ရုပ်ဆိုးတဲ့နှင်းဆီ (Completed)
25
" ဘဲဘဲ"
"..."
လှည့်မကြည့်ပဲ အဝတ်အိတ်ကို စစ်ပေးနေတာမို့
ဘွဲ့ဆူးမျက်တောင်တွေ ခတ်ကာ သောင်းဆင့်ဘေးကိုကပ်သွားလိုက်မိသည်။ ဖိုးထွေးပြန်သွားပြီး သုံးရက်မြောက်နေ့တွင်
လူကြုံဖြင့်အကြောင်းကြားလာသည်က ဘထွေးနေမကောင်းဘူးတဲ့။ ချက်ခြင်းဆိုသလို ဖြစ်လာတဲ့ကိစ္စရပ်တွေကြားမှာ ကျန်းမာရေးမို့ သူလည်းမလိုက်လို့မဖြစ်။ ခဏနေ ဈေးကားပြန်ထွက်တော့မည်။
ထော်လာဂျီက ဖိုးထွေးပြန်ယူသွားတာမို့ ဈေးကားနဲ့
လမ်းကြုံလိုက်မှဖြစ်ပေမည်။
သောင်းဆင့်က ခုထိ မကြည်လင်သေးသည်မို့
စိတ်ကလည်းမဖြောင့်။ သူ့အဖို့က ရှေ့မတိုးနောက်မဆုတ်သာအခြေအနေ။
သူဖွဖွလေး သောင်းဆင့်လက်မောင်းကိုကိုင်လိုက်ပြီး
သောင်းဆင့်အားဘေးကနေ ကြည့်နေမိသည်။ တိတ်ဆိတ်သောအခြေအနေက ခါတိုင်း ဆူဆူညံညံပြောတက်သော ကောင်ငယ်လေးမရှိသကဲ့သို့ပင်။
သူလည်း လွမ်းပါသည်။
မသွားခင်ကတည်းက ခွဲမသွားချင်စိတ်က ရင်မှာ နာနာကျင်ကျင်ဖြစ်နေသည်။
" သောင်းဆင့် ၊ ဆိုင်ပိတ်ပြီး မင်းပါ လိုက်ခဲ့မလားဟင်။ စီးပွားဘယ်ချိန်ရှာရှာဖြစ်ပါတယ်။ မင်းဝမ်းနည်းနေရင် ကိုယ်လည်းမသွားချင်ဘူးလေ "
" ဘယ်လိုလုပ်ဖြစ်မှာလဲ။ လုပ်ငန်းက ခုမှ အဆင်ပြေစရှိသေးတာ ၊ကျုပ်မနေခဲ့ရင် လာရောင်းနေကျသူတွေ သူများဖောက်သည်တွေဖြစ်ကုန်မှာပေါ့ "
သောင်းဆင့်ကောက်နေပုံများ ခါတိုင်းလို ကိုကြီးဘွဲ့ဆူးတို့၊ ညီလေးတို့တောင်မပြောနိုင်တော့ပေ။
ကျုပ်ကလေ ဆိုတဲ့စကားက မနက်ကတည်းက မနားတမ်းပြောနေခဲ့တာ။ ဘာပဲပြောပြော သူမသွားစေချင်ပေမဲ့မသွားနဲ့ဟု မတားမြစ်ခဲ့တာကိုပင်။
ဘထွေးကို သူလည်း စိတ်ပူနေရဲ့သားနဲ့ သက်သက်ဂျစ်နေတာကလည်း ကလေးတစ်ယောက်လို သူ့ကိုအလျော့ပေးမှန်းသိနေလို့။ သောင်းဆင့်က သိပ်ခင်တွယ်တက်တဲ့ကလေး။ သူ့ကိုယ်သူ အသက်ကြီးနေတဲ့ ယောကျာ်းတစ်ယောက်ဆိုတာကို မေ့လုနီးနီးဘွဲ့ဆူးဘေးမှာ ကလေးတစ်ယောက်လိုနေခဲ့တာ။
အဖေကလည်း သောင်းဆင့်ကို လူကြမ်းကြီးတစ်ယောက်အဖြစ် သက်မှတ်ကာ လိုချင်တဲ့ မေတ္တာကို ကြင်ကြင်နာနာမပေးတက်ခဲ့။
အငယ်ဆုံးညီမကလည်း အစောကြီး အိမ်ထောင်ပြုသွားခဲ့တာမို့ မိသားစုရဲ့ လုံလောက်တဲ့ ချစ်ခင်ကြင်နာမူ့က သောင်းဆင့်အတွက် နည်းခဲ့တာတော့အမှန်ပင်။
နေချင်သလိုနေခဲ့ပေမဲ့ သောင်းဆင့်လိုချင်တာ
သူ့ဘဝကို ပဲ့ကိုင်ပေးမဲ့သူမျိုး။
ဒါတွေက ဘွဲ့ဆူးနဲ့တွေ့မှာ ပြောင်းလဲလာခဲ့တယ်ဆိုသည့်တိုင်
သောင်းဆင့်ရင်ထဲမှာ ဟိုးတုန်းကတည်းက
သူ့ဘေးမှာ လိုအပ်နေတဲ့ နွေးထွေးမူ့လေးကြောင့်သာ။
ပြန်တွေးကြည့်မိတိုင်း သောင်းဆင့်ကို သူသိပ်သနားသည်။
အချိန်တိုင်း ကလေးတစ်ယောက်လို ပြောသမျှ နာခံတက်တဲ့ အမျိုးသားက
ဘွဲ့ဆူးကို သိပ်အားကိုးပြီးခင်တွယ်ရှာခဲ့တာ။
" ဟုတ်ပါတယ်။ မင်းပြောတာလဲမှန်တယ်။
ဒါပေမဲ့ ကိုယ်မှ မင်းနဲ့မခွဲနိုင်တာ။ စဉ်းစားကြည့်ပါအုံး၊ကိုယ်တို့အိမ်ထောင်သက်က ဘယ်လောက်မှကြာသေးတာမဟုတ်ဘူး။ တစ်ယောက်ဆီခွဲနေရမှာကို
ကိုယ်မပျော်သလို မင်းလည်းမပျော်ဘူးမို့လား။"
သူ့ဖက်က ပုံမှန်ထက်ပိုပြီး ချော့မြူလိုက်တယ်ဆိုပေမဲ့ တကယ်လည်း သောင်းဆင့်နဲ့ခွဲမနေချင်ပေ။
သူ့စကားကြောင့် သောင်းဆင့်လှုပ်လှုပ်ရှားရှားဖြစ်သွား၏။
" မပျော်ဘူးဆိုတာ ကိုကြီးဘွဲ့ဆူးသိနေတာပဲ။
မြန်မြန် သွားပြီးမြန်မြန်ပြန်လာခဲ့။ ဒီမှာပဲ စောင့်နေတော့မယ်"
" ကိုယ်သွားရင် မင်းအရက်သောက်နေမှာလည်းစိုးတယ်"
သောင်းဆင့် ရဲ့ဘေးတိုက်မျက်နှာကိုကြည့်ကာ
မနေနိုင်ပဲ ဘွဲ့ဆူး အနမ်းတရှိုက်ပေးလိုက်သေးသည်။
ဘေးမှာ စိမ်းညို့နေသော မေးရိုးတစ်လျှောက်၏ ကြမ်းရှမူ့က သောင်းဆင့်၏အမှတ်အသားတစ်ခုလို။
" မသောက်ပါဘူး "
" ဒါဆို ဒီဖက်လှည့်ပြောလေ ။ သေချာလည်းမကြည့်ပဲ မင်းပြောတာကို ဘယ်လိုယုံကြည်ရမလဲ"
သူ့စကားဆုံးတော့ အဝတ်အိတ်ကိုသေချာပိတ်ကာ ကျကျနနလူတစ်ကိုယ်လုံး မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လာ၏။
" မောင်အတည်ပြောနေတာ။
မင်းကိုမောင်ဒါမလုပ်ဘူးလို့ပြောထားရင်
အဲ့ဒါကိုဘယ်တော့မှမလုပ်ဘူး ။ ဒီလောကမှာ
မောင်ပြောသမျှစကားတည်တာ မင်းတစ်ယောက်တည်းအတွက်ပဲ။ "
မျက်ခုံးတန်းတွေက စိတ်မရှည်မူ့နဲ့မကျေလည်မူ့ကြောင့် နှဖူးကြားမှာ တွန့်ကွေးလျက်။
ဘွဲ့ဆူး ပြုံးကာ လက်မလေးနဲ့ ထိုနေရာကိုသေချာဖိပေးပြီး
" ဟုတ်ပါပြီး။ မင်းမကြိုက်ရင်နောက်မပြောတော့ဘူး။ လိမ်လိမ်မာမာနေခဲ့နော်။ နောက်လကုန် ရွှေပိုစုမိရင် ကိုကြီးဘွဲ့ဆူးက ညီလေးအတွက် လက်ကောက်လေးတစ်ဖက်ထပ်လုပ်ပေးမယ်"
" ကလေးမှမဟုတ်တာ။ တအားချော့ပြောနေစရာ မလိုပါဘူး "
" တကယ်မလိုဘူးလား။ မောင့်အတွက် ကိုယ်က တစ်ကိုယ်လုံးကို ရွှေတွေအပြည့်ဆင်ပေးချင်တာ၊ကဲပါ စိတ်ကောက်မနေတော့နဲ့။ ကိုယ်သွားရတော့မယ် မျက်နှာကြီးအိုမနေနဲ့ "
ဘွဲ့ဆူးဆီမှ မပြောစဖူးမောင်ဆိုတဲ့ အသုံးအနှုန်းကြောင့် သောင်းဆင့် စူပုတ်နေရာမှ မပြုံးချင်ပြုံးချင်ပြုံးလာ၏။ ဒေါသထွက်ချင်ယောင်ဆောင်နေသေးတဲ့ရုပ်ကြောင့် ဘွဲ့ဆူးမှာ အသည်းတယားယား။
ဒီကောင် သိပ်လူကြီးလုပ်နေချင်နေတာ။
" ချစ်တယ်ပြောရင် နည်းနည်းလေးစိတ်ဆိုးပြေပေးမယ် "
" ချစ်တယ်လေ မင်းမပြောခိုင်းလည်း ကိုယ်ကပြောမှပါ။ ဘဲဘဲလေးကိုတအားကြီးချစ်၊အားကြီးချစ် "
သူ့စကားဆုံးတော့ သောင်းဆင့်ဟာ မသိမသာ မိုးကာတဲ၏ခေါင်မိုးကိုကြည့်ကာ ပြုံးပြုံးစိစိကြီးဖြစ်လို့ သွား၏။ လုံးလုံးယားယား ပြေပျောက်သွားတဲ့ စိတ်ကောက်ခြင်းတွေကြားမှာ ဘွဲ့ဆူး၏ မတင်မကျစိတ်လည်း ပျောက်ဆုံးသွားခဲ့သည်။
သောင်းဆင့်ဆက်နိုင်ကိုမှ မချစ်ရင်ဘယ်သူ့ကိုချစ်ရမှာတဲ့လဲ။
_____
လေးရွာတောကနေထွက်တော့ သူလိုကိုယ်လို လမ်းကြုံလိုက်ခဲ့တဲ့သူတွေလည်းရှိသည်။
လမ်းကြုံဆိုပေမဲ့ ကားခကတော့ပေးရသည်။
တစ်သောင်းဆိုတဲ့အားက အိမ်မှာနေရင်များပေမဲ့
လေးရွာတောကနေလိုက်မယ်ဆိုရင်တော့မများတော့ပေ။
လုပ်ငန်းကြီးလုပ်ပြီးပိုက်ဆံသုံးနိုင်တဲ့သူတွေက
တော့ ခုလို လူကြပ်ကြပ်ကားကို စီးချင်တာမဟုတ်။
ငွေကုန်ကြေးကျခံကာ ထော်လာဂျီကို သီးသန့်လာငှားစီးကြသေးသည်။
သောင်းဆင့်လက်ကောက်ကလေးတောင်မှ ဒီကားလေးဆီမှ ဝင်ငွေတစ်ဝက်ကြောင့် လုပ်ပေးနိုင်ခြင်းသာ။
သူ့အနေနဲ့ မြို့ပေါ်အနေကြာလာတဲ့သူမို့
တောထဲတောင်ထဲ နေရမယ်လို့ အိမ်မက်တောင်မမက်ခဲ့ဘူးပေ။
သောင်းဆင့်နဲ့ကံကြောင့်တွေ့ခဲ့ပေမဲ့ သူတကယ်နေသားကြနေပါပြီ၊ သောင်းဆင့်က သူ့ဘဝကို
အထီးကျန်မူ့မှကယ်တင်ခဲ့သူပါ ။
ပြီးတော့ သောင်းဆင့်ကို သူသိပ်ချစ်တယ်။
ကားဖြတ်သွားရာလမ်းတစ်လျှောက် ခပ်နှေးနှေးကျန်ခဲ့တဲ့ အပင်တွေကိုငေးကာ ရင်ထဲမှာ လှစ်ဟာနေသော ကွက်လပ်ကို အသာဖိကာ သောင်းဆင့်ကိုပဲတသသတွေးနေမိသည်။
ရင်ဘတ်တွေအောင့်လိုက်တာ၊ခွဲခွာရတာ တကယ်မကောင်းတာပဲ။
လေးရွာတောကနေထွက်တော့မြင့်မိုရ်ရွာမှာ
ဖိုးထွေးက ကြိုစောင့်နေခဲ့သည်။
ဦးဘောဂသောင်းဆီကငှားလာတဲ့ဆိုင်ကယ်ဖြင့် ချောင်းကမ်းရွာကိုပြန်ရောက်ဖို့ကထင်သလောက်မကြာခဲ့ပါ။အတွေးထဲမှာ ဦးဘောဂသောင်းက အရင်လောက် သူ့ကို အပြစ်မမြင်တော့သလိုပဲ ခံစားရ၏။
" ဘထွေးသက်သာရဲ့လား"
ဖိုးထွေးနောက်မှာထိုင်စီးရင်းမေးမိသည်။
အိမ်ထောင်ကျကတည်းက မတွေ့ဖြစ်တာ
ခုထိဆိုတော့အချိန်က အတော်လေးကြာခဲ့လေပြီ။
အမျိုးနီးစပ်တွေကလည်း သူ့အားရှောင်နေကြသလို
ဘထွေးကိုလည်း သူ့အားစောက်ရှောက်ဖို့ အစကတည်းက လက်မခံသင့်ကြောင်းကိုဖိအားပေးနေမှာပင်။
" ဘထွေးက လေဖြန်းချင်သလိုဖြစ်သွားတာ။
ခုတော့ စိုးရိမ်စရာမရှိလောက်တော့ဘူးလို့ ဆရာမလေးကပြောတာပဲ ၊ပါးတခြမ်းကတော့ နည်းနည်းရွဲ့ချင်သလိုဖြစ်နေတုန်း။ ဒါကလည်း ကျန်းမာရေးစောင့်ရှောက်မူ့ပြန်လုပ်ရင်ကောင်းနိုင်တယ်တဲ့"
ဖိုးထွေးက သူ့သိသမျှပြန်ပြောသည်။
ဘထွေးအပါအဝင် ကိုသန့်စင် ၊မအေးမြတို့ရော
ပြီးတော့ သူ့ယောက်ခထီး ဦးဘောဂသောင်း ၊အကုန် သတိတရမေးဖြစ်ခဲ့သည်။
ကိုသန့်စင်ကတော့ ကျန်းမာရေးသိပ်မကောင်း၊
မအေးမြက မွေးခါနီးနေဟု သိရ၏။
" ဒါဆိုမင်းက မြင့်မိုရ်ရွာနဲ့ သွားလိုက်ပြန်လိုက်လုပ်နေရတာပေါ့ "
"ဟုတ်တယ်အကိုဘွဲ့ဆူး ၊ ရွာဆေးပေးခန်းမှာ
ကုနေတယ်ဆိုပေမဲ့ ကျန်းမာရေးမှူးကတော့မြို့
ဆေးရုံတက်စေချင်နေတာ။ ကိုသန့်စင်က မသွားဘူးလုပ်နေတယ်အကိုရာ။ အမကလည်းမီးဖွားတော့မှာဆိုတော့ ငွေကုန်မှာစိုးနေတာနေမှာ "
" လိုအပ်တာရှိရင် ပြောကွာ။ အကိုတို့လည်းတက်နိုင်သလောက် ကူညီပါ့မယ်"
ပြောနိုင်တာကတော့ ဒီလောက်ပဲဖြစ်သည်။
ငွေကြေးအပြင် သူကူညီနိုင်တာကလည်း တခြားမရှိပေ။ ကိုယ့်မှာလည်းကိုယ့်အပူနဲ့ကိုယ်ဆိုတော့
ခက်သား။
ချောင်းကမ်းရွာရောက်တော့ ဘထွေးအိမ်ကိုတန်းသွားလိုက်သည်။
အိမ်ကလေးကတော့ အရင်သူရောက်ခါစက မြင်ကွင်းလို အထီးကျန်ဆန်စွာ။
အိမ်ရှေ့မှာ လှမ်းထားသော ပုဆိုးတစ်ထည်နှင့်အတူ
ဘထွေးပုခုံးပေါ်တင်ထားနေကြ တဘတ်အသေးတစ်ထည်။
အင်္ကျီသုံးလေးထည်မျှထည့်ထားသော ကျောပိုးအိတ်ကို လက်မှာဆွဲကာ သူအိမ်ထဲကိုလှမ်းဝင်လိုက်သည်။
လှေကားရင်းမှာ ဖိနပ်များရှိနေတာမို့ ဘထွေးဆီမှာ ဧည့်သည်ရောက်နေဟန်ပင်။
ဘထွေးက ရပ်ရေးရွာရေးမှာ ပါဝင်နေကြလူကြီးတစ်ယောက်မို့ လူနာမေး လာတဲ့သူတွေကတော့ ပြတ်မှာမဟုတ်။
သူခြေသံမကြားအောင်
ခပ်ဖြည်းဖြည်း တက်သွားလိုက်သည်။
ဝင်ပေါက်မှာကျောပေးထားသော အမျိုးသမီးတစ်ယောက်နှင့် ကလေးတစ်ယောက်အပါအဝင် သူ့ယောက်ခထီး ဦးဘောဂသောင်း။ ပြီးတော့ အိပ်ယာထပ်မှာလှဲနေတဲ့ဘထွေး။
သူတက်လာသံကြားတော့ အမျိုးသမီးက လှည့်ကြည့်လာသည်။
အသက်အားဖြင့် ငယ်သေးတဲ့ပုံပင်။
မျက်နှာကျက သူမြင်ဘူးနေကြရုပ်မျိုးမို့ ဘယ်သူနဲ့တူသလဲ အမှတ်တမဲ့စဉ်းစားလိုက်မိသေးသည်။
အမျိုးသမီးက သူ့ကိုမြင်တော့ ပြုံးကာ ထိုင်နေရာမှထလာ၏။
" ကိုဘွဲ့ဆူးလား "
" ဟုတ်ကဲ့၊ ညီမက"
" ကလျာက နိုင်နိုင်ရဲ့ ညီမလေ "
" နိုင်နိုင်?"
သူသံယောင်လိုက်မေးလိုက်သည်။
ဘယ်သူလဲဆိုတာ သူမသိသည်မို့ အမှတ်တမဲ့ ဦးဘောဂသောင်းကို လှမ်းကြည့်လိုက်၏။
ဦးဘောဂသောင်းက သူကြည့်နေမှန်းသိတော့ဖျတ်ခနဲ
မျက်နှာလွှဲသွား၏။ ထို့နောက်ဆက်ပြော၏
" ငါ့သမီးသူက ၊ လာ ဒီမှာ ဘထွေးကမင်းကိုမျှော်နေတာ "
ထိုအခါမှ သူဘထွေးလေးကို အမြန်သွားကြည့်လိုက်မိသည်
" ဘထွေး သက်သာရဲ့လား"
ဘထွေးက ပါးတခြမ်းရွဲ့ချင်နေသလိုဆိုပေမဲ့
ကြည်ကြည်လင်လင်ရှိနေသေးသည်။
တော်ပါသေးတယ်ဆိုတဲ့စိတ်က ဘထွေးကို မြင်မှစိတ်ချသွားသလို။
" ဘထွေးသက်သာပါတယ် ။ ပြန်လာတဲ့လမ်းက ဝေးတယ်ဆို နားတော့မလား"
" ရပါတယ်ဘထွေး။ ကျွန်တော်မပင်ပန်းပါဘူး ။ "
ဘထွေးသည် ဘေးမှာထိုင်နေတဲ့ ကလျာသောင်းဖက်ကိုလှည့်ကာ စကားဆက်သည်။
" ကလျာ သူက မြေးအကိုလက်ထပ်လိုက်တဲ့သူလေ "
" ကလျာတွေ့ချင်နေတာဘထွေး။ ကိုဘွဲ့ဆူးက တော်တော်ချောတာပဲ နိုင်နိုင်နဲ့တောင် မလိုက်ဘူး "
ကလျာသောင်းကတော့ ခင်မင်စွာ အရိုးခံအတိုင်းပြောပေမဲ့ ဦးဘောဂသောင်းကတော့နှာခေါင်းရှုံ့ကာ
ကလျာစကားကိုလက်မခံပေ။
" နင့်အကိုက ပိုချောတယ်။ သောင်းဆင့်မျက်နှာက သေချာကြည့် အရက်သောက်ပြီးညှင်းသိုးသိုးတာနေလို့သာ။ သပ်သပ်ရပ်ရပ်ဝတ်စားကြည့် လေးရွာနယ်တကျောလုံး ငါ့သားလောက်ဘယ်သူကြည့်ကောင်းနိုင်မှာလဲ "
" ကလျာကတော့ နိုင်နိုင်ကိုချောတယ်လို့မမြင်ပေါင်။
နော့် မီးမီး ၊ နိုင်နိုင်က အမွှေးအမျှင်တွေနဲ့ ကြည့်မကောင်းဘူးမို့လား"
ကလျာပြုံးကာ သူ့ဘေးမှာ ငြိမ်ငြိမ်လေးထိုင်ကာဘွဲ့ဆူးကိုကြည့်နေတဲ့ ကလေးမလေးဆံပင်တွေအားသပ်ပေးနေသည်။ကလေးက မျက်လုံးပြူးလေးနဲ့သာ ဘွဲ့ဆူးအား ကြည့်နေဆဲပင်။ ကလေးချစ်တက်ပေမဲ့လတ်တလော ဘွဲ့ဆူး မချော့မြူဖြစ်သေးပါ။
ကလေးအားရယ်ပြရင်း
ခပ်တည်တည်ပင် ဦးဘောဂသောင်း၏စကားကိုခေါင်းညိမ့်ထောက်ခံမိသည်။
" ဟုတ်တယ် ဦး လေးပြောသလိုပဲသောင်းဆင့်ကအများကြီးချောတယ်" ဟုလည်း သေချာပြန်ပြောမိသေးသည်။
ဘယ်လိုပဲကြည့်ကြည့် သောင်းဆင့်၏ မျက်ခုံးတွေကထူထဲက ထင်းလင်းနေသည်။
ပြုံးလိုက်လျှင် ကော့တက်သွားသော နှုတ်ခမ်းထောင့်ချိုးလေးတွေနှင့် စိမ်းမြမြ ပါးရိုးတွေ ။
တကယ်ပဲသောင်းဆင့်က ချောပါသည်။
ကလျာသောင်းကတော့ သူ့အားတကယ် လက်ခံပေးပုံရကာ မနက်ဖန် သူတို့အိမ်မှာထမင်းလာစားဖို့တောင်မှ အလည်ခေါ်သွားသေးသည်။
တစ်ခုပဲ ယောက်ခထီးကတော့ အင်တင်တင်ဖြစ်နေသေးတာပင်။
လက်မခံသေးတာမဟုတ်ပေမဲ့ လက်ခံပေးဖို့ရှက်နေဟန်မို့ ကလျာခေါ်တာကို သူခေါင်းညိမ့်လက်ခံပေးလိုက်သည်။
______
" အဖေ နိုင်နိုင်တို့နှစ်ယောက်ကို ခုထိ လက်ခံမပေးသဘူးလား။
ရွာလမ်းမကြီးပေါ်မှာ အဖေနှင့်အတူလျှောက်ရင်းကလျာသောင်းသိလိုတာကိုမေးလိုက်သည်။
ဦးဘောဂသောင်းက ကလျာစကားကိုမဖြေ။
လက်ထဲပွေ့ချီထားသော မြေးဖြစ်သူ့အား စနောက်ရင်း မေးခွန်းကိုရှောင်လွှဲနေ၏။
ကလျာ သိသည်မို့ နားလည်သည်။
" နိုင်နိုင်က ခေါင်းမာတာအဖေလည်းသိရဲ့သားနဲ့ ။
ငယ်ငယ်လေးကတည်းက သူဖြစ်ချင်တာမှန်သမျှ
မလုပ်ရမချင်း ဘယ်တုန်းကမှ စိတ်မလျော့ဖူးဘူး
။
ခုလည်း သူဖြစ်ချင်တာသူလုပ်သွားပြီးပြီ။ဒါကလည်းသူတကယ် ကိုဘွဲ့ဆူးကို ချစ်လို့နေမှာပါ။
အဖေဖက်ကလက်မခံပေးဘူးဆိုရင် နိုင်နိုင်ကလည်း
အလျော့ပေးမှာမဟုတ်ဘူးဆိုတာ အဖေလည်းသိနေတာပဲ။ ကလျာက နိုင်နိုင် စိတ်ချမ်းသာတာကိုပဲ မြင်ချင်ခဲ့တာ ။ အမေဆုံးတော့ အဖေက ကလျာကိုပဲ ဂရုစိုက်ပြီးနိုင်နိုင်ကိုဂရုစိုက်ဖို့ လစ်ဟင်းခဲ့တာတွေရှိတယ် ၊ ကလျာ ငယ်သေးလို့ဆိုပေမဲ့ အဲ့အချိန်တုန်းက နိုင်နိုင်လည်း ငယ်သေးတယ်လေ ။ ကလျာအိမ်ထောင်ကျ စက နိုင်နိုင်ငိုတာမှတ်မိသေးလား။
အဲ့တုန်းကနိုင်နိုင်ပုံစံက ကလျာမြင်ဖူးသမျှထဲမှာ အထီးကျန်ဆုံးပဲ "
ကလျာက ပြောရင်း လည်လာတဲ့မျက်ရည်စအားဖွဖွသုတ်သည်။ နိုင်နိုင် သူ့အားသိပ်ချစ်ရှာသည်။
နှစ်ယောက်ထဲ ခင်တွယ်ခဲ့တာမို့ ကလျာက ညီမဆိုပေမဲ့ နိုင်နိုင်၏ သမီးဆိုလည်းဟုတ်သည်။
အမေမရှိတော့ကတည်းက နိုင်နိုင်က ကလျာအား
အရိပ်တစ်ခုလို တကြည့်ကြည့်စောင့်ရှောက်ခဲ့သည်။
အဖေမအားလို့ ကလျာအားမကြည့်နိုင်တဲ့နေ့တွေဆို
နိုင်နိုင်က အကိုလိုတမျိုး အဖေလိုတမျိုး ရေချိုးသနပ်ခါးလိမ်းကျောင်းပို့ကအစ လုပ်ပေးတက်၏။
ကလျာယောကျာ်းယူသွားတုန်းက အသက်မှ ဆယ့်ရှစ်ကျော်ကျော်သာရှိသေးသည်။ အဲ့နေ့ကနိုင်နိုင်ဟာ
ဝမ်းနည်းပက်လက် ကလေးတစ်ယောက်လို အိမ်နောက်ဖေးမှာ တစ်ယောက်ထဲငိုခဲ့သည်။
ဘယ့်သူကိုမှလည်းအပြစ်မပြောသလို အဖေနဲ့လည်းဆက်ဆံရေးပိုအေးစက်ခဲ့သည်။
" နိုင်နိုင်ကို ပျော်သလိုလုပ်ခွင့်ပေးလိုက်ပါ ။ ဒါဆို အဖေလည်းသူနဲ့ထပ်တူပျော်ရလိမ့်မယ်"
ကလျာထိုစကားပြောပြီးနောက် ကောင်းကင်ကိုမော့ကြည့်မိသည်။
တိမ်သာနေတဲ့ကောင်းကင်က လှပမူ့တွေ သည် လူတိုင်း၏
စိတ်နှလုံးကို နုညံ့စေသလိုပင်။
အဖေ က နိုင်နိုင်ကို ချစ်သည်။
ချစ်မပြတက်တာ တစ်ခုတည်းဖြင့်
ရေထက်ပျစ်တဲ့သွေးကို ဖြတ်တောက်စေသလိုဖြစ်ခဲ့သည်။
အဖေ့ဖက်က နိုင်နိုင်ကို ဘာစကားမှပြောစရာ မလိုပေ။ နိုင်နိုင်ချစ်တဲ့ ယောကျာ်းကို အဖေလက်ခံပေးလိုက်ရုံဖြင့် နိုင်နိုင်က အဖေ့ကို ခွင့်လွတ်ပေလိမ့်မည်။
_________
"မနေ့ညက ကိုသန့်စင်ဆုံးပြီတဲ့"
ချောင်းကမ်းရွာကို ပြန်ရောက်ပြီး ရှစ်ရက်မြောက်သောနေ့မှာ ဆိုးဝါးတဲ့သတင်းစကားကိုကြားခဲ့ရသည်။ လာပြောသူက သာဒင်။
နေ့မြင်ညပျောက်ဆိုတဲ့ စကားက အမှန်ဆိုတာလက်ခံမလို။
" ဖိုးထွေးက မြင့်မိုရ်ရွာမှာလား "
" တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလိုပဲ အကိုဘွဲ့ဆူးရာ။
မအေးမြက မီးဖွားတော့မှာပါဆို ဘယ်လောက်အားငယ်လိုက်မလဲ။ ဖိုးထွေးကို မနေ့က သတင်းရရခြင်း ကျွန်တော်လိုက်ပို့ ပေးလိုက်တာ။ ရောက်ရောက်ချင်းမြင်ရတာစိတ်မချမ်းသာလွန်းလို့ ပြောတောင်မပြချင်ဘူး။ ယောကျာ်းလုပ်သူက မိန်းမ ကလေးမွေးဖို့ ပိုက်ဆံမရှိမှာစိုးပြီး ဆေးရုံတက်ဆေးမကုဘူး။ ငှက်ပျားပိုး ဦးနှောက်ထဲရောက်တာ ဖြစ်နိုင်တယ်တဲ့။ ကျွန်တော်တို့ရောက်တော့ မအေးမြက တက်နေပြီ။ နေ့စေ့လစေ့ကြီးနဲ့
သတိလစ်မလိုဖြစ်သွားတော့ ဆေးခန်းကို ဝိုင်းပို့ခဲ့ရတာ ။အခု ကျွန်တော်လိုအပ်တာလာယူ ပေးတာ ။ အကိုရော အပြန်လိုက်ခဲ့အုံးမလား။ဟိုမှာက ဖိုးထွေးရှိမှ။ သူတို့မှာ ဆွေမျိုးသားချင်းရှိပေမဲ့ သွေးဝေးတော့ တစ်ယောက်မှ ဦးဆောင်ပြီးအကူအညီပေးချင်ပုံမရဘူး။ ဖိုးထွေးကတော့ ရက်လည်ပြီးလုပ်စရာရှိတာ လုပ်ပေးရမှာမို့ ဒီရက်ပိုင်းရွာပြန်မလာသေးဘူးတဲ့ "
" ရက်လည်မှ အကိုလိုက်ခဲ့မယ်၊ လိုအပ်တာ ၊မင်းတို့အကုန်စီစဥ် ပေးလိုက်ပါ ။ အကိုတာဝန်ယူတယ်နော် သာဒင် ၊ ဒီမှာက အကိုမရှိရင် ဘထွေးတစ်ယောက်ထဲ ညအိပ်ညနေ မဖြစ်သေးဘူး။ "
သာဒင်က စကားနားထောင်စွာ စိတ်ချဖို့ပြောကာပြန်သွားသည်။
ကျန်ခဲ့တဲ့သူကတော့ စိတ်မောလူမောဖြင့်သာ။
ဒီရက်ပိုင်း ကံအတော်ဆိုးနေသလိုပင်။
ခြေသလုံးမှာ ချော်လဲထားတဲ့ အညိုရောင် ဒဏ်ရာအားငုံ့ကြည့်ကာ သောင်းဆင့်အား စိတ်ပူမိသွားသည်။
သူတကယ်ကြီး သောင်းဆင့်အားလွမ်းနေမိပြီ။
ချစ်တဲ့အိမ်စည်။
" ဘဲဘဲ"
"..."
လွၫ့္မၾကၫ့္ပဲ အဝတ္အိတ္ကို စစ္ေပးေနတာမို႔
ဘြဲ႔ဆူးမ်က္ေတာင္ေတြ ခတ္ကာ ေသာင္းဆင့္ေဘးကိုကပ္သြားလိုက္မိသည္။ ဖိုးေထြးျပန္သြားၿပီး သံုးရက္ေျမာက္ေန့တြင္
လူႀကံဳျဖင့္အေၾကာင္းၾကားလာသည္က ဘေထြးေနမေကာင္းဘူးတဲ့။ ခ်က္ျခင္းဆိုသလို ျဖစ္လာတဲ့ကိစၥရပ္ေတြၾကားမွာ က်န္းမာေရးမို႔ သူလည္းမလိုက္လို႔မျဖစ္။ ခဏေန ေဈးကားျပန္ထြက္ေတာ့မည္။
ေထာ္လာဂ်ီက ဖိုးေထြးျပန္ယူသြားတာမို႔ ေဈးကားနဲ႔
လမ္းႀကံဳလိုက္မျွဖစ္ေပမည္။
ေသာင္းဆင့္က ခုထိ မၾကည္လင္ေသးသည္မို႔
စိတ္ကလည္းမေျဖာင့္။ သူ႔အဖို႔က ေရ႔ွမတိုးေနာက္မဆုတ္သာအေျခအေန။
သူဖြဖြေလး ေသာင္းဆင့္လက္ေမာင္းကိုကိုင္လိုက္ၿပီး
ေသာင္းဆင့္အားေဘးကေန ၾကၫ့္ေနမိသည္။ တိတ္ဆိတ္ေသာအေျခအေနက ခါတိုင္း ဆူဆူညံညံေျပာတက္ေသာ ေကာင္ငယ္ေလးမရိွသကဲ့သို႔ပင္။
သူလည္း လြမ္းပါသည္။
မသြားခင္ကတည္းက ခြဲမသြားခ်င္စိတ္က ရင္မွာ နာနာက်င္က်င္ျဖစ္ေနသည္။
" ေသာင္းဆင့္ ၊ ဆိုင္ပိတ္ၿပီး မင္းပါ လိုက္ခဲ့မလားဟင္။ စီးပြားဘယ္ခ်ိန္ရွာရွာျဖစ္ပါတယ္။ မင္းဝမ္းနည္းေနရင္ ကိုယ္လည္းမသြားခ်င္ဘူးေလ "
" ဘယ္လိုလုပ္ျဖစ္မွာလဲ။ လုပ္ငန္းက ခုမွ အဆင္ေျပစရိွေသးတာ ၊က်ဳပ္မေနခဲ့ရင္ လာေရာင္းေနက်သူေတြ သူမ်ားေဖာက္သည္ေတျြဖစ္ကုန္မွာေပါ့ "
ေသာင္းဆင့္ေကာက္ေနပံုမ်ား ခါတိုင္းလို ကိုႀကီးဘြဲ႔ဆူးတို႔၊ ညီေလးတို႔ေတာင္မေျပာႏိုင္ေတာ့ေပ။
က်ဳပ္ကေလ ဆိုတဲ့စကားက မနက္ကတည္းက မနားတမ္းေျပာေနခဲ့တာ။ ဘာပဲေျပာေျပာ သူမသြားေစခ်င္ေပမဲ့မသြားနဲ႔ဟု မတားျမစ္ခဲ့တာကိုပင္။
ဘေထြးကို သူလည္း စိတ္ပူေနရဲ့သားနဲ႔ သက္သက္ဂ်စ္ေနတာကလည္း ကေလးတစ္ေယာက္လို သူ႔ကိုအေလ်ာ့ေပးမွန္းသိေနလို႔။ ေသာင္းဆင့္က သိပ္ခင္တြယ္တက္တဲ့ကေလး။ သူ႔ကိုယ္သူ အသက္ႀကီးေနတဲ့ ေယာက်ာ္းတစ္ေယာက္ဆိုတာကို ေမ့လုနီးနီးဘြဲ႔ဆူးေဘးမွာ ကေလးတစ္ေယာက္လိုေနခဲ့တာ။
အေဖကလည္း ေသာင္းဆင့္ကို လူၾကမ္းႀကီးတစ္ေယာက္အျဖစ္ သက္မွတ္ကာ လိုခ်င္တဲ့ ေမတၲာကို ၾကင္ၾကင္နာနာမေပးတက္ခဲ့။
အငယ္ဆံုးညီမကလည္း အေစာႀကီး အိမ္ေထာင္ျပဳသြားခဲ့တာမို႔ မိသားစုရဲ့ လံုေလာက္တဲ့ ခ်စ္ခင္ၾကင္နာမူ႔က ေသာင္းဆင့္အတြက္ နည္းခဲ့တာေတာ့အမွန္ပင္။
ေနခ်င္သလိုေနခဲ့ေပမဲ့ ေသာင္းဆင့္လိုခ်င္တာ
သူ႔ဘဝကို ပဲ့ကိုင္ေပးမဲ့သူမ်ိဳး။
ဒါေတြက ဘြဲ႔ဆူးနဲ႔ေတြ့မွာ ေျပာင္းလဲလာခဲ့တယ္ဆိုသၫ့္တိုင္
ေသာင္းဆင့္ရင္ထဲမွာ ဟိုးတုန္းကတည္းက
သူ႔ေဘးမွာ လိုအပ္ေနတဲ့ ေနြးေထြးမူ႔ေလးေၾကာင့္သာ။
ျပန္ေတြးၾကၫ့္မိတိုင္း ေသာင္းဆင့္ကို သူသိပ္သနားသည္။
အခ်ိန္တိုင္း ကေလးတစ္ေယာက္လို ေျပာသမ်ွ နာခံတက္တဲ့ အမ်ိဳးသားက
ဘြဲ႔ဆူးကို သိပ္အားကိုးၿပီးခင္တြယ္ရွာခဲ့တာ။
" ဟုတ္ပါတယ္။ မင္းေျပာတာလဲမွန္တယ္။
ဒါေပမဲ့ ကိုယ္မွ မင္းနဲ႔မခြဲႏိုင္တာ။ စဉ္းစားၾကၫ့္ပါအံုး၊ကိုယ္တို႔အိမ္ေထာင္သက္က ဘယ္ေလာက္မွၾကာေသးတာမဟုတ္ဘူး။ တစ္ေယာက္ဆီခြဲေနရမွာကို
ကိုယ္မေပ်ာ္သလို မင္းလည္းမေပ်ာ္ဘူးမို႔လား။"
သူ႔ဖက္က ပံုမွန္ထက္ပိုၿပီး ေခ်ာ့ျမဴလိုက္တယ္ဆိုေပမဲ့ တကယ္လည္း ေသာင္းဆင့္နဲ႔ခြဲမေနခ်င္ေပ။
သူ႔စကားေၾကာင့္ ေသာင္းဆင့္လႈပ္လႈပ္ရွားရွားျဖစ္သြား၏။
" မေပ်ာ္ဘူးဆိုတာ ကိုႀကီးဘြဲ႔ဆူးသိေနတာပဲ။
ျမန္ျမန္ သြားၿပီးျမန္ျမန္ျပန္လာခဲ့။ ဒီမွာပဲ ေစာင့္ေနေတာ့မယ္"
" ကိုယ္သြားရင္ မင္းအရက္ေသာက္ေနမွာလည္းစိုးတယ္"
ေသာင္းဆင့္ ရဲ့ေဘးတိုက္မ်က္ႏွာကိုၾကၫ့္ကာ
မေနႏိုင္ပဲ ဘြဲ႔ဆူး အနမ္းတရိႈက္ေပးလိုက္ေသးသည္။
ေဘးမွာ စိမ္းညို႔ေနေသာ ေမးရိုးတစ္ေလ်ွာက္၏ ၾကမ္းရွမူ႔က ေသာင္းဆင့္၏အမွတ္အသားတစ္ခုလို။
" မေသာက္ပါဘူး "
" ဒါဆို ဒီဖက္လွၫ့္ေျပာေလ ။ ေသခ်ာလည္းမၾကၫ့္ပဲ မင္းေျပာတာကို ဘယ္လိုယံုၾကည္ရမလဲ"
သူ႔စကားဆံုးေတာ့ အဝတ္အိတ္ကိုေသခ်ာပိတ္ကာ က်က်နနလူတစ္ကိုယ္လံုး မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္လွၫ့္လာ၏။
" ေမာင္အတည္ေျပာေနတာ။
မင္းကိုေမာင္ဒါမလုပ္ဘူးလို႔ေျပာထားရင္
အဲ့ဒါကိုဘယ္ေတာ့မွမလုပ္ဘူး ။ ဒီေလာကမွာ
ေမာင္ေျပာသမ်ွစကားတည္တာ မင္းတစ္ေယာက္တည္းအတြက္ပဲ။ "
မ်က္ခံုးတန္းေတြက စိတ္မရွည္မူ႔နဲ႔မေက်လည္မူ႔ေၾကာင့္ ႏွဖူးၾကားမွာ တြန႔္ေကြးလ်က္။
ဘြဲ႔ဆူး ၿပံဳးကာ လက္မေလးနဲ႔ ထိုေနရာကိုေသခ်ာဖိေပးၿပီး
" ဟုတ္ပါၿပီး။ မင္းမႀကိဳက္ရင္ေနာက္မေျပာေတာ့ဘူး။ လိမ္လိမ္မာမာေနခဲ့ေနာ္။ ေနာက္လကုန္ ေရႊပိုစုမိရင္ ကိုႀကီးဘြဲ႔ဆူးက ညီေလးအတြက္ လက္ေကာက္ေလးတစ္ဖက္ထပ္လုပ္ေပးမယ္"
" ကေလးမွမဟုတ္တာ။ တအားေခ်ာ့ေျပာေနစရာ မလိုပါဘူး "
" တကယ္မလိုဘူးလား။ ေမာင့္အတြက္ ကိုယ္က တစ္ကိုယ္လံုးကို ေရႊေတြအျပၫ့္ဆင္ေပးခ်င္တာ၊ကဲပါ စိတ္ေကာက္မေနေတာ့နဲ႔။ ကိုယ္သြားရေတာ့မယ္ မ်က္ႏွာႀကီးအိုမေနနဲ႔ "
ဘြဲ႔ဆူးဆီမွ မေျပာစဖူးေမာင္ဆိုတဲ့ အသံုးအႏႈန္းေၾကာင့္ ေသာင္းဆင့္ စူပုတ္ေနရာမွ မၿပံဳးခ်င္ၿပံဳးခ်င္ၿပံဳးလာ၏။ ေဒါသထြက္ခ်င္ေယာင္ေဆာင္ေနေသးတဲ့ရုပ္ေၾကာင့္ ဘြဲ႔ဆူးမွာ အသည္းတယားယား။
ဒီေကာင္ သိပ္လူႀကီးလုပ္ေနခ်င္ေနတာ။
" ခ်စ္တယ္ေျပာရင္ နည္းနည္းေလးစိတ္ဆိုးေျပေပးမယ္ "
" ခ်စ္တယ္ေလ မင္းမေျပာခိုင္းလည္း ကိုယ္ကေျပာမွပါ။ ဘဲဘဲေလးကိုတအားႀကီးခ်စ္၊အားႀကီးခ်စ္ "
သူ႔စကားဆံုးေတာ့ ေသာင္းဆင့္ဟာ မသိမသာ မိုးကာတဲ၏ေခါင္မိုးကိုၾကၫ့္ကာ ၿပံဳးၿပံဳးစိစိႀကီးျဖစ္လို႔ သြား၏။ လံုးလံုးယားယား ေျပေပ်ာက္သြားတဲ့ စိတ္ေကာက္ျခင္းေတြၾကားမွာ ဘြဲ႔ဆူး၏ မတင္မက်စိတ္လည္း ေပ်ာက္ဆံုးသြားခဲ့သည္။
ေသာင္းဆင့္ဆက္ႏိုင္ကိုမွ မခ်စ္ရင္ဘယ္သူ႔ကိုခ်စ္ရမွာတဲ့လဲ။
_____
ေလးရြာေတာကေနထြက္ေတာ့ သူလိုကိုယ္လို လမ္းႀကံဳလိုက္ခဲ့တဲ့သူေတြလည္းရိွသည္။
လမ္းႀကံဳဆိုေပမဲ့ ကားခကေတာ့ေပးရသည္။
တစ္ေသာင္းဆိုတဲ့အားက အိမ္မွာေနရင္မ်ားေပမဲ့
ေလးရြာေတာကေနလိုက္မယ္ဆိုရင္ေတာ့မမ်ားေတာ့ေပ။
လုပ္ငန္းႀကီးလုပ္ၿပီးပိုက္ဆံသံုးႏိုင္တဲ့သူေတြက
ေတာ့ ခုလို လူၾကပ္ၾကပ္ကားကို စီးခ်င္တာမဟုတ္။
ေငြကုန္ေၾကးက်ခံကာ ေထာ္လာဂ်ီကို သီးသန႔္လာငွားစီးၾကေသးသည္။
ေသာင္းဆင့္လက္ေကာက္ကေလးေတာင္မွ ဒီကားေလးဆီမွ ဝင္ေငြတစ္ဝက္ေၾကာင့္ လုပ္ေပးႏိုင္ျခင္းသာ။
သူ႔အေနနဲ႔ ၿမိဳ႔ေပၚအေနၾကာလာတဲ့သူမို႔
ေတာထဲေတာင္ထဲ ေနရမယ္လို႔ အိမ္မက္ေတာင္မမက္ခဲ့ဘူးေပ။
ေသာင္းဆင့္နဲ႔ကံေၾကာင့္ေတြ့ခဲ့ေပမဲ့ သူတကယ္ေနသားၾကေနပါၿပီ၊ ေသာင္းဆင့္က သူ႔ဘဝကို
အထီးက်န္မူ႔မွကယ္တင္ခဲ့သူပါ ။
ၿပီးေတာ့ ေသာင္းဆင့္ကို သူသိပ္ခ်စ္တယ္။
ကားျဖတ္သြားရာလမ္းတစ္ေလ်ွာက္ ခပ္ေနွးေနွးက်န္ခဲ့တဲ့ အပင္ေတြကိုေငးကာ ရင္ထဲမွာ လွစ္ဟာေနေသာ ကြက္လပ္ကို အသာဖိကာ ေသာင္းဆင့္ကိုပဲတသသေတြးေနမိသည္။
ရင္ဘတ္ေတြေအာင့္လိုက္တာ၊ခြဲခြာရတာ တကယ္မေကာင္းတာပဲ။
ေလးရြာေတာကေနထြက္ေတာ့ျမင့္မိုရ္ရြာမွာ
ဖိုးေထြးက ႀကိဳေစာင့္ေနခဲ့သည္။
ဦးေဘာဂေသာင္းဆီကငွားလာတဲ့ဆိုင္ကယ္ျဖင့္ ေခ်ာင္းကမ္းရြာကိုျပန္ေရာက္ဖို႔ကထင္သေလာက္မၾကာခဲ့ပါ။အေတြးထဲမွာ ဦးေဘာဂေသာင္းက အရင္ေလာက္ သူ႔ကို အျပစ္မျမင္ေတာ့သလိုပဲ ခံစားရ၏။
" ဘေထြးသက္သာရဲ့လား"
ဖိုးေထြးေနာက္မွာထိုင္စီးရင္းေမးမိသည္။
အိမ္ေထာင္က်ကတည္းက မေတြ့ျဖစ္တာ
ခုထိဆိုေတာ့အခ်ိန္က အေတာ္ေလးၾကာခဲ့ေလၿပီ။
အမ်ိဳးနီးစပ္ေတြကလည္း သူ႔အားေရွာင္ေနၾကသလို
ဘေထြးကိုလည္း သူ႔အားေစာက္ေရွာက္ဖို႔ အစကတည္းက လက္မခံသင့္ေၾကာင္းကိုဖိအားေပးေနမွာပင္။
" ဘေထြးက ေလျဖန္းခ်င္သလိုျဖစ္သြားတာ။
ခုေတာ့ စိုးရိမ္စရာမရိွေလာက္ေတာ့ဘူးလို႔ ဆရာမေလးကေျပာတာပဲ ၊ပါးတျခမ္းကေတာ့ နည္းနည္းရြဲ႔ခ်င္သလိုျဖစ္ေနတုန္း။ ဒါကလည္း က်န္းမာေရးေစာင့္ေရွာက္မူ႔ျပန္လုပ္ရင္ေကာင္းႏိုင္တယ္တဲ့"
ဖိုးေထြးက သူ႔သိသမ်ျွပန္ေျပာသည္။
ဘေထြးအပါအဝင္ ကိုသန႔္စင္ ၊မေအးျမတို႔ေရာ
ၿပီးေတာ့ သူ႔ေယာက္ခထီး ဦးေဘာဂေသာင္း ၊အကုန္ သတိတရေမးျဖစ္ခဲ့သည္။
ကိုသန႔္စင္ကေတာ့ က်န္းမာေရးသိပ္မေကာင္း၊
မေအးျမက ေမြးခါနီးေနဟု သိရ၏။
" ဒါဆိုမင္းက ျမင့္မိုရ္ရြာနဲ႔ သြားလိုက္ျပန္လိုက္လုပ္ေနရတာေပါ့ "
"ဟုတ္တယ္အကိုဘြဲ႔ဆူး ၊ ရြာေဆးေပးခန္းမွာ
ကုေနတယ္ဆိုေပမဲ့ က်န္းမာေရးမွဴးကေတာ့ၿမိဳ႔
ေဆးရံုတက္ေစခ်င္ေနတာ။ ကိုသန႔္စင္က မသြားဘူးလုပ္ေနတယ္အကိုရာ။ အမကလည္းမီးဖြားေတာ့မွာဆိုေတာ့ ေငြကုန္မွာစိုးေနတာေနမွာ "
" လိုအပ္တာရိွရင္ ေျပာကြာ။ အကိုတို႔လည္းတက္ႏိုင္သေလာက္ ကူညီပါ့မယ္"
ေျပာႏိုင္တာကေတာ့ ဒီေလာက္ပဲျဖစ္သည္။
ေငြေၾကးအျပင္ သူကူညီႏိုင္တာကလည္း တျခားမရိွေပ။ ကိုယ့္မွာလည္းကိုယ့္အပူနဲ႔ကိုယ္ဆိုေတာ့
ခက္သား။
ေခ်ာင္းကမ္းရြာေရာက္ေတာ့ ဘေထြးအိမ္ကိုတန္းသြားလိုက္သည္။
အိမ္ကေလးကေတာ့ အရင္သူေရာက္ခါစက ျမင္ကြင္းလို အထီးက်န္ဆန္စြာ။
အိမ္ေရ႔ွမွာ လွမ္းထားေသာ ပုဆိုးတစ္ထည္ႏွင့္အတူ
ဘေထြးပုခံုးေပၚတင္ထားေနၾက တဘတ္အေသးတစ္ထည္။
အက်ႌသံုးေလးထည္မ်ွထၫ့္ထားေသာ ေက်ာပိုးအိတ္ကို လက္မွာဆြဲကာ သူအိမ္ထဲကိုလွမ္းဝင္လိုက္သည္။
ေလွကားရင္းမွာ ဖိနပ္မ်ားရိွေနတာမို႔ ဘေထြးဆီမွာ ဧၫ့္သည္ေရာက္ေနဟန္ပင္။
ဘေထြးက ရပ္ေရးရြာေရးမွာ ပါဝင္ေနၾကလူႀကီးတစ္ေယာက္မို႔ လူနာေမး လာတဲ့သူေတြကေတာ့ ျပတ္မွာမဟုတ္။
သူေျခသံမၾကားေအာင္
ခပ္ျဖည္းျဖည္း တက္သြားလိုက္သည္။
ဝင္ေပါက္မွာေက်ာေပးထားေသာ အမ်ိဳးသမီးတစ္ေယာက္ႏွင့္ ကေလးတစ္ေယာက္အပါအဝင္ သူ႔ေယာက္ခထီး ဦးေဘာဂေသာင္း။ ၿပီးေတာ့ အိပ္ယာထပ္မွာလွဲေနတဲ့ဘေထြး။
သူတက္လာသံၾကားေတာ့ အမ်ိဳးသမီးက လွၫ့္ၾကၫ့္လာသည္။
အသက္အားျဖင့္ ငယ္ေသးတဲ့ပံုပင္။
မ်က္ႏွာက်က သူျမင္ဘူးေနၾကရုပ္မ်ိဳးမို႔ ဘယ္သူနဲ႔တူသလဲ အမွတ္တမဲ့စဉ္းစားလိုက္မိေသးသည္။
အမ်ိဳးသမီးက သူ႔ကိုျမင္ေတာ့ ၿပံဳးကာ ထိုင္ေနရာမွထလာ၏။
" ကိုဘြဲ႔ဆူးလား "
" ဟုတ္ကဲ့၊ ညီမက"
" ကလ်ာက ႏိုင္ႏိုင္ရဲ့ ညီမေလ "
" ႏိုင္ႏိုင္?"
သူသံေယာင္လိုက္ေမးလိုက္သည္။
ဘယ္သူလဲဆိုတာ သူမသိသည္မို႔ အမွတ္တမဲ့ ဦးေဘာဂေသာင္းကို လွမ္းၾကၫ့္လိုက္၏။
ဦးေဘာဂေသာင္းက သူၾကၫ့္ေနမွန္းသိေတာ့ဖ်တ္ခနဲ
မ်က္ႏွာလႊဲသြား၏။ ထို႔ေနာက္ဆက္ေျပာ၏
" ငါ့သမီးသူက ၊ လာ ဒီမွာ ဘေထြးကမင္းကိုေမ်ွာ္ေနတာ "
ထိုအခါမွ သူဘေထြးေလးကို အျမန္သြားၾကၫ့္လိုက္မိသည္
" ဘေထြး သက္သာရဲ့လား"
ဘေထြးက ပါးတျခမ္းရြဲ႔ခ်င္ေနသလိုဆိုေပမဲ့
ၾကည္ၾကည္လင္လင္ရိွေနေသးသည္။
ေတာ္ပါေသးတယ္ဆိုတဲ့စိတ္က ဘေထြးကို ျမင္မွစိတ္ခ်သြားသလို။
" ဘေထြးသက္သာပါတယ္ ။ ျပန္လာတဲ့လမ္းက ေဝးတယ္ဆို နားေတာ့မလား"
" ရပါတယ္ဘေထြး။ ကြၽန္ေတာ္မပင္ပန္းပါဘူး ။ "
ဘေထြးသည္ ေဘးမွာထိုင္ေနတဲ့ ကလ်ာေသာင္းဖက္ကိုလွၫ့္ကာ စကားဆက္သည္။
" ကလ်ာ သူက ေျမးအကိုလက္ထပ္လိုက္တဲ့သူေလ "
" ကလ်ာေတြ့ခ်င္ေနတာဘေထြး။ ကိုဘြဲ႔ဆူးက ေတာ္ေတာ္ေခ်ာတာပဲ ႏိုင္ႏိုင္နဲ႔ေတာင္ မလိုက္ဘူး "
ကလ်ာေသာင္းကေတာ့ ခင္မင္စြာ အရိုးခံအတိုင္းေျပာေပမဲ့ ဦးေဘာဂေသာင္းကေတာ့ႏွာေခါင္းရႈံ႔ကာ
ကလ်ာစကားကိုလက္မခံေပ။
" နင့္အကိုက ပိုေခ်ာတယ္။ ေသာင္းဆင့္မ်က္ႏွာက ေသခ်ာၾကၫ့္ အရက္ေသာက္ၿပီးၫွင္းသိုးသိုးတာေနလို႔သာ။ သပ္သပ္ရပ္ရပ္ဝတ္စားၾကၫ့္ ေလးရြာနယ္တေက်ာလံုး ငါ့သားေလာက္ဘယ္သူၾကၫ့္ေကာင္းႏိုင္မွာလဲ "
" ကလ်ာကေတာ့ ႏိုင္ႏိုင္ကိုေခ်ာတယ္လို႔မျမင္ေပါင္။
ေနာ့္ မီးမီး ၊ ႏိုင္ႏိုင္က အေမႊးအမ်ွင္ေတြနဲ႔ ၾကၫ့္မေကာင္းဘူးမို႔လား"
ကလ်ာၿပံဳးကာ သူ႔ေဘးမွာ ၿငိမ္ၿငိမ္ေလးထိုင္ကာဘြဲ႔ဆူးကိုၾကၫ့္ေနတဲ့ ကေလးမေလးဆံပင္ေတြအားသပ္ေပးေနသည္။ကေလးက မ်က္လံုးျပဴးေလးနဲ႔သာ ဘြဲ႔ဆူးအား ၾကၫ့္ေနဆဲပင္။ ကေလးခ်စ္တက္ေပမဲ့လတ္တေလာ ဘြဲ႔ဆူး မေခ်ာ့ျမဴျဖစ္ေသးပါ။
ကေလးအားရယ္ျပရင္း
ခပ္တည္တည္ပင္ ဦးေဘာဂေသာင္း၏စကားကိုေခါင္းညိမ့္ေထာက္ခံမိသည္။
" ဟုတ္တယ္ ဦး ေလးေျပာသလိုပဲေသာင္းဆင့္ကအမ်ားႀကီးေခ်ာတယ္" ဟုလည္း ေသခ်ာျပန္ေျပာမိေသးသည္။
ဘယ္လိုပဲၾကၫ့္ၾကၫ့္ ေသာင္းဆင့္၏ မ်က္ခံုးေတြကထူထဲက ထင္းလင္းေနသည္။
ၿပံဳးလိုက္လ်ွင္ ေကာ့တက္သြားေသာ ႏႈတ္ခမ္းေထာင့္ခ်ိဳးေလးေတြႏွင့္ စိမ္းျမျမ ပါးရိုးေတြ ။
တကယ္ပဲေသာင္းဆင့္က ေခ်ာပါသည္။
ကလ်ာေသာင္းကေတာ့ သူ႔အားတကယ္ လက္ခံေပးပံုရကာ မနက္ဖန္ သူတို႔အိမ္မွာထမင္းလာစားဖို႔ေတာင္မွ အလည္ေခၚသြားေသးသည္။
တစ္ခုပဲ ေယာက္ခထီးကေတာ့ အင္တင္တင္ျဖစ္ေနေသးတာပင္။
လက္မခံေသးတာမဟုတ္ေပမဲ့ လက္ခံေပးဖို႔ရွက္ေနဟန္မို႔ ကလ်ာေခၚတာကို သူေခါင္းညိမ့္လက္ခံေပးလိုက္သည္။
______
" အေဖ ႏိုင္ႏိုင္တို႔ႏွစ္ေယာက္ကို ခုထိ လက္ခံမေပးသဘူးလား။
ရြာလမ္းမႀကီးေပၚမွာ အေဖႏွင့္အတူေလ်ွာက္ရင္းကလ်ာေသာင္းသိလိုတာကိုေမးလိုက္သည္။
ဦးေဘာဂေသာင္းက ကလ်ာစကားကိုမေျဖ။
လက္ထဲေပြ့ခ်ီထားေသာ ေျမးျဖစ္သူ႔အား စေနာက္ရင္း ေမးခြန္းကိုေရွာင္လႊဲေန၏။
ကလ်ာ သိသည္မို႔ နားလည္သည္။
" ႏိုင္ႏိုင္က ေခါင္းမာတာအေဖလည္းသိရဲ့သားနဲ႔ ။
ငယ္ငယ္ေလးကတည္းက သူျဖစ္ခ်င္တာမွန္သမ်ွ
မလုပ္ရမခ်င္း ဘယ္တုန္းကမွ စိတ္မေလ်ာ့ဖူးဘူး
။
ခုလည္း သူျဖစ္ခ်င္တာသူလုပ္သြားၿပီးၿပီ။ဒါကလည္းသူတကယ္ ကိုဘြဲ႔ဆူးကို ခ်စ္လို႔ေနမွာပါ။
အေဖဖက္ကလက္မခံေပးဘူးဆိုရင္ ႏိုင္ႏိုင္ကလည္း
အေလ်ာ့ေပးမွာမဟုတ္ဘူးဆိုတာ အေဖလည္းသိေနတာပဲ။ ကလ်ာက ႏိုင္ႏိုင္ စိတ္ခ်မ္းသာတာကိုပဲ ျမင္ခ်င္ခဲ့တာ ။ အေမဆံုးေတာ့ အေဖက ကလ်ာကိုပဲ ဂရုစိုက္ၿပီးႏိုင္ႏိုင္ကိုဂရုစိုက္ဖို႔ လစ္ဟင္းခဲ့တာေတြရိွတယ္ ၊ ကလ်ာ ငယ္ေသးလို႔ဆိုေပမဲ့ အဲ့အခ်ိန္တုန္းက ႏိုင္ႏိုင္လည္း ငယ္ေသးတယ္ေလ ။ ကလ်ာအိမ္ေထာင္က် စက ႏိုင္ႏိုင္ငိုတာမွတ္မိေသးလား။
အဲ့တုန္းကႏိုင္ႏိုင္ပံုစံက ကလ်ာျမင္ဖူးသမ်ွထဲမွာ အထီးက်န္ဆံုးပဲ "
ကလ်ာက ေျပာရင္း လည္လာတဲ့မ်က္ရည္စအားဖြဖြသုတ္သည္။ ႏိုင္ႏိုင္ သူ႔အားသိပ္ခ်စ္ရွာသည္။
ႏွစ္ေယာက္ထဲ ခင္တြယ္ခဲ့တာမို႔ ကလ်ာက ညီမဆိုေပမဲ့ ႏိုင္ႏိုင္၏ သမီးဆိုလည္းဟုတ္သည္။
အေမမရိွေတာ့ကတည္းက ႏိုင္ႏိုင္က ကလ်ာအား
အရိပ္တစ္ခုလို တၾကၫ့္ၾကၫ့္ေစာင့္ေရွာက္ခဲ့သည္။
အေဖမအားလို႔ ကလ်ာအားမၾကၫ့္ႏိုင္တဲ့ေန့ေတြဆို
ႏိုင္ႏိုင္က အကိုလိုတမ်ိဳး အေဖလိုတမ်ိဳး ေရခ်ိဳးသနပ္ခါးလိမ္းေက်ာင္းပို႔ကအစ လုပ္ေပးတက္၏။
ကလ်ာေယာက်ာ္းယူသြားတုန္းက အသက္မွ ဆယ့္ရွစ္ေက်ာ္ေက်ာ္သာရိွေသးသည္။ အဲ့ေန့ကႏိုင္ႏိုင္ဟာ
ဝမ္းနည္းပက္လက္ ကေလးတစ္ေယာက္လို အိမ္ေနာက္ေဖးမွာ တစ္ေယာက္ထဲငိုခဲ့သည္။
ဘယ့္သူကိုမွလည္းအျပစ္မေျပာသလို အေဖနဲ႔လည္းဆက္ဆံေရးပိုေအးစက္ခဲ့သည္။
" ႏိုင္ႏိုင္ကို ေပ်ာ္သလိုလုပ္ခြင့္ေပးလိုက္ပါ ။ ဒါဆို အေဖလည္းသူနဲ႔ထပ္တူေပ်ာ္ရလိမ့္မယ္"
ကလ်ာထိုစကားေျပာၿပီးေနာက္ ေကာင္းကင္ကိုေမာ့ၾကၫ့္မိသည္။
တိမ္သာေနတဲ့ေကာင္းကင္က လွပမူ႔ေတြ သည္ လူတိုင္း၏
စိတ္ႏွလံုးကို ႏုညံ့ေစသလိုပင္။
အေဖ က ႏိုင္ႏိုင္ကို ခ်စ္သည္။
ခ်စ္မျပတက္တာ တစ္ခုတည္းျဖင့္
ေရထက္ပ်စ္တဲ့ေသြးကို ျဖတ္ေတာက္ေစသလိုျဖစ္ခဲ့သည္။
အေဖ့ဖက္က ႏိုင္ႏိုင္ကို ဘာစကားမွေျပာစရာ မလိုေပ။ ႏိုင္ႏိုင္ခ်စ္တဲ့ ေယာက်ာ္းကို အေဖလက္ခံေပးလိုက္ရံုျဖင့္ ႏိုင္ႏိုင္က အေဖ့ကို ခြင့္လြတ္ေပလိမ့္မည္။
_________
"မေန့ညက ကိုသန႔္စင္ဆံုးၿပီတဲ့"
ေခ်ာင္းကမ္းရြာကို ျပန္ေရာက္ၿပီး ရွစ္ရက္ေျမာက္ေသာေန့မွာ ဆိုးဝါးတဲ့သတင္းစကားကိုၾကားခဲ့ရသည္။ လာေျပာသူက သာဒင္။
ေန့ျမင္ညေပ်ာက္ဆိုတဲ့ စကားက အမွန္ဆိုတာလက္ခံမလို။
" ဖိုးေထြးက ျမင့္မိုရ္ရြာမွာလား "
" တစ္ပူေပၚႏွစ္ပူဆင့္ဆိုသလိုပဲ အကိုဘြဲ႔ဆူးရာ။
မေအးျမက မီးဖြားေတာ့မွာပါဆို ဘယ္ေလာက္အားငယ္လိုက္မလဲ။ ဖိုးေထြးကို မေန့က သတင္းရရျခင္း ကြၽန္ေတာ္လိုက္ပို႔ ေပးလိုက္တာ။ ေရာက္ေရာက္ခ်င္းျမင္ရတာစိတ္မခ်မ္းသာလြန္းလို႔ ေျပာေတာင္မျပခ်င္ဘူး။ ေယာက်ာ္းလုပ္သူက မိန္းမ ကေလးေမြးဖို႔ ပိုက္ဆံမရိွမွာစိုးၿပီး ေဆးရံုတက္ေဆးမကုဘူး။ ငွက္ပ်ားပိုး ဦးေနွာက္ထဲေရာက္တာ ျဖစ္ႏိုင္တယ္တဲ့။ ကြၽန္ေတာ္တို႔ေရာက္ေတာ့ မေအးျမက တက္ေနၿပီ။ ေန့ေစ့လေစ့ႀကီးနဲ႔
သတိလစ္မလိုျဖစ္သြားေတာ့ ေဆးခန္းကို ဝိုင္းပို႔ခဲ့ရတာ ။အခု ကြၽန္ေတာ္လိုအပ္တာလာယူ ေပးတာ ။ အကိုေရာ အျပန္လိုက္ခဲ့အံုးမလား။ဟိုမွာက ဖိုးေထြးရိွမွ။ သူတို႔မွာ ေဆြမ်ိဳးသားခ်င္းရိွေပမဲ့ ေသြးေဝးေတာ့ တစ္ေယာက္မွ ဦးေဆာင္ၿပီးအကူအညီေပးခ်င္ပံုမရဘူး။ ဖိုးေထြးကေတာ့ ရက္လည္ၿပီးလုပ္စရာရိွတာ လုပ္ေပးရမွာမို႔ ဒီရက္ပိုင္းရြာျပန္မလာေသးဘူးတဲ့ "
" ရက္လည္မွ အကိုလိုက္ခဲ့မယ္၊ လိုအပ္တာ ၊မင္းတို႔အကုန္စီစဥ္ ေပးလိုက္ပါ ။ အကိုတာဝန္ယူတယ္ေနာ္ သာဒင္ ၊ ဒီမွာက အကိုမရိွရင္ ဘေထြးတစ္ေယာက္ထဲ ညအိပ္ညေန မျဖစ္ေသးဘူး။ "
သာဒင္က စကားနားေထာင္စြာ စိတ္ခ်ဖို႔ေျပာကာျပန္သြားသည္။
က်န္ခဲ့တဲ့သူကေတာ့ စိတ္ေမာလူေမာျဖင့္သာ။
ဒီရက္ပိုင္း ကံအေတာ္ဆိုးေနသလိုပင္။
ေျခသလံုးမွာ ေခ်ာ္လဲထားတဲ့ အညိုေရာင္ ဒဏ္ရာအားငံု႔ၾကၫ့္ကာ ေသာင္းဆင့္အား စိတ္ပူမိသြားသည္။
သူတကယ္ႀကီး ေသာင္းဆင့္အားလြမ္းေနမိၿပီ။
ခ်စ္တဲ့အိမ္စည္။
Bạn đang đọc truyện trên: ZingTruyen.Xyz