ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

15

eainsi23

"နှင်းဆီ .. နှင်းဆီဘွဲ့ဆူး ..."

နောက်ဖေးက အပင်တွေနားအလုပ်ရှုပ်နေတဲ့ ဘွဲ့ဆူးသည် အော်ခေါ်သံသဲ့သဲ့ကြောင့် ခေါင်းကိုမော့လိုက်မိသည်။ ထိုအသံသည် သောင်းဆင့်မှလွဲမဖြစ်နိုင်။
အသံဩ၍ အသံလုံးကြီးသည်မို့ အဝေးကနေအော်ခေါ်ရုံဖြင့်ကြားဖို့လုံလောက်သည်။
မြေဆွနေသော သံပြားလေးအားလွှတ်ချပြီး အသံကြားရာဆီသို့ သူပြေးသွားမိသည်။

ဒီနေ့က သောင်းဆင့်ပြန်ရောက်မည့်နေ့ဖြစ်သည်။
ဆယ့်သုံးရက်ဆိုသော အချိန်က သူတစ်ယောက်ထဲ
အတော်လေး ပျင်းရိစေ သည်မို့သောင်းဆင့်အားမျှော်နေမိသည်ကသိသိသာသာ ။

သူခြံစည်းရိုးနားရပ်မိချိန်တွင် သောင်းဆင့်သည်ပင် အိမ်ရှေ့ လမ်းမပေါ်မှာ ရောက်လုလုဖြစ်‌ နေပြီ။
အိမ်လေးကို လှမ်းမြင်ရကတည်းက နာမည်ခေါ်ပြီးပြေးလာလေဟန်တူသည်။
အိမ်ဘေးက လူတချို့သည် သောင်းဆင့်အသံကြောင့် အပြင်ကိုထွက်ကြည့်ကြသည်။
လမ်းမပေါ်မှာ ရှိနေသော လူများကလည်းသိသိသာသာ ရပ်၍ သူတို့နှစ်ဦးအား ကြည့်၏။

ဘွဲ့ဆူး အနည်းငယ်မျှ မသက်မသာ ဖြစ်သွားသည်။
ထိုစိတ်တို့သည် ခဏလောက်သာ ကြာရှည်ခဲ့ပြီး
အနီးရောက်လာတဲ့
သောင်းဆင့်ပုံ‌ ကြောင့် ပြန်လည်ပျောက်ဆုံးသွားလေသည်။

သောင်းဆင့်မှာ လွယ်အိတ်ထောင်တစ်လုံးကိုလွယ်ထားသည်။
ပုဆိုးတိုတိုမှာထုံးစံအတိုင်း ဒူးပေါ်အထိတက်ဝတ်ထားပြီး အင်္ကျီ အကြမ်းထည်ကို အပေါ်အထပ်ဖြစ်ထပ်ဝတ်ထား၏။
အထူးဆန်းဆုံးမှာ ဆံပင်ကေဖြစ်လေသည်။

" မင်းဆံပင်ဘာဖြစ်သွားတာလဲ" "

ရယ်ချင်စိတ်ကိုထိန်းလိုက်ရ၍ သူ့အသံက တော်တော်လေး အချိုးမပြေစရာကောင်း‌ နေ၏။
သောင်းဆင့် မျက်မှောင်ကုတ်ကာ ချက်ခြင်း မကျေမနပ်ဖြစ်သွားတဲ့ ရုပ်မျိုးပြောင်းသွား၏။
ထို့နောက် ဆံပင်များပြန်ပေါက်လာပြီဖြစ်တဲ့နောက်စေ့အားကိုင်၍

" ဆရာတော် ပေါ့ ။ ကလေးမဟုတ်ပဲ ကျုပ်ကို ဒီကေ
ရိပ်ပေးလိုက်တယ်။ တော်တော်ကြည့်ရ‌ဆိုးနေလား "

သူခေါင်းရမ်းပြလိုက်ပြီးသောင်းဆင့်လွယ်ထားသော အိတ်ကို လှမ်းယူပေးလိုက်သည်။

" မဟုတ်ပါဘူး ။ မင်းနဲ့ လိုက်ပါတယ်"

ပြောပြီးအထဲဝင်သွားသော ဘွဲ့ဆူးကို သောင်းဆင့်ရပ်ကြည့်နေ၏။ အတော်ကြာမှ အိုကျနေသော ရုပ်က ပြန်လည်းပြုံးရယ်လာပြီး ဘွဲ့ဆူးနောက်ပြေးလိုက်၏

" အတည်လား။ အတည် ညီလေး နဲ့လိုက်လား "

ညီလေးတဲ့။ သူဒီတစ်ခါတော့ ရယ်ချင်စိတ်မထိန်းနိုင်တော့။ 
ခပ်သော သော ရယ်မောကာ နောက်က အမှီပြေးလိုက်လာတဲ့သောင်းဆင့်အား

" ညီလေး ... ဘယ်မှာလဲ ငါ့ညီလေးက "

" ဒီမှာလေ။  "

သောင်းဆင့် က သူ့ရင်ဘတ်အားပုတ်ပြသည်။
ဘွဲ့ဆူး အရယ်မရပ်တော့ချေ။
တိတ်ဆိတ်နေသော အိမ်ကလေးသည် ပြန်လည် အသက်ဝင်လာသလို စိုပြေလာသည်။
သောင်းဆင့်သည်စိတ်ဆိုးလျှင် သို့မဟုတ် အတည်အတန့်ပြောလိုလျှင်ကျုပ်ဟု ဆိုကာ
ပျော်နေလျှင် သောင်းဆင့်ကဟု ပလီပလာဟု ပြောတက်‌ သေး၏။
ယခုမူ ညီလေးတဲ့။
ထိုစိတ်ခံစားချက်သည် မည်သည်ကို ရည်စူးလေသလဲသလားဆိုတာ သူမသိသေး။
ထို့အပြင် သူအားလည်း ကျုပ်နှင်းဆီ၊ နှင်းဆီဘွဲ့ဆူးလေး ၊ခင်ဗျား ၊ ဒါမှမဟုတ် မင်းဟု အမျိုးမျိုး အဓိပ္ပါယ် သက်ရောက်သော နာမ်စားတို့အားခေါ်ဆိုတက်သေး၏။

အိမ်အပေါ်ထပ်ရောက်တော့ သောင်းဆင့်သည်
မှန်ရှေ့သွားရပ်လေသည်။ ထို့နောက် မသိမသာ ရှည်နေပြီ ဖြစ်တဲ့ သူ့နောက်စေ့ဆံပင်တို့အားပွတ်သပ်၍
သေချာခေါင်းကို လှည့်ကြည့်နေသည်။

သူကိုင်ဆောင်ထားတဲ့ သောင်းဆင့် လွယ်အိတ်ထောင်အား လှေကားဘေးက သံချိတ်မှာဘွဲ့ဆူး သွားချိတ်ပြီးသောင်းဆင့်အား မသိမသာ အကဲခတ်နေမိသည်။
စိုပြေလာသော အသားရေအရ အရက်သည် အိမ်မှာလို အမြဲသောက်ခွင့် ရခဲ့သည် မဟုတ်ဟန်။
မျက်ဝန်းတို့သည် ရွှန်းစိုလျက် ကြည်စင်နေသည်။
အမြဲ အုပ်ဆိုင်းနေတက်သော ရှုပ်ပွနေသည့် နှဖူးထပ်က ဆံပင်ကြမ်းတို့က ယခုမူ ရှင်းသန့်လျက် နက်မှောင်သော မျက်ခုံးတို့အားပေါ်လွင်စေ၏။

" နှင်းဆီဘွဲ့ဆူး ၊ ညီလေး တကယ် ကြည့်ကောင်းရဲ့လား "

အုပ်စုစု အမွှေးထူလေးက ငယ်ထိပ်ပေါ်မှာ ကလေးဆန်လျက် ။
ရယ်စရာလေးမို့ ဘွဲ့ဆူး ပြုံးစိစိပင် ကြည့်နေမိသည်။

" ညနေ ဆံသဆိုင်သွားမယ်။ "

" ကိုယ်ညှပ်ပေးရမလား"

သောင်းဆင့်မကျေမနပ်ဆိုလာသည်မို့ ဘွဲ့ဆူးရယ်လျက်ပင် မေးလိုက်မိသည်။ သူရယ်လေ သောင်းဆင့် မုန်ကုတ်ကုတ်ပိုဖြစ်လာလေ။ 

" ကိုယ်မရယ်တော့ဘူး။ ဆံပင်နည်းနည်းတော့ ညှပ်ပေးတက်တယ်  ။ မင်းသဘောတူရင် ညှပ်ဖို့ ပစ္စည်းတွေ ကိုယ့်မှာ ရှိတယ်။ ဘယ်လိုလဲ  "

ဘွဲ့ဆူးစကားကြောင့် သောင်းဆင့် ကျေနပ်သွားဟန်ဖြင့်ခေါင်းညိမ့်လာ၏

" ညနေကျ တကယ်ညှပ်ပေးနော်"

ညှပ်တက်ရဲ့လားဟု မမေးသလို ၊ မယုံသင်္ကာ ဟန်လည်းမပေါ်သည်မို့ ဘွဲ့ဆူး ချိတ်ထားတဲ့လွယ်အိတ်ထဲက သောင်းဆင့်အဝတ်တွေအားထုတ်၍ ပြောလာသည်။

" ကိုယ့်အိမ်ဘေးမှာ အရင်က ဆံပင်ညှပ်ဆိုင်တစ်ဆိုင် ရှိခဲ့ဖူးတယ်။ "

" ခင်ဗျားအဲ့မှာ သင်ခဲ့တာလား "

" မဟုတ်ဘူး။ အဲ့ဆိုင်ဖွင့်တဲ့ အကိုတစ်ယောက်ဆီ သွားလည်ရင်း အမြင်နဲ့တက်ခဲ့တာ။ အဖေရှိတုန်းက အဖေကို ကိုယ်ပဲ ညှပ်ပေးခဲ့တာ ။ "

" ခင်ဗျား အထီးကျန်နေ‌လား "

တစ်ခုတည်းသော ခုံမှာ ဘွဲ့ဆူး အ‌ဝတ်တွေပွေ့လျက်ဝင်ထိုင်လိုက်စဉ် သောင်းဆင့်သည်လည်း ဘွဲ့ဆူးထိုင်နေသောခုံဘေးက ကြမ်းပေါ်မှာ ခြေပစ်လက်ပစ်ဝင်ထိုင်သည်။

စားပွဲပေါ်မှာ ဘွဲ့ဆူး ဖတ်လက်စ စာအုပ်တစ်အုပ်ရှိသည်။ ဆရာမ ဂျူး ၏ အမှတ်တရ ဆိုသော
စာအုပ်ဖြစ်၏။ သောင်းဆင့် ထိုစာအုပ်ကို  ဖတ်ဖူး၏။
သူသည်စာဖတ်ရတာမကြိုက်နှစ်သက်သူမို့ သုံးရွက်လောက်ဖတ်ရုံဖြင့်အိပ်ပျော်တက်‌ လေသည်။
စာအုပ်တွေအားချစ်မြတ်နိုးတက်သော သူ့နှင်းဆီကြောင့်
ကြိုးစား၍ စာဖတ်ဖြစ်ခဲ့သည်။ သို့သော်ထိုစာအုပ်သည် သူ့အား ဇာတ်သိမ်းထိ ဆွဲခေါ်သွားနိုင်ခဲ့သည်။
ထို့နောက် သူငိုခဲ့မိသည်။
အရက်သမားဆိုပေသည့် သူ့နှလုံးသားသည် နုဖက်လွန်းသည်။ ကိုင်လှုပ်နိုင်စွမ်းရှိတဲ့စာပေမျိုးမို့
နုနယ်လွန်းသော သူ့အား စူးရှအောင် ခံစားရပေသည်။

အချစ်ကို ရူးမိုက်သော သူမို့ ခွဲခွာခြင်းအား သူမခံစားနိုင်ပေ။ ယခုအချိန်ထိ အပိုင်သိမ်းထားနိုင်သည့် ထိုအမျိုးသားအား ကြည့်၍  နောင်တတရားဟူသည် အမှုန်အမွှားတောင်မှ မရှိလေပါ။ 

" ခင်ဗျားအဲ့စာအုပ်ကို ဖတ်နေတာ ဘယ်နှစ်ခါရှိပြီလဲ"

နှင်းဆီဘွဲ့ဆူး ထိုစာအုပ်ဖတ်နေသည်မှာ လေးခါ ဖြစ်မလား ငါးခါမြောက်ဖြစ်မည်လားမသေချာ။
ထို့ထက်ပိုပြီးဖတ်ဖြစ်ရင်ဖတ်နေလိမ့်မယ်။

" မသိဘူး။ "

စကားဝိုင်းသည် ပြန်လည်တိတ်ဆိတ်သွားလျက်။
သောင်းဆင့်အတော်ကြာအောင်ငေးမောကြည့်နေပြီးမှ သက်ပြင်းချ၏

" ကျုပ်ကို.. ပစ်မထားခဲ့နော် ။ မချစ်ချင်နေပါ။
ကျုပ်တို့ တစ်သက်လုံး ဒီပုံစံအတိုင်းနေသွားရမယ်ဆိုရင်တောင်မှ ကျုပ် ခင်ဗျားကို အချစ်မလျော့ပါဘူး။
ညီအကိုလိုဖြစ်စေ၊ သူငယ်ချင်းလိုဖြစ်စေ ထားရာနေနိုင်ပါတယ်။ တကယ်ပြောတာ  ကျုပ်မလိမ်မညာဘူး "

သောင်းဆင့်ခေါင်းကိုငုံ့လိုက်ပြီးမှ ဆို့နင့်လာသော ခံစားချက်နှင့် ဝေ့သီလာသော မျက်ရည်စကိုသိမ်း၏။ စက္ကန့်တို့သည် တရွေ့ရွေ့လည်ပတ်နေပြီးနောက်တွင် နုညံ့သော လက်တစ်ဖက်သည်ခေါင်းပေါ်ရောက်လာလေသည်။
ဝမ်းနည်းမူ့ ၊လွမ်းဆွတ်မူ့နှင့် ပြည့်မောက်လာသော မေတ္တာတရားတို့ကြောင့် အနက်ရောင် အကွက်စိပ် ပုဆိုးဝတ်ဆင်ထားသော သွယ်လျတဲ့ပေါင်တံတွေအပေါ်ခေါင်းကို မောက်တင်လိုက်ရင်း ကိုယ်ထည်တို့လှုပ်ခါ၍ အတော်မသတ်နိုင်ငိုမိပါသည်။

ပျော့ပျောင်းသော လက်ချောင်းတို့သည် ကြမ်းတမ်းသော ဆံသားအားဖြတ်ကျော်၍ ဦးရေထက်မှာ အကြိမ်များစွာ ဖြတ်ပြေးလျက် ရှိနေသည်။
ပွတ်သပ်ချော့မြူမူ့သည် စကားများစွာ ပြောဖို့မလိုအောင် ရင်းနှီးမူ့အား အဓွန့်ရှည်စေ၏

_________

လွမ်းချောင်း၏ စီးဆင်းရာသည် လေးရွာတောကြီးမှ စ၍ အခြေတည်သည်။
တောတွင်းတွင် တောင်ပေါ်ချောင်းတစ်ချောင်းရှိသေးသည်။ ထိုချောင်းကို တိမ်လွှာချောင်းဟုခေါ်တွင်ပြီး  တစ်ဆင့်ကျသော ရေတံခွန်ကိုတော့ တိမ်လွှာရေတံခွန် ဟု အစွဲပြုခေါ်ဝေါ်ကြ၏။ ရေတံခွန်မှ ကျလာသော ရေများသည် လေးရွာတောအတွင်းရှိ တောတွင်းကန်အတွင်းစီးဆင်းဝင်ရောက်၏။ ထိုမှတဆင့် လွမ်းချောင်းအားစီးဝင်၏။
နှစ်စဉ် မိုးများသော ဒေသမို့ လယ်ယာစိုက်ပျိုးရေးသည် လွမ်းချောင်းအပေါ်သာ မှီတင်းနေရုံဖြင့် လုံလောက်လေသည်။
လွမ်းချောင်းမှ စီးဆင်းသော ရေများကို လယ်ယာများအားခွဲဝေသိုလှောင်အသုံးပြုပေသည့် ယခုနှစ်တွင်တော့ မိုးများလွန်းသည်မို့ ချောင်းရေကို အသုံးပြုမူ့သည်မရှိကြသလောက်ဖြစ်နေချေသည်။

ထို့အပြင် မိုးလေဝသသတင်းမှ ယခုနှစ်အတွင်း ကျရောက်မည့် မိုးသည်းထန်စွာရွာသွန်းမူ့သည် သတိပေးအဆင့်သို့ရောက်နေသည်မို့ လွမ်းချောင်းသည် စိုးထိတ်စရာ ဖြစ်၍ လာလေ၏။

မိုးသည် နေပွင့်သည်ဟူ၍ မရှိလောက်အောင် သည်းထန်စွာ ရွာသွန်းနေလေ၏။
အတောမသတ်‌နိုင်အောင်ရွာသွန်းမူ့ကြောင့် ဘွဲ့ဆူးတို့နေအိမ်၏ အောက်ခြေတွင် ခြေသလုံးအလယ်ထိရောက်အောင် ရေမြုပ်၍ ‌နေ၏။
ထိုရေတို့ အချိန်များစွာကြာအောင်မြုပ်နေပါက စိုက်ပျိုးထားသော နှင်းဆီပင်တို့သည် သေဆုံးမည်ဖြစ်သည်။

" သောင်းဆင့် ဆန်စက်ထဲရေတွေဝင်‌နေပြီလား "

ခမောက်တစ်လုံးဖြင့်သောင်းဆင့် ဝင်ရောက်လာ၏။
စိုရွဲနေသော အပေါ်ထည် အားချွတ်၍ အိမ်အောက်တွင် အဝတ်လှန်းရန်လုပ်ထားသော ကြိုးပေါ်မှာတင်၍လှမ်း၏။ သောင်းဆင့်၏ဆံပင်ကေသည် ပြောင်းလဲညှပ်ပေးထားသော ကံတုံးဆံတောက်ကေနှင်ဖြစ်သည်။ ဘုန်းကြီးကျောင်းမှ ပြန်ရောက်လာပြီးကတည်းက သောင်းဆင့်သည် အတော်လေး အပိုးကျိုး၍ လိမ်မာ‌လာ၏။  အသောက်အစားလည်းနည်းပါးလာ၏။ ပုံမှန်ဆို တစ်ရက် လျှင် အရက်တစ်လုံးလောက်သောက်တက်ပေမဲ့နောက်ပိုင်းတွင်တော့ သုံးလေးရက်နေမှ တစ်လုံးလောက်သာ ကုန်ပေတော့သည်။
တစ်ရက်ကို တစ်ငုံ နှစ်ငုံလောက်သာ သောက်တော့သည်မို့ မူးကြောင်မူးကြောင်လည်းဖြစ်၍ မနေတော့ပါချေ။ မျှင်း၍ သူ့ဘာသာ သူဖြတ်နေမှန်းသိတော့  ဘွဲ့ဆူးကိုယ်တိုင် နှုတ်ဆိတ်ပြီးသာ နေလေတော့၏

" လှောင်ထားတဲ့စပါး တွေကော၊ ဆန်ပိုင်းတွေကော အကုန်ရွေ့ပြီးပြီ။ ဝင်းထဲထိ မိုးရေဝင်နေပြီဆို မဟုတ်တောင် ရွေ့ကိုရွေ့ရတော့မှာ "

"မြို့ပို့မို့မှာလား "

" ဟုတ်တယ်။ ကလျာက ကားသုံးစီးလွှတ်ပေးလိုက်တာ ။ ဒီနှစ်မိုးများတယ်၊ ခုပုံစံတိုင်းဆိုရင်  မကြာခင်
တောင်ပေါ်ချောင်းကနေ ချောင်းရေ ကျနိုင်တယ်။
မသေချာပေမဲ့ အန္တရာယ်ဆိုတော့ ပြောမရဘူး ရွေ့ထားတာ အကောင်းဆုံးပဲ။ အဖေကတော့ ဆန်စက်က ကားနဲ့ မြို့ကို ‌လိုက်သွားပြီ။  "

" တခြားသူတွေကော ရွေ့နေကြပြီလား "

" သာဒင်တို့အိမ်ကတော့ အိမ်အပေါ်ထပ်လောက်ပဲ ရွေ့ကြတာ ၊ မိုးကုန်တော့မှာဆိုတော့ တချို့က ချောင်းရေနည်းနည်းလျံပြီး ပြီးသွားမယ်ထင်တာ။
ရွာထဲမှာတော်တော်များများ မရွေ့ကြဘူး။
ခင်ဗျားရော ရွေ့ချင်သေးလား "

" ရွေ့တာမရွေ့တာနောက်ထား၊ သိမ်းစရာ ရှိတာတော့ သိမ်းရမှာပဲလေ ။ ဘထွေးဆီကော ကိုယ်သွားကြည့်ရအုံးမယ်ထင်တယ်၊ သူ့အိမ်ကချောင်းအနောက်မှာဆိုပေမဲ့ အိမ်အောက်မိုးရေဝင်တာနဲ့ နေရထိုင်ရအဆင်ပြေမှာမဟုတ်ဘူး  "

" ညီလေး ဝင်ပြီး ရွေ့စရာရှိတာရွေ့ပေးခဲ့ပါတယ်ဗျ။
ဘာဟင်းချက်လဲ၊ ညီလေးဗိုက်ဆာနေပြီ "

"မင်းဗိုက်ကလည်း ဆာလည်းဆာနိုင်လွန်းတယ်။ မနက်ကပဲ ထမင်းကြော်နဲ့ ငပိရည်ဖျော် တစ်ဇလုံစားသွားသေးတယ်လေ။ ခုမှ ဆယ်နာရီကျော်ရှိသေးတာ ၊လွန်လွန်းတယ်"

ဘွဲ့ဆူး ဗျစ်တောက်ဗျစ်တောက်ပြောရင်း အိမ်ပေါ်သို့ တက်သွား၏။ ကွယ်ပျောက်သွားသော လှေကားထစ်မှ ခြေထောက်ဖြူဖြူလေးအားငေးရင်းသောင်းဆင့် ပြုံးနေရာမှ  ချက်ခြင်းတည်သွား၏။
ကောင်းကင်အား မိုးကြည့်မိတော့ အနည်းငယ်မျှနေထွက်ချင်သယောင်ရှိပေမဲ့ လေးရွာတောထက်တွင်တော့ အုပ်မှိုင်း၍ တိမ်မဲများ ပြည့်နေသည်။

မကြာခင်မိုးက ရွာပေအုံးမည်။
လေးရွာ တောမှ တောင်းကျချောင်းပုံပြင်သည် လွန်ခဲ့သော နှစ်‌ ခြောက်ဆယ်ခန့်က ရှိခဲ့ဖူးပေမဲ့ ယနေ့ထက်တိုင် ထပ်မံကျရောက်မလာသေးသည်မို့ လူငယ်တိုင်းကြောက်ရွံ့မူ့မရှိကြ ပေ။
ထိုနှစ်တွင် မိုးသည် သတိပေးအဆင့်ထိကျော်လွန်အောင်ရွာသွန်းခဲ့ပြီး တောင်ပေါ် တိမ်လွှာချောင်းမှ စီးဆင်းသော ရေများသည် ဒလဟော မနိုင်မနင်းထိုးကျလာခဲ့သည်။

ရေအများသည် ‌လွမ်းချောင်းမှ တဆင့် ဖြတ်သန်းစီးဆင်းလာပြီး  ချောင်းရိုးတစ်လျှောက် ရွာငယ်လေးများကို တိုက်ဖြတ်၍ ရေပြင်ကျယ်ဖြစ်စေခဲ့သည်။
ထိုစဉ်က သေဆုံးမူ့သည် လူပေါင်း တစ်ရာ့ ရှစ်ဆယ်အထက်မှာ ဖြစ်ပြီး လွမ်းချောင်းအော်သံသည်
ဘေးရွာအနှံ့ ဆူညံ့မူ့ကိုဖြစ်ပေါ်စေခဲ့သည်။
ကြောက်စရာကောင်းသော ချောင်းရေ အော်သံအဆုံးမှာ
ချောင်းကမ်းရွာအပါအဝင် ရွာကြီး လေးရွာ ပျက်စီးခဲ့၏။

ပြိုကျ‌သွားသော လူ‌နေအိမ်များအပြင် မွေးမြူထားသော တရိစ္ဆာန်များလည်းသေကျေကြသည်။
လယ်နှင် ယာအခင်းများလည်းပျက်စီးကြပြီး
ချောင်းရေကျချိန်တွင် လူသေအလောင်းများဖြင့် ပြည့်နေကြသည်ဟု ဆိုကြသည် ။

ပုတ်ပွ၍ ‌ပေါ်လာသော အလောင်းများသည် အနံ့အသက်အားဆိုးဝါးစေပြီးလေးရွာတစ်လျှောက်ငိုသံများနှင့် ဆူညံခဲ့သည်ဟု ပုံပြင်တစ်ပုဒ်အလား ပြောဆိုကြ၏။ ရှေ့မှီနောက်မှီများသည် ကြောက်ရွံ့ကြပေမဲ့ ရှေ့မမှီနောက်မမှီဘူငယ်များကတော့ မကြောက်တက်ကြတော့ပေ။

ချစ်တဲ့အိမ်စည်။

( ယခုပါရှိသော ဇာတ်ကောင်များ၊ ဒေသများနှင့်
နာမည်များသည် စာတစ်အုပ်လုံး နီးပါးစိတ်ကူးယဉ်ရေးဖွဲ့ထားခြင်းသာဖြစ်သည်)

"ႏွင္းဆီ .. ႏွင္းဆီဘြဲ႔ဆူး ..."

ေနာက္ေဖးက အပင္ေတြနားအလုပ္ရႈပ္ေနတဲ့ ဘြဲ႔ဆူးသည္ ေအာ္ေခၚသံသဲ့သဲ့ေၾကာင့္ ေခါင္းကိုေမာ့လိုက္မိသည္။ ထိုအသံသည္ ေသာင္းဆင့္မွလြဲမျဖစ္ႏိုင္။
အသံဩ၍ အသံလံုးႀကီးသည္မို႔ အေဝးကေနေအာ္ေခၚရံုျဖင့္ၾကားဖို႔လံုေလာက္သည္။
ေျမဆြေနေသာ သံျပားေလးအားလႊတ္ခ်ၿပီး အသံၾကားရာဆီသို႔ သူေျပးသြားမိသည္။

ဒီေန့က ေသာင္းဆင့္ျပန္ေရာက္မၫ့္ေန့ျဖစ္သည္။
ဆယ့္သံုးရက္ဆိုေသာ အခ်ိန္က သူတစ္ေယာက္ထဲ
အေတာ္ေလး ပ်င္းရိေစ သည္မို႔ေသာင္းဆင့္အားေမ်ွာ္ေနမိသည္ကသိသိသာသာ ။

သူၿခံစည္းရိုးနားရပ္မိခ်ိန္တြင္ ေသာင္းဆင့္သည္ပင္ အိမ္ေရ႔ွ လမ္းမေပၚမွာ ေရာက္လုလုျဖစ္‌ ေနၿပီ။
အိမ္ေလးကို လွမ္းျမင္ရကတည္းက နာမည္ေခၚၿပီးေျပးလာေလဟန္တူသည္။
အိမ္ေဘးက လူတခ်ိဳ႕သည္ ေသာင္းဆင့္အသံေၾကာင့္ အျပင္ကိုထြက္ၾကၫ့္ၾကသည္။
လမ္းမေပၚမွာ ရိွေနေသာ လူမ်ားကလည္းသိသိသာသာ ရပ္၍ သူတို႔ႏွစ္ဦးအား ၾကၫ့္၏။

ဘြဲ႔ဆူး အနည္းငယ္မ်ွ မသက္မသာ ျဖစ္သြားသည္။
ထိုစိတ္တို႔သည္ ခဏေလာက္သာ ၾကာရွည္ခဲ့ၿပီး
အနီးေရာက္လာတဲ့
ေသာင္းဆင့္ပံု‌ ေၾကာင့္ ျပန္လည္ေပ်ာက္ဆံုးသြားေလသည္။

ေသာင္းဆင့္မွာ လြယ္အိတ္ေထာင္တစ္လံုးကိုလြယ္ထားသည္။
ပုဆိုးတိုတိုမွာထံုးစံအတိုင္း ဒူးေပၚအထိတက္ဝတ္ထားၿပီး အက်ႌ အၾကမ္းထည္ကို အေပၚအထပ္ျဖစ္ထပ္ဝတ္ထား၏။
အထူးဆန္းဆံုးမွာ ဆံပင္ေကျဖစ္ေလသည္။

" မင္းဆံပင္ဘာျဖစ္သြားတာလဲ" "

ရယ္ခ်င္စိတ္ကိုထိန္းလိုက္ရ၍ သူ႔အသံက ေတာ္ေတာ္ေလး အခ်ိဳးမေျပစရာေကာင္း‌ ေန၏။
ေသာင္းဆင့္ မ်က္ေမွာင္ကုတ္ကာ ခ်က္ျခင္း မေက်မနပ္ျဖစ္သြားတဲ့ ရုပ္မ်ိဳးေျပာင္းသြား၏။
ထို႔ေနာက္ ဆံပင္မ်ားျပန္ေပါက္လာၿပီျဖစ္တဲ့ေနာက္ေစ့အားကိုင္၍

" ဆရာေတာ္ ေပါ့ ။ ကေလးမဟုတ္ပဲ က်ဳပ္ကို ဒီေက
ရိပ္ေပးလိုက္တယ္။ ေတာ္ေတာ္ၾကၫ့္ရ‌ဆိုးေနလား "

သူေခါင္းရမ္းျပလိုက္ၿပီးေသာင္းဆင့္လြယ္ထားေသာ အိတ္ကို လွမ္းယူေပးလိုက္သည္။

" မဟုတ္ပါဘူး ။ မင္းနဲ႔ လိုက္ပါတယ္"

ေျပာၿပီးအထဲဝင္သြားေသာ ဘြဲ႔ဆူးကို ေသာင္းဆင့္ရပ္ၾကၫ့္ေန၏။ အေတာ္ၾကာမွ အိုက်ေနေသာ ရုပ္က ျပန္လည္းၿပံဳးရယ္လာၿပီး ဘြဲ႔ဆူးေနာက္ေျပးလိုက္၏

" အတည္လား။ အတည္ ညီေလး နဲ႔လိုက္လား "

ညီေလးတဲ့။ သူဒီတစ္ခါေတာ့ ရယ္ခ်င္စိတ္မထိန္းႏိုင္ေတာ့။ 
ခပ္ေသာ ေသာ ရယ္ေမာကာ ေနာက္က အမွီေျပးလိုက္လာတဲ့ေသာင္းဆင့္အား

" ညီေလး ... ဘယ္မွာလဲ ငါ့ညီေလးက "

" ဒီမွာေလ။  "

ေသာင္းဆင့္ က သူ႔ရင္ဘတ္အားပုတ္ျပသည္။
ဘြဲ႔ဆူး အရယ္မရပ္ေတာ့ေခ်။
တိတ္ဆိတ္ေနေသာ အိမ္ကေလးသည္ ျပန္လည္ အသက္ဝင္လာသလို စိုေျပလာသည္။
ေသာင္းဆင့္သည္စိတ္ဆိုးလ်ွင္ သို႔မဟုတ္ အတည္အတန႔္ေျပာလိုလ်ွင္က်ဳပ္ဟု ဆိုကာ
ေပ်ာ္ေနလ်ွင္ ေသာင္းဆင့္ကဟု ပလီပလာဟု ေျပာတက္‌ ေသး၏။
ယခုမူ ညီေလးတဲ့။
ထိုစိတ္ခံစားခ်က္သည္ မည္သည္ကို ရည္စူးေလသလဲသလားဆိုတာ သူမသိေသး။
ထို႔အျပင္ သူအားလည္း က်ဳပ္ႏွင္းဆီ၊ ႏွင္းဆီဘြဲ႔ဆူးေလး ၊ခင္ဗ်ား ၊ ဒါမွမဟုတ္ မင္းဟု အမ်ိဳးမ်ိဳး အဓိပၸါယ္ သက္ေရာက္ေသာ နာမ္စားတို႔အားေခၚဆိုတက္ေသး၏။

အိမ္အေပၚထပ္ေရာက္ေတာ့ ေသာင္းဆင့္သည္
မွန္ေရ႔ွသြားရပ္ေလသည္။ ထို႔ေနာက္ မသိမသာ ရွည္ေနၿပီ ျဖစ္တဲ့ သူ႔ေနာက္ေစ့ဆံပင္တို႔အားပြတ္သပ္၍
ေသခ်ာေခါင္းကို လွၫ့္ၾကၫ့္ေနသည္။

သူကိုင္ေဆာင္ထားတဲ့ ေသာင္းဆင့္ လြယ္အိတ္ေထာင္အား ေလွကားေဘးက သံခ်ိတ္မွာဘြဲ႔ဆူး သြားခ်ိတ္ၿပီးေသာင္းဆင့္အား မသိမသာ အကဲခတ္ေနမိသည္။
စိုေျပလာေသာ အသားေရအရ အရက္သည္ အိမ္မွာလို အၿမဲေသာက္ခြင့္ ရခဲ့သည္ မဟုတ္ဟန္။
မ်က္ဝန္းတို႔သည္ ရႊန္းစိုလ်က္ ၾကည္စင္ေနသည္။
အၿမဲ အုပ္ဆိုင္းေနတက္ေသာ ရႈပ္ပြေနသၫ့္ ႏွဖူးထပ္က ဆံပင္ၾကမ္းတို႔က ယခုမူ ရွင္းသန႔္လ်က္ နက္ေမွာင္ေသာ မ်က္ခံုးတို႔အားေပၚလြင္ေစ၏။

" ႏွင္းဆီဘြဲ႔ဆူး ၊ ညီေလး တကယ္ ၾကၫ့္ေကာင္းရဲ့လား "

အုပ္စုစု အေမႊးထူေလးက ငယ္ထိပ္ေပၚမွာ ကေလးဆန္လ်က္ ။
ရယ္စရာေလးမို႔ ဘြဲ႔ဆူး ၿပံဳးစိစိပင္ ၾကၫ့္ေနမိသည္။

" ညေန ဆံသဆိုင္သြားမယ္။ "

" ကိုယ္ၫွပ္ေပးရမလား"

ေသာင္းဆင့္မေက်မနပ္ဆိုလာသည္မို႔ ဘြဲ႔ဆူးရယ္လ်က္ပင္ ေမးလိုက္မိသည္။ သူရယ္ေလ ေသာင္းဆင့္ မုန္ကုတ္ကုတ္ပိုျဖစ္လာေလ။ 

" ကိုယ္မရယ္ေတာ့ဘူး။ ဆံပင္နည္းနည္းေတာ့ ၫွပ္ေပးတက္တယ္  ။ မင္းသေဘာတူရင္ ၫွပ္ဖို႔ ပစၥည္းေတြ ကိုယ့္မွာ ရိွတယ္။ ဘယ္လိုလဲ  "

ဘြဲ႔ဆူးစကားေၾကာင့္ ေသာင္းဆင့္ ေက်နပ္သြားဟန္ျဖင့္ေခါင္းညိမ့္လာ၏

" ညေနက် တကယ္ၫွပ္ေပးေနာ္"

ၫွပ္တက္ရဲ့လားဟု မေမးသလို ၊ မယံုသကၤာ ဟန္လည္းမေပၚသည္မို႔ ဘြဲ႔ဆူး ခ်ိတ္ထားတဲ့လြယ္အိတ္ထဲက ေသာင္းဆင့္အဝတ္ေတြအားထုတ္၍ ေျပာလာသည္။

" ကိုယ့္အိမ္ေဘးမွာ အရင္က ဆံပင္ၫွပ္ဆိုင္တစ္ဆိုင္ ရိွခဲ့ဖူးတယ္။ "

" ခင္ဗ်ားအဲ့မွာ သင္ခဲ့တာလား "

" မဟုတ္ဘူး။ အဲ့ဆိုင္ဖြင့္တဲ့ အကိုတစ္ေယာက္ဆီ သြားလည္ရင္း အျမင္နဲ႔တက္ခဲ့တာ။ အေဖရိွတုန္းက အေဖကို ကိုယ္ပဲ ၫွပ္ေပးခဲ့တာ ။ "

" ခင္ဗ်ား အထီးက်န္ေန‌လား "

တစ္ခုတည္းေသာ ခံုမွာ ဘြဲ႔ဆူး အ‌ဝတ္ေတြေပြ့လ်က္ဝင္ထိုင္လိုက္စဉ္ ေသာင္းဆင့္သည္လည္း ဘြဲ႔ဆူးထိုင္ေနေသာခံုေဘးက ၾကမ္းေပၚမွာ ေျခပစ္လက္ပစ္ဝင္ထိုင္သည္။

စားပြဲေပၚမွာ ဘြဲ႔ဆူး ဖတ္လက္စ စာအုပ္တစ္အုပ္ရိွသည္။ ဆရာမ ဂ်ူး ၏ အမွတ္တရ ဆိုေသာ
စာအုပ္ျဖစ္၏။ ေသာင္းဆင့္ ထိုစာအုပ္ကို  ဖတ္ဖူး၏။
သူသည္စာဖတ္ရတာမႀကိဳက္ႏွစ္သက္သူမို႔ သံုးရြက္ေလာက္ဖတ္ရံုျဖင့္အိပ္ေပ်ာ္တက္‌ ေလသည္။
စာအုပ္ေတြအားခ်စ္ျမတ္ႏိုးတက္ေသာ သူ႔ႏွင္းဆီေၾကာင့္
ႀကိဳးစား၍ စာဖတ္ျဖစ္ခဲ့သည္။ သို႔ေသာ္ထိုစာအုပ္သည္ သူ႔အား ဇာတ္သိမ္းထိ ဆြဲေခၚသြားႏိုင္ခဲ့သည္။
ထို႔ေနာက္ သူငိုခဲ့မိသည္။
အရက္သမားဆိုေပသည့္ သူ႔ႏွလံုးသားသည္ ႏုဖက္လြန္းသည္။ ကိုင္လႈပ္ႏိုင္စြမ္းရိွတဲ့စာေပမ်ိဳးမို႔
ႏုနယ္လြန္းေသာ သူ႔အား စူးရွေအာင္ ခံစားရေပသည္။

အခ်စ္ကို ရူးမိုက္ေသာ သူမို႔ ခြဲခြာျခင္းအား သူမခံစားႏိုင္ေပ။ ယခုအခ်ိန္ထိ အပိုင္သိမ္းထားႏိုင္သၫ့္ ထိုအမ်ိဳးသားအား ၾကၫ့္၍  ေနာင္တတရားဟူသည္ အမႈန္အမႊားေတာင္မွ မရိွေလပါ။ 

" ခင္ဗ်ားအဲ့စာအုပ္ကို ဖတ္ေနတာ ဘယ္ႏွစ္ခါရိွၿပီလဲ"

ႏွင္းဆီဘြဲ႔ဆူး ထိုစာအုပ္ဖတ္ေနသည္မွာ ေလးခါ ျဖစ္မလား ငါးခါေျမာက္ျဖစ္မည္လားမေသခ်ာ။
ထို႔ထက္ပိုၿပီးဖတ္ျဖစ္ရင္ဖတ္ေနလိမ့္မယ္။

" မသိဘူး။ "

စကားဝိုင္းသည္ ျပန္လည္တိတ္ဆိတ္သြားလ်က္။
ေသာင္းဆင့္အေတာ္ၾကာေအာင္ေငးေမာၾကၫ့္ေနၿပီးမွ သက္ျပင္းခ်၏

" က်ဳပ္ကို.. ပစ္မထားခဲ့ေနာ္ ။ မခ်စ္ခ်င္ေနပါ။
က်ဳပ္တို႔ တစ္သက္လံုး ဒီပံုစံအတိုင္းေနသြားရမယ္ဆိုရင္ေတာင္မွ က်ဳပ္ ခင္ဗ်ားကို အခ်စ္မေလ်ာ့ပါဘူး။
ညီအကိုလိုျဖစ္ေစ၊ သူငယ္ခ်င္းလိုျဖစ္ေစ ထားရာေနႏိုင္ပါတယ္။ တကယ္ေျပာတာ  က်ဳပ္မလိမ္မညာဘူး "

ေသာင္းဆင့္ေခါင္းကိုငံု႔လိုက္ၿပီးမွ ဆို႔နင့္လာေသာ ခံစားခ်က္ႏွင့္ ေဝ့သီလာေသာ မ်က္ရည္စကိုသိမ္း၏။ စကၠန႔္တို႔သည္ တေရြ့ေရြ့လည္ပတ္ေနၿပီးေနာက္တြင္ ႏုညံ့ေသာ လက္တစ္ဖက္သည္ေခါင္းေပၚေရာက္လာေလသည္။
ဝမ္းနည္းမူ႔ ၊လြမ္းဆြတ္မူ႔ႏွင့္ ျပၫ့္ေမာက္လာေသာ ေမတၲာတရားတို႔ေၾကာင့္ အနက္ေရာင္ အကြက္စိပ္ ပုဆိုးဝတ္ဆင္ထားေသာ သြယ္လ်တဲ့ေပါင္တံေတြအေပၚေခါင္းကို ေမာက္တင္လိုက္ရင္း ကိုယ္ထည္တို႔လႈပ္ခါ၍ အေတာ္မသတ္ႏိုင္ငိုမိပါသည္။

ေပ်ာ့ေပ်ာင္းေသာ လက္ေခ်ာင္းတို႔သည္ ၾကမ္းတမ္းေသာ ဆံသားအားျဖတ္ေက်ာ္၍ ဦးေရထက္မွာ အႀကိမ္မ်ားစြာ ျဖတ္ေျပးလ်က္ ရိွေနသည္။
ပြတ္သပ္ေခ်ာ့ျမဴမူ႔သည္ စကားမ်ားစြာ ေျပာဖို႔မလိုေအာင္ ရင္းႏွီးမူ႔အား အဓြန႔္ရွည္ေစ၏

_________

လြမ္းေခ်ာင္း၏ စီးဆင္းရာသည္ ေလးရြာေတာႀကီးမွ စ၍ အေျခတည္သည္။
ေတာတြင္းတြင္ ေတာင္ေပၚေခ်ာင္းတစ္ေခ်ာင္းရိွေသးသည္။ ထိုေခ်ာင္းကို တိမ္လႊာေခ်ာင္းဟုေခၚတြင္ၿပီး  တစ္ဆင့္က်ေသာ ေရတံခြန္ကိုေတာ့ တိမ္လႊာေရတံခြန္ ဟု အစြဲျပဳေခၚေဝၚၾက၏။ ေရတံခြန္မွ က်လာေသာ ေရမ်ားသည္ ေလးရြာေတာအတြင္းရိွ ေတာတြင္းကန္အတြင္းစီးဆင္းဝင္ေရာက္၏။ ထိုမွတဆင့္ လြမ္းေခ်ာင္းအားစီးဝင္၏။
ႏွစ္စဉ္ မိုးမ်ားေသာ ေဒသမို႔ လယ္ယာစိုက္ပ်ိဳးေရးသည္ လြမ္းေခ်ာင္းအေပၚသာ မွီတင္းေနရံုျဖင့္ လံုေလာက္ေလသည္။
လြမ္းေခ်ာင္းမွ စီးဆင္းေသာ ေရမ်ားကို လယ္ယာမ်ားအားခြဲေဝသိုေလွာင္အသံုးျပဳေပသၫ့္ ယခုႏွစ္တြင္ေတာ့ မိုးမ်ားလြန္းသည္မို႔ ေခ်ာင္းေရကို အသံုးျပဳမူ႔သည္မရိွၾကသေလာက္ျဖစ္ေနေခ်သည္။

ထို႔အျပင္ မိုးေလဝသသတင္းမွ ယခုႏွစ္အတြင္း က်ေရာက္မၫ့္ မိုးသည္းထန္စြာရြာသြန္းမူ႔သည္ သတိေပးအဆင့္သို႔ေရာက္ေနသည္မို႔ လြမ္းေခ်ာင္းသည္ စိုးထိတ္စရာ ျဖစ္၍ လာေလ၏။

မိုးသည္ ေနပြင့္သည္ဟူ၍ မရိွေလာက္ေအာင္ သည္းထန္စြာ ရြာသြန္းေနေလ၏။
အေတာမသတ္‌ႏိုင္ေအာင္ရြာသြန္းမူ႔ေၾကာင့္ ဘြဲ႔ဆူးတို႔ေနအိမ္၏ ေအာက္ေျခတြင္ ေျခသလံုးအလယ္ထိေရာက္ေအာင္ ေရျမဳပ္၍ ‌ေန၏။
ထိုေရတို႔ အခ်ိန္မ်ားစြာၾကာေအာင္ျမဳပ္ေနပါက စိုက္ပ်ိဳးထားေသာ ႏွင္းဆီပင္တို႔သည္ ေသဆံုးမည္ျဖစ္သည္။

" ေသာင္းဆင့္ ဆန္စက္ထဲေရေတြဝင္‌ေနၿပီလား "

ခေမာက္တစ္လံုးျဖင့္ေသာင္းဆင့္ ဝင္ေရာက္လာ၏။
စိုရြဲေနေသာ အေပၚထည္ အားခြၽတ္၍ အိမ္ေအာက္တြင္ အဝတ္လွန္းရန္လုပ္ထားေသာ ႀကိဳးေပၚမွာတင္၍လွမ္း၏။ ေသာင္းဆင့္၏ဆံပင္ေကသည္ ေျပာင္းလဲၫွပ္ေပးထားေသာ ကံတံုးဆံေတာက္ေကႏွင္ျဖစ္သည္။ ဘုန္းႀကီးေက်ာင္းမွ ျပန္ေရာက္လာၿပီးကတည္းက ေသာင္းဆင့္သည္ အေတာ္ေလး အပိုးက်ိဳး၍ လိမ္မာ‌လာ၏။  အေသာက္အစားလည္းနည္းပါးလာ၏။ ပံုမွန္ဆို တစ္ရက္ လ်ွင္ အရက္တစ္လံုးေလာက္ေသာက္တက္ေပမဲ့ေနာက္ပိုင္းတြင္ေတာ့ သံုးေလးရက္ေနမွ တစ္လံုးေလာက္သာ ကုန္ေပေတာ့သည္။
တစ္ရက္ကို တစ္ငံု ႏွစ္ငံုေလာက္သာ ေသာက္ေတာ့သည္မို႔ မူးေၾကာင္မူးေၾကာင္လည္းျဖစ္၍ မေနေတာ့ပါေခ်။ မ်ွင္း၍ သူ႔ဘာသာ သူျဖတ္ေနမွန္းသိေတာ့  ဘြဲ႔ဆူးကိုယ္တိုင္ ႏႈတ္ဆိတ္ၿပီးသာ ေနေလေတာ့၏

" ေလွာင္ထားတဲ့စပါး ေတြေကာ၊ ဆန္ပိုင္းေတြေကာ အကုန္ေရြ့ၿပီးၿပီ။ ဝင္းထဲထိ မိုးေရဝင္ေနၿပီဆို မဟုတ္ေတာင္ ေရြ့ကိုေရြ့ရေတာ့မွာ "

"ၿမိဳ႔ပို႔မို႔မွာလား "

" ဟုတ္တယ္။ ကလ်ာက ကားသံုးစီးလႊတ္ေပးလိုက္တာ ။ ဒီႏွစ္မိုးမ်ားတယ္၊ ခုပံုစံတိုင္းဆိုရင္  မၾကာခင္
ေတာင္ေပၚေခ်ာင္းကေန ေခ်ာင္းေရ က်ႏိုင္တယ္။
မေသခ်ာေပမဲ့ အႏၲရာယ္ဆိုေတာ့ ေျပာမရဘူး ေရြ့ထားတာ အေကာင္းဆံုးပဲ။ အေဖကေတာ့ ဆန္စက္က ကားနဲ႔ ၿမိဳ႔ကို ‌လိုက္သြားၿပီ။  "

" တျခားသူေတြေကာ ေရြ့ေနၾကၿပီလား "

" သာဒင္တို႔အိမ္ကေတာ့ အိမ္အေပၚထပ္ေလာက္ပဲ ေရြ့ၾကတာ ၊ မိုးကုန္ေတာ့မွာဆိုေတာ့ တခ်ိဳ႕က ေခ်ာင္းေရနည္းနည္းလ်ံၿပီး ၿပီးသြားမယ္ထင္တာ။
ရြာထဲမွာေတာ္ေတာ္မ်ားမ်ား မေရြ့ၾကဘူး။
ခင္ဗ်ားေရာ ေရြ့ခ်င္ေသးလား "

" ေရြ့တာမေရြ့တာေနာက္ထား၊ သိမ္းစရာ ရိွတာေတာ့ သိမ္းရမွာပဲေလ ။ ဘေထြးဆီေကာ ကိုယ္သြားၾကၫ့္ရအံုးမယ္ထင္တယ္၊ သူ႔အိမ္ကေခ်ာင္းအေနာက္မွာဆိုေပမဲ့ အိမ္ေအာက္မိုးေရဝင္တာနဲ႔ ေနရထိုင္ရအဆင္ေျပမွာမဟုတ္ဘူး  "

" ညီေလး ဝင္ၿပီး ေရြ့စရာရိွတာေရြ့ေပးခဲ့ပါတယ္ဗ်။
ဘာဟင္းခ်က္လဲ၊ ညီေလးဗိုက္ဆာေနၿပီ "

"မင္းဗိုက္ကလည္း ဆာလည္းဆာႏိုင္လြန္းတယ္။ မနက္ကပဲ ထမင္းေၾကာ္နဲ႔ ငပိရည္ေဖ်ာ္ တစ္ဇလံုစားသြားေသးတယ္ေလ။ ခုမွ ဆယ္နာရီေက်ာ္ရိွေသးတာ ၊လြန္လြန္းတယ္"

ဘြဲ႔ဆူး ဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာရင္း အိမ္ေပၚသို႔ တက္သြား၏။ ကြယ္ေပ်ာက္သြားေသာ ေလွကားထစ္မွ ေျခေထာက္ျဖဴျဖဴေလးအားေငးရင္းေသာင္းဆင့္ ၿပံဳးေနရာမွ  ခ်က္ျခင္းတည္သြား၏။
ေကာင္းကင္အား မိုးၾကၫ့္မိေတာ့ အနည္းငယ္မ်ွေနထြက္ခ်င္သေယာင္ရိွေပမဲ့ ေလးရြာေတာထက္တြင္ေတာ့ အုပ္မိႈင္း၍ တိမ္မဲမ်ား ျပၫ့္ေနသည္။

မၾကာခင္မိုးက ရြာေပအံုးမည္။
ေလးရြာ ေတာမွ ေတာင္းက်ေခ်ာင္းပံုျပင္သည္ လြန္ခဲ့ေသာ ႏွစ္‌ ေျခာက္ဆယ္ခန႔္က ရိွခဲ့ဖူးေပမဲ့ ယေန့ထက္တိုင္ ထပ္မံက်ေရာက္မလာေသးသည္မို႔ လူငယ္တိုင္းေၾကာက္ရြံ႔မူ႔မရိွၾက ေပ။
ထိုႏွစ္တြင္ မိုးသည္ သတိေပးအဆင့္ထိေက်ာ္လြန္ေအာင္ရြာသြန္းခဲ့ၿပီး ေတာင္ေပၚ တိမ္လႊာေခ်ာင္းမွ စီးဆင္းေသာ ေရမ်ားသည္ ဒလေဟာ မႏိုင္မနင္းထိုးက်လာခဲ့သည္။

ေရအမ်ားသည္ ‌လြမ္းေခ်ာင္းမွ တဆင့္ ျဖတ္သန္းစီးဆင္းလာၿပီး  ေခ်ာင္းရိုးတစ္ေလ်ွာက္ ရြာငယ္ေလးမ်ားကို တိုက္ျဖတ္၍ ေရျပင္က်ယ္ျဖစ္ေစခဲ့သည္။
ထိုစဉ္က ေသဆံုးမူ႔သည္ လူေပါင္း တစ္ရာ့ ရွစ္ဆယ္အထက္မွာ ျဖစ္ၿပီး လြမ္းေခ်ာင္းေအာ္သံသည္
ေဘးရြာအႏွံ႔ ဆူညံ့မူ႔ကိုျဖစ္ေပၚေစခဲ့သည္။
ေၾကာက္စရာေကာင္းေသာ ေခ်ာင္းေရ ေအာ္သံအဆံုးမွာ
ေခ်ာင္းကမ္းရြာအပါအဝင္ ရြာႀကီး ေလးရြာ ပ်က္စီးခဲ့၏။

ၿပိဳက်‌သြားေသာ လူ‌ေနအိမ္မ်ားအျပင္ ေမြးျမဴထားေသာ တရိစၧာန္မ်ားလည္းေသေက်ၾကသည္။
လယ္ႏွင္ ယာအခင္းမ်ားလည္းပ်က္စီးၾကၿပီး
ေခ်ာင္းေရက်ခ်ိန္တြင္ လူေသအေလာင္းမ်ားျဖင့္ ျပၫ့္ေနၾကသည္ဟု ဆိုၾကသည္ ။

ပုတ္ပြ၍ ‌ေပၚလာေသာ အေလာင္းမ်ားသည္ အနံ႔အသက္အားဆိုးဝါးေစၿပီးေလးရြာတစ္ေလ်ွာက္ငိုသံမ်ားႏွင့္ ဆူညံခဲ့သည္ဟု ပံုျပင္တစ္ပုဒ္အလား ေျပာဆိုၾက၏။ ေရ႔ွမွီေနာက္မွီမ်ားသည္ ေၾကာက္ရြံ႔ၾကေပမဲ့ ေရ႔ွမမွီေနာက္မမွီဘူငယ္မ်ားကေတာ့ မေၾကာက္တက္ၾကေတာ့ေပ။

ခ်စ္တဲ့အိမ္စည္။

( ယခုပါရိွေသာ ဇာတ္ေကာင္မ်ား၊ ေဒသမ်ားႏွင့္
နာမည္မ်ားသည္ စာတစ္အုပ္လံုး နီးပါးစိတ္ကူးယဉ္ေရးဖြဲ႔ထားျခင္းသာျဖစ္သည္)

Bạn đang đọc truyện trên: ZingTruyen.Xyz