ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

1

eainsi23

ချောင်းကမ်းရွာ ။
သာယာသော နယ်နမိတ်ရှိရာ ချောင်းကမ်းရွာသည်
စမ်းစို အုပ်မှိုင်းသော တောတောင်ရိပ်ရှိသလို ၊ ရွာဘေးတွင်  တသွင်သွင်စီးဆင်းနေသော သလင်းကျောက်ကဲ့သို့ ကြည်လင်ရာ ချောင်းငယ်တစ်ခုလည်းရှိသည် ။ ထိုချောင်းကို အမည်သမုတ်ကြရာ
လွမ်းချောင်းဟု အမည်တွင်ခဲ့သည်။
ရှေးယခင်အခါကတော့ အမိမျှော်ချောင်း (သို့မဟုတ်)သားလွမ်းမျှော် ချောင်းဟုခေါ်တွင်ကြသည်။ ယခုမူ ကာလကြာသော်  အတိုခေါက် လွမ်းချောင်းဟုသာ ခေါ်တွင်ကြတော့၏။

လွမ်းချောင်း၏ ရေသည် ကြည်လင်ကာ အောက်တွင်ရှိသော သဲမှုန် ကျောက်စရစ်ခဲကအစမြင်နိုင်‌ ပေသည် ။
ထိုရေကို သုံးရေအဖြစ် တစ်ရွာလုံး အားကိုးရပြီး နွေရောက်လို့ ရေခမ်းချိန်တွင်တော့ လွမ်းချောင်းသဲပြင်ပေါ်တွင် လက်လုပ်တွင်းများတူးကာ စိမ့်ရေကို သုံးကြရသည်။ 

လွမ်းချောင်းသည် ရေခမ်းချိန်နည်းပါးသည်။ သို့သော် ယခုနှစ်တွင်တော့ လွမ်းချောင်းရေသည် ခမ်းလေ၏။
ထို့အပြင် လွမ်းချောင်းသည် နတ်ကြီးသည် ဟု ပြောကြပြီး တစ်နှစ်တခါ လူစားသည်ဟုလည်း ဆိုကြပြန်သည်။

လွမ်းချောင်း၏ ရိုးရာပုံပြင်များသည် ဆန်းကြယ်ကာ အမျိုးမျိုးရှိကြ၏။ တချို့တွင် သားကိုမျှော်၍ ရင်ကွဲနာကျ သေဆုံးရသော အမေအိုသည် မကျွတ်ဟုဆိုကာ ‌၊ တချို့ကတော့ လွမ်းချောင်းတွင် အပိုင်းစားရတဲ့ နတ်စိမ်း ဖြစ်သွားသည်ဟု ပြောကြပြန်သည်။  မည်သို့ပင်ဆိုစေကာမူ လွမ်းချောင်းကို အစွဲပြုပြီး လွမ်းချောင်းကမ်းရွာ နာမည်တွင်လာသော ရွာငယ်သည်လည်း ရိုးသားသော တောသူတောင်သားတို့မှီတင်းနေထိုင်ရာဖြစ်ခဲ့လေသည်။ လွမ်းချောင်းကမ်းရွာ၏ အုပ်ချုပ်သူမှာ သူကြီးဦးမိုးလွင် ဖြစ်သည်။ တစ်ရွာလုံး၏ ပြဿနာ အသေးအကြီးကအစ၊ ကိုင်တွယ်ဖြေရှင်းရသလို
အမှန်တရားကိုသာ ချစ်မြတ်လွန်းသူမို့ ကလေးကအစ ခွေးအဆုံး သူကြီးဦးမိုးလွင်အား မချစ်သူမရှိ၊ မလေးစားသူမရှိကြပေ။ ရိုးသားသော တောသူတောင်သားတို့နေထိုင်ရာ ချောင်းကမ်းရွာတွင် ပြဿနာဟူ၍ မရှိသလောက်မို့ သူကြီးအိမ်ဆိုတာ သူတို့ရွာသားတွေအတွက် အလှမ်းကွာလွန်းလေသည်။ တစ်ခါတလေ ဦးမိုးလွင်ကို  ချောင်းကမ်းရွာ၏ သူကြီးဆိုတာထက် ဘုရားလူကြီးအဖြစ်သာ မြင်ကြမည်မလွဲပေ။  ပုတီးကိုလည်မှာ ဆွဲကာ အမြဲတစေ ဘုရားကျောင်းတက် ရပ်ရွာအရေးသာ လှုပ်ရှားသူမို့  ကွက်စိတ်ပုဆိုး ဖျင်ကြမ်းထည်နှင့် ဦးမိုးလွင်မှာ ခန့်ခန့်ထည်ထည် ရှိကာ မိန်းမကြောက်သည့်နေရာမှာလည်းနှစ်ယောက်မရှိသူဖြစ်လေသည်။

သို့သော် ချွင်းချက်အနေနဲ့ ချောင်းကမ်းရွာ၏ ရွာဇော်လူမိုက်ကြီး သောင်းဆင့်ကိုတော့ ဦးမိုးလွင် ကြောက်ပေသည်။ သင်းသည် သာရေး၊နာရေးမှလွဲပြီးလာလေ့မရှိတဲ့ သူအိမ်ကို  မကြာခဏ ရောက်တက်ပြီး ဦးမိုးလွင်ကိုယ်တိုင် မနိုင်တော့လို့ လက်မြောက်အရှုံးပေးရသည်အထိပင်။
သောင်းဆင့်က ရွာဇော်ဆိုပေမဲ့ သူ့အဖေ ဆန်သူဌေး ဦးဘောဂသောင်းကတော့ တနယ်လုံး၏ အချမ်းသာဆုံး သူကြွယ်တစ်ယောက်ဆိုလည်းမမှား။
နောက်ပြီးချောင်းကမ်းရွာတွင် အလွန်အမင်းချမ်းသာကြွယ်ဝသော သူဌေးကြီး ဦးဘောဂသောင်း၏ 
အရှိန်အဝါကို တုပ ရဲတဲ့သူမရှိသလောက်မို့ ဆိုးသွမ်းတဲ့ သောင်းဆင့်ဆက်နိုင်အား အပြစ်မဆိုသာပဲ သည်းခံနေရသည်သာ။

သောင်းဆင့်ဆက်နိုင်ဆိုလျင် တစ်ရွာလုံးလက်လန်။
အရက်သောက် ၊ ကြက်တိုက် မူးရူးရမ်းကားရုံမက ၊ လောင်းကစားဝိုင်းလည်းသောင်းဆင့်တို့ကတွေ့မရှောင် ဖြစ်သည်။

လည်ပင်းက ရွှေဆွဲကြိုးတုတ်တုတ်က မဲတဲ့အသားပေါ်မှာ ဝင်းခနဲ လက်ခနဲ။
ကွမ်းကတဖွီဖွီ။ ခြေသလုံးပေါ်ထိ တိုတုတ်နေအောင်ဝတ်ထားတဲ့ ပုဆိုးနဲ့ ရွာရိုးကိုးပေါက်  ‌သိုင်းကွက်နင်းလျှောက်နေတဲ့ အသားမဲမဲ၊ ရွှေထူထူဝတ်ထားတဲ့ အရက်သမားဆိုလျင် အဲ့ဒါသောင်းဆင့်ဆက်နိုင်ဟုခေါ်နိုင်‌သည်။

" ခင်စိန်... ဟဲ့ မိခင်စိန် ၊ ရေနွေးကြမ်းချစမ်း ၊
စားပွဲပေါ်ထားတဲ့ ယပ်တောင် ဘယ်ရောက်သွားလဲ။
ပူပါတယ်ဆိုမှ ၊ အရေးဟဲ့အကြောင်းဟဲ့ဆို
ဘယ်သွားရှာလို့ ရှာရမှန်းမသိဘူး။ တနေကုန် အိမ်မှာနေပြီး  ဘေးအိမ်သွား အတင်းတုတ်ဖို့ပဲ သိတယ် ။ "

"  ‌သောင်းဆင့်ကို စိတ်တိုလာတိုင်း တော်  ကျုပ်ကို လာမဲမနေနဲ့ ၊ယပ်တောင်က အပေါ်ခေါင်မှာ ထိုးထားတယ်။  မျက်လုံးလေးက ဘေးဘီကြည့်ဦး၊"

စားပွဲပေါ်ကို အသံထွက်အောင် လာချပေးတဲ့ ရေနွေးအိုးကို ကြည့်ပြီး မိန်းမ ဖြစ်သူကို ဒေါနဲ့ မောနဲ့
ဦးမိုးလွင်ကြည့်မိသည်။  ဒီမိန်းမ အလိုက်ကန်းဆိုးနည်းနည်းမှမသိ။

"သိနေရင်လည်း အခြေအနေကို ကြည့်နေလေ "

ဦးမိုးလွင် စကားကြောင့် ဒေါ်ခင်စိန် သိသားပဲဆိုတဲ့ အမူအယာနှင့် မျက်နှာမဲ့ပြသည်။
အမှန်တကယ်လည်း သောင်းဆင့်ကို သူ့ယောကျာ်း
မနိုင်လို့လက်မြောက်ထားမှန်း တစ်ရွာလုံး သိထားပြီးသားပင်။  ဦးဘောဂ ကိုယ်တိုင် သောင်းဆင့်ကို ထိုးကြိတ်ပြီးဆုံးမ တက်ပေမဲ့ သောင်းဆင့်တို့က လည်သည်။ ပြဿနာရှာပြီးလို့ မူးရူးနေပြီဟေ့ဆို အိမ်မပြန်ပဲတွေ့တဲ့နေရာ အိပ်သည်။
အိမ်ပြန်ရောက်ရင် သူမဟုတ်သလို ကျော့လို့ကော့လို့။ မူးရစ်ရမ်းကားနေမှန်း သူစိမ်းတွေဆိုသိမှာမဟုတ်။  အရက်သမားဆိုပြီး သောင်းဆင့်ကို အထင်မသေးလေနဲ့ ၊ ဟိုက တပည့်တပန်းတွေများ အိမ်က ရွာသူကြီးလုပ်‌ နေတဲ့ယောကျာ်းထက်တောင်ပိုများသေး‌တယ်။

"ဘာဖြစ်လာတာလဲ။ တော်ရုံလောက်ဆို မသိချင်ယောင်ဆောင်ပြီး  ပစ်ထားလိုက်စမ်းပါ။ မဟုတ်ရင်
တော်ပဲ သွေးတိုးတယ်"

"မသိချင်ယောင်ဆောင်ထားလို့ရမလား၊ ဒေါ်အေးပိုရဲ့ ကြက်မကြီးကို သောင်းဆင့် ခိုးပြီး အရက်‌မြည်းပစ်လိုက်သတဲ့ ၊ ဥနေတဲ့ ကြက်ဥ လေးလုံးပါ အဆစ်ပါသွားသေးတယ်။ ဒေါ်ပိုက အာကကြမ်းကြမ်းနဲ့ သောင်းဆင့် အရက်သောက်နေတဲ့ ဝိုင်းကို သွားအော်တာ ဟိုက ဘာပြောတယ်မှတ်လဲ ။ မကျေနပ် သူကြီးသွားခေါ်လို့ ပြောသတဲ့ ၊ ဘုန်းကြီးအမူ့ရွာပတ်သလိုပဲ ၊သောင်းဆင့်အမူ့ကို နေ့စဉ်လိုက်ရှင်းနေရတာနဲ့ ငါလည်း သူကြီးဘဝကို စိတ်ကုန်လှပြီ။ "

ဦးမိုးလွင်ပြောရင်း စိတ်အိုက်စွာ လည်ပင်းက စိတ်ပုတီးကိုချွတ်ပြီး ယပ်တောင်တဖျတ်ဖျတ်ခတ်နေလိုက်တော့သည်။

သောင်းဆင့် သောင်းဆင့် ။

သင်းတော်တော်ဂြိုလ်မွှေ ။

____________

အနီရောင် လက်ပံပွင့်လေးတွေက တဖြုတ်ဖြုတ်ကြွေနေပေမဲ့ ကောက်မဲ့သူမရှိ၊ခူးမဲ့သူမရှိ။
အနီရောင်မြေသားထပ်မှာ  နီစွေးစွေးအလှတရားက တုနှိုင်းမမှီ ၊ အလွမ်းကို အလွမ်းဆင့်သကဲ့သို့ ၊ နွေ၏ အလှတရားကို ပဲ့တင်ထပ်ကာ တစိမ့်စိမ့်ဆွေးစေလုလု။  ပုလွေသံ တငြိမ့်ငြိမ့်နဲ့ပေါင်းကာ  သောင်းဆင့်အိပ်ငိုက်လုဆဲအချိန်တွင်  ခေါ်ဆိုသံတိုးတိုးက သူအား အနောက်အယှက် ဖြစ်သွားစေခဲ့၏။

" ကိုသောင်းဆင့် "

သောင်းဆင့် ခေါင်းထောင်ကြည့်တော့ သနပ်ခါးအဖွေးသားနဲ့ထားရီဖြစ်နေ၏။ စိတ်ရှုပ်စွာ သောင်းဆင့်မျက်မှောင် ကုတ်မိသွားသည်။ သောင်းဆင့်၏အကျင့်သည်သောက်စားပြီးစ

"ပြော "

ထားရီက သူ့အသံကြောင့် မျက်နှာပျက်မသွား။
အမြဲမာနေတဲ့တက်သော အသံကို ဥပေက္ခာပြုကာ

" ထားရီ တို့ မနက်ဖန် မြို့ပေါ်သွားမလို့ ကိုသောင်းဆင့်ရော လိုက်ခဲ့ပါ့လား။ "

သောင်းဆင့် သူထိုင်နေတဲ့ လက်ပံပင်အောက်က
သစ်ငုတ်ပေါ်ကနေထလိုက်တော့ လူက ယိုင်ခနဲ။
ဘေးမှာထိုင်နေတဲ့ သာဒင် နဲ့ ဖိုးထွေးကလည်း ထားရီမြင်တာနဲ့ ပြုံးစိစိ။ သူတို့အားလုံးမူးနေကြပေမဲ့ မိန်းကလေးတစ်ယောက်ကို မထိတထိ စနှောက်ခြင်းမရှိ။ အဲ့ဒါတွေသိလို့ပင် ထားရီက ရဲတင်းသည်။
သောင်းဆင့်ဆိုတဲ့ကောင်က ရိုင်းသည်၊မူးသည် ဆိုပေမဲ့ နှုတ်စည်းကိုတော့ စောင့်သည်။ မဟုတ်ရင် ထားရီနဲ့ သူနဲ့ ညားလို့ ကလေး သုံးယောက်လောက်တောင်မွေးပြီးနေလောက်ပြီ  ။ ထားရီက ချောင်းကမ်းရွာရဲ့ အချောအလှ ကွမ်းတောင်ကိုင်ပန်းထောင်ကိုင်။
ချောသလားလို့ မေးရင် ချောင်းကမ်းရွာအပါအဝင် တနယ်လုံး ထားရီအလှကိုမှီတဲ့ သူတစ်ယောက်မရှိ။
သောက်ထားတဲ့ အရက်အရှိန်ကြောင့် သောင်းဆင့်မျက်နှာက နီညို့ညို့အရောင်သန်းကာ ရီဝေနေ၏။
သောင်းဆင့် အမူးမပြေပေမဲ့ ထားရီရဲ့ အလှကိုတော့ ရှင်းရှင်းလင်းလင်မြင်သည်။
သနပ်ခါးပါးကွက်ကြားနဲ့ထားရီက ယဉ်စစလှ၏။
သို့သော် သောင်းဆင့် ရင်မခုန်ပါ။ ထားရီဆိုတာ ဟိုးငယ်ငယ်လေးကတည်းက သူနဲ့ ကျောင်းတူတူတက်ခဲ့ဖူးတဲ့ကလေးမ ။ သို့သော်အသက်မတူပါ။ သူက ငယ်စဉ်ကတည်းက သူ့ထက်အသက် သုံးနှစ်ခန့် ငယ်သူတွေနဲ့ ကျောင်းတစ်တန်းတည်းတက်ခဲ့ရတဲ့သူ။
သူ့ပုံစံကလည်း မွေးဖွားပြီးလပိုင်းအကြာမှ စ၍ အသက် ၁၃နှစ်သားထိ  ချူချာတက်သူဆိုတာ ယခု ပြောရင်ယုံဖွယ်ရာမရှိ‌ ပေ။ 

"ဘယ်သူနဲ့သွားမှာလဲ ၊ "

စောင့်ရှောက်ရမည့်ဝတ္တရားအရ သူမေးလိုက်သည်။

"ထားရီ ရယ်  ရွှေစံ ရယ်၊ ရွှေစံဒေါ်ငယ် အပျိုကြီးမပြုံးရယ် သုံးယောက်ထဲ ။
ရွာမြောက်ပိုင်းက ဘထွေးရဲ့ ထွေလာဂျီနဲ့ "

" ဘထွေးက သူ့ထော်လာဂျီနဲ့ နင်တို့ကိုလိုက်ပို့တာလား"

ဘထွေးသည် သူ့ထွေလာဂျီအားနှမြောလွန်းသည်မို့ ဘယ်သူလာငှားငှား ငှားပေးလေ့မရှိ။

"ထားရီတို့ကို သီးသန့်လိုက်ပို့တာတော့ ဘယ်ဟုတ်မလဲ ၊ မြို့က သူတူ ကိုဘွဲ့ဆူးကို သွားကြိုပေးတာ "

" ဘွဲ့ဆူး ?"

"အင်းလေ ၊ ဘထွေး‌ ပြောပြောနေတဲ့ သူ့တူဆိုတာလေ။ ခုလည်း ပြောလိုက်ပါ့ ၊ ဘွဲ့ဆူးက သူအဖေဆုံးသွားလို့ မြို့ပေါ်မှာ မနေတော့ဘူးတဲ့ ၊  ရထားတဲ့ ဘွဲ့မှ အားမနာ  တောမှာ အခြေချရ ရမယ်လို့ ၊ ထားရီဆို မြို့မှာ နေချင်တာမှ တပိုင်းသေလုပေါ့။  "

ထားရီ မကျေမနပ်ဖြစ်စွာပြောလိုက်မိသည်။ ငယ်စဉ်ကတည်းက ထားရီက မြို့သူ ဖြစ်ချင်သည်။
ရုပ်ခံလေးက ရှိတော့ မော်ဒယ်မင်းသမီး ဖြစ်ချင်တာ သူ့အိမ်မက်ပဲ။ အဲ့ဒီဗီဇလေးက ပါတော့ ထားရီက လှချင်သည်။ ဝတ်ချင်သည်။ ထို့ကြောင့် ထားရီ အမေ ဒေါ်မြရီ တစ်ယောက်အမြဲငြီးပုံ ချတက်၏။

ပေါ်သမျှ အဝတ်အစားကို မြို့သူလောက်လန်းအောင်မဝတ်ရဲပေမဲ့ ထားရီတို့က သူ့အထွာနဲ့သူ  လက်လက်ထ၊ ကော့ကျော့နေအောင်ဝတ်သည်။
ထားရီတို့အိမ်က တောင်သူကြီးဆိုပေမဲ့ ထားရီက အလှပြင်တာကလွဲပြီး အချေကြီးကာ ဘာမှမလုပ်တက်။ ဆံပင်‌လေးတသသ ၊ ပါးပြင်က သနပ်ခါးက မပြတ်တမ်း။ လုံချည်နဲ့ အင်္ကျီဆိုလည်း မညိုးနွမ်း။
အဲ့ဒါကြောင့်ပဲ ချောင်းကမ်းနယ်တစပ် ထားရီဆိုတဲ့ အချောအလှရဲ့ နာမည်က ဟိုးဟိုးကျော်တာပင်။
ဆံပင်ဖြောင့်တွေခေတ်စားတော့လည်း ထားရီက
မြို့ပေါ် ကားလမ်းရေလမ်းအသွယ်သွယ်ဖြတ်ကာ
သွားဖြောင့်လိုက်ပြီးသား။

တောသူပီပီ ကိုယ်လုံးလှလှက လှယဉ်ကျေးမယ်ရှုံးအောင် အမို့အမောက်အရှိုက်အဝန်းနဲ့ ပြည့်စုံလှပြီး
ပိုလှအောင်လည်း ထားရီက နေတက်သေး၏။
အဆိုးဆုံးကတော့ ထားရီက သောင်းဆင့်အား ကြိတ်သဘောကျနေတာကို သိသိသာသာ ဖော်ထုတ်တက်တာဖြစ်၏။ ဒါကို သောင်းဆင့်အဖေ ဦးဘောဂသောင်းကအစ တစ်ရွာလုံးနီးပါးသိကြသည်။
သို့သော် ထားရီ အမေ ဒေါ်မြရီကတော့ လုံးလုံးမှသဘောမတူပေ။ သဘောမတူဆို သောင်းဆင့်လို
ငွေကြေးချမ်းသာရုံသာရှိတဲ့ ငမူးငရူးအား ဒေါ်မြရီမှမဟုတ် ဘယ်မိဘမှသဘောတူမှာမဟုတ်။

" လိုက်ခဲ့ပါ ကိုသောင်းဆင့်ရယ် ၊ထားရီတို့ကြီးပဲမို့ပါ "

" ဟုတ်သားပဲ သောင်းဆင့်ရာ ၊ ဘာပင်ပန်းတာမှတ်လို့ ၊ လိုက်သွားလိုက်စမ်းပါ "

ဖိုးထွေးရဲ့မြောက်ထိုးပင့်ကော်စကားကြောင့် သောင်းဆင့် မျက်မှောင်ကြုတ်ပြကာ

" မင်းလိုက်သွားလိုက်"

" ကိုသောင်းဆင့်ကလည်း ၊ထားရီက ကိုသောင်းဆင့်ကိုပဲ ခေါ်တာကို "

ထားရီရဲ့ မျက်စောင်းရွယ်လိုက်တဲ့ပုံစံကြောင့် သောင်းဆင့် ပိုကာ စိတ်ရှုပ်ထွေးသွား၏။

"မလိုက်ဘူး။ တစ်ယောက်ယောက်အဖော်ခေါ်သွား "

သောင်းဆင့် သူ့လက်ကိုခါပြလိုက်သည်။
လက်မှာ ဝတ်ထားသော ရွှေရောင် ပွတ်လုံးလက်ကောက်ကြီးက တလှုပ်လှုပ်။ အနည်းဆုံး ၇ကျပ်သားလောက်ရှိသည်မို့ အလုံးတုတ်ကာအလေးချိန်စီးသည်။ ပုံစံသည် အမျိုးသမီးများအဝတ်များသည့်ပုံမျိုးဆိုပေမဲ့ သောင်းဆင့်နဲ့လည်းလိုက်ဖက်သည်။ သောင်းဆင့်သည် ရွှေကြိုက်သည်။
တကိုယ်လုံးတုတ်တုတ်ထည်ထည် ရွှေများ မျိုးစုံဝတ်ဆင်ရတာကို ကြိုက်နှစ်သက်ပြီး ချွတ်မိရင်လည်း ဖျားနာတက်သည်။ ကလေးသာသာ အရွယ်ကတည်းက သောင်းဆင့်တို့က ပျိုးပျိုးလက်နေအောင်ဝတ်ကာ ရှက်ခြင်း ကြောက်ခြင်းလည်းမရှိ။
အရက်သောက်လို့ လမ်းဘေးထိုးအိပ်နေရင်တောင်မှ သောင်းဆင့်က သူ့ရွှေတွေကို မပျောက်အောင်ဂရုစိုက်ပြီး ရောင်းစားပေါင်စားတာလည်းမလုပ်၊ ထိုမျှထိ သောင်းဆင့်၏ ရွှေအပေါ်ရူးသွပ်မူ့ကြီးက ကြီးကျယ်လှ၏။

သောင်းဆင့်မလိုက်ဘူးဆိုတာ သေချာတော့ ထားရီတစ်ယောက်ခြေစောင့်ကာ စိတ်ကောက်ပြန်သွား၏။
သောင်းဆင့်အေကြာင်းနောကျေနေတာလည်းပါသည်။ စိတ်မရှည်ရင် သောင်းဆင့်က အော်ထုတ်တက်၏။ ထို့ကြောင့် ထားရီက တစ်ခါကနေ နှစ်ခါ
အထွန့်မတက်‌ရဲ။

"မင်းကလည်းကွာ ၊ ဟိုက မိန်းကလေးတန်မဲ့ လာခေါ်တာကို လိုက်သွားတာမဟုတ်ဘူး"

" ဟိတ်ကောင် ၊ သူခေါ်တိုင်းလိုက်နေရအောင် သောင်းဆင့်တို့က အားနေတာမဟုတ်ဘူး"

"မအားတော့ မင်းမှာ ဘာစောက်လုပ်ရှိလို့လဲ"

" သာဒင် ၊ မင်းတော်တော် ပါးစပ်ယားနေတာပဲ ..
ဘာလဲ လက်သီးစားချင်နေတာလား"

" ငါပြောတာဘာမှားလို့လဲ ၊ ထားရီက မင်းကိုကြိုက်နေတာ တစ်ရွာလုံး သိနေတာ ၊မင်းမို့လို့ ဒီလိုအချောအလှလေးကို ပစ်ပယ်နေတာ ၊ ထားရီဘေးမှာ ဝိုင်းဝိုင်းလည်နေတာ မင်းမသိတာလည်းမဟုတ်၊ ထားရီ ယောကျာ်းရသွားမှ မင်းမငိုနဲ့ "

" သာဒင်ပြောတာမှန်တယ် သောင့်ဆင့် ။ ထားရီ ဘွားတော်ကြီးက မင်းဆို ခါးခါးသီးသီး သူ့သမီးနဲ့သဘောမတူတာ ၊ ဟိုက  မင်ကလွဲရင် တစ်ယောက်ယောက်နဲ့ ပေးစားလိုက်မှာ ဆိုတဲ့ အသံလွှင့်နေတာ ချောင်းကမ်းဘေးရွာမှာ မသိချင်မှအဆုံး။ "

‌သောင်းဆင့် မျက်နှာကိုမဲ့ကာ နှာကလောတဲ့ဆိုတဲ့ပုံစံနဲ့ နားကိုနှိုက်၍ ခါလိုက်၏။

" နားညီးတယ်၊ မင်းတို့ အရေမရအဖက်မရတွေပြောလွန်းလို့ ရေချိန်ကိုက်နေတာတောင်မှပျောက်သွားတယ် "

" မင်းပြောလိုက်ရင် စကားလမ်းလွဲဖို့ပဲ "

သောင်းဆင့်ထွက်သွားတော့ ဘေးမှာထိုင်နေတဲ့ကောင်တွေလည်း မနေနိုင်တော့  ကမန်းကတမ်းထရပ်ကြ၏။
သောင်းဆင့်က ဂရုပ်မစိုက်ပေ။
ကျွတ်ကျတော့မဲ့ ပုဆိုးကို ပြန်ပြင်မဝတ်ပဲဖြန့်ကာ
ယိုင်တိုင်တိုင်နဲ့ သွား၏။ 

" ဟိတ်ကောင် ဘယ်သွားမလို့လဲ ၊ မင်းသွားနေတဲ့ သရက်ဥယျာဉ်တောဖက်နော် ၊ ညနေစောင်းနေပြီ "

ဖိုးထွေး သောင်းဆင့်အားပြေးဆွဲ၏။
သောင်းဆင့်က ပုဆွဲဆွဲထားတဲ့လက်ဖြင့် တွန်းလွှတ်တော့ အောက်မှာ ဝတ်ထားတဲ့ ဒူးလောက်ရှိသော ကာတွန်းဘောင်းဘီက အတိုင်းသား။

ဒီကောင်က မူးတာမူးသာ အမူးပါး။
ဘယ်တော့မှ သူ့ကိုယ်သူ သောင်းဆင့် ဘယ်နားမှာ
မူးအိပ်လို့ ဖင်ပေါ်နေပါတယ်ဆိုတာမျိုးမကြားဖူးအောင်နေတက်သည်။ မူးလို့ ပုဆိုးစလွယ်သိုင်းရင်တောင်မှ ဒူးတိဘောင်းဘီအပွ  ကား မပါမဖြစ်။

" ဖယ်စမ်း ၊ငါ ထန်းရည်သောက်ချင်လို့ "

" သောက်ချင် မြောက်တော သွားမယ်ကွာ။ တာတေကြီးထန်းတောက သရက်တောကနေဖြတ်ရတာကွ။ အပြန်မိုးချုပ်လိမ့်မယ်။ မင်းမကြောက်ပေမဲ့ ငါကြောက်တယ်"

သရက်ဥ‌ယျာဉ်တော ဆိုသည်မှာ သရက်အရိုင်းပင်များစွာ သူ့အလိုလိုပေါက်နေတဲ့နေရာဖြစ်သည်။
ချဉ်လွန်းလို့ မည်သူ တစ်ဦးတစ်ယောက်မှ မခူးစားဖြစ်ကြ။ ထို့ကြောင့် နှစ်ပေါင်းကြာသော် တောဖြစ်ကာ အုပ်ဆိုင်းလာ၏။ ထို့အပြင် သရဲခြောက်သည်ဟုလည်းနာမည်ကြီးကာ ဂျပန်ခေတ်က ထိုနေရာမှာ
လူ‌ သေပေါင်းများစွာ မြုပ်နှံ့ခဲ့သည်ဟူလည်းနာမည်ကြီးသည်။

" မင်းယောကျာ်းမဟုတ်ဘူးလား။ မြောက်တောမသွားဘူး။ ကိုလူမော်က ဆန်ဆေးရေ ရောတယ် မစစ်ဘူး။ ကိုတာတေက ပင်ကျရေစစ်စစ် ချခိုင်းလို့ရတယ်။ ဒီချိန်လယ်ကြွက်ကြော်နဲ့မြည်းရင် သောင်းဆင့်တို့ ရေချိန်ကိုက်ပြီ"

ဘယ်လိုပြောပြော ပြောမရတော့ ဖိုးထွေးမျက်နှာငယ်လာ၏။ အဖွဲ့ထဲမှာ သူက လူမကြောက်ပေမဲ့ သရဲတော့အတော်ကြောက်သည်။
သရက်တောထဲရောက်တော့ မှုန်အိုက်အိုက်အခြေအနေက နေရောင်တောင်မရှိတော့ ။
ဒီအချိန်မှာ သိပ်‌မကြောက်သေးပေမဲ့ အပြန်လမ်းတော့ တွေးရင် ကြက်သီးထ၏။

" ကိုတာတေ ၊ ပင်ကျရေစစ်စစ်လေး ချပါဦး ။
လယ်ကြွက်ကြော် တစ်ပွဲ ၊ စပ်စပ်လေး "

" မြန်မြန်ဗျာ ။ အပြန် သရက်တောက ပြန်ရမှာ ကျုပ်ကြောက်တယ် "

ဖိုးထွေးစကားကြောင့် ကိုတာတေက ပြုံး၏။
ညနေပိုင်းဆို သူ့ဆိုင်က လူလာခဲ၏။ အများဆုံးလာ
ညနေသုံးနာရီနောက်ဆုံးပင်။ အဓိကကတော့ သရက်တောကိုဖြတ်ရမှာကြောက်လို့ပင်။
တကယ်လည်း သရက်တောက သရဲခြောက်တက်၏။
အဆိုးဆုံးက ပါးစပ်သရမ်းရင်မရ။အဲ့ချိန်ဆို  ကြမ်းမှကြမ်း ။

"ခဏစောင့်ကွာ ၊ထန်းရေချရုံပဲ ၊ ငါ့မိန်းမကို အိမ်စားဖို့‌ ကြော်ထားတဲ့ထဲက ခွဲချခိုင်းလိုက်မယ်။ မစောင့်စေရဘူး"

" ကြိုက်ပြီ။ သောင်းဆင့်တို့ကအဲ့ဒါတွေကြောင့် ကိုတာတေဆီဆို မလာပဲ မနေနိုင်ဘူး "

ကိုတာတေကရိုးသား၍ ရွာနဲ့အလှမ်းကွာပေမဲ့
လူလာမပြတ်။ ညနေပိုင်းအရောင်းကျဲပေမဲ့
မနက် ၊နေ့ခင်းဆို ဧည့်က ထိုင်စရာမရှိအောင် ဧည့်ကျသည်။

ခါးတောင်းကျိုက်ကာ အိုးနဲ့ဓားကို ခါးထိုးကာ ကိုတာတေတစ်ယောက် တစ်ယောက်ထန်းတက်သွားသည်ကိုကြည့်ကာ သောင်းဆင့်တစ်ယောက် ခပ်ပြုံးပြုံးဖြစ်နေသည်။
ထန်းပင်ရိပ်မှာ ဖျာခင်းပေးထားတဲ့ပေါ်ထိုင်ကာ ချကျွေးထားတဲ့ ပဲကြီးလှော်ကို တဂျွတ်ဂျွတ်ဝါးကာ သာဒင်က အီးတောင်ပေါက်လိုက်သေးသည်။

"သာဒင် မင်းမညစ်ပက်နဲ့ "

" မင်းမှာရော ဖင်မပါဘူးလား"

ဖိုးထွေးအပြောကို သာဒင်က ဂရုမစိုက်ပဲ ဖင်တခြမ်းစောင်းကာ နောက်တစ်လုံးထပ်ပေါက်ပြသေး၏။
ဖိုးထွေး နှာခေါင်းတပိတ်ပိတ်ဖြင့်ရွံမဆုံးတော့။
ဖိုးထွေးက သာဒင်နှင့်သောင်းဆင့်လိုမဟုတ်။
အရက်သမားသာ ပြောတာ အခြေကြီးပြီး တအားရွံတက်၏။
သောင်းဆင့် ‌ရန်ဖြစ်နေသည့်ဘေးကနှစ်ကောင်အား
ဂရုမစိုက်ပဲ ထန်းပင်ကိုမှီကာငြိမ်နေမိသည်။
သူ့အတွေးတွေသည် နွေနှင့်အတူ တရိပ်ရိပ်ဖြတ်‌ ပြေးနေသည်ကို သူတစ်ယောက်သာ အလုံးစုံသိလိမ့်မည်။ သောင်းဆင့် တို့တတွေ ထန်းရည်သောက်ပြီးချိန်တွင် လူကလည်း ယိုင်ထိုးလျက် ဖိနပ်ပင်မစီးနိုင်တော့သည့် အခြေအနေ။
ကိုတာတေမိန်းမ ဒေါ်ဘုတ်ဆုံက လယ်ကြွက်ကြော် အရသာနှင့်လတ်ဆတ်သော ပင်ကျရည်ပေါင်းဆက်လိုက်သောအခါ လူက ထိန်းလို့ပင်မရတော့။
စကားတပြောပြောနှင့် ဘယ်နှစ်မြူ ဆိုတာပင် မမှတ်မိတော့သည့်အထိ ။

" ထန်းပင် ကျရည်.. ထန်းပင်ကျရည်
ချိုသမြမြ "

"ဟိတ်ကောင် ဆက်ဆိုလေ "

" ထန်းပင်ကျရည် ထန်းပင်ကျရည်
ချိုသမြမြ "

သာဒင်သည် ဖိုးထွေးဆိုခိုင်းသည့်အတိုင်းဆိုလေသည်။

" ဟိတ်ကောင် ဆက်ဆိုပါဆို။ "

"ဟိတ်ကောင် မင်း မရစ်နဲ့နော်"

" ငါမရစ်ဘူး၊ဘာလဲ မင်းမူးနေပြီလား"

လည်ပင်းဖက်ကာ တစ်ယောက်နဲ့တစ်ယောက်လဲမသွားအောင် ရှောင်လင်သိုင်းနင်းနေတဲ့ နှစ်ယောက်အားကြည့်ပြီး သောင်းဆင့် သူ့ဆံပင်ဘုတ်သိုက်အား တဗျင်းဗျင်းကုတ်လိုက်သည်။

" တော်တော့။ မဟုတ်ရင် ငါရိုက်တော့မှာ "

အာလေးလျှာလေးနဲ့ပြောလိုက်တော့ နှစ်ယောက်သမားလှည့်ကြည့်ကာ

" သောင်းဆင့်။ မင်း ငါတို့ကိုအော်တာလား ။ "

" သာဒင် မင်းကြားလိုက်တယ်မို့လား။ ဒီကောင်ငါတို့ကို ရိုက်တော့မှာတဲ့ "

ဖိုးထွေးတစ်ယောက် သရက်တောမှာ ဖြတ်နေမှန်းမေ့သွားသည့်ထင် မှေးနေတဲ့မျက်လုံးပေါက်ကို မနည်းပြူးပြဲဖွင့်ကာ ငိုသံစွက်ကာ အော်ပြောလာသည်။

ညနေ၆ နာရီ။

အပုတ်ချိန် ။

ပတ်ဝန်းကျင်တခွင်သည် ပိန်းမှောင်မနေပေမဲ့ မှောင်စပျိုးနေပြီဖြစ်သည်။
သရက်တောသည် ရွက်ခြောက်တို့ဖြင့် မြေပြင်တွင်ပျံ့ကျဲနေပြီဖြစ်၏။
လှုပ်ရှားသံသည် သူတို့ စကားပြောနေသံမှ လွဲပြီးတိတ်ဆိတ်လျက်ရှိနေသည်။

" ငါကရိုက်ရုံမကဘူး။ ထပ်ဆူနေရင်
ဟိုတလောက သေသွားတဲ့ ဦးညိုကြီးကိုပါ မင်းအိမ်ထည့်လွှတ်လိုက်မှာ"

"ဟာ ဟိတ်ကောင် သောင်းဆင့် ၊မင်းပေါက်တကရ လျှောက်မပြောနဲ့"

ဖိုးထွေးအလန့်တကြားအော်တော့ သာဒင်ပါ စိုးရိမ်တကြီးပြောလာသည်။

" သောင်းဆင့် မင်းသူငယ်ချင်းအချင်းချင်းကို
ဒီလောက်ရက်ရက်စက်စက် ပြောစရာလားကွ ။ "

ဖိုးထွေး ခုမှကြောက်ရမှန်းသိစွာ ပတ်ဝန်းကျင်ကိုကျီးကန်တောင်မြောက်ကြည့်ကာ အမူးပြေသလိုဖြစ်သွား၏။

" မင်းကကြောက်လို့လား ၊ သရဲတစ္ဆေဆိုတာ ယုံတမ်းစကားတွေ တကယ်မရှိဘူးကွ။
မယုံဘူးလား ၊ ဒါဆို ငါယုံအောင် သက်သေ ပြမယ်"

အမူးသမားတွေ၏ထုံးစံအတိုင်း အသိစိတ်မရှိလာသည်နှင့်စကားတွေက တောက်ရောက်မြောက်ရောက် ဖြစ်လာ၏။
ဖိုးထွေးက ဒူးတွေတုန်လာသည်မို့ သာဒင် ကိုအတင်းဖက်ထား၏။
နှုတ်မှလည်း ဆက်မပြောဖို့ သောင်းဆင့်အားတောင်းပန်နေသည်။
သောင်းဆင့် အသံကျယ်ကြီးဖြင့်ရယ်မောကာ

" ဖိုးထွေး ဒီတစ်ခါ ငါပြောတာမှန်ရင် မင်းကြောက်စရာမလိုတော့ဘူး"

ဖရော ...ဖရော

‌အေးစိမ့်စိမ့်လေသည် အနီးအနားတွင်ဖြတ်တိုက်သွားကာ သစ်‌ရွက်ခြောက်တို့သည်  အသံထွက်သည်ထိလှုပ်ရှားသွားကြကုန်သည်။

" သောင်းဆင့်လျှောက်မပြောတော့နဲ့။ "

" မသိမပါဘူး သာဒင်ရာ ၊ဒီကောင့်အစွဲကို ငါချွတ်ပေးမှာ ။ မယုံရင်မင်းကြည့်ထားငါခေါ်ပြမယ်"

သောင်းဆင့်သူ့ပုဆိုးအားဖြန့်၍ ပြန်မဝတ်ပဲစုလုံးကိုင်လိုက်သည်။

" ဦးညိုကြီး ၊ ဗျို့ဦးညိုကြီး ။
ခင်ဗျား ကျုပ်နဲ့လိုက်မလား ၊ ဒီတစ်ည ခင်ဗျားလိုက်ချင် ကျုပ်အိမ်ခေါ်သွားမလို့ ။ ကျုပ်ပုဆိုးကိုဆွဲပြ"

သောင်းဆင့်အသံက သရက်တောမှာ ပျံ့နှံ့သွား၏။
အေးစိမ့်စိမ့်လေထုသည် တဖန်ပြန်လည်ငြိမ်သက်သွားသည်။

" ကဲ  တွေ့လား ၊ ဘာမှမရှိဘူး ။ "

သောင်းဆင့်ဘာပြောပြော ဖိုးထွေးကကြောက်လွန်းသည်မို့ ဖိနပ်ပင်မစီးနိုင်တော့ပဲ စွတ်ပြေးတော့သည်။
သောင့်ဆင့်က စုကိုင်ထားတဲ့ပုဆိုးကိုဆွဲကာ  ‌ဖိုးထွေးကိုကြည့်ရယ်လေသည်။ သောင်းဆင့်နှင့် သာဒင်တို့နှစ်ယောက်သည် သရက်တောစပ်မှထွက်လာချိန်တွင်
အမဲရောင် အရိပ်တစ်ရိပ်သည် သောင်းဆင့်ပုဆိုးစကိုဆွဲကာနောက်မှပါလာသည်ကို သောင်းဆင့်တစ်ယောက်မသိတော့ချေ။

ချစ်တဲ့အိမ်စည်။

( စိတ်ကူးယဉ်ရေးဖွဲ့ထားသော ficတစ်ပုဒ်ဖြစ်ပါသည်။ ကိုယ်သိသလောက် မှီငြမ်းရေးသားထားတာမို့ အမှားပါရင် အပြစ်မယူပဲခွင့်လွှတ်ပေးပါ။
သရဲခြောက်တဲ့အကြောင်းလေးတွေကတော့ အဖွားတို့ငယ်ငယ်က ကြုံခဲ့ဖူးတဲ့အဖြစ်အပျက်လေးတွေကို
ပြန်ရေးထားတာလေးတွေပါ )

ေခ်ာင္းကမ္းရြာ ။
သာယာေသာ နယ္နမိတ္ရိွရာ ေခ်ာင္းကမ္းရြာသည္
စမ္းစို အုပ္မိႈင္းေသာ ေတာေတာင္ရိပ္ရိွသလို ၊ ရြာေဘးတြင္  တသြင္သြင္စီးဆင္းေနေသာ သလင္းေက်ာက္ကဲ့သို႔ ၾကည္လင္ရာ ေခ်ာင္းငယ္တစ္ခုလည္းရိွသည္ ။ ထိုေခ်ာင္းကို အမည္သမုတ္ၾကရာ
လြမ္းေခ်ာင္းဟု အမည္တြင္ခဲ့သည္။
ေရွးယခင္အခါကေတာ့ အမိေမ်ွာ္ေခ်ာင္း (သို႔မဟုတ္)သားလြမ္းေမ်ွာ္ ေခ်ာင္းဟုေခၚတြင္ၾကသည္။ ယခုမူ ကာလၾကာေသာ္  အတိုေခါက္ လြမ္းေခ်ာင္းဟုသာ ေခၚတြင္ၾကေတာ့၏။

လြမ္းေခ်ာင္း၏ ေရသည္ ၾကည္လင္ကာ ေအာက္တြင္ရိွေသာ သဲမႈန္ ေက်ာက္စရစ္ခဲကအစျမင္ႏိုင္‌ ေပသည္ ။
ထိုေရကို သံုးေရအျဖစ္ တစ္ရြာလံုး အားကိုးရၿပီး ေနြေရာက္လို႔ ေရခမ္းခ်ိန္တြင္ေတာ့ လြမ္းေခ်ာင္းသဲျပင္ေပၚတြင္ လက္လုပ္တြင္းမ်ားတူးကာ စိမ့္ေရကို သံုးၾကရသည္။ 

လြမ္းေခ်ာင္းသည္ ေရခမ္းခ်ိန္နည္းပါသည္။
ထို႔အျပင္ လြမ္းေခ်ာင္းသည္ နတ္ႀကီးသည္ ဟု ေျပာၾကၿပီး တစ္ႏွစ္တခါ လူစားသည္ဟုလည္း ဆိုၾကျပန္သည္။

လြမ္းေခ်ာင္း၏ ရိုးရာပံုျပင္မ်ားသည္ ဆန္းၾကယ္ကာ အမ်ိဳးမ်ိဳးရိွၾက၏။ တခ်ိဳ႕တြင္ သားကိုေမ်ွာ္၍ ရင္ကြဲနာက် ေသဆံုးရေသာ အေမအိုသည္ မကြၽတ္ဟုဆိုကာ ‌၊ တခ်ိဳ႕ကေတာ့ လြမ္းေခ်ာင္းတြင္ အပိုင္းစားရတဲ့ နတ္စိမ္း ျဖစ္သြားသည္ဟု ေျပာၾကျပန္သည္။  မည္သို႔ပင္ဆိုေစကာမူ လြမ္းေခ်ာင္းကို အစြဲျပဳျပီး လြမ္းေခ်ာင္းကမ္းရြာ နာမည္တြင္လာေသာ ရြာငယ္သည္လည္း ရိုးသားေသာ ေတာသူေတာင္သားတို႔မွီတင္းေနထိုင္ရာျဖစ္ခဲ့ေလသည္။ လြမ္းေခ်ာင္းကမ္းရြာ၏ အုပ္ခ်ဳပ္သူမွာ သူႀကီးဦးမိုးလြင္ ျဖစ္သည္။ တစ္ရြာလံုး၏ ျပႆနာ အေသးအႀကီးကအစ၊ ကိုင္တြယ္ေျဖရွင္းရသလို
အမွန္တရားကိုသာ ခ်စ္ျမတ္လြန္းသူမို႔ ကေလးကအစ ေခြးအဆံုး သူႀကီးဦးမိုးလြင္အား မခ်စ္သူမရိွ၊ မေလးစားသူမရိွၾကေပ။ ရိုးသားေသာ ေတာသူေတာင္သားတို႔ေနထိုင္ရာ ေခ်ာင္းကမ္းရြာတြင္ ျပႆနာဟူ၍ မရိွသေလာက္မို႔ သူႀကီးအိမ္ဆိုတာ သူတို႔ရြာသားေတြအတြက္ အလွမ္းကြာလြန္းေလသည္။ တစ္ခါတေလ ဦးမိုးလြင္ကို  ေခ်ာင္းကမ္းရြာ၏ သူႀကီးဆိုတာထက္ ဘုရားလူႀကီးအျဖစ္သာ ျမင္ၾကမည္မလြဲေပ။  ပုတီးကိုလည္မွာ ဆြဲကာ အၿမဲတေစ ဘုရားေက်ာင္းတက္ ရပ္ရြာအေရးသာ လႈပ္ရွားသူမို႔  ကြက္စိတ္ပုဆိုး ဖ်င္ၾကမ္းထည္ႏွင့္ ဦးမိုးလြင္မွာ ခန႔္ခန႔္ထည္ထည္ ရိွကာ မိန္းမေၾကာက္သၫ့္ေနရာမွာလည္းႏွစ္ေယာက္မရိွသူျဖစ္ေလသည္။

သို႔ေသာ္ ခြၽင္းခ်က္အေနနဲ႔ ေခ်ာင္းကမ္းရြာ၏ ရြာေဇာ္လူမိုက္ႀကီး ေသာင္းဆင့္ကိုေတာ့ ဦးမိုးလြင္ ေၾကာက္ေပသည္။ သင္းသည္ သာေရး၊နာေရးမွလြဲၿပီးလာေလ့မရိွတဲ့ သူအိမ္ကို  မၾကာခဏ ေရာက္တက္ၿပီး ဦးမိုးလြင္ကိုယ္တိုင္ မႏိုင္ေတာ့လို႔ လက္ေျမာက္အရႈံးေပးရသည္အထိပင္။
ေသာင္းဆင့္က ရြာေဇာ္ဆိုေပမဲ့ သူ႔အေဖ ဆန္သူေဌး ဦးေဘာဂေသာင္းကေတာ့ တနယ္လံုး၏ အခ်မ္းသာဆံုး သူႂကြယ္တစ္ေယာက္ဆိုလည္းမမွား။
ေနာက္ၿပီးေခ်ာင္းကမ္းရြာတြင္ အလြန္အမင္းခ်မ္းသာႂကြယ္ဝေသာ သူေဌးႀကီး ဦးေဘာဂေသာင္း၏ 
အရိွန္အဝါကို တုပ ရဲတဲ့သူမရိွသေလာက္မို႔ ဆိုးသြမ္းတဲ့ ေသာင္းဆင့္ဆက္ႏိုင္အား အျပစ္မဆိုသာပဲ သည္းခံေနရသည္သာ။

ေသာင္းဆင့္ဆက္ႏိုင္ဆိုလ်င္ တစ္ရြာလံုးလက္လန္။
အရက္ေသာက္ ၊ ၾကက္တိုက္ မူးရူးရမ္းကားရံုမက ၊ ေလာင္းကစားဝိုင္းလည္းေသာင္းဆင့္တို႔ကေတြ့မေရွာင္ ။

လည္ပင္းက ေရႊဆြဲႀကိဳးတုတ္တုတ္က မဲတဲ့အသားေပၚမွာ ဝင္းခနဲ လက္ခနဲ။
ကြမ္းကတဖြီဖြီ။ ေျခသလံုးေပၚထိ တိုတုတ္ေနေအာင္ဝတ္ထားတဲ့ ပုဆိုးနဲ႔ ရြာရိုးကိုးေပါက္  ‌သိုင္းကြက္နင္းေလ်ွာက္ေနတဲ့ အသားမဲမဲ၊ ေရႊထူထူဝတ္ထားတဲ့ အရက္သမားဆိုလ်င္ အဲ့ဒါေသာင္းဆင့္ဆက္ႏိုင္ဟုေခၚႏိုင္သည္။

" ခင္စိန္... ဟဲ့ မိခင္စိန္ ၊ ေရႏြေးၾကမ္းခ်စမ္း ၊
စားပြဲေပၚထားတဲ့ ယပ္ေတာင္ ဘယ္ေရာက္သြားလဲ။
ပူပါတယ္ဆိုမွ ၊ အေရးဟဲ့အေၾကာင္းဟဲ့ဆို
ဘယ္သြားရွာလို႔ ရွာရမွန္းမသိဘူး။ တေနကုန္ အိမ္မွာေနၿပီး  ေဘးအိမ္သြား အတင္းတုတ္ဖို႔ပဲ သိတယ္ ။ "

"  ‌ေသာင္းဆင့္ကို စိတ္တိုလာတိုင္း ေတာ္  က်ဳပ္ကို လာမဲမေနနဲ႔ ၊ယပ္ေတာင္က အေပၚေခါင္မွာ ထိုးထားတယ္။  မ်က္လံုးေလးက ေဘးဘီၾကၫ့္ဦး၊"

စားပြဲေပၚကို အသံထြက္ေအာင္ လာခ်ေပးတဲ့ ေရႏြေးအိုးကို ၾကၫ့္ၿပီး မိန္းမ ျဖစ္သူကို ေဒါနဲ႔ ေမာနဲ႔
ဦးမိုးလြင္ၾကၫ့္မိသည္။  ဒီမိန္းမ အလိုက္ကန္းဆိုးနည္းနည္းမွမသိ။

"သိေနရင္လည္း အေျခအေနကို ၾကၫ့္ေနေလ "

ဦးမိုးလြင္ စကားေၾကာင့္ ေဒၚခင္စိန္ သိသားပဲဆိုတဲ့ အမူအယာႏွင့္ မ်က္ႏွာမဲ့ျပသည္။
အမွန္တကယ္လည္း ေသာင္းဆင့္ကို သူ႔ေယာက်ာ္း
မႏိုင္လို႔လက္ေျမာက္ထားမွန္း တစ္ရြာလံုး သိထားၿပီးသား။  ဦးေဘာဂ ကိုယ္တိုင္ ေသာင္းဆင့္ကို ထိုးႀကိတ္ၿပီးဆံုးမ တက္ေပမဲ့ ေသာင္းဆင့္တို႔က လည္သည္။ ျပႆနာရွာၿပီးလို႔ မူးရူးေနၿပီေဟ့ဆို အိမ္မျပန္ပဲေတြ့တဲ့ေနရာ အိပ္သည္။
အိမ္ျပန္ေရာက္ရင္ သူမဟုတ္သလို ေက်ာ့လို႔ေကာ့လို႔။ မူးရစ္ရမ္းကားေနမွန္း သူစိမ္းေတြဆိုသိမွာမဟုတ္။  အရက္သမားဆိုၿပီး ေသာင္းဆင့္ကို အထင္မေသးေလနဲ႔ ၊ ဟိုက တပၫ့္တပန္းေတြမ်ား အိမ္က ရြာသူႀကီးလုပ္‌ ေနတဲ့ေယာက်ာ္းထက္ေတာင္ပိုမ်ားေသး‌တယ္။

"ဘာျဖစ္လာတာလဲ။ ေတာ္ရံုေလာက္ဆို မသိခ်င္ေယာင္ေဆာင္ၿပီး  ပစ္ထားလိုက္စမ္းပါ။ မဟုတ္ရင္
ေတာ္ပဲ ေသြးတိုးတယ္"

"မသိခ်င္ေယာင္ေဆာင္ထားလို႔ရမလား၊ ေဒၚေအးပိုရဲ့ ၾကက္မႀကီးကို ေသာင္းဆင့္ ခိုးၿပီး အရက္‌ျမည္းပစ္လိုက္သတဲ့ ၊ ဥေနတဲ့ ၾကက္ဥ ေလးလံုးပါ အဆစ္ပါသြားေသးတယ္။ ေဒၚပိုက အာကၾကမ္းၾကမ္းနဲ႔ ေသာင္းဆင့္ အရက္ေသာက္ေနတဲ့ ဝိုင္းကို သြားေအာ္တာ ဟိုက ဘာေျပာတယ္မွတ္လဲ ။ မေက်နပ္ သူႀကီးသြားေခၚလို႔ ေျပာသတဲ့ ၊ ဘုန္းႀကီးအမူ႔ရြာပတ္သလိုပဲ ၊ေသာင္းဆင့္အမူ႔ကို ေန့စဉ္လိုက္ရွင္းေနရတာနဲ႔ ငါလည္း သူႀကီးဘဝကို စိတ္ကုန္လွၿပီ။ "

ဦးမိုးလြင္ေျပာရင္း စိတ္အိုက္စြာ လည္ပင္းက စိတ္ပုတီးကိုခြၽတ္ၿပီး ယပ္ေတာင္တဖ်တ္ဖ်တ္ခတ္ေနလိုက္ေတာ့သည္။

ေသာင္းဆင့္ ေသာင္းဆင့္ ။

သင္းေတာ္ေတာ္ၿဂိဳလ္ေမႊ ။

____________

အနီေရာင္ လက္ပံပြင့္ေလးေတြက တျဖဳတ္ျဖဳတ္ေႂကြေနေပမဲ့ ေကာက္မဲ့သူမရိွ၊ခူးမဲ့သူမရိွ။
အနီေရာင္ေျမသားထပ္မွာ  နီေစြးေစြးအလွတရားက တုႏိႈင္းမမွီ ၊ အလြမ္းကို အလြမ္းဆင့္သကဲ့သို႔ ၊ ေနြ၏ အလွတရားကို ပဲ့တင္ထပ္ကာ တစိမ့္စိမ့္ေဆြးေစလုလု။  ပုေလြသံ တၿငိမ့္ၿငိမ့္နဲ႔ေပါင္းကာ  ေသာင္းဆင့္အိပ္ငိုက္လုဆဲအခ်ိန္တြင္  ေခၚဆိုသံတိုးတိုးက သူအား အေနာက္အယွက္ ျဖစ္သြားေစခဲ့၏။

" ကိုေသာင္းဆင့္ "

ေသာင္းဆင့္ ေခါင္းေထာင္ၾကၫ့္ေတာ့ သနပ္ခါးအေဖြးသားနဲ႔ေထြးရီျဖစ္ေန၏။ စိတ္ရႈပ္စြာ မ်က္ေမွာင္ ကုတ္လ်က္...

"ေျပာ "

ထားရီက သူ႔အသံေၾကာင့္ မ်က္ႏွာပ်က္မသြား။
အၿမဲမာေနတဲ့တက္ေသာ အသံကို ဥေပကၡာျပဳကာ

" ထားရီ တို႔ မနက္ဖန္ ၿမိဳ႔ေပၚသြားမလို႔ ကိုေသာင္းဆင့္ေရာ လိုက္ခဲ့ပါ့လား။ "

ေသာင္းဆင့္ သူထိုင္ေနတဲ့ လက္ပံပင္ေအာက္က
သစ္ငုတ္ေပၚကေနထလိုက္ေတာ့ လူက ယိုင္ခနဲ။
ေဘးမွာထိုင္ေနတဲ့ သာဒင္ နဲ႔ ဖိုးေထြးကလည္း ထားရီျမင္တာနဲ႔ ၿပံဳးစိစိ။ သူတို႔အားလံုးမူးေနၾကေပမဲ့ မိန္းကေလးတစ္ေယာက္ကို မထိတထိ စေနွာက္ျခင္းမရိွ။ အဲ့ဒါေတြသိလို႔ပင္ ထားရီက ရဲတင္းသည္။
ေသာင္းဆင့္ဆိုတဲ့ေကာင္က ရိုင္းသည္၊မူးသည္ ဆိုေပမဲ့ ႏႈတ္စည္းကိုေတာ့ ေစာင့္သည္။ မဟုတ္ရင္ ထားရီနဲ႔ သူနဲ႔ ညားလို႔ ကေလး သံုးေယာက္ေလာက္ေတာင္ေမြးၿပီးေနေလာက္ၿပီ  ။ ထားရီက ေခ်ာင္းကမ္းရြာရဲ့ အေခ်ာအလွ ကြမ္းေတာင္ကိုင္ပန္းေထာင္ကိုင္။
ေခ်ာသလားလို႔ ေမးရင္ ေခ်ာင္းကမ္းရြာအပါအဝင္ တနယ္လံုး ထားရီအလွကိုမွီတဲ့ သူတစ္ေယာက္မရိွ။
ေသာက္ထားတဲ့ အရက္အရိွန္ေၾကာင့္ ေသာင္းဆင့္မ်က္ႏွာက နီညို႔ညို႔အေရာင္သန္းကာ ရီေဝေန၏။
ေသာင္းဆင့္ အမူးမေျပေပမဲ့ ထားရီရဲ့ အလွကိုေတာ့ ရွင္းရွင္းလင္းလင္ျမင္သည္။
သနပ္ခါးပါးကြက္ၾကားနဲ႔ထားရီက ယဉ္စစလွ၏။
သို႔ေသာ္ ေသာင္းဆင့္ ရင္မခုန္ပါ။ ထားရီဆိုတာ ဟိုးငယ္ငယ္ေလးကတည္းက သူနဲ႔ ေက်ာင္းတူတူတက္ခဲ့ဖူးတဲ့ကေလးမ ။ သို႔ေသာ္အသက္မတူပါ။ သူက ငယ္စဉ္ကတည္းက သူ႔ထက္အသက္ သံုးႏွစ္ခန႔္ ငယ္သူေတြနဲ႔ ေက်ာင္းတစ္တန္းတည္းတက္ခဲ့ရတဲ့သူ။
သူ႔ပံုစံကလည္း ေမြးဖြားၿပီးလပိုင္းအၾကာမွ စ၍ အသက္ ၁၃ႏွစ္သားထိ  ခ်ူခ်ာတက္သူဆိုတာ ယခု ေျပာရင္ယံုဖြယ္ရာမရိွ။ 

"ဘယ္သူနဲ႔သြားမွာလဲ ၊ "

ေစာင့္ေရွာက္ရမၫ့္ဝတၲရားအရ သူေမးလိုက္သည္။

"ထားရီ ရယ္  ေရႊစံ ရယ္၊ ေရႊစံေဒၚငယ္ အပ်ိဳႀကီးမၿပံဳးရယ္ သံုးေယာက္ထဲ ။
ရြာေျမာက္ပိုင္းက ဘေထြးရဲ့ ေထြလာဂ်ီနဲ႔ "

" ဘေထြးက သူ႔ေထာ္လာဂ်ီနဲ႔ နင္တို႔ကိုလိုက္ပို႔တာလား"

ဘေထြးသည္ သူ႔ေထြလာဂ်ီအားႏွေျမာလြန္းသည္မို႔ ဘယ္သူလာငွားငွား ငွားေပးေလ့မရိွ။

"ထားရီတို႔ကို သီးသန႔္လိုက္ပို႔တာေတာ့ ဘယ္ဟုတ္မလဲ ၊ ၿမိဳ႔က သူတူ ကိုဘြဲ႔ဆူးကို သြားႀကိဳေပးတာ "

" ဘြဲ႔ဆူး ?"

"အင္းေလ ၊ ဘေထြး‌ ေျပာေျပာေနတဲ့ သူ႔တူဆိုတာေလ။ ခုလည္း ေျပာလိုက္ပါ့ ၊ ဘြဲ႔ဆူးက သူအေဖဆံုးသြားလို႔ ၿမိဳ႔ေပၚမွာ မေနေတာ့ဘူးတဲ့ ၊  ရထားတဲ့ ဘြဲ႔မွ အားမနာ  ေတာမွာ အေျခခ်ရ ရမယ္လို႔ ၊ ထားရီဆို ၿမိဳ႔မွာ ေနခ်င္တာမွ တပိုင္းေသလုေပါ့။  "

ထားရီ မေက်မနပ္ျဖစ္စြာေျပာလိုက္မိသည္။ ငယ္စဉ္ကတည္းက ထားရီက ၿမိဳ႔သူ ျဖစ္ခ်င္သည္။
ရုပ္ခံေလးက ရိွေတာ့ ေမာ္ဒယ္မင္းသမီး ျဖစ္ခ်င္တာ သူ႔အိမ္မက္ပဲ။ အဲ့ဒီဗီဇေလးက ပါေတာ့ ထားရီက လွခ်င္သည္။ ဝတ္ခ်င္သည္။ ထို႔ေၾကာင့္ ထားရီ အေမ ေဒၚျမရီ တစ္ေယာက္အၿမဲျငီးပံု ခ်တက္၏။

ေပၚသမ်ွ အဝတ္အစားကို ၿမိဳ႔သူေလာက္လန္းေအာင္မဝတ္ရဲေပမဲ့ ထားရီတို႔က သူ႔အထြာနဲ႔သူ  လက္လက္ထ၊ ေကာ့ေက်ာ့ေနေအာင္ဝတ္သည္။
ထားရီတို႔အိမ္က ေတာင္သူႀကီးဆိုေပမဲ့ ထားရီက အလျွပင္တာကလြဲၿပီး အေခ်ႀကီးကာ ဘာမွမလုပ္တက္။ ဆံပင္‌ေလးတသသ ၊ ပါးျပင္က သနပ္ခါးက မျပတ္တမ္း။ လံုခ်ည္နဲ႔ အက်ႌဆိုလည္း မညိုးႏြမ္း။
အဲ့ဒါေၾကာင့္ပဲ ေခ်ာင္းကမ္းနယ္တစပ္ ထားရီဆိုတဲ့ အေခ်ာအလွရဲ့ နာမည္က ဟိုးဟိုးေက်ာ္တာပင္။
ဆံပင္ေျဖာင့္ေတြေခတ္စားေတာ့လည္း ထားရီက
ၿမိဳ႔ေပၚ ကားလမ္းေရလမ္းအသြယ္သြယ္ျဖတ္ကာ
သြားေျဖာင့္လိုက္ၿပီးသား။

ေတာသူပီပီ ကိုယ္လံုးလွလွက လွယဉ္ေက်းမယ္ရႈံးေအာင္ အမို႔အေမာက္အရိႈက္အဝန္းနဲ႔ ျပၫ့္စံုလွၿပီး
ပိုလွေအာင္လည္း ထားရီက ေနတက္ေသး၏။
အဆိုးဆံုးကေတာ့ ထားရီက ေသာင္းဆင့္အား ႀကိတ္သေဘာက်ေနတာကို သိသိသာသာ ေဖာ္ထုတ္တက္တာျဖစ္၏။ ဒါကို ေသာင္းဆင့္အေဖ ဦးေဘာဂေသာင္းကအစ တစ္ရြာလံုးနီးပါးသိၾကသည္။
သို႔ေသာ္ ထားရီ အေမ ေဒၚျမရီကေတာ့ လံုးလံုးမွသေဘာမတူေပ။ သေဘာမတူဆို ေသာင္းဆင့္လို
ေငြေၾကးခ်မ္းသာရံုသာရိွတဲ့ ငမူးငရူးအား ေဒၚျမရီမွမဟုတ္ ဘယ္မိဘမွသေဘာတူမွာမဟုတ္။

" လိုက္ခဲ့ပါ ကိုေသာင္းဆင့္ရယ္ ၊ထားရီတို႔ႀကီးပဲမို႔ပါ "

" ဟုတ္သားပဲ ေသာင္းဆင့္ရာ ၊ ဘာပင္ပန္းတာမွတ္လို႔ ၊ လိုက္သြားလိုက္စမ္းပါ "

ဖိုးေထြးရဲ့ေျမာက္ထိုးပင့္ေကာ္စကားေၾကာင့္ ေသာင္းဆင့္ မ်က္ေမွာင္ၾကဳတ္ျပကာ

" မင္းလိုက္သြားလိုက္"

" ကိုေသာင္းဆင့္ကလည္း ၊ထားရီက ကိုေသာင္းဆင့္ကိုပဲ ေခၚတာကို "

ထားရီရဲ့ မ်က္ေစာင္းရြယ္လိုက္တဲ့ပံုစံေၾကာင့္ ေသာင္းဆင့္ ပိုကာ စိတ္ရႈပ္ေထြးသြား၏။

"မလိုက္ဘူး။ တစ္ေယာက္ေယာက္အေဖာ္ေခၚသြား "

ေသာင္းဆင့္ သူ႔လက္ကိုခါျပလိုက္သည္။
လက္မွာ ဝတ္ထားေသာ ေရႊေရာင္ ပြတ္လံုးလက္ေကာက္ႀကီးက တလႈပ္လႈပ္။ အနည္းဆံုး ၇က်ပ္သားေလာက္ရိွသည္မို႔ အလံုးတုတ္ကာအေလးခ်ိန္စီးသည္။ ပံုစံသည္ အမ်ိဳးသမီးမ်ားအဝတ္မ်ားသၫ့္ပံုမ်ိဳးဆိုေပမဲ့ ေသာင္းဆင့္နဲ႔လည္းလိုက္ဖက္သည္။ ေသာင္းဆင့္သည္ ေရႊႀကိဳက္သည္။
တကိုယ္လံုးတုတ္တုတ္ထည္ထည္ ေရႊမ်ား မ်ိဳးစံုဝတ္ဆင္ရတာကို ႀကိဳက္ႏွစ္သက္ၿပီး ခြၽတ္မိရင္လည္း ဖ်ားနာတက္သည္။ ကေလးသာသာ အရြယ္ကတည္းက ေသာင္းဆင့္တို႔က ပ်ိဳးပ်ိဳးလက္ေနေအာင္ဝတ္ကာ ရွက္ျခင္း ေၾကာက္ျခင္းလည္းမရိွ။
အရက္ေသာက္လို႔ လမ္းေဘးထိုးအိပ္ေနရင္ေတာင္မွ ေသာင္းဆင့္က သူ႔ေရႊေတြကို မေပ်ာက္ေအာင္ဂရုစိုက္ၿပီး ေရာင္းစားေပါင္စားတာလည္းမလုပ္၊ ထိုမ်ွထိ ေသာင္းဆင့္၏ ေရႊအေပၚရူးသြပ္မူ႔ႀကီးက ႀကီးက်ယ္လွ၏။

ေသာင္းဆင့္မလိုက္ဘူးဆိုတာ ေသခ်ာေတာ့ ထားရီတစ္ေယာက္ေျခေစာင့္ကာ စိတ္ေကာက္ျပန္သြား၏။
ေသာင္းဆင့္ေအၾကာင္းေနာေက်ေနတာလည္းပါသည္။ စိတ္မရွည္ရင္ ေသာင္းဆင့္က ေအာ္ထုတ္တက္၏။ ထို႔ေၾကာင့္ ထားရီက တစ္ခါကေန ႏွစ္ခါ
အထြန႔္မတက္‌ရဲ။

"မင္းကလည္းကြာ ၊ ဟိုက မိန္းကေလးတန္မဲ့ လာေခၚတာကို လိုက္သြားတာမဟုတ္ဘူး"

" ဟိတ္ေကာင္ ၊ သူေခၚတိုင္းလိုက္ေနရေအာင္ ေသာင္းဆင့္တို႔က အားေနတာမဟုတ္ဘူး"

"မအားေတာ့ မင္းမွာ ဘာေစာက္လုပ္ရိွလို႔လဲ"

" သာဒင္ ၊ မင္းေတာ္ေတာ္ ပါးစပ္ယားေနတာပဲ ..
ဘာလဲ လက္သီးစားခ်င္ေနတာလား"

" ငါေျပာတာဘာမွားလို႔လဲ ၊ ထားရီက မင္းကိုႀကိဳက္ေနတာ တစ္ရြာလံုး သိေနတာ ၊မင္းမို႔လို႔ ဒီလိုအေခ်ာအလွေလးကို ပစ္ပယ္ေနတာ ၊ ထားရီေဘးမွာ ဝိုင္းဝိုင္းလည္ေနတာ မင္းမသိတာလည္းမဟုတ္၊ ထားရီ ေယာက်ာ္းရသြားမွ မင္းမငိုနဲ႔ "

" သာဒင္ေျပာတာမွန္တယ္ ေသာင့္ဆင့္ ။ ထားရီ ဘြားေတာ္ႀကီးက မင္းဆို ခါးခါးသီးသီး သူ႔သမီးနဲ႔သေဘာမတူတာ ၊ ဟိုက  မင္ကလြဲရင္ တစ္ေယာက္ေယာက္နဲ႔ ေပးစားလိုက္မွာ ဆိုတဲ့ အသံလႊင့္ေနတာ ေခ်ာင္းကမ္းေဘးရြာမွာ မသိခ်င္မွအဆံုး။ "

‌ေသာင္းဆင့္ မ်က္ႏွာကိုမဲ့ကာ ႏွာကေလာတဲ့ဆိုတဲ့ပံုစံနဲ႔ နားကိုႏိႈက္၍ ခါလိုက္၏။

" နားညီးတယ္၊ မင္းတို႔ အေရမရအဖက္မရေတြေျပာလြန္းလို႔ ေရခ်ိန္ကိုက္ေနတာေတာင္မွေပ်ာက္သြားတယ္ "

" မင္းေျပာလိုက္ရင္ စကားလမ္းလြဲဖို႔ပဲ "

ေသာင္းဆင့္ထြက္သြားေတာ့ ေဘးမွာထိုင္ေနတဲ့ေကာင္ေတြလည္း မေနႏိုင္ေတာ့  ကမန္းကတမ္းထရပ္ၾက၏။
ေသာင္းဆင့္က ဂရုပ္မစိုက္ေပ။
ကြၽတ္က်ေတာ့မဲ့ ပုဆိုးကို ျပန္ျပင္မဝတ္ပဲျဖန႔္ကာ
ယိုင္တိုင္တိုင္နဲ႔ သြား၏။ 

" ဟိတ္ေကာင္ ဘယ္သြားမလို႔လဲ ၊ မင္းသြားေနတဲ့ သရက္ဥယ်ာဉ္ေတာဖက္ေနာ္ ၊ ညေနေစာင္းေနၿပီ "

ဖိုးေထြး ေသာင္းဆင့္အားေျပးဆြဲ၏။
ေသာင္းဆင့္က ပုဆြဲဆြဲထားတဲ့လက္ျဖင့္ တြန္းလႊတ္ေတာ့ ေအာက္မွာ ဝတ္ထားတဲ့ ဒူးေလာက္ရိွေသာ ကာတြန္းေဘာင္းဘီက အတိုင္းသား။

ဒီေကာင္က မူးတာမူးသာ အမူးပါး။
ဘယ္ေတာ့မွ သူ႔ကိုယ္သူ ေသာင္းဆင့္ ဘယ္နားမွာ
မူးအိပ္လို႔ ဖင္ေပၚေနပါတယ္ဆိုတာမ်ိဳးမၾကားဖူးေအာင္ေနတက္သည္။ မူးလို႔ ပုဆိုးစလြယ္သိုင္းရင္ေတာင္မွ ဒူးတိေဘာင္းဘီအပြ  ကား မပါမျဖစ္။

" ဖယ္စမ္း ၊ငါ ထန္းရည္ေသာက္ခ်င္လို႔ "

" ေသာက္ခ်င္ ေျမာက္ေတာ သြားမယ္ကြာ။ တာေတႀကီးထန္းေတာက သရက္ေတာကေနျဖတ္ရတာကြ။ အျပန္မိုးခ်ဳပ္လိမ့္မယ္။ မင္းမေၾကာက္ေပမဲ့ ငါေၾကာက္တယ္"

သရက္ဥ‌ယ်ာဉ္ေတာ ဆိုသည္မွာ သရက္အရိုင္းပင္မ်ားစြာ သူ႔အလိုလိုေပါက္ေနတဲ့ေနရာျဖစ္သည္။
ခ်ဉ္လြန္းလို႔ မည္သူ တစ္ဦးတစ္ေယာက္မွ မခူးစားျဖစ္ၾက။ ထို႔ေၾကာင့္ ႏွစ္ေပါင္းၾကာေသာ္ ေတာျဖစ္ကာ အုပ္ဆိုင္းလာ၏။ ထို႔အျပင္ သရဲေျခာက္သည္ဟုလည္းနာမည္ႀကီးကာ ဂ်ပန္ေခတ္က ထိုေနရာမွာ
လူ‌ ေသေပါင္းမ်ားစြာ ျမဳပ္ႏွံ႔ခဲ့သည္ဟူလည္းနာမည္ႀကီးသည္။

" မင္းေယာက်ာ္းမဟုတ္ဘူးလား။ ေျမာက္ေတာမသြားဘူး။ ကိုလူေမာ္က ဆန္ေဆးေရ ေရာတယ္ မစစ္ဘူး။ ကိုတာေတက ပင္က်ေရစစ္စစ္ ခ်ခိုင္းလို႔ရတယ္။ ဒီခ်ိန္လယ္ႂကြက္ေၾကာ္နဲ႔ျမည္းရင္ ေသာင္းဆင့္တို႔ ေရခ်ိန္ကိုက္ၿပီ"

ဘယ္လိုေျပာေျပာ ေျပာမရေတာ့ ဖိုးေထြးမ်က္ႏွာငယ္လာ၏။ အဖြဲ႔ထဲမွာ သူက လူမေၾကာက္ေပမဲ့ သရဲေတာ့အေတာ္ေၾကာက္။
သရက္ေတာထဲေရာက္ေတာ့ မႈန္အိုက္အိုက္အေျခအေနက ေနေရာင္ေတာင္မရိွေတာ့ ။
ဒီအခ်ိန္မွာ သိပ္‌မေၾကာက္ေသးေပမဲ့ အျပန္လမ္းေတာ့ ေတြးရင္ ၾကက္သီးထ၏။

" ကိုတာေတ ၊ ပင္က်ေရစစ္စစ္ေလး ခ်ပါဦး ။
လယ္ႂကြက္ေၾကာ္ တစ္ပြဲ ၊ စပ္စပ္ေလး "

" ျမန္ျမန္ဗ်ာ ။ အျပန္ သရက္ေတာက ျပန္ရမွာ က်ဳပ္ေၾကာက္တယ္ "

ဖိုးေထြးစကားေၾကာင့္ ကိုတာေတက ၿပံဳး၏။
ညေနပိုင္းဆို သူ႔ဆိုင္က လူလာခဲ၏။ အမ်ားဆံုးလာ
ညေနသံုးနာရီေနာက္ဆံုးပင္။ အဓိကကေတာ့ သရက္ေတာကိုျဖတ္ရမွာေၾကာက္လို႔ပင္။
တကယ္လည္း သရက္ေတာက သရဲေျခာက္တက္၏။
အဆိုးဆံုးက ပါးစပ္သရမ္းရင္မရ။အဲ့ခ်ိန္ဆို  ၾကမ္းမွၾကမ္း ။

"ခဏေစာင့္ကြာ ၊ထန္းေရခ်ရံုပဲ ၊ ငါ့မိန္းမကို အိမ္စားဖို႔‌ ေၾကာ္ထားတဲ့ထဲက ခြဲခ်ခိုင္းလိုက္မယ္။ မေစာင့္ေစရဘူး"

" ႀကိဳက္ၿပီ။ ေသာင္းဆင့္တို႔ကအဲ့ဒါေတြေၾကာင့္ ကိုတာေတဆီဆို မလာပဲ မေနႏိုင္ဘူး "

ကိုတာေတကရိုးသား၍ ရြာနဲ႔အလွမ္းကြာေပမဲ့
လူလာမျပတ္။ ညေနပိုင္းအေရာင္းက်ဲေပမဲ့
မနက္ ၊ေန့ခင္းဆို ဧၫ့္က ထိုင္စရာမရိွေအာင္ ဧၫ့္က်သည္။

ခါးေတာင္းက်ိဳက္ကာ အိုးနဲ႔ဓားကို ခါးထိုးကာ ကိုတာေတတစ္ေယာက္ တစ္ေယာက္ထန္းတက္သြားသည္ကိုၾကၫ့္ကာ ေသာင္းဆင့္တစ္ေယာက္ ခပ္ၿပံဳးၿပံဳးျဖစ္ေနသည္။
ထန္းပင္ရိပ္မွာ ဖ်ာခင္းေပးထားတဲ့ေပၚထိုင္ကာ ခ်ေကြၽးထားတဲ့ ပဲႀကီးေလွာ္ကို တဂြၽတ္ဂြၽတ္ဝါးကာ သာဒင္က အီးေတာင္ေပါက္လိုက္ေသးသည္။

"သာဒင္ မင္းမညစ္ပက္နဲ႔ "

" မင္းမွာေရာ ဖင္မပါဘူးလား"

ဖိုးေထြးအေျပာကို သာဒင္က ဂရုမစိုက္ပဲ ဖင္တျခမ္းေစာင္းကာ ေနာက္တစ္လံုးထပ္ေပါက္ျပေသး၏။
ဖိုးေထြး ႏွာေခါင္းတပိတ္ပိတ္ျဖင့္ရြံမဆံုးေတာ့။
ဖိုးေထြးက သာဒင္ႏွင့္ေသာင္းဆင့္လိုမဟုတ္။
အရက္သမားသာ ေျပာတာ အေျခၾကီးၿပီး တအားရြံတက္၏။
ေသာင္းဆင့္ ‌ရန္ျဖစ္ေနသၫ့္ေဘးကႏွစ္ေကာင္အား
ဂရုမစိုက္ပဲ ထန္းပင္ကိုမွီကာၿငိမ္ေနမိသည္။
သူ႔အေတြးေတြသည္ ေနြႏွင့္အတူ တရိပ္ရိပ္ျဖတ္‌ ေျပးေနသည္ကို သူတစ္ေယာက္သာ အလံုးစံုသိလိမ့္မည္။ ေသာင္းဆင့္ တို႔တေတြ ထန္းရည္ေသာက္ၿပီးခ်ိန္တြင္ လူကလည္း ယိုင္ထိုးလ်က္ ဖိနပ္ပင္မစီးႏိုင္ေတာ့သၫ့္ အေျခအေန။
ကိုတာေတမိန္းမ ေဒၚဘုတ္ဆံုက လယ္ႂကြက္ေၾကာ္ အရသာႏွင့္လတ္ဆတ္ေသာ ပင္က်ရည္ေပါင္းဆက္လိုက္ေသာအခါ လူက ထိန္းလို႔ပင္မရေတာ့။
စကားတေျပာေျပာႏွင့္ ဘယ္ႏွစ္ျမဴ ဆိုတာပင္ မမွတ္မိေတာ့သၫ့္အထိ ။

" ထန္းပင္ က်ရည္.. ထန္းပင္က်ရည္
ခ်ိဳတျမျမ "

"ဟိတ္ေကာင္ ဆက္ဆိုေလ "

" ထန္းပင္က်ရည္ ထန္းပင္က်ရည္
ခ်ိဳတျမျမ "

သာဒင္သည္ ဖိုးေထြးဆိုခိုင္းသၫ့္အတိုင္းဆိုေလသည္။

" ဟိတ္ေကာင္ ဆက္ဆိုပါဆို။ "

"ဟိတ္ေကာင္ မင္း မရစ္နဲ႔ေနာ္"

" ငါမရစ္ဘူး၊ဘာလဲ မင္းမူးေနၿပီလား"

လည္ပင္းဖက္ကာ တစ္ေယာက္နဲ႔တစ္ေယာက္လဲမသြားေအာင္ ေရွာင္လင္သိုင္းနင္းေနတဲ့ ႏွစ္ေယာက္အားၾကၫ့္ၿပီး ေသာင္းဆင့္ သူ႔ဆံပင္ဘုတ္သိုက္အား တဗ်င္းဗ်င္းကုတ္လိုက္သည္။

" ေတာ္ေတာ့။ မဟုတ္ရင္ ငါရိုက္ေတာ့မွာ "

အာေလးလ်ွာေလးနဲ႔ေျပာလိုက္ေတာ့ ႏွစ္ေယာက္သမားလွၫ့္ၾကၫ့္ကာ

" ေသာင္းဆင့္။ မင္း ငါတို႔ကိုေအာ္တာလား ။ "

" သာဒင္ မင္းၾကားလိုက္တယ္မို႔လား။ ဒီေကာင္ငါတို႔ကို ရိုက္ေတာ့မွာတဲ့ "

ဖိုးေထြးတစ္ေယာက္ သရက္ေတာမွာ ျဖတ္ေနမွန္းေမ့သြားသၫ့္ထင္ ေမွးေနတဲ့မ်က္လံုးေပါက္ကို မနည္းျပဴးၿပဲဖြင့္ကာ ငိုသံစြက္ကာ ေအာ္ေျပာလာသည္။

ညေန၆ နာရီ။

အပုတ္ခ်ိန္ ။

ပတ္ဝန္းက်င္တခြင္သည္ ပိန္းေမွာင္မေနေပမဲ့ ေမွာင္စပ်ိဳးေနၿပီျဖစ္သည္။
သရက္ေတာသည္ ရြက္ေျခာက္တို႔ျဖင့္ ေျမျပင္တြင္ပ်ံ့က်ဲေနၿပီျဖစ္၏။
လႈပ္ရွားသံသည္ သူတို႔ စကားေျပာေနသံမွ လြဲၿပီးတိတ္ဆိတ္လ်က္ရိွေနသည္။

" ငါကရိုက္ရံုမကဘူး။ ထပ္ဆူေနရင္
ဟိုတေလာက ေသသြားတဲ့ ဦးညိုႀကီးကိုပါ မင္းအိမ္ထၫ့္လႊတ္လိုက္မွာ"

"ဟာ ဟိတ္ေကာင္ ေသာင္းဆင့္ ၊မင္းေပါက္တကရ ေလ်ွာက္မေျပာနဲ႔"

ဖိုးေထြးအလန႔္တၾကားေအာ္ေတာ့ သာဒင္ပါ စိုးရိမ္တႀကီးေျပာလာသည္။

" ေသာင္းဆင့္ မင္းသူငယ္ခ်င္းအခ်င္းခ်င္းကို
ဒီေလာက္ရက္ရက္စက္စက္ ေျပာစရာလားကြ ။ "

ဖိုးေထြး ခုမွေၾကာက္ရမွန္းသိစြာ ပတ္ဝန္းက်င္ကိုက်ီးကန္ေတာင္ေျမာက္ၾကၫ့္ကာ အမူးေျပသလိုျဖစ္သြား၏။

" မင္းကေၾကာက္လို႔လား ၊ သရဲတစၧေဆိုတာ ယံုတမ္းစကားေတြ တကယ္မရိွဘူးကြ။
မယံုဘူးလား ၊ ဒါဆို ငါယံုေအာင္ သက္ေသ ျပမယ္"

အမူးသမားေတြ၏ထံုးစံအတိုင္း အသိစိတ္မရိွလာသည္ႏွင့္စကားေတြက ေတာက္ေရာက္ေျမာက္ေရာက္ ျဖစ္လာ၏။
ဖိုးေထြးက ဒူးေတြတုန္လာသည္မို႔ သာဒင္ ကိုအတင္းဖက္ထား၏။
ႏႈတ္မွလည္း ဆက္မေျပာဖို႔ ေသာင္းဆင့္အားေတာင္းပန္ေနသည္။
ေသာင္းဆင့္ အသံက်ယ္ႀကီးျဖင့္ရယ္ေမာကာ

" ဖိုးေထြး ဒီတစ္ခါ ငါေျပာတာမွန္ရင္ မင္းေၾကာက္စရာမလိုေတာ့ဘူး"

ဖေရာ ...ဖေရာ

‌ေအးစိမ့္စိမ့္ေလသည္ အနီးအနားတြင္ျဖတ္တိုက္သြားကာ သစ္‌ရြက္ေျခာက္တို႔သည္  အသံထြက္သည္ထိလႈပ္ရွားသြားၾကကုန္သည္။

" ေသာင္းဆင့္ေလ်ွာက္မေျပာေတာ့နဲ႔။ "

" မသိမပါဘူး သာဒင္ရာ ၊ဒီေကာင့္အစြဲကို ငါခြၽတ္ေပးမွာ ။ မယံုရင္မင္းၾကည့္ထားငါေခၚျပမယ္"

ေသာင္းဆင့္သူ႔ပုဆိုးအားျဖန႔္၍ ျပန္မဝတ္ပဲစုလံုးကိုင္လိုက္သည္။

" ဦးညိုႀကီး ၊ ဗ်ိဳ႕ဦးညိုႀကီး ။
ခင္ဗ်ား က်ဳပ္နဲ႔လိုက္မလား ၊ ဒီတစ္ည ခင္ဗ်ားလိုက္ခ်င္ က်ဳပ္အိမ္ေခၚသြားမလို႔ ။ က်ဳပ္ပုဆိုးကိုဆြဲျပ"

ေသာင္းဆင့္အသံက သရက္ေတာမွာ ပ်ံ့ႏွံ႔သြား၏။
ေအးစိမ့္စိမ့္ေလထုသည္ တဖန္ျပန္လည္ၿငိမ္သက္သြားသည္။

" ကဲ  ေတြ့လား ၊ ဘာမွမရိွဘူး ။ "

ေသာင္းဆင့္ဘာေျပာေျပာ ဖိုးေထြးကေၾကာက္လြန္းသည္မို႔ ဖိနပ္ပင္မစီးႏိုင္ေတာ့ပဲ စြတ္ေျပးေတာ့သည္။
ေသာင့္ဆင့္က စုကိုင္ထားတဲ့ပုဆိုးကိုဆြဲကာ  ‌ဖိုးေထြးကိုၾကၫ့္ရယ္ေလသည္။ ေသာင္းဆင့္ႏွင့္ သာဒင္တို႔ႏွစ္ေယာက္သည္ သရက္ေတာစပ္မွထြက္လာခ်ိန္တြင္
အမဲေရာင္ အရိပ္တစ္ရိပ္သည္ ေသာင္းဆင့္ပုဆိုးစကိုဆြဲကာေနာက္မွပါလာသည္ကို ေသာင္းဆင့္တစ္ေယာက္မသိေတာ့ေခ်။

ခ်စ္တဲ့အိမ္စည္။

( စိတ္ကူးယဉ္ေရးဖြဲ႔ထားေသာ ficတစ္ပုဒ္ျဖစ္ပါသည္။ ကိုယ္သိသေလာက္ မွီျငမ္းေရးသားထားတာမို႔ အမွားပါရင္ အျပစ္မယူပဲခြင့္လႊတ္ေပးပါ။
သရဲေျခာက္တဲ့အေၾကာင္းေလးေတြကေတာ့ အဖြားတို႔ငယ္ငယ္က ႀကံဳခဲ့ဖူးတဲ့အျဖစ္အပ်က္ေလးေတြကို
ျပန္ေရးထားတာေလးေတြပါ )

Bạn đang đọc truyện trên: ZingTruyen.Xyz