ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

8

eainsi23

မနက္အေစာႀကီးမိုးမလင္းခင္ကတည္းက
ေဇာတိက ေစ်းဆိုင္သည္ ေစ်းဝယ္သူမ်ားနွင့္ စည္ကားေနလ်က္ရွိသည္။
မေျပာင္းလဲစြာ ပင္  သက္ပံုသည္ ေကာင္တာထိုင္ ပိုက္ဆံသိမ္းလုပ္ေနၿပီး  ေကာင္းခ်ီကေတာ့  လက္ေက်ာတင္းသူပီပီ
တမနက္လံုး သူမပါရင္းမၿပီး  ေျပးလႊားလုပ္ကိုင္ေနသည္။
မနက္၇နာရီ ေက်ာ္  ဆြမ္းခံျပန္ခ်ိန္ေရာက္ရွိလာတဲ့ အခ်ိန္မွာေတာ့ ေစ်းဝယ္သူသည္
သံုးေလးေယာက္သာရွိေတာ့၏။

" ေကာင္းခ်ီ ေဖေဖတို ႔အတြက္မနက္စာ ဘာစီစဥ္ထားလဲ "

" ပဲေကာက္ညႇင္းေပါင္းပူပူေလးနဲ ့
ငါးရံ႕ေျခာက္ဖုတ္ရယ္၊ သက္ပံုေသာက္ေနက် ဖန္ကဲေလး ကို ဓာတ္ဘူးနဲ ့ တဘူးသြားဝယ္ခိုင္းထားတယ္။ ၿပီးေတာ့  ေဒၚေလးျမရင္ကို အေဖတို ႔ေရာက္တုန္း မုန္ ႔ဟင္းခါးမ်ားစားခ်င္မလားလို ႔ ခ်က္ခိုင္းထားတယ္"

ကေလးေတြမမွီတဲ့ စင္ေပၚက  ေခါက္ဆြဲဖာေတြကို ခ်ေပးေနတဲ့ ေကာင္းခ်ီက
သက္ပံုစကားေၾကာင့္လွည့္မၾကည့္ပဲ ေျပာလာသည္။

မျမင္ရေပမဲ့ သက္ပံုေခါင္းတဆတ္ဆတ္ၿငိမ့္ျပၿပီး အိမ္ေပၚထပ္ကို တက္ခဲ့သည္။
မနႈိးရင္မထတက္ေသာ  သူ႔သား ဦးခ်ီအေၾကာင္းသိသည္မို ႔   မနက္ဆို သူ ႔ကို နႈိးရသည္က အလုပ္တလုပ္ပင္။
ဒါကလည္း သားသမီးဆိုေတာ့ အျပစ္မျမင္ပဲခ်စ္ေနရတာပဲမို ႔လား။

ကြၽန္းတံခါးကို အသာေလးတြန္းဖြင့္ ဝင္ကာနႈိးမယ္ႀကံေတာ့ ျမင္ရတဲ့ ျမင္ကြင္းေလးက စိတ္ခ်မ္းသာစရာပင္။

အိပ္ေရးဆိုးလွတဲ့ ပံုညာဦးခ်ီ တစ္ေယာက္
ယေသာ္ေလးကို အားရပါးရ ဖက္ကာ
ပုခံုးၾကားေခါင္းတိုးဝင္လ်က္ အိပ္ေပ်ာ္ေနတာပင္ျဖစ္သည္။

"ၾကည့္ပါအုန္း ..ဦးခ်ီ တစ္ေယာက္ ခုမွဖက္လံုးအေကာင္းစားေလးရေန..ဟင္! ဒါႀကီးကဘာႀကီးလဲ ? "

ကုတင္ေဘးကို အလ်င္အျမန္သြားတိုးကပ္ၾကည့္မိသည္။

ဘုရားေရ!!

ပန္းေရာင္အတြင္းခံႀကီး ။ ဒါ ..ဒါ  ငါေရာင္းတဲ့ ထဲက မိန္းကေလးဝတ္ႀကီးမို ႔လား။

သက္ပံုတစ္ေယာက္ မ်က္လံုးျပဴ းလ်က္
သူ ႔သားဖင္က ေဘာင္းဘီၾကပ္ကို အနီးကပ္ေသခ်ာၾကည့္မိ၏။
ခါတိုင္းလိုပင္ ပံုညာဦခ်ီက ပုဆိုးသည္ခါးေရာက္ေနကာ  ဖင္ၾကပ္ပန္းေရာင္ႀကီးသည္
ထင္းခနဲ ျမင္ေနရသည္။
သက္ပံု ေခါင္းေတြေတာင္မူးလာ၏။
ဒီေဘာင္းဘီသည္ ဘယ္ကေရာက္လာသလဲဆိုတာ သူကိုယ္တိုင္လည္းမသိ။
ျဖစ္နိုင္တာကေတာ့ သူမွားထည့္ေပးထားဖို ႔မ်ားသည္။
ဦးခ်ီ သိလို ႔မျဖစ္ေပ။
သိသြားရင္ ေနာက္ ေဘာင္းဘီဝတ္ဖို ႔ေျပာရခက္သြားလိမ့္မည္။

ေခြၽးျပန္လာတဲ့ အေျခေနကိုေခါင္းကုတ္စဥ္းစား ရင္းအေျဖထုတ္ေနမိသည္။
၅စကၠန္ ႔ေလာက္အၾကာမွေတာ့
သက္ပံု အေတြးရကာ မ်က္နွာေလး လင္းလက္လာ၏။

သြက္လက္ျမန္ဆန္စြာ  ဦးခ်ီ ဝတ္ထားေသာ
ေဘာင္းဘီၾကပ္ကို  မနိုးေအာင္အသာခြၽတ္လိုက္ေတာ့ ေရႊပန္းမဲမဲ ကေငါက္ခနဲ။

ဟီးဟီး ...

ကိုယ့္သားကို ကိုယ္ၾကည့္ကာ သက္ပံု သေဘာက်လို ႔ေနသည္။
ထို ႔ေနာက္ လက္နဲ ့ ေရႊပန္းပိစိကို အသာ ေတာက္ စေနွာက္ကာ ဘီဒိုေအာက္ဆံုးထပ္ကိုေျပးဖြင့္ရသည္။ မနိုးခင္ေဘာင္းဘီျပန္ဝတ္ေပးရမည္။ မဟုတ္ရင္
ဂုဏ္သိကၡာႀကီးမားလွေသာ ေမာင္ေလက်ယ္သည္ ရွက္ပါသည္ဆိုကာ တေန႔လံုးအျပင္ထြက္ေတာ့မည္မဟုတ္။

အနက္ေရာင္ အတြင္းခံကို ေျပာင္းဝတ္ေပးရင္း သူ ႔သားကို အသာငံု ႔နမ္းကာ
အျပင္ထြက္ခဲ့လိုက္သည္။
လက္ထဲမွာ လည္း ေအာင္ျမင္စြာ ခြၽတ္ယူခဲ့ေသာ ပန္းေရာင္ေဘာင္းဘီၾကပ္က
တန္းလန္းဆြဲကိုင္လ်က္ပင္။

______

" သက္ပံု  သားရဲ႕ ေဘာင္းဘီေလးေရာ ..
ပန္းေရာင္ေလးေလ "

နားနာကပ္ကာ တိုးတိုးကပ္ေျပာလာတဲ့
ဦးခ်ီေၾကာင့္ ရယ္ခ်င္မူ ႔က ထိန္းမရ။
ဒါေပမဲ့ ခက္တည္တည္ဟန္လုပ္ကာ

" ဘယ္က ပန္းေရာင္ေဘာင္းဘီလဲ။ "

" ဟို ..သားမေန႔ကဝတ္အိပ္တာ ။ အိပ္ယာနိုးလာေတာ့ သားေဘာင္းဘီက အနက္ေရာင္ေျပာင္းသြားတယ္ "

" ေအာ္ အဲ့ဒါလား။မနက္က ေဖေဖ အခန္းထဲလာေတာ့  သားဝတ္ထားတာေတြ ႕
လို ႔အနက္ေရာင္နဲ ့လဲေပးလိုက္တာ။ ပန္းေရာင္ က သားနဲ ့မလိုက္ဘူးေလ။ သားက ေယာက်ာ္းပီသတာ ႀကိဳက္တယ္ဆို အဲ့ဒါေၾကာင့္ေဖေဖအနက္ကေလး လဲေပးထားတာ ။ "

"ေအာ္ ..အင္းပါ ။ သားနဲ ့
မလိုက္ရင္ေတာ့ သားမဝတ္ေတာ့ပါဘူး။ "

ေျပာၿပီး ေခါင္းငံု ႔ကာ မုန္ ႔ဟင္းခါးမႈတ္ေသာက္ေနတာမို ႔ သက္ပံုၿပံဳးကာ ေခါင္းကေလးကိုပြတ္ေပးလိုက္သည္။

" ဘာေတြတိုးတိုး ေျပာေနတာလဲ ။
သက္ပံုကိုတိုင္ရအုန္းမယ္သိလား။
ဦးခ်ီက အရမ္းအိပ္ေရးဆိုးတာပဲ ..
သားဆို တညလံုးေကာင္းေကာင္းအိပ္မရဘူး"

ယေသာ္လင္းက  ေကာင္ညႇင္းေပါင္းထဲက ပဲစိေလးေတြေ႐ြးစားရင္  သက္ပံုကိုတိုင္တန္းလာသည္။
အဲ့ဒါကိုပင္ မနက္စာစားရင္း
သေဘာက်စြာေျပာဆို ရယ္ေမာေနၾကသည္။
ပံုညာဦးခ်ီကေတာ့  သူ ႔အေၾကာင္းေတြေျပာေနတာေၾကာင့္ ရွက္႐ြံ ့စြာေခါင္းပင္မေဖာ္ေတာ့ေပ။

" စားေကာင္းလားအေဖ။ အစာေၾကေဆးေလး စားလိုက္ပါအုန္း။ ေကာင္ညႇင္းေပါင္းေတြစားထားတာဆိုေတာ့ ရင္ျပည့္ေနမွာစိုးလို ႔"

ေဆးဘူးေလးကို ေဘးနားခ်ေပးရင္း
ေကာင္းေကာင္းက ေျပာလာသည္မို ႔ဦးသက္ေက်ာ္ ေခါင္းညိမ့္ကာ အသိမွတ္ျပဳလိုက္သည္။
သူ ႔သားမတ္လိမ္မာေရးျခားရွိတာကေတာ့ ဂုဏ္ယူစရာပင္။
ေရာက္ကတည္း က တအိမ္လံုး စည္းကမ္းရွိရွိလုပ္ကိုင္ေနတာကိုလည္းျမင္ရသည္။ ဘယ္ေနရာမွ ေရသာခို အေခ်ာင္မလိုက္ပဲ  ဖင္ေပါ့စြာ အလုပ္ေတြ သိမ္ႀကံဳးလုပ္သြားသည္ကိုေတာ့ လူႀကီးတစ္ေယာင္အျမင္နဲ ့အေတာ္ေလးသေဘာက်သည္ေျပာရမယ္။

ခုလည္း ေရေႏြးခြက္ကိုတခါတည္းငွဲ ့ေပးကာ ေဆးကိုပါ လက္ထဲ ထည့္ေပးၿပီး တခါထဲေသာက္ဖို ႔ျပင္ေပးေနသည္။

" ဗမာေဆးေလး အေဖ။ ေရေႏြးေလးနဲ ့ေသာက္လိုက္ရင္ပိုေကာင္းတယ္။ အျပန္ၾကရင္လည္း ထည့္ေပးရအုန္းမယ္။
လူႀကီးဆိုေတာ့  ေဆာင္ထားသင့္တယ္"

"အင္း ေကာင္းသားပဲ။ မင္းတို ႔လုပ္ငန္းေတြေရာ အဆင္ေျပရဲ႕လား။ အေဖ ဘာလုပ္ေပးဖို ႔လိုေသးလဲ "

ေယာက္ခမ ဆီမွာ သူ ႔ကိုသူ အေဖဟု ေျပာလာမူ ႔ေၾကာင့္  ေဆးဘူး ပိတ္ေနတဲ့လက္ေတြသည္  ရပ္တန္ ႔သြားသည္။
ဝဲတက္လာေသာမ်က္ရည္မ်ားကိုသိမ္းဆည္းရင္း  အဖံုးဆက္ပိတ္ေနပါေသာ္လည္း
ရင္ထဲမွာေတာ့ ေပ်ာ္ရႊင္လို႔ေနသည္။
သက္ပံုရဲ႕ အေဖသည္  သူ ႔အေပၚမွာ ေနာက္ဆံုးအသိမွတ္ျပဳသြားခဲ့ၿပီ။

အေခၚအေျပာရွိေနေပမဲ့  အေဖက
အရင္ကဆိုရင္မေကာင္းတက္၍သာ သူ ႔ကို ေျပာဆိုေနတက္သူျဖစ္သည္။
ယခုမူ  သူ ႔အေပၚမွာ အေဖ့အျမင္ေတြ ေျပာင္းလဲလာခဲ့ၿပီမို ႔ ေကာင္းခ်ီ ေတာ္ေလး
ဝမ္းသာမိပါသည္။

" အဆင္ေျပပါတယ္ အေဖ။ ကြၽန္ေတာ္တို ႔လုပ္ငန္းေတြက အသားၾကလာေတာ့
အရင္ေလာက္  မခက္ခဲေတာ့ပါဘူး။
ေစ်းဆိုင္ေရာ ၊ပြဲရုံေရာ ၊ ကုန္ကားထြက္တာေရာ ဆိုေတာ့ စီးပြားလည္းတက္ပါတယ္အေဖ "

ဦးသက္ေက်ာ္က ေခါင္းတညိမ့္ညိမ့္နဲ ့ပင္
ေကာင္းခ်ီ စကာေတြကိုနားေထာင္ေပးေနသည္။  တံငါကုန္း႐ြာ က ႐ြာဆိုေပမဲ့
တိုးတက္လာတာ သူလည္းျမင္ေနရသည္ပဲ။ လ်ွပ္စစ္မီးလည္းရ၊ ကားလမ္းေတြလည္းေကာင္းေနၿပီမို ႔အေတာ္ေလး ေနလို ႔ထိုင္လို ႔ေကာင္းလွတဲ့႐ြာျဖစ္၍ေနေခ်သည္။

" သက္ပံု  ပါးပါးတို ႔နားမသြားပဲ
ဘာလို ႔ဒီနားကေန ေခ်ာင္းၾကည့္ေနတာလဲဟင္ "

ထမင္းစားခန္းက တံခါးအကြယ္ေလးကေန ေခ်ာင္းၾကည့္ေနတဲ့ သက္ပံုသည္
သူ ႔ေအာက္မွာ သူလို ေခါင္းျပဴ ၾကည့္ေနတဲ့  အျဖဴ အမဲ နွစ္ေယာက္ကို ငံု ႔ၾကည့္ကာ  ၿပံဳးျပလိုက္သည္။
ထို ႔ေနာက္ ႏုညံ့ေသာအသံျဖင့္ ..
ကေလးေတြေဘးကို ဒူးတဖက္ေထာက္ထိုင္ကာ  ....

"ပါးပါးေပ်ာ္ေနတာကို သက္ပံုကမေနွာက္ယွက္ခ်င္လို ႔ေပါ့။  သားတို ႔ရဲ႕ ပါးပါးက အရမ္းသနားစရာေကာင္းတာ။ အရင္ကဆို  ဘိုးဘိုးႀကီးက
ပါးပါးကို အရမ္းမုန္းတာေလ။ ခုလို စကားေတြေျပာဖို ႔ေနေနသာသာ 
အိမ္ရိပ္ေတာင္နင္းခံတာမဟုတ္ဘူး။
ခုၾကည့္စမ္း ဘိုးဘိုးက ပါးပါးကိုစကားေတြအမ်ားႀကီးေျပာေတာ့ ပါးပါးေပ်ာ္ေနတာျမင္ရတယ္မို ႔လား "

ဧည့္ခန္းမွာ ရွိတဲ့ ေကာင္ေလးသည္
ေပ်ာ္ရႊင္စြာ စကားေတြအမ်ားႀကီး ေျပာေနတာကို ၾကည့္ရင္း သက္ပံု မ်က္ရည္စေတြရစ္ဝိုင္းလာရသည္။

သူက သိပ္သနားစရာေကာင္းခဲ့တဲ့ေကာင္ေလးေလ...

ခုေတာ့  ဒီေကာင္ေလး ေမ်ွာ္လင့္ခဲ့ရတဲ့
အိမ္မက္ေတြျဖစ္လာခဲ့ပါၿပီ။

ေပ်ာ္ေစခ်င္တယ္ေကာင္းခ်ီေရ..

ငါတို ႔အခ်စ္ေတြက ဒီထပ္ပိုထိုက္တန္ဆိုတာ မင္းကို ျပခ်င္ေသးတယ္။

အဲ့ဒါ ..တကယ္ပါ......

______

"ဦးခ်ီ "

"ဟင္ "

ယေသာ္လင္းက ကုတင္ေပၚအားယားေမွာက္ေနရင္းေထာင္ထားတဲ့ ေခါင္းေလးကို ေမြ ႕ယာေပၚ ခ်အိပ္လိုက္သည္။
တစံုတရာ အေတြးမ်ားေနၿပီး သက္ျပင္းခ်လို ႔ေနသည္မို ႔ ဦးခ်ီ စာဖတ္ေနရာ မွ
လွည့္ၾကည့္ကာ ေျပာလာမဲ့စကားကိုေစာင့္ေနမိသည္။

" ပါးပါးနဲ ့သက္ပံုက  လင္မယားေတြဆို "

"အင္းေလ ။ ဘာျဖစ္လို႔လဲ "

ဦးခ်ီမထူးဆန္းစြာ ျပန္ေမးလိုက္သည္။
ယေသာ္လင္းမွ မဟုတ္ဘူး ပါးပါးတို ႔နွစ္ေယာက္အေၾကာင္းကိုေက်ာင္းက သူငယ္ခ်င္းေတြလည္းေမးေနၾကပင္။

" ငါ့ ေမေမနဲ ့ေဖေဖ လည္းလင္မယားပဲေလ။ ဒါေပမဲ့ ပါးပါးနဲ ့သက္ပံုကက် လင္မယားလုပ္လို ႔မွမရတာ။ "

ဦးခ်ီ  ေလးနက္စြာေမးလိုက္သည္။

"ဘာလို ႔လုပ္လို ႔မရတာလဲ ။ "

"ပါးပါးေရာ  သက္ပံုေရာ ေကာင္ေလးေတြမို ႔လို ႔ေပါ့။ ေကာင္းေလးအခ်င္းခ်င္းယူ
လို ႔ရလို႔လား "

ယေသာ္လင္းစကားကို ဦးခ်ီ စိတ္ဆိုးသြားသည္။ လူေတြအကုန္လံုးသည္ ဦးခ်ီကိုေတြ ႕ရင္ သက္ပံုအေၾကာင္းကိုေမးၾကသည္။ သက္ပံု က ဘာေတြထူးဆန္းေနလို ႔လဲ။ သက္ပံုက ႐ြာထဲက မိန္းကေလးေတြထပ္ေတာင္ပိုၾကည့္ေကာင္းေသးတယ္။
ၿပီးေတာ့ သက္ပံုမွာ လွပတဲ့ စိတ္ထားေလးလည္းရွိသည္။
ဦးခ်ီကေတာ့ ေမေမ တေယာက္ရမဲ့အစား သက္ပံုကိုပဲလိုအပ္သည္။
သက္ပံုကိုပဲခ်စ္သည္။
ထို႔ေၾကာင့္ ယေသာ္လည္းကို စိတ္ဆိုးေပမဲ့ သက္ပံု တို ႔နွစ္ေယာက္အေၾကာင္းကို ေျပာျပဖို ႔ ျပင္လိုက္သည္။

" ေကာင္ေလးနွစ္ေယာက္က လင္မယားမလုပ္ရဖူးလို ႔ဘယ္သူေျပာလဲ ။ သက္ပံု ေရွ ႔မွာ အခုလိုစကားေတြ မေျပာနဲ ့ေနာ္
ယေသာ္ ။ ပါးပါး စိတ္မေကာင္းျဖစ္လိမ့္မယ္။  "

ယေသာ္လင္းက ဦးခ်ီစကားကို
သူနားလည္ေၾကာင္းေခါင္းၿငိမ့္ျပသည္။

" ငါငယ္ငယ္ေလးကတည္းက  လူေတြက
မင္းလိုပဲ  ပါးပါးတို ႔နွစ္ေယာက္အေၾကာင္းကိုေမးၾကတယ္။ တကယ္ေတာ့ အဲ့လိုေမးရင္ ငါအရမ္းမုန္းတာပဲ။ ထားပါေတာ့ ..
မင္းနားလည္ေအာင္ ေျပာရရင္ ငါတို ႔အိမ္မွာ တခါမွ ရန္ျဖစ္တာမရွိဖူးဘူး။
စကားမ်ားတာလည္းမရွိဘူး။ ပါးပါးကလည္းငါ့ကို တခါမွ မရုိက္ဖူးဘူး။ သက္ပံု
ကဆို ငါ့ကို စကားေအးေအးေလးေတြနဲ ့ပဲ ဆံုးမတက္တယ္ ။ ဒါဆို မင္းေျပာၾကည့္ ။မင္း ေဖေဖနဲ ့ေမေမ ရယ္ ငါ့ပါးပါးနဲ ့သက္ပံုရယ္ ဘယ္သူပိုေကာင္းလဲ "

" ပါးပါးနဲ ့သက္ပံု "

ယေသာ္လင္းသည္ ထိုစကားေတြကိုေျဖ
ၾကားပီး  သူ ႔လက္ေမာင္းေတြၾကားမ်က္နွာေလးကိုဖြက္လိုက္သည္။
အေတာ္ၾကာေတာ့ ပုခံုးေလးလႈပ္ကာ
ငိုေႂကြးလာတာေၾကာင့္ ဦးခ်ီ ကိုင္ထားတဲ့
ခဲတံေလးကိုေဘးခ်ကာ  ကုတင္ေပၚတက္လိုက္သည္။

ငိုေနတဲ့ ယေသာ္လင္းရဲ႕ ေဘးမွာ က်ံဳ ႕က်ံဳ ႕ေလးဝင္ထိုင္ၿပီး သူ ႔လက္ေသးေသးေလးေတြနဲ ့ဆံပင္ေတြကိုပြတ္ကာ ေခ်ာ့ေန၏။

စကားေတြေတာ့ မေျပာပါ။
ဦးခ်ီက ကေလးေတြကို မေခ်ာ့တက္ေပ။
ယေသာ္လင္းသည္ဦးခ်ီ ထက္ ၆လတိတိငယ္သူ မို ႔ သူလည္းကေလးပင္ျဖစ္သည္။

အေတာ္ၾကာမွ ငိုသံတိတ္သြားၿပီး 
ယေသာ္လင္းေမာ့ၾကည့္လာ၏။

" ငါ ေဖေဖနဲ ့ေမေမက မေကာင္းဘူး။
မင္းပါးပါးတို ႔လို  မဟုတ္ဘူး။ ရန္လည္းခနခနျဖစ္တယ္။ ေဖေဖက ငါ့ကို မခ်စ္ဘူး။ ရုိက္လည္းရုိက္တယ္။ "

"အင္း "

"ငါ ..ငါလည္း ႀကီးလာရင္  ပါးပါးတို ႔လို
ေကာင္ေလး ယူရမလားဟင္။ "

ယေသာ္လင္းစကားေၾကာင့္ ေခါင္းကို ပြတ္ေပးေနေသာ ဦးခ်ီလက္ကေလးသည္
ဆက္မလႈပ္ရွားေတာ့ပဲ ရပ္တန္ ႔သြား၏။

ခ်စ္တဲ့အိမ္စည္။

မနက်အစောကြီးမိုးမလင်းခင်ကတည်းက
ဇောတိက ဈေးဆိုင်သည် ဈေးဝယ်သူများနှင့် စည်ကားနေလျက်ရှိသည်။
မပြောင်းလဲစွာ ပင်  သက်ပုံသည် ကောင်တာထိုင် ပိုက်ဆံသိမ်းလုပ်နေပြီး  ကောင်းချီကတော့  လက်ကျောတင်းသူပီပီ
တစ်မနက်လုံး သူမပါရင်းမပြီး  ပြေးလွှားလုပ်ကိုင်နေသည်။
မနက်၇နာရီ ကျော်  ဆွမ်းခံပြန်ချိန်ရောက်ရှိလာတဲ့ အချိန်မှာတော့ ဈေးဝယ်သူသည်
သုံးလေးယောက်သာရှိတော့၏။

" ကောင်းချီ ဖေဖေတို့ အတွက်မနက်စာ ဘာစီစဉ်ထားလဲ "

" ပဲကောက်ညှင်းပေါင်းပူပူလေးနဲ့ 
ငါးရံ့ခြောက်ဖုတ်ရယ်၊ သက်ပုံသောက်နေကျ ဖန်ကဲလေး ကို ဓာတ်ဘူးနဲ့  တစ်ဘူးသွားဝယ်ခိုင်းထားတယ်။ ပြီးတော့  ဒေါ်လေးမြရင်ကို အဖေတို့ ရောက်တုန်း မုန့် ဟင်းခါးများစားချင်မလားလို့  ချက်ခိုင်းထား‌ သေးတယ်"

ကလေးတွေမမှီတဲ့ စင်ပေါ်က  ခေါက်ဆွဲဖာတွေကို ချပေးနေတဲ့ ကောင်းချီက
သက်ပုံစကားကြောင့်လှည့်မကြည့်ပဲ ပြောလာသည်။

မမြင်ရပေမဲ့ သက်ပုံခေါင်းတဆတ်ဆတ်ငြိမ့်ပြပြီး အိမ်ပေါ်ထပ်ကို တက်ခဲ့သည်။
မနှိုးရင်မထတက်သော  သူ့သား ဦးချီအကြောင်းသိသည်မို့    မနက်ဆို သူ့ ကို နှိုးရသည်က အလုပ်တစ်လုပ်ပင်။
သားသမီးဆိုတော့ ဒါသည်က အပြစ်မဟုတ်ပဲချစ်နေရတာပဲမို့ လား။

ကျွန်းတံခါးကို အသာလေးတွန်းဖွင့် ဝင်ကာနှိုးမယ်ကြံတော့ မြင်ရတဲ့ မြင်ကွင်းလေးက စိတ်ချမ်းသာစရာပင်။

အိပ်ရေးဆိုးလှတဲ့ ပုံညာဦးချီ တစ်ယောက်
ယသော်လေးကို အားရပါးရ ဖက်ကာ
ပုခုံးကြားခေါင်းတိုးဝင်လျက် အိပ်ပျော်နေတာပင်ဖြစ်သည်။

"ကြည့်ပါအုန်း ..ဦးချီ တစ်ယောက် ခုမှဖက်လုံးအကောင်းစားလေးရနေ..ဟင်! ဒါကြီးကဘာကြီးလဲ ? "

ကုတင်ဘေးကို သက်ပုံ အလျင်အမြန်သွားတိုးကပ်ကြည့်မိသည်။

ဘုရားရေ!!

မြင်လိုက်ရသည်က ပန်းရောင်အတွင်းခံကြီး ။

" ဒါ ..ဒါ  ငါရောင်းတဲ့ထဲက မိန်းကလေးဝတ်ကြီးမို့ လား။ "

သက်ပုံတစ်ယောက် မျက်လုံးပြူးလျက်
သူ့ သားဖင်က ဘောင်းဘီကြပ်ကို အနီးကပ်သေချာကြည့်မိ၏။
ခါတိုင်းလိုပင် ပုံညာဦချီက ပုဆိုးသည်ခါးရောက်နေကာ  ဖင်ကြပ်ပန်းရောင်ကြီးသည်
ထင်းခနဲ မြင်နေရသည်။
သက်ပုံ ခေါင်းတွေတောင်မူးလာ၏။
ဒီဘောင်းဘီသည် ဘယ်ကရောက်လာသလဲဆိုတာ သူကိုယ်တိုင်လည်းမသိ။
ဖြစ်နိုင်တာကတော့ သူမှားထည့်ပေးထားဖို့ များသည်။
ဦးချီ သိလို့ မဖြစ်ပေ။
သိသွားရင် နောက် ဘောင်းဘီဝတ်ဖို့ ပြောရခက်သွားလိမ့်မည်။

ချွေးပြန်လာတဲ့ အခြေနေကိုခေါင်းကုတ်စဉ်းစား ရင်းအဖြေထုတ်နေမိသည်။
၅စက္ကန့် လောက်အကြာမှတော့
သက်ပုံ အတွေးရကာ မျက်နှာလေး လင်းလက်လာ၏။

သွက်လက်မြန်ဆန်စွာ  ဦးချီ ဝတ်ထားသော
ဘောင်းဘီကြပ်ကို  မနိုးအောင်အသာချွတ်လိုက်တော့ ရွှေပန်းမဲမဲ ကငေါက်ခနဲ။

ဟီးဟီး ...

ကိုယ့်သားကို ကိုယ်ကြည့်ကာ သက်ပုံ သဘောကျလို့ နေသည်။
ထို့ နောက် လက်နဲ့  ရွှေပန်းပိစိကို အသာ တောက် စနှောက်ကာ ဘီဒိုအောက်ဆုံးထပ်ကိုပြေးဖွင့်ရသည်။ မနိုးခင်ဘောင်းဘီပြန်ဝတ်ပေးရမည်။ မဟုတ်ရင်
ဂုဏ်သိက္ခာကြီးမားလှသော မောင်လေကျယ်သည် ရှက်ပါသည်ဆိုကာ တနေ့လုံးအပြင်ထွက်တော့မည်မဟုတ်။

အနက်ရောင် အတွင်းခံကို ပြောင်းဝတ်ပေးရင်း သူ့ သားကို အသာငုံ့ နမ်းကာ
အပြင်ထွက်ခဲ့လိုက်သည်။
လက်ထဲမှာ လည်း အောင်မြင်စွာ ချွတ်ယူခဲ့သော ပန်းရောင်ဘောင်းဘီကြပ်က
တန်းလန်းဆွဲကိုင်လျက်ပင်။

______

" သက်ပုံ  သားရဲ့ ဘောင်းဘီလေးရော ..
ပန်းရောင်လေးလေ "

နားနာကပ်ကာ တိုးတိုးကပ်ပြောလာတဲ့
ဦးချီကြောင့် ရယ်ချင်မူ့ က ထိန်းမရ။
ဒါပေမဲ့ ခက်တည်တည်ဟန်လုပ်ကာ

" ဘယ်က ပန်းရောင်ဘောင်းဘီလဲ။ "

" ဟို ..သားမနေ့ကဝတ်အိပ်တာ ။ အိပ်ယာနိုးလာတော့ သားဘောင်းဘီက အနက်ရောင်ပြောင်းသွားတယ် "

" အော် အဲ့ဒါလား။မနက်က ဖေဖေ အခန်းထဲလာတော့  သားဝတ်ထားတာတွေ့
လို့ အနက်ရောင်နဲ့ လဲပေးလိုက်တာ။ ပန်းရောင် က သားနဲ့ မလိုက်ဘူးလေ။ သားက ယောကျာ်းပီသတာ ကြိုက်တယ်ဆို အဲ့ဒါကြောင့်ဖေဖေအနက်ကလေး လဲပေးထားတာ ။ "

"သားနဲ့  တကယ်မလိုက်ဘူးလား"

သက်ပုံ အမြန်ပင်ခေါင်းညိမ့်ပြလိုက်တော့ ပုံညာဦးချီတစ်ယောက် ဇဝေဇဝါဖြစ်သွားဟန်။

" အင်း .. သားက အနက်ရောင်လေးနဲ့ပိုလိုက်တယ်။
အနက်ရောင်က ယောကျာ်းပိုပီသစေတယ် "

ထိုအခါမှ ယုံယုံကြည်ကြည် ခေါင်းညိမ့်ကာ
" မလိုက်ရင်တော့ သားမဝတ်တော့ပါဘူး။ " ဟု ဆိုလာသည်။

ထို့နောက်ဆက်မပြောတော့ပဲ ခေါင်းငုံ့ ကာ မုန့် ဟင်းခါးမှုတ်သောက်နေတာမို့  သက်ပုံပြုံးကာ ခေါင်းကလေးကိုပွတ်ပေးလိုက်သည်။

" ဘာတွေတိုးတိုး ပြောနေတာလဲ ။
သက်ပုံကိုတိုင်ရအုံး မယ်သိလား။
ဦးချီက အရမ်းအိပ်ရေးဆိုးတာပဲ ..
သားဆို တညလုံးကောင်းကောင်းအိပ်မရဘူး"

ယသော်လင်းက  ကောင်ညှင်းပေါင်းထဲက ပဲစိလေးတွေရွေးစားရင်  သက်ပုံကိုတိုင်တန်းလာသည်။
အဲ့ဒါကိုပင် မနက်စာစားရင်း
သဘောကျစွာပြောဆို ရယ်မောကာ အရွှန်းဖောက်နေကြသည်။
ပုံညာဦးချီကတော့  သူ့ အကြောင်းတွေပြောနေတာကြောင့် ရှက်ရွံ့ စွာခေါင်းပင်မဖော်တော့ပေ။

" စားကောင်းလားအဖေ။ အစာကြေဆေးလေး စားလိုက်ပါအုန်း။ ကောင်ညှင်းပေါင်းတွေစားထားတာဆိုတော့ ရင်ပြည့်နေမှာစိုးလို့ "

ဆေးဘူးလေးကို ဘေးနားချပေးရင်း
ကောင်းကောင်းက ပြောလာသည်မို့ ဦးသက်ကျော် ခေါင်းညိမ့်ကာ အသိမှတ်ပြုလိုက်သည်။
သူ့ သားမက်လိမ်မာရေးခြားရှိတာကတော့ ဂုဏ်ယူစရာပင်။
ရောက်ကတည်း က တစ်အိမ်လုံး စည်းကမ်းရှိရှိလုပ်ကိုင်နေတာကိုလည်းမြင်ရသည်။ ဘယ်နေရာမှ ရေသာခို အချောင်မလိုက်ပဲ  ဖင်ပေါ့စွာ အလုပ်တွေ သိမ်ကြုံးလုပ်သွားသည်ကိုတော့ လူကြီးတစ်ယောင်အမြင်နဲ့ အတော်လေးသဘောကျသည်ပြောရမယ်။

ခုလည်း ရေနွေးခွက်ကိုတခါတည်းငှဲ့ ပေးကာ ဆေးကိုပါ လက်ထဲ ထည့်ပေးပြီး တခါထဲသောက်ဖို့ ပြင်ပေးနေသည်။

" ဗမာဆေးလေး အဖေ။ ရေနွေးလေးနဲ့ သောက်လိုက်ရင်ပိုကောင်းတယ်။ အပြန်ကြရင်လည်း ထည့်ပေးရအုန်းမယ်။
လူကြီးဆိုတော့  ဆောင်ထားသင့်တယ်"

"အင်း ကောင်းသားပဲ။ မင်းတို့ လုပ်ငန်းတွေရော အဆင်ပြေရဲ့လား။ အဖေ ဘာလုပ်ပေးဖို့ လိုသေးလဲ "

ယောက်ခမ ဆီမှာ သူ့ ကိုသူ အဖေဟု ပြောလာမူ့ ကြောင့်  ဆေးဘူး ပိတ်နေတဲ့လက်တွေသည်  ရပ်တန့် သွားသည်။
ဝဲတက်လာသောမျက်ရည်များကိုသိမ်းဆည်းရင်း  အဖုံးဆက်ပိတ်နေပါသော်လည်း
ရင်ထဲမှာတော့ ပျော်ရွှင်လို့နေသည်။
သက်ပုံရဲ့ အဖေသည်  သူ့ အပေါ်မှာ နောက်ဆုံးအသိမှတ်ပြုသွားခဲ့ပြီ။

အခေါ်အပြောရှိနေပေမဲ့  အဖေက
အရင်ကဆိုရင်မကောင်းတက်၍သာ သူ့ ကို ပြောဆိုနေတက်သူဖြစ်သည်။
ယခုမူ  သူ့ အပေါ်မှာ အဖေ့အမြင်တွေ ပြောင်းလဲလာခဲ့ပြီမို့  ကောင်းချီ တော်လေး
ဝမ်းသာမိပါသည်။

" အဆင်ပြေပါတယ် အဖေ။ ကျွန်တော်တို့ လုပ်ငန်းတွေက အသားကြလာတော့
အရင်လောက်  မခက်ခဲတော့ပါဘူး။
ဈေးဆိုင်ရော ၊ပွဲရုံရော ၊ ကုန်ကားထွက်တာရော ဆိုတော့ စီးပွားလည်းတက်ပါတယ်အဖေ "

ဦးသက်ကျော်က ခေါင်းတညိမ့်ညိမ့်နဲ့ ပင်
ကောင်းချီ စကာတွေကိုနားထောင်ပေးနေသည်။  တံငါကုန်းရွာ က ရွာဆိုပေမဲ့
တိုးတက်လာတာ သူလည်းမြင်နေရသည်ပဲ။ လျှပ်စစ်မီးလည်းရ၊ ကားလမ်းတွေလည်းကောင်းနေပြီမို့ အတော်လေး နေလို့ ထိုင်လို့ ကောင်းလှတဲ့ရွာဖြစ်၍နေချေသည်။

" သက်ပုံ  ပါးပါးတို့ နားမသွားပဲ
ဘာလို့ ဒီနားကနေ ချောင်းကြည့်နေတာလဲဟင် "

ထမင်းစားခန်းက တံခါးအကွယ်လေးကနေ ချောင်းကြည့်နေတဲ့ သက်ပုံသည်
သူ့ အောက်မှာ သူလို ခေါင်းပြူ ကြည့်နေတဲ့  အဖြူ အမဲ နှစ်ယောက်ကို ငုံ့ ကြည့်ကာ  ပြုံးပြလိုက်သည်။
ထို့ နောက် နုညံ့သောအသံဖြင့် ..
ကလေးတွေဘေးကို ဒူးတစ်ဖက်ထောက်ထိုင်ကာ  ....

"ပါးပါးပျော်နေတာကို သက်ပုံကမနှောက်ယှက်ချင်လို့ ပေါ့။  သားတို့ ရဲ့ ပါးပါးက အရမ်းသနားစရာကောင်းတာ။ အရင်ကဆို  ဘိုးဘိုးကြီးက
ပါးပါးကို အရမ်းမုန်းတာလေ။ ခုလို စကားတွေပြောဖို့ နေနေသာသာ 
အိမ်ရိပ်တောင်နင်းခံတာမဟုတ်ဘူး။
ခုကြည့်စမ်း ဘိုးဘိုးက ပါးပါးကိုစကားတွေအများကြီးပြောတော့ ပါးပါးပျော်နေတာမြင်ရတယ်မို့ လား "

ဧည့်ခန်းမှာ ရှိတဲ့ ကောင်လေးသည်
ပျော်ရွှင်စွာ စကားတွေအများကြီး ပြောနေတာကို ကြည့်ရင်း သက်ပုံ မျက်ရည်စတွေရစ်ဝိုင်းလာရသည်။

သူက သိပ်သနားစရာကောင်းခဲ့တဲ့ကောင်လေးလေ...

ခုတော့  ဒီကောင်လေး မျှော်လင့်ခဲ့ရတဲ့
အိမ်မက်တွေဖြစ်လာခဲ့ပါပြီ။

ပျော်စေချင်တယ်ကောင်းချီရေ..

ငါတို့ အချစ်တွေက ဒီထပ်ပိုထိုက်တန်ဆိုတာ မင်းကို ပြချင်သေးတယ်။

အဲ့ဒါ ..တကယ်ပါ......

______

"ဦးချီ "

"ဟင် "

ယသော်လင်းက ကုတင်ပေါ်အားယားမှောက်နေရင်းထောင်ထားတဲ့ ခေါင်းလေးကို မွေ့ ယာပေါ် ချအိပ်လိုက်သည်။
တစုံတရာ အတွေးများနေပြီး သက်ပြင်းချလို့ နေသည်မို့  ဦးချီ စာဖတ်နေရာ မှ
လှည့်ကြည့်ကာ ပြောလာမဲ့စကားကိုစောင့်နေမိသည်။

" ပါးပါးနဲ့ သက်ပုံက  လင်မယားတွေဆို "

"အင်းလေ ။ ဘာဖြစ်လို့လဲ "

ဦးချီမထူးဆန်းစွာ ပြန်မေးလိုက်သည်။
ယသော်လင်းမှ မဟုတ်ဘူး ပါးပါးတို့ နှစ်ယောက်အကြောင်းကိုကျောင်းက သူငယ်ချင်းတွေလည်းမေးနေကြပင်။

" ငါ့ မေမေနဲ့ ဖေဖေ လည်းလင်မယားပဲလေ။ ဒါပေမဲ့ ပါးပါးနဲ့ သက်ပုံကကျ လင်မယားလုပ်လို့ မှမရတာ။ "

ဦးချီ  လေးနက်စွာမေးလိုက်သည်။

"ဘာလို့ လုပ်လို့ မရတာလဲ ။ "

"ပါးပါးရော  သက်ပုံရော ကောင်လေးတွေမို့ လို့ ပေါ့။ ကောင်းလေးအချင်းချင်းယူ
လို့ ရလို့လား "

ယသော်လင်းစကားကို ဦးချီ စိတ်ဆိုးသွားသည်။ လူတွေအကုန်လုံးသည် ဦးချီကိုတွေ့ ရင် သက်ပုံအကြောင်းကိုမေးကြသည်။ သက်ပုံ က ဘာတွေထူးဆန်းနေလို့ လဲ။ သက်ပုံက ရွာထဲက မိန်းကလေးတွေထပ်တောင်ပိုကြည့်ကောင်းသေးသည်။
ပြီးတော့ သက်ပုံမှာ လှပတဲ့ စိတ်ထားလေးလည်းရှိသည်။
ဦးချီကတော့ မေမေ တယောက်ရမဲ့အစား သက်ပုံကိုပဲလိုအပ်သည်။
သက်ပုံကိုပဲချစ်သည်။
ထို့ကြောင့် ယသော်လည်းကို စိတ်ဆိုးပေမဲ့ သက်ပုံ တို့ နှစ်ယောက်အကြောင်းကို ပြောပြဖို့  ပြင်လိုက်သည်။

" ကောင်လေးနှစ်ယောက်က လင်မယားမလုပ်ရဖူးလို့ ဘယ်သူပြောလဲ ။ သက်ပုံ ရှေ့ မှာ အခုလိုစကားတွေ မပြောနဲ့ နော်
ယသော် ။ ပါးပါး စိတ်မကောင်းဖြစ်လိမ့်မယ်။  "

ယသော်လင်းက ဦးချီစကားကို
သူနားလည်ကြောင်းခေါင်းငြိမ့်ပြသည်။

" ငါငယ်ငယ်လေးကတည်းက  လူတွေက
မင်းလိုပဲ  ပါးပါးတို့ နှစ်ယောက်အကြောင်းကိုမေးကြတယ်။ တကယ်တော့ အဲ့လိုမေးရင် ငါအရမ်းမုန်းတာပဲ။ ထားပါတော့ ..
မင်းနားလည်အောင် ပြောရရင် ငါတို့ အိမ်မှာ တခါမှ ရန်ဖြစ်တာမရှိဖူးဘူး။
စကားများတာလည်းမရှိဘူး။ ပါးပါးကလည်းငါ့ကို တစ်ခါမှ မရိုက်ဖူးဘူး။ သက်ပုံ
ကဆို ငါ့ကို စကားအေးအေးလေးတွေနဲ့ ပဲ ဆုံးမတက်တယ် ။ ဒါဆို မင်းပြောကြည့် ။မင်း ဖေဖေနဲ့ မေမေ ရယ် ငါ့ပါးပါးနဲ့ သက်ပုံရယ် ဘယ်သူပိုကောင်းလဲ "

" ပါးပါးနဲ့ သက်ပုံ "

ယသော်လင်းသည် ထိုစကားတွေကိုဖြေ
ကြားပီး  သူ့ လက်မောင်းတွေကြားမျက်နှာလေးကိုဖွက်လိုက်သည်။
အတော်ကြာတော့ ပုခုံးလေးလှုပ်ကာ
ငိုကြွေးလာတာကြောင့် ဦးချီ ကိုင်ထားတဲ့
ခဲတံလေးကိုဘေးချကာ  ကုတင်ပေါ်တက်လိုက်သည်။

ငိုနေတဲ့ ယသော်လင်းရဲ့ ဘေးမှာ ကျုံ့ ကျုံ့ လေးဝင်ထိုင်ပြီး သူ့ လက်သေးသေးလေးတွေနဲ့ ဆံပင်တွေကိုပွတ်ကာ ချော့နေ၏။

စကားတွေတော့ မပြောပါ။
ဦးချီက ကလေးတွေကို မချော့တက်ပေ။
ယသော်လင်းသည်ဦးချီ ထက် ၆လတိတိငယ်သူ မို့  သူလည်းကလေးပင်ဖြစ်သည်။

အတော်ကြာမှ ငိုသံတိတ်သွားပြီး 
ယသော်လင်းမော့ကြည့်လာ၏။

" ငါ ဖေဖေနဲ့ မေမေက မကောင်းဘူး။
မင်းပါးပါးတို့ လို  မဟုတ်ဘူး။ ရန်လည်းခနခနဖြစ်တယ်။ ဖေဖေက ငါ့ကို မချစ်ဘူး။ ရိုက်လည်းရိုက်တယ်။ "

"အင်း "

"ငါ ..ငါလည်း ကြီးလာရင်  ပါးပါးတို့ လို
ကောင်လေး ရချင်တယ် ။ "

ယသော်လင်းစကားကြောင့် ခေါင်းကို ပွတ်ပေးနေသော ဦးချီလက်ကလေးသည်
ဆက်မလှုပ်ရှားတော့ပဲ ရပ်တန့် သွား၏။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz