ရုပ်ဆိုးတဲ့နှင်းဆီ (Completed)
2
ချောင်းကမ်းရွာ၏ သုံးရေသည် လွမ်းချောင်းကို
အခြေခံပြီး ရေခမ်းသည့် အချိန်တွင်တော့ ခြေချင်းဝတ်ထိသာ ရှိ၍ လက်လုပ်တွင်းတွေကိုသာ
အားထားရလေသည်။
ရေခမ်းချိန်တွင် သောင် ပေါ်လာကာ ထိုနေရာကို လက်ဖြင့်တူးလျှင်ရေထွက်လေ၏။ထိုစိမ့်ရေကို သဲမပြိုစေရန် ဝါးဖြင့်ခတ်ကာ တွင်းဖြစ်စေပြီးရေကိုလိုသလောက်သုံးနိုင်ပေသည်။ ရေသည်မရှားပေ။ သို့သော် သောက်ရေနှင့် သုံးရေကို တက်နိုင်သူများက
နေအိမ်များ၌ ကိုယ်ပိုင်ရေတွင်းများပြုလုပ်၍မီးစက်နိုး၍တဖုံ ၊ အပင်ပန်းခံနိုင်သူများက လက်လှုပ်ဘုံဘိုင်များအသုံးပြု၍လည်းကောင်း အသုံးပြုကြပြီး ရွာထိပ်ရှိ သိုလောင်ကန်၌လည်း တစ်ရက်ခြားတစ်ခါ ရပ်ရွာပြည်သူများစုပေါင်း၍ ရေတင်ပြီး ရေပြန်ပေးလေ့ရှိသည်။ ထို့အပြင် ဘုန်းကြီးကျောင်းရှိ ကျောက်ကန်၌လည်း သောက်ရေသွားခပ်လို့ရချေသည်။
ရွာအနောက်ဘက်တွင်တောရှိသည်မို့ အသားရှာတောပစ်ထွက်သူအများအပြားလည်းရှိသည်။
တောထူ၍ အစားအသောက် ၊အသီးအရွက်နှင့် ဟင်းစားသည်တော့မရှားပါး။ အနောက်ကြောသည် တောတောင်များနှင့် အုပ်မှိုင်းနေပြီးအရှေ့ကြောသည်တော့ လယ်ကွင်းများစွာဖြင့် စိမ်းစိုပြန့်ဖြူး လေသည်။
ချောင်းကမ်းရွာတွင် လူတန်းစား သုံးမျိုးရှိရာ
သောင်းဆင့်တို့ကတော့ သူကြွယ်မျိုးဖြစ်ပြီးအရှေ့ကြောမှာ လက်ညိုးထိုးမလွဲ လယ်ယာမြေတွင်ပိုင်ဆိုင်သည်ဟု ကျော်ကြားပေသည်။တမျှော်တခေါ်ရှိသောလယ်ကွင်းများသည် အဆုံးအစမရှိပေ။ ထိုလယ်များကို အစုစားချ၍ စပါးအမြတ်ပြန်ယူပြီး၊ တပါးကျန်ရှိသောလယ်များကိုတော့ အလုပ်သမားများဖြင့် စိုက်ပျိုးလေသည်။ ထိုမျှမကသေး သောင်း ဆန်စက်သည်
ချောင်းကမ်းရွာအပါအဝင် ရွာကြီး၇ရွာ၏ မရှိမဖြစ် ဖြစ်ပြီး ဆန်စပါးစိုက်ပျိုးသော ရွာများဖြစ်သည့်အလျောက် ဦဘောဂသောင်းလို မှန်ကန်သော စပါး
အဝယ်ဒိုင်မျိုးကို ဆန့်ကျင်၍ အသစ်အသစ်သော ဆန်စက်များကို သွားရောင်းပေးလေ့မရှိကြ။
ထို့ကြောင့်သောင်းဆန်စက်သည် တစ်နယ်လုံးတွင်ေကျာ်ကြားရုံမက စပါးကျီများစွားဖြင့်လည်း ဝယ်ယူသိုလှောင်ကာ မြို့ပေါ်၌
သောင်းဆန်စက်နှင့်ဆန်ရောင်းဝယ်ရေးဟူသည့်ဆိုင်များစွာကို ဖွင့်လှစ်ရောင်းချလေသည်။
ထို့ကြောင့် ဦးဘောဂသောင်းသည် အမှန်အကန်ပင်ချမ်းသာသော သူကြွယ်တစ်ယောက်ဆိုလည်းမမှား ပေ။
ဦးဘောဂသောင်းတွင် သောင်းဆင့်အပြင်
ကလျာသောင်းဟူသည့် သမီးတစ်ယောက်လည်းရှိသေးသည်။ သူသည် အသက် ၁၈နှစ်အရွယ်လောက်ကတည်းကပင် မြို့ပေါ်ရှိ သူငယ်ချင်းဖြစ်သူ၏သားနှင့်စေ့စပ်လက်ထက်ပေးခဲ့သည်ဖြစ်ရာ ယခုဆို
သားနှစ်ယောက်ပင် ရှိနေပြီဖြစ်သည်။ မြို့ပေါ်ရှိဆန်ဆိုင်များကိုလည်း ကလျာသောင်းပင်ဦးစီးကာ ရွာကိုဖြင့် တစ်နှစ်တစ်ခေါက်ပင် ပြန်လာဖို့မနည်းကြိုးစားနေရသူဖြစ်သည်။
သောင်းဆင့်ကတော့ အသက်၂၆နားပင်ကပ်နေပြီဖြစ်ကာ လက်ကြောမတင်းသော အမူးသမားမို့
ဦးဘောဂသောင်းသည်လုံးဝအားမကိုးပါချေ။
သမီးနှင့်မြေးများဖြင့် သူ့ဘဝသည် သာယာသည်ဆိုသော်ငြား တစ်ဦးတစ်ယောက်ထဲသာ ပါသော သားယောကျာ်းလေးအားလည်း မိသားစုတစ်ခုဖြင့် ဘဝကိုကောင်းစွာဖြတ်သန်စေချင်ပါသေးသည်။ သို့သော် သူ့သားအား လက်ခံမည့်သမီးရှင်များသည် ရှားပါးကာ သောင်းဆင့်သည်လည်း အရက်မှတပါး တခြားသော စိတ်ဝင်စားဖွယ်မရှိဖြစ်နေသည်မို့ သတိုးသမီးရှာပေးဖို့အစီအစဉ်သည်များစွာခက်ခဲလှပေသည်။
ယခုလည်း သောင်းဆင့်၏ သရက်တောမှာ ပါးစပ်သရမ်းခဲ့သော ကိစ္စကြောင့် ရပ်ရွာသန့်ရေးကို အမှူးထားကာ တစ်ပါတ်တိတိရွတ်ဖတ်ပူစော်ကြမည်ဖြစ်ပြီး အကျွေးအမွေးနှင့်ကုန်ကျစရိတ်အတွက် ဦးဘောဂသောင်းမှာ တာဝန်ယူဖြေရှင်းရမည်ဖြစ်သည်။
ထို့အပြင် လွမ်းချောင်းသန့်ရှင်းရေးနှင့် လက်ယက်တွင်း ဆယ်တွင်းပြုလုပ်ပေးရန် ရွာသူကြီးဦးမိုးလွင်မှ
သောင်းဆင့်အားအထူးပြစ်ဒဏ်ပေးထားသေးသည်။ ထို့ကြောင့်သောင်းဆင့်တစ်ယောက် အရက်ပုလင်းခါးကြားထိုးကာ လွမ်းချောင်းကမ်းဘေးမှာ အရက်သောက်လိုက် သဲတွင်းတူးလိုက်နှင့် အပြစ်ဒဏ်ခံနေရချေသည်။
" ဘောဂ ငါတို့အထဲဝင်ခဲ့မယ်ဟေ့"
သောင်းဆင့်အကြောင်းတွေးမိတွေးရာ တွေးနေရာမှ ဘထွေးအသံကြောင့် ဦးဘောဂလှုပ်လှုပ်ရှားရှားဖြစ်လာ၏။
"ဘထွေး ပါလား၊ ဘယ်ကလှည့်လာတာလဲ ။ ကျွန်တော်တောင် မနေ့က ဘထွေးတို့ဖက်လှည့်ခဲ့ဦးမလို့ပဲ ၊ အိမ်ကရွာဇော်ရဲ့ပြဿနာတွေဖြေရှင်းနေရတာနဲ့ ကျွန်တော်လည်း မရောက်ဖြစ်လိုက်ဘူး"
ဘထွေးအားနှုတ်ဆက်ရင်း အတူပါလာတဲ့
လူငယ်လေးအားလည်းဦးဘောဂသတိထားမိလိုက်သည်။
ထိုလူငယ်သည် အသက် ၂၇နှစ်ခန့်ရှိကာ မရမ်းစေ့ရောင်ရှပ်နှင့်ပုဆိုးအားသေသပ်စွာဝတ်ဆင်ထားပြီးတိုရှင်းတဲ့ ဆံနွယ်တွေအား တစ်မွှေး၊တစ်မျှင်
မကျအောင် ရှင်းလင်းစွာဖြီးသင်ထားသည်။
လက်မှာဝတ်ဆင်ထားသော အနက်ရောင်လေးထောင့်နာရီနှင့် အဖုအပိန့်မရှိသော မျက်နှာသည် အိမ်ကကောင် အရက်သမားနှင့်တခြားဆီပင်။
ကိုယ်ခန္ဓာသည် ပိန်သည်လည်းမဟုတ် ၊ဝသည်လည်းမဟုတ်ပဲ အဆီအပိုမရှိ အချိုးကျကာ အနေအထိုင် ကျစ်ကျစ်လျစ်လျစ်နှင့်မြင်ရသည်မှာ ချောသည်လည်းမဟုတ်ပဲ ကြည့်ရှု့လို့ကောင်းလှပေသည်။
ဘထွေးသည် အတူပါလာသူ ဘွဲ့ဆူးအား ဦးဘောဂသောင်း ဝေ့ကြည့်လိုက်သည်ကိုမြင်ရသည်နှင့်
" သူနာမည်က ဘွဲ့ဆူးလေ ၊ငါ့တူမ သန္တာနှင်းရဲ့သား" ဟုအလိုလျောက်မိတ်ဆက်ပေးလိုက် လေသည်
" ဪ ..ဒါကြောင့် စိတ်ထဲရင်းနှီးနေပါတယ် ထင်နေတာ။ သန္တာနှင်းရဲ့သားကိုး။ ရုပ်က ဖအေတူထင်တယ်၊ မြတ်ကျော်ရော နေကောင်းကျန်းမာရဲ့လား"
မြတ်ကျော်ဆိုတဲ့နာမည်ကြားသည်နှင့် ဘွဲ့ဆူးမျက်နှာ
ခပ်မှိုင်းမှိုင်းဖြစ်သွားလေသည်။
" လွန်ခဲ့တဲ့ လေးလလောက်ကပဲ ဖေဖေဆုံးသွားပါပြီ ဦးလေး။ "
" အရက်ကြောင့်ပေါ့ကွာ ၊ သန္တာနှင်းမရှိတော့ကတည်းက သောက်လိုက်တဲ့အသောက်၊ သေတဲ့အထိ အရက်ပုလင်းဖက်သွားတုံး ။"
" ဘွဲ့ဆူးက တစ်ယောက်ထဲကျန်ခဲ့တာပေါ့ ၊မောင်နှမသားချင်းလည်းမရှိဘူးမို့လား"
" မရှိဘူးပ ၊ အဲ့ဒါကြောင့် သူတစ်ယောက်ထဲ မြို့ပေါ်ထားဖို့စိတ်မချတာနဲ့ခေါ်လိုက်တာ "
" ဘာသတင်းမှမကြားလိုက်ရတော့ ဆုံးသွားမှန်းတောင်မသိလိုက်ရပါလား။ အင်း..ငယ်တဲ့သူတွေက
အရင်သွားနေကြတော့ ကျွန်တော်တို့သွားဖို့လည်း အချိန်သိပ်မကျန်တော့သလိုပဲ ဘထွေးရာ"
"တရားကိုကြည့် ဘောဂ ၊ ဒါလူတိုင်းသွားရာလမ်းပဲ။ ရှောင်လွှဲလို့မရဘူး "
"မှန်တာပေါ့။ ကျွန်တော်လည်း ကိုယ်နဲ့အတူပါမဲ့ တရားဓမ္မကို နောက်ဆံကင်းကင်း လုပ်ရမဲ့အရွယ်ရောက်နေပါပြီ။ ဒါပေမဲ့ အချိုးမပြေတဲ့ အရက်သမားကြောင့် ခုထိ အိမ်အလုပ်တွေ ကျွန်တော်ပါနေရတုန်း"
" သောင်းဆင့် သတင်း တွေကြားပါတယ်။ သူရောနေကောင်းရဲ့လား"
ဦးဘောဂသည် သောင်းဆင့်နာမည်ကြားသည်နှင့် သက်ပြင်းချကာ ခေါင်းညိမ့်ပြသည်။
ဘထွေးနှင့်အတူ ဘွဲ့ဆူးပါ ပါလာသည်မို့
ငြိမ်သက်စွာဘေးမှာထိုင်ရင်း လူကြီးတွေစကားဝိုင်းအားနားထောင်နေမိသည်။
အိမ်ကြီးသည် တစ်ရွာလုံးတွင် အခမ်းနားဆုံးဆောက်လုပ်ထားသည်မို့ ဖိတ်ဖိတ်လက်ကာ တန်ဖိုးကြီး ပန်းပုရုပ်အများအပြားနှင့် ကျားသားရေ ၊ ဆင်စွယ်နှင့် သမင်းဂျို အပါအဝင် တပါးသော ရှားပါးသားကောင်များ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုလည်းအလှပြချိတ်ဆွဲထားလေသည်။
ဘွဲ့ဆူးသည် ထူးဆန်းသော မြင်ကွင်းကိုမသိမသာ လိုက်လံငေးမောနေမိပေမဲ့ နားထဲတွင် ကြားလိုက်ရတဲ့ သောင်းဆင့်ဆိုသော နာမည်ကြောင့်တဖန်ပြန်၍ စကားဝိုင်းကိုနားစိုက်မိသွားလေသည်။
ထိုအမျိုးသားနာမည်ကို သူရွာရောက်စနေ့ကတည်းက မှတ်မိနေသည်ထိ နားထဲစွဲနေချေသည်။
သောင်းဆင့် ဟုသော်လည်းကောင်း၊ ရွာဇော်သောင်းဆင့် ဟုလည်းကောင်း၊ သရဲနိုင်သောင်းဆင့်ဟုတဖုံ
အမျိုးမျိုးခေါ်တွင်ကြလေသည်။
သို့သော် ကောင်းသတင်းများမဟုတ်လေပါ။
အမျိုးမျိုးသော အကြောင်းအရာများထဲတွင် ထိုယောကျာ်း၏ဆိုးဝါးသော အကြောင်းတရားများသာ ဖြစ်လေသည်။
" မသေလို့ကံကောင်းတာပေါ့ ၊ ပါးစပ်သရမ်းချက်ကတော့ ဘထွေးရာ ၊ ဒီကောင်ဘယ်သူ့ဗီဇများပါလာရတာလဲဆိုတာ တွေးလို့ကိုမရဘူး။ သူ့အမေဆီမှာလည်း ဒီလိုအကျင့်မရှိဘူး ၊ ကျွန်တော်ဆီမှာဆို ပိုဆိုးသေးတယ်။ "
ဦးဘောဂသည် သောင်းဆင့်၏ အကျင့်များကို ရွယ်တူဖြစ်ဟန်တူသော ဘွဲ့ဆူးရှေ့မှာ မပြောလိုပေမဲ့
ဘထွေးအားတွေ့သည်နှင့် တိုင်တောချင်စိတ်တို့သည် ကလေးတစ်ယောက်နှယ်အတောမသတ်နိုင်အောင် ဖြစ်လာလေသည်။ ဘထွေးသည် ဦးဘောဂ၏စိတ်ကိုနားလည်သည်။ ထို့ကြောင့် စိတ်သက်သာရလေအောင် နှစ်သိမ့်ကြည့်ဖြင့် ကြည့်ကာ
" လူငယ်တွေဆိုတာ ဒီလိုပဲ အယုံအကြည်နည်းကြတယ်။ ပါလာတဲ့ ပရလောကသားက ငညိုမို့ မင်းသားကံကောင်းသွားတာ၊ နို့မို့ သောင်းဆင့် မလွယ်ဘူး။ဘာပဲပြောပြော အားတဲ့တစ်ရက်ရက် အိမ်ခေါ်ပြီး ဆုံးမလိုက်ဦးမယ် "
" သူ့ကိုယ်သူ ဒါကို ဘထွေးတူက ဂုဏ်ယူနေတာ။
ခုဆို ရွာဇော်သောင်းဆင့်အပြင် သရဲနိုင်သောင်းဆင့်ဆိုပြီး ရွာထဲဟိုးလေးတကြော်ကြော်ပဲ။ ငညိုက
မသေခင်ကတည်းက လူရွှတ်လူနောက်။ ရွာထဲဝင်မရတော့ ရွာထိပ်မှာ ဘထွေးတူနဲ့ နပန်းလုံးကြတာ နားလိုက်လုံးလိုက်နဲ့လေးကြိမ်တောင်။ ဟိုက စနောက်ပြီး
အပျော်လုံးလို့ပေါ့ အတည်သာဆိုရင် သောင်းဆင့်ဆိုတဲ့ကောင်ရှိပါတော့မလား"
စကားပြောနေတဲ့ လူကြီးတွေစကားဝိုင်းအားနားထောင်ရင်း ဘွဲ့ဆူး ရယ်ချင်မိသည်မို့ အားနာစွာခေါင်းငုံ့၍ခိုးရယ်လိုက်မိသည်။ ဦးဘောဂသောင်း၏ သားဆိုသူ ကိုသောင်းဆင့်သည် ဘွဲ့ဆူးရောက်လာတဲ့နေ့ကတည်းက နားထဲရင်းနှီးနေသည်ထိ နားရည်ဝနေလေပြီ။
သရဲနှင့်နပန်းလုံသည်တဲ့။
ဘယ်လောက် ရူးမိုက်တဲ့သူလဲ။
" သူက ဒါဆို ဒီရွာမှာ အမြဲနေတော့မှာပေါ့"
ဘောဂသောင်း ညွှန်ပြမှ သူလာရင်းကို သတိရသွားကာ
" ဟုတ်တယ် ၊ ဒီမှာပဲခေါ်ထားတော့မလို့ ။
စီးပွားရေးနဲ့ကျောင်းပြီးထားတယ်။မြို့မှာလည်းကုမ္ပဏီမှာဆိုလားမန်နေဂျာလုပ်တယ်တဲ့။ ငါလာရင်းကလည်း သူ့အရေးကြောင့်မို့ပေါ့ ၊ဘယ်နှယ့်လဲ မင်းဆန်စက်မှာ အလုပ်လေးတစ်နေရာစာများရှိလေဦးမလားလို့"
" နေရာကပေးဖို့လွယ်ပါတယ် ၊ စားရင်းကိုင်တွေစစ်ပေးတဲ့ ငွေစာရင်းနဲ့ လချုပ်စာရင်းတွေကိုအမှားအယွင်းမဖြစ်အောင် စီစစ်ပေးရုံပဲ၊ ဦးလေးဆီမှာ စာရင်းကိုင် လေးယောက်ရှိတာတောင် စာရင်းမနိုင်ကြဘူး။ မနိုင်ဆို စနစ်တကျ သင်ယူထားတဲ့သူတွေမဟုတ်ဘူးလေ၊ရွာပေါ်က ဘွဲ့ရအလုပ်မရှိတဲ့ကလေးတွေခေါ်ပြီး အလုပ်ပေးထားတာဆိုတော့ နည်းအကျဉ်းတော့ အမှားအယွင်းရှိတာပေါ့။ ငါ့တူက မြို့မှာလည်းရာထူးကြီးကြီးလုပ်လာတဲ့သူဆိုတော့ဦးလေးက ဒီမှာလည်း မန်နေဂျာပြန်ခန့်လိုက်ပါ့မယ်။ အဓိက က သောင်းဆင့်လာတောင်းတိုင်းမပေးဖို့ပဲ။
မနက်၈ ညနေ၄ ငါ့တူအဆင်ပြေရင် မနက်ဖန်အလုပ်ဆင်းနိုင်တယ် "
ဘွဲ့ဆူးပျော်ရွှင်မူ့ကို မဖုံးနိုင်စွာ နှုတ်ခမ်းထောင့်လေးတွေကော့တက်သည်ထိပြုံးမိသွားသည်။ လာသာလာရသည် အလုပ်မရမှာလည်း သူစိုးရိမ်ခဲ့၏။
ရွာမှာရှိတဲ့တောရှာငှက်ပစ်၊ လယ်လုပ် စိုက်ပျိုးအလုပ်များလည်းသူကျွမ်းကျင်မူ့မရှိသည်မို့ သူနဲ့အဆင်ပြေတဲ့ အလုပ်တနေရာစာ ရဖို့ခက်ခဲသည်။
" ကျေးဇူးတင်ပါတယ်ဦးလေး ကျွန်တော်မနက်ဖန် အလုပ်စဆင်းနိုင်ပါတယ်။ ငွေကြေးအတွက်ကတော့ စိတ်ချပါ ၊ကျွန်တော် အတက်နိုင်ဆုံး အမှားအယွင်းကင်းအောင် မပျောက်ရှအောင် ကြိုးစားပါ့မယ်"
ဘွဲ့ဆူးလိမ်မာယဉ်ကျေးစွာ ပြောလိုက်သည်မို့ ဦးဘောဂသောင်းကျေနပ်သွားသည်ကသိသိသာသာ။
" ကဲ ဒါဆိုလည်း မနက်ဖန် ဆန်စက်ကိုလာခဲ့ကွာ ၊
နေ့ခင်းစာလည်း ချိုင့်မထည့်ခဲ့နဲ့ အဲ့မှာ စားဖိုရုံရှိတယ်။။ အလုပ်သမားတွေများတော့ လူနည်းနည်းရှုပ်တယ် ၊ဒါပေမဲ့ အကုန်သဘောကောင်းကြပါတယ် ၊မင်း ပျော်သွားမှာပါ "
" အဲ့ဒါတော့မပူနဲ့ ။ ဘွဲ့ဆူးက ပေါင်းသင်းဆက်ဆံရေးကောင်းတယ် ၊အနည်းအပါးတော့ မင်းလည်းကြည့် ဂရုစိုက်ပေးလိုက်ဦး ၊ နယ်ခံတွေနဲ့ သူနည်းနည်းစိမ်းနေဦးမှာ "
ဦးဘောဂက ဘထွေးစကားကြောင့်ရယ်ကာ မောကာဖြင့်
"ဟုတ်ပါပြီဘထွေးရာ ၊ကျွန်တော် သေချာဂရုစိုက်ပေးလိုက်ပါ့မယ် "
ဦးဘောဂအိမ်ကနေ နှုတ်ဆက်ပြီးပြန်လာသည်ထိ
ဘွဲ့ဆူးမှာ အလုပ်ရသည်ကို ပျော်မဆုံးသေးပေ။
သူ့အနေနဲ့ ချောင်းကမ်းရွာမှာ အခြေချမည်မို့
သင့်တင့်တဲ့ ဝင်ငွေတစ်ခုတော့ရှိဖို့လိုအပ်သည်။
ဘထွေးသည် မေမေ့၏ အကိုတစ်ဝမ်းကွဲဖြစ်ပေသည့် အသက်အရွယ်ကွာကာ ယခုဆို အသက် ၆၇နှစ်ပင်ရှိတော့မည်ဖြစ်သည်။ ထို့ကြောင့် ဘထွေးအား အားကိုး၍ ဘွဲ့ဆူးမှာ ရှင်သန်လို့မရပေ။
ဘထွေးသည် အတော်အသင့် ချမ်းသာသောသူဖြစ်ပြီး တပါးသော တူတွေ၊တူမတွေလည်းရှိပေ သေးသည်မို့ ဘွဲ့ဆူးအား မလိုမုန်းထားဖြစ်လာမည်ကိုလည်းမခံချင်ပေ။
မေမေ့ဖက်ဆွေမျိုးများရှိရာ ချောင်းကမ်းရွာသည် ဘွဲ့ဆူးနှင့် စိမ်းသက်လွန်းကာ ငယ်စဉ်ကလည်း နှစ်ခေါက်မျှသာ အလည်အပတ်ရောက်ရှိဖူးပြီး အသက်အရွယ်ကြီးသည့်နောက်ပိုင်းတွင်တော့ ဘွဲ့ဆူးမရောက်ဖြစ်တော့ပေ။
________________
တိမ်ရောင်စုံခင်းပါလို့ ...လေပြေရယ်သွေးပါလို့
ညနေဆည်းဆာ အလှကဗျာမှာ.....
ပုလွေသံသာသာ ထန်းပင် ထန်းတော ညို့ညို့ဝေဆာ နေညိုချိန်မှာ ပျိုမဒီတွေရေခပ်ဆင်း အလှချင်းပြိုင်တဲ့အခါ ရှု့မငြီးနိုင် လှလွန်းစွာ ကျေးလက်ကဗျာ ......
သီချင်းသံသဲ့သဲ့နှင့်အတူ ညနေဆည်းဆာအောက်မှာ
ချောင်းကမ်းရွာ၏လိုက်ဖက်မူ့မှာ ဘယ်ပန်းချီရေးမမှီနိုင်ခဲ့ပေ။ ပျိုမေတွေရေခပ်ဆင်းချိန် ညနေနေညိုချိန်တွင် ချောင်းကမ်းရွာ၏ လက်လုပ်ရေတွင်းများသည်
ရေပြတ်လပ်လုနီးနီး။
သို့သော် အပြစ်ဒဏ်ခတ်ခံရသည့်သောင်းဆင့်၏
ရေတွေင်းများက အဆင်ဆင့်ပင်။
"ဟော ဟိုမှာ ကိုသောင်းဆင့်တော့ "
ညိုရင် ၏ အသံဆာဆာက ရေခပ်တဲ့လုံမပျိုတွေကြားမှာ ကူးလူးပျံ့နှံ့သွား၏။
သိသိသာသာရော မသိမသာရော ဖြတ်ပြေးလာတဲ့ အကြည့်တွေအား မသိကျွမ်းဝင်ပြုကာ ရေတွင်းတူးလို့ပြီးပြီးမို့ သောက်လက်စ အရက်ပုလင်းကို ခါးကြားထိုး၍ ပြန်ရန် ဂေါ်ပြားအား ပုခုံးပေါ်တင်လိုက်လေသည်။
သောင်းဆင့်က အရက်သမားဆိုပေမဲ့ ရုပ်ရည်က ဆိုးဆိုးဝါးဝါးမဟုတ် ။
ဂုတ်ထောက်နေတဲ့ ဆံသားတွေက အနီရောင်အန်းနေတဲ့ မျက်နှာကိုဖြတ်ကာ မဲနက်သော မျက်ခုံးတန်းတွေအားကွယ်လုလု ၊ ဆေးလိပ်သောက်တက်သော နီညိုရောင် နှုတ်ခမ်းတွေက ပြတ်သားသော မေးရိုးအထက်မှာ ခိုင်ကြည်လွန်းကာ တိတိပပ။
စူးရှသော မျက်လုံး ၊ မထီတထီကြည့်သော မျက်နှာပေးနဲ့ ဂရုမစိုက်သော အပြုအမူက သောင်းဆင့်မှတပါး မည်သူမှမရှိနိုင်။
ရွှေလက်ကောက်က တချွင်ချွင်မမြည်သော်ငြား
ထည်ဝါလှသော ရွှေအဆင်းမို့ လက်တခါခါ ခေါင်းတမော့မော့လုပ်တိုင်း ဝင်းခနဲလက်ခနဲ။
" ကိုသောင်းဆင့် ပြန်တော့မလို့လား"
"အေး"
ပြတ်သားလှသော စကားအောက်မှာ ညိုရင်မတို့တစ်စု ဇာတ်ကလေးတွေပုကုန်လေ၏။ ထို့နောက် သောင်းဆင့်သွားရာနောက်အား လည်ပင်းလိမ်သည်ထိ ရေအိုးလေးတွေခါးစောင်းတင်ကာ လိုက်ကြည့်၍
ငေးမောကြလေသည်။
သောင်းဆင့် ဂေါ်ပြားအားထမ်း၍ ရွာလယ်လမ်းကိုရှောင်ကာ လမ်းကြားမှတဆင့် ဆန်စက်ဂိုထောင်မှာ သွားအိပ်ဖို့ ကြံရွယ်ထားသည်။
အလျင်ဦးဆုံး ဖိုးထွေးတို့အိမ်မှာ ထမင်းဝင်စားဖို့
လမ်းကြားတစ်ခုကိုဖြတ်လျှောက်လိုက်သည်။
အရက်ကိုပင် တနေကုန်သောက်နေသည်မို့ မူးရစ်လွန်ကာ လူက ထွေနေ၏။ အစာမစားထားသည်မို့ ဗိုက်ကလည်းအောင့်ချင်ချင်။
သို့သော် အရက်သမားတို့မည်သည် ထမင်းထက် အရက်ကို ပိုကြိုက်လေသည်မို့ ရောဂါဖြစ်မည်ကိုလည်း သူမမူ့။
" ဟိတ်ကောင် သောင်းဆင့် ၊ ကြည့်ရတာ တော်တော်မှအီသွားရဲ့လားကွ"
နွားစာစင်းနေတဲ့ ဖိုးထွေးစကားကို သောင်းဆင့်လျစ်လျူ ရှု့ကာ အိမ်ရှေ့က ကွပ်ပျစ်မှာ ဝင်ထိုင်လိုက်သည်။
ဗိုက်ကလည်းဆာနေပြီမို့ သူ့မျက်နှာကမှုန်သုန်နေမှာမလွဲ ။
" ဗိုက်ဆာတယ် ၊ တစ်ခုခုယူခဲ့ပေး"
သောင်းဆင့်ဘေးမှာရှိတဲ့ ဖိုးထွေးအမေ အရီးပု၏
နေလှမ်းပြီးမရုတ်ထားရသေးသော အညာစောင်ကြမ်းအားဆွဲကာ ခေါင်းခု၍လှဲအိပ်လိုက်သည်။
တနေလုံးကျောမခင်းရသေးသည်မို့ ခါးကြောတွေသည် တင်းတောင့်ကာ နာပင်နေသည်။
လက်လုပ်ရေတွင်းသည် သဲတွင်းမို့ မခက်ခဲ။
ဆယ်တွင်းဆိုသည်မှာ အမြန်လုပ်လျင် နေ့တစ်ပိုင်းတောင်မှ မခဲရင်း။
သို့သော် သူသည် ခံနိုင်အားမရှိချေ။
အစားမစားပဲ အသောက်သာများသည်မို့ လက်တွေတုန်ကာ လူက ဟိုက်၏။
" ထတော့ ၊ အိမ်မှာဘာဟင်းမှမရှိလို့ ကိုဘွဲ့ဆူးအိမ်က သွားနှိုက်လာတာ။ ကိုဘွဲ့ဆူးက ဟင်းချက်ကောင်းတယ်။ "
ဖိုးထွေးစကားကြောင့် လူက ငူငူငိုင်ငိုင် ထထိုင်လာကာ ဘေးအိမ်အားလှမ်းကြည့်လိုက်သည်။
သူအကြည့်နှင့် ဘွဲ့ဆူးဆိုသောသူ အိမ်ထဲကထွက်လာတာနှင့်ကွက်တိ။
သို့သော် သူ့အားထိုသူသည် သတိထားမိမနေပါချေ။
ညနေခင်းနေရောင်အောက်မှ ရှင်းသန့်ကြည်လင်နေသော ခံစားချက်က ထိုအမျိုးသားကိုမြင်မိမှ။
ထွေပြားနေသော ခံစားချက် ၊မကြည်လင်နေသော စိတ်တို့သည် အချိန်တစ်ခဏအတွင်း မျိုးတူယောကျာ်းတစ်ယောက်ကြောင့် ပျက်ပြားသွား၏။
"သူက နှင်းဆီဘွဲ့ဆူးဆိုတာလား"
" ဟုတ်တယ်လေ ၊ဘထွေးတူ ၊ချောတယ်နော်"
သောင်းဆင့်မျက်မှောင်ကြုတ်ကာ
ဖိုးထွေးအားကြည့်သည်။
" မျက်လုံးကန်းနေလား ၊ ဒီလောက်ရုပ်ဆိုးနေတာ "
ပြောပြီးပြန်လှည့်သွားတဲ့မျက်နှာသည် ဖိုးထွေးအားဆန့်ကျင်၍ သနပ်ခါးရောင် ရှပ်နှင့် သန့်ရှင်းစွာဝတ်ဆင်ထားသော ပုဆိုးဝတ်အမျိုးသားဆီမှာသာ။
" မင်းမျက်လုံးကသာကန်းနေတာ ၊ ခြေထောက်တွေ ၊လက်တွေကြည့် ဒီလောက် ရှင်းကော့နေတာ။ "
" ခြေတွေလက်တွေ လှရုံနဲ့ ရုပ်ချောမှာလား။
နှာေခါင်းကိုကြည့် ချွန်းနေတာ ၊ မျက်လုံးတွေကလည်း မြို့ပေါ်ကမိန်းမတွေလိုပဲ အမဲရောင်ဆိုးထားသးတယ် ၊ နှုတ်ခမ်းကလည်းနီတီတီနဲ့ ဘယ်နေရာကချောသလဲ။ "
" မျက်လုံးတွေက သူ့ဘာသာ မဲနေတာပါကွာ ၊ ငါသေချာကြည့်ဖူးပါတယ်၊ နှာတံကလည်းစင်းနေတာပါ ၊ မင်းသေချာကြည့်ပါ့လား၊သူက ကုလားစင်လိုရုပ်မျိုး။ "
" မသိဘူး ၊ငါ့မျက်လုံးထဲမှာ မချောဘူး"
" ရုပ်ဆိုးတယ်လို့သာပြောတာ ၊မင်းမျက်လုံးက အဲ့လူဆီကကို မခွာတော့ဘူး။ ဒီမှာ ငါသွားခူးပေးထားတဲ့ထမင်းတွေဟင်းတွေ မင်းမစားရင် အောင်နက်ကိုချက်ကျွေးလိုက်တော့မယ်"
ဖိုးထွေးတမင်ပြောလိုက်တော့မှ မျက်ထောင့်နီကြီးနဲ့ လှည့်ကြည့်လာကာ
"ဒီဖေ..."
သူ့ဆီကဆဲသံကြားသည်နှင့် ဖိုးထွေးက နေရာမှထသွားပြီးသား။
သောင်းဆင့် ဖိုးထွေးအားထပ်မံပြီးအရေးမလုပ်တော့ပဲ ချက်ခြင်းကောက်ပွေ့လိုက်တဲ့ထမင်းဇလုံအား
ငုံ့ကြည့်ကာ တပ်ထားတဲ့ဇလုံထဲက ဇွန်းနဲ့ ကြက်ဥချက်အားဖဲ့စားလိုက်သည်။
ထို့နောက်နောက်တစ်ဇွန်း၊
ထို့နောက် အလုတ်ပေါင်းများစွာ.....
__________
" ကိုဘွဲ့ဆူး သောင်းဆင့် ဆန်စက်မှာ ညကလာအိပ်တယ်ကြားတယ်။ ပိုက်ဆံလာထုတ်ရင် ဦးဘောဂ
က ငွေကိုင်တွေကိုထုတ်မပေးရဘူးလို့ မှာထားတယ်။
မသိပဲ မှားထုတ်ပေးလိုက်မိမှာစိုးလို့ ကျွန်တော်က ကြိုသတိပေးတာ"
အလုပ်သမားတစ်ဦး၏ စကားကြောင့် ဘွဲ့ဆူး
သတိပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောကာ လုပ်စရာရှိတာ လုပ်နေလိုက်သည်။
စာရင်းတွေသည် အရင်လုပ်ခဲ့သော ဝန်ထမ်း တွေကြောင့်
အသစ်တစ်ဖန်ပြန်စီစစ်နေရပြီး များပြားလှသောငွေသွင်းငွေထုတ်စာရင်းများကြောင့် မအားလပ်အောင်ရှိနေလေသည်။
အချိန်အားဖြင့် နေ့ခင်း ဆယ့်နှစ်နာရီ။
ထမင်းစားချိန်လွန်နေပြီဖြစ်သော်ငြားဘွဲ့ဆူးနေ့ခင်းစာပင်မစားရသေး။
တဂွီဂွီမြည်နေသောဗိုက်ကြောင့် စာအုပ်ကိုပိတ်ကာ စားဖိုချောင်အားသွားချိန်တွင် နားချိန်မို့ ဟိုတစ်စုဒီတစ်စုအရိပ်အောက်မှာ တစ်ရေးတစ်မောအိပ်စက်အနားယူနေကြသည်ကို တွေ့ရ၏။
ဆန်စက်၏ အကျယ်အဝန်းသည် အတော်လေးကြီးမားကျယ်ပြန့်ကာ ခြံဘေးပတ်ပတ်လည်တွင် အရိပ်ရအပင်များကို စီကာစိုက်ပျိုးထား၏။
ဂိုထောင်နှစ်လုံးရှိသည့်အပြင် ကားအဝင်အထွက်နှင့်
ဂိုထောင်နေအလုပ်သမားများထားရာ အိမ်တန်းလျားများစွာ ၊ ဆန်စက်၏ လည်ပတ်မူ့ စာရင်းအင်းကိုကိုင်ဆောင်သော စာရင်းကိုင် ၊ငွေထိန်း စသည့်ဝန်ထမ်းများ။ ဘွဲ့ဆူးသည်ပင် ဦးဘောဂသောင်းကောင်းမူ့ကြောင့် အလုပ်နေရာရခဲ့ခြင်းဖြစ်သည်။
လခသည်လည်းကောင်းမွန်သည့်အပြင် ဘွဲ့ဆူး နေရာသည် စာရင်းကိုင် လို့ပင်ပြောမရသောနေရာ။
ဘထွေးမျက်နှာဖြင့်
စာရင်းကိုင်ပေးသူ ၄ယောက်နှင့် အလုပ်သမားများစွာ၏လေးစားမူ့ကိုလည်းခံရပြီး ၊ အကုန်လုံး
ရိုးသားကြသည်မို့ နေရသည်မှာ စိတ်ချမ်းသာဖွယ်ကောင်းလှပေသည်။
စားဖိုရုံသည် သွပ်မိုးကာ ပျဉ်ကာထားသော မြေစိုက်
တန်းလျားရှည်ကြီးတစ်လုံးဖြစ်သည်။
စားပွဲဝိုင်းဟူ၍မရှိပဲ အရှည်လိုက်တန်းထားသော သစ်သားခုံရှည်စားပွဲကြီးနှစ်တန်းသာရှိသည်။
ဘွဲ့ဆူးဝင်လာချိန်တွင် ထမင်းစားနေသော အမျိုးသားနှစ်ယောက်နှင့် မိန်းကလေးသုံးယောက်သာရှိတော့သည်။
မိန်းကလေးတွေထိုင်နေသော နေရာအားဘွဲ့ဆူးရှောင်ကာ ပုံလာတဲ့ထမင်းပန်းကန်အားဆွဲ၍ ထိပ်တည့်တည့်မှာထိုင်စားနေသော အမျိုးသားနှင့်မျက်နှာချင်းဆိုင်ကိုသာ ဝင်ထိုင်လိုက်တော့သည်။
" ကျွန်တော် ထိုင်မယ်နော်၊ ဟိုဖက်ခုံမှာ မိန်းကလေးတွေရှိနေလို့ "
ဘွဲ့ဆူးပြောလိုက်သည့်အချိန်တွင် ထိုလူသည် ခေါင်းမော့လာသည် ။
ဂုတ်ထောက်နေသော ဆံပင်ရှည်တွေကြောင့် မျက်နှာကိုရှင်းလင်းစွာမမြင်ရပေမဲ့
လည်ပင်းမှာဝတ်ထားသော ဆွဲကြိုးကြောင့် ဘွဲ့ဆူးမှာ
ရယ်ချလုနီးနီး။
ပြုံးယောင်ယောင်ဖြစ်သွားသော ဘွဲ့ဆူးမျက်နှာကြောင့် ထိုသူသည် ပြောင်းလဲမူ့တော့ရှိမသွား။
ခပ်တည်တည်ရုပ်ဖြင့်ကြည့်မြဲကြည့်ဆဲ။
ချစ်တဲ့အိမ်စည်။
ေခ်ာင္းကမ္းရြာ၏ သံုးေရသည္ လြမ္းေခ်ာင္းကို
အေျခခံၿပီး ေရခမ္းသၫ့္ အခ်ိန္တြင္ေတာ့ ေျခခ်င္းဝတ္ထိသာ ရိွ၍ လက္လုပ္တြင္းေတြကိုသာ
အားထားရေလသည္။
ေရခမ္းခ်ိန္တြင္ ေသာင္ ေပၚလာကာ ထိုေနရာကို လက္ျဖင့္တူးလ်ွင္ေရထြက္ေလ၏။ထိုစိမ့္ေရကို သဲမၿပိဳေစရန္ ဝါးျဖင့္ခတ္ကာ တြင္းျဖစ္ေစၿပီးေရကိုလိုသေလာက္သံုးႏိုင္ေပသည္။ ေရသည္မရွားေပ။ သို႔ေသာ္ ေသာက္ေရႏွင့္ သံုးေရကို တက္ႏိုင္သူမ်ားက
ေနအိမ္မ်ား၌ ကိုယ္ပိုင္ေရတြင္းမ်ားျပဳလုပ္၍မီးစက္ႏိုး၍တဖံု ၊ အပင္ပန္းခံႏိုင္သူမ်ားက လက္လႈပ္ဘံုဘိုင္မ်ားအသံုးျပဳ၍လည္းေကာင္း အသံုးျပဳၾကၿပီး ရြာထိပ္ရိွ သိုေလာင္ကန္၌လည္း တစ္ရက္ျခားတစ္ခါ ရပ္ရြာျပည္သူမ်ားစုေပါင္း၍ ေရတင္ၿပီး ေရျပန္ေပးေလ့ရိွသည္။ ထို႔အျပင္ ဘုန္းႀကီးေက်ာင္းရိွ ေက်ာက္ကန္၌လည္း ေသာက္ေရသြားခပ္လို႔ရေခ်သည္။
ရြာအေနာက္ဘက္တြင္ေတာရိွသည္မို႔ အသားရွာေတာပစ္ထြက္သူအမ်ားအျပားလည္းရိွသည္။
ေတာထူ၍ အစားအေသာက္ ၊အသီးအရြက္ႏွင့္ ဟင္းစားသည္ေတာ့မရွားပါး။ အေနာက္ေၾကာသည္ ေတာေတာင္မ်ားႏွင့္ အုပ္မိႈင္းေနၿပီးအေရ႔ွေၾကာသည္ေတာ့ လယ္ကြင္းမ်ားစြာျဖင့္ စိမ္းစိုျပန႔္ျဖဴး ေလသည္။
ေခ်ာင္းကမ္းရြာတြင္ လူတန္းစား သံုးမ်ိဳးရိွရာ
ေသာင္းဆင့္တို႔ကေတာ့ သူႂကြယ္မ်ိဳးျဖစ္ၿပီးအေရ႔ွေၾကာမွာ လက္ညိုးထိုးမလြဲ လယ္ယာေျမတြင္ပိုင္ဆိုင္သည္ဟု ေက်ာ္ၾကားေပသည္။တေမ်ွာ္တေခၚရိွေသာလယ္ကြင္းမ်ားသည္ အဆံုးအစမရိွေပ။ ထိုလယ္မ်ားကို အစုစားခ်၍ စပါးအျမတ္ျပန္ယူၿပီး၊ တပါးက်န္ရိွေသာလယ္မ်ားကိုေတာ့ အလုပ္သမားမ်ားျဖင့္ စိုက္ပ်ိဳးေလသည္။ ထိုမ်ွမကေသး ေသာင္း ဆန္စက္သည္
ေခ်ာင္းကမ္းရြာအပါအဝင္ ရြာႀကီး၇ရြာ၏ မရိွမျဖစ္ ျဖစ္ၿပီး ဆန္စပါးစိုက္ပ်ိဳးေသာ ရြာမ်ားျဖစ္သၫ့္အေလ်ာက္ ဦေဘာဂေသာင္းလို မွန္ကန္ေသာ စပါး
အဝယ္ဒိုင္မ်ိဳးကို ဆန႔္က်င္၍ အသစ္အသစ္ေသာ ဆန္စက္မ်ားကို သြားေရာင္းေပးေလ့မရိွၾက။
ထို႔ေၾကာင့္ေသာင္းဆန္စက္သည္ တစ္နယ္လံုးတြင္ေက်ာ္ၾကားရံုမက စပါးက်ီမ်ားစြားျဖင့္လည္း ဝယ္ယူသိုေလွာင္ကာ ၿမိဳ႔ေပၚ၌
ေသာင္းဆန္စက္ႏွင့္ဆန္ေရာင္းဝယ္ေရးဟူသၫ့္ဆိုင္မ်ားစြာကို ဖြင့္လွစ္ေရာင္းခ်ေလသည္။
ထို႔ေၾကာင့္ ဦးေဘဂေသာင္းသည္ အမွန္အကန္ပင္ခ်မ္းသာေသာ သူႂကြယ္တစ္ေယာက္ဆိုလည္းမမွား ေပ။
ဦးေဘာဂေသာင္းတြင္ ေသာင္းဆင့္အျပင္
ကလ်ာေသာင္းဟူသၫ့္ သမီးတစ္ေယာက္လည္းရိွေသးသည္။ သူသည္ အသက္ ၁၈ႏွစ္အရြယ္ေလာက္ကတည္းကပင္ ၿမိဳ႔ေပၚရိွ သူငယ္ခ်င္းျဖစ္သူ၏သားႏွင့္ေစ့စပ္လက္ထက္ေပးခဲ့သည္ျဖစ္ရာ ယခုဆို
သားႏွစ္ေယာက္ပင္ ရိွေနၿပီျဖစ္သည္။ ၿမိဳ႔ေပၚရိွဆန္ဆိုင္မ်ားကိုလည္း ကလ်ာေသာင္းပင္ဦးစီးကာ ရြာကိုျဖင့္ တစ္ႏွစ္တစ္ေခါက္ပင္ ျပန္လာဖို႔မနည္းႀကိဳးစားေနရသူျဖစ္သည္။
ေသာင္းဆင့္ကေတာ့ အသက္၂၆နားပင္ကပ္ေနၿပီျဖစ္ကာ လက္ေၾကာမတင္းေသာ အမူးသမားမို႔
ဦးေဘာဂေသာင္းသည္လံုးဝအားမကိုးပါေခ်။
သမီးႏွင့္ေျမးမ်ားျဖင့္ သူ႔ဘဝသည္ သာယာသည္ဆိုေသာ္ျငား တစ္ဦးတစ္ေယာက္ထဲသာ ပါေသာ သားေယာက်ာ္းေလးအားလည္း မိသားစုတစ္ခုျဖင့္ ဘဝကိုေကာင္းစြာျဖတ္သန္ေစခ်င္ပါေသးသည္။ သို႔ေသာ္ သူ႔သားအား လက္ခံမၫ့္သမီးရွင္မ်ားသည္ ရွားပါးကာ ေသာင္းဆင့္သည္လည္း အရက္မွတပါး တျခားေသာ စိတ္ဝင္စားဖြယ္မရိျွဖစ္ေနသည္မို႔ သတိုးသမီးရွာေပးဖို႔အစီအစဉ္သည္မ်ားစြာခက္ခဲလွေပသည္။
ယခုလည္း ေသာင္းဆင့္၏ သရက္ေတာမွာ ပါးစပ္သရမ္းခဲ့ေသာ ကိစၥေၾကာင့္ ရပ္ရြာသန႔္ေရးကို အမွဴးထားကာ တစ္ပါတ္တိတိရြတ္ဖတ္ပူေစာ္ၾကမည္ျဖစ္ၿပီး အေကြၽးအေမြးႏွင့္ကုန္က်စရိတ္အတြက္ ဦးေဘာဂေသာင္းမွာ တာဝန္ယူေျဖရွင္းရမည္ျဖစ္သည္။
ထို႔အျပင္ လြမ္းေခ်ာင္းသန႔္ရွင္းေရးႏွင့္ လက္ယက္တြင္း ဆယ္တြင္းျပဳလုပ္ေပးရန္ ရြာသူႀကီးဦးမိုးလြင္မွ
ေသာင္းဆင့္အားအထူးျပစ္ဒဏ္ေပးထားေသးသည္။ ထို႔ေၾကာင့္ေသာင္းဆင့္တစ္ေယာက္ အရက္ပုလင္းခါးၾကားထိုးကာ လြမ္းေခ်ာင္းကမ္းေဘးမွာ အရက္ေသာက္လိုက္ သဲတြင္းတူးလိုက္ႏွင့္ အျပစ္ဒဏ္ခံေနရေခ်သည္။
" ေဘာဂ ငါတို႔အထဲဝင္ခဲ့မယ္ေဟ့"
ေသာင္းဆင့္အေၾကာင္းေတြးမိေတြးရာ ေတြးေနရာမွ ဘေထြးအသံေၾကာင့္ ဦးေဘာဂလႈပ္လႈပ္ရွားရွားျဖစ္လာ၏။
"ဘေထြး ပါလား၊ ဘယ္ကလွၫ့္လာတာလဲ ။ ကြၽန္ေတာ္ေတာင္ မေန့က ဘေထြးတို႔ဖက္လွၫ့္ခဲ့ဦးမလို႔ပဲ ၊ အိမ္ကရြာေဇာ္ရဲ့ျပႆနာေတြေျဖရွင္းေနရတာနဲ႔ ကြၽန္ေတာ္လည္း မေရာက္ျဖစ္လိုက္ဘူး"
ဘေထြးအားႏႈတ္ဆက္ရင္း အတူပါလာတဲ့
လူငယ္ေလးအားလည္းၪီးေဘာဂသတိထားမိလိုက္သည္။
ထိုလူငယ္သည္ အသက္ ၂၇ႏွစ္ခန႔္ရိွကာ မရမ္းေစ့ေရာင္ရွပ္ႏွင့္ပုဆိုးအားေသသပ္စြာဝတ္ဆင္ထားၿပီးတိုရွင္းတဲ့ ဆံႏြယ္ေတြအား တစ္ေမႊး၊တစ္မ်ွင္
မက်ေအာင္ ရွင္းလင္းစြာၿဖီးသင္ထားသည္။
လက္မွာဝတ္ဆင္ထားေသာ အနက္ေရာင္ေလးေထာင့္နာရီႏွင့္ အဖုအပိန႔္မရိွေသာ မ်က္ႏွာသည္ အိမ္ကေကာင္ အရက္သမားႏွင့္တျခားဆီပင္။
ကိုယ္ခႏၶာသည္ ပိန္သည္လည္းမဟုတ္ ၊ဝသည္လည္းမဟုတ္ပဲ အဆီအပိုမရိွ အခ်ိဳးက်ကာ အေနအထိုင္ က်စ္က်စ္လ်စ္လ်စ္ႏွင့္ျမင္ရသည္မွာ ေခ်ာသည္လည္းမဟုတ္ပဲ ၾကၫ့္ရႈ႔လို႔ေကာင္းလွေပသည္။
ဘေထြးသည္ အတူပါလာသူ ဘြဲ႔ဆူးအား ဦးေဘာဂေသာင္း ေဝ့ၾကၫ့္လိုက္သည္ကိုျမင္ရသည္ႏွင့္
" သူနာမည္က ဘြဲ႔ဆူးေလ ၊ငါ့တူမ သႏၲာႏွင္းရဲ့သား" ဟုအိုအေလ်ာက္မိတ္ဆက္ေပးလိုက္ ေလသည္
" ဪ ..ဒါေၾကာင့္ စိတ္ထဲရင္းႏွီးေနပါတယ္ ထင္ေနတာ။ သႏၲာႏွင္းရဲ့သားကိုး။ ရုပ္က ဖေအတူထင္တယ္၊ ျမတ္ေက်ာ္ေရာ ေနေကာင္းက်န္းမာရဲ့လား"
ျမတ္ေက်ာ္ဆိုတဲ့နာမည္ၾကားသည္ႏွင့္ ဘြဲ႔ဆူးမ်က္ႏွာ
ခပ္မိႈင္းမိႈင္းျဖစ္သြားေလသည္။
" လြန္ခဲ့တဲ့ ေလးလေလာက္ကပဲ ေဖေဖဆံုးသြားပါၿပီ ဦးေလး။ "
" အရက္ေၾကာင့္ေပါ့ကြာ ၊ သႏၲာႏွင္းမရိွေတာ့ကတည္းက ေသာက္လိုက္တဲ့အေသာက္၊ ေသတဲ့အထိ အရက္ပုလင္းဖက္သြားတံုး ။"
" ဘြဲ႔ဆူးက တစ္ေယာက္ထဲက်န္ခဲ့တာေပါ့ ၊ေမာင္ႏွမသားခ်င္းလည္းမရိွဘူးမို႔လား"
" မရိွဘူးပ ၊ အဲ့ဒါေၾကာင့္ သူတစ္ေယာက္ထဲ ၿမိဳ႔ေပၚထားဖို႔စိတ္မခ်တာနဲ႔ေခၚလိုက္တာ "
" ဘာသတင္းမွမၾကားလိုက္ရေတာ့ ဆံုးသြားမွန္းေတာင္မသိလိုက္ရပါလား။ အင္း..ငယ္တဲ့သူေတြက
အရင္သြားေနၾကေတာ့ ကြၽန္ေတာ္တို႔သြားဖို႔လည္း အခ်ိန္သိပ္မက်န္ေတာ့သလိုပဲ ဘေထြးရာ"
"တရားကိုၾကၫ့္ ေဘာဂ ၊ ဒါလူတိုင္းသြားရာလမ္းပဲ။ ေရွာင္လႊဲလို႔မရဘူး "
"မွန္တာေပါ့။ ကြၽန္ေတာ္လည္း ကိုယ္နဲ႔အတူပါမဲ့ တရားဓမၼကို ေနာက္ဆံကင္းကင္း လုပ္ရမဲ့အရြယ္ေရာက္ေနပါၿပီ။ ဒါေပမဲ့ အခ်ိဳးမေျပတဲ့ အရက္သမားေၾကာင့္ ခုထိ အိမ္အလုပ္ေတြ ကြၽန္ေတာ္ပါေနရတုန္း"
" ေသာင္းဆင့္ သတင္း ေတြၾကားပါတယ္။ သူေရာေနေကာင္းရဲ့လား"
ဦးေဘာဂသည္ ေသာင္းဆင့္နာမည္ၾကားသည္ႏွင့္ သက္ျပင္းခ်ကာ ေခါင္းညိမ့္ျပသည္။
ဘေထြးႏွင့္အတူ ဘြဲ႔ဆူးပါ ပါလာသည္မို႔
ၿငိမ္သက္စြာေဘးမွာထိုင္ရင္း လူႀကီးေတြစကားဝိုင္းအားနားေထာင္ေနမိသည္။
အိမ္ႀကီးသည္ တစ္ရြာလံုးတြင္ အခမ္းနားဆံုးေဆာက္လုပ္ထားသည္မို႔ ဖိတ္ဖိတ္လက္ကာ တန္ဖိုးႀကီး ပန္းပုရုပ္အမ်ားအျပားႏွင့္ က်ားသားေရ ၊ ဆင္စြယ္ႏွင့္ သမင္းဂ်ိဳ အပါအဝင္ တပါးေသာ ရွားပါးသားေကာင္မ်ား၏ ကိုယ္ခႏၶာအစိတ္အပိုင္းမ်ားကိုလည္းအလျွပခ်ိတ္ဆြဲထားေလသည္။
ဘြဲ႔ဆူးသည္ ထူးဆန္းေသာ ျမင္ကြင္းကိုမသိမသာ လိုက္လံေငးေမာေနမိေပမဲ့ နားထဲတြင္ ၾကားလိုက္ရတဲ့ ေသာင္းဆင့္ဆိုေသာ နာမည္ေၾကာင့္တဖန္ျပန္၍ စကားဝိုင္းကိုနားစိုက္မိသြားေလသည္။
ထိုအမ်ိဳးသားနာမည္ကို သူရြာေရာက္စေန့ကတည္းက မွတ္မိေနသည္ထိ နားထဲစြဲေနေခ်သည္။
ေသာင္းဆင့္ ဟုေသာ္လည္းေကာင္း၊ ရြာေဇာ္ေသာင္းဆင့္ ဟုလည္းေကာင္း၊ သရဲႏိုင္ေသာင္းဆင့္ဟုတဖံု
အမ်ိဳးမ်ိဳးေခၚတြင္ၾကေလသည္။
သို႔ေသာ္ ေကာင္းသတင္းမ်ားမဟုတ္ေလပါ။
အမ်ိဳးမ်ိဳးေသာ အေၾကာင္းအရာမ်ားထဲတြင္ ထိုေယာက်ာ္း၏ဆိုးဝါးေသာ အေၾကာင္းတရားမ်ားသာ ျဖစ္ေလသည္။
" မေသလို႔ကံေကာင္းတာေပါ့ ၊ ပါးစပ္သရမ္းခ်က္ကေတာ့ ဘေထြးရာ ၊ ဒီေကာင္ဘယ္သူ႔ဗီဇမ်ားပါလာရတာလဲဆိုတာ ေတြးလို႔ကိုမရဘူး။ သူ႔အေမဆီမွာလည္း ဒီလိုအက်င့္မရိွဘူး ၊ ကြၽန္ေတာ္ဆီမွာဆို ပိုဆိုးေသးတယ္။ "
ဦးေဘာဂသည္ ေသာင္းဆင့္၏ အက်င့္မ်ားကို ရြယ္တူျဖစ္ဟန္တူေသာ ဘြဲ႔ဆူးေရ႔ွမွာ မေျပာလိုေပမဲ့
ဘေထြးအားေတြ့သည္ႏွင့္ တိုင္ေတာခ်င္စိတ္တို႔သည္ ကေလးတစ္ေယာက္ႏွယ္အေတာမသတ္ႏိုင္ေအာင္ ျဖစ္လာေလသည္။ ဘေထြးသည္ ဦးေဘာဂ၏စိတ္ကိုနားလည္သည္။ ထို႔ေၾကာင့္ စိတ္သက္သာရေလေအာင္ ႏွစ္သိမ့္ၾကၫ့္ျဖင့္ ၾကၫ့္ကာ
" လူငယ္ေတြဆိုတာ ဒီလိုပဲ အယံုအၾကည္နည္းၾကတယ္။ ပါလာတဲ့ ပရေလာကသားက ငညိုမို႔ မင္းသားကံေကာင္းသြားတာ၊ ႏို႔မို႔ ေသာင္းဆင့္ မလြယ္ဘူး။ဘာပဲေျပာေျပာ အားတဲ့တစ္ရက္ရက္ အိမ္ေခၚၿပီး ဆံုးမလိုက္ဦးမယ္ "
" သူ႔ကိုယ္သူ ဒါကို ဘေထြးတူက ဂုဏ္ယူေနတာ။
ခုဆို ရြာေဇာ္ေသာင္းဆင့္အျပင္ သရဲႏိုင္ေသာင္းဆင့္ဆိုၿပီး ရြာထဲဟိုးေလးတေၾကာ္ေၾကာ္ပဲ။ ငညိုက
မေသခင္ကတည္းက လူရႊတ္လူေနာက္။ ရြာထဲဝင္မရေတာ့ ရြာထိပ္မွာ ဘေထြးတူနဲ႔ နပန္းလံုးၾကတာ နားလိုက္လံုးလိုက္နဲ႔ေလးႀကိမ္ေတာင္။ ဟိုက စေနာက္ၿပီး
အေပ်ာ္လံုးလို႔ေပါ့ အတည္သာဆိုရင္ ေသာင္းဆင့္ဆိုတဲ့ေကာင္ရိွပါေတာ့မလား"
စကားေျပာေနတဲ့ လူႀကီးေတြစကားဝိုင္းအားနားေထာင္ရင္း ဘြဲ႔ဆူး ရယ္ခ်င္မိသည္မို႔ အားနာစြာေခါင္းငံု႔၍ခိုးရယ္လိုက္မိသည္။ ဦးေဘာဂေသာင္း၏ သားဆိုသူ ကိုေသာင္းဆင့္သည္ ဘြဲ႔ဆူးေရာက္လာတဲ့ေန့ကတည္းက နားထဲရင္းႏွီးေနသည္ထိ နားရည္ဝေနေလၿပီ။
သရဲႏွင့္နပန္းလံုသည္တဲ့။
ဘယ္ေလာက္ ရူးမိုက္တဲ့သူလဲ။
" သူက ဒါဆို ဒီရြာမွာ အၿမဲေနေတာ့မွာေပါ့"
ေဘာဂေသာင္း ၫႊန္ျပမွ သူလာရင္းကို သတိရသြားကာ
" ဟုတ္တယ္ ၊ ဒီမွာပဲေခၚထားေတာ့မလို႔ ။
စီးပြားေရးနဲ႔ေက်ာင္းၿပီးထားတယ္။ၿမိဳ႔မွာလည္းကုမၸဏီမွာဆိုလားမန္ေနဂ်ာလုပ္တယ္တဲ့။ ငါလာရင္းကလည္း သူ႔အေရးေၾကာင့္မို႔ေပါ့ ၊ဘယ္ႏွယ့္လဲ မင္းဆန္စက္မွာ အလုပ္ေလးတစ္ေနရာစာမ်ားရိွေလဦးမလားလို႔"
" ေနရာကေပးဖို႔လြယ္ပါတယ္ ၊ စားရင္းကိုင္ေတြစစ္ေပးတဲ့ ေငြစာရင္းနဲ႔ လခ်ဳပ္စာရင္းေတြကိုအမွားအယြင္းမျဖစ္ေအာင္ စီစစ္ေပးရံုပဲ၊ ဦးေလးဆီမွာ စာရင္းကိုင္ ေလးေယာက္ရိွတာေတာင္ စာရင္းမႏိုင္ၾကဘူး။ မႏိုင္ဆို စနစ္တက် သင္ယူထားတဲ့သူေတြမဟုတ္ဘူးေလ၊ရြာေပၚက ဘြဲ႔ရအလုပ္မရိွတဲ့ကေလးေတြေခၚၿပီး အလုပ္ေပးထားတာဆိုေတာ့ နည္းအက်ဉ္းေတာ့ အမွားအယြင္းရိွတာေပါ့။ ငါ့တူက ၿမိဳ႔မွာလည္းရာထူးႀကီးႀကီးလုပ္လာတဲ့သူဆိုေတာ့ဦးေလးက ဒီမွာလည္း မန္ေနဂ်ာျပန္ခန႔္လိုက္ပါ့မယ္။ အဓိက က ေသာင္းဆင့္လာေတာင္းတိုင္းမေပးဖို႔ပဲ။
မနက္၈ ညေန၄ ငါ့တူအဆင္ေျပရင္ မနက္ဖန္အလုပ္ဆင္းႏိုင္တယ္ "
ဘြဲ႔ဆူးေပ်ာ္ရႊင္မူ႔ကို မဖံုးႏိုင္စြာ ႏႈတ္ခမ္းေထာင့္ေလးေတြေကာ့တက္သည္ထိၿပံဳးမိသြားသည္။ လာသာလာရသည္ အလုပ္မရမွာလည္း သူစိုးရိမ္ခဲ့၏။
ရြာမွာရိွတဲ့ေတာရွာငွက္ပစ္၊ လယ္လုပ္ စိုက္ပ်ိဳးအလုပ္မ်ားလည္းသူကြၽမ္းက်င္မူ႔မရိွသည္မို႔ သူနဲ႔အဆင္ေျပတဲ့ အလုပ္တေနရာစာ ရဖို႔ခက္ခဲသည္။
" ေက်းဇူးတင္ပါတယ္ဦးေလး ကြၽန္ေတာ္မနက္ဖန္ အလုပ္စဆင္းႏိုင္ပါတယ္။ ေငြေၾကးအတြက္ကေတာ့ စိတ္ခ်ပါ ၊ကြၽန္ေတာ္ အတက္ႏိုင္ဆံုး အမွားအယြင္းကင္းေအာင္ မေပ်ာက္ရွေအာင္ ႀကိဳးစားပါ့မယ္"
ဘြဲ႔ဆူးလိမ္မာယဉ္ေက်းစြာ ေျပာလိုက္သည္မို႔ ဦးေဘာဂေသာင္းေက်နပ္သြားသည္ကသိသိသာသာ။
" ကဲ ဒါဆိုလည္း မနက္ဖန္ ဆန္စက္ကိုလာခဲ့ကြာ ၊
ေန့ခင္းစာလည္း ခ်ိဳင့္မထၫ့္ခဲ့နဲ႔ အဲ့မွာ စားဖိုရံုရိွတယ္။။ အလုပ္သမားေတြမ်ားေတာ့ လူနည္းနည္းရႈပ္တယ္ ၊ဒါေပမဲ့ အကုန္သေဘာေကာင္းၾကပါတယ္ ၊မင္း ေပ်ာ္သြားမွာပါ "
" အဲ့ဒါေတာ့မပူနဲ႔ ။ ဘြဲ႔ဆူးက ေပါင္းသင္းဆက္ဆံေရးေကာင္းတယ္ ၊အနည္းအပါးေတာ့ မင္းလည္းၾကည့္ ဂရုစိုက္ေပးလိုက္ဦး ၊ နယ္ခံေတြနဲ႔ သူနည္းနည္းစိမ္းေနဦးမွာ "
ဦးေဘာဂက ဘေထြးစကားေၾကာင့္ရယ္ကာ ေမာကာျဖင့္
"ဟုတ္ပါၿပီဘေထြးရာ ၊ကြၽန္ေတာ္ ေသခ်ာဂရုစိုက္ေပးလိုက္ပါ့မယ္ "
ဦးေဘာဂအိမ္ကေန ႏႈတ္ဆက္ၿပီးျပန္လာသည္ထိ
ဘြဲ႔ဆူးမွာ အလုပ္ရသည္ကို ေပ်ာ္မဆံုးေသးေပ။
သူ႔အေနနဲ႔ ေခ်ာင္းကမ္းရြာမွာ အေျခခ်မည္မို႔
သင့္တင့္တဲ့ ဝင္ေငြတစ္ခုေတာ့ရိွဖို႔လိုအပ္သည္။
ဘေထြးသည္ ေမေမ့၏ အကိုတစ္ဝမ္းကြဲျဖစ္ေပသၫ့္ အသက္အရြယ္ကြာကာ ယခုဆို အသက္ ၆၇ႏွစ္ပင္ရိွေတာ့မည္ျဖစ္သည္။ ထို႔ေၾကာင့္ ဘေထြးအား အားကိုး၍ ဘြဲ႔ဆူးမွာ ရွင္သန္လို႔မရေပ။
ဘေထြးသည္ အေတာ္အသင့္ ခ်မ္းသာေသာသူျဖစ္ၿပီး တပါးေသာ တူေတြ၊တူမေတြလည္းရိွေပ ေသးသည္မို႔ ဘြဲ႔ဆူးအား မလိုမုန္းထားျဖစ္လာမည္ကိုလည္းမခံခ်င္ေပ။
ေမေမ့ဖက္ေဆြမ်ိဳးမ်ားရိွရာ ေခ်ာင္းကမ္းရြာသည္ ဘြဲ႔ဆူးႏွင့္ စိမ္းသက္လြန္းကာ ငယ္စဉ္ကလည္း ႏွစ္ေခါက္မ်ွသာ အလည္အပတ္ေရာက္ရိွဖူးၿပီး အသက္အရြယ္ႀကီးသၫ့္ေနာက္ပိုင္းတြင္ေတာ့ ဘြဲ႔ဆူးမေရာက္ျဖစ္ေတာ့ေပ။
________________
တိမ္ေရာင္စံုခင္းပါလို႔ ...ေလေျပရယ္ေသြးပါလို႔
ညေနဆည္းဆာ အလွကဗ်ာမွာ.....
ပုေလြသံသာသာ ထန္းပင္ ထန္းေတာ ညို႔ညို႔ေဝဆာ ေနညိုခ်ိန္မွာ ပ်ိဳမဒီေတြေရခပ္ဆင္း အလွခ်င္းၿပိဳင္တဲ့အခါ ရႈ႔မၿငီးႏိုင္ လွလြန္းစြာ ေက်းလက္ကဗ်ာ ......
သီခ်င္းသံသဲ့သဲ့ႏွင့္အတူ ညေနဆည္းဆာေအာက္မွာ
ေခ်ာင္းကမ္းရြာ၏လိုက္ဖက္မူ႔မွာ ဘယ္ပန္းခ်ီေရးမမွီႏိုင္ခဲ့ေပ။ ပ်ိဳေမေတြေရခပ္ဆင္းခ်ိန္ ညေနေနညိုခ်ိန္တြင္ ေခ်ာင္းကမ္းရြာ၏ လက္လုပ္ေရတြင္းမ်ားသည္
ေရျပတ္လပ္လုနီးနီး။
သို႔ေသာ္ အျပစ္ဒဏ္ခတ္ခံရသၫ့္ေသာင္းဆင့္၏
ေရေတြင္းမ်ားက အဆင္ဆင့္ပင္။
"ေဟာ ဟိုမွာ ကိုေသာင္းဆင့္ေတာ့ "
ညိုရင္ ၏ အသံဆာဆာက ေရခပ္တဲ့လံုမပ်ိဳေတြၾကားမွာ ကူးလူးပ်ံ့ႏွံ႔သြား၏။
သိသိသာသာေရာ မသိမသာေရာ ျဖတ္ေျပးလာတဲ့ အၾကၫ့္ေတြအား မသိကြၽမ္းဝင္ျပဳကာ ေရတြင္းတူးလို႔ၿပီးၿပီးမို႔ ေသာက္လက္စ အရက္ပုလင္းကို ခါးၾကားထိုး၍ ျပန္ရန္ ေဂၚျပားအား ပုခံုးေပၚတင္လိုက္ေလသည္။
ေသာင္းဆင့္က အရက္သမားဆိုေပမဲ့ ရုပ္ရည္က ဆိုးဆိုးဝါးဝါးမဟုတ္ ။
ဂုတ္ေထာက္ေနတဲ့ ဆံသားေတြက အနီေရာင္အန္းေနတဲ့ မ်က္ႏွာကိုျဖတ္ကာ မဲနက္ေသာ မ်က္ခံုးတန္းေတြအားကြယ္လုလု ၊ ေဆးလိပ္ေသာက္တက္ေသာ နီညိုေရာင္ ႏႈတ္ခမ္းေတြက ျပတ္သားေသာ ေမးရိုးအထက္မွာ ခိုင္ၾကည္လြန္းကာ တိတိပပ။
စူးရွေသာ မ်က္လံုး ၊ မထီတထီၾကၫ့္ေသာ မ်က္ႏွာေပးနဲ႔ ဂရုမစိုက္ေသာ အျပဳအမူက ေသာင္းဆင့္မွတပါး မည္သူမွမရိွႏိုင္။
ေရႊလက္ေကာက္က တခြၽင္ခြၽင္မျမည္ေသာ္ျငား
ထည္ဝါလွေသာ ေရႊအဆင္းမို႔ လက္တခါခါ ေခါင္းတေမာ့ေမာ့လုပ္တိုင္း ဝင္းခနဲလက္ခနဲ။
" ကိုေသာင္းဆင့္ ျပန္ေတာ့မလို႔လား"
"ေအး"
ျပတ္သားလွေသာ စကားေအာက္မွာ ညိုရင္မတို႔တစ္စု ဇာတ္ကေလးေတြပုကုန္ေလ၏။ ထို႔ေနာက္ ေသာင္းဆင့္သြားရာေနာက္အား လည္ပင္းလိမ္သည္ထိ ေရအိုးေလးေတြခါးေစာင္းတင္ကာ လိုက္ၾကၫ့္၍
ေငးေမာၾကေလသည္။
ေသာင္းဆင့္ ေဂၚျပားအားထမ္း၍ ရြာလယ္လမ္းကိုေရွာင္ကာ လမ္းၾကားမွတဆင့္ ဆန္စက္ဂိုေထာင္မွာ သြားအိပ္ဖို႔ ႀကံရြယ္ထားသည္။
အလ်င္ဦးဆံုး ဖိုးေထြးတို႔အိမ္မွာ ထမင္းဝင္စားဖို႔
လမ္းၾကားတစ္ခုကိုျဖတ္ေလ်ွာက္လိုက္သည္။
အရက္ကိုပင္ တေနကုန္ေသာက္ေနသည္မို႔ မူးရစ္လြန္ကာ လူက ေထြေန၏။ အစာမစားထားသည္မို႔ ဗိုက္ကလည္းေအာင့္ခ်င္ခ်င္။
သို႔ေသာ္ အရက္သမားတို႔မည္သည္ ထမင္းထက္ အရက္ကို ပိုႀကိဳက္ေလသည္မို႔ ေရာဂါျဖစ္မည္ကိုလည္း သူမမူ႔။
" ဟိတ္ေကာင္ ေသာင္းဆင့္ ၊ ၾကၫ့္ရတာ ေတာ္ေတာ္မွအီသြားရဲ့လားကြ"
ႏြားစာစင္းေနတဲ့ ဖိုးေထြးစကားကို ေသာင္းဆင့္လ်စ္လ်ူ ရႈ႔ကာ အိမ္ေရ႔ွက ကြပ္ပ်စ္မွာ ဝင္ထိုင္လိုက္သည္။
ဗိုက္ကလည္းဆာေနၿပီမို႔ သူ႔မ်က္ႏွာကမႈန္သုန္ေနမွာမလြဲ ။
" ဗိုက္ဆာတယ္ ၊ တစ္ခုခုယူခဲ့ေပး"
ေသာင္းဆင့္ေဘးမွာရိွတဲ့ ဖိုးေထြးအေမ အရီးပု၏
ေနလွမ္းၿပီးမရုတ္ထားရေသးေသာ အညာေစာင္ၾကမ္းအားဆြဲကာ ေခါင္းခု၍လွဲအိပ္လိုက္သည္။
တေနလံုးေက်ာမခင္းရေသးသည္မို႔ ခါးေၾကာေတြသည္ တင္းေတာင့္ကာ နာပင္ေနသည္။
လက္လုပ္ေရတြင္းသည္ သဲတြင္းမို႔ မခက္ခဲ။
ဆယ္တြင္းဆိုသည္မွာ အျမန္လုပ္လ်င္ ေန့တစ္ပိုင္းေတာင္မွ မခဲရင္း။
သို႔ေသာ္ သူသည္ ခံႏိုင္အားမရိွေခ်။
အစားမစားပဲ အေသာက္သာမ်ားသည္မို႔ လက္ေတြတုန္ကာ လူက ဟိုက္၏။
" ထေတာ့ ၊ အိမ္မွာဘာဟင္းမွမရိွလို႔ ကိုဘြဲ႔ဆူးအိမ္က သြားႏိႈက္လာတာ။ ကိုဘြဲ႔ဆူးက ဟင္းခ်က္ေကာင္းတယ္။ "
ဖိုးေထြးစကားေၾကာင့္ လူက ငူငူငိုင္ငိုင္ ထထိုင္လာကာ ေဘးအိမ္အားလွမ္းၾကၫ့္လိုက္သည္။
သူအၾကၫ့္ႏွင့္ ဘြဲ႔ဆူးဆိုေသာသူ အိမ္ထဲကထြက္လာတာႏွင့္ကြက္တိ။
သို႔ေသာ္ သူ႔အားထိုသူသည္ သတိထားမိမေနပါေခ်။
ညေနခင္းေနေရာင္ေအာက္မွ ရွင္းသန႔္ၾကည္လင္ေနေသာ ခံစားခ်က္က ထိုအမ်ိဳးသားကိုျမင္မိမွ။
ေထျြပားေနေသာ ခံစားခ်က္ ၊မၾကည္လင္ေနေသာ စိတ္တို႔သည္ အခ်ိန္တစ္ခဏအတြင္း မ်ိဳးတူေယာက်ာ္းတစ္ေယာက္ေၾကာင့္ ပ်က္ျပားသြား၏။
"သူက ႏွင္းဆီဘြဲ႔ဆူးဆိုတာလား"
" ဟုတ္တယ္ေလ ၊ဘေထြးတူ ၊ေခ်ာတယ္ေနာ္"
ေသာင္းဆင့္မ်က္ေမွာင္ၾကဳတ္ကာ
ဖိုးေထြးအားၾကၫ့္သည္။
" မ်က္လံုးကန္းေနလား ၊ ဒီေလာက္ရုပ္ဆိုးေနတာ "
ေျပာၿပီးျပန္လွၫ့္သြားတဲ့မ်က္ႏွာသည္ ဖိုးေထြးအားဆန႔္က်င္၍ သနပ္ခါးေရာင္ ရွပ္ႏွင့္ သန႔္ရွင္းစြာဝတ္ဆင္ထားေသာ ပုဆိုးဝတ္အမ်ိဳးသားဆီမွာသာ။
" မင္းမ်က္လံုးကသာကန္းေနတာ ၊ ေျခေထာက္ေတြ ၊လက္ေတြၾကၫ့္ ဒီေလာက္ ရွင္းေကာ့ေနတာ။ "
" ေျခေတြလက္ေတြ လွရံုနဲ႔ ရုပ္ေခ်ာမွာလား။
ႏွာေခါင္းကိုၾကၫ့္ ခြၽန္းေနတာ ၊ မ်က္လံုးေတြကလည္း ၿမိဳ႔ေပၚကမိန္းမေတြလိုပဲ အမဲေရာင္ဆိုးထားသးတယ္ ၊ ႏႈတ္ခမ္းကလည္းနီတီတီနဲ႔ ဘယ္ေနရာကေခ်ာသလဲ။ "
" မ်က္လံုးေတြက သူ႔ဘာသာ မဲေနတာပါကြာ ၊ ငါေသခ်ာၾကၫ့္ဖူးပါတယ္၊ ႏွာတံကလည္းစင္းေနတာပါ ၊ မင္းေသခ်ာၾကၫ့္ပါ့လား၊သူက ကုလားစင္လိုရုပ္မ်ိဳး။ "
" မသိဘူး ၊ငါ့မ်က္လံုးထဲမွာ မေခ်ာဘူး"
" ရုပ္ဆိုးတယ္လို႔သာေျပာတာ ၊မင္းမ်က္လံုးက အဲ့လူဆီကကို မခြာေတာ့ဘူး။ ဒီမွာ ငါသြားခူးေပးထားတဲ့ထမင္းေတြဟင္းေတြ မင္းမစားရင္ ေအာင္နက္ကိုခ်က္ေကြၽးလိုက္ေတာ့မယ္"
ဖိုးေထြးတမင္ေျပာလိုက္ေတာ့မွ မ်က္ေထာင့္နီႀကီးနဲ႔ လွၫ့္ၾကၫ့္လာကာ
"ဒီေဖ..."
သူ႔ဆီကဆဲသံၾကားသည္ႏွင့္ ဖိုးေထြးက ေနရာမွထသြားၿပီးသား။
ေသာင္းဆင့္ ဖိုးေထြးအားထပ္မံၿပီးအေရးမလုပ္ေတာ့ပဲ ခ်က္ျခင္းေကာက္ေပြ့လိုက္တဲ့ထမင္းဇလံုအား
ငံု႔ၾကၫ့္ကာ တပ္ထားတဲ့ဇလံုထဲက ဇြန္းနဲ႔ ၾကက္ဥခ်က္အားဖဲ့စားလိုက္သည္။
ထို႔ေနာက္ေနာက္တစ္ဇြန္း၊
ထို႔ေနာက္ အလုတ္ေပါင္းမ်ားစြာ.....
__________
" ကိုဘြဲ႔ဆူး ေသာင္းဆင့္ ဆန္စက္မွာ ညကလာအိပ္တယ္ၾကားတယ္။ ပိုက္ဆံလာထုတ္ရင္ ဦးေဘာဂ
က ေငြကိုင္ေတြကိုထုတ္မေပးရဘူးလို႔ မွာထားတယ္။
မသိပဲ မွားထုတ္ေပးလိုက္မိမွာစိုးလို႔ ကြၽန္ေတာ္က ႀကိဳသတိေပးတာ"
အလုပ္သမားတစ္ဦး၏ စကားေၾကာင့္ ဘြဲ႔ဆူး
သတိေပးတဲ့အတြက္ေက်းဇူးတင္ေၾကာင္းေျပာကာ လုပ္စရာရိွတာ လုပ္ေနလိုက္သည္။
စာရင္းေတြသည္ အရင္လုပ္ခဲ့ေသာ ဝန္ထမ္း ေတြေၾကာင့္
အသစ္တစ္ဖန္ျပန္စီစစ္ေနရၿပီး မ်ားျပားလွေသာေငြသြင္းေငြထုတ္စာရင္းမ်ားေၾကာင့္ မအားလပ္ေအာင္ရိွေနေလသည္။
အခ်ိန္အားျဖင့္ ေန့ခင္း ဆယ့္ႏွစ္နာရီ။
ထမင္းစားခ်ိန္လြန္ေနၿပီျဖစ္ေသာ္ျငားဘြဲ႔ဆူးေန့ခင္းစာပင္မစားရေသး။
တဂြီဂြီျမည္ေနေသာဗိုက္ေၾကာင့္ စာအုပ္ကိုပိတ္ကာ စားဖိုေခ်ာင္အားသြားခ်ိန္တြင္ နားခ်ိန္မို႔ ဟိုတစ္စုဒီတစ္စုအရိပ္ေအာက္မွာ တစ္ေရးတစ္ေမာအိပ္စက္အနားယူေနၾကသည္ကို ေတြ့ရ၏။
ဆန္စက္၏ အက်ယ္အဝန္းသည္ အေတာ္ေလးႀကီးမားက်ယ္ျပန႔္ကာ ၿခံေဘးပတ္ပတ္လည္တြင္ အရိပ္ရအပင္မ်ားကို စီကာစိုက္ပ်ိဳးထား၏။
ဂိုေထာင္ႏွစ္လံုးရိွသၫ့္အျပင္ ကားအဝင္အထြက္ႏွင့္
ဂိုေထာင္ေနအလုပ္သမားမ်ားထားရာ အိမ္တန္းလ်ားမ်ားစြာ ၊ ဆန္စက္၏ လည္ပတ္မူ႔ စာရင္းအင္းကိုကိုင္ေဆာင္ေသာ စာရင္းကိုင္ ၊ေငြထိန္း စသၫ့္ဝန္ထမ္းမ်ား။ ဘြဲ႔ဆူးသည္ပင္ ဦးေဘာဂေသာင္းေကာင္းမူ႔ေၾကာင့္ အလုပ္ေနရာရခဲ့ျခင္းျဖစ္သည္။
လခသည္လည္းေကာင္းမြန္သၫ့္အျပင္ ဘြဲ႔ဆူး ေနရာသည္ စာရင္းကိုင္ လို႔ပင္ေျပာမရေသာေနရာ။
ဘေထြးမ်က္ႏွာျဖင့္
စာရင္းကိုင္ေပးသူ ၄ေယာက္ႏွင့္ အလုပ္သမားမ်ားစြာ၏ေလးစားမူ႔ကိုလည္းခံရၿပီး ၊ အကုန္လံုး
ရိုးသားၾကသည္မို႔ ေနရသည္မွာ စိတ္ခ်မ္းသာဖြယ္ေကာင္းလွေပသည္။
စားဖိုရံုသည္ သြပ္မိုးကာ ပ်ဉ္ကာထားေသာ ေျမစိုက္
တန္းလ်ားရွည္ႀကီးတစ္လံုးျဖစ္သည္။
စားပြဲဝိုင္းဟူ၍မရိွပဲ အရွည္လိုက္တန္းထားေသာ သစ္သားခံုရွည္စားပြဲႀကီးႏွစ္တန္းသာရိွသည္။
ဘြဲ႔ဆူးဝင္လာခ်ိန္တြင္ ထမင္းစားေနေသာ အမ်ိဳးသားႏွစ္ေယာက္ႏွင့္ မိန္းကေလးသံုးေယာက္သာရိွေတာ့သည္။
မိန္းကေလးေတြထိုင္ေနေသာ ေနရာအားဘြဲ႔ဆူးေရွာင္ကာ ပံုလာတဲ့ထမင္းပန္းကန္အားဆြဲ၍ ထိပ္တည့္တၫ့္မွာထိုင္စားေနေသာ အမ်ိဳးသားႏွင့္မ်က္ႏွာခ်င္းဆိုင္ကိုသာ ဝင္ထိုင္လိုက္ေတာ့သည္။
" ကြၽန္ေတာ္ ထိုင္မယ္ေနာ္၊ ဟိုဖက္ခံုမွာ မိန္းကေလးေတြရိွေနလို႔ "
ဘြဲ႔ဆူးေျပာလိုက္သၫ့္အခ်ိန္တြင္ ထိုလူသည္ ေခါင္းေမာ့လာသည္ ။
ဂုတ္ေထာက္ေနေသာ ဆံပင္ရွည္ေတြေၾကာင့္ မ်က္ႏွာကိုရွင္းလင္းစြာမျမင္ရေပမဲ့
လည္ပင္းမွာဝတ္ထားေသာ ဆြဲႀကိဳးေၾကာင့္ ဘြဲ႔ဆူးမွာ
ရယ္ခ်လုနီးနီး။
ၿပံဳးေယာင္ေယာင္ျဖစ္သြားေသာ ဘြဲ႔ဆူးမ်က္ႏွာေၾကာင့္ ထိုသူသည္ ေျပာင္းလဲမူ႔ေတာ့ရိွမသြား။
ခပ္တည္တည္ရုပ္ျဖင့္ၾကၫ့္ၿမဲၾကၫ့္ဆဲ။
ခ်စ္တဲ့အိမ္စည္။
Bạn đang đọc truyện trên: ZingTruyen.Xyz