ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

24

eainsi23

သောင်းဆင့်အရင်လို လူဆိုးလူမိုက်မဟုတ်တော့ချေ။
ကိုကြီးဘွဲ့ဆူးကြောင့်လိမ်မာသွားသော ကလေးလေးဟု ခေါ်လည်းမမှား‌ ။ ဆေးလိပ်၊အရက် အခုဆို မတို့အထိတော့သည်မို့ မဲသာမဲတာ မျက်နှာလေးက ကြည်ကြည်လေးနဲ့ ပိုပိုချောလာသည်။
အရက်မသောက်တော့ အာသာပြေအောင် ဆေးလိပ်လေးကတော့ သူအမြဲခဲထားမိ၏။
ဒါပေမဲ့ ရုပ်ခံက ကောင်းမွန်လှတော့ ဆေးလိပ်ခဲထားတာတောင် ချောလိုက်တာဟု သူတို့ရပ်ကွက်က အဖွားကြီးတွေက ပြော၏။
သူတော်တော်စိတ်ညစ်မိသည်။
ရောက်လာတာနဲ့ "ဘဲဘဲ ရေ ငါ့သမက်လေး"
စသည်ဖြင့် သူ့နာမည်အား အဆုံးမရှိခေါ်ဝေါ်တက်ကြသည်မို့ပင်။
သူတို့ရောက်ရှိနေသည်မှာ နှစ်လ ကျော်လောက်ပဲရှိသေးပေမဲ့
အတော်လေး ပိုပိုလျံလျံလည်းရှိ‌ နေလေပြီ။

ကိုကြီးဘွဲ့ဆူးသည်သောင်းဆင့်အားချစ်ရှာသည်မို့
သူ့ရွှေဆိုင်လေး ကို သူ့နာမည်အဖျားဆွတ်ကာ သောင်း ရွှေဆိုင်ဟု မှတ်ခေါ်သည်။
ဒီတစ်ခါ" သောင်း"ကတော့ သူ့အဖေ ဦးဘောဂသောင်းနှင့် နည်းနည်းလေးမှမဆိုင်ပေ။

စချစ်တုန်းက သောင်းဆင့်ဆိုပေမဲ့
ပိုပြီးချစ်သွားမဲ့သူက ကိုကြီးဘွဲ့ဆူးသာ ။ အများရှေ့မှာ လူကြီးလူကောင်းဆန်စွာ တည်ကြည်သူဖြစ်ပေမဲ့ ကွယ်ရာမှာဆို မိမိအား
ဘဲဘဲလေး ဆိုတာတစ်မျိုး၊ ညီလေးသောင်းဆင့်
ဆိုတာ တစ်ဖုံ ချစ်စနိုးစနောက်တက်သူက ကိုကြီးဘွဲ့ဆူးဖြစ်၏။
ခုဆို ကိုကြီးဘွဲ့ဆူးက သောင်းဆင့်ကိုတော့ သည်းသည်းလှုပ် ချစ်မိနေပြီဖြစ်ပြီး သောင်းဆင့်ကတော့ မထင်မှတ်စွာ အချစ်ခံနေရလေသည်။
ဒါပေမဲ့ လူတွေအားလုံး သောင်းဆင့်လိုတော့ လိုက်မလုပ်သင့်ပေ။
လောကမှာ သည်းခံတက်သော ၊ ရိုးဖြောင့်တက်သောသူက ကိုကြီးဘွဲ့ဆူးတစ်‌ ယောက်သာ ရှိပြီး ၊
ရုပ်ကြမ်းကြီးနှင့်မလိုက်ဖက်အောင် အမျိုးမျိုး
ချွဲပျစ်ဖလစ်တက်သော သူကလည်း ဟောဒီက
သောင်းဆင့်လေးသာ ရှိမည်။

ထို့ကြောင့် မည်သူမှ သောင်းဆင့် ကံကောင်းသလို ကံမကောင်းနိုင်ပေ။ ဘဝက ရုပ်ရှင်မဟုတ်သည်မို့
သောင်းဆင့်အားအတုမယူသင့်‌။

နောက်ပြီး ကိုကြီးဘွဲ့ဆူးသည် လူမူ့ဆက်ဆံရေး‌
မှာဆိုရင် တစ်ဦးတစ်ယောက်မှမယှဉ်ဝင့်အောင် သိပ်သိပ်တော်ပါ၏။
ဘွဲ့ရပညာတက်လေးဖြစ်တာတစ်ကြောင်းမို့ သောင်းဆင့်ထက်
အမျှော်အမြင်လည်း ကောင်းသူလေးဖြစ်သည်။
ယောကျာ်းယူတာမှန်ကန်ခဲ့တာမို့ သောင်းဆင့်က
ကိုကြီးဘွဲ့ဆူး ရှာကျွေးသမျှကို လိမ်လိမ်မာမာထိုင်စားရုံသာ။

သုံးရက်တစ်ခါ လာငှားတက်သော ထော်လာဂျီ ငှားခသည် အပိုဝင်ငွေဖြစ်ပေမဲ့ လုံလောက်တာထက်ပို အောင်စုမိသည်။ အားရင် ရွှေဝိုင်း သွားတက်ပေမဲ့
အမြဲတမ်းတော့ သူမသွားဖြစ်ပါ။ ရေတစိုစိုနှင့် အချိန်ကြာကြီး‌လုပ်ရတဲ့အလုပ်မို့ သူ့ယောကျာ်းကသူ့အားမခိုင်းခြင်းပင်။ သို့သော် တစ်ခါတစ်ရံတော့ ဝင်ငွေရှိအောင် သူသွားဖြစ်သေးသည်။
သွားတိုင်းလည်းရွှေရတက်တာမို့ ခုဆို သူ့မှာအရင်လို ရွှေနဲ့ငွေနဲ့ပြန်ဖြစ်နေပြီဖြစ်သည်။
ကိုကြီးဘွဲ့ဆူး၏ရွှေဆိုင်လေးက အစက အနည်းအပါးသာ ရွှေကောက်ရပေမဲ့ ခုဆို အပြုံးချိုချို၊အပြောချိုချိုတို့ ကြောင့် အတော်လေး အရောင်းအဝယ်ဖြစ်လာ၏။ အစုအဆောင်းလည်းကောင်းတာမို့
သောင်းဆင့်တို့လင်မယား နှစ်လ ကျော်အတွင်းမှာ အဖေဆီချေးထားတဲ့ ပိုက်ဆံထဲမှ ငွေဆယ်သိန်းခွဲဆပ်နိုင်ခဲ့ပြီး ရွှေအနည်းအကျဉ်းလည်းစုမိသေး၏။
ထိုအထဲမှ ရွှေတစ်ကျပ်ခွဲသားကိုလည်း ကိုကြီးဘွဲ့ဆူးက သောင်းဆင့်အား လက်ကောက်ကလေးလုပ်ပေးထားလေ၏။

သောင်းဆင့်သည် သူ့အဖြစ်ပျက်တို့အားရွှေချိန်ရင်းစဉ်းစားမိကာ အောက်လျောကျနေတဲ့ သူ့လက်ကောက်အား
အပေါ်မြောက်တင်ပြီး ခါရမ်းလိုက် လေသည်။ တစ်ကွင်းထဲသော ရွှေလက်ကောက်ကလေးသည် သောင်းဆင့်လက်နှင့်ယှဉ်ရင်သေးသော်ငြား ကိုကြီးဘွဲ့ဆူးဆင်သော ပစ္စည်းလေးမို့အတော်‌ လေးသဘောကျကြိုက်နှစ်ရ၏။ လူပျိုတုန်းက ရွှေတကိုယ်လုံးဆင်ဖို့က
သူ့အိမ်မက်ဖြစ်ခဲ့ပေမဲ့ အမှန်တကယ် ဆင်ပေးတဲ့သူကတော့ ချစ်ကိုကြီးလေးသာ ။ သူဆင်ပေးရင်တောင် ကိုကြီးဘွဲ့ဆူးကရွေမကြိုက်၍ ဝတ်မှာမဟုတ်။
အခုတောင် သောင်းဆင့်လက်မှာ တစ်ကွင်းထဲမို့ တစ်ချွင်ချွင်မမြည်၊ ဒါကို နှင်းဆီဘွဲ့ဆူး စိတ်တိုင်းမကျဖြစ်နေသည်။
နှစ်ကွင်းသာဝတ်ထားမည်ဆိုပါက တချွင်ချွင်သံစုံမည်နေမှာ မလွဲပေ။ နောက်တစ်ကွင်းလုပ်ပေးအုံးမှဟုလည်း မကြာခဏပြောတက်သေးသည်။ ကလေးများလို သောင်းဆင့်ကို
ရွှေလက်ကောက် နှစ်ကွင်းဝတ်နေစေချင်တဲ့ ကိုကြီးဘွဲ့ဆူး၏စိတ်ကူးလေးက ဘယ်လောက်တောင် သောင်းဆင့်ကို အချစ်ပိုစေလိုက်လဲဆိုတာ
သူတစ်ယောက်သာသိ၏။

" ဘဲဘဲ နင့်အကို ဘယ်သွားလဲ"

ရွှေလာရောင်းတဲ့ အမျိုးသမီးအား သောင်းဆင့် မျက်ခုံးပင့်ကြည့်ကာ ခပ်တည်တည်ပြန်ကြည့်မိသည်။
မနေ့က ကိုကြီးဘွဲ့ဆူး အနည်းငယ်ဖျားခဲ့သည်မို့ ဒီမနက်တော့ မထနိုင်ချေ။
တစ်မနက်လုံး ဟင်းအိုးကို‌ ပြေးကြည့်လိုက်
ရွှေပြေးချိန်လိုက်နှင့် သောင်းဆင့်တစ်ယောက်အားသည်ဟူ၍မရှိခဲ့။
လာသမျှလူအကုန်လုံးကလည်း ကိုကြီးကိုသာမေးနေကြတာမို့ သောင်းဆင့်နည်းနည်းမှမကြည်ဖြူ တော့ပါ။

" နေမကောင်းလို့ အိပ်နေတယ်"

‌" ငှက်ဖျားတွေ ဖြစ်နေတယ် ၊ဂရုစိုက်နော် ။
ဟိုအစွန်ဆုံးတဲက အရက်သမားတောင်မှ
နေမကောင်းဖြစ်နေတာကြာပြီ ၊ဒီမနက်တော့ ဆုံးသွားပြီတဲ့ "

လေးရွာတောနှင့်ငှက်ဖျားကတော့ စုံတွဲတွေလိုပင်။
တော်တော်များများ ငှက်ဖျားပိုးရှိကြသည်မှာ သူတို့မျက်မြင်ဖြစ်သည်။

" ကိုကြီးဘွဲ့ဆူးက ရိုးရိုးဖျားတာပါ "

ဘောင်ချာရေးရင်းသူတိုးတိုးလေး ပြောလိုက်တာဖြစ်သည်။ တစ်ဖက်အမျိုးသမီးကြားမကြားသူမသိပေမဲ့ စိုးရိမ်စိတ်ကတော့ အိပ်ယာထဲက နှင်းဆီဘွဲ့ဆူးအပေါ်မှာ သိသိသာသာတိုးမြင့်လာလျက်။
ငွေစာရင်းရှင်းပြီးချိန်တွင် ထိုအမျိုးသမီး ပြန်သွား၏။ သောင်းဆင့် အံဆွဲသော့ခတ်ရင်း
ငြိမ်ကျသွားသည်မှာ အသိစိတ်မရှိတော့သလိုပင်။
ငှက်ဖျားသာ ဖြစ်ရင် ဒီမှာဆေးဝါးကမရှိနဲ့၊
ဘာမှတက်နိုင်မှာ မဟုတ်။

" ဘဲဘဲရေ "

"ဗျာ"

တိုးသဲ့တဲ့အသံလေးကြောင့် သောင်းဆင့် အသိစိတ်ဝင်လာသည့်အတိုင်းဆတ်ခနဲ တုန်သွား၏။
ခပ်မြန်မြန်ထူးကာ သော့တွဲအားဆွဲ၍ အိမ်ခန်းအတွင်းသို့ဝင်သွားမိသည်။
နှင်းဆီဘွဲ့ဆူးသည်အိပ်ယာထပ်မှာ ဘေးတစ်စောင်းအနေအထားနှင့်လှဲလျောင်းနေပြီး လက်ကလေးတစ်ဖက်သည် ခြင်ထောင်အပြင်ကို ထွက်နေလေသည်။
ကမန်းကတမ်းပင် ထိုလက်ကလေးအား ခြင်ထောင်ထဲ သွင်းလိုက်မိပြီး

" နှင်းဆီဘွဲ့ဆူး အပြင်မထွက်လာနဲ့လေ " ဟုစိုးရိမ်တကြီးဆူလိုက်မိသည်။

သူ့စကားကြောင့် နှင်းဆီဘွဲ့ဆူး ခပ်သဲ့သဲ့ရယ်ပါတော့၏။ ဇာခြင်ထောင်သည် ပြာလဲ့လဲ့အရောင်လေးဖြစ်ပြီး နှင်းဆီဘွဲ့ဆူးကိုလည်း သေချာမြင်နိုင်သည်။

" စိတ်မပူပါနဲ့ ၊ကိုယ်ရိုးရိုးပဲနေမကောင်းတာပါ "

"ခြင်ကိုက်မခံရရင် အကောင်းဆုံးမို့လား "

" ဒါဆို တစ်နေကုန်နေရမှာလား၊ ကိုယ်အခု အပေါ့သွားချင်လို့အဲ့ဒါဘယ်လိုလုပ်ရမလဲ "

သောင်းဆင့် မကြည်မလင်ဖြစ်ကာ နှင်းဆီဘွဲ့ဆူးအားစိုက်ကြည့်နေမိသည်။
သူစိတ်ပူနေရသလောက် သူ့ကိုကြီးက အေးအေးဆေးဆေးဖြစ်နေသလိုပင်။
ပင့်သက်ရှိုက်လိုက်ချိန်တွင် သူ့ရင်ဘတ်ကြီး မို့မောက်တက်လာ၏။ သူတကယ် စိတ်ပူနေတာပဲ။
နေလို့လည်းမကောင်းတာမို့ နှင်းဆီဘွဲ့ဆူး အိပ်နေတဲ့ ခြင်ထောင်‌လေးကို အသာမတင်ပေးလိုက်၏။

" ဖြည်းဖြည်းထနော် ၊ခေါင်းမူးနေလိမ့်မယ် "

" ဟုတ်ပါပြီကွာ "

" နေမကောင်းတာ တစ်ရက်လောက်ပဲ ရှိသေးတာကို မျက်နှာလေး ကျသွားတယ် "

လက်ကိုတွဲထားရင်း သူ ညီးညီးညူညူ ပြောလိုက်မိသည်။
ဒါကို ကိုကြီးဘွဲ့ဆူးက သဘောကျသည်ထင်
သူတွဲထားတဲ့လက်ကလေးကို ပြုံးကာ တိုးဖက်လာ၏။

" တအားစိတ်မပူပါနဲ့ ကလေးရာ ၊ ကိုယ်တကယ် သက်သာနေပါပြီ ၊ စောက ပြောသွားတဲ့ အမျိုးသမီးက စေတနာနဲ့သတိပေးတာပါ။
ကိုယ်အနေနဲ့ မင်းဒီလောက်ဂရုစိုက်တာ ဘယ်ငှက်ဖျားပိုးက ဝင်နိုင်မှာတဲ့လဲ "

"သတိဆိုတာ ပိုတယ်လို့မှမရှိတာ ၊ သောင်းဆင့်ပြောတာကိုပဲ ဂရုစိုက်စမ်းပါ "

" အေးပါ၊ ကိုယ်နားလည်ပြီ။ ခုတော့ အပေါ့သွားလိုက်အုံးမယ် ၊ ဆေးသောက်ဖို့ တစ်ခုခု စီစဉ်ထားပေးလို့ရမလား "

" ထမင်းဆီဆမ်းလေးနဲ့ကြက်ဥပြုတ်လေးနဲ့စားမလားဟင်၊ မနက်က ကြက်ဥပြုတ်ထားတယ်"

" ဘာနေနေ ရတယ် ၊ကဲသွားသွား၊ ဟိုထိလိုက်မလာနဲ့တော့ "
သူ့စကားနားထောင်ကာ သောင်းဆင့်အိမ်ထဲပြန်ဝင်သွား၏။ သောင်းဆင့်တအားလိမ်မာလာတာမို့
ဘွဲ့ဆူးစိတ်ချမ်းသာရသည်။
အရက်ကိုလည်း မခိုင်းစေပဲဖြတ်ပေးပြီး
ချစ်အောင်လည်းနေတက်သည်။ အဓိကက မျက်လုံးလေးတွေ။ ဖြူဖြူစင်စင်လေးတွေမို့ စိတ်ဆိုးနေတာပဲဖြစ်ဖြစ်ပျော်နေတာပဲဖြစ်ဖြစ် သိသိသာသာဖော်ပြနိုင်စွမ်းရှိ၏။

ဘွဲ့ဆူးပြန်ရောက်တော့ ထမင်းဝိုင်းမှာ အငွေ့တလူလူထွက်နေတဲ့ထမင်းပန်းကန်ကအဆင်သင့် ။
ကြက်ဥပြုတ် လေးခြမ်းကိုပါ ပန်းကန်ရဲ့ဘေးမှာ ဆီနည်းနည်းဆမ်းကာချပေးထားလျက်။

မနက်ဆို ဖိုးထွေးက ဝေလီဝေလင်းကတည်းက ထကာ ရေခပ်ပေး ဆိုင်တံခါးဖွင့်ပေးလုပ်ခဲ့သည်။
သူမသွားခင် မနေ့က ကျန်တဲ့ ထမင်ကြမ်းကိုစားကာ
အချိန်အားရင် ထမင်းအိုးတစ်လုံးတည်ခဲ့ပေးတာအမြဲတမ်းလိုလိုပင်။
မအားရင်တော့ ဘာမှမလုပ်ပေးခဲ့သည်မို့
သောင်းဆင့်ဘာသာ ချက်ရသည်။
ညနေပိုင်းအိမ်ပြန်ရောက်လာရင်တော့ ဖိုးထွေးက လုပ်စရာရှိတာသူအကုန်လုပ်ပေးတက်တာမို့
ထင်းခွေ နဲ့ ရေခပ်ကတော့ သောင်းဆင့်သိပ်မလုပ်ရ၊ဖိုးထွေးက အိမ်သုံးရေကိုတော့ အလျံအပယ်ပင်ခပ်ပေးလေ့ရှိ၏။

" ထိုင်လေ ၊ ရေနွေးလေးရောသောက်မလား"

" အင်း၊ မင်းရော ဘာစားပြီးပြီလဲ"

သောင်းဆင့်ခေါင်းရမ်းပြကာ ဘွဲ့ဆူးထိုင်တဲ့ဘေးကပ်ထိုင်လာသည်။ လက်ကလည်း တဆက်ထဲ ရေနွေးကြမ်းပါ ငှဲ့ပေးသေးသည်။

" စားမလား ကိုယ်ကျွေးမယ် "

" အင်း နေ့ခင်းစာရော ဘာစားချင်လဲ၊ အမှန်ဆို
ကျုပ်က ဓညင်းသီးစားချင်တာ ၊ကိုကြီးဘွဲ့ဆူးအားနာလို့ "

ဘွဲ့ဆူး သူအရင်စားပြီး နောက်တလုတ်ကို သောင်းဆင့်အားကြက်ဥအနည်းဖဲ့၍ တစ်ဇွန်းကျွေးပြီး ရေနွေးကြမ်းသောက်စေ၏။
တစ်ပန်းကန်ထဲငှဲ့ထားတဲ့ရေနွေးမို့ သောင်းဆင့်‌သောက်ပြီးသည့်အခါ ဘွဲ့ဆူးက နောက်တစ်ခွက်မငှဲ့ခင် အေးပြီးသား ဟာအား ယူသောက်ရသည်။
တစ်ဇွန်းထဲကို နှစ်ယောက်စားနေရသည်ကိုလည်း
စိတ်ထဲမသိုးမသန့်မဖြစ်မိ။

" စားပေါ့ ၊ ဒါပေမဲ့ ဓညင်းသီးက စားတိုင်းမ‌ကောင်းဘူး၊ ဘေးဖြစ်တက်တယ် ၊ ကိုယ်က မင်းနံမှာစိုးလို့မဟုတ်ဘူး။ အဓိကက မင်းနေမကောင်းဖြစ်မှာစိုးတာ ၊ ဒါပေမဲ့ တစ်ခါတစ်လေပဲဆိုတော့ ကိုယ့်ကိုပူမနေနဲ့လေ စားချင်စားလိုက်။ ဘဲဘဲ အရက်သောက်တုန်းကတောင်မှ ကိုယ်က အတူတူ‌ နေခဲ့တဲ့သူပဲ ဓညင်းသီးနံလောက်ကတော့ ကိုယ်ကအပျော့ပါကွ"

ဘွဲ့ဆူးစကားကြောင့် သောင်းဆင့် မျက်လုံးလေးတွေတောက်လာ၏။
သောင်းဆင့်က အချော့ကြိုက် ။
ချော့ပြောလေ ကြိုက်လေ။ အဲ့ဒီအချိန်မှာဆို သောင်းဆင့် ရုပ်ကလေးက ခွေးကလေးလို အမြီးလေးပါကတလှုပ်လှုပ်နဲ့ လှုပ်ခတ်နေမှာမလွဲ။

________

လမိုက်ညမို့ အလင်းရောင်မဲ့ကာ ပတ်ဝန်းကျင်ကလည်း တိတ်တိတ်ဆိတ်ဆိတ်။
ဖိုးထွေးသည် အငွေ့သေစပြုနေပြီဖြစ်တဲ့မြေအိုးထဲအား နနွင်းတက်တို့ထပ်မံပစ်ထည့်လိုက်သည်။
အလုံးအရင်းတက်လာသော အခိုးငွေ့တို့ကြား
သောင်းဆင့်တို့သုံးယောက် အတွေးကိုယ်စီနှင့်ထိုင်နေကြသည်။

ဖိုးထွေးသည် သူတစ်ကိုယ်တည်း ဝိုင်းတည်နေရတာမို့ အတော်လေး ပျင်းရိနေပါ၏။ အရက်ခွက်အားမော့ကာ ခါးသီးပြင်းရှသော အရသာအား ခံစားရင်း
အဆုံးသတ်မှာ ရေတစ်ငုံကို သူသောက်ဖြစ်သည်။
သူသည် သောင်းဆင့်လိုတော့ အရက်မဖြတ်နိုင်ပါပေ။
အမြဲမသောက်တက်ပေမဲ့ ညပိုင်းကိုတော့ အနည်းငယ် သောက်ဖြစ်နေသေးသည်။
အမြည်းသည်ကား သောင်းဆင့်လက်ရာ ဝက်ဓညင်းချက်ဖြစ်၏။ ဝက်သားနဲ့ဓညင်းသီးချက်အား သောင်းဆင့်နှင့်သူကတော့အတော်လေးကြိုက်ပေမဲ့ အကိုဘွဲ့ဆူးကတော့စားတာမမြင်။

" မနက်ဖန် ကိုသန့်စင်တို့လင်မယားပြန်မှာဆို ။ "

ဘွဲ့ဆူး ဖိုးထွေးကိုကြည့်ကာပြောလိုက်သည်။
နေ့ပူပေမဲ့ ညကတော့ ရာသီဥတုက အေးစိမ့်စိမ့်။
သောင်းဆင့် သည်ကွတ်ပျစ်ပေါ်မှာ ခြေဆင်းထိုင်နေတဲ့ ဘွဲ့ဆူးခြေထောက်တွေအားစောင်ပါးလေးလွမ်းခြုံပေးလိုက်ရင်း အဝတ်ပါးတစ်ထည်ဖြင့်လည်း ခြင်မကိုက်အောင်ခါရမ်းပေးနေလေသည်။

" ဟုတ်တယ်အကိုဘွဲ့ဆူး။
အမက လရင့်နေပြီ၊ဒီမှာဆိုမွေးဖို့ဖွားဖို့ကလွယ်တာမဟုတ်ဘူး။ အချိန်ရှိတုန်းသူတို့ကိုအိမ်ပြန်နားခိုင်းထားတာ"

" မင်းရော ပြန်လိုက်မှာလား"

ဖိုးထွေးက ကိုသန့်စင်နဲ့အလုပ်တွဲလုပ်သူမို့
ရင်းရင်းနှီးနှီးလည်းရှိလှသည်။ကိုသန့်စင်က
ညီအကိုမောင်နှမမရှိတဲ့တစ်ကောင်ကြွက်ဆိုတော့
အနေနီးတဲ့ဖိုးထွေးကိုညီတစ်ယောက်လိုချစ်တာမဆန်း။ နေ့ခင်းဆို ဖိုးထွေးက ကိုသန့်စင်တို့အိမ်မှာသာ ထမင်းစားတက်ပြီး အိမ်ကို ပြန်လာစားတယ်ဆိုတာခပ်ရှားရှား။

" လိုက်မှာ အကိုဘွဲ့ဆူး။ အိမ်ခဏအလည်ပြန်အုံးမလို့လေ ၊ ဒီရက်ပိုင်း ကျွန်တော်စုထားသမျှလေးကိုလည်းရောင်းရအုံးမယ်၊ ပြီးတော့ ကိုသန့်စင်ကလည်း
ခဏခဏနေမကောင်းဖြစ်နေတာ၊ ဆေးခန်းလေးဘာလေး သေချာပြပေးမိလို့"


" နေမကောင်းဖြစ်တာကြာပြီလား ။ ကိုယ်လည်းမသိလိုက်ရဘူး၊ ငှက်ဖျားတွေဖြစ်နေကြတာ ဘယ်သူဖျားဖျား စိုးရိမ်ရတယ်"

ဘွဲ့ဆူးအကြည့်ကာ သောင်းဆင့်ဆီရောက်လာတာမို့ စကားမပြောပဲနေမရတော့။

" ကိုကြီးဘွဲ့ဆူးကိုပြောဖို့ မကြုံတာနဲ့မေ့သွားတာ။
နေမကောင်းဖြစ်လို့မေးလိုက်ရင်လည်း ကိုသန့်စင်က
ပျောက်ပြီပဲပြောနေတော့ ကျုပ်လည်း သိပ်စိုးရိမ်စရာမရှိဘူးထင်လို့လေ။ ခုတလောငှက်ဖျားကပိုပိုဆိုးလာမှ နေမကောင်းဖြစ်တာ စိုးရိမ်ရတယ်ဆိုတာ ကျုပ်လည်း သိလာတာ။ နို့မို့ဆို အစောကြီးကတည်းက သတိပေးတာပေါ့"

သောင်းဆင့်က တကယ် သတိပေးဖို့မေ့နေဟန်မို့ ဘွဲ့ဆူး သက်ပြင်းချကာ အကြည့်ကို လွှဲလိုက်ရသည်။
သောင်းဆင့်တောင်မှ ရေကိုကျိုချက်သောက်ရတယ်ဆိုတာ ရွာမှာ သာဒင်အဖေပြောလိုက်လို့သိတာ။
ကျန်းမာရေးဗဟုသုတကလည်းတောသူတောင်သားတွေမို့ နည်းပါးလှသည်။

" မပေါ့နဲ့ဖိုးထွေး။ အိမ်ပြန်ရောက်ရင် ဆေးရုံဆေးခန်းခေါ်သွားပြီး သေချာပြပေးလိုက်။ မအေးမြကရော ဘယ်တော့လောက်မွေးမှာတဲ့လဲ၊ ငွေကြေးရော အဆင်ပြေရဲ့လား။ လူမူ့ရေးဆိုတော့ ဒီတစ်ခါ ကားခ မတောင်းနဲ့နော်ကြားလား "

" နောက်လလို့ပြောတာပဲ ကျွန်တော်လည်းသေချာမသိဘူး။ ပိုက်ဆံကမတောင်းပါဘူး။ အကိုရော ဘထွေးဆီဘာမှာအုံးမလဲ"

" မင်းပြန်ရောက်ရင် အကိုလည်းခဏပြန်အုံးမယ်လေ ။ ဒီတစ်ခေါက် သာဒင်လိုက်ခဲ့မှာမို့လား။ "

" လိုက်ခဲ့ရမှာပေါ့။ ကျွန်တော် မပါမဖြစ်ခေါ်ခဲ့မှာ အဲ့ကောင်ကို"

ဘွဲ့ဆူးစကားကြောင့်အရက်သောက်ရင်း ဖိုးထွေးပြုံး၏။ ‌သာဒင် ၊ဒီကောင်ကြီးကို သူသတိရနေပြီ။
ခါတိုင်းပုခုံးဖက်ပြီး ရွာတန်းလည်သောက်နေတဲ့ကောင်က ခု အရက်ဖြတ်လိုက်ပြီဆိုတော့ သူ့မှဘက်မရှိဖြစ်နေတာ။

သာဒင်ရောက်ရင်တော့အဆင်ပြေသွားလိမ့်မည်။
အိမ်မှာဆို သူနားဒုက္ခမခံနိုင်၍ ကိုသန့်စင်တို့တဲမှာသာ သွားအိပ်ဖြစ်တာများသည်။
မဟုတ်ရင် သောင်းဆင့်ဆီမှ ကိုကြီးဘွဲ့ဆူးရေ ဆိုတာနဲ့ အကိုဘွဲ့ဆူးဆီမှ ဘဲဘဲရေ ဆိုတာမျိုးကြီးကြောင့်
ထမင်းစားလည်းမဖြောင့်။ အိပ်ရတာလည်း
မအိပ်နိုင်။ တော်တော်ဒုက္ခရောက်ခဲ့သည်။
သာဒင်လာရင်တော့ သူ့ဒုက္ခကိုပေးဝေခံစားခိုင်းရမည်။

ချစ်တဲ့အိမ်စည်။

ေသာင္းဆင့္အရင္လို လူဆိုးလူမိုက္မဟုတ္ေတာ့ေခ်။
ကိုႀကီးဘြဲ႔ဆူးေၾကာင့္လိမ္မာသြားေသာ ကေလးေလးဟု ေခၚလည္းမမွား‌ ။ ေဆးလိပ္၊အရက္ အခုဆို မတို႔အထိေတာ့သည္မို႔ မဲသာမဲတာ မ်က္ႏွာေလးက ၾကည္ၾကည္ေလးနဲ႔ ပိုပိုေခ်ာလာသည္။
အရက္မေသာက္ေတာ့ အာသာေျပေအာင္ ေဆးလိပ္ေလးကေတာ့ သူအၿမဲခဲထားမိ၏။
ဒါေပမဲ့ ရုပ္ခံက ေကာင္းမြန္လွေတာ့ ေဆးလိပ္ခဲထားတာေတာင္ ေခ်ာလိုက္တာဟု သူတို႔ရပ္ကြက္က အဖြားႀကီးေတြက ေျပာ၏။
သူေတာ္ေတာ္စိတ္ညစ္မိသည္။
ေရာက္လာတာနဲ႔ "ဘဲဘဲ ေရ ငါ့သမက္ေလး"
စသည္ျဖင့္ သူ႔နာမည္အား အဆံုးမရိွေခၚေဝၚတက္ၾကသည္မို႔ပင္။
သူတို႔ေရာက္ရိွေနသည္မွာ ႏွစ္လ ေက်ာ္ေလာက္ပဲရိွေသးေပမဲ့
အေတာ္ေလး ပိုပိုလ်ံလ်ံလည္းရိွ‌ ေနေလၿပီ။

ကိုႀကီးဘြဲ႔ဆူးသည္ေသာင္းဆင့္အားခ်စ္ရွာသည္မို႔
သူ႔ေရႊဆိုင္ေလး ကို သူ႔နာမည္အဖ်ားဆြတ္ကာ ေသာင္း ေရႊဆိုင္ဟု မွတ္ေခၚသည္။
ဒီတစ္ခါ" ေသာင္း"ကေတာ့ သူ႔အေဖ ဦးေဘာဂေသာင္းႏွင့္ နည္းနည္းေလးမွမဆိုင္ေပ။

စခ်စ္တုန္းက ေသာင္းဆင့္ဆိုေပမဲ့
ပိုၿပီးခ်စ္သြားမဲ့သူက ကိုႀကီးဘြဲ႔ဆူးသာ ။ အမ်ားေရ႔ွမွာ လူႀကီးလူေကာင္းဆန္စြာ တည္ၾကည္သူျဖစ္ေပမဲ့ ကြယ္ရာမွာဆို မိမိအား
ဘဲဘဲေလး ဆိုတာတစ္မ်ိဳး၊ ညီေလးေသာင္းဆင့္
ဆိုတာ တစ္ဖံု ခ်စ္စႏိုးစေနာက္တက္သူက ကိုႀကီးဘြဲ႔ဆူးျဖစ္၏။
ခုဆို ကိုႀကီးဘြဲ႔ဆူးက ေသာင္းဆင့္ကိုေတာ့ သည္းသည္းလႈပ္ ခ်စ္မိေနၿပီျဖစ္ၿပီး ေသာင္းဆင့္ကေတာ့ မထင္မွတ္စြာ အခ်စ္ခံေနရေလသည္။
ဒါေပမဲ့ လူေတြအားလံုး ေသာင္းဆင့္လိုေတာ့ လိုက္မလုပ္သင့္ေပ။
ေလာကမွာ သည္းခံတက္ေသာ ၊ ရိုးေျဖာင့္တက္ေသာသူက ကိုႀကီးဘြဲ႔ဆူးတစ္‌ ေယာက္သာ ရိွၿပီး ၊
ရုပ္ၾကမ္းႀကီးႏွင့္မလိုက္ဖက္ေအာင္ အမ်ိဳးမ်ိဳး
ခြၽဲပ်စ္ဖလစ္တက္ေသာ သူကလည္း ေဟာဒီက
ေသာင္းဆင့္ေလးသာ ရိွမည္။

ထို႔ေၾကာင့္ မည္သူမွ ေသာင္းဆင့္ ကံေကာင္းသလို ကံမေကာင္းႏိုင္ေပ။ ဘဝက ရုပ္ရွင္မဟုတ္သည္မို႔
ေသာင္းဆင့္အားအတုမယူသင့္‌။

ေနာက္ၿပီး ကိုႀကီးဘြဲ႔ဆူးသည္ လူမူ႔ဆက္ဆံေရး‌
မွာဆိုရင္ တစ္ဦးတစ္ေယာက္မွမယွဉ္ဝင့္ေအာင္ သိပ္သိပ္ေတာ္ပါ၏။
ဘြဲ႔ရပညာတက္ေလးျဖစ္တာတစ္ေၾကာင္းမို႔ ေသာင္းဆင့္ထက္
အေမ်ွာ္အျမင္လည္း ေကာင္းသူေလးျဖစ္သည္။
ေယာက်ာ္းယူတာမွန္ကန္ခဲ့တာမို႔ ေသာင္းဆင့္က
ကိုႀကီးဘြဲ႔ဆူး ရွာေကြၽးသမ်ွကို လိမ္လိမ္မာမာထိုင္စားရံုသာ။

သံုးရက္တစ္ခါ လာငွားတက္ေသာ ေထာ္လာဂ်ီ ငွားခသည္ အပိုဝင္ေငျြဖစ္ေပမဲ့ လံုေလာက္တာထက္ပို ေအာင္စုမိသည္။ အားရင္ ေရႊဝိုင္း သြားတက္ေပမဲ့
အၿမဲတမ္းေတာ့ သူမသြားျဖစ္ပါ။ ေရတစိုစိုႏွင့္ အခ်ိန္ၾကာႀကီး‌လုပ္ရတဲ့အလုပ္မို႔ သူ႔ေယာက်ာ္းကသူ႔အားမခိုင္းျခင္းပင္။ သို႔ေသာ္ တစ္ခါတစ္ရံေတာ့ ဝင္ေငြရိွေအာင္ သူသြားျဖစ္ေသးသည္။
သြားတိုင္းလည္းေရႊရတက္တာမို႔ ခုဆို သူ႔မွာအရင္လို ေရႊနဲ႔ေငြနဲ႔ျပန္ျဖစ္ေနၿပီျဖစ္သည္။
ကိုႀကီးဘြဲ႔ဆူး၏ေရႊဆိုင္ေလးက အစက အနည္းအပါးသာ ေရႊေကာက္ရေပမဲ့ ခုဆို အၿပံဳးခ်ိဳခ်ိဳ၊အေျပာခ်ိဳခ်ိဳတို႔ ေၾကာင့္ အေတာ္ေလး အေရာင္းအဝယ္ျဖစ္လာ၏။ အစုအေဆာင္းလည္းေကာင္းတာမို႔
ေသာင္းဆင့္တို႔လင္မယား ႏွစ္လ ေက်ာ္အတြင္းမွာ အေဖဆီေခ်းထားတဲ့ ပိုက္ဆံထဲမွ ေငြဆယ္သိန္းခြဲဆပ္ႏိုင္ခဲ့ၿပီး ေရႊအနည္းအက်ဉ္းလည္းစုမိေသး၏။
ထိုအထဲမွ ေရႊတစ္က်ပ္ခြဲသားကိုလည္း ကိုႀကီးဘြဲ႔ဆူးက ေသာင္းဆင့္အား လက္ေကာက္ကေလးလုပ္ေပးထားေလ၏။

ေသာင္းဆင့္သည္ သူ႔အျဖစ္ပ်က္တို႔အားေရႊခ်ိန္ရင္းစဉ္းစားမိကာ ေအာက္ေလ်ာက်ေနတဲ့ သူ႔လက္ေကာက္အား
အေပၚေျမာက္တင္ၿပီး ခါရမ္းလိုက္ ေလသည္။ တစ္ကြင္းထဲေသာ ေရႊလက္ေကာက္ကေလးသည္ ေသာင္းဆင့္လက္ႏွင့္ယွဉ္ရင္ေသးေသာ္ျငား ကိုႀကီးဘြဲ႔ဆူးဆင္ေသာ ပစၥည္းေလးမို႔အေတာ္‌ ေလးသေဘာက်ႀကိဳက္ႏွစ္ရ၏။ လူပ်ိဳတုန္းက ေရႊတကိုယ္လံုးဆင္ဖို႔က
သူ႔အိမ္မက္ျဖစ္ခဲ့ေပမဲ့ အမွန္တကယ္ ဆင္ေပးတဲ့သူကေတာ့ ခ်စ္ကိုႀကီးေလးသာ ။ သူဆင္ေပးရင္ေတာင္ ကိုႀကီးဘြဲ႔ဆူးကေရြမႀကိဳက္၍ ဝတ္မွာမဟုတ္။
အခုေတာင္ ေသာင္းဆင့္လက္မွာ တစ္ကြင္းထဲမို႔ တစ္ခြၽင္ခြၽင္မျမည္၊ ဒါကို ႏွင္းဆီဘြဲ႔ဆူး စိတ္တိုင္းမက်ျဖစ္ေနသည္။
ႏွစ္ကြင္းသာဝတ္ထားမည္ဆိုပါက တခြၽင္ခြၽင္သံစံုမည္ေနမွာ မလြဲေပ။ ေနာက္တစ္ကြင္းလုပ္ေပးအံုးမွဟုလည္း မၾကာခဏေျပာတက္ေသးသည္။ ကေလးမ်ားလို ေသာင္းဆင့္ကို
ေရႊလက္ေကာက္ ႏွစ္ကြင္းဝတ္ေနေစခ်င္တဲ့ ကိုႀကီးဘြဲ႔ဆူး၏စိတ္ကူးေလးက ဘယ္ေလာက္ေတာင္ ေသာင္းဆင့္ကို အခ်စ္ပိုေစလိုက္လဲဆိုတာ
သူတစ္ေယာက္သာသိ၏။

" ဘဲဘဲ နင့္အကို ဘယ္သြားလဲ"

ေရႊလာေရာင္းတဲ့ အမ်ိဳးသမီးအား ေသာင္းဆင့္ မ်က္ခံုးပင့္ၾကၫ့္ကာ ခပ္တည္တည္ျပန္ၾကၫ့္မိသည္။
မေန့က ကိုႀကီးဘြဲ႔ဆူး အနည္းငယ္ဖ်ားခဲ့သည္မို႔ ဒီမနက္ေတာ့ မထႏိုင္ေခ်။
တစ္မနက္လံုး ဟင္းအိုးကို‌ ေျပးၾကၫ့္လိုက္
ေရႊေျပးခ်ိန္လိုက္ႏွင့္ ေသာင္းဆင့္တစ္ေယာက္အားသည္ဟူ၍မရိွခဲ့။
လာသမ်ွလူအကုန္လံုးကလည္း ကိုႀကီးကိုသာေမးေနၾကတာမို႔ ေသာင္းဆင့္နည္းနည္းမွမၾကည္ျဖဴ ေတာ့ပါ။

" ေနမေကာင္းလို႔ အိပ္ေနတယ္"

‌" ငွက္ဖ်ားေတြ ျဖစ္ေနတယ္ ၊ဂရုစိုက္ေနာ္ ။
ဟိုအစြန္ဆံုးတဲက အရက္သမားေတာင္မွ
ေနမေကာင္းျဖစ္ေနတာၾကာၿပီ ၊ဒီမနက္ေတာ့ ဆံုးသြားၿပီတဲ့ "

ေလးရြာေတာႏွင့္ငွက္ဖ်ားကေတာ့ စံုတြဲေတြလိုပင္။
ေတာ္ေတာ္မ်ားမ်ား ငွက္ဖ်ားပိုးရိွၾကသည္မွာ သူတို႔မ်က္ျမင္ျဖစ္သည္။

" ကိုႀကီးဘြဲ႔ဆူးက ရိုးရိုးဖ်ားတာပါ "

ေဘာင္ခ်ာေရးရင္းသူတိုးတိုးေလး ေျပာလိုက္တာျဖစ္သည္။ တစ္ဖက္အမ်ိဳးသမီးၾကားမၾကားသူမသိေပမဲ့ စိုးရိမ္စိတ္ကေတာ့ အိပ္ယာထဲက ႏွင္းဆီဘြဲ႔ဆူးအေပၚမွာ သိသိသာသာတိုးျမင့္လာလ်က္။
ေငြစာရင္းရွင္းၿပီးခ်ိန္တြင္ ထိုအမ်ိဳးသမီး ျပန္သြား၏။ ေသာင္းဆင့္ အံဆြဲေသာ့ခတ္ရင္း
ၿငိမ္က်သြားသည္မွာ အသိစိတ္မရိွေတာ့သလိုပင္။
ငွက္ဖ်ားသာ ျဖစ္ရင္ ဒီမွာေဆးဝါးကမရိွနဲ႔၊
ဘာမွတက္ႏိုင္မွာ မဟုတ္။

" ဘဲဘဲေရ "

"ဗ်ာ"

တိုးသဲ့တဲ့အသံေလးေၾကာင့္ ေသာင္းဆင့္ အသိစိတ္ဝင္လာသၫ့္အတိုင္းဆတ္ခနဲ တုန္သြား၏။
ခပ္ျမန္ျမန္ထူးကာ ေသာ့တြဲအားဆြဲ၍ အိမ္ခန္းအတြင္းသို႔ဝင္သြားမိသည္။
ႏွင္းဆီဘြဲ႔ဆူးသည္အိပ္ယာထပ္မွာ ေဘးတစ္ေစာင္းအေနအထားႏွင့္လွဲေလ်ာင္းေနၿပီး လက္ကေလးတစ္ဖက္သည္ ျခင္ေထာင္အျပင္ကို ထြက္ေနေလသည္။
ကမန္းကတမ္းပင္ ထိုလက္ကေလးအား ျခင္ေထာင္ထဲ သြင္းလိုက္မိၿပီး

" ႏွင္းဆီဘြဲ႔ဆူး အျပင္မထြက္လာနဲ႔ေလ " ဟုစိုးရိမ္တႀကီးဆူလိုက္မိသည္။

သူ႔စကားေၾကာင့္ ႏွင္းဆီဘြဲ႔ဆူး ခပ္သဲ့သဲ့ရယ္ပါေတာ့၏။ ဇာျခင္ေထာင္သည္ ျပာလဲ့လဲ့အေရာင္ေလးျဖစ္ၿပီး ႏွင္းဆီဘြဲ႔ဆူးကိုလည္း ေသခ်ာျမင္ႏိုင္သည္။

" စိတ္မပူပါနဲ႔ ၊ကိုယ္ရိုးရိုးပဲေနမေကာင္းတာပါ "

"ျခင္ကိုက္မခံရရင္ အေကာင္းဆံုးမို႔လား "

" ဒါဆို တစ္ေနကုန္ေနရမွာလား၊ ကိုယ္အခု အေပါ့သြားခ်င္လို႔အဲ့ဒါဘယ္လိုလုပ္ရမလဲ "

ေသာင္းဆင့္ မၾကည္မလင္ျဖစ္ကာ ႏွင္းဆီဘြဲ႔ဆူးအားစိုက္ၾကၫ့္ေနမိသည္။
သူစိတ္ပူေနရသေလာက္ သူ႔ကိုႀကီးက ေအးေအးေဆးေဆးျဖစ္ေနသလိုပင္။
ပင့္သက္ရိႈက္လိုက္ခ်ိန္တြင္ သူ႔ရင္ဘတ္ႀကီး မို႔ေမာက္တက္လာ၏။ သူတကယ္ စိတ္ပူေနတာပဲ။
ေနလို႔လည္းမေကာင္းတာမို႔ ႏွင္းဆီဘြဲ႔ဆူး အိပ္ေနတဲ့ ျခင္ေထာင္‌ေလးကို အသာမတင္ေပးလိုက္၏။

" ျဖည္းျဖည္းထေနာ္ ၊ေခါင္းမူးေနလိမ့္မယ္ "

" ဟုတ္ပါၿပီကြာ "

" ေနမေကာင္းတာ တစ္ရက္ေလာက္ပဲ ရိွေသးတာကို မ်က္ႏွာေလး က်သြားတယ္ "

လက္ကိုတြဲထားရင္း သူ ညီးညီးၫူၫူ ေျပာလိုက္မိသည္။
ဒါကို ကိုႀကီးဘြဲ႔ဆူးက သေဘာက်သည္ထင္
သူတြဲထားတဲ့လက္ကေလးကို ၿပံဳးကာ တိုးဖက္လာ၏။

" တအားစိတ္မပူပါနဲ႔ ကေလးရာ ၊ ကိုယ္တကယ္ သက္သာေနပါၿပီ ၊ ေစာက ေျပာသြားတဲ့ အမ်ိဳးသမီးက ေစတနာနဲ႔သတိေပးတာပါ။
ကိုယ္အေနနဲ႔ မင္းဒီေလာက္ဂရုစိုက္တာ ဘယ္ငွက္ဖ်ားပိုးက ဝင္ႏိုင္မွာတဲ့လဲ "

"သတိဆိုတာ ပိုတယ္လို႔မွမရိွတာ ၊ ေသာင္းဆင့္ေျပာတာကိုပဲ ဂရုစိုက္စမ္းပါ "

" ေအးပါ၊ ကိုယ္နားလည္ၿပီ။ ခုေတာ့ အေပါ့သြားလိုက္အံုးမယ္ ၊ ေဆးေသာက္ဖို႔ တစ္ခုခု စီစဉ္ထားေပးလို႔ရမလား "

" ထမင္းဆီဆမ္းေလးနဲ႔ၾကက္ဥျပဳတ္ေလးနဲ႔စားမလားဟင္၊ မနက္က ၾကက္ဥျပဳတ္ထားတယ္"

" ဘာေနေန ရတယ္ ၊ကဲသြားသြား၊ ဟိုထိလိုက္မလာနဲ႔ေတာ့ "
သူ႔စကားနားေထာင္ကာ ေသာင္းဆင့္အိမ္ထဲျပန္ဝင္သြား၏။ ေသာင္းဆင့္တအားလိမ္မာလာတာမို႔
ဘြဲ႔ဆူးစိတ္ခ်မ္းသာရသည္။
အရက္ကိုလည္း မခိုင္းေစပဲျဖတ္ေပးၿပီး
ခ်စ္ေအာင္လည္းေနတက္သည္။ အဓိကက မ်က္လံုးေလးေတြ။ ျဖဴျဖဴစင္စင္ေလးေတြမို႔ စိတ္ဆိုးေနတာပဲျဖစ္ျဖစ္ေပ်ာ္ေနတာပဲျဖစ္ျဖစ္ သိသိသာသာေဖာ္ျပႏိုင္စြမ္းရိွ၏။

ဘြဲ႔ဆူးျပန္ေရာက္ေတာ့ ထမင္းဝိုင္းမွာ အေငြ့တလူလူထြက္ေနတဲ့ထမင္းပန္းကန္ကအဆင္သင့္ ။
ၾကက္ဥျပဳတ္ ေလးျခမ္းကိုပါ ပန္းကန္ရဲ့ေဘးမွာ ဆီနည္းနည္းဆမ္းကာခ်ေပးထားလ်က္။

မနက္ဆို ဖိုးေထြးက ေဝလီေဝလင္းကတည္းက ထကာ ေရခပ္ေပး ဆိုင္တံခါးဖြင့္ေပးလုပ္ခဲ့သည္။
သူမသြားခင္ မေန့က က်န္တဲ့ ထမင္ၾကမ္းကိုစားကာ
အခ်ိန္အားရင္ ထမင္းအိုးတစ္လံုးတည္ခဲ့ေပးတာအၿမဲတမ္းလိုလိုပင္။
မအားရင္ေတာ့ ဘာမွမလုပ္ေပးခဲ့သည္မို႔
ေသာင္းဆင့္ဘာသာ ခ်က္ရသည္။
ညေနပိုင္းအိမ္ျပန္ေရာက္လာရင္ေတာ့ ဖိုးေထြးက လုပ္စရာရိွတာသူအကုန္လုပ္ေပးတက္တာမို႔
ထင္းေခြ နဲ႔ ေရခပ္ကေတာ့ ေသာင္းဆင့္သိပ္မလုပ္ရ၊ဖိုးေထြးက အိမ္သံုးေရကိုေတာ့ အလ်ံအပယ္ပင္ခပ္ေပးေလ့ရိွ၏။

" ထိုင္ေလ ၊ ေရႏြေးေလးေရာေသာက္မလား"

" အင္း၊ မင္းေရာ ဘာစားၿပီးၿပီလဲ"

ေသာင္းဆင့္ေခါင္းရမ္းျပကာ ဘြဲ႔ဆူးထိုင္တဲ့ေဘးကပ္ထိုင္လာသည္။ လက္ကလည္း တဆက္ထဲ ေရႏြေးၾကမ္းပါ ငွဲ႔ေပးေသးသည္။

" စားမလား ကိုယ္ေကြၽးမယ္ "

" အင္း ေန့ခင္းစာေရာ ဘာစားခ်င္လဲ၊ အမွန္ဆို
က်ဳပ္က ဓညင္းသီးစားခ်င္တာ ၊ကိုႀကီးဘြဲ႔ဆူးအားနာလို႔ "

ဘြဲ႔ဆူး သူအရင္စားၿပီး ေနာက္တလုတ္ကို ေသာင္းဆင့္အားၾကက္ဥအနည္းဖဲ့၍ တစ္ဇြန္းေကြၽးၿပီး ေရႏြေးၾကမ္းေသာက္ေစ၏။
တစ္ပန္းကန္ထဲငွဲ႔ထားတဲ့ေရႏြေးမို႔ ေသာင္းဆင့္‌ေသာက္ၿပီးသၫ့္အခါ ဘြဲ႔ဆူးက ေနာက္တစ္ခြက္မငွဲ႔ခင္ ေအးၿပီးသား ဟာအား ယူေသာက္ရသည္။
တစ္ဇြန္းထဲကို ႏွစ္ေယာက္စားေနရသည္ကိုလည္း
စိတ္ထဲမသိုးမသန႔္မျဖစ္မိ။

" စားေပါ့ ၊ ဒါေပမဲ့ ဓညင္းသီးက စားတိုင္းမ‌ေကာင္းဘူး၊ ေဘးျဖစ္တက္တယ္ ၊ ကိုယ္က မင္းနံမွာစိုးလို႔မဟုတ္ဘူး။ အဓိကက မင္းေနမေကာင္းျဖစ္မွာစိုးတာ ၊ ဒါေပမဲ့ တစ္ခါတစ္ေလပဲဆိုေတာ့ ကိုယ့္ကိုပူမေနနဲ႔ေလ စားခ်င္စားလိုက္။ ဘဲဘဲ အရက္ေသာက္တုန္းကေတာင္မွ ကိုယ္က အတူတူ‌ ေနခဲ့တဲ့သူပဲ ဓညင္းသီးနံေလာက္ကေတာ့ ကိုယ္ကအေပ်ာ့ပါကြ"

ဘြဲ႔ဆူးစကားေၾကာင့္ ေသာင္းဆင့္ မ်က္လံုးေလးေတြေတာက္လာ၏။
ေသာင္းဆင့္က အေခ်ာ့ႀကိဳက္ ။
ေခ်ာ့ေျပာေလ ႀကိဳက္ေလ။ အဲ့ဒီအခ်ိန္မွာဆို ေသာင္းဆင့္ ရုပ္ကေလးက ေခြးကေလးလို အၿမီးေလးပါကတလႈပ္လႈပ္နဲ႔ လႈပ္ခတ္ေနမွာမလြဲ။

________

လမိုက္ညမို႔ အလင္းေရာင္မဲ့ကာ ပတ္ဝန္းက်င္ကလည္း တိတ္တိတ္ဆိတ္ဆိတ္။
ဖိုးေထြးသည္ အေငြ့ေသစျပဳေနၿပီျဖစ္တဲ့ေျမအိုးထဲအား နႏြင္းတက္တို႔ထပ္မံပစ္ထၫ့္လိုက္သည္။
အလံုးအရင္းတက္လာေသာ အခိုးေငြ့တို႔ၾကား
ေသာင္းဆင့္တို႔သံုးေယာက္ အေတြးကိုယ္စီႏွင့္ထိုင္ေနၾကသည္။

ဖိုးေထြးသည္ သူတစ္ကိုယ္တည္း ဝိုင္းတည္ေနရတာမို႔ အေတာ္ေလး ပ်င္းရိေနပါ၏။ အရက္ခြက္အားေမာ့ကာ ခါးသီးျပင္းရွေသာ အရသာအား ခံစားရင္း
အဆံုးသတ္မွာ ေရတစ္ငံုကို သူေသာက္ျဖစ္သည္။
သူသည္ ေသာင္းဆင့္လိုေတာ့ အရက္မျဖတ္ႏိုင္ပါေပ။
အၿမဲမေသာက္တက္ေပမဲ့ ညပိုင္းကိုေတာ့ အနည္းငယ္ ေသာက္ျဖစ္ေနေသးသည္။
အျမည္းသည္ကား ေသာင္းဆင့္လက္ရာ ဝက္ဓညင္းခ်က္ျဖစ္၏။ ဝက္သားနဲ႔ဓညင္းသီးခ်က္အား ေသာင္းဆင့္ႏွင့္သူကေတာ့အေတာ္ေလးႀကိဳက္ေပမဲ့ အကိုဘြဲ႔ဆူးကေတာ့စားတာမျမင္။

" မနက္ဖန္ ကိုသန႔္စင္တို႔လင္မယားျပန္မွာဆို ။ "

ဘြဲ႔ဆူး ဖိုးေထြးကိုၾကၫ့္ကာေျပာလိုက္သည္။
ေန့ပူေပမဲ့ ညကေတာ့ ရာသီဥတုက ေအးစိမ့္စိမ့္။
ေသာင္းဆင့္ သည္ကြတ္ပ်စ္ေပၚမွာ ေျခဆင္းထိုင္ေနတဲ့ ဘြဲ႔ဆူးေျခေထာက္ေတြအားေစာင္ပါးေလးလြမ္းၿခံဳေပးလိုက္ရင္း အဝတ္ပါးတစ္ထည္ျဖင့္လည္း ျခင္မကိုက္ေအာင္ခါရမ္းေပးေနေလသည္။

" ဟုတ္တယ္အကိုဘြဲ႔ဆူး။
အမက လရင့္ေနၿပီ၊ဒီမွာဆိုေမြးဖို႔ဖြားဖို႔ကလြယ္တာမဟုတ္ဘူး။ အခ်ိန္ရိွတုန္းသူတို႔ကိုအိမ္ျပန္နားခိုင္းထားတာ"

" မင္းေရာ ျပန္လိုက္မွာလား"

ဖိုးေထြးက ကိုသန႔္စင္နဲ႔အလုပ္တြဲလုပ္သူမို႔
ရင္းရင္းႏွီးႏွီးလည္းရိွလွသည္။ကိုသန႔္စင္က
ညီအကိုေမာင္ႏွမမရိွတဲ့တစ္ေကာင္ႂကြက္ဆိုေတာ့
အေနနီးတဲ့ဖိုးေထြးကိုညီတစ္ေယာက္လိုခ်စ္တာမဆန္း။ ေန့ခင္းဆို ဖိုးေထြးက ကိုသန႔္စင္တို႔အိမ္မွာသာ ထမင္းစားတက္ၿပီး အိမ္ကို ျပန္လာစားတယ္ဆိုတာခပ္ရွားရွား။

" လိုက္မွာ အကိုဘြဲ႔ဆူး။ အိမ္ခဏအလည္ျပန္အံုးမလို႔ေလ ၊ ဒီရက္ပိုင္း ကြၽန္ေတာ္စုထားသမ်ွေလးကိုလည္းေရာင္းရအံုးမယ္၊ ၿပီးေတာ့ ကိုသန႔္စင္ကလည္း
ခဏခဏေနမေကာင္းျဖစ္ေနတာ၊ ေဆးခန္းေလးဘာေလး ေသခ်ာျပေပးမိလို႔"


" ေနမေကာင္းျဖစ္တာၾကာၿပီလား ။ ကိုယ္လည္းမသိလိုက္ရဘူး၊ ငွက္ဖ်ားေတျြဖစ္ေနၾကတာ ဘယ္သူဖ်ားဖ်ား စိုးရိမ္ရတယ္"

ဘြဲ႔ဆူးအၾကၫ့္ကာ ေသာင္းဆင့္ဆီေရာက္လာတာမို႔ စကားမေျပာပဲေနမရေတာ့။

" ကိုႀကီးဘြဲ႔ဆူးကိုေျပာဖို႔ မႀကံဳတာနဲ႔ေမ့သြားတာ။
ေနမေကာင္းျဖစ္လို႔ေမးလိုက္ရင္လည္း ကိုသန႔္စင္က
ေပ်ာက္ၿပီပဲေျပာေနေတာ့ က်ဳပ္လည္း သိပ္စိုးရိမ္စရာမရိွဘူးထင္လို႔ေလ။ ခုတေလာငွက္ဖ်ားကပိုပိုဆိုးလာမွ ေနမေကာင္းျဖစ္တာ စိုးရိမ္ရတယ္ဆိုတာ က်ဳပ္လည္း သိလာတာ။ ႏို႔မို႔ဆို အေစာႀကီးကတည္းက သတိေပးတာေပါ့"

ေသာင္းဆင့္က တကယ္ သတိေပးဖို႔ေမ့ေနဟန္မို႔ ဘြဲ႔ဆူး သက္ျပင္းခ်ကာ အၾကၫ့္ကို လႊဲလိုက္ရသည္။
ေသာင္းဆင့္ေတာင္မွ ေရကိုက်ိဳခ်က္ေသာက္ရတယ္ဆိုတာ ရြာမွာ သာဒင္အေဖေျပာလိုက္လို႔သိတာ။
က်န္းမာေရးဗဟုသုတကလည္းေတာသူေတာင္သားေတြမို႔ နည္းပါးလွသည္။

" မေပါ့နဲ႔ဖိုးေထြး။ အိမ္ျပန္ေရာက္ရင္ ေဆးရံုေဆးခန္းေခၚသြားၿပီး ေသခ်ာျပေပးလိုက္။ မေအးျမကေရာ ဘယ္ေတာ့ေလာက္ေမြးမွာတဲ့လဲ၊ ေငြေၾကးေရာ အဆင္ေျပရဲ့လား။ လူမူ႔ေရးဆိုေတာ့ ဒီတစ္ခါ ကားခ မေတာင္းနဲ႔ေနာ္ၾကားလား "

" ေနာက္လလို႔ေျပာတာပဲ ကြၽန္ေတာ္လည္းေသခ်ာမသိဘူး။ ပိုက္ဆံကမေတာင္းပါဘူး။ အကိုေရာ ဘေထြးဆီဘာမွာအံုးမလဲ"

" မင္းျပန္ေရာက္ရင္ အကိုလည္းခဏျပန္အံုးမယ္ေလ ။ ဒီတစ္ေခါက္ သာဒင္လိုက္ခဲ့မွာမို႔လား။ "

" လိုက္ခဲ့ရမွာေပါ့။ ကြၽန္ေတာ္ မပါမျဖစ္ေခၚခဲ့မွာ အဲ့ေကာင္ကို"

ဘြဲ႔ဆူးစကားေၾကာင့္အရက္ေသာက္ရင္း ဖိုးေထြးၿပံဳး၏။ ‌သာဒင္ ၊ဒီေကာင္ႀကီးကို သူသတိရေနၿပီ။
ခါတိုင္းပုခံုးဖက္ၿပီး ရြာတန္းလည္ေသာက္ေနတဲ့ေကာင္က ခု အရက္ျဖတ္လိုက္ၿပီဆိုေတာ့ သူ႔မွဘက္မရိျွဖစ္ေနတာ။

သာဒင္ေရာက္ရင္ေတာ့အဆင္ေျပသြားလိမ့္မည္။
အိမ္မွာဆို သူနားဒုကၡမခံႏိုင္၍ ကိုသန႔္စင္တို႔တဲမွာသာ သြားအိပ္ျဖစ္တာမ်ားသည္။
မဟုတ္ရင္ ေသာင္းဆင့္ဆီမွ ကိုႀကီးဘြဲ႔ဆူးေရ ဆိုတာနဲ႔ အကိုဘြဲ႔ဆူးဆီမွ ဘဲဘဲေရ ဆိုတာမ်ိဳးႀကီးေၾကာင့္
ထမင္းစားလည္းမေျဖာင့္။ အိပ္ရတာလည္း
မအိပ္ႏိုင္။ ေတာ္ေတာ္ဒုကၡေရာက္ခဲ့သည္။
သာဒင္လာရင္ေတာ့ သူ႔ဒုကၡကိုေပးေဝခံစားခိုင္းရမည္။

ခ်စ္တဲ့အိမ္စည္။

Bạn đang đọc truyện trên: ZingTruyen.Xyz