ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

3

eainsi23

"ဟေ့ ငါ့ကိုသုံးသောင်းပေး"

ခပ်မာမာအသံကြီးကြောင့် လှည့်ကြည့်လိုက်တော့
နေ့ခင်းက ထမင်းအတူစားခဲ့တဲ့သူဖြစ်‌ေနသည်။ ရွှေဆွဲကြိုးတုတ်တုတ်နဲ့မို့ ရယ်စရာဟုတွေးမိသော်ငြားထိုသူက အဲ့လိုမဟုတ်ပြန်။
အကြောမာကာ အားနာမူ့တစ်စက်မှမရှိပဲရိုင်းစိုင်းမူ့ကိုကြုံ‌ေတွ့ရသည်က‌ကိုယ်‌ တွေ့ပင်ဖြစ်သည်။
အတူထိုင်ကာ ထမင်း‌ အေးဆေးစားနိုင်ဖို့မျှော်လင့်ခဲ့ပေမဲ့ ဘွဲ့ဆူးမျက်နှာကိုသာ တချိန်လုံးထိုင် ကြည့်နေခဲ့သည်ထိ  ထိုသူရိုင်း၏။ အတူမထိုင်ချင်လို့ တမင်အရွဲ့တိုက်နေရအောင်လည်း ဘွဲ့ဆူးပုံစံက လာရောနေတဲ့ပုံမျိုးလည်းမဟုတ်။
တကယ်စိတ်တိုလွန်းလို့ ထမင်းတောင်မှကောင်းကောင်းမစားရခဲ့ပါ။ နောက်ပါးမှသိခဲ့ရသည်က ထိုသူသည် အများအချစ်တော် ရွာဇော်‌ သောင်းဆင့်ဆိုသူပင်၊
ပိုက်ဆံတောင်းခံရတဲ့ကောင်မလေးက မျက်နှာငယ်လးနဲ့သူ့အားလှည့်ကြည့်လာသည်ကိုတွေ့တော့ ဘွဲ့ဆူးမသိချင်ယောင်ဆောင်ကာ ခေါင်းကိုပြန်တည့်လိုက်သည်။ သို့သော် ဆုတောင်းမပြည့်ခဲ့ပေ။ ထိုမိန်းကလေးဆီမှ...

" ဟို.. ငွေကိုင်က သမီးမဟုတ်တော့ဘူး အကိုသောင်းဆင့်။ ဟိုမှာထိုင်နေတဲ့ ကိုဘွဲ့ဆူးဆီတောင်းရမှာပါ"

ကျစ်

ဘွဲ့ဆူး သူ့ဆီရောက်လာတဲ့ အကြည့်ကြောင့် စိတ်ပျက်လက်ပျက်စုတ်သတ်ကာ မျက်မှောင်တွန့်မိသွားသည်။ ကလေးမက ပြဿနာကို သူ့ဆီပို့လိုက်တာမို့ သူစကားတွေ ပြောရဦးမည်။
ပြီးတော့ထိုသူအား သူဌေးသားမှန်းသူလုံးဝမသိခဲ့။
ရှု့တူတူရုပ်က ဘယ်‌သူ့မှလူမထင်တဲ့ရုပ်မျိုး။သူဌေးသားရုပ်မျိုးလည်းမပေါက်သည်မို့ ဘွဲ့ဆူးအနေဖြင့် အထင်သေးစိတ်တို့သာလွှမ်းခြုံနေခဲ့သည်။ 
ခုလည်း သူ့ထိုင်နေတဲ့ အလုပ်စားပွဲအားလာနေပြီမို့ခါးမတ်ကာ အဆင်သင့်စောင့်နေမိသည်။

" ဒီမှာ ကျုပ်ကို သုံးသောင်းပေး "

ပြောပုံက ရင့်သီးပေမဲ့ ပြောနေကြဖြစ်ဟန်တူသည်။

" ဦးလေးက မင်းလာတောင်းရင် မပေးနဲ့လို့မှာထားတယ်"

အငြင်းခံလိုက်ရသော်ငြား သောင်းဆင့်တို့က ရှက်သွားတာညာမရှိ။ သူ့အားမော့်ကြည့်နေသောမျက်နှာထပ်က မျက်တောင်တွေကိုသာ အပေါ်စီးကနေ ခြုံငုံသုံးသပ်ကြည့်ရင်း အတော်ကြာအောင် စူးစိုက်ကြည့်သည်။

" အဖေမပေးရင် ခင်ဗျားပေးလိုက်၊ ကျွန်တော် ပိုက်ဆံရချင်တယ်"

" ကိုယ့်ဆီမှာ မင်းကိုပေးဖို့ပိုက်ဆံအပိုမရှိဘူး"

" လိမ်တယ်"

သောင်းဆင့်အပြောကြောင့် ဘွဲ့ဆူး အနည်းငယ်အားနာသွားသည်။ အမှန်လည်း သူ့မှာ ငွေကြေးပြတ်လပ်အောင်ထိ ဆင်းရဲမနေသေး။
သို့တိုင်သူငွေပေးလို့မဖြစ်ပါ။

" ကိုယ်ပေးရင် မင်းအရက်သောက်မှာမို့လား၊ အဆိပ်‌ပင်ကို ကိုယ်ရေမလောင်းဘူး "

" ကျုပ်က အဆိပ်ပင်မဟုတ်ဘူး "

" မင်းအဖေက မင်းလာတောင်းရင်တစ်ကျပ်မှမပေးဖို့ သီးသန့်မှာထားတယ်"

သောင်းဆင့် မျက်ခုံးကိုပင့်ကာ ခေါင်းညိမ့်ပြသည်။

" အဲ့ဒါဆိုလည်းပြီးတာပဲ ခင်ဗျားလုပ်စရာရှိတာ လုပ်"

သောင်းဆင့်ထပ်မပြောတော့ပေ။ ထိုအစား အနီးနားက ခုံတစ်လုံးဆွဲယူကာ ထိုင်၏ ။နောက်မှီပါသောခုံမို့ သူ့ပုံစံက ခပ်အေးအေး။ ဘွဲ့ဆူးသည် လက်ပေါက်ကပ်လှသောထိုသူကြောင့် စိတ်ညစ်ညူးလှပေမဲ့ဂရုမစိုက်ပေ။ လုပ်စရာရှိသော အလုပ်တို့အား ခပ်မှန်မှန်လုပ်ကာ သောင်းဆင့်အားအပိုစကားမဆိုတော့။

အလုပ်သမားအများစုသည် သူတို့အားကွက်ကြည့်ကွက်ကြည့်ဖြင့် ကြည့်နေကြကာ ပြဿနာဖြစ်မည်ကိုစိုးရိမ်နေကြ၏။ သောင်းဆင့်သည် ခါတိုင်းထိုပုံစံမျိုးမဟုတ်။ ပိုက်ဆံမရရင် ဒေါသပုန်ထကာ မရမချင်းပြန်လေ့မရှိ။ သူလာတောင်းတိုင်း ဆန်စက်က စာရေးမတွေ အလွန်ကြောက်လေ့ရှိပြီး မပေးပဲလည်းမနေရဲကြ။
ဒီနေ့တော့ ကိုဘွဲ့ဆူး၏နေ့ပင်။
ထူးဆန်းစွာသောင်းဆင့်သည် ရန်မလုပ်ပေ။
ထို့အစား မျက်နှာချင်းဆိုင်ထိုင်ကာ ခါးကြားကအရက်ပုလင်းအားထုတ်၍ မော့နေချေ၏။

နံဟောင်နေသော အရက်နံ့ကြောင့် ဘွဲ့ဆူးခေါင်းငုံ့အလုပ်လုပ်နေရာမှမော့ကြည့်လျှင် ထိုသူသည် အရက်ပုလင်းအား မော့သောက်၍ သူ့အားမထီမဲ့မြင်ပြုသည်။ အရက်နံ့သည် အရက်ကြမ်းအမျိုးအစားဖြစ်ဟန်တူကာ ရေရောခြင်း၊အမြည်းစားခြင်းလည်းမရှိ။ ပေစောင်းစောင်းမျက်နှာထားသည် သူ့အားတမင်အရွဲ့တိုက်နေမှန်းသိသာလွန်းသည်။ တစ်ငုံ‌ေသာက်ပြီးတိုင်းရှုံ့မဲ့သွားပုံသည် တကဲ့အရက်သမားအကြီးစားမှန်းပြောစရာလိုမယ်မထင်‌ ပေ။ဘွဲ့ဆူးသည်အဖြူရောင်အရေကြည်ပုလင်းအားကြည့်ပြီး ဖေဖေ့အားအမှတ်ရမိသည်။ အရက်ဆို သူအလွန်မုန်းပါ၏။
သူ့အားထားရစ်ခဲ့သည်မှာထိုအရက်ကြောင့်ပင်။
ဖေဖေရှိနေစဉ်ကလည်းအရက်ကြောင့် သူများစွာ စိတ်ညစ်ခဲ့ရပြီး  သူအဖေသည်လည်း သေဆုံးခဲ့ရလေသည်။

"  ကိုယ်ဒီမှာ အလုပ်လုပ်နေတယ် ၊ ပိုင်ရှင်ဆိုပေမဲ့ မင်းကိုယ့်ကိုလေးစားမူ့ရှိပါ "

မနေနိုင်သည့်အဆုံးပြောမိပြန်သည်။

" ကျုပ်က ခင်ဗျားကို ဘာတွေများ မလေးမစားပြုမူနေလို့လဲ "

မထီလေးစားပင့်သက်လိုက်သော မျက်ခုံး‌တို့အားကြည့်ကာ ဘွဲ့ဆူး စိတ်ရှုပ်လှလေပြီ။
သို့သော်ငြား တစ်ခုတည်းသော အလုပ်အားလည်းနှမြောလွန်းလှသည်မို့  စားပွဲပေါ်တင်ထားသော ယောကျာ်းကိုင် ပိုက်ဆံအိတ်အပါးလေးအားဆွဲယူ၍
သုံးသောင်းထုတ်ပေးလိုက်သည်။ သူဒီထက်ပိုပြီးစိတ်ရှုပ်မခံလေတော့။

" ကိုယ်မင်းကို အပိုင်ပေးလိုက်တာမဟုတ်ဘူး။
ချေးပေးလိုက်တာမို့ သေချာပေါက် ပြန်ဆပ်ပေး "

မျက်စိရှေ့ရောက်လာသော တစ်သောင်းတန်သုံးရွက်အား သောင်းဆင့်ကြည့်ကာ မပြုံးမရယ်တက်နှုတ်ခမ်းညိုတွေသည် အနည်းကော့တက်သွား၏။
ထို့နောက် ထိုသူ့မျက်လုံးတွေအားရဲရဲကြည့်၍ လက်ကျန်အရက်ပုလင်းအားမော့သောက်လေသည်။
စူးရဲသွားတဲ့ အထင်သေးဟန်ရှိသော မျက်လုံးတွေသည် သောင်းဆင့်အားပိုမိုပြုံးရယ်စေကာ
ဖျတ်ခနဲဆွဲလု၍ ခုံပေါ်မှ ဒရီးဒယိုင်ထရပ်လိုက်၏။
သို့သော် သူမမူးသေးပေ။
‌ခြေလှမ်းမမှန်လောက်အောက်ထိ သူမဖြစ်သေး။
သို့သော် ထိုလူမကျေမနပ်ဖြစ်သွားတာကို သူသဘောကျသည်။ သူ့လုပ်ရပ်သည် အမှန်အကန်ပင်
ထိုသူ့အား ထိရောက်စေသည်။
မလွဲဟန်ကြည့်နေသော မြင်ကွင်းထဲမှာ သူဟာရွံစရာအတိဖြစ်သွားမှာမမှား။ ဖျတ်ခနဲ ယိုင်ကျသွားစဉ် ထောက်လိုက်သော လက်သည် ထိုသူ့လက်ဖမိုးပေါ်။
သို့ပေသည့် ထိုသူသည် သူ့အား တွန်းဖယ်မပစ်ပါလေ ။ ထို့အစား မကျေနပ်ဟန်ရှိသော အကြည့်‌တို့သည် သောင်းဆင့်မျက်နှာမှလွဲဖယ်၍ သူ့လက်တို့အားကြည့်လာလေသည်။
အဖြူရောင် နှင်းဆီ တစ်ပွင့်ထက်မှာ သူ့လက်တို့သည် အကျည်းတန်လွန်းလှသလိုပင်။
အညိုရောင် လက်ချောင်းရှည်တွေထက်မှာ ရွှေရောင်တစ်ဝင်းဝင်းလက်ကောက်တစ်ကွင်း။
အသားမဲ အရဲဆင် ဆိုသလို သူ့လက်တို့နှင့်လိုက်ဖက်လှပေမဲ့ အဖြူ ရောင် လက်တစ်စုံထက်မှာတော့ အလွန်အမင်း မဲလွန်းနေသယောင်။

" မိန်းမ လက်ကျနေတာပဲ "

မဲခနဲ ဖြစ်သွားသော မျက်နှာကိုအကြည့်လွဲကာ သောင်းဆင့် ခပ်အေးအေးပင် ဘွဲ့ဆူးလက်ကို ဆွဲယူလိုက်ပြီး လက်ကိုဖြန့်ကာ
စေ့စေ့စပ်စပ်ကြည့်သည်။ သူ့ပုံသည် ရှေ့ဖြစ်ဟော ဆရာတစ်ယောက် သို့မဟုတ် ဗေဒင်ဆရာတစ်ဦးနှယ်။

" ခင်ဗျားမှာ ဆင်းဆင်းရဲရဲနေရမဲ့ကံမပါဘူး "

သူပထမဦးဆုံးစပြောလိုက်သောစကား။
ဘွဲ့ဆူး ပထမ အံ့ဩသွားပေမဲ့ သတိပြန်ဝင်လာတော့ မျက်မှောင်ကြုတ်၍ လက်ကိုပြန်ရုန်းသည်။

" ဖယ်စမ်း"

" ငြိမ်ငြိမ်နေစမ်းပါ ၊ ကျုပ်ပြောတာကိုနားထောင်"

ရုန်းဖယ်သွားသော လက်ကိုသောင်းဆင့်ပြန်ဆွဲယူကာ ပယ်ပယ်နယ်နယ်ပွတ်သပ်၍သေချာပြန်ကြည့်သည်။
ဘွဲ့ဆူးရှက်ကာ ဘေးကိုကြည့်မိလျှင်သူ့အားသိသိသာသာ ကြည့်နေကြသည့် လူတစ်စုကြောင့်မျက်နှာပြင်မှာထားမရအောင်ပူလာရသည်။
သောင်းဆင့်သည် မည်သူ့ကိုမှ ဂရုမစိုက်လေဟန်။

" ခင်ဗျား အသက်ဘယ်လောက်လဲ"

" ကျစ်"

" မေးတာ‌‌ ‌ဖြေ"

" သုံးဆယ်"

" ပြည့်ပြီလား"

" ကဆုန်လမှာ ပြည့်မှာ"

စိတ်တိုနေပြီမို့ ဘွဲ့ဆူးမျက်နှာတင်းနေသည်။
ဖျတ်ခနဲ သောင်းဆင့်က လှမ်းကြည့်လာပြီး မှုန်ကုတ်ကုတ်ဖြစ်သွားကာ

" ကျုပ်ထက်ငယ်မယ်မှတ်နေတာ"

" ပြောလို့ပြီးရင်ဖယ်တော့"

လက်ဖဝါးပြင်ထက်မှာထိုးထောက်နေသော လက်ညိုးနှင့် တစ်ခါတခါ ပွတ်သပ်ခံလိုက်ရသော လက်ဖဝါးပြင်ကား စိတ်ညစ်ညူးစရာဖြစ်‌ နေသည်မို့လေသံသည်လည်းမချိုသာနိုင်တော့။ ဘွဲ့ဆူးသည် ရိုင်းတက်သူမဟုတ်၊ သို့သော် ပထမဦးဆုံးသိဖူးတဲ့သူတစ်ယောက်အားယခုကဲ့သို့ အမြင်မတည့်ဖြစ်ဖူးသူသည် သောင်းဆင့်တစ်ယောက်ပဲရှိလိမ့်မည်။ ပြီးတော့ ထိုယောကျာ်းသည် အရက်သမား၊မောက်မာရိုင်းစိုင်းသူ။

" မပြီးသေးဘူး ။ သေချာနားထောင် ၊ခင်ဗျား ဒီနှစ်မကုန်ခင် အိမ်ထောင်ကျလိမ့်မည်။ ခက်ခက်ခဲခဲဖြတ်သန်းရမယ်ဆိုပေမဲ့
ဒါပေမဲ့ ခင်ဗျား မွေးနေ့ပြီးသွားရင်တော့အဆင်ပြေသွားလိမ့်မယ်"

" ကိုယ့်ကံကြမ္မာကိုယ်ပဲ စီမံနိုင်တယ်။ မင်းစိတ်ပူပေးစရာမလိုဘူး"

ပြောပြီး လက်ကိုရုန်းကာ ဘွဲ့ဆူး လုပ်လက်စကိုဆက်လုပ်လိုက်သည်။  သောင်းဆင့်အားပြန်မော့မကြည့်တော့ပေ။ အတော်ကြာသည်ထိ ထိုတစ်ယောက်က စားပွဲရှေ့မှာရပ်နေသည်ကိုသိပေမဲ့ လျစ်လျူရှူ့ထားလိုက်သည်။
အတွေးထဲ နီတီတီမျက်နှာဖြင့် ဗြုတ်စဖျင်းထောင်း
ပုံပန်းအားတွေးမိလျှင် စိတ်ရှုပ်ထွေးစွာခေါင်းရမ်းလုပ်မတက်။ ဘွဲ့ဆူး ထိုသူအားလုံးဝမနှစ်သက်။

_______

ငွေမင်ရောင်တလဲ့လဲ့ လွမ်းချောင်း ရေကြည်အားငေးမောရင်း သောင်းဆင့် အမြည်းဖြစ်တဲ့ ကြွက်‌‌ေကြာ်အား တကျွတ်ကျွတ်ဝါးနေမိ၏။
လွမ်းချောင်း၏မနက်ခင်းသည် သာယာသော လယ်ကွင်းတွေကိုနောက်ခံထား၍ လှပသေသပ်မူ့သည် ပြောစမှတ်ပြုမတက်။

"သောင်းဆင့် "

" ပြော"

" အရက်သောက်တာနည်းလှချည်လား"

" စောသေးလို့"

" နေမွန်းတည့်တော့မယ် ၊ အရက်သမားပါးစပ်က နတ်စကားထွက်မနေနဲ့ ၊ ပြောစမ်း မင်းဘာဖြစ်နေတာလဲ"

ဖိုးထွေးစကားကြောင့်ထည့်ပေးထားတဲ့ ချက်အရက်ကို ကောက်မော့လိုက်၏။ ပူဆင်းသွားတဲ့လည်ချောင်းတလျှောက် ၏ အရသာအားခံစားရင်း မျက်မှောင်တွန့်လျက် အမြည်းစား၏။

" ဘာဖြစ်နေမှန်း ငါလည်းမသိဘူး "

" ထူးထူးဆန်းဆန်း"

" ဟုတ်တယ် ပျော်တာလိုလို ၊ဝမ်းနည်းတာလိုလိုနဲ့ တမျိုးကြီး"

" တစ်မျိုးကြီးလုပ်မနေနဲ့ ၊ ဟိုဖက်ရွာက သူကြီးသား
ထွန်းတင်ကို ထားရီက စဉ်းစားပေးမယ်လို့ပြောလိုက်တယ်တဲ့ကွ။ ထားရီအမေကတော့ သူ့သမီးကိုမင်းနဲ့မရပြီးရော ကြိတ်သဘောတူနေတာသိသိသာသာပဲ။ "

သာဒင်အပြောကို ဖိုးထွေးကပါ ထောက်ခံသည်။

" ဟုတ်တယ် ၊ ဟိုကောင် ထွန်းတင်က အလုပ်ကို မင်းလိုမဟုတ်ဘူးလက်ကျောတင်းအောင်လုပ်တဲ့ကောင်ကွ။ ပိုက်ဆံကလည်းအတော်အသင့်ရှိတော့ ထားရီ စဉ်းစားမယ်ဆိုလည်းစဉ်းစားသင့်ပါတယ်"

" ဒါတင်ပဲလား ထွန်းတင်က ဘွဲ့ရပညာတက်"

သောင်းဆင့်က အရက်နှင့် ရေအားအချိုးကျအောင်ရောရင်း သာဒင့်အပြောကြောင့် မခိုးမခန့်ရယ်သည်။
ဒါကို သာဒင်မြင်တော့ မကျေမနပ်ဖြစ်ကာ

" မင်းက ဘာရယ်တာလဲကွ။ ငါပြောတာမှားလား"

" မမှားပါဘူး ၊ "

" ဒါဆို မင်းဘာရယ်တာလဲ ၊ရှင်း ငါ့ကိုအဲ့ဒါရှင်း"

သာဒင်သိသိသာသာ ရစ်နေသည်ကိုသိပေမဲ့ သောင်းဆင့် စိတ်မဆိုးမိ ။ ခပ်အေးအေးပင် စပ်ထားတဲ့အရက်ခွက် မျက်နှာမဲ့သည်ထိ အရသာခံမော့သောက်ရင်းတွေးမိတာကိုပြောပြမိသည်။

"ဘွဲ့ရပညာတက်ဆိုလို့ သဘောကျလို့"

သောင်းဆင့်အမြည်းဝါးရင်းထပ်မံပြော၏။အမှန်လည်းသူ့နှုတ်ခမ်းတို့ပြုံးကြည်နေမှာမလွဲ။ လောကမှာ ပညာတက်တိုင်းလူရာဝင်တာကိုသူသိပ်တော့လက်မခံချင်ပါ ။ အရက်သမားဆိုပေမဲ့ သူကအတွေးသမား။ သူ့စိတ်နှလုံးတို့သည် ဘွဲ့ရမဟုတ်ပေမဲ့တည်ကြည်သည်။

" ဒေါ်သိန်းကြည်ရဲ့ သမီးက ဘွဲ့ရချဲရောင်း"

" ရွာလယ်က ကြက်သားသည်ဒေါ်ချိုရဲ့သားက
ဘွဲ့ရကုန်ထမ်း"

" မင်းအဲ့လိုတော့ ကတ်သပ်မပြောနဲ့လေကွာ ၊တို့ရွာ ဘွဲ့ရမှလူရာဝင်တယ်ဆိုတာ မင်းသိသားနဲ့ ၊တို့လို ပညာမတက် အရက်သမားကို ဘယ်မိဘ၊ဘယ်သမီးရှင်က သဘောတူမှာလဲ။ အနည်းဆုံး မြေဘယ်နှစ်ဧကပိုင်သလဲ။ အနည်းဆုံး ပညာရေးဘယ်အဆင့်ထိ‌ ရောက်သလဲ ။ အဲ့ဒါတွေက လူထဲနေရင် အရေးကြီးတာပဲကွ"

သာဒင်က သူ့စကားကိုလက်မခံပေ။ သာဒင်ခေါင်းထဲမှာ အရိုးဆွေးနေတဲ့အတွေးတွေကို သောင်းဆင့်အငြင်းမပွားချင်ပါ။ သို့သော် မပြောရင် မပြီးသည်မို့ အရက်သမားတို့ထုံးစံအရ အရက်ဝင်သည်နှင့်လေကြောရှည်မိ၏။

" ဒီမယ် သာဒင် ၊ လူဖြစ်ရင် လူပီပီသသနေတက်ဖို့ကလွဲပြီး ဘယ်အရာက အရေးကြီးမှာလဲ။ငါ မူးနေပေမဲ့ သူ့တပါးသားမယား ၊သူတပါး သားသမီး ငါမစော်ကားဘူး။ ငါမပြစ်မှားဘူး။ တစ်ခုပဲ မင်းပြောသလို ငါပညာမတက်ဘူး။ အဲ့အတွက် ငါ သိမ်ငယ်မယ်လို့မင်းထင်နေလား၊ သာဒင်မင်းအရူးပဲ။  မင်းခေါင်းထဲက ခပ်ညံ့ညံ့အတွေးတွေကိုထုတ်ပစ်လိုက်။
ဒီမှာ ငါ့ကိုကြည့် ၊ သောင်းဆင့် အရက်သမား၊အရက်သမားသောင်းဆင့် ၊ပညာမတက်တဲ့ ငမူးလေး ။ ဘယ်သူငါ့ကို အထင်သေးရဲလဲ။ ငါ့ထမင်းငါစားတယ် ၊ ငါအိပ်ချင်တဲ့လမ်းဘေးငါအိပ်မယ်၊ဘယ်သူ ပြောဝံ့လဲ။

စကားပြောရင်းအရှိန်ပါလာတာမို့ သောင်းဆင့်တစ်ယောက်ခပ်ထွေထွေဖြစ်လျက် ရင်ဘတ်ကိုပုတ်၍ ကျယ်ကျယ်လောင်လောင်ပြော‌ နေမိ၏။
ပတ်ဝန်းကျင်လည်းအားမနာမိသလို၊ သူတို့ကို နှောက်ယှက်မဲ့သူလဲမရှိ။

" ငါ့ဘဝမှာအရက်ကိုဘာကြောင့်ချစ်သလဲ မင်းသိလား"

"တခြားမင်းမှာ ချစ်ရမဲ့သူမရှိလို့ပါ့၊ ရှင်းနေတာကို "

သာဒင့် အရွဲ့တိုက်စကားကို သောင်းဆင့်လျစ်လျူရှု့ကာထပ်ပြော၏။

" သစ္စာရှိတယ်ကွ။ အရက်သောက်တိုင်း မမူးဘူးဆိုတာ လောကမှာမရှိဘူး။ အဲ့ဒါအရက်ရဲ့အားသာချက် ။  "

" များများသောက် ၊ ဒါဆို မြန်မြန်လစ် အေးရော"

ဖိုးထွေး  ထပ်ငဲ့ပေးရင်း‌ ပြော၏။ လွမ်းချောင်းမှာ ရေလာခပ်သူတစ်ယောက်စ နှစ်ယောက်စရှိပေမဲ့
ဝါးရုံပင်အရိပ်အောက်မှာထိုင်သောသောင်းဆင့်တို့အားမည်သူမှ လှည့်မကြည့်ရဲကြ။ သောင်းဆင့်တို့ကထိုသို့အာဏာပါဝါများ၏။

"သေစရာလား၊  ငါသေရင် ငှက်ပျောတုံးဖက်ရမှာပေါ့။ Noပါ သောင်းဆင့်တို့က တစ်ယောက်ထဲတော့ မသေချင်သေးဘူး ၊ အနည်းဆုံး အိမ်ထောင်လေးဘာလေး ပြုရဦးမှာပေါ့။ "

သောင်းဆင့်စကားကြောင့် ဖိုးထွေးနဲ့သာဒင်အော်ရယ်ကြ၏။

" ဟိတ်ကောင် မင်းကို ဘယ်သူယူမှာလဲ ။
ရုပ်ကိုကြည့်ဦး နီတီတီ ညှင်းသိုးသိုး။ ပုဆိုးက ဒူးအထက်ရောက်လို့ အောက်‌က ကာတွန်းဘောင်းဘီကိုတောင်မြင်နေရပြီ။ပညာကမတက် ၊လူကအရက်သမား ၊ ရဦးမယ်မိန်းမကြီး"

" မိန်းမမရတော့ ယောကျာ်းယူမှာကွာ ၊ရှင်းလား ။
သောင်းဆင့်တဲ့ တစ်‌ဆင့်ပဲ ရှိတယ်"

"အရူး"

ခပ်တိုးတိုးဆဲသံကြောင့် သောင်းဆင့်နားကိုနှိုက်၍ နောက်ကိုလှည့်ကြည့်လျှင် ကော်လာပါ လိမ်မော်ရောင်ရှပ်ဖြင့် ကြည်လင်လှသော ကျောပြင်တစ်ခုအားတွေ့လိုက်ရသည်။ သောင်းဆင့်မျက်နှာမှာ
အပြုံးသေးသေးလေးတစ်ခုဖြတ်ပြေးသွား၏။

" သောင်းဆင့်  ကိုဘွဲ့ဆူးက မင်းကိုဆဲသွားတာလား"

သောင်းဆင့်ရယ်ကာ အရက်ခွက်ကိုချကာ ထိုင်ရာမှထ၏။ သူထတော့ သာဒင်နဲ့ဖိုးထွေးပါ မနေရ။
သောင်းဆင့်သည် စိတ်ဆတ်၏။ အာကျယ်အာကျယ်နှင့်နှုတ်လည်းကြမ်းလှတာမို့ ရန်ဖြစ်ခဲ့သည်ရှိသော် ဘထွေးကိုအားနာရအုံးမည်။

" ကိုဘွဲ့ဆူးကိုတော့ ရန်မစနဲ့ကွာ ။ဘထွေးမျက်နှာက ရှိသေးတယ် "

ဖိုးထွေးက ရန်ဖြစ်မှာစိုးနေဟန်ဖြင့်တာသော်လည်း
သောင်းဆင့်လက်ပြကာ နောက်လှည့်မကြည့်ပဲ ‌

" မင်းတို့အသာနေခဲ့" ဟုပြောကာ ပုဆိုးကိုဖြန့်၍အဆီပြန်နေသော မျက်နှာကိုသုတ်လိုက်၏။ ဒီနေ့ အလုပ်နားရက်မို့ ဆန်စက်ကိုဒီလူသွားစရာမလိုဘူးထင်သည်။ ထိုသူ့ကိုမြင်တိုင်းသူ့ရင်တွေ လှုပ်ခတ်စမြဲ ။ ဒါသည်ယခုမှမဟုတ် ငယ်စဉ်ကတည်းပင်။
ထိုသူသည်သူ့အားမှတ်မိဟန်မတူပေမဲ့သူကတော့ မှတ်ဉာဏ်ကောင်းကာ အစွဲအလန်းကြီးသူမို့  နာမည်ကြားကတည်းကတန်းသိ၏။ ထိုစိတ်တို့ကြောင့် သူသည် တိတ်တခိုး နှင်းဆီဘွဲ့ဆူးကိုနှစ်သက်သူဖြစ်လာသည်။ သူ၏ ငယ်ရွယ်စဉ်အတိတ်ဘဝတွင် နှင်းဆီဖြူလေးတစ်ပွင့် မပါမဖြစ် ဖြစ်ကာ အရွယ်ရောက်သည့်အချိန်ထိ ဆန့်ကျင့်ဖက် မိန်းမပျိုတို့အား မနှစ်သက်ခဲ့တော့ပေ။ ဤသည်မှာ သူမသိသော သူ့၏ အတိတ်စာမျက်နှာတစ်ချို့ပင်ဖြစ်၏။ ဒါတွေဘယ်သူမှသိစရာမလိုပေ။ သိအောင်လည်းကြိုးစားမည်မဟုတ်သလို၊မသိအောင်လည်းသူနေသည်။

" အရူးလို့ ဘယ်သူ့ကိုပြောတာလဲ"

မြင်နေရသော ဂုတ်ပိုးဖြူဖြူအောင်လေနှင့်မှုတ်ကာ သူပြောလိုက်တော့ အနည်းငယ်တွန့်ကုတ်သွားပုံကချစ်စရာပင်။  သို့သော် ရှေ့ဆက်နေသော ခြေလှမ်းတို့ကရပ်တန့်သွားရမည်အစားတိုးလို့သွက်လက်လာသလို။

နှင်းဆီဘွဲ့ဆူးသူ့အားကြောက်နေသလား။
သို့မဟုတ်
ရွံမုန်းနေပါသလား။
သူမည်သည့်အရာကိုမှဂရုမစိုက်မိ။
နှင်းဆီဘွဲ့ဆူးနှလုံးသားမှာ သောင်းဆင့်ဆက်နိုင်သည်
မုန်းသည်ဖြစ်စေ၊ ချစ်ခင်သည်ဖြစ်စေ၊ တစ်နေရာရနေလျင်သူကျေနပ်သည်။

နောက်ပါးဆီက အသံက ဘယ်သူ့အသံဆိုတာ လှည့်ကြည့်စရာမလိုပေ။ နီးကပ်လာသော အရက်နံ့က လူမရောက်သေးဟောင်းဟောင်းထနေသည်။
ထိုသို့လိုက်လာမယ်မထင်ခဲ့သည်မို့ ပြောပြီးမှစိတ်ထဲအနည်းငယ်စိုးရိမ်သွား၏။ ရန်ဖြစ်ကြစတမ်းဆို ဘွဲ့ဆူးရန်မဖြစ်တက်။ သောင်းဆင့်လို အကြမ်းထည်နှင့်ယှဥ်ရင်သူဟာ နုနယ်တယ်ဟုဆိုနိုင်မလား။

" ကျုပ်ကိုပြောတာ ဆိုတာ ကျုပ်သိတယ်။ "

အပိုစကားမဆိုမိအောင်အသံတိတ်ခြေလှမ်းနေသော်ငြား ငမူးဆီမှ သင့်ပျံ့လာသောအရက်နံ့နှင့်အတူ
မထီတထိစကားတို့ကရပ်တန့်၍မသွားခဲ့။

" ခင်ဗျား တစ်ယောက်ထဲ ဒီကိုဘာလာလုပ်တာလဲ "

ဘေးနားမှာ ယှဉ်လျှောက်မိသည်ထိ ဘွဲ့ဆူးလှည့်မကြည့်ဖြစ်ပါ။ သို့သော်ငြား တစ်ခါတစ်ရံ မျက်ဝန်းထောင့်မှာ သောင့်ဆင့်၏ ပုံပန်းကို သူမြင်နေရသည်။
ဒူးလောက်ရောက်နေသော ပုဆိုးနှင့် ရှေ့မှာပုံကျနေသော ခါးပုံစ သည် သောင်းဆင့်၏ ရှည်ထွားသော အရပ်နှင် ဘယ်လိုမှကြည့်ရှု့လို့အဆင်မပြေလှ။
သို့တိုင် ထိုယောကျာ်းသည် သူ့ကိုယ်သူ ပြင်ဆင်ချင်ဟန် ၊ ချောမောချင်ဟန်လည်းရှိပုံမပေါ်။ အမြဲညှင်းသိုးနေသောပုံစံက လူရှောင်ဖယ်ချင်စရာအမြင်မတင့်တယ်စရာပင် ။

" လမ်းလျှောက်လာတာဆိုရင် လွမ်းချောင်းဖက်ကိုမလာနဲ့ ၊ နောက်ရက် ညနေခင်း ခင်ဗျားအားရင် ကျုပ်လာခေါ်မယ်၊ ရွာအနောက်ပိုင်းက တောစပ်က ဒီချိန်တောပန်းတွေ စုံနေပြီ ၊လမ်းလျှောက်လို့ သာယာတယ်"

" ဘယ်သူက မင်းကိုလိုက်ပို့ခိုင်းမယ်ပြောလို့လဲ"

မပြော၍မပြီးတော့သည်မို့ ခပ်မာမာဖြတ်အော်လိုက်သည်။

" ခင်ဗျား အဖော်မရှိမှာ စိုးလို့ပါဗျ"

" မလိုဘူး "

ဘွဲ့ဆူး၏ ယတိပြတ်စကားအောက်မှာ နှုတ်ခမ်းတစ်စုံက ကော့တက်တွန်းကွေးသွားတာ သိသိသာသာ။ ထီမထင်ဟန်အကြည့်တွေ ၊ဘာပြောပြော
စောက်ဂရုမစိုက်ဘူးဆိုတဲ့ ဟန်ပန်တွေ ကို ဘွဲ့ဆူးတကယ်ပင်ရွံမုန်းလှသည်။ ထို့အပြင်
စကားပြော‌တိုင်း ၊အနီးအနားကပ်လိုက်တိုင်း‌ဟောင်းဟောင်းထနေသော အရက်နံ့က တော်တော်ကိုဆိုးသည်။ တခါတခါ ပျို့တက်လာလုမတက်။

" ကျုပ်လိုက်ပို့ပေးမယ် ၊ခင်ဗျားမရှည်နဲ့"

" မင်း "

ဘွဲ့ဆူး ဒေါသတကြီး လက်ညိုးထိုးကာ
ဘာပြောရမှန်းမသိသည်ထိ စိတ်တိုသွား၏။
ထိုအခါသောင်းဆင့်က ရယ်ကာ ဘွဲ့ဆူး လက်ညိုးကို ဖျတ်ခနဲဖမ်းဆုတ်လိုက်ပြီး

" မိန်းမ လက်နဲ့တူတယ်၊ ဒါပေမဲ့ ခင်ဗျားလက်က ပိုရု ရှည်ပြီး သွယ်နေတယ်။ ယောကျာ်းလက်ဆိုတာ ကျုပ်လိုလက် ။ နှင်းဆီ ၊ ကျုပ်ခင်ဗျားကို နှင်းဆီလို့ခေါ်မယ် ၊ ခင်ဗျား စိတ်တိုလိုက်တိုင်း
ကျုပ်အရမ်းသဘောကျတယ် ၊ အဲ့ဒါကြောင့် ကျုပ်အပေါ်မှာ အရမ်းမဆိုးနဲ့ "

" ဖယ်စမ်း ၊မင်းကိုယ့်ကို ..."

" တိတ်တိတ်နေပါ၊ကျုပ်စကားပြောနေချိန်ဖြတ်ပြောတာတကယ်မကြိုက်ဘူး ၊အဲ့ဒါကြောင့် ကျုပ်ပြောတာကိုပဲနားထောင် "

စကားမဆုံးသေး ဖြတ်အော် လိုက်တာမို့ ဘွဲ့ဆူး
ပိုမို၍ မျက်နှာတင်းသွား၏။
သောင်းဆင့်ပုံစံက စောဏက ရယ်မောနေဟန်မရှိတော့ပဲ ဒေါသထွက်နေပုံဖြင့် ဘွဲ့ဆူးလက်ကိုပိုမိုတင်းကြပ်အောင် ဆုပ်ကိုင်လိုက်သည်က မုန်းစရာပင်။

" ကျုပ်ထပ်‌ ပြောမယ်။ ကျုပ်စကားပြောနေရင် ကျုပ်ပြောတာကိုပဲနားထောင်။  ခင်ဗျား ကျုပ်အပေါ်မှာ ဆိုးဆိုးဝါးဝါး ဆက်ဆံလေ ၊ ကျုပ်က သဘောကျလေပဲ ၊ ရန်ဖြစ်လေပိုချစ်လေတဲ့ ၊အဲ့စကား ခင်ဗျားကြားဘူးလား ၊ ခင်ဗျားကိုတွေ့ရင် ကျုပ်အမြဲစိတ်တိုအောင် ပြောမိမှာပဲ ၊ ခင်ဗျားစိတ်တိုလာတဲ့ချိန်ရောက်ရင်တော့ ကျုပ်စိတ်ထဲ‌ နေလို့ထိုင်လို့ကောင်းလာ‌လေပဲ ဖြစ်နိုင်ရင် ခင်ဗျားမျက်နှာလေးကို ပြုံးပြုံးရွှင်ရွှင်လေးထားပါ့လား
မဟုတ်ရင် ကျုပ်ကိုပိုပြီး စွဲလန်းအောင် လုပ်နေတယ်လို့ ကျုပ်ဖက်က တွေးမိမှာပဲ"

" မင်းရူးနေတာလားသောင်းဆင့် ၊ မင်းကို ကိုယ့်အလုပ်ရှင်သားမို့ သည်းခံနေတာနော်၊ ငါ့လက်ကိုမထိနဲ့ လွှတ်စမ်း ၊"

ဘွဲ့ဆူးရိုက်ချလိုက်တဲ့အချိန်မှာ သောင်းဆင့်က အလွယ်တကူလွှတ်ပေးကာ သူ့လက်အားသူ့ခေါင်းပေါ်မြှောက်တင်ထားကာ ဘွဲ့ဆူးဒေါသထွက်နေပုံကိုကြည့်၍ သဘောတကျ ခန္ဓာကိုယ်အားလှုပ်ခတ်ပြီးရယ်မောနေသည်။
ထိုပုံစံကိုကြည့်ရင်း ဘွဲ့ဆူးရွံ့မုန်းလွန်းလို့  အော့အန်ချင်လာသည်ထိ။  ဒီကောင်ရူးနေတာလား

" ပြီးတော့ ငါ့ကို နှင်းဆီလို့လာမခေါ်နဲ့ ၊ ငါမိန်းမမဟုတ်ဘူး။ ငါ့ကိုထိကပါးရိကပါး လုပ်တက်တဲ့ မင်းစောက်ကျင့်ကိုလည်းပြင်ထား၊ နောက်တခါဆိုရင် ငါ့လက်သီးက ငြိမ်ခံနေမှာမဟုတ်ဘူး"

ပြောပြီးဘွဲ့ဆူး‌ချာခနဲ လှည့်ထွက်သွားသည်။
သို့သော် နောက်ပါးမှ လှမ်းအော်လိုက်သော စကားကြောင့် ပြေးထိုးချင်တာ လက်ကိုယားသွားသည်ထိ။

" နှင်းဆီ ၊ ကျုပ်ဟိုနေ့ကပြောထားတဲ့ ဟောချက်‌ေတွကိုခင်ဗျားမယုံလို့မရဘူးနော် ၊ခင်ဗျားသိပ်မကြာခင်အိမ်ထောင်ကျလိမ့်မယ် ၊တခြားသူတော့မဟုတ်ဘူး၊  ကျုပ်နဲ့"

ဘွဲ့ဆူး အတော်လှမ်းလှမ်းရောက်မှာ နောက်လှည့်အော်သည်။ ဆဲဆူခြင်းသည် သူ့ဘဝမှာ ဒါပထမဦးဆုံးပင်ဖြစ်သည်။

" ဘောပဲယူလိုက်သောင်းဆင့် ၊ မင်းဘိုးတော်ငါက
ယောကျာ်းစစ်စစ် ၊ယူချင်းယူမိန်းမပဲယူမှာ ။ မင်းလို အရက်သမားလူဘော်ကျော့ကို စကားအရာမှာတင်စီးခံတာ ဒါနောက်ဆုံးဆိုတာမှတ်ထား။ "

" မမှတ်ထားဘူး။ ကျုပ်က ခင်ဗျားကို ယူမှာ ။ ကျုပ်ပြောတာ ခင်ဗျားကြားတယ်မို့လား။ ကျုပ် လူပျိုကြီးမလုပ်နိုင်ဘူး။ ကျုပ်လိုအရက်သမားကိုယူနိုင်တဲ့ မိန်းမလည်း မရှိဘူး ၊အဲ့ဒါကြောင့်ခင်ဗျားကျုပ်ကို မယူလို့မရဘူး"

" မင်း ဖင်ခံလိုက် "

သောင်းဆင့်တဟားဟားအော်ရယ်ကျန်ခဲ့သည်။
ဘွဲ့ဆူးနောက်လှည့်မကြည့်တော့ပေ။
ရွံ့မုန်းလွန်းတဲ့စိတ်က ရင်ထဲ တလိမ့်လိမ့်တက်လာသည်ထိ။

ချစ်တဲ့အိမ်စည်။

( ၅ရက်တစ်ပိုင်းပါနော်)

"ေဟ့ ငါ့ကိုသံုးေသာင္းေပး"

ခပ္မာမာအသံႀကီးေၾကာင့္ လွၫ့္ၾကၫ့္လိုက္ေတာ့
ေန့ခင္းက ထမင္းအတူစားခဲ့တဲ့သူျဖစ္‌ေနသည္။ ေရႊဆြဲႀကိဳးတုတ္တုတ္နဲ႔မို႔ ရယ္စရာဟုေတြးမိေသာ္ျငားထိုသူက အဲ့လိုမဟုတ္ျပန္။
အေၾကာမာကာ အားနာမူ႔တစ္စက္မွမရိွပဲရိုင္းစိုင္းမူ႔ကိုႀကံဳ‌ေတြ႕ရသည္က‌ကိုယ္‌ ေတြ့ပင္ျဖစ္သည္။
အတူထိုင္ကာ ထမင္း‌ ေအးေဆးစားႏိုင္ဖို႔ေမ်ွာ္လင့္ခဲ့ေပမဲ့ ဘြဲ႔ဆူးမ်က္ႏွာကိုသာ တခ်ိန္လံုးထိုင္ ၾကၫ့္ေနခဲ့သည္ထိ  ထိုသူရိုင္း၏။ အတူမထိုင္ခ်င္လို႔ တမင္အရြဲ႔တိုက္ေနရေအာင္လည္း ဘြဲ႔ဆူးပံုစံက လာေရာေနတဲ့ပံုမ်ိဳးလည္းမဟုတ္။
တကယ္စိတ္တိုလြန္းလို႔ ထမင္းေတာင္မွေကာင္းေကာင္းမစားရခဲ့ပါ။ ေနာက္ပါးမွသိခဲ့ရသည္က ထိုသူသည္ အမ်ားအခ်စ္ေတာ္ ရြာေဇာ္‌ ေသာင္းဆင့္ဆိုသူပင္၊
ပိုက္ဆံေတာင္းခံရတဲ့ေကာင္မေလးက မ်က္ႏွာငယ္လးနဲ႔သူ႔အားလွၫ့္ၾကၫ့္လာသည္ကိုေတြ့ေတာ့ ဘြဲ႔ဆူးမသိခ်င္ေယာင္ေဆာင္ကာ ေခါင္းကိုျပန္တၫ့္လိုက္သည္။ သို႔ေသာ္ ဆုေတာင္းမျပၫ့္ခဲ့ေပ။ ထိုမိန္းကေလးဆီမွ...

" ဟို.. ေငြကိုင္က သမီးမဟုတ္ေတာ့ဘူး အကိုေသာင္းဆင့္။ ဟိုမွာထိုင္ေနတဲ့ ကိုဘြဲ႔ဆူးဆီေတာင္းရမွာပါ"

က်စ္

ဘြဲ႔ဆူး သူ႔ဆီေရာက္လာတဲ့ အၾကၫ့္ေၾကာင့္ စိတ္ပ်က္လက္ပ်က္စုတ္သတ္ကာ မ်က္ေမွာင္တြန႔္မိသြားသည္။ ကေလးမက ျပႆနာကို သူ႔ဆီပို႔လိုက္တာမို႔ သူစကားေတြ ေျပာရဦးမည္။
ၿပီးေတာ့ထိုသူအား သူေဌးသားမွန္းသူလံုးဝမသိခဲ့။
ရႈ႔တူတူရုပ္က ဘယ္‌သူ႔မွလူမထင္တဲ့ရုပ္မ်ိဳး။သူေဌးသားရုပ္မ်ိဳးလည္းမေပါက္သည္မို႔ ဘြဲ႔ဆူးအေနျဖင့္ အထင္ေသးစိတ္တို႔သာလႊမ္းၿခံဳေနခဲ့သည္။ 
ခုလည္း သူ႔ထိုင္ေနတဲ့ အလုပ္စားပြဲအားလာေနၿပီမို႔ခါးမတ္ကာ အဆင္သင့္ေစာင့္ေနမိသည္။

" ဒီမွာ က်ဳပ္ကို သံုးေသာင္းေပး "

ေျပာပံုက ရင့္သီးေပမဲ့ ေျပာေနၾကျဖစ္ဟန္တူသည္။

" ဦးေလးက မင္းလာေတာင္းရင္ မေပးနဲ႔လို႔မွာထားတယ္"

အျငင္းခံလိုက္ရေသာ္ျငား ေသာင္းဆင့္တို႔က ရွက္သြားတာညာမရိွ။ သူ႔အားေမာ့္ၾကၫ့္ေနေသာမ်က္ႏွာထပ္က မ်က္ေတာင္ေတြကိုသာ အေပၚစီးကေန ၿခံဳငံုသံုးသပ္ၾကၫ့္ရင္း အေတာ္ၾကာေအာင္ စူးစိုက္ၾကၫ့္သည္။

" အေဖမေပးရင္ ခင္ဗ်ားေပးလိုက္၊ ကြၽန္ေတာ္ ပိုက္ဆံရခ်င္တယ္"

" ကိုယ့္ဆီမွာ မင္းကိုေပးဖို႔ပိုက္ဆံအပိုမရိွဘူး"

" လိမ္တယ္"

ေသာင္းဆင့္အေျပာေၾကာင့္ ဘြဲ႔ဆူး အနည္းငယ္အားနာသြားသည္။ အမွန္လည္း သူ႔မွာ ေငြေၾကးျပတ္လပ္ေအာင္ထိ ဆင္းရဲမေနေသး။
သို႔တိုင္သူေငြေပးလို႔မျဖစ္ပါ။

" ကိုယ္ေပးရင္ မင္းအရက္ေသာက္မွာမို႔လား၊ အဆိပ္‌ပင္ကို ကိုယ္ေရမေလာင္းဘူး "

" က်ဳပ္က အဆိပ္ပင္မဟုတ္ဘူး "

" မင္းအေဖက မင္းလာေတာင္းရင္တစ္က်ပ္မွမေပးဖို႔ သီးသန႔္မွာထားတယ္"

ေသာင္းဆင့္ မ်က္ခံုးကိုပင့္ကာ ေခါင္းညိမ့္ျပသည္။

" အဲ့ဒါဆိုလည္းၿပီးတာပဲ ခင္ဗ်ားလုပ္စရာရိွတာ လုပ္"

ေသာင္းဆင့္ထပ္မေျပာေတာ့ေပ။ ထိုအစား အနီးနားက ခံုတစ္လံုးဆြဲယူကာ ထိုင္၏ ။ေနာက္မွီပါေသာခံုမို႔ သူ႔ပံုစံက ခပ္ေအးေအး။ ဘြဲ႔ဆူးသည္ လက္ေပါက္ကပ္လွေသာထိုသူေၾကာင့္ စိတ္ညစ္ၫူးလွေပမဲ့ဂရုမစိုက္ေပ။ လုပ္စရာရိွေသာ အလုပ္တို႔အား ခပ္မွန္မွန္လုပ္ကာ ေသာင္းဆင့္အားအပိုစကားမဆိုေတာ့။

အလုပ္သမားအမ်ားစုသည္ သူတို႔အားကြက္ၾကၫ့္ကြက္ၾကၫ့္ျဖင့္ ၾကၫ့္ေနၾကကာ ျပႆနာျဖစ္မည္ကိုစိုးရိမ္ေနၾက၏။ ေသာင္းဆင့္သည္ ခါတိုင္းထိုပံုစံမ်ိဳးမဟုတ္။ ပိုက္ဆံမရရင္ ေဒါသပုန္ထကာ မရမခ်င္းျပန္ေလ့မရိွ။ သူလာေတာင္းတိုင္း ဆန္စက္က စာေရးမေတြ အလြန္ေၾကာက္ေလ့ရိွၿပီး မေပးပဲလည္းမေနရဲၾက။
ဒီေန့ေတာ့ ကိုဘြဲ႔ဆူး၏ေန့ပင္။
ထူးဆန္းစြာေသာင္းဆင့္သည္ ရန္မလုပ္ေပ။
ထို႔အစား မ်က္ႏွာခ်င္းဆိုင္ထိုင္ကာ ခါးၾကားကအရက္ပုလင္းအားထုတ္၍ ေမာ့ေနေခ်၏။

နံေဟာင္ေနေသာ အရက္နံ႔ေၾကာင့္ ဘြဲ႔ဆူးေခါင္းငံု႔အလုပ္လုပ္ေနရာမွေမာ့ၾကၫ့္လ်ွင္ ထိုသူသည္ အရက္ပုလင္းအား ေမာ့ေသာက္၍ သူ႔အားမထီမဲ့ျမင္ျပဳသည္။ အရက္နံ႔သည္ အရက္ၾကမ္းအမ်ိဳးအစားျဖစ္ဟန္တူကာ ေရေရာျခင္း၊အျမည္းစားျခင္းလည္းမရိွ။ ေပေစာင္းေစာင္းမ်က္ႏွာထားသည္ သူ႔အားတမင္အရြဲ႔တိုက္ေနမွန္းသိသာလြန္းသည္။ တစ္ငံု‌ေသာက္ၿပီးတိုင္းရႈံ႔မဲ့သြားပံုသည္ တကဲ့အရက္သမားအႀကီးစားမွန္းေျပာစရာလိုမယ္မထင္‌ ေပ။ဘြဲ႔ဆူးသည္အျဖဴေရာင္အေရၾကည္ပုလင္းအားၾကၫ့္ၿပီး ေဖေဖ့အားအမွတ္ရမိသည္။ အရက္ဆို သူအလြန္မုန္းပါ၏။
သူ႔အားထားရစ္ခဲ့သည္မွာထိုအရက္ေၾကာင့္ပင္။
ေဖေဖရိွေနစဉ္ကလည္းအရက္ေၾကာင့္ သူမ်ားစြာ စိတ္ညစ္ခဲ့ရၿပီး  သူအေဖသည္လည္း ေသဆံုးခဲ့ရေလသည္။

"  ကိုယ္ဒီမွာ အလုပ္လုပ္ေနတယ္ ၊ ပိုင္ရွင္ဆိုေပမဲ့ မင္းကိုယ့္ကိုေလးစားမူ႔ရိွပါ "

မေနႏိုင္သၫ့္အဆံုးေျပာမိျပန္သည္။

" က်ဳပ္က ခင္ဗ်ားကို ဘာေတြမ်ား မေလးမစားျပဳမူေနလို႔လဲ "

မထီေလးစားပင့္သက္လိုက္ေသာ မ်က္ခံုး‌တို႔အားၾကၫ့္ကာ ဘြဲ႔ဆူး စိတ္ရႈပ္လွေလၿပီ။
သို႔ေသာ္ျငား တစ္ခုတည္းေသာ အလုပ္အားလည္းႏွေျမာလြန္းလွသည္မို႔  စားပြဲေပၚတင္ထားေသာ ေယာက်ာ္းကိုင္ ပိုက္ဆံအိတ္အပါးေလးအားဆြဲယူ၍
သံုးေသာင္းထုတ္ေပးလိုက္သည္။ သူဒီထက္ပိုၿပီးစိတ္ရႈပ္မခံေလေတာ့။

" ကိုယ္မင္းကို အပိုင္ေပးလိုက္တာမဟုတ္ဘူး။
ေခ်းေပးလိုက္တာမို႔ ေသခ်ာေပါက္ ျပန္ဆပ္ေပး "

မ်က္စိေရ႔ွေရာက္လာေသာ တစ္ေသာင္းတန္သံုးရြက္အား ေသာင္းဆင့္ၾကၫ့္ကာ မၿပံဳးမရယ္တက္ႏႈတ္ခမ္းညိုေတြသည္ အနည္းေကာ့တက္သြား၏။
ထို႔ေနာက္ ထိုသူ႔မ်က္လံုးေတြအားရဲရဲၾကၫ့္၍ လက္က်န္အရက္ပုလင္းအားေမာ့ေသာက္ေလသည္။
စူးရဲသြားတဲ့ အထင္ေသးဟန္ရိွေသာ မ်က္လံုးေတြသည္ ေသာင္းဆင့္အားပိုမိုၿပံဳးရယ္ေစကာ
ဖ်တ္ခနဲဆြဲလု၍ ခံုေပၚမွ ဒရီးဒယိုင္ထရပ္လိုက္၏။
သို႔ေသာ္ သူမမူးေသးေပ။
‌ေျခလွမ္းမမွန္ေလာက္ေအာက္ထိ သူမျဖစ္ေသး။
သို႔ေသာ္ ထိုလူမေက်မနပ္ျဖစ္သြားတာကို သူသေဘာက်သည္။ သူ႔လုပ္ရပ္သည္ အမွန္အကန္ပင္
ထိုသူ႔အား ထိေရာက္ေစသည္။
မလြဲဟန္ၾကၫ့္ေနေသာ ျမင္ကြင္းထဲမွာ သူဟာရြံစရာအတိျဖစ္သြားမွာမမွား။ ဖ်တ္ခနဲ ယိုင္က်သြားစဉ္ ေထာက္လိုက္ေသာ လက္သည္ ထိုသူ႔လက္ဖမိုးေပၚ။
သို႔ေပသၫ့္ ထိုသူသည္ သူ႔အား တြန္းဖယ္မပစ္ပါေလ ။ ထို႔အစား မေက်နပ္ဟန္ရိွေသာ အၾကၫ့္‌တို႔သည္ ေသာင္းဆင့္မ်က္ႏွာမွလြဲဖယ္၍ သူ႔လက္တို႔အားၾကၫ့္လာေလသည္။
အျဖဴေရာင္ ႏွင္းဆီ တစ္ပြင့္ထက္မွာ သူ႔လက္တို႔သည္ အက်ည္းတန္လြန္းလွသလိုပင္။
အညိုေရာင္ လက္ေခ်ာင္းရွည္ေတြထက္မွာ ေရႊေရာင္တစ္ဝင္းဝင္းလက္ေကာက္တစ္ကြင္း။
အသားမဲ အရဲဆင္ ဆိုသလို သူ႔လက္တို႔ႏွင့္လိုက္ဖက္လွေပမဲ့ အျဖဴ ေရာင္ လက္တစ္စံုထက္မွာေတာ့ အလြန္အမင္း မဲလြန္းေနသေယာင္။

" မိန္းမ လက္က်ေနတာပဲ "

မဲခနဲ ျဖစ္သြားေသာ မ်က္ႏွာကိုအၾကၫ့္လြဲကာ ေသာင္းဆင့္ ခပ္ေအးေအးပင္ ဘြဲ႔ဆူးလက္ကို ဆြဲယူလိုက္ၿပီး လက္ကိုျဖန႔္ကာ
ေစ့ေစ့စပ္စပ္ၾကၫ့္သည္။ သူ႔ပံုသည္ ေရ႔ျွဖစ္ေဟာ ဆရာတစ္ေယာက္ သိုါမဟုတ္ ေဗဒင္ဆရာတစ္ဦးႏွယ္။

" ခင္ဗ်ားမွာ ဆင္းဆင္းရဲရဲေနရမဲ့ကံမပါဘူး "

သူပထမဦးဆံုးစေျပာလိုက္ေသာစကား။
ဘြဲ႔ဆူး ပထမ အံ့ဩသြားေပမဲ့ သတိျပန္ဝင္လာေတာ့ မ်က္ေမွာင္ၾကဳတ္၍ လက္ကိုျပန္ရုန္းသည္။

" ဖယ္စမ္း"

" ၿငိမ္ၿငိမ္ေနစမ္းပါ ၊ က်ဳပ္ေျပာတာကိုနားေထာင္"

ရုန္းဖယ္သြားေသာ လက္ကိုေသာင္းဆင့္ျပန္ဆြဲယူကာ ပယ္ပယ္နယ္နယ္ပြတ္သပ္၍ေသခ်ာျပန္ၾကၫ့္သည္။
ဘြဲ႔ဆူးရွက္ကာ ေဘးကိုၾကၫ့္မိလ်ွင္သူ႔အားသိသိသာသာ ၾကၫ့္ေနၾကသၫ့္ လူတစ္စုေၾကာင့္မ်က္ႏွာျပင္မွာထားမရေအာင္ပူလာရသည္။
ေသာင္းဆင့္သည္ မည္သူ႔ကိုမွ ဂရုမစိုက္ေလဟန္။

" ခင္ဗ်ား အသက္ဘယ္ေလာက္လဲ"

" က်စ္"

" ေမးတာ‌‌ ‌ေျဖ"

" သံုးဆယ္"

" ျပၫ့္ၿပီလား"

" ကဆုန္လမွာ ျပၫ့္မွာ"

စိတ္တိုေနၿပီမို႔ ဘြဲ႔ဆူးမ်က္ႏွာတင္းေနသည္။
ဖ်တ္ခနဲ ေသာင္းဆင့္က လွမ္းၾကၫ့္လာၿပီး မႈန္ကုတ္ကုတ္ျဖစ္သြားကာ

" က်ဳပ္ထက္ငယ္မယ္မွတ္ေနတာ"

" ေျပာလို႔ၿပီးရင္ဖယ္ေတာ့"

လက္ဖဝါးျပင္ထက္မွာထိုးေထာက္ေနေသာ လက္ညိုးႏွင့္ တစ္ခါတခါ ပြတ္သပ္ခံလိုက္ရေသာ လက္ဖဝါးျပင္ကား စိတ္ညစ္ၫူးစရာျဖစ္‌ ေနသည္မို႔ေလသံသည္လည္းမခ်ိဳသာႏိုင္ေတာ့။ ဘြဲ႔ဆူးသည္ ရိုင္းတက္သူမဟုတ္၊ သို႔ေသာ္ ပထမဦးဆံုးသိဖူးတဲ့သူတစ္ေယာက္အားယခုကဲ့သို႔ အျမင္မတၫ့္ျဖစ္ဖူးသူသည္ ေသာင္းဆင့္တစ္ေယာက္ပဲရိွလိမ့္မည္။ ၿပီးေတာ့ ထိုေယာက်ာ္းသည္ အရက္သမား၊ေမာက္မာရိုင္းစိုင္းသူ။

" မၿပီးေသးဘူး ။ ေသခ်ာနားေထာင္ ၊ခင္ဗ်ား ဒီႏွစ္မကုန္ခင္ အိမ္ေထာင္က်လိမ့္မည္။ ခက္ခက္ခဲခဲျဖတ္သန္းရမယ္ဆိုေပမဲ့
ဒါေပမဲ့ ခင္ဗ်ား ေမြးေန့ၿပီးသြားရင္ေတာ့အဆင္ေျပသြားလိမ့္မယ္"

" ကိုယ့္ကံၾကမၼာကိုယ္ပဲ စီမံႏိုင္တယ္။ မင္းစိတ္ပူေပးစရာမလိုဘူး"

ေျပာၿပီး လက္ကိုရုန္းကာ ဘြဲ႔ဆူး လုပ္လက္စကိုဆက္လုပ္လိုက္သည္။  ေသာင္းဆင့္အားျပန္ေမာ့မၾကၫ့္ေတာ့ေပ။ အေတာ္ၾကာသည္ထိ ထိုတစ္ေယာက္က စားပြဲေရ႔ွမွာရပ္ေနသည္ကိုသိေပမဲ့ လ်စ္လ်ူရႉ႔ထားလိုက္သည္။
အေတြးထဲ နီတီတီမ်က္ႏွာျဖင့္ ျဗဳတ္စဖ်င္းေထာင္း
ပံုပန္းအားေတြးမိလ်ွင္ စိတ္ရႈပ္ေထြးစြာေခါင္းရမ္းလုပ္မတက္။ ဘြဲ႔ဆူး ထိုသူအားလံုးဝမႏွစ္သက္။

_______

ေငြမင္ေရာင္တလဲ့လဲ့ လြမ္းေခ်ာင္း ေရၾကည္အားေငးေမာရင္း ေသာင္းဆင့္ အျမည္းျဖစ္တဲ့ ႂကြက္ေက်ာ္အား တကြၽတ္ကြၽတ္ဝါးေနမိ၏။
လြမ္းေခ်ာင္း၏မနက္ခင္းသည္ သာယာေသာ လယ္ကြင္းေတြကိုေနာက္ခံထား၍ လွပေသသပ္မူ႔သည္ ေျပာစမွတ္ျပဳမတက္။

"ေသာင္းဆင့္ "

" ေျပာ"

" အရက္ေသာက္တာနည္းလွခ်ည္လား"

" ေစာေသးလို႔"

" ေနမြန္းတၫ့္ေတာ့မယ္ ၊ အရက္သမားပါးစပ္က နတ္စကားထြက္မေနနဲ႔ ၊ ေျပာစမ္း မင္းဘာျဖစ္ေနတာလဲ"

ဖိုးေထြးစကားေၾကာင့္ထၫ့္ေပးထားတဲ့ ခ်က္အရက္ကို ေကာက္ေမာ့လိုက္၏။ ပူဆင္းသြားတဲ့လည္ေခ်ာင္းတေလ်ွာက္ ၏ အရသာအားခံစားရင္း မ်က္ေမွာင္တြန႔္လ်က္ အျမည္းစား၏။

" ဘာျဖစ္ေနမွန္း ငါလည္းမသိဘူး "

" ထူးထူးဆန္းဆန္း"

" ဟုတ္တယ္ ေပ်ာ္တာလိုလို ၊ဝမ္းနည္းတာလိုလိုနဲ႔ တမ်ိဳးႀကီး"

" တစ္မ်ိဳးႀကီးလုပ္မေနနဲ႔ ၊ ဟိုဖက္ရြာက သူႀကီးသား
ထြန္းတင္ကို ထားရီက စဉ္းစားေပးမယ္လို႔ေျပာလိုက္တယ္တဲ့ကြ။ ထားရီအေမကေတာ့ သူ႔သမီးကိုမင္းနဲ႔မရၿပီးေရာ ႀကိတ္သေဘာတူေနတာသိသိသာသာပဲ။ "

သာဒင္အေျပာကို ဖိုးေထြးကပါ ေထာက္ခံသည္။

" ဟုတ္တယ္ ၊ ဟိုေကာင္ ထြန္းတင္က အလုပ္ကို မင္းလိုမဟုတ္ဘူးလက္ေက်ာတင္းေအာင္လုပ္တဲ့ေကာင္ကြ။ ပိုက္ဆံကလည္းအေတာ္အသင့္ရိွေတာ့ ထားရီ စဉ္းစားမယ္ဆိုလည္းစဉ္းစားသင့္ပါတယ္"

" ဒါတင္ပဲလား ထြန္းတင္က ဘြဲ႔ရပညာတက္"

ေသာင္းဆင့္က အရက္ႏွင့္ ေရအားအခ်ိဳးက်ေအာင္ေရာရင္း သာဒင့္အေျပာေၾကာင့္ မခိုးမခန႔္ရယ္သည္။
ဒါကို သာဒင္ျမင္ေတာ့ မေက်မနပ္ျဖစ္ကာ

" မင္းက ဘာရယ္တာလဲကြ။ ငါေျပာတာမွားလား"

" မမွားပါဘူး ၊ "

" ဒါဆို မင္းဘာရယ္တာလဲ ၊ရွင္း ငါ့ကိုအဲ့ဒါရွင္း"

သာဒင္သိသိသာသာ ရစ္ေနသည္ကိုသိေပမဲ့ ေသာင္းဆင့္ စိတ္မဆိုးမိ ။ ခပ္ေအးေအးပင္ စပ္ထားတဲ့အရက္ခြက္ မ်က္ႏွာမဲ့သည္ထိ အရသာခံေမာ့ေသာက္ရင္းေတြးမိတာကိုေျပာျပမိသည္။

"ဘြဲ႔ရပညာတက္ဆိုလို႔ သေဘာက်လို႔"

ေသာင္းဆင့္အျမည္းဝါးရင္းထပ္မံေျပာ၏။အမွန္လည္းသူ႔ႏႈတ္ခမ္းတို႔ၿပံဳးၾကည္ေနမွာမလြဲ။ ေလာကမွာ ပညာတက္တိုင္းလူရာဝင္တာကိုသူသိပ္ေတာ့လက္မခံခ်င္ပါ ။ အရက္သမားဆိုေပမဲ့ သူကအေတြးသမား။ သူ႔စိတ္ႏွလံုးတို႔သည္ ဘြဲ႔ရမဟုတ္ေပမဲ့တည္ၾကည္သည္။

" ေဒၚသိန္းၾကည္ရဲ့ သမီးက ဘြဲ႔ရခ်ဲေရာင္း"

" ရြာလယ္က ၾကက္သားသည္ေဒၚခ်ိဳရဲ့သားက
ဘြဲ႔ရကုန္ထမ္း"

" မင္းအဲ့လိုေတာ့ ကတ္သပ္မေျပာနဲ႔ေလကြာ ၊တို႔ရြာ ဘြဲ႔ရမွလူရာဝင္တယ္ဆိုတာ မင္းသိသားနဲ႔ ၊တို႔လို ပညာမတက္ အရက္သမားကို ဘယ္မိဘ၊ဘယ္သမီးရွင္က သေဘာတူမွာလဲ။ အနည္းဆံုး ေျမဘယ္ႏွစ္ဧကပိုင္သလဲ။ အနည္းဆံုး ပညာေရးဘယ္အဆင့္ထိ‌ ေရာက္သလဲ ။ အဲ့ဒါေတြက လူထဲေနရင္ အေရးႀကီးတာပဲကြ"

သာဒင္က သူ႔စကားကိုလက္မခံေပ။ သာဒင္ေခါင္းထဲမွာ အရိုးေဆြးေနတဲ့အေတြးေတြကို ေသာင္းဆင့္အျငင္းမပြားခ်င္ပါ။ သို႔ေသာ္ မေျပာရင္ မၿပီးသည္မို႔ အရက္သမားတို႔ထံုးစံအရ အရက္ဝင္သည္ႏွင့္ေလေၾကာရွည္မိ၏။

" ဒီမယ္ သာဒင္ ၊ လူျဖစ္ရင္ လူပီပီသသေနတက္ဖို႔ကလြဲၿပီး ဘယ္အရာက အေရးႀကီးမွာလဲ။ငါ မူးေနေပမဲ့ သူ႔တပါးသားမယား ၊သူတပါး သားသမီး ငါမေစာ္ကားဘူး။ ငါမျပစ္မွားဘူး။ တစ္ခုပဲ မင္းေျပာသလို ငါပညာမတက္ဘူး။ အဲ့အတြက္ ငါ သိမ္ငယ္မယ္လို႔မင္းထင္ေနလား၊ သာဒင္မင္းအရူးပဲ။  မင္းေခါင္းထဲက ခပ္ညံ့ညံ့အေတြးေတြကိုထုတ္ပစ္လိုက္။
ဒီမွာ ငါ့ကိုၾကၫ့္ ၊ ေသာင္းဆင့္ အရက္သမား၊အရက္သမားေသာင္းဆင့္ ၊ပညာမတက္တဲ့ ငမူးေလး ။ ဘယ္သူငါ့ကို အထင္ေသးရဲလဲ။ ငါ့ထမင္းငါစားတယ္ ၊ ငါအိပ္ခ်င္တဲ့လမ္းေဘးငါအိပ္မယ္၊ဘယ္သူ ေျပာဝံ့လဲ။

စကားေျပာရင္းအရိွန္ပါလာတာမို႔ ေသာင္းဆင့္တစ္ေယာက္ခပ္ေထြေထျြဖစ္လ်က္ ရင္ဘတ္ကိုပုတ္၍ က်ယ္က်ယ္ေလာင္ေလာင္ေျပာ‌ ေနမိ၏။
ပတ္ဝန္းက်င္လည္းအားမနာမိသလို၊ သူတို႔ကို ေနွာက္ယွက္မဲ့သူလဲမရိွ။

" ငါ့ဘဝမွာအရက္ကိုဘာေၾကာင့္ခ်စ္သလဲ မင္းသိလား"

"တျခားမင္းမွာ ခ်စ္ရမဲ့သူမရိွလို႔ပါ့၊ ရွင္းေနတာကို "

သာဒင့္ အရြဲ႔တိုက္စကားကို ေသာင္းဆင့္လ်စ္လ်ူရႈ႔ကာထပ္ေျပာ၏။

" သစၥာရိွတယ္ကြ။ အရက္ေသာက္တိုင္း မမူးဘူးဆိုတာ ေလာကမွာမရိွဘူး။ အဲ့ဒါအရက္ရဲ့အားသာခ်က္ ။  "

" မ်ားမ်ားေသာက္ ၊ ဒါဆို ျမန္ျမန္လစ္ ေအးေရာ"

ဖိုးေထြး  ထပ္ငဲ့ေပးရင္း‌ ေျပာ၏။ လြမ္းေခ်ာင္းမွာ ေရလာခပ္သူတစ္ေယာက္စ ႏွစ္ေယာက္စရိွေပမဲ့
ဝါးရံုပင္အရိပ္ေအာက္မွာထိုင္ေသာေသာင္းဆင့္တို႔အားမည္သူမွ လွၫ့္မၾကၫ့္ရဲၾက။ ေသာင္းဆင့္တို႔ကထိုသို႔အာဏာပါဝါမ်ား၏။

"ေသစရာလား၊  ငါေသရင္ ငွက္ေပ်ာတံုးဖက္ရမွာေပါ့။ Noပါ ေသာင္းဆင့္တို႔က တစ္ေယာက္ထဲေတာ့ မေသခ်င္ေသးဘူး ၊ အနည္းဆံုး အိမ္ေထာင္ေလးဘာေလး ျပဳရဦးမွာေပါ့။ "

ေသာင္းဆင့္စကားေၾကာင့္ ဖိုးေထြးနဲ႔သာဒင္ေအာ္ရယ္ၾက၏။

" ဟိတ္ေကာင္ မင္းကို ဘယ္သူယူမွာလဲ ။
ရုပ္ကိုၾကၫ့္ဦး နီတီတီ ၫွင္းသိုးသိုး။ ပုဆိုးက ဒူးအထက္ေရာက္လို႔ ေအာက္‌က ကာတြန္းေဘာင္းဘီကိုေတာင္ျမင္ေနရၿပီ။ပညာကမတက္ ၊လူကအရက္သမား ၊ ရဦးမယ္မိန္းမႀကီး"

" မိန္းမမရေတာ့ ေယာက်ာ္းယူမွာကြာ ၊ရွင္းလား ။
ေသာင္းဆင့္တဲ့ တစ္‌ဆင့္ပဲ ရိွတယ္"

"အရူး"

ခပ္တိုးတိုးဆဲသံေၾကာင့္ ေသာင္းဆင့္နားကိုႏိႈက္၍ ေနာက္ကိုလွၫ့္ၾကၫ့္လ်ွင္ ေကာ္လာပါ လိမ္ေမာ္ေရာင္ရွပ္ျဖင့္ ၾကည္လင္လွေသာ ေက်ာျပင္တစ္ခုအားေတြ့လိုက္ရသည္။ ေသာင္းဆင့္မ်က္ႏွာမွာ
အၿပံဳးေသးေသးေလးတစ္ခုျဖတ္ေျပးသြား၏။

" ေသာင္းဆင့္  ကိုဘြဲ႔ဆူးက မင္းကိုဆဲသြားတာလား"

ေသာင္းဆင့္ရယ္ကာ အရက္ခြက္ကိုခ်ကာ ထိုင္ရာမွထ၏။ သူထေတာ့ သာဒင္နဲ႔ဖိုးေထြးပါ မေနရ။
ေသာင္းဆင့္သည္ စိတ္ဆတ္၏။ အာက်ယ္အာက်ယ္ႏွင့္ႏႈတ္လည္းၾကမ္းလွတာမို႔ ရန္ျဖစ္ခဲ့သည္ရိွေသာ္ ဘေထြးကိုအားနာရအံုးမည္။

" ကိုဘြဲ႔ဆူးကိုေတာ့ ရန္မစနဲ႔ကြာ ။ဘေထြးမ်က္ႏွာက ရိွေသးတယ္ "

ဖိုးေထြးက ရန္ျဖစ္မွာစိုးေနဟန္ျဖင့္တာေသာ္လည္း
ေသာင္းဆင့္လက္ျပကာ ေနာက္လွၫ့္မၾကၫ့္ပဲ ‌

" မင္းတို႔အသာေနခဲ့" ဟုေျပာကာ ပုဆိုးကိုျဖန႔္၍အဆီျပန္ေနေသာ မ်က္ႏွာကိုသုတ္လိုက္၏။ ဒီေန့ အလုပ္နားရက္မို႔ ဆန္စက္ကိုဒီလူသြားစရာမလိုဘူးထင္သည္။ ထိုသူ႔ကိုျမင္တိုင္းသူ႔ရင္ေတြ လႈပ္ခတ္စၿမဲ ။ ဒါသည္ယခုမွမဟုတ္ ငယ္စဉ္ကတည္းပင္။
ထိုသူသည္သူ႔အားမွတ္မိဟန္မတူေပမဲ့သူကေတာ့ မွတ္ဉာဏ္ေကာင္းကာ အစြဲအလန္းႀကီးသူမို႔  နာမည္ၾကားကတည္းကတန္းသိ၏။ ထိုစိတ္တို႔ေၾကာင့္ သူသည္ တိတ္တခိုး ႏွင္းဆီဘြဲ႔ဆူးကိုႏွစ္သက္သူျဖစ္လာသည္။ သူ၏ ငယ္ရြယ္စဉ္အတိတ္ဘဝတြင္ ႏွင္းဆီျဖဴေလးတစ္ပြင့္ မပါမျဖစ္ ျဖစ္ကာ အရြယ္ေရာက္သၫ့္အခ်ိန္ထိ ဆန႔္က်င့္ဖက္ မိန္းမပ်ိဳတို႔အား မႏွစ္သက္ခဲ့ေတာ့ေပ။ ဤသည္မွာ သူမသိေသာ သူ႔၏ အတိတ္စာမ်က္ႏွာတစ္ခ်ိဳ႕ပင္ျဖစ္၏။ ဒါေတြဘယ္သူမွသိစရာမလိုေပ။ သိေအာင္လည္းႀကိဳးစားမည္မဟုတ္သလို၊မသိေအာင္လည္းသူေနသည္။

" အရူးလို႔ ဘယ္သူ႔ကိုေျပာတာလဲ"

ျမင္ေနရေသာ ဂုတ္ပိုးျဖဴျဖဴေအာင္ေလႏွင့္မႈတ္ကာ သူေျပာလိုက္ေတာ့ အနည္းငယ္တြန႔္ကုတ္သြားပံုကခ်စ္စရာပင္။  သို႔ေသာ္ ေရ႔ွဆက္ေနေသာ ေျခလွမ္းတို႔ကရပ္တန႔္သြားရမည္အစားတိုးလို႔သြက္လက္လာသလို။

ႏွင္းဆီဘြဲ႔ဆူးသူ႔အားေၾကာက္ေနသလား။
သို႔မဟုတ္
ရြံမုန္းေနပါသလား။
သူမည္သၫ့္အရာကိုမွဂရုမစိုက္မိ။
ႏွင္းဆီဘြဲ႔ဆူးႏွလံုးသားမွာ ေသာင္းဆင့္ဆက္ႏိုင္သည္
မုန္းသည္ျဖစ္ေစ၊ ခ်စ္ခင္သည္ျဖစ္ေစ၊ တစ္ေနရာရေနလ်င္သူေက်နပ္သည္။

ေနာက္ပါးဆီက အသံက ဘယ္သူ႔အသံဆိုတာ လွၫ့္ၾကၫ့္စရာမလိုေပ။ နီးကပ္လာေသာ အရက္နံ႔က လူမေရာက္ေသးေဟာင္းေဟာင္းထေနသည္။
ထိုသို႔လိုက္လာမယ္မထင္ခဲ့သည္မို႔ ေျပာၿပီးမွစိတ္ထဲအနည္းငယ္စိုးရိမ္သြား၏။ ရန္ျဖစ္ၾကစတမ္းဆို ဘြဲ႔ဆူးရန္မျဖစ္တက္။ ေသာင္းဆင့္လို အၾကမ္းထည္ႏွင့္ယွဥ္ရင္သူဟာ ႏုနယ္တယ္ဟုဆိုႏိုင္မလား။

" က်ဳပ္ကိုေျပာတာ ဆိုတာ က်ဳပ္သိတယ္။ "

အပိုစကားမဆိုမိေအာင္အသံတိတ္ေျခလွမ္းေနေသာ္ျငား ငမူးဆီမွ သင့္ပ်ံ့လာေသာအရက္နံ႔ႏွင့္အတူ
မထီတထိစကားတို႔ကရပ္တန႔္၍မသြားခဲ့။

" ခင္ဗ်ား တစ္ေယာက္ထဲ ဒီကိုဘာလာလုပ္တာလဲ "

ေဘးနားမွာ ယွဉ္ေလ်ွာက္မိသည္ထိ ဘြဲ႔ဆူးလွၫ့္မၾကၫ့္ျဖစ္ပါ။ သို႔ေသာ္ျငား တစ္ခါတစ္ရံ မ်က္ဝန္းေထာင့္မွာ ေသာင့္ဆင့္၏ ပံုပန္းကို သူျမင္ေနရသည္။
ဒူးေလာက္ေရာက္ေနေသာ ပုဆိုးႏွင့္ ေရ႔ွမွာပံုက်ေနေသာ ခါးပံုစ သည္ ေသာင္းဆင့္၏ ရွည္ထြားေသာ အရပ္ႏွင္ ဘယ္လိုမွၾကၫ့္ရႈ႔လို႔အဆင္မေျပလွ။
သို႔တိုင္ ထိုေယာက်ာ္းသည္ သူ႔ကိုယ္သူ ျပင္ဆင္ခ်င္ဟန္ ၊ ေခ်ာေမာခ်င္ဟန္လည္းရိွပံုမေပၚ။ အၿမဲၫွင္းသိုးေနေသာပံုစံက လူေရွာင္ဖယ္ခ်င္စရာအျမင္မတင့္တယ္စရာပင္ ။

" လမ္းေလ်ွာက္လာတာဆိုရင္ လြမ္းေခ်ာင္းဖက္ကိုမလာနဲ႔ ၊ ေနာက္ရက္ ညေနခင္း ခင္ဗ်ားအားရင္ က်ဳပ္လာေခၚမယ္၊ ရြာအေနာက္ပိုင္းက ေတာစပ္က ဒီခ်ိန္ေတာပန္းေတြ စံုေနၿပီ ၊လမ္းေလ်ွာက္လို႔ သာယာတယ္"

" ဘယ္သူက မင္းကိုလိုက္ပို႔ခိုင္းမယ္ေျပာလို႔လဲ"

မေျပာ၍မၿပီးေတာ့သည္မို႔ ခပ္မာမာျဖတ္ေအာ္လိုက္သည္။

" ခင္ဗ်ား အေဖာ္မရိွမွာ စိုးလို႔ပါဗ်"

" မလိုဘူး "

ဘြဲ႔ဆူး၏ ယတိျပတ္စကားေအာက္မွာ ႏႈတ္ခမ္းတစ္စံုက ေကာ့တက္တြန္းေကြးသြားတာ သိသိသာသာ။ ထီမထင္ဟန္အၾကၫ့္ေတြ ၊ဘာေျပာေျပာ
ေစာက္ဂရုမစိုက္ဘူးဆိုတဲ့ ဟန္ပန္ေတြ ကို ဘြဲ႔ဆူးတကယ္ပင္ရြံမုန္းလွသည္။ ထို႔အျပင္
စကားေျပာ‌တိုင္း ၊အနီးအနားကပ္လိုက္တိုင္း‌ေဟာင္းေဟာင္းထေနေသာ အရက္နံ႔က ေတာ္ေတာ္ကိုဆိုးသည္။ တခါတခါ ပ်ိဳ႕တက္လာလုမတက္။

" က်ဳပ္လိုက္ပို႔ေပးမယ္ ၊ခင္ဗ်ားမရွည္နဲ႔"

" မင္း "

ဘြဲ႔ဆူး ေဒါသတႀကီး လက္ညိုးထိုးကာ
ဘာေျပာရမွန္းမသိသည္ထိ စိတ္တိုသြား၏။
ထိုအခါေသာင္းဆင့္က ရယ္ကာ ဘြဲ႔ဆူး လက္ညိုးကို ဖ်တ္ခနဲဖမ္းဆုတ္လိုက္ၿပီး

" မိန္းမ လက္နဲ႔တူတယ္၊ ဒါေပမဲ့ ခင္ဗ်ားလက္က ပိုရု ရွည္ၿပီး သြယ္ေနတယ္။ ေယာက်ာ္းလက္ဆိုတာ က်ဳပ္လိုလက္ ။ ႏွင္းဆီ ၊ က်ဳပ္ခင္ဗ်ားကို ႏွင္းဆီလို႔ေခၚမယ္ ၊ ခင္ဗ်ား စိတ္တိုလိုက္တိုင္း
က်ဳပ္အရမ္းသေဘာက်တယ္ ၊ အဲ့ဒါေၾကာင့္ က်ဳပ္အေပၚမွာ အရမ္းမဆိုးနဲ႔ "

" ဖယ္စမ္း ၊မင္းကိုယ့္ကို ..."

" တိတ္တိတ္ေနပါ၊က်ဳပ္စကားေျပာေနခ်ိန္ျဖတ္ေျပာတာတကယ္မႀကိဳက္ဘူး ၊အဲ့ဒါေၾကာင့္ က်ဳပ္ေျပာတာကိုပဲနားေထာင္ "

စကားမဆံုးေသး ျဖတ္ေအာ္ လိုက္တာမို႔ ဘြဲ႔ဆူး
ပိုမို၍ မ်က္ႏွာတင္းသြား၏။
ေသာင္းဆင့္ပံုစံက ေစာဏက ရယ္ေမာေနဟန္မရိွေတာ့ပဲ ေဒါသထြက္ေနပံုျဖင့္ ဘြဲ႔ဆူးလက္ကိုပိုမိုတင္းၾကပ္ေအာင္ ဆုပ္ကိုင္လိုက္သည္က မုန္းစရာပင္။

" က်ဳပ္ထပ္‌ ေျပာမယ္။ က်ဳပ္စကားေျပာေနရင္ က်ဳပ္ေျပာတာကိုပဲနားေထာင္။  ခင္ဗ်ား က်ဳပ္အေပၚမွာ ဆိုးဆိုးဝါးဝါး ဆက္ဆံေလ ၊ က်ဳပ္က သေဘာက်ေလပဲ ၊ ရန္ျဖစ္ေလပိုခ်စ္ေလတဲ့ ၊အဲ့စကား ခင္ဗ်ားၾကားဘူးလား ၊ ခင္ဗ်ားကိုေတြ့ရင္ က်ဳပ္အၿမဲစိတ္တိုေအာင္ ေျပာမိမွာပဲ ၊ ခင္ဗ်ားစိတ္တိုလာတဲ့ခ်ိန္ေရာက္ရင္ေတာ့ က်ဳပ္စိတ္ထဲ‌ ေနလို႔ထိုင္လို႔ေကာင္းလာ‌ေလပဲ ျဖစ္ႏိုင္ရင္ ခင္ဗ်ားမ်က္ႏွာေလးကို ၿပံဳးၿပံဳးရႊင္ရႊင္ေလးထားပါ့လား
မဟုတ္ရင္ က်ဳပ္ကိုပိုၿပီး ဆြဲလန္းေအာင္ လုပ္ေနတယ္လို႔ က်ဳပ္ဖက္က ေတြးမိမွာပဲ"

" မင္းရူးေနတာလားေသာင္းဆင့္ ၊ မင္းကို ကိုယ့္အလုပ္ရွင္သားမို႔ သည္းခံေနတာေနာ္၊ ငါ့လက္ကိုမထိနဲ႔ လႊတ္စမ္း ၊"

ဘြဲ႔ဆူးရိုက္ခ်လိုက္တဲ့အခ်ိန္မွာ ေသာင္းဆင့္က အလြယ္တကူလႊတ္ေပးကာ သူ႔လက္အားသူ႔ေခါင္းေပၚေျမႇာက္တင္ထားကာ ဘြဲ႔ဆူးေဒါသထြက္ေနပံုကိုၾကၫ့္၍ သေဘာတက် ခႏၶာကိုယ္အားလႈပ္ခတ္ၿပီးရယ္ေမာေနသည္။
ထိုပံုစံကိုၾကၫ့္ရင္း ဘြဲ႔ဆူးရြံ႔မုန္းလြန္းလို႔  ေအာ့အန္ခ်င္လာသည္ထိ။  ဒီေကာင္ရူးေနတာလား

" ၿပီးေတာ့ ငါ့ကို ႏွင္းဆီလို႔လာမေခၚနဲ႔ ၊ ငါမိန္းမမဟုတ္ဘူး။ ငါ့ကိုထိကပါးရိကပါး လုပ္တက္တဲ့ မင္းေစာက္က်င့္ကိုလည္းျပင္ထား၊ ေနာက္တခါဆိုရင္ ငါ့လက္သီးက ၿငိမ္ခံေနမွာမဟုတ္ဘူး"

ေျပာၿပီးဘြဲ႔ဆူး‌ခ်ာခနဲ လွၫ့္ထြက္သြားသည္။
သို႔ေသာ္ ေနာက္ပါးမွ လွမ္းေအာ္လိုက္ေသာ စကားေၾကာင့္ ေျပးထိုးခ်င္တာ လက္ကိုယားသြားသည္ထိ။

" ႏွင္းဆီ ၊ က်ဳပ္ဟိုေန့ကေျပာထားတဲ့ ေဟာခ်က္‌ေတြကိုခင္ဗ်ားမယံုလို႔မရဘူးေနာ္ ၊ခင္ဗ်ားသိပ္မၾကာခင္အိမ္ေထာင္က်လိမ့္မယ္ ၊တျခားသူေတာ့မဟုတ္ဘူး၊  က်ဳပ္နဲ႔"

ဘြဲ႔ဆူး အေတာ္လွမ္းလွမ္းေရာက္မွာ ေနာက္လွၫ့္ေအာ္သည္။ ဆဲဆူျခင္းသည္ သူ႔ဘဝမွာ ဒါပထမဦးဆံုးပင္ျဖစ္သည္။

" ေဘာပဲယူလိုက္ေသာင္းဆင့္ ၊ မင္းဘိုးေတာ္ငါက
ေယာက်ာ္းစစ္စစ္ ၊ယူခ်င္းယူမိန္းမပဲယူမွာ ။ မင္းလို အရက္သမားလူေဘာ္ေက်ာ့ကို စကားအရာမွာတင္စီးခံတာ ဒါေနာက္ဆံုးဆိုတာမွတ္ထား။ "

" မမွတ္ထားဘူး။ က်ဳပ္က ခင္ဗ်ားကို ယူမွာ ။ က်ဳပ္ေျပာတာ ခင္ဗ်ားၾကားတယ္မို႔လား။ က်ဳပ္ လူပ်ိဳႀကီးမလုပ္ႏိုင္ဘူး။ က်ဳပ္လိုအရက္သမားကိုယူႏိုင္တဲ့ မိန္းမလည္း မရိွဘူး ၊အဲ့ဒါေၾကာင့္ခင္ဗ်ားက်ဳပ္ကို မယူလို႔မရဘူး"

" မင္း ဖင္ခံလိုက္ "

ေသာင္းဆင့္တဟားဟားေအာ္ရယ္က်န္ခဲ့သည္။
ဘြဲ႔ဆူးေနာက္လွၫ့္မၾကၫ့္ေတာ့ေပ။
ရြံ႔မုန္းလြန္းတဲ့စိတ္က ရင္ထဲ တလိမ့္လိမ့္တက္လာသည္ထိ။

ခ်စ္တဲ့အိမ္စည္။

( ၅ရက္တစ္ပိုင္းပါေနာ္)

Bạn đang đọc truyện trên: ZingTruyen.Xyz