ရုပ်ဆိုးတဲ့နှင်းဆီ (Completed)
16
" သောင်းဆင့် ၊ ငါတို့အိမ်က ခိုင်ပါ့မလား "
တိမ်လွှာကန်အကြောင်းကြားတော့ စိုးရိမ်မိပေမဲ့
သောင်းဆင့်ကတော့ ဘာမှမဖြစ်ဘူးသာ ပြော၏။
မစိုးရိမ်ပါနဲ့ဟုပြောသည့်တိုင် မကြုံဘူး၊မကြားဘူးအဖြစ်မို့ ဘွဲ့ဆူးကတော့ ကြောက်ရွံ့စိတ်ကလေးဝင်နေသေးသည်။
" အဖေ့အိမ်သွားနေကြမယ် "
" မနေချင်ပါဘူး။ မင်းအဖေ ကိုယ့်ကို ကြည်တာမှမဟုတ်တာ "
ဦးဘောဂသောင်းမရှိဘူးဆိုပေမဲ့ သွားနေဖို့က စိတ်ကမရဲ။ ဆန်စက်ထဲမိုးရေဝင်ကတည်းက သမီးဖြစ်သူ
ကလျာသောင်းနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားသည်။ သောင်းဆင့်ကိုလိုက်ခဲ့ဖို့ခေါ်ပေမဲ့ ကိုယ့်ကိုတော့ စာရင်းထဲမပါခဲ့။
အချစ်ခံသမက်လေးဆိုတော့လည်း
ရှိပါစေတော့။
" ဒီအဖေရဲ့ သားကို ယူထားမှတော့။ အိမ်ဆိုတာလည်းအချိန်တန်ဒီသားလေးပဲပိုင်မှာမို့လား။
စိတ်တွေလျော့ပါဗျာ။ အဖေ့ကို ဂရုမစိုက်နဲ့။ သောင်းဆင့်ကိုပဲကြည့်။ သောင်းဆင့်က နှင်းဆီဘွဲ့ဆူးမှ နှင်းဆီဘွဲ့ဆူးပဲ၊ တစ်ပြားမှကိုမလျော့ဘူး။
အဖေ နှင်ချတာတောင်မှအပြုံးမပျက်ဘူးနော်၊
ယောကျာ်းနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့တာ ၊အဲ့ဒါအဖေ့ထက် နှင်းဆီဘွဲ့ဆူးကိုပိုချစ်လို့ "
" မင်းလိုသားမိုက်မျိုး မွေးထားတဲ့မင်းအဖေကို ကိုယ် တော်တော်အားနာနေပြီ "
" အားမနာပါနဲ့ဗျာ။ သောင်းဆင့်ကအဖေ့ထက်အပုံကြီးလိမ်မာပါတယ်။"
" မင်းတော်တ်ေအရှက်မရှိတာပဲ"
" ဒါပေါ့၊ ရှက်တက်ရင် ယောကျာ်းရပါ့မလား။
ဆဲလိုက် ဆူလိုက်၊ထိုးလိုက် ၊နှက်လိုက်နဲ့ ၊ ဒီညီလေး အချစ်ကြီးပေလို့ပေါ့ ။ မဟုတ်ရင် လက်သံပြောင်တဲ့ယောကျာ်းဘေးမှ သုံးရက်တောင်ကြာမှာမဟုတ်ဘူး "
" တော်တော်.. အပိုတွေပြောမနေနဲ့။
စကားတက်တိုင်း ဂျပိုးက လိပ်ဖြစ်အောင်
မင်းမပြောမှာ ပူရတယ်"
" ညီလေးကို မယုံဘူးလားပြော "
အသက်ရူလိုက်တဲ့ လေနွေးနွေးက မေးဖျားအား နုညံ့စွာရိုက်ခက်လာလျက်ရှိသည်။
သောင်းဆင့် က မဖြေကြားပဲ လှပခန့်ညားသော မျက်နှာအား တယုတယ ငုံ့မိုး၍ ကြည့်နေတာဖြစ်၏။
ထိုအကြည့်ကြောင့် ဘွဲ့ဆူး ရင်ခုန်သံတစ်ချို့ ဖြစ်ထွန်းသွားသလို တဒုတ်ဒုတ်ခုန်၍ လာ၏။
စူးရှသော အကြည့်ကြောင့် လုံခြုံသွားပြီး
အားအင်ပြည့်ဝသွားသည်ကသိသိသာသာပင်ဖြစ်သည်။ နောက်ပြီး
စိုးရိမ်တဲ့စိတ်က ညီလေးဆိုတဲ့စကားကြောင့်
ဆင့်ကဲ ပြောင်းလဲကာ
ရယ်ချင်စိတ်ကိုဖြစ် စေခဲ့သည်။
" ဘယ်ကညီလေးလဲ။ ကိုယ့်မှာ ညီ မရှိဘူး "
" ရှိပါတယ်၊ ဒီမှာလေ ၊နာမည်က သောင်းဆင့်လို့ခေါ်တယ်။ ရိုးရိုးညီတော့မဟုတ်ဘူး၊ဘင်္ဂလားညီ "
" ဖယ်စမ်းပါ ၊ရုပ်ကိုက အပိုးမကျိုးတဲ့ မျောက်မျက်နှာနဲ့ "
ရင်ဘတ်အားတွန်းရင်း ဘွဲ့ဆူး ပြောတော့ သောင်းဆင့်မျက်နှာကြီးရှုံ့မဲ့သွားတာ ရုပ်ဆိုးပန်းဆိုးဖြစ်သွားတဲ့အထိ။
" ဘယ်က မျောက်မျက်နှာလဲ ။ ချောင်းကမ်းရွာမှာ သောင်းဆင့်လောက်ခန့်ညားတဲ့သူ ရှိဦးမှာတဲ့လား ။
နှင်းဆီဘွဲ့ဆူး ကံကောင်းလို့ဒီလို ရုပ်မျိုးရှိတဲ့ ယောကျာ်းတစ်ယောက် ပိုင်ဆိုင်ထားတာတောင်မှ
မက်မောရမှန်း ၊ချစ်ရမှန်းမသိဘူး။ "
" အပြောင်အပျက်တွေလျော့စမ်းပါ "
" ဟင့်အင် ၊ သောင်းဆင့်တကယ်ပြောနေတာ ။
နည်းနည်းလေး လောက်ကို မချစ်သေးဘူးလား။
သောင်းဆင့်ကို မချစ်ရင် နောက်ဆို နှမြောနေရမယ်နော် "
သောင်းဆင့်စကားကြောင့် ဘွဲ့ဆူး တည်ငြိမ်စွာပင်
မော့ကြည့်မိသည်။
သောင်းဆင့် တင်းတင်းစေ့ထားတဲ့နူတ်ခမ်းတွေက
အနည်းငယ်ပြုံးယောင်သန်းနေပေမဲ့ မျက်လုံးတွေကတော့ စိတ်ဆိုးသလို မျက်မှောင်ကြုတ်ထား၏။
ဘွဲ့ဆူးမေးဖျားကို တွန်းကာ မျက်နှာလွဲသည်။
" ဖယ်ပါ အဲ့ရုပ်ကြီးနဲ့ ငါ့ကိုမကြည့်စမ်းနဲ့။ "
" ချစ်လို့ကြည့်တာလေ။ ရွာထဲမှာ သောင်းဆင့်ဆီက အပြုံးတစ်ပွင့်ရဖို့ ၊အကြည့်တစ်ချက်ရဖို့ အပျိုလေးတွေ ဘယ်လောက်ခက်ခက်ခဲခဲရှိလိုက်သလဲ ။
သောင်းဆင့်က အဖိုးတန်မျိုးမှန်ဗျ။ ကျုပ်နှင်းဆီသာ
တန်ဖိုးမသိတာ"
စကားတက်လှသော ချောင်းကမ်းရွာသားကြောင့်
ဘွဲ့ဆူး အရယ်မရပ်တော့ပေ။
သောင်းဆင့်သည် ရယ်နေတဲ့ ဘွဲ့ဆူးအားကြည့်ကာ
မျက်ဝန်းထောင့်များအားဖွဖွလေး ပွတ်သပ်
ပေးလာ၏
" မျက်ရည်ထွက်တဲ့အထိ ရယ်နေတာပဲ။
ကျုပ်စကားတွေက အဲ့လောက် ကလေးဆန်နေလား "
" မဟုတ်ပါဘူး "
" အဲ့ဒါဆို မရယ်နဲ့လေ "
" ဟင့်အင်နည်းနည်းရယ်ချင်သေးတယ် "
သောင်းဆင့်သည် ရယ်မောနေတဲ့ အမျိုးသားတစ်ယောက်ကို နု့ညံ့စွာ ကြည့်နေခဲ့တာဖြစ်သည်။
သူ့အိမ်မက်တွေသည် ယောကျာ်းတစ်ယောက်ကို သိမ်မွေ့စွာ ချစ်ပေးဖို့ဖြစ်ခဲ့ပေမဲ့ မခွဲမခွာနေချင်တဲ့စိတ်ကလည်း ပြေလျော့မသွား။
တကယ်ပြောတာ ၊ သောင်းဆင့်ရထားတဲ့ ယောကျာ်းကို တော်တော်လေး ချစ်နေမိပြီ။
__________
" သောင်းဆင့် မင်းတကယ် ပြောနေတာလား "
စုရုံးရောက်ရှိနေသော ရွာသားများရှေ့တွင် သောင်းဆင့် မရယ်မပြုံး ခပ်တည်တည်ပင် ခေါင်းညိမ့်ပြသည်။
ယနေ့ အစည်းအဝေးကား ချောင်းကမ်းရွာမှာ ရှိတဲ့ လူငယ်လူကြီးမှန်သမျှ အရေးတကြီးတက်ရောက်ရသည့်ပွဲ။
အကြောင်းတရားကတော့ တိမ်လွှာကန်အကြောင်း
ဆွေးနွေးဖို့ဖြစ်သည်။
ပထမဦးဆုံး အဆိုတင်သွင်းသူက သောင်းဆင့်မို့
ကျန်သူများ အင်တင်တင်ဖြင့် ပြောစကားကို မလိုက်လျောချင်ကြပေ။
" ဟုတ်တယ် သူကြီး။ တိမ်လွှာကန်ရေကို စနစ်တကျ ဖောက်ချနိုင်ရင် ရေလျံပြီး ကန်မပြိုနိုင်တော့ဘူး။ "
" ပြိုကျမယ်၊ပြိုမကျဘူးဆိုတာ ခုထိ မသေချာသေးဘူး။ မင်းလုပ်လိုက်မှ ကန်ပြိုသွားရင် မင်းတာဝန်ယူနိုင်လို့လား "
အများကြားမှာ ရောနှောထိုင်နေတဲ့ ဘွဲ့ဆူးသည်
ထရပ်၍ပြောလာတဲ့ လူကြီး အား မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။
သောင်းဆင့်သည် စိတ်ဆိုးဟန်မရှိပဲ ထိုလူကြီးအား ခေါင်းညိမ့်ပြကာဆက်ပြောလာသည်။
"ဦးလေးပြောတာလဲ မှန်ပါတယ်။
ဒါဆို ကျုပ်တို့ ဖြစ်လာမဲ့ ဘေးကို မကာကွယ်ပဲထိုင်စောင့်မှာလား ။ ဒီရေချိန်အတိုင်းဆို တိမ်လွှာကန် ရေလျံဖို့ နှစ်ရက်တောင် ကြာလိုက်မှာမဟုတ်ဘူး။
ဘာမှမလုပ်ပဲ ထိုင်စောင့်နေလို့ ကန်ပြိုခဲ့ရင်ရော ဖြစ်လာတဲ့ အကျိုးဆက်ကို ဦးလေးတာဝန်ယူနိုင်ရဲ့လား "
"ဒါ..ဒါကတော့။ "
သောင်းဆင့်လက်ကာပြသည်။
" ခဏလေးပါ ၊ကျုပ်ပြောတာမပြီးသေးဘူး။
တိမ်လွှာကန် ရေဖောက်ချမယ်ဆိုရင် တောအတွင်းပိုင်းကို ကျုပ်အနေနဲ့ ဖောက်ချချင်တယ်။ ဒါဆို ရွာဖက်ကိုရေကျစရာ မလိုတော့သလို ဘာအန္တရာယ်မှလည်းဖြစ်မှာမဟုတ်တော့ဘူး။ "
ဦးမိုးလွင်း စဉ်းစားရင်း ဦးဘထွေးအား
လှမ်းကြည့်မိသည်။
သူ့အနေနဲ့ အရေးတကြီးအကြောင်းအရာမို့
တစ်ယောက်ထဲ ဆုံးဖြတ်ဖို့မဝင့်ရဲပေ။
" ဦးဘထွေး သောင်းဆင့်ပြောတာကို ဘယ်လိုသဘောရလဲ "
အချိန်အခါအရ မိုးသည် ဆက်တိုက်ရွာသွန်းနေပြီး
ရွာဘေးမှာ ရှိတဲ့ လွမ်းချောင်းသည် ပြန့်ကျယ်လာကာ
ကမ်းပါးရှိ တဲစုတစ်ချို့အားတိုက်စားစပြုလာပြီဖြစ်၏။ ထိုအရာသည် သူကြီးဖြစ်သူဦးမိုးလွင်အား စိတ်ပူလာ စေသလို၊ သက်ကြီးစကားများကြောင့်
အရင်ခေတ်ကလို သေကျေမူ့ဖြစ်မှာကိုလည်း စိုးရိမ်လာခဲ့၏။
လေးရွာတောကြီးသည် အနီးအနားရွာစဉ်တန်း
အတွက် အဓိက အားထားမှီတင်းရာဖြစ်ပြီး အန္တရာယ်အများဆုံးဆိုလည်းမမှား။
လွန်ခဲ့သော် နှစ်ခြောက်ဆယ်ခန့်က ဦးဘထွေး၏အသက်မှာ သုံးနှစ်ကျော် လေးနှစ်လောက်သာရှိပေဦးမည်။
နာကျင်စရာ အတိတ်ကို ခုခေတ်လူငယ်တွေမမှီခဲ့ပေမဲ့ လေးရွာတောကြီးအတွင်းမှ တိမ်လွှာကန်ပြိုခဲ့ခြင်းကြောင့် သေဆုံးခဲ့သည့် စာရင်းတွင်တော့ ဦးဘထွေး၏ဖခင်ပါ ပါခဲ့သည်မို့လား။
ထို့ကြောင့် မိုးရာသီရောက်တိုင်းဦးဘထွေး ကြောက် နေတက်သည်။
ထိုစဉ်အခါက ကြားခဲ့ရသော မိခင်၏ ငိုကြွေးသံကို ယနေ့တိုင်ဦးဘထွေးမှတ်မိနေဆဲပင်။
ယခုအခါမှာ တိမ်လွှာကန်နှင့် လွမ်းချောင်း ရာဇဝင်က မှေးမှိန်လာခဲ့ပေမဲ့ ဦးဘထွေးကတော့ တဖန်ပြန်လည်လာမည့် အန္တရာယ်အား လူကြီးတစ်ယောက်အနေနဲ့ မပေါ့ဆရဲတော့ပေ။
နောက်ပြီး သောင်းဆင့်တင်ပြတဲ့ အချက်သည် အဖြစ်နိုင်ဆုံးမို့ သူ့အနေနဲ့ ထိုနည်းကိုသာရွေးချယ်စေချင်သည်။
" ကျုပ်အနေနဲ့ကတော့ ဒီကလေးပြောတာကို လက်ခံချင်တယ်။ ဒါပေမဲ့ ရွာသူရွာသားတွေဖက်ကရော လက်ခံဖို့မခံဖို့ ဘယ်လိုဆုံးဖြတ်ချက်ချချင်လဲ "
ဦးဘထွေးစကားကြောင့် တိတ်ဆိတ်နေသော စကားဝိုင်းသည် ကြွပ်ကြွပ်ညံကာ တစ်ယောက်တစ်ပေါက်
တိုင်ပင်နှီးနှောသံများထွက်လာ၏။
လက်မခံသူရှိသလို လက် ခံသူလည်းများတာကြောင့်
ဆရာတော်ဘုရားဝင်မိန့်မှသာ ငြိမ်သက်သွားတော့သည်။
" တဲအိမ်၊ မခိုင်ခံ့တဲ့အိမ်၊မှန်သမျှ ဆရာတော်ကျောင်းမှာ လာရောက် ပြောင်းရွေ့တည်းခိုနိုင်တယ်။
မဖြစ်သေးတဲ့ဘေးကို မကြောက်တက်ဘူးဆိုရင်တောင်မှ
လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်လောက်က သမိုင်းကိုတော့ မေ့မပစ်သင့်ဘူး။ ခုဆို လွမ်းချောင်း တဖြည်းဖြည်းကျယ်လာပြီ။ ကမ်းနားမှာ မနေ့က ဖိုးချိုတို့ တဲ ကမ်းပါးပြိုတဲ့အထဲပါသွားတာကိုရော သိကြရဲ့လား "
ဆရာတော် အစည်းအဝေး ဆက်မလုပ်တော့ပဲ
သောင်းဆင့်အား ဆက်မိန့်သည်။
" ဒကာသောင်းဆင့် ၊ ရွာထဲက သန်မာပြီး
ပေါက်ပြားကိုင်နိုင်သေးတဲ့ အရွယ်မှန်သမျှ တောဝင်ဖို့ခေါ်သွားချေ ။ ဆက်ပြီး အထွန့်တက်ရဲတဲ့သူရှိရင် ဆရာတော် ကြိမ်လုံးက လူရွေးမှာမဟုတ်ဘူး "
ဆရာတော်ဘုရား၏ ကြိမ်လုံးဆိုတဲ့ အသံကြောင့်
တစ်ရွာလုံး နားရွက်ပင်မခတ်ရဲတော့ပေ။
သောင်းဆင့်မသိမသာ ဘွဲ့ဆူးထံလှမ်းကြည့်ကာ
သူရဲကောင်းသဖွယ် ရင်ကော့ပြလာ၏။
ကလေးဆန်လှသော အပြုအမူကြောင့် ဘွဲ့ဆူး
အထိန်းအသိမ်းမတက်တဲ့ အုပ်ထိန်းသူသဖွယ် ရှက်လွန်းလို့လှည့်တောင်မကြည့်ရဲတော့ပေ။
သဘာဝဘေးအန္တရာယ်မို့ မျှော်မှန်းထားလို့တော့မရ။
တောင်ပေါ်ကနေ ဝေါခနဲ ပြိုကျလာမည့်ရေလုံးသည် နည်းနည်းဖြစ်မလား ၊များများဖြစ်မလား မည်သူမှ မသိသေးပေ။ ထို့ကြောင့်တဲစုအများစုကတော့ ရှောင်ရှားကြသည်။
လေးရွာတောဆိုသည်မှာ အနီးအနားရွာစုလေးရွာအားရည်စူး၏ထို့ကြောင့် တောတောင်တန်းကြီးသည် လေးရွာစုအား ပတ်ဝိုင်းထားသလို ရှည်လျားကာ တောင်ခြေနေရွာစုများလိုဖြစ်နေ၏
လေးရွာတောထဲရှိ တိမ်လွှာချောင်းမှ ရေတို့သည်
ရေတံခွန်အဖြစ် ကျဆင်းပြီး တိမ်လွှာကန်သို့ စီးဆင်းဝင်ရောက်သည်။ နောက်ပြီး မတူညီသည့်ရေကျရာလမ်းကြောင်းမှ ရေအနည်းစုသည်လည်း လွမ်းချောင်းကို စီးဝင်သေးသည်။
ထို့ကြောင့် တိမ်လွှာကန်ရေစီးဆင်းမူ့ကအချိန်ကြန့်ကြာနေသေးတာဖြစ်၏။ ချောင်းကမ်းရွာသည် တိမ်လွှာကန်ပြိုလျှင် အန္တရာယ်အများဆုံးရွာဆိုလည်းမမှားပေ။
သောင်းဆင့်အပါအဝင် ရွာသား အယောက် လေးဆယ်
ကျော်ခန့် တောဝင်ကြသည်။ ထိုအထဲမှာ ဘွဲ့ဆူးလည်းပါလေ၏။
ပေါက်ပြားနှင့် ကန်ကိုပြန်လည် ပိတ်ဆို့ဖို့ ပစ္စည်းတချို့သယ်ကာ လေးရွာတောသို့ နေမွန်းမတည့်ခင် ဝင်ရောက်ကြသည်။
မိုးရွာသွန်းမူ့သည် မရပ်တန့်သေးပေ။
ရွဲရွဲစိုနေသော ရာသီဥတုတွင် ဘွဲ့ဆူးတစ်ယောက်သာ မိုးကာအင်္ကျီ ပါသည်။ ကျန်သူများကတော့ ရိုးသားတဲ့တောသူတောင်သားများမို့ ခမောက်တစ်ချပ်ဆီကိုသာ ရိုးရှင်းစွာ စောင်းထားကြ၏။
သောင်းဆင့်သည့်လည်းထိုအတိုင်းပင်။
ဒူးလေးတစ်ချောင်းကိုလွယ်ကာ တိမ်လွှာကန်ရှိရာ တောတွင်းသို့ ခပ်မြန်မြန်သူတို့ဝင်ရောက်လာခဲ့သည်။
သာဒင် ၊ဖိုးထွေး နှင့်ကျန်ရွာသားတချို့သည်
အိမ်ပြောင်းရွေ့ရန် တက်ညီလက်ညီလုပ်အားပေးဖို့ ရွာမှာ တဝက်မက ကျန်ရှိခဲ့သည်။
အစီအစဉ် နောက်တစ်ခုကိုတင်ပြသူက ဘွဲ့ဆူးသာဖြစ်၏။
သောင်းဆင့်တို့ မအောင်မြင်လျှင် ၊ ရွာ ဒုက္ခမရောက်ဖို့ နေအိမ်ရွေ့ပြောင်းသိမ်းဆည်းမူ့ကို လည်း အမြန်လုပ်သင့်သည်။
ချောင်းဘေးကတဲများနှင့် တရိစ္ဆာန်များကို ရွေ့ပြောင်းကြခြင်း၊ သက်ကြီးရွယ်အိုများကို ဘေးလွှတ်ရာပို့ခြင်းတို့ကို ကျန်ရှိသူများလုပ်ကြရသည်။
" အေးနေပြီလား "
အနည်းငယ်မတ်စောက်သည်မို့ တောဝင်ခြင်းဟာ ထင်သလောက်မလွယ်ကူပေ။
တစ်ခါမှမဝင်သူအနေနဲ့ ဘွဲ့ဆူးပို၍ ပင်ပန်း၏။
" အအေးဘူး။ ငါအဆင်ပြေပါတယ် "
" ရောက်တော့မှာပါ။ အားတင်းထားနော် "
ဒူးလေးအပြင် ဓားမ တစ်ချောင်းနှင့် ပေါက်ပြားတစ်လက်ကိုလည်းသောင်းဆင့်ကိုင်ဆောင်ထား၏။
ခမောက်သည် တစ်ကိုယ်လုံးမလုံခြုံနိုင်သည်မို့ ပုခုံးပြင် ကျယ်တို့သည် ရွဲစိုလျက်ရှိနေသည်။
တိမ်လွှာကန်ကို မရောက်ခင် တဝေါဝေါမြည်သံကျယ်ကြီးအား ဘွဲ့ဆူးအရင်ကြားလိုက်ရ၏။
ထိုအသံမှာ တိမ်လွှာရေတံခွန်ဆီမှ ရေကျသံဖြစ်လေသည်။
ကန်သို့သွားရာလမ်းတလျှောက် တွင် ဝါးပင်ကြီးများ အုပ်ဆိုင်းနေလျက်ရှိပြီး ဝါနု၊မျှစ်တို့သည်လည်း အောက်ခြေမှာ အစီစီ ပေါက်နေလေ၏။ ထိုမျှစ်ပေါက်တို့အား အပြေးအလွှားသွားချိုးချင်တဲ့စိတ်တို့အားချိုးနှိမ်လျက် ရွာသားများမှီအောင် မနည်းပြေးလိုက်နေရသည်။ သစ်ကြီးဝါးကြီးများပေါက်ရောက်ရာနေရာမို့ သက်တမ်းရင့်အပင်များကြားတွင် လှပစွာပွင့်ဖူးနေသော သစ်ခွများလည်းတွေ့ရ၏။
မြင်မြင်သမျှလှပလွန်းသည်မို့ မြင်ကွင်းကမျက်စိလွဲဖို့ကိုမေ့လျော့သည်အထိ။
ဝါးရုံတော အလွန်တွင် ဆယ့်ခုနှစ်ပေခန့်အမြင့်ရှိသော
တိမ်လွှာရေတံခွန်ကို လှမ်းမြင်လိုက်ရ၏။
တဝုန်းဝုန်း ကျနေသော ရေမှ ရေအမှုန်အမွှားတချို့သည် လွင့်စင်လာသည်မှာ လှပသော ပန်းချီကားတချပ်ကိုကြည့်ရသည့်နှယ်။
ထို့မှတဆင့် ငါးမိနစ်ကျော်ခန့်ရှေ့ဆက်သွားလျှင်
တိမ်လွှာချောင်းမှ ရေများစီးဝင်ရာ ကန်ကြီးကိုတွေ့နိုင်၏။
အကျယ်မှာ တစ်ဧကနီးပါးလောက်ရှိမည်လား မမှန်းဆနိုင်ပေမဲ့ အတော်လေးကျယ်ဝန်းသည်ကိုတော့ တွေ့နိုင်၏။
" တိမ်လွှာကန်ရေလျံတော့မယ်။ ကျုပ်တို့အလာစောသွားတာတော်သေးလို့"
အသက်လေးကျော်အရွယ်ခန့် လူကြီးကပြောလာ၏။
ကျန်လူများသည် အတော်ကြာအောင် ရပ်တန့်၍ ငေးမောနေပေမဲ့ သောင်းဆင့်ကတော့ ကန်၏တစ်နေရာအား ကွေ့ပတ်၍ ထွက်သွားလေသည်။
ဘွဲ့ဆူး နောက်ကနေလိုက်သွားသည်။
ကန်ပတ်လည်တွင် ခြုံများ ရှိနေပြီး ကန်ဖောက်ဖို့နေရာအား အတော်နဲ့ရှာလို့မတွေ့ချေ။
အတော်ကြာမှ သောင်းဆင့်ဆက်မသွားပဲ ရပ်လိုက်၏။
ထိုနေရာမှကြည့်လျှင် အောက်ဖက်တွင်ဆင်ခြေလျော တစ်ခုရှိနေသည်။
" သောင်းဆင့်ရေဖောက်ချရင် ၊ရွာဖက်ရေပြန်မစီးကျဖို့ သေချာလို့လား "
ဘွဲ့ဆူး သောင်းဆင့်ဘေးအား ရောက်မလာပဲ သုံးလှမ်းခန့်အကွာကနေလှမ်းပြောတာဖြစ်၏။
သူတို့နှစ်ယောက်ကြားတွင် ဒူးလောက်အမြင့်ရှိသော ကျောက်တုံးတစ်တုံးရှိနေသည်မို့ ရှေ့တစ်လှမ်းတိုးကာ ဘွဲ့ဆူး အပေါ်ကိုတက်လိုက်သည်။ အနည်းငယ်မြင့်သွားတဲ့ ဘွဲ့ဆူးဆီအား သောင်းဆင့် လက်လှမ်းပေးလိုက်၍
" ဖြည်းဖြည်းဆင်း " ဟုဆိုလာ၏။
လက်ကိုကိုင်၍ ဘွဲ့ဆူးဆင်းလိုက်ရင်း ဆင်ခြေလျောအားငုံ့ကြည့်လိုက်ပြီး
" သောင်းဆင့် ရေကရွာဖက်ရေမရောက်မှာလည်းသေချာလားလို့ " ဟုထပ်မေး၏
မိုးသည်ကား ရွာနေဆဲပင်။
လက်ဖျားတို့သည် အေးစက်ကာ တုန်ရီစပြုလာပြီ။
သောင်းဆင့်က စကားတို့အား မဆိုပဲ
ဘွဲ့ဆူးလက်အား နှစ်ခါသုံးခါ ဖျစ်ညစ်၍ သွေးလေလျှောက်စေသည်။
" ဖျားတော့မှာပဲ။ နှင်းဆီဘွဲ့ဆူး ဟိုဖက်နားမှာ မိုးခိုနေ ပါ့လား"
"မင်းတော်တော်မျက်နှာလိုက်တဲ့ ကောင်ပဲ"
" တူမလားဗျ။ ဒါက ယောကျာ်း ဟိုက သူစိမ်းတွေ"
ပေါက်ပြားကိုင်ထားတဲ့ လူတစ်စုသည် အောက်ဖက် ဆင်ခြေလျောတွင် သောင်းဆင့်အားမေး၍ ရေသွားနိုင်တဲ့ မြောင်းအသေးတစ်ခု စ ဖောက်နေချေ၏။ အနည်းငယ် ထူသော ခြုံတို့အားဖယ်ရှားပြီးချိန်တွင် ဆင်ခြေလျောသည် နိမ့်ဆင်းသွားကာ တောအတွင်းပိုင်းလျိုထဲသို့နိမ့်ဆင်းသွားသည်။
" ငါအလုပ်လုပ်မယ်"
သောင်းဆင့် သက်ပြင်းချကာ လက်ထဲကကိုင်ထားသော ပေါက်ပြားအားပေးလာ၏။
" အားမထည့်ပဲပေါက်နော်။ သူတို့များများလုပ်ကြလိမ့်မယ် "
အားမာန်အပြည့်နဲ့ မြေပေါက်နေတဲ့ရွာသားတချို့
သည် သောင်းဆင့် စကားကြောင့် မကျေမနပ်ခေါင်းထောင်ကြည့်လာသည်။
သောင်းဆင့် အရေးမလုပ်ပဲ သူ့ယောကျာ်းအား မြေပွသော နေရာအားရွေးပြီးပေါက်စေ၏။
ချစ်တဲ့အိမ်စည်။
" ေသာင္းဆင့္ ၊ ငါတို႔အိမ္က ခိုင္ပါ့မလား "
တိမ္လႊာကန္အေၾကာင္းၾကားေတာ့ စိုးရိမ္မိေပမဲ့
ေသာင္းဆင့္ကေတာ့ ဘာမွမျဖစ္ဘူးသာ ေျပာ၏။
မစိုးရိမ္ပါနဲ႔ဟုေျပာသည့္တိုင္ မႀကံဳဘူး၊မၾကားဘူးအျဖစ္မို႔ ဘြဲ႔ဆူးကေတာ့ ေၾကာက္ရြံ႔စိတ္ကေလးဝင္ေနေသးသည္။
" အေဖ့အိမ္သြားေနၾကမယ္ "
" မေနခ်င္ပါဘူး။ မင္းအေဖ ကိုယ့္ကို ၾကည္တာမွမဟုတ္တာ "
ဦးေဘာဂေသာင္းမရိွဘူးဆိုေပမဲ့ သြားေနဖို႔က စိတ္ကမရဲ။ ဆန္စက္ထဲမိုးေရဝင္ကတည္းက သမီးျဖစ္သူ
ကလ်ာေသာင္းေနာက္ကို ေကာက္ေကာက္ပါေအာင္လိုက္သြားသည္။ ေသာင္းဆင့္ကိုလိုက္ခဲ့ဖို႔ေခၚေပမဲ့ ကိုယ့္ကိုေတာ့ စာရင္းထဲမပါခဲ့။
အခ်စ္ခံသမက္ေလးဆိုေတာ့လည္း
ရိွပါေစေတာ့။
" ဒီအေဖရဲ့ သားကို ယူထားမွေတာ့။ အိမ္ဆိုတာလည္းအခ်ိန္တန္ဒီသားေလးပဲပိုင္မွာမို႔လား။
စိတ္ေတြေလ်ာ့ပါဗ်ာ။ အေဖ့ကို ဂရုမစိုက္နဲ႔။ ေသာင္းဆင့္ကိုပဲၾကၫ့္။ ေသာင္းဆင့္က ႏွင္းဆီဘြဲ႔ဆူးမွ ႏွင္းဆီဘြဲ႔ဆူးပဲ၊ တစ္ျပားမွကိုမေလ်ာ့ဘူး။
အေဖ ႏွင္ခ်တာေတာင္မွအၿပံဳးမပ်က္ဘူးေနာ္၊
ေယာက်ာ္းေနာက္ ေကာက္ေကာက္ပါေအာင္လိုက္ခဲ့တာ ၊အဲ့ဒါအေဖ့ထက္ ႏွင္းဆီဘြဲ႔ဆူးကိုပိုခ်စ္လို႔ "
" မင္းလိုသားမိုက္မ်ိဳး ေမြးထားတဲ့မင္းအေဖကို ကိုယ္ ေတာ္ေတာ္အားနာေနၿပီ "
" အားမနာပါနဲ႔ဗ်ာ။ ေသာင္းဆင့္ကအေဖ့ထက္အပံုႀကီးလိမ္မာပါတယ္။"
" မင္းေတာ္တ္ေအရွက္မရိွတာပဲ"
" ဒါေပါ့၊ ရွက္တက္ရင္ ေယာက်ာ္းရပါ့မလား။
ဆဲလိုက္ ဆူလိုက္၊ထိုးလိုက္ ၊ႏွက္လိုက္နဲ႔ ၊ ဒီညီေလး အခ်စ္ႀကီးေပလို႔ေပါ့ ။ မဟုတ္ရင္ လက္သံေျပာင္တဲ့ေယာက်ာ္းေဘးမွ သံုးရက္ေတာင္ၾကာမွာမဟုတ္ဘူး "
" ေတာ္ေတာ္.. အပိုေတြေျပာမေနနဲ႔။
စကားတက္တိုင္း ဂ်ပိုးက လိပ္ျဖစ္ေအာင္
မင္းမေျပာမွာ ပူရတယ္"
" ညီေလးကို မယံုဘူးလားေျပာ "
အသက္ရူလိုက္တဲ့ ေလႏြေးေနြးက ေမးဖ်ားအား ႏုညံ့စြာရိုက္ခက္လာလ်က္ရိွသည္။
ေသာင္းဆင့္ က မေျဖၾကားပဲ လွပခန႔္ညားေသာ မ်က္ႏွာအား တယုတယ ငံု႔မိုး၍ ၾကၫ့္ေနတာျဖစ္၏။
ထိုအၾကၫ့္ေၾကာင့္ ဘြဲ႔ဆူး ရင္ခုန္သံတစ္ခ်ိဳ႕ ျဖစ္ထြန္းသြားသလို တဒုတ္ဒုတ္ခုန္၍ လာ၏။
စူးရွေသာ အၾကၫ့္ေၾကာင့္ လံုၿခံဳသြားၿပီး
အားအင္ျပၫ့္ဝသြားသည္ကသိသိသာသာပင္ျဖစ္သည္။ ေနာက္ၿပီး
စိုးရိမ္တဲ့စိတ္က ညီေလးဆိုတဲ့စကားေၾကာင့္
ဆင့္ကဲ ေျပာင္းလဲကာ
ရယ္ခ်င္စိတ္ကိုျဖစ္ ေစခဲ့သည္။
" ဘယ္ကညီေလးလဲ။ ကိုယ့္မွာ ညီ မရိွဘူး "
" ရိွပါတယ္၊ ဒီမွာေလ ၊နာမည္က ေသာင္းဆင့္လို႔ေခၚတယ္။ ရိုးရိုးညီေတာ့မဟုတ္ဘူး၊ဘဂၤလားညီ "
" ဖယ္စမ္းပါ ၊ရုပ္ကိုက အပိုးမက်ိဳးတဲ့ ေမ်ာက္မ်က္ႏွာနဲ႔ "
ရင္ဘတ္အားတြန္းရင္း ဘြဲ႔ဆူး ေျပာေတာ့ ေသာင္းဆင့္မ်က္ႏွာႀကီးရႈံ႔မဲ့သြားတာ ရုပ္ဆိုးပန္းဆိုးျဖစ္သြားတဲ့အထိ။
" ဘယ္က ေမ်ာက္မ်က္ႏွာလဲ ။ ေခ်ာင္းကမ္းရြာမွာ ေသာင္းဆင့္ေလာက္ခန႔္ညားတဲ့သူ ရိွဦးမွာတဲ့လား ။
ႏွင္းဆီဘြဲ႔ဆူး ကံေကာင္းလို႔ဒီလို ရုပ္မ်ိဳးရိွတဲ့ ေယာက်ာ္းတစ္ေယာက္ ပိုင္ဆိုင္ထားတာေတာင္မွ
မက္ေမာရမွန္း ၊ခ်စ္ရမွန္းမသိဘူး။ "
" အေျပာင္အပ်က္ေတြေလ်ာ့စမ္းပါ "
" ဟင့္အင္ ၊ ေသာင္းဆင့္တကယ္ေျပာေနတာ ။
နည္းနည္းေလး ေလာက္ကို မခ်စ္ေသးဘူးလား။
ေသာင္းဆင့္ကို မခ်စ္ရင္ ေနာက္ဆို ႏွေျမာေနရမယ္ေနာ္ "
ေသာင္းဆင့္စကားေၾကာင့္ ဘြဲ႔ဆူး တည္ၿငိမ္စြာပင္
ေမာ့ၾကၫ့္မိသည္။
ေသာင္းဆင့္ တင္းတင္းေစ့ထားတဲ့ႏူတ္ခမ္းေတြက
အနည္းငယ္ၿပံဳးေယာင္သန္းေနေပမဲ့ မ်က္လံုးေတြကေတာ့ စိတ္ဆိုးသလို မ်က္ေမွာင္ၾကဳတ္ထား၏။
ဘြဲ႔ဆူးေမးဖ်ားကို တြန္းကာ မ်က္ႏွာလြဲသည္။
" ဖယ္ပါ အဲ့ရုပ္ႀကီးနဲ႔ ငါ့ကိုမၾကၫ့္စမ္းနဲ႔။ "
" ခ်စ္လို႔ၾကၫ့္တာေလ။ ရြာထဲမွာ ေသာင္းဆင့္ဆီက အၿပံဳးတစ္ပြင့္ရဖို႔ ၊အၾကၫ့္တစ္ခ်က္ရဖို႔ အပ်ိဳေလးေတြ ဘယ္ေလာက္ခက္ခက္ခဲခဲရိွလိုက္သလဲ ။
ေသာင္းဆင့္က အဖိုးတန္မ်ိဳးမွန္ဗ်။ က်ဳပ္ႏွင္းဆီသာ
တန္ဖိုးမသိတာ"
စကားတက္လွေသာ ေခ်ာင္းကမ္းရြာသားေၾကာင့္
ဘြဲ႔ဆူး အရယ္မရပ္ေတာ့ေပ။
ေသာင္းဆင့္သည္ ရယ္ေနတဲ့ ဘြဲ႔ဆူးအားၾကၫ့္ကာ
မ်က္ဝန္းေထာင့္မ်ားအားဖြဖြေလး ပြတ္သပ္
ေပးလာ၏
" မ်က္ရည္ထြက္တဲ့အထိ ရယ္ေနတာပဲ။
က်ဳပ္စကားေတြက အဲ့ေလာက္ ကေလးဆန္ေနလား "
" မဟုတ္ပါဘူး "
" အဲ့ဒါဆို မရယ္နဲ႔ေလ "
" ဟင့္အင္နည္းနည္းရယ္ခ်င္ေသးတယ္ "
ေသာင္းဆင့္သည္ ရယ္ေမာေနတဲ့ အမ်ိဳးသားတစ္ေယာက္ကို ႏု႔ညံ့စြာ ၾကၫ့္ေနခဲ့တာျဖစ္သည္။
သူ႔အိမ္မက္ေတြသည္ ေယာက်ာ္းတစ္ေယာက္ကို သိမ္ေမြ့စြာ ခ်စ္ေပးဖို႔ျဖစ္ခဲ့ေပမဲ့ မခြဲမခြာေနခ်င္တဲ့စိတ္ကလည္း ေျပေလ်ာ့မသြား။
တကယ္ေျပာတာ ၊ ေသာင္းဆင့္ရထားတဲ့ ေယာက်ာ္းကို ေတာ္ေတာ္ေလး ခ်စ္ေနမိၿပီ။
__________
" ေသာင္းဆင့္ မင္းတကယ္ ေျပာေနတာလား "
စုရံုးေရာက္ရိွေနေသာ ရြာသားမ်ားေရ႔ွတြင္ ေသာင္းဆင့္ မရယ္မၿပံဳး ခပ္တည္တည္ပင္ ေခါင္းညိမ့္ျပသည္။
ယေန့ အစည္းအေဝးကား ေခ်ာင္းကမ္းရြာမွာ ရိွတဲ့ လူငယ္လူႀကီးမွန္သမ်ွ အေရးတႀကီးတက္ေရာက္ရသၫ့္ပြဲ။
အေၾကာင္းတရားကေတာ့ တိမ္လႊာကန္အေၾကာင္း
ေဆြးေနြးဖို႔ျဖစ္သည္။
ပထမဦးဆံုး အဆိုတင္သြင္းသူက ေသာင္းဆင့္မို႔
က်န္သူမ်ား အင္တင္တင္ျဖင့္ ေျပာစကားကို မလိုက္ေလ်ာခ်င္ၾကေပ။
" ဟုတ္တယ္ သူႀကီး။ တိမ္လႊာကန္ေရကို စနစ္တက် ေဖာက္ခ်ႏိုင္ရင္ ေရလ်ံၿပီး ကန္မၿပိဳႏိုင္ေတာ့ဘူး။ "
" ၿပိဳက်မယ္၊ၿပိဳမက်ဘူးဆိုတာ ခုထိ မေသခ်ာေသးဘူး။ မင္းလုပ္လိုက္မွ ကန္ၿပိဳသြားရင္ မင္းတာဝန္ယူႏိုင္လို႔လား "
အမ်ားၾကားမွာ ေရာေနွာထိုင္ေနတဲ့ ဘြဲ႔ဆူးသည္
ထရပ္၍ေျပာလာတဲ့ လူႀကီး အား မ်က္ေမွာင္ၾကဳတ္လ်က္ ၾကၫ့္လိုက္သည္။
ေသာင္းဆင့္သည္ စိတ္ဆိုးဟန္မရိွပဲ ထိုလူႀကီးအား ေခါင္းညိမ့္ျပကာဆက္ေျပာလာသည္။
"ဦးေလးေျပာတာလဲ မွန္ပါတယ္။
ဒါဆို က်ဳပ္တို႔ ျဖစ္လာမဲ့ ေဘးကို မကာကြယ္ပဲထိုင္ေစာင့္မွာလား ။ ဒီေရခ်ိန္အတိုင္းဆို တိမ္လႊာကန္ ေရလ်ံဖို႔ ႏွစ္ရက္ေတာင္ ၾကာလိုက္မွာမဟုတ္ဘူး။
ဘာမွမလုပ္ပဲ ထိုင္ေစာင့္ေနလို႔ ကန္ၿပိဳခဲ့ရင္ေရာ ျဖစ္လာတဲ့ အက်ိဳးဆက္ကို ဦးေလးတာဝန္ယူႏိုင္ရဲ့လား "
"ဒါ..ဒါကေတာ့။ "
ေသာင္းဆင့္လက္ကာျပသည္။
" ခဏေလးပါ ၊က်ဳပ္ေျပာတာမၿပီးေသးဘူး။
တိမ္လႊာကန္ ေရေဖာက္ခ်မယ္ဆိုရင္ ေတာအတြင္းပိုင္းကို က်ဳပ္အေနနဲ႔ ေဖာက္ခ်ခ်င္တယ္။ ဒါဆို ရြာဖက္ကိုေရက်စရာ မလိုေတာ့သလို ဘာအႏၲရာယ္မွလည္းျဖစ္မွာမဟုတ္ေတာ့ဘူး။ "
ဦးမိုးလြင္း စဉ္းစားရင္း ဦးဘေထြးအား
လွမ္းၾကၫ့္မိသည္။
သူ႔အေနနဲ႔ အေရးတႀကီးအေၾကာင္းအရာမို႔
တစ္ေယာက္ထဲ ဆံုးျဖတ္ဖို႔မဝင့္ရဲေပ။
" ဦးဘေထြး ေသာင္းဆင့္ေျပာတာကို ဘယ္လိုသေဘာရလဲ "
အခ်ိန္အခါအရ မိုးသည္ ဆက္တိုက္ရြာသြန္းေနၿပီး
ရြာေဘးမွာ ရိွတဲ့ လြမ္းေခ်ာင္းသည္ ျပန႔္က်ယ္လာကာ
ကမ္းပါးရိွ တဲစုတစ္ခ်ိဳ႕အားတိုက္စားစျပဳလာၿပီျဖစ္၏။ ထိုအရာသည္ သူႀကီးျဖစ္သူဦးမိုးလြင္အား စိတ္ပူလာ ေစသလို၊ သက္ႀကီးစကားမ်ားေၾကာင့္
အရင္ေခတ္ကလို ေသေက်မူ႔ျဖစ္မွာကိုလည္း စိုးရိမ္လာခဲ့၏။
ေလးရြာေတာႀကီးသည္ အနီးအနားရြာစဉ္တန္း
အတြက္ အဓိက အားထားမွီတင္းရာျဖစ္ၿပီး အႏၲရာယ္အမ်ားဆံုးဆိုလည္းမမွား။
လြန္ခဲ့ေသာ္ ႏွစ္ေျခာက္ဆယ္ခန႔္က ဦးဘေထြး၏အသက္မွာ သံုးႏွစ္ေက်ာ္ ေလးႏွစ္ေလာက္သာရိွေပဦးမည္။
နာက်င္စရာ အတိတ္ကို ခုေခတ္လူငယ္ေတြမမွီခဲ့ေပမဲ့ ေလးရြာေတာႀကီးအတြင္းမွ တိမ္လႊာကန္ၿပိဳခဲ့ျခင္းေၾကာင့္ ေသဆံုးခဲ့သၫ့္ စာရင္းတြင္ေတာ့ ဦးဘေထြး၏ဖခင္ပါ ပါခဲ့သည္မို႔လား။
ထို႔ေၾကာင့္ မိုးရာသီေရာက္တိုင္းဦးဘေထြး ေၾကာက္ ေနတက္သည္။
ထိုစဉ္အခါက ၾကားခဲ့ရေသာ မိခင္၏ ငိုေႂကြးသံကို ယေန့တိုင္ၪီးဘေထြးမွတ္မိေနဆဲပင္။
ယခုအခါမွာ တိမ္လႊာကန္ႏွင့္ လြမ္းေခ်ာင္း ရာဇဝင္က ေမွးမိွန္လာခဲ့ေပမဲ့ ဦးဘေထြးကေတာ့ တဖန္ျပန္လည္လာမၫ့္ အႏၲရာယ္အား လူႀကီးတစ္ေယာက္အေနနဲ႔ မေပါ့ဆရဲေတာ့ေပ။
ေနာက္ၿပီး ေသာင္းဆင့္တင္ျပတဲ့ အခ်က္သည္ အျဖစ္ႏိုင္ဆံုးမို႔ သူ႔အေနနဲ႔ ထိုနည္းကိုသာေရြးခ်ယ္ေစခ်င္သည္။
" က်ဳပ္အေနနဲ႔ကေတာ့ ဒီကေလးေျပာတာကို လက္ခံခ်င္တယ္။ ဒါေပမဲ့ ရြာသူရြာသားေတြဖက္ကေရာ လက္ခံဖို႔မခံဖို႔ ဘယ္လိုဆံုးျဖတ္ခ်က္ခ်ခ်င္လဲ "
ဦးဘေထြးစကားေၾကာင့္ တိတ္ဆိတ္ေနေသာ စကားဝိုင္းသည္ ႂကြပ္ႂကြပ္ညံကာ တစ္ေယာက္တစ္ေပါက္
တိုင္ပင္ႏွီးေနွာသံမ်ားထြက္လာ၏။
လက္မခံသူရိွသလို လက္ ခံသူလည္းမ်ားတာေၾကာင့္
ဆရာေတာ္ဘုရားဝင္မိန႔္မွသာ ၿငိမ္သက္သြားေတာ့သည္။
" တဲအိမ္၊ မခိုင္ခံ့တဲ့အိမ္၊မွန္သမ်ွ ဆရာေတာ္ေက်ာင္းမွာ လာေရာက္ ေျပာင္းေရြ့တည္းခိုႏိုင္တယ္။
မျဖစ္ေသးတဲ့ေဘးကို မေၾကာက္တက္ဘူးဆိုရင္ေတာင္မွ
လြန္ခဲ့တဲ့ ႏွစ္ေျခာက္ဆယ္ေလာက္က သမိုင္းကိုေတာ့ ေမ့မပစ္သင့္ဘူး။ ခုဆို လြမ္းေခ်ာင္း တျဖည္းျဖည္းက်ယ္လာၿပီ။ ကမ္းနားမွာ မေန့က ဖိုးခ်ိဳတို႔ တဲ ကမ္းပါးၿပိဳတဲ့အထဲပါသြားတာကိုေရာ သိၾကရဲ့လား "
ဆရာေတာ္ အစည္းအေဝး ဆက္မလုပ္ေတာ့ပဲ
ေသာင္းဆင့္အား ဆက္မိန႔္သည္။
" ဒကာေသာင္းဆင့္ ၊ ရြာထဲက သန္မာၿပီး
ေပါက္ျပားကိုင္ႏိုင္ေသးတဲ့ အရြယ္မွန္သမ်ွ ေတာဝင္ဖို႔ေခၚသြားေခ် ။ ဆက္ၿပီး အထြန႔္တက္ရဲတဲ့သူရိွရင္ ဆရာေတာ္ ႀကိမ္လံုးက လူေရြးမွာမဟုတ္ဘူး "
ဆရာေတာ္ဘုရား၏ ႀကိမ္လံုးဆိုတဲ့ အသံေၾကာင့္
တစ္ရြာလံုး နားရြက္ပင္မခတ္ရဲေတာ့ေပ။
ေသာင္းဆင့္မသိမသာ ဘြဲ႔ဆူးထံလွမ္းၾကၫ့္ကာ
သူရဲေကာင္းသဖြယ္ ရင္ေကာ့ျပလာ၏။
ကေလးဆန္လွေသာ အျပဳအမူေၾကာင့္ ဘြဲ႔ဆူး
အထိန္းအသိမ္းမတက္တဲ့ အုပ္ထိန္းသူသဖြယ္ ရွက္လြန္းလို႔လွၫ့္ေတာင္မၾကၫ့္ရဲေတာ့ေပ။
သဘာဝေဘးအႏၲရာယ္မို႔ ေမ်ွာ္မွန္းထားလို႔ေတာ့မရ။
ေတာင္ေပၚကေန ေဝါခနဲ ၿပိဳက်လာမၫ့္ေရလံုးသည္ နည္းနည္းျဖစ္မလား ၊မ်ားမ်ားျဖစ္မလား မည္သူမွ မသိေသးေပ။ ထို႔ေၾကာင့္တဲစုအမ်ားစုကေတာ့ ေရွာင္ရွားၾကသည္။
ေလးရြာေတာဆိုသည္မွာ အနီးအနားရြာစုေလးရြာအားရည္စူး၏ထို႔ေၾကာင့္ ေတာေတာင္တန္းႀကီးသည္ ေလးရြာစုအား ပတ္ဝိုင္းထားသလို ရွည္လ်ားကာ ေတာင္ေျခေနရြာစုမ်ားလိုျဖစ္ေန၏
ေလးရြာေတာထဲရိွ တိမ္လႊာေခ်ာင္းမွ ေရတို႔သည္
ေရတံခြန္အျဖစ္ က်ဆင္းၿပီး တိမ္လႊာကန္သို႔ စီးဆင္းဝင္ေရာက္သည္။ ေနာက္ၿပီး မတူညီသၫ့္ေရက်ရာလမ္းေၾကာင္းမွ ေရအနည္းစုသည္လည္း လြမ္းေခ်ာင္းကို စီးဝင္ေသးသည္။
ထို႔ေၾကာင့္ တိမ္လႊာကန္ေရစီးဆင္းမူ႔ကအခ်ိန္ၾကန႔္ၾကာေနေသးတာျဖစ္၏။ ေခ်ာင္းကမ္းရြာသည္ တိမ္လႊာကန္ၿပိဳလ်ွင္ အႏၲရာယ္အမ်ားဆံုးရြာဆိုလည္းမမွားေပ။
ေသာင္းဆင့္အပါအဝင္ ရြာသား အေယာက္ ေလးဆယ္
ေက်ာ္ခန႔္ ေတာဝင္ၾကသည္။ ထိုအထဲမွာ ဘြဲ႔ဆူးလည္းပါေလ၏။
ေပါက္ျပားႏွင့္ ကန္ကိုျပန္လည္ ပိတ္ဆို႔ဖို႔ ပစၥည္းတခ်ိဳ႕သယ္ကာ ေလးရြာေတာသို႔ ေနမြန္းမတၫ့္ခင္ ဝင္ေရာက္ၾကသည္။
မိုးရြာသြန္းမူ႔သည္ မရပ္တန႔္ေသးေပ။
ရြဲရြဲစိုေနေသာ ရာသီဥတုတြင္ ဘြဲ႔ဆူးတစ္ေယာက္သာ မိုးကာအက်ႌ ပါသည္။ က်န္သူမ်ားကေတာ့ ရိုးသားတဲ့ေတာသူေတာင္သားမ်ားမို႔ ခေမာက္တစ္ခ်ပ္ဆီကိုသာ ရိုးရွင္းစြာ ေစာင္းထားၾက၏။
ေသာင္းဆင့္သၫ့္လည္းထိုအတိုင္းပင္။
ဒူးေလးတစ္ေခ်ာင္းကိုလြယ္ကာ တိမ္လႊာကန္ရိွရာ ေတာတြင္းသို႔ ခပ္ျမန္ျမန္သူတို႔ဝင္ေရာက္လာခဲ့သည္။
သာဒင္ ၊ဖိုးေထြး ႏွင့္က်န္ရြာသားတခ်ိဳ႕သည္
အိမ္ေျပာင္းေရြ့ရန္ တက္ညီလက္ညီလုပ္အားေပးဖို႔ ရြာမွာ တဝက္မက က်န္ရိွခဲ့သည္။
အစီအစဉ္ ေနာက္တစ္ခုကိုတင္ျပသူက ဘြဲ႔ဆူးသာျဖစ္၏။
ေသာင္းဆင့္တို႔ မေအာင္ျမင္လ်ွင္ ၊ ရြာ ဒုကၡမေရာက္ဖို႔ ေနအိမ္ေရြ့ေျပာင္းသိမ္းဆည္းမူ႔ကို လည္း အျမန္လုပ္သင့္သည္။
ေခ်ာင္းေဘးကတဲမ်ားႏွင့္ တရိစၧာန္မ်ားကို ေရြ့ေျပာင္းၾကျခင္း၊ သက္ႀကီးရြယ္အိုမ်ားကို ေဘးလႊတ္ရာပို႔ျခင္းတို႔ကို က်န္ရိွသူမ်ားလုပ္ၾကရသည္။
" ေအးေနၿပီလား "
အနည္းငယ္မတ္ေစာက္သည္မို႔ ေတာဝင္ျခင္းဟာ ထင္သေလာက္မလြယ္ကူေပ။
တစ္ခါမွမဝင္သူအေနနဲ႔ ဘြဲ႔ဆူးပို၍ ပင္ပန္း၏။
" အေအးဘူး။ ငါအဆင္ေျပပါတယ္ "
" ေရာက္ေတာ့မွာပါ။ အားတင္းထားေနာ္ "
ဒူးေလးအျပင္ ဓားမ တစ္ေခ်ာင္းႏွင့္ ေပါက္ျပားတစ္လက္ကိုလည္းေသာင္းဆင့္ကိုင္ေဆာင္ထား၏။
ခေမာက္သည္ တစ္ကိုယ္လံုးမလံုၿခံဳႏိုင္သည္မို႔ ပုခံုးျပင္ က်ယ္တို႔သည္ ရြဲစိုလ်က္ရိွေနသည္။
တိမ္လႊာကန္ကို မေရာက္ခင္ တေဝါေဝါျမည္သံက်ယ္ႀကီးအား ဘြဲ႔ဆူးအရင္ၾကားလိုက္ရ၏။
ထိုအသံမွာ တိမ္လႊာေရတံခြန္ဆီမွ ေရက်သံျဖစ္ေလသည္။
ကန္သို႔သြားရာလမ္းတေလ်ွာက္ တြင္ ဝါးပင္ႀကီးမ်ား အုပ္ဆိုင္းေနလ်က္ရိွၿပီး ဝါႏု၊မ်ွစ္တို႔သည္လည္း ေအာက္ေျခမွာ အစီစီ ေပါက္ေနေလ၏။ ထိုမ်ွစ္ေပါက္တို႔အား အေျပးအလႊားသြားခ်ိဳးခ်င္တဲ့စိတ္တို႔အားခ်ိဳးႏိွမ္လ်က္ ရြာသားမ်ားမွီေအာင္ မနည္းေျပးလိုက္ေနရသည္။ သစ္ႀကီးဝါးႀကီးမ်ားေပါက္ေရာက္ရာေနရာမို႔ သက္တမ္းရင့္အပင္မ်ားၾကားတြင္ လွပစြာပြင့္ဖူးေနေသာ သစ္ခြမ်ားလည္းေတြ့ရ၏။
ျမင္ျမင္သမ်ွလွပလြန္းသည္မို႔ ျမင္ကြင္းကမ်က္စိလြဲဖို႔ကိုေမ့ေလ်ာ့သည္အထိ။
ဝါးရံုေတာ အလြန္တြင္ ဆယ့္ခုႏွစ္ေပခန႔္အျမင့္ရိွေသာ
တိမ္လႊာေရတံခြန္ကို လွမ္းျမင္လိုက္ရ၏။
တဝုန္းဝုန္း က်ေနေသာ ေရမွ ေရအမႈန္အမႊားတခ်ိဳ႕သည္ လြင့္စင္လာသည္မွာ လွပေသာ ပန္းခ်ီကားတခ်ပ္ကိုၾကၫ့္ရသၫ့္ႏွယ္။
ထို႔မွတဆင့္ ငါးမိနစ္ေက်ာ္ခန႔္ေရ႔ွဆက္သြားလ်ွင္
တိမ္လႊာေခ်ာင္းမွ ေရမ်ားစီးဝင္ရာ ကန္ႀကီးကိုေတြ့ႏိုင္၏။
အက်ယ္မွာ တစ္ဧကနီးပါးေလာက္ရိွမည္လား မမွန္းဆႏိုင္ေပမဲ့ အေတာ္ေလးက်ယ္ဝန္းသည္ကိုေတာ့ ေတြ့ႏိုင္၏။
" တိမ္လႊာကန္ေရလ်ံေတာ့မယ္။ က်ဳပ္တို႔အလာေစာသြားတာေတာ္ေသးလို႔"
အသက္ေလးေက်ာ္အရြယ္ခန႔္ လူႀကီးကေျပာလာ၏။
က်န္လူမ်ားသည္ အေတာ္ၾကာေအာင္ ရပ္တန႔္၍ ေငးေမာေနေပမဲ့ ေသာင္းဆင့္ကေတာ့ ကန္၏တစ္ေနရာအား ေကြ့ပတ္၍ ထြက္သြားေလသည္။
ဘြဲ႔ဆူး ေနာက္ကေနလိုက္သြားသည္။
ကန္ပတ္လည္တြင္ ၿခံဳမ်ား ရိွေနၿပီး ကန္ေဖာက္ဖို႔ေနရာအား အေတာ္နဲ႔ရွာလို႔မေတြ့ေခ်။
အေတာ္ၾကာမွ ေသာင္းဆင့္ဆက္မသြားပဲ ရပ္လိုက္၏။
ထိုေနရာမွၾကၫ့္လ်ွင္ ေအာက္ဖက္တြင္ဆင္ေျခေလ်ာ တစ္ခုရိွေနသည္။
" ေသာင္းဆင့္ေရေဖာက္ခ်ရင္ ၊ရြာဖက္ေရျပန္မစီးက်ဖို႔ ေသခ်ာလို႔လား "
ဘြဲ႔ဆူး ေသာင္းဆင့္ေဘးအား ေရာက္မလာပဲ သံုးလွမ္းခန႔္အကြာကေနလွမ္းေျပာတာျဖစ္၏။
သူတို႔ႏွစ္ေယာက္ၾကားတြင္ ဒူးေလာက္အျမင့္ရိွေသာ ေက်ာက္တံုးတစ္တံုးရိွေနသည္မို႔ ေရ႔ွတစ္လွမ္းတိုးကာ ဘြဲ႔ဆူး အေပၚကိုတက္လိုက္သည္။ အနည္းငယ္ျမင့္သြားတဲ့ ဘြဲ႔ဆူးဆီအား ေသာင္းဆင့္ လက္လွမ္းေပးလိုက္၍
" ျဖည္းျဖည္းဆင္း " ဟုဆိုလာ၏။
လက္ကိုကိုင္၍ ဘြဲ႔ဆူးဆင္းလိုက္ရင္း ဆင္ေျခေလ်ာအားငံု႔ၾကၫ့္လိုက္ၿပီး
" ေသာင္းဆင့္ ေရကရြာဖက္ေရမေရာက္မွာလည္းေသခ်ာလားလို႔ " ဟုထပ္ေမး၏
မိုးသည္ကား ရြာေနဆဲပင္။
လက္ဖ်ားတို႔သည္ ေအးစက္ကာ တုန္ရီစျပဳလာၿပီ။
ေသာင္းဆင့္က စကားတို႔အား မဆိုပဲ
ဘြဲ႔ဆူးလက္အား ႏွစ္ခါသံုးခါ ဖ်စ္ညစ္၍ ေသြးေလေလ်ွာက္ေစသည္။
" ဖ်ားေတာ့မွာပဲ။ ႏွင္းဆီဘြဲ႔ဆူး ဟိုဖက္နားမွာ မိုးခိုေန ပါ့လား"
"မင္းေတာ္ေတာ္မ်က္ႏွာလိုက္တဲ့ ေကာင္ပဲ"
" တူမလားဗ်။ ဒါက ေယာက်ာ္း ဟိုက သူစိမ္းေတြ"
ေပါက္ျပားကိုင္ထားတဲ့ လူတစ္စုသည္ ေအာက္ဖက္ ဆင္ေျခေလ်ာတြင္ ေသာင္းဆင့္အားေမး၍ ေရသြားႏိုင္တဲ့ ေျမာင္းအေသးတစ္ခု စ ေဖာက္ေနေခ်၏။ အနည္းငယ္ ထူေသာ ၿခံဳတို႔အားဖယ္ရွားၿပီးခ်ိန္တြင္ ဆင္ေျခေလ်ာသည္ နိမ့္ဆင္းသြားကာ ေတာအတြင္းပိုင္းလ်ိဳထဲသို႔နိမ့္ဆင္းသြားသည္။
" ငါအလုပ္လုပ္မယ္"
ေသာင္းဆင့္ သက္ျပင္းခ်ကာ လက္ထဲကကိုင္ထားေသာ ေပါက္ျပားအားေပးလာ၏။
" အားမထၫ့္ပဲေပါက္ေနာ္။ သူတို႔မ်ားမ်ားလုပ္ၾကလိမ့္မယ္ "
အားမာန္အျပၫ့္နဲ႔ ေျမေပါက္ေနတဲ့ရြာသားတခ်ိဳ႕
သည္ ေသာင္းဆင့္ စကားေၾကာင့္ မေက်မနပ္ေခါင္းေထာင္ၾကၫ့္လာသည္။
ေသာင္းဆင့္ အေရးမလုပ္ပဲ သူ႔ေယာက်ာ္းအား ေျမပြေသာ ေနရာအားေရြးၿပီးေပါက္ေစ၏။
ခ်စ္တဲ့အိမ္စည္။
Bạn đang đọc truyện trên: ZingTruyen.Xyz