ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

22

eainsi23

သောင်းဆင့်သည် ဒီနေ့ ရွှေကျင်မထွက်ပါ။
အိမ်ဘေးမှာ ရှိတဲ့ ခြုံနွယ်တွေအားရှင်းလင်းနေရသည်မို့ သူ့မှာ လတ်တလော မအားလပ်သေး။
သူတို့ နေထိုင်ရာ ပိတောက်ပင်အောက်တွင် ခြုံနွယ်များရှိနေသည်မို့ ခြင်တို့မှာ ပေါများလှ၏။
နှင်းဆီဘွဲ့ဆူးသည် ခြင်ကိုက်ခံရလျှင် အနာဖြစ်တက်ပြီး မန်းသီးကဲ့သို့ အခဲကြီးများကျန်နေတက်၏။
ရောက်ကတည်းက ခြုံများမရှင်းရသေးသည်မို့
သောင်းဆင့်မှာ ဒီနေ့ တစ်နေ့နားကာ
ပတ်ဝန်းကျင်အားရှင်းလင်းနေရသည်။
ထို့အပြင် လူနေသန့်အောင် တဲလေးကို ခြံခတ်ဖို့
သူ့မှာ အားစိုက်နေရသည်။
မဟုတ်လျှင်နေ့ဆို လာရောက် အနားယူတက်တဲ့သူများရှိနေပြီး သူတို့နေရာလေးသည် သီးသန့်ဖြစ်မနေပါ။ လာဆော့ကြသည့်ထဲမှာ ကလေးသူငယ်များလည်းပါပြီး အလိုက်ကန်းဆိုးလည်းနည်းနည်းမှမသိတက်ကြချေ။
သောင်းဆင့်သည် ကလေးလုံးဝမချစ်တက်ပေ။
ဆူညံအော်ဟစ်နေကြပြီး နှာတရွဲရွှဲညစ်ပက်နေတဲ့ကလေးများကို နှင်းဆီဘွဲ့ဆူး ချော့မြူတက်တာကိုလည်းမကြိုက်ပေ။

နှင်းဆီဘွဲ့ဆူးသည် နေ့ခင်း လာဆော့တဲ့ကလေးများအား ပါတဲ့မုန့်များချကျွေးတက်ပြီး သန်းရှာကာ အတင်းပြောတက်တဲ့ မိန်းမကြီးများနှင့်လည်း
စကားတွေပြောတက်သေး၏။
ဒါကိုသောင်းဆင့်မကြိုက်ပေ။
ထို့အပြင် ထိုမိန်းမကြီးများက နှင်းဆီဘွဲ့ဆူးအား
ငေးမောကာ ချောသည်ဟု ချီးကျူး ၏။
အိမ်မှာ သမီးရှိတယ် ၊ သားမက်တော်ရမလားဟုလည်းစနှောက်သည်။

ဒါကို နှင်းဆီဘွဲ့ဆူးကာ ရယ်မောကာ သဘောကျနေတက်၏။

သောင်းဆင့်သည် ဖိုးထွေးခုတ်ထမ်းလာသော ဝါးပင်တို့အား လူတစ်ရပ်လောက်မှန်းကာ ခုတ်ဖြတ်လိုက်၏။
ထို့နောက်တစ်လုံးပြီးတစ်လုံးခုတ်ကာ  တူးထားသော ကျွင်းမှာ စိုက်ထူလိုက်သည်။
အမြန်ပင် ခြံစည်းရိုးလုပ်ချင်သည်။
သူအလုပ်လုပ်နေတုန်းမှာ နှင်းဆီဘွဲ့ဆူးက
ကလေးတစ်ယောက်အား ပွေ့ချီကာ ဖက်နမ်းလိုက်၏။ သောင်းဆင့်မျက်နှာ မဲမှောင်သွားသည်မှာ
သူ့အသားတုံးအား လုစားခံလိုက်ရသလိုပင်။

သူခပ်ကျယ်ကျယ်အော်လိုက်လေသည်။

" နှင်းဆီဘွဲ့ဆူး ဘဲဘဲကို ရေတစ်ခွက်လောက်ခပ်ပေးပါအုံး "

ကလေးငယ်အား ချော့မြူနေဆဲဘွဲ့ဆူးသည်
သောင်းဆင့်ဆီမှာ ထပ်မံတိုးပွားလာသော အခေါ်အဝေါ်ကို သဘောကျစွာ ရှက်ရှက်နှင့်ရယ်မိတော့၏။
ထိုတစ်ယောက် မနာလိုနေမှန်းသိသာစွာ မျက်မှောင်ကြီးကုတ်လျက် စူပုတ်ပုတ်ဖြစ်နေလျက်။
ကလေးအား ချီထားရာမှ ပြန်ချပြီး ကလေးအမေထံပေးလိုက်ကာ

" ကျွန်တော် ရေခပ်ပေးလိုက်အုံးမယ် " ဟု
ပြုံးကာ ပြောလိုက်သည်။
အမျိုးသမီးများမှာ သောင်းဆင့်နှင့်ဘွဲ့ဆူးကိုရိုးသားစွာ ညီအကိုလို့ပဲထင်ကြ၏။
သောင်းဆင့်ပြောသော ဘဲဘဲ ကို သောင်းဆင့်၏ နာမည်ဟု ထင်သွားသည်ကို သောင်းဆင့်တစ်ယောက်သိမည်မဟုတ်။
အကြောင်းမှာ ရံဖာရံခါ ထွက်လာတက်သော ညီလေးဆိုတဲ့ စကားကြီးကြောင့်ဖြစ်လေသည်။

" ရော့ "

ရေခွက်က မျက်နှာရှေ့ရောက်လာပေမဲ့ သောင်းဆင့်
ခေါင်းကိုလွှဲကာ

" လက်မအားဘူး "

" မအားတဲ့ လက်ကိုအားအောင်လုပ်လိုက်ပေါ့ "

" ဟင့်အင် ‌အားအောင်လည်းလုပ်မရဘူး ၊ ရေဆာနေပြီ ရေတိုက် "

ဂျစ်တိုက်နေသည်မှာ ကလေးတစ်ယောက်နှယ်။
တမင်ဆိုးနေမှန်းသိပေမဲ့ လျစ်လျူရှု့ကာ ရေကို ပါးစပ်နားကပ်ပေးလိုက်၏။

" ဒါနဲ့ ဘဲဘဲ က ဘယ်သူလဲ "

သောင်းဆင့် နားရွက်ဖျားတွေ ရဲရဲနီသွားပါ၏။
သူပြောပြီးသူ့ဘာသာ ရှက်နေပုံပင်။

" ဘယ်သူရှိရမှာလဲ ကျုပ်ပေါ့။ သိရက်နဲ့ လာမစနဲ့။
သွား အိမ်ထဲဝင်နေ ၊အပြင်ပြန်ထွက်မလာနဲ့ "

ဘွဲ့ဆူ ရယ်မောကာ သောင်းဆင့်ခိုင်းတဲ့အတိုင်းအထဲပြန်ဝင်သွား၏။
ဘွဲ့ဆူး မရှိတော့တဲ့ အခါမှ ဝါးလုံးတို့အား တိုင်မှာ တွဲချည်ဖို့ ကြိုးကို ကုန်းအယူ
နောက်မှာ အော်လိုက်တဲ့ အသံက သူ့ဦးနှောက်အား
ဗလာကျင်းသွားစေပါ၏။

" ဘဲဘဲ နင့်အကို နဲ့ နင်က ညီအကိုအရင်းလား
တစ်ယောက်နဲ့ တစ်ယောက်ရုပ်မတူဘူးနော်။
ကျီးကန်းနဲ့ ဗျိုင်းလိုပဲ ၊ဆန့်ကျင်ဖက်တွေ "

ပြောလိုက်တဲ့ အမျိုးသမီးက စောက နှင်းဆီဘွဲ့ဆူးချီသွားတဲ့ကလေးအားနို့လှန်တိုက်လျက် ။
သောင်းဆင့် ဝါးတို့အားပစ်ချကာ ခါးထောက်လိုက်သည်။ အလိုမကျစွာ နီစွေးနေသော မျက်နှာမှာ
မျက်မှောင်ကုတ်လျက် နှုတ်ခမ်းက ဆူနေ၏။

" ဒီမှာ အမကြီး ၊ ကျုပ်နာမည် ဘဲဘဲမဟုတ်ဘူး ။ သောင်းဆင့် ၊သောင်းဆင့်ဆက်နိုင် "

" မင်းပဲ စောကပဲ ဘဲဘဲကို ရေတိုက်အုံးဆို "

" ဘဲဘဲကို ရေတိုက်ဦးလို့ ပြောလိုက်တာနဲ့
နာမည်က ဘဲဘဲ ဖြစ်သွားတာလား "

" ဟယ် ငါတို့က မသိလို့ခေါ်တာပါဟဲ့ ။
ရန်စွယ်ငေါငေါ နဲ့ ရုပ်က ထရိုက်တော့မလိုပဲ။
အဲ့ဒါကြောင့် ညီကိုချင်းတူတာတောင် သူက ရုပ်ပိုဆိုးနေတာ "

" ဘာဗျ !! "

သောင်း‌ဆင့်အော်လိုက်တော့ ထိုအမျိုးသမီးတွေတွန့်ခနဲဖြစ်သွား၏။
ထို့နောက် နှင်းဆီဘွဲ့ဆူးရှိရာ တဲလေးထဲ ခေါင်းလှည့်ကာ

" ဘွဲ့ဆူးရေ ဒီမှာ နင့်ညီ ဘဲဘဲ က ငါတို့ကို
ထရိုက်တော့မှာ "ဟုကုန်းအော်၏။
ဘွဲ့ဆူးသည်  အထဲမှ နားထောင်ကာ အူးလိုက်သည်းလိုက် ရယ်မောနေတော့သည်။

ကိုယ့်အတက်နှင့် ကိုယ်ဆူးတယ်ဆိုတာ သောင်းဆင့်ကို ပြော တာဖြစ်မည်။
ထိုနေ့မှ စ၍ လေးရွာတော မှော်ကျင်းထဲတွင် သောင်းဆင့်နာမည်မှာ အော်တိုမစ်တစ် ဘဲဘဲဖြစ်လို့သွားလေ၏။

_________

" ညီလေး မင်းတို့ ထော်လာဂျီ အော်ဒါလိုက်မလားတဲ့
ဒီမှာ အကိုစကားဆက်မိရင်း  မင်းဝင်ငွေရအောင် ခေါ်လာပေးတာ "

သောင်းဆင့်မျက်နှာသစ်နေတုန်း ကိုသန့်စင်ကလူတစ်‌ ယောက်နှင့်ရောက်လာ၏။ ကိုသန့်စင်နှင့်အတူ ပါလာတဲ့သူက
အသက် လေးကျော်အရွယ်ခန့်အမျိုးသားကြီး တစ်ဦးဖြစ်ပြီး အိတ်အသေးတစ်လုံးကိုလွယ်ကာ
ရေသန့်ဘူး တစ်ဘူးအားလက်မှကိုင်ထားသည်။
ဒီလေးရွာတောမှာ ရေသန့်ဘူး သောက်နိုင်ရင်အကောင်ပဲ ဖြစ်သည်။
ရေတစ်ဘူးကို ‌ရှစ်ရာကျပ်ဖြင့် ဝယ်သောက်ရတာမို့ တော်ရုံ လက်လုပ်လက်စားများ မသောက်နိုင်ပေ။
ထို့အစားရေကို ကျိုချက်၍သာ သောက်နိုင်ပေသည်။
သောင်းဆင့်တို့လည်းထို့အတူပင်။

" ကိုသန့်စင် အိမ်ထဲဝင်ထိုင်အုံးလေ  "

တဲအတွင်းကို ထိုသူသည် အကဲခတ်သလိုကြည့်ပြီးဝင်လာ၏။
သောင်းဆင့်နှင့်ဖိုးထွေးလက်ရာဖြင့် တဲအတွင်းတွင် ဝါးဖြင့်လုပ်ထားသော ဝါးစားပွဲ ၊ဝါးထိုင်ခုံများရှိသည်။ သပ်ရပ်သန့်ရှင်းနေကာ မြေကြီးတို့သည် အမှိုက်တစမရှိပဲ ပြောင်ဝင်းနေပါ၏။ ဖိုးထွေးသည် ရေခပ်သွားကာ ဘွဲ့ဆူးကတော့မနိုးသေးပေ။

" တစ်ခေါက်ဘယ်လောက်ပေးမှာလဲ ၊ ခရီးက မဝေးပေမဲ့ လမ်းကြမ်းတာမို့ တော်ရုံ ဈေးဆို ကျုပ်လိုက်နိုင်မှာမဟုတ်ဘူး "

ဒါအမှန်တရားဖြစ်သည်။
ပိုက်ဆံအနည်းငယ်လောက်ဖြင့်တော့ သူမလိုက်နိုင်ပါ ။
မဟုတ်ရင် တောတွင်းလုယက်မူ့ဖြင့် မာလကီးယားသွားနိုင်သေးသည်။ လမ်းခရီးက လူပြတ်လပ်သည့်အပြင် ဆေးသမားတချို့ကြောင့်ရံဖာရံခါ အလုခံရတက်၏။

" ကိုထွန်းကြိုင် ခင်ဗျား ဘယ်လောက်ပေးနိုင်လဲ "

ကိုသန့်စင်က သောင်းဆင့်အစားမေးပေးသည်။
ထိုသူသည်ခဏမျှငြိမ်သက်သွားကာ

" တစ်သိန်းခွဲပေးမယ်ညီလေး" ဟုပြောလာသည်။
သောင်းဆင့် စဉ်းစားကြည့်သည်။
ထော်လာဂျီအတွက် ဆီကတော့ သိပ်မကုန်ပါ။
နောက်ပြီး ဖိုးထွေးအတွက် လုပ်အားခက ခွဲဝေပေးရအုံးမည်မို့ များသည်ဟုလည်း သတ်မှတ်လို့မရ။
မှော်တွင်းမှာ ထော်လာဂျီပိုင်ဆိုင်သူက မိမိတစ်ဦးသာရှိပြီး မြင့်မိုရ်ရွာမှ တစ်ခါတလေ ဈေးလာပို့သော ကားသာ ရှိတက်သည်မို့ အသွားအလာက ခက်ခဲသည်။

" ဘာလုပ်သွားမှာလဲ။ ဈေးဝယ်လား ၊အပြန်ဝိတ်တင်ဖို့ဘာညာ "

" မဟုတ်ဘူး ညီလေး ၊ အကိုက ရွှေကုန်သည်ပါ။
ရွှေသွင်းသွားမှာမို့ အကို့ လူယုံနှစ်ယောက်နဲ့ သွားမှာ ပါ။ အသွားအပြန်ဆိုပေမဲ့ အပြန် ဘာမှ မပါဘူး လူပဲ ပြန်လိုက်မှာ "

" ဒါဆို ကျုပ် နှစ်သိန်းခွဲ ရမှလိုက်နိုင်မယ်။
မဟုတ်တောင် လမ်းခရီးမှာ ကျုပ်တို့အသက်အတွက်စိတ်မချရဘူး။  ခင်ဗျားမှာ ပါတဲ့ ပစ္စည်းကြောင့်
လူအန္တရာယ်မဖြစ်ဘူးလို့လည်း ခင်ဗျားလည်းအာမခံနိုင်ဘူး "

သောင်းဆင့်ပြောတာမှန်သည်။
ထိုသူ့အနေနဲ့ ငွေ နှစ်သိန်းခွဲက ဘာမှမဟုတ်ပေမဲ့
သောင်းဆင့်လို လူတစ်ယောက်ပါခဲ့ပါက ဘေးကင်းနိုင်ခြေများသည်။ ထိုသူသည် ဈေးထပ်မစစ်ပါ။

" ဟုတ်ပြီလေ ဒါဆိုခု သွားကြမလား "

" ဒီနေ့တော့မရဘူး။ ကျုပ်ယောကျာ်းကို
ဘာမှလုပ်မပေးရသေးဘူး။ အိမ်မှာ
တစ်ယောက်ထဲ ထားခဲ့ဖို့ စီစဉ်စရာရှိတာ စီစဉ်ရအုံးမယ်ခင်ဗျားသွားချင်မနက်ဖန်မှသွား "

ဦးထွန်းကြိုင် အံ့ဩပေမဲ့ ဆက်မပေးပဲ ခေါင်းညိမ့်ကာ ပြန်သွား၏။
လက်ထဲတွင် ကိုင်ထားသော စရံငွေ တစ်သိန်းအားကြည့်၍ သောင်းဆင့်ကျေနပ်သွားသည်။
ပထမဦးဆုံး ရတဲ့ ငွေမို့ ‌သူ့နှင်းဆီဘွဲ့ဆူးလေးအား အပ်ရပေအုံးမည်။

" နှင်းဆီဘွဲ့ဆူးလေး ၊ ထသေးဘူးလား "

ဝါးကွပ်ပျစ်မို့ တက်လိုက်တာနဲ့ တဂျွတ်ဂျွတ်အသံကထွက်လာ၏။ သောင်းဆင့်အိပ်နေတဲ့ ကိုကြီးဘွဲ့ဆူးနားအသာတိုးကပ်သွားပြီး မေးဖျားလေးအားဖွဖွနမ်းလိုက်၏။
ထို့နောက်ကျေနပ်စွာပင် မျက်ခွံလေးတွေအားထပ်နမ်းလိုက်သေးသည်။
ဘွဲ့ဆူးသည် နှောက်ယှက်နေသူအား အိပ်ချင်စိတ်ဖြင့် မေးဖျားမှ တွန်းကာ ‌

" ဘဲဘဲ မစစမ်းနဲ့ကွာ ၊ကိုယ်အိပ်ချင်နေသေးတယ်"

"  အာ မခေါ်နဲ့ အဲ့ဘဲဘဲကြီးကို "

ဘဲဘဲဆိုတဲ့ နာမည်အား သောင်းဆင့်မကြိုက်တော့သည့်အပြင် စပ်စပ်ခါအောင်နာသေးသည်။
‌သူအပြင်ထွက်လိုက်တာနှင့် ဈေးတန်းမှကလေးများက ကိုဘဲဘဲ ဟု နှုတ်ဆက်ကြပြီး
အမျိုးသမီးကြီးတချို့ကတော့ ငါ့တူ "ကိုဘဲ" ဘယ်လဲဟု မေးတက်၏။
အစကတော့ စိတ်ဆိုးပါသည်။
နောက်တော့ အောင့်သက်သက်ဖြစ်လာကာ
သောင်းဆင့် ဆူဆောင့်လာတော့သည်။
မခေါ်နဲ့ ဟုပြောလည်း ကလေးများက မရ။
ဖြဲခြောက်လည်းမကြောက်နှင့်သူ့အဖြစ်က အတော်လေး ရယ်စရာကောင်း၏။

" မင်းပဲ မင်းကိုယ်မင်း ဘဲဘဲဆို ၊ ဘဲဘဲမို့ ဘဲဘဲခေါ်တာ နာစရာလား"

" နှင်းဆီဘွဲ့ဆူးကြီး တော်လိုက်တော့နော် "

စိတ်ဆိုးလာတာမို့ ဘွဲ့ဆူးဘေးမှာ အားယားကြီးမှောက်လျက် နှုတ်ခမ်းကြီးဆူကာ အော်တော့၏။
ဘွဲ့ဆူး သောင်းဆင့်‌ဖက်ကိုလှည့်ကာ ကျောပေါ်လက်တင်၍ ဖက်ထားလိုက်သည်။စိတ်ဆိုးနေသည်မို့ နှာခေါင်းဖျားလေးကို ဖွဖွနမ်းလိုက်သေး၏။

" ဘဲဘဲ  ကိုယ့်ကိုချစ်လား"

ဘွဲ့ဆူးအသံမှာတိုးလျနေ၏။
သောင်းဆင့် နှုတ်ခမ်းနေဆူပြီးစိတ်ကောက်နေသော်ငြား မထိန်းနိုင်တော့တဲ့ဟန်ဖြင့် ရယ်ကျဲကျဲဖြစ်လာကာ အတင်းခုန်အုပ်ကာ ဖက်နမ်းတော့သည်။

" ချစ်တယ်၊ နှင်းဆီဘွဲ့ဆူးလေးကို အများကြီးချစ်အားကြီးချစ် "

" အား မျက်နှာမသစ်ရသေးဘူးလေ ဘဲဘဲရာ။
ဖယ်ဖယ် ကိုယ် အိပ်ယာက ထတော့မယ် "

" နေပါအုံး၊ ကျုပ်မစတော့ဘူး ၊ပြောစရာစကားရှိတယ် ၊ ကျုပ်ပြောတာနားထောင်ရအောင် ဘေးမှာအိပ်နေပေး"

ဘွဲ့ဆူး လက်ကိုဆွဲကာ သောင်းဆင့် သူရင်ခွင်ထဲ ထည့်ပွေ့ထားလိုက်၏။
ငြိမ်သက်သွားသော လှုပ်ရှားမူ့သည် သူပြောသမျှ
နားထောင်မည့်ဟန်ဖြစ်သည်။

" ဒီနေ့ ‌ထော်လာဂျီအော်ဒါလာငှားတယ် ၊ကျုပ်နှစ်သိန်းခွဲနဲ့ ဈေးတည့်လိုက်တယ်၊မနက်ဖန် စောစော မြင့်မိုရ်ရွာသွားရမှာ ခင်ဗျားဘာမှာစရာရှိသေးလဲ "

" မှာစရာဆိုရင်တော့ ရွှေသိမ်းရအောင်ကောင်တာတစ်လုံးရချင်တယ်၊ မင်းအဆင်ပြေရင်ဝယ်ခဲ့ပေးလေ "

" မပြေစရာလား ၊ လိုချင်တာသာ မှာလိုက်စမ်းပါ
အကုန်ရအောင်လုပ်ပေးမယ် "

" ဘဲဘဲ အကောင်းဆုံးပဲ "

ဘွဲ့ဆူး သောင်းဆင့် မေးကိုနမ်းလိုက်သည်။
အနမ်းခံလိုက်ရသော သောင်းဆင့်သည် သွားကြီးဖြီးကာ ရယ်‌နေလျက်။
ဒီတစ်ခါတော့ သောင်းဆင့်စိတ်မဆိုးတော့ပေ။

________

ဝေလီဝေလင်းကတည်းက စထွက်လာတာမို့
မြင့်မိုရ်ရွာရောက်တော့ ကိုးနာရီကျော်ကျော်သာရှိသေးသည်။ ကားငှားလာတဲ့ ဘိုးတော်ကတော့ ရောက်သည်နှင့် တစ်နာရီကျော်လောက်နေရင်ပြန်လာမည်ဟုချိန်းကာ  သူ့တပည့်နှစ်ယောက်ခေါ်၍ထွက်သွားသည်။ 
အစက မြို့ပေါ်သွားမဲ့သူကို ရွှေချိန်ကောင်တာသီးသန့်အော်ဒါမှာရမှာဖြစ်ပေမဲ့
ကိုသန့်စင်ကျေးဇူးဖြင့် တဆင့်ပြန်လည်ရောင်းချပေးမဲ့သူဖြင့် ချိတ်ဆက်မိခဲ့၏။
ထိုသူထံမှပဲ ရွှေချိန်ကောင်တာ နှင့် အလေးတို့အားရခဲ့သည်။
အရင်က တောထဲမှာ သူလည်း ရွှေကောက်ဖူးပြီး ငှက်ဖျားကြောင့် အိမ်ပြန်ခဲ့ရသည်ဟုသိရ၏။

ထိုအကြောင်းအားသိရပြီးချိန်၌ သောင်းဆင့်တစ်ယောက် ဘွဲ့ဆူးအားစိတ်ပူကာ ရေသန့်ကဒ်၊ ခြင်ဆေး ၊နနွင်း အပြင် ဆေးအမျိုးမျိုးအားလည်းဝယ်ယူခဲ့၏။
မြင့်မိုရ်ရွာသည် လေးရွာတောတွင်းရွှေမှော်ကြောင့်
ဈေးရောင်းဝယ်ဖောက်ကားမူ့ ကောင်းလာပြီးစည်ကားလာသည်။ ထို့ကြောင့်ရွာထဲတင် ထမင်းဆိုင် ၊ဆေးဆိုင်နှင့် ကုန်စုံဆိုင်များစုံလင်အောင် ရောင်းဝယ်နိုင်ခဲ့သည်။

သောင်းဆင့်တို့ လေးရွာတောကို ဖြတ်၍ အိမ်ပြန်ရောက်ချိန်တွင် ညနေလေးနာရီထိုးပြီဖြစ်သည်။
အိမ်တွင် နှင်းဆီဘွဲ့ဆူးအပြင် ကိုသန့်စင်၏ အမျိုးသမီးလည်း ရှိနေ၏။ သူမသွားခင်က
ဘွဲ့ဆူးတစ်ယောက်ထဲ ဖြစ်နေမှာမို့ သူသွားခေါ်ပေးခဲ့တာပင်။

" ပြန်လာတာစောသားပဲ ၊မိုးချုပ်မယ်ထင်လို့ ကိုယ်စိုးရိမ်နေတာ၊နေနေ အမ ထိုင်နေပါ။ ကျွန်တော်တို့သယ်ပါ့မယ်"  "

ဘွဲ့ဆူးသည်ပါလာတဲ့အထုတ်အပိုးတွေအားဝိုင်းဝန်းချကာ ပြောလိုက်မိသည်။
မအေးမြက ကိုယ်ဝန်ဆောင်မို့ အလေးအပင်တွေအား
မမှာကို စိုးသည်မို့  သေးငယ်တဲ့ ပစ္စည်းထုတ်တွေကိုသာ လှမ်းပေးလိုက်ရ၏။

" ဟုတ်တယ် ဒါတောင် ကျုပ်တို့ နောက်ကျနေတာ ။
လမ်းကြုံလိုက်ချင်တယ်ဆိုလို့ စောင့်ခေါ်‌နေရလို့လေ ၊တစ်ယောက်ကို တစ်သောင်းနဲ့ နှစ်ယောက် နှစ်သောင်းရခဲ့တယ် ။ အိတ်ထဲမှာ ခေါက်ဆွဲကြော်ဝယ်ခဲ့တယ်၊ မအေးမြကို နှစ်ထုတ်ပေးလိုက်ဦး "

"မင်းတို့အတွက်ကရော "

ဖိုးထွေးသည် သူ့ဆွဲထားတဲ့ အနက်ရောင် အိတ်ကို မြောက်ပြသည်။

" ဒီမှာ ကိုဘွဲ့ဆူး ၊ သောင်းဆင့်က ကျွန်တော့်အတွက်
ဂရမ်းပြာ ကစ်ဖို့ဝယ်ပေးထားတယ်။ အမြည်းကတော့ရောက်တုန်း ကြက်ကြော်လေးပေါ့ဗျာ "

" ဘဲဘဲ မင်းရော သောက်မှာလား "

သောင်းဆင့် ခေါင်းကို ရှစ်ခါလောက် ခါရမ်းပြလိုက်သည်။ နှင်းဆီဘွဲ့ဆူး မျက်နှာမှာ မင်းသောက်ရင်
ငါ့နားလာမအိပ်နဲ့ဆိုတဲ့ စာတန်းချိတ်ထားတာ မသိရင် ညံ့ဖျင်းလွန်းမည်။ မအိပ်ရလို့ကတော့မဖြစ်ပေ။
အရက်ကထိုမျှအရေးမကြီး။

ညတွင် ဖိုးထွေးတစ်ယောက် ကြက်ကြော်အမြည်းနဲ့ အရက်ကို ဇိမ်ခံသောက်နေသည်။
လရောင်က ဖြာကျနေတာမို့ မီးကို ပိတ်ထားပြီး
သုံးယောက်သား အိမ်ရှေ့ကွက်လပ်မှာ လရောင်ခံဖြစ်သည်။

" ဖိုးထွေးမင်း  ပိုက်ဆံရပြီးပြီလား "

" ရပြီးပြီ အကိုဘွဲ့ဆူး။ ကျွန်တော်လည်းရသမျှ အိမ်ပို့ရမှာ ။ပထမဦးဆုံးဝင်တဲ့ ပိုက်ဆံလေးဆိုတော့
ဝါးစုဘူးထဲ အကုန်ထည့်လိုက်တယ်။
နောက်မှ အမေ့ကိုစု ကန်တော့လိုက်တော့မယ် "

" ကောင်းတယ် ၊ အကိုကတော့  အားပေးတယ်။

ဖိုးထွေးက  သောက်တယ်ဆိုပေမဲ့
အိမ်ကိုသိတက်၏။

" ဖိုးထွေးပိုက်ဆံစုတယ်ဆိုမှ သောင်းဆင့် မင်းလည်း မင်းအဖေဆီအချေးဆပ်ရအုံးမှာနော် မေ့မနေနဲ့ ၊ ငွေတိုးနဲ့ယူထားတာ လတိုင်းအတိုးတက်နေမှာ "

အိမ် ရှေ့ဝါးကွပ်ပျစ်ပေါ်မှာ ဆန့်ဆန့်ကြီးလှဲနေတဲ့သောင်းဆင့်ကာ  ဘွဲ့ဆူးစကားကြောင့် ငုတ်တုတ်ကြီးထထိုင်လာ၏။ မျက်နှာမှာလည်းစိတ်ပျက်နေသည့်ဟန်ကအထင်းသား။

" ကျုပ်လည်း လုပ်နေတာပဲဗျာ။ လုပ်သမျှ ဖြစ်ရင်တော့ အကောင်းသားပေါ့ "

ပွယောင်းယောင်းဆံပင်တွေသည်
သောင်းဆင့် နှင့်မလိုက်ဖက်လှပါ။
ထို့ကြောင့် လက်ဖြင့် လှမ်းသပ်ပေးကာ

" ကဲပါ ၊ ခုမှအစပဲရှိသေးတာ စိတ်မညစ်ပါနဲ့ ။ မနက်ဖန် ကိုယ်လည်း ရွှေစကောက်ကြည့်မယ်၊ မင်းတို့နှစ်ယောက်လည်း ရွှေကျင်သွားကြပေါ့ ၊ဟိုနေ့ကစုထားတာ  ဆန်သုံးစေ့ဆိုပေမဲ့ နောက်ရက်ဆိုသုံးရွေးတို့ဘာတို့တိုးလာမှာပေါ့ ။ ခုလို ရံဖာရံခါ အော်ဒါလိုက်ဘာညာဆို မပြေစရာအကြောင်းမရှိဘူး "

ပြေရာပြေကြောင်းပြောမှ စိတ်လျော့လိုက်သလို ပုခုံးပေါ်ခေါင်းတင်လာ၏။
သောင်းဆင့်က ပိုပိုကလေးဆန်လာပြီး
လူပိုကပ်လာ၏။ ဒါကိုပင် ဘွဲ့ဆူး ချစ်ရတာပင်။
ဖိုးထွေးကတော့ အစပိုင်းတော့ တဝေါ့ဝေါ့လုပ်ကာ ခံစားနိုင်ပုံမရ။
နောက်ပိုင်း အန်တာမမြင်တော့ပဲ ဘာသိဘာသာ ခွဲနေတက်တော့၏။
သူလည်း မြင်ပါများလို့ ရိုးသွားဟန်။

အင်း အချစ်မရှိတဲ့သူများ သနားစရာသိပ်ကောင်းပါ၏။

ချစ်တဲ့အိမ်စည်။

ေသာင္းဆင့္သည္ ဒီေန့ ေရႊက်င္မထြက္ပါ။
အိမ္ေဘးမွာ ရိွတဲ့ ၿခံဳႏြယ္ေတြအားရွင္းလင္းေနရသည္မို႔ သူ႔မွာ လတ္တေလာ မအားလပ္ေသး။
သူတို႔ ေနထိုင္ရာ ပိေတာက္ပင္ေအာက္တြင္ ၿခံဳႏြယ္မ်ားရိွေနသည္မို႔ ျခင္တို႔မွာ ေပါမ်ားလွ၏။
ႏွင္းဆီဘြဲ႔ဆူးသည္ ျခင္ကိုက္ခံရလ်ွင္ အနာျဖစ္တက္ၿပီး မန္းသီးကဲ့သို႔ အခဲႀကီးမ်ားက်န္ေနတက္၏။
ေရာက္ကတည္းက ၿခံဳမ်ားမရွင္းရေသးသည္မို႔
ေသာင္းဆင့္မွာ ဒီေန့ တစ္ေန့နားကာ
ပတ္ဝန္းက်င္အားရွင္းလင္းေနရသည္။
ထို႔အျပင္ လူေနသန႔္ေအာင္ တဲေလးကို ၿခံခတ္ဖို႔
သူ႔မွာ အားစိုက္ေနရသည္။
မဟုတ္လ်ွင္ေန့ဆို လာေရာက္ အနားယူတက္တဲ့သူမ်ားရိွေနၿပီး သူတို႔ေနရာေလးသည္ သီးသန႔္ျဖစ္မေနပါ။ လာေဆာ့ၾကသၫ့္ထဲမွာ ကေလးသူငယ္မ်ားလည္းပါၿပီး အလိုက္ကန္းဆိုးလည္းနည္းနည္းမွမသိတက္ၾကေခ်။
ေသာင္းဆင့္သည္ ကေလးလံုးဝမခ်စ္တက္ေပ။
ဆူညံေအာ္ဟစ္ေနၾကၿပီး ႏွာတရြဲရႊဲညစ္ပက္ေနတဲ့ကေလးမ်ားကို ႏွင္းဆီဘြဲ႔ဆူး ေခ်ာ့ျမဴတက္တာကိုလည္းမႀကိဳက္ေပ။

ႏွင္းဆီဘြဲ႔ဆူးသည္ ေန့ခင္း လာေဆာ့တဲ့ကေလးမ်ားအား ပါတဲ့မုန႔္မ်ားခ်ေကြၽးတက္ၿပီး သန္းရွာကာ အတင္းေျပာတက္တဲ့ မိန္းမႀကီးမ်ားႏွင့္လည္း
စကားေတြေျပာတက္ေသး၏။
ဒါကိုေသာင္းဆင့္မႀကိဳက္ေပ။
ထို႔အျပင္ ထိုမိန္းမႀကီးမ်ားက ႏွင္းဆီဘြဲ႔ဆူးအား
ေငးေမာကာ ေခ်ာသည္ဟု ခ်ီးက်ူး ၏။
အိမ္မွာ သမီးရိွတယ္ ၊ သားမက္ေတာ္ရမလားဟုလည္းစေနွာက္သည္။

ဒါကို ႏွင္းဆီဘြဲ႔ဆူးကာ ရယ္ေမာကာ သေဘာက်ေနတက္၏။

ေသာင္းဆင့္သည္ ဖိုးေထြးခုတ္ထမ္းလာေသာ ဝါးပင္တို႔အား လူတစ္ရပ္ေလာက္မွန္းကာ ခုတ္ျဖတ္လိုက္၏။
ထို႔ေနာက္တစ္လံုးၿပီးတစ္လံုးခုတ္ကာ  တူးထားေသာ ကြၽင္းမွာ စိုက္ထူလိုက္သည္။
အျမန္ပင္ ၿခံစည္းရိုးလုပ္ခ်င္သည္။
သူအလုပ္လုပ္ေနတုန္းမွာ ႏွင္းဆီဘြဲ႔ဆူးက
ကေလးတစ္ေယာက္အား ေပြ့ခ်ီကာ ဖက္နမ္းလိုက္၏။ ေသာင္းဆင့္မ်က္ႏွာ မဲေမွာင္သြားသည္မွာ
သူ႔အသားတံုးအား လုစားခံလိုက္ရသလိုပင္။

သူခပ္က်ယ္က်ယ္ေအာ္လိုက္ေလသည္။

" ႏွင္းဆီဘြဲ႔ဆူး ဘဲဘဲကို ေရတစ္ခြက္ေလာက္ခပ္ေပးပါအံုး "

ကေလးငယ္အား ေခ်ာ့ျမဴေနဆဲဘြဲ႔ဆူးသည္
ေသာင္းဆင့္ဆီမွာ ထပ္မံတိုးပြားလာေသာ အေခၚအေဝၚကို သေဘာက်စြာ ရွက္ရွက္ႏွင့္ရယ္မိေတာ့၏။
ထိုတစ္ေယာက္ မနာလိုေနမွန္းသိသာစြာ မ်က္ေမွာင္ႀကီးကုတ္လ်က္ စူပုတ္ပုတ္ျဖစ္ေနလ်က္။
ကေလးအား ခ်ီထားရာမွ ျပန္ခ်ၿပီး ကေလးအေမထံေပးလိုက္ကာ

" ကြၽန္ေတာ္ ေရခပ္ေပးလိုက္အံုးမယ္ " ဟု
ၿပံဳးကာ ေျပာလိုက္သည္။
အမ်ိဳးသမီးမ်ားမွာ ေသာင္းဆင့္ႏွင့္ဘြဲ႔ဆူးကိုရိုးသားစြာ ညီအကိုလို႔ပဲထင္ၾက၏။
ေသာင္းဆင့္ေျပာေသာ ဘဲဘဲ ကို ေသာင္းဆင့္၏ နာမည္ဟု ထင္သြားသည္ကို ေသာင္းဆင့္တစ္ေယာက္သိမည္မဟုတ္။
အေၾကာင္းမွာ ရံဖာရံခါ ထြက္လာတက္ေသာ ညီေလးဆိုတဲ့ စကားႀကီးေၾကာင့္ျဖစ္ေလသည္။

" ေရာ့ "

ေရခြက္က မ်က္ႏွာေရ႔ွေရာက္လာေပမဲ့ ေသာင္းဆင့္
ေခါင္းကိုလႊဲကာ

" လက္မအားဘူး "

" မအားတဲ့ လက္ကိုအားေအာင္လုပ္လိုက္ေပါ့ "

" ဟင့္အင္ ‌အားေအာင္လည္းလုပ္မရဘူး ၊ ေရဆာေနၿပီ ေရတိုက္ "

ဂ်စ္တိုက္ေနသည္မွာ ကေလးတစ္ေယာက္ႏွယ္။
တမင္ဆိုးေနမွန္းသိေပမဲ့ လ်စ္လ်ူရႈ႔ကာ ေရကို ပါးစပ္နားကပ္ေပးလိုက္၏။

" ဒါနဲ႔ ဘဲဘဲ က ဘယ္သူလဲ "

ေသာင္းဆင့္ နားရြက္ဖ်ားေတြ ရဲရဲနီသြားပါ၏။
သူေျပာၿပီးသူ႔ဘာသာ ရွက္ေနပံုပင္။

" ဘယ္သူရိွရမွာလဲ က်ဳပ္ေပါ့။ သိရက္နဲ႔ လာမစနဲ႔။
သြား အိမ္ထဲဝင္ေန ၊အျပင္ျပန္ထြက္မလာနဲ႔ "

ဘြဲ႔ဆူ ရယ္ေမာကာ ေသာင္းဆင့္ခိုင္းတဲ့အတိုင္းအထဲျပန္ဝင္သြား၏။
ဘြဲ႔ဆူး မရိွေတာ့တဲ့ အခါမွ ဝါးလံုးတို႔အား တိုင္မွာ တြဲခ်ည္ဖို႔ ႀကိဳးကို ကုန္းအယူ
ေနာက္မွာ ေအာ္လိုက္တဲ့ အသံက သူ႔ဦးေနွာက္အား
ဗလာက်င္းသြားေစပါ၏။

" ဘဲဘဲ နင့္အကို နဲ႔ နင္က ညီအကိုအရင္းလား
တစ္ေယာက္နဲ႔ တစ္ေယာက္ရုပ္မတူဘူးေနာ္။
က်ီးကန္းနဲ႔ ဗ်ိဳင္းလိုပဲ ၊ဆန႔္က်င္ဖက္ေတြ "

ေျပာလိုက္တဲ့ အမ်ိဳးသမီးက ေစာက ႏွင္းဆီဘြဲ႔ဆူးခ်ီသြားတဲ့ကေလးအားႏို႔လွန္တိုက္လ်က္ ။
ေသာင္းဆင့္ ဝါးတို႔အားပစ္ခ်ကာ ခါးေထာက္လိုက္သည္။ အလိုမက်စြာ နီေစြးေနေသာ မ်က္ႏွာမွာ
မ်က္ေမွာင္ကုတ္လ်က္ ႏႈတ္ခမ္းက ဆူေန၏။

" ဒီမွာ အမႀကီး ၊ က်ဳပ္နာမည္ ဘဲဘဲမဟုတ္ဘူး ။ ေသာင္းဆင့္ ၊ေသာင္းဆင့္ဆက္ႏိုင္ "

" မင္းပဲ ေစာကပဲ ဘဲဘဲကို ေရတိုက္အံုးဆို "

" ဘဲဘဲကို ေရတိုက္ဦးလို႔ ေျပာလိုက္တာနဲ႔
နာမည္က ဘဲဘဲ ျဖစ္သြားတာလား "

" ဟယ္ ငါတို႔က မသိလို႔ေခၚတာပါဟဲ့ ။
ရန္စြယ္ေငါေငါ နဲ႔ ရုပ္က ထရိုက္ေတာ့မလိုပဲ။
အဲ့ဒါေၾကာင့္ ညီကိုခ်င္းတူတာေတာင္ သူက ရုပ္ပိုဆိုးေနတာ "

" ဘာဗ် !! "

ေသာင္း‌ဆင့္ေအာ္လိုက္ေတာ့ ထိုအမ်ိဳးသမီးေတြတြန႔္ခနဲျဖစ္သြား၏။
ထို႔ေနာက္ ႏွင္းဆီဘြဲ႔ဆူးရိွရာ တဲေလးထဲ ေခါင္းလွၫ့္ကာ

" ဘြဲ႔ဆူးေရ ဒီမွာ နင့္ညီ ဘဲဘဲ က ငါတို႔ကို
ထရိုက္ေတာ့မွာ "ဟုကုန္းေအာ္၏။
ဘြဲ႔ဆူးသည္  အထဲမွ နားေထာင္ကာ အူးလိုက္သည္းလိုက္ ရယ္ေမာေနေတာ့သည္။

ကိုယ့္အတက္ႏွင့္ ကိုယ္ဆူးတယ္ဆိုတာ ေသာင္းဆင့္ကို ေျပာ တာျဖစ္မည္။
ထိုေန့မွ စ၍ ေလးရြာေတာ ေမွာ္က်င္းထဲတြင္ ေသာင္းဆင့္နာမည္မွာ ေအာ္တိုမစ္တစ္ ဘဲဘဲျဖစ္လို႔သြားေလ၏။

_________

" ညီေလး မင္းတို႔ ေထာ္လာဂ်ီ ေအာ္ဒါလိုက္မလားတဲ့
ဒီမွာ အကိုစကားဆက္မိရင္း  မင္းဝင္ေငြရေအာင္ ေခၚလာေပးတာ "

ေသာင္းဆင့္မ်က္ႏွာသစ္ေနတုန္း ကိုသန႔္စင္ကလူတစ္‌ ေယာက္ႏွင့္ေရာက္လာ၏။ ကိုသန႔္စင္ႏွင့္အတူ ပါလာတဲ့သူက
အသက္ ေလးေက်ာ္အရြယ္ခန႔္အမ်ိဳးသားႀကီး တစ္ဦးျဖစ္ၿပီး အိတ္အေသးတစ္လံုးကိုလြယ္ကာ
ေရသန႔္ဘူး တစ္ဘူးအားလက္မွကိုင္ထားသည္။
ဒီေလးရြာေတာမွာ ေရသန႔္ဘူး ေသာက္ႏိုင္ရင္အေကာင္ပဲ ျဖစ္သည္။
ေရတစ္ဘူးကို ‌ရွစ္ရာက်ပ္ျဖင့္ ဝယ္ေသာက္ရတာမို႔ ေတာ္ရံု လက္လုပ္လက္စားမ်ား မေသာက္ႏိုင္ေပ။
ထို႔အစားေရကို က်ိဳခ်က္၍သာ ေသာက္ႏိုင္ေပသည္။
ေသာင္းဆင့္တို႔လည္းထို႔အတူပင္။

" ကိုသန႔္စင္ အိမ္ထဲဝင္ထိုင္အံုးေလ  "

တဲအတြင္းကို ထိုသူသည္ အကဲခတ္သလိုၾကၫ့္ၿပီးဝင္လာ၏။
ေသာင္းဆင့္ႏွင့္ဖိုးေထြးလက္ရာျဖင့္ တဲအတြင္းတြင္ ဝါးျဖင့္လုပ္ထားေသာ ဝါးစားပြဲ ၊ဝါးထိုင္ခံုမ်ားရိွသည္။ သပ္ရပ္သန႔္ရွင္းေနကာ ေျမၾကီးတို႔သည္ အမိႈက္တစမရိွပဲ ေျပာင္ဝင္းေနပါ၏။ ဖိုးေထြးသည္ ေရခပ္သြားကာ ဘြဲ႔ဆူးကေတာ့မႏိုးေသးေပ။

" တစ္ေခါက္ဘယ္ေလာက္ေပးမွာလဲ ၊ ခရီးက မေဝးေပမဲ့ လမ္းၾကမ္းတာမို႔ ေတာ္ရံု ေဈးဆို က်ဳပ္လိုက္ႏိုင္မွာမဟုတ္ဘူး "

ဒါအမွန္တရားျဖစ္သည္။
ပိုက္ဆံအနည္းငယ္ေလာက္ျဖင့္ေတာ့ သူမလိုက္ႏိုင္ပါ ။
မဟုတ္ရင္ ေတာတြင္းလုယက္မူ႔ျဖင့္ မာလကီးယားသြားႏိုင္ေသးသည္။ လမ္းခရီးက လူျပတ္လပ္သၫ့္အျပင္ ေဆးသမားတခ်ိဳ႕ေၾကာင့္ရံဖာရံခါ အလုခံရတက္၏။

" ကိုထြန္းႀကိဳင္ ခင္ဗ်ား ဘယ္ေလာက္ေပးႏိုင္လဲ "

ကိုသန႔္စင္က ေသာင္းဆင့္အစားေမးေပးသည္။
ထိုသူသည္ခဏမ်ွၿငိမ္သက္သြားကာ

" တစ္သိန္းခြဲေပးမယ္ညီေလး" ဟုေျပာလာသည္။
ေသာင္းဆင့္ စဉ္းစားၾကၫ့္သည္။
ေထာ္လာဂ်ီအတြက္ ဆီကေတာ့ သိပ္မကုန္ပါ။
ေနာက္ၿပီး ဖိုးေထြးအတြက္ လုပ္အားခက ခြဲေဝေပးရအံုးမည္မို႔ မ်ားသည္ဟုလည္း သတ္မွတ္လို႔မရ။
ေမွာ္တြင္းမွာ ေထာ္လာဂ်ီပိုင္ဆိုင္သူက မိမိတစ္ဦးသာရိွၿပီး ျမင့္မိုရ္ရြာမွ တစ္ခါတေလ ေဈးလာပို႔ေသာ ကားသာ ရိွတက္သည္မို႔ အသြားအလာက ခက္ခဲသည္။

" ဘာလုပ္သြားမွာလဲ။ ေဈးဝယ္လား ၊အျပန္ဝိတ္တင္ဖို႔ဘာညာ "

" မဟုတ္ဘူး ညီေလး ၊ အကိုက ေရႊကုန္သည္ပါ။
ေရႊသြင္းသြားမွာမို႔ အကို႔ လူယံုႏွစ္ေယာက္နဲ႔ သြားမွာ ပါ။ အသြားအျပန္ဆိုေပမဲ့ အျပန္ ဘာမွ မပါဘူး လူပဲ ျပန္လိုက္မွာ "

" ဒါဆို က်ဳပ္ ႏွစ္သိန္းခြဲ ရမွလိုက္ႏိုင္မယ္။
မဟုတ္ေတာင္ လမ္းခရီးမွာ က်ဳပ္တို႔အသက္အတြက္စိတ္မခ်ရဘူး။  ခင္ဗ်ားမွာ ပါတဲ့ ပစၥည္းေၾကာင့္
လူအႏၲရာယ္မျဖစ္ဘူးလို႔လည္း ခင္ဗ်ားလည္းအာမခံႏိုင္ဘူး "

ေသာင္းဆင့္ေျပာတာမွန္သည္။
ထိုသူ႔အေနနဲ႔ ေငြ ႏွစ္သိန္းခြဲက ဘာမွမဟုတ္ေပမဲ့
ေသာင္းဆင့္လို လူတစ္ေယာက္ပါခဲ့ပါက ေဘးကင္းႏိုင္ေျခမ်ားသည္။ ထိုသူသည္ ေဈးထပ္မစစ္ပါ။

" ဟုတ္ၿပီေလ ဒါဆိုခု သြားၾကမလား "

" ဒီေန့ေတာ့မရဘူး။ က်ဳပ္ေယာက်ာ္းကို
ဘာမွလုပ္မေပးရေသးဘူး။ အိမ္မွာ
တစ္ေယာက္ထဲ ထားခဲ့ဖို႔ စီစဉ္စရာရိွတာ စီစဉ္ရအံုးမယ္ခင္ဗ်ားသြားခ်င္မနက္ဖန္မွသြား "

ဦးထြန္းႀကိဳင္ အံ့ဩေပမဲ့ ဆက္မေပးပဲ ေခါင္းညိမ့္ကာ ျပန္သြား၏။
လက္ထဲတြင္ ကိုင္ထားေသာ စရံေငြ တစ္သိန္းအားၾကၫ့္၍ ေသာင္းဆင့္ေက်နပ္သြားသည္။
ပထမဦးဆံုး ရတဲ့ ေငြမို႔ ‌သူ႔ႏွင္းဆီဘြဲ႔ဆူးေလးအား အပ္ရေပအံုးမည္။

" ႏွင္းဆီဘြဲ႔ဆူးေလး ၊ ထေသးဘူးလား "

ဝါးကြပ္ပ်စ္မို႔ တက္လိုက္တာနဲ႔ တဂြၽတ္ဂြၽတ္အသံကထြက္လာ၏။ ေသာင္းဆင့္အိပ္ေနတဲ့ ကိုႀကီးဘြဲ႔ဆူးနားအသာတိုးကပ္သြားၿပီး ေမးဖ်ားေလးအားဖြဖြနမ္းလိုက္၏။
ထို႔ေနာက္ေက်နပ္စြာပင္ မ်က္ခြံေလးေတြအားထပ္နမ္းလိုက္ေသးသည္။
ဘြဲ႔ဆူးသည္ ေနွာက္ယွက္ေနသူအား အိပ္ခ်င္စိတ္ျဖင့္ ေမးဖ်ားမွ တြန္းကာ ‌

" ဘဲဘဲ မစစမ္းနဲ႔ကြာ ၊ကိုယ္အိပ္ခ်င္ေနေသးတယ္"

"  အာ မေခၚနဲ႔ အဲ့ဘဲဘဲႀကီးကို "

ဘဲဘဲဆိုတဲ့ နာမည္အား ေသာင္းဆင့္မႀကိဳက္ေတာ့သၫ့္အျပင္ စပ္စပ္ခါေအာင္နာေသးသည္။
‌သူအျပင္ထြက္လိုက္တာႏွင့္ ေဈးတန္းမွကေလးမ်ားက ကိုဘဲဘဲ ဟု ႏႈတ္ဆက္ၾကၿပီး
အမ်ိဳးသမီးႀကီးတခ်ိဳ႕ကေတာ့ ငါ့တူ "ကိုဘဲ" ဘယ္လဲဟု ေမးတက္၏။
အစကေတာ့ စိတ္ဆိုးပါသည္။
ေနာက္ေတာ့ ေအာင့္သက္သက္ျဖစ္လာကာ
ေသာင္းဆင့္ ဆူေဆာင့္လာေတာ့သည္။
မေခၚနဲ႔ ဟုေျပာလည္း ကေလးမ်ားက မရ။
ၿဖဲေျခာက္လည္းမေၾကာက္ႏွင့္သူ႔အျဖစ္က အေတာ္ေလး ရယ္စရာေကာင္း၏။

" မင္းပဲ မင္းကိုယ္မင္း ဘဲဘဲဆို ၊ ဘဲဘဲမို႔ ဘဲဘဲေခၚတာ နာစရာလား"

" ႏွင္းဆီဘြဲ႔ဆူးႀကီး ေတာ္လိုက္ေတာ့ေနာ္ "

စိတ္ဆိုးလာတာမို႔ ဘြဲ႔ဆူးေဘးမွာ အားယားႀကီးေမွာက္လ်က္ ႏႈတ္ခမ္းႀကီးဆူကာ ေအာ္ေတာ့၏။
ဘြဲ႔ဆူး ေသာင္းဆင့္‌ဖက္ကိုလွၫ့္ကာ ေက်ာေပၚလက္တင္၍ ဖက္ထားလိုက္သည္။စိတ္ဆိုးေနသည္မို႔ ႏွာေခါင္းဖ်ားေလးကို ဖြဖြနမ္းလိုက္ေသး၏။

" ဘဲဘဲ  ကိုယ့္ကိုခ်စ္လား"

ဘြဲ႔ဆူးအသံမွာတိုးလ်ေန၏။
ေသာင္းဆင့္ ႏႈတ္ခမ္းေနဆူၿပီးစိတ္ေကာက္ေနေသာ္ျငား မထိန္းႏိုင္ေတာ့တဲ့ဟန္ျဖင့္ ရယ္က်ဲက်ဲျဖစ္လာကာ အတင္းခုန္အုပ္ကာ ဖက္နမ္းေတာ့သည္။

" ခ်စ္တယ္၊ ႏွင္းဆီဘြဲ႔ဆူးေလးကို အမ်ားႀကီးခ်စ္အားႀကီးခ်စ္ "

" အား မ်က္ႏွာမသစ္ရေသးဘူးေလ ဘဲဘဲရာ။
ဖယ္ဖယ္ ကိုယ္ အိပ္ယာက ထေတာ့မယ္ "

" ေနပါအံုး၊ က်ဳပ္မစေတာ့ဘူး ၊ေျပာစရာစကားရိွတယ္ ၊ က်ဳပ္ေျပာတာနားေထာင္ရေအာင္ ေဘးမွာအိပ္ေနေပး"

ဘြဲ႔ဆူး လက္ကိုဆြဲကာ ေသာင္းဆင့္ သူရင္ခြင္ထဲ ထၫ့္ေပြ့ထားလိုက္၏။
ၿငိမ္သက္သြားေသာ လႈပ္ရွားမူ႔သည္ သူေျပာသမ်ွ
နားေထာင္မၫ့္ဟန္ျဖစ္သည္။

" ဒီေန့ ‌ေထာ္လာဂ်ီေအာ္ဒါလာငွားတယ္ ၊က်ဳပ္ႏွစ္သိန္းခြဲနဲ႔ ေဈးတၫ့္လိုက္တယ္၊မနက္ဖန္ ေစာေစာ ျမင့္မိုရ္ရြာသြားရမွာ ခင္ဗ်ားဘာမွာစရာရိွေသးလဲ "

" မွာစရာဆိုရင္ေတာ့ ေရႊသိမ္းရေအာင္ေကာင္တာတစ္လံုးရခ်င္တယ္၊ မင္းအဆင္ေျပရင္ဝယ္ခဲ့ေပးေလ "

" မေျပစရာလား ၊ လိုခ်င္တာသာ မွာလိုက္စမ္းပါ
အကုန္ရေအာင္လုပ္ေပးမယ္ "

" ဘဲဘဲ အေကာင္းဆံုးပဲ "

ဘြဲ႔ဆူး ေသာင္းဆင့္ ေမးကိုနမ္းလိုက္သည္။
အနမ္းခံလိုက္ရေသာ ေသာင္းဆင့္သည္ သြားႀကီးၿဖီးကာ ရယ္‌ေနလ်က္။
ဒီတစ္ခါေတာ့ ေသာင္းဆင့္စိတ္မဆိုးေတာ့ေပ။

________

ေဝလီေဝလင္းကတည္းက စထြက္လာတာမို႔
ျမင့္မိုရ္ရြာေရာက္ေတာ့ ကိုးနာရီေက်ာ္ေက်ာ္သာရိွေသးသည္။ ကားငွားလာတဲ့ ဘိုးေတာ္ကေတာ့ ေရာက္သည္ႏွင့္ တစ္နာရီေက်ာ္ေလာက္ေနရင္ျပန္လာမည္ဟုခ်ိန္းကာ  သူ႔တပၫ့္ႏွစ္ေယာက္ေခၚ၍ထြက္သြားသည္။ 
အစက ၿမိဳ႔ေပၚသြားမဲ့သူကို ေရႊခ်ိန္ေကာင္တာသီးသန႔္ေအာ္ဒါမွာရမွာျဖစ္ေပမဲ့
ကိုသန႔္စင္ေက်းဇူးျဖင့္ တဆင့္ျပန္လည္ေရာင္းခ်ေပးမဲ့သူျဖင့္ ခ်ိတ္ဆက္မိခဲ့၏။
ထိုသူထံမွပဲ ေရႊခ်ိန္ေကာင္တာ ႏွင့္ အေလးတို႔အားရခဲ့သည္။
အရင္က ေတာထဲမွာ သူလည္း ေရႊေကာက္ဖူးၿပီး ငွက္ဖ်ားေၾကာင့္ အိမ္ျပန္ခဲ့ရသည္ဟုသိရ၏။

ထိုအေၾကာင္းအားသိရၿပီးခ်ိန္၌ ေသာင္းဆင့္တစ္ေယာက္ ဘြဲ႔ဆူးအားစိတ္ပူကာ ေရသန႔္ကဒ္၊ ျခင္ေဆး ၊နႏြင္း အျပင္ ေဆးအမ်ိဳးမ်ိဳးအားလည္းဝယ္ယူခဲ့၏။
ျမင့္မိုရ္ရြာသည္ ေလးရြာေတာတြင္းေရႊေမွာ္ေၾကာင့္
ေဈးေရာင္းဝယ္ေဖာက္ကားမူ႔ ေကာင္းလာၿပီးစည္ကားလာသည္။ ထို႔ေၾကာင့္ရြာထဲတင္ ထမင္းဆိုင္ ၊ေဆးဆိုင္ႏွင့္ ကုန္စံုဆိုင္မ်ားစံုလင္ေအာင္ ေရာင္းဝယ္ႏိုင္ခဲ့သည္။

ေသာင္းဆင့္တို႔ ေလးရြာေတာကို ျဖတ္၍ အိမ္ျပန္ေရာက္ခ်ိန္တြင္ ညေနေလးနာရီထိုးၿပီျဖစ္သည္။
အိမ္တြင္ ႏွင္းဆီဘြဲ႔ဆူးအျပင္ ကိုသန႔္စင္၏ အမ်ိဳးသမီးလည္း ရိွေန၏။ သူမသြားခင္က
ဘြဲ႔ဆူးတစ္ေယာက္ထဲ ျဖစ္ေနမွာမို႔ သူသြားေခၚေပးခဲ့တာပင္။

" ျပန္လာတာေစာသားပဲ ၊မိုးခ်ဳပ္မယ္ထင္လို႔ ကိုယ္စိုးရိမ္ေနတာ၊ေနေန အမ ထိုင္ေနပါ။ ကြၽန္ေတာ္တို႔သယ္ပါ့မယ္"  "

ဘြဲ႔ဆူးသည္ပါလာတဲ့အထုတ္အပိုးေတြအားဝိုင္းဝန္းခ်ကာ ေျပာလိုက္မိသည္။
မေအးျမက ကိုယ္ဝန္ေဆာင္မို႔ အေလးအပင္ေတြအား
မမွာကို စိုးသည္မို႔  ေသးငယ္တဲ့ ပစၥည္းထုတ္ေတြကိုသာ လွမ္းေပးလိုက္ရ၏။

" ဟုတ္တယ္ ဒါေတာင္ က်ဳပ္တို႔ ေနာက္က်ေနတာ ။
လမ္းႀကံဳလိုက္ခ်င္တယ္ဆိုလို႔ ေစာင့္ေခၚ‌ေနရလို႔ေလ ၊တစ္ေယာက္ကို တစ္ေသာင္းနဲ႔ ႏွစ္ေယာက္ ႏွစ္ေသာင္းရခဲ့တယ္ ။ အိတ္ထဲမွာ ေခါက္ဆြဲေၾကာ္ဝယ္ခဲ့တယ္၊ မေအးျမကို ႏွစ္ထုတ္ေပးလိုက္ဦး "

"မင္းတို႔အတြက္ကေရာ "

ဖိုးေထြးသည္ သူ႔ဆြဲထားတဲ့ အနက္ေရာင္ အိတ္ကို ေျမာက္ျပသည္။

" ဒီမွာ ကိုဘြဲ႔ဆူး ၊ ေသာင္းဆင့္က ကြၽန္ေတာ့္အတြက္
ဂရမ္းျပာ ကစ္ဖို႔ဝယ္ေပးထားတယ္။ အျမည္းကေတာ့ေရာက္တုန္း ၾကက္ေၾကာ္ေလးေပါ့ဗ်ာ "

" ဘဲဘဲ မင္းေရာ ေသာက္မွာလား "

ေသာင္းဆင့္ ေခါင္းကို ရွစ္ခါေလာက္ ခါရမ္းျပလိုက္သည္။ ႏွင္းဆီဘြဲ႔ဆူး မ်က္ႏွာမွာ မင္းေသာက္ရင္
ငါ့နားလာမအိပ္နဲ႔ဆိုတဲ့ စာတန္းခ်ိတ္ထားတာ မသိရင္ ညံ့ဖ်င္းလြန္းမည္။ မအိပ္ရလို႔ကေတာ့မျဖစ္ေပ။
အရက္ကထိုမ်ွအေရးမႀကီး။

ညတြင္ ဖိုးေထြးတစ္ေယာက္ ၾကက္ေၾကာ္အျမည္းနဲ႔ အရက္ကို ဇိမ္ခံေသာက္ေနသည္။
လေရာင္က ျဖာက်ေနတာမို႔ မီးကို ပိတ္ထားၿပီး
သံုးေယာက္သား အိမ္ေရ႔ွကြက္လပ္မွာ လေရာင္ခံျဖစ္သည္။

" ဖိုးေထြးမင္း  ပိုက္ဆံရၿပီးၿပီလား "

" ရၿပီးၿပီ အကိုဘြဲ႔ဆူး။ ကြၽန္ေတာ္လည္းရသမ်ွ အိမ္ပို႔ရမွာ ။ပထမဦးဆံုးဝင္တဲ့ ပိုက္ဆံေလးဆိုေတာ့
ဝါးစုဘူးထဲ အကုန္ထၫ့္လိုက္တယ္။
ေနာက္မွ အေမ့ကိုစု ကန္ေတာ့လိုက္ေတာ့မယ္ "

" ေကာင္းတယ္ ၊ အကိုကေတာ့  အားေပးတယ္။

ဖိုးေထြးက  ေသာက္တယ္ဆိုေပမဲ့
အိမ္ကိုသိတက္၏။

" ဖိုးေထြးပိုက္ဆံစုတယ္ဆိုမွ ေသာင္းဆင့္ မင္းလည္း မင္းအေဖဆီအေခ်းဆပ္ရအံုးမွာေနာ္ ေမ့မေနနဲ႔ ၊ ေငြတိုးနဲ႔ယူထားတာ လတိုင္းအတိုးတက္ေနမွာ "

အိမ္ ေရ႔ွဝါးကြပ္ပ်စ္ေပၚမွာ ဆန႔္ဆန႔္ႀကီးလွဲေနတဲ့ေသာင္းဆင့္ကာ  ဘြဲ႔ဆူးစကားေၾကာင့္ ငုတ္တုတ္ႀကီးထထိုင္လာ၏။ မ်က္ႏွာမွာလည္းစိတ္ပ်က္ေနသၫ့္ဟန္ကအထင္းသား။

" က်ဳပ္လည္း လုပ္ေနတာပဲဗ်ာ။ လုပ္သမ်ွ ျဖစ္ရင္ေတာ့ အေကာင္းသားေပါ့ "

ပြေယာင္းေယာင္းဆံပင္ေတြသည္
ေသာင္းဆင့္ ႏွင့္မလိုက္ဖက္လွပါ။
ထို႔ေၾကာင့္ လက္ျဖင့္ လွမ္းသပ္ေပးကာ

" ကဲပါ ၊ ခုမွအစပဲရိွေသးတာ စိတ္မညစ္ပါနဲ႔ ။ မနက္ဖန္ ကိုယ္လည္း ေရႊစေကာက္ၾကၫ့္မယ္၊ မင္းတို႔ႏွစ္ေယာက္လည္း ေရႊက်င္သြားၾကေပါ့ ၊ဟိုေန့ကစုထားတာ  ဆန္သံုးေစ့ဆိုေပမဲ့ ေနာက္ရက္ဆိုသံုးေရြးတို႔ဘာတို႔တိုးလာမွာေပါ့ ။ ခုလို ရံဖာရံခါ ေအာ္ဒါလိုက္ဘာညာဆို မေျပစရာအေၾကာင္းမရိွဘူး "

ေျပရာေျပၾကောင္းေျပာမွ စိတ္ေလ်ာ့လိုက္သလို ပုခံုးေပၚေခါင္းတင္လာ၏။
ေသာင္းဆင့္က ပိုပိုကေလးဆန္လာၿပီး
လူပိုကပ္လာ၏။ ဒါကိုပင္ ဘြဲ႔ဆူး ခ်စ္ရတာပင္။
ဖိုးေထြးကေတာ့ အစပိုင္းေတာ့ တေဝါ့ေဝါ့လုပ္ကာ ခံစားႏိုင္ပံုမရ။
ေနာက္ပိုင္း အန္တာမျမင္ေတာ့ပဲ ဘာသိဘာသာ ခြဲေနတက္ေတာ့၏။
သူလည္း ျမင္ပါမ်ားလို႔ ရိုးသြားဟန္။

အင္း အခ်စ္မရိွတဲ့သူမ်ား သနားစရာသိပ္ေကာင္းပါ၏။

ခ်စ္တဲ့အိမ္စည္။

Bạn đang đọc truyện trên: ZingTruyen.Xyz