘယ်နှစ်ကြိမ်ပြုံးနေသည်အဆုံး သူမြင်ရသည်မှာ ရှင်းရှင်းလင်းလင်းသာ။

" မင်း ကိုဘွဲ့ဆူးကိုများ ကြိုက်နေတာလား "

သောင်းဆင့် ခြံကျော်နေရာမှ ဖိုးထွေးစကားကြောင့်
လန့်ကာ အောက်ကိုပြုတ်ကျသွား၏။
ဖိုးထွေးသည် လက်ပိုက်ကာ ကုန်းရုန်းထနေသော
သောင်းဆင့်အား သွေးအေးစွာ ကြည့်နေသည်။
ခြံစည်းရိုးသည် သစ်သားချောင်းသုံးတန်းကိုအလျားလိုက် ခွာရိုက်ထားသည်ကြောင့် မြင်ကွင်းက ဟိုဖက်ခြံ မှာ ပုရွက်စိတ်ဖြတ်သွားတာကအစမြင်ရနိုင်သည်။

" လန့်လိုက်တာကွာ ၊ ဘောမို့ အလန့်တကြား လုပ်တာလား"

ဖိုးထွေး နှာခေါင်းကို ရှုံ့ကာ သောင့်ဆင့်အား တရားခံဖမ်း အကြည့်ဖြင့်ကြည့်နေဆဲဖြစ်ကာ

" ‌ရေချိုးဖို့ရေသွားလှုပ်ပေးရုံမကဘူး ။ မနေ့ကလည်း
ကိုဘွဲ့ဆူးအတွက် သာဒင်တို့ခြံက မာလကာသီးတွေပါခိုးပေးသေးတယ်"

ဖိုးထွေးစကား‌ေကြာင့် သောင်းဆင့် ရှက်ပြုံးကြီးပြုံးမိလုမတက်ဖြစ်သွားပေမဲ့ ထို စကားများကို ပတ်ဝန်းကျင်အား မကြားစေလိုသည်မို့ပါးစပ်ကိုပြေးပိတ်ကာ သောင်းဆင့် ဆွဲခေါ်လာလိုက်သည်။ တရွတ်တိုက်တဲ့အထိ ဆွဲခေါ်လာတာမို့ သောင်းဆင့် ဗလကြားမှာ ကျူပင်ရိုး ဖိုးထွေးတစ်ယောက်က ယက်ကန်ယက်ကန်ဖြစ်နေ‌ ချေ၏။

" တိတ်တိတ်နေစမ်း၊ ဟိုမှာ ထွက်လာနေပြီ"

ဖိုးထွေးအားအိမ်ထဲရောက်မှလွှတ်ချကာ သောင်းဆင့် အိမ်တံခါးရွက်ကိုကိုင်၍ တိတ်တိတ်လေးခိုးကြည့်လိုက်လျှင် ရေပြည့်နေသော ရေကန်အားကြည့်ကာ
ဇဝေဇဝါဖြစ်နေသော သူ့နှင်းဆီပန်းလေးအားတွေ့လိုက်ရသည်။

သောင်းဆင့်သဘောတကျကြည့်နေစဉ်
မြေကြီးထဲ‌ပစ်ချခံလိုက်ရသော ‌ဖိုးထွေးသည် သောင်းဆင့်အား ဒေါသတကြီး ကြည့်ရုံမှမတက်နိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သောင်းဆင့်သည် ဗလကြီးက စိတ်မရှည်တက်။ အသားနာပါက
သူငယ်ချင်းသော ဘာသော နားလည်သည်မဟုတ်သူ့အား မညှာမတာရိုက်နှက်ပေလိမ့်မည်။ ထို့ကြောင့်
နာသွားသောခါးအားကိုင်ကာ ထူမဲ့သူမရှိပဲ ထရပေတော့သည်။

" တော်သေးတာပေါ့ ၊ငါမှန်းမသိလို့"

သက်ပြင်းချကာ သောင်းဆင့်ရင်ဘတ်ကိုဖိလိုက်၏။

" မင်းမှန်းသိရင် ဟိုက ဒီတိုင်းနေမနေဘူး။ အဆဲခံရမှာသေချာသလောက်ပဲ။ ဟိုတစ်ခါ‌ ပြောတာငါကြားလိုက်ပါတယ်၊ ဘာတဲ့ ဘာခံလိုက်ဆိုလား"

ခါးကိုကိုင်၍ ထိုင်ခုံပေါ် ဖြည်းဖြည်းထိုင်‌နေသော
ဖိုးထွေးစကားကြောင့် သောင်းဆင့် လွန်ခဲ့သော
အပတ်က သူ့အား ဆဲဆူသွားသော ဘွဲ့ဆူးစကားကိုပြန်ကြားယောင်ကာ အူလှိုက်သည်းလှိုက်ရယ်မောမိတော့၏။
သူ့နှင်းဆီဖြူသည် အလွန်အင်မတန်မှ ချစ်ဖို့ကောင်းလွန်းလှသည်။

" နှင်းဆီဘွဲ့ဆူးက သူ့ကိုယ်သူ ဘယ်လို ချစ်အောင်‌ နေရမလဲဆိုတာသိတယ်"

သောင်းဆင့်၏ ပြီတီတီမျက်နှာထားကြောင့် ဖိုးထွေး
အံ့ဩတုန်လှုပ်စွာကြည့်နေမိသည်။

သောင်းဆင့်က ပြောလို့ပြောသည်မဟုတ် ဘယ်သောအခါမှ အရက်ကလွဲ၍ တစ်ပါးသော အမျိုးသမီးငယ်လှလှလေးများကိုတောင်မှနှုတ်က
စနောက်တာမျိုးမရှိ၊ သဘောကျတာမျိုးမရှိ။
ကိုဘွဲ့ဆူးကိုတော့ ထိုသို့မဟုတ်ပြန်။
စသည်၊ နှောက်ယှက်သည်။ အမျိုးသမီးလှလှတစ်ယောက်ကိုမက်မောသလိုမျိုးသူကြည့်သည်။
ပိုးပန်းမူ့ဟုခေါ်နိုင်သော်ငြားထိုသူသည် အမျိုးသားတစ်ယောက်ဖြစ်နေပြန်သည်။

" သောင်းဆင့် မင်း ကိုဘွဲ့ဆူးအပေါ်မှာ မဟုတ်က ဟုတ်ကတွေ တွေးနေတာလား ၊သေချာစဉ်းစားပါအုံးကွာ၊ ဟိုက ယောကျာ်းကြီးနော် ၊ မင်းမှာ ပါသလို သူ့မှာလည်း ပါတယ် "

" အလုံးလေး ပါတယ်ဆိုတာ ငါမသိပဲနေမလား ၊မင်းမရှည်နဲ့ ငါဘာလုပ်နေသလဲဆိုတာ ငါကိုယ်တိုင်သိတယ် ၊ နှင်းဆီဘွဲ့ဆူးဖြစ်နေကတည်းက ငါ့ခေါင်းတွေ ချာချာလည်နေပြီးသား ၊ ငါ့အတွေးတွေမှာ စွဲငြိပြီးသား ၊ "

" မင်း.. မင်း တကယ်ကြိုက်နေတာလား"

ဖိုးထွေးအသံသည် အနည်းငယ်တုန်ယင်နေသည်။
သောင်းဆင့်သည် တည်ငြိမ်စွာဖိုးထွေးကို ပြန်ကြည့်ရင်း မည်သည့်စကားမှမဆိုခဲ့။
ဖိုးထွေးသိလိုက်လေသည်။ မကြုံဖူးခဲ့သော အတွေ့အကြုံအရ ဖိုးထွေးနှလုံးသားတွေသည် များစွာ တုန်လှုပ်၍ မငြိမ်မသက်ဖြစ်နေသည်မှာသိသိသာသာ။ သူ့အတွေးတွေသည် သောင်းဆင့်ဖြတ်သန်းလာသော ငယ်စဉ်ဘဝတစ်လျှောက်ကိုပြန်ရောက်သွားခဲ့၏။

ထားရီသည် ရွာ၏ အလှလေးဖြစ်ကာ သောင်းဆင့်အား ငယ်စဉ်ကတည်းက ချစ်မြတ်နိုးခဲ့သည်။
မိန်းကလေးတန်မဲ့ ရေလာမြောင်းပေးလုပ်ရုံမက အမျိုးမျိုးသော အကြောင်းတရားတို့နှင့် မေတ္တာတို့အားထုတ်ပြတက်ဖို့ဝန်မလေးတက်ခဲ့။
သို့သော်ငြား သောင်းဆင့်သည် ထားရီနှင့် လှပသော မိန်းကလေးတို့ကို နည်းနည်းမှ စိတ်မဝင်စားသလို
အရောတဝင် စကားပြောခြင်းအမူ့ကိုလည်းမပြုခဲ့သည်မှာ ထူးခြားခဲ့၏။

ဖိုးထွေးရူးနေပြီ။

သောင်းဆင့်လည်းရူးနေပြီဖြစ်သည်။
ဘလင်းဘလင်းမျက်လုံးတွေသည် တစ်ဖက်ခြံကိုခြောင်းမြောင်းနေတက်သလို၊ ရံဖာရံခါ ပြုံးနေလေ့ရှိသော ခပ်ညိုညိုနှုတ်ခမ်းများက ဖိုးထွေးအတွက်ထူးဆန်းလွန်းနေပြန်သည်။

.......

တောသည် သစ်ဝါးအကြီးအကျယ်ခုတ်မဲ့သူ မရှိသည်မို့
အပင်ကြီးအပင်ငယ်ဖြင့်စိမ်းစိုနေသည်။
ကျေးငှက်သံ တစီစီ က သာယာနာပျော်ဖွယ်ဖြစ်ရသလို၊ မြင်မြင်သမျှ သစ်ပင်အိုကြီးများနှင့် ရှုပ်ထွေးနေသော ခြုံကြီးများကလည်းတဖန်ခြောက်ခြားစေပြန်၏။
သောင်းဆင့်တောလိုက် ထွက်ခဲ့သည်မှာ တစ်နေ့နှင့် နေ့တစ်ပိုင်းကျော်မျှကြာရှိခဲ့လေပြီဖြစ်သည်။
နေပျောက်တို့သည် ဟိုတစ်စ ဒီတစ်စပင် ထိုးမနေပေ။ ဤသည်မှာ ချောင်းကမ်းရွာ၏အနောက်တောကြီးပင်ဖြစ်ကာ တော‌ တောင်နာမည်ကို အနီးရှိရွာလေးရွာစုပေါင်း၍ လေးရွာတောင်၊ လေးရွာတောဟု အစွဲပြုခေါ်ဝေါ်ကြ၏။

ရွာတွင်တောလိုက်သူအနည်းငယ်သာ ရှိပေမယ်လို့
တကယ်တမ်းတွင် တစ်ရာမှာ အယောက်ရှစ်ဆယ်ကတော့ တောလည်ခြင်းအတက်ကို တက်မြောက်ကြသည်မှာမထူးဆန်းပေ။

ဟင်းစားဆိုသည်မှာ မရှားပါးသလို၊ မိုးရာသီရောက်လျှင် မျှစ် နှင့်အင်ပင်အောက်မှာ အင်ဥတူးဖော်ခြင်းကလည်း ရွာ၏ အသက်မွေးဝမ်းကျောင်းဆိုသည်မှာမမှားပေ။

တော်တော်များများ မုဆိုးအတက်ကို တက်မြောက်ပေမဲ့ မလုပ်ကိုင်ကြပေ။

သောင်းဆင့်သည်လည်း တက်မြောက်သူအများကြားတွင် တစ်ယောက်အပါအဝင်ဖြစ်ပေသည်။ သူတောလည်မှာ အရင်အချိန်ကတော့ အပျော်တမ်းဖြစ်ပေမဲ့လို့ ယခုမူ အတည်အတန့်တောကောင်ရချင်‌ေနမိသည်။ အကြောင်းအရင်းမှာ တောဝက်သားစားချင်နေသော နှင်းဆီဘွဲ့ဆူးကြောင့်ပင်။ ထို့ကြောင့် ဒူးလေးအားဆွဲ၍ ရေတစ်ဘူး ၊အရက်တစ်ဘူး၊ထမင်းတစ်ထုပ်ထည့်ပြီး တောနင်းကာတောဝက်ရှာပုံတော်ဖွင့်ရသည်က သောင်းဆင့်အလုပ်သာ။

တောကြမ်းသည်မို့ နှုတ်လည်းကြမ်းမရပေ။

တစ်ရက်ကျော်မျှ အချိန်ယူအပြီးမှာ သားကောင်ဘယ်နေရာမှာ လာနိုင်သလဲဆိုတာ သူသိနိုင်ခဲ့သည်။
အပင်ရိပ်အောက်က ခြုံတစ်ခုတွင် သောင်းဆင့်ပုန်းအောင်းရင်း‌ ‌ စောင့်ဆိုင်း‌‌ နေမိသည်မှာနှစ်နာရီကျော်မျှ ကြာခဲ့လေပြီ။  သူရွေးချယ်ထားသည့်နေရာသည် သဘာဝစမ်းချောင်းလေးတစ်ခု။
သတ္တဝါမျိုးစုံရေလာသောက်ကြပေမဲ့ သူလိုသည်က တောဝက်တစ်ကောင်သာ။

တောစည်းကမ်းအရ ‌‌ လေတင်ရာအရပ်ကိုရှောင်ကာလေအောက်မှာရွေးချယ်ထားသည်မို့ သူ့အနံ့အား
တောကောင်သတိမထားမိနိုင်။
အနီးပတ်ဝန်းကျင်တွင် ခြုံထူ၍ ပုန်းခိုရန်နေရာကောင်းပေမဲ့ အကောင်ရှည်အားလည်းသတိထားနေရသေး၏။

ချွတ်....

ခပ်ဖျော့ဖျော့ သစ်ကိုင်းကျိုးသံနှင့်အတူ သူတွေ့လိုသော အမဲရောင်သဏ္ဍာန်တစ်ခု။
လက်ထဲတွင် ဒူးလေးကို အဆင်သင့်ကိုင်ကာ
ပစ်လွှင့်ရန်ပြင်ကာ အထီးလားအမလားကြည့်ရသေးသည်။ မုဆိုးစည်းကမ်းအရ မျိုးပါသော တရိစ္ဆာန်များအား ပစ်ပိုင်ခွင့်မရှိ။ အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး သူ့လက်ကိုလှုပ်ရှားလိုက်သည်နှင့် မြှားတစ်စင်းသည် လေးညှို့မှပြေးလေသည်။
ဦးတည်ရာသည် ဘေးပတ်ဝန်းကျင်အားအကြောက်အလန့်မရှိ ခပ်နှေးနှေးလျှောက်လာသော တောဝက်ပျိုတစ်ကောင်။

များမကြာမှီ နာကျင်စွာအော်သော အသံတို့သည် ဆူညံ့စွာထွက်ပေါ်လာသည်။

အွီ.. အွီ...

ဖရော ဖရော ...

လေပြင်းတစ်ခုသည် ဝေ့တိုက်လိုက်သည်နှင့်
သောင်းဆင့်သည် စိုးရိမ်စွာ ဒူးလေးအား မြှောက်လိုက်သည်။ သို့သော်နောက်ကျသွားလေသည်။
ချက်ကောင်းမထိသော သတ္တဝါသည် လေနှင့်အတူပါလာသော သူ့အနံ့အားသတိပြုမိဟန်တူကာ
လွှားခနဲနေအောင် သွေးရူးသားရူးပြေးထွက်လာ၏။ အဆင့်သင့်ဖြစ်အောင် ပြုပြင်မထား‌
သော ဒူးလေးကိုချကာ သောင်းဆင့် ခါးမှာထိုးထားသော ဓားမြောင်ကို ထုတ်၍ ထိုအမဲ‌ ရောင်အရိပ်ဆီသို့ပြေးဝင်လိုက်သည်။

အစွယ်ပါသော တောဝက်တစ်ကောင်မို့ မထိုးပွင့်မိအောင်သတိထားမိပေမဲ့ 
ချက်ကောင်းမထိ၍ သောင်းဆင့်အားသွေးရူးတန်းရူးပြန်တိုက်ဖို့ ကြိုးစားနေဟန်ပင်။
အစွယ်ကိုကော့ကာ သောင်းဆင့်ထံပြေးလာသည်က
သတ္တိတချို့အားလျော့နည်းစေသော်ငြားသောင်းဆင့်တို့က တောလည်ထွက်နေကြမို့ မမူ့ပေ။
တောဝက်ဆိုတဲ့အကောင်သည် ဝါရင့်မုဆိုးတွေကိုပင်
ဗိုက်ပွင့်အောင် လုပ်ဆောင်နိုင်သည်မို့ ဂရုတော့ထားရပေသည်။ သောင်းဆင့် တောလည်ဓားကို ဟန်ပြင်ကာ ခုန်ဝင်လာသော တောဝက်အားဝင်လုံးလိုက်သည်။

သို့သော်......

...........

တစ်နေကုန် စာရင်းအင်းတို့လုပ်ကိုင်စီစစ်ရသည်မို့ ပြန်ရောက်သည့်အချိန်တိုင်းဘွဲ့ဆူးသည် အလွန်အမင်းပင်ပန်းလှ၏။
‌ချောင်းကမ်းရွာ၏ လမ်းတစ်လျှောက် လေးပင့်စွာဖြတ်လျှောက်ရင်း တွေ့သမျှလူတိုင်းကိုလည်း ပြုံးပြနှုတ်ဆက်နေရသေးသည်။
အိမ်ပြန်‌ ရောက်သည့်အချိန်တွင်ညနေစောင်းနေပြီဖြစ်ကာ ထမင်းတစ်အိုးကိုတော့ ဘထွေးက ချက်ပြုတ်ပေးထားလေသည်မို့ တော်ပေတော့သည်။
ဘထွေးအားအသက်ကြီးနေပြီမို့မခိုင်းရက်သောငြား
ဘထွေးကိုယ်တိုင် တားလို့ရသူမဟုတ်၍ စိတ်လျော့၍လွှတ်ထားလိုက်ရသည်။
ဘထွေးအိမ်သည် ပျဉ်ထောင်နှစ်ထပ်အိမ်လေးဖြစ်ကာ ခြံဝိုင်းလေးကလည်းကျယ်ကျယ်ဝန်းဝန်းရှိလေသည်။ အပေါ်တွင် ပျဉ်တို့ကို သေချာ ကာရံ့ထားသော်လည်းအောက်တွင်မူ ကပ်ကြမ်းကိုလေမိုးဒဏ်ခံအောင် အဖြစ်ကာ၍ထား၏။
ထို့အပြင် အချိန်ကြာလင့်စွာ လေမိုးဒဏ်ခံလာသော ကပ်ကြမ်းတို့သည် ဆွေးမြေ့မနေသောငြား
အရောင်မဝါတော့မရှိလေပြီ။

ဘွဲ့ဆူးအိမ်ပြန်ရောက်ချိန်တွင် ဘထွေးမရှိတော့ပေ။
ရပ်ရွာတွင် ညနေနေဝင်ရီရောအချိန်မှစ၍ ဘုန်းကြီးကျောင်းမှ ရပ်ရွာအရေးစုပေါင်း၍ မီးစက်နှိုးကာ အိမ်တိုင်းကို ညကိုးနာရီထိမီးပေး၏။ မီးထွန်းစအချိန်တွင် ရပ်ကွက်ဓမ္မာရုံတွင် လူကြီးလူငယ်စုပေါင်း၍ ဘုရားဝတ်ပြုကြကာ ဘထွေးသည်လည်း
ညကိုးနာရီမထိုးခင်မှပြန်ရောက်လေ့ရှိပေသည်။

" ဗျို့ အကိုဘွဲ့ဆူး"

မနက်က ဘထွေးစားရန်ချက်ပြုတ်ခဲ့သော
ဟင်းအကျန်တချို့နှင့်ဖြစ်သလိုစားမယ်ကြံခိုက်
အိမ်ရှေ့မှခေါ်သံသဲ့သဲ့ထွက်လာခဲ့သည်။
ထိုအသံကိုသူမှတ်မိသည်။ ဘေးခြံက ဖိုးထွေးဆိုသောကောင်လေးပင်။

" အေး ဖိုးထွေး ဝင်ခဲ့လေကွာ"

အသံပြုပြီးချက်ချင်းဆိုသလို ဖိုးထွေးဝင်လာ၏။
လက်ထဲမှာလည်းချိုင့်တစ်လုံးနှင့်မို့
ဘွဲ့ဆူး ထမင်းမစားပဲ စောင့်နေမိသည်။

" မှီသေးလို့တော်သေးတယ်။ အကိုဘွဲ့ဆူး ဟိုတစ်နေ့က တောဝက်သားလေးစားချင်တယ်ဆိုလို့ လာပို့ပေးတာ။ ပူပူနွေးနွေးရှိသေးတယ်"

" အလုပ်ပိတ်ရက်မဟုတ်တော့
အကိုလည်းဖြစ်သလိုစား‌နေရတာနဲ့အတော်ပဲ။
ဒုက္ခပေးသလိုများဖြစ်နေပြီလားမသိဘူး"

ဖိုးထွေးသည် စားပွဲခုံပေါ် ချိုင့်ကိုတင်ကာချိုင့်ဆင့်တို့ကိုတစ်ဆင့်ချင်းဖြုတ်လိုက်ရင်း

" မဖြစ်ဘူးအကိုရေ ၊အဲ့ဒုက္ခကိုထမ်းချင်နေတဲ့ မျက်နှာရူးက အဆင်သင့်ပဲ" ဟု အတွေး‌ထဲကနေ တိုင်တည်နေမိသည်။ သို့သော် အပြင်မှာတော့ ထိုသို့မပြောရဲပေ။ ထို့ကြောင့် အပြုံးအေးအေးဖြင့်

" ရတယ်အကိုဘွဲ့ဆူး၊ အပန်းမကြီးဘူး၊ တောဝက်သားက ရောင်းတဲ့သူရှိမှစားရတာ "

" ဟုတ်တယ်နော် အကိုရောက်နေတာ တစ်လကျော်နေပြီ ၊ တောဝက်သားရတယ်လို့ကြားရတာ နှစ်ခါလားပဲ။ ဒါတောင် အသံပဲကြားရတာ ဝယ်မလို့သွားမေးရင်ကုန်ရောပဲ။ တောတောင်ထူတော့ ဟင်းစားပေါမယ်ထင်တာ အမဲလိုက်သူသိပ်မရှိဘူးနော"

ဖိုးထွေး ခေါင်းညိမ့်ရင်း ဘွဲ့ဆူးရှေ့ကိုဖြုတ်ထားတဲ့ ချိုင့်တစ်ဆင့်ခြင်းစားလို့ရအောင်တိုးပေးလိုက်ရင်းဆက်ပြောလာ၏။

" အရင်ကတော့ရှိပါတယ်။ ခုတော့ လမ်းပန်းပွင့်လန်းလာတာရော အလုပ်အကိုင်ပေါများလာတာရောနဲ့
မုဆိုးအလုပ်တွေသိပ်မလုပ်ကြတော့တာ ။ မလုပ်ဆို အသက်အန္တာရာယ်ကလည်းများ၊ တောလည်သွားလို့တောကျွံရင်လည်း တောခြောက်တာနဲ့ တချို့ဆို
အိမ်ပြန်မရောက်ပဲ အသက်ဘေးတွေ့တဲ့သူတွေကအများသား။ "

" ဒီရွာအနောက်ကတောက အဲ့သလောက်တောင် ကြမ်းတာလား ၊အကိုတို့က မြင်တွေ့နေရတာ နီးနေလို့လားမသိဘူးကြောက်စရာလို့ကိုမမြင်မိဘူး "

" ဒါကဒီလိုရှိတယ် အကိုဘွဲ့ဆူးရဲ့။ တောစပ်၊တောင်စပ်ကတော့ မုဆိုးအလုပ်ရယ်တော့မဟုတ်ဘူး ၊ ဒီလို မှိုရှာ ၊ ထင်းရှာ၊ ဝါးခုတ် အလုပ်တွေတော့ လုပ်ကြတဲ့သူတွေတော့ရှိကြတာပါ့၊ အထဲဝင်သွားရင်သွားသလောက် တောကတော့ တော်တော်လေး နက်တယ်"

" အကိုလည်း မနက်ဖန် အလုပ်ပိတ်ရက်ကိုလမ်းလျှောက်ရင်း တောတောင်ရေမြေကို စူးစမ်းလေ့လာကြည့်ပါအုံးမယ် ၊ ညီလေးပြောသလိုဆိုရင် တို့ရွာ ၊တို့အပိုင်နယ်မြေမှာ တောပြုန်းမှု့မရှိသေးသလောက်ပဲ၊ ဘာပဲပြောပြော ဒါက အနီးအနားမှာနေထိုင်တဲ့ ရွာတွေရဲ့ စည်းကမ်းရှိတာကို ပုံဖော်ပြသတာပဲကွ၊ ခုဆို တောတောင်တွေမရှိသလောက် ဖြစ်လာဆိုတော့ တရိစ္ဆာန်တွေ တိုးပွားမလာပဲ မျိုးတုန်းပျောက်ကွယ်လာတာသိသိသာသာပဲ။ စည်းကမ်းမဲ့ခုတ်ထွင်မူ့ ကြောင့် တောတောင် ဆိုတာ ယခုခေတ်လူငယ်တွေ မမြင်ဖူးသလောက်ဖြစ်လာတယ်၊ ရာသီဥတုတွေဖောက်ပြန်လာတယ်၊ တောကိုမှီခိုရတဲ့ သတ္တဝါတွေအကုန်လုံး သေကြေပျက်စီးလာတယ် ၊ ဒီလိုအဖြစ်တွေရှိနေတော့ အကိုအနေနဲ့ ချောင်းကမ်းရွာရဲ့အနောက်ပြင်တောစပ်က တောထူတယ်လို့မထင်မိခဲ့ဘူး"

ထမင်းစားဇွန်းကို ကိုင်လျက် ဆီပြန်နေအောင်နှပ်ထားတဲ့ နီညိုရောင် ဝက်သားနီချက်ကိုကြည့်ရင်းဘွဲ့ဆူးပြောလိုက်တာဖြစ်သည်။
တောဝက်က အခေါက်မာပြီးပါးသည်။ နှပ်ထားသည်မို့ အခေါက်သည်ပင် အိစက်ကာ အစီးပေါက်နေ၏။
အရသာသည် အိမ်ဝက်လိုမဟုတ်။ ချိုမွှေးကာ
လေးဖင့်၏။

" ဟင်းလာပို့ပေးလို့ကျေးဇူးတင်ပါတယ်"

" ဟာ မလိုပါဘူး အကိုဘွဲ့ဆူးရာ၊ နောက်ရက် စားချင်တာရှိလည်းပြောပါ့၊ ကျုပ်တို့ဆီမှာ အစာရေစာကတော့ ဘယ်အိမ်တက်စားလို့မှ မနှမြောဘူး။ စပါးထွက်တော့ဆန်လည်းပေါတယ် ၊ ဟင်းစားကတော့ ဝယ်စားရတာရှားတယ်၊ တောစပ်သွားရင် အသီးအရွက်နဲ့ ဟင်းစားကတော့ ပေါမှပေါ "

ဖိုးထွေပြောသော တောစပ်အကြောင်းသည် ဘွဲ့ဆူးအားအလွန်စိတ်ဝင်စားမူ့ စပ်စုလိုစိတ်ကိုမြင့်တက်စေသည်။
ထို့ကြောင့် ခေါင်းငြိမ့်ပြကာ ဇွန်းဖြင့်ချိုင့်ထဲက
ဝက်သားတစ်တုံးအားထိုးစွလိုက်လျှင် အိဝင်သွားပြီးအသားတုံးသည် အလွယ်တကူ ဇွန်း၌ကပ်ပါလာသည်မှာ ကျေနပ်စရာပင်။

ချစ်တဲ့အိမ်စည်။

ေသာင္းဆင့္သည္ လူကို ဘယ္လိုစိတ္တိုေအာင္လုပ္ရမလဲ သိသူပင္။ အမ်ိဳးမ်ိဳးေသာ ဒုကၡေပး‌မူ႔ေၾကာင့္
ဘြဲ႔ဆူးသည္ပင္ ၿမိဳ႔ကိုျပန္ေျပးခ်င္သည္အထိပင္ျဖစ္ရသည္။
ဘြဲ႔ဆူးသည္ စိတ္ရႈပ္ေထြးလာရင္ မေနတက္သူမို႔ ေခ်ာင္းကမ္းရြာမွာေနရတာ အရင္လိုေပ်ာ္စရာမ‌ေကာင္းေတာ့သည္ဟုခံစားလာရသည္ထိ။
ဘေထြးကေတာ့ ေျပာရွာသည္။ ေသာင္းဆင့္သည္
ထိုသို႔အက်င့္မ်ိဳးမရိွဘူး ၊ တကယ္ခင္မင္လို႔ စေနာက္ျခင္းေနမွာပါတဲ့။
မည္သို႔ပင္ဆိုေစကာမူ႔ ဘြဲ႔ဆူးကေတာ့ ေသာင္းဆင့္၏အခ်ိဳးမေျပမူ႔ကို မုန္းလွေပသည္။
ေသာင္းဆင့္ကိုျမင္လ်င္ အေဝးကပတ္၍ေရွာင္သလို၊
အသံၾကားသည္ျဖစ္ေစ ၊အရက္နံ႔ကိုခံစားမိသည္ျဖစ္ေစ၊ ဘြဲ႔ဆူးက သတိနဲ႔ မေတြ့ဆံုေအာင္ ပုန္းေနေလ့ရိွ၏။

ထို႔ေၾကာင့္ ေသာင္းဆင့္ဆိုေသာ အမူးသမားနဲ႔
ဘြဲ႔ဆူးမေတြ့ဆံုရေတာ့ေပ။ ရန္လည္းမျဖစ္ခ်င္သလို ကိုယ့္အေပၚမွာတင္စီးေသာ အေျပာအဆိုကိုလည္းခံႏိုင္ရည္မရိွ၍ မေတြ့ဆံုရသည္ကအေကာင္းဆံုးသာျဖစ္ေလ၏။

ဘေထြး၏ေနအိမ္တြင္ ေရအသံုးျပဳရန္ လက္လႈပ္ေရတြင္းရိွ‌ ေလသည္။
သံေမာင္းတံကို အထက္ေအာက္လႈပ္ခါလ်ွင္ေရထြက္ေသာ္ျငား ေရတစ္ခါခ်ိဳးဖို႔ေရလႈပ္ရတာေတာ့ မလြယ္လွေပ။
သို႔ေသာ္ ဘြဲ႔ဆူး ၿငိဳျငင္လို႔မျဖစ္ေပ။
ေရာမလိုေရာက္လ်င္ေရာမလိုက်င့္တက္ဖို႔လိုေသးေပသည္။
ဤသည္ေၾကာင့္ မရေသးေသာ အက်င့္အားျပဳျပင္ရန္လက္လႈပ္ေရကန္ေရ႔ွမွာ ထိုင္ရင္းဘြဲ႔ဆူးေရမခ်ိဳးပဲ
အေတြးပြားလ်က္စိတ္ပ်က္စြာထိုင္ေနမိသည္။
မနက္ခင္းတြင္ေတာ့ ဘေထြးစားရေအာင္ ထမင္းဟင္းခ်က္ၿပီးသည္ႏွင့္ ေရခ်ိဳး၍ ဘြဲ႔ဆူးအလုပ္သြားေလ့ရိွသည္။ သူ႔အတြက္သည္ကား ဆန္စက္၌ႀကံဳသလိုစားရသည္မို႔ ပူစရာမရိွေပ။
ဒီေန့လည္း ထမင္းအိုးတည္ထားလ်က္ အိမ္အလုပ္တခ်ိဳ႕ကိုဘြဲ႔ဆူး လုပ္ကိုင္ဖို႔ႀကိဳးစားေနေပမဲ့ စိတ္မၾကည္သည္မို႔ ပ်င္းရိေနမိသည္။
ထို႔ေၾကာင့္ ေရခ်ိဳးဖို႔ ေရလႈပ္ရမၫ့္ အေရးအား‌ဆိုင္းငင့္ရင္း အိမ္ထဲကိုျပန္ဝင္သြားေတာ့၏။

ဘြဲ႔ဆူးထြက္သြားသည္ႏွင့္တၿပိဳင္နက္ ဖိုေထြးအိမ္ကေနပုန္း၍ခိုးၾကၫ့္ေနေသာ ေသာင္းဆင့္သည္ ခိုးေၾကာင္ခိုးဝွက္ႏွင့္ထြက္လာကာေရ‌တြင္းေရ႔ွေရာက္လာ၏။ ေက်ာက္စရစ္ကန္‌၏ သံုးခ်ိဳးတစ္ခ်ိဳးပင္မက်န္ေတာ့ေသာ ေရတို႔ကိုငံု႔ၾကၫ့္ကာ စတင္၍ ေရလႈပ္‌ ေတာ့၏။
ေရသည္ ၾကည္လင္ကာ အပင္ရိပ္မို႔ေအးျမေပသည္။
သို႔ေပသၫ့္ သံေမာင္းတံအားအထက္ ေအာက္အႀကိမ္ႀကိမ္ေအာက္လႈပ္ခါ ဖို႔မလြယ္ကူေပ။ ေရတစ္ကန္ျပၫ့္ဖို႔ အခ်က္ေပါင္းမ်ားစြာ ေရလႈပ္ရသလို
ေမာင္းတံ မာ၍ လက္လည္းေညာင္းေပ၏။ သို႔ေသာ္ေသာင္းဆင့္တို႔က မမူ႔ေပ။ ခိုးဝွက္၍ ‌တစ္ေယာက္ေသာသူအား ေက်နပ္ေစရန္ျပဳမူေနေသာ္ျငား
လူကိုေတာ့ မေတြ့ေစပါ။
ေတြ့တိုင္းစေနာက္တက္ေသာ ၊အသားယူလိုေသာ အက်င့္အားလည္းမျပင္ႏိုင္သည္မို႔ ခိုးၾကၫ့္သည္ကသာ အေကာင္းဆံုးပင္။

သြက္လက္စြာ ေရျဖၫ့္ေပးၿပီးသည္ႏွင့္ ေသာင္းဆင့္ ၿခံေက်ာ္ကာ ျပန္ထြက္သြားသည္။
ထိုအခ်ိန္တြင္ ဘြဲ႔ဆူးသည္ ထမင္းဟင္းခ်က္ေနခ်ိန္ျဖစ္သည္။
ေရ႔ွတြင္ျဖစ္ပ်က္ေနေသာ အျပဳအမူတခ်ိဳ႕ကိုသူမေတြ့လိုက္ရေပ။

ဖိုးေထြးသည္ ၿခံကိုေက်ာ္ခြေနေသာ အမူးသမားအား
လက္ပိုက္ကာ ဒီဖက္ၿခံကေနၾကၫ့္ေနမိသည္။
ေရခိုးလႈပ္ေပးသည္ကအစ၊ ဘယ္ႏွစ္ႀကိမ္ၿပံဳးေနသည္အဆံုး သူျမင္ရသည္မွာ ရွင္းရွင္းလင္းလင္းသာ။

" မင္း ကိုဘြဲ႔ဆူးကိုမ်ား ႀကိဳက္ေနတာလား "

ေသာင္းဆင့္ ၿခံေက်ာ္ေနရာမွ ဖိုးေထြးစကားေၾကာင့္
လန႔္ကာ ေအာက္ကိုျပဳတ္က်သြား၏။
ဖိုးေထြးသည္ လက္ပိုက္ကာ ကုန္းရုန္းထေနေသာ
ေသာင္းဆင့္အား ေသြးေအးစြာ ၾကၫ့္ေနသည္။
ၿခံစည္းရိုးသည္ သစ္သားေခ်ာင္းသံုးတန္းကိုအလ်ားလိုက္ ခြာရိုက္ထားသည္ေၾကာင့္ ျမင္ကြင္းက ဟိုဖက္ၿခံ မွာ ပုရြက္စိတ္ျဖတ္သြားတာကအစျမင္ရႏိုင္သည္။

" လန႔္လိုက္တာကြာ ၊ ေဘာမို႔ အလန႔္တၾကား လုပ္တာလား"

ဖိုးေထြး ႏွာေခါင္းကို ရႈံ႔ကာ ေသာင့္ဆင့္အား တရားခံဖမ္း အၾကၫ့္ျဖင့္ၾကၫ့္ေနဆဲျဖစ္ကာ

" ‌ေရခ်ိဳးဖို႔ေရသြားလႈပ္ေပးရံုမကဘူး ။ မေန့ကလည္း
ကိုဘြဲ႔ဆူးအတြက္ သာဒင္တို႔ၿခံက မာလကာသီးေတြပါခိုးေပးေသးတယ္"

ဖိုးေထြးစကား‌ေၾကာင့္ ေသာင္းဆင့္ ရွက္ၿပံဳးႀကီးၿပံဳးမိလုမတက္ျဖစ္သြားေပမဲ့ ထို စကားမ်ားကို ပတ္ဝန္းက်င္အား မၾကားေစလိုသည္မို႔ပါးစပ္ကိုေျပးပိတ္ကာ ေသာင္းဆင့္ ဆြဲေခၚလာလိုက္သည္။ တရြတ္တိုက္တဲ့အထိ ဆြဲေခၚလာတာမို႔ ေသာင္းဆင့္ ဗလၾကားမွာ က်ူပင္ရိုး ဖိုးေထြးတစ္ေယာက္က ယက္ကန္ယက္ကန္ျဖစ္ေန‌ ေခ်၏။

" တိတ္တိတ္ေနစမ္း၊ ဟိုမွာ ထြက္လာေနၿပီ"

ဖိုးေထြးအားအိမ္ထဲေရာက္မွလႊတ္ခ်ကာ ေသာင္းဆင့္ အိမ္တံခါးရြက္ကိုကိုင္၍ တိတ္တိတ္ေလးခိုးၾကၫ့္လိုက္လ်ွင္ ေရျပၫ့္ေနေသာ ေရကန္အားၾကၫ့္ကာ
ဇေဝဇဝါျဖစ္ေနေသာ သူ႔ႏွင္းဆီပန္းေလးအားေတြ့လိုက္ရသည္။

ေသာင္းဆင့္သေဘာတက်ၾကၫ့္ေနစဉ္
ေျမၾကီးထဲ‌ပစ္ခ်ခံလိုက္ရေသာ ‌ဖိုးေထြးသည္ ေသာင္းဆင့္အား ေဒါသတႀကီး ၾကၫ့္ရံုမွမတက္ႏိုင္ခဲ့ေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ ေသာင္းဆင့္သည္ ဗလႀကီးက စိတ္မရွည္တက္။ အသားနာပါက
သူငယ္ခ်င္းေသာ ဘာေသာ နားလည္သည္မဟုတ္သူ႔အား မၫွာမတာရိုက္ႏွက္ေပလိမ့္မည္။ ထို႔ေၾကာင့္
နာသြားေသာခါးအားကိုင္ကာ ထူမဲ့သူမရိွပဲ ထရေပေတာ့သည္။

" ေတာ္ေသးတာေပါ့ ၊ငါမွန္းမသိလို႔"

သက္ျပင္းခ်ကာ ေသာင္းဆင့္ရင္ဘတ္ကိုဖိလိုက္၏။

" မင္းမွန္းသိရင္ ဟိုက ဒီတိုင္းေနမေနဘူး။ အဆဲခံရမွာေသခ်ာသေလာက္ပဲ။ ဟိုတစ္ခါ‌ ေျပာတာငါၾကားလိုက္ပါတယ္၊ ဘာတဲ့ ဘာခံလိုက္ဆိုလား"

ခါးကိုကိုင္၍ ထိုင္ခံုေပၚ ျဖည္းျဖည္းထိုင္‌ေနေသာ
ဖိုးေထြးစကားေၾကာင့္ ေသာင္းဆင့္ လြန္ခဲ့ေသာ
အပတ္က သူ႔အား ဆဲဆူသြားေသာ ဘြဲ႔ဆူးစကားကိုျပန္ၾကားေယာင္ကာ အူလိႈက္သည္းလိႈက္ရယ္ေမာမိေတာ့၏။
သူ႔ႏွင္းဆီျဖဴသည္ အလြန္အင္မတန္မွ ခ်စ္ဖို႔ေကာင္းလြန္းလွသည္။

" ႏွင္းဆီဘြဲ႔ဆူးက သူ႔ကိုယ္သူ ဘယ္လို ခ်စ္ေအာင္‌ ေနရမလဲဆိုတာသိတယ္"

ေသာင္းဆင့္၏ ၿပီတီတီမ်က္ႏွာထားေၾကာင့္ ဖိုးေထြး
အံ့ဩတုန္လႈပ္စြာၾကၫ့္ေနမိသည္။

ေသာင္းဆင့္က ေျပာလို႔ေျပာသည္မဟုတ္ ဘယ္ေသာအခါမွ အရက္ကလြဲ၍ တစ္ပါးေသာ အမ်ိဳးသမီးငယ္လွလွေလးမ်ားကိုေတာင္မွႏႈတ္က
စေနာက္တာမ်ိဳးမရိွ၊ သေဘာက်တာမ်ိဳးမရိွ။
ကိုဘြဲ႔ဆူးကိုေတာ့ ထိုသို႔မဟုတ္ျပန္။
စသည္၊ ေနွာက္ယွက္သည္။ အမ်ိဳးသမီးလွလွတစ္ေယာက္ကိုမက္ေမာသလိုမ်ိဳးသူၾကၫ့္သည္။
ပိုးပန္းမူ႔ဟုေခၚႏိုင္ေသာ္ျငားထိုသူသည္ အမ်ိဳးသားတစ္ေယာက္ျဖစ္ေနျပန္သည္။

" ေသာင္းဆင့္ မင္း ကိုဘြဲ႔ဆူးအေပၚမွာ မဟုတ္က ဟုတ္ကေတြ ေတြးေနတာလား ၊ေသခ်ာစဉ္းစားပါအံုးကြာ၊ ဟိုက ေယာက်ာ္းႀကီးေနာ္ ၊ မင္းမွာ ပါသလို သူ႔မွာလည္း ပါတယ္ "

" အလံုးေလး ပါတယ္ဆိုတာ ငါမသိပဲေနမလား ၊မင္းမရွည္နဲ႔ ငါဘာလုပ္ေနသလဲဆိုတာ ငါကိုယ္တိုင္သိတယ္ ၊ ႏွင္းဆီဘြဲ႔ဆူးျဖစ္ေနကတည္းက ငါ့ေခါင္းေတြ ခ်ာခ်ာလည္ေနၿပီးသား ၊ ငါ့အေတြးေတြမွာ စြဲၿငိျပီးသား ၊ "

" မင္း.. မင္း တကယ္ႀကိဳက္ေနတာလား"

ဖိုးေထြးအသံသည္ အနည္းငယ္တုန္ယင္ေနသည္။
ေသာင္းဆင့္သည္ တည္ၿငိမ္စြာဖိုးေထြးကို ျပန္ၾကၫ့္ရင္း မည္သၫ့္စကားမွမဆိုခဲ့။
ဖိုးေထြးသိလိုက္ေလသည္။ မႀကံဳဖူးခဲ့ေသာ အေတြ့အႀကံဳအရ ဖိုးေထြးႏွလံုးသားေတြသည္ မ်ားစြာ တုန္လႈပ္၍ မၿငိမ္မသက္ျဖစ္ေနသည္မွာသိသိသာသာ။ သူ႔အေတြးေတြသည္ ေသာင္းဆင့္ျဖတ္သန္းလာေသာ ငယ္စဉ္ဘဝတစ္ေလ်ွာက္ကိုျပန္ေရာက္သြားခဲ့၏။

ထားရီသည္ ရြာ၏ အလွေလးျဖစ္ကာ ေသာင္းဆင့္အား ငယ္စဉ္ကတည္းက ခ်စ္ျမတ္ႏိုးခဲ့သည္။
မိန္းကေလးတန္မဲ့ ေရလာေျမာင္းေပးလုပ္ရံုမက အမ်ိဳးမ်ိဳးေသာ အေၾကာင္းတရားတို႔ႏွင့္ ေမတၲာတို႔အားထုတ္ျပတက္ဖို႔ဝန္မေလးတက္ခဲ့။
သို႔ေသာ္ျငား ေသာင္းဆင့္သည္ ထားရီႏွင့္ လွပေသာ မိန္းကေလးတို႔ကို နည္းနည္းမွ စိတ္မဝင္စားသလို
အေရာတဝင္ စကားေျပာျခင္းအမူ႔ကိုလည္းမျပဳခဲ့သည္မွာ ထူးျခားခဲ့၏။

ဖိုးေထြးရူးေနၿပီ။

ေသာင္းဆင့္လည္းရူးေနၿပီျဖစ္သည္။
ဘလင္းဘလင္းမ်က္လံုးေတြသည္ တစ္ဖက္ၿခံကိုေျခာင္းေျမာင္းေနတက္သလို၊ ရံဖာရံခါ ၿပံဳးေနေလ့ရိွေသာ ခပ္ညိုညိုႏႈတ္ခမ္းမ်ားက ဖိုးေထြးအတြက္ထူးဆန္းလြန္းေနျပန္သည္။

.......

ေတာသည္ သစ္ဝါးအႀကီးအက်ယ္ခုတ္မဲ့သူ မရိွသည္မို႔
အပင္ႀကီးအပင္ငယ္ျဖင့္စိမ္းစိုေနသည္။
ေက်းငွက္သံ တစီစီ က သာယာနာေပ်ာ္ဖြယ္ျဖစ္ရသလို၊ ျမင္ျမင္သမ်ွ သစ္ပင္အိုႀကီးမ်ားႏွင့္ ရႈပ္ေထြးေနေသာ ၿခံဳႀကီးမ်ားကလည္းတဖန္ေျခာက္ျခားေစျပန္၏။
ေသာင္းဆင့္ေတာလိုက္ ထြက္ခဲ့သည္မွာ တစ္ေန့ႏွင့္ ေန့တစ္ပိုင္းေက်ာ္မ်ွၾကာရိွခဲ့ေလၿပီျဖစ္သည္။
ေနေပ်ာက္တို႔သည္ ဟိုတစ္စ ဒီတစ္စပင္ ထိုးမေနေပ။ ဤသည္မွာ ေခ်ာင္းကမ္းရြာ၏အေနာက္ေတာႀကီးပင္ျဖစ္ကာ ေတာ‌ ေတာင္နာမည္ကို အနီးရိွရြာေလးရြာစုေပါင္း၍ ေလးရြာေတာင္၊ ေလးရြာေတာဟု အစြဲျပဳေခၚေဝၚၾက၏။

ရြာတြင္ေတာလိုက္သူအနည္းငယ္သာ ရိွေပမယ္လို႔
တကယ္တမ္းတြင္ တစ္ရာမွာ အေယာက္ရွစ္ဆယ္ကေတာ့ ေတာလည္ျခင္းအတက္ကို တက္ေျမာက္ၾကသည္မွာမထူးဆန္းေပ။

ဟင္းစားဆိုသည္မွာ မရွားပါးသလို၊ မိုးရာသီေရာက္လ်ွင္ မ်ွစ္ ႏွင့္အင္ပင္ေအာက္မွာ အင္ဥတူးေဖာ္ျခင္းကလည္း ရြာ၏ အသက္ေမြးဝမ္းေက်ာင္းဆိုသည္မွာမမွားေပ။

ေတာ္ေတာ္မ်ားမ်ား မုဆိုးအတက္ကို တက္ေျမာက္ေပမဲ့ မလုပ္ကိုင္ၾကေပ။

ေသာင္းဆင့္သည္လည္း တက္ေျမာက္သူအမ်ားၾကားတြင္ တစ္ေယာက္အပါအဝင္ျဖစ္ေပသည္။ သူေတာလည္မွာ အရင္အခ်ိန္ကေတာ့ အေပ်ာ္တမ္းျဖစ္ေပမဲ့လို႔ ယခုမူ အတည္အတန္႔ေတာေကာင္ရခ်င္‌ေနမိသည္။ အေၾကာင္းအရင္းမွာ ေတာဝက္သားစားခ်င္ေနေသာ ႏွင္းဆီဘြဲ႔ဆူးေၾကာင့္ပင္။ ထို႔ေၾကာင့္ ဒူးေလးအားဆြဲ၍ ေရတစ္ဘူး ၊အရက္တစ္ဘူး၊ထမင္းတစ္ထုပ္ထၫ့္ၿပီး ေတာနင္းကာေတာဝက္ရွာပံုေတာ္ဖြင့္ရသည္က ေသာင္းဆင့္အလုပ္သာ။

ေတာၾကမ္းသည္မို႔ ႏႈတ္လည္းၾကမ္းမရေပ။

တစ္ရက္ေက်ာ္မ်ွ အခ်ိန္ယူအၿပီးမွာ သားေကာင္ဘယ္ေနရာမွာ လာႏိုင္သလဲဆိုတာ သူသိႏိုင္ခဲ့သည္။
အပင္ရိပ္ေအာက္က ၿခံဳတစ္ခုတြင္ ေသာင္းဆင့္ပုန္းေအာင္းရင္း‌ ‌ ေစာင့္ဆိုင္း‌‌ ေနမိသည္မွာႏွစ္နာရီေက်ာ္မ်ွ ၾကာခဲ့ေလၿပီ။  သူေရြးခ်ယ္ထားသၫ့္ေနရာသည္ သဘာဝစမ္းေခ်ာင္းေလးတစ္ခု။
သတၲဝါမ်ိဳးစံုေရလာေသာက္ၾကေပမဲ့ သူလိုသည္က ေတာဝက္တစ္ေကာင္သာ။

ေတာစည္းကမ္းအရ ‌‌ ေလတင္ရာအရပ္ကိုေရွာင္ကာေလေအာက္မွာေရြးခ်ယ္ထားသည္မို႔ သူ႔အနံ႔အား
ေတာေကာင္သတိမထားမိႏိုင္။
အနီးပတ္ဝန္းက်င္တြင္ ၿခံဳထူ၍ ပုန္းခိုရန္ေနရာေကာင္းေပမဲ့ အေကာင္ရွည္အားလည္းသတိထားေနရေသး၏။

ခြၽတ္....

ခပ္ေဖ်ာ့ေဖ်ာ့ သစ္ကိုင္းက်ိဳးသံႏွင့္အတူ သူေတြ့လိုေသာ အမဲေရာင္သ႑ာန္တစ္ခု။
လက္ထဲတြင္ ဒူးေလးကို အဆင္သင့္ကိုင္ကာ
ပစ္လႊင့္ရန္ျပင္ကာ အထီးလားအမလားၾကၫ့္ရေသးသည္။ မုဆိုးစည္းကမ္းအရ မ်ိဳးပါေသာ တရိစၧာန္မ်ားအား ပစ္ပိုင္ခြင့္မရိွ။ အေျခအေနအရပ္ရပ္ကိုသံုးသပ္ၿပီး သူ႔လက္ကိုလႈပ္ရွားလိုက္သည္ႏွင့္ ျမႇားတစ္စင္းသည္ ေလးၫွို႔မွေျပးေလသည္။
ဦးတည္ရာသည္ ေဘးပတ္ဝန္းက်င္အားအေၾကာက္အလန႔္မရိွ ခပ္ေနွးေနွးေလ်ွာက္လာေသာ ေတာဝက္ပ်ိဳတစ္ေကာင္။

မ်ားမၾကာမွီ နာက်င္စြာေအာ္ေသာ အသံတို႔သည္ ဆူညံ့စြာထြက္ေပၚလာသည္။

အြီ.. အြီ...

ဖေရာ ဖေရာ ...

ေလျပင္းတစ္ခုသည္ ေဝ့တိုက္လိုက္သည္ႏွင့္
ေသာင္းဆင့္သည္ စိုးရိမ္စြာ ဒူးေလးအား ေျမႇာက္လိုက္သည္။ သို႔ေသာ္ေနာက္က်သြားေလသည္။
ခ်က္ေကာင္းမထိေသာ သတၲဝါသည္ ေလႏွင့္အတူပါလာေသာ သူ႔အနံ႔အားသတိျပဳမိဟန္တူကာ
လႊားခနဲေနေအာင္ ေသြးရူးသားရူးေျပးထြက္လာ၏။ အဆင့္သင့္ျဖစ္ေအာင္ ျပဳျပင္မထား‌
ေသာ ဒူးေလးကိုခ်ကာ ေသာင္းဆင့္ ခါးမွာထိုးထားေသာ ဓားေျမာင္ကို ထုတ္၍ ထိုအမဲ‌ ေရာင္အရိပ္ဆီသို႔ေျပးဝင္လိုက္သည္။

အစြယ္ပါေသာ ေတာဝက္တစ္ေကာင္မို႔ မထိုးပြင့္မိေအာင္သတိထားမိေပမဲ့ 
ခ်က္ေကာင္းမထိ၍ ေသာင္းဆင့္အားေသြးရူးတန္းရူးျပန္တိုက္ဖို႔ ႀကိဳးစားေနဟန္ပင္။
အစြယ္ကိုေကာ့ကာ ေသာင္းဆင့္ထံေျပးလာသည္က
သတၲိတခ်ိဳ႕အားေလ်ာ့နည္းေစေသာ္ျငားေသာင္းဆင့္တို႔က ေတာလည္ထြက္ေနၾကမို႔ မမူ႔ေပ။
ေတာဝက္ဆိုတဲ့အေကာင္သည္ ဝါရင့္မုဆိုးေတြကိုပင္
ဗိုက္ပြင့္ေအာင္ လုပ္ေဆာင္ႏိုင္သည္မို႔ ဂရုေတာ့ထားရေပသည္။ ေသာင္းဆင့္ ေတာလည္ဓားကို ဟန္ျပင္ကာ ခုန္ဝင္လာေသာ ေတာဝက္အားဝင္လံုးလိုက္သည္။

သို႔ေသာ္......

...........

တစ္ေနကုန္ စာရင္းအင္းတို႔လုပ္ကိုင္စီစစ္ရသည္မို႔ ျပန္ေရာက္သၫ့္အခ်ိန္တိုင္းဘြဲ႔ဆူးသည္ အလြန္အမင္းပင္ပန္းလွ၏။
‌ေခ်ာင္းကမ္းရြာ၏ လမ္းတစ္ေလ်ွာက္ ေလးပင့္စြာျဖတ္ေလ်ွာက္ရင္း ေတြ့သမ်ွလူတိုင္းကိုလည္း ၿပံဳးျပႏႈတ္ဆက္ေနရေသးသည္။
အိမ္ျပန္‌ ေရာက္သည့္အခ်ိန္တြင္ညေနေစာင္းေနၿပီျဖစ္ကာ ထမင္းတစ္အိုးကိုေတာ့ ဘေထြးက ခ်က္ျပဳတ္ေပးထားေလသည္မို႔ ေတာ္ေပေတာ့သည္။
ဘေထြးအားအသက္ႀကီးေနၿပီမို႔မခိုင္းရက္ေသာျငား
ဘေထြးကိုယ္တိုင္ တားလို႔ရသူမဟုတ္၍ စိတ္ေလ်ာ့၍လႊတ္ထားလိုက္ရသည္။
ဘေထြးအိမ္သည္ ပ်ဉ္ေထာင္ႏွစ္ထပ္အိမ္ေလးျဖစ္ကာ ၿခံဝိုင္းေလးကလည္းက်ယ္က်ယ္ဝန္းဝန္းရိွေလသည္။ အေပၚတြင္ ပ်ဉ္တို႔ကို ေသခ်ာ ကာရံ့ထားေသာ္လည္းေအာက္တြင္မူ ကပ္ၾကမ္းကိုေလမိုးဒဏ္ခံေအာင္ အျဖစ္ကာ၍ထား၏။
ထို႔အျပင္ အခ်ိန္ၾကာလင့္စြာ ေလမိုးဒဏ္ခံလာေသာ ကပ္ၾကမ္းတို႔သည္ ေဆြးေျမ့မေနေသာျငား
အေရာင္မဝါေတာ့မရိွေလၿပီ။

ဘြဲ႔ဆူးအိမ္ျပန္ေရာက္ခ်ိန္တြင္ ဘေထြးမရိွေတာ့ေပ။
ရပ္ရြာတြင္ ညေနေနဝင္ရီေရာအခ်ိန္မွစ၍ ဘုန္းႀကီးေက်ာင္းမွ ရပ္ရြာအေရးစုေပါင္း၍ မီးစက္ႏိႈးကာ အိမ္တိုင္းကို ညကိုးနာရီထိမီးေပး၏။ မီးထြန္းစအခ်ိန္တြင္ ရပ္ကြက္ဓမၼာရံုတြင္ လူႀကီးလူငယ္စုေပါင္း၍ ဘုရားဝတ္ျပဳၾကကာ ဘေထြးသည္လည္း
ညကိုးနာရီမထိုးခင္မျွပန္ေရာက္ေလ့ရိွေပသည္။

" ဗ်ိဳ႕ အကိုဘြဲ႔ဆူး"

မနက္က ဘေထြးစားရန္ခ်က္ျပဳတ္ခဲ့ေသာ
ဟင္းအက်န္တခ်ိဳ႕ႏွင့္ျဖစ္သလိုစားမယ္ႀကံခိုက္
အိမ္ေရ႔ွမွေခၚသံသဲ့သဲ့ထြက္လာခဲ့သည္။
ထိုအသံကိုသူမွတ္မိသည္။ ေဘးၿခံက ဖိုးေထြးဆိုေသာေကာင္ေလးပင္။

" ေအး ဖိုးေထြး ဝင္ခဲ့ေလကြာ"

အသံျပဳျပီးခ်က္ခ်င္းဆိုသလို ဖိုးေထြးဝင္လာ၏။
လက္ထဲမွာလည္းခ်ိဳင့္တစ္လံုးႏွင့္မို႔
ဘြဲ႔ဆူး ထမင္းမစားပဲ ေစာင့္ေနမိသည္။

" မွီေသးလို႔ေတာ္ေသးတယ္။ အကိုဘြဲ႔ဆူး ဟိုတစ္ေန့က ေတာဝက္သားေလးစားခ်င္တယ္ဆိုလို႔ လာပို႔ေပးတာ။ ပူပူေနြးေနြးရိွေသးတယ္"

" အလုပ္ပိတ္ရက္မဟုတ္ေတာ့
အကိုလည္းျဖစ္သလိုစား‌ေနရတာနဲ႔အေတာ္ပဲ။
ဒုကၡေပးသလိုမ်ားျဖစ္ေနၿပီလားမသိဘူး"

ဖိုးေထြးသည္ စားပြဲခံုေပၚ ခ်ိဳင့္ကိုတင္ကာခ်ိဳင့္ဆင့္တို႔ကိုတစ္ဆင့္ခ်င္းျဖဳတ္လိုက္ရင္း

" မျဖစ္ဘူးအကိုေရ ၊အဲ့ဒုကၡကိုထမ္းခ်င္ေနတဲ့ မ်က္ႏွာရူးက အဆင္သင့္ပဲ" ဟု အေတြး‌ထဲကေန တိုင္တည္ေနမိသည္။ သို႔ေသာ္ အျပင္မွာေတာ့ ထိုသို႔မေျပာရဲေပ။ ထို႔ေၾကာင့္ အၿပံဳးေအးေအးျဖင့္

" ရတယ္အကိုဘြဲ႔ဆူး၊ အပန္းမႀကီးဘူး၊ ေတာဝက္သားက ေရာင္းတဲ့သူရိွမွစားရတာ "

" ဟုတ္တယ္ေနာ္ အကိုေရာက္ေနတာ တစ္လေက်ာ္ေနၿပီ ၊ ေတာဝက္သားရတယ္လို႔ၾကားရတာ ႏွစ္ခါလားပဲ။ ဒါေတာင္ အသံပဲၾကားရတာ ဝယ္မလို႔သြားေမးရင္ကုန္ေရာပဲ။ ေတာေတာင္ထူေတာ့ ဟင္းစားေပါမယ္ထင္တာ အမဲလိုက္သူသိပ္မရိွဘူးေနာ"

ဖိုးေထြး ေခါင္းညိမ့္ရင္း ဘြဲ႔ဆူးေရ႔ွကိုျဖဳတ္ထားတဲ့ ခ်ိဳင့္တစ္ဆင့္ျခင္းစားလို႔ရေအာင္တိုးေပးလိုက္ရင္းဆက္ေျပာလာ၏။

" အရင္ကေတာ့ရိွပါတယ္။ ခုေတာ့ လမ္းပန္းပြင့္လန္းလာတာေရာ အလုပ္အကိုင္ေပါမ်ားလာတာေရာနဲ႔
မုဆိုးအလုပ္ေတြသိပ္မလုပ္ၾကေတာ့တာ ။ မလုပ္ဆို အသက္အႏၲာရာယ္ကလည္းမ်ား၊ ေတာလည္သြားလို႔ေတာကြၽံရင္လည္း ေတာေျခာက္တာနဲ႔ တခ်ိဳ႕ဆို
အိမ္ျပန္မေရာက္ပဲ အသက္ေဘးေတြ့တဲ့သူေတြကအမ်ားသား။ "

" ဒီရြာအေနာက္ကေတာက အဲ့သေလာက္ေတာင္ ၾကမ္းတာလား ၊အကိုတို႔က ျမင္ေတြ့ေနရတာ နီးေနလို႔လားမသိဘူးေၾကာက္စရာလို႔ကိုမျမင္မိဘူး "

" ဒါကဒီလိုရိွတယ္ အကိုဘြဲ႔ဆူးရဲ့။ ေတာစပ္၊ေတာင္စပ္ကေတာ့ မုဆိုးအလုပ္ရယ္ေတာ့မဟုတ္ဘူး ၊ ဒီလို မိႈရွာ ၊ ထင္းရွာ၊ ဝါးခုတ္ အလုပ္ေတြေတာ့ လုပ္ၾကတဲ့သူေတြေတာ့ရိွၾကတာပါ့၊ အထဲဝင္သြားရင္သြားသေလာက္ ေတာကေတာ့ ေတာ္ေတာ္ေလး နက္တယ္"

" အကိုလည္း မနက္ဖန္ အလုပ္ပိတ္ရက္ကိုလမ္းေလ်ွာက္ရင္း ေတာေတာင္ေရေျမကို စူးစမ္းေလ့လာၾကၫ့္ပါအံုးမယ္ ၊ ညီေလးေျပာသလိုဆိုရင္ တို႔ရြာ ၊တို႔အပိုင္နယ္ေျမမွာ ေတာျပဳန္းမႈ႔မရိွေသးသေလာက္ပဲ၊ ဘာပဲေျပာေျပာ ဒါက အနီးအနားမွာေနထိုင္တဲ့ ရြာေတြရဲ့ စည္းကမ္းရိွတာကို ပံုေဖာ္ျပသတာပဲကြ၊ ခုဆို ေတာေတာင္ေတြမရိွသေလာက္ ျဖစ္လာဆိုေတာ့ တရိစၧာန္ေတြ တိုးပြားမလာပဲ မ်ိဳးတုန္းေပ်ာက္ကြယ္လာတာသိသိသာသာပဲ။ စည္းကမ္းမဲ့ခုတ္ထြင္မူ႔ ေၾကာင့္ ေတာေတာင္ ဆိုတာ ယခုေခတ္လူငယ္ေတြ မျမင္ဖူးသေလာက္ျဖစ္လာတယ္၊ ရာသီဥတုေတြေဖာက္ျပန္လာတယ္၊ ေတာကိုမွီခိုရတဲ့ သတၲဝါေတြအကုန္လံုး ေသေၾကပ်က္စီးလာတယ္ ၊ ဒီလိုအျဖစ္ေတြရိွေနေတာ့ အကိုအေနနဲ႔ ေခ်ာင္းကမ္းရြာရဲ့အေနာက္ျပင္ေတာစပ္က ေတာထူတယ္လို႔မထင္မိခဲ့ဘူး"

ထမင္းစားဇြန္းကို ကိုင္လ်က္ ဆီျပန္ေနေအာင္ႏွပ္ထားတဲ့ နီညိုေရာင္ ဝက္သားနီခ်က္ကိုၾကည့္ရင္းဘြဲ႔ဆူးေျပာလိုက္တာျဖစ္သည္။
ေတာဝက္က အေခါက္မာၿပီးပါးသည္။ ႏွပ္ထားသည္မို႔ အေခါက္သည္ပင္ အိစက္ကာ အစီးေပါက္ေန၏။
အရသာသည္ အိမ္ဝက္လိုမဟုတ္။ ခ်ိဳေမႊးကာ
ေလးဖင့္၏။

" ဟင္းလာပို႔ေပးလို႔ေက်းဇူးတင္ပါတယ္"

" ဟာ မလိုပါဘူး အကိုဘြဲ႔ဆူးရာ၊ ေနာက္ရက္ စားခ်င္တာရိွလည္းေျပာပါ့၊ က်ဳပ္တို႔ဆီမွာ အစာေရစာကေတာ့ ဘယ္အိမ္တက္စားလို႔မွ မႏွေျမာဘူး။ စပါးထြက္ေတာ့ဆန္လည္းေပါတယ္ ၊ ဟင္းစားကေတာ့ ဝယ္စားရတာရွားတယ္၊ ေတာစပ္သြားရင္ အသီးအရြက္နဲ႔ ဟင္းစားကေတာ့ ေပါမွေပါ "

ဖိုးေထြေျပာေသာ ေတာစပ္အေၾကာင္းသည္ ဘြဲ႔ဆူးအားအလြန္စိတ္ဝင္စားမူ႔ စပ္စုလိုစိတ္ကိုျမင့္တက္ေစသည္။
ထို႔ေၾကာင့္ ေခါင္းၿငိမ့္ျပကာ ဇြန္းျဖင့္ခ်ိဳင့္ထဲက
ဝက္သားတစ္တံုးအားထိုးစြလိုက္လ်ွင္ အိဝင္သြားၿပီးအသားတံုးသည္ အလြယ္တကူ ဇြန္း၌ကပ္ပါလာသည္မွာ ေက်နပ္စရာပင္။

ခ်စ္တဲ့အိမ္စည္။

Bạn đang đọc truyện trên: ZingTruyen.Xyz