ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

10

eainsi23

" ဦး ခ်ီ ..ပါးစပ္ ဟ ။ လႈပ္စိ လႈပ္စိနဲ ့ေနာ္။
ဒီမွာ ပါးပါး ခြံ ့ေကြၽးတာ ယေသာ္ေတာင္
သံုးလုတ္ ရွိေနၿပီ "

ကေလးေတြ လို ထမင္းပန္းကန္ႀကီး ကို
လက္နဲ ့နွယ္ကာ ပါးပါးက တခါတရံ စိတ္လိုလက္ရခြံ ့ေကြၽးတက္ေသးသည္။
ယေသာ္ တစ္ေယာက္ကေတာ့ ေကြၽးသမ်ွ ပါးပါးေဘးထိုင္ကာ သေဘာတက် စားေနေပမဲ့ ဦးခ်ီကေတာ့ ကေလးေတြလို
မစားခ်င္သျဖင့္ မ်က္နွာမသာမယာျဖစ္လို ႔ေနသည္။

"သားပါသား စားလို ႔မရဘူးလား။
ကေလးလည္းမဟုတ္ပဲ "

ေျပာလို ႔မဆံုးေသး ပါးစပ္နားေရာက္လာတဲ့ ထမင္းလုတ္ေၾကာင့္ ဟ ေပးလိုက္ရျပန္ပါသည္။
ပါးပါးသည္ ဦးခ်ီ စကားကို နားမေထာင္ပါ ။
ေဘးမွာ သူေကြၽးသမ်ွ လိမ္လိမ္မာမာစားေနေသာ ယေသာ္လင္းကို နႈတ္ခမ္းေတြ သုတ္ေပးလိုက္ ဟင္းခ်ိဳ တိုက္လိုက္နွင့္
ကေလး တစ္ေယာက္လို ျပဳ စု လို ႔ေနသည္။
ဒါကို ယေသာ္လင္း သေဘာက်ေပမဲ့ ဦးခ်ီကေတာ့မက်ေပ။

" ယေသာ္ေလး မနက္ဖန္ ျပန္ေတာ့မွာဆို။
ပါးပါးတို ႔ကေတာ့ လြမ္းေနရေတာ့မွာပဲ "

"သားလည္း မျပန္ခ်င္ေသးပါဘူး။
ေမေမတစ္ေယာက္ထဲမို ႔ျပန္ရမွာ ။နို ႔မို ႔ဆို သားက ဒီမွာ ပါးပါးတို ႔ နဲ ့အတူေနခ်င္တာ "

ပါးစပ္ထဲကထမင္းလုတ္ကို ေက်ေအာင္ဝါးစားရင္ ယေသာ္ ေဘးကိုငဲ့ၾကည့္သည္။

ဦးခ်ီ တစ္ေယာက္ စိတ္ေကာက္ေနတာ
နွစ္ရက္ရွိၿပီ ျဖစ္၏။
ခုလည္းေဘးမွာ စူပုတ္ကာ ပါးပါးေကြၽးသမ်ွ စားေနရတဲ့ ရုပ္သည္ ရယ္ခ်င္စရာေကာင္းသည္။

" ဟုတ္တာေပါ့။ ေမေမ တစ္ေယာက္ထဲဆိုေတာ့ ယေသာ္ေလးက အေဖာ္ျပဳ ေပးရမွာေပါ့။ ပါးပါးတို ႔ဆီကို နွစ္တိုင္းလာလည္ေနာ္။ လိုတာရွိရင္လည္း ဦးခ်ီ ဆီဖုန္းဆက္ လိုက္။ ပါးပါးမႏၲေလးလာတိုင္း ယူခဲ့ေပးမယ္။ "

"ဟီး ..ဟုတ္ကဲ့ပါးပါး "

ပါးခ်ိဳင့္ေလးေပၚေအာင္ စားရင္းၿပံဳးျပေနတဲ့ ကေလးကို ၾကည့္ကာ ေကာင္းခ်ီရင္ထဲမေကာင္းလွ။
မိဘေတြရဲ႕ အိမ္ေထာင္ေရးေၾကာင့္ သားသမီးက အ႐ြယ္မတိုင္ခင္ေျမစာပင္ျဖစ္ရသည္။

" ဦးခ်ီ .. ယေသာ္ေလးက ျပန္ေတာ့မွာေလ ။ စိတ္ေကာက္ေနတာ ေယာက်ာ္းေကာင္းေတြရဲ႕ အလုပ္မဟုတ္ဘူး။
သူငယ္ခ်င္းကို မျပန္ခင္ စိတ္ခ်မ္းသာေအာင္ ဧည့္ဝတ္ေက်ရမယ္ေလ "

ဂုဏ္သိကၡာႀကီးျမတ္လွတဲ့ေမာင္ေလက်ယ္တေယာက္ ဒီတခါေတာ့ ထူးဆန္းစြာ
မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီးေမာ့ၾကည့္ရုံမွ တပါး ယေသာ္လင္းကို
စိတ္ေကာက္မေျပခဲ့ပါ။
ခါတိုင္း ဆို ထိုသို ႔ေျပာလိုက္သည္နွင့္
ခ်က္ျခင္းအခ်ိဳးေျပာင္းသူႀကီးသည္
ယခုမူ မည္မ်ွစိတ္ေသာကေရာက္ေနသည္ မသိ ဂုဏ္သိကၡာကိုပင္မငဲ့ေတာ့ ေပ။
နႈတ္ခမ္းစူလ်က္ အေနထားပင္ မေျပာင္းပဲ စိတ္ေကာက္ေနဆဲပါ။

ဘာမ်ားျဖစ္လို ႔ ခုလို ဇြဲႀကီးေနရပါသလဲ။

_______

ေနဝင္ရီေရာ အခ်ိန္တြင္ တံငါကုန္း႐ြာ
သည္ ့မီးေရာင္ဖ်ဖ် လင္းလာၿပီး
ဆူညံသံ ၊ သီခ်င္းဖြင့္သံတို ႔ျဖင့္ အသက္ဝင္လာခဲ့သည္။

ထို ႔အထဲတြင္ ႐ြာေျမာက္ပိုင္းက
ဇာတိကကုန္စံုဆိုင္လည္းအပါအဝင္ျဖစ္သည္။

ဆိုင္ပိတ္ၿပီး အိမ္ျပန္က်ဖို ႔ျပင္ေနေသာ
အလုပ္သမားမ်ားကို ဦးသက္ေက်ာ္ က မျပန္ခင္မုန္ ႔ဖိုးေ၀ေပးေနတာျဖစ္သည္။

" တစ္ေယာက္ ၁၀၀၀၀ ရမယ္။
ဘယ္နွစ္ေယာက္ရွိလဲ ေဟ့ "

မုန္ ႔ဖိုးေပးမယ္ေျပာကတည္းက အိမ္ေရွ ႔ကြက္လပ္တြင္ ဆိုင္မသိမ္းခင္ကတည္းက လူစုေနၿပီးသားမို ႔ သက္ပံုကေတာ့
သူ႔အိမ္က ကေလးေတြကိုၾကည့္ၿပီး
သေဘာက်ေနေလသည္။
ခုလည္းၾကည့္ ။
ပြဲရုံဖက္က ကေလးေတြေရာ
ဆိုင္ဖက္က ကေလးေတြေရာ တၿပံဳ လံုး
ကေလး ၊ လူႀကီး မက်န္ ေဖေဖ့ဆီက မုန္ ႔ဖိုးရဖို ႔ေစာင့္ေနၾကသည္။

" အကုန္လံုး ၁၄ ေယာက္ပါ ခင္ဗ်။
ဆိုင္ဖက္က ၆ေယာက္ ၊ ပြဲရုံဖက္က ၆ေယာက္ ၊ ကားသမားက ၂ေယာက္ပါဗ် "

ေကာင္ေလးတစ္ေယာက္က လွမ္းေအာ္ေျပာေတာ့ ေဖေဖက လက္ျပကာ ပိုက္ဆံအိတ္ဖြင့္ေတာ့သည္။

" မဟုတ္ဘူး အေဖ ။ အားလံုးေပါင္း ၁၈ ေယာက္ပါဗ် "

ေကာင္းခ်ီက ေျပာၿပီး သက္ပံုရယ္ ကေလးနွစ္ေယာက္ရယ္ လက္ဆြဲ ကာ လူအုပ္ႀကီးၾကားသြားတန္းစီသည္။
မုန္ ႔ဖို ႔ေပးမယ္ဆိုရင္ ေကာင္းခ်ီ က ဘာဓာတ္မွန္းမသိ တအားရခ်င္တက္သည္။
မႀကီးမငယ္နဲ ့ကေလးေတြၾကားထဲ တဟီးဟီးတဟားဟားနဲ ့သက္ပံုပါ ေရာလ်က္ ဝင္ပါေနရသည္။

မေပ်ာ္နိုင္သူ ကေတာ့ ေမာင္ေလက်ယ္ပင္။

ပုခံုးေပၚလက္နွစ္ဖက္တင္ထားတဲ့ သူ ႔ပါးပါးကို ေမာ့ၾကည့္ကာ မၾကားေအာင္တိုးတိုးေရ႐ြတ္လိုက္သည္။

" ကေလးဆန္လိုက္တာ " ဟု။

" ဟားဟား ဟုတ္ပါၿပီကြာ။ ကဲ တေယာက္ခ်င္းလာယူ ။ "

ေဖေဖ့ကို ၾကည့္ရသည္သည္မွာ ေပ်ာ္ေနဟန္ပင္။
တံငါကုန္း႐ြာေရာက္ကတည္းက တၿပံဳးၿပံဳးျဖင့္ အရင္က မလုပ္ခဲ့ရသည္ေတြအကုန္လံုး ႐ြာမွာ အကုန္လုပ္သည္။

႐ြာထိပ္က ျခင္းဝိုင္းကိုပင္ ညေနတိုင္း ေရာက္ေသးသည္။

အကုန္လံုး ၁၀၀၀၀ဆီမုန္ ႔ဖိုးရၾကသျဖင့္
ထို ႔ေန႔က အကုန္ေပ်ာ္ေနၾကသည္။
အားလံုးျပန္သြားေတာ့ ၈နာရီေတာင္ထိုးခါနီးေနၿပီျဖစ္သည္။

" ေဖေဖ မနက္ဖန္ မနက္စာစားၿပီးမွ ျပန္မယ္မို ႔လား "

သက္ပံု ေဖ်ာ္ေပးတဲ့ သံပရာေရကို ေမာ့ေသာက္ရင္း ဦးသက္ေက်ာ္ေခါင္းၿငိမ့္ျပလိုက္သည္။
အိမ္မွာ သူ ႔သားေတြႀကီးပဲက်န္ခဲ့သည္။
ေရာက္တာလည္း ရက္၂၀ေလာက္ရွိေနၿပီဆိုေတာ့ ျပန္မွရမည္။

" ၿပန္ရမယ္ေလ။ သစ္သီးပြဲရုံက မင္းအကိုႀကီးနဲ ့လႊဲထားရတယ္ဆိုေပမဲ့ .. တခါတေလ ငါဝင္ပါေနရတုန္းပဲ "

" ဟုတ္ကဲ့ ။ ဒါဆို ေဖေဖ ျပန္ရင္
ေဆးဘူးေလးေတြနဲ ့အေျခာက္အျခမ္း
စားဖို ႔ထည့္ေပးလိုက္ဦးမယ္။ က်န္းမာေရးလည္းဂရုစိုက္အုန္း။ ေနာက္နွစ္ေတြေတာ့
လုပ္ငန္းေတြ ျဖတ္ၿပီးရင္ ႐ြာမွာလာေနပါ့လား။ ဒီမွာ မဟုတ္ေတာင္ ေလေကာင္းေလသန္႔ရတယ္ ။ၿပီးေတာ့ အိမ္မွာထပ္စာရင္ ဒီမွာ က် ေဖေဖမပ်င္းရဘူးေပါ့။ "

သက္မင္းပံုေျပာတာမွန္ပါသည္။
အသက္ႀကီးလာရင္ေတာ့ သက္မင္းပံု တို ႔႐ြာ မွာ ေခါင္းခ်ဖို ႔စဥ္းစားသင့္သည္။
ငယ္ငယ္က ႏုညံ့စြာေနတက္ေသာသားကို စိတ္တိုင္းမက်စြာ ဆူဆံုးမခဲ့တာကို ျပန္ေတြးၾကည့္ရင္ သူမွားခဲ့သည္။

သက္မင္းပံုကေတာ့ မေျပာင္းလဲစြာ
အေနအထိုင္ အေျပာဆို ႏုညံ့သိမ္ေမြ ႕ဆဲပါပဲ။ အျမင္မေတာ္စရာ တခုေတာင္မရွိေသာ အိမ္ေထာင္ေရးကို ေကာင္းေကာင္း
ဆိုတဲ့ သူ ႔သားေ႐ြးခ်ယ္ခဲ့တဲ့ ေကာင္းကေလးက တည္ေထာင္နိုင္ခဲ့သည္။

ဒါကို သူအသိအမွတ္ျပဳ ပါသည္။

" အင္းပါ ေဖေဖ လာေနနိုင္ေအာင္ႀကိဳးစားပါ့မယ္။ "

" ေက်းဇူးတင္ပါတယ္ေဖေဖ "

ျပန္လည္ၿပံဳးျပလာတဲ့ အေဖ့မ်က္နွာမွာ
အမုန္းတရားေတြမရွိေတာ့ပါ။
အသိမွတ္ျပဳ ေသာ ၊ လက္ခံေပးလိုက္ေသာ အဓိပၸါယ္ ရွိတဲ့ အၾကည့္ေတြကို
သက္ပံု နားလည္လိုက္ၿပီမို ႔ေဘးမွာ ထိုင္ေနတဲ့ ေကာင္းခ်ီ ကိုလွမ္းၾကည့္လိုက္သည္။

အရင္လို ေခါင္းငံု ႔မသြားေတာ့တဲ့ေကာင္ေလးသည္ ဒီတခါ ေမတၲာတရားစစ္ပြဲမွာ သူနိုင္သြားၿပီဆိုတာကို လက္ခံလိုက္ပံုရသည္။

_____

" ကဲ သာဓု သာဓု သာဓု ပါဗ်ာ ။
ငါ့သားေတြ စိတ္၏ခ်မ္းသားျခင္း ကိုယ္၏ က်န္းမာျခင္းနဲ ့ ျပည့္စံုပါေစ။ လုပ္သမ်ွ အလုပ္ေတြ ေအာင္ျမင္ပါေစ ။ စည္းပြားလာဘ္လာဘ ဒီထက္ အဆေပါင္းမ်ားစြာတိုးပါေစဗ်ာ"

ၾကမ္းေပၚမွာလက္အုပ္ခ်ီကာ ၿငိမ္သက္ေနၾကဆဲျဖစ္ေသာ ျဖစ္တဲ့ သက္မင္းပံုတို ႔မိသားစု သည္ ေပးတဲ့ ဆုနဲ ့ျပည့္ပါေစဟု ေျပာၿပီး ရုိေသစြာ ဦးခ်လိုက္၏။
ဒီေန ႔ ေဖေဖတို ႔ျပန္မည့္ေန႔ျဖစ္သည္။

ထံုးစံအတိုင္းဆိုင္ပိတ္ရက္မို ႔လူသူကင္းရွင္းကာ သက္ပံုတို ႔မိသားစုသာ ေအးခ်မ္းစြာတည္ရွိေန၏။

" ဦးခ်ီေလး လာပါဦး ဘိုးဘိုးဆီ ။ "

ပုံပံုေလးထိုင္ေနတဲ့ ဦးခ်ီက ဘိုးဘိုးလက္ကမ္းရာကို ထကာ တိုးဝင္လိုက္သည္။

" သားအတြက္ ဘိုးဘိုးႀကီး အေမြေပးမလို ႔ "

"တကယ္လား ဘိုးဘိုး "

အေမြ ဆိုတာနဲ ့ဦးခ်ီမ်က္လံုးေတြ တဖ်တ္ဖ်တ္ေတာက္ေနသည္။
သက္ပံုက ေတာ့ ေဘးက
ယေသာ္လင္းေခါင္းကို ပြတ္ေပးကာ တိုးတိုးေျပာလိုက္သည္။

" ေတြ ႕လား။ မင္းသူငယ္ခ်င္းက ေလက်ယ္ရုံတင္မကဘူး။ ေငြပါ ခင္တယ္။ "

သက္ပံုအေျပာေၾကာင့္ ယေသာ္လင္းသည္ သေဘာက်စြာတခြီးခြီးရယ္ေန၏။

" တကယ္ေပါ့ကြ ။ ဘာရခ်င္လဲ "

ဦးခ်ီ မစဥ္းစားပဲ ေျဖလိုက္သည္။

"သားၿခံဝိုင္း ရခ်င္ပါတယ္ "

ပံုညာဦးခ်ီစကားေၾကာင့္ ေကာင္းခ်ီ မ်က္ေမွာင္ကုတ္ကာ ေဘးက သက္ပံုကို ေစာင္းၾကည့္သည္။
သူတို ႔မွာ သူတို ႔အတိုင္းအတာအေလ်ာက္ ခ်မ္းသာေနပါၿပီ။
လက္ရွိ အေနထားအရ အေဖနဲ ့ခုမွ ေျပလည္ခါစကို အထင္မလြဲေစခ်င္ပါ။
သက္ပံုကေတာ့ သူ ဘာမွမသိဘူးဆိုတဲ့ ပံုစံေခါင္းရမ္းျပေပမဲ့

" ဦးခ်ီ ဘိုးဘိုးကို ဘာေတြပူဆာေနတာလဲ။ သားရခ်င္ရင္ ပါးပါးတို ႔ဝယ္ထားတဲ့ ၿခံေတြရွိတယ္ေလ။ ပါးပါးေပးပါ့မယ္။ မေတာင္းရဘူး ခုလိုေတြ "

ေကာင္းခ်ီ မာန္မဲလိုက္ေတာ့ ဦးခ်ီ က အေဖ့ရင္ခြင္ထဲကေန မ်က္နွာေလးငယ္ကာလွမ္းၾကည့္လာသည္။

" ေနေန .. ဘာမွမျဖစ္ဘူးေျပာပါေစ။
ကဲ ငါေျမးက ၿခံကို ဘာလို႔ရခ်င္တာလဲ "

"သား လိုအပ္လို ႔ပါ "

မ်က္နွာက ငံု ႔ထားေပမဲ့ စကားကေတာ့
ေမာင္ေလက်ယ္၏ ထံုးစံအတိုင္း ေလႀကီးဆဲပါပဲ။

"ဟားး ဟုတ္ပါၿပီကြာ။ ကဲ ေျပာေစ ။
ဘယ္နားၿခံကိုဝယ္ေပးရမွာလဲကြ '

"ေဆး ေက်ာင္း ။ ေဆးေက်ာင္းနားက
ဘယ္ေနရာေနေန ရခ်င္ပါတယ္ "

"ငါ့ေျမးက လ်ိဳ ႕ဝွက္ခ်က္ေတြနဲ ့ပါ့လာကြ ကဲ ဟုတ္ပါၿပီ ။ အားတဲ့ေန ႔ ဦးခ်ိန္းနဲ ့တိုင္ပင္ၿပီး ဘိုးဘိုးဝယ္ေပးပါ့မယ္ ဟုတ္ၿပီလား"

" ကဲ ေဖေဖ ။ သူ ႔ကို အေရးလုပ္မေနနဲ ့။
ကေလးပဲရွိေသးတယ္ ။ မဟုတ္တာေတြ ဘိုးဘိုးစိတ္ညစ္ေအာင္ ပူဆာမေနနဲ ့။
လာ ေဖေဖ့ဆီ။ ယေသာ္ေလးမျပန္ခင္
လက္ေဆာင္ေပးရေအာင္ "

အထူးဆန္းေတြ လုပ္ေနတဲ့ ပံုညာဦးခ်ီ ကို
စိတ္ေျပာင္းေအာင္ သက္ပံုလွမ္းေခၚလိုက္သည္။ယေသာ္ ဆိုတဲ့ အသံၾကားေတာ့ အေဖ့ရင္ခြင္ထဲကေန ေလ်ာဆင္းလာ၏။

"ယေသာ္ ကို သက္ပံု က လက္ေဆာင္ေပးမယ္။ ေက်ာင္းလည္းဖြင့္ေတာ့မွာဆိုေတာ့
အသံုးဝင္္တာေလးေတြ ျပင္ထားတာ "

ေက်ာင္းသံုးပစၥည္းေတြ ကိုထုတ္ျပေတာ့
ယေသာ္လင္း ေမာ့ၾကည့္လာ၏။

" သားေက်ာင္းတက္ရင္ ေကာင္းေကာင္းသံုးေနာ္။ လြယ္အိတ္ေလးကေတာ့
ဦးခ်ီနဲ ့ဆင္တူေလး သက္ပံု လုပ္ေပးထားတယ္။ ႀကိဳက္လား "

အျဖဴ ေရာင္ နွင့္အမဲေရာင္လြယ္အိတ္ေထာင္ေလးနွစ္လံုးကိုၾကည့္ကာ
ယေသာ္လင္းၿပံဳး လိုက္၏။

" သားသေဘာက်ပါတယ္သက္ပံု။
ေကာင္းေကာင္းသံုးပါ့မယ္။ "

လက္ကေလးနဲ ့ဖြဖြထိေနေသာ အျဖဴ ေရာင္ အိတ္ေထာင္က ေမႊးပြလံုးေလးေတြက
ယေသာ္လင္းရဲ႕ ပထမဆံုး လက္ေဆာင္ပစၥည္းေလးပင္။ ၿပီးေတာ့ ဦးခ်ီနွင့္ဆင္တူ ပင္ျဖစ္သည္။
အမဲေရာင္ လြယ္အိတ္ေလးကိုေကာက္ကာ ဦးခ်ီ ကိုထိုးေပးလိုက္ၿပီး

" ဆင္တူ မို ႔ရုိရုိေသေသသံုးေနာ္ "

စိတ္ဆိုးေနေပမဲ့ ဦးခ်ီ လွမ္းယူကာ ေခါင္းညိမ့္ျပလိုက္သည္။

"ဟုတ္ၿပီ ဒါဆို ေဖေဖတို ႔ယေသာ္ေလးကို လိုက္ပို ႔ရေအာင္ ။ လိမ္လိမ္္မာမာေနေနာ္
ယေသာ္။ သက္ပံုတို ႔ကို သတိရရင္ အခ်ိတ္မေ႐ြး လာလည္လွည့္ "

ကားတံခါးကိုဖြင္ၿပီး ထိုင္ တဲ့ အထိ သက္ပံု နႈတ္က အမွာစကားေတြမကုန္ႏိုင္ခဲ့ၿပီ။

ၿငိမ္ေနေသာ ပံုစံေလးကို ၾကည့္ကာဦးခ်ီ
စိတ္မေကာင္းနိုင္ပါ။
ခြဲခြာဖူးတဲ့ ပထမဆံုးအေတြ ႕ႀကံဳကို
ဲိဦးခ်ီ တေယာက္ မ်က္ရည္ေလးေဝ့ကာ
ခံစားေနရ၏။

" ဒါဆို ေဖေဖတို ႔သြားေတာ့မယ္ေနာ္ "

"ဟုတ္ ေဖေဖ ။ ကားကိုျဖည္းျဖည္းေမာင္းခိုင္းဦးေနာ္ "

နႈတ္ဆက္ေနေသာ ဘိုးဘိုးတို ႔ေၾကာင့္ ဦးခ်ီ မ်က္ရည္ေတြ က်လာ၏။
ထို ႔ေၾကာင့္ ကားတဖက္္မွာ ထိုင္ေနတဲ့ ယေသာ္ လင္းရွိရာဖက္ ကုိေျပးသြားကာ
ကားျပတင္းေပါက္ကိုကိုင္ကာ ေျခဖ်ားေထာက္လိုက္၏။

" ယေသာ္ .. "

ယေသာ္လင္းသည္လည္း ျပတင္းေပါက္ဖက္ကို အတင္းတိုးလာကာ ငံု ႔ၾကည့္လာ၏။ မ်က္ရည္မ်ားက်ေနေသာ ဦးခ်ီကိုၾကည့္ရင္း ယေသာ္ လည္း ငိုေလၿပီ။

" ငါ့ကို မေမ့နဲ ့ေနာ္။ အရင္လို ဖုန္းဆက္ေနာ္ "

ဘိုးဘိုးတို ႔သည္ တဖက္ျပတင္းေပါက္တြင္ သက္ပံုတို ႔နွင့္ စကားေျပာေနတာမို ႔
ဦးခ်ီ တို ႔ကိုသတိမထားမိပါ။

ကားျပတင္းေပါက္ေပၚက ဦးခ် ီလက္ကို ထပ္ကိုင္ၿပီး ယေသာ္က ေခါင္းကို အမ်ားႀကီး ညိမ့္ျပလာ၏။

" သြားေတာ့မယ္ေဟ့။ ဦးခ်ီ ဘိုးဘိုးတို႔ျပန္ၿပီ ေနာ္ "

ေနာက္ က်ာဆီက ဘိုးဘိုးေအာ္သံေၾကာင့္
ယေသာ္လင္းေက်ာေလးသည္ မတ္သြားသည္။
ထို ႔ေနာက္ ကားျပတင္းေပၚက ဦးခ်ီ လက္ကို ဆြဲဖယ္ ပစ္ကာ

" ေနခဲ့ေတာ့ ။ ငါ .ေနာက္နွစ္ မတ္လ၃၀ရက္ေန ႔ၾက ျပန္လာခဲ့မယ္ ကို..ကို "

ကားေလးသည္ တေ႐ြ ႕ေ႐ြ ႕ထြက္ခြာသြားေလ သည္။
ဦးခ်ီ သည္ လက္သီးေလးကိုက်စ္က်စ္ပါေအာင္ဆုပ္ၿပီး ငိုက်န္ခဲ့သည္။
ထို ႔ေနာက္ တျဖည္းျဖည္း လက္သီးဆုပ္ေလးဟာ ေျပေလ်ာ့သြားကာ
ငိုေနေသာ ကေလးငယ္သည္ ၿပံဳးလာခဲ့၏။
ေနာက္ဆံုးအႀကိမ္မွာေတာ့ ပံုညာဦးခ်ီ
ယေသာ္လင္းကို စိတ္ေကာက္ေျပသြားခဲ့ပါၿပီ။

ဇြဲႀကီးလွေသာ ပံုညာဦးခ်ီရဲ႕ စိတ္ေကာက္မူ ႔သည္ ယေသာ္လင္းထံပါးမွ ကိုကို ဟု
ေခၚဆိုမူ ႔ေအာက္တြင္ ေျပေလ်ာ့သြားခဲ့သည္။ ယေသာ္လင္းဆီမွ လက္ေဆာင္ကို
ဦးခ်ီ တစ္ေယာက္ ၂ရက္တာစိတ္ေကာက္အၿပီးမွာ ရရွိခဲ့ေလသည္။

ခ်စ္တဲ့အိမ္စည္။

" ဦး ချီ ..ပါးစပ် ဟ ။ လှုပ်စိ လှုပ်စိနဲ့ နော်။
ဒီမှာ ပါးပါး ခွံ့ ကျွေးတာ ယသော်တောင်
သုံးလုတ် ရှိနေပြီ "

ကလေးတွေ လို ထမင်းပန်းကန်ကြီး ကို
လက်နဲ့ နှယ်ကာ ပါးပါးက တခါတရံ စိတ်လိုလက်ရခွံ့ ကျွေးတက်သေးသည်။
ယသော် တစ်ယောက်ကတော့ ကျွေးသမျှ ပါးပါးဘေးထိုင်ကာ သဘောတကျ စားနေပေမဲ့ ဦးချီကတော့ ကလေးတွေလို
မစားချင်သဖြင့် မျက်နှာမသာမယာဖြစ်လို့ နေသည်။

"သားဟာ သား စားလို့ မရဘူးလား။
ကလေးလည်းမဟုတ်ပဲ "

ပြောလို့ မဆုံးသေး ပါးစပ်နားရောက်လာတဲ့ ထမင်းလုတ်ကြောင့် ဟ ပေးလိုက်ရပြန်ပါသည်။
ပါးပါးသည် ဦးချီ စကားကို နားမထောင်ပါ ။
ဘေးမှာ သူကျွေးသမျှ လိမ်လိမ်မာမာစားနေသော ယသော်လင်းကို နှုတ်ခမ်းတွေ သုတ်ပေးလိုက် ဟင်းချို တိုက်လိုက်နှင့်
ကလေး တစ်ယောက်လို ပြု စု လို့ နေသည်။
ဒါကို ယသော်လင်း သဘောကျပေမဲ့ ဦးချီကတော့မကျပေ။

" ယသော်လေး မနက်ဖန် ပြန်တော့မှာဆို။
ပါးပါးတို့ ကတော့ လွမ်းနေရတော့မှာပဲ "

"သားလည်း မပြန်ချင်သေးပါဘူး။
မေမေတစ်ယောက်ထဲမို့ ပြန်ရမှာ ။နို့ မို့ ဆို သားက ဒီမှာ ပါးပါးတို့ နဲ့ အတူနေချင်တာ "

ပါးစပ်ထဲကထမင်းလုတ်ကို ကျေအောင်ဝါးစားရင် ယသော် ဘေးကိုငဲ့ကြည့်သည်။

ဦးချီ တစ်ယောက် စိတ်ကောက်နေတာ
နှစ်ရက်ရှိပြီ ဖြစ်၏။
ခုလည်းဘေးမှာ စူပုတ်ကာ ပါးပါးကျွေးသမျှ စားနေရတဲ့ ရုပ်သည် ရယ်ချင်စရာကောင်းသည်။

" ဟုတ်တာပေါ့။ မေမေ တစ်ယောက်ထဲဆိုတော့ ယသော်လေးက အဖော်ပြု ပေးရမှာပေါ့။ ပါးပါးတို့ ဆီကို နှစ်တိုင်းလာလည်နော်။ လိုတာရှိရင်လည်း ဦးချီ ဆီဖုန်းဆက် လိုက်။ ပါးပါးမန္တလေးလာတိုင်း ယူခဲ့ပေးမယ်။ "

"ဟီး ..ဟုတ်ကဲ့ပါးပါး "

ပါးချိုင့်လေးပေါ်အောင် စားရင်းပြုံးပြနေတဲ့ ကလေးကို ကြည့်ကာ ကောင်းချီရင်ထဲမကောင်းလှ။
မိဘတွေရဲ့ အိမ်ထောင်ရေးကြောင့် သားသမီးက အရွယ်မတိုင်ခင်မြေစာပင်ဖြစ်ရသည်။

" ဦးချီ .. ယသော်လေးက ပြန်တော့မှာလေ ။ စိတ်ကောက်နေတာ ယောကျာ်းကောင်းတွေရဲ့ အလုပ်မဟုတ်ဘူး။
သူငယ်ချင်းကို မပြန်ခင် စိတ်ချမ်းသာအောင် ဧည့်ဝတ်ကျေရမယ်လေ "

ဂုဏ်သိက္ခာကြီးမြတ်လှတဲ့မောင်လေကျယ်တယောက် ဒီတစ်ခါတော့ ထူးဆန်းစွာ
မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးမော့ကြည့်ရုံမှ တပါး ယသော်လင်းကို
စိတ်ကောက်မပြေခဲ့ပါ။
ခါတိုင်း ဆို ထိုသို့ ပြောလိုက်သည်နှင့်
ချက်ခြင်းအချိုးပြောင်းသူကြီးသည်
ယခုမူ မည်မျှစိတ်သောကရောက်နေသည် မသိ ဂုဏ်သိက္ခာကိုပင်မငဲ့တော့ ပေ။
နှုတ်ခမ်းစူလျက် အနေထားပင် မပြောင်းပဲ စိတ်ကောက်နေဆဲပါ။

ဘာများဖြစ်လို့ ခုလို ဇွဲကြီးနေရပါသလဲ။

_______

နေဝင်ရီရော အချိန်တွင် တံငါကုန်းရွာ
သည့်မီးရောင်ဖျဖျ လင်းလာပြီး
ဆူညံသံ ၊ သီချင်းဖွင့်သံတို့ ဖြင့် အသက်ဝင်လာခဲ့သည်။

ထို့ အထဲတွင် ရွာမြောက်ပိုင်းက
ဇာတိကကုန်စုံဆိုင်လည်းအပါအဝင်ဖြစ်သည်။

ဆိုင်ပိတ်ပြီး အိမ်ပြန်ကျဖို့ ပြင်နေသော
အလုပ်သမားများကို ဦးသက်ကျော် က မပြန်ခင်မုန့် ဖိုးဝေပေးနေတာဖြစ်သည်။

" တစ်ယောက် ၁၀၀၀၀ ရမယ်။
ဘယ်နှစ်ယောက်ရှိလဲ ဟေ့ "

မုန့် ဖိုးပေးမယ်ပြောကတည်းက အိမ်ရှေ့ ကွက်လပ်တွင် ဆိုင်မသိမ်းခင်ကတည်းက လူစုနေပြီးသားမို့ သက်ပုံကတော့
သူ့အိမ်က ကလေးတွေကိုကြည့်ပြီး
သဘောကျနေလေသည်။
ခုလည်းကြည့် ။
ပွဲရုံဖက်က ကလေးတွေရော
ဆိုင်ဖက်က ကလေးတွေရော တပြုံ လုံး
ကလေး ၊ လူကြီး မကျန် ဖေဖေ့ဆီက မုန့် ဖိုးရဖို့ စောင့်နေကြသည်။

" အကုန်လုံး ၁၄ ယောက်ပါ ခင်ဗျ။
ဆိုင်ဖက်က ၆ယောက် ၊ ပွဲရုံဖက်က ၆ယောက် ၊ ကားသမားက ၂ယောက်ပါဗျ "

ကောင်လေးတစ်ယောက်က လှမ်းအော်ပြောတော့ ဖေဖေက လက်ပြကာ ပိုက်ဆံအိတ်ဖွင့်တော့သည်။

" မဟုတ်ဘူး အဖေ ။ အားလုံးပေါင်း ၁၈ ယောက်ပါဗျ "

ကောင်းချီက ပြောပြီး သက်ပုံရယ် ကလေးနှစ်ယောက်ရယ် လက်ဆွဲ ကာ လူအုပ်ကြီးကြားသွားတန်းစီသည်။
မုန့် ဖို့ ပေးမယ်ဆိုရင် ကောင်းချီ က ဘာဓာတ်မှန်းမသိ တအားရချင်တက်သည်။
မကြီးမငယ်နဲ့ ကလေးတွေကြားထဲ တဟီးဟီးတဟားဟားနဲ့ သက်ပုံပါ ရောလျက် ဝင်ပါနေရသည်။

မပျော်နိုင်သူ ကတော့ မောင်လေကျယ်ပင်။

ပုခုံးပေါ်လက်နှစ်ဖက်တင်ထားတဲ့ သူ့ ပါးပါးကို မော့ကြည့်ကာ မကြားအောင်တိုးတိုးရေရွတ်လိုက်သည်။

" ကလေးဆန်လိုက်တာ " ဟု။

" ဟားဟား ဟုတ်ပါပြီကွာ။ ကဲ တယောက်ချင်းလာယူ ။ "

ဖေဖေ့ကို ကြည့်ရသည်သည်မှာ ပျော်နေဟန်ပင်။
တံငါကုန်းရွာရောက်ကတည်းက တပြုံးပြုံးဖြင့် အရင်က မလုပ်ခဲ့ရသည်တွေအကုန်လုံး ရွာမှာ အကုန်လုပ်သည်။

ရွာထိပ်က ခြင်းဝိုင်းကိုပင် ညနေတိုင်း ရောက်သေးသည်။

အကုန်လုံး ၁၀၀၀၀ဆီမုန့် ဖိုးရကြသဖြင့်
ထို့ နေ့က အကုန်ပျော်နေကြသည်။
အားလုံးပြန်သွားတော့ ၈နာရီတောင်ထိုးခါနီးနေပြီဖြစ်သည်။

" ဖေဖေ မနက်ဖန် မနက်စာစားပြီးမှ ပြန်မယ်မို့ လား "

သက်ပုံ ဖျော်ပေးတဲ့ သံပရာရေကို မော့သောက်ရင်း ဦးသက်ကျော်ခေါင်းငြိမ့်ပြလိုက်သည်။
အိမ်မှာ သူ့ သားတွေကြီးပဲကျန်ခဲ့သည်။
ရောက်တာလည်း ရက်၂၀လောက်ရှိနေပြီဆိုတော့ ပြန်မှရမည်။

" ပြန်ရမယ်လေ။ သစ်သီးပွဲရုံက မင်းအကိုကြီးနဲ့ လွှဲထားရတယ်ဆိုပေမဲ့ .. တခါတလေ ငါဝင်ပါနေရတုန်းပဲ "

" ဟုတ်ကဲ့ ။ ဒါဆို ဖေဖေ ပြန်ရင်
ဆေးဘူးလေးတွေနဲ့ အခြောက်အခြမ်း
စားဖို့ ထည့်ပေးလိုက်ဦးမယ်။ ကျန်းမာရေးလည်းဂရုစိုက်အုန်း။ နောက်နှစ်တွေတော့
လုပ်ငန်းတွေ ဖြတ်ပြီးရင် ရွာမှာလာနေပါ့လား။ ဒီမှာ မဟုတ်တောင် လေကောင်းလေသန့်ရတယ် ။ပြီးတော့ အိမ်မှာထပ်စာရင် ဒီမှာ ကျ ဖေဖေမပျင်းရဘူးပေါ့။ "

သက်မင်းပုံပြောတာမှန်ပါသည်။
အသက်ကြီးလာရင်တော့ သက်မင်းပုံ တို့ ရွာ မှာ ခေါင်းချဖို့ စဉ်းစားသင့်သည်။
ငယ်ငယ်က နုညံ့စွာနေတက်သောသားကို စိတ်တိုင်းမကျစွာ ဆူဆုံးမခဲ့တာကို ပြန်တွေးကြည့်ရင် သူမှားခဲ့သည်။

သက်မင်းပုံကတော့ မပြောင်းလဲစွာ
အနေအထိုင် အပြောဆို နုညံ့သိမ်မွေ့ ဆဲပါပဲ။ အမြင်မတော်စရာ တခုတောင်မရှိသော အိမ်ထောင်ရေးကို ကောင်းကောင်း
ဆိုတဲ့ သူ့ သားရွေးချယ်ခဲ့တဲ့ ကောင်းကလေးက တည်ထောင်နိုင်ခဲ့သည်။

ဒါကို သူအသိအမှတ်ပြု ပါသည်။

" အင်းပါ ဖေဖေ လာနေနိုင်အောင်ကြိုးစားပါ့မယ်။ "

" ကျေးဇူးတင်ပါတယ်ဖေဖေ "

ပြန်လည်ပြုံးပြလာတဲ့ အဖေ့မျက်နှာမှာ
အမုန်းတရားတွေမရှိတော့ပါ။
အသိမှတ်ပြု သော ၊ လက်ခံပေးလိုက်သော အဓိပ္ပါယ် ရှိတဲ့ အကြည့်တွေကို
သက်ပုံ နားလည်လိုက်ပြီမို့ ဘေးမှာ ထိုင်နေတဲ့ ကောင်းချီ ကိုလှမ်းကြည့်လိုက်သည်။

အရင်လို ခေါင်းငုံ့ မသွားတော့တဲ့ကောင်လေးသည် ဒီတခါ မေတ္တာတရားစစ်ပွဲမှာ သူနိုင်သွားပြီဆိုတာကို လက်ခံလိုက်ပုံရသည်။

_____

" ကဲ သာဓု သာဓု သာဓု ပါဗျာ ။
ငါ့သားတွေ စိတ်၏ချမ်းသားခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ လုပ်သမျှ အလုပ်တွေ အောင်မြင်ပါစေ ။ စည်းပွားလာဘ်လာဘ ဒီထက် အဆပေါင်းများစွာတိုးပါစေဗျာ"

ကြမ်းပေါ်မှာလက်အုပ်ချီကာ ငြိမ်သက်နေကြဆဲဖြစ်သော ဖြစ်တဲ့ သက်မင်းပုံတို့ မိသားစု သည် ပေးတဲ့ ဆုနဲ့ ပြည့်ပါစေဟု ပြောပြီး ရိုသေစွာ ဦးချလိုက်၏။
ဒီနေ့ ဖေဖေတို့ ပြန်မည့်နေ့ဖြစ်သည်။

ထုံးစံအတိုင်းဆိုင်ပိတ်ရက်မို့ လူသူကင်းရှင်းကာ သက်ပုံတို့ မိသားစုသာ အေးချမ်းစွာတည်ရှိနေ၏။

" ဦးချီလေး လာပါဦး ဘိုးဘိုးဆီ ။ "

ပုံပုံလေးထိုင်နေတဲ့ ဦးချီက ဘိုးဘိုးလက်ကမ်းရာကို ထကာ တိုးဝင်လိုက်သည်။

" သားအတွက် ဘိုးဘိုးကြီး အမွေပေးမလို့ "

"တကယ်လား ဘိုးဘိုး "

အမွေ ဆိုတာနဲ့ ဦးချီမျက်လုံးတွေ တဖျတ်ဖျတ်တောက်ပနေ တော့သည်။
သက်ပုံက တော့ ဘေးက
ယသော်လင်းခေါင်းကို ပွတ်ပေးကာ တိုးတိုးပြောလိုက်သည်။

" တွေ့ လား။ မင်းသူငယ်ချင်းက လေကျယ်ရုံတင်မကဘူး။ ငွေပါ ခင်တယ်။ "

သက်ပုံအပြောကြောင့် ယသော်လင်းသည် သဘောကျစွာတခွီးခွီးရယ်နေ၏။

" တကယ်ပေါ့ကွ ။ ဘာရချင်လဲ "

ဦးချီ မစဉ်းစားပဲ ဖြေလိုက်သည်။

"သားမန္တလေးမှာ အိမ်ဝိုင်းလေး ရချင်တယ် "

ပုံညာဦးချီစကားကြောင့် ကောင်းချီ မျက်မှောင်ကုတ်ကာ ဘေးက သက်ပုံကို စောင်းကြည့်သည်။
သူတို့ မှာ သူတို့ အတိုင်းအတာအလျောက် ချမ်းသာနေပါပြီ။
လက်ရှိ အနေထားအရ အဖေနဲ့ ခုမှ ပြေလည်ခါစကို အထင်မလွဲစေချင်ပါ။
သက်ပုံကတော့ သူ ဘာမှမသိဘူးဆိုတဲ့ ပုံစံခေါင်းရမ်းပြပေမဲ့ ကောင်းချီ နည်းနည်းတော့ သားအားဆူချင်သွားသည်။

" ဦးချီ ဘိုးဘိုးကို ဘာတွေပူဆာနေတာလဲ။ သားရချင်ရင် ပါးပါးတို့ ဝယ်ထားတဲ့ ခြံတွေရှိတယ်လေ။ ပါးပါးပေးပါ့မယ်။ မတောင်းရဘူး ခုလိုတွေ "

ကောင်းချီ မာန်မဲလိုက်တော့ ဦးချီ က အဖေ့ရင်ခွင်ထဲကနေ မျက်နှာလေးငယ်ကာလှမ်းကြည့်လာသည်။

" နေနေ .. ဘာမှမဖြစ်ဘူးပြောပါစေ။
ကဲ ငါမြေးက ခြံကို ဘာလို့ရချင်တာလဲ "

"သား လိုအပ်လို့ ပါ "

မျက်နှာက ငုံ့ ထားပေမဲ့ စကားကတော့
မောင်လေကျယ်၏ ထုံးစံအတိုင်း လေကြီးဆဲပါပဲ။

"ဟားး ဟုတ်ပါပြီကွာ။ ကဲ ပြောစေ ။
ဘယ်နားခြံကိုဝယ်ပေးရမှာလဲကွ '

"ဆေး ဆေးကျောင်း ။ ဆေးကျောင်းနားက
ဘယ်နေရာနေနေ သား ရချင်တယ် "

ကောင်းချီ စိတ်ဆိုးမှန်းသိတော့ ဦးချီ အသံက သိပ်မထွက်တော့။

"ငါ့မြေးက လျို့ ဝှက်ချက်တွေနဲ့ ပါ့လာကွ ကဲ ဟုတ်ပါပြီ ။ အားတဲ့နေ့ ဦးချိန်းနဲ့ တိုင်ပင်ပြီး ဘိုးဘိုးဝယ်ပေးပါ့မယ် ဟုတ်ပြီလား"

" ကဲ ဖေဖေ ။ သူ့ ကို အရေးလုပ်မနေနဲ့ ။
ကလေးပဲရှိသေးတယ် ။ မဟုတ်တာတွေ ဘိုးဘိုးစိတ်ညစ်အောင် ပူဆာမနေနဲ့ ။
လာ ဖေဖေ့ဆီ။ ယသော်လေးမပြန်ခင်
လက်ဆောင်ပေးရအောင် "

အထူးဆန်းတွေ လုပ်နေတဲ့ ပုံညာဦးချီ ကို
စိတ်ပြောင်းအောင် သက်ပုံလှမ်းခေါ်လိုက်သည်။ယသော် ဆိုတဲ့ အသံကြားတော့ အဖေ့ရင်ခွင်ထဲကနေ လျောဆင်းလာ၏။

"ယသော် ကို သက်ပုံ က လက်ဆောင်ပေးမယ်။ ကျောင်းလည်းဖွင့်တော့မှာဆိုတော့
အသုံးဝင်တာလေးတွေ ပြင်ထားတာ "

ကျောင်းသုံးပစ္စည်းတွေ ကိုထုတ်ပြတော့
ယသော်လင်း မော့ကြည့်လာ၏။

" သားကျောင်းတက်ရင် ကောင်းကောင်းသုံးနော်။ လွယ်အိတ်လေးကတော့
ဦးချီနဲ့ ဆင်တူလေး သက်ပုံ လုပ်ပေးထားတယ်။ ကြိုက်လား "

အဖြူ ရောင် နှင့်အမဲရောင်လွယ်အိတ်ထောင်လေးနှစ်လုံးကိုကြည့်ကာ
ယသော်လင်းပြုံး လိုက်၏။

" သားသဘောကျပါတယ်သက်ပုံ။
ကောင်းကောင်းသုံးပါ့မယ်။ "

လက်ကလေးနဲ့ ဖွဖွထိနေသော အဖြူ ရောင် အိတ်ထောင်က မွှေးပွလုံးလေးတွေက
ယသော်လင်းရဲ့ ပထမဆုံး လက်ဆောင်ပစ္စည်းလေးပင်။ ပြီးတော့ ဦးချီနှင့်ဆင်တူ ပင်ဖြစ်သည်။
အမဲရောင် လွယ်အိတ်လေးကိုကောက်ကာ ဦးချီ ကိုထိုးပေးလိုက်ပြီး

" ဆင်တူ မို့ ရိုရိုသေသေသုံးနော် "

စိတ်ဆိုးနေပေမဲ့ ဦးချီ လှမ်းယူကာ ခေါင်းညိမ့်ပြလိုက်သည်။

"ဟုတ်ပြီ ဒါဆို ဖေဖေတို့ ယသော်လေးကို လိုက်ပို့ ရအောင် ။ လိမ်လိမ်မာမာနေနော်
ယသော်။ သက်ပုံတို့ ကို သတိရရင် အချိန်မရွေး လာလည်လှည့် "

ကားတံခါးကိုဖွင်ပြီး ထိုင် တဲ့ အထိ သက်ပုံ နှုတ်က အမှာစကားတွေမကုန်နိုင်ခဲ့ပြီ။

ငြိမ်နေသော ပုံစံလေးကို ကြည့်ကာဦးချီ
စိတ်မကောင်းနိုင်ပါ။
ခွဲခွာဖူးတဲ့ ပထမဆုံးအတွေ့ ကြုံကို
ဦးချီ တစ်ယောက် မျက်ရည်လေးဝေ့ကာ
ခံစားနေရ၏။

" ဒါဆို ဖေဖေတို့ သွားတော့မယ်နော် "

"ဟုတ် ဖေဖေ ။ ကားကိုဖြည်းဖြည်းမောင်းခိုင်းဦးနော် "

နှုတ်ဆက်နေသော ဘိုးဘိုးတို့ ကြောင့် ဦးချီ မျက်ရည်တွေ ကျလာ၏။
ထို့ ကြောင့် ကားတဖက်မှာ ထိုင်နေတဲ့ ယသော် လင်းရှိရာဖက် ကိုပြေးသွားကာ
ကားပြတင်းပေါက်ကိုကိုင်ကာ ခြေဖျားထောက်လိုက်၏။

" ယသော် .. "

ယသော်လင်းသည်လည်း ပြတင်းပေါက်ဖက်ကို အတင်းတိုးလာကာ ငုံ့ ကြည့်လာ၏။ မျက်ရည်များကျနေသော ဦးချီကိုကြည့်ရင်း ယသော် လည်း ငိုလေပြီ။

" ငါ့ကို မမေ့နဲ့ နော်။ အရင်လို ဖုန်းဆက်"

ဘိုးဘိုးတို့ သည် တစ်ဖက်ပြတင်းပေါက်တွင် သက်ပုံတို့ နှင့် စကားပြောနေတာမို့
ဦးချီ တို့ ကိုသတိမထားမိပါ။

ကားပြတင်းပေါက်ပေါ်က ဦးချီလက်ကို ထပ်ကိုင်ပြီး ယသော်က ခေါင်းကို အများကြီး ညိမ့်ပြလာ၏။

" သွားတော့မယ်ဟေ့။ ဦးချီ ဘိုးဘိုးတို့ပြန်ပြီ နော် "

နောက် ကျာဆီက ဘိုးဘိုးအော်သံကြောင့်
ယသော်လင်းကျောလေးသည် မတ်သွားသည်။
ထို့ နောက် ကားပြတင်းပေါ်က ဦးချီ လက်ကို ဆွဲဖယ် ပစ်ကာ

" နေခဲ့တော့ ။ ငါ .နောက်နှစ် မတ်လ၃၀ရက်နေ့ ကြ ပြန်လာခဲ့မယ် ကို..ကို "

ကားလေးသည် တရွေ့ ရွေ့ ထွက်ခွာသွားလေ သည်။
ဦးချီ သည် လက်သီးလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ငိုကျန်ခဲ့သည်။
ထို့ နောက် တဖြည်းဖြည်း လက်သီးဆုပ်လေးဟာ ပြေလျော့သွားကာ
ငိုနေသော ကလေးငယ်သည် ပြုံးလာခဲ့၏။
နောက်ဆုံးအကြိမ်မှာတော့ ပုံညာဦးချီ
ယသော်လင်းကို စိတ်ကောက်ပြေသွားခဲ့ပါပြီ။

ဇွဲကြီးလှသော ပုံညာဦးချီရဲ့ စိတ်ကောက်မူ့ သည် ယသော်လင်းထံပါးမှ ကိုကို ဟု
ခေါ်ဆိုမူ့ အောက်တွင် ပြေလျော့သွားခဲ့သည်။ ယသော်လင်းဆီမှ လက်ဆောင်ကို
ဦးချီ တစ်ယောက် ၂ရက်တာစိတ်ကောက်အပြီးမှာ ရရှိခဲ့လေသည်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz