ရုပ်ဆိုးတဲ့နှင်းဆီ (Completed)
21
သူတို့ မြင့်မိုရ်ရွာကနေ ဖြတ်ပြီး လေးရွာတောကိုရောက်ဖို့ အချိန်လေးနာရီလောက်ယူ လိုက်ရသည် ။ မြင့်မိုရ်ရွာရောက်တော့ မနက်ဆယ်တစ်နာရီကျော်ပြီဖြစ်ပေမဲ့ ခဏတဖြုတ်နားကြသေးသည်။
ပါလာတဲ့ထမင်းအိုးထဲက ထမင်းကို ဆီဆမ်းကာ
အခြောက်အခြမ်းတချို့နှင့်စားသုံးပြီး ထော်လာဂျီကို
ဆီထည့် ရေထည့် ပြုလုပ်ကာ အနားပေးလိုက်ရ၏။
နေ့ခင်းရောက်ချိန်တွင် လေးရွာတောကို စတင်ဝင်ရောက်ခဲ့ပေမဲ့ ပါလာတဲ့လူက သူတို့ကြီးပဲမဟုတ်တော့။
မြင့်မိုရ်ရွာမှ ရွှေကွက်ရပ်ကို သွားမည့် အင်ဝိုင်းလှည့်တဲ့ လင်မယားနှစ်ယောက်ရော လမ်းကြုံပါခဲ့သည်။
အစက မရောက်ဖူးတဲ့လမ်းကို စမ်းတဝါးဝါးသွားရမည်ထင်ခဲ့ပေမဲ့ ရောက်ခဲ့ဖူးတဲ့သူပါတော့ စိုးရိမ်မူ့ကမရှိတော့သလောက်ပင်။ လမ်းကြုံလိုက်လာတဲ့ အမျိုးသမီးမှာ ကိုယ်ဝန်ဆောင်ဖြစ်ပြီး သဘောကောင်းသည့်ပုံလည်းရှိသည်။ တစ်လမ်းလုံးစကားစမြည်းပြောလိုက်လာမို့ ဟိုမှာ ရှိတဲ့အနေအထားကို သူတို့တဖြည်းဖြည်းသိလာရသည်။
" မှော်တွင်းမှာက ရွှေရှာလား ဈေးရောင်းမှာလားမောင်လေး "
" ဘာလုပ်ရမှန်းမသိသေးဘူးဗျ၊ လုပ်ငန်းရွေးနေလို့တော့မဖြစ်ဘူး အဆင်ပြေသလို ကြုံရာလုပ်ရမှာပဲ "
" ဟိုရောက်ရင်တော့ ပိုက်ဆံကတော့မရှားဘူး ။
တို့ရွာမှာဆို တစ်ရွာလုံးနီးပါးအဲ့ဒီရောက်နေကြပြီ။
ဘယ်လယ်စိုက်စားတော့မှာလဲ၊ တစ်နေကုန် ပင်ပန်းတာခြင်းတူရင်တောင်မှ အင်ဝိုင်းလှည့်တက်ရင် တစ်သောင်းနှစ်သောင်းမခက်ခဲဘူး၊တော်သေးတာ ပေါ့၊
တို့ရွာတွေက ခေါင်လည်း ခေါင်၊ မြို့နဲ့ လည်းအလှမ်းဝေးတော့
လုပ်ပိုင်ခွင့်က လက်လုပ်လက်စားတွေအတွက် အခွင့်အရေးရှိ နေတာ။ မဟုတ်ရင် ဒီအလုပ်တွေက တို့တွေမြင်တွေ့ခွင့်တောင်ရလိုက်မှာတောင်မဟုတ်ဘူး"
အတော်လေး မြင်သာထင်သာဖြစ် နေတဲ့ကိုယ်ဝန်က ထင်းနေပြီမို့ နေရထိုင်ရတာ သက်သာဟန်မရှိ။
ကားကလည်း စောင့်တော့ အဝတ်ဖြင့် ဗိုက်အောက်ကို ပတ်ချည်၍ ထိန်းထား သေး၏။ စတက်လာကတည်းက
ဗိုက်ကြီးသည်ဆိုတော့ သောင်းဆင့်က အသက်သာဆုံးနေရာကို ပါလာတဲ့ အထုတ်အပိုးတွေခုကာ ထိုင်စေသည်မို့သာတော်သေးသည်။
" ကျွန်တော်တို့လည်းသွားသာသွားရတာပါ၊
တစ်ခါမှလည်းမရောက်ဖူးဘူး ၊ အိမ်ကကောင်က သွားချင်တယ်ဆိုလို့ သာပဲ "
" သွားရမှာပေါ့ ၊တစ်ရွာမပြောင်းသူကောင်းမဖြစ်တဲ့၊ရေကြည်ရာမြက်နုရာကို ပြောင်းရွေ့လုပ်တာရှက်စရာမှမဟုတ်တာ ၊ ကံကောင်းရင်သူဌေးဖြစ်နိုင်တာပဲ မို့လား ။
အဆင်ပြေသွားမှာပါ။ ဒီတစ်ခေါက် အမတို့
တောင် အိမ်လေး ဆောက်ချင်လို့ လင်မယားနှစ်ယောက်လုံးလာခဲ့လိုက်တာ ။ ပြီးခဲ့တဲ့အခေါက်က
အမအမျိုးသား ကိုသန့်စင် တစ်လလောက်သွားလိုက်သေးတယ်၊ ငွေလေးငါးသိန်း ပိုခဲ့တယ် လေ။
ရွာမှာဆို စားလိုက်သောက်လိုက်နဲ့ ဘယ်ပိုနိုင်မှာတုန်း။ "
ဘွဲ့ဆူးနှင့် ထိုအမျိုးသမီးရောက်တက်ရာရာ စကားတွေပြောဖြစ် ခဲ့ကြသည်။
ထိုအမျိုးသမီးနာမည်က မအေးမြ ဟုခေါ်ကာ
အမျိုးသားနာမည်ကတော့ ကိုသန့်စင်ဟုသိရသည်။
မြင့်မိုရ်ရွာစပ်ကနေ လေးရွာတောကို စဝင်ခဲ့တော့
တောအခြေအနေရသည် ထူနက်သည့်ဟန်တော့မရှိဘူး။
ခုတ်လှဲထားတဲ့ အပင်များကြောင့် နေရိပ်သည် ခပ်ပါးပါးကျနေသေးသည်။
လှည်းဖြင့် ထင်းခွေ ဝါးခုတ်ရောင်းချမူ့ဖြင့် မြင့်မိုရ်ရွာသည် အသက်မွေးကြသည်မို့ အပြစ်ဟူလည်းဆိုဖွယ်ရာမရှိပါ။
ချောင်းကမ်းရွာမှာတော့ထိုသို့မဟုတ်။
ထင်းခွေခြင်းအစား တောလည်သူများ၏။
သားကောင်တို့ကလည်း တောပါးသော မြင့်မိုရ်ရွာဖက်မှာ သိပ်မရှိပဲ နက်မှောင်ထူထဲသောချောင်းကမ်းရွာအနောက် တော၌သာ နေကြကုန်၏။
ရွာနှင့် တစတစ ဝေးကွာလာသည့်အချိန်တွင် သူတို့ကားလေးသည် တဖြည်းဖြည်း တောအတွင်းပိုင်းသို့ ခြေချမိလာသည်။
တောရိပ်တောင်ရိပ်ကြားမှာ ထော်လာဂျီသံ တဒုတ်ဒုတ်က ဆူညံ့စွာပဲ့တင်နေပါသည်။
သောင်းဆင့်သည် ကျွမ်းကျင်စွာမောင်းနှင်နေခဲ့ပြီး
သူ့လက်စွဲတော် ဒူးလေးကြီးကိုလည်း ကျောမှာလွယ်ထားသေးသည်။
ထို့အပြင် ဖိုးထွေးသည်လည်း ငှက်ကြီးတောင် ဓားအားဝင့်ကြွားစွာလွယ်ထားပြီး သတိဝရိယထားကာ ဘေးပတ်ဝန်းကျင်အား ကြည့်နေသည်။
တောနက်အတွင်းသို့ရောက်ရှိလာပြီမို့
တောကောင်ထက် သူခိုးဓားပြအန္တရာယ်ကိုစိုးရိမ်ရသည်။ နောက်ပြီးဒီလမ်း ဒီခရီးက လူသူလည်းမရှိတာမို့ လက်စဖျောက်ချင်အလွယ်လေးဖြစ်၏။
သို့သော် အချိန်ကြာမြင့်စွာ
လမ်းကြမ်းမှ ဖြတ်ကျော်ပြီးချိန်တွင် သူတို့
မျှော်လင့်ခဲ့တဲ့နေရာအားအန္တရယ် တစ်စုံတစ်ခုမကျရောက်ပဲ ရောက်ရှိခဲ့၏။
"နှင်းဆီဘွဲ့ဆူး ရောက်ပြီ ထတော့ "
သောင်းဆင့်ဘေးမှာ ထိုင်ငိုက်နေတဲ့ ဘွဲ့ဆူး၏ မေးကိုဖွဖွ လေးညှစ်နှိုးလိုက်သည်။ အထိအတွေ့ကြောင့် အိပ်မှုံစုတ်ဖွားနဲ့ ဘွဲ့ဆူးနိုးလာခဲ့သည်။
ပထမဦးဆုံးမြင်တွေ့လိုက်ရတာက သောင်းဆင့်၏
မေးရိုးဆီမှကြမ်းတမ်းနက်မှောင်သော မုတ်ဆိတ်ကြမ်းတွေဖြစ်သည်။
သောင်းဆင့် ၏ မေးမွှေး ၊နှုတ်ခမ်းမွှေးတို့သည်
ဒီနေ့ ရိတ် နောက်နှစ်ရက်လောက်ဆို ပြန်ပေါက်တက်သည်။ အမြဲရိတ်သင်ပါများလို့ ကြမ်းရှနေပြီး
ထိုမေးနေရာသည် စိမ်းနေတက်၏။
ဘွဲ့ဆူး ခပ်လေးလေးပင် မျက်လုံးတို့အားပွတ်ကာ
ခေါင်းကိုထောင်လိုက်သည်။
သူတွေ့လိုက်ရသော ပတ်ဝန်းကျင်သည်
သူ့အား အံ့ဩသွားစေ၏။
တဲစုလေးတွေ အများကြီးထိုနေရာမှ ရှိနေသည်။
အမိုးကို မိုးကာဖြင့် ကာထားသည်မို့ ရောင်စုံခေါင်မိုးများသဖွယ် ထိုနေရာကို မြင်နေရသည်။
ခန့်မှန်းခြေ အလုံးသုံးဆယ် ကျော်ခန့်ရှိမည်ဖြစ်ပြီးနေရာကွက်ကြား တောင်ခြေနားမှာ ခပ်ကျဲကျဲဆောက်ထား၏ ။
တောင်သည် မြိုဖြိုချထားသည်မို့ အဝါရောင်မြေကြီးတို့အားရှင်းလင်းစွာ တွေ့မြင်နိုင်၏။
သူရောက်နေတဲ့နေရာသည် ရွှေရှိရာ နေရာဖြစ်၏။
သူလိုပဲသောင်းဆင့်သည်လည်း ခပ်လေးလေးကြည့်နေပါ၏။
သူတို့ဘာဆက်လုပ်ရမှန်းမသိပေ။
ပါလာတဲ့လင်မယားနှစ်ယောက်က စကားစတင်ပြောလာ၏။
" ငါ့ညီတို့ ဟိုးနားက အပင်အောက်မှာ
တဲဆောက်သင့်တယ် ။ နေ့ခင်းဆိုနေပူတော့ မိုးကာတဲနဲ့ဆိုနေမဖြစ်ဘူး၊ သူများမဆောက်ခင် ဦးအောင်ဆောက်ထားသင့်တယ် "
" ဟုတ်တယ် မောင်လေး၊ မင်းတို့နေရာရွေးမယ်ဆိုရင် ကိုသန့်စင်ပြောတဲ့နေရာလေးကောင်းတယ်။ လောလောဆယ်ဆယ်တော့အဲ့နေရာမှာ နေဖို့စီစဉ်လိုက် ၊နောက်မှ ရွှေကျင်မှာလား ဈေးရောင်းမှာလား
အမျိုးမျိုးကြည့်လုပ်လို့ရတယ်"
ထိုလင်မယားပြောတဲ့အပင်သည် တဲစုတွေနှင့် သိပ်မလှမ်းမကမ်းနေရာမှာဖြစ်သည်။
အပင်အရိပ်မို့ နေရောင်သည် ထိုနေရာမှာရိပ်ကျနေ၏။
ကျန်မြေလွတ်တို့မှာ ကြီးမားသော အပင်တို့မရှိပဲ
သေးငယ်ပြီး လုံလောက်အောင်အရိပ်မပေးနိုင်သော အပင်တို့သာရှိ ချေ၏။
သောင်းဆင့်ထိုနေရာအားရွေးချယ်လိုက်သည်။
လတ်တလောတွင် သူတို့ အနားယူဖို့လိုအပ်သေးသည်မို့ နေမစောင်းခင် တဲတစ်ခုပြီးစီးအောင်ဆောက်ဖို့လိုသည်။
ကျေးဇူးတင်စကားပြောကာ လမ်းကြုံလိုက်ခဲ့သော လင်မယား ထွက်ခွာသွားပြီးချိန်တွင် သောင်းဆင့်တို့လည်း ထိုအရိပ်ရှိရာ နေရာလွတ်အား ကားကို ခပ်ဖည်းဖြည်းမောင်းလာခဲ့လိုက်သည်။ ချိုင့်တွေကျွင်းတွေနဲ့မို့ ကားကလည်းမငြိမ်မသက်ရွဲ့စောင်းနေလျက်။
အနားရောက်မှ အပင်သည် တောပိတောက်ပင်ကြီးဖြစ်နေမှန်းသိရ၏။
အောက်ခြေတွင် အနည်းငယ်ရှင်းလင်းထားတာမို့ နေ့ခင်းအချိန်တွင် လူသူအနားယူလာလေ့ရှိတဲ့နေရာဟု သတ်မှတ်ရမလို။
သူတို့အမြန်ပင် ဘေးမှာရှိတဲ့ ဝါးတချို့အားခုတ်ထွင်လိုက်သည်။
ကားပေါ်မှာ ဆန်၊ဆီ၊ဆားအပြင် ရေ၊မိုးကာ ၊အိပ်ယာ၊ ဓား၊ပေါက်ပြား၊ တူရွင်း စသည့်တူးစွစရာများပါ၏။
သောင်းဆင့် ဝါးဖြတ်နေချိန်တွင် ဖိုးထွေးက
မြေကျွင်းတူးနေ၏။
အပေါ်ပိုင်းမာသယောင်ရှိပြီးအောက်တွင်သဲရောသောမြေမို့ တူးရတာ မခက်ခဲပေ။
အမြန်ပင် နှစ်ခန်းတဲ ဆောက်ရန် လိုအပ်တဲ့ကျွင်းကိုတူးလိုက်ပြီး ပါလာတဲ့ ပီနံကြိုးဖြင့် သောင်းဆင့်ခုတ်ပေးတဲ့ဝါးကို တုတ်နှောင်၍ တိုင်ထူလိုက်၏။
ဝါးဆစ်ပွများမို့ လုံးပတ်က ကြီးသည်။
လူအများသည်ကားလာကတည်းကမသိမသာ စပ်စုနေကြပေမဲ့ အလုပ်ကရှိသေးသည်မို့ တစ်ဦးတစ်ယောက်မှ မေးမြန်းရန်မလာကြ။
ဒီနေရာကိုရောက်လာတဲ့သူတွေမှန်သမျှ
ငွေရှာ ၊ရွှေရှာလာကြသူများမို့မထူးဆန်းသည်လည်းပါမည်။
တဲဆောက်ရန် အချိန် တစ်နာရီကျော်သာယူလိုက်ရသည်။ သန်မာတဲ့ ယောကျာ်းသားတွေမို့
ခက်ခက်ခဲခဲမရှိပဲ တဲကို မိုးကာ ကာလိုက်နိုင်သည်။
တဲအတွင်းတွင် ဝါးဖြင့် ကပ်ကျဲ ရက်ပေးထားသော ဘေးအကာများ ၊ ဝါဆစ်ပွများကို ရိုက်ပြား၍
ခင်ထားသော အိပ်စင်နှင့် ထမင်းအိုးဟင်းအိုးတင်လို့ရတဲ့ စင်တစ်လုံးသည်လည်းရှိနေသေးသည်။
" သောင်းဆင့် လက်ဖက်သုပ်နဲ့စားမလား။
ကိုယ် ထမင်းအိုးတစ်လုံးပဲချက်လိုက်မလို့ "
" ရတယ် နှင်းဆီဘွဲ့ဆူးအဆင်ပြေသလိုလုပ်ပါ"
သောင်းဆင့်က အထုတ်တွေအားဖြည်၍
အိပ်ဖို့နေရာလုပ်နေသည်။ ဖိုးထွေးကတော့ ဘေးမှာရှိတဲ့ နေရာလွတ်၌ သူအိပ်ဖို့ အိပ်စင်တစ်ခုထပ်လုပ်နေသည်။
ညနေမှောင်စပျိုးချိန်တွင် မီးရောင်လေးများစတင်လင်းလက်လာချေသည်။
ဘွဲ့ဆူးတို့သည်ပင် ပါလာတဲ့ ဘထ္တရီအိုးသေးသေးဖြင့် မီးတစ်ပွင့်အားထွန်းထားရသည်။
တောထဲမို့ ခြင်က အသေကိုက်သည်။
ကိုက်ခံရတဲ့နေရာရှိ ခြင်ကိုက်အဖီးတို့သည် အနာပင်ဖြစ်တဲ့အထိ ယားယံကာ ခဲနေတက်၏။
သောင်းဆင့် မြေအိုးလေးဖြင့် နနွင်းတက်တို့အား
မီးရှို့လိုက်၏။ အလုံးအရင်းတက်လာသော
အငွေ့တို့ကြောင့် ခြင်တို့သည် အနီးအနားအားမလာတော့ ။
" နှင်းဆီဘွဲ့ဆူး ခြေရေလက်ရေဆေးပြီးနားတော့"
သောင်းဆင့်တည်ကြည်နေသည်မှာ အံဩဖွယ်ရာပင်။ ခရီးစထွက်လာကတည်းက စနောက်နေတဲ့ဟန်၊
ပလီပလာ ကပျက်ကချော် တစ်ခုမှမလုပ်တော့။
ထူးထူးဆန်းဆန်းလေးနက်နေသော အနေအထားကြောင့် ဘွဲ့ဆူးရင်ထဲလှုပ်ခတ်သွား၏။
သောင်းဆင့်၏ထိုပုံစံသည် အတော်လေး ခန့်ညားနေသည်မှာ မမှား။
ရင်ထဲ တမျိုးလေးခံစားလိုက်ရသည်မို့ အသာပင်ခေါင်းညိမ့်ပြကာ သောင်းဆင့် သွားခပ်လာသော ရေဖြင့် ခြေထောက်တို့အားဆေးကြောလိုက်သည်။
သောင်းဆင့်သည် ခြင်ထောင်အား သေချာထောင်ကာ အိပ်ယာအား ခါးမနာအောင် ခင်းပေးနေသည်။
ဝါးကြမ်းကြောင့် သေချာမခင်းပါက ကျောပြင်တို့
နာနိုင်သည်။ သောင်းဆင့်ကတော့ လူကြမ်းကြီးမို့
ဘယ်လိုမှမနေနိုင်သော်ငြား နှင်းဆီဘွဲ့ဆူးကတော့ မတူညီပေ။
သူ့ယောကျာ်းသည် သူနဲ့မတူ ပေ၊ အမျိုးသားတစ်ယောက်ဖြစ်ပေမဲ့ သွင်ပြင်လက္ခဏာကောင်းသည်။
ခြေဆစ်၊လက်ဆစ်တို့မှာ လှပြီး အသားရေမညီညာခြင်းမရှိ။ မိန်းကလေးတို့လို ခိုင်းနှိုင်းရမည်ဆိုလျှင်
မင်းကြိုက်၊စိုးကြိုက် ရုပ်မျိုးခေါ်မလား။
သာမန်ထက် ထူးခြားနေသော အသွင်အပြင်မျိုးလေးမို့ နောင်တချိန် ကောင်းမွန်စွာ နေထိုင်ရမည်မလွဲပေ။
" နှင်းဆီဘွဲ့ဆူး "
" အင်း "
" လာဒီကို။ "
မျက်နှာသုတ်ထားတဲ့ ပုဝါအား ဝါးတန်းပေါ်မှာ ဖြန့်လှမ်း၍ ခင်းပြင်ပေါ်ကနေ လက်ယပ်ခေါ်နေတဲ့သောင်းဆင့်နားကို သူတိုးကပ်သွားလိုက်သည်။
" ဘာတုန်း "
" လာလှဲနေ "
ထောင်ပြီးသားခြင်ထောင်အား အပေါ်ကိုသိမ်းကြုံးစုတင်ကာ ခေါင်းအုံးကို လက်ဖြုင့်ပုတ်ခေါ်၏။
ဘွဲ့ဆူး ခိုင်းတဲ့အတိုင်းလှဲအိပ်လိုက်ပြီး သောင်းဆင့်အား 'ဘာလုပ်မလို့လဲ ' ဆိုတဲ့သဘောဖြင့် မျက်ခုံးပင့်ပြ၏။
သောင်းဆင့် ပြန်မဖြေပေ။
ထို့အစား ဆန့်တန်းထားသော ဘွဲ့ဆူး ခြေထောက်တွေအား အသာအယာ နှိပ်ပေးသည်။
" အာ .. နေပါစေ ၊ကိုယ်မညောင်းပါဘူး "
အားနာစိတ်ကြောင့်ရုန်းဟန်ပြုလိုက်စဉ် သောင်းဆင့်က ဒူးမှ ဖိထားကာ မထခံပေ။
" အားမနာနဲ့ ၊ကျုပ်နှိပ်ပေးချင်လို့ပါ။ "
" ဘာလို့လဲ ၊ကိုယ်က မင်းမျက်လုံးထဲမှာ
ပျော့ညံ့နေလို့လား "
သောင်းဆင့် ဖျတ်ခနဲ မျက်ခုံးပင့်ကာ ကြည့်လာလေသည်။
ထို့နောက် တဖြည်းဖြည်းပြုံးကာ
မပြတ်တမ်း ခြေဖဝါးတွေနှင့် ခြေချင်းဝတ်တွေအား နှိပ်ပေးနေသည်။
" ချစ်လို့ နှိပ်ပေးတာပါ ၊ပျော့ညံ့တာ မပျော့ညံ့တာ
ကျုပ်မသိဘူး။ နှင်းဆီဘွဲ့ဆူးကို ခြေထောက်လေးတွေ ခြေဆစ်လေးတွေကအစ ကျုပ်က အပင်ပန်းမခံစေချင်လောက်အောင် ချစ်တာ ။ "
" မင်းကွာ "
ရဲတက်လာသော ပါးပြင်ကို လက်ဖြင့် ဖုံးကွယ်လိုက်သော အခိုက်အတန့် မှာ
သောင်းဆင့် တိုးတိုးလေးရယ်၏။
တကျီကျီ အော်နေတဲ့ ညပိုးကောင်တွေထက်တောင် ဘွဲ့ဆူးရင်ခုန်သံတွေကျယ်နေသည်။
သောင်းဆင့်ကတော့ အမှန်အတိုင်းပြောရင် ပျော်သည်။ သူ ဒီလူဆီက အချစ်ကိုရဖို့ 0%ကနေ တဆင့်ခြင်းစခဲ့ရတာဖြစ်သည်။ ခုလို အတူတူ ကျီဆယ်ဖို့ ၊တစ်တီတူးဖို့ဆိုတာ သောင်းဆင့်အိမ်မက်ထဲမှာသာ ရှိခဲ့ဖူး၏။
အချစ်ဆိုတာ ဒီယောကျာ်းနှင့်စပြီး ဒီယောကျာ်းနဲ့ပဲ ဆုံးမယ်ဆိုတာ နှင်းဆီဘွဲ့ဆူး သိနိုင်မှာတဲ့လား။
ချစ်မိသွားသည့်နောက်မှာ ပါးပေါ်က ဝက်ခြံကအစ
အလွတ်မပေးချင်အောင် မြတ်နိုးသည်။
သောင်းဆင့် အိပ်ယာထဲကို သူပါ ထိုးလှဲအိပ်ပြီး ထောင်ထားတဲ့ခြင်ထောင်အားဆွဲချ၏။ ထို့နောက်
နှင်းဆီဘွဲ့ဆူးဘေးကို တိုးကာ
" နှင်းဆီဘွဲ့ဆူး ကျုပ်ဖက်မယ်နော်" ဟုတိုးတိုးလေးခွင့်တောင်းလိုက်၏။
________
" သောင်းဆင့် ငါတို့ ဘာလုပ်ကြမလဲ"
ကျောက်ဆောင်၊ကျောက်ခဲတွေကြားမှာ ဒူး
ကျော်ကျော်လောက်ရှိသော တောင်ကျရေက စီးဆင်းနေသည် ။ ထိုနေရာမှာ အတန်းလိုက် ရွှေရှာနေတဲ့ လူအများကြီးရှိသည်။
နှစ်ယောက်သား အနည်းငယ်မြင့်သော ကျောက်တုံးကြီးပေါ်မှာ ရပ်၍ ဖိုးထွေးက မေးလာတာဖြစ်သည်။
မနက်မိုးလင်းကတည်းက လူတွေသည်
အင်ဝိုင်း တစ်ချပ်နှင့် ပေါက်ပြားတို့ကို ကိုင်ကာ
စိတ်ထင်ရာမြေကြီးတို့ကိုတူးစွကာ မြေကြီးတို့အား ကြုံးယူကြသည်။
ယူဆောင်လာသော မြေကြီးတွေကို ရေရှိရာနေရာမှာ ကျင်ပြီး ရွှေကိုရှာကြသည်။
တစ်ချို့မှာ ရွှေမှုံသေးသေးတို့အားမြင်ရပြီးတချို့မှာ မမြင်ရ။
သို့သော်ငြားတစ်နေ့လုံးတူးစွကာ ကျင်ယူပြီးနောက်မှာတော့ တစ်ပွင့်စု နှစ်ပွင့်စုနှင့် ရွှေများလာသည်။
ထိုကွက်ရပ်မှာ လူတန်းစားများစွာရှိ၏။
ရွှေဝယ်သူများရှိသလို ဈေးဆိုင်ကျို့တို့ကျဲတဲတွေလည်းရှိသည်။
ညနေဆို ရွှေရှာပြန်လာကြသူတွေက ရွှေဆိုင်များသို့သွားကာ ကျင်ရွှေ ခေါ် ရွှေစိမ်းကို ရောင်းချကြသည်။
ပြဒါးဖြင့် ရွှေမှုံတို့အား ဖမ်းရသည်မို့
မီးမဖုတ်ပဲ ရောင်းမရ။
ရွှေဝယ်တဲ့ ဒိုင်ကိုရောက်လျှင် ပထမဦးဆုံးရွှေစိမ်ကို မီးဖုတ်ရ၏။
ငွေရောင်ရှိသော ရွှေလုံးသည် မီးကြောင့် တဖြည်းဖြည်းဝါလာသည်။
ပြဒါးကုန်အောင် ရွှေမှုတ်ပြီးချိန်တွင် အဝါ ရောင်ရှိသော
ရွှေကိုရ၏။
ခုခေတ် ကျင်ရွှေသိမ်းဈေးသည် တစ်ရွေးကို
တစ်သောင်းခွဲဈေးရှိ၏။
တစ်ကျပ်သားကို ရွေးတစ်ရာ့နှစ်ဆယ်ရှိသည်မို့
ရွှေစိမ်းခေါ် ကျင်ရွှေဈေးသည် ဆယ့်ရှစ်သိန်းပေါက်မည်ဖြစ်သည်။
ထို့အပြင် ရွှေဒိုင်မှာ ရွေးသိမ်းသည့် အလေးသည်
ကြီး၏။
ပေါက်ဈေးကို နှိမ်မထားသော်ငြား အလေးကြီးစားသည်မို့ ရွှေဒိုင်လုပ်ပြီး ရွှေများများသိမ်းယူနိုင်လျှင် များစွာအမြတ်ကျန်နိုင်သည်။
ကွက်ရပ်သည်တောတွင်း နေရာမို့ တချို့ဒိုင်များသည် ထင်သလို ရွှေကိုချိန်ယူကြသည်။
သို့သော် လက်လုပ်လက်စားများမို့ တစ်နေ့ တစ်ရွေးပင် ရွှေရှာနိုင်ရင်ပင် ရသော တစ်သောင်းခွဲကို ပျော်ကြသည်။
အခြေနေအရပ်ရပ်ကိုသုံးသပ်ပြီးနောက် သုံးရက်မြောက်နေ့မှာ သောင်းဆင့် အင်ဝိုင်းတစ်ချပ်ကို ကိုင်ကာ
ဖိုးထွေးနှင့် ရွှေကျင်ဖို့ကြိုးစားကြသည်။
ဖိုးထွေးသည် ရွှေမကျင်တက်ပေ။
သောင်းဆင့်ကတော့ ပါလေရာ ငပိချက်မို့
ရွှေကျင်သည့်နေရာမှာလည်း အနည်းငယ်တက်မြောက်သေးသည်။
ဖိုးထွေးသည် မြေကြီးတို့အားတူးစွကာ ဂေါ်ဖြင့် ထည့်ပေးသည်။
သောင်းဆင့်ကတော့ ဖိုးထွေးထည့်ပေးသော မြေတို့အား အင်ဝိုင်းဖြင့် လှည့်ကာ ရွှေရှာ၏။
သို့သော် ရွှေသည် ထင်သလောက်မပါပေ။
နေ့တစ်ပိုင်း ထမင်းစားနားချိန်ထိ ရွှေသည်
မထူးမခြားနားစွာ တစ်ဝိုင်းလှည့်မှ တစ်မှုန်နှစ်မှုန်သာ ရ၏။
သူတို့စိတ်မလျော့ပေ ။
နေ့ခင်းပိုင်းတွင် အိမ်ပြန်ပြီးထမင်းပြန်စားသည်
။အိမ်ရောက်တော့ ဘွဲ့ဆူးသည်
ထမင်းဟင်းကို အဆင်ပြေသလို ချက်ပြုတ်ပေးထား၏။ ဒီနေရာမှာ အသားငါးအပြင် တခြားပိုက်ဆံပေးဝယ်ရသမျှအကုန်လုံးဈေးကြီးသည်။
" ငပိချက်လေးနဲ့ အတို့အမြုပ်လေးပဲ ချက်ထားတယ်။ အလုပ်က ဘာမှန်းမသိတော့ အကုန်အကျများမှာမို့ အသားဟင်း ကိုယ်မဝယ်ဖြစ်လိုက်ဘူး ၊စားနိုင်ရဲ့လား"
" ကျုပ်တို့က ဘာနဲ့စားရ စားရဖြစ်တယ်။
နှင်းဆီဘွဲ့ဆူးအစားနိုင်မှာပဲစိုးတာ ။ နောက်ရက် ကောင်းတာလေးဝယ်ချက်ပါ။ ငွေရေးကြေးရေး
မင်းပူစရာမလိုဘူး။ ကျုပ် ရှာနိုင်ပါတယ်"
ခေါင်းမဖော်တမ်းစားနေတဲ့ သောင်းဆင့်အားကြည့်ပြီး ဘွဲ့ဆူး ကျေနပ်သွားသည်။
စားပွဲဝိုင်းမှာ သူပါ ဝင်ထိုင်စားရင်း
လုပ်ငန်းအကြောင်းမေးမိသည်။
" ရွှေရှာရတာ အဆင်ပြေလား"
သောင်းဆင့်ခေါင်းရမ်းပြသည်။
" ဘယ်နားမှာ ရွှေပါနိုင်မလဲဆိုတာ ကျုပ်တို့မသိသေးဘူးလေ၊အစဆိုတော့ဒီလိုပါပဲ ၊ကျုပ်အားမလျော့ဘူး။ "
" ကိုယ်အပြင်သွားကြည့်မိသေးတယ်"
ဟင်းခပ်ထည့်ပေးရင်း ဘွဲ့ဆူး မနက်က မြင်ခဲ့သမျှကိုပြောပြလိုက်သည်။ တကယ်တော့ သူတို့မြင်ထားတဲ့တဲစုတွေသည် လူနေအိမ်သီးသန့်မဟုတ် ဈေးရောင်းစားတဲ့ ဈေးဆိုင်တန်းဖြစ်နေသည်။ ရွှေရှိမဲ့နေရာ ၊ဒါမှမဟုတ် မြေဖောက်ထားတဲ့နေရာများမှာသာ လူတွေက တဲဆောက်နေတက်ကြပြီးဈေးဝယ်စရာရှိမှသာ
ဒီဈေးဆိုင်တန်းကို လာကြတာဖြစ်သည်။
တောအတွင်းပိုင်းအပင်များအောက်မှာ ကျို့တို့ကျဲတဲ
တဲအများစုကိုသေချာလှမ်းကြည့်မယ်ဆိုမြင်နိုင်၏။
သောင်းဆင့်တို့ ရွှေရှာသွားမယ်ဆိုရင် တောတွင်းကို
အနည်းငယ်ဝင်ရသည်။
တောင်ကျချောင်းကိုရောက်ဖို့ဆို ဆယ်မိနစ်လောက်တော့လမ်းလျောက်ရသည်။
" ရွှေကောက်ကြည့်မလားလို့။ ကိုယ်ရွှေချိန်နည်း၊ရွှေဈေးတွက်နည်း နည်းနည်းသိတယ်။ မဟုတ်လည်း အိမ်မှာထိုင်နေရတာခြင်းအတူတူအလုပ်လုပ်တစ်ခုခု ကိုယ်လည်းလုပ်ချင်တယ်။ ဈေးတန်းမှာ ဈေးရောင်းတဲ့ တဲတွေ ဆယ့်ငါးတဲရှိတယ် ၊ကိုယ် သေချာရေတွက်ကြည့်ခဲ့တာ၊ အဲ့ထဲမှာ ရွှေကောက်တဲ့ ဆိုင်သုံးဆိုင်ရှိတယ်၊ ကျန်တာက ကုန်စုံဆိုင်လေးတွေ အရက်ဆိုင်လေးပဲ"
" လုပ်ချင်စိတ်ရှိရင် လုပ်ကြည့်ပေါ့ ၊နေပူထဲထွက်လုပ်ဖို့မပူဆာရင်ပြီးရော ကျန်တာ ဘာလုပ်လုပ်
မောင်မတားဘူး၊ ထားခဲ့ဖို့စိတ်မချလို့သာ အတူတူခေါ်ခဲ့ရတာ ဒီမှာ ထားရတာ စိတ်ထဲ တမျိုးကြီး "
မောင်ဆိုတဲ့ စကားကြီးကြောင့် ပန်းကန်ဆေးနေတဲ့ ဖိုးထွေး များကြားသွားပြီလားလို့ စိတ်ပူမိသွားသေးသည်။
သောင်းဆင့်က ထိုသို့ ထထဖောက်တက်မှန်းသိပေမဲ့ သူ့မှာ မရိုးနိုင်သေး။
" သောင်းဆင့်ရာ မင်းခေါ်တာကြီးက "
သောင်းဆင့် စားနေရင်းမျက်ခုံးပင့်ကြည့်လာသည်။
" မောင်တို့က လင်မယားတွေလေ။ ဘာရှက်စရာရှိလဲ။ ကဲ ဒါဆို ဘယ်လိုပြောရမှာလဲပြောကြည့်။
မောင်ရယ် ၊သောင်းဆယ့်ရယ်၊ညီလေးရယ် ၊ပြော ဘယ်တစ်ခုလဲ"
ဘွဲ့ဆူး မျက်နှာ ရှုံ့မဲ့သွား၏။
ဘယ်တစ်ခုကကောင်းလို့လဲ။
သောင်းဆင့်ကလေ လို့ ပြောလာတဲ့ပုံနဲ့
ညီလေးကလေ ဆိုတဲ့ ပုံ။
ဘယ်နာမ်စားကိုပြောပြော
ဒင်းပြောတဲ့ နာမည်တွေက အီစီကလီ လုပ်နေတဲ့ အဓိပ္ပါယ်ကြီးပဲမို့လား။
သောင်းဆင့် ဆိုတဲ့ကောင် အလကားမျက်နှာရူး
ချစ်တဲ့အိမ်စည်။
သူတို႔ ျမင့္မိုရ္ရြာကေန ျဖတ္ၿပီး ေလးရြာေတာကိုေရာက္ဖို႔ အခ်ိန္ေလးနာရီေလာက္ယူ လိုက္ရသည္ ။ ျမင့္မိုရ္ရြာေရာက္ေတာ့ မနက္ဆယ္တစ္နာရီေက်ာ္ၿပီျဖစ္ေပမဲ့ ခဏတျဖဳတ္နားၾကေသးသည္။
ပါလာတဲ့ထမင္းအိုးထဲက ထမင္းကို ဆီဆမ္းကာ
အေျခာက္အျခမ္းတခ်ိဳ႕ႏွင့္စားသံုးၿပီး ေထာ္လာဂ်ီကို
ဆီထၫ့္ ေရထၫ့္ ျပဳလုပ္ကာ အနားေပးလိုက္ရ၏။
ေန့ခင္းေရာက္ခ်ိန္တြင္ ေလးရြာေတာကို စတင္ဝင္ေရာက္ခဲ့ေပမဲ့ ပါလာတဲ့လူက သူတို႔ႀကီးပဲမဟုတ္ေတာ့။
ျမင့္မိုရ္ရြာမွ ေရႊကြက္ရပ္ကို သြားမၫ့္ အင္ဝိုင္းလွၫ့္တဲ့ လင္မယားႏွစ္ေယာက္ေရာ လမ္းႀကံဳပါခဲ့သည္။
အစက မေရာက္ဖူးတဲ့လမ္းကို စမ္းတဝါးဝါးသြားရမည္ထင္ခဲ့ေပမဲ့ ေရာက္ခဲ့ဖူးတဲ့သူပါေတာ့ စိုးရိမ္မူ႔ကမရိွေတာ့သေလာက္ပင္။ လမ္းႀကံဳလိုက္လာတဲ့ အမ်ိဳးသမီးမွာ ကိုယ္ဝန္ေဆာင္ျဖစ္ၿပီး သေဘာေကာင္းသၫ့္ပံုလည္းရိွသည္။ တစ္လမ္းလံုးစကားစျမည္းေျပာလိုက္လာမို႔ ဟိုမွာ ရိွတဲ့အေနအထားကို သူတို႔တျဖည္းျဖည္းသိလာရသည္။
" ေမွာ္တြင္းမွာက ေရႊရွာလား ေဈးေရာင္းမွာလားေမာင္ေလး "
" ဘာလုပ္ရမွန္းမသိေသးဘူးဗ်၊ လုပ္ငန္းေရြးေနလို႔ေတာ့မျဖစ္ဘူး အဆင္ေျပသလို ႀကံဳရာလုပ္ရမွာပဲ "
" ဟိုေရာက္ရင္ေတာ့ ပိုက္ဆံကေတာ့မရွားဘူး ။
တို႔ရြာမွာဆို တစ္ရြာလံုးနီးပါးအဲ့ဒီေရာက္ေနၾကၿပီ။
ဘယ္လယ္စိုက္စားေတာ့မွာလဲ၊ တစ္ေနကုန္ ပင္ပန္းတာျခင္းတူရင္ေတာင္မွ အင္ဝိုင္းလွၫ့္တက္ရင္ တစ္ေသာင္းႏွစ္ေသာင္းမခက္ခဲဘူး၊ေတာ္ေသးတာ ေပါ့၊
တို႔ရြာေတြက ေခါင္လည္း ေခါင္၊ ၿမိဳ႔နဲ႔ လည္းအလွမ္းေဝးေတာ့
လုပ္ပိုင္ခြင့္က လက္လုပ္လက္စားေတြအတြက္ အခြင့္အေရးရိွ ေနတာ။ မဟုတ္ရင္ ဒီအလုပ္ေတြက တို႔ေတျြမင္ေတြ့ခြင့္ေတာင္ရလိုက္မွာေတာင္မဟုတ္ဘူး"
အေတာ္ေလး ျမင္သာထင္သာျဖစ္ ေနတဲ့ကိုယ္ဝန္က ထင္းေနၿပီမို႔ ေနရထိုင္ရတာ သက္သာဟန္မရိွ။
ကားကလည္း ေစာင့္ေတာ့ အဝတ္ျဖင့္ ဗိုက္ေအာက္ကို ပတ္ခ်ည္၍ ထိန္းထား ေသး၏။ စတက္လာကတည္းက
ဗိုက္ႀကီးသည္ဆိုေတာ့ ေသာင္းဆင့္က အသက္သာဆံုးေနရာကို ပါလာတဲ့ အထုတ္အပိုးေတြခုကာ ထိုင္ေစသည္မို႔သာေတာ္ေသးသည္။
" ကြၽန္ေတာ္တို႔လည္းသြားသာသြားရတာပါ၊
တစ္ခါမွလည္းမေရာက္ဖူးဘူး ၊ အိမ္ကေကာင္က သြားခ်င္တယ္ဆိုလို႔ သာပဲ "
" သြားရမွာေပါ့ ၊တစ္ရြာမေျပာင္းသူေကာင္းမျဖစ္တဲ့၊ေရၾကည္ရာျမက္ႏုရာကို ေျပာင္းေရြ့လုပ္တာရွက္စရာမွမဟုတ္တာ ၊ ကံေကာင္းရင္သူေဌးျဖစ္ႏိုင္တာပဲ မို႔လား ။
အဆင္ေျပသြားမွာပါ။ ဒီတစ္ေခါက္ အမတို႔
ေတာင္ အိမ္ေလး ေဆာက္ခ်င္လို႔ လင္မယားႏွစ္ေယာက္လံုးလာခဲ့လိုက္တာ ။ ၿပီးခဲ့တဲ့အေခါက္က
အမအမ်ိဳးသား ကိုသန႔္စင္ တစ္လေလာက္သြားလိုက္ေသးတယ္၊ ေငြေလးငါးသိန္း ပိုခဲ့တယ္ ေလ။
ရြာမွာဆို စားလိုက္ေသာက္လိုက္နဲ႔ ဘယ္ပိုႏိုင္မွာတုန္း။ "
ဘြဲ႔ဆူးႏွင့္ ထိုအမ်ိဳးသမီးေရာက္တက္ရာရာ စကားေတြေျပာျဖစ္ ခဲ့ၾကသည္။
ထိုအမ်ိဳးသမီးနာမည္က မေအးျမ ဟုေခၚကာ
အမ်ိဳးသားနာမည္ကေတာ့ ကိုသန႔္စင္ဟုသိရသည္။
ျမင့္မိုရ္ရြာစပ္ကေန ေလးရြာေတာကို စဝင္ခဲ့ေတာ့
ေတာအေျခအေနရသည္ ထူနက္သၫ့္ဟန္ေတာ့မရိွဘူး။
ခုတ္လွဲထားတဲ့ အပင္မ်ားေၾကာင့္ ေနရိပ္သည္ ခပ္ပါးပါးက်ေနေသးသည္။
လွည္းျဖင့္ ထင္းေခြ ဝါးခုတ္ေရာင္းခ်မူ႔ျဖင့္ ျမင့္မိုရ္ရြာသည္ အသက္ေမြးၾကသည္မို႔ အျပစ္ဟူလည္းဆိုဖြယ္ရာမရိွပါ။
ေခ်ာင္းကမ္းရြာမွာေတာ့ထိုသို႔မဟုတ္။
ထင္းေချြခင္းအစား ေတာလည္သူမ်ား၏။
သားေကာင္တို႔ကလည္း ေတာပါးေသာ ျမင့္မိုရ္ရြာဖက္မွာ သိပ္မရိွပဲ နက္ေမွာင္ထူထဲေသာေခ်ာင္းကမ္းရြာအေနာက္ ေတာ၌သာ ေနၾကကုန္၏။
ရြာႏွင့္ တစတစ ေဝးကြာလာသၫ့္အခ်ိန္တြင္ သူတို႔ကားေလးသည္ တျဖည္းျဖည္း ေတာအတြင္းပိုင္းသို႔ ေျခခ်မိလာသည္။
ေတာရိပ္ေတာင္ရိပ္ၾကားမွာ ေထာ္လာဂ်ီသံ တဒုတ္ဒုတ္က ဆူညံ့စြာပဲ့တင္ေနပါသည္။
ေသာင္းဆင့္သည္ ကြၽမ္းက်င္စြာေမာင္းႏွင္ေနခဲ့ၿပီး
သူ႔လက္စြဲေတာ္ ဒူးေလးႀကီးကိုလည္း ေက်ာမွာလြယ္ထားေသးသည္။
ထို႔အျပင္ ဖိုးေထြးသည္လည္း ငွက္ႀကီးေတာင္ ဓားအားဝင့္ႂကြားစြာလြယ္ထားၿပီး သတိဝရိယထားကာ ေဘးပတ္ဝန္းက်င္အား ၾကၫ့္ေနသည္။
ေတာနက္အတြင္းသို႔ေရာက္ရိွလာၿပီမို႔
ေတာေကာင္ထက္ သူခိုးဓားျပအႏၲရာယ္ကိုစိုးရိမ္ရသည္။ ေနာက္ၿပီးဒီလမ္း ဒီခရီးက လူသူလည္းမရိွတာမို႔ လက္စေဖ်ာက္ခ်င္အလြယ္ေလးျဖစ္၏။
သို႔ေသာ္ အခ်ိန္ၾကာျမင့္စြာ
လမ္းၾကမ္းမွ ျဖတ္ေက်ာ္ၿပီးခ်ိန္တြင္ သူတို႔
ေမ်ွာ္လင့္ခဲ့တဲ့ေနရာအားအႏၲရယ္ တစ္စံုတစ္ခုမက်ေရာက္ပဲ ေရာက္ရိွခဲ့၏။
"ႏွင္းဆီဘြဲ႔ဆူး ေရာက္ၿပီ ထေတာ့ "
ေသာင္းဆင့္ေဘးမွာ ထိုင္ငိုက္ေနတဲ့ ဘြဲ႔ဆူး၏ ေမးကိုဖြဖြ ေလးၫွစ္ႏိႈးလိုက္သည္။ အထိအေတြ့ေၾကာင့္ အိပ္မႈံစုတ္ဖြားနဲ႔ ဘြဲ႔ဆူးႏိုးလာခဲ့သည္။
ပထမဦးဆံုးျမင္ေတြ့လိုက္ရတာက ေသာင္းဆင့္၏
ေမးရိုးဆီမွၾကမ္းတမ္းနက္ေမွာင္ေသာ မုတ္ဆိတ္ၾကမ္းေတျြဖစ္သည္။
ေသာင္းဆင့္ ၏ ေမးေမႊး ၊ႏႈတ္ခမ္းေမႊးတို႔သည္
ဒီေန့ ရိတ္ ေနာက္ႏွစ္ရက္ေလာက္ဆို ျပန္ေပါက္တက္သည္။ အၿမဲရိတ္သင္ပါမ်ားလို႔ ၾကမ္းရွေနၿပီး
ထိုေမးေနရာသည္ စိမ္းေနတက္၏။
ဘြဲ႔ဆူး ခပ္ေလးေလးပင္ မ်က္လံုးတို႔အားပြတ္ကာ
ေခါင္းကိုေထာင္လိုက္သည္။
သူေတြ့လိုက္ရေသာ ပတ္ဝန္းက်င္သည္
သူ႔အား အံ့ဩသြားေစ၏။
တဲစုေလးေတြ အမ်ားႀကီးထိုေနရာမွ ရိွေနသည္။
အမိုးကို မိုးကာျဖင့္ ကာထားသည္မို႔ ေရာင္စံုေခါင္မိုးမ်ားသဖြယ္ ထိုေနရာကို ျမင္ေနရသည္။
ခန႔္မွန္းေျခ အလံုးသံုးဆယ္ ေက်ာ္ခန႔္ရိွမည္ျဖစ္ၿပီးေနရာကြက္ၾကား ေတာင္ေျခနားမွာ ခပ္က်ဲက်ဲေဆာက္ထား၏ ။
ေတာင္သည္ ၿမိဳၿဖိဳခ်ထားသည္မို႔ အဝါေရာင္ေျမၾကီးတို႔အားရွင္းလင္းစြာ ေတြ့ျမင္ႏိုင္၏။
သူေရာက္ေနတဲ့ေနရာသည္ ေရႊရိွရာ ေနရာျဖစ္၏။
သူလိုပဲေသာင္းဆင့္သည္လည္း ခပ္ေလးေလးၾကၫ့္ေနပါ၏။
သူတို႔ဘာဆက္လုပ္ရမွန္းမသိေပ။
ပါလာတဲ့လင္မယားႏွစ္ေယာက္က စကားစတင္ေျပာလာ၏။
" ငါ့ညီတို႔ ဟိုးနားက အပင္ေအာက္မွာ
တဲေဆာက္သင့္တယ္ ။ ေန့ခင္းဆိုေနပူေတာ့ မိုးကာတဲနဲ႔ဆိုေနမျဖစ္ဘူး၊ သူမ်ားမေဆာက္ခင္ ဦးေအာင္ေဆာက္ထားသင့္တယ္ "
" ဟုတ္တယ္ ေမာင္ေလး၊ မင္းတို႔ေနရာေရြးမယ္ဆိုရင္ ကိုသန႔္စင္ေျပာတဲ့ေနရာေလးေကာင္းတယ္။ ေလာေလာဆယ္ဆယ္ေတာ့အဲ့ေနရာမွာ ေနဖို႔စီစဉ္လိုက္ ၊ေနာက္မွ ေရႊက်င္မွာလား ေဈးေရာင္းမွာလား
အမ်ိဳးမ်ိဳးၾကၫ့္လုပ္လို႔ရတယ္"
ထိုလင္မယားေျပာတဲ့အပင္သည္ တဲစုေတြႏွင့္ သိပ္မလွမ္းမကမ္းေနရာမွာျဖစ္သည္။
အပင္အရိပ္မို႔ ေနေရာင္သည္ ထိုေနရာမွာရိပ္က်ေန၏။
က်န္ေျမလြတ္တို႔မွာ ႀကီးမားေသာ အပင္တို႔မရိွပဲ
ေသးငယ္ၿပီး လံုေလာက္ေအာင္အရိပ္မေပးႏိုင္ေသာ အပင္တို႔သာရိွ ေခ်၏။
ေသာင္းဆင့္ထိုေနရာအားေရြးခ်ယ္လိုက္သည္။
လတ္တေလာတြင္ သူတို႔ အနားယူဖို႔လိုအပ္ေသးသည္မို႔ ေနမေစာင္းခင္ တဲတစ္ခုၿပီးစီးေအာင္ေဆာက္ဖို႔လိုသည္။
ေက်းဇူးတင္စကားေျပာကာ လမ္းႀကံဳလိုက္ခဲ့ေသာ လင္မယား ထြက္ခြာသြားၿပီးခ်ိန္တြင္ ေသာင္းဆင့္တို႔လည္း ထိုအရိပ္ရိွရာ ေနရာလြတ္အား ကားကို ခပ္ဖည္းျဖည္းေမာင္းလာခဲ့လိုက္သည္။ ခ်ိဳင့္ေတြကြၽင္းေတြနဲ႔မို႔ ကားကလည္းမၿငိမ္မသက္ရြဲ႔ေစာင္းေနလ်က္။
အနားေရာက္မွ အပင္သည္ ေတာပိေတာက္ပင္ႀကီးျဖစ္ေနမွန္းသိရ၏။
ေအာက္ေျခတြင္ အနည္းငယ္ရွင္းလင္းထားတာမို႔ ေန့ခင္းအခ်ိန္တြင္ လူသူအနားယူလာေလ့ရိွတဲ့ေနရာဟု သတ္မွတ္ရမလို။
သူတို႔အျမန္ပင္ ေဘးမွာရိွတဲ့ ဝါးတခ်ိဳ႕အားခုတ္ထြင္လိုက္သည္။
ကားေပၚမွာ ဆန္၊ဆီ၊ဆားအျပင္ ေရ၊မိုးကာ ၊အိပ္ယာ၊ ဓား၊ေပါက္ျပား၊ တူရြင္း စသၫ့္တူးစြစရာမ်ားပါ၏။
ေသာင္းဆင့္ ဝါးျဖတ္ေနခ်ိန္တြင္ ဖိုးေထြးက
ေျမကြၽင္းတူးေန၏။
အေပၚပိုင္းမာသေယာင္ရိွၿပီးေအာက္တြင္သဲေရာေသာေျမမို႔ တူးရတာ မခက္ခဲေပ။
အျမန္ပင္ ႏွစ္ခန္းတဲ ေဆာက္ရန္ လိုအပ္တဲ့ကြၽင္းကိုတူးလိုက္ၿပီး ပါလာတဲ့ ပီနံႀကိဳးျဖင့္ ေသာင္းဆင့္ခုတ္ေပးတဲ့ဝါးကို တုတ္ေနွာင္၍ တိုင္ထူလိုက္၏။
ဝါးဆစ္ပြမ်ားမို႔ လံုးပတ္က ႀကီးသည္။
လူအမ်ားသည္ကားလာကတည္းကမသိမသာ စပ္စုေနၾကေပမဲ့ အလုပ္ကရိွေသးသည္မို႔ တစ္ဦးတစ္ေယာက္မွ ေမးျမန္းရန္မလာၾက။
ဒီေနရာကိုေရာက္လာတဲ့သူေတြမွန္သမ်ွ
ေငြရွာ ၊ေရႊရွာလာၾကသူမ်ားမို႔မထူးဆန္းသည္လည္းပါမည္။
တဲေဆာက္ရန္ အခ်ိန္ တစ္နာရီေက်ာ္သာယူလိုက္ရသည္။ သန္မာတဲ့ ေယာက်ာ္းသားေတြမို႔
ခက္ခက္ခဲခဲမရိွပဲ တဲကို မိုးကာ ကာလိုက္ႏိုင္သည္။
တဲအတြင္းတြင္ ဝါးျဖင့္ ကပ္က်ဲ ရက္ေပးထားေသာ ေဘးအကာမ်ား ၊ ဝါဆစ္ပြမ်ားကို ရိုက္ျပား၍
ခင္ထားေသာ အိပ္စင္ႏွင့္ ထမင္းအိုးဟင္းအိုးတင္လို႔ရတဲ့ စင္တစ္လံုးသည္လည္းရိွေနေသးသည္။
" ေသာင္းဆင့္ လက္ဖက္သုပ္နဲ႔စားမလား။
ကိုယ္ ထမင္းအိုးတစ္လံုးပဲခ်က္လိုက္မလို႔ "
" ရတယ္ ႏွင္းဆီဘြဲ႔ဆူးအဆင္ေျပသလိုလုပ္ပါ"
ေသာင္းဆင့္က အထုတ္ေတြအားျဖည္၍
အိပ္ဖို႔ေနရာလုပ္ေနသည္။ ဖိုးေထြးကေတာ့ ေဘးမွာရိွတဲ့ ေနရာလြတ္၌ သူအိပ္ဖို႔ အိပ္စင္တစ္ခုထပ္လုပ္ေနသည္။
ညေနေမွာင္စပ်ိဳးခ်ိန္တြင္ မီးေရာင္ေလးမ်ားစတင္လင္းလက္လာေခ်သည္။
ဘြဲ႔ဆူးတို႔သည္ပင္ ပါလာတဲ့ ဘထၲရီအိုးေသးေသးျဖင့္ မီးတစ္ပြင့္အားထြန္းထားရသည္။
ေတာထဲမို႔ ျခင္က အေသကိုက္သည္။
ကိုက္ခံရတဲ့ေနရာရိွ ျခင္ကိုက္အဖီးတို႔သည္ အနာပင္ျဖစ္တဲ့အထိ ယားယံကာ ခဲေနတက္၏။
ေသာင္းဆင့္ ေျမအိုးေလးျဖင့္ နႏြင္းတက္တို႔အား
မီးရိႈ႔လိုက္၏။ အလံုးအရင္းတက္လာေသာ
အေငြ့တို႔ေၾကာင့္ ျခင္တို႔သည္ အနီးအနားအားမလာေတာ့ ။
" ႏွင္းဆီဘြဲ႔ဆူး ေျခေရလက္ေရေဆးၿပီးနားေတာ့"
ေသာင္းဆင့္တည္ၾကည္ေနသည္မွာ အံဩဖြယ္ရာပင္။ ခရီးစထြက္လာကတည္းက စေနာက္ေနတဲ့ဟန္၊
ပလီပလာ ကပ်က္ကေခ်ာ္ တစ္ခုမွမလုပ္ေတာ့။
ထူးထူးဆန္းဆန္းေလးနက္ေနေသာ အေနအထားေၾကာင့္ ဘြဲ႔ဆူးရင္ထဲလႈပ္ခတ္သြား၏။
ေသာင္းဆင့္၏ထိုပံုစံသည္ အေတာ္ေလး ခန႔္ညားေနသည္မွာ မမွား။
ရင္ထဲ တမ်ိဳးေလးခံစားလိုက္ရသည္မို႔ အသာပင္ေခါင္းညိမ့္ျပကာ ေသာင္းဆင့္ သြားခပ္လာေသာ ေရျဖင့္ ေျခေထာက္တို႔အားေဆးေၾကာလိုက္သည္။
ေသာင္းဆင့္သည္ ျခင္ေထာင္အား ေသခ်ာေထာင္ကာ အိပ္ယာအား ခါးမနာေအာင္ ခင္းေပးေနသည္။
ဝါးၾကမ္းေၾကာင့္ ေသခ်ာမခင္းပါက ေက်ာျပင္တို႔
နာႏိုင္သည္။ ေသာင္းဆင့္ကေတာ့ လူၾကမ္းႀကီးမို႔
ဘယ္လိုမွမေနႏိုင္ေသာ္ျငား ႏွင္းဆီဘြဲ႔ဆူးကေတာ့ မတူညီေပ။
သူ႔ေယာက်ာ္းသည္ သူနဲ႔မတူ ေပ၊ အမ်ိဳးသားတစ္ေယာက္ျဖစ္ေပမဲ့ သြင္ျပင္လကၡဏာေကာင္းသည္။
ေျခဆစ္၊လက္ဆစ္တို႔မွာ လွၿပီး အသားေရမညီညာျခင္းမရိွ။ မိန္းကေလးတို႔လို ခိုင္းႏိႈင္းရမည္ဆိုလ်ွင္
မင္းႀကိဳက္၊စိုးႀကိဳက္ ရုပ္မ်ိဳးေခၚမလား။
သာမန္ထက္ ထူးျခားေနေသာ အသြင္အျပင္မ်ိဳးေလးမို႔ ေနာင္တခ်ိန္ ေကာင္းမြန္စြာ ေနထိုင္ရမည္မလြဲေပ။
" ႏွင္းဆီဘြဲ႔ဆူး "
" အင္း "
" လာဒီကို။ "
မ်က္ႏွာသုတ္ထားတဲ့ ပုဝါအား ဝါးတန္းေပၚမွာ ျဖန႔္လွမ္း၍ ခင္းျပင္ေပၚကေန လက္ယပ္ေခၚေနတဲ့ေသာင္းဆင့္နားကို သူတိုးကပ္သြားလိုက္သည္။
" ဘာတုန္း "
" လာလွဲေန "
ေထာင္ၿပီးသားျခင္ေထာင္အား အေပၚကိုသိမ္းႀကံဳးစုတင္ကာ ေခါင္းအံုးကို လက္ျဖဳင့္ပုတ္ေခၚ၏။
ဘြဲ႔ဆူး ခိုင္းတဲ့အတိုင္းလွဲအိပ္လိုက္ၿပီး ေသာင္းဆင့္အား 'ဘာလုပ္မလို႔လဲ ' ဆိုတဲ့သေဘာျဖင့္ မ်က္ခံုးပင့္ျပ၏။
ေသာင္းဆင့္ ျပန္မေျဖေပ။
ထို႔အစား ဆန႔္တန္းထားေသာ ဘြဲ႔ဆူး ေျခေထာက္ေတြအား အသာအယာ ႏိွပ္ေပးသည္။
" အာ .. ေနပါေစ ၊ကိုယ္မေညာင္းပါဘူး "
အားနာစိတ္ေၾကာင့္ရုန္းဟန္ျပဳလိုက္စဉ္ ေသာင္းဆင့္က ဒူးမွ ဖိထားကာ မထခံေပ။
" အားမနာနဲ႔ ၊က်ဳပ္ႏိွပ္ေပးခ်င္လို႔ပါ။ "
" ဘာလို႔လဲ ၊ကိုယ္က မင္းမ်က္လံုးထဲမွာ
ေပ်ာ့ညံ့ေနလို႔လား "
ေသာင္းဆင့္ ဖ်တ္ခနဲ မ်က္ခံုးပင့္ကာ ၾကၫ့္လာေလသည္။
ထို႔ေနာက္ တျဖည္းျဖည္းၿပံဳးကာ
မျပတ္တမ္း ေျခဖဝါးေတြႏွင့္ ေျခခ်င္းဝတ္ေတြအား ႏိွပ္ေပးေနသည္။
" ခ်စ္လို႔ ႏိွပ္ေပးတာပါ ၊ေပ်ာ့ညံ့တာ မေပ်ာ့ညံ့တာ
က်ဳပ္မသိဘူး။ ႏွင္းဆီဘြဲ႔ဆူးကို ေျခေထာက္ေလးေတြ ေျခဆစ္ေလးေတြကအစ က်ဳပ္က အပင္ပန္းမခံေစခ်င္ေလာက္ေအာင္ ခ်စ္တာ ။ "
" မင္းကြာ "
ရဲတက္လာေသာ ပါးျပင္ကို လက္ျဖင့္ ဖံုးကြယ္လိုက္ေသာ အခိုက္အတန႔္ မွာ
ေသာင္းဆင့္ တိုးတိုးေလးရယ္၏။
တက်ီက်ီ ေအာ္ေနတဲ့ ညပိုးေကာင္ေတြထက္ေတာင္ ဘြဲ႔ဆူးရင္ခုန္သံေတြက်ယ္ေနသည္။
ေသာင္းဆင့္ကေတာ့ အမွန္အတိုင္းေျပာရင္ ေပ်ာ္သည္။ သူ ဒီလူဆီက အခ်စ္ကိုရဖို႔ 0%ကေန တဆင့္ျခင္းစခဲ့ရတာျဖစ္သည္။ ခုလို အတူတူ က်ီဆယ္ဖို႔ ၊တစ္တီတူးဖို႔ဆိုတာ ေသာင္းဆင့္အိမ္မက္ထဲမွာသာ ရိွခဲ့ဖူး၏။
အခ်စ္ဆိုတာ ဒီေယာက်ာ္းႏွင့္စၿပီး ဒီေယာက်ာ္းနဲ႔ပဲ ဆံုးမယ္ဆိုတာ ႏွင္းဆီဘြဲ႔ဆူး သိႏိုင္မွာတဲ့လား။
ခ်စ္မိသြားသၫ့္ေနာက္မွာ ပါးေပၚက ဝက္ၿခံကအစ
အလြတ္မေပးခ်င္ေအာင္ ျမတ္ႏိုးသည္။
ေသာင္းဆင့္ အိပ္ယာထဲကို သူပါ ထိုးလွဲအိပ္ၿပီး ေထာင္ထားတဲ့ျခင္ေထာင္အားဆြဲခ်၏။ ထို႔ေနာက္
ႏွင္းဆီဘြဲ႔ဆူးေဘးကို တိုးကာ
" ႏွင္းဆီဘြဲ႔ဆူး က်ဳပ္ဖက္မယ္ေနာ္" ဟုတိုးတိုးေလးခြင့္ေတာင္းလိုက္၏။
________
" ေသာင္းဆင့္ ငါတို႔ ဘာလုပ္ၾကမလဲ"
ေက်ာက္ေဆာင္၊ေက်ာက္ခဲေတြၾကားမွာ ဒူး
ေက်ာ္ေက်ာ္ေလာက္ရိွေသာ ေတာင္က်ေရက စီးဆင္းေနသည္ ။ ထိုေနရာမွာ အတန္းလိုက္ ေရႊရွာေနတဲ့ လူအမ်ားႀကီးရိွသည္။
ႏွစ္ေယာက္သား အနည္းငယ္ျမင့္ေသာ ေက်ာက္တံုးႀကီးေပၚမွာ ရပ္၍ ဖိုးေထြးက ေမးလာတာျဖစ္သည္။
မနက္မိုးလင္းကတည္းက လူေတြသည္
အင္ဝိုင္း တစ္ခ်ပ္ႏွင့္ ေပါက္ျပားတို႔ကို ကိုင္ကာ
စိတ္ထင္ရာေျမၾကီးတို႔ကိုတူးစြကာ ေျမၾကီးတို႔အား ႀကံဳးယူၾကသည္။
ယူေဆာင္လာေသာ ေျမၾကီးေတြကို ေရရိွရာေနရာမွာ က်င္ၿပီး ေရႊကိုရွာၾကသည္။
တစ္ခ်ိဳ႕မွာ ေရႊမႈံေသးေသးတို႔အားျမင္ရၿပီးတခ်ိဳ႕မွာ မျမင္ရ။
သို႔ေသာ္ျငားတစ္ေန့လံုးတူးစြကာ က်င္ယူၿပီးေနာက္မွာေတာ့ တစ္ပြင့္စု ႏွစ္ပြင့္စုႏွင့္ ေရႊမ်ားလာသည္။
ထိုကြက္ရပ္မွာ လူတန္းစားမ်ားစြာရိွ၏။
ေရႊဝယ္သူမ်ားရိွသလို ေဈးဆိုင္က်ိဳ႕တို႔က်ဲတဲေတြလည္းရိွသည္။
ညေနဆို ေရႊရွာျပန္လာၾကသူေတြက ေရႊဆိုင္မ်ားသို႔သြားကာ က်င္ေရႊ ေခၚ ေရႊစိမ္းကို ေရာင္းခ်ၾကသည္။
ျပဒါးျဖင့္ ေရႊမႈံတို႔အား ဖမ္းရသည္မို႔
မီးမဖုတ္ပဲ ေရာင္းမရ။
ေရႊဝယ္တဲ့ ဒိုင္ကိုေရာက္လ်ွင္ ပထမဦးဆံုးေရႊစိမ္ကို မီးဖုတ္ရ၏။
ေငြေရာင္ရိွေသာ ေရႊလံုးသည္ မီးေၾကာင့္ တျဖည္းျဖည္းဝါလာသည္။
ျပဒါးကုန္ေအာင္ ေရႊမႈတ္ၿပီးခ်ိန္တြင္ အဝါ ေရာင္ရိွေသာ
ေရႊကိုရ၏။
ခုေခတ္ က်င္ေရႊသိမ္းေဈးသည္ တစ္ေရြးကို
တစ္ေသာင္းခြဲေဈးရိွ၏။
တစ္က်ပ္သားကို ေရြးတစ္ရာ့ႏွစ္ဆယ္ရိွသည္မို႔
ေရႊစိမ္းေခၚ က်င္ေရႊေဈးသည္ ဆယ့္ရွစ္သိန္းေပါက္မည္ျဖစ္သည္။
ထို႔အျပင္ ေရႊဒိုင္မွာ ေရြးသိမ္းသၫ့္ အေလးသည္
ႀကီး၏။
ေပါက္ေဈးကို ႏိွမ္မထားေသာ္ျငား အေလးႀကီးစားသည္မို႔ ေရႊဒိုင္လုပ္ၿပီး ေရႊမ်ားမ်ားသိမ္းယူႏိုင္လ်ွင္ မ်ားစြာအျမတ္က်န္ႏိုင္သည္။
ကြက္ရပ္သည္ေတာတြင္း ေနရာမို႔ တခ်ိဳ႕ဒိုင္မ်ားသည္ ထင္သလို ေရႊကိုခ်ိန္ယူၾကသည္။
သို႔ေသာ္ လက္လုပ္လက္စားမ်ားမို႔ တစ္ေန့ တစ္ေရြးပင္ ေရႊရွာႏိုင္ရင္ပင္ ရေသာ တစ္ေသာင္းခြဲကို ေပ်ာ္ၾကသည္။
အေျခေနအရပ္ရပ္ကိုသံုးသပ္ၿပီးေနာက္ သံုးရက္ေျမာက္ေန့မွာ ေသာင္းဆင့္ အင္ဝိုင္းတစ္ခ်ပ္ကို ကိုင္ကာ
ဖိုးေထြးႏွင့္ ေရႊက်င္ဖို႔ႀကိဳးစားၾကသည္။
ဖိုးေထြးသည္ ေရႊမက်င္တက္ေပ။
ေသာင္းဆင့္ကေတာ့ ပါေလရာ ငပိခ်က္မို႔
ေရႊက်င္သၫ့္ေနရာမွာလည္း အနည္းငယ္တက္ေျမာက္ေသးသည္။
ဖိုးေထြးသည္ ေျမၾကီးတို႔အားတူးစြကာ ေဂၚျဖင့္ ထၫ့္ေပးသည္။
ေသာင္းဆင့္ကေတာ့ ဖိုးေထြးထၫ့္ေပးေသာ ေျမတို႔အား အင္ဝိုင္းျဖင့္ လွၫ့္ကာ ေရႊရွာ၏။
သို႔ေသာ္ ေရႊသည္ ထင္သေလာက္မပါေပ။
ေန့တစ္ပိုင္း ထမင္းစားနားခ်ိန္ထိ ေရႊသည္
မထူးမျခားနားစြာ တစ္ဝိုင္းလွၫ့္မွ တစ္မႈန္ႏွစ္မႈန္သာ ရ၏။
သူတို႔စိတ္မေလ်ာ့ေပ ။
ေန့ခင္းပိုင္းတြင္ အိမ္ျပန္ၿပီးထမင္းျပန္စားသည္
။အိမ္ေရာက္ေတာ့ ဘြဲ႔ဆူးသည္
ထမင္းဟင္းကို အဆင္ေျပသလို ခ်က္ျပဳတ္ေပးထား၏။ ဒီေနရာမွာ အသားငါးအျပင္ တျခားပိုက္ဆံေပးဝယ္ရသမ်ွအကုန္လံုးေဈးႀကီးသည္။
" ငပိခ်က္ေလးနဲ႔ အတို႔အျမဳပ္ေလးပဲ ခ်က္ထားတယ္။ အလုပ္က ဘာမွန္းမသိေတာ့ အကုန္အက်မ်ားမွာမို႔ အသားဟင္း ကိုယ္မဝယ္ျဖစ္လိုက္ဘူး ၊စားႏိုင္ရဲ့လား"
" က်ဳပ္တို႔က ဘာနဲ႔စားရ စားရျဖစ္တယ္။
ႏွင္းဆီဘြဲ႔ဆူးအစားႏိုင္မွာပဲစိုးတာ ။ ေနာက္ရက္ ေကာင္းတာေလးဝယ္ခ်က္ပါ။ ေငြေရးေၾကးေရး
မင္းပူစရာမလိုဘူး။ က်ဳပ္ ရွာႏိုင္ပါတယ္"
ေခါင္းမေဖာ္တမ္းစားေနတဲ့ ေသာင္းဆင့္အားၾကၫ့္ၿပီး ဘြဲ႔ဆူး ေက်နပ္သြားသည္။
စားပြဲဝိုင္းမွာ သူပါ ဝင္ထိုင္စားရင္း
လုပ္ငန္းအေၾကာင္းေမးမိသည္။
" ေရႊရွာရတာ အဆင္ေျပလား"
ေသာင္းဆင့္ေခါင္းရမ္းျပသည္။
" ဘယ္နားမွာ ေရႊပါႏိုင္မလဲဆိုတာ က်ဳပ္တို႔မသိေသးဘူးေလ၊အစဆိုေတာ့ဒီလိုပါပဲ ၊က်ဳပ္အားမေလ်ာ့ဘူး။ "
" ကိုယ္အျပင္သြားၾကၫ့္မိေသးတယ္"
ဟင္းခပ္ထၫ့္ေပးရင္း ဘြဲ႔ဆူး မနက္က ျမင္ခဲ့သမ်ွကိုေျပာျပလိုက္သည္။ တကယ္ေတာ့ သူတို႔ျမင္ထားတဲ့တဲစုေတြသည္ လူေနအိမ္သီးသန႔္မဟုတ္ ေဈးေရာင္းစားတဲ့ ေဈးဆိုင္တန္းျဖစ္ေနသည္။ ေရႊရိွမဲ့ေနရာ ၊ဒါမွမဟုတ္ ေျမေဖာက္ထားတဲ့ေနရာမ်ားမွာသာ လူေတြက တဲေဆာက္ေနတက္ၾကၿပီးေဈးဝယ္စရာရိွမွသာ
ဒီေဈးဆိုင္တန္းကို လာၾကတာျဖစ္သည္။
ေတာအတြင္းပိုင္းအပင္မ်ားေအာက္မွာ က်ိဳ႕တို႔က်ဲတဲ
တဲအမ်ားစုကိုေသခ်ာလွမ္းၾကၫ့္မယ္ဆိုျမင္ႏိုင္၏။
ေသာင္းဆင့္တို႔ ေရႊရွာသြားမယ္ဆိုရင္ ေတာတြင္းကို
အနည္းငယ္ဝင္ရသည္။
ေတာင္က်ေခ်ာင္းကိုေရာက္ဖို႔ဆို ဆယ္မိနစ္ေလာက္ေတာ့လမ္းေလ်ာက္ရသည္။
" ေရႊေကာက္ၾကၫ့္မလားလို႔။ ကိုယ္ေရႊခ်ိန္နည္း၊ေရႊေဈးတြက္နည္း နည္းနည္းသိတယ္။ မဟုတ္လည္း အိမ္မွာထိုင္ေနရတာျခင္းအတူတူအလုပ္လုပ္တစ္ခုခု ကိုယ္လည္းလုပ္ခ်င္တယ္။ ေဈးတန္းမွာ ေဈးေရာင္းတဲ့ တဲေတြ ဆယ့္ငါးတဲရိွတယ္ ၊ကိုယ္ ေသခ်ာေရတြက္ၾကၫ့္ခဲ့တာ၊ အဲ့ထဲမွာ ေရႊေကာက္တဲ့ ဆိုင္သံုးဆိုင္ရိွတယ္၊ က်န္တာက ကုန္စံုဆိုင္ေလးေတြ အရက္ဆိုင္ေလးပဲ"
" လုပ္ခ်င္စိတ္ရိွရင္ လုပ္ၾကၫ့္ေပါ့ ၊ေနပူထဲထြက္လုပ္ဖို႔မပူဆာရင္ၿပီးေရာ က်န္တာ ဘာလုပ္လုပ္
ေမာင္မတားဘူး၊ ထားခဲ့ဖို႔စိတ္မခ်လို႔သာ အတူတူေခၚခဲ့ရတာ ဒီမွာ ထားရတာ စိတ္ထဲ တမ်ိဳးႀကီး "
ေမာင္ဆိုတဲ့ စကားႀကီးေၾကာင့္ ပန္းကန္ေဆးေနတဲ့ ဖိုးေထြး မ်ားၾကားသြားၿပီလားလို႔ စိတ္ပူမိသြားေသးသည္။
ေသာင္းဆင့္က ထိုသို႔ ထထေဖာက္တက္မွန္းသိေပမဲ့ သူ႔မွာ မရိုးႏိုင္ေသး။
" ေသာင္းဆင့္ရာ မင္းေခၚတာႀကီးက "
ေသာင္းဆင့္ စားေနရင္းမ်က္ခံုးပင့္ၾကၫ့္လာသည္။
" ေမာင္တို႔က လင္မယားေတြေလ။ ဘာရွက္စရာရိွလဲ။ ကဲ ဒါဆို ဘယ္လိုေျပာရမွာလဲေျပာၾကၫ့္။
ေမာင္ရယ္ ၊ေသာင္းဆယ့္ရယ္၊ညီေလးရယ္ ၊ေျပာ ဘယ္တစ္ခုလဲ"
ဘြဲ႔ဆူး မ်က္ႏွာ ရႈံ႔မဲ့သြား၏။
ဘယ္တစ္ခုကေကာင္းလို႔လဲ။
ေသာင္းဆင့္ကေလ လို႔ ေျပာလာတဲ့ပံုနဲ႔
ညီေလးကေလ ဆိုတဲ့ ပံု။
ဘယ္နာမ္စားကိုေျပာေျပာ
ဒင္းေျပာတဲ့ နာမည္ေတြက အီစီကလီ လုပ္ေနတဲ့ အဓိပၸါယ္ႀကီးပဲမို႔လား။
ေသာင္းဆင့္ ဆိုတဲ့ေကာင္ အလကားမ်က္ႏွာရူး
ခ်စ္တဲ့အိမ္စည္။
Bạn đang đọc truyện trên: ZingTruyen.Xyz