နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
7
" မ်က္စိေတြ ေနာက္ေနၿပီေနာ္ ဦးခ်ီ။
အခ်ိန္တန္ေရာက္လာမွာေပါ့ ။ မိုးမလင္းခင္ကတည္းကျပာယာခတ္ေနတာျမင္မေကာင္းဘူး "
သက္ပံု အေျပာေၾကာင့္ ဆိုင္ေရွ ႔ေမ်ွာ္ၾကည့္ေနတဲ့ ပံုညာဦးခ်ီ တစ္ေယာက္ တကုတ္ကုတ္နဲ ့ ေကာင္တာေဘး မလွမ္းမကမ္းကခံုမွာဝင္ထိုင္လာသည္။
သက္ပံု သူ ႔သားကို ၾကည့္ၿပီး
သက္ျပင္းခ်လိုက္ မိသည္။
ေဖေဖတို ႔လာမယ္ေျပာကတည္းက
ေကာင္းခ်ီ သည္ အခန္းကို ေသခ်ာရွင္းလင္းထားရုံသာမက တအိမ္လံုးကိုပါ
အထပ္ထပ္အခါခါ တိုက္ခြၽတ္ေဆးေက်ာထားတာေျပာင္လို ႔ရွင္းလို ႔။
သားျဖစ္သူကလည္း ၿငိမ္ၿငိမ္ေနလိမ့္မည္မထင္နဲ ့။ ဖေအတူသားပီသစြာ
သူငယ္ခ်င္းျဖစ္သူ ယေသာ္လင္းပါ ပါမည္ဆိုကာရွိေသး သူ ႔အခန္းမွာ သိပ္ဖို ႔
အိပ္ယာခင္းေတြပါေတြက အစ တပူပူတညံညံလဲခိုင္းေသးသည္။
မလြယ္ပါဘူး။ ဒီသားဖက။
ခုလည္း အိမ္ေရွ ႔မွာ ဦးခ်ီ တေယာက္
တေမ်ွာ္ေမ်ွာ္လုပ္ေနလို ႔ဆူထားလို ႔ ၿငိမ္မယ္မထင္နဲ ့ အိပ္ေပၚကိုေျပးတက္သြားျပန္သည္။ ဘာလုပ္အုန္းမလို ႔ပါလိမ့္..
" ဦးခ်ီ ျဖည္းျဖည္းတက္တာမဟုတ္ဘူး။ တကယ္ပါပဲကြာ။ "
သက္ပံု ေအာ္ေနတာေၾကာင့္ ဦးခ်ီ
ေျပးတက္တာကို အရွိန္ေလ်ာ့ကာ ေျဖးေျဖးေလးတက္သြားလိုက္သည္။
အေပၚေရာက္ေတာ့ ပါးပါးတို ႔နဲ ့မ်က္နွာခ်င္းဆိုင္အခန္းတံခါးကိုဖြင့္ကာ ဝင္လိုက္၏။
အခန္းထဲတြင္ သက္ပံု အသစ္လဲေပးထားေသာ ပန္းေရာင္ အိပ္ယာခင္းလွလွလးရယ္ ၊ ဆင္တူေခါင္းအုန္းေလးနွစ္လံုးေၾကာင့္ ဦးခ်ီ သေဘာမက်သလို ေခါင္းကို ကုတ္လိုက္သည္။
အိပ္ယာခင္းအသစ္ကေတာ့ ထားပါေတာ့။
ဦးခ်ီက ယေသာ္လင္းနဲ ့ ပါးပါးတို ႔လို အတူအိပ္ရမွာလား။
ယေသာ္လင္းက အိပ္ေရးဆိုးတယ္တဲ့
အန္တီခင္ေထြးက ေျပာဖူးသည္။
ၿပီးေတာ့ ယေသာ္လင္း က နည္းနည္းညစ္ပတ္ေသးသည္။
အတူအိပ္လို ႔ျဖစ္ပါ့မလား။
မေရမရာ အေတြးေတြနဲ ့ဦးခ်ီ စိတ္ညစ္လို ႔သြားသည္။
ထို ႔ေနာက္လာရင္းကိစၥကို သတိရသြားၿပီး
သက္ပံု ဝယ္ေပးထားေပမဲ့ သူဝတ္ေလ့မရွိပဲ သိမ္းထားတက္ေသာ ဘီဒို ေအာက္ဆံုးထပ္ေလးကို ဖြင့္လိုက္၏။
ထိုအထဲမွာ ညီညာေနေအာင္ ေခါက္ေပးထားတဲ့ အတြင္းခံေဘာင္းဘီ ေရာင္စံု
ရွိေလသည္။
ပုဆိုးဝတ္တိုင္း သက္ပံုက အတြင္းခံ ခံဝတ္ခိုင္းတက္ေသာ္လည္း ဦးခ်ီက လစ္ရင္ လစ္သလို မဝတ္ပဲေနတက္သည္။
ၿပီးေတာ့ ေျပာေသးသည္ ေယာက်ာ္းဆိုတာ အတြင္းခံဝတ္မွ တဲ့။
ဘာမွလည္းမဆိုင္ဘူး။
ဝတ္ရင္ ပူတာ ေတာ့ ဦးခ်ီသိသည္။
ထို ႔ေၾကာင့္ ဦးခ်ီက ေတာ့ ဘယ္ေတာ့မွအတြင္းခံမဝတ္တက္ေပ။
မဝတ္ပဲေနေတာ့ ေလဝင္ေလထြက္ေကာင္းသည္ေလ။ တခုပဲ သက္ပံုသိရင္
အခ်ိန္ၾကာႀကီးဆူခံရတာေပါ့။
ဒီေန ႔ေတာ့ ဦးခ်ီ မဝတ္ပဲေနလို ႔မရေပ။
တကယ္ေတာ့ဒီေန ႔တင္မဟုတ္ဘူး ။
ယေသာ္လင္းမျပန္မခ်င္းဝတ္မွ ရမည္။
ေနာက္တႀကိမ္ ဖင္မဲ ဟူလည္းအေခၚမခံနိုင္ေတာ့ၿပီ။
အဲ့ဒါေၾကာင့္ ယေသာ္လင္းမျမင္ရေအာင္
ဦးခ်ီ ဖင္ေလးကို လံုၿခံဳေအာင္ သိမ္းထားဖို ႔
ျပင္လိုက္ျခင္းျဖစ္၏။
စိတ္ကူးကို လက္ေတြ ႕အေကာင္ထည္ေဖာ္ဖို ႔ ဦးခ်ီ အတြင္းခံေရာင္စံုထဲက တထည္ေ႐ြးထုတ္လိုက္သည္။
အသားမဲသည္ဟု အထင္မခံရေအာင္လည္း အေရာင္လွလွေ႐ြးဖို ႔လည္းသူမေမ့ပါ။
ပါးပါး သည္ သက္ပံု ပန္ေရာင္ဝတ္တိုင္းေျပာေလ့ရွိသည္။
" ခင္ဗ်ားက အသားေဖြးေပမဲ့ ပန္းေရာင္ႏုႏုေလးဝတ္လိုက္ရင္ ပိုေဖြးသြားလိုပဲ "တဲ့
အဲ့ဒါေၾကာင္ ့ဦးခ်ီ ေ႐ြးခ်ယ္ရာသည္
ပန္းေရာင္ အတြင္းခံေလးပင္။
ဒါဆို ယေသာ္လင္းအမွတ္တမဲ့ ျမင္ရင္ေတာင္ ဖင္ေဖြးသြားသလို ခံစားသြားရမွာပင္။
ကာတြန္းရုပ္ေလးေတြပါတဲ့ပန္းေရာင္အတြင္းခံကို ဝတ္ၿပီးခ်ိန္တြင္ ေအာက္ထပ္တြင္ ကားဟြန္းသံၾကားလိုက္ရသည္။
"ဟာ ဘိုးဘိုးတို ႔လာၾကၿပီ "
အသည္းသန္ေျပးထြက္လာေပမဲ့ ေလွကားကို ေရာက္ေတာ့ ျဖည္းျဖည္းေလးပဲဆင္း၏။
"လာ ေဖေဖ ။ ျမန္သားပဲေရာက္တာ။
ကြၽန္ေတာ္က ေနာက္တနာရီေလာက္ေန
မွ ေရာက္မယ္ထင္တာ။ ေဖေဖ့ေျမးကေတာ့ တမနက္လံုး ထိုင္မရထမရေမ်ွာ္ေနတာ။ ဒါေလးက ယေသာ္လင္း ဆိုတာေလးလား။ အေခ်ာေလးပဲ ။ လာ လာ ေဖေဖအထဲေရာက္မွ စကားေျပာၾကမယ္"
သက္ပံု ေနာက္ေက်ာကေန မေတြ ႕တာတနွစ္နီးပါးေလာက္ၾကာတဲ့ယေသာ္လင္းကို ဦးခ်ီ ခိုးၾကည့္လိုက္သည္။
ဖုန္းေတြအၿမဲေျပာျဖစ္ေပမဲ့ ေတြ ႕ရမွာကိုေတာ့ ရွက္သလိုလိုႀကီးျဖစ္ေနသည္။
ယေသာ္လင္းသည္ အရင္အတိုင္းပဲ
ရႈိးမ်ားဆဲပင္။
အျဖဴ ေရာင္ လက္ရွည္ အက်ၤ ီနဲ ့ဂ်င္း ေဘာင္းဘီရွည္ကိုဝတ္ဆင္ထားကာ ေခါင္းမွာလည္း ဦးထုပ္အဝိုင္ႀကီးေဆာင္းထားေသးသည္။
ဂ်င္းေဘာင္းဘီၾကပ္ၾကပ္ကို ဝတ္ဆင္ထားတာမို ႔ေသးေနတဲ့ ေပါင္တံတို ႔သည္
အတိုင္းသားခန္ ႔မွန္းလို ႔ရေခ်သည္။
အေတာ္ေလးပဲမ်ားတဲ့ ယေသာ္လင္းေပတည္း။
" ဂြတ္ "
"အ! "
ပူထူသြားတဲ့ ဦးေခါင္းကိုဖိလို ႔ ဦးခ်ီ
အလန္ ႔တၾကားၾကည့္မိေတာ့
ယေသာ္လင္းသည္ မၾကည္သလိုမ်က္နွာထားနဲ ့စူပုတ္ေနသည္။
"မင္း ငါ့ကိုေခါက္ျပန္ၿပီ "
"ေခါက္ေတာ့ဘာျဖစ္လဲ။ ငါလာတာျမင္ရက္သားနဲ ့ မင္း မသိခ်င္ေယာင္ေဆာင္ေနလို ႔တမင္လုပ္တာ "
ဲိဦးခ်ီ ေခါင္းကိုဖိထားတဲ့ လက္ကို ေအာက္ျပန္ခ်လိုက္သည္။
ယေသာ္လင္းသည္ သူ တို ႔အိမ္ကိုလာလည္တဲ့ ဧည့္သည္မို ႔ သူေဒါသထြက္လို ႔မရေပ။ ထို ႔ေၾကာင့္ စိတ္ေလ်ာ့ကာ
" မသိခ်င္ေယာင္ေဆာင္တာမဟုတ္ပါဘူး။
လာ လာ အေပၚသြားရေအာင္ ။ သက္ပံုတို ႔ေတာင္ တက္သြားၾကၿပီ ။ "
" မင္းတို ႔အိမ္က ႀကီးသားပဲ။
မုန္ ႔ေတြကလည္းအမ်ားႀကီးပဲ ငါစားလို ႔ရလား "
ယေသာ္လင္းသည္ ေလွကားကေန အေပၚထပ္ကို တက္ေနေသာ္လည္း အၾကည့္တို ႔သည္ ေအာက္ထပ္က မုန္ ႔ေတြ ထည့္ထားေသာဂ်ပ္ဖာေတြဆီကိုသာ ေရာက္ေန၏။
"ရတာေပါ့။ မင္းႀကိဳက္တာစားလို ႔ရတယ္။
အခုလည္း မင္းတို ႔လာမယ္ဆိုလို ႔
ပါးပါးနဲ ့သက္ပံု က မုန္ ႔ေတြေရာ ၊ဟင္းေတြအမ်ားႀကီးေရာ ခ်က္ထားၾကတယ္။ "
အေပၚထပ္ဧည့္ခန္းမွာ ဘိုးဘိုးသည္
ထိုင္ေနေပမဲ့ ေသခ်ာ အကဲခတ္ေနၿပီး
သက္ပံုကေတာ့ ေရခဲေသတၱာထဲက မုန္ ႔ေတြ ထုတ္ကာ စားပြဲေပၚခ်ေပးေနသည္။
" ေကာင္းေကာင္းကေရာ "
" အျပင္ခဏသြားတယ္ေဖေဖ။
တံငါစုမွာ ပုဇြန္ သြားဝယ္ခိုင္းလိုက္တာ
ညေနစာ လတ္လတ္ဆတ္ဆတ္စားရအာင္လို ႔"
ဦးသက္ေက်ာ္ ဆက္မေမးေတာ့ပဲ
ဦးခ်ီ ကို လက္ယပ္ေခၚလိုက္သည္။
" လာပါအုန္း ငါ့ေျမးရာ။ မင္းသူငယ္ခ်င္းပါေနတာနဲ ့ဒီအဘိုးႀကီးကိုဂရုမစိုက္ဘူးေပါ့ဟုတ္လား"
"မဟုတ္ပါဘူးဘိုးဘိုးကလည္းသားက
ဘိုးဘိုးလာမယ္ေျပာကတည္းကေမ်ာ္ေနတာပါ။ မဟုတ္ေတာင္ ဘိုးဘိုးမလာျဖစ္ရင္ သားက ဘိုးဘိုးကိုလြမ္းလို ႔လာေတြ ႕မွာပါဗ်ာ "
"ဟားဟား ဦးခ်ီရာ ။ မင္းငါ့ကို စကားေတြနဲ ့ခ်ဳပ္ေနတာငါမသိဘူးမွတ္ေနလား။
မင္းေတြ ႕ခ်င္တာ ငါမဟုတ္ပါဘူး။
ငါေျပာတာမွန္တယ္မို ႔လား"
"မဟုတ္ပါဘူးဆို "
ဦးခ်ီ ရဲ ့ မ်က္နွာရဲရဲကိုၾကည့္ကာ ယေသာ္လင္းနွာေခါင္းရႈ ံ ့လိုက္သည္။
ဒါေလးေျပာတာကိုရွက္စရာလား။
"သက္ပံု ဒါဘာမုန္ ႔လဲ "
ဦးခ်ီေခၚသလို သူ ႔အေဖကို ယေသာ္လင္း
သက္ပံုဟု ေခၚလိုက္ေတာ့ ခပ္ေခ်ာေခ်ာဦးေလးႀကီးက ၿပံဳးျပလာတယ္။
ဖုန္းထဲမွာ အၿမဲၾကားေနရတဲ့ ဦးခ်ီေရ ဖုန္းလာေနတယ္ လို ႔အၿမဲေခၚေပးတက္ေသာ
သက္ပံုဆိုေသာဦးခ်ီရဲ႕ေဖေဖေလ။
ယေသာ္လင္းသိသားပဲ။
ခုၾကည့္ သူ ႔သားပံုညာဦးခ်ီေခၚသလို
သက္ပံုလို ႔ ယေသာ္ေခၚလိုက္ေတာ့ သေဘာက်သြားၿပီမို ႔လား။
" အဲ့ဒါ မုန္ ႔ သိုင္းၿခံဳ လို ႔ေခၚတယ္။
အမ်ားႀကီးေတာ့ မစားနဲ ့ ညေန စာ ထမင္းမစားမႏိုင္ပဲေနလိမ့္မယ္။ "
အဝါေရာင္ေလးေထာင့္မုန္ ႔ေခါက္ေလးကို ျမည့္ၾကည့္ရင္ ယေသာ္လင္း ပံုညာဦးခ်ီကိုေမ့သြား၏။ အစားနဲ ့ပတ္သတ္ရင္ ယေသာ္လင္းက မရဘူး။
_____
"ငါကမင္းနဲ ့အိပ္ရမွာေပါ့ "
ပန္းေရာင္ေခါင္းအုန္းေလး နွစ္လံုးကိုယေသာ္လင္းၾကည့္ပီးေမးေတာ့ ေဘးကငမဲလံုးက ေခါင္းတဆတ္ဆတ္ၿငိမ့္ျပေနတာကို မ်က္လံုးေထာင့္မွာျမင္ေနရသည္။
"အင္း ငါနဲ ့အိပ္ရမွာေလ။ မအိပ္ခ်င္ဘူးလား အဲ့ဒါဆို ဟိုဖက္မွာ အခန္းျပင္ေပးဖို ႔ပါးပါးတို ႔ကိုသြားေျပာ..."
"ရတယ္ မင္းနဲ ့ပဲ အိပ္လိုက္မယ္"
ကုတင္ေပၚကို အတင္းကုန္းတက္ေနတဲ့
ယေသာ္လင္းကို ၾကည့္ကာ
ဦးခ်ီ ေျပာသင့္၊ မေျပာသင့္ စဥ္းစားေနမိသည္။
"ဟို ..ယေသာ္ ငါ..ငါေျပာစရာရွိလို ႔"
ကုတင္ေပၚေရာက္သြားတဲ့ ယေသာ္လင္းက အျပာေရာင္ ညအိပ္ဝမ္းဆက္ေလးဝတ္ထားသည္။ အသားေဖြးရုံမကဘူး လူေလးပါ ေသးတဲ့ ယေသာ္လင္းက
ဦးခ်ီလို ထြားမလာပဲ ေသးေသးေကြးေကြးေလးျဖစ္သည္။
ဦးခ်ီ ေခ်ာင္းဟမ့္လိုက္သည္။
ၿပီးေတာ့ ယေသာ္လင္းနဲ ့နည္းနည္းေဝးတဲ့ေနရာဖို ႔ေ႐ြ ႕ရပ္လိုက္သည္။
"မင္း ညအိပ္ရင္ ရွဴ းေပါက္ခ်ေသးလား"
"ဘာ! ဘုန္း "
လွမ္းေပါက္လိုက္တဲ့ ေခါင္းအုန္းေလးက
ဦးခ်ီ ေခါင္းကိုတည့္တည့္မွန္သည္။
ေခါင္းေခါက္မွာစိုးလို ႔ေဝးတဲ့ေနရာေျပာင္းလည္း မလြတ္ဘူး။
လူေသးသေလာက္ လက္သံေျပာင္တဲ့ယေသာ္လင္း။
ၾကမ္းေပၚက်ေနတဲ့ ေခါင္းဦးကို
ေသခ်ာခါကာ ရင္ဖက္ထဲကိုေပြ ႕ထားလိုက္သည္။
ဦးခ်ီရဲ႕ မ်က္နွာသည္လည္း မေက်နပ္စြာ
စူးပုတ္လို ႔ေန၏။
သူမ်ားအိမ္လာၿပီး ယေသာ္လင္းက
သိပ္အနိုင္က်င့္သည္။
" ဟြန္ ႔...ႀကီးႀကီးက်ယ္က်ယ္လာလုပ္မေနနဲ ့ ညက်မွ မင္းေက်ာကို ကပ္ပန္းျပမယ္"
ၿခိမ္းေျခာက္ၿပီး တဖက္ေစာင္းလွည့္အိပ္သြားသည္မို ႔ေဘးမွာအသာေလးဝင္အိပ္လိုက္သည္။
ေနာက္ေက်ာကေတာ့ မလံုေပ။
ဟူးးး အင္းပါ ယေသာ္လင္းကို လာတုန္းခဏပဲ သည္းခံရမွာပါ။ ပန္းခ်င္လည္းပန္းပါေစေတာ့။
ေနာက္ေက်ာေပးထားတဲ့ နွစ္ေယာက္သားသည္ ဘာစကားမွမေျပာေတာ့ပဲ
မ်က္လံုးေတြမွိတ္ထားၾကသည္။
နာရီဝက္ခန္ ႔အၾကာ...
ဘုတ္....
"ဟာ ဒီေတာသားကေတာ့ကြာ "
ယေသာ္သည္ သူ ႔လည္ပင္းေပၚေရာက္လာတဲ့ လက္ကို အတင္းဆြဲဖယ္ကာ
ဖယ္ခ်ကာ စိတ္ညစ္ေနၿပီျဖစ္သည္။
အတူအိပ္စကေတာ့ သူပဲ ယေသာ္နဲ ့အိပ္ရမွာကိုစိုးရိမ္ေနတဲ့ရုပ္နဲ ့။
အိပ္ေရးကလည္းဆိုးလိုက္တာ။
"က်စ္ ဟိတ္ေကာင္ လြန္ေနၿပီေနာ္ "
ယေသာ္လင္းရဲ႕ခပ္ႀကိတ္ႀကိတ္အသံကို
ဖတ္လံုးတလံုးလို က်က်ခြေနသူကေတာ့မၾကားေတာ့။
အစက တစ္ေယာက္တလံုးေခါင္းအုန္းတို ႔သည္ အခုေတာ့ ၂ေယာက္ တစ္လံုး ျဖစ္ေန၍ေနသည္။
စိတ္ပ်က္စြာ ယေသာ္လင္း တေယာက္ ဦးခ်ီ ဖက္ထားသည္ကို မ်က္ေမွာင္ႀကီးကုတ္ၿပ ီး ၿငိမ္ေနလိုက္ရသည္။
ခဏ ၾကာေသာ္ နားထင္ေဘးမွာ စိုစိစိခံစားခ်က္ႀကီးက ႀကီးစိုးလာျပန္၏။
အသာေလး ေဘးေစာင္းၾကည့္ေတာ့
ေဝါ့ ...သြားေရ ေတြ။
ငမဲလံုးသည္ ပါးစပ္ႀကီးဟ ကာအိပ္လ်က္ရွိၿပီး သြားေရေတြက အတန္းလိုက္စီးက်ေနသည္။
"အား ညစ္ပတ္လိုက္တာ "
အတင္းရုန္းဖယ္ကာ ယေသာ္လင္း ကုတင္ေအာက္ဆင္းလိုက္သည္။
ထိုအခါဖက္စရာမရွိေတာ့ထင္သည္
တဖက္ေစာင္းသြားကာ ဖက္လံုးကိုစမ္းကာ ဆြဲဖက္အိပ္သြားျပန္သည္။
ယေသာ္လို ေဘာင္းဘီဝတ္အိပ္တာမဟုတ္တဲ့ ဦးခ်ီ၏ ပုဆိုးသည္ လိမ့္ရင္းခြရင္းျဖင့္ တျဖည္းျဖည္းဖင္ေပၚ၍လာေခ်သည္။
ထူးဆန္းတာကအရင္လို ႔ဖင္ေျပာင္မဟုတ္ေတာ့ပဲ အတြင္းခံကိုဝတ္ထားျခင္းပင္ျဖစ္သည္။ ၿပီးေတာ့ ထိုအတြင္းခံသည္ ပန္းေရာင္ ေဘာင္းဘီတို ျဖစ္သည္။
ယေသာ္လင္းသည္ ခဏအၾကာမ်ွ
သူမ်က္လံုးေလး ကိုအေပၚၾကည့္ရင္းစဥ္းစားေနမိသည္။
ေယာက်ာ္းေလးဝတ္ေအာက္ခံေဘာင္းဘီမွာ ထိုသို ႔ေသာ အေရာင္ရွိသည္လား။
"ခြီးးး"
ေတြးရင္းရယ္လိုက္ေသးသည္။
မီးေရာင္အကူညီနဲ ့ျမင္ေနရေသာ ငမဲလံုးသည္ ပန္းေရာင္အတြင္းခံနွင့္ စိတ္ခ်ယံုၾကည္စြာ အိပ္ေပ်ာ္ေနလ်က္ရွိသည္။
သူတို ႔ နွစ္ေယာက္မသိလိုက္သည္က
ထိုပန္းေရာင္အတြင္းခံေဘာင္းဘီသည္
ဆိုင္မွာ တင္ေရာင္းဖို ႔ ဝယ္လာေသာ အတြင္းခံေတြထဲကမွ မိန္းကေလးဝတ္ကို
မွားၿပီး ဦးခ်ီ ဘီဒိုထဲထည့္ေပးထားျခင္းသာ။
ခ်စ္တဲ့အိမ္စည္။
ဦးခ်ီ _ ပန္းေရာင္က အသားကို ပိုလင္းလက္ေစတယ္တဲ့ဗ်။
" မျက်စိတွေ နောက်နေပြီနော် ဦးချီ။
အချိန်တန်ရောက်လာမှာပေါ့ ။ မိုးမလင်းခင်ကတည်းကပြာယာခတ်နေတာမြင်မကောင်းဘူး "
သက်ပုံ အပြောကြောင့် ဆိုင်ရှေ့ မျှော်ကြည့်နေတဲ့ ပုံညာဦးချီ တစ်ယောက် တကုတ်ကုတ်နဲ့ ကောင်တာဘေး မလှမ်းမကမ်းကခုံမှာဝင်ထိုင်လာသည်။
သက်ပုံ သူ့ သားကို ကြည့်ပြီး
သက်ပြင်းချလိုက် မိသည်။
ဖေဖေတို့ လာမယ်ပြောကတည်းက
ကောင်းချီ သည် အခန်းကို သေချာရှင်းလင်းထားရုံသာမက တအိမ်လုံးကိုပါ
အထပ်ထပ်အခါခါ တိုက်ချွတ်ဆေးကျောထားတာပြောင်လို့ ရှင်းလို့ ။
သားဖြစ်သူကလည်း ငြိမ်ငြိမ်နေလိမ့်မည်မထင်နဲ့ ။ ဖအေတူသားပီသစွာ
သူငယ်ချင်းဖြစ်သူ ယသော်လင်းပါ ပါမည်ဆိုကာရှိသေး သူ့ အခန်းမှာ သိပ်ဖို့
အိပ်ယာခင်းတွေပါတွေက အစ တပူပူတညံညံလဲခိုင်းသေးသည်။
မလွယ်ပါဘူး။ ဒီသားဖက။
ခုလည်း အိမ်ရှေ့ မှာ ဦးချီ တယောက်
တမျှော်မျှော်လုပ်နေလို့ ဆူထားလို့ ငြိမ်မယ်မထင်နဲ့ အိပ်ပေါ်ကိုပြေးတက်သွားပြန်သည်။ ဘာလုပ်အုန်းမလို့ ပါလိမ့်..
" ဦးချီ ဖြည်းဖြည်းတက်တာမဟုတ်ဘူး။ တကယ်ပါပဲကွာ။ "
သက်ပုံ အော်နေတာကြောင့် ဦးချီ
ပြေးတက်တာကို အရှိန်လျော့ကာ ဖြေးဖြေးလေးတက်သွားလိုက်သည်။
အပေါ်ရောက်တော့ ပါးပါးတို့ နဲ့ မျက်နှာချင်းဆိုင်အခန်းတံခါးကိုဖွင့်ကာ ဝင်လိုက်၏။
အခန်းထဲတွင် သက်ပုံ အသစ်လဲပေးထားသော ပန်းရောင် အိပ်ယာခင်းလှလှ လေးရယ် ၊ ဆင်တူခေါင်းအုန်းလေးနှစ်လုံးကြောင့် ဦးချီ သဘောမကျသလို ခေါင်းကို ကုတ်လိုက်သည်။
အိပ်ယာခင်းအသစ်ကတော့ ထားပါတော့။
ဦးချီက ယသော်လင်းနဲ့ ပါးပါးတို့ လို အတူအိပ်ရမှာလား။
ယသော်လင်းက အိပ်ရေးဆိုးတယ်တဲ့
အန်တီခင်ထွေးက ပြောဖူးသည်။
ပြီးတော့ ယသော်လင်း က နည်းနည်းညစ်ပတ်သေးသည်။
အတူအိပ်လို့ ဖြစ်ပါ့မလားဆိုတာ ပြန်တွေးရင်း စိတ်ဆင်းရဲသွား၏။
မရေမရာ အတွေးတွေနဲ့ ဦးချီ စိတ်ညစ်ကာ ခေါင်းကိုကုတ်နေမိသည်။
ထို့ နောက်လာရင်းကိစ္စကို သတိရသွားပြီး
သက်ပုံ ဝယ်ပေးထားပေမဲ့ သူဝတ်လေ့မရှိပဲ သိမ်းထားတက်သော ဘီဒို အောက်ဆုံးထပ်လေးကို ဖွင့်လိုက်၏။
ထိုအထဲမှာ ညီညာနေအောင် ခေါက်ပေးထားတဲ့ အတွင်းခံဘောင်းဘီ ရောင်စုံ
ရှိလေသည်။
ပုဆိုးဝတ်တိုင်း သက်ပုံက အတွင်းခံ ခံဝတ်ခိုင်းတက်သော်လည်း ဦးချီက လစ်ရင် လစ်သလို မဝတ်ပဲနေတက်သည်။
ပြီးတော့ ပြောသေးသည် ယောကျာ်းဆိုတာ အတွင်းခံဝတ်မှ တဲ့။
ဘာမှလည်းမဆိုင်။
ဝတ်ရင် ပူတာ တော့ ဦးချီသိသည်။
ထို့ ကြောင့် ဦးချီက တော့ ဘယ်တော့မှအတွင်းခံမဝတ်တက်ပေ။
မဝတ်ပဲနေတော့ နေရတာအေးချမ်းသည် ၊ သက်သောင့်သက်သာရှိသည်။ တစ်ခုပဲ သက်ပုံသိရင်
တော့ အချိန်ကြာကြီးဆူခံရ လေ့ရှိသည်။
ဒီနေ့ တော့ ဦးချီ မဝတ်ပဲနေလို့ မရပေ။
တကယ်တော့ဒီနေ့ တင်မဟုတ်ပေ ။
ယသော်လင်းမပြန်မချင်းဝတ်မှ ရမည်။
နောက်တစ်ကြိမ် ဖင်မဲ ဟူလည်းအခေါ်မခံနိုင်တော့ပြီ။
အဲ့ဒါကြောင့် ယသော်လင်းမမြင်ရအောင်
ဦးချီ ဖင်လေးကို လုံခြုံအောင် သိမ်းထားဖို့
ပြင်လိုက်ခြင်းဖြစ်၏။
စိတ်ကူးကို လက်တွေ့ အကောင်ထည်ဖော်ဖို့ ဦးချီ အတွင်းခံရောင်စုံထဲက တစ်ထည်ရွေးထုတ်လိုက်သည်။
အသားမဲသည်ဟု အထင်မခံရအောင်လည်း အရောင်လှလှရွေးဖို့ လည်းသူမမေ့ပါ။
ပါးပါး သည် သက်ပုံ ပန်ရောင်ဝတ်တိုင်းပြောလေ့ရှိသည်။
" ခင်ဗျားက အသားဖွေးပေမဲ့ ပန်းရောင်နုနုလေးဝတ်လိုက်ရင် ပိုဖွေးသွားလိုပဲ "တဲ့ ။
အဲ့ဒါကြောင့် ဦးချီ ရွေးချယ်ရာသည်
ပန်းရောင် အတွင်းခံလေးပင်။
ဒါဆို ယသော်လင်းအမှတ်တမဲ့ မြင်ရင်တောင် ဖင်ဖွေးသွားသလို ခံစားသွားရမှာပင်။
ကာတွန်းရုပ်လေးတွေပါတဲ့ပန်းရောင်အတွင်းခံကို ဝတ်ပြီးချိန်တွင် အောက်ထပ်တွင် ကားဟွန်းသံကြားလိုက်ရသည်။
"ဟာ ဘိုးဘိုးတို့ လာကြပြီ "
အသည်းသန်ပြေးထွက်လာပေမဲ့ လှေကားကို ရောက်တော့ ဖြည်းဖြည်းလေးပဲဆင်း၏။ သက်ပုံသည် လှေကားအားအမြန်ဆင်းသည်ကိုမကြိုက်။ ဒါကိုသူဘယ်တော့မှမမေ့။
"လာ ဖေဖေ ။ မြန်သားပဲရောက်တာ။
ကျွန်တော်က နောက်တစ်နာရီလောက်နေ
မှ ရောက်မယ်ထင်တာ။ ဖေဖေ့မြေးကတော့ တမနက်လုံး ထိုင်မရထမရမျှော်နေတာ။ ဟော ..ဒါလေးက ယသော်လင်း ဆိုတာလေးလား။ အချောလေးပဲ ။ လာ လာ ဖေဖေအထဲရောက်မှ စကားပြောကြမယ်"
သက်ပုံ နောက်ကျောကနေ မတွေ့ တာတစ်နှစ်နီးပါးလောက်ကြာပြီဖြစ်တဲ့ယသော်လင်းကို ဦးချီ ခိုးကြည့်လိုက်သည်။
ဖုန်းတွေအမြဲပြောဖြစ်ပေမဲ့ တွေ့ ရမှာကိုတော့ ရှက်သလိုလိုကြီးဖြစ်နေသည်။
ယသော်လင်းသည် အရင်အတိုင်းပဲ
ရှိုးများဆဲပင်။
အဖြူ ရောင် လက်ရှည် အင်္ကျီနဲ့ ဂျင်း ဘောင်းဘီရှည်ကိုဝတ်ဆင်ထားကာ ခေါင်းမှာလည်း ဦးထုပ်အဝိုင်ကြီးဆောင်းထားသေးသည်။
ဂျင်းဘောင်းဘီကြပ်ကြပ်ကို ဝတ်ဆင်ထားတာမို့ သေးနေတဲ့ ပေါင်တံတို့ သည်
အတိုင်းသားခန့် မှန်းလို့ ရချေသည်။
အတော်လေးပဲများတဲ့ ယသော်လင်းပေတည်း။
" ဂွက် "
"အ! "
ပူထူသွားတဲ့ ဦးခေါင်းကိုဖိလို့ ဦးချီ
အလန့် တကြားကြည့်မိတော့
ယသော်လင်းသည် မကြည်သလိုမျက်နှာထားနဲ့ စူပုတ်နေသည်။
"မင်း ငါ့ကိုခေါက်ပြန်ပြီ "
"ခေါက်တော့ဘာဖြစ်လဲ။ ငါလာတာမြင်ရက်သားနဲ့ မင်း မသိချင်ယောင်ဆောင်နေလို့ တမင်လုပ်တာ "
ဦးချီ ခေါင်းကိုဖိထားတဲ့ လက်ကို အောက်ပြန်ချလိုက်သည်။
ယသော်လင်းသည် သူ တို့ အိမ်ကိုလာလည်တဲ့ ဧည့်သည်မို့ သူဒေါသထွက်လို့ မရပေ။ ထို့ ကြောင့် စိတ်လျော့ကာ
" မသိချင်ယောင်ဆောင်တာမဟုတ်ပါဘူး။
လာ လာ အပေါ်သွားရအောင် ။ သက်ပုံတို့ တောင် တက်သွားကြပြီ ။ "
ဦးချီစကားကြောင့်ယသော်လင်းစိတ်ပြောင်းသွား၏။
" မင်းတို့ အိမ်က ကြီးသားပဲ။
မုန့် တွေကလည်းအများကြီးပဲ ငါစားလို့ ရလား "
ယသော်လင်းသည် လှေကားကနေ အပေါ်ထပ်ကို တက်နေသော်လည်း အကြည့်တို့ သည် အောက်ထပ်က မုန့် တွေ ထည့်ထားသောဂျပ်ဖာတွေဆီကိုသာ ရောက်နေ၏။
"ရတာပေါ့။ မင်းကြိုက်တာစားလို့ ရတယ်။
အခုလည်း မင်းတို့ လာမယ်ဆိုလို့
ပါးပါးနဲ့ သက်ပုံ က မုန့် တွေရော ၊ဟင်းတွေအများကြီးရော ချက်ထားကြတယ်။ "
အပေါ်ထပ်ဧည့်ခန်းမှာ ဘိုးဘိုးသည်
ထိုင်နေပေမဲ့ သေချာ အကဲခတ်နေပြီး
သက်ပုံကတော့ ရေခဲသေတ္တာထဲက မုန့် တွေ ထုတ်ကာ စားပွဲပေါ်ချပေးနေသည်။
" ကောင်းကောင်းကရော "
" အပြင်ခဏသွားတယ်ဖေဖေ။
တံငါစုမှာ ပုဇွန် သွားဝယ်ခိုင်းလိုက်တာ
ညနေစာ လတ်လတ်ဆတ်ဆတ်စားရအာင်လို့ "
ဦးသက်ကျော် ဆက်မမေးတော့ပဲ
ဦးချီ ကို လက်ယပ်ခေါ်လိုက်သည်။
" လာပါအုန်း ငါ့မြေးရာ။ မင်းသူငယ်ချင်းပါနေတာနဲ့ ဒီအဘိုးကြီးကိုဂရုမစိုက်ဘူးပေါ့ဟုတ်လား"
အဘိုးဖြစ်သူစကားကြောင့် ဦးချီ ပြုံးမြမြလေးဖြစ်သွားပြီး အနီးနားကို သေချာတိုးကပ်သွားကာ
"မဟုတ်ပါဘူးဘိုးဘိုးဗျ၊ သားက
ဘိုးဘိုးလာမယ်ပြောကတည်းက မျှော်နေတာပါ။ မဟုတ်တောင် ဘိုးဘိုးမလာဖြစ်ရင် သားက ဘိုးဘိုးကိုလွမ်းလို့ လာတွေ့ မှာပါဗျာ "
"ဟားဟား ဦးချီရာ ။ မင်းငါ့ကို စကားတွေနဲ့ ချုပ်နေတာငါမသိဘူးမှတ်နေလား။
မင်းတွေ့ ချင်တာ ငါမဟုတ်ပါဘူး။
ငါပြောတာမှန်တယ်မို့ လား"
"မဟုတ်ပါဘူးဆို "
ဦးချီ ရဲ့ မျက်နှာရဲရဲကိုကြည့်ကာ ယသော်လင်းနှာခေါင်းရှုံ့ လိုက်သည်။
ဒါလေးပြောတာကိုရှက်စရာလား။ ထို့နောက်စိတ်ရှုပ်စရာဦးချီ အားအကြည့်လွှဲကာ စားပွဲပေါ်ရှိမုန့်ပန်းကန်များအားလက်နဲ့တို့လိုက်သည်။
"သက်ပုံ ဒါဘာမုန့် လဲ "
ဦးချီခေါ်သလို သူ့ အဖေကို
သက်ပုံဟု ခေါ်လိုက်တော့ ခပ်ချောချောဦးလေးကြီးက ပြုံးပြလာတယ်။
ဖုန်းထဲမှာ အမြဲကြားနေရတဲ့
" ဦးချီရေ ဖုန်းလာနေတယ်" လို့ အမြဲခေါ်ပေးတက်သော သက်ပုံဆိုတဲ့ဦးလေးကြီးအား ဦးချီရဲ့ဖေဖေမှန်း
ယသော်လင်းသိထားပြီးဖြစ်သည်။
ခုကြည့် သူ့ သားပုံညာဦးချီခေါ်သလို
သက်ပုံလို့ ယသော်ခေါ်လိုက်တော့ သဘောကျသွားတာသိသိသာသာ။
" အဲ့ဒါ မုန့် သိုင်းခြုံ လို့ ခေါ်တယ်။
အများကြီးတော့ မစားနဲ့ ညနေ စာ ထမင်းမစားမနိုင်ပဲနေလိမ့်မယ်။ "
အဝါရောင်လေးထောင့်မုန့် ခေါက်လေးကို မြည့်ကြည့်ရင်း ယသော်လင်း ပုံညာဦးချီကိုမေ့သွား၏။ အစားနဲ့ ပတ်သတ်ရင် ယသော်လင်းက မရဘူး။
_____
"ငါကမင်းနဲ့ အိပ်ရမှာပေါ့ "
ပန်းရောင်ခေါင်းအုန်းလေး နှစ်လုံးကိုယသော်လင်းကြည့်ပီးမေးတော့ ဘေးကငမဲလုံးက ခေါင်းတဆတ်ဆတ်ငြိမ့်ပြနေတာကို မျက်လုံးထောင့်မှာမြင်နေရသည်။
"အင်း ငါနဲ့ အိပ်ရမှာလေ။ မအိပ်ချင်ဘူးလား အဲ့ဒါဆို ဟိုဖက်မှာ အခန်းပြင်ပေးဖို့ ပါးပါးတို့ ကိုသွားပြော..."
"ရတယ် မင်းနဲ့ ပဲ အိပ်လိုက်မယ်"
ကုတင်ပေါ်ကို အတင်းကုန်းတက်နေတဲ့
ယသော်လင်းကို ကြည့်ကာ
ဦးချီ ပြောသင့်၊ မပြောသင့် စဉ်းစားနေမိသည်။
"ဟို ..ယသော် ငါ..ငါပြောစရာရှိလို့ "
ကုတင်ပေါ်ရောက်သွားတဲ့ ယသော်လင်းက အပြာရောင် ညအိပ်ဝမ်းဆက်လေးဝတ်ထားသည်။ အသားဖွေးရုံမကဘူး လူလေးပါ သေးတဲ့ ယသော်လင်းက
ဦးချီလို ထွားမလာပဲ သေးသေးကွေးကွေးလေးဖြစ်သည်။
ဦးချီ ချောင်းဟမ့်လိုက်သည်။
ပြီးတော့ ယသော်လင်းနဲ့ နည်းနည်းဝေးတဲ့နေရာဖို့ ရွေ့ ရပ်လိုက်သည်။
"မင်း ညအိပ်ရင် ရှူးပေါက်ချသေးလား"
"ဘာ! ဘုန်း "
လှမ်းပေါက်လိုက်တဲ့ ခေါင်းအုန်းလေးက
ဦးချီ ခေါင်းကိုတည့်တည့်မှန်သည်။
ခေါင်းခေါက်မှာစိုးလို့ ဝေးတဲ့နေရာပြောင်းလည်း မလွတ်ဘူး။
လူသေးသလောက် လက်သံပြောင်တဲ့ယသော်လင်း။
ကြမ်းပေါ်ကျနေတဲ့ ခေါင်းဦးကို
သေချာခါကာ ရင်ဖက်ထဲကိုပွေ့ ထားလိုက်သည်။
ဦးချီရဲ့ မျက်နှာသည်လည်း မကျေနပ်စွာ
စူးပုတ်လို့ နေ၏။
သူများအိမ်လာပြီး ယသော်လင်းက
သိပ်အနိုင်ကျင့်သည်။
" ဟွန့် ...ကြီးကြီးကျယ်ကျယ်လာလုပ်မနေနဲ့ ညကျမှ မင်းကျောကို ကပ်ပန်းပြမယ်"
ခြိမ်းခြောက်ပြီး တဖက်စောင်းလှည့်အိပ်သွားသည်မို့ ဘေးမှာအသာလေးဝင်အိပ်လိုက်သည်။
နောက်ကျောကတော့ မလုံပေ။
ဟူးးး အင်းပါ ယသော်လင်းကို လာတုန်းခဏပဲ သည်းခံရမှာပါ။ ပန်းချင်လည်းပန်းပါစေတော့။
နောက်ကျောပေးထားတဲ့ နှစ်ယောက်သားသည် ဘာစကားမှမပြောတော့ပဲ
မျက်လုံးတွေမှိတ်ထားကြသည်။
နာရီဝက်ခန့် အကြာ...
ဘုတ်....
"ဟာ ဒီတောသားကတော့ကွာ "
ယသော်သည် သူ့ လည်ပင်းပေါ်ရောက်လာတဲ့ လက်ကို အတင်းဆွဲဖယ်ကာ စိတ်ညစ်နေပြီဖြစ်သည်။
အတူအိပ်စကတော့ သူပဲ ယသော်နဲ့ အိပ်ရမှာကိုစိုးရိမ်နေတဲ့ရုပ်နဲ့ ။
အိပ်ရေးကလည်းဆိုးလိုက်တာလွန် ရောပဲ။
"ကျစ် ဟိတ်ကောင် လွန်နေပြီနော် "
ယသော်လင်းရဲ့ခပ်ကြိတ်ကြိတ်အသံကို
ဖတ်လုံးတစ်လုံးလို ကျကျခွနေသူကတော့မကြားတော့။
အစက တစ်ယောက်တလုံးခေါင်းအုန်းတို့ သည် အခုတော့ ၂ယောက် တစ်လုံး ဖြစ်နေ၍နေသည်။
စိတ်ပျက်စွာ ယသော်လင်း တယောက် ဦးချီ ဖက်ထားသည်ကို မျက်မှောင်ကြီးကုတ်ပြီး ငြိမ်နေလိုက်ရသည်။
ခဏ ကြာသော် နားထင်ဘေးမှာ စိုစိစိခံစားချက်ကြီးက ကြီးစိုးလာပြန်၏။
အသာလေး ဘေးစောင်းကြည့်တော့
ဝေါ့ ...သွားရေ တွေ။
ငမဲလုံးသည် ပါးစပ်ကြီးဟ ကာအိပ်လျက်ရှိပြီး သွားရေတွေက အတန်းလိုက်စီးကျနေသည်။
"အား ညစ်ပတ်လိုက်တာ "
အတင်းရုန်းဖယ်ကာ ယသော်လင်း ကုတင်အောက်ဆင်းလိုက်သည်။
ထိုအခါဖက်စရာမရှိတော့ထင်သည်
တဖက်စောင်းသွားကာ ဖက်လုံးကိုစမ်းကာ ဆွဲဖက်အိပ်သွားပြန်သည်။
ယသော်လို ဘောင်းဘီဝတ်အိပ်တာမဟုတ်တဲ့ ဦးချီ၏ ပုဆိုးသည် လိမ့်ရင်းခွရင်းဖြင့် တဖြည်းဖြည်းဖင်ပေါ်၍လာချေသည်။
ထူးဆန်းတာကအရင်လို့ ဖင်ပြောင်မဟုတ်တော့ပဲ အတွင်းခံကိုဝတ်ထားခြင်းပင်ဖြစ်သည်။ ပြီးတော့ ထိုအတွင်းခံသည် ပန်းရောင် ဘောင်းဘီတို ဖြစ်သည်။
ယသော်လင်းသည် ခဏအကြာမျှ
သူမျက်လုံးလေး ကိုအပေါ်ကြည့်ရင်းစဉ်းစားနေမိသည်။
ယောကျာ်းလေးဝတ်အောက်ခံဘောင်းဘီမှာ ထိုသို့ သော အရောင်ရှိသည်လား။
"ခွီးးး"
တွေးရင်းရယ်လိုက်သေးသည်။
မီးရောင်အကူညီနဲ့ မြင်နေရသော ငမဲလုံးသည် ပန်းရောင်အတွင်းခံနှင့် စိတ်ချယုံကြည်စွာ အိပ်ပျော်နေလျက်ရှိသည်။
သူတို့ နှစ်ယောက်မသိလိုက်သည်က
ထိုပန်းရောင်အတွင်းခံဘောင်းဘီသည်
ဆိုင်မှာ တင်ရောင်းဖို့ ဝယ်လာသော အတွင်းခံတွေထဲကမှ မိန်းကလေးဝတ်ကို
မှားပြီး ဦးချီ ဘီဒိုထဲထည့်ပေးထားခြင်းသာ။
ချစ်တဲ့အိမ်စည်။
ဦးချီ _ ပန်းရောင်က အသားကို ပိုလင်းလက်စေတယ်တဲ့ဗ်။
Bạn đang đọc truyện trên: ZingTruyen.Xyz