ရုပ်ဆိုးတဲ့နှင်းဆီ (Completed)
23
ရာသီဥတုသည် ပူပြင်းလှချေသည်။
နေရောင်မကျရောက်သော ပိတောက်ရိပ်အောက်မှာ
တောင် ပူလောင်မူ့ကို သိသိသာသာခံစားနေရသည်မို့
မိုကာတဲတို့နှင့်အရိပ်မရှိတဲ့ ကွင်းပြင်မှာနေရသူတို့ဆိုမည်မျှပူမည်နည်း။
မသက်မသာပင်ဂတ်စ်ကိုဖွင့်ကာ လာရောင်းနေတဲ့ရွှေအား မီးဖုတ်လိုက်သည်။
ရွှေသည် မီးဖုတ်ပြီးသားမို့ အဝါရောင် ဖြစ်နေပြီသားပင်။ သို့သော် ပြဒါးကုန်အောင် ထပ်မံ၍ မီးဖုတ်ရ၏။ မီးမနိုင်လို့ ပြဒါးကျန်လျှင် ရွှေပြန်ရောင်းချိန်မှာ ရွှေအလေးချိန်လျော့တက်ပါ၏။ ထိုးစိုက်ထားသော မီး၏ ပူလောင်မူ့ကြောင့် ရွှေခဲလေးသည် တဖြည်းဖြည်းရဲလာ၏။
ရွှေဖမ်းဖို့ ပြဒါးကို သုံးရသည်ကြောင့် ရွှေစိမ်းသည်
ငွေရောင် ရှိတက်သည်။ မီးကြောင့် ပြဒါးသည် တဖြည်းဖြည်းလွင့်ပါးလာပြီးရွှေသည် အဝါရောင်တောက်လာကာ ရွှေကျက်လာခဲ့သည်။
ဘွဲ့ဆူး မီးကိုပိတ်လိုက်ပြီး ညှပ်ဖြင့်ရွှေခဲအားကောက်လိုက်ပြီး ချိန်ခွင်မှာ တင်လိုက်သည်။
" ဆယ့်တစ် ရွေးလောက်များရှိနေမလား"
ကိုယ့်ဘာသာကို ရေရွတ်လိုက်တာဖြစ်ပေမဲ့ လာရောင်းတဲ့အမျိုးသမီးက ကလေးကို ပွေ့ကာ
" ဟိုဖက်ဆိုင်မှာ ချိန်ခဲ့တာ ဆယ်ရွေးတောင်မပြည့်ဘူး "
" ဟုတ်လား ဒီမှာတော့ ဆယ့်တစ်ရွေးကို ဆန်တစ်စေ့ပဲ လျော့တယ် "
ချိန်ခွင်မှာတန်းနေတဲ့ ဘောင်လေးအား သေချာကြည့်ကာ ဘွဲ့ဆူးပြောလိုက်သည်။
ဒီမှော်ထဲမှာရှိသော ရွှေဝယ်ဒိုင်တွေသည် ချိန်ခွင်အလေး ကြီးကြသည်။ ဘွဲ့ဆူးအလေးက အလေးကြီးမဟုတ်၊ သို့သော် အဝယ်ဒိုင်မို့ ပုံမှန်ထက်အနည်းငယ်တော့ကြီးပေသည်။
ဘောင်ချာမှာ ဈေးသေချာရေးကာ ငွေထုတ်ရှင်းပေးလိုက်တော့ အမျိုးသမီးက ခန့်မှန်းတာထက် များနေသော ငွေအားကြည့်၍ "နောက်ဒီဆိုင်မှာပဲ လာရောင်းတော့မယ်" ဟုဆိုသည်။
ထိုအမျိုးသမီးအပါအဝင် ဒီနေ့မနက်ရွှေလာရောင်းတဲ့သူ သုံးဦးရှိပြီဖြစ်သည်။
ဆိုင်ဖွင့်ရက် လေးရက်အတွင်းမှာ ဘွဲ့ဆူး ဆီမှာရွှေလာရောင်းပေးကြတဲ့သူ အနည်းငယ်ရှိပြီဖြစ်၏။
အများစုမှာ နေ့ခင်းသစ်ပင်ရိပ်အောက်လာအနားယူကြတဲ့ အမျိုးသမီးများဆီမှ ဖြစ်သည်။
တဖြည်းဖြည်းနဲ့ အလေးမှန်သည်ဟု နာမည်ရလာကာ တစ်ယောက်စနှစ်ယောက်စအပြင် ၊တခြားမရင်းနှီးတဲ့လူများ လာရောင်းပေးတက်ကြသည်မို့ လုပ်ငန်းလေး အဆင်ပြေစပြုပြီဟု ခန့်မှန်းရမလို။
" ဘဲဘဲ ဘာဟင်းချက်မှာလဲ "
အထုတ်အပိုးတွေဆွဲကာ သောင်းဆင့်ဝင်လာ၏။
နှုတ်ခမ်းမှာလည်း ဖက်ကြမ်းတစ်လိပ်ခဲကာ
လက်နှစ်ဖက်လုံး အထုတ်အပိုးများပလုံစီလျက်။
" ကြက်သားဝယ်လာတယ် ၊အာလူးလေးနဲ့ရောပေးမယ်လေ ၊ ကြိုက်တယ်မို့လား ကိုကြီးဘွဲ့ဆူး "
ဈေးကား သည် လေးရက်တစ်ခေါက်လာ၏။
ထိုအချိန်မျိုးဆို အလုအယက်ဈေးပြေးဝယ်ရပြီး
လေးရက်စာလောက်အပို ဝယ်ခြမ်းရသေးသည်။
သောင်းဆင့်က ကားလာတဲ့နေ့ဆို လိုအပ်တာဝယ်ရအောင်သူသွားသည်။
ရာသီဥတုက တအားပူတာမို့ မနက်ခင်းချက်ပြုတ်ဖို့ သူတာဝန်ယူထားသည်။
ဘွဲ့ဆူးကတော့ ဟိုယောင်ယောင်ဒီယောင်ယောင် လာသမျှဧည့်သည်ဖြင့် စကားပေါကာ အချိန်ဖြုန်းတက်၏။
ဒီနေ့တော့ ဧည့်သည်မရှိသည်မို့ ကြက်သားအိုးပြင်နေတဲ့သောင်းဆင့်ဘေးသွားကာ ကြက်သွန်ဖြူထိုင်သင်ပေးမိသည်။
ဖက်ကြမ်းဆေးလိပ်ကို သောင်းဆင့်က ခဲထားဆဲမို့စကားပြန်ပြောတာမျိုး တော့မရှိ။ ဘွဲ့ဆူးပြောသမျှသာ နားထောင်နေပြီး အလုပ်ကိုဆက်တိုက်လုပ်နေသည်။
" ဆေးလိပ်ကြီးက ချထားကွာ။ ကိုယ်စကားပြောနေတာ မသိရင်အရူးလိုပဲ "
" ကိုကြီးဘွဲ့ဆူးရာ ၊သူ့ဘာသာ ပါးစပ်မှာပဲ ခဲထားတာပါ သောက်တာလည်းမဟုတ်ပဲနဲ့ "
မသောက်ပဲ ဆေးလိပ်ကြမ်းကို ခဲထားတက်တာဘာအကျင့်မှန်းမသိ။ ဘွဲ့ဆူးပြောတော့ ဆေးလိပ်ကို တဲခေါင်ကြားသွားညှပ်ကာ ထပ်မခဲတော့။
သိမ်းတဲ့နေရာကလည်း ဟိုထိုးဒီထိုး။ ပြီးရင်အဲ့ဆေးလိပ်ကို သွားသွားရှာရတာအလုပ်တစ်လုပ်ဖြစ်သည်။ ဘယ်နေရာထိုးသလဲဆိုတာ ဘွဲ့ဆူးကပဲသေချာကြည့်ကာ မှတ်ထားရသည်။ မဟုတ်ရင် တအိမ်လုံးဟိုလှန်ဒီလှန်ရှာကာ သူဘယ်နားထားသလဲ ပြန်မမှတ်မိတက်ပေ။
" ဘဲဘဲရေ ဟိုညှပ်ဒီညှပ်လုပ်ပြန်ပြီ "
မကျေနပ်သလို ဆူပူမိတော့ သောင်းဆင့် ကြက်သားအိုးကြီးဘေးချကာ ဘွဲ့ဆူးနားပြေးလာ၏။
ထို့နောက်ပုခုံးပေါ်မေးတင်ကာ နားထင်စပ်အားဖိနမ်းလေသည်။
" နှင်းဆီဘွဲ့ဆူး အဲ့လိုပြောရင် ကျုပ်နေရတာ တကယ်မသက်မသာကြီး "
" မင်းပဲ ဘဲဘဲဆို။ ခေါ်တာ ကြိုက်တယ်မဟုတ်ဘူးလား"
" နှင်းဆီဘွဲ့ဆူးလေး ခေါ်ရင်ညီလေးမ ကြိုက်ပဲေနမလား ၊ ခက်တာက တမှော်လုံး ကျုပ်ကို ဘဲဘဲ ပဲခေါ်နေတာကို မဖြေရှင်းတက်တော့တာ။ ရွာမှာဆို သောင်းဆင့် အကြည့်တစ်ချက်ပေးလိုက်တာနဲ့ အကုန်ပွဲပြီးမီးသေပဲ။ ဒီမှာတော့ တစ်ယောက်မှ ညီလေးကို မကြောက်ကြဘူး။ ပြောလေကဲလေ မန်းလေးပြဲလေပဲ။ အဝေးကနေ တွေ့လိုက်တာနဲ့
ကိုဘဲဘဲ ဘယ်လဲဆိုပြီး အော်မေးတော့တာ အဆိုးဆုံး"
ကလေးတစ်ယောက်လို တိုင်တန်းရင်း ကြက်သွန်ခွာနေတဲ့ ဘွဲ့ဆူးလက်ပေါ်က ခပ်စိမ်းစိမ်းသွေးကြောတွေကို လက်ဖျားနဲ့ လိုက်တို့လိုက်သေးသည်။
ဒီကောင် အသက်ကြီးတယ်ဆိုပေမဲ့ ဘယ်ချိန်ကတည်းက နွဲ့ချင်နေသလဲမသိ။
သူ့ဘာသာတစ် ယောက်ထဲနေရင် ဆေးလိပ်ကြီးခဲကာ လူမိုက်ရုပ်လိုမျိုး ခပ်တည်တည်အထာပေးနေတက်ပေမဲ့
နှင်းဆီဘွဲ့ဆူးရှေ့ ရောက်လာပြီဆိုရင်တော့ နွဲ့လိုက် ချွဲလိုက်တာမှ မှော်ထဲက ကလေးများအမေ ဒေါ်ဒါဇင်ပိုခေါ်ဒေါ်နွဲ့၏ နာမည်အား သူ့ကိုလက်လွှဲပေးရ
မလိုလို။
မသိမသာ မင်းနာမည် ကိုဖိုးနွဲ့လို့ ပြောင်းလိုက်မယ်များပြောကြည့် နာလိုက်တာမှ ဆတ်ဆတ်ကိုခါနေတာပဲ။
ဒေါ်နွဲ့ရဲ့အမည် ဒေါ်ဒါဇင်ပိုဖြစ်ရတာက အကြောင်းရှိသည်။
အသက်က ငါးဆယ်နီးပါးရှိပေမဲ့ ဒေါ်နွဲ့မှာ
ငါးနှစ်အရွယ် ကလေးတောင် ရှိ သေးသည်။
ဒါတင်မကသေး အကြီးအသေးစုံလင်ကာ
အမျိုးအစားမတူညီသော ကလေးပေါင်း ဆယ်နှစ်ယောက်ရှိသည်ကြောင့် ဒါဇင်ပိုဟုသာခေါ်ကြ၏။
နောက်ပြီး ဒေါ်ဒါဇင်ပိုလာရင် သောင်းဆင့်ကို သူ့အိမ်က ဘယ်သမီးကြိုက်သလဲ မင်းနဲ့ဆို ပေးစားမယ်ဟု စတက်သည်မို့ သောင်းဆင့်မှာ စွေ့စွေ့ခုန်လျက်
စိတ်ဆိုးတက်၏။
"ကဲ ဖယ်တော့ ၊ ကြက်သားအိုးကို ပြီးအောင်ပြင်ပြီး
ရွှေကျင်လေး ဘာလေးထွက်အုံး။ မနေ့က ဖိုးထွေးတောင်မှ ကိုသန့်စင်နဲ့ လိုက်သွားတာ နှစ်ရွေးရခဲ့သေးတယ်။ မင်းဘာအလုပ်မှမလုပ်ပဲထိုင်နေလို့မဖြစ်ဘူးလေ။ သူစိမ်းကရှိသေးတယ်။ သွားသွား။ လုပ်စရာရှိတာလုပ်ပြီးရွှေရှာထွက်တော့ "
" အဲ့လိုပဲ မချစ်တော့လည်း အပြစ်ပဲမြင် နေတော့တာ။"
ပြောပြီး ထထွက်သွားသည်။
မရည်ရွယ်ပဲပြောလိုက်တာဖြစ်ပေမဲ့ ဘွဲ့ဆူးကတော့အောင့်သက်သက်။
ဒီကောင်စကားကို ရှေ့နောက်ဘယ်တော့မှမကြည့်ပဲပြောတက်တာဆိုးသည်။
အငယ်မို့ ဆိုးသည်ဟုပြောရအောင်လည်း ရုပ်က လေးဆယ်ကျော်ရုပ်နဲ့။
" သောင်းဆင့်ရေ ဆက်ပြောနေရင် တကယ်မချစ်ပဲထားလိုက်တော့မှာ "
ဟောကြည့်။ ပေစောင်းစောင်းလှည့်ကြည့်တဲ့ပုံက
မသိရင် ထရိုက်တော့မှာလိုလို။
သက်ပြင်းချကာ ခွာပြီးသားကြက်သွန်ဖြူတွေကို တစ်ခုခြင်းကောက်နေတုန်း ပါးပြင်ဆီမှ စူးခနဲဖြစ်သွားသည်။
" ဟာ သောင်းဆင့် "
အားပြင်းပြင်းတစ်ချက်ကိုက်ကာ လွှတ်လိုက်တော့
နှင်းဆီဘွဲ့ဆူးပါးပြင်မှာ သွားရာအကွင်းလိုက်။
သောင်းဆင့် ကျေနပ်စွာ ကြည့်ပြီး ရုန်းမရအောင်ကိုင်ထားတဲ့လည်ပင်းလေးကို ဖြည်လွှတ်ပေးလိုက်ရင်း
" ကြက်သွန်ဖြူနဲ့ဂျင်းကို ရောထောင်းပြီး အိုးထဲထည့်လိုက်တော့ ၊ ကျန်တာ အကုန်ထည့်နှယ်ပြီးပြီ။
ကဲ မောင်အလုပ်သွားတော့မယ် နှင်းဆီဘွဲ့ဆူး ။
လိမ်လိမ်မာမာနေခဲ့တော့"
လက်ပြကာ ပြေးထွက်သွားသော သောင်းဆင့်အားငေးကြည့်ရင်း အဆုံးသတ်မှာ ပြုံးကျန်ရစ်ခဲ့တာ နှင်းဆီဘွဲ့ဆူးသာ။
သောင်းဆင့်က ချစ်အောင်နေတက်တာလား
ဒါမှမဟုတ် သူကပဲ ချစ်မိသွားလို့အပြစ်မမြင်တော့တာလားမသိ ၊ဘာလုပ်လုပ် သောင်းဆင့်ကို ဆိုရင် ချစ်စရာလေးလို့ပဲတွေးနေမိတာ သူကဲကဲသဲသဲများဖြစ်နေလေမလား။
_____
ရာသီဥတုက မနက်ခင်းပဲရှိသေးတာတောင်မှ
ပူချက်က ချွေးတွေ ရွဲနေသည်အထိ။
သောင်းဆင့် အင်ဝိုင်းနဲ့ ဂေါ်ပြားအား လက်ကနေဆွဲရင်း တောင်ကျချောင်းရှိရာကိုထွက်လာခဲ့လိုက်သည်။
ရွှေကွက်ရပ်က လူသိလာတော့ တစ်နေ့ တစ်နေ့
လူသစ်တွေအများကြီးရောက်လာကြတာသိသိသာသာပင်။
လေးရွာတောကြီးထဲမှာ သဘာဝရတနာက
ဘယ်ရွေ့ဘယ်မျှရှိမည်မသိ။
ရွှေကြောမှာ ရွှေဖောက်လာလို့ ဒီထက်ပို ကျော်ကြားလာရင် သူတို့ မသိမသာလုပ်စားခွင့်ရှိတော့မည်မဟုတ်။
မဖြစ်လာသေးတဲ့အကြောင်းတွေကို တွေးမနေတော့ပဲ
သောင်းဆင့် ခပ်မြန်မြန် ချောင်းရှိတဲ့နေရာကိုသွားလိုက်သည်။
ဒီနေရာမှာ ရွှေကျင်တဲ့ နည်းက နှစ်နည်းရှိသည်။
ပထမနည်းက အင်ဝိုင်းနဲ့မြေကိုတူးစွလှည့်တဲ့နည်း။
ဒုတိယနည်းက မျောစင်အသေးပေါ်မှာ ကော်ဇောခင်းပြီး မြေကြီးတင်ရေလောင်းချတဲ့နည်း။
သူက လက်လှည့်အင်ဝိုင်းထက်ပိုပြီး ရွှေပါနိုင်သည်။
ဒီတောက လောလောဆယ်ဆယ် နယ်ခံတဝိုက်သာ
လုပ်စားနေတဲ့နေရာမို့ အကြီးအကျယ် ရွှေကြောဖောက်တဲ့သူမရှိသေး။
အဲ့လိုမျိုးလည်း သောင်းဆင့်ကမလုပ်စေချင်ပါ။
ထို့သို့သော လူမျိုးပါ ရောက်လာပါက စက်ကရိယာများဖြင့် လေးရွာတောကို မြေလှန်ရှာကြမှာဖြစ်သည်။
နည်းမျိုးစုံဖြင့်ရွှေရှာမည်ဆိုပါက လေးရွာတောသည် တဖြည်းဖြည်းပျက်စီးလာမည်သာ။
ထိုအချိန်မျိုးဆို သူတို့လို လက်လုပ်လက်စားများနေစရာပျောက်မည်ဖြစ်ပြီး ၊ ရရှိလာမည့် အကျိုးအမြတ်ကိုလည်း ငေးမောကြည့်ခွင့်တောင်ရလိုက်မှာမဟုတ်တော့။
သောင်းဆင့် ဒူးလောက်ရှိသော ချောင်းရေအား ငေးကာ ဘယ်နေရာကနေ စတူးရရင်ကောင်းမလဲစဉ်းစားနေမိသည်။ ချောင်းရေစီးဆင်းရာ တလျှောက်လုံး လူတွေအများကြီး အင်ဝိုင်းလှည့်နေကြ၏။
ဖိုးထွေးကတော့ ကိုသန့်စင်နဲ့ပေါင်းမိကာ မနက်ဆို စောစော ထမင်းကြမ်းစားကာ ထွက်သွားတက်သည်။
သောင်းဆင့် ငေးမောမနေပဲ လူတွေထိုးစွရှာထားသော နေရာတွေကို ကွင်းကာ ကျောက်တောင်ကျောက်ခဲတို့အောက်က မြေကြီးတို့အားတူးစွလိုက်သည်။
ဖိုးထွေးပါလာရင်တော့ ထိုမြေကြီးတွေအားသူတူးစရာမလိုပေ။
သို့သော် ဖိုးထွေးက သူ့အား စိတ်နာသွားပြီဖြစ်သည်။
မနက်ဆို နှင်းဆီဘွဲ့ဆူးနှင့်ကလူကျီဆယ်လုပ်ကာအိပ်ယာထဖို့ပျင်းသည်ကြောင့် ဖိုးထွေးက သူ့အား အဖက်မလုပ်တော့ပဲ စောစီးထကာ ကိုသန့်စင်နှင့်ပါသွားတက်၏။
သူတစ်ယောက်ထဲမို့ ရွှေကျင်ရတာ ပျင်းရိပြီးအထီးကျန်စရာလည်းကောင်းပါ၏။
အများသူငှာသည် နှင်းဆီဘွဲ့ဆူးလောက် လောကွတ်မကောင်းတာကြောင့်သူ့ကို နှစ်လိုဟန်မပြ၊ စကားကိုလည်း တစ်ခွန်းစနှစ်ခွန်းစထက်ပိုပြီးမပြော။
ထိုစကားအနည်းငယ်တွင်
" ကိုဘဲဘဲ နောက်ကျလာချည်လားဗျ "
" ဟဲ့..ကိုဘဲ ဒီနေ့ တစ်ယောက်ထဲလာတာလား "
" ဘဲဘဲ အပြန် နင်တို့အိမ်မှာ ရွှေချိန်မှာနော် "
စသည့် အခေါ်အဝေါ်ဖြင့် သက်ဆိုင်သော စကားတွေသာနှုတ်ဆက်ကြသည်မို့ သူနဲ့က ဘယ်လိုမှအဆင်မပြေနိုင်ပါ။
အဒေါ်ကြီးများကတော့ သူ့အားသဘောကျကြပြီး သားမက်တော်ချင်ကြ၏။
သူ့မှာတော့ ကိုကြီးဘွဲ့ဆူးတစ်ယောက်လုံးရှိနေပြီမို့
အပိုတွေတစ်ခွန်းမှပြန်မပြောပဲ နှုတ်ခမ်းကြီးတစ်ခုလုံးပြတ်ကျမတက် ရွဲ့ပြလိုက်မိသည်သာ။
ထိုအချိန်မျိုးဆို ကိုကြီးဘွဲ့ဆူးက သိပ်သိပ်သဘောကျတက်၏။
စနောက်သော အဒေါ်ကြီးများနှင့်အတူတူ ရယ်မောနေတက်ပြီး သူ့အားအနှမြောလည်းမရှိလှပေ။
သောင်းဆင့် ကျောက်စရစ်ခဲများပါသော မြေကြီးအား ရေဖြင့် ကြေသွားအောင်နှယ်လိုက်လေသည်။
လူသူမရှိခင်ကတော့ချောင်းရေက ကြည်ကောင်းကြည်နိုင်ပေလိမ့်မည်။ ယခုမူ ချောင်းရိုးတစ်လျှောက် ရွှေကျင်နေကြသူများကြောင့် ရေက
အဝါရောင်ရေနှောက်တွေသာဖြစ်သည်။
အိမ်သုံးရေခပ်ဖို့ဆို သောင်းဆင့်တို့ တောင်ပေါ်ထိပ်နားမှ ပိုက်နဲ့သွယ်ထားပြီး ရေတဆင့်ပြန်ရောင်းသူဆီက ဝယ်သုံးရသည်။
ကျောက်ခဲတို့အား အင်ဝိုင်းမှ ဖြတ်ချပြီး သဲစာကို
သီးသန့်ရအောင်လှည့်ယူရသည်မှာ ခက်ခဲတဲ့အလုပ်မဟုတ်ပေမဲ့ မလှည့်တက်ရင်ပါသမျှရွှေ ရေထဲပြန်ကျတက်၏။
သောင်းဆင့် ခပ်မြန်မြန်ပင်ရေထဲကို သဲကြမ်း၊ခဲတို့အားဖြတ်ချပြီးပြီးဖြစ်သည်။
အဆုံးသတ်မှာ အင်ဝိုင်းအလယ်တည့်တည့်ကျန်နေသော နက်ပြာရောင်သဲတို့ကြားမှာ ဝင်းလဲ့နေသော ရောင်မှုန်လေးတွေ ။
သောင်းဆင့်မျက်ဝန်းတွေလဲ့ခနဲဖြစ်သွားလေသည်။
ဘေးဘီကို ပြန်ကြည့်တော့ သူ့နားမှာ မည်သူတစ်ဦးတစ်ယောက်မှ ကပ်မနေ၊ မြင်သာတဲ့နေရာမှာရှိနေကြတဲ့သူတွေကလည်း ကိုယ့်အလုပ်ကိုယ်လုပ်ပြီး သောင်းဆင့်ကို ထူးထူးခြားခြားကြည့်နေကြခြင်း။
ရွှေခင် သောင်းဆင့် ဆိုတာ ငါပဲ။
ကျေနပ်ခြင်းအဟုန်ဖြင့် သဲစာ ခေါ် အင်ချီး တို့အား
ဘေးမှာရှိသော ဇလုံထဲအား ထည့်လိုက်သည်။
ထို့နောက်ရွှေပါသော မြေကြီးတို့အားသေချာအောင်နေရာမှတ်လိုက်ပြီး ထပ်မံပြီးရေဖြင့် သဲစာကျန်အောင်လှည့်လိုက်သည်။
အချိန်အတော်လေးရောက်သောအခါ သူထပ်မလှည့်တော့ပေ။
ထို့အစား စတီးဇလုံး အပြည့်ဖြစ်နေပြီဖြစ်သော အင်ချီးခွက်အား သယ်ကာ အိမ်ပြန်ဖို့ ခြေလှမ်းပြင်လိုက်သည်။
ရွှေအနည်းငယ်သာ ပါမည်ဆိုပါက လူရှေ့လည်း
မရှောင်လှည့်လို့ရပေမဲ့ ရွှေပါများတယ်ဆိုပါက
အကောင်းဆုံးကတော့ လူမရှိတဲ့နေရာမှာ ရွှေဖမ်းရမည်ပင်။
ထို့နေ့က သောင်းဆင့် ရွှေလေးရွေးရ၏။
ဝင်ငွေနဲ့တွက်ပါက ခြောက်သောင်းဖြစ်သည်။
ရွှေသည် ဖိုးထွေးနဲ့သွားတုန်းက မတွေ့၊ မိမိတစ်ယောက်ထဲသွားမှတွေ့သည်ဆိုတော့
ဦးတည်ချက်သည် ပြောင်းမှရတော့မည်။
နာမည်အတိုင်း သောင်းဆင့်က ရွှေစီးသည်။
ထိုနေ့မှ စ၍ အမြဲတမ်းလိုလို သောင်းဆင့်အတွက် ရွှေလေးငါးရွေးက မခက်ခဲ တော့ပေ။
______
ဘွဲ့ဆူးသည် သောင်းဆင့်အားသတိထားကြည့် နေမိသည်။
မုတ်ဆိတ်တို့က မရိပ်အသင်နဲ့ ရုပ်ကြမ်းပါသည်ဆိုမှကြာလေကြမ်းလာလေ။
ပုဆိုးတို့သည် ပုံမှန်ဝတ်နေကျအတိုင်းဒူးအထက်ရောက်ကာ ကာတွန်းဘောင်းဘီအဝါကြားက သိသိသာသာပေါ်နေသည်။
ဟောင်းနွမ်းနေသော တီရှပ်အဖြူက အဝါရောင်ပြောင်းကာ အပေါက်တွေတောင်ဖြစ်နေလျက်။
မနက်ဆို အိမ်မှာ မီးမွှေးထမင်းအိုးတည်ပြီးမှ
ဘွဲ့ဆူးကို နှိုးသည့်အပြင် ညနေစာတည်ဖို့ ထင်းပေါက်သေးသေးလေးတွေကအစ မီးမွှေးရလွယ်အောင် ခွဲစိတ်ပေးသေး။
ယခုလည်းထင်းတို့အားခုတ်ဖြတ်ပေးနေပြန်သည်မို့
ဓားတစ်ချောင်းကိုင်ကာ အိမ်ရှေ့မြေကွက်လပ်မှာ
တဒိုင်းဒိုင်းမြည်အောင်ဖြတ်တောက်လျက်။
လက်မောင်းသားတို့မှာတုတ်ခိုင်ကာ အသားကတော့ ဒီရောက်မှ နှစ်ဆ ပိုမဲသွားသည်။
မဲမဲသဲသဲလေးမို့ မချောဘူးလားဆိုတော့လည်းမဟုတ်ပြန်။
သောင်းဆင့်ဆက်နိုင်က အကြည့်ခံသည့်အမျိုး။
ညီအကိုဟုသာ မထင်မရှားပြောထားတာမို့
လူတိုင်း သားမက်တော်ချင်ကြတာ သောင်းဆင့်ကိုသာ။
သောင်းဆင့်ထက်စာရင်ဘွဲ့ဆူးက မည်သည့်အလုပ်မှ ကောင်းမွန်အောင်လုပ်နိုင်ခြင်းမရှိတာကြောင့်
သမီးရှင်များက သဘောကျသည့်ပုံတော့မရှိလှ။
မည်သို့ပင်ဆိုစေကာမူ သောင်းဆင့်၏
ဆက်ဆံရေးကတော့ မပြောင်းလဲစွာ အပေါက်ဆိုးဆဲပင်။
" ဘဲဘဲ "
" ဗျ "
" ကိုယ့်ကို ဘယ်လောက်ချစ်လဲ"
ထူးထူးဆန်းဆန်း တံခါးဘောင်ကိုမှီရင်း မေးလာတဲ့
ကိုကြီးဘွဲ့ဆူးကြောင့် သောင်းဆင့်ရင်ထဲမှာ လိပ်ပြာတွေတဖျတ်ဖျတ်ခတ်နေသလိုတောင် ဖြစ်သွားရ၏။
သောင်းဆင့်ကိုင်ထားတဲ့ ဓားကြီးအားပစ်ချကာ
နှင်းဆီဘွဲ့ဆူးအားအပြေးဖက်ကာ ပါးတွေ နှဖူးတွေအနှံ့နမ်းပစ်လိုက်မိ၏။
" အများကြီးအများကြီး။ ဝါးစားလို့ရရင် တကြွပ်ကြွပ်မြည်အောင် အရိုးရောအသားရော စားပြီးသိမ်းပစ်ချင်တဲ့အထိပဲ"
" မင်းအဖြေကြီးကလည်း"
ဘွဲ့ဆူး သောင်းဆင့်နမ်းနေတာကိုမရှောင်ပဲ
ရယ်ပဲရယ်နေမိတော့သည်။
သောင်းဆင့်နှင့်ပတ်သတ်လာရင် သူကိုယ်လည်း
မထိန်းနိုင်တော့ပဲ တော်တော်ဖြစ်နေတယ်ခေါ်ရမလား။
" တကယ်ပြောတာ။ ကိုကြီးဘွဲ့ဆူး။
သောင်းဆင့်ကို ပစ်သွားလို့လုံးဝမရဘူးနော်။
ပိုပိုပြီးချစ်ရမယ် "
" လောဘကလည်းကြီးလိုက်တာကွာ။ဒါ ပေမဲ့ကိုယ်ကတော့မယုံပါဘူး။ ခုချိန် ချစ်စခင်စဆိုတော့ မင်း ကိုယ်ကျေနပ်အောင် ဒီစကားပဲပြောအုံးမှာပေါ့။"
" အတည်ပါဆို ၊ သောင်းဆင့်က ကိုကြီးမှကိုကြီး "
" နေအုံး တစ်ခါထဲ မင်းကို သတိပေးစရာရှိသေးတယ်။ "
သောင်းဆင့်က ဘွဲ့ဆူးလည်ပင်ကြားမှာ မျက်နှာအပ်ရင်း ခေါင်းညိမ့်ပြသည်။
ယားပေမဲ့ မတွန်းထုတ်ပဲ သူစကားဆက်လိုက်သည်။
သူ့တို့အိမ်လေးက သိသိသာသာ တဲစုတွေနဲ့ဝေးတာမို့ နေ့ခင်းနေပူချိန်မှလွဲပြီး လာထိုင်တဲ့သူမရှိပေ။ ထို့ကြောင့် သောင်းဆင့်အားတွန်းမထုတ်မိခြင်းသာ
" ဒီမှော်ထဲမှာ မင်းကို သားမက်တော်ချင်နေတဲ့သူတွေအများသားနော်၊ တစ်ယောက်ယောက်နဲ့ ပြောပါများလို့ စိတ်ပါသွားရင် ၊မင်းငယ်ပါကို အိပ်နေတုန်းကိုယ် ဖြတ်ပစ်မှာ၊အဲ့ဒါကိုသတိထား"
သောင်းဆင့်တစ်ယောက် ဆတ်ခနဲတုန်သွားတာသိသိသာသာပင်။
ထို့နောက် မအီမသာ ဖြင့် ဘွဲ့ဆူး အားကြည့်ကာ
" ပြောရက်လိုက်တာဗျာ ၊ ကျုပ်ဖြင့် နှင်းဆီဘွဲ့ဆူးလေးကို ချစ်လို့တောင်အားမရနိုင်တာကို ဘယ်ယောက်ခမကို ထပ်တော်ရအုံးမှာလဲ။
ဒီမှာ နားထောင်ကိုကြီးဘွဲ့ဆူး ။ ကျုပ်သောင်းဆင့်က
တစ်ယောက်ဆို တစ်ယောက် ၊နှင်းဆီဆိုနှင်းဆီဗျ "
ရင်ဘတ်ကိုတဘုန်းဘုန်းပုတ်ကာ သောင်းဆင့် အားမာန်အပြည့်ပြောလာ၏။ အတော်ကြာမှ အားပါကာ နာသွားသည့်ဟန်ဖြင့် တံတွေးမျိုချကာ မသိမသာ
အရှိန်ကိုလျော့ပစ်၏။
ပိတောက်ဆို ပိတောက် တောင်မဟုတ်တော့။
သောင်းဆင့်က တကယ် ပလီပလာကောင်။
ဘွဲ့ဆူး အူယားလာတာကြောင့်သောင်းဆင့် ခေါင်းအားလက်မောင်းကြားဆွဲသွင်းကာ နှုတ်ခမ်းမွှေးတွေအားဆွဲနှုတ်လိုက်တော့သောင်းဆင့် ငယ်သံပါအောင်အော်တော့သည်။
" မှတ်ထားနော် ၊ဒါအမွှေးပဲနှုတ်ပြသေးတာ၊
ငယ်ပါဖြတ်တာမဟုတ်သေးဘူး"
သောင်းဆင့် သူ့ငှက်ဥအား အမြန်အဆန်ပင်အုပ်ကာ ဘွဲ့ဆူးအား ကြောက်အားလန့်အားခေါင်းရမ်းပြသည်။
" တကယ်ပြောတာ သောင်းဆင့် ကိုကြီးတစ်ယောက်ပဲချစ်တာ ၊ ဘယ်သူ့မှထပ်စိတ်မပါဘူး။ အတည်အတည် သောင်းဆင့်ကမလိမ်တက်ဘူး .. နော်..ကိုကြီးဘွဲ့ဆူး"
ချစ်တဲ့အိမ်စည်။
ရာသီဥတုသည္ ပူျပင္းလွေခ်သည္။
ေနေရာင္မက်ေရာက္ေသာ ပိေတာက္ရိပ္ေအာက္မွာ
ေတာင္ ပူေလာင္မူ႔ကို သိသိသာသာခံစားေနရသည္မို႔
မိုကာတဲတို႔ႏွင့္အရိပ္မရိွတဲ့ ကြင္းျပင္မွာေနရသူတို႔ဆိုမည္မ်ွပူမည္နည္း။
မသက္မသာပင္ဂတ္စ္ကိုဖြင့္ကာ လာေရာင္းေနတဲ့ေရႊအား မီးဖုတ္လိုက္သည္။
ေရႊသည္ မီးဖုတ္ၿပီးသားမို႔ အဝါေရာင္ ျဖစ္ေနၿပီသားပင္။ သို႔ေသာ္ ျပဒါးကုန္ေအာင္ ထပ္မံ၍ မီးဖုတ္ရ၏။ မီးမႏိုင္လို႔ ျပဒါးက်န္လ်ွင္ ေရႊျပန္ေရာင္းခ်ိန္မွာ ေရႊအေလးခ်ိန္ေလ်ာ့တက္ပါ၏။ ထိုးစိုက္ထားေသာ မီး၏ ပူေလာင္မူ႔ေၾကာင့္ ေရႊခဲေလးသည္ တျဖည္းျဖည္းရဲလာ၏။
ေရႊဖမ္းဖို႔ ျပဒါးကို သံုးရသည္ေၾကာင့္ ေရႊစိမ္းသည္
ေငြေရာင္ ရိွတက္သည္။ မီးေၾကာင့္ ျပဒါးသည္ တျဖည္းျဖည္းလြင့္ပါးလာၿပီးေရႊသည္ အဝါေရာင္ေတာက္လာကာ ေရႊက်က္လာခဲ့သည္။
ဘြဲ႔ဆူး မီးကိုပိတ္လိုက္ၿပီး ၫွပ္ျဖင့္ေရႊခဲအားေကာက္လိုက္ၿပီး ခ်ိန္ခြင္မွာ တင္လိုက္သည္။
" ဆယ့္တစ္ ေရြးေလာက္မ်ားရိွေနမလား"
ကိုယ့္ဘာသာကို ေရရြတ္လိုက္တာျဖစ္ေပမဲ့ လာေရာင္းတဲ့အမ်ိဳးသမီးက ကေလးကို ေပြ့ကာ
" ဟိုဖက္ဆိုင္မွာ ခ်ိန္ခဲ့တာ ဆယ္ေရြးေတာင္မျပၫ့္ဘူး "
" ဟုတ္လား ဒီမွာေတာ့ ဆယ့္တစ္ေရြးကို ဆန္တစ္ေစ့ပဲ ေလ်ာ့တယ္ "
ခ်ိန္ခြင္မွာတန္းေနတဲ့ ေဘာင္ေလးအား ေသခ်ာၾကၫ့္ကာ ဘြဲ႔ဆူးေျပာလိုက္သည္။
ဒီေမွာ္ထဲမွာရိွေသာ ေရႊဝယ္ဒိုင္ေတြသည္ ခ်ိန္ခြင္အေလး ႀကီးၾကသည္။ ဘြဲ႔ဆူးအေလးက အေလးႀကီးမဟုတ္၊ သို႔ေသာ္ အဝယ္ဒိုင္မို႔ ပံုမွန္ထက္အနည္းငယ္ေတာ့ႀကီးေပသည္။
ေဘာင္ခ်ာမွာ ေဈးေသခ်ာေရးကာ ေငြထုတ္ရွင္းေပးလိုက္ေတာ့ အမ်ိဳးသမီးက ခန႔္မွန္းတာထက္ မ်ားေနေသာ ေငြအားၾကၫ့္၍ "ေနာက္ဒီဆိုင္မွာပဲ လာေရာင္းေတာ့မယ္" ဟုဆိုသည္။
ထိုအမ်ိဳးသမီးအပါအဝင္ ဒီေန့မနက္ေရႊလာေရာင္းတဲ့သူ သံုးဦးရိွၿပီျဖစ္သည္။
ဆိုင္ဖြင့္ရက္ ေလးရက္အတြင္းမွာ ဘြဲ႔ဆူး ဆီမွာေရႊလာေရာင္းေပးၾကတဲ့သူ အနည္းငယ္ရိွၿပီျဖစ္၏။
အမ်ားစုမွာ ေန့ခင္းသစ္ပင္ရိပ္ေအာက္လာအနားယူၾကတဲ့ အမ်ိဳးသမီးမ်ားဆီမွ ျဖစ္သည္။
တျဖည္းျဖည္းနဲ႔ အေလးမွန္သည္ဟု နာမည္ရလာကာ တစ္ေယာက္စႏွစ္ေယာက္စအျပင္ ၊တျခားမရင္းႏွီးတဲ့လူမ်ား လာေရာင္းေပးတက္ၾကသည္မို႔ လုပ္ငန္းေလး အဆင္ေျပစျပဳျပီဟု ခန႔္မွန္းရမလို။
" ဘဲဘဲ ဘာဟင္းခ်က္မွာလဲ "
အထုတ္အပိုးေတြဆြဲကာ ေသာင္းဆင့္ဝင္လာ၏။
ႏႈတ္ခမ္းမွာလည္း ဖက္ၾကမ္းတစ္လိပ္ခဲကာ
လက္ႏွစ္ဖက္လံုး အထုတ္အပိုးမ်ားပလံုစီလ်က္။
" ၾကက္သားဝယ္လာတယ္ ၊အာလူးေလးနဲ႔ေရာေပးမယ္ေလ ၊ ႀကိဳက္တယ္မို႔လား ကိုႀကီးဘြဲ႔ဆူး "
ေဈးကား သည္ ေလးရက္တစ္ေခါက္လာ၏။
ထိုအခ်ိန္မ်ိဳးဆို အလုအယက္ေဈးေျပးဝယ္ရၿပီး
ေလးရက္စာေလာက္အပို ဝယ္ျခမ္းရေသးသည္။
ေသာင္းဆင့္က ကားလာတဲ့ေန့ဆို လိုအပ္တာဝယ္ရေအာင္သူသြားသည္။
ရာသီဥတုက တအားပူတာမို႔ မနက္ခင္းခ်က္ျပဳတ္ဖို႔ သူတာဝန္ယူထားသည္။
ဘြဲ႔ဆူးကေတာ့ ဟိုေယာင္ေယာင္ဒီေယာင္ေယာင္ လာသမ်ွဧၫ့္သည္ျဖင့္ စကားေပါကာ အခ်ိန္ျဖဳန္းတက္၏။
ဒီေန့ေတာ့ ဧၫ့္သည္မရိွသည္မို႔ ၾကက္သားအိုးျပင္ေနတဲ့ေသာင္းဆင့္ေဘးသြားကာ ၾကက္သြန္ျဖဴထိုင္သင္ေပးမိသည္။
ဖက္ၾကမ္းေဆးလိပ္ကို ေသာင္းဆင့္က ခဲထားဆဲမို႔စကားျပန္ေျပာတာမ်ိဳး ေတာ့မရိွ။ ဘြဲ႔ဆူးေျပာသမ်ွသာ နားေထာင္ေနၿပီး အလုပ္ကိုဆက္တိုက္လုပ္ေနသည္။
" ေဆးလိပ္ႀကီးက ခ်ထားကြာ။ ကိုယ္စကားေျပာေနတာ မသိရင္အရူးလိုပဲ "
" ကိုႀကီးဘြဲ႔ဆူးရာ ၊သူ႔ဘာသာ ပါးစပ္မွာပဲ ခဲထားတာပါ ေသာက္တာလည္းမဟုတ္ပဲနဲ႔ "
မေသာက္ပဲ ေဆးလိပ္ၾကမ္းကို ခဲထားတက္တာဘာအက်င့္မွန္းမသိ။ ဘြဲ႔ဆူးေျပာေတာ့ ေဆးလိပ္ကို တဲေခါင္ၾကားသြားၫွပ္ကာ ထပ္မခဲေတာ့။
သိမ္းတဲ့ေနရာကလည္း ဟိုထိုးဒီထိုး။ ၿပီးရင္အဲ့ေဆးလိပ္ကို သြားသြားရွာရတာအလုပ္တစ္လုပ္ျဖစ္သည္။ ဘယ္ေနရာထိုးသလဲဆိုတာ ဘြဲ႔ဆူးကပဲေသခ်ာၾကၫ့္ကာ မွတ္ထားရသည္။ မဟုတ္ရင္ တအိမ္လံုးဟိုလွန္ဒီလွန္ရွာကာ သူဘယ္နားထားသလဲ ျပန္မမွတ္မိတက္ေပ။
" ဘဲဘဲေရ ဟိုၫွပ္ဒီၫွပ္လုပ္ျပန္ၿပီ "
မေက်နပ္သလို ဆူပူမိေတာ့ ေသာင္းဆင့္ ၾကက္သားအိုးႀကီးေဘးခ်ကာ ဘြဲ႔ဆူးနားေျပးလာ၏။
ထို႔ေနာက္ပုခံုးေပၚေမးတင္ကာ နားထင္စပ္အားဖိနမ္းေလသည္။
" ႏွင္းဆီဘြဲ႔ဆူး အဲ့လိုေျပာရင္ က်ဳပ္ေနရတာ တကယ္မသက္မသာႀကီး "
" မင္းပဲ ဘဲဘဲဆို။ ေခၚတာ ႀကိဳက္တယ္မဟုတ္ဘူးလား"
" ႏွင္းဆီဘြဲ႔ဆူးေလး ေခၚရင္ညီေလးမ ႀကိဳက္ပဲေနမလား ၊ ခက္တာက တေမွာ္လံုး က်ဳပ္ကို ဘဲဘဲ ပဲေခၚေနတာကို မေျဖရွင္းတက္ေတာ့တာ။ ရြာမွာဆို ေသာင္းဆင့္ အၾကၫ့္တစ္ခ်က္ေပးလိုက္တာနဲ႔ အကုန္ပြဲၿပီးမီးေသပဲ။ ဒီမွာေတာ့ တစ္ေယာက္မွ ညီေလးကို မေၾကာက္ၾကဘူး။ ေျပာေလကဲေလ မန္းေလးၿပဲေလပဲ။ အေဝးကေန ေတြ့လိုက္တာနဲ႔
ကိုဘဲဘဲ ဘယ္လဲဆိုၿပီး ေအာ္ေမးေတာ့တာ အဆိုးဆံုး"
ကေလးတစ္ေယာက္လို တိုင္တန္းရင္း ၾကက္သြန္ခြာေနတဲ့ ဘြဲ႔ဆူးလက္ေပၚက ခပ္စိမ္းစိမ္းေသြးေၾကာေတြကို လက္ဖ်ားနဲ႔ လိုက္တို႔လိုက္ေသးသည္။
ဒီေကာင္ အသက္ႀကီးတယ္ဆိုေပမဲ့ ဘယ္ခ်ိန္ကတည္းက ႏြဲ႔ခ်င္ေနသလဲမသိ။
သူ႔ဘာသာတစ္ ေယာက္ထဲေနရင္ ေဆးလိပ္ႀကီးခဲကာ လူမိုက္ရုပ္လိုမ်ိဳး ခပ္တည္တည္အထာေပးေနတက္ေပမဲ့
ႏွင္းဆီဘြဲ႔ဆူးေရ႔ွ ေရာက္လာၿပီဆိုရင္ေတာ့ ႏြဲ႔လိုက္ ခြၽဲလိုက္တာမွ ေမွာ္ထဲက ကေလးမ်ားအေမ ေဒၚဒါဇင္ပိုေခၚေဒၚႏြဲ႔၏ နာမည္အား သူ႔ကိုလက္လႊဲေပးရ
မလိုလို။
မသိမသာ မင္းနာမည္ ကိုဖိုးႏြဲ႔လို႔ ေျပာင္းလိုက္မယ္မ်ားေျပာၾကၫ့္ နာလိုက္တာမွ ဆတ္ဆတ္ကိုခါေနတာပဲ။
ေဒၚႏြဲ႔ရဲ့အမည္ ေဒၚဒါဇင္ပိုျဖစ္ရတာက အေၾကာင္းရိွသည္။
အသက္က ငါးဆယ္နီးပါးရိွေပမဲ့ ေဒၚႏြဲ႔မွာ
ငါးႏွစ္အရြယ္ ကေလးေတာင္ ရိွ ေသးသည္။
ဒါတင္မကေသး အႀကီးအေသးစံုလင္ကာ
အမ်ိဳးအစားမတူညီေသာ ကေလးေပါင္း ဆယ္ႏွစ္ေယာက္ရိွသည္ေၾကာင့္ ဒါဇင္ပိုဟုသာေခၚၾက၏။
ေနာက္ၿပီး ေဒၚဒါဇင္ပိုလာရင္ ေသာင္းဆင့္ကို သူ႔အိမ္က ဘယ္သမီးႀကိဳက္သလဲ မင္းနဲ႔ဆို ေပးစားမယ္ဟု စတက္သည္မို႔ ေသာင္းဆင့္မွာ ေစြ့ေစြ့ခုန္လ်က္
စိတ္ဆိုးတက္၏။
"ကဲ ဖယ္ေတာ့ ၊ ၾကက္သားအိုးကို ၿပီးေအာင္ျပင္ၿပီး
ေရႊက်င္ေလး ဘာေလးထြက္အံုး။ မေန့က ဖိုးေထြးေတာင္မွ ကိုသန႔္စင္နဲ႔ လိုက္သြားတာ ႏွစ္ေရြးရခဲ့ေသးတယ္။ မင္းဘာအလုပ္မွမလုပ္ပဲထိုင္ေနလို႔မျဖစ္ဘူးေလ။ သူစိမ္းကရိွေသးတယ္။ သြားသြား။ လုပ္စရာရိွတာလုပ္ၿပီးေရႊရွာထြက္ေတာ့ "
" အဲ့လိုပဲ မခ်စ္ေတာ့လည္း အျပစ္ပဲျမင္ ေနေတာ့တာ။"
ေျပာၿပီး ထထြက္သြားသည္။
မရည္ရြယ္ပဲေျပာလိုက္တာျဖစ္ေပမဲ့ ဘြဲ႔ဆူးကေတာ့ေအာင့္သက္သက္။
ဒီေကာင္စကားကို ေရ႔ွေနာက္ဘယ္ေတာ့မွမၾကၫ့္ပဲေျပာတက္တာဆိုးသည္။
အငယ္မို႔ ဆိုးသည္ဟုေျပာရေအာင္လည္း ရုပ္က ေလးဆယ္ေက်ာ္ရုပ္နဲ႔။
" ေသာင္းဆင့္ေရ ဆက္ေျပာေနရင္ တကယ္မခ်စ္ပဲထားလိုက္ေတာ့မွာ "
ေဟာၾကၫ့္။ ေပေစာင္းေစာင္းလွၫ့္ၾကၫ့္တဲ့ပံုက
မသိရင္ ထရိုက္ေတာ့မွာလိုလို။
သက္ျပင္းခ်ကာ ခြာၿပီးသားၾကက္သြန္ျဖဴေတြကို တစ္ခုျခင္းေကာက္ေနတုန္း ပါးျပင္ဆီမွ စူးခနဲျဖစ္သြားသည္။
" ဟာ ေသာင္းဆင့္ "
အားျပင္းျပင္းတစ္ခ်က္ကိုက္ကာ လႊတ္လိုက္ေတာ့
ႏွင္းဆီဘြဲ႔ဆူးပါးျပင္မွာ သြားရာအကြင္းလိုက္။
ေသာင္းဆင့္ ေက်နပ္စြာ ၾကၫ့္ၿပီး ရုန္းမရေအာင္ကိုင္ထားတဲ့လည္ပင္းေလးကို ျဖည္လႊတ္ေပးလိုက္ရင္း
" ၾကက္သြန္ျဖဴနဲ႔ဂ်င္းကို ေရာေထာင္းၿပီး အိုးထဲထၫ့္လိုက္ေတာ့ ၊ က်န္တာ အကုန္ထၫ့္ႏွယ္ၿပီးၿပီ။
ကဲ ေမာင္အလုပ္သြားေတာ့မယ္ ႏွင္းဆီဘြဲ႔ဆူး ။
လိမ္လိမ္မာမာေနခဲ့ေတာ့"
လက္ျပကာ ေျပးထြက္သြားေသာ ေသာင္းဆင့္အားေငးၾကၫ့္ရင္း အဆံုးသတ္မွာ ၿပံဳးက်န္ရစ္ခဲ့တာ ႏွင္းဆီဘြဲ႔ဆူးသာ။
ေသာင္းဆင့္က ခ်စ္ေအာင္ေနတက္တာလား
ဒါမွမဟုတ္ သူကပဲ ခ်စ္မိသြားလို႔အျပစ္မျမင္ေတာ့တာလားမသိ ၊ဘာလုပ္လုပ္ ေသာင္းဆင့္ကို ဆိုရင္ ခ်စ္စရာေလးလို႔ပဲေတြးေနမိတာ သူကဲကဲသဲသဲမ်ားျဖစ္ေနေလမလား။
_____
ရာသီဥတုက မနက္ခင္းပဲရိွေသးတာေတာင္မွ
ပူခ်က္က ေခြၽးေတြ ရြဲေနသည္အထိ။
ေသာင္းဆင့္ အင္ဝိုင္းနဲ႔ ေဂၚျပားအား လက္ကေနဆြဲရင္း ေတာင္က်ေခ်ာင္းရိွရာကိုထြက္လာခဲ့လိုက္သည္။
ေရႊကြက္ရပ္က လူသိလာေတာ့ တစ္ေန့ တစ္ေန့
လူသစ္ေတြအမ်ားႀကီးေရာက္လာၾကတာသိသိသာသာပင္။
ေလးရြာေတာႀကီးထဲမွာ သဘာဝရတနာက
ဘယ္ေရြ့ဘယ္မ်ွရိွမည္မသိ။
ေရႊေၾကာမွာ ေရႊေဖာက္လာလို႔ ဒီထက္ပို ေက်ာ္ၾကားလာရင္ သူတို႔ မသိမသာလုပ္စားခြင့္ရိွေတာ့မည္မဟုတ္။
မျဖစ္လာေသးတဲ့အေၾကာင္းေတြကို ေတြးမေနေတာ့ပဲ
ေသာင္းဆင့္ ခပ္ျမန္ျမန္ ေခ်ာင္းရိွတဲ့ေနရာကိုသြားလိုက္သည္။
ဒီေနရာမွာ ေရႊက်င္တဲ့ နည္းက ႏွစ္နည္းရိွသည္။
ပထမနည္းက အင္ဝိုင္းနဲ႔ေျမကိုတူးစြလွၫ့္တဲ့နည္း။
ဒုတိယနည္းက ေမ်ာစင္အေသးေပၚမွာ ေကာ္ေဇာခင္းၿပီး ေျမၾကီးတင္ေရေလာင္းခ်တဲ့နည္း။
သူက လက္လွၫ့္အင္ဝိုင္းထက္ပိုၿပီး ေရႊပါႏိုင္သည္။
ဒီေတာက ေလာေလာဆယ္ဆယ္ နယ္ခံတဝိုက္သာ
လုပ္စားေနတဲ့ေနရာမို႔ အႀကီးအက်ယ္ ေရႊေၾကာေဖာက္တဲ့သူမရိွေသး။
အဲ့လိုမ်ိဳးလည္း ေသာင္းဆင့္ကမလုပ္ေစခ်င္ပါ။
ထို႔သို႔ေသာ လူမ်ိဳးပါ ေရာက္လာပါက စက္ကရိယာမ်ားျဖင့္ ေလးရြာေတာကို ေျမလွန္ရွာၾကမွာျဖစ္သည္။
နည္းမ်ိဳးစံုျဖင့္ေရႊရွာမည္ဆိုပါက ေလးရြာေတာသည္ တျဖည္းျဖည္းပ်က္စီးလာမည္သာ။
ထိုအခ်ိန္မ်ိဳးဆို သူတို႔လို လက္လုပ္လက္စားမ်ားေနစရာေပ်ာက္မည္ျဖစ္ၿပီး ၊ ရရိွလာမၫ့္ အက်ိဳးအျမတ္ကိုလည္း ေငးေမာၾကၫ့္ခြင့္ေတာင္ရလိုက္မွာမဟုတ္ေတာ့။
ေသာင္းဆင့္ ဒူးေလာက္ရိွေသာ ေခ်ာင္းေရအား ေငးကာ ဘယ္ေနရာကေန စတူးရရင္ေကာင္းမလဲစဉ္းစားေနမိသည္။ ေခ်ာင္းေရစီးဆင္းရာ တေလ်ွာက္လံုး လူေတြအမ်ားႀကီး အင္ဝိုင္းလွၫ့္ေနၾက၏။
ဖိုးေထြးကေတာ့ ကိုသန႔္စင္နဲ႔ေပါင္းမိကာ မနက္ဆို ေစာေစာ ထမင္းၾကမ္းစားကာ ထြက္သြားတက္သည္။
ေသာင္းဆင့္ ေငးေမာမေနပဲ လူေတြထိုးစြရွာထားေသာ ေနရာေတြကို ကြင္းကာ ေက်ာက္ေတာင္ေက်ာက္ခဲတို႔ေအာက္က ေျမၾကီးတို႔အားတူးစြလိုက္သည္။
ဖိုးေထြးပါလာရင္ေတာ့ ထိုေျမၾကီးေတြအားသူတူးစရာမလိုေပ။
သို႔ေသာ္ ဖိုးေထြးက သူ႔အား စိတ္နာသြားၿပီျဖစ္သည္။
မနက္ဆို ႏွင္းဆီဘြဲ႔ဆူးႏွင့္ကလူက်ီဆယ္လုပ္ကာအိပ္ယာထဖို႔ပ်င္းသည္ေၾကာင့္ ဖိုးေထြးက သူ႔အား အဖက္မလုပ္ေတာ့ပဲ ေစာစီးထကာ ကိုသန႔္စင္ႏွင့္ပါသြားတက္၏။
သူတစ္ေယာက္ထဲမို႔ ေရႊက်င္ရတာ ပ်င္းရိၿပီးအထီးက်န္စရာလည္းေကာင္းပါ၏။
အမ်ားသူငွာသည္ ႏွင္းဆီဘြဲ႔ဆူးေလာက္ ေလာကြတ္မေကာင္းတာေၾကာင့္သူ႔ကို ႏွစ္လိုဟန္မျပ၊ စကားကိုလည္း တစ္ခြန္းစႏွစ္ခြန္းစထက္ပိုၿပီးမေျပာ။
ထိုစကားအနည္းငယ္တြင္
" ကိုဘဲဘဲ ေနာက္က်လာခ်ည္လားဗ် "
" ဟဲ့..ကိုဘဲ ဒီေန့ တစ္ေယာက္ထဲလာတာလား "
" ဘဲဘဲ အျပန္ နင္တို႔အိမ္မွာ ေရႊခ်ိန္မွာေနာ္ "
စသၫ့္ အေခၚအေဝၚျဖင့္ သက္ဆိုင္ေသာ စကားေတြသာႏႈတ္ဆက္ၾကသည္မို႔ သူနဲ႔က ဘယ္လိုမွအဆင္မေျပႏိုင္ပါ။
အေဒၚႀကီးမ်ားကေတာ့ သူ႔အားသေဘာက်ၾကၿပီး သားမက္ေတာ္ခ်င္ၾက၏။
သူ႔မွာေတာ့ ကိုႀကီးဘြဲ႔ဆူးတစ္ေယာက္လံုးရိွေနၿပီမို႔
အပိုေတြတစ္ခြန္းမျွပန္မေျပာပဲ ႏႈတ္ခမ္းႀကီးတစ္ခုလံုးျပတ္က်မတက္ ရြဲ႔ျပလိုက္မိသည္သာ။
ထိုအခ်ိန္မ်ိဳးဆို ကိုႀကီးဘြဲ႔ဆူးက သိပ္သိပ္သေဘာက်တက္၏။
စေနာက္ေသာ အေဒၚႀကီးမ်ားႏွင့္အတူတူ ရယ္ေမာေနတက္ၿပီး သူ႔အားအႏွေျမာလည္းမရိွလွေပ။
ေသာင္းဆင့္ ေက်ာက္စရစ္ခဲမ်ားပါေသာ ေျမၾကီးအား ေရျဖင့္ ေၾကသြားေအာင္ႏွယ္လိုက္ေလသည္။
လူသူမရိွခင္ကေတာ့ေခ်ာင္းေရက ၾကည္ေကာင္းၾကည္ႏိုင္ေပလိမ့္မည္။ ယခုမူ ေခ်ာင္းရိုးတစ္ေလ်ွာက္ ေရႊက်င္ေနၾကသူမ်ားေၾကာင့္ ေရက
အဝါေရာင္ေရႏွောက္ေတြသာျဖစ္သည္။
အိမ္သံုးေရခပ္ဖို႔ဆို ေသာင္းဆင့္တို႔ ေတာင္ေပၚထိပ္နားမွ ပိုက္နဲ႔သြယ္ထားၿပီး ေရတဆင့္ျပန္ေရာင္းသူဆီက ဝယ္သံုးရသည္။
ေက်ာက္ခဲတို႔အား အင္ဝိုင္းမွ ျဖတ္ခ်ၿပီး သဲစာကို
သီးသန႔္ရေအာင္လွၫ့္ယူရသည္မွာ ခက္ခဲတဲ့အလုပ္မဟုတ္ေပမဲ့ မလွၫ့္တက္ရင္ပါသမ်ွေရႊ ေရထဲျပန္က်တက္၏။
ေသာင္းဆင့္ ခပ္ျမန္ျမန္ပင္ေရထဲကို သဲၾကမ္း၊ခဲတို႔အားျဖတ္ခ်ၿပီးၿပီးျဖစ္သည္။
အဆံုးသတ္မွာ အင္ဝိုင္းအလယ္တၫ့္တၫ့္က်န္ေနေသာ နက္ျပာေရာင္သဲတို႔ၾကားမွာ ဝင္းလဲ့ေနေသာ ေရာင္မႈန္ေလးေတြ ။
ေသာင္းဆင့္မ်က္ဝန္းေတြလဲ့ခနဲျဖစ္သြားေလသည္။
ေဘးဘီကို ျပန္ၾကၫ့္ေတာ့ သူ႔နားမွာ မည္သူတစ္ဦးတစ္ေယာက္မွ ကပ္မေန၊ ျမင္သာတဲ့ေနရာမွာရိွေနၾကတဲ့သူေတြကလည္း ကိုယ့္အလုပ္ကိုယ္လုပ္ၿပီး ေသာင္းဆင့္ကို ထူးထူးျခားျခားၾကၫ့္ေနၾကျခင္း။
ေရႊခင္ ေသာင္းဆင့္ ဆိုတာ ငါပဲ။
ေက်နပ္ျခင္းအဟုန္ျဖင့္ သဲစာ ေခၚ အင္ခ်ီး တို႔အား
ေဘးမွာရိွေသာ ဇလံုထဲအား ထၫ့္လိုက္သည္။
ထို႔ေနာက္ေရႊပါေသာ ေျမၾကီးတို႔အားေသခ်ာေအာင္ေနရာမွတ္လိုက္ၿပီး ထပ္မံၿပီးေရျဖင့္ သဲစာက်န္ေအာင္လွၫ့္လိုက္သည္။
အခ်ိန္အေတာ္ေလးေရာက္ေသာအခါ သူထပ္မလွၫ့္ေတာ့ေပ။
ထို႔အစား စတီးဇလံုး အျပၫ့္ျဖစ္ေနၿပီျဖစ္ေသာ အင္ခ်ီးခြက္အား သယ္ကာ အိမ္ျပန္ဖို႔ ေျခလွမ္းျပင္လိုက္သည္။
ေရႊအနည္းငယ္သာ ပါမည္ဆိုပါက လူေရ႔ွလည္း
မေရွာင္လွၫ့္လို႔ရေပမဲ့ ေရႊပါမ်ားတယ္ဆိုပါက
အေကာင္းဆံုးကေတာ့ လူမရိွတဲ့ေနရာမွာ ေရႊဖမ္းရမည္ပင္။
ထို႔ေန့က ေသာင္းဆင့္ ေရႊေလးေရြးရ၏။
ဝင္ေငြနဲ႔တြက္ပါက ေျခာက္ေသာင္းျဖစ္သည္။
ေရႊသည္ ဖိုးေထြးနဲ႔သြားတုန္းက မေတြ့၊ မိမိတစ္ေယာက္ထဲသြားမွေတြ့သည္ဆိုေတာ့
ဦးတည္ခ်က္သည္ ေျပာင္းမွရေတာ့မည္။
နာမည္အတိုင္း ေသာင္းဆင့္က ေရႊစီးသည္။
ထိုေန့မွ စ၍ အၿမဲတမ္းလိုလို ေသာင္းဆင့္အတြက္ ေရႊေလးငါးေရြးက မခက္ခဲ ေတာ့ေပ။
______
ဘြဲ႔ဆူးသည္ ေသာင္းဆင့္အားသတိထားၾကၫ့္ ေနမိသည္။
မုတ္ဆိတ္တို႔က မရိပ္အသင္နဲ႔ ရုပ္ၾကမ္းပါသည္ဆိုမွၾကာေလၾကမ္းလာေလ။
ပုဆိုးတို႔သည္ ပံုမွန္ဝတ္ေနက်အတိုင္းဒူးအထက္ေရာက္ကာ ကာတြန္းေဘာင္းဘီအဝါၾကားက သိသိသာသာေပၚေနသည္။
ေဟာင္းႏြမ္းေနေသာ တီရွပ္အျဖဴက အဝါေရာင္ေျပာင္းကာ အေပါက္ေတြေတာင္ျဖစ္ေနလ်က္။
မနက္ဆို အိမ္မွာ မီးေမႊးထမင္းအိုးတည္ၿပီးမွ
ဘြဲ႔ဆူးကို ႏိႈးသၫ့္အျပင္ ညေနစာတည္ဖို႔ ထင္းေပါက္ေသးေသးေလးေတြကအစ မီးေမႊးရလြယ္ေအာင္ ခြဲစိတ္ေပးေသး။
ယခုလည္းထင္းတို႔အားခုတ္ျဖတ္ေပးေနျပန္သည္မို႔
ဓားတစ္ေခ်ာင္းကိုင္ကာ အိမ္ေရ႔ွေျမကြက္လပ္မွာ
တဒိုင္းဒိုင္းျမည္ေအာင္ျဖတ္ေတာက္လ်က္။
လက္ေမာင္းသားတို႔မွာတုတ္ခိုင္ကာ အသားကေတာ့ ဒီေရာက္မွ ႏွစ္ဆ ပိုမဲသြားသည္။
မဲမဲသဲသဲေလးမို႔ မေခ်ာဘူးလားဆိုေတာ့လည္းမဟုတ္ျပန္။
ေသာင္းဆင့္ဆက္ႏိုင္က အၾကၫ့္ခံသၫ့္အမ်ိဳး။
ညီအကိုဟုသာ မထင္မရွားေျပာထားတာမို႔
လူတိုင္း သားမက္ေတာ္ခ်င္ၾကတာ ေသာင္းဆင့္ကိုသာ။
ေသာင္းဆင့္ထက္စာရင္ဘြဲ႔ဆူးက မည္သၫ့္အလုပ္မွ ေကာင္းမြန္ေအာင္လုပ္ႏိုင္ျခင္းမရိွတာေၾကာင့္
သမီးရွင္မ်ားက သေဘာက်သၫ့္ပံုေတာ့မရိွလွ။
မည္သို႔ပင္ဆိုေစကာမူ ေသာင္းဆင့္၏
ဆက္ဆံေရးကေတာ့ မေျပာင္းလဲစြာ အေပါက္ဆိုးဆဲပင္။
" ဘဲဘဲ "
" ဗ် "
" ကိုယ့္ကို ဘယ္ေလာက္ခ်စ္လဲ"
ထူးထူးဆန္းဆန္း တံခါးေဘာင္ကိုမွီရင္း ေမးလာတဲ့
ကိုႀကီးဘြဲ႔ဆူးေၾကာင့္ ေသာင္းဆင့္ရင္ထဲမွာ လိပ္ျပာေတြတဖ်တ္ဖ်တ္ခတ္ေနသလိုေတာင္ ျဖစ္သြားရ၏။
ေသာင္းဆင့္ကိုင္ထားတဲ့ ဓားႀကီးအားပစ္ခ်ကာ
ႏွင္းဆီဘြဲ႔ဆူးအားအေျပးဖက္ကာ ပါးေတြ ႏွဖူးေတြအႏွံ႔နမ္းပစ္လိုက္မိ၏။
" အမ်ားႀကီးအမ်ားႀကီး။ ဝါးစားလို႔ရရင္ တႂကြပ္ႂကြပ္ျမည္ေအာင္ အရိုးေရာအသားေရာ စားၿပီးသိမ္းပစ္ခ်င္တဲ့အထိပဲ"
" မင္းအေျဖၾကီးကလည္း"
ဘြဲ႔ဆူး ေသာင္းဆင့္နမ္းေနတာကိုမေရွာင္ပဲ
ရယ္ပဲရယ္ေနမိေတာ့သည္။
ေသာင္းဆင့္ႏွင့္ပတ္သတ္လာရင္ သူကိုယ္လည္း
မထိန္းႏိုင္ေတာ့ပဲ ေတာ္ေတာ္ျဖစ္ေနတယ္ေခၚရမလား။
" တကယ္ေျပာတာ။ ကိုႀကီးဘြဲ႔ဆူး။
ေသာင္းဆင့္ကို ပစ္သြားလို႔လံုးဝမရဘူးေနာ္။
ပိုပိုၿပီးခ်စ္ရမယ္ "
" ေလာဘကလည္းႀကီးလိုက္တာကြာ။ဒါ ေပမဲ့ကိုယ္ကေတာ့မယံုပါဘူး။ ခုခ်ိန္ ခ်စ္စခင္စဆိုေတာ့ မင္း ကိုယ္ေက်နပ္ေအာင္ ဒီစကားပဲေျပာအံုးမွာေပါ့။"
" အတည္ပါဆို ၊ ေသာင္းဆင့္က ကိုႀကီးမွကိုႀကီး "
" ေနအံုး တစ္ခါထဲ မင္းကို သတိေပးစရာရိွေသးတယ္။ "
ေသာင္းဆင့္က ဘြဲ႔ဆူးလည္ပင္ၾကားမွာ မ်က္ႏွာအပ္ရင္း ေခါင္းညိမ့္ျပသည္။
ယားေပမဲ့ မတြန္းထုတ္ပဲ သူစကားဆက္လိုက္သည္။
သူ႔တို႔အိမ္ေလးက သိသိသာသာ တဲစုေတြနဲ႔ေဝးတာမို႔ ေန့ခင္းေနပူခ်ိန္မွလြဲၿပီး လာထိုင္တဲ့သူမရိွေပ။ ထို႔ေၾကာင့္ ေသာင္းဆင့္အားတြန္းမထုတ္မိျခင္းသာ
" ဒီေမွာ္ထဲမွာ မင္းကို သားမက္ေတာ္ခ်င္ေနတဲ့သူေတြအမ်ားသားေနာ္၊ တစ္ေယာက္ေယာက္နဲ႔ ေျပာပါမ်ားလို႔ စိတ္ပါသြားရင္ ၊မင္းငယ္ပါကို အိပ္ေနတုန္းကိုယ္ ျဖတ္ပစ္မွာ၊အဲ့ဒါကိုသတိထား"
ေသာင္းဆင့္တစ္ေယာက္ ဆတ္ခနဲတုန္သြားတာသိသိသာသာပင္။
ထို႔ေနာက္ မအီမသာ ျဖင့္ ဘြဲ႔ဆူး အားၾကၫ့္ကာ
" ေျပာရက္လိုက္တာဗ်ာ ၊ က်ဳပ္ျဖင့္ ႏွင္းဆီဘြဲ႔ဆူးေလးကို ခ်စ္လို႔ေတာင္အားမရႏိုင္တာကို ဘယ္ေယာက္ခမကို ထပ္ေတာ္ရအံုးမွာလဲ။
ဒီမွာ နားေထာင္ကိုႀကီးဘြဲ႔ဆူး ။ က်ဳပ္ေသာင္းဆင့္က
တစ္ေယာက္ဆို တစ္ေယာက္ ၊ႏွင္းဆီဆိုႏွင္းဆီဗ် "
ရင္ဘတ္ကိုတဘုန္းဘုန္းပုတ္ကာ ေသာင္းဆင့္ အားမာန္အျပၫ့္ေျပာလာ၏။ အေတာ္ၾကာမွ အားပါကာ နာသြားသၫ့္ဟန္ျဖင့္ တံေတြးမ်ိဳခ်ကာ မသိမသာ
အရိွန္ကိုေလ်ာ့ပစ္၏။
ပိေတာက္ဆို ပိေတာက္ ေတာင္မဟုတ္ေတာ့။
ေသာင္းဆင့္က တကယ္ ပလီပလာေကာင္။
ဘြဲ႔ဆူး အူယားလာတာေၾကာင့္ေသာင္းဆင့္ ေခါင္းအားလက္ေမာင္းၾကားဆြဲသြင္းကာ ႏႈတ္ခမ္းေမႊးေတြအားဆြဲႏႈတ္လိုက္ေတာ့ေသာင္းဆင့္ ငယ္သံပါေအာင္ေအာ္ေတာ့သည္။
" မွတ္ထားေနာ္ ၊ဒါအေမႊးပဲႏႈတ္ျပေသးတာ၊
ငယ္ပါျဖတ္တာမဟုတ္ေသးဘူး"
ေသာင္းဆင့္ သူ႔ငွက္ဥအား အျမန္အဆန္ပင္အုပ္ကာ ဘြဲ႔ဆူးအား ေၾကာက္အားလန႔္အားေခါင္းရမ္းျပသည္။
" တကယ္ေျပာတာ ေသာင္းဆင့္ ကိုႀကီးတစ္ေယာက္ပဲခ်စ္တာ ၊ ဘယ္သူ႔မွထပ္စိတ္မပါဘူး။ အတည္အတည္ ေသာင္းဆင့္ကမလိမ္တက္ဘူး .. ေနာ္..ကိုႀကီးဘြဲ႔ဆူး"
ခ်စ္တဲ့အိမ္စည္။
ဒီအပိုင္းကစၿပီး တစ္ပိုင္းကို ႏွစ္ရာပါ။
တက္ႏိုင္ရင္ထၫ့္၊မတက္ႏိုင္ရင္ထၫ့္စရာမလိုပါ ။
Bạn đang đọc truyện trên: ZingTruyen.Xyz