ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

11

eainsi23

" သောင်းဆင့် "

" သောင်းဆင့် ၊ ဟိတ်ကောင် "

ဘွဲ့ဆူး သူ့‌ဘေးမှာ ကွေးကွေးလေးအိပ်နေတဲ့ သောင်းဆင့်တင်ပါးအား ခပ်ပြင်းပြင်းရိုက်လိုက်သည်။
ဖြောင်းခနဲ အသံထွက်သည်ထိ အားပြင်းသော်ငြား ဟိုဖက်ပြန်လှည့်အိပ်သည်မှလွဲ၍သောင်းဆင့်ကတော့မလှုပ်။

" တိုးစမ်း ဟိုဖက်ကို ၊ငါ့ဘေးမှာ ဒီအရည်တွေသောက်လာရင် လာကပ်မအိပ်နဲ့
လို့ပြောထားရဲ့သားနဲ့ အမှတ်ကိုမရှိဘူး။
နံစော်နေတာပဲ။ "

အိပ်ခါစကတော့ ထိုအနံ့များမရှိ။
ဘွဲ့ဆူးအိပ်မှ ခိုးသောက်ထားသည်က‌
သေချာသ‌ေလာက်ဖြစ်သည်။
စိတ်တိုသည်မို့ နောက်တစ်ချက်ထပ်ရိုက်လိုက်သည်။
ထိုအခါမှ မှုံဝါးဝါးရုပ်ဖြင့် ပုဆိုးကို ဖြန့်ကာ ထထိုင်လာသည်။
သင်းသည် ပုဆိုးကို ဘယ်တော့မှမြဲ‌ အောင်ဝတ်သည်မရှိပါ။
စုလုံးကိုင်ထားသည်သာရှိပြီးဝတ်ပြန်ရင်လည်း အချိုးမကျပေ။

" ဘယ်အချိန်ရှိသေးလို့လည်း ကျုပ်နှင်းဆီရယ်။
အစောကြီးရှိသေးတယ်။ အိပ်ပါရစေဦး"

" အိပ်ရင်လည်း ကိုယ်နဲ့ဝေးရာသွားအိပ်လေ။
ဒီအရည်တွေသောက်ပြီးတိုင်း အနားမကပ်နဲ့လို့ မှာထားတာကို မင်းခေါင်းထဲ မထည့်တာလား"

ဘွဲ့ဆူး လက်ညိုးနဲ့ သောင်းဆင့် နားထင်အား တွန်းလွှတ်လိုက်သော် အိပ်ချင်စိတ်မပြေသေးသည်မို့ ဘေးကို ယိုင်သွား၏။
ထို့နောက်
ပြန်ကုန်းထလာပြီး ဘွဲ့ဆူး လက်မောင်းကို ခေါင်းနှင့်တိုက်ကာ

" တရေးနိုးတောင်မှ ထရစ်နေတာလား ။ အရက်သောက်မှတော့ နံမှာပေါ့"
ဟု အိပ်ချင်မူးတူးပြောလာ၏။ အသိစိတ်ကလည်း ကပ်သေးဟန်မတူ ။ ‌ဘယ်လောက်လုပ်လုပ် ဒေါသထွက်ရကောင်းသည်ဟူ၍လည်းမရှိ။ အညိုအမဲ စွဲနေတဲ့ မျက်နှာက လေးငါးရက်ရှိပြီးသည်အထိ ဘွဲ့ဆူးထပ်ခါထပ်ခါ သမ တာနှင့် မပျောက်‌ သော်ငြား မလုပ်ပါနဲ့ဟူ၍လည်းမတားမြစ်ပေ။
ငါးဖယ်လို ထုလေနှက်လေ မာလေဆိုတာ သောင်းဆင့်လိုကောင်ပင်ဖြစ်သည်။ ခုလည်း အရက်စော်နံနံဖြင့် လာမှီနေသည်မို့ မကြိုက်မနှစ်သက်စွာ ဘေးကိုတွန်းချလိုက်လျှင် အိပ်ယာထဲကို ဘုန်းခနဲ ပြန်ပြုတ်ကျသွားပြန်သည်။
ဒေါသဆိုတာ ဘယ်ဆီမှန်းမသိတဲ့ကောင်သည်
ဘွဲ့ဆူးပေါင်ပေါ် တရွေ့ရွေ့ပြန်တက်လာကာ
ခေါင်းတင်အိပ်ပြန်သည်။ မျက်လုံးသည်က ဖွင့်မကြည့်သေး။
ရေနံဆီမီးအိမ်အောက်မှာ ဘွဲ့ဆူး၏ ဒေါသထွက်လာသော မျက်နှာထားကိုလည်းအရေးမစိုက်ပေ။

" အေး ကိုယ်မသောက်ဖို့မင်းကို မပြောဘူး ။
သောက်ပြီးရင်လည်းဝေးရာအိပ်"

" မအိပ်နိုင်ဘူးလေ။ အတူတူဒီလိုလေးနေချင်လို့ပါ ၊
နို့မို့ဆို ဒီလောက်ကြမ်းတမ်းတဲ့ယောကျာ်းကိုယူစရာလား။ ရုပ်ကလေးကြည့်တော့ သည်းခံခြင်းတရားပြည့်စုံတဲ့ အမျိုးသားပုံစံနဲ့။ ယူကြည့်မှ ကျုပ်နှင်းဆီလေးဆိုးချက်က လက်လန်တယ်။ ဒါပေမဲ့လည်းသောင်းဆင့်က အပြစ်မယူပါဘူး။ ကြမ်းပါ ။
ရိုက်ပါ။ ပြီးရင်ချစ်ပါ။ ဒါပါပဲ"

" အောင်မာ။ ငမူးက တစ်မူးသာလို့။ ငါကဘာကိစ္စချစ်ရမှာလဲ ။ ပြီးလည်းမချစ်ဘူး ။ မပြီးလည်းမချစ်ဘူး။"

သောင်းဆင့် မျက်လုံးမှိတ်ထားလျက်သား ပြုံးသည်။ထို့နောက် သူခေါင်းတင်ထားသော ဘွဲ့ဆူးပေါင်အားမသိမသာ နမ်းကာ

" မချစ်ချင်နေပါ။ ထွက်မသွားနဲ့နော်။
ဘာပဲပြောပြော ကျုပ်လုပ်လို့ ခင်ဗျားနာမည်လည်းပျက်သွားပြီလေ။ အဲ့အစား တသက်လုံး ကျုပ်တာဝန်ယူမှာပါ။ ခုခေတ်စားနေတဲ့ ‌မယားငယ်၊လင်ငယ်ကိစ္စတွေ ၊အများမသင့်တော်စရာတွေ ကျုပ်မလုပ်ပါဘူး။
အရက်ကလေးကတော့ ချွင်းချက်ဆိုတော့ ခွင့်လွှတ်။
ဖြတ်စေချင်ရင်တော့ ၊
မောင် မင်းသောက်နေတဲ့ အရက်ကိုဖြတ်လိုက်၊
ကိုယ်အရက်သောက်တာ မကြိုက်ဘူး၊ အဲ့လိုလေးပဲပြောကြည့် သောင်းဆင့်တို့က လှည့်တောင်မကြည့်ဘူးစိတ်ချ"

ဒေါက်

" အ ! နာလိုက်တာ"

" နာတယ်ဆိုရင် စကားပြောဆင်ခြင်။ "

နဖူးအားပွတ်၍ သောင်းဆင့်ငြိမ်သွားသည်။
ဘွဲ့ဆူး အိပ်မရတော့သည်မို့ ခြင်ထောင်အတွင်းမှာသာ ထိုင်ကာ မရေမရာ ရှေ့ဆက်ရမည့်အနာဂတ်အားတွေးမိသည်။
သောင်းဆင့်သည် ယခုနောက်ပိုင်းသူ့အားထင်သလောက်ချုပ်ကိုင်မထားပါ။
လယ်တောအိမ်မို့ လူသူကင်းရှင်းကာ
လာတွေ့သူလည်းမရှိပေ။ လူရိပ်လူယောင်မရှိသော နေရာမို့ အကူအညီတောင်းစရာဆိုသည်မှာ ဝေးစွ။
သို့သော် ‌ဘွဲ့ဆူး မည်သူတစ်ဦးတစ်ယောက်မှ မတွေ့ချင်‌ေတာ့ပါ။
အထင်သေးစွာကြည့်ရှု့လာမည့် မျက်ဝန်းများအား မည်သို့မည်ပုံ ရင်ဆိုင်ရမည်ဆိုတာ စဉ်းစား၍ပင်မကြည့်ရသေး။

သောင်းဆင့်သည် သူ့သဘောနှင့်သူ အနိုင်ယူကာ
ဘွဲ့ဆူး ဘဝအားခြယ်လှယ်ခဲ့ပါသည်။
သောင်းဆင့် နှစ်မြုပ်လိုက်သော လှေငယ်လေးသည်
ရွက်လွှင့်စရာ နေရာတွေ အများကြီးရှိသေးတယ်ဆိုတာ သိနိုင်မည်လား။
အိမ်မက်တွေ စိတ်ကူးတွေသည် တပါထဲ ချုပ်ငြိမ်းခံလိုက်ရပြီမို့ ဒေါသ မာနသည် ထုံ၍ နာကျင်သည်ပင်မထင်ရတော့ပေ။

ဖြစ်ခါစက သွေးပူ၍ သောင်းဆင့်အား အကြိမ်ကြိမ်ထိုးနှက်ခဲ့သည်။ ဒေါသအားဖြေခဲ့မိသည်။
တစ်ရက်ပြီး တစ်ရက်ကုန်ဆုံးလာသော နေ့ရက်တွေအပြီးမှာတော့ ဘွဲ့ဆူး သောင်းဆင့်အား မည်သည့်စကားမျှပင် ဆူပူချင်စိတ်မရှိတော့ပေ။
ဆူမိလျင်လည်း စကားတက်သော သောင်းဆင့်အားဘွဲ့ဆူး မနိုင်ပါ။

" ဘာတွေ တွေးနေတာလဲ ။ ပြန်မအိပ်သေးဘူးလား"

သောင်းဆင့် အိပ်နေရာမှ ထကာ ဘွဲ့ဆူးအားမျက်လုံးများမှေးစင်း၍ ကြည့်‌သည်။
အကြည့်တွေထဲမှာ ဘွဲ့ဆူးဘာတွေးနေသလဲဆိုတာ
အရိပ်အကဲဖမ်းနေသယောင်။
သောင်းဆင့်က သူ့အားဘာကြည့်ကြိုက်သလဲ မသိပေ။ သေချာတာကတော့ ဘွဲ့ဆူးဟာ မိန်းမဆန်သောသူတော့မဟုတ်။
သောင်းဆင့်ပုံကြည့်ခြင်းအားဖြင့်သူ့အားအတည်ကြံနေသည်ဆိုတာ ခံစားလို့ရပါသည်။
သို့ပေသည့် ထို့အကြည့်ထိုအပြောတို့အား
ဘွဲ့ဆူး ခံနိုင်ရည်မရှိသေးပါ။

ဘွဲ့ဆူး သက်ပြင်းချကာ ခေါင်းရမ်းပြလိုက်မိသည်။
အပြင်မှာမှောင်မဲနေသည်မို့ မိုးသည်မလင်းသေးလောက်။ ညပိုးကောင်တို့ တကျီကျီအော်မြည်သံကလည်း‌ တောနှင့်နီးကပ်သည်မို့ ဆိုးဆိုးဝါးဝါးဆူညံနေပါသည်။ ရောက်ခါစကတော့ သူကြောက်မိသေးသည်။ တစ်ရက်ကနေ၊ လေးငါးရက်ရောက်လာတော့ ထိုသဘာဝတရားသည် သောင်းဆင့်လောက်ကြောက်စရာမကောင်းတော့ပေ။

" မင်း ကိုယ့်အပေါ်မှာ ခုလို လုပ်လိမ့်မယ်လို့ ခန့်မှန်းမိခဲ့ရင် ကိုယ် ပွဲတော်နေ့က လွမ်းချောင်းကို မလာခဲ့ပါဘူး "

သောင်းဆင့် ခေါင်းငုံ့ကာ ပြုံးလိုက်သည်။
သူသည် မီးအလင်းရောင်ကိုကျောပေးထားသည်မို့
အောင့်သက်တဲ့ အပြုံးတို့ကို ဘွဲ့ဆူးမြင်မှာမဟုတ်။

" ကျုပ်ပြောပြီးသားပဲ။ ခင်ဗျားမှ မယုံကြည်ခဲ့တာ ။ "

" ဘာကိုလဲ"

" ကျုပ်နဲ့အိမ်ထောင်ကျမှာပါလို့လေ ။ အစောကြီးကတည်းက ခင်ဗျားက ကျုပ်လူဆိုတာရှောင်လွှဲလို့မရဘူး ။ ထွက်ပြေးဖို့စဉ်းစားထားရင် အတွေးတွေကိုခေါက်သိမ်းလိုက်တော့ ကျုပ်နှင်းဆီ။ ကျုပ်အချစ်က
အရိုးဆွေးတဲ့အထိ မြဲတယ်။ မယုံရင်ပြေးကြည့် ရေမြေအဆုံးထိ ကျုပ်လိုက်မှာ။ ဘယ်နေရာတွေ့တွေ့ ကျုပ်ယောကျာ်းဆိုတာ လူသိအောင် အော်ပြောမယ်။
ကျုပ်နှောင့်နှေးခဲ့လို့ ခင်ဗျား နောက်ထပ်အချစ်တွေ့ခဲ့ရင်လည်း ခင်ဗျားရည်းစား၊ခင်ဗျားအမျိုးသမီးရှေ့မှာ ကျုပ်ယောကျာ်းဖြစ်ခဲ့တယ်ဆိုတာ ပြောမယ်။
သားတွေ သမီးတွေ ရတဲ့အထိ ခင်ဗျား အိမ်ရှေ့မှာနေပြီး ဘယ်တော့မှာ မေ့မရပဲ သေတဲ့အထိဇွဲမလျော့ပဲ ချစ်ခဲ့တယ်ဆိုတာ သက်သေပြမယ် ။ "

" မင်း.. မင်း လုပ်ရဲလို့လား"

ဘွဲ့ဆူးမျက်ဝန်းတွေ လဲ့သွား၏။
သောင်းဆင့်ကလည်းဒါကိုပင်ခပ်တည်တည်ကြည့်ကာ ဆတ်ခနဲခေါင်းညိမ့်ပြသည်။

" နှင်းဆီဘွဲ့ဆူးနဲ့ပတ်သတ်လာရင် မလုပ်ရဲတာ ဘာမှမရှိဘူး။ "

" မင်းတကယ်အရူးပဲ။ ကိုယ့် အသားထိကြည့် အသက်ချင်းလဲပစ်မယ်၊ ကိုယ်.. ကိုယ်က မိန်းမယူဖို့စိတ်ကူးပဲ ရှိခဲ့တာ ။ ယောကျာ်းမရချင်ဘူး "

တုန်ရီနေသော အသံတွေကြောင့် သောင်းဆင့် နှုတ်ခမ်းကိုမဲ့သည်။

" ခု‌ ယောကျာ်းရပြီးပြီးပဲ ။ စိတ်ချ လွှင့်ပစ်လို့ရတဲ့အထဲမှာ သောင်းဆင့်မပါဘူး "

" မင်းက ဘာကောင်မို့လို့လဲ "

" ခင်ဗျားလင်"

သောင်းဆင့်ကိုကျောခိုင်းကာ
အိပ်ယာထပ်မှာ လှဲအိပ်လိုက်သည်။
အရှက် မဲ့သူကြောင့် ဒေါသကပြန်ထွက်လာပြန်သည်။

" မင်း ဖာခေါင်းစကားတွေပြောနေတာကိုလျော့လိုက် ။ "

" ဖာခေါင်းက ဘယ်သူလဲ "

" ဘယ်သူဖြစ်ရမှာလဲ မင်းပေါ့ "

သောင်းဆင့်ရယ်ကာ ဘွဲ့ဆူးအိပ်နေတဲ့ဘေးမှာ ပလက်လှဲအိပ်လိုက်သည်။
သူသည် နှင်းဆီဘွဲ့ဆူးအားအပိုင်ရသည့်နေ့မှစ၍ လိုတာထပ်ပိုကာ မထိတွေ့သေးပေ။
နှင်းဆီဘွဲ့ဆူးကို ဒီတိုင်းလေးထိုင်ကြည့်နေရုံဖြင့်
သူ့မှာ ချစ်ခြင်းတရားတွေက ရင်မှာပြည့်လာတာဖြစ်သည်။
အထိတွေ့ဆိုသည်မှာလည်း လက်ခံရင်
ထိလိုက်မည်။ လက်မခံရင် အကြည့်ဖြင့် ကျေနပ်နိုင်မည်။ သောင်းဆင့်က လောဘကြီးသူမဟုတ်။

" ဒါဆို ခင်ဗျားက ဖာခေါင်းလင်ပေါ့ "

ငြိမ်သက်သွားတဲ့လေထုအားကြည့်ကာ သောင်းဆင့်သဘောကျစွာ ရယ်မောလိုက်မိသည်။

" တကယ်ပြောတာ ၊ သောင်းဆင့်လင် ဖြစ်ဖို့ ခင်ဗျားတစ်ယောက်သာ စံချိန်အမှီဆုံးပဲ "

" သောက်ရူးကောင်ပဲ ၊ပေါပေါပဲပဲ စကားတွေပြောမဲ့အစား ပိုက်ဆံရှာလိုက်စမ်းပါ။ ကိုယ်မင်းကို နောက်တစ်ကြိမ်ထပ်ပြီး ပိုက်ဆံမပေးတော့ဘူး ။ အရက်ဖိုးကအစ ငါ့ဆီကတောင်းနေတာ မရှက်ဘူးလား "

" မရှက်ပါဘူး။ "

"မနက်ဖန် သောက်လုပ်လုပ်ဖို့စဉ်းစား"

" လုပ်မှာပါ။ ဒါပေမဲ့ အိမ်ပြောင်းဖို့အရင်လုပ်ရဦးမယ်။ ဒီမှာ ခဏပဲနေတာကောင်းတယ်။
ကျုပ်အိမ်ကိုခေါ်သွားမယ်။ အတူနေကြမယ်နော် ကျုပ်နှင်းဆီလေး "

" ကိုယ်မင်းအဖေနဲ့ ရင်မဆိုင်ရဲဘူး "

" ဘာဆိုင်လဲ။ ကျုပ်နဲ့ယူလို့ ဘယ်သူဘာပြောရဲမှာလဲ။။ အဖေ့ကို ကျုပ်စော်ကားတာမဟုတ်ဘူး။ ကျုပ်ဘဝကို အဖေသတ်မှတ်ပေးထားတယ်ဆိုပေမဲ့ ကျုပ်လွတ်လပ်ခွင့် ၊ကျုပ်ဆုံးဖြတ်ခွင့်ကို အဖေ တားမြစ်လို့မရဘူး။ ကျုပ်အချစ်က ခင်ဗျားပါဆိုမှ ၊ အကြည့်နဲ့ဖြစ်စေ ၊ထိပါးလို့ပဲဖြစ်စေ နှင်းဆီဘွဲ့ဆူးကို နာကျင်စေဖို့တော့လုံးဝမရဘူး။ အဖေပြောကြည့် အဖေ့အိမ်ရိပ်ကို ကျုပ်ခြေမချတော့ဘူး ။ "

" မင်း မြေမျိုမဲ့ကောင်ပဲ "

နှင်းဆီဘွဲ့ဆူးဆီမှ ခပ်စောင့်စောင့်ထွက်လာတဲ့စကားကြောင့် သောင်းဆင့် ဘေးကိုယှဉ်၍ စောင်းလိုကိသည်။ မြင်နေရတဲ့ ဂုတ်ပိုးထပ်မှာ မွှေးညင်းနုနုတို့က လည်ပင်းတလျှောက် အပြည့်ပင်။
နှင်းဆီဘွဲ့ဆူးကတကယ်အမွှေးပေါသူပင်။

" ကျုပ်အဖေ့အိမ်ကို ခင်ဗျားကို ခေါ်မသွားပါဘူး။
အထင်သေးရန်ကော ၊ အမေပေးထားတဲ့ အိမ်လေးရှိပါသေးတယ် ။ "

" ဘထွေးကိုတော့ မင်းသွားတောင်းပန်ပေး "

" ကန်တော့ပွဲနဲ့လား "

" မင်းဖာစကားမပြောနဲ့ "

" ရော် .. ဖြစ်ပြန်ပြီ။ အတည်ပြောနေတာကို "

" ကန်တော့ပွဲက ဒါဆို ဘာကြောင့်ယူသွားမှာလဲ ။
ငါမိန်းကလေးမဟုတ်ဘူး ၊ ယောကျာ်း ၊ယောကျာ်းမှယောကျာ်းစစ်စစ်။ မင်းဇွတ်ယူခဲ့ပေမဲ့ တရွေးသားမှမလျော့တဲ့ ယောကျာ်းကြီး"

မလိုအပ်ပဲ ဖြေရှင်းနေပါတယ်လို့လည်း သောင်းဆင့်
အပြစ်မဆိုရက်ပါ။ လတ်တလောဖြစ်သွားတဲ့ အဖြစ်ပျက်ကို နှင်းဆီဘွဲ့ဆူး လက်ခံနိုင်သွားလို့တော်ပါသေး၏။ တပါးသူသာဆိုရင် ထိုမျှနှင့်ပြီးသွားမှာမဟုတ်။ သူ့နှင်းဆီအိုလေးသည် အတော်လေး
စိတ်ထားကောင်းမွန်၏။ ဖြေရှင်းလို့ရပါသော်ငြား
မသိမသာ အလျော့ပေးသွားတယ်ဆိုတာ သောင်းဆင့်သိပါသည်။
ထို့ကြောင့်ပိုပြီး အားနာစိတ်ဝင်ရ၏။

" ကျုပ်သိပါတယ်၊ ဘထွေးကို မနက်ဖန်သွားတောင်းပန်မယ်။ ခင်ဗျားစိတ်ချပါ။ ကျုပ် ခင်ဗျားသိက္ခာကျအောင်မလုပ်ပါဘူး "

တိတ်ဆိတ်မူ့သည်တဖန်ဝါးမျိုသွားပြန်၏။
အသက်ရူသံသဲ့သဲ့သည် ညသံဖြင့် လှပသော သံစဉ်ပမာ ထုတ်လွှင့်ပေးနေပါ၏။
သောင်းဆင့် ‌ဘွဲ့ဆူးဘေးအား အနည်းငယ် တိုးအိပ်လိုက်တော့ မြင်ရသော ဂုတ်ပိုးနုနုသည် သူ့နှာဖျားနှင့်
မထိတထိ အနေအထားရောက်ရှိသွား၏။
ခပ်သင်းသင်းအနံ့လေးအား ရှူရိုက်ရင်းသောင်းဆင့်မျက်လုံးတို့ကို ပြန်လည်မှေးစက်လိုက်သည်။

ဒီယောကျာ်းနှင့်ဘယ်သော အခါမှမခွဲရပါစေနှင့်။

________

" အင်ဥ .. အင်ဥတွေရမယ်။ တစ်ထုပ်တစ်ထောင် ။
တစ်ထုပ်တစ်ထောင်ဗျို့ "

ချောင်းကမ်းရွာ တလျှောက် မိုးစင်စင်လင်းသည်နှင့် မူးကြောင်ကြောင် အသံကြီးဖြင့် ဈေးသည်တစ်ယောက်အသစ်ရောက်လာလေသည်။
ပလိုင်းအားဆွဲ၍ ရွာလယ်လမ်းမကြီးအား ဖြတ်ကျော်လာသော ယောကျာ်းတစ်ယောက်။
ထိုသူမှာ ဟောင်းနွမ်း အင်္ကျီကြမ်းတစ်ထည်ကို ဝတ်ထားလျက် မျက်လုံးတို့အားဖုံးကွယ်မတက် ရှိသောဆံပင်ရှိပြီး မည်သူ့ကိုမှဂရုမစိုက်ဟန်မျက်နှာထားဖြင့် ခပ်မှန်မှန်ဝင်လာချေသည်။

အနှီယောကျာ်းမှာ သောင်းဆင့်ဖြစ်သည်။
ရွာသားများက သောင်းဆင့်ကိုမြင်သည်နှင့် အိမ်ပေါက်ဝမှ ခေါင်းလေးတွေထွက်ကာ ခိုးဝှက်ကြည့်ကြသည်။
ဒါကိုသောင်းဆင့်မြင်သည်။
သောက်ဂရုမစိုက်သည်မို့ တံတွေးကိုဖွီခနဲထွေးကာ ကြည့်နေသူတွေအား မျက်လုံးဖြင့်ဝေ့ကြည့်လိုက်သည်။

" ရောင်းနေတာ အင်ဥ။ မျောက်ပွဲပြစားနေတာမဟုတ်ဘူး။ဝယ်ရင်ဝယ် မဝယ်ရင် လာမကြည့်နဲ့။
သောင်းဆင့် သူများထမင်းခိုးစားနေတာမဟုတ်ဘူး။
သူများမယားကြာခိုထားတာမရှိဘူး။ လင်ယူတဲ့သူကို
မမြင်ဖူးမတွေ့ဖူးလို့ လာကြည့်နေတာလား၊ စောက်လုံးတွေနောက်အောင်တော့ လာမလုပ်နဲ့ ၊အကုန် ရိုက်ဖျက်ချထားခဲ့လို့ နေစရာအိမ်ပျောက်နေဦးမယ်"

ကျိန်းမောင်းလိုက်မှ ပြူတစ်ပြူတစ်လုပ်နေတဲ့ခေါင်းတွေအသီးသီးပြန်ဝင်သွားကြသည်။
ဘာမှမဟုတ်ပဲ လူထူးလူဆန်းလာလုပ်နေကြသည်။
သောင်းဆင့်က စောက်ဂရုစိုက်မည်ထင်သလား။
ဝေးသေး။

"အင်ဥ .. အင်ဥတွေရမယ်။ တစ်ထုပ်တစ်ထောင် ။
တစ်ထုပ်တစ်ထောင်ဗျို့ "

သောင်းဆင့် လျောကျနေတဲ့ ပလိုင်းကြိုးအား ဆွဲတင်းရင်း အသံကျယ်ကျယ်ဖြင့် ထပ်‌ခါ ထပ်ခါအော်သည်။
သူ့နှင်းဆီကပြောသည်။
အရက်ဖိုးမပေးတော့ဘူးတဲ့။
ငွေလည်းကုန်တော့မည်မို့ အိမ်မပြောင်းခင် အနည်းအကျဉ်းတော့သူရှာဖွေမှဖြစ်မည်ပင်။

" ဟဲ့ သောင်းဆင့်။ လာ ဒီကိုလာ။ အင်ဥတွေ လတ်လား "

တစ်လမ်းလုံး တွေ့တဲ့သူအားအနိုင်ကျင့် ရောင်းလာခဲ့သည်မို့
အထုပ်နှစ်ဆယ်လောက်ပါတဲ့ အင်ဥခြင်းမှာ
ငါးထုပ်မျှသာကျန်ပေတော့သည်။ သောင်းဆင့်ပေစောင်းစောင်းကြည့်ကာ ပြုံးရယ်နေတဲ့ အရီးမြရီနားကပ်လာသည်။ ‌

ဒီအဖွားကြီးအကြောင်း သောင်းဆင့်မှမသိရင်ဘယ်သူသိမှာလဲ။
သူ့သမီး ထားရီ ကြောင့် အရင်ကဆို သူ့အား
မဲ့လိုက်ရွဲ့လိုက်ဖြင့် စောင်းပြောနေကြ။
ခု သောင်းဆင့်တို့လင်ရသွားပြီဆိုမှ ရုပ်ကတစ်မျိုးပြောင်းကုန်တာဖြစ်သည်။
သဘောကတော့ သူ့သမီး ကိုယ်နဲ့လွတ်ပြီဆိုတဲ့ ပုံပင်။ သိသိသာသာ အချိုးပြောင်းသွားတာ ရုပ်ကြီးကြည့်ရုံဖြင့်သိသာသည်။

" ဝယ်မှ ခေါ်နော် ၊ မဝယ်ပဲ အာချောင်ရုံဆို သောင်းဆင့်ပါးစပ်က သိတဲ့အတိုင်းပဲ "

" အမလေးဟယ်။ ဈေးသည်ကလည်းအပေါက်ဆိုးချက်။ ဝယ်မှာမို့ခေါ်တာပေါ့"

" ပြော ဘယ်နှစ်ထုပ်လဲ။ ငါးထုပ်ကျန်တာ အကုန်ယူမှာလား "

" ဟဲ့..များတယ်လေဟယ်။ အိမ်မှာစားမဲ့သူမှမရှိတာ။ နှစ်ထုပ်ပဲယူမယ်။ "

" သုံးထုပ်ယူ ၊မယူရင်မရောင်းဘူး။ "

ဒေါ်မြရီတစ်ယောက် အီလည်လည်ဖြစ်သွား၏။
သို့သော်လည်း အင်ဥက အကြောင်းမဟုတ်။
မေးမြန်းစပ်စုစရာကရှိသေးသည်မို့ အမြန်ပင်ခေါင်းညိမ့်ပြရသည်။

" အေးပါ။ ယူဆိုလည်းယူပါ့မယ်။ ဒါနဲ့လေ ။
ဘထွေးတူနဲ့ ယူလိုက်ကြတယ်ဆိုတာဟုတ်လားဟင်။
ဒီသတင်းကို ငါဖြင့်ယုံတောင်မယုံနိုင်ဘူး "

မယံနိုင်ဘူးဆိုတဲ့ မျက်နှာမှာ နှမြောတသရိပ်တစ်စိုးတစိတောင်မပါ။
သောင်းဆင့်လည်ပင်းအားကုတ်၍ အိမ်အတွင်းဖက်သို့ မျှော်ကြည့်လိုက်သည်။
သူကြည့်မှန်းသိတော့ ဒေါ်မြရီက မမြင်ခံနိုင်သလို သူ့ကိုယ်လုံးဖြင့် ကွယ်လိုက်သည်။

" ကျုပ်ရေသောက်မလို့ ကြည့်တာပါဗျ။ ဒီမှာ
‌ဒေါ်လေး ‌၊ သောင်းဆင့်က ဒေါ်လေးသမီး ထားရီကို
စိတ်ထဲတောင်မှမရှိဘူး။ ကြည့်ရ‌အောင်လည်း
ဒေါ်လေးသမီးက သောင်းဆင့် ယူထားတဲ့ယောကျာ်းလိုမေတ္တာသက်ဝင်ဖို့ကောင်းလို့လား။ အထင်ကြီးစိတ်တွေလျော့။ နှင်းဆီဘွဲ့ဆူးမှမဟုတ်ရင် သောင်းဆင့်တို့ကကျန်တာအကုန်ပစ်တယ်။"

" အောင်မာအရက်သမားကများ။ ရာရာစစ "

" အရက်သမားက ဘာဖြစ်လဲ။ ကျုပ်သူများထမင်းခိုးစားနေတာမဟုတ်ဘူး။ စကားများတယ်ပေး၊ပိုက်ဆံ "

" မဝယ်ဘူး နင့်ဆီက ၊ သွားအကုန်ပြန်ယူသွား"

ဒေါ်မြရီ‌ခါးထောက်ပြီးအော်သည်။
သောင်းဆင့် အိမ်ဘေးကိုမျက်လုံးဝေ့ကြည့်လိုက်တော့ ရေထမ်းတဲ့ ထမ်းပိုးအားတွေ့ရသည်။
သွားကောက်၍ ဒေါ်မြရီရှေ့ရပ်၏။

" ဝယ်မှာလား။ မဝယ်ဘူးလား။ "

" နင်.. နင် လူပါးဝလို့ ။ "

" လူပါးဝတယ်ဗျာ။ ခေါ်တုန်းကခေါ်ပြီး
အရည်မရအဖက်ရတွေလာပြောတာဘယ်သူလဲ။
အပိုတွေမပြောနဲ့တော့ သောင်းဆင့်လေကုန်တယ်။
စိတ်မရှည်လာရင် တွေ့တာတွေ အကုန်ရိုက်ချိုးခဲ့မှာ။
နောက်မှဘယ်ရှင်းရရှင်းရ "

ထမ်းပိုးအား အိမ်ရှေ့လှေကထစ်၌ အသံမြည်အောင် အနည်းငယ်ရိုက်ပြလိုက်တော့ ဒေါ်မြရီတစ်ယောက် မျက်စောင်းထိုးကာ ပိုက်ဆံထုတ်ပေးလာတော့သည်။
ပေးတဲ့ပိုက်ဆံယူကာ ထမ်းပိုးအားယူတဲ့နေရာ၌ သွားပြန်ပစ်ချပြီး ပလိုင်းအားလွယ်၍ ထိုနေရာမှထွက်ခါခဲ့သည်။
အနောက်မှ ဆဲဆူသံကြားရသော်ငြားသောင်းဆင့်အရေးမလုပ်တော့ချေ။

ဘယ်သူတွေဘာပြောပြော ပိုက်ဆံရခဲ့ပြီးပြီမို့ စောက်ဂရုစိုက်စရာအကြောင်းကိုမရှိတော့တာ။

ပိုက်ဆံအနည်းအကျဉ်းရှိပြီမို့ သောင်းဆင့် စေးျမရောင်းတော့ပဲ ရွာသူကြီးအိမ်ကိုသာတန်းသွားလိုက်သည်။
ဟိုရောက်တော့သူကြီးဦးမိုးလွင်က ချောင်းတဟမ်းဟမ့်ဖြင့် သူ့အားအနည်းငယ်ကြောက်နေသေးဟန်ဖြင့်
စိုးရိမ်တကြီးကြည့်နေသေးသည်။
အဲ့ဒါတွေ မဟုတ်တာ။
မသိရင်သောင်းဆင့်က ပြဿနာရှာသူကြီးကြနေတာပဲ။

" သူကြီး "

" ဟေ "

" ဟေ ကိုနောက်ထား။ ကျုပ်ကို လူကြီးပြန်အပ်ပေးဖို့လုပ်ပေးအုံး"

" ဘာကိုလုပ်ပေးရမှာလဲကွ။ မင်းယူထားတာ မိန်းကလေးမှမဟုတ်တာ"

" မိန်းကလေးမဟုတ်တာနဲ့ မအပ်ရဘူးလား။
ကျုပ်က မင်္ဂ‌လာလည်းဆောင်မှာ ၊ လုပ်ထုံးလုပ်နည်းအတိုင်း ပြန်အပ်တာဘာညာ ကိုစီစဉ်ပေးရမှာပေါ့။
ကျုပ်နှင်းဆီက ယောကျာ်းဖြစ်တာနဲ့ပဲ ဘာမှလုပ်မပေးရဘူးလား။ မဟုတ်သေးဘူး၊ သူကြီးတို့
လုပ်နေ‌တာမဟုတ်သေးဘူး။ "

သူကြီးစိတ်အိုက်လာတာမို့ ယပ်တောင်တဖျတ်ဖျတ်ခတ်ကာ သောင်းဆင့်အား ကြည့်လာသည်။

" ဒါပေမဲ့ကွာ မောင်ဘွဲ့ဆူးက ယောကျာ်းလေးဆိုတော့ စီစဉ်ပေးဖို့က တမျိုးကြီးများဖြစ်နေ.."

" ဘာမှတမျိုးဖြစ်နေစရာ အကြောင်းမရှိဘူး။
ကျုပ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ တင်တောင်းမယ်။
ဒီမှာလေ လက်ကောက်နှစ်ဖက်ရယ် ၊ဆွဲကြိုးရယ်၊လက်စွပ်ကျန်သေးတယ်။ အကုန်ပဲ ။ ရှိတာ အကုန်ပေးမှာ ၊ကျုပ်နေတဲ့ အိမ်ကော မချန်ဘူး။ ကျုပ်ယောကျာ်းကို အကုန်ပေးမှာ အဲ့ဒါလုပ်ပေး"

သောင်းဆင့်လက်ကောက်နှစ်ဖက်အား မြင်သာခါပြလိုက်သည်။ သိသာအောင်ပေါ်လွင်နေသော လက်ကောက်နှစ်ဖက်က သောင်းဆင့်လက်မှာ ဝင်းခနဲ။ ပွတ်လုံးလက်ကောက်ကြီးတွေမို့ လက်မခါပြလည်း မည်သူမဆို မြင်သာသည်။
ပြီးတော့လက်ညိုးထောင်ပြသည်။
ထိုလက်မှဝတ်ထားတဲ့လက်စွပ်သည် ကျောက်စိမ်းဖြင့် ပြူးပြဲနေအောင် ပြုလုပ်ထား၏။ ရွှေထည်မှာ မျပြားသည်မို့ လက်စွပ်ကြီးသည်တောင်ပို့ကြီးတစ်ခုအသွင် မို့မောက်နေ၏။

" မဟုတ်ဘူးလေ၊ မင်းအဖေဘောဂသောင်းက သဘောမတူရင် ပြဿနာတက်နိုင်တယ်လေ။ စဉ်းစားပါဦးကွာ"

ဘောဂသောင်းကလည်း သောင်းဆင့်အားအမွေဖြတ်ဖို့လာတိုင်ပင်သည်။ စိတ်ဆိုးတုန်းခဏမို့ ပြေရာပြေကြောင်းချော့မော့ပြန်လွတ်လိုက်ရပေမဲ့
ဒီသတင်းသာ ကြားရင် ဒေါသအမြတ်ချောင်းချောင်းထသွားလိမ့်မယ်။

" နိုး... နိုး။ အဖေနဲ့ကျုပ်က မဆိုင်ဘူး။
‌မနက်ဖန် ကျုပ်တို့ ပြန်လာခဲ့တော့မှာ ။ သူကြီး လုပ်ရမဲ့တာဝန်ကိုသူကြီးလုပ်ထားလိုက်။ ဘထွေးဆီကို သွားမယ်။ ကျုပ်နဲ့ ကျုပ်လူနဲ့ သေသေချာချာ အကြောင်းပါအောင် လုပ်ပေးရမှာ သူကြီးအလုပ်။ "

ပြောပြီး သောင်းဆင့် ပလိုင်းထဲကနေ ကျန်တဲ့ အင်ဥနှစ်ထုပ်အား စားပွဲပေါ် ချပေးလိုက်သည်။

" ဒါ သူကြီးစားဖို့ ။ ကဲ ကျုပ်ပြန်ပြီ။ မနက်ဖန်မှတွေ့မယ်နော် "

ဦးမိုးလွင် ကျန်ခဲ့တဲ့ အင်ဥထုပ်နှစ်ထုပ်အားကြည့်ပြီး
လက်ထဲက ယပ်တောင်ကို စားပွဲပေါ်ပစ်ချလိုက်သည်။
သူ သူကြီးအလုပ်အား စိတ်ကုန်နေပြီဖြစ်သည်။
သောင်းဆင့်သူ့အား အနိုင်ကျင့်လွန်းသည်။
ဘယ်သူရှိမှာလဲ ၊လူကြီးအပ်သည့်အလုပ်အား
အင်ဥနှစ်ထုပ်ပေးပြီး ကလေး ကုလားခိုင်းမှာလဲ။
သင်းမို့...
သင်းတော်တော်ဂြိုလ်မွှေတဲ့ကောင်

ချစ်တဲ့အိမ်စည်။

" ေသာင္းဆင့္ "

" ေသာင္းဆင့္ ၊ ဟိတ္ေကာင္ "

ဘြဲ႔ဆူး သူ႔‌ေဘးမွာ ေကြးေကြးေလးအိပ္ေနတဲ့ ေသာင္းဆင့္တင္ပါးအား ခပ္ျပင္းျပင္းရိုက္လိုက္သည္။
ေျဖာင္းခနဲ အသံထြက္သည္ထိ အားျပင္းေသာ္ျငား ဟိုဖက္ျပန္လွၫ့္အိပ္သည္မွလြဲ၍ေသာင္းဆင့္ကေတာ့မလႈပ္။

" တိုးစမ္း ဟိုဖက္ကို ၊ငါ့ေဘးမွာ ဒီအရည္ေတြေသာက္လာရင္ လာကပ္မအိပ္နဲ႔
လို႔ေျပာထားရဲ့သားနဲ႔ အမွတ္ကိုမရိွဘူး။
နံေစာ္ေနတာပဲ။ "

အိပ္ခါစကေတာ့ ထိုအနံ႔မ်ားမရိွ။
ဘြဲ႔ဆူးအိပ္မွ ခိုးေသာက္ထားသည္က‌
ေသခ်ာသ‌ေလာက္ျဖစ္သည္။
စိတ္တိုသည္မို႔ ေနာက္တစ္ခ်က္ထပ္ရိုက္လိုက္သည္။
ထိုအခါမွ မႈံဝါးဝါးရုပ္ျဖင့္ ပုဆိုးကို ျဖန႔္ကာ ထထိုင္လာသည္။
သင္းသည္ ပုဆိုးကို ဘယ္ေတာ့မွၿမဲ‌ ေအာင္ဝတ္သည္မရိွပါ။
စုလံုးကိုင္ထားသည္သာရိွၿပီးဝတ္ျပန္ရင္လည္း အခ်ိဳးမက်ေပ။

" ဘယ္အခ်ိန္ရိွေသးလို႔လည္း က်ဳပ္ႏွင္းဆီရယ္။
အေစာႀကီးရိွေသးတယ္။ အိပ္ပါရေစဦး"

" အိပ္ရင္လည္း ကိုယ္နဲ႔ေဝးရာသြားအိပ္ေလ။
ဒီအရည္ေတြေသာက္ၿပီးတိုင္း အနားမကပ္နဲ႔လို႔ မွာထားတာကို မင္းေခါင္းထဲ မထၫ့္တာလား"

ဘြဲ႔ဆူး လက္ညိုးနဲ႔ ေသာင္းဆင့္ နားထင္အား တြန္းလႊတ္လိုက္ေသာ္ အိပ္ခ်င္စိတ္မေျပေသးသည္မို႔ ေဘးကို ယိုင္သြား၏။
ထို႔ေနာက္
ျပန္ကုန္းထလာၿပီး ဘြဲ႔ဆူး လက္ေမာင္းကို ေခါင္းႏွင့္တိုက္ကာ

" တေရးႏိုးေတာင္မွ ထရစ္ေနတာလား ။ အရက္ေသာက္မွေတာ့ နံမွာေပါ့"
ဟု အိပ္ခ်င္မူးတူးေျပာလာ၏။ အသိစိတ္ကလည္း ကပ္ေသးဟန္မတူ ။ ‌ဘယ္ေလာက္လုပ္လုပ္ ေဒါသထြက္ရေကာင္းသည္ဟူ၍လည္းမရိွ။ အညိုအမဲ စြဲေနတဲ့ မ်က္ႏွာက ေလးငါးရက္ရိွၿပီးသည္အထိ ဘြဲ႔ဆူးထပ္ခါထပ္ခါ သမ တာႏွင့္ မေပ်ာက္‌ ေသာ္ျငား မလုပ္ပါနဲ႔ဟူ၍လည္းမတားျမစ္ေပ။
ငါးဖယ္လို ထုေလႏွက္ေလ မာေလဆိုတာ ေသာင္းဆင့္လိုေကာင္ပင္ျဖစ္သည္။ ခုလည္း အရက္ေစာ္နံနံျဖင့္ လာမွီေနသည္မို႔ မႀကိဳက္မႏွစ္သက္စြာ ေဘးကိုတြန္းခ်လိုက္လ်ွင္ အိပ္ယာထဲကို ဘုန္းခနဲ ျပန္ျပဳတ္က်သြားျပန္သည္။
ေဒါသဆိုတာ ဘယ္ဆီမွန္းမသိတဲ့ေကာင္သည္
ဘြဲ႔ဆူးေပါင္ေပၚ တေရြ့ေရြ့ျပန္တက္လာကာ
ေခါင္းတင္အိပ္ျပန္သည္။ မ်က္လံုးသည္က ဖြင့္မၾကၫ့္ေသး။
ေရနံဆီမီးအိမ္ေအာက္မွာ ဘြဲ႔ဆူး၏ ေဒါသထြက္လာေသာ မ်က္ႏွာထားကိုလည္းအေရးမစိုက္ေပ။

" ေအး ကိုယ္မေသာက္ဖို႔မင္းကို မေျပာဘူး ။
ေသာက္ၿပီးရင္လည္းေဝးရာအိပ္"

" မအိပ္ႏိုင္ဘူးေလ။ အတူတူဒီလိုေလးေနခ်င္လို႔ပါ ၊
ႏို႔မို႔ဆို ဒီေလာက္ၾကမ္းတမ္းတဲ့ေယာက်ာ္းကိုယူစရာလား။ ရုပ္ကေလးၾကၫ့္ေတာ့ သည္းခံျခင္းတရားျပၫ့္စံုတဲ့ အမ်ိဳးသားပံုစံနဲ႔။ ယူၾကၫ့္မွ က်ဳပ္ႏွင္းဆီေလးဆိုးခ်က္က လက္လန္တယ္။ ဒါေပမဲ့လည္းေသာင္းဆင့္က အျပစ္မယူပါဘူး။ ၾကမ္းပါ ။
ရိုက္ပါ။ ၿပီးရင္ခ်စ္ပါ။ ဒါပါပဲ"

" ေအာင္မာ။ ငမူးက တမူးသာလို႔။ ငါကဘာကိစၥခ်စ္ရမွာလဲ ။ ၿပီးလည္းမခ်စ္ဘူး ။ မၿပီးလည္းမခ်စ္ဘူး။"

ေသာင္းဆင့္ မ်က္လံုးမိွတ္ထားလ်က္သား ၿပံဳးသည္။ထို႔ေနာက္ သူေခါင္းတင္ထားေသာ ဘြဲ႔ဆူးေပါင္အားမသိမသာ နမ္းကာ

" မခ်စ္ခ်င္ေနပါ။ ထြက္မသြားနဲ႔ေနာ္။
ဘာပဲေျပာေျပာ က်ဳပ္လုပ္လို႔ ခင္ဗ်ားနာမည္လည္းပ်က္သြားၿပီေလ။ အဲ့အစား တသက္လံုး က်ဳပ္တာဝန္ယူမွာပါ။ ခုေခတ္စားေနတဲ့ ‌မယားငယ္၊လင္ငယ္ကိစၥေတြ ၊အမ်ားမသင့္ေတာ္စရာေတြ က်ဳပ္မလုပ္ပါဘူး။
အရက္ကေလးကေတာ့ ခြၽင္းခ်က္ဆိုေတာ့ ခြင့္လႊတ္။
ျဖတ္ေစခ်င္ရင္ေတာ့ ၊
ေမာင္ မင္းေသာက္ေနတဲ့ အရက္ကိုျဖတ္လိုက္၊
ကိုယ္အရက္ေသာက္တာ မႀကိဳက္ဘူး၊ အဲ့လိုေလးပဲေျပာၾကၫ့္ ေသာင္းဆင့္တို႔က လွၫ့္ေတာင္မၾကၫ့္ဘူးစိတ္ခ်"

ေဒါက္

" အ ! နာလိုက္တာ"

" နာတယ္ဆိုရင္ စကားေျပာဆင္ျခင္။ "

နဖူးအားပြတ္၍ ေသာင္းဆင့္ၿငိမ္သြားသည္။
ဘြဲ႔ဆူး အိပ္မရေတာ့သည္မို႔ ျခင္ေထာင္အတြင္းမွာသာ ထိုင္ကာ မေရမရာ ေရ႔ွဆက္ရမၫ့္အနာဂတ္အားေတြးမိသည္။
ေသာင္းဆင့္သည္ ယခုေနာက္ပိုင္းသူ႔အားထင္သေလာက္ခ်ဳပ္ကိုင္မထားပါ။
လယ္ေတာအိမ္မို႔ လူသူကင္းရွင္းကာ
လာေတြ့သူလည္းမရိွေပ။ လူရိပ္လူေယာင္မရိွေသာ ေနရာမို႔ အကူအညီေတာင္းစရာဆိုသည္မွာ ေဝးစြ။
သို႔ေသာ္ ‌ဘြဲ႔ဆူး မည္သူတစ္ဦးတစ္ေယာက္မွ မေတြ့ခ်င္‌ေတာ့ပါ။
အထင္ေသးစြာၾကၫ့္ရႈ႔လာမၫ့္ မ်က္ဝန္းမ်ားအား မည္သို႔မည္ပံု ရင္ဆိုင္ရမည္ဆိုတာ စဉ္းစား၍ပင္မၾကၫ့္ရေသး။

ေသာင္းဆင့္သည္ သူ႔သေဘာႏွင့္သူ အႏိုင္ယူကာ
ဘြဲ႔ဆူး ဘဝအားျခယ္လွယ္ခဲ့ပါသည္။
ေသာင္းဆင့္ ႏွစ္ျမဳပ္လိုက္ေသာ ေလွငယ္ေလးသည္
ရြက္လႊင့္စရာ ေနရာေတြ အမ်ားႀကီးရိွေသးတယ္ဆိုတာ သိႏိုင္မည္လား။
အိမ္မက္ေတြ စိတ္ကူးေတြသည္ တပါထဲ ခ်ဳပ္ၿငိမ္းခံလိုက္ရၿပီမို႔ ေဒါသ မာနသည္ ထံု၍ နာက်င္သည္ပင္မထင္ရေတာ့ေပ။

ျဖစ္ခါစက ေသြးပူ၍ ေသာင္းဆင့္အား အႀကိမ္ႀကိမ္ထိုးႏွက္ခဲ့သည္။ ေဒါသအားေျဖခဲ့မိသည္။
တစ္ရက္ၿပီး တစ္ရက္ကုန္ဆံုးလာေသာ ေန့ရက္ေတြအၿပီးမွာေတာ့ ဘြဲ႔ဆူး ေသာင္းဆင့္အား မည္သၫ့္စကားမ်ွပင္ ဆူပူခ်င္စိတ္မရိွေတာ့ေပ။
ဆူမိလ်င္လည္း စကားတက္ေသာ ေသာင္းဆင့္အားဘြဲ႔ဆူး မႏိုင္ပါ။

" ဘာေတြ ေတြးေနတာလဲ ။ ျပန္မအိပ္ေသးဘူးလား"

ေသာင္းဆင့္ အိပ္ေနရာမွ ထကာ ဘြဲ႔ဆူးအားမ်က္လံုးမ်ားေမွးစင္း၍ ၾကၫ့္‌သည္။
အၾကၫ့္ေတြထဲမွာ ဘြဲ႔ဆူးဘာေတြးေနသလဲဆိုတာ
အရိပ္အကဲဖမ္းေနသေယာင္။
ေသာင္းဆင့္က သူ႔အားဘာၾကၫ့္ႀကိဳက္သလဲ မသိေပ။ ေသခ်ာတာကေတာ့ ဘြဲ႔ဆူးဟာ မိန္းမဆန္ေသာသူေတာ့မဟုတ္။
ေသာင္းဆင့္ပံုၾကၫ့္ျခင္းအားျဖင့္သူ႔အားအတည္ႀကံေနသည္ဆိုတာ ခံစားလို႔ရပါသည္။
သို႔ေပသၫ့္ ထို႔အၾကၫ့္ထိုအေျပာတို႔အား
ဘြဲ႔ဆူး ခံႏိုင္ရည္မရိွေသးပါ။

ဘြဲ႔ဆူး သက္ျပင္းခ်ကာ ေခါင္းရမ္းျပလိုက္မိသည္။
အျပင္မွာေမွာင္မဲေနသည္မို႔ မိုးသည္မလင္းေသးေလာက္။ ညပိုးေကာင္တို႔ တက်ီက်ီေအာ္ျမည္သံကလည္း‌ ေတာႏွင့္နီးကပ္သည္မို႔ ဆိုးဆိုးဝါးဝါးဆူညံေနပါသည္။ ေရာက္ခါစကေတာ့ သူေၾကာက္မိေသးသည္။ တစ္ရက္ကေန၊ ေလးငါးရက္ေရာက္လာေတာ့ ထိုသဘာဝတရားသည္ ေသာင္းဆင့္ေလာက္ေၾကာက္စရာမေကာင္းေတာ့ေပ။

" မင္း ကိုယ့္အေပၚမွာ ခုလို လုပ္လိမ့္မယ္လို႔ ခန္႔မွန္းမိခဲ့ရင္ ကိုယ္ ပြဲေတာ္ေန့က လြမ္းေခ်ာင္းကို မလာခဲ့ပါဘူး "

ေသာင္းဆင့္ ေခါင္းငံု႔ကာ ၿပံဳးလိုက္သည္။
သူသည္ မီးအလင္းေရာင္ကိုေက်ာေပးထားသည္မို႔
ေအာင့္သက္တဲ့ အၿပံဳးတို႔ကို ဘြဲ႔ဆူးျမင္မွာမဟုတ္။

" က်ဳပ္ေျပာၿပီးသားပဲ။ ခင္ဗ်ားမွ မယံုၾကည္ခဲ့တာ ။ "

" ဘာကိုလဲ"

" က်ဳပ္နဲ႔အိမ္ေထာင္က်မွာပါလို႔ေလ ။ အေစာႀကီးကတည္းက ခင္ဗ်ားက က်ဳပ္လူဆိုတာေရွာင္လႊဲလို႔မရဘူး ။ ထြက္ေျပးဖို႔စဉ္းစားထားရင္ အေတြးေတြကိုေခါက္သိမ္းလိုက္ေတာ့ က်ဳပ္ႏွင္းဆီ။ က်ဳပ္အခ်စ္က
အရိုးေဆြးတဲ့အထိ ၿမဲတယ္။ မယံုရင္ေျပးၾကၫ့္ ေရေျမအဆံုးထိ က်ဳပ္လိုက္မွာ။ ဘယ္ေနရာေတြ့ေတြ့ က်ဳပ္ေယာက်ာ္းဆိုတာ လူသိေအာင္ ေအာ္ေျပာမယ္။
က်ဳပ္ေနွာင့္ေနွးခဲ့လို႔ ခင္ဗ်ား ေနာက္ထပ္အခ်စ္ေတြ့ခဲ့ရင္လည္း ခင္ဗ်ားရည္းစား၊ခင္ဗ်ားအမ်ိဳးသမီးေရ႔ွမွာ က်ဳပ္ေယာက်ာ္းျဖစ္ခဲ့တယ္ဆိုတာ ေျပာမယ္။
သားေတြ သမီးေတြ ရတဲ့အထိ ခင္ဗ်ား အိမ္ေရ႔ွမွာေနၿပီး ဘယ္ေတာ့မွာ ေမ့မရပဲ ေသတဲ့အထိဇြဲမေလ်ာ့ပဲ ခ်စ္ခဲ့တယ္ဆိုတာ သက္ေသျပမယ္ ။ "

" မင္း.. မင္း လုပ္ရဲလို႔လား"

ဘြဲ႔ဆူးမ်က္ဝန္းေတြ လဲ့သြား၏။
ေသာင္းဆင့္ကလည္းဒါကိုပင္ခပ္တည္တည္ၾကၫ့္ကာ ဆတ္ခနဲေခါင္းညိမ့္ျပသည္။

" ႏွင္းဆီဘြဲ႔ဆူးနဲ႔ပတ္သတ္လာရင္ မလုပ္ရဲတာ ဘာမွမရိွဘူး။ "

" မင္းတကယ္အရူးပဲ။ ကိုယ့္ အသားထိၾကၫ့္ အသက္ခ်င္းလဲပစ္မယ္၊ ကိုယ္.. ကိုယ္က မိန္းမယူဖို႔စိတ္ကူးပဲ ရိွခဲ့တာ ။ ေယာက်ာ္းမရခ်င္ဘူး "

တုန္ရီေနေသာ အသံေတြေၾကာင့္ ေသာင္းဆင့္ ႏႈတ္ခမ္းကိုမဲ့သည္။

" ခု‌ ေယာက်ာ္းရၿပီးၿပီးပဲ ။ စိတ္ခ် လႊင့္ပစ္လို႔ရတဲ့အထဲမွာ ေသာင္းဆင့္မပါဘူး "

" မင္းက ဘာေကာင္မို႔လို႔လဲ "

" ခင္ဗ်ားလင္"

ေသာင္းဆင့္ကိုေက်ာခိုင္းကာ
အိပ္ယာထပ္မွာ လွဲအိပ္လိုက္သည္။
အရွက္ မဲ့သူေၾကာင့္ ေဒါသကျပန္ထြက္လာျပန္သည္။

" မင္း ဖာေခါင္းစကားေတြေျပာေနတာကိုေလ်ာ့လိုက္ ။ "

" ဖာေခါင္းက ဘယ္သူလဲ "

" ဘယ္သူျဖစ္ရမွာလဲ မင္းေပါ့ "

ေသာင္းဆင့္ရယ္ကာ ဘြဲ႔ဆူးအိပ္ေနတဲ့ေဘးမွာ ပလက္လွဲအိပ္လိုက္သည္။
သူသည္ ႏွင္းဆီဘြဲ႔ဆူးအားအပိုင္ရသၫ့္ေန့မွစ၍ လိုတာထပ္ပိုကာ မထိေတြ့ေသးေပ။
ႏွင္းဆီဘြဲ႔ဆူးကို ဒီတိုင္းေလးထိုင္ၾကၫ့္ေနရံုျဖင့္
သူ႔မွာ ခ်စ္ျခင္းတရားေတြက ရင္မွာျပၫ့္လာတာျဖစ္သည္။
အထိေတြ့ဆိုသည္မွာလည္း လက္ခံရင္
ထိလိုက္မည္။ လက္မခံရင္ အၾကၫ့္ျဖင့္ ေက်နပ္ႏိုင္မည္။ ေသာင္းဆင့္က ေလာဘႀကီးသူမဟုတ္။

" ဒါဆို ခင္ဗ်ားက ဖာေခါင္းလင္ေပါ့ "

ၿငိမ္သက္သြားတဲ့ေလထုအားၾကၫ့္ကာ ေသာင္းဆင့္သေဘာက်စြာ ရယ္ေမာလိုက္မိသည္။

" တကယ္ေျပာတာ ၊ ေသာင္းဆင့္လင္ ျဖစ္ဖို႔ ခင္ဗ်ားတစ္ေယာက္သာ စံခ်ိန္အမွီဆံုးပဲ "

" ေသာက္ရူးေကာင္ပဲ ၊ေပါေပါပဲပဲ စကားေတြေျပာမဲ့အစား ပိုက္ဆံရွာလိုက္စမ္းပါ။ ကိုယ္မင္းကို ေနာက္တစ္ႀကိမ္ထပ္ၿပီး ပိုက္ဆံမေပးေတာ့ဘူး ။ အရက္ဖိုးကအစ ငါ့ဆီကေတာင္းေနတာ မရွက္ဘူးလား "

" မရွက္ပါဘူး။ "

"မနက္ဖန္ ေသာက္လုပ္လုပ္ဖို႔စဉ္းစား"

" လုပ္မွာပါ။ ဒါေပမဲ့ အိမ္ေျပာင္းဖို႔အရင္လုပ္ရဦးမယ္။ ဒီမွာ ခဏပဲေနတာေကာင္းတယ္။
က်ဳပ္အိမ္ကိုေခၚသြားမယ္။ အတူေနၾကမယ္ေနာ္ က်ဳပ္ႏွင္းဆီေလး "

" ကိုယ္မင္းအေဖနဲ႔ ရင္မဆိုင္ရဲဘူး "

" ဘာဆိုင္လဲ။ က်ဳပ္နဲ႔ယူလို႔ ဘယ္သူဘာေျပာရဲမွာလဲ။။ အေဖ့ကို က်ဳပ္ေစာ္ကားတာမဟုတ္ဘူး။ က်ဳပ္ဘဝကို အေဖသတ္မွတ္ေပးထားတယ္ဆိုေပမဲ့ က်ဳပ္လြတ္လပ္ခြင့္ ၊က်ဳပ္ဆံုးျဖတ္ခြင့္ကို အေဖ တားျမစ္လို႔မရဘူး။ က်ဳပ္အခ်စ္က ခင္ဗ်ားပါဆိုမွ ၊ အၾကၫ့္နဲ႔ျဖစ္ေစ ၊ထိပါးလို႔ပဲျဖစ္ေစ ႏွင္းဆီဘြဲ႔ဆူးကို နာက်င္ေစဖို႔ေတာ့လံုးဝမရဘူး။ အေဖေျပာၾကၫ့္ အေဖ့အိမ္ရိပ္ကို က်ဳပ္ေျခမခ်ေတာ့ဘူး ။ "

" မင္း ေျမမ်ိဳမဲ့ေကာင္ပဲ "

ႏွင္းဆီဘြဲ႔ဆူးဆီမွ ခပ္ေစာင့္ေစာင့္ထြက္လာတဲ့စကားေၾကာင့္ ေသာင္းဆင့္ ေဘးကိုယွဉ္၍ ေစာင္းလိုကိသည္။ ျမင္ေနရတဲ့ ဂုတ္ပိုးထပ္မွာ ေမႊးညင္းႏုႏုတို႔က လည္ပင္းတေလ်ွာက္ အျပၫ့္ပင္။
ႏွင္းဆီဘြဲ႔ဆူးကတကယ္အေမႊးေပါသူပင္။

" က်ဳပ္အေဖ့အိမ္ကို ခင္ဗ်ားကို ေခၚမသြားပါဘူး။
အထင္ေသးရန္ေကာ ၊ အေမေပးထားတဲ့ အိမ္ေလးရိွပါေသးတယ္ ။ "

" ဘေထြးကိုေတာ့ မင္းသြားေတာင္းပန္ေပး "

" ကန္ေတာ့ပြဲနဲ႔လား "

" မင္းဖာစကားမေျပာနဲ႔ "

" ေရာ္ .. ျဖစ္ျပန္ၿပီ။ အတည္ေျပာေနတာကို "

" ကန္ေတာ့ပြဲက ဒါဆို ဘာေၾကာင့္ယူသြားမွာလဲ ။
ငါမိန္းကေလးမဟုတ္ဘူး ၊ ေယာက်ာ္း ၊ေယာက်ာ္းမွေယာက်ာ္းစစ္စစ္။ မင္းဇြတ္ယူခဲ့ေပမဲ့ တေရြးသားမွမေလ်ာ့တဲ့ ေယာက်ာ္းႀကီး"

မလိုအပ္ပဲ ေျဖရွင္းေနပါတယ္လို႔လည္း ေသာင္းဆင့္
အျပစ္မဆိုရက္ပါ။ လတ္တေလာျဖစ္သြားတဲ့ အျဖစ္ပ်က္ကို ႏွင္းဆီဘြဲ႔ဆူး လက္ခံႏိုင္သြားလို႔ေတာ္ပါေသး၏။ တပါးသူသာဆိုရင္ ထိုမ်ွႏွင့္ၿပီးသြားမွာမဟုတ္။ သူ႔ႏွင္းဆီအိုေလးသည္ အေတာ္ေလး
စိတ္ထားေကာင္းမြန္၏။ ေျဖရွင္းလို႔ရပါေသာ္ျငား
မသိမသာ အေလ်ာ့ေပးသြားတယ္ဆိုတာ ေသာင္းဆင့္သိပါသည္။
ထို႔ေၾကာင့္ပိုၿပီး အားနာစိတ္ဝင္ရ၏။

" က်ဳပ္သိပါတယ္၊ ဘေထြးကို မနက္ဖန္သြားေတာင္းပန္မယ္။ ခင္ဗ်ားစိတ္ခ်ပါ။ က်ဳပ္ ခင္ဗ်ားသိကၡာက်ေအာင္မလုပ္ပါဘူး "

တိတ္ဆိတ္မူ႔သည္တဖန္ဝါးမ်ိဳသြားျပန္၏။
အသက္ရူသံသဲ့သဲ့သည္ ညသံျဖင့္ လွပေသာ သံစဉ္ပမာ ထုတ္လႊင့္ေပးေနပါ၏။
ေသာင္းဆင့္ ‌ဘြဲ႔ဆူးေဘးအား အနည္းငယ္ တိုးအိပ္လိုက္ေတာ့ ျမင္ရေသာ ဂုတ္ပိုးႏုႏုသည္ သူ႔ႏွာဖ်ားႏွင့္
မထိတထိ အေနအထားေရာက္ရိွသြား၏။
ခပ္သင္းသင္းအနံ႔ေလးအား ရႉရိုက္ရင္းေသာင္းဆင့္မ်က္လံုးတို႔ကို ျပန္လည္ေမွးစက္လိုက္သည္။

ဒီေယာက်ာ္းႏွင့္ဘယ္ေသာ အခါမွမခြဲရပါေစႏွင့္။

________

" အင္ဥ .. အင္ဥေတြရမယ္။ တစ္ထုပ္တစ္ေထာင္ ။
တစ္ထုပ္တစ္ေထာင္ဗ်ိဳ႕ "

ေခ်ာင္းကမ္းရြာ တေလ်ွာက္ မိုးစင္စင္လင္းသည္ႏွင့္ မူးေၾကာင္ေၾကာင္ အသံႀကီးျဖင့္ ေဈးသည္တစ္ေယာက္အသစ္ေရာက္လာေလသည္။
ပလိုင္းအားဆြဲ၍ ရြာလယ္လမ္းမႀကီးအား ျဖတ္ေက်ာ္လာေသာ ေယာက်ာ္းတစ္ေယာက္။
ထိုသူမွာ ေဟာင္းႏြမ္း အက်ႌၾကမ္းတစ္ထည္ကို ဝတ္ထားလ်က္ မ်က္လံုးတို႔အားဖံုးကြယ္မတက္ ရိွေသာဆံပင္ရိွၿပီး မည္သူ႔ကိုမွဂရုမစိုက္ဟန္မ်က္ႏွာထားျဖင့္ ခပ္မွန္မွန္ဝင္လာေခ်သည္။

အႏွီေယာက်ာ္းမွာ ေသာင္းဆင့္ျဖစ္သည္။
ရြာသားမ်ားက ေသာင္းဆင့္ကိုျမင္သည္ႏွင့္ အိမ္ေပါက္ဝမွ ေခါင္းေလးေတြထြက္ကာ ခိုးဝွက္ၾကၫ့္ၾကသည္။
ဒါကိုေသာင္းဆင့္ျမင္သည္။
ေသာက္ဂရုမစိုက္သည္မို႔ တံေတြးကိုဖြီခနဲေထြးကာ ၾကၫ့္ေနသူေတြအား မ်က္လံုးျဖင့္ေဝ့ၾကၫ့္လိုက္သည္။

" ေရာင္းေနတာ အင္ဥ။ ေမ်ာက္ပြဲျပစားေနတာမဟုတ္ဘူး။ဝယ္ရင္ဝယ္ မဝယ္ရင္ လာမၾကၫ့္နဲ႔။
ေသာင္းဆင့္ သူမ်ားထမင္းခိုးစားေနတာမဟုတ္ဘူး။
သူမ်ားမယားၾကာခိုထားတာမရိွဘူး။ လင္ယူတဲ့သူကို
မျမင္ဖူးမေတြ့ဖူးလို႔ လာၾကၫ့္ေနတာလား၊ ေစာက္လံုးေတြေနာက္ေအာင္ေတာ့ လာမလုပ္နဲ႔ ၊အကုန္ ရိုက္ဖ်က္ခ်ထားခဲ့လို႔ ေနစရာအိမ္ေပ်ာက္ေနဦးမယ္"

က်ိန္းေမာင္းလိုက္မွ ျပဴတစ္ျပဴတစ္လုပ္ေနတဲ့ေခါင္းေတြအသီးသီးျပန္ဝင္သြားၾကသည္။
ဘာမွမဟုတ္ပဲ လူထူးလူဆန္းလာလုပ္ေနၾကသည္။
ေသာင္းဆင့္က ေစာက္ဂရုစိုက္မည္ထင္သလား။
ေဝးေသး။

"အင္ဥ .. အင္ဥေတြရမယ္။ တစ္ထုပ္တစ္ေထာင္ ။
တစ္ထုပ္တစ္ေထာင္ဗ်ိဳ႕ "

ေသာင္းဆင့္ ေလ်ာက်ေနတဲ့ ပလိုင္းႀကိဳးအား ဆြဲတင္းရင္း အသံက်ယ္က်ယ္ျဖင့္ ထပ္‌ခါ ထပ္ခါေအာ္သည္။
သူ႔ႏွင္းဆီကေျပာသည္။
အရက္ဖိုးမေပးေတာ့ဘူးတဲ့။
ေငြလည္းကုန္ေတာ့မည္မို႔ အိမ္မေျပာင္းခင္ အနည္းအက်ဉ္းေတာ့သူရွာေဖြမျွဖစ္မည္ပင္။

" ဟဲ့ ေသာင္းဆင့္။ လာ ဒီကိုလာ။ အင္ဥေတြ လတ္လား "

တစ္လမ္းလံုး ေတြ့တဲ့သူအားအႏိုင္က်င့္ ေရာင္းလာခဲ့သည္မို႔
အထုပ္ႏွစ္ဆယ္ေလာက္ပါတဲ့ အင္ဥျခင္းမွာ
ငါးထုပ္မ်ွသာက်န္ေပေတာ့သည္။ ေသာင္းဆင့္ေပေစာင္းေစာင္းၾကၫ့္ကာ ၿပံဳးရယ္ေနတဲ့ အရီးျမရီနားကပ္လာသည္။ ‌

ဒီအဖြားႀကီးအေၾကာင္း ေသာင္းဆင့္မွမသိရင္ဘယ္သူသိမွာလဲ။
သူ႔သမီး ထားရီ ေၾကာင့္ အရင္ကဆို သူ႔အား
မဲ့လိုက္ရြဲ႔လိုက္ျဖင့္ ေစာင္းေျပာေနၾက။
ခု ေသာင္းဆင့္တို႔လင္ရသြားၿပီဆိုမွ ရုပ္ကတစ္မ်ိဳးေျပာင္းကုန္တာျဖစ္သည္။
သေဘာကေတာ့ သူ႔သမီး ကိုယ္နဲ႔လြတ္ၿပီဆိုတဲ့ ပံုပင္။ သိသိသာသာ အခ်ိဳးေျပာင္းသြားတာ ရုပ္ႀကီးၾကၫ့္ရံုျဖင့္သိသာသည္။

" ဝယ္မွ ေခၚေနာ္ ၊ မဝယ္ပဲ အာေခ်ာင္ရံုဆို ေသာင္းဆင့္ပါးစပ္က သိတဲ့အတိုင္းပဲ "

" အမေလးဟယ္။ ေဈးသည္ကလည္းအေပါက္ဆိုးခ်က္။ ဝယ္မွာမို႔ေခၚတာေပါ့"

" ေျပာ ဘယ္ႏွစ္ထုပ္လဲ။ ငါးထုပ္က်န္တာ အကုန္ယူမွာလား "

" ဟဲ့..မ်ားတယ္ေလဟယ္။ အိမ္မွာစားမဲ့သူမွမရိွတာ။ ႏွစ္ထုပ္ပဲယူမယ္။ "

" သံုးထုပ္ယူ ၊မယူရင္မေရာင္းဘူး။ "

ေဒၚျမရီတစ္ေယာက္ အီလည္လည္ျဖစ္သြား၏။
သို႔ေသာ္လည္း အင္ဥက အေၾကာင္းမဟုတ္။
ေမးျမန္းစပ္စုစရာကရိွေသးသည္မို႔ အျမန္ပင္ေခါင္းညိမ့္ျပရသည္။

" ေအးပါ။ ယူဆိုလည္းယူပါ့မယ္။ ဒါနဲ႔ေလ ။
ဘေထြးတူနဲ႔ ယူလိုက္ၾကတယ္ဆိုတာဟုတ္လားဟင္။
ဒီသတင္းကို ငါျဖင့္ယံုေတာင္မယံုႏိုင္ဘူး "

မယံႏိုင္ဘူးဆိုတဲ့ မ်က္ႏွာမွာ ႏွေျမာတသရိပ္တစ္စိုးတစိေတာင္မပါ။
ေသာင္းဆင့္လည္ပင္းအားကုတ္၍ အိမ္အတြင္းဖက္သို႔ ေမ်ွာ္ၾကၫ့္လိုက္သည္။
သူၾကၫ့္မွန္းသိေတာ့ ေဒၚျမရီက မျမင္ခံႏိုင္သလို သူ႔ကိုယ္လံုးျဖင့္ ကြယ္လိုက္သည္။

" က်ဳပ္ေရေသာက္မလို႔ ၾကၫ့္တာပါဗ်။ ဒီမွာ
‌ေဒၚေလး ‌၊ ေသာင္းဆင့္က ေဒၚေလးသမီး ထားရီကို
စိတ္ထဲေတာင္မွမရိွဘူး။ ၾကၫ့္ရ‌ေအာင္လည္း
ေဒၚေလးသမီးက ေသာင္းဆင့္ ယူထားတဲ့ေယာက်ာ္းလိုေမတၲာသက္ဝင္ဖို႔ေကာင္းလို႔လား။ အထင္ႀကီးစိတ္ေတြေလ်ာ့။ ႏွင္းဆီဘြဲ႔ဆူးမွမဟုတ္ရင္ ေသာင္းဆင့္တို႔ကက်န္တာအကုန္ပစ္တယ္။"

" ေအာင္မာအရက္သမားကမ်ား။ ရာရာစစ "

" အရက္သမားက ဘာျဖစ္လဲ။ က်ဳပ္သူမ်ားထမင္းခိုးစားေနတာမဟုတ္ဘူး။ စကားမ်ားတယ္ေပး၊ပိုက္ဆံ "

" မဝယ္ဘူး နင့္ဆီက ၊ သြားအကုန္ျပန္ယူသြား"

ေဒၚျမရီ‌ခါးေထာက္ၿပီးေအာ္သည္။
ေသာင္းဆင့္ အိမ္ေဘးကိုမ်က္လံုးေဝ့ၾကၫ့္လိုက္ေတာ့ ေရထမ္းတဲ့ ထမ္းပိုးအားေတြ့ရသည္။
သြားေကာက္၍ ေဒၚျမရီေရ႔ွရပ္၏။

" ဝယ္မွာလား။ မဝယ္ဘူးလား။ "

" နင္.. နင္ လူပါးဝလို႔ ။ "

" လူပါးဝတယ္ဗ်ာ။ ေခၚတုန္းကေခၚၿပီး
အရည္မရအဖက္ရေတြလာေျပာတာဘယ္သူလဲ။
အပိုေတြမေျပာနဲ႔ေတာ့ ေသာင္းဆင့္ေလကုန္တယ္။
စိတ္မရွည္လာရင္ ေတြ့တာေတြ အကုန္ရိုက္ခ်ိဳးခဲ့မွာ။
ေနာက္မွဘယ္ရွင္းရရွင္းရ "

ထမ္းပိုးအား အိမ္ေရ႔ွေလွကထစ္၌ အသံျမည္ေအာင္ အနည္းငယ္ရိုက္ျပလိုက္ေတာ့ ေဒၚျမရီတစ္ေယာက္ မ်က္ေစာင္းထိုးကာ ပိုက္ဆံထုတ္ေပးလာေတာ့သည္။
ေပးတဲ့ပိုက္ဆံယူကာ ထမ္းပိုးအားယူတဲ့ေနရာ၌ သြားျပန္ပစ္ခ်ၿပီး ပလိုင္းအားလြယ္၍ ထိုေနရာမွထြက္ခါခဲ့သည္။
အေနာက္မွ ဆဲဆူသံၾကားရေသာ္ျငားေသာင္းဆင့္အေရးမလုပ္ေတာ့ေခ်။

ဘယ္သူေတြဘာေျပာေျပာ ပိုက္ဆံရခဲ့ၿပီးၿပီမို႔ ေစာက္ဂရုစိုက္စရာအေၾကာင္းကိုမရိွေတာ့တာ။

ပိုက္ဆံအနည္းအက်ဉ္းရိွၿပီမို႔ ေသာင္းဆင့္ ေစ်းမေရာင္းေတာ့ပဲ ရြာသူႀကီးအိမ္ကိုသာတန္းသြားလိုက္သည္။
ဟိုေရာက္ေတာ့သူႀကီးဦးမိုးလြင္က ေခ်ာင္းတဟမ္းဟမ့္ျဖင့္ သူ႔အားအနည္းငယ္ေၾကာက္ေနေသးဟန္ျဖင့္
စိုးရိမ္တႀကီးၾကၫ့္ေနေသးသည္။
အဲ့ဒါေတြ မဟုတ္တာ။
မသိရင္ေသာင္းဆင့္က ျပႆနာရွာသူႀကီးၾကေနတာပဲ။

" သူႀကီး "

" ေဟ "

" ေဟ ကိုေနာက္ထား။ က်ဳပ္ကို လူႀကီးျပန္အပ္ေပးဖို႔လုပ္ေပးအံုး"

" ဘာကိုလုပ္ေပးရမွာလဲကြ။ မင္းယူထားတာ မိန္းကေလးမွမဟုတ္တာ"

" မိန္းကေလးမဟုတ္တာနဲ႔ မအပ္ရဘူးလား။
က်ဳပ္က မဂၤ‌လာလည္းေဆာင္မွာ ၊ လုပ္ထံုးလုပ္နည္းအတိုင္း ျပန္အပ္တာဘာညာ ကိုစီစဉ္ေပးရမွာေပါ့။
က်ဳပ္ႏွင္းဆီက ေယာက်ာ္းျဖစ္တာနဲ႔ပဲ ဘာမွလုပ္မေပးရဘူးလား။ မဟုတ္ေသးဘူး၊ သူႀကီးတို႔
လုပ္ေန‌တာမဟုတ္ေသးဘူး။ "

သူႀကီးစိတ္အိုက္လာတာမို႔ ယပ္ေတာင္တဖ်တ္ဖ်တ္ခတ္ကာ ေသာင္းဆင့္အား ၾကၫ့္လာသည္။

" ဒါေပမဲ့ကြာ ေမာင္ဘြဲ႔ဆူးက ေယာက်ာ္းေလးဆိုေတာ့ စီစဉ္ေပးဖို႔က တမ်ိဳးႀကီးမ်ားျဖစ္ေန.."

" ဘာမွတမ်ိဳးျဖစ္ေနစရာ အေၾကာင္းမရိွဘူး။
က်ဳပ္မွာ ရိွတဲ့ ပစၥည္းေတြနဲ႔ တင္ေတာင္းမယ္။
ဒီမွာေလ လက္ေကာက္ႏွစ္ဖက္ရယ္ ၊ဆြဲႀကိဳးရယ္၊လက္စြပ္က်န္ေသးတယ္။ အကုန္ပဲ ။ ရိွတာ အကုန္ေပးမွာ ၊က်ဳပ္ေနတဲ့ အိမ္ေကာ မခ်န္ဘူး။ က်ဳပ္ေယာက်ာ္းကို အကုန္ေပးမွာ အဲ့ဒါလုပ္ေပး"

ေသာင္းဆင့္လက္ေကာက္ႏွစ္ဖက္အား ျမင္သာခါျပလိုက္သည္။ သိသာေအာင္ေပၚလြင္ေနေသာ လက္ေကာက္ႏွစ္ဖက္က ေသာင္းဆင့္လက္မွာ ဝင္းခနဲ။ ပြတ္လံုးလက္ေကာက္ႀကီးေတြမို႔ လက္မခါျပလည္း မည္သူမဆို ျမင္သာသည္။
ၿပီးေတာ့လက္ညိုးေထာင္ျပသည္။
ထိုလက္မွဝတ္ထားတဲ့လက္စြပ္သည္ ေက်ာက္စိမ္းျဖင့္ ျပဴးၿပဲေနေအာင္ ျပဳလုပ္ထား၏။ ေရႊထည္မွာ မ်ျပားသည္မို႔ လက္စြပ္ႀကီးသည္ေတာင္ပို႔ႀကီးတစ္ခုအသြင္ မို႔ေမာက္ေန၏။

" မဟုတ္ဘူးေလ၊ မင္းအေဖေဘာဂေသာင္းက သေဘာမတူရင္ ျပႆနာတက္ႏိုင္တယ္ေလ။ စဉ္းစားပါဦးကြာ"

ေဘာဂေသာင္းကလည္း ေသာင္းဆင့္အားအေမျြဖတ္ဖို႔လာတိုင္ပင္သည္။ စိတ္ဆိုးတုန္းခဏမို႔ ေျပရာေျပၾကောင္းေခ်ာ့ေမာ့ျပန္လြတ္လိုက္ရေပမဲ့
ဒီသတင္းသာ ၾကားရင္ ေဒါသအျမတ္ေခ်ာင္းေခ်ာင္းထသြားလိမ့္မယ္။

" ႏိုး... ႏိုး။ အေဖနဲ႔က်ဳပ္က မဆိုင္ဘူး။
‌မနက္ဖန္ က်ဳပ္တို႔ ျပန္လာခဲ့ေတာ့မွာ ။ သူႀကီး လုပ္ရမဲ့တာဝန္ကိုသူႀကီးလုပ္ထားလိုက္။ ဘေထြးဆီကို သြားမယ္။ က်ဳပ္နဲ႔ က်ဳပ္လူနဲ႔ ေသေသခ်ာခ်ာ အေၾကာင္းပါေအာင္ လုပ္ေပးရမွာ သူႀကီးအလုပ္။ "

ေျပာၿပီး ေသာင္းဆင့္ ပလိုင္းထဲကေန က်န္တဲ့ အင္ဥႏွစ္ထုပ္အား စားပြဲေပၚ ခ်ေပးလိုက္သည္။

" ဒါ သူႀကီးစားဖို႔ ။ ကဲ က်ဳပ္ျပန္ၿပီ။ မနက္ဖန္မွေတြ့မယ္ေနာ္ "

ဦးမိုးလြင္ က်န္ခဲ့တဲ့ အင္ဥထုပ္ႏွစ္ထုပ္အားၾကၫ့္ၿပီး
လက္ထဲက ယပ္ေတာင္ကို စားပြဲေပၚပစ္ခ်လိုက္သည္။
သူ သူႀကီးအလုပ္အား စိတ္ကုန္ေနၿပီျဖစ္သည္။
ေသာင္းဆင့္သူ႔အား အႏိုင္က်င့္လြန္းသည္။
ဘယ္သူရိွမွာလဲ ၊လူႀကီးအပ္သၫ့္အလုပ္အား
အင္ဥႏွစ္ထုပ္ေပးၿပီး ကေလး ကုလားခိုင္းမွာလဲ။
သင္းမို႔...
သင္းေတာ္ေတာ္ၿဂိဳလ္ေမႊတဲ့ေကာင္

ခ်စ္တဲ့အိမ္စည္။

Bạn đang đọc truyện trên: ZingTruyen.Xyz