ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

6

eainsi23

"ေကာင္းခ်ီ ဆိုင္ခဏၾကည့္ေပးထား။ မင္းသား ဘာလုပ္ေနလဲသြားၾကည့္မလို ႔"

ေရးလက္စေဘာပင္ကို စားေပၚခ်ကာ
ေဘးက တေယာက္ကို အသိေပးလိုက္သည္။ အိမ္ေပၚတက္သြားတာကို ျမင္လိုက္ေပမဲ့ ခုထိျပန္ဆင္းလာတာမေတြ ႕ရေသးေတာ့ လူႀကီးျဖစ္ေနခ်င္ေနတဲ့ ပံုညာဦးခ်ီ ဘာေတြ အထူးဆန္းလုပ္ေနျပန္ပီလဲဆိုတာ သိခ်င္ျပန္သည္။ ဒီကေလးက သိပ္ကိုထူးဆန္းသည္။ ဒါေတြကလည္း သူတို ႔အျပစ္ေတြလို ႔ေျပာရမည္။ ကေလးဆိုတာအတုျမင္အတက္သင္ တက္သည္။
အားေန အလုပ္မ်ားေနတက္ေသာအေဖေတြၾကားမွာေနတဲ့ ပံုညာဦးခ်ီသည္ ဒီလို စိတ္မ်ိဳးဝင္ေနတာေတာ့ သိပ္မဆန္းေပမဲ့
သက္ပံုကေတာ့ သိပ္ႀကီးေတာ့မႀကိဳက္လွ။

ေစ့ရုံေစ့ထားတဲ့ တံခါးေလးကို တြန္းဖြင့္ဝင္လိုက္သည္။ ခါတိုင္း အသိေပးတံခါးေခါက္တက္ေပမဲ့ သူ ႔သားဘာလုပ္ေနသလဲ သိခ်င္တာေၾကာင့္ တိတ္တဆိတ္ပဲ ဒီတခါ တြန္းဖြင့္ဝင္လိုက္၏။။

"အာ ငါ့သားရာ"

ိႈနႈတ္ခမ္းကို ကိုက္ကာ ၿပံဳးမိသြားေပမဲ့
အသည္းယားတာကေတာ့ လူကို ထိန္းခ်ဳပ္မရေစပါ။

မင္းကဘာေလးတုန္းပံုညာဦးခ်ီ။

ေမြ ႕ယာေလးေပၚမွာ အိပ္ေပ်ာ္ေနရွာတဲ့
ဦးခ်ီ သည္ လူႀကီးဘယ္ေလာက္ပဲျဖစ္ခ်င္ျဖစ္ခ်င္ ကေလးပဲရွိေသးသည္မို ႔အိပ္ေပ်ာ္ေနခ်ိန္မွာေတာ့ သူ႔ဂုဏ္သိကၡာကိုမထိန္းနိုင္ေတာ့ပဲ ပို႔လို ႔ပက္လက္ လန္လို ႔ေနေခ်သည္။

ေဘးတေစာင္းျမင္ေနရသည့္မ်က္နွာေလးတြင္  ပါးစပ္သည္ဟလ်က္ အေနထားမွာရွိၿပီး  သြားေရတန္းက ေခါင္းအုန္းေပၚစီးက်ေနတာ အတန္းလိုက္ပင္။
ွိဒီတခါေတာ့ ေမာင္ပံုညာဦးခ်ီတေယာက္ မတည္ၿငိမ္နိုင္ရွာေတာ့ေပ။

တကယ္ေတာ့ သူ ႔ကိုယ္သူသာ
အတည္ေပါက္ႀကီး အလုပ္ေတြ လုပ္ေနတာပါ။ ေဘးက သက္ပံုတို ႔ၾကည့္ရတာေတာ့ ကေလးေပါက္စေလး သူ စိတ္ဝင္စားတာကို ေဆာ့ကစားေနတဲ့ အတိုင္းပင္။

အနီးနားသြားကာဖင္ေပၚေအာင္ လန္ေနတဲ့ ပုဆိုးစ ကို ေအာက္ကိုဆြဲခ် ေပးလိုက္သည္။ ေျခေထာက္ေတြက ဖက္လံုးကို အက်အန ခြထားသည္ဆိုေပမဲ့  ေမွာက္အိပ္ေနသလိုပံုစံမ်ိဳး ျဖစ္ေနတာေၾကာင့္ အသာအယာ ဆြဲလွန္ေပးလိုက္ေတာ့
ဟေနတဲ့ ပါးစပ္က လႈပ္စိလႈပ္စိ လုပ္ကာျပန္ပိတ္သြား၏။

သက္ပံု ရယ္ေမာကာ ဦးခ်ီပါးေပၚက သြားေရေတြကို လက္ဖဝါးနဲ ့ဖိသုတ္ေပးလိုက္သည္။

အိပ္ေရးကေတာ့ အေတာ္မွတ္တဲ့ေကာင္ပဲ။
သူမလုပ္နိုင္တာဒီတခုရွိတာေလ။

အသာေလး နွဖူးေလးကိုနမ္းရႈိက္ကာ
အခန္းအတြင္းပတ္ၾကည့္မိသည္။ သန္ ႔ရွင္းေနသည္ဆိုေပမဲ့ အခန္းေထာင့္က တံျမတ္စည္းေလးက ေဇာက္ထိုးေထာင္ထားတာေတာ့ အျမင္မတည့္စရာ။
ၾကည့္ရတာ သူ ႔ဘာသာ လွဲက်င္းထားျပန္သည္ထင္သည္။
ဖုန္မရွိတဲ့ အခန္းမွာ တံျမတ္စည္းလွဲသည္ဆိုကာ ခနတိုင္းလွဲတက္သည္။
ၿပီးရင္ တံျမတ္စည္းကို အတည့္မထားပဲ ေဇာက္ထိုးထားကာ တလႊဲလုပ္သည္။
တကယ္ေတာ့ ဒါဟာ ပံုညာဦးခ်ီရဲ႕
အသံတိတ္ေဆာ့နည္းတမ်ိဳးပင္။

သူ ႔အေတြးနဲ ့သူကေတာ့ သူ ႔ကိုယ္သူ အကုန္လုပ္တက္သည္ေပါ့။

တကယ္တန္းက် လုပ္ေနတာေတြက တလြဲေတြပင္ျဖစ္သည္။
ခ်စ္စရာပံုညာဦးခ်ီရဲ႕ အက်င့္ဆိုးေလးေတြေၾကာင့္ သက္ပံု ကုတင္ေပၚက သူ ႔သားကို လွမ္းၾကည့္ကာ အေတာမသတ္နိုင္ေအာင္ရယ္မိျပန္သည္။

တကယ္ပါ အဲ့ေကာင္ေလးက သူ ႔ပါးပါး
ေကာင္းခ်ီနဲ ့မတည့္ဘူးဆိုၿပီး ေကာင္းခ်ီလို ပံုစံ သိပ္ျဖစ္ခ်င္တာ။ မသိမသာအတုခိုးတက္တဲ့ ပံုစံေလးေတြေၾကာင့္ သက္ပံုတို ႔နွစ္ေယာက္ ခိုးရယ္ရတာ မၾကာခနပဲ။

ေဟာ ! လုပ္ထားျပန္ၿပီ။

ေနာက္ထပ္ေတြ ႕လိုက္ရတာ ေလ်ွာ္ဖြတ္ထားေပမဲ့ တြန္ ႔ေက်ေနတဲ့ အက်ၤ ီတထည္ကိုပင္။
သက္ပံု ၿပံဳးကာေခါင္းရမ္းလိုက္မိသည္။
မလုပ္ပါနဲ ့ေျပာလဲမရ ဒီကေလးကေတာ့။

ခ်ိတ္ကေန ဆြဲျဖဳတ္ၾကည့္လိုက္ေတာ့
ဆပ္ျပာေတြကမေျပာင္မစင္ျဖစ္ကာ ေဖြးေဖြးအကြက္ႀကီးေတြက ေနရာအနွံ ့အျပားမွာ။
ေရခ်ိဳးခန္းထဲယူကာ ေသခ်ာေလ်ွာ္ဖြတ္ၿပၿီပန္ ႔ေနေအာင္ခါကာခ်ိတ္နဲ ့ျပန္ခ်ိတ္လွမ္းေပးလိုက္၏။

အမွန္တရားသည္ အၿမဲတမ္းလိုလို သက္ပံုျပန္ေလ်ွာ္ေပးရျခင္းျဖစ္သည္။

ဆပ္ျပာေတြမကိုင္ေစခ်င္လို ႔မေျပာင္မဲ့အတူတူ တားျမစ္ခ်င္ေသာ္လည္း
"ေကာင္းခ်ီက ေယာက်ာ္းပဲ လုပ္ခ်င္စိတ္ရွိတာေကာင္းတာေပါ့ ထားလိုက္ပါ" ဆိုတဲ့ စကားေၾကာင့္  သူမသိေအာင္ ေနာက္ကေနခိုးၿပီး ျပန္ျပန္လုပ္ေပးရသည္။

အမွန္ဆိုရင္ သူ ႔ဘာသာ သူ လုပ္တက္
တယ္ဆိုတဲ့အေတြးေလးက သူ ႔ေခါင္းထဲေရာက္ကာ ဘ၀င္ျမင့္ေနတက္ေပမဲ့ ဒီ၆နွစ္သား အေကာင္ေပါက္က ဘာေတြမ်ားလုပ္နိုင္အုန္းမွာလဲ။

သူတို ႔၂ေယာက္ရဲ႕သားလို ႔မေျပာရေအာင္
ပံုညာဦးခ်ီက စကားႀကီးစကားက်ယ္လည္းေျပာတက္ေသးသည္။
သားက ႀကီးရင္ ကိုယ္ပုိင္လုပ္ငန္းလုပ္မွာဆိုတဲ့ စကားကို ပါးစပ္က မခ် ေျပာတက္တာမို ႔တခါတေလ စာထဲစိတ္ဝင္စားေအာင္ သက္ပံုမွာမနည္းနားထဲသြင္းေနရသည္။
အဲ့စကားေတြေၾကာင့္ ဦးခ်ီ ကိုဆိုရင္ တမ်ိဳးလံုးသည္ကြယ္ရာမွာ ေမာင္ေလက်ယ္  ဟု
ေခၚၾကသည္ကိုေတာ့ ပံုညာဦးခ်ီတေယာက္ မသိ ရွာေပ။

_______

"ဘိုးဘိုး "

အိမ္ေပါက္၀ကေနထြက္လာတဲ့ ကေလးအသံေလးေၾကာင့္ ဖတ္လက္စ သတင္းစာကိုခ်ကာ ၿပံဳး၍အသံျပဳလိုက္သည္။
ဟိုဖက္အိမ္က ကေလး သည္အၿမဲလာလည္တက္တာမို ႔ ဦးသက္ေက်ာ္ တစ္ေယာက္ အပ်င္းေျပေနတယ္ေျပာရမယ္။
နို ႔မို ႔ဆို အိမ္မွာ အလုပ္သမားေတြနဲ ့
သူတစ္ေယာက္သာ က်န္ေနတက္သည္မို ႔
စကားေျပာမဲ့သူကမရွိ။
အရင္ပြဲရုံအလုပ္ေတြကို သားႀကီးတို ႔
လင္မယားပဲဆက္လုပ္ေန၍သူ ႔မွာအိမ္မွာ အၿငိမ္းစားရသည္ဆိုေပမဲ့ အထီးက်န္လွေပသည္။

" လာေလ ယေသာ္  ရ ။ ငါ့ေျမးဒီရက္ပိုင္းအလည္မလာလို ႔ဘိုးဘိုးက ေမ်ွာ္ေနတာ"

ထိုအခါမွ အထဲဝင္လာကာ ေဘးနားဝင္ထိုင္လာ၏။ ေမာ့ၾကည့္လာတဲ့မ်က္နွာေလးမွာ ၿပံဳးလိုက္တိုင္းေပၚလာတက္တဲ့
ခ်စ္စရာပါးခ်ိဳင့္ေလးက ယေသာ္လင္းရဲ႕အားသာခ်က္ပဲ။

"သား လာမလို႔ပဲ  ဒီရက္ပိုင္း စာေမးပြဲရွိလို ႔စာက်က္ေနရတယ္ဘိုးဘိုးရဲ႕ "

"ဟုတ္လား။ ဦးခ်ီေရာ စာေတြလုပ္ရဲ႕လားမသိပါဘူးကြာ ။ စာေမးပြဲရွိတာကို ဘိုးဘိုးကိုမေျပာဘူး ကြ "

"စာလုပ္တယ္ ဘိုးဘိုး ။ သားသူ ႔ကိုေျပာထားတယ္ စာက်က္လို ႔။ ဘိုးဘိုးေျမးက
မလြယ္ပါဘူး။ သားမွာ မနည္းစာက်က္ခိုင္းရတယ္"

ဦးခ်ီလို စကားတက္ေသာ ယေသာ္လင္းစကားေၾကာင့္ ဦးသက္ေက်ာ္ ေခါင္းေမာ့ကာရယ္လိုက္မိသည္ထိပဲ။
ခုေခတ္ကေလးေတြမ်ား မတက္တာကိုမရွိဘူး။ သြက္လိုက္ၾကတာ။

" ဟုတ္ပါၿပီဗ်ာ။ ဘာစားခဲ့ၿပီလဲ။
အိမ္မွာ ထမင္းစားသြားလိုက္တခါထဲ
ဦးခ်ီတို ႔အိမ္က ပို ႔ထားတဲ့ ေတာဝက္သား
ျပဳတ္ေၾကာ္ေကာင္းမွေကာင္းပဲ။ စားမွာလား"

"ဟီး စားမွာေပါ့။ သားအိမ္မွာ ေမေမျပန္မေရာက္ေသးေတာ့ ဘာမွမစားရေသးဘူး။ ဗိုက္ဆာေနတာနဲ ့အေတာ္ပဲ။

ယေသာ္လင္းစကားေၾကာင့္ ဦးသက္ေက်ာ္မ်က္နွာမေကာင္းျဖစ္သြားသည္။
ခင္ခင္ေထြးသတင္းေတြ သူၾကားပါသည္။
ေယာက်ာ္းသားမရွိေတာ့ ဘာအလုပ္မွမယ္မယ္ရရမရွိသလို ၀င္ေငြကလည္းမရွိ။
အိမ္ၿခံေျမပြဲစားလုပ္တာလဲ သိပ္အဆင္ေျပပံုမေပၚ။
ကိုယ္ေတြက ေဘးလူဆိုေတာ့ ၾကည့္ေနရုံျပင္ဘာလုပ္ေပးနိုင္မွာလဲ။
အိမ္ေထာင္ေရးကံမေကာင္းရွာေတာ့
သူ ႔ခမ်ာလည္းတကယ္သနားစရာေကာင္းသည္။
ေယာက်ာ္းျဖစ္သူ ထိန္လင္းကလည္း
အငယ္အေနွာင္းနဲ ့လိုလို သတင္းေတြၾကားရသည္။

ေအာ္ ..ၾကားထဲက ကေလးက ေျမစာပင္ျဖစ္အုန္းမွာပဲ။

"ကဲ ထထ ။ ဘိုးဘိုးေကြၽးမွာေပါ့။
ေနာက္တခါ ဗိုက္ဆာရင္  ဒီဖက္အိမ္ကိုသာ အားမနာတမ္းေျပးခဲ့ဗ်ာ။ "

"ဘိုးဘိုး ကိုအဲ့ဒါေၾကာင့္ခ်စ္ေနတာ "

"ဟားး မင္းငါ့ကိုညာစားျပန္ၿပီ "

ဦးသက္ေက်ာ္ရဲ႕ရယ္သံက တအိမ္လံုးျပန္ ႔နွံ ့သြား၏။ ယေသာ္လင္းလာရင္
ဦးသက္ေက်ာ္ ေပ်ာ္ေနတက္တာကို အိမ္မွာရွိတဲ့ အလုပ္သမားေတြေတာင္သိေနၾကပီ။

_______

"ဦးခ်ီ ေရ ယေသာ္လင္းဆီ ဖုန္းဆက္လိုက္အုန္း ။ ေစာေစာက ဖုန္းလာသြားတယ္။
သား က်ဴ ရွင္ကျပန္မေရာက္ေသးဘူးလို ႔ပါးပါးေျပာလိုက္တယ္။ ဘယ္လိုလဲ စာေမးပြဲေျဖႏိုင္လား  "

ဦးခ်ီ ျပန္လာတာျမင္ေတာ့  ေကာင္းခ်ီ
ဆီးႀကိဳ ေမးမိသည္။
ေရးလက္စ ေဘာင္ခ်ာကို မခ်ပဲဆက္ေရးရင္းေမးသည္မို ႔ သူ ႔သားအေျခေနကို သူ မသိေပ။
ဒီရက္ပိုင္ ဦးခ်ီ စားေမးပြဲေျဖေနသည္မို ႔
သက္ပံု ခမ်ာ အသြားအျပန္အႀကိဳအပို ႔လုပ္ေနရသည္။

" ေမာ့မၾကည့္ပဲ ေမးေနျပန္ၿပီ ။ မင္းရဲ႕သားအေျခေနကို ေသခ်ာၾကည့္အုန္း။
တကယ္ပါပဲကြာ။ ငါဘယ္လို ဒီေကာင့္ကို
ေျပာျပရမွန္းကို မသိပါဘူး "

စိတ္ပ်က္လက္ပ်က္ ေရ႐ြတ္လိုက္ေသာ သက္ပံုအသံေၾကာင့္ လက္ထဲကိုင္ထားတဲ့ေဘာပင္ကို ခ်ကာ ေကာင္းခ်ီေမာ့ၾကည့္မိသည္။
အသြားတုန္းက သက္ပံုလိမ္းေပးလိုက္ေသာ သနပ္ခါးတို ႔သည္ ယခုေတာ့ မ်က္ရည္စီးေၾကာင္းတို ႔ျဖင့္ ပံုပ်က္ပန္းပ်က္ ျဖစ္လ်က္ရွိသည္။

" ဦးခ်ီ ရန္ျဖစ္လာတာလား "

ခံုေပၚမွာ ပံုပံုေလးထိုင္ေနတဲ့ ဦးခ်ီ သည္
ေကာင္းခ်ီစကားေၾကာင့္ ေခါင္းငံုကာ
တသိမ့္သိမ့္ရွ ုိက္၍ငိုေနျပန္သည္။
ထိုအရာကို ၾကည့္ပီး သက္ပံု သက္ပ်င္းအခါခါခ်ကာ ေကာင္းခ်ီ ကို ျဖစ္ေၾကာင္းကုန္စင္ေျပာေတာ့သည္။

"ဘာျဖစ္ရမွာတုန္း။ ျဖဴနွင္းေဖြးကို သိတယ္မို ႔လား။ ဟိုျဖဴ လံုးလံုး ကေလးေလးေလ"

ေကာင္းခ်ီ သိေၾကာင္းေခါင္းညိမ့္ျပလိုက္ေတာ့

"ေအး အဲ့ကေလးက ခုမွ ၄နွစ္ပဲရွိေသးတာပါကြာ။ အဲ့ဒါ ေက်ာင္းဆင္းခ်ိန္  ငါသူ႔
ကို ႀကိဳၿပီး ျပန္လာေတာ့ မမူကလွမ္းနႈတ္ဆက္တာနဲ ့ စကားစျမည္းလမ္းႀကံဳဝင္ေျပာတာေပါ့။ မင္းသားဘယ္ေလာက္ ဘ၀င္ျမင့္သလဲအဲ့မွာၾကည့္။ ဟိုကေလးက သူ ႔ေပၚကုတ္တက္ၿပီး ကိုကိုအာဘြားဆိုၿပီး ခ်စ္လို ႔လုပ္လိုက္တာကို သူ ႔ကို နမ္းရပါ့မလားဆိုၿပီး အဲ့မယ္မ်က္ရည္နဲ ့မ်က္ခြက္ျဖစ္လာတာသာၾကည့္ေတာ့ "

ေကာင္းခ်ီ  တေယာက္ သက္ပံုစကားဆံုးေတာ့ မ်က္ရည္လည္႐ြဲျဖစ္ကာ ထိုင္ငိုေနတဲ့ သူ ႔သားကိုသြား ေပြ ႕ခ်ီၿပီးတရႈ ံ ့ရႈံ ့နမ္းပစ္လိုက္သည္။
သူ သားပံုညာဦးခ်ီဆိုတဲ့ ေကာင္က ဘယ္ေလာက္အသည္းယားဖို ႔ေကာင္းသလဲဆိုတာသာၾကည့္လိုက္ေတာ့။
အနမ္း ခံရလို ငိုသည္တဲ့။

ဟားဟား မင္းႀကီးလာတာကိုေစာင့္ၾကည့္အုန္းမယ္ငါ့သားရာ။

ခ်စ္တဲ့အိမ္စည္။

"ကောင်းချီ ဆိုင်ခဏကြည့်ပေးထား။ မင်းသား ဘာလုပ်နေလဲသွားကြည့်မလို့ "

ရေးလက်စဘောပင်ကို စားပေါ်ချကာ
ဘေးက တစ်ယောက်ကို အသိပေးလိုက်သည်။ အိမ်ပေါ်တက်သွားတာကို မြင်လိုက်ပေမဲ့ ခုထိပြန်ဆင်းလာတာမတွေ့ ရသေးတော့ လူကြီးဖြစ်နေချင်နေတဲ့ ပုံညာဦးချီ ဘာတွေ အထူးဆန်းလုပ်နေပြန်ပီလဲဆိုတာ သိချင်ပြန်သည်။ ဒီကလေးက သိပ်ကိုထူးဆန်းသည်။ ဒါတွေကလည်း သူတို့ အပြစ်တွေလို့ ပြောရမည်။ ကလေးဆိုတာအတုမြင်အတက်သင် တက်သည်။
အားနေ အလုပ်များနေတက်သောအဖေတွေကြားမှာနေတဲ့ ပုံညာဦးချီသည် ဒီလို စိတ်မျိုးဝင်နေတာတော့ သိပ်မဆန်းပေမဲ့
သက်ပုံကတော့ သိပ်ကြီးတော့မကြိုက်လှ။

စေ့ရုံစေ့ထားတဲ့ တံခါးလေးကို တွန်းဖွင့်ဝင်လိုက်သည်။ ခါတိုင်း အသိပေးတံခါးခေါက်တက်ပေမဲ့ သူ့ သားဘာလုပ်နေသလဲ သိချင်တာကြောင့် တိတ်တဆိတ်ပဲ ဒီတခါ တွန်းဖွင့်ဝင်လိုက်၏။။

"အာ ငါ့သားရာ"

နှုတ်ခမ်းကို ကိုက်ကာ ပြုံးမိသွားပေမဲ့
အသည်းယားတာကတော့ လူကို ထိန်းချုပ်မရစေပါ။

မင်းကဘာလေးတုန်းပုံညာဦးချီ။

မွေ့ ယာလေးပေါ်မှာ အိပ်ပျော်နေရှာတဲ့
ဦးချီ သည် လူကြီးဘယ်လောက်ပဲဖြစ်ချင်ဖြစ်ချင် ကလေးပဲရှိသေးသည်မို့ အိပ်ပျော်နေချိန်မှာတော့ သူ့ဂုဏ်သိက္ခာကိုမထိန်းနိုင်တော့ပဲ ပို့လို့ ပက်လက် လန်လို့ နေချေသည်။

ဘေးတစောင်းမြင်နေရသည့်မျက်နှာလေးတွင်  ပါးစပ်သည်ဟလျက် အနေထားမှာရှိပြီး  သွားရေတန်းက ခေါင်းအုန်းပေါ်စီးကျနေတာ အတန်းလိုက်ပင်။
ဒီတခါတော့ မောင်ပုံညာဦးချီတယောက် မတည်ငြိမ်နိုင်ရှာတော့ပေ။

တကယ်တော့ သူ့ ကိုယ်သူသာ
အတည်ပေါက်ကြီး အလုပ်တွေ လုပ်နေတာပါ။ ဘေးက သက်ပုံတို့ ကြည့်ရတာတော့ ကလေးပေါက်စလေး သူ စိတ်ဝင်စားတာကို ဆော့ကစားနေတဲ့ အတိုင်းပင်။

အနီးနားသွားကာဖင်ပေါ်အောင် လန်နေတဲ့ ပုဆိုးစ ကို အောက်ကိုဆွဲချ ပေးလိုက်သည်။ ခြေထောက်တွေက ဖက်လုံးကို အကျအန ခွထားသည်ဆိုပေမဲ့  မှောက်အိပ်နေသလိုပုံစံမျိုး ဖြစ်နေတာကြောင့် အသာအယာ ဆွဲလှန်ပေးလိုက်တော့
ဟနေတဲ့ ပါးစပ်က လှုပ်စိလှုပ်စိ လုပ်ကာပြန်ပိတ်သွား၏။

သက်ပုံ ရယ်မောကာ ဦးချီပါးပေါ်က သွားရေတွေကို လက်ဖဝါးနဲ့ ဖိသုတ်ပေးလိုက်သည်။

အိပ်ရေးကတော့ အတော်မှတ်တဲ့ကောင်ပဲ။
သူမလုပ်နိုင်တာဒီတစ်ခုရှိတာလေ။

အသာလေး နှဖူးလေးကိုနမ်းရှိုက်ကာ
အခန်းအတွင်းပတ်ကြည့်မိသည်။ သန့် ရှင်းနေသည်ဆိုပေမဲ့ အခန်းထောင့်က တံမြတ်စည်းလေးက ဇောက်ထိုးထောင်ထားတာတော့ အမြင်မတည့်စရာ။
ကြည့်ရတာ သူ့ ဘာသာ လှဲကျင်းထားပြန်သည်ထင်သည်။
ဖုန်မရှိတဲ့ အခန်းမှာ တံမြတ်စည်းလှဲသည်ဆိုကာ ခနတိုင်းလှဲတက်သည်။
ပြီးရင် တံမြတ်စည်းကို အတည့်မထားပဲ ဇောက်ထိုးထားကာ တလွှဲလုပ်သည်။
တကယ်တော့ ဒါဟာ ပုံညာဦးချီရဲ့
အသံတိတ်ဆော့နည်းတစ်မျိုးပင်။

သူ့ အတွေးနဲ့ သူကတော့ သူ့ ကိုယ်သူ အကုန်လုပ်တက်သည်ပေါ့။

တကယ်တန်းကျ လုပ်နေတာတွေက တလွဲတွေပင်ဖြစ်သည်။
ချစ်စရာပုံညာဦးချီရဲ့ အကျင့်ဆိုးလေးတွေကြောင့် သက်ပုံ ကုတင်ပေါ်က သူ့ သားကို လှမ်းကြည့်ကာ အတောမသတ်နိုင်အောင်ရယ်မိပြန်သည်။

တကယ်ပါ အဲ့ကောင်လေးက သူ့ ပါးပါး
ကောင်းချီနဲ့ မတည့်ဘူးဆိုပြီး ကောင်းချီလို ပုံစံ သိပ်ဖြစ်ချင်တာ။ မသိမသာအတုခိုးတက်တဲ့ ပုံစံလေးတွေကြောင့် သက်ပုံတို့ နှစ်ယောက် ခိုးရယ်ရတာ မကြာခနပဲ။

ဟော ! လုပ်ထားပြန်ပြီ။

နောက်ထပ်တွေ့ လိုက်ရတာ လျှော်ဖွတ်ထားပေမဲ့ တွန့် ကျေနေတဲ့ အင်္ကျီတစ်ထည်ကိုပင်။
သက်ပုံ ပြုံးကာခေါင်းရမ်းလိုက်မိသည်။
မလုပ်ပါနဲ့ ပြောလဲမရ ဒီကလေးကတော့။

ချိတ်ကနေ ဆွဲဖြုတ်ကြည့်လိုက်တော့
ဆပ်ပြာတွေကမပြောင်မစင်ဖြစ်ကာ ဖွေးဖွေးအကွက်ကြီးတွေက နေရာအနှံ့ အပြားမှာ။
ရေချိုးခန်းထဲယူကာ သေချာလျှော်ဖွတ်ပြီပန့် နေအောင်ခါကာချိတ်နဲ့ ပြန်ချိတ်လှမ်းပေးလိုက်၏။

အမှန်တရားသည် အမြဲတမ်းလိုလို သက်ပုံပြန်လျှော်ပေးရခြင်းဖြစ်သည်။

ဆပ်ပြာတွေမကိုင်စေချင်လို့ မပြောင်မဲ့အတူတူ တားမြစ်ချင်သော်လည်း
"ကောင်းချီက ယောကျာ်းပဲ လုပ်ချင်စိတ်ရှိတာကောင်းတာပေါ့ ထားလိုက်ပါ" ဆိုတဲ့ စကားကြောင့်  သူမသိအောင် နောက်ကနေခိုးပြီး ပြန်ပြန်လုပ်ပေးရသည်။

အမှန်ဆိုရင် သူ့ ဘာသာ သူ လုပ်တက်
တယ်ဆိုတဲ့အတွေးလေးက သူ့ ခေါင်းထဲရောက်ကာ ဘ၀င်မြင့်နေတက်ပေမဲ့ ဒီ၆နှစ်သား အကောင်ပေါက်က ဘာတွေများလုပ်နိုင်အုန်းမှာလဲ။

သူတို့ ၂ယောက်ရဲ့သားလို့ မပြောရအောင်
ပုံညာဦးချီက စကားကြီးစကားကျယ်လည်းပြောတက်သေးသည်။
သားက ကြီးရင် ကိုယ်ပိုင်လုပ်ငန်းလုပ်မှာဆိုတဲ့ စကားကို ပါးစပ်က မချ ပြောတက်တာမို့ တခါတလေ စာထဲစိတ်ဝင်စားအောင် သက်ပုံမှာမနည်းနားထဲသွင်းနေရသည်။
အဲ့စကားတွေကြောင့် ဦးချီ ကိုဆိုရင် တစ်မျိုးလုံးသည်ကွယ်ရာမှာ မောင်လေကျယ်  ဟု
ခေါ်ကြသည်ကိုတော့ ပုံညာဦးချီတယောက် မသိ ရှာပေ။

_______

"ဘိုးဘိုး "

အိမ်ပေါက်ဝကနေထွက်လာတဲ့ ကလေးအသံလေးကြောင့် ဖတ်လက်စ သတင်းစာကိုချကာ ပြုံး၍အသံပြုလိုက်သည်။
ဟိုဖက်အိမ်က ကလေး သည်အမြဲလာလည်တက်တာမို့  ဦးသက်ကျော် တစ်ယောက် အပျင်းပြေနေတယ်ပြောရမယ်။
နို့ မို့ ဆို အိမ်မှာ အလုပ်သမားတွေနဲ့
သူတစ်ယောက်သာ ကျန်နေတက်သည်မို့
စကားပြောမဲ့သူကမရှိ။
အရင်ပွဲရုံအလုပ်တွေကို သားကြီးတို့
လင်မယားပဲဆက်လုပ်နေ၍သူ့ မှာအိမ်မှာ အငြိမ်းစားရသည်ဆိုပေမဲ့ အထီးကျန်လှပေသည်။

" လာလေ ယသော်  ရ ။ ငါ့မြေးဒီရက်ပိုင်းအလည်မလာလို့ ဘိုးဘိုးက မျှော်နေတာ"

ထိုအခါမှ အထဲဝင်လာကာ ဘေးနားဝင်ထိုင်လာ၏။ မော့ကြည့်လာတဲ့မျက်နှာလေးမှာ ပြုံးလိုက်တိုင်းပေါ်လာတက်တဲ့
ချစ်စရာပါးချိုင့်လေးက ယသော်လင်းရဲ့အားသာချက်ပဲ။

"သား လာမလို့ပဲ  ဒီရက်ပိုင်း စာမေးပွဲရှိလို့ စာကျက်နေရတယ်ဘိုးဘိုးရဲ့ "

"ဟုတ်လား။ ဦးချီရော စာတွေလုပ်ရဲ့လားမသိပါဘူးကွာ ။ စာမေးပွဲရှိတာကို ဘိုးဘိုးကိုမပြောဘူး ကွ "

"စာလုပ်တယ် ဘိုးဘိုး ။ သားသူ့ ကိုပြောထားတယ် စာကျက်လို့ ။ ဘိုးဘိုးမြေးက
မလွယ်ပါဘူး။ သားမှာ မနည်းစာကျက်ခိုင်းရတယ်"

ဦးချီလို စကားတက်သော ယသော်လင်းစကားကြောင့် ဦးသက်ကျော် ခေါင်းမော့ကာရယ်လိုက်မိသည်ထိပဲ။
ခုခေတ်ကလေးတွေများ မတက်တာကိုမရှိဘူး။ သွက်လိုက်ကြတာ။

" ဟုတ်ပါပြီဗျာ။ ဘာစားခဲ့ပြီလဲ။
အိမ်မှာ ထမင်းစားသွားလိုက်တခါထဲ
ဦးချီတို့ အိမ်က ပို့ ထားတဲ့ တောဝက်သား
ပြုတ်ကြော်ကောင်းမှကောင်းပဲ။ စားမှာလား"

"ဟီး စားမှာပေါ့။ သားအိမ်မှာ မေမေပြန်မရောက်သေးတော့ ဘာမှမစားရသေးဘူး။ ဗိုက်ဆာနေတာနဲ့ အတော်ပဲ။

ယသော်လင်းစကားကြောင့် ဦးသက်ကျော်မျက်နှာမကောင်းဖြစ်သွားသည်။
ခင်ခင်ထွေးသတင်းတွေ သူကြားပါသည်။
ယောကျာ်းသားမရှိတော့ ဘာအလုပ်မှမယ်မယ်ရရမရှိသလို ၀င်ငွေကလည်းမရှိ။
အိမ်ခြံမြေပွဲစားလုပ်တာလဲ သိပ်အဆင်ပြေပုံမပေါ်။
ကိုယ်တွေက ဘေးလူဆိုတော့ ကြည့်နေရုံပြင်ဘာလုပ်ပေးနိုင်မှာလဲ။
အိမ်ထောင်ရေးကံမကောင်းရှာတော့
သူ့ ခမျာလည်းတကယ်သနားစရာကောင်းသည်။
ယောကျာ်းဖြစ်သူ ထိန်လင်းကလည်း
အငယ်အနှောင်းနဲ့ လိုလို သတင်းတွေကြားရသည်။

အော် ..ကြားထဲက ကလေးက မြေစာပင်ဖြစ်အုန်းမှာပဲ။

"ကဲ ထထ ။ ဘိုးဘိုးကျွေးမှာပေါ့။
နောက်တခါ ဗိုက်ဆာရင်  ဒီဖက်အိမ်ကိုသာ အားမနာတမ်းပြေးခဲ့ဗျာ။ "

"ဘိုးဘိုး ကိုအဲ့ဒါကြောင့်ချစ်နေတာ "

"ဟားး မင်းငါ့ကိုညာစားပြန်ပြီ "

ဦးသက်ကျော်ရဲ့ရယ်သံက တအိမ်လုံးပြန့် နှံ့ သွား၏။ ယသော်လင်းလာရင်
ဦးသက်ကျော် ပျော်နေတက်တာကို အိမ်မှာရှိတဲ့ အလုပ်သမားတွေတောင်သိနေကြပြီ။

_______

"ဦးချီ ရေ ယသော်လင်းဆီ ဖုန်းဆက်လိုက်အုန်း ။ စောစောက ဖုန်းလာသွားတယ်။
သား ကျူ ရှင်ကပြန်မရောက်သေးဘူးလို့ ပါးပါးပြောလိုက်တယ်။ ဘယ်လိုလဲ စာမေးပွဲဖြေနိုင်လား  "

ဦးချီ ပြန်လာတာမြင်တော့  ကောင်းချီ
ဆီးကြို မေးမိသည်။
ရေးလက်စ ဘောင်ချာကို မချပဲဆက်ရေးရင်းမေးသည်မို့  သူ့ သားအခြေနေကို သူ မသိပေ။
ဒီရက်ပိုင် ဦးချီ စားမေးပွဲဖြေနေသည်မို့
သက်ပုံ ခမျာ အသွားအပြန်အကြိုအပို့ လုပ်နေရသည်။

" မော့မကြည့်ပဲ မေးနေပြန်ပြီ ။ မင်းရဲ့သားအခြေနေကို သေချာကြည့်အုန်း။
တကယ်ပါပဲကွာ။ ငါဘယ်လို ဒီကောင့်ကို
ပြောပြရမှန်းကို မသိပါဘူး "

စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သော သက်ပုံအသံကြောင့် လက်ထဲကိုင်ထားတဲ့ဘောပင်ကို ချကာ ကောင်းချီမော့ကြည့်မိသည်။
အသွားတုန်းက သက်ပုံလိမ်းပေးလိုက်သော သနပ်ခါးတို့ သည် ယခုတော့ မျက်ရည်စီးကြောင်းတို့ ဖြင့် ပုံပျက်ပန်းပျက် ဖြစ်လျက်ရှိသည်။

" ဦးချီ ရန်ဖြစ်လာတာလား "

ခုံပေါ်မှာ ပုံပုံလေးထိုင်နေတဲ့ ဦးချီ သည်
ကောင်းချီစကားကြောင့် ခေါင်းငုံကာ
တသိမ့်သိမ့်ရှိုက်၍ငိုနေပြန်သည်။
ထိုအရာကို ကြည့်ပီး သက်ပုံ သက်ပျင်းအခါခါချကာ ကောင်းချီ ကို ဖြစ်ကြောင်းကုန်စင်ပြောတော့သည်။

"ဘာဖြစ်ရမှာတုန်း။ ဖြူနှင်းဖွေးကို သိတယ်မို့ လား။ ဟိုဖြူ လုံးလုံး ကလေးလေးလေ"

ကောင်းချီ သိကြောင်းခေါင်းညိမ့်ပြလိုက်တော့

"အေး အဲ့ကလေးက ခုမှ ၄နှစ်ပဲရှိသေးတာပါကွာ။ အဲ့ဒါ ကျောင်းဆင်းချိန်  ငါသူ့
ကို ကြိုပြီး ပြန်လာတော့ မမူကလှမ်းနှုတ်ဆက်တာနဲ့  စကားစမြည်းလမ်းကြုံဝင်ပြောတာပေါ့။ မင်းသားဘယ်လောက် ဘ၀င်မြင့်သလဲအဲ့မှာကြည့်။ ဟိုကလေးက သူ့ ပေါ်ကုတ်တက်ပြီး ကိုကိုအာဘွားဆိုပြီး ချစ်လို့ လုပ်လိုက်တာကို သူ့ ကို နမ်းရပါ့မလားဆိုပြီး အဲ့မယ်မျက်ရည်နဲ့ မျက်ခွက်ဖြစ်လာတာသာကြည့်တော့ "

သက်မင်းပုံ စကားဆုံးတော့ အနာဟောင်းကို အပ်နှင့်စွလိုက်သည့်နှယ် မခံရပ်နိုင်စွာ ဦးချီထံမှ ဟီးခနဲ အကျယ်ကြီးငိုချသံထွက်လာ၏။

ကောင်းချီ  တယောက်  မျက်ရည်လည်ရွဲဖြစ်ကာ ထိုင်ငိုနေတဲ့ သူ့ သားကိုဆွဲ ပွေ့ ချီပြီးတရှုံ့ ရှုံ့ နမ်းပစ်လိုက်သည်။
သူ သားပုံညာဦးချီဆိုတဲ့ ကောင်က ဘယ်လောက်အသည်းယားဖို့ ကောင်းသလဲဆိုတာသာကြည့်လိုက်တော့။
အနမ်း ခံရလို ငိုသည်တဲ့။

ဟားဟား မင်းကြီးလာတာကိုစောင့်ကြည့်အုန်းမယ်ငါ့သားရာ။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz