ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

14

eainsi23

ဘုန်းကြီးကျောင်းသည် ချောင်းကမ်းရွာ၏ ရွာအဝင်စမှာ တည်ရှိသည်။ကျောင်းပေါ်ရောက်အောင် ကြီးမားသော အုတ်လှေကားထစ်ကြီးများကို ဖြတ်ကျော်ရပြီး ဝင်ပေါက်မှစ၍ ညီညာချောမွေ့သော
ပျဉ်ချပ်များကို ခင်းထားလေသည်။ ထိုပျဉ်ချပ်များကို အမဲရောင်ဆေးများသုတ်ထားပြီး အမြဲသန့်ရှင်းလေ့ရှိသည်မို့ အရောင်အားဖြင့်တလဲ့လဲ့တောက်ပြောင်နေတက်၏။
ကျောင်းအောက်တွင် မြေတိုက်ခန်းသဖွယ် မြေကိုတူးကာ အခန်းများဖွဲ့ထား၏။ ပြတင်းတံခါးများသည်
မြေပေါ်တင်လျက် ဖောက်ထားသည်မို့ အလုံးစုံ မြေကြီးအောက် တိုးဆောက်ထားတာတော့မဟုတ်ပြန်။

နွေဆိုအေး၍ ဆောင်းဆိုနွေးတက်သော ထိုနေရာတွင်
‌ကိုရင်ကြီးများနှင့် ဘုန်းကြီးကျောင်းသားအများစုနေထိုင်ကြသည်။
သစ်ပေါများမူ့ကြောင့် ကျောင်းသည် ကြီးမားကျယ်ပြန့် ကာ တည်ဆောက်ထားသော
တိုင်လုံးကြီးများက လက်တပွေ့မက ကြီး၏။
သောင်းဆင့်ရောက်တော့ ဆရာတော်ဘုရားက
ခေါ်ယူကာ ဆုံးမပြီး မြေတိုက်ခန်းမှာ နေရာပေးလေ၏။ ကျောင်းတွင်းသန့်ရှင်းရေးနှင့် ကိုရင်လေးများ၏ သင်္ကန်းများလျှော်ဖွတ်ရေးသည် နောက်ရက်ကအစ သောင်းဆင့်တာဝန် ဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။ ထို့ကြောင့် သောင်းဆင့် သည် နှင်းဆီဘွဲ့ဆူးအား တနင့်တပိုးလွမ်းနေရ‌ တော့၏။ အိမ်ထောင်သည်ဖြစ်ကတည်းက အဝတ်ဆို ကော့နေအောင်လျှော်ဖွတ်ပေးသော နှင်းဆီကလေးကို သူသိပ်ချစ်ပါ၏။

မရခင်ကတော့ အတွင်းဝတ်ကအစ လျှော်ပေးသူက သောင်းဆင့်ဖြစ်ပေမဲ့ ရပြီးသည့်နောက်တွင်တော့ အမြင်မတော်ရင် သူ့အဝတ်ကအစ ရောယူကာ လျှော်ပေးတက်သည်မို့ အဝတ်ဟောင်း၊အဝတ်ညစ်ဟူ၍ အိမ်မှာမရှိလေ။

အတွေးထဲမှာ တူ‌နှစ်ကိုယ် အိမ်အိုလေးဆီရောက်မိတော့ လွမ်းလိုက်တာမှ စိတ်နှလုံးမခိုင်မြဲသည်အထိ။
မတက်သာလို့ယူထားရတယ်ဆိုပေမဲ့ ငြူစူတာမျိုးကင်းတဲ့ နှင်းဆီဘွဲ့ဆူးက သူ့ထက်စာရင် ယောကျာ်းကောင်း၊ယောကျာ်းမြတ်ဖြစ်သည်။ ချစ်လွန်းလို့သာ ခူးဆွတ်လိုက်ရသည်။ အပင်ပေါ်မှာ လှလှပပ တင့်တင့်တယ်တယ်နေရမဲ့ တော်ဝင်ပန်းလေးလိုပင် သူ့နှင်းဆီကလေးက မြတ်နိုးဖွယ်ရာအတိပြီး၏။

ဪ ... ခွဲရက်လေခြင်း။

_______

မိုး‌ ရေစက်လက်ကြားမှာ ဝါးခမောက်လေး‌ဆောင်းလျက် ဘွဲ့းဆူးအိမ်အနောက်ဆီသို့ ခပ်သွက်သွက်လှမ်းလိုက်၏။ ခမောက်၏ အစွန်းလေးများမှကျလာသော ရေစက်ကလေးများမှာ ပုခုံးသားကိုစိုစွတ်စေပေမဲ့ သူကတော့ မမူ့ခဲ့ပေ။ အိမ်နောက်ဖေးဈေးဆိုင်တည်ပါဆိုသည့်အတိုင်း ဘူး၊ဖရုံ၊ချဉ်ပေါင်တို့က ဝယ်စားဖို့မလိုအောင် လှိုင်လှိုင်ပေါလေ၏။
ဘူးပင်၏အညွန့်တို့သည်မိုးကြောင့် တလွှင့်လွှင့်ထောင်လျက် စိမ်းလန်းလျက်ရှိချေသည်။
အညွန့်ငါးငေါက်ခန့်ဖြတ်၍ ယူလိုက်၏။
ထိုအရွက်တို့ကို ဟင်းချိုဟင်းလုပ်မည်ဖြစ်ပြီး
ရုံးပလွေသီးနှင့် ဖရုံသီးနုနုအားလည်းထပ်မံခူးမိ၏။ ထိုအရာကို ငန်ပြာရည်ဖြင့်တို့မည်ဖြစ်၏။

သောင်းဆင့် ဘုန်းကြီးကျောင်းသားလုပ်နေသည်မှာ
သုံးရက်ခန့်ရှိပြီဖြစ်သည်။
ခါတိုင်းလို ပူညံပူညံမရှိသည်မို့နားအေးသော်ငြား
ထူးခြားစွာပျင်းရိနေပြန်ပါသည်။
ဆရာတော်ဘုရားသည် သောင်းဆင့်အား
လိမ်မာအောင် သေချာသွန်သင်နေသည်ဟုကြားသိရ၍ ပြုံးမိသည်က အခါခါပင်။
ညဆို ဘုရားဝတ်တက်ရသည်က ကျောင်းသားများပါ ပါလေသည်။ ထိုအချိန်တွင် သောင်းဆင့်၏ အသံဝါကြီးဖြင့် ဝတ်တက်သံသည် ကိုရင်များနှင့်အပြိုင် ကျောင်းအပြင်က ကြားရသည်ထိကျယ်ပါသေးသည်တဲ့။

နောက်ထပ်တစ်မျိုးစိတ်ပူရသည်က ရှိပါသေးသည်။
အရက်သမားမို့ အရက်သောက်သည်က မဆန်းသော်ငြား ဘုန်းကြီးကျောင်းမှာတော့ဖြင့် ခိုးမသောက်ဖို့ သာဒင်တို့နှစ်ယောက်အား တိုးတိုးတိတ်တိတ်မသောက်ဖို့မှာရသေးသည်။
ကလေးလည်းမဟုတ်ပဲ အချစ်နဲ့တွေ့မှသောင်းဆင့်ကလေးဆန်လွန်းခဲ့၏။
ရိုးသားသူမို့ မချစ်သော်ငြားမမုန်းခဲ့ပါလေ။
သောင်းဆင့်နှင့် အိမ်ထောင်ကျခဲ့သည်မှာ သူ့အတွက်ကြာကြာနေတော့မထူးဆန်းလာတော့သလိုပင်။
ဘထွေးအိမ်မှာထက် သောင်းဆင့်နှင့်နေရသည်ကပိုလွတ်လပ်သည်။
မတော်တရော်စကားပြောတက်သည်ကလွဲပြီး
သောင်းဆင့်က သူ့အားထိကပါးရိကပါး မညားခင်ကလို သိပ်မရှိ။
အိပ်ရင်တောင်မှ သူ့ဟာသူ ပို့လို့ပက်လက် ဖြဲကားအိပ်တက်သူမို့ သမီးရည်းစားမျိုးလို ပွေ့ဖက်အိပ်ဖို့
‌ ဝေးသေး။
တစ်ခါတစ်လေ သူ့ခြေသူ့လက်ရှောင်နေရတာနဲ့
အိပ်ဖို့တစ်နေရာစာတောင်မှမနည်း။
အိပ်ခါစကတော့ အဆင်ပြေသေးသည်။
အိပ်ပျော်သွားပြီးနောက်တော့ ခြေကော ၊လက်ကောပါကာ တစ်ခါတစ်ရံ ဟောက်တောင်ဟောက်နေတက်သေးသည်။

အပူအပင်ဆိုသည်မှာ ဂြိုလ်နှင့်လားဟုမေးရမလို
သောင်းဆင့်က အေးဆေးလွန်းသည်။
ဆူပူနေလည်းပြုံးပြုံး။
အသားနာအောင် ထိုးရင်လည်းပြုံးပြုံး။
သိပ်အကြောတင်းတဲ့ကောင်ပင်ဖြစ်၏။

စားစရာမရှိဟုပြောလျှင် တောသို့ထွက်ကာ တောလည်ပေးတက်သည်။
သောင်းဆင့် ရေမရှိဘူးပြောလျှင် ထန်းပိုးနှင့် ပုံးကို ဆွဲကာ ရေခပ်ပေး၏။
ပိုက်ဆံထွက်ရှာဟုပြောလျှင် ထွက်၍ရှာ၏။
သူ့အဖေဆန်စက်မှာ ဆန်သွားခိုးသည်ကတော့ ချွင်းချက်ပင်ဖြစ်သည်။
သို့သော်အပစ်ဆို၍ မရပြန်။
သောင်းဆင့်သည် နဂိုကတည်းကအရက်သောက်၍သာ ဘဝကိုဖြတ်သန်းသူ။
ငွေကြေးသည် အဖေ့ဆန်စက်မှာ လက်ဖြန့်ရုံဖြင့်ရတက်သူမို့ ငွေရှာခိုင်းလျှင် ဆန်စက်ကိုသာ သွားမည်မလွဲပင်။
ထိုအရာကိုသူမေ့ခဲ့၏။
ထို့ကြောင့် အမှားတစ်ဝက်သည် သူပါငြိစွန်းသလို ခံစားရဆဲဖြစ်သည်။

သူမြန်မြန်ဆန်ဆန်ပင် ဟင်းချက်လိုက်၏။
ကိုးနာရီခွဲတွင် ဘုန်းကြီးကျောင်းမှ ကိုရင်ငယ်လေးနှစ်ပါးနှင့် ကျောင်းသားတစ်ယောက်ဆွမ်းချိုင့်လာယူလေသည်။ ဒီအိမ်ကိုရောက်ခါစ ဘွဲ့ဆူး ဆွမ်းချိုင့်လက်မခံရသေးပေ။
သောင်းဆင့် ဘုန်းကြီးကျောင်းရောက်မှ
ချိုင့်ယူလိုက်ခြင်းဖြစ်၏။

" ကိုလေးဘွဲ့ဆူး "

ကျောင်းသားလေးက သူ့အင်္ကျီစအားဆွဲ၍ ခေါ်လာသည်။ ဘွဲ့ဆူး ယနေ့ချက်ပြုတ်ထားသည့် ဟင်းလျာတချို့အား ချိုင့်ထဲ ခွဲထည့်ကာ ခေါင်းအားအနည်းငယ်ငဲ့စောင်းကြည့်မိပါသည်။ကျောင်းသားငယ်သည်
ကိုးနှစ်အရွယ်လောက်သာရှိဦးပေမည်။
ကျောင်းကမ်းရွာတွင် ရပ်ကွက်လေးခုရှိ၏။ ဘွဲ့ဆူးတို့နေသည့်အိမ်သည် အမှတ်လေးသာ ဖြစ်ပြီး
ယခုကဲ့သို့ ဆွမ်းချိုင့်ယူသည့်ကျောင်းသားကိုရင်လေးများသည် တစ်ရပ်ကွက်ကို ဆယ်အိမ် တစ်ဖွဲ့အိမ်‌ စေ့မျှဝင်ရ၏။
ထမ်းပိုးသေးသေးလေးများဖြင့် အိမ်တိုင်း ကပ်လှူလိုက်သော ဆွမ်းဟင်းတို့ကို သယ်ယူနေကြပုံလေးများမှာ မနက်ခင်းတွင် ကြည်နူးစရာမြင်ကွင်းပင်ဖြစ်လေသည်။

ဆွမ်းဟင်းယူသည့်အချိန်သည် မနက်ကိုးနာရီခွဲမှစ၍
မနက်ဆယ်နာရီခွဲအထိ ဖြစ်သည်။
ဆွမ်းထမင်းကိုတော့ မနက် ခြောက်နာရီခွဲတွင် ကျောင်းထိုင်ဆရာမှစ အငယ်ဆုံးကိုရင်ပေါက်စအထိ
လှည့်လည်ဆွမ်းကို ခံသည်။
ထိုဆွမ်းပတ်လှည့်ချိန်ကိုတော့ ဘွဲ့ဆူးမမှီပါချေ။
ယောကျာ်းလေးပီပီ မနက်ဆိုလျှင်
နေမြင့်မှသာ သူထနိုင်၏။

" ‌ပြီးတော့မှာပါ ကျောင်းသားရဲ့"

မစောင့်နိုင်သည်ဟုထင်၍ သူပြောမိသည်။

ဘုတ်မွှေးလေးနှင့်ကျောင်းသားငယ်သည်
သူလွယ်ထားတဲ့ လွယ်အိတ်ထောင်သေးသေးကိုနှိုက်၍ ရှာသည်။
အချိန်သိပ်မကြာလိုက်ပေ။
စာရွက်ခေါက်လေးတစ်ခုနှင့် အိတ်နှင့်စုထည့်ပေးလိုက်သော ပစ္စည်းတစ်ချို့အားပေးလာ၏။

" ကိုကြီးသောင်းဆင့် ပေးလိုက်တာပါ ။
တိတ်တိတ်လေး ယူသွားဆိုလို့ သား လွယ်အိတ်ထောင်လေးထဲထည့်ယူလာတာ။ ဘယ်သူမှမသိဘူး"

" ဘာတွေပေးလိုက်တာတုန်းကွ။ မင်းအကိုကြီး ကျောင်းမှာ လိမ်လိမ်မာရော နေရဲ့လား "

ကျောင်းသားငယ်သည်ခေါင်းကိုကြက်ပေါက်စလေးအစာကောက်သလိုမြန်မြန်ငြိမ့်လာပါ၏။
မျက်လုံးဝိုင်းဝိုင်းနှင့် သနပ်ခါးအဖွေးသား ကျောင်း‌သားလေးသည် ချစ်စရာပုံလေးပင်ဖြစ်သည်။
ဘုတ်မွှေးထားသည့်ကလေးငယ်အများစုသည်
ဘုန်ကြီးကျောင်းသားကလေးအများစုမှာမြင်ဖူးသည်။
ဆံသဆိုင်သို့သွား၍ မညှပ်နိုင်ကြ၍
ဘုန်းကြီးကျောင်းက ဆရာတော်များလက်ချက်ဖြင့်
တစ်ခေါင်းလုံးပြောင်ကာ ငယ်ထိပ်ကလေးများမှာသာ ဆံပင်အုပ်စုလေးသာ ရှိကြသည်။
ကလေးများပီပီ ထိုဆံပင်လေးများနှင့်လည်းအမြင်မဆိုးလှပဲ ချစ်စရာကောင်းလွန်းလှပါသည်။

ကျောင်းသားငယ်သည် ဆွမ်းချိုင့်ကိုယူ၍ပြန်သည်။
မီးဖိုချောင်ကို အနည်းငယ်မျှသိမ်းဆည်းပြီး သောင်းဆင့်ပေးသော စာရွက်နှင့် ကြွပ်ကြွပ်အိတ်ထုတ်ကိုကိုင်ကာ ပြတင်းပေါက်ဘေးက တစ်လုံးတည်းသော ခုံမှာ ထိုင်လိုက်၏။ မိုးနံ့နှင့်အတူ ကောင်းကင်တစ်ခွင်
မှိုင်းညို့နေပါသည်။
မရွာသေးသောမိုးက ဘယ်အချိန်အစိုးမရစွာရွာမည်ဆိုတာ စိုးထိတ်စရာပင်။
ပြိုကျတော့မတက်မှောင်နေသော ရာသီဥတုက လွမ်းစိတ်နှင့် ဝမ်းနည်းစိတ်ကို တနင့်တပိုးတိုးစေပါသည်။
အကြောင်းပြချက်မရှိ သောင်းဆင့်ကို သူသတိရသည်။

စာရွက်ခေါက်လေးတွင် မှင်ဖြင့်ရေးသားထားခြင်းမရှိပါ။ ထို့အစား စက္ကူပေါ်မှာ ဖျော့တော့သော ခဲအရောင်ရှိ၏။

ကျောင်းသားလေးများ၏ ခဲတံနှင့်စာရွက်ကိုငှားကာ
ရေးသားထားခဲ့ပုံပေါ်သည်။
သူ အနည်းငယ်မျှပြုံးမိလေသည်။
‌လက်ရေးများသည်လှပမူ့မရှိပါချေ။
ပဲပင်ပေါက်သဏ္ဍာန် ရှိသော အရွဲ့အစောင်းစာလုံးငယ်တို့သည် နှစ်တန်းကျောင်းသားလောက်ပင် လှမည်မဟုတ်။

စာတွင် ယခုကဲ့သို့ရေးသားထားသည်။

သို့ /

နှင်းဆီဘွဲ့ဆူးလေးရေ ။ ဆရာတော်က သောင်းဆင့်ကို အပြင်မထွက်ရဘူးလို့မိန့်ထားတော့ မင်းကိုတော်တော်လေးလွမ်းနေမိတာတောင် ခိုးဝှက်မထွက်ရဲသေးဘူး၊တော်ကြာဆယ့်သုံးရက်ကနေ တစ်လပြောင်းသွားရင် သောင်းဆင့်နေနိုင်မှာမဟုတ်ဘူး။
လွမ်းနေပေမဲ့ အောင့်အီးသည်းခံထားပါတယ်။
ကျောင်းမှာ နေ့ခင်းစာ မုန့်လေးတွေ ကလေးတွေကိုဝေတယ်။ သောင်းဆင့်အတွက်လည်းနေ့တိုင်းမုန့်ရပါတယ်။ အဲ့ဒါလေးတွေ သောင်းဆင့်မစားပဲ မင်းစားရအောင်ထည့်ပေးလိုက်ပါတယ်။ ဘယ်မှထွက်မပြေးသွားနဲ့နော်။ အဲ့ဒါလေးတော့ သောင်းဆင့်အများကြီးစိတ်ပူမိတယ်။ ဒါပေမဲ့ မင်းက လိမ်မာပါတယ် ၊ ဘယ်မှမသွားဘူးမို့လား။ သောင်းဆင့်မြန်မြန်ပြန်လာခဲ့ပါ့မယ် "

စာပါအကြောင်းအရာက ဒါပဲဖြစ်သည်။
အိတ်ထုပ်ကိုမြန်မြန်ပင် ဖွင့်ကြည့်လိုက်တော့ ကလေးတွေစားတက်တဲ့ ချိုချဉ်ငါးလုံးနှင့် တစ်ရာတန်နှစ်ရာတန်ကိတ်မုန့်ထုပ်လေးတစ်ချို့ပင်ဖြစ်လေ၏။

ဘွဲ့ဆူးပြုံးမိတော့၏။
‌မိုးသည် ချက်ချင်းပင် သည်းထန်စွာရွာသွန်း‌လာသည်။
ကောင်းကင်တခွင်သည် မှိန်ဖျော့လျက် အလင်းပျောက်လုလု ဖြစ်နေသည်။
သို့သော် ခါတိုင်းလို ဘွဲ့ဆူး အထီးမကျန်ပါလေ။
ထို့အစား ကျေနပ်မူ့အနည်းငယ်က သူ့ရင်ထဲသို့ တိုးဝင်လာ၏။

_________

" ဒကာသောင်းဆင့် ။ "

သင်္ကန်းတွေ လှမ်းနေရာမှ ဆရာတော်ခေါ်သံကြောင့် သောင်းဆင့်လှမ်းလက်စ ပစ်ချကာ လက်အုပ်ချီ၍ အမြန်ပင်ထူးမိပါသည်။

"ဗျာ... အဲ ဟုတ်ပါဘူး။ မှားလို့ပါ ဘုရား ။"

" ဘုန်းကြီးကျောင်းရောက်တာ ဆယ်ရက်ပြည့်တော့မယ်။ ဒကာကြီးခုထိ ဘုန်းကြီးခေါ်ရင် ဗျာလို့ထူးနေတုန်းပဲ။ ခက်လှချည်ရဲ့ .. သွားသွား ဟိုမှာ ကျောင်းသားတွေကို မုန့်တွေ‌ ဝေနေတယ်။ ကိုယ့်တွက်စုကျ ကိုယ်သွားယူချေ "

ဆရာတော့်စကားကြောင့် သောင်းဆင့် မျက်နှာခပ်ပြုံးပြုံးဖြစ်သွား၏။

" တင်ပါ့ဘုရား ၊တပည့်တော် ခုပဲသွားယူလိုက်ပါ့မယ်ဘုရား"

ဆရာတော်ရှေ့မှောက်သာ ခပ်ရို့ရို့အနေအထားနှင့်နောက်ဆုတ်သွားတာဖြစ်သည်။ ကွယ်ရာအရောက်တွင်တော့သောင်းဆင့် ပုဆိုးမ ကာပြေးတော့၏။
ဆွမ်းစားပြီးချိန်များတွင် ကျောင်းသားနှင့် ကိုရင်ငယ်လေးများဆေးကျောကာ သန့်ရှင်းရေးလုပ်ကြရသည်။
ထို့နောက်တွင်တော့ ကျောင်းတွင်ရှိသော မုန့်တချို့ကို ဝေငှ၍ ကျွေးမွေးတက်သည်။
ထိုအချိန်မျိုးတွင်ကလေးများနည်းတူသောင်းဆင့်လည်းပျော်ရပါသည်။

ဘုန်းကြီးကျောင်းတွင် လှူဖွယ်ဝတ္ထုပေါများ၏။
ချောင်းကမ်းရွာ၏ စေတနာသဒ္ဒါတရားထပ်သန်မူ့က
ကျေးရွာဖြစ်လင့်ကစား မနှမျော ပဲ မစားမသောက်ပဲ လှူဒါန်းကြသည်မို့ ဘုန်းကြီးကျောင်းမှာ အစားအသောက်သည်က များစွာပိုလျံနေလေ့ရှိ၏။

" ဦးဇင်း .. ဦးဇင်း တပည့်တော်အတွက် ဝေစုလေးဘုရား "

ကျောင်းသားလေး‌တွေနောက်မှာပြေးရပ်ရင်း သောင်းဆင့်အမောတကော ပြောမိသည်။
ထိုနေ့ခင်းအစာပြေမုန့်လေးတွေတော့ သူလိုချင်ပါသည်။
အိမ်မှာ တစ်ယောက်ထဲကျန်ခဲ့သော သူ့အချစ်ကလေး ကို အဝေးကနေ ရသမျှပို့ပေးရတဲ့ခံစားချက်ကိုသူကြိုက်ပါသည်။

သူပို့လိုက်သမျှ သေချာလက်ခံယူသည်ဟု ကြားသိရတော့ ပျော်လိုက်တာမှ တစ်နေကုန် မျက်နှာ‌ပိုးပင်မသေ။
ပြောလို့ပြောသည်မဟုတ်။
နှင်းဆီဘွဲ့ဆူးအား သူတအားချစ်မိသည်က ရင်နှင့်တောင့်မဆန့်ချင်တော့ပါ။

" သောင်းဆင့် . ဒီနေ့ နောက်ကျလှချည်လား "

" တင်ပါ့ ၊တပည့်တော် ကိုရင်လေးတွေရဲ့ သင်္ကန်းတွေလျှော်ပေးနေရလို့ပါဘုရား "

စကားပြောရင်းထည့်ပေးလာသည့် ငှက်ပျောသီးနှစ်လုံး ၊ ကိတ်မုန့်ခပ်ကြီးကြီးတစ်တုံးနှင့် မြို့ကလာသည့် သစ်သီးအရသာ ချိုချဉ်ပျော့ပျော့သုံးလုံးအား တလဲ့လဲ့ငေးကြည့်မိသည်သာ။ သူ့အတွက်တော့
ဒါသူ့လုပ်အားခဖြစ်သည်။ ထို့ကြောင့် နှင်းဆီဘွဲ့ဆူးအား သေချာကျွေးချင်တာပင်။

" အရက်တွေရော ခိုးသောက်သေးလား "

သောင်းဆင့် ပြုံးဖြဲဖြဲဖြစ်သွား၏။
အရက်ခိုးသောက်သလားဆိုတော့ ရောက်စက အနည်းငယ်မျှ သောက်မိပါသေးသည်။
အရက်သမားဟူသည် မသောက်ရင်နေမှမနေနိုင်သည်ပဲ။
သို့သော်ဒီနေ့တော့မသောက်ထားပါလေ။
ထို့ကြောင့် ရဲဝင့်စွာပင်...

" မသောက်ထားပါဘူးဘုရား"

" အင်း.. မသောက်တာအကောင်းဆုံးပေါ့ ။ ကဲကဲ လုပ်စရာရှိတာသွားလုပ်ချေတော့ "

ခါးပုံစထဲ မုန့်လေးတွေထည့်ကာ သောင်းဆင့် သူအိပ်နေကြအခန်းလေးဆီသို့ပြေးလေ၏။
အခန်းတွင် ကုတင် သုံးလုံးစီချထားပြီး အလယ်တွင် ပစ္စည်းအနည်းငယ်တင်ဆောင်ထားသည့် စားပွဲဟောင်းတစ်လုံးလည်းရှိသည်။ထိုအပေါ်မှာ စာအုပ်တစ်အုပ်၊ ဘေးတွင် လှဲချထားသော ခဲတံတိုတိုလေးတစ်ချောင်း ၊ထို့အပြင် ဆေးဘူးတချို့နှင့် တရားစာအုပ်တချို့ ။

သောင်းဆင့် စာအုပ်လေးအားလှန်လိုက်သည်။
ဖြဲဆုပ်ထားသော စာမျက်နှာတချို့အား ထိုစာအုပ်ပေါ်တွင်တွေ့နိုင်၏။ သောင်းဆင့် အစတွင်ဘာရေးရမှန်းမသိ၍ ခဲတံ၏ဖင်လေးအားကိုက်လိုက်သေးသည်။ ထိုခဲတံဖင်တွင်အစကတော့ ဖော့ဖျက်သေးသေးပါသေးသည်။ ခုတော့ မရှိလေပဲ ကိုက်ရာတချို့ကြောင့် သံပြားလေးပင်ပြားချပ်‌ချပ်ကျန်တော့သည်။
ပြတင်းပေါက်မှ နေရောင်အနည်းငယ်သည် သောင်းဆင့်အပေါ်ကိုဖြာကျနေ၏။ ခါတိုင်း မျက်လုံးထိဖုံးနေတက်သော ဆံပင်ရှည်တချို့သည် ရှင်းလင်းနေကာ ညို့နိုင်စွဲညှိစေသော မျက်ခုံးမျက်လုံးတို့အား ပေါ်၍ လာစေသည်။ မျက်တောင်တို့သည် တို၍ ခွဲခြား၍မရနိုင်အောင် စိပ်သည်။ ညိုမောင်းသော အသားရည်ထပ်တွင် အနည်းငယ်ကြီးသယောင်ရှိပေမဲ့ စင်းနေသော နှာတံသည်ရှင်းကော့စွာတည်ရှိပါသည်။ နီညိုရောင်သန်းတဲ့ နှုတ်ခမ်းထူတို့သည်
အဖျားကော့ကာ ပြုံးရိပ်ထင်လျက်။
အဆုံးတွင် ထူးခြားစွာတည်ရှိနေသည်က ငယ်ထိပ်ကလေးမှာသာ ရှိသော ဆံပင်ဘုတ်စု
လေး သာဖြစ်၏။
နောက်စိတွင်တော့ ထူးခြားစွာ ဦးရေပြောင်လျက်ရှိနေချေသည်။

ချစ်တဲ့အိမ်စည်။

ဘုန္းႀကီးေက်ာင္းသည္ ေခ်ာင္းကမ္းရြာ၏ ရြာအဝင္စမွာ တည္ရိွသည္။ေက်ာင္းေပၚေရာက္ေအာင္ ႀကီးမားေသာ အုတ္ေလွကားထစ္ႀကီးမ်ားကို ျဖတ္ေက်ာ္ရၿပီး ဝင္ေပါက္မွစ၍ ညီညာေခ်ာေမြ့ေသာ
ပ်ဉ္ခ်ပ္မ်ားကို ခင္းထားေလသည္။ ထိုပ်ဉ္ခ်ပ္မ်ားကို အမဲေရာင္ေဆးမ်ားသုတ္ထားၿပီး အၿမဲသန႔္ရွင္းေလ့ရိွသည္မို႔ အေရာင္အားျဖင့္တလဲ့လဲ့ေတာက္ေျပာင္ေနတက္၏။
ေက်ာင္းေအာက္တြင္ ေျမတိုက္ခန္းသဖြယ္ ေျမကိုတူးကာ အခန္းမ်ားဖြဲ႔ထား၏။ ျပတင္းတံခါးမ်ားသည္
ေျမေပၚတင္လ်က္ ေဖာက္ထားသည္မို႔ အလံုးစံု ေျမၾကီးေအာက္ တိုးေဆာက္ထားတာေတာ့မဟုတ္ျပန္။

ေနြဆိုေအး၍ ေဆာင္းဆိုေနြးတက္ေသာ ထိုေနရာတြင္
‌ကိုရင္ႀကီးမ်ားႏွင့္ ဘုန္းႀကီးေက်ာင္းသားအမ်ားစုေနထိုင္ၾကသည္။
သစ္ေပါမ်ားမူ႔ေၾကာင့္ ေက်ာင္းသည္ ႀကီးမားက်ယ္ျပန္႔ ကာ တည္ေဆာက္ထားေသာ
တိုင္လံုးႀကီးမ်ားက လက္တေပြ့မက ႀကီး၏။
ေသာင္းဆင့္ေရာက္ေတာ့ ဆရာေတာ္ဘုရားက
ေခၚယူကာ ဆံုးမၿပီး ေျမတိုက္ခန္းမွာ ေနရာေပးေလ၏။ ေက်ာင္းတြင္းသန႔္ရွင္းေရးႏွင့္ ကိုရင္ေလးမ်ား၏ သကၤန္းမ်ားေလ်ွာ္ဖြတ္ေရးသည္ ေနာက္ရက္ကအစ ေသာင္းဆင့္တာဝန္ ျဖစ္သည္ဟု မိန႔္ေတာ္မူခဲ့သည္။ ထို႔ေၾကာင့္ ေသာင္းဆင့္ သည္ ႏွင္းဆီဘြဲ႔ဆူးအား တနင့္တပိုးလြမ္းေနရ‌ ေတာ့၏။ အိမ္ေထာင္သည္ျဖစ္ကတည္းက အဝတ္ဆို ေကာ့ေနေအာင္ေလ်ွာ္ဖြတ္ေပးေသာ ႏွင္းဆီကေလးကို သူသိပ္ခ်စ္ပါ၏။

မရခင္ကေတာ့ အတြင္းဝတ္ကအစ ေလ်ွာ္ေပးသူက ေသာင္းဆင့္ျဖစ္ေပမဲ့ ရၿပီးသၫ့္ေနာက္တြင္ေတာ့ အျမင္မေတာ္ရင္ သူ႔အဝတ္ကအစ ေရာယူကာ ေလ်ွာ္ေပးတက္သည္မို႔ အဝတ္ေဟာင္း၊အဝတ္ညစ္ဟူ၍ အိမ္မွာမရိွေလ။

အေတြးထဲမွာ တူ‌ႏွစ္ကိုယ္ အိမ္အိုေလးဆီေရာက္မိေတာ့ လြမ္းလိုက္တာမွ စိတ္ႏွလံုးမခိုင္ၿမဲသည္အထိ။
မတက္သာလို႔ယူထားရတယ္ဆိုေပမဲ့ ျငဴစူတာမ်ိဳးကင္းတဲ့ ႏွင္းဆီဘြဲ႔ဆူးက သူ႔ထက္စာရင္ ေယာက်ာ္းေကာင္း၊ေယာက်ာ္းျမတ္ျဖစ္သည္။ ခ်စ္လြန္းလို႔သာ ခူးဆြတ္လိုက္ရသည္။ အပင္ေပၚမွာ လွလွပပ တင့္တင့္တယ္တယ္ေနရမဲ့ ေတာ္ဝင္ပန္းေလးလိုပင္ သူ႔ႏွင္းဆီကေလးက ျမတ္ႏိုးဖြယ္ရာအတိၿပီး၏။

ဪ ... ခြဲရက္ေလျခင္း။

_______

မိုး‌ ေရစက္လက္ၾကားမွာ ဝါးခေမာက္ေလး‌ေဆာင္းလ်က္ ဘြဲ႔းဆူးအိမ္အေနာက္ဆီသို႔ ခပ္သြက္သြက္လွမ္းလိုက္၏။ ခေမာက္၏ အစြန္းေလးမ်ားမွက်လာေသာ ေရစက္ကေလးမ်ားမွာ ပုခံုးသားကိုစိုစြတ္ေစေပမဲ့ သူကေတာ့ မမူ႔ခဲ့ေပ။ အိမ္ေနာက္ေဖးေဈးဆိုင္တည္ပါဆိုသၫ့္အတိုင္း ဘူး၊ဖရံု၊ခ်ဉ္ေပါင္တို႔က ဝယ္စားဖို႔မလိုေအာင္ လိႈင္လိႈင္ေပါေလ၏။
ဘူးပင္၏အၫြန႔္တို႔သည္မိုးေၾကာင့္ တလႊင့္လႊင့္ေထာင္လ်က္ စိမ္းလန္းလ်က္ရိွေခ်သည္။
အၫြန႔္ငါးေငါက္ခန႔္ျဖတ္၍ ယူလိုက္၏။
ထိုအရြက္တို႔ကို ဟင္းခ်ိဳဟင္းလုပ္မည္ျဖစ္ၿပီး
ရံုးပေလြသီးႏွင့္ ဖရံုသီးႏုႏုအားလည္းထပ္မံခူးမိ၏။ ထိုအရာကို ငန္ျပာရည္ျဖင့္တို႔မည္ျဖစ္၏။

ေသာင္းဆင့္ ဘုန္းႀကီးေက်ာင္းသားလုပ္ေနသည္မွာ
သံုးရက္ခန႔္ရိွၿပီျဖစ္သည္။
ခါတိုင္းလို ပူညံပူညံမရိွသည္မို႔နားေအးေသာ္ျငား
ထူးျခားစြာပ်င္းရိေနျပန္ပါသည္။
ဆရာေတာ္ဘုရားသည္ ေသာင္းဆင့္အား
လိမ္မာေအာင္ ေသခ်ာသြန္သင္ေနသည္ဟုၾကားသိရ၍ ၿပံဳးမိသည္က အခါခါပင္။
ညဆို ဘုရားဝတ္တက္ရသည္က ေက်ာင္းသားမ်ားပါ ပါေလသည္။ ထိုအခ်ိန္တြင္ ေသာင္းဆင့္၏ အသံဝါႀကီးျဖင့္ ဝတ္တက္သံသည္ ကိုရင္မ်ားႏွင့္အၿပိဳင္ ေက်ာင္းအျပင္က ၾကားရသည္ထိက်ယ္ပါေသးသည္တဲ့။

ေနာက္ထပ္တစ္မ်ိဳးစိတ္ပူရသည္က ရိွပါေသးသည္။
အရက္သမားမို႔ အရက္ေသာက္သည္က မဆန္းေသာ္ျငား ဘုန္းႀကီးေက်ာင္းမွာေတာ့ျဖင့္ ခိုးမေသာက္ဖို႔ သာဒင္တို႔ႏွစ္ေယာက္အား တိုးတိုးတိတ္တိတ္မေသာက္ဖို႔မွာရေသးသည္။
ကေလးလည္းမဟုတ္ပဲ အခ်စ္နဲ႔ေတြ့မွေသာင္းဆင့္ကေလးဆန္လြန္းခဲ့၏။
ရိုးသားသူမို႔ မခ်စ္ေသာ္ျငားမမုန္းခဲ့ပါေလ။
ေသာင္းဆင့္ႏွင့္ အိမ္ေထာင္က်ခဲ့သည္မွာ သူ႔အတြက္ၾကာၾကာေနေတာ့မထူးဆန္းလာေတာ့သလိုပင္။
ဘေထြးအိမ္မွာထက္ ေသာင္းဆင့္ႏွင့္ေနရသည္ကပိုလြတ္လပ္သည္။
မေတာ္တေရာ္စကားေျပာတက္သည္ကလြဲၿပီး
ေသာင္းဆင့္က သူ႔အားထိကပါးရိကပါး မညားခင္ကလို သိပ္မရိွ။
အိပ္ရင္ေတာင္မွ သူ႔ဟာသူ ပို႔လို႔ပက္လက္ ၿဖဲကားအိပ္တက္သူမို႔ သမီးရည္းစားမ်ိဳးလို ေပြ့ဖက္အိပ္ဖို႔
‌ ေဝးေသး။
တစ္ခါတစ္ေလ သူ႔ေျခသူ႔လက္ေရွာင္ေနရတာနဲ႔
အိပ္ဖို႔တစ္ေနရာစာေတာင္မွမနည္း။
အိပ္ခါစကေတာ့ အဆင္ေျပေသးသည္။
အိပ္ေပ်ာ္သြားၿပီးေနာက္ေတာ့ ေျခေကာ ၊လက္ေကာပါကာ တစ္ခါတစ္ရံ ေဟာက္ေတာင္ေဟာက္ေနတက္ေသးသည္။

အပူအပင္ဆိုသည္မွာ ၿဂိဳလ္ႏွင့္လားဟုေမးရမလို
ေသာင္းဆင့္က ေအးေဆးလြန္းသည္။
ဆူပူေနလည္းၿပံဳးၿပံဳး။
အသားနာေအာင္ ထိုးရင္လည္းၿပံဳးၿပံဳး။
သိပ္အေၾကာတင္းတဲ့ေကာင္ပင္ျဖစ္၏။

စားစရာမရိွဟုေျပာလ်ွင္ ေတာသို႔ထြက္ကာ ေတာလည္ေပးတက္သည္။
ေသာင္းဆင့္ ေရမရိွဘူးေျပာလ်ွင္ ထန္းပိုးႏွင့္ ပံုးကို ဆြဲကာ ေရခပ္ေပး၏။
ပိုက္ဆံထြက္ရွာဟုေျပာလ်ွင္ ထြက္၍ရွာ၏။
သူ႔အေဖဆန္စက္မွာ ဆန္သြားခိုးသည္ကေတာ့ ခြၽင္းခ်က္ပင္ျဖစ္သည္။
သို႔ေသာ္အပစ္ဆို၍ မရျပန္။
ေသာင္းဆင့္သည္ နဂိုကတည္းကအရက္ေသာက္၍သာ ဘဝကိုျဖတ္သန္းသူ။
ေငြေၾကးသည္ အေဖ့ဆန္စက္မွာ လက္ျဖန႔္ရံုျဖင့္ရတက္သူမို႔ ေငြရွာခိုင္းလ်ွင္ ဆန္စက္ကိုသာ သြားမည္မလြဲပင္။
ထိုအရာကိုသူေမ့ခဲ့၏။
ထို႔ေၾကာင့္ အမွားတစ္ဝက္သည္ သူပါၿငိစြန္းသလို ခံစားရဆဲျဖစ္သည္။

သူျမန္ျမန္ဆန္ဆန္ပင္ ဟင္းခ်က္လိုက္၏။
ကိုးနာရီခြဲတြင္ ဘုန္းႀကီးေက်ာင္းမွ ကိုရင္ငယ္ေလးႏွစ္ပါးႏွင့္ ေက်ာင္းသားတစ္ေယာက္ဆြမ္းခ်ိဳင့္လာယူေလသည္။ ဒီအိမ္ကိုေရာက္ခါစ ဘြဲ႔ဆူး ဆြမ္းခ်ိဳင့္လက္မခံရေသးေပ။
ေသာင္းဆင့္ ဘုန္းႀကီးေက်ာင္းေရာက္မွ
ခ်ိဳင့္ယူလိုက္ျခင္းျဖစ္၏။

" ကိုေလးဘြဲ႔ဆူး "

ေက်ာင္းသားေလးက သူ႔အက်ႌစအားဆြဲ၍ ေခၚလာသည္။ ဘြဲ႔ဆူး ယေန့ခ်က္ျပဳတ္ထားသၫ့္ ဟင္းလ်ာတခ်ိဳ႕အား ခ်ိဳင့္ထဲ ခြဲထၫ့္ကာ ေခါင္းအားအနည္းငယ္ငဲ့ေစာင္းၾကၫ့္မိပါသည္။ေက်ာင္းသားငယ္သည္
ကိုးႏွစ္အရြယ္ေလာက္သာရိွဦးေပမည္။
ေက်ာင္းကမ္းရြာတြင္ ရပ္ကြက္ေလးခုရိွ၏။ ဘြဲ႔ဆူးတို႔ေနသၫ့္အိမ္သည္ အမွတ္ေလးသာ ျဖစ္ၿပီး
ယခုကဲ့သို႔ ဆြမ္းခ်ိဳင့္ယူသၫ့္ေက်ာင္းသားကိုရင္ေလးမ်ားသည္ တစ္ရပ္ကြက္ကို ဆယ္အိမ္ တစ္ဖြဲ႔အိမ္‌ ေစ့မ်ွဝင္ရ၏။
ထမ္းပိုးေသးေသးေလးမ်ားျဖင့္ အိမ္တိုင္း ကပ္လႉလိုက္ေသာ ဆြမ္းဟင္းတို႔ကို သယ္ယူေနၾကပံုေလးမ်ားမွာ မနက္ခင္းတြင္ ၾကည္ႏူးစရာျမင္ကြင္းပင္ျဖစ္ေလသည္။

ဆြမ္းဟင္းယူသၫ့္အခ်ိန္သည္ မနက္ကိုးနာရီခြဲမွစ၍
မနက္ဆယ္နာရီခြဲအထိ ျဖစ္သည္။
ဆြမ္းထမင္းကိုေတာ့ မနက္ ေျခာက္နာရီခြဲတြင္ ေက်ာင္းထိုင္ဆရာမွစ အငယ္ဆံုးကိုရင္ေပါက္စအထိ
လွၫ့္လည္ဆြမ္းကို ခံသည္။
ထိုဆြမ္းပတ္လွၫ့္ခ်ိန္ကိုေတာ့ ဘြဲ႔ဆူးမမွီပါေခ်။
ေယာက်ာ္းေလးပီပီ မနက္ဆိုလ်ွင္
ေနျမင့္မွသာ သူထႏိုင္၏။

" ‌ၿပီးေတာ့မွာပါ ေက်ာင္းသားရဲ့"

မေစာင့္ႏိုင္သည္ဟုထင္၍ သူေျပာမိသည္။

ဘုတ္ေမႊးေလးႏွင့္ေက်ာင္းသားငယ္သည္
သူလြယ္ထားတဲ့ လြယ္အိတ္ေထာင္ေသးေသးကိုႏိႈက္၍ ရွာသည္။
အခ်ိန္သိပ္မၾကာလိုက္ေပ။
စာရြက္ေခါက္ေလးတစ္ခုႏွင့္ အိတ္ႏွင့္စုထၫ့္ေပးလိုက္ေသာ ပစၥည္းတစ္ခ်ိဳ႕အားေပးလာ၏။

" ကိုႀကီးေသာင္းဆင့္ ေပးလိုက္တာပါ ။
တိတ္တိတ္ေလး ယူသြားဆိုလို႔ သား လြယ္အိတ္ေထာင္ေလးထဲထၫ့္ယူလာတာ။ ဘယ္သူမွမသိဘူး"

" ဘာေတြေပးလိုက္တာတုန္းကြ။ မင္းအကိုႀကီး ေက်ာင္းမွာ လိမ္လိမ္မာေရာ ေနရဲ့လား "

ေက်ာင္းသားငယ္သည္ေခါင္းကိုၾကက္ေပါက္စေလးအစာေကာက္သလိုျမန္ျမန္ၿငိမ့္လာပါ၏။
မ်က္လံုးဝိုင္းဝိုင္းႏွင့္ သနပ္ခါးအေဖြးသား ေက်ာင္း‌သားေလးသည္ ခ်စ္စရာပံုေလးပင္ျဖစ္သည္။
ဘုတ္ေမႊးထားသၫ့္ကေလးငယ္အမ်ားစုသည္
ဘုန္ႀကီးေက်ာင္းသားကေလးအမ်ားစုမွာျမင္ဖူးသည္။
ဆံသဆိုင္သို႔သြား၍ မၫွပ္ႏိုင္ၾက၍
ဘုန္းႀကီးေက်ာင္းက ဆရာေတာ္မ်ားလက္ခ်က္ျဖင့္
တစ္ေခါင္းလံုးေျပာင္ကာ ငယ္ထိပ္ကေလးမ်ားမွာသာ ဆံပင္အုပ္စုေလးသာ ရိွၾကသည္။
ကေလးမ်ားပီပီ ထိုဆံပင္ေလးမ်ားႏွင့္လည္းအျမင္မဆိုးလွပဲ ခ်စ္စရာေကာင္းလြန္းလွပါသည္။

ေက်ာင္းသားငယ္သည္ ဆြမ္းခ်ိဳင့္ကိုယူ၍ျပန္သည္။
မီးဖိုေခ်ာင္ကို အနည္းငယ္မ်ွသိမ္းဆည္းၿပီး ေသာင္းဆင့္ေပးေသာ စာရြက္ႏွင့္ ႂကြပ္ႂကြပ္အိတ္ထုတ္ကိုကိုင္ကာ ျပတင္းေပါက္ေဘးက တစ္လံုးတည္းေသာ ခံုမွာ ထိုင္လိုက္၏။ မိုးနံ႔ႏွင့္အတူ ေကာင္းကင္တစ္ခြင္
မိႈင္းညို႔ေနပါသည္။
မရြာေသးေသာမိုးက ဘယ္အခ်ိန္အစိုးမရစြာရြာမည္ဆိုတာ စိုးထိတ္စရာပင္။
ၿပိဳက်ေတာ့မတက္ေမွာင္ေနေသာ ရာသီဥတုက လြမ္းစိတ္ႏွင့္ ဝမ္းနည္းစိတ္ကို တနင့္တပိုးတိုးေစပါသည္။
အေၾကာင္းျပခ်က္မရိွ ေသာင္းဆင့္ကို သူသတိရသည္။

စာရြက္ေခါက္ေလးတြင္ မွင္ျဖင့္ေရးသားထားျခင္းမရိွပါ။ ထို႔အစား စကၠူေပၚမွာ ေဖ်ာ့ေတာ့ေသာ ခဲအေရာင္ရိွ၏။

ေက်ာင္းသားေလးမ်ား၏ ခဲတံႏွင့္စာရြက္ကိုငွားကာ
ေရးသားထားခဲ့ပံုေပၚသည္။
သူ အနည္းငယ္မ်ွၿပံဳးမိေလသည္။
‌လက္ေရးမ်ားသည္လွပမူ႔မရိွပါေခ်။
ပဲပင္ေပါက္သ႑ာန္ ရိွေသာ အရြဲ႔အေစာင္းစာလံုးငယ္တို႔သည္ ႏွစ္တန္းေက်ာင္းသားေလာက္ပင္ လွမည္မဟုတ္။

စာတြင္ ယခုကဲ့သို႔ေရးသားထားသည္။

သို႔ /

ႏွင္းဆီဘြဲ႔ဆူးေလးေရ ။ ဆရာေတာ္က ေသာင္းဆင့္ကို အျပင္မထြက္ရဘူးလို႔မိန႔္ထားေတာ့ မင္းကိုေတာ္ေတာ္ေလးလြမ္းေနမိတာေတာင္ ခိုးဝွက္မထြက္ရဲေသးဘူး၊ေတာ္ၾကာဆယ့္သံုးရက္ကေန တစ္လေျပာင္းသြားရင္ ေသာင္းဆင့္ေနႏိုင္မွာမဟုတ္ဘူး။
လြမ္းေနေပမဲ့ ေအာင့္အီးသည္းခံထားပါတယ္။
ေက်ာင္းမွာ ေန့ခင္းစာ မုန႔္ေလးေတြ ကေလးေတြကိုေဝတယ္။ ေသာင္းဆင့္အတြက္လည္းေန့တိုင္းမုန႔္ရပါတယ္။ အဲ့ဒါေလးေတြ ေသာင္းဆင့္မစားပဲ မင္းစားရေအာင္ထၫ့္ေပးလိုက္ပါတယ္။ ဘယ္မွထြက္မေျပးသြားနဲ႔ေနာ္။ အဲ့ဒါေလးေတာ့ ေသာင္းဆင့္အမ်ားႀကီးစိတ္ပူမိတယ္။ ဒါေပမဲ့ မင္းက လိမ္မာပါတယ္ ၊ ဘယ္မွမသြားဘူးမို႔လား။ ေသာင္းဆင့္ျမန္ျမန္ျပန္လာခဲ့ပါ့မယ္ "

စာပါအေၾကာင္းအရာက ဒါပဲျဖစ္သည္။
အိတ္ထုပ္ကိုျမန္ျမန္ပင္ ဖြင့္ၾကၫ့္လိုက္ေတာ့ ကေလးေတြစားတက္တဲ့ ခ်ိဳခ်ဉ္ငါးလံုးႏွင့္ တစ္ရာတန္ႏွစ္ရာတန္ကိတ္မုန႔္ထုပ္ေလးတစ္ခ်ိဳ႕ပင္ျဖစ္ေလ၏။

ဘြဲ႔ဆူးၿပံဳးမိေတာ့၏။
‌မိုးသည္ ခ်က္ခ်င္းပင္ သည္းထန္စြာရြာသြန္း‌လာသည္။
ေကာင္းကင္တခြင္သည္ မိွန္ေဖ်ာ့လ်က္ အလင္းေပ်ာက္လုလု ျဖစ္ေနသည္။
သို႔ေသာ္ ခါတိုင္းလို ဘြဲ႔ဆူး အထီးမက်န္ပါေလ။
ထို႔အစား ေက်နပ္မူ႔အနည္းငယ္က သူ႔ရင္ထဲသို႔ တိုးဝင္လာ၏။

_________

" ဒကာေသာင္းဆင့္ ။ "

သကၤန္းေတြ လွမ္းေနရာမွ ဆရာေတာ္ေခၚသံေၾကာင့္ ေသာင္းဆင့္လွမ္းလက္စ ပစ္ခ်ကာ လက္အုပ္ခ်ီ၍ အျမန္ပင္ထူးမိပါသည္။

"ဗ်ာ... အဲ ဟုတ္ပါဘူး။ မွားလို႔ပါ ဘုရား ။"

" ဘုန္းႀကီးေက်ာင္းေရာက္တာ ဆယ္ရက္ျပၫ့္ေတာ့မယ္။ ဒကာႀကီးခုထိ ဘုန္းႀကီးေခၚရင္ ဗ်ာလို႔ထူးေနတုန္းပဲ။ ခက္လွခ်ည္ရဲ့ .. သြားသြား ဟိုမွာ ေက်ာင္းသားေတြကို မုန႔္ေတြ‌ ေဝေနတယ္။ ကိုယ့္တြက္စုက် ကိုယ္သြားယူေခ် "

ဆရာေတာ့္စကားေၾကာင့္ ေသာင္းဆင့္ မ်က္ႏွာခပ္ၿပံဳးၿပံဳးျဖစ္သြား၏။

" တင္ပါ့ဘုရား ၊တပၫ့္ေတာ္ ခုပဲသြားယူလိုက္ပါ့မယ္ဘုရား"

ဆရာေတာ္ေရ႔ွေမွာက္သာ ခပ္ရို႔ရို႔အေနအထားႏွင့္ေနာက္ဆုတ္သြားတာျဖစ္သည္။ ကြယ္ရာအေရာက္တြင္ေတာ့ေသာင္းဆင့္ ပုဆိုးမ ကာေျပးေတာ့၏။
ဆြမ္းစားၿပီးခ်ိန္မ်ားတြင္ ေက်ာင္းသားႏွင့္ ကိုရင္ငယ္ေလးမ်ားေဆးေက်ာကာ သန႔္ရွင္းေရးလုပ္ၾကရသည္။
ထို႔ေနာက္တြင္ေတာ့ ေက်ာင္းတြင္ရိွေသာ မုန႔္တခ်ိဳ႕ကို ေဝငွ၍ ေကြၽးေမြးတက္သည္။
ထိုအခ်ိန္မ်ိဳးတြင္ကေလးမ်ားနည္းတူေသာင္းဆင့္လည္းေပ်ာ္ရပါသည္။

ဘုန္းႀကီးေက်ာင္းတြင္ လႉဖြယ္ဝတၴုေပါမ်ား၏။
ေခ်ာင္းကမ္းရြာ၏ ေစတနာသဒၵါတရားထပ္သန္မူ႔က
ေက်းရြာျဖစ္လင့္ကစား မႏွေမ်ာ ပဲ မစားမေသာက္ပဲ လႉဒါန္းၾကသည္မို႔ ဘုန္းႀကီးေက်ာင္းမွာ အစားအေသာက္သည္က မ်ားစြာပိုလ်ံေနေလ့ရိွ၏။

" ဦးဇင္း .. ဦးဇင္း တပၫ့္ေတာ္အတြက္ ေဝစုေလးဘုရား "

ေက်ာင္းသားေလး‌ေတြေနာက္မွာေျပးရပ္ရင္း ေသာင္းဆင့္အေမာတေကာ ေျပာမိသည္။
ထိုေန့ခင္းအစာေျပမုန႔္ေလးေတြေတာ့ သူလိုခ်င္ပါသည္။
အိမ္မွာ တစ္ေယာက္ထဲက်န္ခဲ့ေသာ သူ႔အခ်စ္ကေလး ကို အေဝးကေန ရသမ်ွပို႔ေပးရတဲ့ခံစားခ်က္ကိုသူႀကိဳက္ပါသည္။

သူပို႔လိုက္သမ်ွ ေသခ်ာလက္ခံယူသည္ဟု ၾကားသိရေတာ့ ေပ်ာ္လိုက္တာမွ တစ္ေနကုန္ မ်က္ႏွာ‌ပိုးပင္မေသ။
ေျပာလို႔ေျပာသည္မဟုတ္။
ႏွင္းဆီဘြဲ႔ဆူးအား သူတအားခ်စ္မိသည္က ရင္ႏွင့္ေတာင့္မဆန႔္ခ်င္ေတာ့ပါ။

" ေသာင္းဆင့္ . ဒီေန့ ေနာက္က်လွခ်ည္လား "

" တင္ပါ့ ၊တပၫ့္ေတာ္ ကိုရင္ေလးေတြရဲ့ သကၤန္းေတြေလ်ွာ္ေပးေနရလို႔ပါဘုရား "

စကားေျပာရင္းထၫ့္ေပးလာသၫ့္ ငွက္ေပ်ာသီးႏွစ္လံုး ၊ ကိတ္မုန႔္ခပ္ႀကီးႀကီးတစ္တံုးႏွင့္ ၿမိဳ႔ကလာသၫ့္ သစ္သီးအရသာ ခ်ိဳခ်ဉ္ေပ်ာ့ေပ်ာ့သံုးလံုးအား တလဲ့လဲ့ေငးၾကၫ့္မိသည္သာ။ သူ႔အတြက္ေတာ့
ဒါသူ႔လုပ္အားချဖစ္သည္။ ထို႔ေၾကာင့္ ႏွင္းဆီဘြဲ႔ဆူးအား ေသခ်ာေကြၽးခ်င္တာပင္။

" အရက္ေတြေရာ ခိုးေသာက္ေသးလား "

ေသာင္းဆင့္ ၿပံဳးၿဖဲျဖဲျဖစ္သြား၏။
အရက္ခိုးေသာက္သလားဆိုေတာ့ ေရာက္စက အနည္းငယ္မ်ွ ေသာက္မိပါေသးသည္။
အရက္သမားဟူသည္ မေသာက္ရင္ေနမွမေနႏိုင္သည္ပဲ။
သို႔ေသာ္ဒီေန့ေတာ့မေသာက္ထားပါေလ။
ထို႔ေၾကာင့္ ရဲဝင့္စြာပင္...

" မေသာက္ထားပါဘူးဘုရား"

" အင္း.. မေသာက္တာအေကာင္းဆံုးေပါ့ ။ ကဲကဲ လုပ္စရာရိွတာသြားလုပ္ေခ်ေတာ့ "

ခါးပံုစထဲ မုန႔္ေလးေတြထၫ့္ကာ ေသာင္းဆင့္ သူအိပ္ေနၾကအခန္းေလးဆီသို႔ေျပးေလ၏။
အခန္းတြင္ ကုတင္ သံုးလံုးစီခ်ထားၿပီး အလယ္တြင္ ပစၥည္းအနည္းငယ္တင္ေဆာင္ထားသၫ့္ စားပြဲေဟာင္းတစ္လံုးလည္းရိွသည္။ထိုအေပၚမွာ စာအုပ္တစ္အုပ္၊ ေဘးတြင္ လွဲခ်ထားေသာ ခဲတံတိုတိုေလးတစ္ေခ်ာင္း ၊ထို႔အျပင္ ေဆးဘူးတခ်ိဳ႕ႏွင့္ တရားစာအုပ္တခ်ိဳ႕ ။

ေသာင္းဆင့္ စာအုပ္ေလးအားလွန္လိုက္သည္။
ၿဖဲဆုပ္ထားေသာ စာမ်က္ႏွာတခ်ိဳ႕အား ထိုစာအုပ္ေပၚတြင္ေတြ့ႏိုင္၏။ ေသာင္းဆင့္ အစတြင္ဘာေရးရမွန္းမသိ၍ ခဲတံ၏ဖင္ေလးအားကိုက္လိုက္ေသးသည္။ ထိုခဲတံဖင္တြင္အစကေတာ့ ေဖာ့ဖ်က္ေသးေသးပါေသးသည္။ ခုေတာ့ မရိွေလပဲ ကိုက္ရာတခ်ိဳ႕ေၾကာင့္ သံျပားေလးပင္ျပားခ်ပ္‌ခ်ပ္က်န္ေတာ့သည္။
ျပတင္းေပါက္မွ ေနေရာင္အနည္းငယ္သည္ ေသာင္းဆင့္အေပၚကိုျဖာက်ေန၏။ ခါတိုင္း မ်က္လံုးထိဖံုးေနတက္ေသာ ဆံပင္ရွည္တခ်ိဳ႕သည္ ရွင္းလင္းေနကာ ညို႔ႏိုင္စြဲၫွိေစေသာ မ်က္ခံုးမ်က္လံုးတို႔အား ေပၚ၍ လာေစသည္။ မ်က္ေတာင္တို႔သည္ တို၍ ခြဲျခား၍မရႏိုင္ေအာင္ စိပ္သည္။ ညိုေမာင္းေသာ အသားရည္ထပ္တြင္ အနည္းငယ္ႀကီးသေယာင္ရိွေပမဲ့ စင္းေနေသာ ႏွာတံသည္ရွင္းေကာ့စြာတည္ရိွပါသည္။ နီညိုေရာင္သန္းတဲ့ ႏႈတ္ခမ္းထူတို႔သည္
အဖ်ားေကာ့ကာ ၿပံဳးရိပ္ထင္လ်က္။
အဆံုးတြင္ ထူးျခားစြာတည္ရိွေနသည္က ငယ္ထိပ္ကေလးမွာသာ ရိွေသာ ဆံပင္ဘုတ္စု
ေလး သာျဖစ္၏။
ေနာက္စိတြင္ေတာ့ ထူးျခားစြာ ဦးေရေျပာင္လ်က္ရိွေနေခ်သည္။

ခ်စ္တဲ့အိမ္စည္။

Bạn đang đọc truyện trên: ZingTruyen.Xyz