ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

26

eainsi23

ရက်လည်ပြီး သုံးရက်မြောက်‌နေ့။
ဈေးကားထွက်မည့်နေ့မို့ သောင်းဆင့်အား သာဒင်နှင့်အတူ စာတစ်စောင်ပေးပို့ဖြစ်သည်။
အခြေအနေအကြောင်းအရာများကို အတိုခြုံ့ ပြောပြပြီး မလာဖြစ်သေးဘူးဆိုတဲ့အကြောင်း ၊
ရွှေရောင်းရွှေဝယ်လုပ်ရအောင် မြို့ကနေ နေမြတ်လင်း ပြန်ဆပ်လိုက်တဲ့ ငွေသိန်းတစ်ရာအားထည့်ပေးလိုက်တယ်ဖြစ်ကြောင်း၊ ပိုက်ဆံလိုအပ်သေးရင်
နောက်တစ်ခေါက် ကားလာရင် ထည့်ပေးလိုက်မည်ဖြစ်ပြီး ၊ ဆိုင်ကိုပစ်ပြီး မလာဖို့နှင့် နေမြတ်လင်းနဲ့လည်းလူချင်းမတွေ့ဖြစ်တဲ့အကြောင်း ၊ လူကြုံနဲ့သာပိုက်ဆံကိုထည့်ပေးလိုက်တာဖြစ်ပြီး အိမ်ရောင်းလိုက်လို့ အကြွေးဆပ်နိုင်တာဖြစ်တဲ့အကြောင်း သေချာအရင်ရှင်းပြထားလိုက်သည်။
သောင်းဆင့်အနေနဲ့သူ့အား စိတ်ရှင်းမည်ဟုလည်း
ယုံကြည်သည်။
နေမြတ်လင်းက လတ်တလော ခွဲစိတ်ကုသခဲ့ပြီး
အိမ်ခြံအား ဈေးကောင်းပေးသူရှိ၍ ရောင်းလိုက်ရတာဖြစ်သည်။
ပေးလိုက်တုန်းက သောင်းဆင့်အနှမြောမရှိပေးခဲ့ပေမဲ့ သူကတော့ တော်တော်လေးနှ‌ မြောခဲ့ရတာပင်။ ကျန်းမာရေးမို့ ကူညီတာဆိုပေမဲ့ နေမြတ်လင်းနဲ့က မဖြစ်မနေကူညီပေးရမဲ့ခင်မင်မူ့လည်းမရှိတာမို့ ငြင်းလိုက်လည်း ကိစ္စမရှိ။
ဒီတိုင်းပေးလိုက်တဲ့ငွေက နည်းနည်းနောနောမဟုတ်သည်မို့ပြန်ရ‌တော့လည်း စိတ်ထဲပျော်သွားရသည်။

မြင့်မိုရ်ရွာက နေထိုင်လို့ကောင်းမွန်တဲ့ရွာကြီးဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးက ချောင်းကမ်းရွာထက်စာရင် လမ်းသာကာ  စည်ကားသည်။
ရွာလမ်းတွေတလျှောက် ကွန်ဂရစ်လမ်းခင်းထားကာ
ဆိုင်ကယ်ဘာညာပေါများကာ ခေတ်မှီ၏။

ကိုသန့်စင်တို့အိမ်ကလေးသည် ချောင်ကျတဲ့နေရာမှာရှိသည်။
လူသေထားသည့်အိမ်လေးမို့ ခြောက်ကပ်ကပ်နှင့်တစ်ယောက်စနှစ်ယောက်စ လာထိုင်တာဘာညာမျိုးတော့ရှိသေးသည်။
ရက်မလည်ခင်ကတော့လူစည်ပေမဲ့ နောက်ရက်တွေမှာတော့ လူသိပ်မရှိသလောက်ပင်။
အထူးခြားဆုံးကတော့ မအေးမြပင်။

ကိုသန့်စင် ရက်လည်ပြီးနေ့တွင် မအေးမြမီးဖွားခဲ့သည်။
မအေးမြသည် စိတ်ကြိုက်ငိုကြွေးခဲ့ပေမဲ့ မြေချသည့်နေ့တွင်တော့ အငိုတိတ်ခဲ့ပြီး ရဲဝင့်စွာ ကလေးအားမွေးခဲ့သည်။
သွေးနုသားနုမို့ အကုန်စိုးရိမ်ခဲ့ကြပြီး တစ်ခုခုဖြစ်မှာမို့ အရိပ်တကြည့်ကြည့် စောင့်ကြည့်နေရတဲ့အ‌ ခြေအနေ။
ဒါပေမဲ့ တကယ်စိတ်မာတဲ့ အမျိုးသမီးက
စိတ်ဖြတ်လိုက်ဟန်ဖြင့် မီးနေခန်းတွင် တိတ်တဆိတ်သာ ရှိခဲ့သည်။
တည်ငြိမ်သွားပေမဲ့ ဘွဲ့ဆူးတို့မှာ ပစ်မထားရက်ပါ။
ကိုသန့်စင်က တကယ့်လူရိုးကြီးမို့ ပစ္စည့်ဥစ္စာကလည်း ထင်သလောက်စုမိဆောင်းမိဟန်လုံးလုံးမရှိ။
ပရိဘောဂ စုံစုံလင်မရှိတဲ့အိမ်ကလေးအားဝေ့ကြည့်ကာ ဘွဲ့ဆူး ချခင်းထားတဲ့ရေနွေးကြမ်းအား
အနည်းငယ်ငှဲ့၍ မှုတ်သောက်မိ၏။
သူထိုင်နေတုန်းပင် ဖိုးထွေးက လက်သုတ်ဝတ်တစ်ထည်ကိုကိုင်ကာ  မီးဖိုချောင်ထဲကနေထွက်လာသည်။

" ဖိုးထွေး ၊ မနက်ဖန်လောက် အကိုပြန်တော့မယ်။
မင်ရော ဘာဆက်လုပ်ဖို့စဉ်းစားထားလဲ "

ဖိုးထွေးသည် စားပွဲအားသေချာ သုတ်နေရာမှ
လက်ထဲက အဝတ်စုတ်အား ဘေးထောင့်တစ်နေရာအားပစ်ချကာ ခုံမှာခြေပစ်လက်ပစ်ဝင်ထိုင်လိုက်သည်။ သွင်ပြင်ပုံပန်းမှာ အလိုမကျစိတ်ဖြင့် မှုံကုတ်လျက်ရှိချေသည်။
အတော်ကြာမှအလိုမကျစွာပင်

" လူတွေကလည်းခက်သားဗျာ။ ရက်လည်နေ့က လာကူတဲ့ ထမင်းချက်အမျိုးသမီးတွေအတင်းပြောတာ
ကျွန်တော်ကြားခဲ့တယ် "

မျက်နှာသည် အောက်ကိုငုံ့လျက် စကားတို့သည် ခပ်တိုးတိုးသာ။

" ကျွန်တော်နဲ့ မအေးမြက ကိုသန့်စင်မသိအောင်ဖောက်ပြန်နေတာတဲ့။ ဘယ်လိုနည်းနဲ့ပြောထွက်ရက်သလဲမသိဘူးဗျာ။ ကျွန်တော်ကူညီနေတာတွေအားလုံး ဒီတိုင်း စိတ်သန့်တယ်ဆိုတာ ဘယ်လိုကျိန်ရကျိန်ရပါ။ အခုဟာက သူ့အပူနဲ့သူဖြစ်နေတဲ့ မိန်းမတစ်ယောက်ကိုပါ ဆွဲထည့်တာ ရင်နာစရာကောင်းတယ်။ ကျွန်တော်နေခဲ့ရင်လည်း ဒီအတင်းစကားတွေက ဆက်ထွက်လာအုံးမယ်၊ထားခဲ့ပြန်ရင်လည်း
မအေးမြကို စိတ်မချဘူး "

" မင်းခံစားချက်ကို အကိုနားလည်တယ်။
ဒါပေမဲ့အခုလိုစကားတွေ ပြောဆိုနေကြပြီးမှဆက်နေခဲ့ရင်လည်း မင်းအနေနဲ့ မကောင်းဘူး။ လုပ်ပေးနိုင်သလောက်လည်းလုပ်ပေးခဲ့ပြီးပြီပဲ ။ ရွာပြန်လိုက်ခဲ့ပြီးတစ်ရက် လောက်နားလိုက်။ သဖက်ခါ မင်းမှော်ထဲ ပြန်လိုက်အုံး။ "

ဖိုးထွေးက စိတ်လျော့လိုက်ဟန်ဖြင့် မျက်နှာကို တချက်ပွတ်ကာ ငြိမ်သွား၏။ အတော်ကြာမှ ခေါင်းငြိမ့်ကာ " ကျွန်တော်ပြန်လိုက်ခဲ့မယ်" ဟု ပြောလာတာဖြစ်သည်။
သံယောဇဉ်က တွယ်ငြိမိရင်ဖြတ်ဖို့ခက်သည်။
ဖိုးထွေးက ကိုသန့်စင်ကို တကယ်အကိုကြီးတစ်ယောက်လိုခင်တွယ်တာပင်။
အိမ်မှာ အကြီးဆုံးဖြစ်တဲ့ဖိုး‌ထွေးက သူ့အား ကလေးတစ်ယောက်လိုဆက်ဆံပေးတက်တဲ့ ကိုသန့်စင်ကို
လေးစားကာချစ်ခင်သည်။
ခုမအေးမြမွေးထားတဲ့ ကလေးလေးကိုပင်
ဖိုးထွေးက လက်ကမချ။
ဘွဲ့ဆူးလည်းကလေးချစ်တက်သူမို့ ကလေးအားချစ်ပါသည်။ သို့သော်ဖိုးထွေးလောက်တော့ ချီပိုးဖို့မရဲသေး။
ကလေးက ရက်သားလေးမို့ နီတာရဲလေးပဲရှိသေးသည်။
လှုပ်လိုက်တာနဲ့ပဲ့ကြွေလုမတက် နုနုရဲရဲလေးမို့
ဘွဲ့ဆူး‌ကိုင်ဖို့မရဲသေး။
သို့သော် အသားကတော့ဖွေးဖို့လမ်းမမြင်ပါ။
မအေးမြက အသားလတ်ပေမဲ့ ကိုသန့်စင်ကတော့မဲသည်။
ခုလည်းမွေးခါစမို့ရဲရဲလေးဖြစ်နေသေးပေမဲ့
ဖြူသော အသား‌ရေတော့မဟုတ်။
တဆက်ထဲသောင်းဆင့်အားသတိရလိုက်မိသေးသည်။
မဲပေမဲ့ သောင်းဆင့်နှင့်တူရင်တော့ ချောမောခန့်ညာနေမှာမလွဲပေ။

မြင့်မိုရ်ရွာမှာသာထိုင်နေရတာ စိတ်က လေးရွာတောထဲက ကောင်ကလေးဆီမှာသာ လူးလားခေါက်တုန့်။
သူတကယ်ကြီး သူ့ကောင်လေးကို ချစ်မိနေတာကြီးပါလား။

________

" ကိုဘဲ‌ရေ စာလာတယ်ဟေ့ "

" -ီး ကိုဘဲ"

ပုဆိုးတိုတိုဝတ်ထားပြီး ငှက်လှောင်အိမ်တစ်ခု‌ကိုင်ထားတဲ့ အမျိုးသားတစ်ယောက်။
ဖျတ်ခနဲကြည့်တော့ အသက်ကြီးမဲ့ပုံဆိုပေမဲ့ တကယ်က သောင်းဆင့်ထက်ငယ်သေးသည်။
သူ့နာမည်က ကျော်ကြီး။ အနည်းငယ်ဝကာ လူကထွားတာမို့ တော်ရုံလူ ရှိန်ကြသည်။ ဒါပေမဲ့ထိုအထဲတွင် သောင်းဆင့်မပါ။
ကုန်ကားမောင်းတဲ့သူမို့ သောင်းဆင့်နှင့်သိနေပြီဖြစ်သည်။ အဆဲသံပေးလိုက်ပေမဲ့ လူက အိမ်ထဲကနေ ပြေးထွက်သွားမိသည်။

" ဘယ်မလဲစာ ။ ပေးပေး "

" ကိုဘဲတို့များနော် ။ သူ့အကိုကြီးကို ချစ်လိုက်တာများ စာလာတယ်ဆိုကာရှိသေး ပြာယာတွေကိုခတ်လို့ ရော့ .. ဒါအရင်ကိုင်ထား"

သောင်းဆင့်ကား ကျော်ကြီးကို ပေစောင်းစောင်းကြည့်ကာ စကားမဆိုတော့ပဲ ပေးလာတဲ့ ငှက်လှောင်အိမ်အားယူလိုက်ရသည်။ သေချာကြည့်တော့ ငှက်ကလည်းရုပ်ဆိုးချက်မဲမဲမှောင်မှောင်။
ထုတ်ပေးမဲ့ စာအားစောင့်မျှော်နေရတာမို့
သူ့မှာ ရန်ဖြစ်ဖို့စိတ်လည်းမဝင်စားအားပါ။
သူ့ကိုကြီးဘွဲ့ဆူးရက်စက်ချက်ကတော့ သူ့အားပစ်ထားတာ နှစ်လနီးပါးလောက်ကြာတော့မည်။
ဘထွေးနေမကောင်းလို့ ဆို‌တာနားလည်ပေမဲ့
လွမ်းတာကလွမ်းတာသက်သက်ပင်။
ခုဆို အိမ်မှာ သာဒင်ရော ဖိုးထွေးရော ရောက်နေပြီ။
မရောက်သေးသူက သူ့ကိုကြီးတစ်ယောက်ပဲကျန်တော့သည်။
စိတ်ထဲ ငေးငေးငိုင်ငိုင်ဖြစ်သွားစဉ်မှာ
နားထဲ အသံစူးစူးတစ်ခုကဝင်လာ၏။

" ဘဲဘဲရေ .. ဘဲဘဲရေ.. ချစ်တယ် .. ဘဲဘဲရေ ဘဲဘဲရေ ..ချစ်တယ်"

ဖျတ်ခနဲ‌မျက်မှောင်ကုတ်ကာ လက်ထဲက ငှက်လှောင်အိမ်အား မြှောက်ကြည့်လိုက်တော့ အော်နေတဲ့အကောင်က ဒီအမဲကောင်။
ကျော်ကြီးက သူ့ပုံစံကိုကြည့်ကာ ပြုံးစိစိ။

" ဒီကောင်လေ ၊ မမောဘူးလားမသိဘူး။တလမ်းလုံးခင်ဗျားကို ချစ်တယ်ပဲပြောနေတာ ၊ရော့ရော့စာ ။ "

" ဒါကြီးက ငါ့ဟာလား"

" အင်းလေ ။ ကိုဘွဲ့ဆူးထည့်ပေးလိုက်တာ၊ခင်ဗျားမယူရင် ကျုပ်ပေးလိုက်၊စကားတက်လို့ သဘောကျနေတာနော်ဒီက "

" သတ္တိတွေကောင်းနေတာမင်းက။ သွား .. မင်းသောက်နေကျဆိုင်က အရက်တစ်ပိုင်းယူသွားငါရှင်းလိုက်မယ် "

ကျော်ကြီးအကြည့်ကြောင့် သောင်းဆင့်ငှက်လှောင်အိမ်အားကျောဖက်ပို့ကာ လက်ခါပြလိုက်သည်။ကျော်ကြီးဆိုတဲ့ကောင် မြင်မြင်သမျှရချင်တော့တာပဲ။  လက်ထဲထည့်ပေးလိုက်သော စာရွက်ကိုပင် မကြည့်မိတော့ အိမ်ထဲလှည့်ဝင်လာကာ စားပွဲပေါ်ကို ငှက်လှောင်အိမ်အား အသာချလိုက်ပြီး သူပါထိုင်ချလိုက်မိသည်။
ငှက်သည်ဆက်အော်သည်။

"ဘဲဘဲရေ .. ဘဲဘဲရေ.. ချစ်တယ် .. ဘဲဘဲရေ ဘဲဘဲရေ ..ချစ်တယ်"


စူးစူးစိုက်စိုက်ကြည့်နေရာမှ မတ်တပ်ရပ်ကာ
ထမင်းချက်တဲ့နေရာမှ ခရမ်းချဉ်သီးတစ်လုံးအားယူပြီး လှောင်အိမ်ထဲထည့်ပေးလိုက်သည်။ ထို့နောက်ပြန်ထိုင်ကာ ဆက်ကြည့်သည်။
သူ့ပုံစံက မျက်မှောင်တွန့်ထားပေမဲ့ ကလေးတစ်ယောက်လို အသစ်အဆန်းအားစူးစမ်းနေပုံပင်။
ငှက်ကလေးသည် သောင်းဆင့်ကျွေးတဲ့ ခရမ်းချဉ်သီးအား ထိုးဆိတ်၍ စား‌ နေတာမို့ မအော်တော့ပဲ ပြန်ငြိမ်သွား၏။ သောင်းဆင့် ဖျတ်ခနဲ ခရမ်းချဉ်သီးအားပြန်လုသည်။
အစာလုခံလိုက်ရတာမို့ မကျေမနပ်ဖြစ်ကာ နှုတ်သီးဖြင့် လက်ကို တဆတ်ဆတ်ထိုးဆိတ်ပေမဲ့ အောင်မြင်စွာပါသွားသော ခရမ်းချဉ်သီးကိုတော့ ငှက်လေးခမျာ ပြန်မလုနိုင်ရှာခဲ့။

" ပြန်အော် "

" ကျီ..ကျီ .."

" စောကလိုပြန်အော် ၊ဒါကျွေးမယ် "

" ကျီ.. ကျီ "

ငှက်အော်သံသာ‌စိတ်ဆိုးမာန်ဆိုးဖြင့်အော်တော့တာမို့
သောင်းဆင့်နှုတ်ခေါင်းရှုံကာ ခရမ်းချဉ်သီးကိုပြန်ထည့်ပေးလိုက်တော့သည်။
ထိုအခါမှ ငှက်ပြန်အော်သည်။

" ဘဲဘဲ ..ဘဲဘဲ ချစ်တယ်"

" ငမဲကောင် "

ငှက်သည် စိတ်ကောက်သွားသည်ထင်
အသံထပ်ထွက်မလာတော့။
သောင်းဆင့်စာရွက်ကိုဖြန့်ကာ စာဖတ်ကြည့်မိသည် ။
နောက်တစ်ပါတ်လောက်နေရင် ပြန်လာမည်ဖြစ်ကြောင်းနှင့် ဘထွေးအခြေအနေ သက်သာပြီဖြစ်ကြောင်း၊ သာလိကာ လေးက သူ့ကိုလွမ်းနေ
တဲ့ လွမ်းချင်းလေးတွေဖြစ်ကြောင်း သိလိုက်ရတော့ ကျေနပ်စွာ နှုတ်ခမ်းထောင့်ချိုးလေးသည်ကော့တက်လာတော့၏။

စာရွက်ကလေးကိုသေချာ ခေါက်ပြီး နှာခေါင်းမှာတစ်ချက်ကပ်ကာ နှမ်းရှုံ့ပြီးမှ ရွှေလုံးလေးတွေ သိမ်းဆည်းထားသော ကောင်တာထဲကိုသော့ဖွင့်ပြီးထည့်လိုက်၏။ အထဲမှာ တညီတညာထဲထပ်ထားသော စာခေါက်ကလေးတွေမှား အားလုံး ခုနှစ်စောင်တိတိ။
သေချာလက်ဖျားလေးနဲ့ထိတွေ့ပြီးမှ တံခါးကို သော့ပြန်ခတ်၍သိမ်းလိုက်သည်။
ထိုစဉ် မိန်းကလေးတစ်ယောက်ရောက်လာ၏။
အဝါရောင် ရယ်ဒီမိတ်အင်္ကျီက လည်ပင်းတွင် အနားတွန့်လေးတွေပါကာ ဆံပင်ကို ကြက်ဆံမြီးနှစ်ဖက်ကျစ်ထား၏။

ရောက်ရောက်ချင်း အိမ်ရှေ့အဝင်စမှာ တည်ထားသော ရေအိုးမှရေတစ်ခွက်သောက်ကာ
သောင်းဆင့်အားရယ်ပြလာသည်။
ပါးကွက်နှစ်ဖက်က ရေချိုးပြီးကာစမို့ အထင်းသားဖြစ်နေပြီး ရေသောက်လိုက်၍ နှုတ်ခမ်းထောင့်နေရာမှာ အစွယ်‌ပုံစံထင်းနေပုံမှာ စိတ်ရှုပ်စရာပင်။

" ပြော ဘာလဲ "

" ဟွန့် ကိုဘဲဘဲကလည်း သဲစုလာရင်
မျက်စောင်းကြီးတစ်ထိုးထိုးနဲ့ တအားငြိုငြင်တာပဲ "

" ဒီမှာ ခင်သဲစုလင်း "

" ရှင် ကိုဘဲဘဲ"

မျက်လည်းလေး ပြူးကာ ခင်သဲစုလင်း ထူးလာတဲ့ပုံက ပီဘိ လိမ်မာယဉ်ကျေးတဲ့ မိန်းကလေးသဖွယ်။
ဒါပုံမှန်မဟုတ်ဘူးဆိုတာသောင်းဆင့်သိ၍ စိတ်မရှည်စွာ
လက်ဖြန့်ကာ ပြလိုက်သည်။

" တော်ပြီ စကားမရှည်နဲ့ ပေးရွှေ "

ထိုအခါမှ ခင်သဲစုလင်းက နှုတ်ခမ်းဆူကာ ပွစိပွစိပြောကာ ချိုင်းကြားညှပ်လာတဲ့ ပိုက်ဆံအိတ်ပေါက်စကိုထုတ်ကာ ရွှေထည့်ထားတဲ့ အိတ်အကြည်လေးကိုထုတ်ပေးသည်။

" ကိုဘဲဘဲ အပေါက်ဆိုးလို့ မိန်းမ မရတာသိလား"

" ငါကလည်း မိန်းမတွေကို မကြိုက်ဘူး ၊
အလကား သာလိကာမတွေ "

" ဘဲဘဲရေ ဘဲဘဲ ချစ်တယ် "

ပြောနေတုန်းရှိသေးတယ်ထအော်တဲ့ သာလိကာ
မဲမဲတုံးကြောင့် ခင်သဲစုလင်းတစ်ယောက် ရယ်ချင်ပက်ကျိမျက်နှာထားနှင့် ။

" ကိုဘဲဘဲက မိန်းမတွေကို မကြိုက်ဘူးတာပြောတာ။ မိန်းမနဲ့တူတဲ့ သာလိကာကျမွေးထားတယ်တော့်။
ဘာတဲ့ ဘဲဘဲရေ ချစ်တယ်တဲ့လား ဟစ်ဟစ် "

" တူမလား။ အဲ့ဒါ ငါ့ချစ်သူလေးဆီက ချစ်သက်လက်ဆောင်ရထားတာ ။ ထပ်အော်ပြလိုက်စမ်း မဲမဲတုံးလေး"

သောင်းဆင့် စကားကို ကြားသော် ‌မဲမဲတုံးက အဖက်မလုပ်တော့ချေ။
ဖင်ပေးကာ ခရမ်းချဉ်သီးတို့အားထိုးဆိတ်၍ စားကာ
လူတွေက သူနဲ့မသက်ဆိုင်တော့သလို။
စကားနားထောင်ချက်ကြောင့် သောင်းဆင့်မှာ အီလည်လည်။
ခင်သဲစုလင်းကတော့ သဘောကျစွာ လက်ခုပ်လက်ဝါးတီးကာ တဟားဟားရယ်နေတော့သည်။

" ချစ်သက်လက်ဆောင်တဲ့ ဝါးဟားဟား။
ငှက်တောင် လိမ်ပြောလို့ အရေးမလုပ်တော့ဘူး "

" တော်ပြီ တော်ပြီ ။ ညည်းရွှေချိန်ထားတာ
ငါးရွေးနဲ့ ဆန်တစ်စေ့ ။ ယူပြီပြန်တော့ "

အတင်းနှင်ထုတ်နေသေည်ငြား ခင်သဲစုလင်းအရယ်မပျက်။ တဝါးဝါးလုပ်ကာရယ်နေတုန်းပင်။
တကယ်အကြောတင်းတဲ့ကောင်မလေး။

ခင်သဲစုလင်းပြန်သွားတော့ သောင်းဆင့်
ချိန်ခွင်ထဲကရွှေကိုသိမ်းရသည်။ သိမ်းနေရင်း
ကိုကြီးဘွဲ့ဆူးပေးတဲ့ မဲမဲတုံးကို မကျေမနပ်လှမကြည့်သေးသည်။
ဒီအကောင်က ခင်သဲစုလင်းထက်ပိုပြီးအကြော
တင်းသေးသည်။
တကယ်မုန်းစရာကောင်။

ရက်အနည်းငယ်ကြာပြီးနောက်မှာ ဘွဲ့ဆူး လေးရွာတောကို ပြန်ရောက်လာခဲ့သည်။
ကားဆိုက်ဆိုက်ချင်း ဈေးဝယ်လာတဲ့ သူတွေက
အများအပြားတိုးဝှေ့လာကြတာမို့ လက်ထဲမှာပွေ့ထားသော အနှီးထုပ်လေးအားထိခိုက်မိမှာစိုး၍
အထုတ်အပိုးတွေတောင်မချနိုင်ပါ။

" ကျော်ကြီးရေ အကို့အိတ်ကလေးလှမ်းပေးပါအုံး "

ကားပေါ်ကို ကနေ ကျော်ကြီးလှမ်းပေးတဲ့ ကျောပိုးအိတ်နှင့် ခြင်းပန်းရောင်လေးကိုလှမ်းယူကာ
ဘွဲ့ဆူး ပြုံးပြရင်း နှုတ်ဆက်လိုက်မိသည်။
မှတ်မိသူတချို့က ခေါ်ပြောနှုတ်ဆက်ကြပြီး
ကလေးအားသိသိသာသာ စိတ်ဝင်စားနေကြသည်။

" ကိုဘွဲ့ရေ ၊ အဲ့ဒါမင်းကလေးလားကွဲ့ "

မနေနိုင်သူတချို့က‌လည်းနှုတ်ကထုတ်မေးလာကြတာမို့ပြုံးကာ ဟုတ်မှန်ကြောင်းခေါင်းငြိမ့်ပြမိသည်။

" ဟုတ်တယ်ဒေါ်လေးရေ။ ကျွန်တော့်ကလေးလေး
နာမည်က စမ်းရေ‌ သောင်းတဲ့ "

နှီးထုပ်ထဲက ကလေးကိုငုံ့ကြည့်ကာ ဘွဲ့ဆူးဖွဖွလေး
နမ်းလိုက်သေးသည်။
လမ်းကြမ်ကြမ်းမှာ လသားအရွယ်လေးကို ချီပိုးလာရတာမို့ သူ့မှာ လက်တစ်စုံလုံး ညောင်းညာကိုက်ခဲလျက်။

အိမ်ရောက်တော့ သောင်းဆင့်က ရွှေဝယ်နေ၏။
နှစ်လခွဲကျော်လောက် ဝေးကွာခဲ့ရတာမို့
သောင်းဆင့်ကိုကြည့်ရတာ မျက်တောင်တောင် မခတ်ချင်တော့သည်အထိပင်။
ရှည်လာတဲ့ ဆံပင်တွေသည် ခပ်အုပ်အုပ်ဖြစ်ကာ
ရှင်းလင်းထားသော မှုတ်ဆိတ်တို့က ပါးရိုးတစ်လျှောက်စိမ်းမြစေပါ၏။
သူ့ဘဲဘဲလေးက ယောက်ခထီးပြောသလို တကယ်ချောတာပင်။

သောင်းဆင့်ကတော့သူရောက်နေသည်ကိုမသိ။
ငွေထုတ်ရှင်းကာ ဝယ်ထားတဲ့ရွှေကို လုပ်ရိုးလုပ်စဉ်အတိုင်းသိမ်းဆည်းနေ၏။
ရွှေလာရောင်းပေးသော အမျိုးသားကြီးသည်
ဆိုင်ထဲကအထွက် ဘွဲ့ဆူးကို မြင်တော့

" ကိုဘဲရေ ဒီမှာ မင်းအကိုပြန်လာပြီ ဟ "
ဟု အော်ခေါ်ပေးသည်။
ထိုအခါမှ သောင်းဆင့်က ကပြာကယာမော့ကြည့်လာပြီးဘွဲ့ဆူးကိုတွေ့သွားတာဖြစ်သည်။
သူသည်ကောင်တာသော့ကိုပင် ဖြုတ်ခဲ့ဟန်မတူ။
အတင်းပြေးလာတဲ့ဟန်က အမေကိုတွေ့တဲ့သားလိုပင်။

ပစ်ခုန်ဖက်တက်လာဟန်ရှိနေသည်မို့ဘွဲ့ဆူးမျက်လုံးပြူးကာ လက်တစ်ဖက်နဲ့ သောင်းဆင့်ကို တားထားရသည်။

" ဟိုးဟိုး ‌ဘဲဘဲရေ ဒီမှာ မင်းသမီးရှိသေးတယ်။
ကလေးလေး ထိခိုက်မိသွားပါအုံးမယ်ကွာ "

သောင်းဆင့်သည် မဖက်ရတော့ ဆန့်တန်းထားတဲ့ လက်ကို ပြန်ချကာ

" အဲ့ဒါဘယ်က ကလေးလဲ " ဟု စောင့်စောင့်အောင့်အောင့်မေး၏။

" ဘယ်ကကလေးကမှာလဲ။ မအေးမြရဲ့သမီးလေးလေ ။ ကိုယ်မွေးစားရအောင်ခေါ်လာတာ ကြည့်ပါအုံးမင်းနဲ့မတူဘူးလား"

ပခုံးပေါ်လွှထားတဲ့ ပုဝါကို ဖယ်ပြလိုက်တော့
ပါးစပ်လေးတရွယ်ရွယ်ဖြစ်နေတဲ့ မျက်ခုံးထူထူရှိတဲ့ အမဲမလေး တစ်ယောက်ကို တွေ့ရသည်။
သောင်းဆင့်နှုတ်ခမ်းကိုမဲ့ကာပြောသည်။

" ဘယ်မှာတူလို့လဲ သူဒီလောက်အသားမဲတာကို "

ဘွဲ့ဆူးရယ်မြူးရိပ်သန်းနေသောမျက်နှာဖြင့် သောင်းဆင့် မေးကို လှမ်းဖျစ်ကာ

" တူပါတယ် ၊ဒီမှာလေ ။ အသားဒီလောက်မဲတာ "

သောင်းဆင့် ရှု့တူတူကြည့်ကာ ဘွဲ့ဆူးလက်ထဲက
ကလေးလေးအားအသာ ဆွဲယူကာပွေ့ကာ မေးမြန်းလာသည်။

" သေးသေးလေးပဲရှိသေးတယ်။ သူ့အမေက ဖိုးထွေးကိုမပေးပဲ ကိုကြီးဘွဲ့ဆူးကို  ဘာလို့ပေးတာလဲ "

ကလေးမျက်နှာပေါ်မှာဖုံးနေတဲ့ အဖြူရောင်ပိတ်စ‌ကိုမျက်နှာလေးပေါ်လာအောင်ဖွဖွဖယ်ရင်း မအေးမြနဲ့
ပြောခဲ့တဲ့စကားတွေအားသတိရလိုက်မိသည်။

" ဖိုးထွေးက လူပျိုလေးလေ အချိန်တန်မိန်းမယူမှာ။ ကိုယ်တို့ကတော့ မတူဘူး။ သူ့သမီးလေးက ငယ်သေး‌တာ‌ ရော ၊မိန်းကလေးဖြစ်တာရောဆိုတော့ ပေးဖို့တော့ခက်ခဲမှာပေါ့။ ဒါပေမဲ့ နေထိုင်ဖို့မပျော်တော့တဲ့ မိန်းမတစ်ယောက်အတွက် သံယောဇဉ်ကဆွဲထားရင်ပင်ပန်းမှာပဲရှိလိမ့်မယ် ။ ကိုယ်ကပါရမီဖြည့်လိုက်တဲ့သဘောပါပဲ။ သီလရှင်ဝတ်ချင်တယ်တဲ့။ ရာသက်ပန်ဖြစ်ဖို့များတယ်။
ကျွန်တော်တို့ ကိုယ့်သမီးလေးလိုစောင့်ရှောက်ပါ့မယ် အမအနေနဲ့ သံယောဇဉ်မပြတ်လို့ ပြန်လာခေါ်မယ်ဆိုရင်လည်း အချိန်မရွေးလာခေါ်နိုင်တယ်ဆိုတာ ကိုယ်ကတိပေးလိုက်တယ်၊ သူ့အနေနဲ့ဆုံးဖြတ်ချက်ချဖို့ခက်ခဲတယ်လေ ကိုယ် တစ်ပါတ်လောက်အချိန်ပေးလိုက်ရတယ်။ "

" ဪ.. ဒါဆိုသူက ခု ညီလေးတို့ ကလေးဖြစ်သွားတာလား "

" အင်းပေါ့ ၊ ခုဆို သူက မင်းရဲ့သမီး။ နာမည်ကစမ်းရေသောင်းတဲ့ ၊သဘောကျလား ဘဲဘဲလေး"

အတော်ကြာကလေးအားငေးကြည့်နေရာမှ
သောင်းဆင့်ခေါင်းကလေးသည် ဆတ်ခနဲ ညိမ့်သွားတာကို ဘွဲ့ဆူးတွေ့လိုက်ရတော့ ကြည်နူးခြင်း ၊
ပျော်မွေ့ခြင်းက တစ်ဆက်ထဲခံစားလိုက်ရသည်။

ဘွဲ့ဆူးသည်ဘေးမှာချထားသော ခြင်းလေးအားကောက်ကိုင်ကာ သောင်းဆင့်၏ကျောကို လက်တစ်ဖက်ဖြင့် ထိန်းကာပွေ့၍ အသာအိမ်ထဲသို့
ခေါ်ခဲ့လိုက်သည်။
သူတို့နေထိုင်သော အိမ်ကလေးသည်ထိုနေ့က လူသစ်တစ်ယောက်တိုးခဲ့သည်။
တစ်ဦးတည်းသော မိန်းကလေးဖြစ်ပြီး
သောင်းဆင့်နှင့်တူသော မျက်နှာပေါက်၊ အသားရေရှိသူဖြစ်မို့ သောင်းဆင့်သမီးဟုပြောလျှင် မယုံမဲ့သူရှိမှာမဟုတ်။

ချစ်တဲ့အိမ်စည်။

ရက္လည္ၿပီး သံုးရက္ေျမာက္‌ေန့။
ေဈးကားထြက္မၫ့္ေန့မို႔ ေသာင္းဆင့္အား သာဒင္ႏွင့္အတူ စာတစ္ေစာင္ေပးပို႔ျဖစ္သည္။
အေျခအေနအေၾကာင္းအရာမ်ားကို အတိုၿခံဳ႔ ေျပာျပၿပီး မလာျဖစ္ေသးဘူးဆိုတဲ့အေၾကာင္း ၊
ေရႊေရာင္းေရႊဝယ္လုပ္ရေအာင္ ၿမိဳ႔ကေန ေနျမတ္လင္း ျပန္ဆပ္လိုက္တဲ့ ေငြသိန္းတစ္ရာအားထၫ့္ေပးလိုက္တယ္ျဖစ္ေၾကာင္း၊ ပိုက္ဆံလိုအပ္ေသးရင္
ေနာက္တစ္ေခါက္ ကားလာရင္ ထၫ့္ေပးလိုက္မည္ျဖစ္ၿပီး ၊ ဆိုင္ကိုပစ္ၿပီး မလာဖို႔ႏွင့္ ေနျမတ္လင္းနဲ႔လည္းလူခ်င္းမေတြ့ျဖစ္တဲ့အေၾကာင္း ၊ လူႀကံဳနဲ႔သာပိုက္ဆံကိုထၫ့္ေပးလိုက္တာျဖစ္ၿပီး အိမ္ေရာင္းလိုက္လို႔ အေႂကြးဆပ္ႏိုင္တာျဖစ္တဲ့အေၾကာင္း ေသခ်ာအရင္ရွင္းျပထားလိုက္သည္။
ေသာင္းဆင့္အေနနဲ႔သူ႔အား စိတ္ရွင္းမည္ဟုလည္း
ယံုၾကည္သည္။
ေနျမတ္လင္းက လတ္တေလာ ခြဲစိတ္ကုသခဲ့ၿပီး
အိမ္ၿခံအား ေဈးေကာင္းေပးသူရိွ၍ ေရာင္းလိုက္ရတာျဖစ္သည္။
ေပးလိုက္တုန္းက ေသာင္းဆင့္အႏွေျမာမရိွေပးခဲ့ေပမဲ့ သူကေတာ့ ေတာ္ေတာ္ေလးႏွ‌ ေျမာခဲ့ရတာပင္။ က်န္းမာေရးမို႔ ကူညီတာဆိုေပမဲ့ ေနျမတ္လင္းနဲ႔က မျဖစ္မေနကူညီေပးရမဲ့ခင္မင္မူ႔လည္းမရိွတာမို႔ ျငင္းလိုက္လည္း ကိစၥမရိွ။
ဒီတိုင္းေပးလိုက္တဲ့ေငြက နည္းနည္းေနာေနာမဟုတ္သည္မို႔ျပန္ရ‌ေတာ့လည္း စိတ္ထဲေပ်ာ္သြားရသည္။

ျမင့္မိုရ္ရြာက ေနထိုင္လို႔ေကာင္းမြန္တဲ့ရြာႀကီးျဖစ္သည္။ လမ္းပန္းဆက္သြယ္ေရးက ေခ်ာင္းကမ္းရြာထက္စာရင္ လမ္းသာကာ  စည္ကားသည္။
ရြာလမ္းေတြတေလ်ွာက္ ကြန္ဂရစ္လမ္းခင္းထားကာ
ဆိုင္ကယ္ဘာညာေပါမ်ားကာ ေခတ္မွီ၏။

ကိုသန႔္စင္တို႔အိမ္ကေလးသည္ ေခ်ာင္က်တဲ့ေနရာမွာရိွသည္။
လူေသထားသၫ့္အိမ္ေလးမို႔ ေျခာက္ကပ္ကပ္ႏွင့္တစ္ေယာက္စႏွစ္ေယာက္စ လာထိုင္တာဘာညာမ်ိဳးေတာ့ရိွေသးသည္။
ရက္မလည္ခင္ကေတာ့လူစည္ေပမဲ့ ေနာက္ရက္ေတြမွာေတာ့ လူသိပ္မရိွသေလာက္ပင္။
အထူးျခားဆံုးကေတာ့ မေအးျမပင္။

ကိုသန႔္စင္ ရက္လည္ၿပီးေန့တြင္ မေအးျမမီးဖြားခဲ့သည္။
မေအးျမသည္ စိတ္ႀကိဳက္ငိုေႂကြးခဲ့ေပမဲ့ ေျမခ်သၫ့္ေန့တြင္ေတာ့ အငိုတိတ္ခဲ့ၿပီး ရဲဝင့္စြာ ကေလးအားေမြးခဲ့သည္။
ေသြးႏုသားႏုမို႔ အကုန္စိုးရိမ္ခဲ့ၾကၿပီး တစ္ခုခုျဖစ္မွာမို႔ အရိပ္တၾကၫ့္ၾကၫ့္ ေစာင့္ၾကၫ့္ေနရတဲ့အ‌ ေျခအေန။
ဒါေပမဲ့ တကယ္စိတ္မာတဲ့ အမ်ိဳးသမီးက
စိတ္ျဖတ္လိုက္ဟန္ျဖင့္ မီးေနခန္းတြင္ တိတ္တဆိတ္သာ ရိွခဲ့သည္။
တည္ၿငိမ္သြားေပမဲ့ ဘြဲ႔ဆူးတို႔မွာ ပစ္မထားရက္ပါ။
ကိုသန႔္စင္က တကယ့္လူရိုးႀကီးမို႔ ပစၥၫ့္ဥစၥာကလည္း ထင္သေလာက္စုမိေဆာင္းမိဟန္လံုးလံုးမရိွ။
ပရိေဘာဂ စံုစံုလင္မရိွတဲ့အိမ္ကေလးအားေဝ့ၾကၫ့္ကာ ဘြဲ႔ဆူး ခ်ခင္းထားတဲ့ေရႏြေးၾကမ္းအား
အနည္းငယ္ငွဲ႔၍ မႈတ္ေသာက္မိ၏။
သူထိုင္ေနတုန္းပင္ ဖိုးေထြးက လက္သုတ္ဝတ္တစ္ထည္ကိုကိုင္ကာ  မီးဖိုေခ်ာင္ထဲကေနထြက္လာသည္။

" ဖိုးေထြး ၊ မနက္ဖန္ေလာက္ အကိုျပန္ေတာ့မယ္။
မင္ေရာ ဘာဆက္လုပ္ဖို႔စဉ္းစားထားလဲ "

ဖိုးေထြးသည္ စားပြဲအားေသခ်ာ သုတ္ေနရာမွ
လက္ထဲက အဝတ္စုတ္အား ေဘးေထာင့္တစ္ေနရာအားပစ္ခ်ကာ ခံုမွာေျခပစ္လက္ပစ္ဝင္ထိုင္လိုက္သည္။ သြင္ျပင္ပံုပန္းမွာ အလိုမက်စိတ္ျဖင့္ မႈံကုတ္လ်က္ရိွေခ်သည္။
အေတာ္ၾကာမွအလိုမက်စြာပင္

" လူေတြကလည္းခက္သားဗ်ာ။ ရက္လည္ေန့က လာကူတဲ့ ထမင္းခ်က္အမ်ိဳးသမီးေတြအတင္းေျပာတာ
ကြၽန္ေတာ္ၾကားခဲ့တယ္ "

မ်က္ႏွာသည္ ေအာက္ကိုငံု႔လ်က္ စကားတို႔သည္ ခပ္တိုးတိုးသာ။

" ကြၽန္ေတာ္နဲ႔ မေအးျမက ကိုသန႔္စင္မသိေအာင္ေဖာက္ျပန္ေနတာတဲ့။ ဘယ္လိုနည္းနဲ႔ေျပာထြက္ရက္သလဲမသိဘူးဗ်ာ။ ကြၽန္ေတာ္ကူညီေနတာေတြအားလံုး ဒီတိုင္း စိတ္သန႔္တယ္ဆိုတာ ဘယ္လိုက်ိန္ရက်ိန္ရပါ။ အခုဟာက သူ႔အပူနဲ႔သူျဖစ္ေနတဲ့ မိန္းမတစ္ေယာက္ကိုပါ ဆြဲထၫ့္တာ ရင္နာစရာေကာင္းတယ္။ ကြၽန္ေတာ္ေနခဲ့ရင္လည္း ဒီအတင္းစကားေတြက ဆက္ထြက္လာအံုးမယ္၊ထားခဲ့ျပန္ရင္လည္း
မေအးျမကို စိတ္မခ်ဘူး "

" မင္းခံစားခ်က္ကို အကိုနားလည္တယ္။
ဒါေပမဲ့အခုလိုစကားေတြ ေျပာဆိုေနၾကၿပီးမွဆက္ေနခဲ့ရင္လည္း မင္းအေနနဲ႔ မေကာင္းဘူး။ လုပ္ေပးႏိုင္သေလာက္လည္းလုပ္ေပးခဲ့ၿပီးၿပီပဲ ။ ရြာျပန္လိုက္ခဲ့ၿပီးတစ္ရက္ ေလာက္နားလိုက္။ သဖက္ခါ မင္းေမွာ္ထဲ ျပန္လိုက္အံုး။ "

ဖိုးေထြးက စိတ္ေလ်ာ့လိုက္ဟန္ျဖင့္ မ်က္ႏွာကို တခ်က္ပြတ္ကာ ၿငိမ္သြား၏။ အေတာ္ၾကာမွ ေခါင္းၿငိမ့္ကာ " ကြၽန္ေတာ္ျပန္လိုက္ခဲ့မယ္" ဟု ေျပာလာတာျဖစ္သည္။
သံေယာဇဉ္က တြယ္ၿငိမိရင္ျဖတ္ဖို႔ခက္သည္။
ဖိုးေထြးက ကိုသန႔္စင္ကို တကယ္အကိုႀကီးတစ္ေယာက္လိုခင္တြယ္တာပင္။
အိမ္မွာ အႀကီးဆံုးျဖစ္တဲ့ဖိုး‌ေထြးက သူ႔အား ကေလးတစ္ေယာက္လိုဆက္ဆံေပးတက္တဲ့ ကိုသန႔္စင္ကို
ေလးစားကာခ်စ္ခင္သည္။
ခုမေအးျမေမြးထားတဲ့ ကေလးေလးကိုပင္
ဖိုးေထြးက လက္ကမခ်။
ဘြဲ႔ဆူးလည္းကေလးခ်စ္တက္သူမို႔ ကေလးအားခ်စ္ပါသည္။ သို႔ေသာ္ဖိုးေထြးေလာက္ေတာ့ ခ်ီပိုးဖို႔မရဲေသး။
ကေလးက ရက္သားေလးမို႔ နီတာရဲေလးပဲရိွေသးသည္။
လႈပ္လိုက္တာနဲ႔ပဲ့ေႂကြလုမတက္ ႏုႏုရဲရဲေလးမို႔
ဘြဲ႔ဆူး‌ကိုင္ဖို႔မရဲေသး။
သို႔ေသာ္ အသားကေတာ့ေဖြးဖို႔လမ္းမျမင္ပါ။
မေအးျမက အသားလတ္ေပမဲ့ ကိုသန႔္စင္ကေတာ့မဲသည္။
ခုလည္းေမြးခါစမို႔ရဲရဲေလးျဖစ္ေနေသးေပမဲ့
ျဖဴေသာ အသား‌ေရေတာ့မဟုတ္။
တဆက္ထဲေသာင္းဆင့္အားသတိရလိုက္မိေသးသည္။
မဲေပမဲ့ ေသာင္းဆင့္ႏွင့္တူရင္ေတာ့ ေခ်ာေမာခန႔္ညာေနမွာမလြဲေပ။

ျမင့္မိုရ္ရြာမွာသာထိုင္ေနရတာ စိတ္က ေလးရြာေတာထဲက ေကာင္ကေလးဆီမွာသာ လူးလားေခါက္တုန႔္။
သူတကယ္ႀကီး သူ႔ေကာင္ေလးကို ခ်စ္မိေနတာႀကီးပါလား။

________

" ကိုဘဲ‌ေရ စာလာတယ္ေဟ့ "

" -ီး ကိုဘဲ"

ပုဆိုးတိုတိုဝတ္ထားၿပီး ငွက္ေလွာင္အိမ္တစ္ခု‌ကိုင္ထားတဲ့ အမ်ိဳးသားတစ္ေယာက္။
ဖ်တ္ခနဲၾကၫ့္ေတာ့ အသက္ႀကီးမဲ့ပံုဆိုေပမဲ့ တကယ္က ေသာင္းဆင့္ထက္ငယ္ေသးသည္။
သူ႔နာမည္က ေက်ာ္ႀကီး။ အနည္းငယ္ဝကာ လူကထြားတာမို႔ ေတာ္ရံုလူ ရိွန္ၾကသည္။ ဒါေပမဲ့ထိုအထဲတြင္ ေသာင္းဆင့္မပါ။
ကုန္ကားေမာင္းတဲ့သူမို႔ ေသာင္းဆင့္ႏွင့္သိေနၿပီျဖစ္သည္။ အဆဲသံေပးလိုက္ေပမဲ့ လူက အိမ္ထဲကေန ေျပးထြက္သြားမိသည္။

" ဘယ္မလဲစာ ။ ေပးေပး "

" ကိုဘဲတို႔မ်ားေနာ္ ။ သူ႔အကိုႀကီးကို ခ်စ္လိုက္တာမ်ား စာလာတယ္ဆိုကာရိွေသး ျပာယာေတြကိုခတ္လို႔ ေရာ့ .. ဒါအရင္ကိုင္ထား"

ေသာင္းဆင့္ကား ေက်ာ္ႀကီးကို ေပေစာင္းေစာင္းၾကၫ့္ကာ စကားမဆိုေတာ့ပဲ ေပးလာတဲ့ ငွက္ေလွာင္အိမ္အားယူလိုက္ရသည္။ ေသခ်ာၾကၫ့္ေတာ့ ငွက္ကလည္းရုပ္ဆိုးခ်က္မဲမဲေမွာင္ေမွာင္။
ထုတ္ေပးမဲ့ စာအားေစာင့္ေမ်ွာ္ေနရတာမို႔
သူ႔မွာ ရန္ျဖစ္ဖို႔စိတ္လည္းမဝင္စားအားပါ။
သူ႔ကိုႀကီးဘြဲ႔ဆူးရက္စက္ခ်က္ကေတာ့ သူ႔အားပစ္ထားတာ ႏွစ္လနီးပါးေလာက္ၾကာေတာ့မည္။
ဘေထြးေနမေကာင္းလို႔ ဆို‌တာနားလည္ေပမဲ့
လြမ္းတာကလြမ္းတာသက္သက္ပင္။
ခုဆို အိမ္မွာ သာဒင္ေရာ ဖိုးေထြးေရာ ေရာက္ေနၿပီ။
မေရာက္ေသးသူက သူ႔ကိုႀကီးတစ္ေယာက္ပဲက်န္ေတာ့သည္။
စိတ္ထဲ ေငးေငးငိုင္ငိုင္ျဖစ္သြားစဉ္မွာ
နားထဲ အသံစူးစူးတစ္ခုကဝင္လာ၏။

" ဘဲဘဲေရ .. ဘဲဘဲေရ.. ခ်စ္တယ္ .. ဘဲဘဲေရ ဘဲဘဲေရ ..ခ်စ္တယ္"

ဖ်တ္ခနဲ‌မ်က္ေမွာင္ကုတ္ကာ လက္ထဲက ငွက္ေလွာင္အိမ္အား ေျမႇာက္ၾကၫ့္လိုက္ေတာ့ ေအာ္ေနတဲ့အေကာင္က ဒီအမဲေကာင္။
ေက်ာ္ႀကီးက သူ႔ပံုစံကိုၾကၫ့္ကာ ၿပံဳးစိစိ။

" ဒီေကာင္ေလ ၊ မေမာဘူးလားမသိဘူး။တလမ္းလံုးခင္ဗ်ားကို ခ်စ္တယ္ပဲေျပာေနတာ ၊ေရာ့ေရာ့စာ ။ "

" ဒါႀကီးက ငါ့ဟာလား"

" အင္းေလ ။ ကိုဘြဲ႔ဆူးထၫ့္ေပးလိုက္တာ၊ခင္ဗ်ားမယူရင္ က်ဳပ္ေပးလိုက္၊စကားတက္လို႔ သေဘာက်ေနတာေနာ္ဒီက "

" သတၲိေတြေကာင္းေနတာမင္းက။ သြား .. မင္းေသာက္ေနက်ဆိုင္က အရက္တစ္ပိုင္းယူသြားငါရွင္းလိုက္မယ္ "

ေက်ာ္ႀကီးအၾကၫ့္ေၾကာင့္ ေသာင္းဆင့္ငွက္ေလွာင္အိမ္အားေက်ာဖက္ပို႔ကာ လက္ခါျပလိုက္သည္။ေက်ာ္ႀကီးဆိုတဲ့ေကာင္ ျမင္ျမင္သမ်ွရခ်င္ေတာ့တာပဲ။  လက္ထဲထၫ့္ေပးလိုက္ေသာ စာရြက္ကိုပင္ မၾကၫ့္မိေတာ့ အိမ္ထဲလွၫ့္ဝင္လာကာ စားပြဲေပၚကို ငွက္ေလွာင္အိမ္အား အသာခ်လိုက္ၿပီး သူပါထိုင္ခ်လိုက္မိသည္။
ငွက္သည္ဆက္ေအာ္သည္။

"ဘဲဘဲေရ .. ဘဲဘဲေရ.. ခ်စ္တယ္ .. ဘဲဘဲေရ ဘဲဘဲေရ ..ခ်စ္တယ္"


စူးစူးစိုက္စိုက္ၾကၫ့္ေနရာမွ မတ္တပ္ရပ္ကာ
ထမင္းခ်က္တဲ့ေနရာမွ ခရမ္းခ်ဉ္သီးတစ္လံုးအားယူၿပီး ေလွာင္အိမ္ထဲထၫ့္ေပးလိုက္သည္။ ထို႔ေနာက္ျပန္ထိုင္ကာ ဆက္ၾကၫ့္သည္။
သူ႔ပံုစံက မ်က္ေမွာင္တြန႔္ထားေပမဲ့ ကေလးတစ္ေယာက္လို အသစ္အဆန္းအားစူးစမ္းေနပံုပင္။
ငွက္ကေလးသည္ ေသာင္းဆင့္ေကြၽးတဲ့ ခရမ္းခ်ဉ္သီးအား ထိုးဆိတ္၍ စား‌ ေနတာမို႔ မေအာ္ေတာ့ပဲ ျပန္ၿငိမ္သြား၏။ ေသာင္းဆင့္ ဖ်တ္ခနဲ ခရမ္းခ်ဉ္သီးအားျပန္လုသည္။
အစာလုခံလိုက္ရတာမို႔ မေက်မနပ္ျဖစ္ကာ ႏႈတ္သီးျဖင့္ လက္ကို တဆတ္ဆတ္ထိုးဆိတ္ေပမဲ့ ေအာင္ျမင္စြာပါသြားေသာ ခရမ္းခ်ဉ္သီးကိုေတာ့ ငွက္ေလးခမ်ာ ျပန္မလုႏိုင္ရွာခဲ့။

" ျပန္ေအာ္ "

" က်ီ..က်ီ .."

" ေစာကလိုျပန္ေအာ္ ၊ဒါေကြၽးမယ္ "

" က်ီ.. က်ီ "

ငွက္ေအာ္သံသာ‌စိတ္ဆိုးမာန္ဆိုးျဖင့္ေအာ္ေတာ့တာမို႔
ေသာင္းဆင့္ႏႈတ္ေခါင္းရႈံကာ ခရမ္းခ်ဉ္သီးကိုျပန္ထၫ့္ေပးလိုက္ေတာ့သည္။
ထိုအခါမွ ငွက္ျပန္ေအာ္သည္။

" ဘဲဘဲ ..ဘဲဘဲ ခ်စ္တယ္"

" ငမဲေကာင္ "

ငွက္သည္ စိတ္ေကာက္သြားသည္ထင္
အသံထပ္ထြက္မလာေတာ့။
ေသာင္းဆင့္စာရြက္ကိုျဖန႔္ကာ စာဖတ္ၾကၫ့္မိသည္ ။
ေနာက္တစ္ပါတ္ေလာက္ေနရင္ ျပန္လာမည္ျဖစ္ေၾကာင္းႏွင့္ ဘေထြးအေျခအေန သက္သာၿပီျဖစ္ေၾကာင္း၊ သာလိကာ ေလးက သူ႔ကိုလြမ္းေန
တဲ့ လြမ္းခ်င္းေလးေတျြဖစ္ေၾကာင္း သိလိုက္ရေတာ့ ေက်နပ္စြာ ႏႈတ္ခမ္းေထာင့္ခ်ိဳးေလးသည္ေကာ့တက္လာေတာ့၏။

စာရြက္ကေလးကိုေသခ်ာ ေခါက္ၿပီး ႏွာေခါင္းမွာတစ္ခ်က္ကပ္ကာ ႏွမ္းရႈံ႔ၿပီးမွ ေရႊလံုးေလးေတြ သိမ္းဆည္းထားေသာ ေကာင္တာထဲကိုေသာ့ဖြင့္ၿပီးထၫ့္လိုက္၏။ အထဲမွာ တညီတညာထဲထပ္ထားေသာ စာေခါက္ကေလးေတြမွား အားလံုး ခုႏွစ္ေစာင္တိတိ။
ေသခ်ာလက္ဖ်ားေလးနဲ႔ထိေတြ့ၿပီးမွ တံခါးကို ေသာ့ျပန္ခတ္၍သိမ္းလိုက္သည္။
ထိုစဉ္ မိန္းကေလးတစ္ေယာက္ေရာက္လာ၏။
အဝါေရာင္ ရယ္ဒီမိတ္အက်ႌက လည္ပင္းတြင္ အနားတြန႔္ေလးေတြပါကာ ဆံပင္ကို ၾကက္ဆံၿမီးႏွစ္ဖက္က်စ္ထား၏။

ေရာက္ေရာက္ခ်င္း အိမ္ေရ႔ွအဝင္စမွာ တည္ထားေသာ ေရအိုးမွေရတစ္ခြက္ေသာက္ကာ
ေသာင္းဆင့္အားရယ္ျပလာသည္။
ပါးကြက္ႏွစ္ဖက္က ေရခ်ိဳးၿပီးကာစမို႔ အထင္းသားျဖစ္ေနၿပီး ေရေသာက္လိုက္၍ ႏႈတ္ခမ္းေထာင့္ေနရာမွာ အစြယ္‌ပံုစံထင္းေနပံုမွာ စိတ္ရႈပ္စရာပင္။

" ေျပာ ဘာလဲ "

" ဟြန႔္ ကိုဘဲဘဲကလည္း သဲစုလာရင္
မ်က္ေစာင္းႀကီးတစ္ထိုးထိုးနဲ႔ တအားၿငိဳျငင္တာပဲ "

" ဒီမွာ ခင္သဲစုလင္း "

" ရွင္ ကိုဘဲဘဲ"

မ်က္လည္းေလး ျပဴးကာ ခင္သဲစုလင္း ထူးလာတဲ့ပံုက ပီဘိ လိမ္မာယဉ္ေက်းတဲ့ မိန္းကေလးသဖြယ္။
ဒါပံုမွန္မဟုတ္ဘူးဆိုတာေသာင္းဆင့္သိ၍ စိတ္မရွည္စြာ
လက္ျဖန႔္ကာ ျပလိုက္သည္။

" ေတာ္ၿပီ စကားမရွည္နဲ႔ ေပးေရႊ "

ထိုအခါမွ ခင္သဲစုလင္းက ႏႈတ္ခမ္းဆူကာ ပြစိပြစိေျပာကာ ခ်ိဳင္းၾကားၫွပ္လာတဲ့ ပိုက္ဆံအိတ္ေပါက္စကိုထုတ္ကာ ေရႊထၫ့္ထားတဲ့ အိတ္အၾကည္ေလးကိုထုတ္ေပးသည္။

" ကိုဘဲဘဲ အေပါက္ဆိုးလို႔ မိန္းမ မရတာသိလား"

" ငါကလည္း မိန္းမေတြကို မႀကိဳက္ဘူး ၊
အလကား သာလိကာမေတြ "

" ဘဲဘဲေရ ဘဲဘဲ ခ်စ္တယ္ "

ေျပာေနတုန္းရိွေသးတယ္ထေအာ္တဲ့ သာလိကာ
မဲမဲတံုးေၾကာင့္ ခင္သဲစုလင္းတစ္ေယာက္ ရယ္ခ်င္ပက္က်ိမ်က္ႏွာထားႏွင့္ ။

" ကိုဘဲဘဲက မိန္းမေတြကို မႀကိဳက္ဘူးတာေျပာတာ။ မိန္းမနဲ႔တူတဲ့ သာလိကာက်ေမြးထားတယ္ေတာ့္။
ဘာတဲ့ ဘဲဘဲေရ ခ်စ္တယ္တဲ့လား ဟစ္ဟစ္ "

" တူမလား။ အဲ့ဒါ ငါ့ခ်စ္သူေလးဆီက ခ်စ္သက္လက္ေဆာင္ရထားတာ ။ ထပ္ေအာ္ျပလိုက္စမ္း မဲမဲတံုးေလး"

ေသာင္းဆင့္ စကားကို ၾကားေသာ္ ‌မဲမဲတံုးက အဖက္မလုပ္ေတာ့ေခ်။
ဖင္ေပးကာ ခရမ္းခ်ဉ္သီးတို႔အားထိုးဆိတ္၍ စားကာ
လူေတြက သူနဲ႔မသက္ဆိုင္ေတာ့သလို။
စကားနားေထာင္ခ်က္ေၾကာင့္ ေသာင္းဆင့္မွာ အီလည္လည္။
ခင္သဲစုလင္းကေတာ့ သေဘာက်စြာ လက္ခုပ္လက္ဝါးတီးကာ တဟားဟားရယ္ေနေတာ့သည္။

" ခ်စ္သက္လက္ေဆာင္တဲ့ ဝါးဟားဟား။
ငွက္ေတာင္ လိမ္ေျပာလို႔ အေရးမလုပ္ေတာ့ဘူး "

" ေတာ္ၿပီ ေတာ္ၿပီ ။ ညည္းေရႊခ်ိန္ထားတာ
ငါးေရြးနဲ႔ ဆန္တစ္ေစ့ ။ ယူၿပီျပန္ေတာ့ "

အတင္းႏွင္ထုတ္ေနေသည္ျငား ခင္သဲစုလင္းအရယ္မပ်က္။ တဝါးဝါးလုပ္ကာရယ္ေနတုန္းပင္။
တကယ္အေၾကာတင္းတဲ့ေကာင္မေလး။

ခင္သဲစုလင္းျပန္သြားေတာ့ ေသာင္းဆင့္
ခ်ိန္ခြင္ထဲကေရႊကိုသိမ္းရသည္။ သိမ္းေနရင္း
ကိုႀကီးဘြဲ႔ဆူးေပးတဲ့ မဲမဲတံုးကို မေက်မနပ္လွမၾကၫ့္ေသးသည္။
ဒီအေကာင္က ခင္သဲစုလင္းထက္ပိုၿပီးအေၾကာ
တင္းေသးသည္။
တကယ္မုန္းစရာေကာင္။

ရက္အနည္းငယ္ၾကာၿပီးေနာက္မွာ ဘြဲ႔ဆူး ေလးရြာေတာကို ျပန္ေရာက္လာခဲ့သည္။
ကားဆိုက္ဆိုက္ခ်င္း ေဈးဝယ္လာတဲ့ သူေတြက
အမ်ားအျပားတိုးေဝ႔ွလာၾကတာမို႔ လက္ထဲမွာေပြ့ထားေသာ အႏွီးထုပ္ေလးအားထိခိုက္မိမွာစိုး၍
အထုတ္အပိုးေတြေတာင္မခ်ႏိုင္ပါ။

" ေက်ာ္ႀကီးေရ အကို႔အိတ္ကေလးလွမ္းေပးပါအံုး "

ကားေပၚကို ကေန ေက်ာ္ႀကီးလွမ္းေပးတဲ့ ေက်ာပိုးအိတ္ႏွင့္ ျခင္းပန္းေရာင္ေလးကိုလွမ္းယူကာ
ဘြဲ႔ဆူး ၿပံဳးျပရင္း ႏႈတ္ဆက္လိုက္မိသည္။
မွတ္မိသူတခ်ိဳ႕က ေခၚေျပာႏႈတ္ဆက္ၾကၿပီး
ကေလးအားသိသိသာသာ စိတ္ဝင္စားေနၾကသည္။

" ကိုဘြဲ႔ေရ ၊ အဲ့ဒါမင္းကေလးလားကြဲ႔ "

မေနႏိုင္သူတခ်ိဳ႕က‌လည္းႏႈတ္ကထုတ္ေမးလာၾကတာမို႔ၿပံဳးကာ ဟုတ္မွန္ေၾကာင္းေခါင္းၿငိမ့္ျပမိသည္။

" ဟုတ္တယ္ေဒၚေလးေရ။ ကြၽန္ေတာ့္ကေလးေလး
နာမည္က စမ္းေရ‌ ေသာင္းတဲ့ "

ႏွီးထုပ္ထဲက ကေလးကိုငံု႔ၾကၫ့္ကာ ဘြဲ႔ဆူးဖြဖြေလး
နမ္းလိုက္ေသးသည္။
လမ္းၾကမ္ၾကမ္းမွာ လသားအရြယ္ေလးကို ခ်ီပိုးလာရတာမို႔ သူ႔မွာ လက္တစ္စံုလံုး ေညာင္းညာကိုက္ခဲလ်က္။

အိမ္ေရာက္ေတာ့ ေသာင္းဆင့္က ေရႊဝယ္ေန၏။
ႏွစ္လခြဲေက်ာ္ေလာက္ ေဝးကြာခဲ့ရတာမို႔
ေသာင္းဆင့္ကိုၾကၫ့္ရတာ မ်က္ေတာင္ေတာင္ မခတ္ခ်င္ေတာ့သည္အထိပင္။
ရွည္လာတဲ့ ဆံပင္ေတြသည္ ခပ္အုပ္အုပ္ျဖစ္ကာ
ရွင္းလင္းထားေသာ မႈတ္ဆိတ္တို႔က ပါးရိုးတစ္ေလ်ွာက္စိမ္းျမေစပါ၏။
သူ႔ဘဲဘဲေလးက ေယာက္ခထီးေျပာသလို တကယ္ေခ်ာတာပင္။

ေသာင္းဆင့္ကေတာ့သူေရာက္ေနသည္ကိုမသိ။
ေငြထုတ္ရွင္းကာ ဝယ္ထားတဲ့ေရႊကို လုပ္ရိုးလုပ္စဉ္အတိုင္းသိမ္းဆည္းေန၏။
ေရႊလာေရာင္းေပးေသာ အမ်ိဳးသားႀကီးသည္
ဆိုင္ထဲကအထြက္ ဘြဲ႔ဆူးကို ျမင္ေတာ့

" ကိုဘဲေရ ဒီမွာ မင္းအကိုျပန္လာၿပီ ဟ "
ဟု ေအာ္ေခၚေပးသည္။
ထိုအခါမွ ေသာင္းဆင့္က ကျပာကယာေမာ့ၾကၫ့္လာၿပီးဘြဲ႔ဆူးကိုေတြ့သြားတာျဖစ္သည္။
သူသည္ေကာင္တာေသာ့ကိုပင္ ျဖဳတ္ခဲ့ဟန္မတူ။
အတင္းေျပးလာတဲ့ဟန္က အေမကိုေတြ့တဲ့သားလိုပင္။

ပစ္ခုန္ဖက္တက္လာဟန္ရိွေနသည္မို႔ဘြဲ႔ဆူးမ်က္လံုးျပဴးကာ လက္တစ္ဖက္နဲ႔ ေသာင္းဆင့္ကို တားထားရသည္။

" ဟိုးဟိုး ‌ဘဲဘဲေရ ဒီမွာ မင္းသမီးရိွေသးတယ္။
ကေလးေလး ထိခိုက္မိသြားပါအံုးမယ္ကြာ "

ေသာင္းဆင့္သည္ မဖက္ရေတာ့ ဆန႔္တန္းထားတဲ့ လက္ကို ျပန္ခ်ကာ

" အဲ့ဒါဘယ္က ကေလးလဲ " ဟု ေစာင့္ေစာင့္ေအာင့္ေအာင့္ေမး၏။

" ဘယ္ကကေလးကမွာလဲ။ မေအးျမရဲ့သမီးေလးေလ ။ ကိုယ္ေမြးစားရေအာင္ေခၚလာတာ ၾကၫ့္ပါအံုးမင္းနဲ႔မတူဘူးလား"

ပခံုးေပၚလႊထားတဲ့ ပုဝါကို ဖယ္ျပလိုက္ေတာ့
ပါးစပ္ေလးတရြယ္ရြယ္ျဖစ္ေနတဲ့ မ်က္ခံုးထူထူရိွတဲ့ အမဲမေလး တစ္ေယာက္ကို ေတြ့ရသည္။
ေသာင္းဆင့္ႏႈတ္ခမ္းကိုမဲ့ကာေျပာသည္။

" ဘယ္မွာတူလို႔လဲ သူဒီေလာက္အသားမဲတာကို "

ဘြဲ႔ဆူးရယ္ျမဴးရိပ္သန္းေနေသာမ်က္ႏွာျဖင့္ ေသာင္းဆင့္ ေမးကို လွမ္းဖ်စ္ကာ

" တူပါတယ္ ၊ဒီမွာေလ ။ အသားဒီေလာက္မဲတာ "

ေသာင္းဆင့္ ရႈ႔တူတူၾကၫ့္ကာ ဘြဲ႔ဆူးလက္ထဲက
ကေလးေလးအားအသာ ဆြဲယူကာေပြ့ကာ ေမးျမန္းလာသည္။

" ေသးေသးေလးပဲရိွေသးတယ္။ သူ႔အေမက ဖိုးေထြးကိုမေပးပဲ ကိုႀကီးဘြဲ႔ဆူးကို  ဘာလို႔ေပးတာလဲ "

ကေလးမ်က္ႏွာေပၚမွာဖံုးေနတဲ့ အျဖဴေရာင္ပိတ္စ‌ကိုမ်က္ႏွာေလးေပၚလာေအာင္ဖြဖြဖယ္ရင္း မေအးျမနဲ႔
ေျပာခဲ့တဲ့စကားေတြအားသတိရလိုက္မိသည္။

" ဖိုးေထြးက လူပ်ိဳေလးေလ အခ်ိန္တန္မိန္းမယူမွာ။ ကိုယ္တို႔ကေတာ့ မတူဘူး။ သူ႔သမီးေလးက ငယ္ေသး‌တာ‌ ေရာ ၊မိန္းကေလးျဖစ္တာေရာဆိုေတာ့ ေပးဖို႔ေတာ့ခက္ခဲမွာေပါ့။ ဒါေပမဲ့ ေနထိုင္ဖို႔မေပ်ာ္ေတာ့တဲ့ မိန္းမတစ္ေယာက္အတြက္ သံေယာဇဉ္ကဆြဲထားရင္ပင္ပန္းမွာပဲရိွလိမ့္မယ္ ။ ကိုယ္ကပါရမီျဖၫ့္လိုက္တဲ့သေဘာပါပဲ။ သီလရွင္ဝတ္ခ်င္တယ္တဲ့။ ရာသက္ပန္ျဖစ္ဖို႔မ်ားတယ္။
ကြၽန္ေတာ္တို႔ ကိုယ့္သမီးေလးလိုေစာင့္ေရွာက္ပါ့မယ္ အမအေနနဲ႔ သံေယာဇဉ္မျပတ္လို႔ ျပန္လာေခၚမယ္ဆိုရင္လည္း အခ်ိန္မေရြးလာေခၚႏိုင္တယ္ဆိုတာ ကိုယ္ကတိေပးလိုက္တယ္၊ သူ႔အေနနဲ႔ဆံုးျဖတ္ခ်က္ခ်ဖို႔ခက္ခဲတယ္ေလ ကိုယ္ တစ္ပါတ္ေလာက္အခ်ိန္ေပးလိုက္ရတယ္။ "

" ဪ.. ဒါဆိုသူက ခု ညီေလးတို႔ ကေလးျဖစ္သြားတာလား "

" အင္းေပါ့ ၊ ခုဆို သူက မင္းရဲ့သမီး။ နာမည္ကစမ္းေရေသာင္းတဲ့ ၊သေဘာက်လား ဘဲဘဲေလး"

အေတာ္ၾကာကေလးအားေငးၾကၫ့္ေနရာမွ
ေသာင္းဆင့္ေခါင္းကေလးသည္ ဆတ္ခနဲ ညိမ့္သြားတာကို ဘြဲ႔ဆူးေတြ့လိုက္ရေတာ့ ၾကည္ႏူးျခင္း ၊
ေပ်ာ္ေမြ့ျခင္းက တစ္ဆက္ထဲခံစားလိုက္ရသည္။

ဘြဲ႔ဆူးသည္ေဘးမွာခ်ထားေသာ ျခင္းေလးအားေကာက္ကိုင္ကာ ေသာင္းဆင့္၏ေက်ာကို လက္တစ္ဖက္ျဖင့္ ထိန္းကာေပြ့၍ အသာအိမ္ထဲသို႔
ေခၚခဲ့လိုက္သည္။
သူတို႔ေနထိုင္ေသာ အိမ္ကေလးသည္ထိုေန့က လူသစ္တစ္ေယာက္တိုးခဲ့သည္။
တစ္ဦးတည္းေသာ မိန္းကေလးျဖစ္ၿပီး
ေသာင္းဆင့္ႏွင့္တူေသာ မ်က္ႏွာေပါက္၊ အသားေရရိွသူျဖစ္မို႔ ေသာင္းဆင့္သမီးဟုေျပာလ်ွင္ မယံုမဲ့သူရိွမွာမဟုတ္။

ခ်စ္တဲ့အိမ္စည္။

Bạn đang đọc truyện trên: ZingTruyen.Xyz