ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

13

eainsi23

" သောင်းဆင့် ဟိတ်ကောင် "

ကျယ်ကျယ်လောင်လောင်နှိုးသော်လည်း မထပဲ စောင်ကို ခေါင်းထိဆွဲခြုံကာ ပြန်ငြိမ်သွားသည်။
ကြည့်...။
စိတ်မရှည်လို့ ထုရိုက်ရင်အသားနာဦးမည်။
ကောင်းကောင်းမွန်မွန် ဘယ်တော့မှ သောင်းဆင့်က ပြောပေးလို့မရ။
ကိုယ်ပေါ်မှာ ရွှေမရှိ တော့ကတည်းက ဖျားတဲ့အဖျားသည် လေးရက်ပြည့်သည့်အထိ ပျောက်ကင်းမလာပေ။
ဆေးသောက်လို့လည်းမပျောက်၊ဆေးခန်းသွားမည်ဆိုလည်းမဟုတ်။
အိမ်မှာပဲပေကပ်နေသည်။
အရက်မသောက်ရပဲဖျားနေသည်မို့ ရောဂါက ပိုဆိုးလာသလားလည်းမသိ။ တစ်ခါတလေ ကယောင်ကတန်းတွေပါပြောသည့်အထိပင်။

" ဆေးသောက်မယ် "

" တော်ပြီ သောင်းဆင့်မသောက်ချင်ဘူး "

အသံထွက်လာတဲ့စောင်ပုံကို မမြင်ရဘူးဆိုတာသိပေမဲ့ မျက်စောင်းရွယ်ကာ လက်ထဲကိုင်ထားတဲ့ဆေးတစ်ခွက်စာကို ဘေးကိုချရသည်။ မောင်ဟု ပြောသည်ကို မကြိုက်ဘူးဟု ဆိုခဲ့တော့ ထပ်ထွက်မလာသော်ငြား
နောက်တစ်မျိုးပြောင်းကာ သောင်းဆင့်ဟုပြောပြန်သည်။ အရပ်ရှည်ကာ အရွယ်ထွားသော ယောကျာ်းတစ်ယောက်မှ ကိုယ်နာမည်ကို ကိုယ်ပြန်သုံးတာကြားရသည်က ရယ်စရာဖြစ်သော်ငြား မရယ်ဖြစ်ခဲ့။ သောင်းဆင့်က အရက်သမားဆိုပေမဲ့
အပြောအဆိုက ညက်ညောသည်။ ငယ်ရွယ်သူမို့ ချွဲနွဲ့နေပုံ။

" မထရင် မင်းကိုယ့်အကြောင်းသိတယ်နော်"

" သောင်းဆင့် တကယ်ဆေးမသောက်ချင်ဘူး "

" ဖြစ်ရပြန်ပြီ ၊ မသောက်ရင် ပျောက်မလားဟ။
ကိုယ်တကယ်မင်းကိုစိတ်မရှည်တော့ဘူးနော် ။
ထတော့ "

ထိုအခါမှ စောင်စလေးကို အနည်းငယ်‌ဖယ်‌‌ ပေးသည်
ဆံပင်ရှည်တွေနဲ့ဖုံးနေတဲ့ မျက်လုံးနီနီကဆေးသောက်ရမှာကြောက်သည့်ပုံ။
ကလေးလည်းမဟုတ်ပဲ ‌ခုမှနုယွနေလိုက်သည့်ဖြစ်ခြင်း။ တစ်သက်လုံး ‌တွေ့ရာထိုးအိပ် လမ်းဘေးသေးပန်းတဲ့ကောင်က ပြုစုမဲ့သူရှိဘေးမှာရှိကော
ချွဲ့နွဲ့ပျော့ဖက်နေက အမြင်ကပ်စရာဖြစ်သည်အထိ။

" ခေါင်းတွေမူးတယ်"

" ဆေးသောက်ရင်‌ ပျောက်တယ်။ အပိုမဆိုပဲသောက်လိုက် "

နောက်တစ်ကြိမ် ပြောမှ ပေးတဲ့ဆေးကို ထ သောက်သည်။ အကုန်ပြီးစီးသည်အထိ ဘွဲ့ဆူးသေချာလိုက်ကြည့်ပြီးမှ မျက်မှောင်တွန့်ထားတာ ဖြေလိုက်တော့သည်။

" မင်း လက်ကိုပေး"

" ဟမ်"

" မင်းလက် ကိုယ့်ကိုပေးလို့ပြောတာ "

ဆန့်ထုတ်ပေးလာတဲ့ လက်ကို ဘွဲ့ဆူးဆုပ်ကိုင်လိုက်ချိန်တွင် ပူစပ်စပ် အထိအတွေ့ကိုရသည်။ သောင်းဆင့်သည် အသားမဲတဲ့အထဲပါသည်။ မဲမှောင်နေသော သပိတ်ရောင် ဖြစ်မနေသော်ငြား
ဖြူသော ဘွဲ့ဆူးလက်ဖြင့်ယှဉ်ကာ ပိုမိုမဲသယောင်ရှိသည်။ လက်ဆစ်တို့သည်တုတ်ကာ အဖျားတွင် အနည်းငယ် ရှူးသွား၏။ အရက်သမားလက်ဆိုပေသည့် ထိတွေ့ရသည်မှ နုညံ့မူ့ကို ခံစားရသည်။ တသက်လုံး လက်ကျောတင်းအောင် အလုပ်မလုပ်မှန်းသိသာသည်။

" ကိုယ်ရွာထဲသွားရမှာ ရှက်တယ်။ နေကောင်းပျောက်ရင် မင်းအလုပ်တစ်ခုခုလုပ်ဖို့စဉ်းစားအုံး"

ထို့နောက် သက်ပြင်းချကာ မိမိလက်တွင်စွပ်ထားသော မောင်းကွင်းလက်စွပ်ကိုချွတ်ကာ ဝတ်ပေးလိုက်သည်။ ဒါအမှန်တရားပင်ဖြစ်သည်။
ယောကျာ်းချင်းယူထားသည်က ပတ်ဝန်းကျင်မှာ အထူးအဆန်းဖြစ်နေသေးသည်။ အိမ်ပြင်မထွက်နှင့် ကွက်ကြည့်ကွက်ကြည့် နှင့် အကြောင်းရှာကာ
စပ်စုကြသည်။

" မပျောက်စေနဲ့။ ဒါကိုယ့်မှာရှိတဲ့တစ်ခုတည်းသော
ရွှေထည်ပစ္စည်း "

သောင်းဆင့် သူ့လက်သူကြွယ်တွင်ရှိသော ရွှေလက်စွပ်လေးအားငုံ့ကြည့်မိသည်။
ထိုလက်စွပ်လေးကို နှင်းဆီဘွဲ့ဆူး၏ လက်ခလယ်မှာ ဝတ်ဆင်ထားတာကို သူတွေ့သည်။
လှပသောလက်မှာ ရိုးရှင်းသော အဆင်တန်ဆာဆိုပေမဲ့ သူ့နှင်းဆီလက်ကလေးနှင့် သိပ်လှဖူးသည်။
အလေးချိန်က သူဝတ်နေကြပစ္စည်းနှင့်ယှဉ်ရင်တော့ အချိန်မစီးပေ။ သို့သော် သူအိမ်ထောင်ဖက်၏ ပစ္စည်းလေးတစ်ခုမို့ ရင်ထဲ ပျားရည်မြစ်ကလေး ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်။ တဆက်တည်း ငိုချင်စိတ်ပါ ဖြစ်လာရင်သည်မို့ သူ့လက်ပေါ်တွင် ရှိနေသေးသော နှင်းဆီဘွဲ့ဆူးလက်ကလေးအား ယွယွ၊ဖွဖွလေးကိုင်ကာ ထွေးဆုပ်လိုက်မိပါသည်။

" သောင်းဆင့် ဝမ်းနည်းသွားပြီ "

" ဖယ်စမ်းပါ။ ပေါက်တကရတွေ ပြောမဲ့အစား မင်း မြန်မြန်အိပ်လိုက်တာအကောင်းဆုံးပဲ "

" တစ်ယောက်ထဲမအိပ်ချင်ဘူး ။ မင်းကော
အတူလှဲပေးမလား "

သူ့လက်အားရိုက်ထုတ်ပစ်လိုက်တဲ့ လက်ဖွေးဖွေးလေးကို ခပ်ငေးငေးကြည့်ကာ သောင်းဆင့် ‌သနားစဖွယ်ပြောလိုက်၏။ သို့သော် သူချက်ခြင်းအငြင်းခံလိုက်ရလေသည်။

" မလှဲပေးချင်ပါဘူး။ ငါ့မှအလုပ်တွေရှိသေးတယ်။
သာဒင်နဲ့ဖိုးထွေး ခဏနေလာမယ်တဲ့ ၊ ခြံထဲမှာ ခြုံတွေရှုပ်နေသေးတယ် ။ သူတို့ကူရှင်းပေးမယ်လို့တော့ပြောတာပဲ "

‌ပြောပြီးဆတ်ခနဲ ထားထွက်သွားတဲ့ သူကိုကြည့်ပြီး
သောင်းဆင့်မျက်နှာမဲမှောင်သွား၏။ တဆက်ထဲဝမ်းနည်းသွားသည်။

__________

မိုးရာသီမို့ မိုးကတော့ အချိန်အခါမဟုတ် ရွာချင်စိတ်ရှိရင် ထထရွာသည်။
သောင်းဆင့်အိမ်သည် ခြေတံရှည်အိမ်ဖြစ်ပြီးအောက်တွင် အကာမရှိချေ။
မြေပြင်ကို သမံသလင်းခင်းထားသည်မို့ ညစ်ပတ်ခြင်းတော့မရှိချေ။
မိုးရွာသည့်အခါ အိမ်အောက်ကြမ်းတချို့သည် အကာမရှိ၍ အနည်းငယ်စိုစွတ်လေ့ရှိသည်။

ဘွဲ့ဆူး လျှော်ထားတဲ့ အဝတ်တွေအား အိမ်အောက်ကြိုးတန်းထားတဲ့ နေရာမှာ လှမ်းလိုက်သည်။
နေမပွင့်သည်မို့ ဘယ်အဝတ်မှ ခြောက်ခြောက်သွေ့သွေ့မရှိ။
စိုထိုင်းထိုင်းနှင့်ဖာဥမဆွဲအောင် မိုးရပ်သည်နှင့် အပြေးအလွှားလှမ်းရသေးသည်။

" ဗျို့ ကိုဘွဲ့ဆူး "

အသံကြား‌၍ လှည့်ကြည့်တော့ ခြံစည်းရိုးအပြင်မှာ
လက်ပြနေသော သာဒင်၏ညီ စိန်ပန်းဆိုသောကလေးဖြစ်နေသည်။

" လာလေ ၊ စိန်ပန်း"

အခေါ်ရှိသည်နှင့် စိန်ပန်းပြေးပြေးလွှားလွှားခြံတံခါးကိုတွန်းဖွင့်ဝင်လာသည်။
ခြံထဲမှာ နှင်းဆီတွေ ဝေနေသည်က နှစ်ခြိုက်စရာ။
စိန်ပန်း လမ်းသွားရင်းငေးကြည့်သည်။
သူ့နာမည်က စိန်ပန်း။
သူမွေးတုန်းက ခေါင်းရင်းစိန်ပန်းပင်က တစ်ပင်လုံးဝေနေသည်မို့ စိန်ပန်းဟု အလွယ်ပေးခဲ့သည်။
သို့သော် စိန်ပန်းက သူ့နာမည်အားမကြိုက်နှစ်သက်ပေ။ တောင်ပိုင်းက ကိုဝင်းသူကလည်း သူ့နွားကြီး
အား စိန်ပန်းလို့ခေါ်‌သည်။ ထို့ကြောင့် ချောင်းကမ်းရွာမှာ စိန်ပန်းနှစ်ယောက်ဖြစ်နေသည်။
လူစိန်ပန်းနှင့် နွားကြီးစိန်ပန်း။

တခါတလေ ကိုဝင်းသူတောက ပြန်လာတာနှင့်ကြုံရင် သူ့နွားအားကြိမ်နှင့်တို့ကာ သားလေး စိန်ပန်း ပြေးစမ်းပြေး ပြေးနဲ့အော်သေးသည်။
ထိုအခါမျိုးဆို စိန်ပန်းငိုကာ သူ့အမေအားတိုင်တန်းတက်သည်။

" ဟေး စိန်ပန်း။ လာလေ ဘာကိစ္စရှိလို့လဲ "

ခြံအပြည့်နီးပါးစိုက်သော ပန်းတွေကိုကြည့်ပြီး စိန်ပန်းပြေးလာ၏။

" ကိုဘွဲ့ဆူး ။ အမေက နတ်အိုးလဲမလို့ နှင်းဆီပန်းလေး ငါးရာဖိုးလောက်ရောင်းပေးလိုက်ပါတဲ့"

ထိုးပေးလာတဲ့ငါးရာတန်အား ပြန်တွန်းလွှတ်၍

" မယူပါဘူးကွာ။ လောက်သလောက် ခူးသွားလိုက်။"
ဟု ပြောလိုက်၏။
စိန်ပန်း၏အသက်သည် ဆယ်တစ်နှစ်သာရှိသေးသည်။ ဘွဲ့ဆူးမယူတဲ့ပိုက်ဆံကို မြန်မြန်အိတ်ထဲပြန်ထည့်၍ ကလေးပီပီ ခြံထဲပြန်ပြေးထွက်သွား၏။

ဒီခြံမှာနေကတည်းက စိန်ပန်းသည် မကြာခဏအလည်လာတက်၏။ မိုးကြောင့် အရောင်စုံအောင်ပွင့်လန်းနေတက်သော နှင်းဆီပန်းတွေကို စိန်းပန်းသဘောကျသည်။ ဘွဲ့ဆူးသည်တော့ အနံ့မခံနိုင်၍ မကြိုက်။ တစ်ပင်တည်းသာရှိလျင်ထိုအနံ့သည်သိသာမည်မဟုတ်သော်ငြား တစ်ခြံလုံးဆိုတော့ မွှေးလွန်း၍ အီပင်နေသည်။ ထို့ကြောင့် အတော်အသင့် ဘွဲ့ဆူး အိမ်အောက်ကိုမဆင်းဖြစ်။

" စိန်းပန်း မင်းအကိုသောင်းဆင့် ဘယ်သွားလဲ။ နေလေးကောင်းကာ ရှိသေး လမ်းက များလာပြီ။ မိုးစင်စင်မလင်းသေးဘူး ၊ ထွက်လည်တာ ခုထမင်းစားချိန်တောင်ရောက်နေပြီ ပြန်မလာသေးဘူး "

" မနက်က ကိုသာဒင်နဲ့ ကိုဖိုးထွေးခေါ်ပြီး အိမ်ကလှည်းက သွားတာပဲ ။ "

" လှည်းယူပြီး ဘာလုပ်ကြမလို့တဲ့လဲ "

စိန်းပန်း မျက်လုံးပြူးလေးနဲ့ ဇဝေဇဝါကြည့်လာ၏။
လက်ထဲက ခူးလက်စပန်းလေးများက အနီရောင်တောက်တောက်လေးတွေဖြစ်နေသည်ကို ဘွဲ့ဆူးသတိထားမိသည်။ ပန်းလာခူးတိုင်း အနီရောင်နှင်းဆီကိုသာရွေးခူးတက်သူ။

" ဘယ်သွားလဲတော့ ကျုပ်မသိဘူး။ ကြားမိတာကတော့ ဆန်အိတ်သယ်မှာဆိုလားပဲ "

" ဆန်အိတ် သယ်မှာ !"

သယ်စရာ သူတို့မှာ ဘယ်ဆန်အိတ်ရှိမှာလဲ။
မဟုတ်မှ လွဲရင်....

ဘွဲ့ဆူး မျက်လုံးပြူးသွား၏။ အတွေးထဲမှာ ဦးဘောဂသောင်းမျက်နှာကြီးကကွင်းကွင်းကွက်ကွက်ပေါ်လာ၏။

ဒီကောင်တော့ ဂျိုကြွနေပြန်ပါပြီ။

_________

"ဟေ့.. ပြေးစမ်း ဖေ့သား "

ကြိမ်နှင့်တို့လိုက်သည်နှင့် အညိုဖျော့ရောင် နွားကြီးနှစ်ကောင်က ကဆုန်ပေါက်ကာ ဇွတ်ပြေး၏။
သောင်းဆင့် လှည်းဦးမှာထိုင်ကာ မျက်နှာ ပြုံးနေသည်။ နောက်မှာ မို့မောက်နေအောင်တင်ထားတဲ့ ဆန်အိတ်ပိုင်းတွေပေါ်မှာ သာဒင်နှင့် ဖိုးထွေး သည် စိတ်ပူဟန်ဖြင့် ငေးငေးငိုင်ငိုင်ထိုင်လျက် ။

" သောင်းဆင့် မင်းအဖေက ဖြစ်ပါ့မလားကွ "

" မဖြစ်စရာလား။ ပေးစရာ ဒီချစ်စရာသားသားလေးတစ်ယောက်ရှိတာ ။ သူ့မရှိရင် ဒါတွေငါရမှာတွေပဲဟာ။ စိတ်ပူမနေနဲ့။ အိမ်လာပြောရင်လည်း ငါလုပ်တာလို့ပြောကွာ "

သောင်းဆင့်ဘယ်လိုဖြေ‌‌ ဖျောက်ပါစေ ကြောက်တက်သူ ဖိုးထွေးသည်က မျက်နှာဖြူဖျော့နေလျက်ရှိသည်။

မည်သို့ပင် ဖခင်ဖြစ်ပါစေ နေ့ခင်းကြောင်တောင် အနုကြမ်းစီးသည်က စီးသည်ပဲလေ။
အလုပ်သမားတွေအားငေါက်ငမ်း၍ တင်နိုင်သလောက်တင်ခဲ့သော လှည်းက သာဒင်အပိုင်။
လုပ်အားရော ပစ္စည်းရောပါ ထည့်သွင်းကူညီတဲ့ သူတွေထဲမှာ သူကောအပါအဝင်မို့ ကြံရာပါဟု ဆိုရမလား။
ဖိုးထွေးကြောက်သည်။
သောင်းဆင့်ကတော့ ဖအေမို့မကြောက်ပေမဲ့ သူကတော့လုပ်ခဲ့ပြီးမှ ဒူးပင်တုန်နေ၏။

" ကဲ မင်းတို့နှစ်ယောက် ဒီမှာပဲ ဆင်းနေခဲ့တော့ "

" မင်း ကဘယ်သွားမှာလဲ "

ရွာထိပ်ညောင်ပင်အောက် လှည်းရပ်၍ ဖိုး‌ ထွေးနှင့် သာဒင်အားဆင်းခိုင်းလိုက်သည်။ သာဒင့်အမေးကို သောင်းဆင့် မဖြေသေးပဲ ခါးကြားမှာ လောလောလတ်လတ်ဝယ်လာသော အရက်ပြားလေးအားထုတ်၍ သောက်၏။

" ဟိုဖက်ရွာသွားမှာ ။ ဒီမှာ ရောင်းလို့ မဖြစ်ဘူး။
ငါ့အကြောင်းသိလို့ တစ်ယောက်မှ ဝယ်ရဲမှာမဟုတ်ဘူး "

" ငါတို့ရော တစ်ခါထဲလိုက်ခဲ့မယ်လေ "

" မလိုက်တော့နဲ့ ။ အိမ်မပြန်ချင် အခင်းထဲ သွားနေ "

ပြောပြီး ချက်ချင်းနွားညီနောင်အား ကြိမ်နှင့်တို့ကာ ထွက်သွား‌ စေ၏။
တလိမ့်လိမ့်နှင့် တက်လာသော ဖုန်လုံးနောက်မှာ
သောင်းဆင့် မောင်းသွားသော လှည်းကြီးက တဖြည်းဖြည်းပျောက်ကွယ်သွား၏။

__________

ညနေစောင်း နေဝင်ရီရောအချိန်။
အပေါ်ထပ်ပြတင်းတံခါးဆီမှ အိမ်ရှေ့လမ်းလေးကို သူလှမ်းမျှော်ကြည့်မိသည်။
တစ်နေကုန်ပြန်မလာသော သောင်းဆင့် ဘယ်အရပ်များရောက်နေမလဲ စဉ်းစားစရာ။
မူးပြီး တွေ့တဲ့နေရာ အိပ်နေသလား။
နွားလှည်းငှားပြီး ရွာလှည့်ပြဿနာရှာနေသလား။
ထိုင်လိုက်ထလိုက်နှင့် စိတ်ပူမိသည်က နေ့ခင်းကတည်းကဖြစ်သည်။

" ဗျို့ ကိုဘွဲ့ဆူး "

ခြံစည်းရိုးတန်းကို ကိုင်ကာ အိမ်အပေါ်ထပ်ကိုမော့ကြည့်ကာအော်ခေါ်နေတဲ့ ခမောက်ဆောင်းထားတဲ့အမျိုးသားတစ်ယောက်။ ထိုသူကိုဘွဲ့ဆူးသိသည်။
ရာအိမ်ခေါင်း ကိုထူး။

" ကိုထူးဘာအရေးရှိလို့လဲ "

" သူကြီးက အိမ်ခဏ လာခဲ့ပေးပါဦးတဲ့။ အခေါ်လွှတ်လိုက်လို့ဗျာ ။ လိုက်ခဲ့ဦး "

" ဘာဖြစ်လို့လဲ ကိုထူး "

ဘွဲ့ဆူး ခပ်မြန်မြန်ပင်လှေကားတွေအားဆင်းလိုက်သည်။
ကိုထူးက ‌ခြံစည်းရိုးမှာတင် ရပ်နေတုန်းဖြစ်သည်။

" သောင်းဆင့် ပြဿနာရှာထားလို့ဗျာ ။ သူကြီးအိမ်မှာ အခုရောက်နေတယ် ။ "

" ကျစ်! သောင်းဆင့်ကတော့ကွာ။ ဒါဆို လာဗျာ။ သွားရအောင် "

မိုးတဖွဲဖွဲ ကျနေတာတောင်မှ ခေါင်းဆောင်းယူဖို့ စိတ်ကမပါတော့။
အတန်တန်သတိပေးရက်သားနဲ့ သောင်းဆင့်နည်းနည်းမှမလိမ်မာပေ။
သူဘယ်လိုဆုံးမရမလဲဆိုတာမတွေးတက်တော့သည်အထိပင်။

သူကြီးအိမ်ရောက်‌တော့ ‌မြေပြင်ပေါ်မှာ သောင်းဆင့် ထိတ်တုံးခတ်ခံထားရသည်။
အိမ်အောက်တန်းလျားမှာ သူကြီးအပြင် ဦးဘောဂသောင်းနှင့် ရွာလူကြီးနှစ်ယောက်ရှိသေးသည်။
သောင်းဆင့်သည် ဘွဲ့ဆူးလာသည်မြင်တော့ ခေါင်းကို ငုံ့ကာ ရှောင်ဖယ်သွား၏။
ဘွဲ့ဆူး တစ်ချက်သာကြည့်၍ ပြန်မကြည့်ဖြစ်တော့။

" သူကြီး ဘာတွေဖြစ်လို့လဲ"

" အရင်ဆုံး ထိုင်ပါဦး "

ဦးဘောဂသောင်းသည် ထိုင်၍ နေသည်မှလွဲ၍ စကားမဆို ။ ရေနွေးကိုသာ ငုံ့၍သောက်နေ၏။
ဘွဲ့ဆူး မလှမ်းမကမ်းမှထိုင်ကာ သူကြီးအပြောကို စောင့်လိုက်၏။

" မနက်က ဆန်စက်မှာ ဆန်ဆယ့်သုံးအိတ် သောင်းဆင့် ဇွတ်ယူသွားလို့တဲ့ မောင်ဘွဲ့ဆူးရာ ။ဘယ်သွားရောင်းသလဲဆိုတာ မေးတာလည်းမဖြေဘူး။အဲ့ဒါကြောင့် သူ့အဖေက ထိတ်တုံးခတ်ခိုင်းထားတာ "

သူကြီးခပ်အေးအေးပြောပေမဲ့ မအေးနိုင်သူက ဘွဲ့ဆူးသာ။ ဒိုင်းခနဲ သောင်းဆင့်အားလှမ်းကြည့်လိုက်တော့ သူ့မဟုတ်သလိုခေါင်းကိုတခြားလှည့်ထား၏။

" ကျွန်တော် ဘာလုပ်ပေးရမလဲ သူကြီး။ "

ဝတ္တရားအရ မေးသင့်သည်ကို မေးလိုက်လျှင် သူကြီးသည် ယခုတိုင်ငြိမ်သက်နေသေးသော ဦးဘောဂသောင်းအားညွှန်ပြ၍

" ကိုဘောဂကတော့ မှတ်လောက်သားလောက်အောင် ဘုန်းကြီးကျောင်းမှာ ဆယ့်သုံးရက်နေခိုင်းဖို့ ပြောထားပါတယ်။ မောင်ဘွဲ့ဆူး အနေနဲ့ ဘယ်လိုသဘောရလဲ "

ဘွဲ့ဆူး သောင်းဆင့်အားခပ်ထွေထွေလှမ်းကြည့်မိပါသည်။ ဒီတခါတော့ သောင်းဆင့်သည် တန်ပြန်၍မိမိအားပြန်စိုက်ကြည့်နေသည်ကိုတွေ့ရ၏။
ထိုအကြည့်တွေထဲ‌ သနားခံမူ့တွေပါနေသည်။ တောငပန်မူ့တွေပါနေသည်။ သို့သော် လက်မခံဖို့ တိုးလျိုနေသော မျက်ဝန်းအကြည့်တွေအားကျောခိုင်းလိုက်၏။

" အဆင်ပြေသလို လုပ်ပါ။ ကျွန်တော့်အနေနဲ့ သောင်းဆင့်ကို အတက်နိုင်ဆုံး လိမ်မာအောင် မဆုံးမနိုင်ခဲ့လို့ ခုလိုဖြစ်ရတာပါ။ ဆရာတော်ဘုရားဆိုရင်တော့
သူ့ကို အချိုးပြောင်းစေမှာ‌ေသချာပါတယ်။ ကျွန်တော်လက်မခံနိုင်စရာမရှိပါဘူး "

" ဒါဆိုလည်း သောင်းဆင့်ကို ဒီညနေပဲ ပို့လိုက်ကြတာပေါ့ "

သူကြီးဆုံးဖြတ်ချက်ကိုကျန်သူများကခေါင်းညိမ့်ကြသည်။

" ဆရာတော်ကို ခုပဲ ကျုပ်တို့သွားလျှောက်လိုက်မယ်။ သူကြီး သူ့ကိုပြီးရင်ခေါ်ခဲ့လိုက်လေ"

" ဟုတ်ပြီ ၊ ကျုပ်အဝတ်အစားလေးလဲပြီး လိုက်လာခဲ့မယ် ။ ခင်ဗျားတို့သွားနှင့်လိုက်တာအဆင်‌ ပြေမယ်။ မိုးကုန်ကျင်းပမဲ့ လေးရွာဘုရားပွဲတော်အကြောင်းလဲ ဆရာတော်ကိုလျှောက်သင့်တာလျှောက်ထားရဦးမှာမို့လား"

ဘုရားပွဲအကြောင်းကြားတော့ ရပ်ရွာလူကြီးနှစ်ယောက်လှုပ်လှုပ်ရှားရှားဖြစ်ကာ မြန်မြန်ပင်ထွက်သွား၏။ ဦးဘောသည်လည်းထိုလူကြီးများနှင့်အတူ သူကြီးအားနှုတ်ဆက်လျက်ပြန်သွားတော့သည်။
ဘွဲ့ဆူးကိုတော့ချိုသည်ခါးသည် ထပ်မံ၍ပြောမသွားပေ။
အချိန်အတော်ကြာပြီးသည့်နောက်တွင် သောင်းဆင့်နှင့် ဘွဲ့ဆူးသာ အိမ်အောက်မှာကျန်ခဲ့သည်။
ဘွဲ့ဆူးသည် ခုံမှ ‌ဖြည်းညင်းစွာထ၏။
တန်းလျားခုံထားရာ အိမ်အောက်တွင် ဘွဲ့ဆူးတို့နေအိမ်လိုသမံသလင်းခင်းထားခြင်းမရှိ၍ သောင်းဆင့်သည် မြေပေါ်မှာသာ ထိုင်၍နေတာဖြစ်၏။
ခြေထောက်နှစ်ဖက်သည် ထိတ်တုံးထဲမှာ အချုပ်ခံရပြီး ဖုံများပေသလူးနေသည့် လက်နှစ်ဖက်သည် ပေါင်ပေါ်မှာ ဒီတိုင်းတင်ထားလေသည်။
ပုဆိုးသည် ဟောင်းနွမ်းကာ န၍နေပြီး အောက်တွင်ဝတ်ထားသော ဘောင်းဘီပွပွပေါ်သည်ထိတိုနေပါသည်။
သောင်းဆင့်နှင့်ယှဉ်လျှင်ဘွဲ့ဆူးသည် သေသပ်နေတက်ပြီး ခြေဖျားထိဖုံးသော ပုဆိုး၊ လည်ပိတ်ထိလုံခြုံအောင်ဝတ်ဆင်ထားသော သစ်လွင်သော အင်္ကျီ ဖြင့် တမူထူးခြားနေတက်၏။

" ကိုယ်ပြန်တော့မယ်။ လိမ်လိမ်မာမာနေခဲ့ "

" ဟို .. ဘာမှမမေးတော့ဘူးလား "

မဝင့်မရဲ အကြည့်တွေအရ စိတ်ဆိုးမှာကိုတော့ကြောက်သည်ထင်ရ၏။
ဘွဲ့ဆူးသက်ပြင်းချကာ သောင်းဆင့်အားငုံ့ကြည့်လိုက်၏။

" ပိုက်ဆံရှာခိုင်းလိုက်တာ ကိုယ့်အမှား ။
မင်းကတော့မင်းတက်တဲ့ အလုပ်ကိုပဲ လုပ်မှာပဲလေ။
တော်သေးတာပေါ့ ။ မင်းအဖေဆိုတော့ ဘာမှအကြီးအကျယ်ဖြစ်မသွားလို့ "

" တခြားသူဆို ကျုပ်မခိုးပါဘူး။ ခုဟာကလည်း ခိုးတာမှမဟုတ်တာ။ အဖေပိုင်တဲ့ပစ္စည်း ကျုပ်ပစ္စည်းပဲဟာ ။ နည်းနည်းလောက်ယူသွားရုံပဲရှိတာပါ။ အဖေ ဒီလောက်နဲ့ ဘဝပျက်မသွားပါဘူး ။ အဖေဆိုပြီးအနိုင်ကျင့်ချင်နေတာ သိသားပဲ"

သောင်းဆင့် နှုတ်ခမ်းကိုရွဲ့ကာပြောသည်။
ဘယ်လိုပြောပြော စကားအားနားထောင်မည့်ပုံမမြင်တော့ထပ်မံ၍ မပြောချင်တော့ပြီ။
ဘုန်းကြီး‌ ကျောင်းဆိုမှ လက်ထောက်ဆရာတော်သည် စကားဖြင့်ဆုံးမ၍ရလျင်ရ ၊မရလျင်တော့
ကြိမ်ဖြင့်ကျောကော့အောင် ရိုက်သည်ဟု နာမည်ကြီးသည်။

သောင်းဆင့်နဲ့တော့ ခက်လှပါသည်။

ချစ်တဲ့အိမ်စည်။

" ေသာင္းဆင့္ ဟိတ္ေကာင္ "

က်ယ္က်ယ္ေလာင္ေလာင္ႏိႈးေသာ္လည္း မထပဲ ေစာင္ကို ေခါင္းထိဆြဲၿခံဳကာ ျပန္ၿငိမ္သြားသည္။
ၾကၫ့္...။
စိတ္မရွည္လို႔ ထုရိုက္ရင္အသားနာဦးမည္။
ေကာင္းေကာင္းမြန္မြန္ ဘယ္ေတာ့မွ ေသာင္းဆင့္က ေျပာေပးလို႔မရ။
ကိုယ္ေပၚမွာ ေရႊမရိွ ေတာ့ကတည္းက ဖ်ားတဲ့အဖ်ားသည္ ေလးရက္ျပည့္သည့္အထိ ေပ်ာက္ကင္းမလာေပ။
ေဆးေသာက္လို႔လည္းမေပ်ာက္၊ေဆးခန္းသြားမည္ဆိုလည္းမဟုတ္။
အိမ္မွာပဲေပကပ္ေနသည္။
အရက္မေသာက္ရပဲဖ်ားေနသည္မို႔ ေရာဂါက ပိုဆိုးလာသလားလည္းမသိ။ တစ္ခါတေလ ကေယာင္ကတန္းေတြပါေျပာသၫ့္အထိပင္။

" ေဆးေသာက္မယ္ "

" ေတာ္ၿပီ ေသာင္းဆင့္မေသာက္ခ်င္ဘူး "

အသံထြက္လာတဲ့ေစာင္ပံုကို မျမင္ရဘူးဆိုတာသိေပမဲ့ မ်က္ေစာင္းရြယ္ကာ လက္ထဲကိုင္ထားတဲ့ေဆးတစ္ခြက္စာကို ေဘးကိုခ်ရသည္။ ေမာင္ဟု ေျပာသည္ကို မႀကိဳက္ဘူးဟု ဆိုခဲ့ေတာ့ ထပ္ထြက္မလာေသာ္ျငား
ေနာက္တစ္မ်ိဳးေျပာင္းကာ ေသာင္းဆင့္ဟုေျပာျပန္သည္။ အရပ္ရွည္ကာ အရြယ္ထြားေသာ ေယာက်ာ္းတစ္ေယာက္မွ ကိုယ္နာမည္ကို ကိုယ္ျပန္သံုးတာၾကားရသည္က ရယ္စရာျဖစ္ေသာ္ျငား မရယ္ျဖစ္ခဲ့။ ေသာင္းဆင့္က အရက္သမားဆိုေပမဲ့
အေျပာအဆိုက ညက္ေညာသည္။ ငယ္ရြယ္သူမို႔ ခြၽဲႏြဲ႔ေနပံု။

" မထရင္ မင္းကိုယ့္အေၾကာင္းသိတယ္ေနာ္"

" ေသာင္းဆင့္ တကယ္ေဆးမေသာက္ခ်င္ဘူး "

" ျဖစ္ရျပန္ၿပီ ၊ မေသာက္ရင္ ေပ်ာက္မလားဟ။
ကိုယ္တကယ္မင္းကိုစိတ္မရွည္ေတာ့ဘူးေနာ္ ။
ထေတာ့ "

ထိုအခါမွ ေစာင္စေလးကို အနည္းငယ္‌ဖယ္‌‌ ေပးသည္
ဆံပင္ရွည္ေတြနဲ႔ဖံုးေနတဲ့ မ်က္လံုးနီနီကေဆးေသာက္ရမွာေၾကာက္သၫ့္ပံု။
ကေလးလည္းမဟုတ္ပဲ ‌ခုမွႏုယြေနလိုက္သၫ့္ျဖစ္ျခင္း။ တစ္သက္လံုး ‌ေတြ့ရာထိုးအိပ္ လမ္းေဘးေသးပန္းတဲ့ေကာင္က ျပဳစုမဲ့သူရိွေဘးမွာရိွေကာ
ခြၽဲ႔ႏြဲ႔ေပ်ာ့ဖက္ေနက အျမင္ကပ္စရာျဖစ္သည္အထိ။

" ေခါင္းေတြမူးတယ္"

" ေဆးေသာက္ရင္‌ ေပ်ာက္တယ္။ အပိုမဆိုပဲေသာက္လိုက္ "

ေနာက္တစ္ႀကိမ္ ေျပာမွ ေပးတဲ့ေဆးကို ထ ေသာက္သည္။ အကုန္ၿပီးစီးသည္အထိ ဘြဲ႔ဆူးေသခ်ာလိုက္ၾကၫ့္ၿပီးမွ မ်က္ေမွာင္တြန႔္ထားတာ ေျဖလိုက္ေတာ့သည္။

" မင္း လက္ကိုေပး"

" ဟမ္"

" မင္းလက္ ကိုယ့္ကိုေပးလို႔ေျပာတာ "

ဆန႔္ထုတ္ေပးလာတဲ့ လက္ကို ဘြဲ႔ဆူးဆုပ္ကိုင္လိုက္ခ်ိန္တြင္ ပူစပ္စပ္ အထိအေတြ့ကိုရသည္။ ေသာင္းဆင့္သည္ အသားမဲတဲ့အထဲပါသည္။ မဲေမွာင္ေနေသာ သပိတ္ေရာင္ ျဖစ္မေနေသာ္ျငား
ျဖဴေသာ ဘြဲ႔ဆူးလက္ျဖင့္ယွဉ္ကာ ပိုမိုမဲသေယာင္ရိွသည္။ လက္ဆစ္တို႔သည္တုတ္ကာ အဖ်ားတြင္ အနည္းငယ္ ရႉးသြား၏။ အရက္သမားလက္ဆိုေပသၫ့္ ထိေတြ့ရသည္မွ ႏုညံ့မူ႔ကို ခံစားရသည္။ တသက္လံုး လက္ေက်ာတင္းေအာင္ အလုပ္မလုပ္မွန္းသိသာသည္။

" ကိုယ္ရြာထဲသြားရမွာ ရွက္တယ္။ ေနေကာင္းေပ်ာက္ရင္ မင္းအလုပ္တစ္ခုခုလုပ္ဖို႔စဉ္းစားအံုး"

ထို႔ေနာက္ သက္ျပင္းခ်ကာ မိမိလက္တြင္စြပ္ထားေသာ ေမာင္းကြင္းလက္စြပ္ကိုခြၽတ္ကာ ဝတ္ေပးလိုက္သည္။ ဒါအမွန္တရားပင္ျဖစ္သည္။
ေယာက်ာ္းခ်င္းယူထားသည္က ပတ္ဝန္းက်င္မွာ အထူးအဆန္းျဖစ္ေနေသးသည္။ အိမ္ျပင္မထြက္ႏွင့္ ကြက္ၾကၫ့္ကြက္ၾကၫ့္ ႏွင့္ အေၾကာင္းရွာကာ
စပ္စုၾကသည္။

" မေပ်ာက္ေစနဲ႔။ ဒါကိုယ့္မွာရိွတဲ့တစ္ခုတည္းေသာ
ေရႊထည္ပစၥည္း "

ေသာင္းဆင့္ သူ႔လက္သူႂကြယ္တြင္ရိွေသာ ေရႊလက္စြပ္ေလးအားငံု႔ၾကၫ့္မိသည္။
ထိုလက္စြပ္ေလးကို ႏွင္းဆီဘြဲ႔ဆူး၏ လက္ခလယ္မွာ ဝတ္ဆင္ထားတာကို သူေတြ့သည္။
လွပေသာလက္မွာ ရိုးရွင္းေသာ အဆင္တန္ဆာဆိုေပမဲ့ သူ႔ႏွင္းဆီလက္ကေလးႏွင့္ သိပ္လွဖူးသည္။
အေလးခ်ိန္က သူဝတ္ေနၾကပစၥည္းႏွင့္ယွဉ္ရင္ေတာ့ အခ်ိန္မစီးေပ။ သို႔ေသာ္ သူအိမ္ေထာင္ဖက္၏ ပစၥည္းေလးတစ္ခုမို႔ ရင္ထဲ ပ်ားရည္ျမစ္ကေလး ျဖတ္ေျပးသြားသလို ခံစားလိုက္ရသည္။ တဆက္တည္း ငိုခ်င္စိတ္ပါ ျဖစ္လာရင္သည္မို႔ သူ႔လက္ေပၚတြင္ ရိွေနေသးေသာ ႏွင္းဆီဘြဲ႔ဆူးလက္ကေလးအား ယြယြ၊ဖြဖြေလးကိုင္ကာ ေထြးဆုပ္လိုက္မိပါသည္။

" ေသာင္းဆင့္ ဝမ္းနည္းသြားၿပီ "

" ဖယ္စမ္းပါ။ ေပါက္တကရေတြ ေျပာမဲ့အစား မင္း ျမန္ျမန္အိပ္လိုက္တာအေကာင္းဆံုးပဲ "

" တစ္ေယာက္ထဲမအိပ္ခ်င္ဘူး ။ မင္းေကာ
အတူလွဲေပးမလား "

သူ႔လက္အားရိုက္ထုတ္ပစ္လိုက္တဲ့ လက္ေဖြးေဖြးေလးကို ခပ္ေငးေငးၾကၫ့္ကာ ေသာင္းဆင့္ ‌သနားစဖြယ္ေျပာလိုက္၏။ သို႔ေသာ္ သူခ်က္ျခင္းအျငင္းခံလိုက္ရေလသည္။

" မလွဲေပးခ်င္ပါဘူး။ ငါ့မွအလုပ္ေတြရိွေသးတယ္။
သာဒင္နဲ႔ဖိုးေထြး ခဏေနလာမယ္တဲ့ ၊ ၿခံထဲမွာ ၿခံဳေတြရႈပ္ေနေသးတယ္ ။ သူတို႔ကူရွင္းေပးမယ္လို႔ေတာ့ေျပာတာပဲ "

‌ေျပာၿပီးဆတ္ခနဲ ထားထြက္သြားတဲ့ သူကိုၾကၫ့္ၿပီး
ေသာင္းဆင့္မ်က္ႏွာမဲေမွာင္သြား၏။ တဆက္ထဲဝမ္းနည္းသြားသည္။

__________

မိုးရာသီမို႔ မိုးကေတာ့ အခ်ိန္အခါမဟုတ္ ရြာခ်င္စိတ္ရိွရင္ ထထရြာသည္။
ေသာင္းဆင့္အိမ္သည္ ေျခတံရွည္အိမ္ျဖစ္ၿပီးေအာက္တြင္ အကာမရိွေခ်။
ေျမျပင္ကို သမံသလင္းခင္းထားသည္မို႔ ညစ္ပတ္ျခင္းေတာ့မရိွေခ်။
မိုးရြာသၫ့္အခါ အိမ္ေအာက္ၾကမ္းတခ်ိဳ႕သည္ အကာမရိွ၍ အနည္းငယ္စိုစြတ္ေလ့ရိွသည္။

ဘြဲ႔ဆူး ေလ်ွာ္ထားတဲ့ အဝတ္ေတြအား အိမ္ေအာက္ႀကိဳးတန္းထားတဲ့ ေနရာမွာ လွမ္းလိုက္သည္။
ေနမပြင့္သည္မို႔ ဘယ္အဝတ္မွ ေျခာက္ေျခာက္ေသြ့ေသြ့မရိွ။
စိုထိုင္းထိုင္းႏွင့္ဖာဥမဆြဲေအာင္ မိုးရပ္သည္ႏွင့္ အေျပးအလႊားလွမ္းရေသးသည္။

" ဗ်ိဳ႕ ကိုဘြဲ႔ဆူး "

အသံၾကား‌၍ လွၫ့္ၾကၫ့္ေတာ့ ၿခံစည္းရိုးအျပင္မွာ
လက္ျပေနေသာ သာဒင္၏ညီ စိန္ပန္းဆိုေသာကေလးျဖစ္ေနသည္။

" လာေလ ၊ စိန္ပန္း"

အေခၚရိွသည္ႏွင့္ စိန္ပန္းေျပးေျပးလႊားလႊားၿခံတံခါးကိုတြန္းဖြင့္ဝင္လာသည္။
ၿခံထဲမွာ ႏွင္းဆီေတြ ေဝေနသည္က ႏွစ္ၿခိဳက္စရာ။
စိန္ပန္း လမ္းသြားရင္းေငးၾကၫ့္သည္။
သူ႔နာမည္က စိန္ပန္း။
သူေမြးတုန္းက ေခါင္းရင္းစိန္ပန္းပင္က တစ္ပင္လံုးေဝေနသည္မို႔ စိန္ပန္းဟု အလြယ္ေပးခဲ့သည္။
သို႔ေသာ္ စိန္ပန္းက သူ႔နာမည္အားမႀကိဳက္ႏွစ္သက္ေပ။ ေတာင္ပိုင္းက ကိုဝင္းသူကလည္း သူ႔ႏြားႀကီး
အား စိန္ပန္းလို႔ေခၚ‌သည္။ ထို႔ေၾကာင့္ ေခ်ာင္းကမ္းရြာမွာ စိန္ပန္းႏွစ္ေယာက္ျဖစ္ေနသည္။
လူစိန္ပန္းႏွင့္ ႏြားႀကီးစိန္ပန္း။

တခါတေလ ကိုဝင္းသူေတာက ျပန္လာတာႏွင့္ႀကံဳရင္ သူ႔ႏြားအားႀကိမ္ႏွင့္တို႔ကာ သားေလး စိန္ပန္း ေျပးစမ္းေျပး ေျပးနဲ႔ေအာ္ေသးသည္။
ထိုအခါမ်ိဳးဆို စိန္ပန္းငိုကာ သူ႔အေမအားတိုင္တန္းတက္သည္။

" ေဟး စိန္ပန္း။ လာေလ ဘာကိစၥရိွလို႔လဲ "

ၿခံအျပၫ့္နီးပါးစိုက္ေသာ ပန္းေတြကိုၾကၫ့္ၿပီး စိန္ပန္းေျပးလာ၏။

" ကိုဘြဲ႔ဆူး ။ အေမက နတ္အိုးလဲမလို႔ ႏွင္းဆီပန္းေလး ငါးရာဖိုးေလာက္ေရာင္းေပးလိုက္ပါတဲ့"

ထိုးေပးလာတဲ့ငါးရာတန္အား ျပန္တြန္းလႊတ္၍

" မယူပါဘူးကြာ။ ေလာက္သေလာက္ ခူးသြားလိုက္။"
ဟု ေျပာလိုက္၏။
စိန္ပန္း၏အသက္သည္ ဆယ္တစ္ႏွစ္သာရိွေသးသည္။ ဘြဲ႔ဆူးမယူတဲ့ပိုက္ဆံကို ျမန္ျမန္အိတ္ထဲျပန္ထၫ့္၍ ကေလးပီပီ ၿခံထဲျပန္ေျပးထြက္သြား၏။

ဒီၿခံမွာေနကတည္းက စိန္ပန္းသည္ မၾကာခဏအလည္လာတက္၏။ မိုးေၾကာင့္ အေရာင္စံုေအာင္ပြင့္လန္းေနတက္ေသာ ႏွင္းဆီပန္းေတြကို စိန္းပန္းသေဘာက်သည္။ ဘြဲ႔ဆူးသည္ေတာ့ အနံ႔မခံႏိုင္၍ မႀကိဳက္။ တစ္ပင္တည္းသာရိွလ်င္ထိုအနံ႔သည္သိသာမည္မဟုတ္ေသာ္ျငား တစ္ၿခံလံုးဆိုေတာ့ ေမႊးလြန္း၍ အီပင္ေနသည္။ ထို႔ေၾကာင့္ အေတာ္အသင့္ ဘြဲ႔ဆူး အိမ္ေအာက္ကိုမဆင္းျဖစ္။

" စိန္းပန္း မင္းအကိုေသာင္းဆင့္ ဘယ္သြားလဲ။ ေနေလးေကာင္းကာ ရိွေသး လမ္းက မ်ားလာၿပီ။ မိုးစင္စင္မလင္းေသးဘူး ၊ ထြက္လည္တာ ခုထမင္းစားခ်ိန္ေတာင္ေရာက္ေနၿပီ ျပန္မလာေသးဘူး "

" မနက္က ကိုသာဒင္နဲ႔ ကိုဖိုးေထြးေခၚၿပီး အိမ္ကလွည္းက သြားတာပဲ ။ "

" လွည္းယူၿပီး ဘာလုပ္ၾကမလို႔တဲ့လဲ "

စိန္းပန္း မ်က္လံုးျပဴးေလးနဲ႔ ဇေဝဇဝါၾကၫ့္လာ၏။
လက္ထဲက ခူးလက္စပန္းေလးမ်ားက အနီေရာင္ေတာက္ေတာက္ေလးေတျြဖစ္ေနသည္ကို ဘြဲ႔ဆူးသတိထားမိသည္။ ပန္းလာခူးတိုင္း အနီေရာင္ႏွင္းဆီကိုသာေရြးခူးတက္သူ။

" ဘယ္သြားလဲေတာ့ က်ဳပ္မသိဘူး။ ၾကားမိတာကေတာ့ ဆန္အိတ္သယ္မွာဆိုလားပဲ "

" ဆန္အိတ္ သယ္မွာ !"

သယ္စရာ သူတို႔မွာ ဘယ္ဆန္အိတ္ရိွမွာလဲ။
မဟုတ္မွ လြဲရင္....

ဘြဲ႔ဆူး မ်က္လံုးျပဴးသြား၏။ အေတြးထဲမွာ ဦးေဘာဂေသာင္းမ်က္ႏွာႀကီးကကြင္းကြင္းကြက္ကြက္ေပၚလာ၏။

ဒီေကာင္ေတာ့ ဂ်ိဳႂကြေနျပန္ပါၿပီ။

_________

"ေဟ့.. ေျပးစမ္း ေဖ့သား "

ႀကိမ္ႏွင့္တို႔လိုက္သည္ႏွင့္ အညိုေဖ်ာ့ေရာင္ ႏြားႀကီးႏွစ္ေကာင္က ကဆုန္ေပါက္ကာ ဇြတ္ေျပး၏။
ေသာင္းဆင့္ လွည္းဦးမွာထိုင္ကာ မ်က္ႏွာ ၿပံဳးေနသည္။ ေနာက္မွာ မို႔ေမာက္ေနေအာင္တင္ထားတဲ့ ဆန္အိတ္ပိုင္းေတြေပၚမွာ သာဒင္ႏွင့္ ဖိုးေထြး သည္ စိတ္ပူဟန္ျဖင့္ ေငးေငးငိုင္ငိုင္ထိုင္လ်က္ ။

" ေသာင္းဆင့္ မင္းအေဖက ျဖစ္ပါ့မလားကြ "

" မျဖစ္စရာလား။ ေပးစရာ ဒီခ်စ္စရာသားသားေလးတစ္ေယာက္ရိွတာ ။ သူ႔မရိွရင္ ဒါေတြငါရမွာေတြပဲဟာ။ စိတ္ပူမေနနဲ႔။ အိမ္လာေျပာရင္လည္း ငါလုပ္တာလို႔ေျပာကြာ "

ေသာင္းဆင့္ဘယ္လိုေျဖ‌‌ ေဖ်ာက္ပါေစ ေၾကာက္တက္သူ ဖိုးေထြးသည္က မ်က္ႏွာျဖဴေဖ်ာ့ေနလ်က္ရိွသည္။

မည္သို႔ပင္ ဖခင္ျဖစ္ပါေစ ေန့ခင္းေၾကာင္ေတာင္ အႏုၾကမ္းစီးသည္က စီးသည္ပဲေလ။
အလုပ္သမားေတြအားေငါက္ငမ္း၍ တင္ႏိုင္သေလာက္တင္ခဲ့ေသာ လွည္းက သာဒင္အပိုင္။
လုပ္အားေရာ ပစၥည္းေရာပါ ထၫ့္သြင္းကူညီတဲ့ သူေတြထဲမွာ သူေကာအပါအဝင္မို႔ ႀကံရာပါဟု ဆိုရမလား။
ဖိုးေထြးေၾကာက္သည္။
ေသာင္းဆင့္ကေတာ့ ဖေအမို႔မေၾကာက္ေပမဲ့ သူကေတာ့လုပ္ခဲ့ၿပီးမွ ဒူးပင္တုန္ေန၏။

" ကဲ မင္းတို႔ႏွစ္ေယာက္ ဒီမွာပဲ ဆင္းေနခဲ့ေတာ့ "

" မင္း ကဘယ္သြားမွာလဲ "

ရြာထိပ္ေညာင္ပင္ေအာက္ လွည္းရပ္၍ ဖိုး‌ ေထြးႏွင့္ သာဒင္အားဆင္းခိုင္းလိုက္သည္။ သာဒင့္အေမးကို ေသာင္းဆင့္ မေျဖေသးပဲ ခါးၾကားမွာ ေလာေလာလတ္လတ္ဝယ္လာေသာ အရက္ျပားေလးအားထုတ္၍ ေသာက္၏။

" ဟိုဖက္ရြာသြားမွာ ။ ဒီမွာ ေရာင္းလို႔ မျဖစ္ဘူး။
ငါ့အေၾကာင္းသိလို႔ တစ္ေယာက္မွ ဝယ္ရဲမွာမဟုတ္ဘူး "

" ငါတို႔ေရာ တစ္ခါထဲလိုက္ခဲ့မယ္ေလ "

" မလိုက္ေတာ့နဲ႔ ။ အိမ္မျပန္ခ်င္ အခင္းထဲ သြားေန "

ေျပာၿပီး ခ်က္ခ်င္းႏြားညီေနာင္အား ႀကိမ္ႏွင့္တို႔ကာ ထြက္သြား‌ ေစ၏။
တလိမ့္လိမ့္ႏွင့္ တက္လာေသာ ဖုန္လံုးေနာက္မွာ
ေသာင္းဆင့္ ေမာင္းသြားေသာ လွည္းႀကီးက တျဖည္းျဖည္းေပ်ာက္ကြယ္သြား၏။

__________

ညေနေစာင္း ေနဝင္ရီေရာအခ်ိန္။
အေပၚထပ္ျပတင္းတံခါးဆီမွ အိမ္ေရ႔ွလမ္းေလးကို သူလွမ္းေမ်ွာ္ၾကၫ့္မိသည္။
တစ္ေနကုန္ျပန္မလာေသာ ေသာင္းဆင့္ ဘယ္အရပ္မ်ားေရာက္ေနမလဲ စဉ္းစားစရာ။
မူးၿပီး ေတြ့တဲ့ေနရာ အိပ္ေနသလား။
ႏြားလွည္းငွားၿပီး ရြာလွၫ့္ျပႆနာရွာေနသလား။
ထိုင္လိုက္ထလိုက္ႏွင့္ စိတ္ပူမိသည္က ေန့ခင္းကတည္းကျဖစ္သည္။

" ဗ်ိဳ႕ ကိုဘြဲ႔ဆူး "

ၿခံစည္းရိုးတန္းကို ကိုင္ကာ အိမ္အေပၚထပ္ကိုေမာ့ၾကၫ့္ကာေအာ္ေခၚေနတဲ့ ခေမာက္ေဆာင္းထားတဲ့အမ်ိဳးသားတစ္ေယာက္။ ထိုသူကိုဘြဲ႔ဆူးသိသည္။
ရာအိမ္ေခါင္း ကိုထူး။

" ကိုထူးဘာအေရးရိွလို႔လဲ "

" သူႀကီးက အိမ္ခဏ လာခဲ့ေပးပါဦးတဲ့။ အေခၚလႊတ္လိုက္လို႔ဗ်ာ ။ လိုက္ခဲ့ဦး "

" ဘာျဖစ္လို႔လဲ ကိုထူး "

ဘြဲ႔ဆူး ခပ္ျမန္ျမန္ပင္ေလွကားေတြအားဆင္းလိုက္သည္။
ကိုထူးက ‌ၿခံစည္းရိုးမွာတင္ ရပ္ေနတုန္းျဖစ္သည္။

" ေသာင္းဆင့္ ျပႆနာရွာထားလို႔ဗ်ာ ။ သူႀကီးအိမ္မွာ အခုေရာက္ေနတယ္ ။ "

" က်စ္! ေသာင္းဆင့္ကေတာ့ကြာ။ ဒါဆို လာဗ်ာ။ သြားရေအာင္ "

မိုးတဖြဲဖြဲ က်ေနတာေတာင္မွ ေခါင္းေဆာင္းယူဖို႔ စိတ္ကမပါေတာ့။
အတန္တန္သတိေပးရက္သားနဲ႔ ေသာင္းဆင့္နည္းနည္းမွမလိမ္မာေပ။
သူဘယ္လိုဆံုးမရမလဲဆိုတာမေတြးတက္ေတာ့သည္အထိပင္။

သူႀကီးအိမ္ေရာက္‌ေတာ့ ‌ေျမျပင္ေပၚမွာ ေသာင္းဆင့္ ထိတ္တံုးခတ္ခံထားရသည္။
အိမ္ေအာက္တန္းလ်ားမွာ သူႀကီးအျပင္ ဦးေဘာဂေသာင္းႏွင့္ ရြာလူႀကီးႏွစ္ေယာက္ရိွေသးသည္။
ေသာင္းဆင့္သည္ ဘြဲ႔ဆူးလာသည္ျမင္ေတာ့ ေခါင္းကို ငံု႔ကာ ေရွာင္ဖယ္သြား၏။
ဘြဲ႔ဆူး တစ္ခ်က္သာၾကၫ့္၍ ျပန္မၾကၫ့္ျဖစ္ေတာ့။

" သူႀကီး ဘာေတျြဖစ္လို႔လဲ"

" အရင္ဆံုး ထိုင္ပါဦး "

ဦးေဘာဂေသာင္းသည္ ထိုင္၍ ေနသည္မွလြဲ၍ စကားမဆို ။ ေရႏြေးကိုသာ ငံု႔၍ေသာက္ေန၏။
ဘြဲ႔ဆူး မလွမ္းမကမ္းမွထိုင္ကာ သူႀကီးအေျပာကို ေစာင့္လိုက္၏။

" မနက္က ဆန္စက္မွာ ဆန္ဆယ့္သံုးအိတ္ ေသာင္းဆင့္ ဇြတ္ယူသြားလို႔တဲ့ ေမာင္ဘြဲ႔ဆူးရာ ။ဘယ္သြားေရာင္းသလဲဆိုတာ ေမးတာလည္းမေျဖဘူး။အဲ့ဒါေၾကာင့္ သူ႔အေဖက ထိတ္တံုးခတ္ခိုင္းထားတာ "

သူႀကီးခပ္ေအးေအးေျပာေပမဲ့ မေအးႏိုင္သူက ဘြဲ႔ဆူးသာ။ ဒိုင္းခနဲ ေသာင္းဆင့္အားလွမ္းၾကၫ့္လိုက္ေတာ့ သူ႔မဟုတ္သလိုေခါင္းကိုတျခားလွၫ့္ထား၏။

" ကြၽန္ေတာ္ ဘာလုပ္ေပးရမလဲ သူႀကီး။ "

ဝတၲရားအရ ေမးသင့္သည္ကို ေမးလိုက္လ်ွင္ သူႀကီးသည္ ယခုတိုင္ၿငိမ္သက္ေနေသးေသာ ဦးေဘာဂေသာင္းအားၫႊန္ျပ၍

" ကိုေဘာဂကေတာ့ မွတ္ေလာက္သားေလာက္ေအာင္ ဘုန္းႀကီးေက်ာင္းမွာ ဆယ့္သံုးရက္ေနခိုင္းဖို႔ ေျပာထားပါတယ္။ ေမာင္ဘြဲ႔ဆူး အေနနဲ႔ ဘယ္လိုသေဘာရလဲ "

ဘြဲ႔ဆူး ေသာင္းဆင့္အားခပ္ေထြေထြလွမ္းၾကၫ့္မိပါသည္။ ဒီတခါေတာ့ ေသာင္းဆင့္သည္ တန္ျပန္၍မိမိအားျပန္စိုက္ၾကၫ့္ေနသည္ကိုေတြ့ရ၏။
ထိုအၾကၫ့္ေတြထဲ‌ သနားခံမူ႔ေတြပါေနသည္။ ေတာငပန္မူ႔ေတြပါေနသည္။ သို႔ေသာ္ လက္မခံဖို႔ တိုးလ်ိဳေနေသာ မ်က္ဝန္းအၾကၫ့္ေတြအားေက်ာခိုင္းလိုက္၏။

" အဆင္ေျပသလို လုပ္ပါ။ ကြၽန္ေတာ့္အေနနဲ႔ ေသာင္းဆင့္ကို အတက္ႏိုင္ဆံုး လိမ္မာေအာင္ မဆံုးမႏိုင္ခဲ့လို႔ ခုလိုျဖစ္ရတာပါ။ ဆရာေတာ္ဘုရားဆိုရင္ေတာ့
သူ႔ကို အခ်ိဳးေျပာင္းေစမွာ‌ေသခ်ာပါတယ္။ ကြၽန္ေတာ္လက္မခံႏိုင္စရာမရိွပါဘူး "

" ဒါဆိုလည္း ေသာင္းဆင့္ကို ဒီညေနပဲ ပို႔လိုက္ၾကတာေပါ့ "

သူႀကီးဆံုးျဖတ္ခ်က္ကိုက်န္သူမ်ားကေခါင္းညိမ့္ၾကသည္။

" ဆရာေတာ္ကို ခုပဲ က်ဳပ္တို႔သြားေလ်ွာက္လိုက္မယ္။ သူႀကီး သူ႔ကိုၿပီးရင္ေခၚခဲ့လိုက္ေလ"

" ဟုတ္ၿပီ ၊ က်ဳပ္အဝတ္အစားေလးလဲၿပီး လိုက္လာခဲ့မယ္ ။ ခင္ဗ်ားတို႔သြားႏွင့္လိုက္တာအဆင္‌ ေျပမယ္။ မိုးကုန္က်င္းပမဲ့ ေလးရြာဘုရားပြဲေတာ္အေၾကာင္းလဲ ဆရာေတာ္ကိုေလ်ွာက္သင့္တာေလ်ွာက္ထားရဦးမွာမို႔လား"

ဘုရားပြဲအေၾကာင္းၾကားေတာ့ ရပ္ရြာလူႀကီးႏွစ္ေယာက္လႈပ္လႈပ္ရွားရွားျဖစ္ကာ ျမန္ျမန္ပင္ထြက္သြား၏။ ဦးေဘာသည္လည္းထိုလူႀကီးမ်ားႏွင့္အတူ သူႀကီးအားႏႈတ္ဆက္လ်က္ျပန္သြားေတာ့သည္။
ဘြဲ႔ဆူးကိုေတာ့ခ်ိဳသည္ခါးသည္ ထပ္မံ၍ေျပာမသြားေပ။
အခ်ိန္အေတာ္ၾကာၿပီးသၫ့္ေနာက္တြင္ ေသာင္းဆင့္ႏွင့္ ဘြဲ႔ဆူးသာ အိမ္ေအာက္မွာက်န္ခဲ့သည္။
ဘြဲ႔ဆူးသည္ ခံုမွ ‌ျဖည္းညင္းစြာထ၏။
တန္းလ်ားခံုထားရာ အိမ္ေအာက္တြင္ ဘြဲ႔ဆူးတို႔ေနအိမ္လိုသမံသလင္းခင္းထားျခင္းမရိွ၍ ေသာင္းဆင့္သည္ ေျမေပၚမွာသာ ထိုင္၍ေနတာျဖစ္၏။
ေျခေထာက္ႏွစ္ဖက္သည္ ထိတ္တံုးထဲမွာ အခ်ဳပ္ခံရၿပီး ဖံုမ်ားေပသလူးေနသၫ့္ လက္ႏွစ္ဖက္သည္ ေပါင္ေပၚမွာ ဒီတိုင္းတင္ထားေလသည္။
ပုဆိုးသည္ ေဟာင္းႏြမ္းကာ န၍ေနၿပီး ေအာက္တြင္ဝတ္ထားေသာ ေဘာင္းဘီပြပြေပၚသည္ထိတိုေနပါသည္။
ေသာင္းဆင့္ႏွင့္ယွဉ္လ်ွင္ဘြဲ႔ဆူးသည္ ေသသပ္ေနတက္ၿပီး ေျခဖ်ားထိဖံုးေသာ ပုဆိုး၊ လည္ပိတ္ထိလံုၿခံဳေအာင္ဝတ္ဆင္ထားေသာ သစ္လြင္ေသာ အက်ႌ ျဖင့္ တမူထူးျခားေနတက္၏။

" ကိုယ္ျပန္ေတာ့မယ္။ လိမ္လိမ္မာမာေနခဲ့ "

" ဟို .. ဘာမွမေမးေတာ့ဘူးလား "

မဝင့္မရဲ အၾကၫ့္ေတြအရ စိတ္ဆိုးမွာကိုေတာ့ေၾကာက္သည္ထင္ရ၏။
ဘြဲ႔ဆူးသက္ျပင္းခ်ကာ ေသာင္းဆင့္အားငံု႔ၾကၫ့္လိုက္၏။

" ပိုက္ဆံရွာခိုင္းလိုက္တာ ကိုယ့္အမွား ။
မင္းကေတာ့မင္းတက္တဲ့ အလုပ္ကိုပဲ လုပ္မွာပဲေလ။
ေတာ္ေသးတာေပါ့ ။ မင္းအေဖဆိုေတာ့ ဘာမွအႀကီးအက်ယ္ျဖစ္မသြားလို႔ "

" တျခားသူဆို က်ဳပ္မခိုးပါဘူး။ ခုဟာကလည္း ခိုးတာမွမဟုတ္တာ။ အေဖပိုင္တဲ့ပစၥည္း က်ဳပ္ပစၥည္းပဲဟာ ။ နည္းနည္းေလာက္ယူသြားရံုပဲရိွတာပါ။ အေဖ ဒီေလာက္နဲ႔ ဘဝပ်က္မသြားပါဘူး ။ အေဖဆိုၿပီးအႏိုင္က်င့္ခ်င္ေနတာ သိသားပဲ"

ေသာင္းဆင့္ ႏႈတ္ခမ္းကိုရြဲ႔ကာေျပာသည္။
ဘယ္လိုေျပာေျပာ စကားအားနားေထာင္မၫ့္ပံုမျမင္ေတာ့ထပ္မံ၍ မေျပာခ်င္ေတာ့ၿပီ။
ဘုန္းႀကီး‌ ေက်ာင္းဆိုမွ လက္ေထာက္ဆရာေတာ္သည္ စကားျဖင့္ဆံုးမ၍ရလ်င္ရ ၊မရလ်င္ေတာ့
ႀကိမ္ျဖင့္ေက်ာေကာ့ေအာင္ ရိုက္သည္ဟု နာမည္ႀကီးသည္။

ေသာင္းဆင့္နဲ႔ေတာ့ ခက္လွပါသည္။

ခ်စ္တဲ့အိမ္စည္။

Bạn đang đọc truyện trên: ZingTruyen.Xyz