ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

9

eainsi23

အသာအယာ ထိေတြ ႕လာတဲ့ ေလေျပ
ေလးတြင္ ေရရဲ႕ေအးစိမ့္စိမ့္အေငြ႕အသက္ကကပ္ပါလာ၏။ ေရထဲ တ၀က္တပ်က္
ထိုးက်ေနတဲ့ သစ္ျမစ္ေပၚရွိ လူေလးေယာက္သည္ၿငိမ္သက္စြာထိုင္ေနၾကသည္။
ထိုသစ္ျမစ္ႀကီးသည္ ႀကီးမားေသာ ေညာင္ပင္အိုႀကီးျဖစ္ကာ အျမစ္ႀကီးေတြသည္လည္း
လူမ်ားစြာ ထိုင္လို ႔ရေအာင္ပင္ႀကီးေလသည္။

ထိုလူေလးေယာက္သည္ ကေလးနွစ္ေယာက္ လူႀကီးနွစ္ေယာက္ျဖစ္ၿပီး လက္ထဲတြင္လည္း ငါးမ်ွားခ်ိတ္ကိုယ္စီျဖင့္ေရျပင္က်ယ္ကုိ တညီတညာထဲစိုက္ၾကည့္ကာ တစံုတခုကိုေမ်ွာ္ေနၾကဟန္ရွိသည္။

ထို အခ်ိန္တြင္ ျဖဴ ႏုႏုု ကေလးငယ္ရဲ႕
လက္ထဲရွိ ငါးမ်ွားခ်ိတ္၏ ေရထဲတြင္ခ်ထားေသာ ေဖာ့ေသးေသးသည္ နွစ္လိုက္ျမဳ့ပ္လိုက္ျဖင့္ မၿငိမ္မသက္စြာျဖစ္လာ၏။

"မိၿပီ ..သားမိျပန္ၿပီ ဘိုးဘိုး "

တဆက္ထဲမွာပင္ ဦးသက္ေက်ာ္၏
ငါးျမႇားခ်ိတ္မွာလည္း လႈပ္ရွား၍လာ၏။

"ဟားဟား ဘိုးဘိုးလည္းမိျပန္ၿပီ ယေသာ္ေရ။ ဆြဲ..အေပၚကို ဆြဲ တင္လိုက္ လိုက္...တအားမဆြဲနဲ ့ေနာ္ ေရထဲထိုးက်သြားအုန္းမယ္"

" အား ...မရဘူး ဘိုးဘိုး ။ ဆြဲကူေပးပါဦး။"

သစ္ျမစ္ဆံုကိုေျခကန္ဆြဲေနတဲ့ ယေသာ္လင္းေၾကာင့္ဦးသက္ေက်ာ္ တေယာက္ သူ႔လက္ထဲက ငါးျမႇားတံကိုအျမန္ပင့္ဆြဲလိုက္၏။

အရွိန္ျဖင့္ ပါလာေသာ ငါးသည္
တဖ်တ္ဖ်တ္ လႈပ္ကာ လႊတ္ဖို ႔ႀကိဳးစားေနရွာသည္။ အ႐ြယ္အစားအရ သိပ္မႀကီးေပမဲ့ ယေသာ္ဖမ္းမိတဲ့ငါးကေတာ့ႀကီးဟန္တူသည္။

"ဟာ ..ေပးေပး ဘိုးဘိုးကို "

ေရေအာက္ကငါးက အတင္းရုန္းေနသည္မို ႔ႀကိဳးသည္ တျဖည္းျဖည္းတင္း၍လာ၏။
ယေသာ္လင္းလက္က ငါးျမႇားတံကို လူႀကီးအားျဖင့္ဆြဲေျမႇာက္လိုက္ေတာ့ ပါလာသည့္ငါးသည္ တစ္ထြာ ေက်ာ္ခန္႔အ႐ြယ္ရွိေသာ ငါေဂ်ာင္းေပါက္ကေလး။

"ေဟးး သားငါးက ဘိုးဘိုးထပ္ႀကီးတယ္ေတြ ႕လား"

ယေသာ္လင္းတို ႔နွစ္ေယာက္ ဆူညံစြာ ေျပာေနတဲ့စကားဝိုင္းနဲ ့မတူစြာ ေဘးတဖက္တြင္ ၿငိမ္သက္ေနေသာ ပံုစံတူနွစ္ခုလည္းရွိသည္။

ေရထဲတြင္ေပါေလာေပၚေနေသာ ေဖာ့တံုးေလးနွစ္ခုကိုစူးစိုက္ၾကည့္ကာ
တေယာက္ေသာ သူသည္ စိတ္မရွည္စြာ သက္ျပင္းခ်လာ၏။

" ပါးပါး။ သားတို ႔ခုထိငါးတစ္ေကာင္မွလည္းမရေသးဘူး "

"ငါလည္းဖမ္းတာပဲ။ မိမွ မမိတာ။
သူ ႔တို ႔ဖမ္းတာမ်ားၿပီး ေရထဲငါးေတြမ်ား ကုန္သြားတာလား "

"ပါးပါးကလည္း ေရထဲငါးက ကုန္ပါ့မလား။ ပါးပါး တီေကာင္ကမ်ား အရသာမရွိလို ႔ငါးေတြက လာမစားတာမ်ားလား"

"အဲ့လိုထင္လို ႔ ငါးစာလဲေနတာ ဘယ္နွစ္ခါရွိေနၿပီလဲ။ ေတာ္ၿပီမမ်ွားခ်င္ေတာ့ဘူး။ "

ေကာင္းခ်ီ စိတ္ဓာတ္က်စြာ ေဘးက သားကို ေျပာလိုက္သည္။
သူဟာ ျမစ္ကမ္းေဘးမွာေနတဲ့ တံငါကုန္း႐ြာသားစစ္စစ္ျဖစ္ေသာ္လည္း ငါးမဖမ္းတက္ပါေခ်။
ငယ္စဥ္ကတည္းက စည္းကမ္းရွိေသာမိခင္ေၾကာင့္ သူမ်ားကေလးေတြလို
ျမစ္ကမ္းေဘး ေရငုတ္ ၊ ငါးနႈိက္ေတာင္
မလုပ္ဖူးခဲ့ေပ။ ထို ႔ေၾကာင့္ ယခုအခါမွာ
သူ ႔ရဲ႕ ငါးဖမ္းျခင္းအလုပ္သည္ မ်က္နွာငယ္ခဲ့ရေလၿပီ။
ေယာက္ခမ ျဖစ္သူနဲ ့ယေသာ္ တို ႔
နွစ္ေယာက္သည္ အခါေပါင္းမ်ားစြာ
ငါးေလးေတြဖမ္းမိခဲ့ပါေသာ္လည္း သူတို ႔သားအဖကမူ တစ္ေကာင္ေတာင္မမိခဲ့ေပ။

အျပန္လမ္းတြင္ နွစ္ေယာက္ေသာသူသည္ စကားေတြအာေပါင္ရင္းသန္သန္ေျပာေနသေလာက္ နွစ္ေယာက္ေသာ ပံုတူနွစ္ခုကေတာ့ ဗလာျဖစ္ေနတဲ့ ေရပံုးေလးနွစ္ခုကိုလက္ကဆြဲၿပီး တိတ္ဆိတ္စြာ လမ္းေလ်ွာက္ေနရသည္။

" ျပန္လာၿပီလား.."

"ျပန္ခဲ့ၿပီေဟ့။ တံငါကုန္းမွာ ငါေတာ့
အေတာ္ေပ်ာ္ေနၿပီ ကိုသက္ေရ။ ၾကည့္စမ္း
ငါတို ႔ေျမးအဖိုး ငါးေတြအမ်ားႀကီးဖမ္းမိခဲ့တယ္ကြ "

အေဖလွမ္းေပးလိုက္တဲ့ ပံုးထဲတြင္
ငါးေတာ္ေတာ္မ်ားမ်ားပါသည္ကိုေတြ ႕တာေၾကာင့္ သက္ပံု သေဘာက်စြာရယ္လိုက္မိသည္။
ငါးမ်ွားခ်င္တယ္လို ႔ေန ႔ခင္းက ေျပာလာတာေၾကာင့္ ေကာင္းခ်ီ တို ႔တေတြ
ေရဆိပ္က ေညာင္ပင္ ခြၾကား ငါးမ်ွားဖို ႔သြားၾကသည္။

အေဖက ေပ်ာ္ေနသေလာက္ ေနာက္ က
သားအဖကေတာ့ စူပုတ္ကာ အိမ္ထဲဝင္သြားၾကသည္။
အမွတ္တမဲ့ ျမင္လိုက္ရတဲ့ ပံုးေလးနွစ္ခုထဲတြင္ တေကာင္ေတာင္္မေတြ ႕ရတဲ့
ငါးေၾကာင့္ သက္ပံုတစ္ေယာက္
အူယားလို ႔ေနေခ်ၿပီ။

" ခဏ နားၿပီးေရခ်ိဳးေတာ့ ေဖေဖ ။
ကြၽန္ေတာ္ ေဒၚေလးျမရင္ကိုေရခ်ိဳေသာက္ေလး ခ်က္ခိုင္းလိုက္မယ္ေနာ္။ "

"ေအး..ေကာင္းသားပဲ။ လာ ယေသာ္ေလး
ဘိုးဘိုးနဲ ့ အေပၚသြားရေအာင္ "

လက္ဆြဲတက္သြားေသာ အေဖတို ႔ကို ရပ္ၾကည့္ကာ ဟက္ခနဲ ေနေအာင္ရယ္မိေသး၏။ ေလာကမွာ ေကာင္းခ်ီ မလုပ္တက္လည္းရွိေသးတယ္ေပါ့။

မွာစရာရွိတာမွာၿပီး သက္ပံု အိမ္ေပၚကိုေျပးတက္လာမိသည္။
အခန္းထဲေရာက္ေတာ့ အိပ္ယာေပၚမွာ ေကြးေကြးေလးအိပ္ေနၾကေသာ နွစ္ေယာက္ ေၾကာင့္ ေအးျမသြားတဲ့ စိတ္က
ဘာနဲ ့မတူေပ။

" ဝမ္းနည္းလာၾကတာလား "

သားနွဖူးေလးကို ငံု ႔နမ္းရင္းဆိုေတာ့
ဦးခ်ီ က သူ ႔ပါးပါးဖက္ကုိ လွိမ့္သြား၏။
က်န္ေနေသးေသာ ေနရာလြတ္မွာ ဝင္လွဲရင္း ညိဳးေနေသာ မ်က္နွာကိုလွမ္းထိေတြ ႕မိေသးသည္။

" ငါး မရတာနဲ ့စိတ္ညစ္ေနတာေတာ့မဟုတ္ေသးပါဘူး။"

"ငါးမရတာကို စိတ္ညစ္တာမဟုတ္ပါဘူး။
ကြၽန္ေတာ္တို ႔သားဖ တစ္ေကာင္ေတာင္မမိခဲ့တာကို မေက်နပ္တာ "

"ေဟာ ..အကုသိုလ္ေတြ ယူျပန္ၿပီ ။
ငါေျပာတာနားေထာင္ ေဖေဖ့မို ႔တားမရလို ႔မေျပာတာ။ ကိုယ္လည္းဝယ္မစားနိင္တာမဟုတ္ပဲ သူမ်ားအသက္နဲ ့ အေပ်ာ္ေဆာ့တာကို ငါမႀကိဳက္ဘူး။ ဝမ္းစာအတြက္ရွာစားရတာကိုမေျပာလိုဘူးေလ။ ခုဟာကေတာ့ မဖမ္းမိေလေကာင္းေလပဲ "

" ေဖေဖေျပာတာမွန္လားဦးခ်ီ "

ၿငိမ္သက္ေနတဲ့ဦခ်ီ ဆံပင္ေတြကိုပြတ္သပ္ေခ်ာ့ျမဴ ရင္းေမးေတာ့ ေကာင္းခ်ီ ရင္ဖက္မွာ အပ္ေနတဲ့ ဦးခ်ီ မ်က္နွာေလးထြက္လာ၏။

" သက္ပံုေျပာတာမွန္ပါတယ္။
သားေနာက္ကို ခုလို စိတ္မ်ိဳး မေမြးေတာ့ပါဘူး။ "

"ဟုတ္ၿပီ ..ေကာင္းခ်ီကေရာ "

"ကြၽန္ေတာ္လည္းေနာက္ကို ခုလိုမေတြးေတာ့ပါဘူး "

" မင္းတို ႔နွစ္ေယာက္ကို သိပ္ခ်စ္တာပဲ။
အရမ္းလည္းလိမ္မာတယ္။ "

၃၀ျပည့္ခါနီး အမ်ိဳးသားကို ကေလးတေယာက္လို ဆက္ဆံမိသည္ထိ
ေကာင္းခ်ီ သည္ ရုိးသားလြန္းသည္။
တခါတေလမွ စိတ္လိုလက္ရ လာတက္ေသာ ဦးခ်ီ ကိုအလယ္ေခါင္ထားကာ
စကားေတြ အမ်ားႀကီး သူတို ႔သံုးဦးေျပာျဖစ္ၾကသည္။
မိသားစုဆိုတဲ့ အနွစ္သာရကို သက္ပံုတို ႔သံုးေယာက္လံုး တန္ဖိုးထားသလို
တေယာက္နဲ ့တေယာက္ ေဖးမခ်စ္ခင္ဖို႔လည္းမေမ့ခဲ့ပါ။

_______

ပံုညာဦးခ်ီ ၇နွစ္ျပည့္ ေမြးေန႔စတုဒီသာ

အျဖဴ ေရာင္ေျမျဖဴ ခဲနဲ ့ေရးသားထားေသာ
ေက်ာက္သင္ပံုးေလးသည္ ခေရပင္ေအာက္တြင္ အရင္နွစ္မ်ားကဲ့သို ႔မေျပာင္းလဲစြာေထာင္ထားသည္။
စတုဒီသာေကြၽးတယ္ဆိုတာ လူတန္းစားမေ႐ြး အကုန္၀င္ေရာက္စားေသာက္နိုင္
ေအာင္ ပင္။
သို ႔ေသာ္ ပံုညာဦးခ်ီ ၏ ေမြးေန႔တိုင္း
လက္ေဆာင္ပစၥည္းမရ ခဲ့သည္ဆိုတာမရွိ
ေပ။ ယခုလည္း စားပြဲေပၚတြင္ အထုတ္ႀကီးအထုတ္ငယ္ လက္ေဆာင္ေတြ ပံုေနသလို ေငြဖလားထဲမွာလည္း မုန္ ႔ဖိုးပိုက္ဆံေတြက အျပည့္ပင္ရေနေလေအာင္
တ႐ြာလံုး တက္နိုင္သေလာက္ ခ်စ္ေပးၾကသည္။
မေပးၾကပါနဲ ့ဟုတားျမစ္ေသာ္လည္း
လက္မခံၾကေပ။

ထံုးစံအတိုင္းေရခဲမုန္ ႔နွင့္ကိတ္မုန္ ႔ေကြၽးေမြးသည္ေၾကာင့္ တ႐ြာလံုး စည္ကားစြာ
လာေရာက္ ၾကသည္။

" ေကာင္းခ်ီ မင္းသားေရာ "

" ခင္ဗ်ားသားအေၾကာင္း မသိတာလည္းမဟုတ္ဘူး ေမးျပန္ၿပီ။ ဘယ္တုန္းက
လူရႈပ္ရင္ ေနဘူးလို႔လည္း တေနရာေရာက္ေနမွာေပါ့။ "

ေရခြက္မုန္႔ခြက္ေတြသယ္ခ်ေနေသာေကာင္းခ်ီက ေျပာၿပီး လုပ္စရာရွိတာဆက္လုပ္ေနတာမို ႔ သက္ပံု သက္ပ်င္းခ်ရျပန္သည္။
ပံုညာဦးခ်ီ သည္ ဘယ္လိုေျပာေျပာ
ဒီအက်င့္ေတြကို မေဖ်ာက္ျဖတ္ေပ။
လူမ်ားလာရင္ ဘယ္ေရာက္သြားသလဲမသိေအာင္ တေခ်ာင္ေခ်ာင္မွာ သြားပုန္းေနတက္သည္။

ခုေရာ ဘယ္သြားေနျပန္ပီလည္းမသိ။

သက္ပံုတစ္ေယာက္ လည္ပင္းလိမ္ေအာင္
ရွာေနေသာ္လည္း ဦးခ်ီ နွင့္ယေသာ္လင္းကေတာ့ အိမ္ေဘးက ပြဲရုံလုပ္ထားတဲ့ ဂိုေထာင္ ထဲမွာ ထိုင္ေနၾကသည္။

" ဦးခ်ီ မင္းေမြးေန ႔ဆို ဘာလို ႔ဟိုမွာ
သြား မထိုင္ထားလဲ "

ဖဲစေရာင္စံုနဲ ့မ႑ဳပ္လွလွႀကီးသည္
ယေသာ္မ်က္စိထဲမွာ လွေနေကာင္းလွေနနိုင္ေပမဲ့ ဦးခ်ီကေတာ့မ်က္နွာမဲ့လို႔သြားသည္။

"မသြားခ်င္ပါဘူး။ အဲ့ဆီသြားရင္ လာသမ်ွလူေတြက ငါ့ကို နမ္းရင္နမ္း မနမ္းရင္
ငါ့ပါးေတြကို ဖဲ့တယ္ ။ မသြားဘူးလံုး၀"

နံ႔သာေရာင္ ရွပ္လက္ရွည္ ျဖင့္ပုဆိုးကို တြဲဝတ္ထားတဲ့ ဦးခ်ီ သည္ ဒီေန ႔ေတာ့
အၿပီအျပင္ သက္ပံုလက္ရာျဖင့္ ခန္ ေ့ခ်ာႀကီးျဖစ္လို႔ေန၏။

" ဟီး .. ဒါဆိုလည္းမသြားနဲ ့။
ငါတို ႔ဒီမွာထိုင္ၿပီးစကားေျပာၾကမယ္ေလ။
ဘယ္လိုလဲ "

"အင္း ေျပာမယ္။ ဒါနဲ ့ဘိုးဘိုးက ငါ့ကို
ေမြးေန႔လက္ေဆာင္ ပိုက္ဆံေတြေပးတယ္။မင္းကေရာ ငါ့ကို ဘာမွမေပးဘူးလား"

ဦးခ်ီစကားေၾကာင့္ ယေသာ္လင္း ေတြေ၀သြား၏။ ဟုတ္သားပဲ
သူ လက္ေဆာင္မေပးရေသးဘူး။
ဒါေပမဲ့ ယေသာ္မွာ ပိုက္ဆံမွ မပါတာ။
ေမေမ့ကလည္း ခုတေလာ အဆင္မေျပ တာေၾကာင့္မုန္႔ဖိုးေကာင္းေကာင္း အရင္လိုမရတာၾကာပီ။
မဟုတ္ရင္ ဦးခ်ီ လိုခ်င္တာဝယ္ေပးနိုင္သည္။

"ဘာလက္ေဆာင္ေပးရမွာလဲ။ ငါ့မွာပိုက္ဆံမွ မရွိတာ "

"ဟုတ္လား ဒါဆို ပိုက္ဆံမေပးနဲ ့။
ငါ ခိုင္းတာတခုလုပ္ေပး "

"တကယ္လား"

ဝမ္းသားအားရ လက္ညိဳးေထာင္ေမးလာတဲ့ ယေသာ္လင္းကို ဦးခ်ီ ေခါင္းျမန္ျမန္ၿငိမ့္ျပလိုက္သည္။

" အင္း တကယ္။ မင္းလုပ္ေပးရင္ အဲ့ဒါ ငါ့အတြက္ေမြးေန ႔လက္ေဆာင္ ပဲ "

"ေအး ဘာခိုင္းမွာလဲ ။ "

"တျခားမဟုတ္ဘူး။ ဟိုေန႔ညက
ဘိုးဘိုးေျပာတာမွတ္မိလား။ ငါကမင္းထက္အသက္ႀကီးတယ္ လို႔ေလ"

"အင္း အဲ့ဒါဘာျဖစ္လဲ''

ဦးခ်ီ စိတ္လႈပ္ရွားစြာ နားထင္ကိုကုတ္လ်က္

"ဟို..မင္းက ငါ့ထက္ငယ္တာပဲ
ငါ့ကို ကိုကိုလို ႔ေခၚေလ ''

ဦးခ်ီစကားဆံုးေတာ့ ယေသာ္
ဆီမွာ ေအာ္သံထြက္လာ၏။

"ေအာင္မွာ ။ မေခၚနိုင္ပါဘူး။
ငမဲလံုး မင္းေတာ္ေတာ္မ်ားေနၿပီေနာ္။
ငါ ေခါက္လိုက္ရ '"

ေျပာေနတုန္း လက္႐ြယ္လာတာေၾကာင့္ဦးခ်ီ ဖင္တ႐ြတ္တြန္းကာ ေနာက္ကိုဆုတ္လိုက္၏။

" ငါ့ကိုငမဲလံုးလို ႔မေခၚေတာ့ဘူးဆို ။
မင္းကတိလည္းမတည္ဘူး "

"မတည္ဘူး။ မင္းဘာလို႔ ငါ့ကို မဟုတ္တာေတြ လာေခၚခိုင္းလဲ "

"ေခၚပါ ဆို "

"မေခၚနိုင္ဘူး။ ရူးေနလို ႔ေခၚရမွာလား
ငမဲလံုးက ငမဲလံုးေပါ့ ဘာကိုကိုလဲ "

စူပုတ္စြာ ေျပာလာတဲ့ ယေသာ္ကိုၾကည့္ေနရင္းဦးခ်ီဝမ္းနည္းလို႔လာသည္။

"ဟီးအီး ယေသာ္လင္း က အက်င့္လည္းမေကာင္းဘူး။ ကတိလည္းမတည္ဘူး
ဟီးးး "

" ငါဘယ္မွာ အက်င့္မေကာင္းလို႔လဲ
ဖင္မဲေကာင္ ရဲ႕ "

စကားဆံုးသည္ နွင့္က်ယ္ေလာင္စြာထြက္လာေသာငိုသံေၾကာင့္ ယေသာ္ နားနွစ္ဖက္ကို လက္နဲ ့ပိတ္လိုက္ရသည္။

ခ်စ္တဲ့အိမ္စည္။

အသာအယာ ထိတွေ့ လာတဲ့ လေပြေ
ညင်းတွင် ရေရဲ့အေးစိမ့်စိမ့်အငွေ့အသက်ကကပ်ပါလာ၏။ ရေထဲ တ၀က်တပျက်
ထိုးကျနေတဲ့ သစ်မြစ်ပေါ်ရှိ လူလေးယောက်သည်ငြိမ်သက်စွာထိုင်နေကြသည်။
ထိုသစ်မြစ်ကြီးသည် ကြီးမားသော ညောင်ပင်အိုကြီးဖြစ်ကာ အမြစ်ကြီးတွေသည်လည်း
လူများစွာ ထိုင်လို့ ရအောင်ပင်ကြီးလေသည်။

ထိုလူလေးယောက်သည် ကလေးနှစ်ယောက် လူကြီးနှစ်ယောက်ဖြစ်ပြီး လက်ထဲတွင်လည်း ငါးမျှားချိတ်ကိုယ်စီဖြင့်ရေပြင်ကျယ်ကို တညီတညာထဲစိုက်ကြည့်ကာ တစုံတခုကိုမျှော်နေကြဟန်ရှိသည်။

ထို အချိန်တွင် ဖြူ နုနု ကလေးငယ်ရဲ့
လက်ထဲရှိ ငါးမျှားချိတ်၏ ရေထဲတွင်ချထားသော ဖော့သေးသေးသည် နှစ်လိုက်မြု့ပ်လိုက်ဖြင့် မငြိမ်မသက်စွာဖြစ်လာ၏။

"မိပြီ ..သားမိပြန်ပြီ ဘိုးဘိုး "

တဆက်ထဲမှာပင် ဦးသက်ကျော်၏
ငါးမြှားချိတ်မှာလည်း လှုပ်ရှား၍လာ၏။

"ဟားဟား ဘိုးဘိုးလည်းမိပြန်ပြီ ယသော်ရေ။ ဆွဲ..အပေါ်ကို ဆွဲ တင်လိုက် လိုက်...တအားမဆွဲနဲ့ နော် ရေထဲထိုးကျသွားအုန်းမယ်"

" အား ...မရဘူး ဘိုးဘိုး ။ ဆွဲကူပေးပါဦး။"

သစ်မြစ်ဆုံကိုခြေကန်ဆွဲနေတဲ့ ယသော်လင်းကြောင့်ဦးသက်ကျော် တစ်ယောက် သူ့လက်ထဲက ငါးမြှားတံကိုအမြန်ပင့်ဆွဲလိုက်၏။

အရှိန်ဖြင့် ပါလာသော ငါးသည်
တဖျတ်ဖျတ် လှုပ်ကာ လွှတ်ဖို့ ကြိုးစားနေရှာသည်။ အရွယ်အစားအရ သိပ်မကြီးပေမဲ့ ယသော်ဖမ်းမိတဲ့ငါးကတော့ကြီးဟန်တူသည်။

"ဟာ ..ပေးပေး ဘိုးဘိုးကို "

ရေအောက်ကငါးက အတင်းရုန်းနေသည်မို့ ကြိုးသည် တဖြည်းဖြည်းတင်း၍လာ၏။
ယသော်လင်းလက်က ငါးမြှားတံကို လူကြီးအားဖြင့်ဆွဲမြှောက်လိုက်တော့ ပါလာသည့်ငါးသည် တစ်ထွာ ကျော်ခန့်အရွယ်ရှိသော ငါးဂျောင်းပေါက်ကလေး။

"ဟေးး သားငါးက ဘိုးဘိုးထပ်ကြီးတယ်တွေ့ လား"

ယသော်လင်းတို့ နှစ်ယောက် ဆူညံစွာ ပြောနေတဲ့စကားဝိုင်းနဲ့ မတူစွာ ဘေးတဖက်တွင် ငြိမ်သက်နေသော ပုံစံတူနှစ်ခုလည်းရှိသည်။

ရေထဲတွင်ပေါလောပေါ်နေသော ဖော့တုံးလေးနှစ်ခုကိုစူးစိုက်ကြည့်ကာ
တယောက်သော သူသည် စိတ်မရှည်စွာ သက်ပြင်းချလာ၏။

" ပါးပါး။ သားတို့ ခုထိငါးတစ်ကောင်မှလည်းမရသေးဘူး "

"ငါလည်းဖမ်းတာပဲ။ မိမှ မမိတာ။
သူ့ တို့ ဖမ်းတာများပြီး ရေထဲငါးတွေများ ကုန်သွားတာလား "

"ပါးပါးကလည်း ရေထဲငါးက ကုန်ပါ့မလား။ ပါးပါး တီကောင်ကများ အရသာမရှိလို့ ငါးတွေက လာမစားတာများလား"

"အဲ့လိုထင်လို့ ငါးစာလဲနေတာ ဘယ်နှစ်ခါရှိနေပြီလဲ။ တော်ပြီမမျှားချင်တော့ဘူး။ "

ကောင်းချီ စိတ်ဓာတ်ကျစွာ ဘေးက သားကို ပြောလိုက်သည်။
သူဟာ မြစ်ကမ်းဘေးမှာနေတဲ့ တံငါကုန်းရွာသားစစ်စစ်ဖြစ်သော်လည်း ငါးမဖမ်းတက်ပါချေ။
ငယ်စဉ်ကတည်းက စည်းကမ်းရှိသောမိခင်ကြောင့် သူများကလေးတွေလို
မြစ်ကမ်းဘေး ရေငုတ် ၊ ငါးနှိုက်တောင်
မလုပ်ဖူးခဲ့ပေ။ ထို့ ကြောင့် ယခုအခါမှာ
သူ့ ရဲ့ ငါးဖမ်းခြင်းအလုပ်သည် မျက်နှာငယ်ခဲ့ရလေပြီ။
ယောက်ခမ ဖြစ်သူနဲ့ ယသော် တို့
နှစ်ယောက်သည် အခါပေါင်းများစွာ
ငါးလေးတွေဖမ်းမိခဲ့ပါသော်လည်း သူတို့ သားအဖကမူ တစ်ကောင်တောင်မမိခဲ့ပေ။

အပြန်လမ်းတွင် နှစ်ယောက်သောသူသည် စကားတွေအာပေါင်ရင်းသန်သန်ပြောနေသလောက် နှစ်ယောက်သော ပုံတူနှစ်ခုကတော့ ဗလာဖြစ်နေတဲ့ ရေပုံးလေးနှစ်ခုကိုလက်ကဆွဲပြီး တိတ်ဆိတ်စွာ လမ်းလျှောက်နေရသည်။

_________

" ပြန်လာပြီလား.."

သက်ပုံသည် အိမ်ပေါက်မှာ ကြို၍ မေးလိုက်လျှင် အဖေသည် ဝမ်းသာအားရအသံကြီးဖြင့်

"ပြန်ခဲ့ပြီဟေ့။ တံငါကုန်းမှာ ငါတော့
အတော်ပျော်နေပြီ ကိုသက်ရေ။ ကြည့်စမ်း
ငါတို့ မြေးအဖိုး ငါးတွေအများကြီးဖမ်းမိခဲ့တယ်ကွ "

အဖေလှမ်းပေးလိုက်တဲ့ ပုံးထဲတွင်
ငါးတော်တော်များများပါသည်ကိုတွေ့ တာကြောင့် သက်ပုံ သဘောကျစွာရယ်လိုက်မိသည်။
ငါးမျှားချင်တယ်လို့ နေ့ ခင်းက ပြောလာတာကြောင့် ကောင်းချီ တို့ တတွေ
ရေဆိပ်က ညောင်ပင် ခွကြား ငါးမျှားဖို့ သွားကြသည်။

အဖေက ပျော်နေသလောက် နောက် က
သားအဖကတော့ စူပုတ်ကာ အိမ်ထဲဝင်သွားကြသည်။
အမှတ်တမဲ့ မြင်လိုက်ရတဲ့ ပုံးလေးနှစ်ခုထဲတွင်
တစ်ကောင်တောင်မတွေ့ ရတဲ့
ငါးကြောင့် သက်ပုံတစ်ယောက်
အူယားလို့ နေချေပြီ။

" ခဏ နားပြီးရေချိုးတော့ ဖေဖေ ။
ကျွန်တော် ဒေါ်လေးမြရင်ကိုရေချိုသောက်လေး ချက်ခိုင်းလိုက်မယ်နော်။ "

"အေး..ကောင်းသားပဲ။ လာ ယသော်လေး
ဘိုးဘိုးနဲ့ အပေါ်သွားရအောင် "

လက်ဆွဲတက်သွားသော အဖေတို့ ကို ရပ်ကြည့်ကာ ဟက်ခနဲ နေအောင်ရယ်မိသေး၏။ လောကမှာ ကောင်းချီ မလုပ်တက်လည်းရှိသေးတယ်ပေါ့။

မှာစရာရှိတာမှာပြီး သက်ပုံ အိမ်ပေါ်ကိုပြေးတက်လာမိသည်။
အခန်းထဲရောက်တော့ အိပ်ယာပေါ်မှာ ကွေးကွေးလေးအိပ်နေကြသော နှစ်ယောက် ကြောင့် အေးမြသွားတဲ့ စိတ်က
ဘာနဲ့ မတူပေ။

" ဝမ်းနည်းလာကြတာလား "

သားနှဖူးလေးကို ငုံ့ နမ်းရင်းဆိုတော့
ဦးချီ က သူ့ ပါးပါးဖက်ကို လှိမ့်သွား၏။
ကျန်နေသေးသော နေရာလွတ်မှာ ဝင်လှဲရင်း ညိုးနေသော မျက်နှာကိုလှမ်းထိတွေ့ မိသေးသည်။

" ငါး မရတာနဲ့ စိတ်ညစ်နေတာတော့မဟုတ်သေးပါဘူး။"

"ငါးမရတာကို စိတ်ညစ်တာမဟုတ်ပါဘူး။
ကျွန်တော်တို့ သားဖ တစ်ကောင်တောင်မမိခဲ့တာကို မကျေနပ်တာ "

"ဟော ..အကုသိုလ်တွေ ယူပြန်ပြီ ။
ငါပြောတာနားထောင် ဖေဖေ့မို့ တားမရလို့ မပြောတာ။ ကိုယ်လည်းဝယ်မစားနိင်တာမဟုတ်ပဲ သူများအသက်နဲ့ အပျော်ဆော့တာကို ငါမကြိုက်ဘူး။ ဝမ်းစာအတွက်ရှာစားရတာကိုမပြောလိုဘူးလေ။ ခုဟာကတော့ မဖမ်းမိလေကောင်းလေပဲ "

" ဖေဖေပြောတာမှန်လားဦးချီ "

ငြိမ်သက်နေတဲ့ဦချီ ဆံပင်တွေကိုပွတ်သပ်ချော့မြူ ရင်းမေးတော့ ကောင်းချီ ရင်ဖက်မှာ အပ်နေတဲ့ ဦးချီ မျက်နှာလေးထွက်လာ၏။

" သက်ပုံပြောတာမှန်ပါတယ်။
သားနောက်ကို ခုလို စိတ်မျိုး မမွေးတော့ပါဘူး။ "

"ဟုတ်ပြီ ..ကောင်းချီကရော "

"ကျွန်တော်လည်းနောက်ကို ခုလိုမတွေးတော့ပါဘူး "

" မင်းတို့ နှစ်ယောက်ကို သိပ်ချစ်တာပဲ။
အရမ်းလည်းလိမ်မာတယ်။ "

၃၀ပြည့်ခါနီး အမျိုးသားကို ကလေးတယောက်လို ဆက်ဆံမိသည်ထိ
ကောင်းချီ သည် ရိုးသားလွန်းသည်။
တခါတလေမှ စိတ်လိုလက်ရ လာတက်သော ဦးချီ ကိုအလယ်ခေါင်ထားကာ
စကားတွေ အများကြီး သူတို့ သုံးဦးပြောဖြစ်ကြသည်။
မိသားစုဆိုတဲ့ အနှစ်သာရကို သက်ပုံတို့ သုံးယောက်လုံး တန်ဖိုးထားသလို
တယောက်နဲ့ တယောက် ဖေးမချစ်ခင်ဖို့လည်းမမေ့ခဲ့ပါ။

_______

(ပုံညာဦးချီ ၇နှစ်ပြည့် မွေးနေ့စတုဒီသာ)

အဖြူ ရောင်မြေဖြူ ခဲနဲ့ ရေးသားထားသော
ကျောက်သင်ပုံးလေးသည် ခရေပင်အောက်တွင် အရင်နှစ်များကဲ့သို့ မပြောင်းလဲစွာထောင်ထားသည်။
စတုဒီသာကျွေးတယ်ဆိုတာ လူတန်းစားမရွေး အကုန်ဝင်ရောက်စားသောက်နိုင်
အောင် ပင်။
သို့ သော် ပုံညာဦးချီ ၏ မွေးနေ့တိုင်း
လက်ဆောင်ပစ္စည်းမရ ခဲ့သည်ဆိုတာမရှိ
ပေ။ ယခုလည်း စားပွဲပေါ်တွင် အထုတ်ကြီးအထုတ်ငယ် လက်ဆောင်တွေ ပုံနေသလို ငွေဖလားထဲမှာလည်း မုန့် ဖိုးပိုက်ဆံတွေက အပြည့်ပင်ရနေလေအောင်
တရွာလုံး တက်နိုင်သလောက် ချစ်ပေးကြသည်။
မပေးကြပါနဲ့ ဟုတားမြစ်သော်လည်း
လက်မခံကြပေ။

ထုံးစံအတိုင်းရေခဲမုန့် နှင့်ကိတ်မုန့် ကျွေးမွေးသည်ကြောင့် တရွာလုံး စည်ကားစွာ
လာရောက် ကြသည်။

" ကောင်းချီ မင်းသားရော "

" ခင်ဗျားသားအကြောင်း မသိတာလည်းမဟုတ်ဘူး မေးပြန်ပြီ။ ဘယ်တုန်းက
လူရှုပ်ရင် နေဘူးလို့လည်း တနေရာရောက်နေမှာပေါ့။ "

ရေခွက်မုန့်ခွက်တွေသယ်ချနေသောကောင်းချီက ပြောပြီး လုပ်စရာရှိတာဆက်လုပ်နေတာမို့ သက်ပုံ သက်ပျင်းချရပြန်သည်။
ပုံညာဦးချီ သည် ဘယ်လိုပြောပြော
ဒီအကျင့်တွေကို မဖျောက်ဖြတ်ပေ။
လူများလာရင် ဘယ်ရောက်သွားသလဲမသိအောင် တချောင်ချောင်မှာ သွားပုန်းနေတက်သည်။

ခုရော ဘယ်သွားနေပြန်ပီလည်းမသိ။

သက်ပုံတစ်ယောက် လည်ပင်းလိမ်အောင်
ရှာနေသော်လည်း ဦးချီ နှင့်ယသော်လင်းကတော့ အိမ်ဘေးက ပွဲရုံလုပ်ထားတဲ့ ဂိုထောင် ထဲမှာ
တိတ်တိတ်လေး ထိုင်နေကြသည်။

" ဦးချီ မင်းမွေးနေ့ ဆို ဘာလို့ ဟိုမှာ
သွား မထိုင်ထားလဲ "

ဖဲစရောင်စုံနဲ့ မဏ္ဍုပ်လှလှကြီးသည်
ယသော်မျက်စိထဲမှာ လှနေကောင်းလှနေနိုင်ပေမဲ့ ဦးချီကတော့မျက်နှာမဲ့လို့သွားသည်။

"မသွားချင်ပါဘူး။ အဲ့ဆီသွားရင် လာသမျှလူတွေက ငါ့ကို နမ်းရင်နမ်း၊ မနမ်းရင်
ငါ့ပါးတွေကို ဖဲ့တယ် ။ မသွားဘူးလုံးဝ"

နံ့သာရောင် ရှပ်လက်ရှည် ဖြင့်ပုဆိုးကို တွဲဝတ်ထားတဲ့ ဦးချီ သည် ဒီနေ့ တော့
အပြီအပြင် သက်ပုံလက်ရာဖြင့် ခန် ချောကြီးဖြစ်လို့နေ၏။

" ဟီး .. ဒါဆိုလည်းမသွားနဲ့ ။
ငါတို့ ဒီမှာထိုင်ပြီးစကားပြောကြမယ်လေ။
ဘယ်လိုလဲ "

"အင်း ပြောမယ်။ ဒါနဲ့ ဘိုးဘိုးက ငါ့ကို
မွေးနေ့လက်ဆောင် ပိုက်ဆံတွေပေးတယ်။မင်းကရော ငါ့ကို ဘာမှမပေးဘူးလား"

ဦးချီစကားကြောင့် ယသော်လင်း တွေဝေသွား၏။ ဟုတ်သားပဲ
သူ လက်ဆောင်မပေးရသေးဘူး။
ဒါပေမဲ့ ယသော်မှာ ပိုက်ဆံမှ မပါ ပေ။
မေမေ့ကလည်း ခုတလော အဆင်မပြေ တာကြောင့်မုန့်ဖိုးကောင်းကောင်း အရင်လိုမရတာကြာပြီ။
မဟုတ်ရင် ဦးချီ လိုချင်တာဝယ်ပေးနိုင်သည်။

"ဘာလက်ဆောင်ပေးရမှာလဲ။ ငါ့မှာပိုက်ဆံမှ မရှိတာ "

"ဟုတ်လား ဒါဆို ပိုက်ဆံမပေးနဲ့ ။
ငါ ခိုင်းတာတစ်ခုလုပ်ပေး "

"တကယ်လား"

ဝမ်းသားအားရ လက်ညိုးထောင်မေးလာတဲ့ ယသော်လင်းကို ဦးချီ ခေါင်းမြန်မြန်ငြိမ့်ပြလိုက်သည်။

" အင်း တကယ်။ မင်းလုပ်ပေးရင် အဲ့ဒါ ငါ့အတွက်မွေးနေ့ လက်ဆောင် ပဲ "

"အေး ဘာခိုင်းမှာလဲ ။ "

"တခြားမဟုတ်ဘူး။ ဟိုနေ့ညက
ဘိုးဘိုးပြောတာမှတ်မိလား။ ငါကမင်းထက်အသက်ကြီးတယ် လို့လေ"

"အင်း အဲ့ဒါဘာဖြစ်လဲ''

ဦးချီ စိတ်လှုပ်ရှားစွာ နားထင်ကိုကုတ်လျက်

"ဟို..မင်းက ငါ့ထက်ငယ်တာပဲ
ငါ့ကို ကိုကိုလို့ ခေါ်လေ ''

ဦးချီစကားဆုံးတော့ ယသော်
ဆီမှာ အော်သံထွက်လာ၏။

"အောင်မာ ။ မခေါ်နိုင်ပါဘူး။
ငမဲလုံး မင်းတော်တော်များနေပြီနော်။
ငါ ခေါက်လိုက်ရ '"

ပြောနေတုန်း လက်ရွယ်လာတာကြောင့်ဦးချီ ဖင်တရွတ်တွန်းကာ နောက်ကိုဆုတ်လိုက်၏။

" ငါ့ကိုငမဲလုံးလို့ မခေါ်တော့ဘူးဆို ။
မင်းကတိလည်းမတည်ဘူး "

"မတည်ဘူး။ မင်းဘာလို့ ငါ့ကို မဟုတ်တာတွေ လာခေါ်ခိုင်းလဲ "

"ခေါ်ပါ ဆို "

"မခေါ်နိုင်ဘူး။ ရူးနေလို့ ခေါ်ရမှာလား
ငမဲလုံးက ငမဲလုံးပေါ့ ဘာကိုကိုလဲ "

စူပုတ်စွာ ပြောလာတဲ့ ယသော်ကိုကြည့်နေရင်းဦးချီဝမ်းနည်းလို့လာသည်။

"ဟီးအီး ယသော်လင်း က အကျင့်လည်းမကောင်းဘူး။ ကတိလည်းမတည်ဘူး
ဟီးးး "

" ငါဘယ်မှာ အကျင့်မကောင်းလို့လဲ
ဖင်မဲကောင် ရဲ့ "

စကားဆုံးသည် နှင့်ကျယ်လောင်စွာထွက်လာသောငိုသံကြောင့် ယသော် နားနှစ်ဖက်ကို လက်နဲ့ ပိတ်လိုက်ရ တော့သည်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz