ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

5

eainsi23

ေန ႔ခင္း၃နာရီခန္႔တြင္ ေဇာတိက ကုန္စံုဆိုင္ႀကီးေရွ ႔က ခေရပင္အိုအရိပ္ေအာက္တြင္ ကေလးမ်ားသည္ ေဆာ့ကစားကာ ေပ်ာ္ျမဴးေနၾကသည္။
အရိပ္ရအပင္ ျဖစ္သည့္ခေရပင္ ႀကီး၏ အကိုင္းလက္မ်ားစြာသည္ ေနေပ်ာက္ပင္မထိုးနိုင္ေအာင္ ႀကီးမားသန္စြမ္းတာမို ႔
ကေလးငယ္တိုင္းရဲ႕ ေန ႔ခင္းကစားကြင္းအျဖစ္ တည္ရွိေနသည္မွာ နွစ္ေပါင္းမ်ားစြာ
ၾကာျမင့္လွၿပီးျဖစ္သည္။

" ပံုညာ ေရ ငါတို ႔နဲ ့ လာေဆာ့ေလကြာ "

သံေပသီး ပစ္ေနၾကတဲ့ ကေလးအုပ္စုထဲမွ 
ခပ္ပိန္ပိန္ကေလးက သူ ႔အလွည့္ေရာက္
ဖို ႔ ေစာင့္ေနရင္းမွ လွမ္းေအာ္လာ၏။

ကြတ္ပ်စ္ကေလးေပၚ ထိုင္ကာ ေဆာ့ကစားသူမ်ားကို ေငးေမာၾကည့္ေနတဲ့
ဦးခ်ီ က  သံေခ်ာင္းအသံေၾကာင့္
လွည့္ၾကည့္ၿပီး ေခါင္းရမ္းျပလိုက္သည္။
ထို ႔အရာ ကို ျမင္သြားတဲ့  ေ၀လြင္က သံေပသီးကို လက္ညိဳးနဲ ့ ခ်ိန္ကာ ေျမျပင္ေပၚရွိ တျခားသံေပသီးကို လွမ္းပစ္ရင္း

"သြားေခၚျပန္ၿပီ သံေခ်ာင္းရာ  ။
ပံုညာက ဘယ္တုန္းက ငါတို ႔လို ေဆာ့ဘူးလို ႔လဲ ။ ေလကုန္တယ္။ မင္းသူ ႔ကို သြားေခၚမဲ့အစား  သူ ႔ေဘးသြားထိုင္ၿပီး ပဲေစ်း ၊ နွမ္းေစ်း သြားေမးရင္ ပိုၿပီး သူအပ်င္းေျပမယ္ထင္တယ္"

ေဝလြင္လက္ထဲက သံေပသီးက စကားဆံုးေတာ့ အရွိန္ နဲ ့ေျမျပင္ေပၚက သံေပသီးကို သြားထိသည္။

ဦးခ်ီ နာမည္ကို တ႐ြာလံုးက  ပံုညာ ဆိုၿပီး ေခၚတက္ေပမဲ့  သက္ပံုနဲ ့အမ်ိဳးေတြကေတာ့ ပါးပါးနာမည္ ေကာင္းခ်ီ နဲ ့ဆင္ေအာင္ ဦးခ်ီ ဟု သာ ေခၚခဲ့ၾကသည္။

ကေလးေတြ စကားကို ဦးခ်ီ ျပန္မေျပာျဖစ္ပါ။
ေျပာေနလည္း သူတို ႔သိမွာမွမဟုတ္တာ။ ဒီေလာက္ ေခြၽး တ႐ႊဲရႊဲ ၊ ဖုန္တေပေပေဆာ့တဲ့ ကစားနည္းမ်ိဳးေတြ ဦးခ်ီ မႀကိဳက္ေပ။

ကေလးပဲ ကစားပါေစ ဆိုတဲ့ လူႀကီးေတြ ေျပာေနၾကစကားေတြကို ဦးခ်ီ စဥ္းစားဖို ႔
ဥာဏ္မမွီေသးေပမဲ့  ဦးခ်ီကေတာ့မွားတယ္ဟုသာ ထင္ပါသည္။
ေတြးၾကည့္ေလ သေဘာမက်ေလပဲ။

လူရယ္လို ႔ျဖစ္လာမွ ေတာ့  ကစားေနဖို ႔ထပ္ လုပ္စရာအမ်ားႀကီးကို ကေလးလည္းလုပ္သင့္တယ္ေလ။

ကေလးဆိုၿပီး အခြင့္ထူးခံလုပ္ၿပီးကစားဖို ႔ၾကတက္သည္။
စာက်က္ခိုင္းရင္ သံေခ်ာင္းတို ႔အုပ္စုက မ်က္ရည္နဲ ့မ်က္ခြက္။
ခုထိ ၁တန္းသာ ၿပီးသြားခဲ့တာ  ၂အလီ သြားဆိုခိုင္းရင္ ေတာင္ တေယာက္မွမရၾက ေပ။
ဘယ္ေလာက္ အသံုးမက်တဲ့ ေကာင္ေတြလဲ။
ၿပီးေတာ့ ေဆာ့ၿပီးရင္ လက္ေတြ ေျခေထာက္ေတြကဖုန္ေတြေပေနတက္သလို
မိဘေတြ ေလ်ွာ္ဖြတ္ဝတ္ဆင္ေပးလိုက္တဲ့
အက်ၤ ီအေကာင္းေတြ ဆိုရင္လည္း အေရာင္မထြက္ေတာ့သည္ထိ ညစ္ပတ္ေပေရကာ ျပန္သြားၾကလိမ့္မည္။

ေအာ္ဟစ္ဆူညံေနေသာ ကေလးေတြကို ၾကည့္ကာ ေခါင္းခါရမ္းရင္း ကြတ္ပ်စ္ေပၚကေန ဦးခ်ီ ခုန္ဆင္းလိုက္သည္။

မိဘေတြအစား ရင္ေလးလိုက္တာ တကယ္ပါပဲ။

ေတြးရင္း ဦးခ်ီ အိမ္ထဲကို  ဝင္သြားလိုက္သည္။

ဆိုင္ထဲမွာ ေစ်း၀ယ္သူ ပါးေနကာ
ပါးပါးနဲ ့သက္ပံုက  ေစ်းမွာဖို ႔အမွာစာရင္း
ေရးမွတ္ေနၾကသည္မို ႔ ဦးခ်ီ  ေအးေဆးစြာ အိမ္ေပၚတက္လာခဲ့လိုက္သည္။

မၾကာမီ ေက်ာင္းေတြ ျပန္ဖြင့္ေတာ့မည္။

ဦးခ်ီ ကိုယ္တိုင္ ၂တန္းတက္ရေတာ့မွာ မို ႔
အနည္းငယ္ ရင္ခုန္ေသာ္လည္း တေႏြလံုး သက္ပံု ၏သင္ျပမူ ႔ေၾကာင့္ ဦးခ်ီက အေတာ္ေလးစာေတြရေနကာ သိပ္ေတာ့
မစိုးရမ္ရေပ။

ၿပီးေတာ့ ပါးပါးတို ႔နဲ ့အခန္းခြဲေနတာ ၁နွစ္ေက်ာ္ၿပီ။

ဦးခ်ီရဲ႕ အခန္းေလးသည္ တျခားကေလးေတြလို ေဆာ့ကစားစရာ မ်ားမ်ားစားစားမရွိလွပဲ တေယာက္အိပ္ေမြ ႕ယာ ပန္းေရာင္ေလးရယ္  ၊ စာၾကည့္စားပြဲ လွလွေလးတစ္လံုးရယ္နွင့္  ကြၽန္းညိဳေရာင္ နံရံကပ္ ဘီဒိုတလံုးရယ္သာရွိေလသည္။

ပန္းေရာင္က သက္ပံုႀကိဳက္နစ္သက္ေသာ အေရာင္ျဖစ္ၿပီး တအိမ္လံုးအသံုးအေဆာင္မ်ားကိုလည္း ထိုအေရာင္နဲ ့သာ အသံုးျပဳတက္ေလသည္။

မိန္းမဆန္ေသာ ပန္းေရာင္ကို ခ်စ္တဲ့ သက္ပံု သေဘာက်သည္မို ႔ ပါးပါးေရာ၊ ဦးခ်ီေရာပါ  ျမတ္နိုးတန္ဖိုးထားရပါသည္။

လူေတြက ေျပာၾကသည္။

သက္ပံုကို ေဖေဖမေခၚပဲ သက္ပံု
ဟုေခၚတြင္ ရသည့္အေၾကာင္းကို။
တကယ္ေတာ့ သက္ပံုဆိုတဲ့ နာမည္ေလးကို ေခၚလိုက္ရတာနဲ ့ ရင္ထဲကိုေႏြးခနဲ ျဖစ္သြားေစလို ႔ ေခၚတြင္ရင္းနႈတ္ႀကိဳးသြားခဲ့တာပင္။ နာမည္တခါေခၚလိုက္တိုင္း အခ်စ္ေတြ ပိုးတိုးလာတက္သည္မို ႔ ေျပာင္းလဲဖို ႔ေတာ့ စိတ္ကူးမရွိပါ။

တကယ္ေတာ့ သက္ပံု သည္ ဦးခ်ီ နဲ ့
ေသြးသားမေတြစပ္ဘူးဆိုတာ ဦးခ်ီသိထားၿပီးျဖစ္သည္။

တေန ႔တျခားတူလာေသာ ပါးပါးနဲ ့ဦးခ်ီ၏
ရုပ္ရည္သည္ လိမ္လည္မရေသာ
အေၾကာင္းရင္းျဖစ္လာတာမို ႔ သက္ပံုသည္ ဦးခ်ီ ၃နွစ္သားအ႐ြယ္ကတည္းက
ေသခ်ာနား၀င္ေအာင္ရွင္းျပထား၏။

အဲ့တုန္းကဆို ေနမေကာင္းျဖစ္သည္ထိ
သက္ပံုရဲ႕ သားအရင္းမဟုတ္ခဲ့ျခင္းအေပၚ မ်ားစြာ စိတ္မေကာင္းျဖစ္ခဲ့ရေသးသည္။
ဒါေပမဲ့ ပါးပါးက  ဦးခ်ီ ကို  ေပြ ႕ပိုက္ကာ
သက္ပံုကို အခ်စ္မေလ်ာ့ပဲ ပိုခ်စ္ေပးဖို ႔
သူတို ႔ရဲ႕ အတိတ္အေၾကာင္းေတြေျပာျပခဲ့သည္။
ငယ္ေသးတဲ့အ႐ြယ္မို ႔ ဦးခ်ီ သိပ္နားမလည္ခဲ့ပါ။ ဒါေပမဲ့ သက္ပံုကို အရမ္းသနားခဲ့တာေတာ့အမွတ္တရပင္။
သက္ပံု ကို ပါးပါးထပ္ေတာင္ ဦးခ်ီ ခ်စ္ခဲ့ရပါသည္။ဘယ္ေတာ့မွ ထားသြားမည္မဟုတ္သလို  ဘယ္ေတာ့မွာလည္း သက္ပံုကို ေမတၱာပ်က္မည္မဟုတ္။

ဦးခ်ီက ပါးပါးနဲ ့တူလို ႔လား၊ ဒါမွမဟုတ္
အေဖ၂ေယာက္က ေမြးခဲ့တဲ့ သာမန္မဟုတ္တဲ့ မိသားစုက ကေလးမို ႔လို ႔လားမသိ
တျခားကေလးေတြထပ္ရင့္က်က္သည္။
ခုေနာက္ပိုင္း ခ်စ္တဲ့သက္ပံုကို သူတို ႔
သားအဖ အရမ္းဂရုစိုက္ခဲ့ရသည္။

ပံုညာဦးခ်ီ ဆိုတဲ့ သူ ႔ကို ေ႐ြးခ်ယ္ေပးခဲ့လို ႔သက္ပံုကို အရမ္းေက်းဇူးတင္မိသလို အ႐ြယ္ေရာက္ခဲ့ရင္ေတာင္ သက္ပံု နဲ ့ပါးပါးကို ဘယ္ေတာ့မွထားသြားမည္မဟုတ္ပါ။

သူလုပ္ခ်င္တဲ့ အရာေတြ အကုန္လုပ္ၿပီး
အသက္အ႐ြယ္တခုေရာက္ခဲ့ရင္ ပါးပါးနဲ ့သက္ပံု ကို ျပဳစု ေစာင့္ေရွာက္ရင္း ေပ်ာ္႐ြင္စြာ လူ ႔ဘ၀သက္တမ္းကုန္ဆံုးဖို ႔ကို ဦးခ်ီ ေမ်ွာ္လင့္ထားသည္။

ပန္းေရာင္လိုက္ကာလွလွေလးကို ဦးခ်ေငးၾကည့္ရင္း သူ ႔စိတ္ကူးလွလွေလးကို ျပန္ေတြးကာ ေက်နပ္သြား၏။
ထို ႔ေနာက္  အခန္းေထာင့္ အဝတ္ေဟာင္းျခင္းထဲက မနက္က သူ ဝတ္ၿပီးခြၽတ္တဲ့ အဝတ္ေတြကိုဆြဲထုတ္ကာ ေရခ်ိဳးခန္းထဲ ဦးခ်ီ ဝင္လိုက္သည္။

ေရမခ်ိဳးခင္ အဝတ္ေလ်ွာ္ရမည္။

သူမလုပ္ရင္ သက္ပံု လုပ္မည္စိုး၍  ဦးခ်ီကိုယ့္အဝတ္ကို ႀကိဳးစားၿပီးေလ်ွာ္ဖြတ္ဝတ္တက္တာ ၅လနီးပါးရွိခဲ့ၿပီျဖစ္သည္။
အစပိုင္းေတာ့ သူ ႔လက္ေတြ ဆပ္ျပာစား
မည္စိုးကာ သက္ပံုတားျမစ္ခဲ့ေသာ္လည္း ပါးပါးရဲ႕ ဒါမွ ငါ့သားဆိုတဲ့ စကားနဲ ့ပါးစပ္ပိတ္သြားခဲ့ရသည္။
တေန ႔တျခား ဦးခ်ီ ရဲ႕ သင္ယူနိုင္စြမ္းတိုးတက္လာမူ ႔ ၊  လိမ္မာေရးျခားရွိလာမူ ႔တို ႔
အေပၚ ပါးပါးတေယာက္ ၿပံဳးၿပံဳးႀကီးဂုဏ္ယူတက္လာေပမဲ့ သက္ပံုကေတာ့
ကေလးလို မေနဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ ့ စိတ္အေတာ္ၾကာဆိုးခဲ့ေသးသည္။

ဘာပဲေျပာေျပာ ဦးခ်ီက ေယာက်ာ္းတစ္ေယာက္ပါ။
ပါးပါးလို ရုိးေျဖာင့္ ခ်င္သလို သက္ပံုလို ထက္ျမတ္ခ်င္သည္။
သူ ႔ေၾကာင့္ သက္ပံုနဲ ့ပါးပါး ဂုဏ္တက္ဖို ႔
သည္ သားတေယာက္ျဖစ္တဲ့ သူ ႔အလုပ္
မို ႔ ဦးခ်ီကေတာ့  ဆက္ၿပီး ႀကိဳးစားေနအုန္းမွာပဲ။

အနာဂတ္မွာ ပိုက္ဆံေတြရွာခ်င္သည္။

ပါးပါးနဲ ့သက္ပံုကို ေခၚၿပီး နိုင္ငံေတာ္ေတာ္မ်ားမ်ားအလည္ထြက္ခ်င္သည္။
သက္ပံုေထာက္ပံ့ေပးေနေသာ ကေလးေတြလို သူ ႔အလွည့္ၾကရင္လည္း  ပိုေကာင္းေအာင္ ေထာက္ပံ့ေပးခ်င္သည္။

ဒါပံုညာဦးခ်ီရဲ႕ အနာဂတ္အိမ္မက္ေတြပင္။

_____________

ဦးခ်ီ ဖုန္းလာေနတယ္ "

ေက်ာင္းကပါခဲ့တဲ့ အိမ္စာေတြကို လုပ္ေနရာမွ သက္ပံု အသံေၾကာင့္ ဦးခ်ီ ေခါင္းေမာ့ၾကည့္လိုက္သည္။
ပါးပါးနဲ ့ဦးခ်ီက ပုဆိုးဝတ္ရတာကို ႀကိဳက္ေပမဲ့ သက္ပံုကေတာ့ လြတ္လပ္စြာ တီရွပ္နဲ ့ေဘာင္းဘီရွည္ ပြပြေတြကိုသာ ဝတ္တက္သူျဖစ္သည္။ သက္ပံု အသက္က ၃၀စြန္းေနၿပီ ျဖစ္ေပမဲ့ ပါးပါးထပ္စာရင္ အေတာ္ေလးႏုငယ္တဲ့ပံုေပါက္ကာ အၿမဲလန္းဆန္းတက္ႂကြေနတက္သူပင္။

"ဘိုးဘိုးဆီကလား သက္ပံု "

သက္ပံုက ေခါင္းရမ္းျပကာ ဦးခ်ီ ဆံပင္ေတြကို လာဖြကာ နႈတ္ခမ္းလႈပ္ရုံေျပာ၏။

ထိုအရာသည္ ယေသာ္လင္း တဲ့။

အနည္းငယ္ေနရခက္သြားေပမဲ့
ဦးခ်ီ ခပ္တည္တည္ဖုန္းလွမ္းယူလိုက္သည္။ၿပီးေတာ့ မေျပာေသးပဲ သက္ပံု ကို
ေမာ့ၾကည့္ေတာ့ သေဘာက်စြာ သက္ပံုတစ္ေယာက္ေအာ္ရယ္ေတာ့၏။

"ေအးပါ ။ အဲ့လိုႀကီးမၾကည့္စမ္းပါနဲ ့။
ေဖေဖ ေအာက္မွာေစ်းသြားေရာင္းေတာ့မွာပါေနာ္"

စေနာက္ၿပီး သက္ပံုထြက္သြားၿပီဆိုမွ
ယေသာ္လင္း ကို၀မ္းသာအားရအသံျပဳလိုက္သည္။

"ဟယ္လို ယေသာ္ ။ ငါ့ဆီဖုန္းဆက္တယ္ဟုတ္လား။ ငါ့ဖုန္းနံပါတ္ဘယ္ကရတာလဲ။ ငါမင္းကို သတိရေနတာ "

တဖက္မွ ၀မ္းသာအားရဆိုလာတဲ့ ငမဲလံုး စကားေတြေၾကာင့္ ယေသာ္လင္းၿပံဳးကာ
ဟိုဖက္အိမ္က ဘိုးဘိုးလာေပးသြားတဲ့ မာလကာသီးေတြကို လွမ္းၾကည့္ေနမိသည္။
မနက္က ေက်ာင္းမသြားခင္ အေစာႀကီး
မာလကာသီးေတြ အမ်ားႀကီးလာေပးသြားတာမို ႔ ငမဲလံုးဖုန္းနံပါတ္ကို ေတာင္းထားလိုက္မိသည္။

" မင္း ငါ့အတြက္ မင္းအဘိုးကို မာလကာသီးလာေပးခိုင္းလိုက္တာလား"

ဖုန္းထဲက ယေသာ္လင္း စကားကို မျမင္ရေပမဲ့ ဦးခ်ီ ေခါင္းညိမ့္ျပေနမိသည္။
သူ ႔နႈတ္ခမ္းေတြသည္ ေပ်ာ္ရႊင္စြာ ၿပံဳးေနၿပီး ဘာရယ္မဟုတ္ စာၾကည့္စားပြဲေပၚက
စာအုပ္ေပၚမွာ ခဲတံနဲ ့ေလ်ွာက္ေရးေနမိ၏။

"အင္း မင္းစားခ်င္ေနမွန္းသိလို ႔မေန ႔က
ဘိုးဘိုးဆီကို ဖုန္းဆက္ရင္းေျပာလိုက္တာေလ။ ဘာလဲမေပ်ာ္ဘူးလား။"

"ေပ်ာ္ပါတယ္။ ငါစားခ်င္ေနတာနဲ ့အေတာ္ပဲေလ။ ဒါနဲ ့ငမဲလံုး မင္းခုဘာလုပ္ေနတာလဲ ။ ေက်ာင္းကေရာ ဘယ္နွစ္တန္းလဲ "

ေစာေစာက ေပ်ာ္ေနတဲ့ စိတ္ကေလးသည္
ယေသာ္လင္းဆီမွ ငမဲလံုး ဆိုတဲ့ နာမည္ေၾကာင့္ ဦးခ်ီ တစ္ေယာက္ မေက်မနပ္ျဖစ္လို ႔သြား၏။ ထို ႔ေၾကာင့္

" ငါ့နာမည္ပံုညာဦးခ်ီ ။ အသက္က ၆နွစ္ ေက်ာ္ၿပီ။
ငါအခု ၂တန္းစာ လုပ္ေနတယ္။ ေနာက္
ၿပီး ငါ့မွာ နံ႔သာျဖဴ ခင္းလည္းပိုင္တယ္"

"နံ ့သာျဖဴ ခင္း ဆိုတာ ဘာလဲ "

"နံ ့သာျဖဴ ဆိုတာ သနပ္ခါးလို ေမႊးတဲ့အပင္ ။ ေနာက္ ငါ တကၠသိုလ္တက္လို႔ ခုတ္ေရာင္းစားရင္ ပိုက္ဆံေတြအမ်ားႀကီးခ်မ္းသာမွာ "

"တကယ္လား။ ဒါဆို မင္းက သူေဌးေပါ့"

ယေသာ္လင္းဆီမွ အထင္ႀကီးဟန္ျပလာေတာ့ ဦးခ်ီ  "ေအးေပါ့ "ဆိုတဲ့ စကားကို
အသံက်ယ္က်ယ္နဲ ့ျပန္ေျပာလိုက္သည္။

" ဒါဆို မင္းနဲ ့ငါက သူငယ္ခ်င္းဆိုေတာ့
ငါလိုခ်င္တာေတြကို မင္းကဝယ္ေပးမွာလား "

မဆိုင္းမတြ ပင္ဦးခ်ီ လက္ခံလိုက္သည္။

"ဝယ္ေပးမွာေပါ့။ ဒါေပမဲ့ မင္းငါ့ကို ငမဲလံုးလို ႔မေခၚရေတာ့ဘူး။ အဲ့ဒါဆို မင္းႀကိဳက္ေတြအကုန္လံုး ငါဝယ္ေပးမယ္။ "

ယေသာ္လင္း ပံုညာဦးခ်ီ စကားေၾကာင့္
အေတာ္ၾကာစဥ္းစားၿပီးလက္ခံလိုက္၏။
စဥ္းစားၾကည့္ရင္ မဲတာပဲမို ႔ ဘာလို ႔မေခၚေစခ်င္မွန္း ယေသာ္လင္းမသိပါ။
ကေလးပီပီ အေတာ္ၾကာစကားေတြ
ေျပာၿပီးမွ ဖုန္းခ် လိုက္ၾကသည္။
ဖုန္းကိုေဘးခ်ၿပီး ဦးခ်ီ ယေသာ္ေျပာခဲ့တဲ့
ေနာက္ဆံုးစကားကို ေတြးကာႁပံဳးမိ၏။
သူတို ႔နွစ္ေယာက္ အခုလို ဖုန္းမၾကာခနေျပာဖို ႔သေဘာတူညီခ်က္လုပ္ခဲ့ၾကသလို
ယေသာ္လင္းဆီမွ   ငမဲလံုးလို ႔မေခၚေတာ့ဘူးဆိုတဲ့ ကတိစကားကိုလည္းရခဲ့သည္။
ဘယ္ေလာက္ေက်နပ္စရာေကာင္းလဲ။

အေတာ္ၾကာေတာ့ ဦးခ်ီ ဖုန္းေကာက္ကိုင္ကာ  အခန္းထဲကေနေျပးထြက္သြား၏။
စားပြဲေပၚကက်န္ေနခဲ့ေသာ စာအုပ္ေပၚမွာေတာ့ ေရာက္တက္ရာရာေရးျခစ္ထားတဲ့ စာလံုးေလးေတြက ယေသာ္လင္းတဲ့။

_________

(အရမ္းဇာတ္ေအးေနရင္ ခြင့္လြတ္ပါ။
ပံုညာဦးခ်ီ ကို  ေကာင္းခ်ီ ရဲ႕ အရိပ္ကလြတ္ေအာင္ေရးဖို ႔ ကိုယ္ႀကိဳးစားေနပါတယ္။
ဒီFicကိုဖတ္လိုက္ၿပီး  သက္ပံုတို ႔အတြဲ ကို
ျမင္ေယာင္ေနရတာမ်ိဳးႀကီးမျဖစ္ေစခ်င္ဘူး
ပံုညာဦးခ်ီက ပံုညာဦးခ်ီပဲမို ႔ အျမင္သစ္တမ်ိဳးေပးနိုင္ဖို ႔ မအိမ္စည္အမ်ားႀကီးႀကိဳးစားေနပါတယ္ ။ ေနာက္ၿပီး ဒီအသက္အ႐ြယ္ေလးနဲ ့ဒါမ်ိဳးျဖစ္နိုင္ပါ့မလားမေတြးၾကပါနဲ ့။
ဥာဏ္ရည္ထက္ျမတ္မူ ႔နဲ ့မိဘသြန္သင္မူ ႔ေကာင္းရင္ ျဖစ္နိုင္ပါတယ္။ ၿပီးေတာ့ bad comment ေတြ လံုး၀မေပးပါနဲ ့။ မန္ ႔ေတြ တလံုးမက်န္ဖတ္တက္သူမို ႔အဲ့လိုစာေတြေတြ ႕ရင္ စာဆက္မေရးခ်င္ေတာ့ေလာက္ေအာင္ျဖစ္ရလို ႔ပါ။ )

ခ်စ္တဲ့အိမ္စည္။

နေ့ ခင်း၃နာရီခန့်တွင် ဇောတိက ကုန်စုံဆိုင်ကြီးရှေ့ က ခရေပင်အိုအရိပ်အောက်တွင် ကလေးများသည် ဆော့ကစားကာ ပျော်မြူးနေကြသည်။
အရိပ်ရအပင် ဖြစ်သည့်ခရေပင် ကြီး၏ အကိုင်းလက်များစွာသည် နေပျောက်ပင်မထိုးနိုင်အောင် ကြီးမားသန်စွမ်းတာမို့
ကလေးငယ်တိုင်းရဲ့ နေ့ ခင်းကစားကွင်းအဖြစ် တည်ရှိနေသည်မှာ နှစ်ပေါင်းများစွာ
ကြာမြင့်လှပြီဖြစ်သည်။

" ပုံညာ ရေ ငါတို့ နဲ့  လာဆော့လေကွာ "

သံပေသီး ပစ်နေကြတဲ့ ကလေးအုပ်စုထဲမှ 
ခပ်ပိန်ပိန်ကလေးက သူ့ အလှည့်ရောက်
ဖို့  စောင့်နေရင်းမှ လှမ်းအော်လာ၏။

ကွတ်ပျစ်ကလေးပေါ် ထိုင်ကာ ဆော့ကစားသူများကို ငေးမောကြည့်နေတဲ့
ဦးချီ က  သံချောင်းအသံကြောင့်
လှည့်ကြည့်ပြီး ခေါင်းရမ်းပြလိုက်သည်။
ထို့ အရာ ကို မြင်သွားတဲ့  ဝေလွင်က သံပေသီးကို လက်ညိုးနဲ့  ချိန်ကာ မြေပြင်ပေါ်ရှိ တခြားသံပေသီးကို လှမ်းပစ်ရင်း

"သွားခေါ်ပြန်ပြီ သံချောင်းရာ  ။
ပုံညာက ဘယ်တုန်းက ငါတို့ လို ဆော့ဘူးလို့ လဲ ။ လေကုန်တယ်။ မင်းသူ့ ကို သွားခေါ်မဲ့အစား  သူ့ ဘေးသွားထိုင်ပြီး ပဲဈေး ၊ နှမ်းဈေး သွားမေးရင် ပိုပြီး သူအပျင်းပြေမယ်ထင်တယ်"

ဝေလွင်လက်ထဲက သံပေသီးက စကားဆုံးတော့ အရှိန် နဲ့ မြေပြင်ပေါ်က သံပေသီးကို သွားထိသည်။

ဦးချီ နာမည်ကို တရွာလုံးက  ပုံညာ ဆိုပြီး ခေါ်တက်ပေမဲ့  သက်ပုံနဲ့ အမျိုးတွေကတော့ ပါးပါးနာမည် ကောင်းချီ နဲ့ ဆင်အောင် ဦးချီ ဟု သာ ခေါ်ခဲ့ကြသည်။

ကလေးတွေ စကားကို ဦးချီ ပြန်မပြောဖြစ်ပါ။
ပြောနေလည်း သူတို့ သိမှာမှမဟုတ်တာ။ ဒီလောက် ချွေး တရွှဲရွှဲ ၊ ဖုန်တပေပေဆော့တဲ့ ကစားနည်းမျိုးတွေ ဦးချီ မကြိုက်ပေ။

ကလေးပဲ ကစားပါစေ ဆိုတဲ့ လူကြီးတွေ ပြောနေကြစကားတွေကို ဦးချီ စဉ်းစားဖို့
ဥာဏ်မမှီသေးပေမဲ့  ဦးချီကတော့မှားတယ်ဟုသာ ထင်ပါသည်။
တွေးကြည့်လေ သဘောမကျလေပဲ။

လူရယ်လို့ ဖြစ်လာမှ တော့  ကစားနေဖို့ ထပ် လုပ်စရာအများကြီးကို ကလေးလည်းလုပ်သင့်သည်လေ။

ကလေးဆိုပြီး အခွင့်ထူးခံလုပ်ပြီးကစားဖို့ ကြတက်သည်။
စာကျက်ခိုင်းရင် သံချောင်းတို့ အုပ်စုက မျက်ရည်နဲ့ မျက်ခွက်။
ခုထိ ၁တန်းသာ ပြီးသွားခဲ့တာ  ၂အလီ သွားဆိုခိုင်းရင် တောင် တစ်ယောက်မှမရကြ ပေ။
ဘယ်လောက် အသုံးမကျတဲ့ ကောင်တွေလဲ။
ပြီးတော့ ဆော့ပြီးရင် လက်တွေ ခြေထောက်တွေကဖုန်တွေပေနေတက်သလို
မိဘတွေ လျှော်ဖွတ်ဝတ်ဆင်ပေးလိုက်တဲ့
အင်္ကျီအကောင်းတွေ ဆိုရင်လည်း အရောင်မထွက်တော့သည်ထိ ညစ်ပတ်ပေရေကာ ပြန်သွားကြလိမ့်မည်။

အော်ဟစ်ဆူညံနေသော ကလေးတွေကို ကြည့်ကာ ခေါင်းခါရမ်းရင်း ကွတ်ပျစ်ပေါ်ကနေ ဦးချီ ခုန်ဆင်းလိုက်သည်။

မိဘတွေအစား ရင်လေးလိုက်တာ တကယ်ပါပဲ။

တွေးရင်း ဦးချီ အိမ်ထဲကို  ဝင်သွားလိုက်သည်။

ဆိုင်ထဲမှာ ဈေးဝယ်သူ ပါးနေကာ
ပါးပါးနဲ့ သက်ပုံက  ဈေးမှာဖို့ အမှာစာရင်း
ရေးမှတ်နေကြသည်မို့  ဦးချီ  အေးဆေးစွာ အိမ်ပေါ်တက်လာခဲ့လိုက်သည်။

မကြာမီ ကျောင်းတွေ ပြန်ဖွင့်တော့မည်။

ဦးချီ ကိုယ်တိုင် ၂တန်းတက်ရတော့မှာ မို့
အနည်းငယ် ရင်ခုန်သော်လည်း တနွေလုံး သက်ပုံ ၏သင်ပြမူ့ ကြောင့် ဦးချီက အတော်လေးစာတွေရနေကာ သိပ်တော့
မစိုးရိမ်ရပေ။

ပြီးတော့ ပါးပါးတို့ နဲ့ အခန်းခွဲနေတာ ၁နှစ်ကျော်ပြီ။

ဦးချီရဲ့ အခန်းလေးသည် တခြားကလေးတွေလို ဆော့ကစားစရာ များများစားစားမရှိလှပဲ တယောက်အိပ်မွေ့ ယာ ပန်းရောင်လေးရယ်  ၊ စာကြည့်စားပွဲ လှလှလေးတစ်လုံးရယ်နှင့်  ကျွန်းညိုရောင် နံရံကပ် ဘီဒိုတစ်လုံးရယ်သာရှိလေသည်။

ပန်းရောင်က သက်ပုံကြိုက်နှစ်သက်သော အရောင်ဖြစ်ပြီး တစ်အိမ်လုံးအသုံးအဆောင်များကိုလည်း ထိုအရောင်နဲ့ သာ အသုံးပြုတက်လေသည်။

မိန်းမဆန်သော ပန်းရောင်ကို ချစ်တဲ့ သက်ပုံ သဘောကျသည်မို့  ပါးပါးရော၊ ဦးချီရောပါ  မြတ်နိုးတန်ဖိုးထားရပါသည်။

လူတွေက ပြောကြသည်။

သက်ပုံကို ဖေဖေမခေါ်ပဲ သက်ပုံ
ဟုခေါ်တွင် ရသည့်အကြောင်း။
တကယ်တော့ သက်ပုံဆိုတဲ့ နာမည်လေးကို ခေါ်လိုက်ရတာနဲ့  ရင်ထဲကိုနွေးခနဲ ဖြစ်သွားစေလို့  ခေါ်တွင်ရင်းနှုတ်ကျိုးသွားခဲ့တာပင်။ နာမည်တစ်ခါခေါ်လိုက်တိုင်း အချစ်တွေ ပိုးတိုးလာတက်သည်မို့  ပြောင်းလဲဖို့ တော့ စိတ်ကူးမရှိပါ။

တကယ်တော့ သက်ပုံ သည် ဦးချီ နဲ့
သွေးသားမတွေစပ်ဘူးဆိုတာ ဦးချီသိထားပြီးဖြစ်သည်။

တနေ့ တခြားတူလာသော ပါးပါးနဲ့ ဦးချီ၏
ရုပ်ရည်သည် လိမ်လည်မရသော
အကြောင်းရင်းဖြစ်လာတာမို့  သက်ပုံသည် ဦးချီ ၃နှစ်သားအရွယ်ကတည်းက
သေချာနားဝင်အောင်ရှင်းပြထား၏။

အဲ့တုန်းကဆို နေမကောင်းဖြစ်သည်ထိ
သက်ပုံရဲ့ သားအရင်းမဟုတ်ခဲ့ခြင်းအပေါ် များစွာ စိတ်မကောင်းဖြစ်ခဲ့ရသေးသည်။
ဒါပေမဲ့ ပါးပါးက  ဦးချီ ကို  ပွေ့ ပိုက်ကာ
သက်ပုံကို အချစ်မလျော့ပဲ ပိုချစ်ပေးဖို့ 
သူတို့ ရဲ့ အတိတ်အကြောင်းတွေပြောပြခဲ့သည်။
ငယ်သေးတဲ့အရွယ်မို့  ဦးချီ သိပ်နားမလည်ခဲ့ပါ။ ဒါပေမဲ့ သက်ပုံကို အရမ်းသနားခဲ့တာတော့အမှတ်တရပင်။
သက်ပုံ ကို ပါးပါးထပ်တောင် ဦးချီ ချစ်ခဲ့ရပါသည်။ဘယ်တော့မှ ထားသွားမည်မဟုတ်သလို  ဘယ်တော့မှာလည်း သက်ပုံကို မေတ္တာပျက်မည်မဟုတ်။

ဦးချီက ပါးပါးနဲ့ တူလို့ လား၊ ဒါမှမဟုတ်
အဖေ၂ယောက်က မွေးခဲ့တဲ့ သာမန်မဟုတ်တဲ့ မိသားစုက ကလေးမို့ လို့ လားမသိ
တခြားကလေးတွေထပ်ရင့်ကျက်သည်။
ခုနောက်ပိုင်း ချစ်တဲ့သက်ပုံကို သူတို့
သားအဖ အရမ်းဂရုစိုက်ခဲ့ရသည်။

ပုံညာဦးချီ ဆိုတဲ့ သူ့ ကို ရွေးချယ်ပေးခဲ့လို့ သက်ပုံကို အရမ်းကျေးဇူးတင်မိသလို အရွယ်ရောက်ခဲ့ရင်တောင် သက်ပုံ နဲ့ ပါးပါးကို ဘယ်တော့မှထားသွားမည်မဟုတ်ပါ။

သူလုပ်ချင်တဲ့ အရာတွေ အကုန်လုပ်ပြီး
အသက်အရွယ်တခုရောက်ခဲ့ရင် ပါးပါးနဲ့ သက်ပုံ ကို ပြုစု စောင့်ရှောက်ရင်း ပျော်ရွင်စွာ လူ့ ဘ၀သက်တမ်းကုန်ဆုံးဖို့ ကို ဦးချီ မျှော်လင့်ထားသည်။

ပန်းရောင်လိုက်ကာလှလှလေးကို ဦးချငေးကြည့်ရင်း သူ့ စိတ်ကူးလှလှလေးကို ပြန်တွေးကာ ကျေနပ်သွား၏။
ထို့ နောက်  အခန်းထောင့် အဝတ်ဟောင်းခြင်းထဲက မနက်က သူ ဝတ်ပြီးချွတ်တဲ့ အဝတ်တွေကိုဆွဲထုတ်ကာ ရေချိုးခန်းထဲ ဦးချီ ဝင်လိုက်သည်။

ရေမချိုးခင် အဝတ်လျှော်ရမည်။

သူမလုပ်ရင် သက်ပုံ လုပ်မည်စိုး၍  ဦးချီကိုယ့်အဝတ်ကို ကြိုးစားပြီးလျှော်ဖွတ်ဝတ်တက်တာ ၅လနီးပါးရှိခဲ့ပြီဖြစ်သည်။
အစပိုင်းတော့ သူ့ လက်တွေ ဆပ်ပြာစား
မည်စိုးကာ သက်ပုံတားမြစ်ခဲ့သော်လည်း ပါးပါးရဲ့ ဒါမှ ငါ့သားဆိုတဲ့ စကားနဲ့ ပါးစပ်ပိတ်သွားခဲ့ရသည်။
တနေ့ တခြား ဦးချီ ရဲ့ သင်ယူနိုင်စွမ်းတိုးတက်လာမူ့  ၊  လိမ်မာရေးခြားရှိလာမူ့ တို့
အပေါ် ပါးပါးတယောက် ပြုံးပြုံးကြီးဂုဏ်ယူတက်လာပေမဲ့ သက်ပုံကတော့
ကလေးလို မနေဘူးဆိုတဲ့ အကြောင်းပြချက်နဲ့  စိတ်အတော်ကြာဆိုးခဲ့သေးသည်။

ဘာပဲပြောပြော ဦးချီက ယောကျာ်းတစ်ယောက်ပါ။
ပါးပါးလို ရိုးဖြောင့် ချင်သလို သက်ပုံလို ထက်မြတ်ချင်သည်။
သူ့ ကြောင့် သက်ပုံနဲ့ ပါးပါး ဂုဏ်တက်ဖို့
သည် သားတယောက်ဖြစ်တဲ့ သူ့ အလုပ်
မို့  ဦးချီကတော့  ဆက်ပြီး ကြိုးစားနေအုန်းမှာပဲ။

အနာဂတ်မှာ ပိုက်ဆံတွေရှာချင်သည်။

ပါးပါးနဲ့ သက်ပုံကို ခေါ်ပြီး နိုင်ငံတော်တော်များများအလည်ထွက်ချင်သည်။
သက်ပုံထောက်ပံ့ပေးနေသော ကလေးတွေလို သူ့ အလှည့်ကြရင်လည်း  ပိုကောင်းအောင် ထောက်ပံ့ပေးချင်သည်။

ဒါပုံညာဦးချီရဲ့ အနာဂတ်အိမ်မက်တွေပင်။

_____________

ဦးချီ ဖုန်းလာနေတယ် "

ကျောင်းကပါခဲ့တဲ့ အိမ်စာတွေကို လုပ်နေရာမှ သက်ပုံ အသံကြောင့် ဦးချီ ခေါင်းမော့ကြည့်လိုက်သည်။
ပါးပါးနဲ့ ဦးချီက ပုဆိုးဝတ်ရတာကို ကြိုက်ပေမဲ့ သက်ပုံကတော့ လွတ်လပ်စွာ တီရှပ်နဲ့ ဘောင်းဘီရှည် ပွပွတွေကိုသာ ဝတ်တက်သူဖြစ်သည်။ သက်ပုံ အသက်က ၃၀စွန်းနေပြီ ဖြစ်ပေမဲ့ ပါးပါးထပ်စာရင် အတော်လေးနုငယ်တဲ့ပုံပေါက်ကာ အမြဲလန်းဆန်းတက်ကြွနေတက်သူပင်။

"ဘိုးဘိုးဆီကလား သက်ပုံ "

သက်ပုံက ခေါင်းရမ်းပြကာ ဦးချီ ဆံပင်တွေကို လာဖွကာ နှုတ်ခမ်းလှုပ်ရုံပြော၏။

ထိုအရာသည် ယသော်လင်း တဲ့။

အနည်းငယ်နေရခက်သွားပေမဲ့
ဦးချီ ခပ်တည်တည်ဖုန်းလှမ်းယူလိုက်သည်။ပြီးတော့ မပြောသေးပဲ သက်ပုံ ကို
မော့ကြည့်တော့ သဘောကျစွာ သက်ပုံတစ်ယောက်အော်ရယ်တော့၏။

"အေးပါ ။ အဲ့လိုကြီးမကြည့်စမ်းပါနဲ့ ။
ဖေဖေ အောက်မှာဈေးသွားရောင်းတော့မှာပါနော်"

စနောက်ပြီး သက်ပုံထွက်သွားပြီဆိုမှ
ယသော်လင်း ကိုဝမ်းသာအားရအသံပြုလိုက်သည်။

"ဟယ်လို ယသော် ။ ငါ့ဆီဖုန်းဆက်တယ်ဟုတ်လား။ ငါ့ဖုန်းနံပါတ်ဘယ်ကရတာလဲ။ ငါမင်းကို သတိရနေတာ "

တဖက်မှ ၀မ်းသာအားရဆိုလာတဲ့ ငမဲလုံး စကားတွေကြောင့် ယသော်လင်းပြုံးကာ
ဟိုဖက်အိမ်က ဘိုးဘိုးလာပေးသွားတဲ့ မာလကာသီးတွေကို လှမ်းကြည့်နေမိသည်။
မနက်က ကျောင်းမသွားခင် အစောကြီး
မာလကာသီးတွေ အများကြီးလာပေးသွားတာမို့  ငမဲလုံးဖုန်းနံပါတ်ကို တောင်းထားလိုက်မိသည်။

" မင်း ငါ့အတွက် မင်းအဘိုးကို မာလကာသီးလာပေးခိုင်းလိုက်တာလား"

ဖုန်းထဲက ယသော်လင်း စကားကို မမြင်ရပေမဲ့ ဦးချီ ခေါင်းညိမ့်ပြနေမိသည်။
သူ့ နှုတ်ခမ်းတွေသည် ပျော်ရွှင်စွာ ပြုံးနေပြီး ဘာရယ်မဟုတ် စာကြည့်စားပွဲပေါ်က
စာအုပ်ပေါ်မှာ ခဲတံနဲ့ လျှောက်ရေးနေမိ၏။

"အင်း မင်းစားချင်နေမှန်းသိလို့ မနေ့ က
ဘိုးဘိုးဆီကို ဖုန်းဆက်ရင်းပြောလိုက်တာလေ။ ဘာလဲမပျော်ဘူးလား။"

"ပျော်ပါတယ်။ ငါစားချင်နေတာနဲ့ အတော်ပဲလေ။ ဒါနဲ့ ငမဲလုံး မင်းခုဘာလုပ်နေတာလဲ ။ ကျောင်းကရော ဘယ်နှစ်တန်းလဲ "

စောစောက ပျော်နေတဲ့ စိတ်ကလေးသည်
ယသော်လင်းဆီမှ ငမဲလုံး ဆိုတဲ့ နာမည်ကြောင့် ဦးချီ တစ်ယောက် မကျေမနပ်ဖြစ်လို့ သွား၏။ ထို့ ကြောင့်

" ငါ့နာမည်ပုံညာဦးချီ ။ အသက်က ၆နှစ် ကျော်ပြီ။
ငါအခု ၂တန်းစာ လုပ်နေတယ်။ နောက်
ပြီး ငါ့မှာ နံ့သာဖြူ ခင်းလည်းပိုင်တယ်"

"နံ့ သာဖြူ ခင်း ဆိုတာ ဘာလဲ "

"နံ့ သာဖြူ ဆိုတာ သနပ်ခါးလို မွှေးတဲ့အပင် ။ နောက် ငါ တက္ကသိုလ်တက်လို့ ခုတ်ရောင်းစားရင် ပိုက်ဆံတွေအများကြီးချမ်းသာမှာ "

"တကယ်လား။ ဒါဆို မင်းက သူဌေးပေါ့"

ယသော်လင်းဆီမှ အထင်ကြီးဟန်ပြလာတော့ ဦးချီ  "အေးပေါ့ "ဆိုတဲ့ စကားကို
အသံကျယ်ကျယ်နဲ့ ပြန်ပြောလိုက်သည်။

" ဒါဆို မင်းနဲ့ ငါက သူငယ်ချင်းဆိုတော့
ငါလိုချင်တာတွေကို မင်းကဝယ်ပေးမှာလား "

မဆိုင်းမတွ ပင်ဦးချီ လက်ခံလိုက်သည်။

"ဝယ်ပေးမှာပေါ့။ ဒါပေမဲ့ မင်းငါ့ကို ငမဲလုံးလို့ မခေါ်ရတော့ဘူး။ အဲ့ဒါဆို မင်းကြိုက်တွေအကုန်လုံး ငါဝယ်ပေးမယ်။ "

ယသော်လင်း ပုံညာဦးချီ စကားကြောင့်
အတော်ကြာစဉ်းစားပြီးလက်ခံလိုက်၏။
စဉ်းစားကြည့်ရင် မဲတာပဲမို့  ဘာလို့ မခေါ်စေချင်မှန်း ယသော်လင်းမသိပါ။
ကလေးပီပီ အတော်ကြာစကားတွေ
ပြောပြီးမှ ဖုန်းချ လိုက်ကြသည်။
ဖုန်းကိုဘေးချပြီး ဦးချီ ယသော်ပြောခဲ့တဲ့
နောက်ဆုံးစကားကို တွေးကာပြုံးမိ၏။
သူတို့ နှစ်ယောက် အခုလို ဖုန်းမကြာခနပြောဖို့ သဘောတူညီချက်လုပ်ခဲ့ကြသလို
ယသော်လင်းဆီမှ   ငမဲလုံးလို့ မခေါ်တော့ဘူးဆိုတဲ့ ကတိစကားကိုလည်းရခဲ့သည်။
ဘယ်လောက်ကျေနပ်စရာကောင်းလဲ။

အတော်ကြာတော့ ဦးချီ ဖုန်းကောက်ကိုင်ကာ  အခန်းထဲကနေပြေးထွက်သွား၏။
စားပွဲပေါ်ကကျန်နေခဲ့သော စာအုပ်ပေါ်မှာတော့ ရောက်တက်ရာရာရေးခြစ်ထားတဲ့ စာလုံးလေးတွေက ယသော်လင်းတဲ့။

_________

(အရမ်းဇာတ်အေးနေရင် ခွင့်လွတ်ပါ။
ပုံညာဦးချီ ကို  ကောင်းချီ ရဲ့ အရိပ်ကလွတ်အောင်ရေးဖို့  ကိုယ်ကြိုးစားနေပါတယ်။
ဒီFicကိုဖတ်လိုက်ပြီး  သက်ပုံတို့ အတွဲ ကို
မြင်ယောင်နေရတာမျိုးကြီးမဖြစ်စေချင်ဘူး
ပုံညာဦးချီက ပုံညာဦးချီပဲမို့  အမြင်သစ်တမျိုးပေးနိုင်ဖို့  မအိမ်စည်အများကြီးကြိုးစားနေပါတယ် ။ နောက်ပြီး ဒီအသက်အရွယ်လေးနဲ့ ဒါမျိုးဖြစ်နိုင်ပါ့မလားမတွေးကြပါနဲ့ ။
ဥာဏ်ရည်ထက်မြတ်မူ့ နဲ့ မိဘသွန်သင်မူ့ ကောင်းရင် ဖြစ်နိုင်ပါတယ်။ ပြီးတော့ bad comment တွေ လုံးဝမပေးပါနဲ့ ။ မန့် တွေ တလုံးမကျန်ဖတ်တက်သူမို့ အဲ့လိုစာတွေတွေ့ ရင် စာဆက်မရေးချင်တော့လောက်အောင်ဖြစ်ရလို့ ပါ။ )

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz