ရုပ်ဆိုးတဲ့နှင်းဆီ (Completed)
ဇာတ်သိမ်း
မနက်ဆယ်နာရီ။
ဒီအချိန် စမ်းရေသောင်းကို ရေချိုးပြီးသိပ်ရတော့မဲ့အချိန်။ ကလေးက နှစ်လလောက်ပဲရှိသေးပေမဲ့
လူကိုသိနေပြီ။ ဘေးနားမှာ လူရိပ်လာဖြတ်တာပဲဖြစ်ဖြစ်၊ ကလူနေတာပဲဖြစ်ဖြစ် လိုက်ကြည့်တာမျိုး
ရယ်မောတာမျိုးလုပ်တက်နေပြီဖြစ်၏။
ကိုယ်ကလည်းအသန့်အရှင်းကြိုက်တက်သူမျိုးဆိုတော့ မိုးလင်းတာနဲ့စမ်းရေသောင်းက ဖွေးကော့မွှေးကြိုင်နေပြီးသား။ မှော်ထဲမှာက ကလေးပေါပေမဲ့
လူကြီးတွေက ကိုယ့်အလုပ်နဲ့ကိုယ် ကလေးတစ်ယောက်ကို ဆင်ယင်ပေးဖို့ တကူးတက လုပ်မနေကြပေ။ ထိုအထဲမှာ စမ်းရေသောင်းက သိသိသာသာ
နာမည်ကြီးနေပြန်သည်။
ကလေးဆိုပေမဲ့ သောင်းဆင့်လို ရွှေကြိုက်သူလေးမှန်းသိသာစွာ ရွှေဆင်ပေးတဲ့နေ့ကတည်းက လည်ပင်းကဆွဲကြိုးကို လက်နဲ့ ဆော့သေးတာ။ ရွှေကိုရွှေမှန်း
မသိသေးတဲ့အရွယ်မှန်းသိပေမဲ့ သောင်းဆင့်ယောကျာ်းပီပီ သောင်းဆင့်နဲ့တူတယ်လို့ ဆွဲတွေးဘက်လိုက်ပြီးပျော်ရသေးတာ။
ဒါပေမဲ့ ခုတော့ အဲ့အတွေးတွေတစ်ခန်းရပ်ပြီးသူ့မှာ မပျော်နိုင်။
ရယ်သံတွေကို တကူးတက နားထောင်နေတာမဟုတ်ပဲနားထဲသူ့အလိုလို အိမ်ကျဉ်းတော့ဝင်လာတာပါ။
မနက်ကတည်းက ပန်းရောင်ကျိုင်းတုံချည်သားဝမ်းဆက်လေးဝတ်ပေးမိတဲ့ သူကပဲမှားတာလား၊
မျက်လုံးတောက်တောက် ကြည်ကြည်လေးနဲ့
ပါးလေးနှစ်ဖက်ပေါ်မှာ အလုံးလေးသေးသေးတင်ပြီး
လိမ်းထားတဲ့ သောင်းဆင့်သမီး စမ်းရေသောင်းကပဲ ချစ်စရာကောင်းနေတာလား။
မိုးမလင်းခင်ကတည်းက မေပုလဲရေဆိုပြီး
အိမ်အလည်ရောက်နေတဲ့ မနေတက်မထိုင်တက်လေး
သဲစုဆိုတဲ့ကောင်မလေးပဲမှားနေတာလားတစ်ခုခုပဲ။
နောက်ပြီးသောင်းဆင့်ဆိုတဲ့ကောင်။
ကလေးကိုသဘောမကျသလိုလိုနဲ့လက်ကမချတမ်းချီတယ်။ လာသမျှလူ သူ့သမီးကို ကလူနေရင် အဖေပီသစွာ တဟဲဟဲသဘောကျနေတာ အရင်ကနဲ့နည်းနည်းမှမတူတော့တာ။
စိတ်ထဲမကျေမနပ်နဲ့ သောင်းဆင့်လက်ပေါ်က ကလေးကို ချော့မြူနေတဲ့ ကောင်မလေးကို လှမ်းကြည့်မိသည်။
အနက်ရောင်လုံချည်နဲ့ အဖြူရောင် ပန်းပွင့်လေးတွေပါတဲ့ အင်္ကျီကိုတွဲဝတ်ထားတာ။ မလှဘူးဆိုပေမဲ့
ချစ်တော့ချစ်စရာလေးမို့ မနာလိုစိတ်က မိုးထိတော့မတက်။
သူတကယ်သောင်းဆင့်ကို မ ကျေနပ်တော့ပါ။
" မေပုလဲရေ "
" ဟဲ့သဲစု။ ငါ့သမီးကို မေပုလဲလို့မခေါ်နဲ့ "
သောင်းဆင့် ကျောပေးထားတာမို့ ဘယ်လိုမျက်နှာရှိမှန်းမသိ။ ကောင်မလေးကတော့ ဘယ်လောက်ပြောပြောအပြုံးမပျက်ဘူး။ ပြောနေတဲ့ ကြားကနေ
သောင်းဆင့်သမီးကိုမေပုလဲဟုခေါ်လိုက်သေးတာ
အဓိပ္ပါယ်ကတော့ မေပုလဲ မဲပလေ ပေါ့။
သူ့အသားကြည့်တော့လဲ သူလည်းဖွေးနေတာမဟုတ်။
ဪလူတွေများ။
မနေနိုင်တဲ့အဆုံး
" သောင်းဆင့်ရေ ၊ ကလေး ရေချိုးပေးရအောင်ခေါ်ခဲ့တော့" ဟု လှမ်းပြောလိုက်မိသေးသည်။
သောင်းဆင့်ကဟုတ်ဟုသာပြောတာအရင်လို ချက်ချင်းထမလာ။
စကားပြောမပြတ်သေးသလို မပြီးနိုင်အချေအတင်ငြင်းနေသေးသည်။
တစ်ခါတစ်လေ တိုးတိုး တိုးတိုးနဲ့မို့ ဘာပြောလိုက်သလဲ သေချာမကြားရ။
ဒီကောင် တစ်ခုခုတော့ တစ်ခုခုပဲ။
သံသယက ဝင်လာပြီဆိုမှ သောင်းဆင့်ဘာလုပ်လုပ် မျက်လုံးက လိုက်ကြည့်ပြီး စုံစမ်းစစ်ဆေး နေတော့သည်။
ကလေးကို ရေချိုးပေးနေရင်း သောင်းဆင့်ကို ငဲ့ကြည့်မိသည်။ သနပ်ခါးသွေးနေတာမို့ လူပုံကြမ်းနေပေမဲ့ ကြည့်ရတာ ကြည်ကြည်လင်လင်။
ဟိုတုန်းကတည်းက ဘွဲ့ဆူးက တစ်ကောင်ကြွက်မို့လားမသိ ၊ ညီအကိုမောင်နှမတွေအရမ်းရချင်ခဲ့တာ ။
ဘေးအိမ်က နေမြတ်လင်းတို့ ညီအကိုတွေပဲကြည့် ။
တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြသည်။
ဘယ်လောက်ပဲ နေမြတ်လင်းအမေက သူ့ကို
သဘောမကျခဲ့ဘူးပြောပြော သွန်သင်ဆုံးမမူ့ကောင်းတဲ့ အန်တီမြတ်ကို သူကြိတ်အားကျမိသည်။
နေမြတ်လင်းက မေမေချစ်သားလေး ဖြစ်ပြီး အကြီးလည်းတအားပီသ၏။
ကျောင်းသွားမဲ့ညီလေးကို ဟိုးငယ်ငယ်လေးကတည်းက သူသနပ်ခါးသွေးလိမ်းပေးတက်သလို
အမေဖြစ်သူအတွက်လည်း သားလိမ်မာလေးပီပီ
ဒိုင်ခံသွေးပေးတက်၏။
ထိုအချိန်မျိုးဆို သူတအား အားငယ်မိသည်။
အမေသာရှိသေးရင် သူလည်း ဒါမျိုးလုပ်ပေးမိမှာ
သေချာ၏။
" အဲ အဲ"
ကျောပြင်ပေါ်သပ်တင်နေတဲ့ လက်က ကလေးအသံကြားမှ ရေချိုးပေးနေတာပါလားသတိရ၏။
သူပြုံးကာ သမီးကျောပြင်ကို ရေနှင့် ပက်ကာ ဖြည်းဖြည်းချိုးပေးလိုက်သည်။
ငယ်သေးတာမို့ ရေကိုဇိမ်နဲ့ချိုးမပေးရဲ။
ကလေးက တအားလိမ်မာသည်။ ဒါကြောင့်
ဖိုးထွေးက သည်းသည်းလှုပ်တာဖြစ်သည်။
နဂိုကတည်းက သနားတက်သူမို့ မိဘတွေနဲ့ခွဲနေရတဲ့ကလေးကို ဖိုးထွေးနဲ့ သာဒင်ပါမချန်
ချစ်ပေး၏။ ပြန်ရောက်တာနဲ့ ဖေဖေ့သမီးလေးဆိုတာမချ။
အဖေတွေကြားမှာ ကလေးက မိန်းကလေးဆိုပေမဲ့
ကသီလင်ထ မဖြစ်ပဲ ချီးသေးကအစ တွေ့တဲ့သူက
လုပ်ပေးတက်၏။
" ဖယ်ပေး "
" ကျွန်တော်လိမ်းပေးလိုက်မယ်လေ "
သနပ်ခါးကျောက်ပြင်ရှေ့ထိုင်ကာ နေရာမရွေ့တဲ့
သောင်းဆင့်ကို ခပ်တည်တည်ပြန်ကြည့်ကာ
" ကိုယ်ပဲ လုပ်မယ် ၊မင်းထမင်းသွားခူး"
မကြည်လင်နေတဲ့ အသံကို သောင်းဆင့်သတိထားမိကာ ထိုင်နေရာမှထ သွားရှာ၏။
ခဏကြာတော့ မီးဖိုချောင်ဖက်မှာ တလှုပ်လှုပ်နဲ့ ထမင်းစားဖို့ ခူးနေပြီဖြစ်သည်။
ကလေးအတွက် နို့ဘူးကိုလည်းနွေးအောင် သောင်းဆင့်အလိုက်တသိ လုပ်နေသည်။
ကလေးပီပီ စမ်းရေသောင်းက ရေချိုးပီးတာနဲ့ နို့ဘူးတောင်မှ ကောင်းကောင်းမစို့နိုင်တော့။
စင်းကျလာတဲ့ မျက်လုံးတွေကြောင့် ကိုယ်ပေါ်ပွေ့ထားရာမှ အိပ်ယာပေါ်ပြောင်းပေးလိုက်ပြီး ခြင်ထောင်အသေးလေး ကိုယ်ပေါ်အုပ်ပေးလိုက်သည်။
သနပ်ခါးပါးပါးခြောက်စအချိန်တွင် စမ်းရေသောင်းတစ်ယောက် အိပ်ပျော်သွားပြီဖြစ်၏။
ထိုအခါမှ ဘွဲ့ဆူးအိပ်ယာပေါ်ကထကာ လက်သွားဆေးပြီး ထမင်းစားပွဲဝင်ထိုင်သည်။
" ကျွန်တော်ကို မကျေနပ်တာရှိနေလား "
" မင်းဘာလုပ်မိလုပ်လို့ကိုယ်က မကျေမနပ်ဖြစ်ရမှာလဲ "
အဖြေမဟုတ်သော အဖြေက ဆိုလိုရင်းနှစ်ခွ။
သောင်းဆင့် ဆံပင်တိုတွေအားကုတ်ကာ
မျက်မှောင်ကုတ်လာတာကိုလည်းမြင်နေရသည်။
" မဟုတ်ဘူး။ ခင်ဗျား ကျွန်တော်ကို မကျေမနပ်ဖြစ်နေတယ်။ "
ဟင်းချိုဟင်းသောက်နေတဲ့ဇွန်းကို ဘွဲ့ဆူးပစ်ချလိုက်တော့ ပန်းကန်နဲ့ထိသံကကျယ်ကျယ်လောင်လောင် ။
တစ်ခါမှ သူ ခုလိုကြမ်းတမ်းတဲ့ အပြုအမူတွေမလုပ်ဖူးဘူး။
ဒါပေမဲ့ ဒီတစ်ခါ စိတ်ထဲ ဘယ်လိုမှ နေမရတော့လို့ လုပ်လိုက်မိတာဖြစ်သည်။
သူ့လုပ်ရပ်ကို သောင်းဆင့် အံ့ဩသွားပေမဲ့
ဘာဆက်ပြောရမှန်းမသိသလိုသာ ကြည့်နေသည်။
" ဒီမှာ ထမင်းစားနေတုန်းကိုယ်စကားမများချင်ဘူး သောင်းဆင့် ။ မင်းအေးအေးဆေးနေ"
" အေးအေးနေဆိုတော့ ။ ကျွန်တော်ကပဲ ခင်ဗျားကို ရန်ရှာနေမိတာလား "
" မင်း ကိုယ့်ကို တစ်ခွန်းမကျန်ပြန်ပက်နေတာလား
သောင်းဆင့်ဆက်နိုင်။ မင်းအရင်က ကိုယ့်ကို ဒီလိုပုံစံမျိုးမပြောဖူးပါဘူး။ ဘာလဲ ကိုယ်ကို မင်းစိတ်ကုန်နေပြီလား "
နှစ်ယောက်လုံး၏အကြည့်တွေက အေးစက်စွာပင်။
သောင်းဆင့် သက်ပြင်းချကာ အကြည့်ကိုအရင်လွဲသွား၏။
" ထမင်းပြီးအောင်စားပါ။ ကျွန်တော် ဆက်မပြောတော့ပါဘူး "
တိတ်ဆိတ်သွားပြီးတဲ့နောက်မှာ
ဇွန်းသံပန်းကန်သံကလွဲပြီး စကားပြောဆိုခြင်းတစ်ခွန်းတောင်မရှိခဲ့။
တစ်နေကုန် ဘွဲ့ဆူးဖက်က မစပြောသလို
သောင်းဆင့်ကလည်း သိသိသာသာ
ရှောင်ဖယ်ကာနေခဲ့သည်။
" မီးမီးလေးရေ ၊ ဗိုက်ဆာနေပြီလားကွ ။
လာပါအုံးဖေကြီးဆီကို"
ဖိုးထွေးက ပြန်လာပြီဆိုတာနဲ့ကလေးကို ပြေးပွေ့ကာချီသည်။
ထို့နောက် ကလေးစောင်းတဲ့ဦးထုပ်သေးသေးကို စောင်းပေးကာ ဈေးတန်းထဲက သူ့အသိကလေးအမေဆီတကူးတက နို့သွားတိုက်လိုက်သေးသည်။
ဒီအရွယ်က မိခင်နို့တိုက်မှ ပိုကျန်းမာမှာတဲ့။
ဖိုးထွေးက တကယ်စိတ်ရှည်တက်တဲ့ကောင်လေး။
ကလေး သေးသေးလေးကိုပွေ့ပြီး နို့တောင်းတိုက်တဲ့သော ဖိုးထွေးရယ် ၊ ဖိုးထွေးလောက်စိတ်မရှည်တက်ပေမဲ့ ကလေးအညစ်အကျေးမှန်သမျှ လျှော်ဖွတ်ပေးတက်တဲ့ သာဒင်ရယ်က စမ်းရေသောင်းလေးရဲ့
အဖေတွေပဲဖြစ်သည်။
ဒါကို ဘွဲ့ဆူးကျေနပ်သည်။
သမီးသည် မိဘမစုံတာကလွဲပြီး တကယ်ကံကောင်းတဲ့ကောင်မလေးပဲဖြစ်သည်။
" သောင်းဆင့် မင်းကိုကြီးနဲ့ရန်ဖြစ်ထားတာလား"
" မင်းဘယ်လိုသိတာလဲ "
မဲမဲတုံးကို ပြောင်းဖူးကျွေးနေရင်း စာရင်းထိုင်လုပ်နေတဲ့ နှင်းဆီဘွဲ့ဆူးကိုပါ ကြည့်လိုက်မိသည်။
မခေါ်မပြောမနေဖူးတာမို့ သူ့မှာ တိမ်ဖုံးတဲ့လလို
မရွှင်မပျ ။
" သိသာနေတာကြီးကို ။ ချော့လိုက်ပါ။ အကိုဘွဲ့ဆူးက တော်ရုံစိတ်မဆိုးတက်တာမင်းသိတာပဲ။
တစ်ခုခုစိတ်ထဲမကျေနပ်တာများရှိလို့လား"
ညနေလူစုံချိန်ကတည်းသိသိသာသာ စကားမပြောတဲ့
ကိုဘွဲ့ဆူးကြောင့် သူတို့လည်းနေရခက်ပါ၏။
တစ်နေကုန် အပြင်မှာအလုပ်လုပ်ရပြီး ညနေစောင်းမှ ပြန်လာရတာမို့ သူ့တို့အနေနဲ့ အနေခက်ရလည်း တစ်ခဏသာ။
ဒါပေမဲ့ သောင်းဆင့်ကတော့မတူ။
တစ်ချိန်လုံး နှစ်ယောက်ထဲနေရတာမို့ မခေါ်ကြရင်
အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်မှာလဲ စိုးရ၏။
" သူ ငါ့ကို မချစ်တော့ဘူးနေမှာ "
သောင်းဆင့်ပုံစံက ဝမ်းနည်းနေတဲ့ကလေးသဖွယ်။
ဘာရယ်မဟုတ် သူအချော့ခံချင်နေတာပင်။
ခါတိုင်း ကိုကြီးဘွဲ့ဆူးဆီမှ ဘဲဘဲလေးရေဆိုတဲ့ အသံလည်းကြားချင်သေး၏။
သူတကယ်ဝမ်းနည်းနေသည်။
" ကဲပါကွာ တစ်ရက်လေးရန်ဖြစ်ပြီး မချစ်တာတွေချစ်တာတွေလုပ်မနေကြပါနဲ့။ မင်းက အငယ်ပဲ အလျော့ပေးလိုက်ပေါ့ ။ ငါတို့ကတော့ တစ်နေကုန်ပင်ပန်းလာတာဆိုတော့ သွားနားတော့မှာ "
သာဒင်ရောက်လာတော့ အိမ်ကသေးသေးမို့ လူလေးယောက်နေဖို့ ကျဉ်းလွန်း၏။
ထို့ကြောင့် ဘေးကပ်ရပ်မှာတဲတစ်တဲထပ်ထိုးရသည်။
သောင်းဆင့်က ရွှေဆိုင်လေးဖွင့်ပြီးကတည်းက သူခိုးဘာညာ မကပ်ရအောင် ခြံကိုသေချာ ခတ်ထားတော့ ကပ်ရပ်ဆိုပေမဲ့ နီးနေတာမျိုးတော့မဟုတ်။
" ကလေးကရော "
" ငါတို့ပဲခေါ်သိပ်လိုက်တော့မယ်။ မင်းတို့အေးဆေးနေကြပါ "
" ဖြစ်ပါ့မလား"
" ဖြစ်ပါတယ်ကွာ။ သမီးကည နိုးခဲပါတယ်။
ခုချိန်ဆို ဖိုးထွေးနဲ့ အိပ် တောင်အိပ်နေလောက်ပြီ စိတ်ပူမနေနဲ့ "
အမြဲတမ်းမဟုတ်ပေမဲ့ တစ်ခါတလေဆို စမ်းရေသောင်းက ဖိုးထွေးနဲ့လိုက်အိပ်နေကျ ။
ခြင်မကိုက်အောင် ထားနော်ဆိုတာ တကူးတက
မှာလိုက်ပေမဲ့ ကိုယ့်ထက်စာရင် သူတို့နှစ်ယောက်က
ပိုဂရုစိုက်တက်တာ အသိဆုံးပင်။
မီးရောင်မှိန်မှိန်လင်းနေတဲ့ ဖိုးထွေးတို့တဲဖက်ကိုလှမ်းကြည့်ရင်း အိမ်ထဲဝင်ပြီး ကိုကြီးဘွဲ့ဆူးအားမည်သို့မည်ပုံချော့ရမည်မှန်းစိတ်ကူးကြည့်လို့ပင်မရသေး။
တကယ်စိတ်မာတဲ့လူကြီး။
မကျေမနပ်ရေရွတ်ရင်း စာရင်းလုပ်နေတဲ့ ကိုကြီးဘွဲ့ဆူးနားစူပုတ်စွာသွားထိုင်လိုက်မိသည်။
သူရောက်လာတာကို သိတာတောင် မော့မကြည့်တဲ့
ကိုကြီးကိုလည်းသူတကယ် စိတ်ယားနေမိပြီ။
" ဘယ်ချိန်ထိ ခုလိုနေနေမှာလဲ နှင်းဆီဘွဲ့ဆူး "
သူ့စကားကြောင့် တင်းခနဲဖြစ်သွားတဲ့ ဘောပင်ကိုင်ထားတဲ့လက်ချောင်းလေးတွေကိုကြည့်ပြီး
နှင်းဆီဘွဲ့ဆူးဟုခေါ်မိတာကို နောင်တရသွား၏။
သူ့ကိုကြီးက အရင်လို နှင်းဆီဘွဲ့ဆူးဟုခေါ်တာမကြိုက်တော့။
" ကိုကြီးဘွဲ့ဆူး ကျွန်တော် တောင်းပန်ပါတယ်။
စိတ်ဆိုးပြေပါတော့နော် "
သူ့အသံသည်အတော်လေးအားအင်ဖျော့တော့နေလျက်။ အတော်ကြာထိ အရေးမလုပ်တဲ့ ကိုကြီးဘွဲ့ဆူးသည် စာရင်းစာအုပ်ကိုပိတ်ကာ ပစ္စည်းတွေကိုကောက်သိမ်း၏။ သူခပ်ငေးငေးကြည့်နေတုန်းမှာပဲ တဲတံခါးကိုပိတ်ကာ အိမ်ခန်းထဲဝင်သွား၏။ တစ်ခါမှခုလောက်စိတ်မဆိုးဖူးတာမို့ သူ့မှာအတော်လေး ဂယောင်ခြောက်ခြားဖြစ်နေလှပြီပင်။ မိုးပြာရောင်ဇာခြင်ထောင်လေးသည် အိပ်ယာအထပ်မှာ သေချာ ချထားပြီးချေ၏။
သူအပြင်က မီးကို ငြှိမ်းကာ အိပ်ယာပေါ်တက်လာတဲ့အချိန်ထိ နှင်းဆီဘွဲ့ဆူးက သူ့အားကျောခိုင်းထားဆဲပင်။ သူဘေးနားမှာ လှဲအိပ်ရင်း ကိုကြီးဘွဲ့ဆူး၏ ကျောပြင်အားမျက်နှာအပ်၍ ခပ်ဖွဖွဖက်ထားလိုက်မိသည်။
" ကျုပ် ကို တကယ်မခေါ်ပဲနေတော့မလို့လား "
" မင်းက ကိုယ့်ကို မခေါ်ချင်တာပါ ၊မင်းရင်ထဲမှာ ကိုယ့်အတွက် နေရာရော ကျန်သေးရဲ့လားသောင်းဆင့်။
ဒါမှမဟုတ် ကိုယ့်ကို အရင်လောက် မချစ်တော့တာလား၊ ဟုတ်မှာပါ ။ ကိုယ်က ယောကျာ်းတစ်ယောက်၊မိန်းကလေးလောက်တော့ ကိုယ်က မင်းစိတ်ထဲအချိန်ကြာကြီး စွဲမြဲစေမှာမဟုတ်ဘူးလေ "
" ဒီလောက်ချစ်ပြနေတာကို ဘယ်နေရာက ခင်ဖျားကို
မချစ်ဘူးထင်ရတာလဲ ၊ လှည့်ဒီဖက်ကို ။ နှင်းဆီဘွဲ့ဆူး တအားရက်စက်တာပဲ။ ဘယ်လို နည်းနဲ့များခုလိုစကားတွေပြောထွက်ရတာလဲ "
ဒေါသတကြီး ခါးကနေဆွဲလှည့်လိုက်တာမို့ သောင်းဆင့် လက်မောင်းပေါ်မှာ ပါးပြင်က သွားအပ်မိသည်။
အချိန်တိုင်းနုညံ့ချိုသာစွာပြောဆိုတက်သောသူက
ကြမ်းတမ်းလာတဲ့အခါမှာတော့ ဘွဲ့ဆူး စိတ်ထဲ ထိတ်လန့်စိတ်လေး အစားထိုးဝင်လာ၏။
တဆက်ထဲ သူဒေါသလည်းထွက်လာခဲ့သည်။
" သောင်းဆင့် မင်းကိုယ့်ကို ပြန်မအော်နဲ့ "
" မအော်စေချင် ခင်ဗျား မအော်အောင်နေလေ။
လင်မယားအချင်းချင်း စိတ်မတိုတို တိုတိုအောင်လုပ်တာဘယ်သူလဲ"
" မင်းအနေအထိုင်မတက်တာရော ထည့်မပြောဘူးလား။ ကိုယ်ဒေါသထွက်မှ စကားအမှားကိုလာထောက်မပြနဲ့။ ယုံကြည်အောင်နေရင်ဒီစကားတွေကိုယ်ပြောနေစရာလိုလား။ "
" မယုံကြည်ရအောင် သောင်းဆင့် ဘာများအမှားလာပ်မိလို့လဲ။ စကားကိုလွယ်လွယ်လေးမပြောနဲ့နှင်းဆီဘွဲ့ဆူး။ ဘာလဲ နေမြတ်လင်းဆိုတဲ့ အကောင်နဲ့ ပြန်ဆက်သွယ်ချင်လို့ ကျုပ်ကို ရမယ်ရှာနေတာလား ပြောပါအုံး "
" ဘာပြောလိုက်တယ်"
သူနိုင်ကိုယ်နိုင်ပြောနေတဲ့စကားတွေနောက်မှာ
မပြောသင့်တာတွေပြောလာမိတယ်ဆိုတာသိပေမဲ့
ဦးနှောက်က ဖြစ်သင့်တာမဖြစ်သင့်တာကို လက်မခံတော့။
စိတ်ကထောင်းခနဲမို့ ကုန်းရုန်းထကာ သောင်းဆင့်ပေါ်တက်ကာ ခုန်အုပ်လိုက်မိသည်။
ကော်လာဖျားမှာဆွဲကာ လက်သီးနဲ့ထိုးလုလု
စူးရဲစွာ ပြန်ကြည့်လာတဲ့သောင်းဆင့်ကြောင့်
လူက မလုပ်ရက်ပြန်။
ကိုယ်တိုင်က ဒေါသထွက်ခဲပေမဲ့ စိတ်တိုလာရင် တစ်ခုခုကိုလုပ်ရမှ ကျေနပ်တက်တဲ့ သူမျိုးဆိုတော့ လက်သီးနဲ့ မထိုးဖြစ်ပေမဲ့ ဆံပင်မွှေးကိုလက်နှစ်ဖက်နဲ့ဆွဲကာ နားကို အားရပါးရကုန်းကိုက်ပစ်မိသည်။
ကလေးဆန်သော အပြုအမူက သူ့သိက္ခာကို ကျစေသော်ငြား လက်သီးနဲ့အထိုးခံလိုက်ရတာထက်စာရင် မပြေပလောက်တဲ့နာကျင်မူ့မို့ သောင်းဆင့်ခံစားဖို့ထိုက်တန်သည်။
အ
ညီးညူးသံထွက်လာပေမဲ့ သောင်းဆင့်
သူ့အားတွန်းမပစ် ။
အတော်ကြာမှ သူလွှတ်ပေးလိုက်သည်။
သွေးထွက်မထွက်မသိပေမဲ့ မထွက်လောက်ဘူးတော့ ထင်သည်။
အချစ်က လူကို စုံလုံးကန်းစေသည်။
စိတ်ပြေသွားတယ်ဆိုပေမဲ့ ဝမ်းနည်းမူ့က
တလှိုက်လှိုက်ဖြစ်လာ၏။
သူ သောင်းဆင့်ကိုယ်ပေါ်က ဆင်းကာ ဘေးမှာ ငုတ်တုတ်ထိုင်ပြီး ခေါင်းရင်းပြတင်းပေါက်မှ တိုးဝင်လာတဲ့ လရဲ့အလင်းဖြင့် မြင်နေရတဲ့သောင်းဆင့်ကိုငေးမောကြည့်မိသည်။
ထို့နောက်သူ ငိုမိသည်။
သောင်းဆင့်တကယ်မကောင်းတဲ့ ကောင်ပဲ။
" နာတယ်မို့လား ၊ ကျုပ်ပြောလိုက်တဲ့ စကားတစ်ခွန်းက ခင်ဗျား ရင်တွေအသည်းတွေကို ဗြောင်းဆန်နေအောင် ခံစားရစေတယ်မို့လား။ "
သောင်းဆင့်အသံက ခပ်အက်အက် ။
ငိုသံမဟုတ်ပေမဲ့ ငိုနေတယ်ဟုလည်းထင်ရသည်။
" ကျုပ်လည်းအတူတူပဲလေ။ ခင်ဗျားနဲ့မတူရင်တောင်မှ ခင်ဗျားထက်လျော့မှာမဟုတ်ဘူး
ဆိုတာ မသိတော့တာလား ကိုကြီးဘွဲ့ဆူး။
အရင်ချစ်ခဲ့ရသူကလည်း ကျုပ်ပဲ။ အမြဲတမ်းချစ်နေမဲ့သူကလည်း ကျုပ်ပဲ။ ဒါကို ဘာလို့ မယုံကြည်ရတာလဲ "
" ခင်သဲစုလင်းကြောင့် ။ မင်းသူနဲ့ ရောရောနှောနှောနေတာ ကိုယ်မကြိုက်ဘူး။ သူမှမဟုတ်ဘူး ဘယ်သူနဲ့မှနေတာ မကြိုက်ဘူး။ "
ရင်ထဲက ဝမ်းနည်းမူ့တွေနဲ့အတူ
ခံစားချက်တွေကိုပါ တပါထဲထုတ်ဖော်မိခဲ့သည်။
သူပြောရင်း မျက်ရည်က တပေါက်ပေါက်ကျလာ၏။
ကလေးဆန်လွန်းတာမို့ သူ့ကိုယ်သူလည်းရှက်မိသည်။
သူဟာ အသက်သုံးဆယ်ကျော်တော့မဲ့ယောကျာ်းတစ်ယောက်။
ခုတော့
" မင်းတကယ်မကောင်းတဲ့ကောင်ပဲ။
ကိုယ့်ကို မိန်းကလေးတစ်ယောက်ကြောင့်
မျက်ရည်ကျအောင်လုပ်တယ် ၊အားလုံး မင်းအပြစ်တွေချည်းပဲ ဘဲဘဲ ။ "
အိပ်နေရာမှ ကိုကြီးဘွဲ့ဆူးလက်ကလေးကို လှမ်းဆွဲလိုက်ပြီး သူ့အနားမှာ ပြန်လှဲအိပ်စေ၏။
ဒီနေ့ကိုကြီးဘွဲ့ဆူးငိုခဲ့သည်။
သူတကယ်စိတ်မကောင်း ပေ။
သူအသာလေးတိုးဖက်လိုက်ရင်း ငိုကြွေးနေတဲ့ ကိုကြီးဘွဲ့ဆူး နှုတ်ခမ်းလေးကို နမ်းလိုက်၏။
" ခင်သဲစုလင်းမကောင်းတာပါ။
ညီလေးက ကိုကြီးမကြိုက်တာလုပ်မဲ့ကောင်လား "
" မဟုတ်ဘူး မင်းကြောင့် ။ တစ်ဖက်မိန်းကလေးကို အပြစ်ပြောစရာမလိုဘူး။ မင်းသာ အနေအထိုင်တက်ရင် ငါစိတ်ပူစရာ အကြောင်းမရှိဘူး"
" ဟုတ်ပါတယ်။ ညီလေးမှားသွားပါတယ်။
နော်.. တိတ်တော့ ၊နောက်ရက်ကစပြီး ခင်သဲစုလင်းလာရင် စကားလည်းမပြောဘူး အီးလည်းလှည့်မပေါက်ဘူးဗျာ ၊ဟုတ်ပြီလား "
"..."
" ကြည့်ပါအုံး နှင်းဆီဘွဲ့ဆူးလေး သဝန်တိုနေတာပဲ "
" တိုတာ ကိုယ့်အပြစ်လား ၊ မချစ်ခင်ကလည်း မင်းပဲချစ်အောင်သင်ပေးခဲ့တာပဲ ခုမှ
ကိုယ့်အဆိုးဖြစ်အောင် လာမလုပ်နဲ့"
" ကြိုက်သလိုတိုပါကွာ ၊တစ်ခုပဲ မင်းတစ်ယောက်ထဲပဲ
ချစ်တာကိုတော့ ကိုကြီး စိတ်ထဲ စွဲနေအောင် သိထားဖို့"
" မင်းလည်း ကိုယ့်ကို စွပ်စွဲခဲ့တာ။ အဲ့ဒါကရော မင်းရင်ထဲ ကိုယ်ဘယ်လောက်ချစ်သလဲဆိုတာ မသိတာလား "
"မဟုတ်ပါဘူး ကိုကြီးရာ ၊ ရင်ထဲ မင်းပြောလိုက်တဲ့ စကားတွေဘယ်လောက်နာကျင်ရငလဲဆိုတာ သိစေချင်တာ၊ တကယ်တော့ ခင်သဲစုလင်းက ဖိုးထွေးနဲ့ အီစီကလီဖြစ်နေတယ်ပြောရမှာလား။ ဒီလိုကွာ ဖိုးထွေးဖက်က သဘောကျကြောင်းပြောထားပေမဲ့ ခင်သဲစုလင်းက စဉ်းစားနေဆဲ ၊ ကြိုက်တော့ကြိုက်မှာပါ ၊ လေ့လာနေတုန်းဆိုတော့ ချက်ချင်းမပေးသေးတဲ့ သဘော "
သောင်းဆင့်စကားကြောင့် ရင်ထဲ ပြုံတိုးနေတဲ့ သံသယစိတ်တွေက ရေကျသွားတဲ့သောင်လို
ဗလာကျင်းလျက်ကျန်ခဲ့၏။
" ဒါကိုကိုယ်က ဘာလို့မသိတာလဲ "
" ကဲပါ ကိုကြီးရာ ၊သူများအကြောင်းတွေမပြောပဲ
ကျုပ်တို့ နှစ်ယောက်အကြောင်းပဲ စဉ်းစားရအောင်။
ယူပြီးတာကြာလှပြီ ခုထိ အဆင့်မတက်ရသေးတဲ့ အကြောင်းလေးဖြစ်ဖြစ်ပေါ့ "
" ဟာ သောင်းဆင့်"
ရဲခနဲ နီသွားတဲ့ ပါးပြင်ကို လက်နဲ့ ယောင်ယောင်မှားမှား အုပ်မိသည်အထိ ။
ဒီကောင်မပြောရဲတာမရှိတဲ့ကောင်။
ထိုစဉ် တိုးဝှေ့လာတဲ့ အနမ်းတစ်ပွင့်က လည်ပင်းထပ်မှာ လေပြေညင်းလို။
နုညံ့ညင်သာသော ၊ သိမ်မွေ့နက်နဲ့သော
ရင်ခုန်သံတိုးစေသော အနမ်းတစ်ပွင့် ။
ပထမဦးဆုံး အချစ်
ပထမဦးဆုံးအနမ်း
ပထမဦးဆုံး လူပျိုဘဝ
ဒါတွေအားလုံး သောင်းဆင့်မင်းအပိုင်
" ချစ်တယ် ကိုကြီးဘွဲ့ဆူးရယ် "
သောင်းဆင့် အသံတိုးတိုးအောက်မှာ
ဘွဲ့ဆူး၏ ထိတ်လန့်စွာ ကျုံ့ထားသော ပုခုံးတွေသည်
လွတ်လပ်စွာ ဖြောင့်တန်းကုန်၏။
အနှောင်အဖွဲ့မရှိတဲ့ လည်ပင်းထပ်မှာ အကြိမ်ကြိမ်ခြေချနေသော အနမ်းများလက်ခံရာက
တစ်ဦးတစ်ယောက်ထဲအတွက် ။
ကိုယ်သာ နှင်းဆီတစ်ပွင့်ဖြစ်ခဲ့တယ်ဆိုရင်
မောင့်အတွက် ဆူးမဲ့ နှင်းဆီလေးဖြစ်ပေးချင်သည်။
ဆူးတွေ အကာအကွယ်မရှိတဲ့ နှင်းဆီပန်းလေးက
ရုပ်ဆိုးနေခဲ့ရင်တော့ မင်းမညိုညင်ပါနဲ့ မောင်ရေ
ကိုယ်က မင်းတစ်အတွက်ဆို အရာရာ အားလုံးချနင်းပေးမဲ့သူပါ.....
ကိုယ်လည်း မင်းထပ်မလျော့သော ချစ်ခြင်းမျိုးနဲ့ ချစ်မိသွားခဲ့တာပါ ...
ချစ်တယ် သောင်းဆင်ရယ်
အများကြီး အများကြီး မင်းထင်ထားတာထက် ပိုပြီးချစ်ရပါတယ်ကွာ.....
ချစ်တဲ့ အိမ်စည်။
( ပြီးပါပြီ)
မနက္ဆယ္နာရီ။
ဒီအခ်ိန္ စမ္းေရေသာင္းကို ေရခ်ိဳးၿပီးသိပ္ရေတာ့မဲ့အခ်ိန္။ ကေလးက ႏွစ္လေလာက္ပဲရိွေသးေပမဲ့
လူကိုသိေနၿပီ။ ေဘးနားမွာ လူရိပ္လာျဖတ္တာပဲျဖစ္ျဖစ္၊ ကလူေနတာပဲျဖစ္ျဖစ္ လိုက္ၾကၫ့္တာမ်ိဳး
ရယ္ေမာတာမ်ိဳးလုပ္တက္ေနၿပီျဖစ္၏။
ကိုယ္ကလည္းအသန႔္အရွင္းႀကိဳက္တက္သူမ်ိဳးဆိုေတာ့ မိုးလင္းတာနဲ႔စမ္းေရေသာင္းက ေဖြးေကာ့ေမႊးႀကိဳင္ေနၿပီးသား။ ေမွာ္ထဲမွာက ကေလးေပါေပမဲ့
လူႀကီးေတြက ကိုယ့္အလုပ္နဲ႔ကိုယ္ ကေလးတစ္ေယာက္ကို ဆင္ယင္ေပးဖို႔ တကူးတက လုပ္မေနၾကေပ။ ထိုအထဲမွာ စမ္းေရေသာင္းက သိသိသာသာ
နာမည္ႀကီးေနျပန္သည္။
ကေလးဆိုေပမဲ့ ေသာင္းဆင့္လို ေရႊႀကိဳက္သူေလးမွန္းသိသာစြာ ေရႊဆင္ေပးတဲ့ေန့ကတည္းက လည္ပင္းကဆြဲႀကိဳးကို လက္နဲ႔ ေဆာ့ေသးတာ။ ေရႊကိုေရႊမွန္း
မသိေသးတဲ့အရြယ္မွန္းသိေပမဲ့ ေသာင္းဆင့္ေယာက်ာ္းပီပီ ေသာင္းဆင့္နဲ႔တူတယ္လို႔ ဆြဲေတြးဘက္လိုက္ၿပီးေပ်ာ္ရေသးတာ။
ဒါေပမဲ့ ခုေတာ့ အဲ့အေတြးေတြတစ္ခန္းရပ္ၿပီးသူ႔မွာ မေပ်ာ္ႏိုင္။
ရယ္သံေတြကို တကူးတက နားေထာင္ေနတာမဟုတ္ပဲနားထဲသူ႔အလိုလို အိမ္က်ဉ္းေတာ့ဝင္လာတာပါ။
မနက္ကတည္းက ပန္းေရာင္က်ိဳင္းတံုခ်ည္သားဝမ္းဆက္ေလးဝတ္ေပးမိတဲ့ သူကပဲမွားတာလား၊
မ်က္လံုးေတာက္ေတာက္ ၾကည္ၾကည္ေလးနဲ႔
ပါးေလးႏွစ္ဖက္ေပၚမွာ အလံုးေလးေသးေသးတင္ၿပီး
လိမ္းထားတဲ့ ေသာင္းဆင့္သမီး စမ္းေရေသာင္းကပဲ ခ်စ္စရာေကာင္းေနတာလား။
မိုးမလင္းခင္ကတည္းက ေမပုလဲေရဆိုၿပီး
အိမ္အလည္ေရာက္ေနတဲ့ မေနတက္မထိုင္တက္ေလး
သဲစုဆိုတဲ့ေကာင္မေလးပဲမွားေနတာလားတစ္ခုခုပဲ။
ေနာက္ၿပီးေသာင္းဆင့္ဆိုတဲ့ေကာင္။
ကေလးကိုသေဘာမက်သလိုလိုနဲ႔လက္ကမခ်တမ္းခ်ီတယ္။ လာသမ်ွလူ သူ႔သမီးကို ကလူေနရင္ အေဖပီသစြာ တဟဲဟဲသေဘာက်ေနတာ အရင္ကနဲ႔နည္းနည္းမွမတူေတာ့တာ။
စိတ္ထဲမေက်မနပ္နဲ႔ ေသာင္းဆင့္လက္ေပၚက ကေလးကို ေခ်ာ့ျမဴေနတဲ့ ေကာင္မေလးကို လွမ္းၾကၫ့္မိသည္။
အနက္ေရာင္လံုခ်ည္နဲ႔ အျဖဴေရာင္ ပန္းပြင့္ေလးေတြပါတဲ့ အက်ႌကိုတြဲဝတ္ထားတာ။ မလွဘူးဆိုေပမဲ့
ခ်စ္ေတာ့ခ်စ္စရာေလးမို႔ မနာလိုစိတ္က မိုးထိေတာ့မတက္။
သူတကယ္ေသာင္းဆင့္ကို မ ေက်နပ္ေတာ့ပါ။
" ေမပုလဲေရ "
" ဟဲ့သဲစု။ ငါ့သမီးကို ေမပုလဲလို႔မေခၚနဲ႔ "
ေသာင္းဆင့္ ေက်ာေပးထားတာမို႔ ဘယ္လိုမ်က္ႏွာရိွမွန္းမသိ။ ေကာင္မေလးကေတာ့ ဘယ္ေလာက္ေျပာေျပာအၿပံဳးမပ်က္ဘူး။ ေျပာေနတဲ့ ၾကားကေန
ေသာင္းဆင့္သမီးကိုေမပုလဲဟုေခၚလိုက္ေသးတာ
အဓိပၸါယ္ကေတာ့ ေမပုလဲ မဲပေလ ေပါ့။
သူ႔အသားၾကၫ့္ေတာ့လဲ သူလည္းေဖြးေနတာမဟုတ္။
ဪလူေတြမ်ား။
မေနႏိုင္တဲ့အဆံုး
" ေသာင္းဆင့္ေရ ၊ ကေလး ေရခ်ိဳးေပးရေအာင္ေခၚခဲ့ေတာ့" ဟု လွမ္းေျပာလိုက္မိေသးသည္။
ေသာင္းဆင့္ကဟုတ္ဟုသာေျပာတာအရင္လို ခ်က္ခ်င္းထမလာ။
စကားေျပာမျပတ္ေသးသလို မၿပီးႏိုင္အေခ်အတင္ျငင္းေနေသးသည္။
တစ္ခါတစ္ေလ တိုးတိုး တိုးတိုးနဲ႔မို႔ ဘာေျပာလိုက္သလဲ ေသခ်ာမၾကားရ။
ဒီေကာင္ တစ္ခုခုေတာ့ တစ္ခုခုပဲ။
သံသယက ဝင္လာၿပီဆိုမွ ေသာင္းဆင့္ဘာလုပ္လုပ္ မ်က္လံုးက လိုက္ၾကၫ့္ၿပီး စံုစမ္းစစ္ေဆး ေနေတာ့သည္။
ကေလးကို ေရခ်ိဳးေပးေနရင္း ေသာင္းဆင့္ကို ငဲ့ၾကၫ့္မိသည္။ သနပ္ခါးေသြးေနတာမို႔ လူပံုၾကမ္းေနေပမဲ့ ၾကၫ့္ရတာ ၾကည္ၾကည္လင္လင္။
ဟိုတုန္းကတည္းက ဘြဲ႔ဆူးက တစ္ေကာင္ႂကြက္မို႔လားမသိ ၊ ညီအကိုေမာင္ႏွမေတြအရမ္းရခ်င္ခဲ့တာ ။
ေဘးအိမ္က ေနျမတ္လင္းတို႔ ညီအကိုေတြပဲၾကၫ့္ ။
တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ခင္ၾကသည္။
ဘယ္ေလာက္ပဲ ေနျမတ္လင္းအေမက သူ႔ကို
သေဘာမက်ခဲ့ဘူးေျပာေျပာ သြန္သင္ဆံုးမမူ႔ေကာင္းတဲ့ အန္တီျမတ္ကို သူႀကိတ္အားက်မိသည္။
ေနျမတ္လင္းက ေမေမခ်စ္သားေလး ျဖစ္ၿပီး အႀကီးလည္းတအားပီသ၏။
ေက်ာင္းသြားမဲ့ညီေလးကို ဟိုးငယ္ငယ္ေလးကတည္းက သူသနပ္ခါးေသြးလိမ္းေပးတက္သလို
အေမျဖစ္သူအတြက္လည္း သားလိမ္မာေလးပီပီ
ဒိုင္ခံေသြးေပးတက္၏။
ထိုအခ်ိန္မ်ိဳးဆို သူတအား အားငယ္မိသည္။
အေမသာရိွေသးရင္ သူလည္း ဒါမ်ိဳးလုပ္ေပးမိမွာ
ေသခ်ာ၏။
" အဲ အဲ"
ေက်ာျပင္ေပၚသပ္တင္ေနတဲ့ လက္က ကေလးအသံၾကားမွ ေရခ်ိဳးေပးေနတာပါလားသတိရ၏။
သူၿပံဳးကာ သမီးေက်ာျပင္ကို ေရႏွင့္ ပက္ကာ ျဖည္းျဖည္းခ်ိဳးေပးလိုက္သည္။
ငယ္ေသးတာမို႔ ေရကိုဇိမ္နဲ႔ခ်ိဳးမေပးရဲ။
ကေလးက တအားလိမ္မာသည္။ ဒါေၾကာင့္
ဖိုးေထြးက သည္းသည္းလႈပ္တာျဖစ္သည္။
နဂိုကတည္းက သနားတက္သူမို႔ မိဘေတြနဲ႔ခြဲေနရတဲ့ကေလးကို ဖိုးေထြးနဲ႔ သာဒင္ပါမခ်န္
ခ်စ္ေပး၏။ ျပန္ေရာက္တာနဲ႔ ေဖေဖ့သမီးေလးဆိုတာမခ်။
အေဖေတြၾကားမွာ ကေလးက မိန္းကေလးဆိုေပမဲ့
ကသီလင္ထ မျဖစ္ပဲ ခ်ီးေသးကအစ ေတြ့တဲ့သူက
လုပ္ေပးတက္၏။
" ဖယ္ေပး "
" ကြၽန္ေတာ္လိမ္းေပးလိုက္မယ္ေလ "
သနပ္ခါးေက်ာက္ျပင္ေရ႔ွထိုင္ကာ ေနရာမေရြ့တဲ့
ေသာင္းဆင့္ကို ခပ္တည္တည္ျပန္ၾကၫ့္ကာ
" ကိုယ္ပဲ လုပ္မယ္ ၊မင္းထမင္းသြားခူး"
မၾကည္လင္ေနတဲ့ အသံကို ေသာင္းဆင့္သတိထားမိကာ ထိုင္ေနရာမွထ သြားရွာ၏။
ခဏၾကာေတာ့ မီးဖိုေခ်ာင္ဖက္မွာ တလႈပ္လႈပ္နဲ႔ ထမင္းစားဖို႔ ခူးေနၿပီျဖစ္သည္။
ကေလးအတြက္ ႏို႔ဘူးကိုလည္းေနြးေအာင္ ေသာင္းဆင့္အလိုက္တသိ လုပ္ေနသည္။
ကေလးပီပီ စမ္းေရေသာင္းက ေရခ်ိဳးပီးတာနဲ႔ ႏို႔ဘူးေတာင္မွ ေကာင္းေကာင္းမစို႔ႏိုင္ေတာ့။
စင္းက်လာတဲ့ မ်က္လံုးေတြေၾကာင့္ ကိုယ္ေပၚေပြ့ထားရာမွ အိပ္ယာေပၚေျပာင္းေပးလိုက္ၿပီး ျခင္ေထာင္အေသးေလး ကိုယ္ေပၚအုပ္ေပးလိုက္သည္။
သနပ္ခါးပါးပါးေျခာက္စအခ်ိန္တြင္ စမ္းေရေသာင္းတစ္ေယာက္ အိပ္ေပ်ာ္သြားၿပီျဖစ္၏။
ထိုအခါမွ ဘြဲ႔ဆူးအိပ္ယာေပၚကထကာ လက္သြားေဆးၿပီး ထမင္းစားပြဲဝင္ထိုင္သည္။
" ကြၽန္ေတာ္ကို မေက်နပ္တာရိွေနလား "
" မင္းဘာလုပ္မိလုပ္လို႔ကိုယ္က မေက်မနပ္ျဖစ္ရမွာလဲ "
အေျဖမဟုတ္ေသာ အေျဖက ဆိုလိုရင္းႏွစ္ခြ။
ေသာင္းဆင့္ ဆံပင္တိုေတြအားကုတ္ကာ
မ်က္ေမွာင္ကုတ္လာတာကိုလည္းျမင္ေနရသည္။
" မဟုတ္ဘူး။ ခင္ဗ်ား ကြၽန္ေတာ္ကို မေက်မနပ္ျဖစ္ေနတယ္။ "
ဟင္းခ်ိဳဟင္းေသာက္ေနတဲ့ဇြန္းကို ဘြဲ႔ဆူးပစ္ခ်လိုက္ေတာ့ ပန္းကန္နဲ႔ထိသံကက်ယ္က်ယ္ေလာင္ေလာင္ ။
တစ္ခါမွ သူ ခုလိုၾကမ္းတမ္းတဲ့ အျပဳအမူေတြမလုပ္ဖူးဘူး။
ဒါေပမဲ့ ဒီတစ္ခါ စိတ္ထဲ ဘယ္လိုမွ ေနမရေတာ့လို႔ လုပ္လိုက္မိတာျဖစ္သည္။
သူ႔လုပ္ရပ္ကို ေသာင္းဆင့္ အံ့ဩသြားေပမဲ့
ဘာဆက္ေျပာရမွန္းမသိသလိုသာ ၾကၫ့္ေနသည္။
" ဒီမွာ ထမင္းစားေနတုန္းကိုယ္စကားမမ်ားခ်င္ဘူး ေသာင္းဆင့္ ။ မင္းေအးေအးေဆးေန"
" ေအးေအးေနဆိုေတာ့ ။ ကြၽန္ေတာ္ကပဲ ခင္ဗ်ားကို ရန္ရွာေနမိတာလား "
" မင္း ကိုယ့္ကို တစ္ခြန္းမက်န္ျပန္ပက္ေနတာလား
ေသာင္းဆင့္ဆက္ႏိုင္။ မင္းအရင္က ကိုယ့္ကို ဒီလိုပံုစံမ်ိဳးမေျပာဖူးပါဘူး။ ဘာလဲ ကိုယ္ကို မင္းစိတ္ကုန္ေနၿပီလား "
ႏွစ္ေယာက္လံုး၏အၾကၫ့္ေတြက ေအးစက္စြာပင္။
ေသာင္းဆင့္ သက္ျပင္းခ်ကာ အၾကၫ့္ကိုအရင္လြဲသြား၏။
" ထမင္းၿပီးေအာင္စားပါ။ ကြၽန္ေတာ္ ဆက္မေျပာေတာ့ပါဘူး "
တိတ္ဆိတ္သြားၿပီးတဲ့ေနာက္မွာ
ဇြန္းသံပန္းကန္သံကလြဲၿပီး စကားေျပာဆိုျခင္းတစ္ခြန္းေတာင္မရိွခဲ့။
တစ္ေနကုန္ ဘြဲ႔ဆူးဖက္က မစေျပာသလို
ေသာင္းဆင့္ကလည္း သိသိသာသာ
ေရွာင္ဖယ္ကာေနခဲ့သည္။
" မီးမီးေလးေရ ၊ ဗိုက္ဆာေနၿပီလားကြ ။
လာပါအံုးေဖႀကီးဆီကို"
ဖိုးေထြးက ျပန္လာၿပီဆိုတာနဲ႔ကေလးကို ေျပးေပြ့ကာခ်ီသည္။
ထို႔ေနာက္ ကေလးေစာင္းတဲ့ဦးထုပ္ေသးေသးကို ေစာင္းေပးကာ ေဈးတန္းထဲက သူ႔အသိကေလးအေမဆီတကူးတက ႏို႔သြားတိုက္လိုက္ေသးသည္။
ဒီအရြယ္က မိခင္ႏို႔တိုက္မွ ပိုက်န္းမာမွာတဲ့။
ဖိုးေထြးက တကယ္စိတ္ရွည္တက္တဲ့ေကာင္ေလး။
ကေလး ေသးေသးေလးကိုေပြ့ၿပီး ႏို႔ေတာင္းတိုက္တဲ့ေသာ ဖိုးေထြးရယ္ ၊ ဖိုးေထြးေလာက္စိတ္မရွည္တက္ေပမဲ့ ကေလးအညစ္အေက်းမွန္သမ်ွ ေလ်ွာ္ဖြတ္ေပးတက္တဲ့ သာဒင္ရယ္က စမ္းေရေသာင္းေလးရဲ့
အေဖေတြပဲျဖစ္သည္။
ဒါကို ဘြဲ႔ဆူးေက်နပ္သည္။
သမီးသည္ မိဘမစံုတာကလြဲၿပီး တကယ္ကံေကာင္းတဲ့ေကာင္မေလးပဲျဖစ္သည္။
" ေသာင္းဆင့္ မင္းကိုႀကီးနဲ႔ရန္ျဖစ္ထားတာလား"
" မင္းဘယ္လိုသိတာလဲ "
မဲမဲတံုးကို ေျပာင္းဖူးေကြၽးေနရင္း စာရင္းထိုင္လုပ္ေနတဲ့ ႏွင္းဆီဘြဲ႔ဆူးကိုပါ ၾကၫ့္လိုက္မိသည္။
မေခၚမေျပာမေနဖူးတာမို႔ သူ႔မွာ တိမ္ဖံုးတဲ့လလို
မရႊင္မပ် ။
" သိသာေနတာႀကီးကို ။ ေခ်ာ့လိုက္ပါ။ အကိုဘြဲ႔ဆူးက ေတာ္ရံုစိတ္မဆိုးတက္တာမင္းသိတာပဲ။
တစ္ခုခုစိတ္ထဲမေက်နပ္တာမ်ားရိွလို႔လား"
ညေနလူစံုခ်ိန္ကတည္းသိသိသာသာ စကားမေျပာတဲ့
ကိုဘြဲ႔ဆူးေၾကာင့္ သူတို႔လည္းေနရခက္ပါ၏။
တစ္ေနကုန္ အျပင္မွာအလုပ္လုပ္ရၿပီး ညေနေစာင္းမွ ျပန္လာရတာမို႔ သူ႔တို႔အေနနဲ႔ အေနခက္ရလည္း တစ္ခဏသာ။
ဒါေပမဲ့ ေသာင္းဆင့္ကေတာ့မတူ။
တစ္ခ်ိန္လံုး ႏွစ္ေယာက္ထဲေနရတာမို႔ မေခၚၾကရင္
အပ်က္ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္မွာလဲ စိုးရ၏။
" သူ ငါ့ကို မခ်စ္ေတာ့ဘူးေနမွာ "
ေသာင္းဆင့္ပံုစံက ဝမ္းနည္းေနတဲ့ကေလးသဖြယ္။
ဘာရယ္မဟုတ္ သူအေခ်ာ့ခံခ်င္ေနတာပင္။
ခါတိုင္း ကိုႀကီးဘြဲ႔ဆူးဆီမွ ဘဲဘဲေလးေရဆိုတဲ့ အသံလည္းၾကားခ်င္ေသး၏။
သူတကယ္ဝမ္းနည္းေနသည္။
" ကဲပါကြာ တစ္ရက္ေလးရန္ျဖစ္ၿပီး မခ်စ္တာေတြခ်စ္တာေတြလုပ္မေနၾကပါနဲ႔။ မင္းက အငယ္ပဲ အေလ်ာ့ေပးလိုက္ေပါ့ ။ ငါတို႔ကေတာ့ တစ္ေနကုန္ပင္ပန္းလာတာဆိုေတာ့ သြားနားေတာ့မွာ "
သာဒင္ေရာက္လာေတာ့ အိမ္ကေသးေသးမို႔ လူေလးေယာက္ေနဖို႔ က်ဉ္းလြန္း၏။
ထို႔ေၾကာင့္ ေဘးကပ္ရပ္မွာတဲတစ္တဲထပ္ထိုးရသည္။
ေသာင္းဆင့္က ေရႊဆိုင္ေလးဖြင့္ၿပီးကတည္းက သူခိုးဘာညာ မကပ္ရေအာင္ ၿခံကိုေသခ်ာ ခတ္ထားေတာ့ ကပ္ရပ္ဆိုေပမဲ့ နီးေနတာမ်ိဳးေတာ့မဟုတ္။
" ကေလးကေရာ "
" ငါတို႔ပဲေခၚသိပ္လိုက္ေတာ့မယ္။ မင္းတို႔ေအးေဆးေနၾကပါ "
" ျဖစ္ပါ့မလား"
" ျဖစ္ပါတယ္ကြာ။ သမီးကည ႏိုးခဲပါတယ္။
ခုခ်ိန္ဆို ဖိုးေထြးနဲ႔ အိပ္ ေတာင္အိပ္ေနေလာက္ၿပီ စိတ္ပူမေနနဲ႔ "
အၿမဲတမ္းမဟုတ္ေပမဲ့ တစ္ခါတေလဆို စမ္းေရေသာင္းက ဖိုးေထြးနဲ႔လိုက္အိပ္ေနက် ။
ျခင္မကိုက္ေအာင္ ထားေနာ္ဆိုတာ တကူးတက
မွာလိုက္ေပမဲ့ ကိုယ့္ထက္စာရင္ သူတို႔ႏွစ္ေယာက္က
ပိုဂရုစိုက္တက္တာ အသိဆံုးပင္။
မီးေရာင္မိွန္မိွန္လင္းေနတဲ့ ဖိုးေထြးတို႔တဲဖက္ကိုလွမ္းၾကၫ့္ရင္း အိမ္ထဲဝင္ၿပီး ကိုႀကီးဘြဲ႔ဆူးအားမည္သို႔မည္ပံုေခ်ာ့ရမည္မွန္းစိတ္ကူးၾကၫ့္လို႔ပင္မရေသး။
တကယ္စိတ္မာတဲ့လူႀကီး။
မေက်မနပ္ေရရြတ္ရင္း စာရင္းလုပ္ေနတဲ့ ကိုႀကီးဘြဲ႔ဆူးနားစူပုတ္စြာသြားထိုင္လိုက္မိသည္။
သူေရာက္လာတာကို သိတာေတာင္ ေမာ့မၾကၫ့္တဲ့
ကိုႀကီးကိုလည္းသူတကယ္ စိတ္ယားေနမိၿပီ။
" ဘယ္ခ်ိန္ထိ ခုလိုေနေနမွာလဲ ႏွင္းဆီဘြဲ႔ဆူး "
သူ႔စကားေၾကာင့္ တင္းခနဲျဖစ္သြားတဲ့ ေဘာပင္ကိုင္ထားတဲ့လက္ေခ်ာင္းေလးေတြကိုၾကၫ့္ၿပီး
ႏွင္းဆီဘြဲ႔ဆူးဟုေခၚမိတာကို ေနာင္တရသြား၏။
သူ႔ကိုႀကီးက အရင္လို ႏွင္းဆီဘြဲ႔ဆူးဟုေခၚတာမႀကိဳက္ေတာ့။
" ကိုႀကီးဘြဲ႔ဆူး ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။
စိတ္ဆိုးေျပပါေတာ့ေနာ္ "
သူ႔အသံသည္အေတာ္ေလးအားအင္ေဖ်ာ့ေတာ့ေနလ်က္။ အေတာ္ၾကာထိ အေရးမလုပ္တဲ့ ကိုႀကီးဘြဲ႔ဆူးသည္ စာရင္းစာအုပ္ကိုပိတ္ကာ ပစၥည္းေတြကိုေကာက္သိမ္း၏။ သူခပ္ေငးေငးၾကၫ့္ေနတုန္းမွာပဲ တဲတံခါးကိုပိတ္ကာ အိမ္ခန္းထဲဝင္သြား၏။ တစ္ခါမွခုေလာက္စိတ္မဆိုးဖူးတာမို႔ သူ႔မွာအေတာ္ေလး ဂေယာင္ေျခာက္ျခားျဖစ္ေနလွၿပီပင္။ မိုးျပာေရာင္ဇာျခင္ေထာင္ေလးသည္ အိပ္ယာအထပ္မွာ ေသခ်ာ ခ်ထားၿပီးေခ်၏။
သူအျပင္က မီးကို ၿငႇိမ္းကာ အိပ္ယာေပၚတက္လာတဲ့အခ်ိန္ထိ ႏွင္းဆီဘြဲ႔ဆူးက သူ႔အားေက်ာခိုင္းထားဆဲပင္။ သူေဘးနားမွာ လွဲအိပ္ရင္း ကိုႀကီးဘြဲ႔ဆူး၏ ေက်ာျပင္အားမ်က္ႏွာအပ္၍ ခပ္ဖြဖြဖက္ထားလိုက္မိသည္။
" က်ဳပ္ ကို တကယ္မေခၚပဲေနေတာ့မလို႔လား "
" မင္းက ကိုယ့္ကို မေခၚခ်င္တာပါ ၊မင္းရင္ထဲမွာ ကိုယ့္အတြက္ ေနရာေရာ က်န္ေသးရဲ့လားေသာင္းဆင့္။
ဒါမွမဟုတ္ ကိုယ့္ကို အရင္ေလာက္ မခ်စ္ေတာ့တာလား၊ ဟုတ္မွာပါ ။ ကိုယ္က ေယာက်ာ္းတစ္ေယာက္၊မိန္းကေလးေလာက္ေတာ့ ကိုယ္က မင္းစိတ္ထဲအခ်ိန္ၾကာႀကီး စြဲၿမဲေစမွာမဟုတ္ဘူးေလ "
" ဒီေလာက္ခ်စ္ျပေနတာကို ဘယ္ေနရာက ခင္ဖ်ားကို
မခ်စ္ဘူးထင္ရတာလဲ ၊ လွၫ့္ဒီဖက္ကို ။ ႏွင္းဆီဘြဲ႔ဆူး တအားရက္စက္တာပဲ။ ဘယ္လို နည္းနဲ႔မ်ားခုလိုစကားေတြေျပာထြက္ရတာလဲ "
ေဒါသတႀကီး ခါးကေနဆြဲလွၫ့္လိုက္တာမို႔ ေသာင္းဆင့္ လက္ေမာင္းေပၚမွာ ပါးျပင္က သြားအပ္မိသည္။
အခ်ိန္တိုင္းႏုညံ့ခ်ိဳသာစြာေျပာဆိုတက္ေသာသူက
ၾကမ္းတမ္းလာတဲ့အခါမွာေတာ့ ဘြဲ႔ဆူး စိတ္ထဲ ထိတ္လန႔္စိတ္ေလး အစားထိုးဝင္လာ၏။
တဆက္ထဲ သူေဒါသလည္းထြက္လာခဲ့သည္။
" ေသာင္းဆင့္ မင္းကိုယ့္ကို ျပန္မေအာ္နဲ႔ "
" မေအာ္ေစခ်င္ ခင္ဗ်ား မေအာ္ေအာင္ေနေလ။
လင္မယားအခ်င္းခ်င္း စိတ္မတိုတို တိုတိုေအာင္လုပ္တာဘယ္သူလဲ"
" မင္းအေနအထိုင္မတက္တာေရာ ထၫ့္မေျပာဘူးလား။ ကိုယ္ေဒါသထြက္မွ စကားအမွားကိုလာေထာက္မျပနဲ႔။ ယံုၾကည္ေအာင္ေနရင္ဒီစကားေတြကိုယ္ေျပာေနစရာလိုလား။ "
" မယံုၾကည္ရေအာင္ ေသာင္းဆင့္ ဘာမ်ားအမွားလာပ္မိလို႔လဲ။ စကားကိုလြယ္လြယ္ေလးမေျပာနဲ႔ႏွင္းဆီဘြဲ႔ဆူး။ ဘာလဲ ေနျမတ္လင္းဆိုတဲ့ အေကာင္နဲ႔ ျပန္ဆက္သြယ္ခ်င္လို႔ က်ဳပ္ကို ရမယ္ရွာေနတာလား ေျပာပါအံုး "
" ဘာေျပာလိုက္တယ္"
သူႏိုင္ကိုယ္ႏိုင္ေျပာေနတဲ့စကားေတြေနာက္မွာ
မေျပာသင့္တာေတြေျပာလာမိတယ္ဆိုတာသိေပမဲ့
ဦးေနွာက္က ျဖစ္သင့္တာမျဖစ္သင့္တာကို လက္မခံေတာ့။
စိတ္ကေထာင္းခနဲမို႔ ကုန္းရုန္းထကာ ေသာင္းဆင့္ေပၚတက္ကာ ခုန္အုပ္လိုက္မိသည္။
ေကာ္လာဖ်ားမွာဆြဲကာ လက္သီးနဲ႔ထိုးလုလု
စူးရဲစြာ ျပန္ၾကၫ့္လာတဲ့ေသာင္းဆင့္ေၾကာင့္
လူက မလုပ္ရက္ျပန္။
ကိုယ္တိုင္က ေဒါသထြက္ခဲေပမဲ့ စိတ္တိုလာရင္ တစ္ခုခုကိုလုပ္ရမွ ေက်နပ္တက္တဲ့ သူမ်ိဳးဆိုေတာ့ လက္သီးနဲ႔ မထိုးျဖစ္ေပမဲ့ ဆံပင္ေမႊးကိုလက္ႏွစ္ဖက္နဲ႔ဆြဲကာ နားကို အားရပါးရကုန္းကိုက္ပစ္မိသည္။
ကေလးဆန္ေသာ အျပဳအမူက သူ႔သိကၡာကို က်ေစေသာ္ျငား လက္သီးနဲ႔အထိုးခံလိုက္ရတာထက္စာရင္ မေျပပေလာက္တဲ့နာက်င္မူ႔မို႔ ေသာင္းဆင့္ခံစားဖို႔ထိုက္တန္သည္။
အ
ညီးၫူးသံထြက္လာေပမဲ့ ေသာင္းဆင့္
သူ႔အားတြန္းမပစ္ ။
အေတာ္ၾကာမွ သူလႊတ္ေပးလိုက္သည္။
ေသြးထြက္မထြက္မသိေပမဲ့ မထြက္ေလာက္ဘူးေတာ့ ထင္သည္။
အခ်စ္က လူကို စံုလံုးကန္းေစသည္။
စိတ္ေျပသြားတယ္ဆိုေပမဲ့ ဝမ္းနည္းမူ႔က
တလိႈက္လိႈက္ျဖစ္လာ၏။
သူ ေသာင္းဆင့္ကိုယ္ေပၚက ဆင္းကာ ေဘးမွာ ငုတ္တုတ္ထိုင္ၿပီး ေခါင္းရင္းျပတင္းေပါက္မွ တိုးဝင္လာတဲ့ လရဲ့အလင္းျဖင့္ ျမင္ေနရတဲ့ေသာင္းဆင့္ကိုေငးေမာၾကၫ့္မိသည္။
ထို႔ေနာက္သူ ငိုမိသည္။
ေသာင္းဆင့္တကယ္မေကာင္းတဲ့ ေကာင္ပဲ။
" နာတယ္မို႔လား ၊ က်ဳပ္ေျပာလိုက္တဲ့ စကားတစ္ခြန္းက ခင္ဗ်ား ရင္ေတြအသည္းေတြကို ေျဗာင္းဆန္ေနေအာင္ ခံစားရေစတယ္မို႔လား။ "
ေသာင္းဆင့္အသံက ခပ္အက္အက္ ။
ငိုသံမဟုတ္ေပမဲ့ ငိုေနတယ္ဟုလည္းထင္ရသည္။
" က်ဳပ္လည္းအတူတူပဲေလ။ ခင္ဗ်ားနဲ႔မတူရင္ေတာင္မွ ခင္ဗ်ားထက္ေလ်ာ့မွာမဟုတ္ဘူး
ဆိုတာ မသိေတာ့တာလား ကိုႀကီးဘြဲ႔ဆူး။
အရင္ခ်စ္ခဲ့ရသူကလည္း က်ဳပ္ပဲ။ အၿမဲတမ္းခ်စ္ေနမဲ့သူကလည္း က်ဳပ္ပဲ။ ဒါကို ဘာလို႔ မယံုၾကည္ရတာလဲ "
" ခင္သဲစုလင္းေၾကာင့္ ။ မင္းသူနဲ႔ ေရာေရာေနွာေနွာေနတာ ကိုယ္မႀကိဳက္ဘူး။ သူမွမဟုတ္ဘူး ဘယ္သူနဲ႔မွေနတာ မႀကိဳက္ဘူး။ "
ရင္ထဲက ဝမ္းနည္းမူ႔ေတြနဲ႔အတူ
ခံစားခ်က္ေတြကိုပါ တပါထဲထုတ္ေဖာ္မိခဲ့သည္။
သူေျပာရင္း မ်က္ရည္က တေပါက္ေပါက္က်လာ၏။
ကေလးဆန္လြန္းတာမို႔ သူ႔ကိုယ္သူလည္းရွက္မိသည္။
သူဟာ အသက္သံုးဆယ္ေက်ာ္ေတာ့မဲ့ေယာက်ာ္းတစ္ေယာက္။
ခုေတာ့
" မင္းတကယ္မေကာင္းတဲ့ေကာင္ပဲ။
ကိုယ့္ကို မိန္းကေလးတစ္ေယာက္ေၾကာင့္
မ်က္ရည္က်ေအာင္လုပ္တယ္ ၊အားလံုး မင္းအျပစ္ေတြခ်ည္းပဲ ဘဲဘဲ ။ "
အိပ္ေနရာမွ ကိုႀကီးဘြဲ႔ဆူးလက္ကေလးကို လွမ္းဆြဲလိုက္ၿပီး သူ႔အနားမွာ ျပန္လွဲအိပ္ေစ၏။
ဒီေန့ကိုႀကီးဘြဲ႔ဆူးငိုခဲ့သည္။
သူတကယ္စိတ္မေကာင္း ေပ။
သူအသာေလးတိုးဖက္လိုက္ရင္း ငိုေႂကြးေနတဲ့ ကိုႀကီးဘြဲ႔ဆူး ႏႈတ္ခမ္းေလးကို နမ္းလိုက္၏။
" ခင္သဲစုလင္းမေကာင္းတာပါ။
ညီေလးက ကိုႀကီးမႀကိဳက္တာလုပ္မဲ့ေကာင္လား "
" မဟုတ္ဘူး မင္းေၾကာင့္ ။ တစ္ဖက္မိန္းကေလးကို အျပစ္ေျပာစရာမလိုဘူး။ မင္းသာ အေနအထိုင္တက္ရင္ ငါစိတ္ပူစရာ အေၾကာင္းမရိွဘူး"
" ဟုတ္ပါတယ္။ ညီေလးမွားသြားပါတယ္။
ေနာ္.. တိတ္ေတာ့ ၊ေနာက္ရက္ကစၿပီး ခင္သဲစုလင္းလာရင္ စကားလည္းမေျပာဘူး အီးလည္းလွၫ့္မေပါက္ဘူးဗ်ာ ၊ဟုတ္ၿပီလား "
"..."
" ၾကၫ့္ပါအံုး ႏွင္းဆီဘြဲ႔ဆူးေလး သဝန္တိုေနတာပဲ "
" တိုတာ ကိုယ့္အျပစ္လား ၊ မခ်စ္ခင္ကလည္း မင္းပဲခ်စ္ေအာင္သင္ေပးခဲ့တာပဲ ခုမွ
ကိုယ့္အဆိုးျဖစ္ေအာင္ လာမလုပ္နဲ႔"
" ႀကိဳက္သလိုတိုပါကြာ ၊တစ္ခုပဲ မင္းတစ္ေယာက္ထဲပဲ
ခ်စ္တာကိုေတာ့ ကိုႀကီး စိတ္ထဲ စြဲေနေအာင္ သိထားဖို႔"
" မင္းလည္း ကိုယ့္ကို စြပ္စြဲခဲ့တာ။ အဲ့ဒါကေရာ မင္းရင္ထဲ ကိုယ္ဘယ္ေလာက္ခ်စ္သလဲဆိုတာ မသိတာလား "
"မဟုတ္ပါဘူး ကိုႀကီးရာ ၊ ရင္ထဲ မင္းေျပာလိုက္တဲ့ စကားေတြဘယ္ေလာက္နာက်င္ရငလဲဆိုတာ သိေစခ်င္တာ၊ တကယ္ေတာ့ ခင္သဲစုလင္းက ဖိုးေထြးနဲ႔ အီစီကလီျဖစ္ေနတယ္ေျပာရမွာလား။ ဒီလိုကြာ ဖိုးေထြးဖက္က သေဘာက်ေၾကာင္းေျပာထားေပမဲ့ ခင္သဲစုလင္းက စဉ္းစားေနဆဲ ၊ ႀကိဳက္ေတာ့ႀကိဳက္မွာပါ ၊ ေလ့လာေနတုန္းဆိုေတာ့ ခ်က္ခ်င္းမေပးေသးတဲ့ သေဘာ "
ေသာင္းဆင့္စကားေၾကာင့္ ရင္ထဲ ၿပံဳတိုးေနတဲ့ သံသယစိတ္ေတြက ေရက်သြားတဲ့ေသာင္လို
ဗလာက်င္းလ်က္က်န္ခဲ့၏။
" ဒါကိုကိုယ္က ဘာလို႔မသိတာလဲ "
" ကဲပါ ကိုႀကီးရာ ၊သူမ်ားအေၾကာင္းေတြမေျပာပဲ
က်ဳပ္တို႔ ႏွစ္ေယာက္အေၾကာင္းပဲ စဉ္းစားရေအာင္။
ယူၿပီးတာၾကာလွၿပီ ခုထိ အဆင့္မတက္ရေသးတဲ့ အေၾကာင္းေလးျဖစ္ျဖစ္ေပါ့ "
" ဟာ ေသာင္းဆင့္"
ရဲခနဲ နီသြားတဲ့ ပါးျပင္ကို လက္နဲ႔ ေယာင္ေယာင္မွားမွား အုပ္မိသည္အထိ ။
ဒီေကာင္မေျပာရဲတာမရိွတဲ့ေကာင္။
ထိုစဉ္ တိုးေဝ႔ွလာတဲ့ အနမ္းတစ္ပြင့္က လည္ပင္းထပ္မွာ ေလေျပညင္းလို။
ႏုညံ့ညင္သာေသာ ၊ သိမ္ေမြ့နက္နဲ႔ေသာ
ရင္ခုန္သံတိုးေစေသာ အနမ္းတစ္ပြင့္ ။
ပထမဦးဆံုး အခ်စ္
ပထမဦးဆံုးအနမ္း
ပထမဦးဆံုး လူပ်ိဳဘဝ
ဒါေတြအားလံုး ေသာင္းဆင့္မင္းအပိုင္
" ခ်စ္တယ္ ကိုႀကီးဘြဲ႔ဆူးရယ္ "
ေသာင္းဆင့္ အသံတိုးတိုးေအာက္မွာ
ဘြဲ႔ဆူး၏ ထိတ္လန႔္စြာ က်ံဳ႔ထားေသာ ပုခံုးေတြသည္
လြတ္လပ္စြာ ေျဖာင့္တန္းကုန္၏။
အေနွာင္အဖြဲ႔မရိွတဲ့ လည္ပင္းထပ္မွာ အႀကိမ္ႀကိမ္ေျခခ်ေနေသာ အနမ္းမ်ားလက္ခံရာက
တစ္ဦးတစ္ေယာက္ထဲအတြက္ ။
ကိုယ္သာ ႏွင္းဆီတစ္ပြင့္ျဖစ္ခဲ့တယ္ဆိုရင္
ေမာင့္အတြက္ ဆူးမဲ့ ႏွင္းဆီေလးျဖစ္ေပးခ်င္သည္။
ဆူးေတြ အကာအကြယ္မရိွတဲ့ ႏွင္းဆီပန္းေလးက
ရုပ္ဆိုးေနခဲ့ရင္ေတာ့ မင္းမညိုညင္ပါနဲ႔ ေမာင္ေရ
ကိုယ္က မင္းတစ္အတြက္ဆို အရာရာ အားလံုးခ်နင္းေပးမဲ့သူပါ.....
ကိုယ္လည္း မင္းထပ္မေလ်ာ့ေသာ ခ်စ္ျခင္းမ်ိဳးနဲ႔ ခ်စ္မိသြားခဲ့တာပါ ...
ခ်စ္တယ္ ေသာင္းဆင္ရယ္
အမ်ားႀကီး အမ်ားႀကီး မင္းထင္ထားတာထက္ ပိုၿပီးခ်စ္ရပါတယ္ကြာ.....
ခ်စ္တဲ့ အိမ္စည္။
( ၿပီးပါၿပီ)
Bạn đang đọc truyện trên: ZingTruyen.Xyz