ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

12

eainsi23

ဒီနေ့ဟာ လူကြီးစုံရာနဲ့တွေ့ဆုံတဲ့နေ့ဖြစ်သည်။
ဘထွေးကော ၊သောင်းဆင့်အဖေ ဦးဘောဂသောင်းပါ ရောက်ရှိနေပြီးနှစ်ယောက်လုံး မျက်နှာမကောင်းကြပေ။

သောင်းဆင့်က ပုံမှန်အတိုင်းရှိနေပေမဲ့ ဘွဲ့ဆူးကတော့ သိသိသာသာအကဲခတ်နေကြတဲ့ မျက်ဝန်းများအား တော်တော်ကြီးရှက်ရွံ့နေလျက်ရှိ၏။
ရောက်ရှိနေတဲ့နေရာသည် သောင်းဆင့်ပိုင်ဆိုင်သော
ရွာစွန်က အိမ်ဟောင်းလေးတစ်လုံးဖြစ်သည်။
ယိုင်နဲ့ခြင်းမရှိသေးသော ပျဉ်ထောင်အိမ်လေးမို့
အိမ်က ကောင်းမွန်စွာနေလို့ရသေးတယ်ဆိုရမည်။
ရောက်သည့်နေ့က မနေ့ ညနေကဖြစ်သည်။
ရှင်းလင်းခြင်းအလုပ်ကို ကောင်းကောင်းမလုပ်ရသေးပေမဲ့ ဧည့်ခန်းနှင့် အိပ်ခန်းကိုတော့ သောင်းဆင့်က ရှင်းထားသည်။
ဘွဲ့ဆူးအမြင်ကပ်လို့မည်သည့်အလုပ်မှမလုပ်ပဲထိုင်ကြည့်ခဲ့သည်။ အိမ်တွင် ပရိဘောဂ အစုံပါရှိပြီး ထိုင်စရာ ကတော့ စတီခုံ တစ်လုံးသာရှိလေသည်။
ထို့ကြောင့်ဧည့်သည်အများကြီးလာသည့်အခါတွင်တော့ ရှိတဲ့ခုံတစ်လုံးကိုဘေးကပ်ကာ သင်ဖြူးဖျာကို ခင်းပေးထားရသည်။

" လူကြီးတွေလည်း အကုန်စုံပြီဆိုတော့ ကျုပ်ကပဲ ရွာလူကြီးတစ်ယောက်အနေနဲ့ စကားပလ္လင်ခံမနေပဲပြောလိုက်တော့မယ်။ ဒီဖက်က မောင်ဘွဲ့ဆူးအနေနဲ့ကော မင်္ဂလာအတွက် ဘာများတောင်းဆိုချင်တာရှိသလဲ "

ဦးမိုးလွင်သည် ပထမဦးဆုံး စတင်ပြောဆိုလာခဲ့သည်။ ဘထွေးဆီမှ အကြည့်တစ်ချက်ရောက်လာသည်မို့ ရင်မဆိုင်ရဲစွာ
ဘွဲ့ဆူး မျက်လွှာ ချလိုက်မိသည်။ ထို့နောက်တိုးတိတ်ပေမဲ့ အများကြားသာရုံအသံဖြင့် ကလေးတစ်ယောက်နှယ်‌တိုင်တန်းမိသည်။

" ကျွန်တော် သောင်းဆင့်ကိုမယူနိုင်ဘူး။
သူ .. သူ အတင်းအကြပ်ကျွန်တော့်ကို"

" စိတ်ဆိုးတယ်ဆိုရင်တောင်မှ မင်းလူကြားထဲထိ
မောင့်ကို အရှက်မခွဲသင့်ဘူး နှင်းဆီ " သက်ပြင်းချသံသဲ့သဲ့ နှင့်အတူ
သောင်းဆင့်ထံမှ ချော့မော့ဖျောင်းဖျလိုတဲ့အသံကြောင့် စကားဝိုင်းသည် ပိုမိုတိတ်ဆိတ်သွားသယောင်။

ဖျတ်ခနဲ ပင့်မော့လာတဲ့ မျက်ဆံထပ်မှာ မယုံကြည်ခြင်းတွေ ။ ထို့နောက် ဒေါသအပြည့်
ဖြစ်တည်လာသော နီကျင်ကျင်ဝေ့သီနေတဲ့
အရှက်တရားတွေ။ ဒီကောင်ဘာစောက်ချိုးပြီလဲဆိုတာ သိလိုက်ပေမဲ့ အမှန်တကယ်ပြောပြီဟေ့ဆိုရင် သူမှာ ပြောဖို့ဘာစကားမှမရှိတော့ပြန်။

" သောင်းဆင့် မင်း!!"

သောင်းဆင့် သူ့မျက်နှာကို တစ်ချက်ပွတ်လိုက်သည်။ ထိုအပြုအမူသည် အမှားလုပ်မိသူတစ်ယောက်နှယ် ။ မည်သူတစ်ဦးတစ်ယောက်မှ သတိထားမိနိုင်စရာအကြောင်းမရှိပေမဲ့ ဘွဲ့ဆူးကတော့ ကာယကံရှင်မို့ အကျိုးအကြောင်းအမှန်ကို သိနိုင်သည်။ ထို့ကြောင့် ပိုပြီး စိတ်တိုရသည်။

" မောင်မှားပါတယ်။ အရက်သောက်တာ မင်းမကြိုက်ဘူးဆိုရင် မောင် မသောက်မိအောင်ကြိုးစားပါ့မယ်။ အဲ့ဒါမှစိတ်ဆိုးမပြေသေးဘူးဆိုရင် လူ‌ကြီးတွေပြန်မှ မင်းစိတ်ကြိုက် မောင့်ကို ထိုး"

မည်သည့်အကြောင်းမှမတိုက်ဆိုင်သော စကားတွေ သောင်းဆင့်နှုတ်က ဆက်တိုက်ဆိုသလိုထွက်လာ၏။
မောင်ချင်းထပ်စွာ ပြောလာတဲ့ စကားများက ဘယ်ချိန်ကတည်းက ကြိုတင်ပြင်ဆင်ထားသလဲမသိ။
ဘွဲ့ဆူး ဘာပြောရမှန်းမသိအောင် သောင်းဆင့်မျက်နှာကြီးကြည့်ကာ ကုတ်ဖဲ့ချင်မိသည်အထိ
အူယားလာမိသည်။

" မင်းမဟုတ်တာတွေမပြောနဲ့။
ကိုယ်ဘယ်တုန်းကမှ မင်းအရက်သောက်လို့ စိတ်ဆိုးဘူးတာမရှိဘူး။ ခုပြဿနာက မင်းဇွတ်ခိုးခဲ့လို့
ဖြစ်ခဲ့ရတာ။ ရှင်းရှင်းပြောမယ်။ ကိုယ် မင်းကို မယူနိုင်ဘူး "

" မယူလို့ရမလား။ မောင်ပြောပြီးပြီ။ ဒါပြီးမှ စိတ်ကြိုက်မောင့်ကို ထိုးလို့။ ဘာလဲ မင်းက
ဒီအခြေအနေအထိ ဖြစ်ခဲ့ပြီးမှ မောင့်ဘဝကို တာဝန်မယူချင်တာလား။ နာမည်ပျက်တာချင်းအတူတူ
မောင့်ဘဝသေသွားတာကို မင်းက မြင်ချင်တာလား"

" သောင်းဆင့် မင်းမဟုတ်တာတွေ မပြောနဲ့ "

ဘွဲ့ဆူးခပ်ကြိတ်ကြိတ်အော်သည်။ နှစ်ယောက်သားပြောနေကြတဲ့ စကားတွေက
ပတ်ဝန်းကျင်မှာ ထိုင်နေကြတဲ့ လူကြီးတွေအား
မေ့နေသလိုပင်။ သောင်းဆင့်ပုံစံက အရှက်မရှိဘူးဆိုပေမဲ့ နှင်းဆီဘွဲ့ဆူးကတော့ ရှက်ရွံ့စွာ မျက်နှာနီနေပြီဖြစ်သည်။ ဘယ်လောက်အော်နေပါစေ ရန်ဖြစ်နေတာမျိုးမဟုတ်ပဲ အချစ်စမ်းနေသယောင်မို့ ဦးဘောဂသောင်းအပါအဝင် ဘထွေးသည်ပင် ကြားရတာ စနိုးစနှောင့်ဖြစ်လာသည်အထိပင်။
ယိုသူမရှက် မြင်သူရှက်ဆိုတာ ဒါမျိုးပြောတာ။

" နှင်းဆီဘွဲ့ဆူး !! တော်လိုက်တော့။ "

ဖြတ်အော်လာတဲ့ အသံက ဘထွေးဆီကမို့ ဘွဲ့ဆူး
ပြောလက်စရပ်ရသည်။ ရှင်းပြဖို့ကြိုးစားပေမဲ့
ဘွဲ့ဆူး ဆက်ပြောလို့မရတောပေ။ဘထွေးသည် ဘွဲ့ဆူး၏ လှုပ်ရှားမူ့ကိုရပ်တန့်အောင် လက်ကာပြလိုက်တာမို့ပင်။ အနေအထိုင်တည်ကြည်လွန်းသူမို့ သဘောကောင်းပေမဲ့ ဘထွေးအား သူမစော်ကားဝံ့ပေ။

" တော်ပြီ ။ မင်းတို့နှစ်ယောက်ဘာမှဆက်မပြောနဲ့တော့။မိုးလွင် သင့်တော်သလို စီစဉ်ပေးလိမ့်မယ်။ ဘာ သဘောထားကိုမှမေးမနေတော့ဘူး။ ဖြစ်ပြီးမှတော့ ဘာမှမတက်နိုင်ဘူး။ ဘွဲ့ဆူးမင်းအသက် သုံးဆယ်ရှိနေပြီ၊ ကလေးအလုပ်တွေ လုပ်မနေနဲ့တော့ ၊ ငါ့ဖက်ကတော့ ဖြစ်နေတဲ့ပြဿနာကို လက်မခံနိုင်သေးတာကတော့အမှန်ပဲ။ ဒီကိစ္စက ဘယ်ဖက်ကကြည့်ကြည့် ငါတို့လူကြီးတွေအနေနဲ့ လက်သင့်ခံပေးဖို့မရဲသေးဘူး။ "

ဘထွေးပြောစကားသည် ရှင်းနေပေသည်။
မည်သို့ပင် ဆိုစေကာမူ မှားသူက ဘွဲ့ဆူးမဟုတ်‌
လူယုတ်မာသောင်းဆင့်သာဖြစ်သည်။
ခုတော့ အမုန်းဟူသမျှ ကိုယ်တစ်ယောက်သာ ခံစားနေရသလို ဖြစ်နေပြီး သောင်းဆင့်ကတော့ မပြုံးမရယ်သော်ငြား အတွင်းမှာ ကြိတ်ပျော်နေတာ သိသိသာသာ။

ဖြစ်ပြီးမှတော့ မထူးစိတ်‌ပိုက်ကာ ယူလိုက်ပြန်ဖို့ စဉ်းစားသော်ငြား ပတ်ဝန်းကျင်၏ရိုက်ခတ်မူ့ကိုမခံနိုင်ပြန်။ ထွက်ပြေးပြီး ဘဝသစ်စဖို့ တွေးကြည့်ပြန်တော့လည်း သောင်းဆင့်၏ စကားတွေက နားထဲမှာအကြိမ်တစ်ရာပြန်ကြားယောင်ရသည်။
ယခုလည်း လူကြီးတွေမလာခင်သူ့အား ခြိမ်း‌ခြောက်ထားသေးသည်။

" ကျုပ်ကို ပစ်ပြီးထွက်ပြေးကြည့် တစ်ဘဝစာလုံးလုံအောင်ပုန်းနိုင်ရင်ပုန်း ။ မဟုတ်ရင် သေတဲ့အထိ
စောက်ရှက်ကွဲအောင် လုပ်မှာ " တဲ့။
ကဲဘယ်လောက် ယုတ်မာလိုက်သလဲ။

ထို့ကြောင့် လူကြီးတွေအား အနည်းငယ်မျှအားကိုးကာ အမှန်တရားကိုပြောခဲ့ပေမဲ့ မယုံကြည်ပဲ
သောင်းဆင့်စကားကိုသာ အမှန်ထင်ကြသည်။
မောင့်ကို ပြီးမှ စိတ်ကြိုက်ထိုးဆိုတဲ့ စကားကို ကြားကာ မျက်နှာကိုလက်သီးနဲ့ ပစ်ထိုးချင်လို့ ယားနေပြီဖြစ်တဲ့ စိတ်ကို ပြန်ဖြေဖျောက်ထားရသည်။
ပြီးမှမင်းနဲ့တွေ့မယ်သောင်းဆင့်။ ဒါပြီးရင်မင်းသေပြီမှတ်ထား။

" ဘောဂသောင်း မင်းကော ဘာပြောချင်သေးလဲ "

ဦးဘောဂသောင်း သည် ရောက်ကတည်းက မည်သည့်စကားမှဝင်မပြောပဲ ပုံမှန်သာထိုင်နေတာဖြစ်သည်။ ဘထွေးစကားကြားမှ ခေါင်းညိမ့်ကာ

" ကျုပ်ဖက်လည်း ဘထွေးလိုပဲ လက်ခံပေးဖို့ ခက်ခဲနေသေးတယ်။ဘထွေးကိုအားနာပေမဲ့ ရှေ့ခုနှစ်အိမ်၊နောက်ခုနှစ်အိမ် အသိပေးရုံလောက်ပဲလုပ်စေချင်တယ်။ ကျုပ်အနေနဲ့ ဖခင်တစ်ယောက်အနေနဲ့စီစဉ်ပေးသင့်တာပေး ပြီးရင်တော့ သောင်းဆင့်ကိုကျုပ်အိမ်ရိပ်မနင်းဖို့ သတိပေးရမှာပဲ။ "

ဦးဘောဂသောင်းစကားကို ဘထွေးစိတ်မဆိုးပါ ။
အကြောင်းသိတွေမို့ ဘောဂသောင်းဘာဆိုတာ သိသလို ၊သောင်းဆင့် ဘယ်လို ကောင်လဲဆိုတာလည်းသူသိသည်။

" ဒါကတော့မင်းသဘောပါ။ ချိုသည်ခါးသည် ငါ့ဖက်က ဝင်ပြောခွင့်မရှိဘူး။ "

" ကျေးဇူးတင်ပါတယ်ဘထွေး "

" ရတယ် ။ မင်းပြောစရာရှိတာဆက်ပြောပါ "

ဘထွေးစကားကြောင့် ‌ဦးဘောဂ စကားဆက်သည်။

" အဲ့ဒါကြောင့် သောင်းဆင့် မင်းဝတ်ထားတဲ့ လက်ဝတ်လက်စားအားလုံးငါ့ကိုချွတ်ပေးလိုက်ပါ။ အဖေတစ်ယောက်အနေနဲ့ ငါဖက်က မင်းကို အပြတ်သားဆုံးပြောခဲ့ပြီးပြီ။ မင်းဖက်ကရှေ့ဆက်တိုးလာတော့လည်း ငါ့လည်းမသနားနိုင်တော့ဘူး။ မင်းသဘောကျတဲ့သူနဲ့အတူနေ။ ဘဝသစ်ကိုမင်းဘာသာစ ။ အဲ့ဒါဆို မင်းအဆင်ပြေနိုင်လား "

သောင်းဆင့်စိတ်ဆိုးမူမရှိသော မျက်နှာဖြင့် ခေါင်းညိမ့်သည်။
ထို့နောက်ဝတ်ထားသော လက်ကောက်နှစ်ဖက်နှင့်အတူ ဆွဲကြိုးလက်စွပ်တစ်ခုမကျန်ချွတ်ကာရှေ့မှာပုံပေးသည်။
ထိုပစ္စည်းအားလုံးသည် အမေ့ပစ္စည်းများဖြစ်ပြီး သောင်းဆင့်ပိုင်ဆိုင်သောအရာတွေဖြစ်သည်။
အတိတ်တုန်းကတော့ သောင်းဆင့်ရွှေကိုကြိုက်သည်။
ယခုတော့ နှင်ဆီဘွဲ့ဆူးကိုသာ ကြိုက်တော့၏။
မက်လောက်စရာမရှိသော ပစ္စည်းများကို သူရင်မခုန်တော့ပေ။
အကုန်ချွတ်ပြီးသည့်နောက် ဆွဲကြိုးမှာ သီထားသော
ငွေဂြုပ်ကလေးအား ပြန်ယူသည်။
ထိုအရာကတော့သောင်းဆင့်အပိုင်ဖြစ်သည်။

" သောင်းဆင့် အမေ့ပစ္စည်းတွေမို့
အဖေမရှိတော့ရင် သောင်းဆင့် ပြန်ယူပါ့မယ် "

ဒီဖေ ....

ဦးဘောဂသောင်းရဲ့ ဆဲဆူသံသဲ့သဲ့ မင်္ဂလာအိမ်သစ်လေးထဲမှာ ပျံ့နှံ့လာ၏။

ဒါကို သောင်းဆင့်က မမူ့။ ဆဲဆဲမဆဲဆဲ အချိန်တန်ကိုယ်ရမဲ့ပစ္စည်းတွေ မို့ လတ်တလောအရေးကြီးဆုံးက သူယူထားတဲ့ယောကျာ်း။

အချစ်ဆိုတာ လုပဲယူယူ ၊ခိုးပဲယူယူ ၊ သက်ဆိုင်သူမရှိသ၍ သူကို ကင်းကင်းရှင်းရှင်းချစ်လို့ရတယ်။
အမေပြောဘူးတယ်၊ မချစ်ပဲ မယူနဲ့။
ယူပြီးရင်လည်း မြဲအောင်နေတဲ့။

သောင်းဆင့်ကလက်တွေ့ပဲကြိုက်တယ်။
စိတ်ကြိုက်ထိုး ၊ အနာခံမှအသာစံရမှာကိုသူသိသည်။
ခြိမ်းခြောက်တယ်၊ ဖြဲခြောက်တယ်။
နှင်းဆီဘွဲ့ဆူး စိတ်ပျော့တယ်ဆိုတာ သူသိတော့ အညှာကို ကောင်းကောင်းကိုင်ထားနိုင်သည်။

ထွက်သွားကြည့် ၊ရေမြေဆုံးထိလိုက်မှာ။
တစ်ခါယူပြီးရင် တစ်သက်လုံး ကိုယ့်ယောကျာ်းပဲ။
ဖောက်ပြန်ပြီးနောက်တစ်ယောက်ယူလည်း
အိမ်ရှေ့ကနေ " နှင်းဆီဘွဲ့ဆူး မင်း‌ ယောကျာ်း ‌ကဒီမှာနော် လို့ လိုက်အော်မှာ။

နှင်းဆီဘွဲ့ဆူးပြောနေကြပဲ။
သောင်းဆင့် မင်းလူယုတ်မာတဲ့။
ယုတ်ယုတ်ပဲ ၊နာမ‌ နေဘူး ။ ယုတ်လိုက်တော့ယောကျာ်းရတယ်လေ။
မဟုတ်ရင် နှင်းဆီဘွဲ့ဆူးက သူများနောက်ပါမှာ။
ဟော ၊ ယုတ်မာလိုက်တော့ နောက်ရက် အများသိ
အဲ့တစ်ယောက်က ကိုယ်အိမ်ထောင်ဖက်ဖြစ်လာခဲ့ပြီမို့လား။

___________

ညသည် အလင်းပျောက်နေပြီဆိုပေမဲ့ ရှစ်နာရီထိ ရွာဦးဘုန်းကြီးကျောင်းမှ ပေးသော လျှပ်စစ်မီးကြောင့် လင်းထိန်နေသေးသည်။
သောင်းဆင့် တစ်ယောက် နှင်းဆီဘွဲ့ဆူး ပေးထားသော အချစ်အမှတ်တရကြောင့်မျက်ကွင်းတစ်ဖက်ညိုကာ အိမ်သန့်ရှင်းရေးလုပ်နေရ၏။
ရေစိုဝတ်ဖြင့် ကြမ်းကို ထပ်ခါထပ်ခါ တိုက်နေချိန်တွင် ပြတင်းတံခါး‌ ဘေးမှာ တစ်ခုတည်းသော စတီခုံမှာ အကျင့်ပုတ်နှင်းဆီက စာအုပ်တစ်အုပ်ဖြင့် ဇိမ်ကျနေသည်။ တစ်ခါတစ်လေ သူအလုပ် မလုပ်ကိုလည်း မော့ကြည့်တက်သေး၏။

" မောင့်နှင်းဆီလေး "

"...."

" ပိုက်ဆံတစ်ထောင်လောက် မောင့်ကိုပေးပါဦး"

ဘေးမှာသွားရပ်၍ သောင်းဆင့်တောင်း၏။
သူ့မှာ ငွေဆို၍ ခြူးတစ်ပြားနှင့်တူတာတောင်မရှိ။
မသောက်ရသေးသည်မို့ လက်ကတုန်တုန်ရီရီဖြစ်ချင်နေပြီ။
မနက်က ရှိသမျှ ရွှေထည်ချွတ်ပေးလိုက်ပြီမို့ နေရထိုင်ရသည်လည်း မကောင်းလှပါ ။
ခေါင်မူးတာလိုလို ၊ဖျားချင်တာလိုလိုဖြင့် ရွှေနံ့လိုနေသည်မှာ သိသိသာသာ။

ဘွဲ့ဆူး ဖတ်လက်စ စာအုပ်ကိုပိတ်လိုက်ပြီး ဘေးမှာရပ်နေသော သောင်းဆင့်အား မော့ကြည့်လိုက်သည်။
မီးရောင်က ကွယ်မနေတာမို့ သောင်းဆင့်မျက်နှာအား သူရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
ညိုရီသောမျက်နှာထပ်မှာ အမဲရောင်သန်းနေသော မျက်ကွင်းတစ်ဖက်က ရယ်ချင်စရာလည်းကောင်းသလို သနားစရာလည်းကောင်း၏။
လူကြီးတွေပြန်တော့ ရှက်ရကောင်းသည်မသိ ဘွဲ့ဆူး ဆွဲလှဲကာ သုံးချက်လောက်ထိုးပစ်လိုက်သည်။
သူဘာလုပ်လုပ် သောင်းဆင့်က ပြန်မလုပ်ပဲငြိမ်ခံတက်၏။ ထို့ကြောင့် ဘွဲ့ဆူးသက်သာတာဖြစ်၏။

" နော် .. မောင့်မှာသုံးစရာ မရှိတော့လို့"

" ဘယ်က အတက်ကောင်းတွေ တက်လာတာလဲ။
ကိုယ့်ကို နှင်းဆီလို့ ခေါ်တာတောင်မှလွန်နေပြီ။ အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့ "

" ဘာကိုအဓိပ္ပါယ်မရှိတာလဲ။ မောင်က မင်းထက်ငယ်လို့ မောင်လို့ပြောတာလေ။
ဇာတ်ကားထဲမှာလဲ မင်းသမီးက မင်းသားကို မောင်လို့ခေါ်ကြတာပဲ "

" သူက မင်းသမီးမို့ခေါ်တာလေ။ ကိုယ်က ယောကျာ်းလေး "

ရှက်ရွံ့စွာ နီလာတဲ့နားရွက်ဖျားလေးကို သောင်းဆင့်ငေးကြည့်သည်။ ဘွဲ့ဆူးပုံစံက ရှက်နေပေမဲ့ မှင်သေသေဖြင့် မျက်နှာကိုတည်ထားသည်။
နားရွက်လေးတွေသာ နီမနေရင် ရှက်နေတယ်ဆိုတာသူသိမှာမဟုတ်။ ဒါလေးကပဲ သောင်းဆင့်အားရင်ခုန်စေတာဖြစ်သည်။

ငေးကြည့်ရုံဖြင့်တင်းတိမ်တာ ဘယ်သူရှိလဲ။
ဟောဒိမှာကြည့် တစ်လောကလုံး ဒီမောင်တစ်ယောက်သာရှိမည်။

" မင်းသိလား မောင့်နှင်းဆီ။ မောင်က ရုပ်လည်းမချောဘူး ပညာလည်းမတက်ဘူး။ မင်းပြောသလို ၊ယုတ်လည်းယုတ်မာတက်သေးတယ်။ ဒါပေမဲ့
မောင့်အချစ်တွေကတော့ ရိုးသားပါတယ်။
ချစ်မိပါတယ်ဆိုမှ ၊ သူများရည်းစားတွေခေါ်သလို ခေါ်ချင်တယ်လေ။ မင်းမချစ်ပေမဲ့လည်း
မောင် သဘောကျသလိုလေး ခေါ်ခွင့်မပေးနိုင်ဘူးလား "

နုညံ့သက်‌စင်းသော အပြောအောက်မှာ ဘွဲ့ဆူးနှလုံးသားလေး အနည်းငယ်ခါယမ်းသွား၏။
အမြဲကြမ်းတမ်းနေသော ကောင်မို့ တစ်ခါတစ်လေ နုညံ့လိုက်သည်က အသစ်အဆန်းဖြစ်လို့နေသလား။

စိတ်ရှုပ်ထွေးတာကို ကာကွယ်သည့်အနေဖြင့် ဘွဲ့ဆူး အိတ်ထောင်ထဲကနေ တစ်ထောင်ထုတ်ကာမြန်မြန်‌ ပေးလိုက်သည်။

" ရော့ ... ဖာစကားတွေ လျော့ပြော "

" ဖာခေါင်းလင်က မင်းပဲလေ "

" သောင်းဆင့်ဆက်နိုင်"

" ပြောဗျာ ၊ပြောပြော "

" နောက်တစ်ဖက်ထပ်ညိုချင်နေတာလား "

"ထိုးမယ်ဆိုလည်းထိုးပါ။ ဒါပေမဲ့ မောင် နေမကောင်းဖြစ်ချင်နေတယ်"

ညိုးငယ်နေတဲ့ အသံက မသိသာဘူးဆိုပေမဲ့ တမျိုးဖြစ်နေတာမို့ဘွဲ့ဆူးအမှတ်တမဲ့မော့ကြည့်မိသည်။
သောင်းဆင့်အသားရည်က အနည်းငယ်မဲတဲ့ဖက်ကိုသွားပြီး မျက်ဝန်းများကတော့ ရှည်‌၏။
အမြဲ ရန်စတက်ပေမဲ့ ရယ်မျိုးရိပ်သန်းနေတဲ့ မျက်ဝန်းတွေက ယခုဆို ဖျော့တော့ကာ မျက်ခမ်းစပ်တွေကနီနေသယောင်။

" ဒါဆို မသွားတော့နဲ့ "

" အင်း.. ။ တစ်ထောင်ပြန်ယူထားလိုက်"

လက်ထဲပြန်ရောက်လာတဲ့ ပိုက်ဆံကို အိတ်ထောင်ထဲပြန်ထည့်ကာ ထိုင်နေရာမှထရပြန်သည်။
တစ်နေ့လုံးထိုးနှက်ထားသည့်အပြင် အိမ်သန့်ရှင်း
ရေးကိုပါ မစာမနာခိုင်းထားသည်မို့ ပန်းဖျားများဖျားသလား။
မဆီမဆိုင် အပြစ်မကင်းစိတ်ဝင်လာသည်မို့ အိတ်ဆောင်ထားတဲ့ဆေးတစ်လုံးကိုထုတ်တိုက်ရပြန်၏။

" ဆေးသောက်လိုက် သောင်းဆင့် ။ ပြီးရင် အိပ်တော့
။ အရက်ကို ငါမသိခင်ခိုးမသောက်နဲ့နော်"

နှစ်ယောက်အိပ်ကုတင်ထပ်မှာ အိပ်စေပြီး ခြင်ထောင်ကိုချပေးလိုက်သည်။
အသုံးအဆောင်မှန်သမျှ သိမ်းဆည်းထားတာတွေ ဒီအိမ်လေးထဲမှာ အကုန်ရှိသည်။
ပရုတ်လုံးနံ့သင်းရပေမဲ့ အဟောင်းနံ့နှင့် ဖုန်နံ့တချို့က မလျှော်ရသေးသည်မို့ အနံ့ကရောထွေးနေ၏။
‌မကြာခင်မီးလည်းမှီတ်တော့မည်မို့ အပေါ့အပါးသွားကာ သူပါ ဘေးမှာ ဝင်လှဲရသည်။

" မအိပ်သေးဘူးလား"

" ခင်ဗျား ပြန်မလာသေးလို့ "

ရင်ဘတ်ပေါ်မှာလျောကျနေတဲ့စောင်အား ဆွဲတင်ပေးရင်း ဘွဲ့ဆူး မျက်လုံးကိုမှိတ်ထားလိုက်သည်။
ခဏကြာတော့ မီးမှိတ်သွားသည်မို့ ပတ်ဝန်းကျင်ကလည်း အိပ်ယာဝင်ကုန်ကျသည့်နှယ် တိတ်တဆိတ်ဖြစ်သွားတာ သိသာလွန်း၏။

" နှင်းဆီ ။ မောင် နေမကောင်းဖြစ်တာ
တော်တော်နဲ့မပျောက်ရင် စိတ်ကုန်မှာလားဟင် "

" ချက်ချင်းကြီး လေသံတွေ ပျော့ကုန်တာလား ။
မကြာခင် အချိန်ကတင် မင်းကိုယ့်ဆီကို ပိုက်ဆံတောင်းနေသေးတယ်လေ "

" မယုံဘူးလား ။ မောင်တကယ်မလိမ်ပါဘူး။ မောင် ငယ်ငယ်ကတည်းက အကျင့်ရှိတယ်။
ရွှေမဝတ်ထားရင် မောင်အဖျားမပျောက်ဘူး "

" ဘာလို့လဲ "

" မောင်လည်းမသိဘူး။ အဲ့ဒါကြောင့် မောင်အမြဲ ရွှေဝတ်ထားရတာ။ "

" ဒါဆို မင်းအဖေကိုဘာလို့အကုန်ချွတ်ပေးလိုက်တာလဲ။ လက်စွပ်ဖြစ်ဖြစ် တစ်ခုခုတော့ ယူမထားလိုက်ဘူး.."

သောင်းဆင့်ဆက်ပြောလာသည်။
အတူတူယှဉ်တွဲအိပ်နေပေမဲ့ ယောကျာ်းသားနှစ်ယောက်မို့ နေရခက်ခြင်းတော့မရှိ။ နောက်ပြီးသောင်းဆင့်က သူ့အား မလျော်ကန်သောထိတွေ့ခြင်း မရှိတာကြောင့်လည်းပါသည်။ အဲ့တစ်ခုတော့ သူကျေးဇူးတင်သည်။ မချစ်သေးသည်မို့ ထိတွေ့ခြင်းတော့ မပြုလုပ်နိုင်သေးပေ။

" မောင် ဝမ်းနည်းတယ်။ မင်းကိုကောင်းကောင်းမထားနိုင်သေးတဲ့အပြင်
မင်းဆီကပါ ယူသုံးနေရတာ အဆင်မပြေသေးဘူး။ မောင်ဘာဆက်လုပ်ရမလဲဟင်။ ယောကျာ်းယူလိုက်တာ ချက်ချင်းကြီးဆိုတော့ မောင်ဘာမှပြင်ဆင်မထားဖြစ်သေးဘူး။ပြီး‌ တော့ မင်းရှက်သလား။ နည်းနည်းတော့မောင့်ကိုမုန်းမယ်ထင်တယ်။ မောင်လည်းအားနာပေမဲ့ မတက်နိုင်လို့ပါ။ "

" အဲ့ဒါနောက်ထားစမ်းပါ ၊ မင်း တမောင်မောင်ပြောနေတာကြီး ငါတကယ် ကျင့်သားမရသေးဘူး။ ကျုပ်လို့ပြောမရဘူးလား"

ဘွဲ့ဆူးစကားကြောင့် သောင်းဆင့်ရယ်၏။
တိုးတိုးလေးမို့ အက်ရှရှအသံက နားစည်ကို အနည်းငယ်ရိုက်ခတ်ရုံသာရှိပြီး ယားယံသွားစေ၏။

" မရဘူး။ မောင် တကယ်အဲ့လိုလေးပဲပြောချင်စိတ်ဖြစ်နေလို့ပါ။ ပြောမယ်နော်။ ခွင့်ပြုမယ်မို့လား "

" ဟင့်အင်.. မရဘူး "

" ဘာလို့လဲ "

" ရွံလို့ "

" ရွံပေါ့ ။ မောင်ကတော့ချစ်တယ် "

" သောက်ပေါ "

" ချစ်တယ် "

ချစ်တဲ့အိမ်စည်။

ဒီေန့ဟာ လူႀကီးစံုရာနဲ႔ေတြ့ဆံုတဲ့ေန့ျဖစ္သည္။
ဘေထြးေကာ ၊ေသာင္းဆင့္အေဖ ဦးေဘာဂေသာင္းပါ ေရာက္ရိွေနၿပီးႏွစ္ေယာက္လံုး မ်က္ႏွာမေကာင္းၾကေပ။

ေသာင္းဆင့္က ပံုမွန္အတိုင္းရိွေနေပမဲ့ ဘြဲ႔ဆူးကေတာ့ သိသိသာသာအကဲခတ္ေနၾကတဲ့ မ်က္ဝန္းမ်ားအား ေတာ္ေတာ္ႀကီးရွက္ရြံ႔ေနလ်က္ရိွ၏။
ေရာက္ရိွေနတဲ့ေနရာသည္ ေသာင္းဆင့္ပိုင္ဆိုင္ေသာ
ရြာစြန္က အိမ္ေဟာင္းေလးတစ္လံုးျဖစ္သည္။
ယိုင္နဲ႔ျခင္းမရိွေသးေသာ ပ်ဉ္ေထာင္အိမ္ေလးမို႔
အိမ္က ေကာင္းမြန္စြာေနလို႔ရေသးတယ္ဆိုရမည္။
ေရာက္သၫ့္ေန့က မေန့ ညေနကျဖစ္သည္။
ရွင္းလင္းျခင္းအလုပ္ကို ေကာင္းေကာင္းမလုပ္ရေသးေပမဲ့ ဧၫ့္ခန္းႏွင့္ အိပ္ခန္းကိုေတာ့ ေသာင္းဆင့္က ရွင္းထားသည္။
ဘြဲ႔ဆူးအျမင္ကပ္လို႔မည္သၫ့္အလုပ္မွမလုပ္ပဲထိုင္ၾကၫ့္ခဲ့သည္။ အိမ္တြင္ ပရိေဘာဂ အစံုပါရိွၿပီး ထိုင္စရာ ကေတာ့ စတီခံု တစ္လံုးသာရိွေလသည္။
ထို႔ေၾကာင့္ဧၫ့္သည္အမ်ားႀကီးလာသၫ့္အခါတြင္ေတာ့ ရိွတဲ့ခံုတစ္လံုးကိုေဘးကပ္ကာ သင္ျဖဴးဖ်ာကို ခင္းေပးထားရသည္။

" လူႀကီးေတြလည္း အကုန္စံုၿပီဆိုေတာ့ က်ဳပ္ကပဲ ရြာလူႀကီးတစ္ေယာက္အေနနဲ႔ စကားပလႅင္ခံမေနပဲေျပာလိုက္ေတာ့မယ္။ ဒီဖက္က ေမာင္ဘြဲ႔ဆူးအေနနဲ႔ေကာ မဂၤလာအတြက္ ဘာမ်ားေတာင္းဆိုခ်င္တာရိွသလဲ "

ဦးမိုးလြင္သည္ ပထမဦးဆံုး စတင္ေျပာဆိုလာခဲ့သည္။ ဘေထြးဆီမွ အၾကၫ့္တစ္ခ်က္ေရာက္လာသည္မို႔ ရင္မဆိုင္ရဲစြာ
ဘြဲ႔ဆူး မ်က္လႊာ ခ်လိုက္မိသည္။ ထို႔ေနာက္တိုးတိတ္ေပမဲ့ အမ်ားၾကားသာရံုအသံျဖင့္ ကေလးတစ္ေယာက္ႏွယ္‌တိုင္တန္းမိသည္။

" ကြၽန္ေတာ္ ေသာင္းဆင့္ကိုမယူႏိုင္ဘူး။
သူ .. သူ အတင္းအၾကပ္ကြၽန္ေတာ့္ကို"

" စိတ္ဆိုးတယ္ဆိုရင္ေတာင္မွ မင္းလူၾကားထဲထိ
ေမာင့္ကို အရွက္မခြဲသင့္ဘူး ႏွင္းဆီ " သက္ျပင္းခ်သံသဲ့သဲ့ ႏွင့္အတူ
ေသာင္းဆင့္ထံမွ ေခ်ာ့ေမာ့ေဖ်ာင္းဖ်လိုတဲ့အသံေၾကာင့္ စကားဝိုင္းသည္ ပိုမိုတိတ္ဆိတ္သြားသေယာင္။

ဖ်တ္ခနဲ ပင့္ေမာ့လာတဲ့ မ်က္ဆံထပ္မွာ မယံုၾကည္ျခင္းေတြ ။ ထို႔ေနာက္ ေဒါသအျပၫ့္
ျဖစ္တည္လာေသာ နီက်င္က်င္ေဝ့သီေနတဲ့
အရွက္တရားေတြ။ ဒီေကာင္ဘာေစာက္ခ်ိဳးၿပီလဲဆိုတာ သိလိုက္ေပမဲ့ အမွန္တကယ္ေျပာၿပီေဟ့ဆိုရင္ သူမွာ ေျပာဖို႔ဘာစကားမွမရိွေတာ့ျပန္။

" ေသာင္းဆင့္ မင္း!!"

ေသာင္းဆင့္ သူ႔မ်က္ႏွာကို တစ္ခ်က္ပြတ္လိုက္သည္။ ထိုအျပဳအမူသည္ အမွားလုပ္မိသူတစ္ေယာက္ႏွယ္ ။ မည္သူတစ္ဦးတစ္ေယာက္မွ သတိထားမိႏိုင္စရာအေၾကာင္းမရိွေပမဲ့ ဘြဲ႔ဆူးကေတာ့ ကာယကံရွင္မို႔ အက်ိဳးအေၾကာင္းအမွန္ကို သိႏိုင္သည္။ ထို႔ေၾကာင့္ ပိုၿပီး စိတ္တိုရသည္။

" ေမာင္မွားပါတယ္။ အရက္ေသာက္တာ မင္းမႀကိဳက္ဘူးဆိုရင္ ေမာင္ မေသာက္မိေအာင္ႀကိဳးစားပါ့မယ္။ အဲ့ဒါမွစိတ္ဆိုးမေျပေသးဘူးဆိုရင္ လူ‌ႀကီးေတျြပန္မွ မင္းစိတ္ႀကိဳက္ ေမာင့္ကို ထိုး"

မည္သၫ့္အေၾကာင္းမွမတိုက္ဆိုင္ေသာ စကားေတြ ေသာင္းဆင့္ႏႈတ္က ဆက္တိုက္ဆိုသလိုထြက္လာ၏။
ေမာင္ခ်င္းထပ္စြာ ေျပာလာတဲ့ စကားမ်ားက ဘယ္ခ်ိန္ကတည္းက ႀကိဳတင္ျပင္ဆင္ထားသလဲမသိ။
ဘြဲ႔ဆူး ဘာေျပာရမွန္းမသိေအာင္ ေသာင္းဆင့္မ်က္ႏွာႀကီးၾကၫ့္ကာ ကုတ္ဖဲ့ခ်င္မိသည္အထိ
အူယားလာမိသည္။

" မင္းမဟုတ္တာေတြမေျပာနဲ႔။
ကိုယ္ဘယ္တုန္းကမွ မင္းအရက္ေသာက္လို႔ စိတ္ဆိုးဘူးတာမရိွဘူး။ ခုျပႆနာက မင္းဇြတ္ခိုးခဲ့လို႔
ျဖစ္ခဲ့ရတာ။ ရွင္းရွင္းေျပာမယ္။ ကိုယ္ မင္းကို မယူႏိုင္ဘူး "

" မယူလို႔ရမလား။ ေမာင္ေျပာၿပီးၿပီ။ ဒါၿပီးမွ စိတ္ႀကိဳက္ေမာင့္ကို ထိုးလို႔။ ဘာလဲ မင္းက
ဒီအေျခအေနအထိ ျဖစ္ခဲ့ၿပီးမွ ေမာင့္ဘဝကို တာဝန္မယူခ်င္တာလား။ နာမည္ပ်က္တာခ်င္းအတူတူ
ေမာင့္ဘဝေသသြားတာကို မင္းက ျမင္ခ်င္တာလား"

" ေသာင္းဆင့္ မင္းမဟုတ္တာေတြ မေျပာနဲ႔ "

ဘြဲ႔ဆူးခပ္ႀကိတ္ႀကိတ္ေအာ္သည္။ ႏွစ္ေယာက္သားေျပာေနၾကတဲ့ စကားေတြက
ပတ္ဝန္းက်င္မွာ ထိုင္ေနၾကတဲ့ လူႀကီးေတြအား
ေမ့ေနသလိုပင္။ ေသာင္းဆင့္ပံုစံက အရွက္မရိွဘူးဆိုေပမဲ့ ႏွင္းဆီဘြဲ႔ဆူးကေတာ့ ရွက္ရြံ႔စြာ မ်က္ႏွာနီေနၿပီျဖစ္သည္။ ဘယ္ေလာက္ေအာ္ေနပါေစ ရန္ျဖစ္ေနတာမ်ိဳးမဟုတ္ပဲ အခ်စ္စမ္းေနသေယာင္မို႔ ဦးေဘာဂေသာင္းအပါအဝင္ ဘေထြးသည္ပင္ ၾကားရတာ စႏိုးစေနွာင့္ျဖစ္လာသည္အထိပင္။
ယိုသူမရွက္ ျမင္သူရွက္ဆိုတာ ဒါမ်ိဳးေျပာတာ။

" ႏွင္းဆီဘြဲ႔ဆူး !! ေတာ္လိုက္ေတာ့။ "

ျဖတ္ေအာ္လာတဲ့ အသံက ဘေထြးဆီကမို႔ ဘြဲ႔ဆူး
ေျပာလက္စရပ္ရသည္။ ရွင္းျပဖို႔ႀကိဳးစားေပမဲ့
ဘြဲ႔ဆူး ဆက္ေျပာလို႔မရေတာေပ။ဘေထြးသည္ ဘြဲ႔ဆူး၏ လႈပ္ရွားမူ႔ကိုရပ္တန႔္ေအာင္ လက္ကာျပလိုက္တာမို႔ပင္။ အေနအထိုင္တည္ၾကည္လြန္းသူမို႔ သေဘာေကာင္းေပမဲ့ ဘေထြးအား သူမေစာ္ကားဝံ့ေပ။

" ေတာ္ၿပီ ။ မင္းတို႔ႏွစ္ေယာက္ဘာမွဆက္မေျပာနဲ႔ေတာ့။မိုးလြင္ သင့္ေတာ္သလို စီစဉ္ေပးလိမ့္မယ္။ ဘာ သေဘာထားကိုမွေမးမေနေတာ့ဘူး။ ျဖစ္ၿပီးမွေတာ့ ဘာမွမတက္ႏိုင္ဘူး။ ဘြဲ႔ဆူးမင္းအသက္ သံုးဆယ္ရိွေနၿပီ၊ ကေလးအလုပ္ေတြ လုပ္မေနနဲ႔ေတာ့ ၊ ငါ့ဖက္ကေတာ့ ျဖစ္ေနတဲ့ျပႆနာကို လက္မခံႏိုင္ေသးတာကေတာ့အမွန္ပဲ။ ဒီကိစၥက ဘယ္ဖက္ကၾကၫ့္ၾကၫ့္ ငါတို႔လူႀကီးေတြအေနနဲ႔ လက္သင့္ခံေပးဖို႔မရဲေသးဘူး။ "

ဘေထြးေျပာစကားသည္ ရွင္းေနေပသည္။
မည္သို႔ပင္ ဆိုေစကာမူ မွားသူက ဘြဲ႔ဆူးမဟုတ္‌
လူယုတ္မာေသာင္းဆင့္သာျဖစ္သည္။
ခုေတာ့ အမုန္းဟူသမ်ွ ကိုယ္တစ္ေယာက္သာ ခံစားေနရသလို ျဖစ္ေနၿပီး ေသာင္းဆင့္ကေတာ့ မၿပံဳးမရယ္ေသာ္ျငား အတြင္းမွာ ႀကိတ္ေပ်ာ္ေနတာ သိသိသာသာ။

ျဖစ္ၿပီးမွေတာ့ မထူးစိတ္‌ပိုက္ကာ ယူလိုက္ျပန္ဖို႔ စဉ္းစားေသာ္ျငား ပတ္ဝန္းက်င္၏ရိုက္ခတ္မူ႔ကိုမခံႏိုင္ျပန္။ ထြက္ေျပးၿပီး ဘဝသစ္စဖို႔ ေတြးၾကၫ့္ျပန္ေတာ့လည္း ေသာင္းဆင့္၏ စကားေတြက နားထဲမွာအႀကိမ္တစ္ရာျပန္ၾကားေယာင္ရသည္။
ယခုလည္း လူႀကီးေတြမလာခင္သူ႔အား ၿခိမ္း‌ေျခာက္ထားေသးသည္။

" က်ဳပ္ကို ပစ္ၿပီးထြက္ေျပးၾကၫ့္ တစ္ဘဝစာလံုးလံုေအာင္ပုန္းႏိုင္ရင္ပုန္း ။ မဟုတ္ရင္ ေသတဲ့အထိ
ေစာက္ရွက္ကြဲေအာင္ လုပ္မွာ " တဲ့။
ကဲဘယ္ေလာက္ ယုတ္မာလိုက္သလဲ။

ထို႔ေၾကာင့္ လူႀကီးေတြအား အနည္းငယ္မ်ွအားကိုးကာ အမွန္တရားကိုေျပာခဲ့ေပမဲ့ မယံုၾကည္ပဲ
ေသာင္းဆင့္စကားကိုသာ အမွန္ထင္ၾကသည္။
ေမာင့္ကို ၿပီးမွ စိတ္ႀကိဳက္ထိုးဆိုတဲ့ စကားကို ၾကားကာ မ်က္ႏွာကိုလက္သီးနဲ႔ ပစ္ထိုးခ်င္လို႔ ယားေနၿပီျဖစ္တဲ့ စိတ္ကို ျပန္ေျဖေဖ်ာက္ထားရသည္။
ၿပီးမွမင္းနဲ႔ေတြ့မယ္ေသာင္းဆင့္။ ဒါၿပီးရင္မင္းေသၿပီမွတ္ထား။

" ေဘာဂေသာင္း မင္းေကာ ဘာေျပာခ်င္ေသးလဲ "

ဦးေဘာဂေသာင္း သည္ ေရာက္ကတည္းက မည္သၫ့္စကားမွဝင္မေျပာပဲ ပံုမွန္သာထိုင္ေနတာျဖစ္သည္။ ဘေထြးစကားၾကားမွ ေခါင္းညိမ့္ကာ

" က်ဳပ္ဖက္လည္း ဘေထြးလိုပဲ လက္ခံေပးဖို႔ ခက္ခဲေနေသးတယ္။ဘေထြးကိုအားနာေပမဲ့ ေရ႔ွခုႏွစ္အိမ္၊ေနာက္ခုႏွစ္အိမ္ အသိေပးရံုေလာက္ပဲလုပ္ေစခ်င္တယ္။ က်ဳပ္အေနနဲ႔ ဖခင္တစ္ေယာက္အေနနဲ႔စီစဉ္ေပးသင့္တာေပး ၿပီးရင္ေတာ့ ေသာင္းဆင့္ကိုက်ဳပ္အိမ္ရိပ္မနင္းဖို႔ သတိေပးရမွာပဲ။ "

ဦးေဘာဂေသာင္းစကားကို ဘေထြးစိတ္မဆိုးပါ ။
အေၾကာင္းသိေတြမို႔ ေဘာဂေသာင္းဘာဆိုတာ သိသလို ၊ေသာင္းဆင့္ ဘယ္လို ေကာင္လဲဆိုတာလည္းသူသိသည္။

" ဒါကေတာ့မင္းသေဘာပါ။ ခ်ိဳသည္ခါးသည္ ငါ့ဖက္က ဝင္ေျပာခြင့္မရိွဘူး။ "

" ေက်းဇူးတင္ပါတယ္ဘေထြး "

" ရတယ္ ။ မင္းေျပာစရာရိွတာဆက္ေျပာပါ "

ဘေထြးစကားေၾကာင့္ ‌ဦးေဘာဂ စကားဆက္သည္။

" အဲ့ဒါေၾကာင့္ ေသာင္းဆင့္ မင္းဝတ္ထားတဲ့ လက္ဝတ္လက္စားအားလံုးငါ့ကိုခြၽတ္ေပးလိုက္ပါ။ အေဖတစ္ေယာက္အေနနဲ႔ ငါဖက္က မင္းကို အျပတ္သားဆံုးေျပာခဲ့ၿပီးၿပီ။ မင္းဖက္ကေရ႔ွဆက္တိုးလာေတာ့လည္း ငါ့လည္းမသနားႏိုင္ေတာ့ဘူး။ မင္းသေဘာက်တဲ့သူနဲ႔အတူေန။ ဘဝသစ္ကိုမင္းဘာသာစ ။ အဲ့ဒါဆို မင္းအဆင္ေျပႏိုင္လား "

ေသာင္းဆင့္စိတ္ဆိုးမူမရိွေသာ မ်က္ႏွာျဖင့္ ေခါင္းညိမ့္သည္။
ထို႔ေနာက္ဝတ္ထားေသာ လက္ေကာက္ႏွစ္ဖက္ႏွင့္အတူ ဆြဲႀကိဳးလက္စြပ္တစ္ခုမက်န္ခြၽတ္ကာေရ႔ွမွာပံုေပးသည္။
ထိုပစၥည္းအားလံုးသည္ အေမ့ပစၥည္းမ်ားျဖစ္ၿပီး ေသာင္းဆင့္ပိုင္ဆိုင္ေသာအရာေတျြဖစ္သည္။
အတိတ္တုန္းကေတာ့ ေသာင္းဆင့္ေရႊကိုႀကိဳက္သည္။
ယခုေတာ့ ႏွင္ဆီဘြဲ႔ဆူးကိုသာ ႀကိဳက္ေတာ့၏။
မက္ေလာက္စရာမရိွေသာ ပစၥည္းမ်ားကို သူရင္မခုန္ေတာ့ေပ။
အကုန္ခြၽတ္ၿပီးသၫ့္ေနာက္ ဆြဲႀကိဳးမွာ သီထားေသာ
ေငျြဂဳပ္ကေလးအား ျပန္ယူသည္။
ထိုအရာကေတာ့ေသာင္းဆင့္အပိုင္ျဖစ္သည္။

" ေသာင္းဆင့္ အေမ့ပစၥည္းေတြမို႔
အေဖမရိွေတာ့ရင္ ေသာင္းဆင့္ ျပန္ယူပါ့မယ္ "

ဒီေဖ ....

ဦးေဘာဂေသာင္းရဲ့ ဆဲဆူသံသဲ့သဲ့ မဂၤလာအိမ္သစ္ေလးထဲမွာ ပ်ံ့ႏွံ႔လာ၏။

ဒါကို ေသာင္းဆင့္က မမူ႔။ ဆဲဆဲမဆဲဆဲ အခ်ိန္တန္ကိုယ္ရမဲ့ပစၥည္းေတြ မို႔ လတ္တေလာအေရးႀကီးဆံုးက သူယူထားတဲ့ေယာက်ာ္း။

အခ်စ္ဆိုတာ လုပဲယူယူ ၊ခိုးပဲယူယူ ၊ သက္ဆိုင္သူမရိွသ၍ သူကို ကင္းကင္းရွင္းရွင္းခ်စ္လို႔ရတယ္။
အေမေျပာဘူးတယ္၊ မခ်စ္ပဲ မယူနဲ႔။
ယူၿပီးရင္လည္း ၿမဲေအာင္ေနတဲ့။

ေသာင္းဆင့္ကလက္ေတြ့ပဲႀကိဳက္တယ္။
စိတ္ႀကိဳက္ထိုး ၊ အနာခံမွအသာစံရမွာကိုသူသိသည္။
ၿခိမ္းေျခာက္တယ္၊ ၿဖဲေျခာက္တယ္။
ႏွင္းဆီဘြဲ႔ဆူး စိတ္ေပ်ာ့တယ္ဆိုတာ သူသိေတာ့ အၫွာကို ေကာင္းေကာင္းကိုင္ထားႏိုင္သည္။

ထြက္သြားၾကၫ့္ ၊ေရေျမဆံုးထိလိုက္မွာ။
တစ္ခါယူၿပီးရင္ တစ္သက္လံုး ကိုယ့္ေယာက်ာ္းပဲ။
ေဖာက္ျပန္ၿပီးေနာက္တစ္ေယာက္ယူလည္း
အိမ္ေရ႔ွကေန " ႏွင္းဆီဘြဲ႔ဆူး မင္း‌ ေယာက်ာ္း ‌ကဒီမွာေနာ္ လို႔ လိုက္ေအာ္မွာ။

ႏွင္းဆီဘြဲ႔ဆူးေျပာေနၾကပဲ။
ေသာင္းဆင့္ မင္းလူယုတ္မာတဲ့။
ယုတ္ယုတ္ပဲ ၊နာမ‌ ေနဘူး ။ ယုတ္လိုက္ေတာ့ေယာက်ာ္းရတယ္ေလ။
မဟုတ္ရင္ ႏွင္းဆီဘြဲ႔ဆူးက သူမ်ားေနာက္ပါမွာ။
ေဟာ ၊ ယုတ္မာလိုက္ေတာ့ ေနာက္ရက္ အမ်ားသိ
အဲ့တစ္ေယာက္က ကိုယ္အိမ္ေထာင္ဖက္ျဖစ္လာခဲ့ၿပီမို႔လား။

___________

ညသည္ အလင္းေပ်ာက္ေနၿပီဆိုေပမဲ့ ရွစ္နာရီထိ ရြာဦးဘုန္းႀကီးေက်ာင္းမွ ေပးေသာ လ်ွပ္စစ္မီးေၾကာင့္ လင္းထိန္ေနေသးသည္။
ေသာင္းဆင့္ တစ္ေယာက္ ႏွင္းဆီဘြဲ႔ဆူး ေပးထားေသာ အခ်စ္အမွတ္တရေၾကာင့္မ်က္ကြင္းတစ္ဖက္ညိုကာ အိမ္သန႔္ရွင္းေရးလုပ္ေနရ၏။
ေရစိုဝတ္ျဖင့္ ၾကမ္းကို ထပ္ခါထပ္ခါ တိုက္ေနခ်ိန္တြင္ ျပတင္းတံခါး‌ ေဘးမွာ တစ္ခုတည္းေသာ စတီခံုမွာ အက်င့္ပုတ္ႏွင္းဆီက စာအုပ္တစ္အုပ္ျဖင့္ ဇိမ္က်ေနသည္။ တစ္ခါတစ္ေလ သူအလုပ္ မလုပ္ကိုလည္း ေမာ့ၾကၫ့္တက္ေသး၏။

" ေမာင့္ႏွင္းဆီေလး "

"...."

" ပိုက္ဆံတစ္ေထာင္ေလာက္ ေမာင့္ကိုေပးပါဦး"

ေဘးမွာသြားရပ္၍ ေသာင္းဆင့္ေတာင္း၏။
သူ႔မွာ ေငြဆို၍ ျခဴးတစ္ျပားႏွင့္တူတာေတာင္မရိွ။
မေသာက္ရေသးသည္မို႔ လက္ကတုန္တုန္ရီရီျဖစ္ခ်င္ေနၿပီ။
မနက္က ရိွသမ်ွ ေရႊထည္ခြၽတ္ေပးလိုက္ၿပီမို႔ ေနရထိုင္ရသည္လည္း မေကာင္းလွပါ ။
ေခါင္မူးတာလိုလို ၊ဖ်ားခ်င္တာလိုလိုျဖင့္ ေရႊနံ႔လိုေနသည္မွာ သိသိသာသာ။

ဘြဲ႔ဆူး ဖတ္လက္စ စာအုပ္ကိုပိတ္လိုက္ၿပီး ေဘးမွာရပ္ေနေသာ ေသာင္းဆင့္အား ေမာ့ၾကၫ့္လိုက္သည္။
မီးေရာင္က ကြယ္မေနတာမို႔ ေသာင္းဆင့္မ်က္ႏွာအား သူရွင္းရွင္းလင္းလင္းျမင္ႏိုင္သည္။
ညိုရီေသာမ်က္ႏွာထပ္မွာ အမဲေရာင္သန္းေနေသာ မ်က္ကြင္းတစ္ဖက္က ရယ္ခ်င္စရာလည္းေကာင္းသလို သနားစရာလည္းေကာင္း၏။
လူႀကီးေတျြပန္ေတာ့ ရွက္ရေကာင္းသည္မသိ ဘြဲ႔ဆူး ဆြဲလွဲကာ သံုးခ်က္ေလာက္ထိုးပစ္လိုက္သည္။
သူဘာလုပ္လုပ္ ေသာင္းဆင့္က ျပန္မလုပ္ပဲၿငိမ္ခံတက္၏။ ထို႔ေၾကာင့္ ဘြဲ႔ဆူးသက္သာတာျဖစ္၏။

" ေနာ္ .. ေမာင့္မွာသံုးစရာ မရိွေတာ့လို႔"

" ဘယ္က အတက္ေကာင္းေတြ တက္လာတာလဲ။
ကိုယ့္ကို ႏွင္းဆီလို႔ ေခၚတာေတာင္မွလြန္ေနၿပီ။ အဓိပၸါယ္မရိွတာေတြ မေျပာနဲ႔ "

" ဘာကိုအဓိပၸါယ္မရိွတာလဲ။ ေမာင္က မင္းထက္ငယ္လို႔ ေမာင္လို႔ေျပာတာေလ။
ဇာတ္ကားထဲမွာလဲ မင္းသမီးက မင္းသားကို ေမာင္လို႔ေခၚၾကတာပဲ "

" သူက မင္းသမီးမို႔ေခၚတာေလ။ ကိုယ္က ေယာက်ာ္းေလး "

ရွက္ရြံ႔စြာ နီလာတဲ့နားရြက္ဖ်ားေလးကို ေသာင္းဆင့္ေငးၾကၫ့္သည္။ ဘြဲ႔ဆူးပံုစံက ရွက္ေနေပမဲ့ မွင္ေသေသျဖင့္ မ်က္ႏွာကိုတည္ထားသည္။
နားရြက္ေလးေတြသာ နီမေနရင္ ရွက္ေနတယ္ဆိုတာသူသိမွာမဟုတ္။ ဒါေလးကပဲ ေသာင္းဆင့္အားရင္ခုန္ေစတာျဖစ္သည္။

ေငးၾကၫ့္ရံုျဖင့္တင္းတိမ္တာ ဘယ္သူရိွလဲ။
ေဟာဒိမွာၾကၫ့္ တစ္ေလာကလံုး ဒီေမာင္တစ္ေယာက္သာရိွမည္။

" မင္းသိလား ေမာင့္ႏွင္းဆီ။ ေမာင္က ရုပ္လည္းမေခ်ာဘူး ပညာလည္းမတက္ဘူး။ မင္းေျပာသလို ၊ယုတ္လည္းယုတ္မာတက္ေသးတယ္။ ဒါေပမဲ့
ေမာင့္အခ်စ္ေတြကေတာ့ ရိုးသားပါတယ္။
ခ်စ္မိပါတယ္ဆိုမွ ၊ သူမ်ားရည္းစားေတြေခၚသလို ေခၚခ်င္တယ္ေလ။ မင္းမခ်စ္ေပမဲ့လည္း
ေမာင္ သေဘာက်သလိုေလး ေခၚခြင့္မေပးႏိုင္ဘူးလား "

ႏုညံ့သက္‌စင္းေသာ အေျပာေအာက္မွာ ဘြဲ႔ဆူးႏွလံုးသားေလး အနည္းငယ္ခါယမ္းသြား၏။
အၿမဲၾကမ္းတမ္းေနေသာ ေကာင္မို႔ တစ္ခါတစ္ေလ ႏုညံ့လိုက္သည္က အသစ္အဆန္းျဖစ္လို႔ေနသလား။

စိတ္ရႈပ္ေထြးတာကို ကာကြယ္သၫ့္အေနျဖင့္ ဘြဲ႔ဆူး အိတ္ေထာင္ထဲကေန တစ္ေထာင္ထုတ္ကာျမန္ျမန္‌ ေပးလိုက္သည္။

" ေရာ့ ... ဖာစကားေတြ ေလ်ာ့ေျပာ "

" ဖာေခါင္းလင္က မင္းပဲေလ "

" ေသာင္းဆင့္ဆက္ႏိုင္"

" ေျပာဗ်ာ ၊ေျပာေျပာ "

" ေနာက္တစ္ဖက္ထပ္ညိုခ်င္ေနတာလား "

"ထိုးမယ္ဆိုလည္းထိုးပါ။ ဒါေပမဲ့ ေမာင္ ေနမေကာင္းျဖစ္ခ်င္ေနတယ္"

ညိုးငယ္ေနတဲ့ အသံက မသိသာဘူးဆိုေပမဲ့ တမ်ိဳးျဖစ္ေနတာမို႔ဘြဲ႔ဆူးအမွတ္တမဲ့ေမာ့ၾကၫ့္မိသည္။
ေသာင္းဆင့္အသားရည္က အနည္းငယ္မဲတဲ့ဖက္ကိုသြားၿပီး မ်က္ဝန္းမ်ားကေတာ့ ရွည္‌၏။
အၿမဲ ရန္စတက္ေပမဲ့ ရယ္မ်ိဳးရိပ္သန္းေနတဲ့ မ်က္ဝန္းေတြက ယခုဆို ေဖ်ာ့ေတာ့ကာ မ်က္ခမ္းစပ္ေတြကနီေနသေယာင္။

" ဒါဆို မသြားေတာ့နဲ႔ "

" အင္း.. ။ တစ္ေထာင္ျပန္ယူထားလိုက္"

လက္ထဲျပန္ေရာက္လာတဲ့ ပိုက္ဆံကို အိတ္ေထာင္ထဲျပန္ထၫ့္ကာ ထိုင္ေနရာမွထရျပန္သည္။
တစ္ေန့လံုးထိုးႏွက္ထားသည့္အျပင္ အိမ္သန႔္ရွင္း
ေရးကိုပါ မစာမနာခိုင္းထားသည္မို႔ ပန္းဖ်ားမ်ားဖ်ားသလား။
မဆီမဆိုင္ အျပစ္မကင္းစိတ္ဝင္လာသည္မို႔ အိတ္ေဆာင္ထားတဲ့ေဆးတစ္လံုးကိုထုတ္တိုက္ရျပန္၏။

" ေဆးေသာက္လိုက္ ေသာင္းဆင့္ ။ ၿပီးရင္ အိပ္ေတာ့
။ အရက္ကို ငါမသိခင္ခိုးမေသာက္နဲ႔ေနာ္"

ႏွစ္ေယာက္အိပ္ကုတင္ထပ္မွာ အိပ္ေစၿပီး ျခင္ေထာင္ကိုခ်ေပးလိုက္သည္။
အသံုးအေဆာင္မွန္သမ်ွ သိမ္းဆည္းထားတာေတြ ဒီအိမ္ေလးထဲမွာ အကုန္ရိွသည္။
ပရုတ္လံုးနံ႔သင္းရေပမဲ့ အေဟာင္းနံ႔ႏွင့္ ဖုန္နံ႔တခ်ိဳ႕က မေလ်ွာ္ရေသးသည္မို႔ အနံ႔ကေရာေထြးေန၏။
‌မၾကာခင္မီးလည္းမွီတ္ေတာ့မည္မို႔ အေပါ့အပါးသြားကာ သူပါ ေဘးမွာ ဝင္လွဲရသည္။

" မအိပ္ေသးဘူးလား"

" ခင္ဗ်ား ျပန္မလာေသးလို႔ "

ရင္ဘတ္ေပၚမွာေလ်ာက်ေနတဲ့ေစာင္အား ဆြဲတင္ေပးရင္း ဘြဲ႔ဆူး မ်က္လံုးကိုမိွတ္ထားလိုက္သည္။
ခဏၾကာေတာ့ မီးမိွတ္သြားသည္မို႔ ပတ္ဝန္းက်င္ကလည္း အိပ္ယာဝင္ကုန္က်သၫ့္ႏွယ္ တိတ္တဆိတ္ျဖစ္သြားတာ သိသာလြန္း၏။

" ႏွင္းဆီ ။ ေမာင္ ေနမေကာင္းျဖစ္တာ
ေတာ္ေတာ္နဲ႔မေပ်ာက္ရင္ စိတ္ကုန္မွာလားဟင္ "

" ခ်က္ခ်င္းႀကီး ေလသံေတြ ေပ်ာ့ကုန္တာလား ။
မၾကာခင္ အခ်ိန္ကတင္ မင္းကိုယ့္ဆီကို ပိုက္ဆံေတာင္းေနေသးတယ္ေလ "

" မယံုဘူးလား ။ ေမာင္တကယ္မလိမ္ပါဘူး။ ေမာင္ ငယ္ငယ္ကတည္းက အက်င့္ရိွတယ္။
ေရႊမဝတ္ထားရင္ ေမာင္အဖ်ားမေပ်ာက္ဘူး "

" ဘာလို႔လဲ "

" ေမာင္လည္းမသိဘူး။ အဲ့ဒါေၾကာင့္ ေမာင္အၿမဲ ေရႊဝတ္ထားရတာ။ "

" ဒါဆို မင္းအေဖကိုဘာလို႔အကုန္ခြၽတ္ေပးလိုက္တာလဲ။ လက္စြပ္ျဖစ္ျဖစ္ တစ္ခုခုေတာ့ ယူမထားလိုက္ဘူး.."

ေသာင္းဆင့္ဆက္ေျပာလာသည္။
အတူတူယွဉ္တြဲအိပ္ေနေပမဲ့ ေယာက်ာ္းသားႏွစ္ေယာက္မို႔ ေနရခက္ျခင္းေတာ့မရိွ။ ေနာက္ၿပီးေသာင္းဆင့္က သူ႔အား မေလ်ာ္ကန္ေသာထိေတြ့ျခင္း မရိွတာေၾကာင့္လည္းပါသည္။ အဲ့တစ္ခုေတာ့ သူေက်းဇူးတင္သည္။ မခ်စ္ေသးသည္မို႔ ထိေတြ့ျခင္းေတာ့ မျပဳလုပ္ႏိုင္ေသးေပ။

" ေမာင္ ဝမ္းနည္းတယ္။ မင္းကိုေကာင္းေကာင္းမထားႏိုင္ေသးတဲ့အျပင္
မင္းဆီကပါ ယူသံုးေနရတာ အဆင္မေျပေသးဘူး။ ေမာင္ဘာဆက္လုပ္ရမလဲဟင္။ ေယာက်ာ္းယူလိုက္တာ ခ်က္ခ်င္းႀကီးဆိုေတာ့ ေမာင္ဘာမျွပင္ဆင္မထားျဖစ္ေသးဘူး။ၿပီး‌ ေတာ့ မင္းရွက္သလား။ နည္းနည္းေတာ့ေမာင့္ကိုမုန္းမယ္ထင္တယ္။ ေမာင္လည္းအားနာေပမဲ့ မတက္ႏိုင္လို႔ပါ။ "

" အဲ့ဒါေနာက္ထားစမ္းပါ ၊ မင္း တေမာင္ေမာင္ေျပာေနတာႀကီး ငါတကယ္ က်င့္သားမရေသးဘူး။ က်ဳပ္လို႔ေျပာမရဘူးလား"

ဘြဲ႔ဆူးစကားေၾကာင့္ ေသာင္းဆင့္ရယ္၏။
တိုးတိုးေလးမို႔ အက္ရွရွအသံက နားစည္ကို အနည္းငယ္ရိုက္ခတ္ရံုသာရိွၿပီး ယားယံသြားေစ၏။

" မရဘူး။ ေမာင္ တကယ္အဲ့လိုေလးပဲေျပာခ်င္စိတ္ျဖစ္ေနလို႔ပါ။ ေျပာမယ္ေနာ္။ ခြင့္ျပဳမယ္မို႔လား "

" ဟင့္အင္.. မရဘူး "

" ဘာလို႔လဲ "

" ရြံလို႔ "

" ရြံေပါ့ ။ ေမာင္ကေတာ့ခ်စ္တယ္ "

" ေသာက္ေပါ "

" ခ်စ္တယ္ "

ခ်စ္တဲ့အိမ္စည္။

Bạn đang đọc truyện trên: ZingTruyen.Xyz