နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
50 (final)
႐ြာလည္ေခါင္က နာရီစင္ႀကီးသည္ ေလးနာရီ ထိုးၿပီျဖစ္ေၾကာင္း အခ်က္ေပးသံေလးခ်က္တိတိကိုေပးလာသည္။
ဒီေန႔ ယေသာ္လင္း၏ ေမြးေန႔ပင္ျဖစ္သည္။
အသက္အားျဖင့္ ၂၇နွစ္တိတိျပည့္သြားၿပီျဖစ္တဲ့ ေသာ္က ယခင္ေန႔ရက္မ်ားအတိုင္း သူ႔ေဘးမွာ ေအးခ်မ္းစြာ ကေလးတစ္ေယာက္လို အိပ္ေပ်ာ္ေနလ်က္ရွိသည္။
ႏုနယ္ေသာ မ်က္နွာေလးသည္လည္း ယခင္အတိုင္း ၾကည္ရွင္းေနဆဲပင္။
ေသာ့္ ေခါင္းေဘးနားမွာ လက္ေထာက္ကာ နဖူးျပင္ကိုၾကင္နာ ငံု႔နမ္းလိုက္၏။
ထို႔ေနာက္ ဦးခ်ီ တစ္ေယာက္သာ ၾကားနိုင္သည့္အသံျဖင့္ ေမြးေန႔ဆုမြန္းေကာင္းကို မဂၤလာရွိစြာ ဆုေတာင္ေပးျဖစ္သည္။
" ေမြးေန႔ရက္ျမတ္ကေလးမွစ၍ ကိုကို႔ေသာ္ အသက္ရွည္ရွည္ အနာေရာဂါမဲ့ၿပီး
ကိုကို႔ေဘးမွာ ေသတပန္သက္တဆံုး ေနေပးနိုင္ပါေစ "
စကားဆံုးေတာ့ ေသာ့္နဖူးေလးကို ထပ္နမ္းလိုက္မိၿပီးေနာက္ ညင္သာေသာ အျပဳ အမူျဖင့္ အိပ္ယာထပ္မွာ ထ၏။
ဒီ႐ြာမွာ ေသာ္တာဝန္က်တာ ၂နွစ္ေက်ာ္ၿပီျဖစ္သလို ေျပာင္းေ႐ြ႕တင္ထားတာလည္း က်ေတာ့မည္ျဖစ္သည္။
မၾကာမွီ တံငါကုန္း႐ြာကို သူတို႔ျပန္ရေတာ့မည္။
ပထမဦးစြာ ေသာက္ေရအိုးစင္က ေရတစ္ခြက္ ျပည့္ျပည့္ ခပ္ေသာက္လိုက္သည္။
ေရခဲေသတၱာထဲကေရကို မနက္မိုးလင္းလို႔ အိပ္ယာထလ်ွင္ ဦးခ်ီ မေသာက္တက္သလို ေသာက္လည္းမေသာက္ခ်င္ေပ။
ထို႔ေၾကာင့္ ေရခ်မ္းအိုးေလး တစ္လံုးကို မီးဖိုေခ်ာင္မွာ တည္ထားရ၏။
ေအးျမမူ ႔သည္ လည္ပင္းတေလ်ွာက္ ျဖတ္သန္းသြားစဥ္၊ လူကလည္း ၾကည္ၾကည္လင္ျဖစ္သြားသည္။
မ်က္နွာသစ္ျခင္း အမူ႔ကို ျပဳၿပီးခ်ိန္တြင္ ဆြမ္းေတာ္ကပ္ရေအာင္ ထမင္းတစ္အိုးေပါင္းဖို႔ျပင္လိုက္သည္။ စနစ္တက် ျမန္ဆန္စြာလုပ္ၿပီးခ်ိန္တြင္ ကတ္ေၾကးတစ္လက္ယူ ၿပီး အိမ္ေရွ႕ သေျပပင္က လွပေသာ ကိုင္းတစ္ခ်ိဳ႕ကိုျဖတ္ယူခဲ့လိုက္္သည္။
ထိုသည္မွာ ဘုရားအိုးလဲရန္အတြက္ပင္။
မနက္ငါးနာရီ အခ်ိန္တြင္ သန္႔ရွင္းေသာ အဝတ္ကို ဝတ္၍ ဆြမ္း ၊ ဆီမီးျဖင့္ ပန္းကိုကပ္ၿပီး ဘုရားဝတ္ျပဳ ခဲ့သည္။
နာရီဝက္ေက်ာ္ၾကာမ်ွ ဘုရားရွင္ကို
ပဠာန္းေတာ္ျဖင့္႐ြတ္ဖတ္ပူေစာ္အၿပီး တြင္
ဦးသံုးခ်ိန္ ထိျခင္း ငါးျဖာ ျဖင့္ခ်၍ ေတာင္းဆုတစ္ခုျပဳခဲ့၏။
ရုိေသစြာ ရွစ္ခိုးဦးခ်ျခင္းသည္ ကိုးကြယ္ရာ
ဘာသာရပ္ကို ယံုၾကည္ျခင္းေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္ ဆုေတာင္းျခင္းအမူ႔ကို ဦးခ်ီ သိပ္မလုပ္ျဖစ္ပါ။ ဒီေန႔ကေတာ့ တစ္နွစ္မွ တစ္ခါ ခြၽင္းခ်က္ျဖစ္ေလသည္။ ယေသာ္လင္း၏ အသက္ရွင္ေမြးဖြားခဲ့ရာအမွတ္တရေန႔အတြက္ အသက္ရွည္က်န္းမာျခင္းဆုကိုေတာ့ ေလာဘႀကီးစြာ ေတာင္းဆုျပဳ ခဲ့မိသည္။
ယေသာ္လင္းသည္ ပံုညာဦးခ်ီ ၏ ဘဝျဖစ္သလို ၊ အသက္ရွင္သန္ျခင္းေလးျဖစ္ေလသည္။ ေနာင္သံသရာ အဆက္ဆက္ထိ ေတြ႕ဆံုဖို႔ သူေလာဘမႀကီးေပ။
အတူရွိေနဆဲ ဘဝ တျဖတ္မွာျဖင့္ သူ
ေသာ့္ကို ခ်စ္နိုင္သမ်ွ ခ်စ္ခ်င္သည္၊ ျမတ္နိုးခ်င္သည္။ ဖူးစာ ဖက္ရယ္လို႔ ျဖစ္တည္လာေသာ သူတို႔နွစ္ေယာက္ၾကားမွာ
ေအးအတူ ၊ ပူအမ်ွ ဆိုတဲ့ စကားအသံုးမ်ိဳးေသာ့္ကို မေပးခ်င္ပါ။
သူေပးခ်င္တဲ့ လက္ေဆာင္သည္
ေအးအတူ ၊ ေပ်ာ္အမ်ွ ပင္ျဖစ္ေလသည္။
မိဘေတြ မရွိေတာ့တဲ့ ေသာ့္ကို ေစာင့္ေရွာက္ဖို႔ တာဝန္သည္ သူ႔မွာရွိခဲ့သည္ဟု ေတြးမိတဲ့ နွစ္သည္ ဆယ္တန္း ေျဖၿပီးကာစ အခ်ိန္ျဖစ္သည္။
ထိုအသက္ ၁၇ အ႐ြယ္ကတည္းက ေသာ္
သည္ သူ႔အတြက္ သား တစ္ေယာက္လည္း ျဖစ္ခဲ့ဖူးသလို ၊ ညီတစ္ေယာက္ ၊ သူငယ္ခ်င္းတစ္ေယာက္လည္းျဖစ္ခဲ့ဖူးသည္။ ယခုမူ ေသာ္ဟာ သူ႔အမ်ိဳးသားအျဖစ္တည္ရွိေနခဲ့ေလျပီ။ ေသာ့္ကို ေစာင့္ေရွာက္ခဲ့ေသာ နွစ္ေပါင္းက ၁၀နွစ္ရွိၿပီ ျဖစ္ေသာ္ျငား
သူ႔စိတ္ထဲမွာ ဝတၲရားတစ္ခုအျဖစ္ သက္မွတ္ထားတာမ်ိဳးမရွိခဲ့။
ပံုညာဦးခ်ီသည္ ယေသာ္လင္းအတြက္ဆိုလ်ွင္
ဖေယာင္တိုင္လို လူစားသာျဖစ္ခ်င္ေလသူသာ။ ဖေယာင္းတိုင္ တစ္တိုင္ကို မီးထြန္းလိုက္လ်ွင္ ထိုဖေယာင္းတိုင္သည္ အရည္ေပ်ာ္ကုန္ဆံုးသည့္တိုင္ေအာင္ မီးစာကေလး မကုန္မခ်င္းေတာက္ေလာင္ေပးတက္သည္။ သူလည္း ထို႔အတိုင္းပင္။
ေနာက္ဆံုးထြက္သက္အထိ ယေသာ္လင္းကို ခ်စ္ေပးခ်င္သည္၊ ေပ်ာ္ရႊင္ေစခ်င္သည္သာ။
_________
ေသာ္ အိပ္ယာနိုးလာခ်ိန္တြင္ ကိုကို သည္ ေဘးမွာမရွိေပ။ အိပ္ေရးမက္သူ ျခင္းအတူတူျဖစ္ပါလ်က္ ကိုကိုက အႀကီးပီပီ မနက္ဆို ေစာေစာ ထတက္၏။
မ်က္လံုးကို စံုပြတ္ကာ အိပ္ယာေပၚမွ ဆင္းမိသည္။ ကိုကိုရိွမဲ့ေနရာသည္ မီးဖိုေခ်ာင္သာျဖစ္မည္။ အိပ္ခ်င္စိတ္ျဖင့္ တေ႐ြ႕ေ႐ြ႕ သြားစဥ္ မီးဖိုေခ်ာင္တြင္ ကုန္းကုန္းကြကြ ျဖင့္ကိုကိုတစ္ေယာက္ အလုပ္မ်ားေနသည္။
"ကိုကို "
အနီးမေရာက္ခင္ကတည္းက ေလးေလးပင့္ပင့္ေခၚလိုက္လ်ွင္ " ဗ်ာ " ဟု အရင္ထူးကာ လွည့္ၾကည့္၍လက္ကမ္းျပလာ၏။
ၿပံဳးျမျမ မ်က္နွာေပၚရွိေလးနက္တည္ၾကည္ေသာ မ်က္လံုးတို႔သည္ ႏုညံ့မူ ႔အတိၿပီးေနသလို။
ကမ္းထားတဲ့ လက္တို႔ၾကားတိုးဝင္လိုက္လ်ွင္ျဖင့္ ၾကင္နာစြာ ကိုကိုက ဆြဲဖက္ၿပီး သူ႔ရင္ဘတ္မွာ မ်က္နွာ အပ္ေစ၏။
သင္းပ်ံ ့ေသာ ဆပ္ျပာေမႊးနံ႔ေၾကာင့္ ေစာစီးစြာေရခ်ိဳးထားၿပီးမွန္း သိသာခဲ့တာေၾကာင့္ ဖြက္ထားေသာ မ်က္နွာကိုထုတ္၍ ေမာ့ၾကည့္လိုက္ၿပီး...
" ကိုကို အေစာႀကီး ေရေတြ ခ်ိဳးထားတာလား "
"အင္း ကိုကို မနက္က ဘုရားဝတ္ျပဳ ခ်င္လို႔ ေရခ်ိဳးလိုက္တာ "
"ေၾသာ္ "
" ေသာ္ နိုးၿပီ ဆိုေတာ့ ကိုကိုတို႔ မနက္စာ စားၾကရေအာင္ ၊ ဒီေန႔ ၾကာဇံေၾကာ္ ေၾကာ္ထားတယ္၊ ၿပီးရင္ ေဆးရုံဝန္းထဲ လိုက္ေဝေပးလိုက္ေနာ္ ။ Happy Birthday ပါ ကိုကို႔ေသာ္ "
ေက်ာကို ဖြဖြပုတ္ေပးလ်က္ ေျပာလာတဲ့ကိုကို႔ ေလသံ က ေအးေဆးစြာ။
မေအးေဆးနိုင္သူက ေသာ္သာျဖစ္သည္။
ေမြးေန႔ ...ဟုတ္သားပဲ ။ ဒီေန႔ ေသာ့္ေမြးေန႔။ ဘယ္ခ်ိန္ေနေန ေသာ္က ေမ့တက္ၿပီး ကိုကိုက အၿမဲအမွတ္ရေနတက္ေသာေန႔ကေလး။ ၁၀နွစ္အ႐ြယ္ ေသာ့္ေမြးေန႔ မွစၿပီး ..အၿမဲအတူတကြရွိေနေပးတဲ့ သူ႔ေမြးေန႔တိုင္းသည္ ၂၇နွစ္အ႐ြယ္ေရာက္တဲ့အထိ ကိုကို႔ဖက္္မွ မပ်က္ကြက္ေသးေပ။
၁၇နွစ္တိတိ ကိုကို သည္ ေသာ့္ကို မေမ့မေလ်ာ့ အေဖာ္ျပဳ ေပးေနဆဲပင္။
" ကိုကို ႔ကို ခ်စ္ရတာ ေနာင္တအကင္းဆံုးပဲ "
ေသာ့္မ်က္လံုးေတြမွာ ဂုဏ္ယူဝင့္ႂကြားမူ႔ေတြနဲ႔ တဖ်တ္ဖ်တ္လဲ့ေနမွာ ေသခ်ာသည္။
ကိုကိုသည္ ေသာ့္စကားေၾကာင့္ ၿပံဳးၿပံဳးႀကီး ျဖစ္လို႔ သြားလ်ွင္...
" ကိုကို မယံုဘူးထင္တယ္ ၊ ဒီမွာ ေသခ်ာၾကည့္ ငါမလွဘူးလား "
လက္ဖဝါးနွစ္ဖက္ကို ေဘးသို႔ျဖန္႔လ်က္ ကိုကိုနဲ႔ မလွမ္းမကမ္းမွာ မတ္မတ္ရပ္လ်က္ေမးသည္။ ေသာ့္စိတ္ကသာ ေယာက်ာ္းပီသေနတာ ၊ ေသာ့္ ခနၶာကိုယ္ ၊ ေသာ့္မ်က္နွာပံုစံသည္ မိန္းကေလးနဲ႔ ဆင္တာ ေသာ္သိသည္။ ၿပီးေတာ့ ေသာ္ဟာ
ေယာက်ာ္းစစ္စစ္ တစ္ေယာက္သာျဖစ္ၿပီး ေသာ့္အခ်စ္သည္လည္း ကိုကို တစ္ေယာက္ထဲသာ သက္ေရာက္တာျဖစ္သည္။
ကိုကို႔ ၾကင္ေဖာ္ဟု ေသာ့္ကိုယ္ေသာ္သတ္မွတ္ထားေပမဲ့ ထိုအရာသည္ ကိုကိုအတြက္ ခ်စ္တဲ့စိတ္ျဖင့္ သီးသန္႔သတ္မွတ္ေပးမိျခင္းကိုေတာ့ ကိုကိုတစ္ေယာက္သိပါေလစ။
" လွတယ္ ၊ ေသာ္က သိပ္လွတယ္ ၊
ဒါေပမဲ့ ကိုကို႔ေသာ္က ကိုကို႔မ်က္လံုးထဲမွာ
မိန္းမ တစ္ေယာက္ ဘယ္တုန္းကမွ မဟုတ္ခဲ့ပါဘူး။ မင္းဟာ ေယာက်ာ္းတစ္ေယာက္ပဲေသာ္၊ တည္ၾကည္တယ္၊ ေလးစားဖြယ္ေကာင္းတယ္၊ ၿပီးေတာ့ သန္႔စင္မြန္ျမတ္တယ္ "
ျဖန္႔ထားတဲ့ ေသာ့္လက္ေတြသည္ ေအာက္ကို တေ႐ြ႕ေ႐ြ ႕ျပဳတ္က်သြား၏။ ထို႔ေနာက္ ကိုကို႔ကို လ်ွင္ျမန္ေသာအရွိန္ျဖင့္ေျပးဖတ္မိၿပီး ေသာ္ငိုမိ၏။ ထိုမ်က္ရည္မ်ားတြင္
ေပ်ာ္ရႊင္မူ႔မ်ားသာ ႀကီးစိုးေနမွာ မလြဲေပ။
ကိုကိုနဲ႔ အတူေနတိုင္း ေသာ္က ဘယ္ေတာ့မွ အထက္လူ မဟုတ္ခဲ့ေပ။ ကိုကိုကိုယ္တိုင္ ၾကည္ျဖဴ စြာေပးအပ္ခဲ့ဖူးေပမဲ့ ေသာ္လံုးဝ ထိုအရာကို လုပ္မည္မဟုတ္ေပ။
ပံုညာဦးခ်ီ ကို ထိုသို႔ျဖစ္ေစဖို႔ စိတ္ကူးထဲကေတာင္ မေတြးရက္ခဲ့သူပင္။
ေသာ္က အၿမဲ ကိုကို ႔၏ ေအာက္မွာ နာက်င္မူ႔နွင့္ သာယာမူ႔ကို ခံစားသူျဖစ္ၿပီး ကိုကိုကိုေတာ့ သာယာမူ႔အျပည့္အဝကိုခံစားေစခ်င္သူျဖစ္သည္။
" ေမြးေန႔မွာ မငိုရဘူးေသာ္ ၊ သြား မ်က္နွာသစ္ေတာ့"
"ဟင့္အင္..ကိုကို ေသာ္ေမးတာေျဖေလ ၊ ေသာ္လွလားလို႔ "
" ေဟာဗ်ာ .. ေစာက ကိုကိုေျဖၿပီးၿပီေလ ၊ လွတယ္လို႔ "
" အဲ့ဒါဆို နမ္းေလ "
မ်က္လံုးမွိတ္ကာ သူ႔နဖူးကို လက္ညိဳးနဲ႔ထိုးျပ၏။ မနက္အေစာႀကီး သူနမ္းၿပီးေပမဲ့ ေခါင္းရမ္း၍ ေသာ္ခိုင္းတဲ့အတိုင္းထက္နမ္းလိုက္မိသည္။
" မ်က္နွာလည္းမသစ္ပဲ ညစ္ပတ္လိုက္တာ "
" ညစ္ပတ္တယ္ေျပာၿပီး ကိုကို႔နႈတ္ခမ္းေတြ က ၿပံဳးေနတယ္၊ သေဘာကေတာ့ ငါ့
ကို မင္းမ႐ြံဘူး ၊ မင္းမ်က္လံုးေတြထဲမွာ ငါ့ကို သိပ္ခ်စ္တယ္ဆိုတဲ့အေၾကာင္းေတြ အရိပ္ေတြလို ျဖတ္ေျပးေနတယ္..ေဟာ ငါစကားေျပာေနတဲ့ပံုကိုၾကည့္ၿပီး မင္းအူယားေနၿပီ .. မင္းသြားနဲ႔ နႈတ္ခမ္းေတြဖိလိုက္ကတည္းကငါသိတယ္"
"ဟားဟားး လူလည္ေလး၊ မင္း ေဗဒင္ဆရာလုပ္ပါ့လား ကိုကို႔ေသာ္ "
ေမးကို လွမ္းဖ်စ္ညႇစ္ရင္း ဦးခ်ီရယ္သံက အေတာမသတ္နိုင္ ၊ မနက္ခင္းတိုင္း ယေသာ္လင္းရဲ႕မကုန္နိုင္တဲ့ခ်ဳပ္နည္း ၊ခြၽဲနည္း မ်ားစြာျဖင့္ သူ႔ဘဝဟာ ခ်စ္ျခင္းပင္လယ္မွာ အႀကိမ္ႀကိမ္ နစ္ျမဳပ္လို႔။
" ေဗဒင္ဆရာေတာ့ မလုပ္ခ်င္ပါဘူး။
ငါက ကိုကို႔ ရဲ႕ပစၥဳပၸန္နဲ႔ အနာဂတ္အေၾကာင္းကလြဲၿပီးတျခား ဘာမွႀကိဳမသိနိုင္ဘူးေလ၊
အဲ့ဒါေၾကာင့္ ငါအခု မ်က္နွာသစ္မယ္ ၊
ၿပီးရင္ ကိုကိုနဲ႔မနက္စာအတူစားမယ္ ၊
ေခါင္းငံု႔ေပးပါဦး ေသာ္ ကုိကုိ႔ကိုနမ္းခ်င္လို႔ "
ေသာ့္အလိုက် ခါးကိုင္းေပးခ်ိန္တြင္ ပါးတစ္ဖက္မွာေႏြးကနဲ ။ ေသာ္နမ္းခဲ့ေသာပါးကို လက္ျဖင့္ဖြဖြထိရင္း ထိုေနရာမွ သူရပ္တန္႔ေနခဲ့မိသည္။
အခ်စ္ဆိုတာ ယေသာ္လင္းပဲ။
တသိမ့္သိမ့္ ၊ တၿငိမ့္ၿငိမ့္ နဲ႔ ရင္ခုန္သံ ဟာ
ေသာ့္ေၾကာင့္သာ အသက္ဝင္သည္။
ခ်စ္တဲ့စိတ္ကို မသိေသးခင္ကလည္း ေသာ့္ကို ခ်စ္ခဲ့ရသလို ၊ ခ်စ္တက္စိတ္ကို သိၿပီးခ်ိန္မွာလည္း ေသာ့္ကို ထားစရာမရွိေအာင္ခ်စ္ခဲ့ရသည္။
__________
"ေမြးေန႔မွာ ေပ်ာ္ရႊင္ပါေစ "
"ေက်းဇူးတင္ပါတယ္ဗ်ာ ၊ ၾကာဇံေၾကာ္ေလး ပူတုန္းသံုးေဆာင္ပါဦး ၊ မနက္ကအေစာႀကီး ကိုကို ထေၾကာ္ေပးထားတာ၊ အန္တီၾကဴ က ၾကက္သားစားတယ္မို႔လား "
"စားပါတယ္ဆရာ၊ ကြၽန္မ မစားတာ ဆိုလို႔ အမဲသားပဲရွိတာပါ ၊ အဲ့ဒါကလည္း မ်ိဳးရုိးစဥ္ဆက္ေတာင္သူလုပ္လာေတာ့ ႏြားေတြက ကြၽန္မတို႔ရဲ႕ ေက်းဇူးရွင္လို ျဖစ္ေနလို႔ပါ။ "
ေသာ္ အားနာစြာ ၿပံဳးျပလိုက္ၿပီးမွ
"ေတာ္ေသးတာေပါ့ ၊ မဟုတ္ရင္ အန္တီၾကဴ ကို အားနာရေတာ့မလို႔ "
"ရပါတယ္ဆရာရယ္၊ ကြၽန္မ ေကာင္းေကာင္းသံုးေဆာင္ပါ့မယ္ "
"ဟုတ္ကဲ့ .. ဒါဆို သြားအံုးမယ္ အန္တီၾကဴ
ဒါေလးေတြ ပူတုန္း လိုက္ေဝေပးလိုက္ဦးမယ္"
ထြက္ခြာသြားေသာ ေဒါက္တာယေသာ္လင္းရဲ႕ ေက်ာျပင္ကို ေငးၾကည့္ေနရာမွ ေဝ့သီလာတဲ့ မ်က္ရည္စကို မ်က္ေတာင္မ်ားျဖင့္ပုတ္ခတ္သိမ္းလိုက္သည္။
ေကာင္ကင္တခြင္သည္ ေနေရာင္ျခည္အလင္းေရာင္ ျဖင့္ ၾကည္လင္သာယာလ်က္ရွိသည္။ ေဒၚရင္မာၾကဴ ေမာ့ၾကည့္လ်က္ ၿပံဳးျပလိုက္၏။ ထိုအၿပံဳးေတြထဲမွာ နာၾကည္းျခင္းေတြပါသလို ေနာင္တတရားေတြပါ၏။
" ဒီလိုေပ်ာ္ရႊင္စရာ ဘဝမ်ိဳးေလးေတြရွိမွန္း သိခဲ့ရင္ မင္းျဖစ္တည္မူ႔ကို ငါမတားျမစ္ခဲ့ပါဘူး ေမာင္ေလးရယ္"
လူ႔သက္တမ္းတိုတိုေလးမွာ အတူတကြရွင္ဆိုင္ေက်ာ္ျဖတ္ေပးမဲ့သူ ရွိတာဘယ္ေလာက္ကံေကာင္းလိုက္သလဲဆိုတာ ေနာက္က်ခဲ့တယ္ဆိုေပမဲ့ ငါနားလည္သြားခဲ့ၿပီေမာင္ေလး။
ပညာတက္တစ္ေယာက္ျဖစ္ရဲ႕နဲ႔
နင့္ျဖစ္တည္မူ႔ကိုရွက္႐ြံ႕မိခဲ့တယ္။ လက္မခံေပးနိုင္ခဲ့ဘူး။ ဒါေတြေၾကာင့္ နင္ငါတို႔ေဘးနားကေန ကြယ္ေပ်ာက္သြားခဲ့ရတယ္။
နင္က အတၱႀကီးတဲ့ မိသားစုေဘးကေန ေသဆံုးထြက္ခြာျခင္းကိုေ႐ြးခ်ယ္ခဲ့ေပမဲ့ က်န္ခဲ့ငါတို႔ကေတာ့ ေနာင္တေတြနဲ႔ရွင္သန္ေနရတယ္....
ျဖစ္ေလရာဘဝမွာ ေဒါက္တာယေသာ္လင္းလို စစ္မွန္တဲ့ ေမတၱာေပးနိုင္တဲ့ ဖူးစာဖက္နဲ႔ ေတြ႕ဆံုပါေစလို႔ မမ ဆုေတာင္းေပးလိုက္ပါတယ္ ကေလးရယ္..
ထို႔ေနာက္ လက္ထဲက ေဖာ့ဗူး အျဖဴ ေရာင္ေလးကို ဖြဖြထိေတြ႕ရင္း သက္ျပင္းရႈိက္လိုက္ၿပီး ပန္းပင္မ်ိဳးစံု စိုက္ပ်ိဳးထားေသာ
သူမအိမ္ကေလးဆီကို တစ္လွမ္းျခင္းလွမ္းဝင္သြားေတာ့၏။
_______
နွစ္လခန္႔ၾကာၿပီးေနာက္....
" ကိုကို ..ကိုကိုေရ...ပံုညာဦးခ်ီ ဘယ္မွာလဲ"
တဖုန္းဖုန္းအသံထြက္ေအာင္ ေရခါေနတဲ့ အက်ၤ ီကို လက္ထဲ ကိုင္လ်က္ ဦးခ်ီ မ်က္ေမွာင္ႀကံဳ သြား၏။
ေဒါက္တာယေသာ္လင္း ေအာ္ႀကီးဟစ္က်ယ္နဲ႔ ဘာျဖစ္လာတာလဲ။
" ကိုကိုေနာက္ေဖးမွာ အဝတ္လွမ္းေနတယ္"
မတိုး၊ မက်ယ္ ျဖင့္ အသံျပဳ လိုက္လ်ွင္ဖုန္းကို ေထာင္ျပလ်က္ ေနာက္ေဖးဆင္းတဲ့ အုတ္ေလွကားထစ္ေလးေတြကို ခုန္ပ်ံေက်ာ္လႊား ေျပးဆင္းလာ၏။ အက်ၤ ီလွမ္းမဲ့ အလုပ္သည္ ပ်က္ေခ်ၿပီ။ လက္ထဲက ေရစက္လက္သာ ရွိေသးေသာ အက်ၤ ီသည္ စတီးျဖင့္ ျပဳလုပ္ထားေသာ အဝတ္စင္ေပၚတြင္ဒီအတိုင္း။
" ေခ်ာ္က် ရင္ ဘယ္နွယ့္လုပ္မလဲ "
ဆီးႀကိဳ ေပြ႕လိုက္ရင္း ပူပင္စိတ္ျဖင့္ ဆူမိသည္။ သူ႔မ်က္ခုံး ေတြသည္တြန္႔ေကြးလ်က္ရွိေနေသာ္လည္း ေသာ္ကေတာ့ သူနဲ႔မတူစြာ ပါးခ်ိဳင့္ခြက္ႀကီး ေပၚေအာင္ရယ္ေမာလ်က္ သူ႔ဂုတ္ကို အတင္းသြားနွိမ့္ ခ်ရင္း ပါးေတြကို တရႊတ္ရႊတ္နမ္း၏။
ေသာ့္ပံုစံက ဆယ္တန္းေအာင္စာရင္းထြက္တုန္းကထက္ပင္ ေပ်ာ္ေနတဲ့ပံုမို႔ ေသာ့္ခါးကိုဖက္ကာ ေသာ္ျပဳသမ်ွ ၿငိမ္သက္စြာ ခံေနမိသည္။ နမ္းလို႔ အားရမွရပ္ကာ
ဖုန္းကို ျပ၏။
" ဘာတုန္းေသာ္ရ "
ခုန္စြ ၊ ခုန္စြ လုပ္ေနတဲ့ ေသာ့္ေၾကာင့္ လက္ထဲက ဖုန္းကိုရွင္းလင္းစြာမျမင္ရ။
ေသာ္သည္ သူ႔စကားကို နားဝင္ဟန္မတူ ထပ္မံၿပီး ကိုယ္ေပၚကို ခုန္တက္ကာ ခါးကို ေျခေထာက္ေတြနဲ႔ သိုင္းဖက္လ်က္ မ်က္နွာအနွံ ့နမ္းျပန္၏။
ေသာ္ေပ်ာ္ေနတဲ့ပံုေလးေၾကာင့္ ေၾကာင္ေတာင္ေတာင္ျဖစ္ေနရာမွ ဦးခ်ီ ကိုယ္တိုင္လည္း ၿပံဳး လာရသည္။
ဒီေကာင္ေလး တကယ္ေပ်ာ္ေနတာပဲ။
အေတာ္ၾကာမွ...
" တံငါကုန္း႐ြာကို ေျပာင္းလို႔ရၿပီ ကိုကိုရ "
"ဟမ္!"
ေသာ္သည္ သူ႔ပါးနွစ္ဖက္ကို လက္ဖဝါးနဲ႔ တြန္း၍ စ ေနာက္သည္။
အလံုးစံု မေပ်ာ္ဝင္နိုင္ေသး။
ဒီသတင္းအမွန္ ၊ အမွား သူမခြဲျခားနိုင္ေသးသည္ေၾကာင့္ျဖစ္၏။
" ေၾကာင္ေတာင္ေတာင္လုပ္မေနနဲ႔ ငါတို႔ လကုန္ရင္ အိမ္ျပန္လို႔ရၿပီ ကိုကို ၊ ေနာက္တစ္ပတ္မွာ အသစ္ေျပာင္းလာမဲ့ ဆရာဝန္ တစ္ေယာက္ေရာက္လာလိမ့္မယ္ "
"တ..တကယ္ေနာ္ ..ေသာ္"
မယံုလို႔မဟုတ္ေပ၊ အသက္တမ်ွ အေရးႀကီးေသာ သတင္းမို႔ ေသခ်ာေအာင္ထပ္ေမးမိသည္။
" တကယ္ေပါ့ ကိုကိုရ ၊ ငါတို႔ ဒီရက္ပိုင္းအတြင္း အိမ္ျပန္ဖို႔စီစဥ္ရေတာ့မယ္ "
ဦးခ်ီ ယေသာ္လင္းပုခံုးေပၚ မွီလိုက္သည္။
သူ႔ စိတ္နွလံုးသည္ စိတ္ခ် ၿငိမ္းေအးျခင္းေၾကာင့္ သက္ေတာင့္သက္သာ ျဖစ္၍ သြားေလ၏။
အနီေရာင္ ေနဝန္းသည္ အေနာက္ရပ္သို႔ တိုးဝင္၍ သြားသည္။
အိပ္တန္းျပန္ငွက္တို႔သည္လည္းအေတာင္ပံျဖန္႔ကာ ေကာင္းကင္မွာဝဲပ်ံၾက၏။
ျပန္ဖို႔အခ်ိန္သည္ က်ေရာက္ခဲ့ေလၿပီ။
ေစာင့္ေမ်ွာ္လ်က္ရွိတဲ့ ပါးပါးနဲ႔ သက္ပံုကိုေတြးမိခ်ိန္တြင္ မ်က္ရည္တစ္ေၾကာင္းသည္ တသြင္သြင္စီးဆင္းေလသည္။
မိဘဟူသည္ မသြားပါနွင့္ဟု မတားျမစ္၊
ေစာင့္ႀကိဳေနရမွ သူတို႔ အလုပ္ဟုသာ
သက္မွတ္သူ။
ၾကင္ေဖာ္ကို ေစာင့္ေရွာက္မူ ႔တာဝန္သည္
ၿပီးဆံုးေလၿပီ။ သားသမီး ဝတၱရားသာ က်န္ရွိေတာ့သည္မို႔ တံငါကုန္း႐ြာကိုသာ ျပန္ေရာက္ဖို႔ပဲလိုေတာ့သည္။
နားခ်ိန္ေရာက္ေနၿပီျဖစ္တဲ့ ပါးပါးတို႔နွစ္ေယာက္ထံမွ လုပ္ငန္းမ်ားကိုလက္လြဲယူရမည္ျဖစ္သလို မိသားစု တာဝန္ကိုလည္း အိမ္ေထာင္ဦးစီးတစ္ေယာက္အျဖစ္ပုခံုးေျပာင္း ထမ္းေဆာင္ ရမဲ့အခ်ိန္ ေရာက္ေလၿပီ။
တာဝန္မ်ားစြာ အခ်ိန္စီးေနေသာ ပုခံုးေတြသည္ ေလးလံမူ႔ဟူ၍ အနည္းငယ္မ်ွေတာင္မရွိခဲ့။ ပီတိအဟုန္သည္ နွလံုးသားတစ္ခုလံုး ရုိက္ပုတ္လ်က္ တသိမ့္သိမ့္တၿငိမ့္ၿငိမ့္ျဖစ္လ်က္။
ငယ္စဥ္က နႈတ္၌တတြတ္တြတ္ေရ႐ြတ္
ခဲ့ဖူးေသာ သားသမီးက်င့္ဝတ္ ကို စိတ္ထဲကေန ၂၇နွစ္ေက်ာ္မွ ထပ္မံေရ႐ြတ္မိလိုက္သည္။
ေကြၽး ေမြး မပ်က္ ၊
ေဆာင္ ရြက္ စီမံ
ေမြခံ ထိုက ္ေစ ၊
လွဴ မွ် ေဝ ၍
ေစာင္႔ ေလ မ်ိဳး ႏြယ္
ဝတ္ငါး သြယ္၊ က်င့္ဖြယ္ သား တ ို႔တာ။ တဲ့ေလ။
သူကေတာ့ ယခုအခ်ိန္ထိ သားသမီး တာဝန္တစ္ခုေတာင္မေက်ပြန္ေသး။
ပါးပါးနဲ႔ သက္ပံု ကို ပစ္ၿပီး ေသာ့္ေဘးမွာပဲ အခ်ိန္ေတြအမ်ားႀကီးကုန္ဆံုးခဲ့သည္။ တစ္လတစ္ခါ အိမ္ကိုျပန္တိုင္း သက္ပံု ေရာ ၊ပါးပါးပါ ေပ်ာ္ေနတက္တာေတြကိုျမင္ရခ်ိန္တိုင္း စိတ္ထဲမေကာင္းလွ ၊ သိပ္မၾကာခင္ အတူေနရမွာပဲ ဆိုတဲ့ စိတ္နဲ႔ အားတင္းခြဲခြာသမ်ွသည္
ဒီေန႔ ေနာက္ဆံုးျဖစ္ခဲ့ေလသည္။
ငယ္႐ြယ္စဥ္အခ်ိန္က ငါလုပ္နိုင္တယ္ဆိုတဲ့စိတ္နဲ႔ အိမ္ကိုေမ့ခဲ့သည္။ မိဘကိုေမ့ခဲ့သည္။ မိသားစု နည္းပါးတဲ့ ပါးပါးတို႔နွစ္ေယာက္ အထီးက်န္ေနတယ္ဆိုတာကို သူမသိခဲ့သလို ၊ ပင္ပန္းေနၿပီ ဆိုတာကိုလည္း
သတိမထားမိခဲ့ေပ။
သူေနာက္ဆံုး အသိတရားဝင္တဲ့ေန႔သည္
မဂၤလာဆြမ္းေကြၽးေန႔ကျဖစ္သည္။
ထိုေန႔က ပါးပါး ခါးနာသည္ဟု သက္ပံုကို
ေျပာေနသံၾကားခဲ့ရသည္။ သက္ပံုမ်က္နွာစိုးရိမ္သြားတာကို ေတြ႕ေတာ့ ပါးပါးသည္တိုးဖြဖြရယ္ေလသည္။ သိပ္မနာပါဘူးဟု စစ ေနာက္ေနာက္ေျပာေနေသာ္ျငား ဦးခ်ီကေတာ့ သိသည္။ ပါးပါးက အေတာ္အသင့္ ဒဏ္ရာေလာက္ကို ညီးညဴ မျပတက္သူပင္။ ထို႔ေၾကာင့္ အမ်ားႀကီးစိတ္ပူခဲ့ရသည္။ တစ္လတစ္ေခါက္ရေအာင္ျပန္၍ ဂရုစိုက္ခဲ့သည္။ အိမ္အလုပ္ေတြကို ျပန္ၾကည့္ေပးခဲ့သည္။
ယခုမူ အၿပီးတိုင္ အိမ္ျပန္ရေတာ့မည္တဲ့ေလ။ ေမ်ွာ္လင့္ရတဲ့ေန႔သည္ ေရာက္ခဲ့ၿပီမို ႔ ေလးပင္ေနေသာ စိတ္သည္ ကင္းစင္ကုန္ေလၿပီ။
_________
ဒီဇင္ဘာလ ၁ရက္ေန႔ ။
မနက္ခင္းသည္ ေနသာေပမဲ့ ျမဴတခ်ိဳ႕ ျဖင့္
ေဝ့ဝါးေနတုန္းပင္။ ေအးစိမ့္စိမ့္ ရာသီဥတုေၾကာင့္ လူတိုင္းအေႏြးထည္ကိုယ္စီျဖင့္ ေႏြးေႏြးေထြးေထြးရွိေနလ်က္...
"တံငါကုန္းေရာက္ရင္ ဝင္လည္ၾကေနာ္ "
"စိတ္ခ် ဆရာေရ ကြၽန္မတို႔ မေရာက္ေရာက္ေအာင္ဝင္ခဲ့မယ္ "
"ဝင္ခဲ့မယ္ဆရာ ၊ ကြၽန္မတို႔ကိုလည္းေမ့မသြားနဲ႔ဦး "
"ေမ့စရာလားဗ်ာ ၊ အကုန္လံုးကို သတိရေနမွာပါ "
ေသာ္သည္ သူ႔ေဆးရုံမိသားစုမ်ားနွင့္
ျပန္ခါနီး နႈတ္ဆက္ေနေလသည္။
ခင္ရာေဆြမ်ိဳးမို႔ အကုန္လံုးသည္ မိသား
စုတစ္စုသဖြယ္ မ်က္နွာထပ္မွာ ဝမ္းနည္းမူ႔က အတိုင္းသား ။
ခါတိုင္းလိုပင္ ေဆးရုံဝန္းထဲသို႔ တံငါကုန္း႐ြာသို ႔ထြက္ခြာမည့္ ကားေလးသည္
ေရာက္ရွိေနေလသည္။
ကားေပၚကို တင္ေဆာင္ရမည့္ ပစၥည္းမ်ားကို ကားသမားမ်ားနွင့္အတူ တင္ေဆာင္ရင္း အကုန္လံုးကို အေဝးကေန လက္ျပနႈတ္ဆက္လိုက္သည္။ နွစ္နွစ္ေက်ာ္ခန္႔ေနခဲ့ေသာ္ျငား ၊ အျပင္သိပ္မထြက္ခဲ့ေသာ ဦးခ်ီ သည္ ေမးထူးေခၚေျပာ ေလာက္သာ ရင္းနွီးခဲ့သည္။ ေသာ္လိုေတာ့ အကြၽမ္းတဝင္ မရွိခဲ့။ အျပင္လူနဲ႔ဆို သူဟာ အေနေအးတာေၾကာင့္လည္းပါမည္။
" ဓာတ္ပံုေလးေတြကိုေတာ့ ေရွ႕ခန္းမွာ ထားမွာေနာ္။ အဲ့အတြက္ ခံုနွစ္ခံုစာကားချဖတ္ေပးလိုက္မယ္။ အထိအခိုက္မျဖစ္ေအာင္ဂရုစိုက္ေပးပါဦးကားဆရာေရ "
သူတို႔နွစ္ေယာက္ရဲ႕ အမွတ္တရဘြဲ႕ဓာတ္ပံုေလးေတြမို႔ အထပ္ထပ္ စကၠဴ ေတြနဲ႔ မထိခိုက္ေအာင္ပတ္ထားေသာ္လည္း စိတ္မခ်လွ ။
လူကေတာ့ ဆိုင္ကယ္နွင့္ျပန္ရမွာမို႔
ေသာ္ လြတ္လြတ္လပ္လပ္ထိုင္ရေအာင္ ဘာပစၥည္းမွမယူပဲ အလြတ္ျပန္မည္ဟုေတြးထားသည္။
"စိတ္ခ် ဆရာ ၊ ေသခ်ာဂရုစိုက္လိုက္္မယ္
ဘာက်န္ေသးလဲ "
"ကုန္ၿပီဗ် ၊ ထြက္လို႔ရၿပီ "
"ဟုတ္ကဲ့ ဒါဆို သြားနွင့္ၿပီ ကိုယ့္ဆရာေရ "
ကားသမားသည္ လက္ျပလ်က္ အရင္ထြက္သြား၏။ ခဏအၾကာတြင္ ေသာ္လည္း နႈတ္ဆက္၍ ၿပီးစီးခဲ့ပံုျဖင့္ အနားကိုေရာက္လာေလသည္။
" သြားရအာင္ ကိုကို "
" အင္း .. လမ္းမွာ ေအးေနမလားမသိဘူး ေနာ္ .. ေသာ္ ..မင္းအေႏြးထည္းပါးေနေသးလား "
ေခါင္းစြပ္ အနက္ေရာင္ေလးေဆာင္းထားေသာ္လည္း ေသာ့္နွာေခါင္းထိပ္ကေလးေတြရဲေနေသး၏။ ႏုနယ္သူမို႔ အေအးမခံနိုင္သူပင္။ ဂြမ္းကပ္ အထူအျပင္ ခ်ည္ထိုးအက်ၤ ီပါမက်န္ဝတ္ေပးထားေတာင္
စိတ္က မခ်ခ်င္ေပ။
အနည္းငယ္ေႏြးေအာင္ ပါးနွစ္ဖက္ကို လက္အိတ္ခြၽတ္၍ ကပ္ေပးလိုက္စဥ္ ေသာ္သည္ သူ႔ကိုေမာ့၍ ၿပံဳးျပလာ၏။
" သြားၾကရေအာင္ကိုကို ေသာ္မေအးဘူး ။ အိမ္ျပန္ေရာက္ခ်င္ၿပီ "
ဦးခ်ီ ၿပံဳးလ်က္ေခါင္းညိမ့္ျပလိုက္သည္။
"ဟုတ္ၿပီ ၊ ကိုကိုတို႔ အိမ္ျပန္ၾကရေအာင္ "
ထို႔ေနာက္လက္အိတ္ျပန္စြပ္ ကာ ဆိုင္ကယ္ေပၚတက္၏။ အိမ္ျပန္ဖို႔ သူတို႔နွစ္ေယာက္စိတ္ေစာလွေလၿပီ။ ေစာင့္ေမ်ွာ္ေနသူ
နွစ္ေယာက္ကိုလည္း ေတြ႕ခ်င္လွေလၿပီမို႔။
ဆိုင္ကယ္သည္ တေ႐ြ႕ေ႐ြ႕ ေျပးေန၏။
ေနလံုးႀကီးသည္ အေရွ႕အရပ္မွ တေ႐ြ႕ေ႐ြ႕အေပၚကို ထိုးတက္လာေလသည္။ ေကာင္းကင္ယံသည္
ျမဴ တို႔ ကင္းလာေခ်ၿပီ။ ေျမနီလမ္းတေလ်ွာက္ သူတို႔နွစ္ေယာက္သည္ အၿပံဳး ကိုယ္စီျဖင့္ ဆိုင္ကယ္ကို စီးလ်က္တံငါကုန္း႐ြာသို႔
ျပန္ခဲ့ၾကတာျဖစ္သည္။
ေနာက္မွ လိုက္လာေသာ ေသာ္သည္
သူ႔ခါးကို တင္းတင္းဖက္လ်က္ နႈတ္မွလည္း ဘိုျဖဴ ၏ သီခ်င္းကို ေပ်ာ္ရႊင္စြာ သီဆိုလ်က္ရွိသည္။
ထိုသီခ်င္းသည္ လင္းေခးအဝင္ သီခ်င္းျဖစ္သည္။ ေအးစိမ့္ေသာရာသီဥတုမို႔ ဆိုင္ကယ္ကို ေျဖးေျဖးေမာင္းေနတာေၾကာင့္ ၾကည္လင္ေသာ ေသာ့္အသံကို ရွင္းလင္းစြာၾကားရေလသည္။ ထို သီခ်င္းကို သူလည္းရတာေၾကာင့္ ေသာ္နွင့္အတူ သံၿပိဳင္ လိုက္ဆိုမိသည္။
ရယ္သံေတြသည္ ခမ္းနားမူ ႔မရွိေသာ
ေတာလမ္းေလးမွာ အသက္ဝင္ခဲ့ေလသည္။
လူေတြလည္းမရွိသလို ၊ လမ္းမွာ အိမ္ေျခလည္း သိပ္မရွိလွ။ ေစာစီးေသာ ရာသီဥတုမွာ သူတို႔နွစ္ေယာက္ထဲသာ။
🎼ေတာပန္းေလးမ်ားနဲ႔ လွခ်င္တိုင္းလွေနပါတဲ့.......လမ္းေလးေကြ႕ေကာက္ရာေဘးနွစ္ဖက္မွာ ....
အဆင္းအတက္ ခရီးဆက္လို႔
ျဖတ္ေက်ာ္ျမင္ကြင္းေရွ႕မွာ...ေတာင္ျပာတန္းေတြစီးလို႔ကာ....🎼
🎼ေမြးရပ္ၿမိဳ ႕ကေလးဆီ...ေရာက္ဖို႔ နီးေတြးေပ်ာ္ေနၿပီ ...မိဘနဲ႔ အမ်ိဳးအေဆြ အားလံုးကို.....
အပါင္းအသင္းေရာင္းရင္းမ်ား..ဝမ္းသာလို႔မဆံုးေပါ့ေလ ....က်ယ္က်ယ္ေလာင္ေလာင္ နႈတ္ဆက္ေန......🎼
ဇာတိေျမကို ျပန္ရတဲ့ခံစားမူ႔သည္ သစ္လြင္လ်က္။ သီခ်င္းသံသည္ ေပ်ာ္ရႊင္မူ႔ျဖင့္ ေတာလမ္းတေလ်ွာက္ တၿငိမ့္ၿငိမ့္ ပ်ံ့နွံ႔ ၍ ေနေခ်သည္။
ခ်စ္တဲ့အိမ္စည္။
( Extraမရွိပါ။ ဇာတ္သိမ္းေလးအထိ လိုက္ပါဖတ္ရႈ႕သူတစ္ေယာက္မက်န္ အားလံုးကိုေက်းဇူးတင္ပါတယ္။ မွားယြင္းတဲ့သတ္ပံုမ်ားအတြက္လည္း မအိမ္စည္အားနာစြာ ေတာင္းပန္လိုက္ပါတယ္ရွင့္။ သေဘာႀကိဳက္နွစ္ၿခိဳက္လ်ွင္ reviewလွလွေလးေတြ ေပးဖို႔ေတာင္းဆိုပါရေစ။ နွင္းဆီဝါတို႔နီေစြးေစ ficကေလးကို စာဖတ္သူမ်ားထံ စိတ္ခ်လက္ခ် အပ္နွံလိုက္ပါတယ္ေနာ္)
ရွာလည်ခေါင်က နာရီစင်ကြီးသည် လေးနာရီ ထိုးပြီဖြစ်ကြောင်း အချက်ပေးသံလေးချက်တိတိကိုပေးလာသည်။
ဒီနေ့ ယသော်လင်း၏ မွေးနေ့ပင်ဖြစ်သည်။
အသက်အားဖြင့် ၂၇နှစ်တိတိပြည့်သွားပြီဖြစ်တဲ့ သော်က ယခင်နေ့ရက်များအတိုင်း သူ့ဘေးမှာ အေးချမ်းစွာ ကလေးတစ်ယောက်လို အိပ်ပျော်နေလျက်ရှိသည်။
နုနယ်သော မျက်နှာလေးသည်လည်း ယခင်အတိုင်း ကြည်ရှင်းနေဆဲပင်။
သော့် ခေါင်းဘေးနားမှာ လက်ထောက်ကာ နဖူးပြင်ကိုကြင်နာ ငုံ့နမ်းလိုက်၏။
ထို့နောက် ဦးချီ တစ်ယောက်သာ ကြားနိုင်သည့်အသံဖြင့် မွေးနေ့ဆုမွန်းကောင်းကို မင်္ဂလာရှိစွာ ဆုတောင်ပေးဖြစ်သည်။
" မွေးနေ့ရက်မြတ်ကလေးမှစ၍ ကိုကို့သော် အသက်ရှည်ရှည် အနာရောဂါမဲ့ပြီး
ကိုကို့ဘေးမှာ သေတပန်သက်တဆုံး နေပေးနိုင်ပါစေ "
စကားဆုံးတော့ သော့်နဖူးလေးကို ထပ်နမ်းလိုက်မိပြီးနောက် ညင်သာသော အပြု အမူဖြင့် အိပ်ယာထပ်မှာ ထ၏။
ဒီရွာမှာ သော်တာဝန်ကျတာ ၂နှစ်ကျော်ပြီဖြစ်သလို ပြောင်းရွေ့တင်ထားတာလည်း ကျတော့မည်ဖြစ်သည်။
မကြာမှီ တံငါကုန်းရွာကို သူတို့ပြန်ရတော့မည်။
ပထမဦးစွာ သောက်ရေအိုးစင်က ရေတစ်ခွက် ပြည့်ပြည့် ခပ်သောက်လိုက်သည်။
ရေခဲသေတ္တာထဲကရေကို မနက်မိုးလင်းလို့ အိပ်ယာထလျှင် ဦးချီ မသောက်တက်သလို သောက်လည်းမသောက်ချင်ပေ။
ထို့ကြောင့် ရေချမ်းအိုးလေး တစ်လုံးကို မီးဖိုချောင်မှာ တည်ထားရ၏။
အေးမြမူ့ သည် လည်ပင်းတလျှောက် ဖြတ်သန်းသွားစဉ်၊ လူကလည်း ကြည်ကြည်လင်ဖြစ်သွားသည်။
မျက်နှာသစ်ခြင်း အမူ့ကို ပြုပြီးချိန်တွင် ဆွမ်းတော်ကပ်ရအောင် ထမင်းတစ်အိုးပေါင်းဖို့ပြင်လိုက်သည်။ စနစ်တကျ မြန်ဆန်စွာလုပ်ပြီးချိန်တွင် ကတ်ကြေးတစ်လက်ယူ ပြီး အိမ်ရှေ့ သပြေပင်က လှပသော ကိုင်းတစ်ချို့ကိုဖြတ်ယူခဲ့လိုက်သည်။
ထိုသည်မှာ ဘုရားအိုးလဲရန်အတွက်ပင်။
မနက်ငါးနာရီ အချိန်တွင် သန့်ရှင်းသော အဝတ်ကို ဝတ်၍ ဆွမ်း ၊ ဆီမီးဖြင့် ပန်းကိုကပ်ပြီး ဘုရားဝတ်ပြု ခဲ့သည်။
နာရီဝက်ကျော်ကြာမျှ ဘုရားရှင်ကို
ပဠာန်းတော်ဖြင့်ရွတ်ဖတ်ပူစော်အပြီး တွင်
ဦးသုံးချိန် ထိခြင်း ငါးဖြာ ဖြင့်ချ၍ တောင်းဆုတစ်ခုပြုခဲ့၏။
ရိုသေစွာ ရှစ်ခိုးဦးချခြင်းသည် ကိုးကွယ်ရာ
ဘာသာရပ်ကို ယုံကြည်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဆုတောင်းခြင်းအမူ့ကို ဦးချီ သိပ်မလုပ်ဖြစ်ပါ။ ဒီနေ့ကတော့ တစ်နှစ်မှ တစ်ခါ ချွင်းချက်ဖြစ်လေသည်။ ယသော်လင်း၏ အသက်ရှင်မွေးဖွားခဲ့ရာအမှတ်တရနေ့အတွက် အသက်ရှည်ကျန်းမာခြင်းဆုကိုတော့ လောဘကြီးစွာ တောင်းဆုပြု ခဲ့မိသည်။
ယသော်လင်းသည် ပုံညာဦးချီ ၏ ဘဝဖြစ်သလို ၊ အသက်ရှင်သန်ခြင်းလေးဖြစ်လေသည်။ နောင်သံသရာ အဆက်ဆက်ထိ တွေ့ဆုံဖို့ သူလောဘမကြီးပေ။
အတူရှိနေဆဲ ဘဝ တဖြတ်မှာဖြင့် သူ
သော့်ကို ချစ်နိုင်သမျှ ချစ်ချင်သည်၊ မြတ်နိုးချင်သည်။ ဖူးစာ ဖက်ရယ်လို့ ဖြစ်တည်လာသော သူတို့နှစ်ယောက်ကြားမှာ
အေးအတူ ၊ ပူအမျှ ဆိုတဲ့ စကားအသုံးမျိုးသော့်ကို မပေးချင်ပါ။
သူပေးချင်တဲ့ လက်ဆောင်သည်
အေးအတူ ၊ ပျော်အမျှ ပင်ဖြစ်လေသည်။
မိဘတွေ မရှိတော့တဲ့ သော့်ကို စောင့်ရှောက်ဖို့ တာဝန်သည် သူ့မှာရှိခဲ့သည်ဟု တွေးမိတဲ့ နှစ်သည် ဆယ်တန်း ဖြေပြီးကာစ အချိန်ဖြစ်သည်။
ထိုအသက် ၁၇ အရွယ်ကတည်းက သော်
သည် သူ့အတွက် သား တစ်ယောက်လည်း ဖြစ်ခဲ့ဖူးသလို ၊ ညီ တစ်ယောက် ၊ သူငယ်ချင်းတစ်ယောက်လည်းဖြစ်ခဲ့ဖူးသည်။ ယခုမူ သော်ဟာ သူ့အမျိုးသားအဖြစ်တည်ရှိနေခဲ့လေပြီ။ သော့်ကို စောင့်ရှောက်ခဲ့သော နှစ်ပေါင်းက ၁၀နှစ်ရှိပြီ ဖြစ်သော်ငြား
သူ့စိတ်ထဲမှာ ဝတ္တရားတစ်ခုအဖြစ် သက်မှတ်ထားတာမျိုးမရှိခဲ့။
ပုံညာဦးချီသည် ယသော်လင်းအတွက်ဆိုလျှင်
ဖယောင်တိုင်လို လူစားသာဖြစ်ချင်လေသူသာ။ ဖယောင်းတိုင် တစ်တိုင်ကို မီးထွန်းလိုက်လျှင် ထိုဖယောင်းတိုင်သည် အရည်ပျော်ကုန်ဆုံးသည့်တိုင်အောင် မီးစာကလေး မကုန်မချင်းတောက်လောင်ပေးတက်သည်။ သူလည်း ထို့အတိုင်းပင်။
နောက်ဆုံးထွက်သက်အထိ ယသော်လင်းကို ချစ်ပေးချင်သည်၊ ပျော်ရွှင်စေချင်သည်သာ။
_________
သော် အိပ်ယာနိုးလာချိန်တွင် ကိုကို သည် ဘေးမှာမရှိပေ။ အိပ်ရေးမက်သူ ခြင်းအတူတူဖြစ်ပါလျက် ကိုကိုက အကြီးပီပီ မနက်ဆို စောစော ထတက်၏။
မျက်လုံးကို စုံပွတ်ကာ အိပ်ယာပေါ်မှ ဆင်းမိသည်။ ကိုကိုရှိမဲ့နေရာသည် မီးဖိုချောင်သာဖြစ်မည်။ အိပ်ချင်စိတ်ဖြင့် တရွေ့ရွေ့ သွားစဉ် မီးဖိုချောင်တွင် ကုန်းကုန်းကွကွ ဖြင့်ကိုကိုတစ်ယောက် အလုပ်များနေသည်။
"ကိုကို "
အနီးမရောက်ခင်ကတည်းက လေးလေးပင့်ပင့်ခေါ်လိုက်လျှင် " ဗျာ " ဟု အရင်ထူးကာ လှည့်ကြည့်၍လက်ကမ်းပြလာ၏။
ပြုံးမြမြ မျက်နှာပေါ်ရှိလေးနက်တည်ကြည်သော မျက်လုံးတို့သည် နုညံ့မူ့ အတိပြီးနေသလို။
ကမ်းထားတဲ့ လက်တို့ကြားတိုးဝင်လိုက်လျှင်ဖြင့် ကြင်နာစွာ ကိုကိုက ဆွဲဖက်ပြီး သူ့ရင်ဘတ်မှာ မျက်နှာ အပ်စေ၏။
သင်းပျံ့ သော ဆပ်ပြာမွှေးနံ့ကြောင့် စောစီးစွာရေချိုးထားပြီးမှန်း သိသာခဲ့တာကြောင့် ဖွက်ထားသော မျက်နှာကိုထုတ်၍ မော့ကြည့်လိုက်ပြီး...
" ကိုကို အစောကြီး ရေတွေ ချိုးထားတာလား "
"အင်း ကိုကို မနက်က ဘုရားဝတ်ပြု ချင်လို့ ရေချိုးလိုက်တာ "
"သြော် "
" သော် နိုးပြီ ဆိုတော့ ကိုကိုတို့ မနက်စာ စားကြရအောင် ၊ ဒီနေ့ ကြာဇံကြော် ကြော်ထားတယ်၊ ပြီးရင် ဆေးရုံဝန်းထဲ လိုက်ဝေပေးလိုက်နော် ။ Happy Birthday ပါ ကိုကို့သော် "
ကျောကို ဖွဖွပုတ်ပေးလျက် ပြောလာတဲ့ကိုကို့ လေသံ က အေးဆေးစွာ။
မအေးဆေးနိုင်သူက သော်သာဖြစ်သည်။
မွေးနေ့ ...ဟုတ်သားပဲ ။ ဒီနေ့ သော့်မွေးနေ့။ ဘယ်ချိန်နေနေ သော်က မေ့တက်ပြီး ကိုကိုက အမြဲအမှတ်ရနေတက်သောနေ့ကလေး။ ၁၀နှစ်အရွယ် သော့်မွေးနေ့ မှစပြီး ..အမြဲအတူတကွရှိနေပေးတဲ့ သူ့မွေးနေ့တိုင်းသည် ၂၇နှစ်အရွယ်ရောက်တဲ့အထိ ကိုကို့ဖက်မှ မပျက်ကွက်သေးပေ။
၁၇နှစ်တိတိ ကိုကို သည် သော့်ကို မမေ့မလျော့ အဖော်ပြု ပေးနေဆဲပင်။
" ကိုကို့ ကို ချစ်ရတာ နောင်တအကင်းဆုံးပဲ "
သော့်မျက်လုံးတွေမှာ ဂုဏ်ယူဝင့်ကြွားမူ့တွေနဲ့ တဖျတ်ဖျတ်လဲ့နေမှာ သေချာသည်။
ကိုကိုသည် သော့်စကားကြောင့် ပြုံးပြုံးကြီး ဖြစ်လို့ သွားလျှင်...
" ကိုကို မယုံဘူးထင်တယ် ၊ ဒီမှာ သေချာကြည့် ငါမလှဘူးလား "
လက်ဖဝါးနှစ်ဖက်ကို ဘေးသို့ဖြန့်လျက် ကိုကိုနဲ့ မလှမ်းမကမ်းမှာ မတ်မတ်ရပ်လျက်မေးသည်။ သော့်စိတ်ကသာ ယောကျာ်းပီသနေတာ ၊ သော့် ခန္ဓာကိုယ် ၊ သော့်မျက်နှာပုံစံသည် မိန်းကလေးနဲ့ ဆင်တာ သော်သိသည်။ ပြီးတော့ သော်ဟာ
ယောကျာ်းစစ်စစ် တစ်ယောက်သာဖြစ်ပြီး သော့်အချစ်သည်လည်း ကိုကို တစ်ယောက်ထဲသာ သက်ရောက်တာဖြစ်သည်။
ကိုကို့ ကြင်ဖော်ဟု သော့်ကိုယ်သော်သတ်မှတ်ထားပေမဲ့ ထိုအရာသည် ကိုကိုအတွက် ချစ်တဲ့စိတ်ဖြင့် သီးသန့်သတ်မှတ်ပေးမိခြင်းကိုတော့ ကိုကိုတစ်ယောက်သိပါလေစ။
" လှတယ် ၊ သော်က သိပ်လှတယ် ၊
ဒါပေမဲ့ ကိုကို့သော်က ကိုကို့မျက်လုံးထဲမှာ
မိန်းမ တစ်ယောက် ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူး။ မင်းဟာ ယောကျာ်းတစ်ယောက်ပဲသော်၊ တည်ကြည်တယ်၊ လေးစားဖွယ်ကောင်းတယ်၊ ပြီးတော့ သန့်စင်မွန်မြတ်တယ် "
ဖြန့်ထားတဲ့ သော့်လက်တွေသည် အောက်ကို တရွေ့ရွေ့ ပြုတ်ကျသွား၏။ ထို့နောက် ကိုကို့ကို လျှင်မြန်သောအရှိန်ဖြင့်ပြေးဖတ်မိပြီး သော်ငိုမိ၏။ ထိုမျက်ရည်များတွင်
ပျော်ရွှင်မူ့များသာ ကြီးစိုးနေမှာ မလွဲပေ။
ကိုကိုနဲ့ အတူနေတိုင်း သော်က ဘယ်တော့မှ အထက်လူ မဟုတ်ခဲ့ပေ။ ကိုကိုကိုယ်တိုင် ကြည်ဖြူ စွာပေးအပ်ခဲ့ဖူးပေမဲ့ သော်လုံးဝ ထိုအရာကို လုပ်မည်မဟုတ်ပေ။
ပုံညာဦးချီ ကို ထိုသို့ဖြစ်စေဖို့ စိတ်ကူးထဲကတောင် မတွေးရက်ခဲ့သူပင်။
သော်က အမြဲ ကိုကို့ ၏ အောက်မှာ နာကျင်မူ့နှင့် သာယာမူ့ကို ခံစားသူဖြစ်ပြီး ကိုကိုကိုတော့ သာယာမူ့အပြည့်အဝကိုခံစားစေချင်သူဖြစ်သည်။
" မွေးနေ့မှာ မငိုရဘူးသော် ၊ သွား မျက်နှာသစ်တော့"
"ဟင့်အင်..ကိုကို သော်မေးတာဖြေလေ ၊ သော်လှလားလို့ "
" ဟောဗျာ .. စောက ကိုကိုဖြေပြီးပြီလေ ၊ လှတယ်လို့ "
" အဲ့ဒါဆို နမ်းလေ "
မျက်လုံးမှိတ်ကာ သူ့နဖူးကို လက်ညိုးနဲ့ထိုးပြ၏။ မနက်အစောကြီး သူနမ်းပြီးပေမဲ့ ခေါင်းရမ်း၍ သော်ခိုင်းတဲ့အတိုင်းထက်နမ်းလိုက်မိသည်။
" မျက်နှာလည်းမသစ်ပဲ ညစ်ပတ်လိုက်တာ "
" ညစ်ပတ်တယ်ပြောပြီး ကိုကို့နှုတ်ခမ်းတွေ က ပြုံးနေတယ်၊ သဘောကတော့ ငါ့
ကို မင်းမရွံဘူး ၊ မင်းမျက်လုံးတွေထဲမှာ ငါ့ကို သိပ်ချစ်တယ်ဆိုတဲ့အကြောင်းတွေ အရိပ်တွေလို ဖြတ်ပြေးနေတယ်..ဟော ငါစကားပြောနေတဲ့ပုံကိုကြည့်ပြီး မင်းအူယားနေပြီ .. မင်းသွားနဲ့ နှုတ်ခမ်းတွေဖိလိုက်ကတည်းကငါသိတယ်"
"ဟားဟားး လူလည်လေး၊ မင်း ဗေဒင်ဆရာလုပ်ပါ့လား ကိုကို့သော် "
မေးကို လှမ်းဖျစ်ညှစ်ရင်း ဦးချီရယ်သံက အတောမသတ်နိုင် ၊ မနက်ခင်းတိုင်း ယသော်လင်းရဲ့မကုန်နိုင်တဲ့ချုပ်နည်း ၊ချွဲနည်း များစွာဖြင့် သူ့ဘဝဟာ ချစ်ခြင်းပင်လယ်မှာ အကြိမ်ကြိမ် နစ်မြုပ်လို့။
" ဗေဒင်ဆရာတော့ မလုပ်ချင်ပါဘူး။
ငါက ကိုကို့ ရဲ့ပစ္စုပ္ပန်နဲ့ အနာဂတ်အကြောင်းကလွဲပြီးတခြား ဘာမှကြိုမသိနိုင်ဘူးလေ၊
အဲ့ဒါကြောင့် ငါအခု မျက်နှာသစ်မယ် ၊
ပြီးရင် ကိုကိုနဲ့မနက်စာအတူစားမယ် ၊
ခေါင်းငုံ့ပေးပါဦး သော် ကိုကို့ကိုနမ်းချင်လို့ "
သော့်အလိုကျ ခါးကိုင်းပေးချိန်တွင် ပါးတစ်ဖက်မှာနွေးကနဲ ။ သော်နမ်းခဲ့သောပါးကို လက်ဖြင့်ဖွဖွထိရင်း ထိုနေရာမှ သူရပ်တန့်နေခဲ့မိသည်။
အချစ်ဆိုတာ ယသော်လင်းပဲ။
တသိမ့်သိမ့် ၊ တငြိမ့်ငြိမ့် နဲ့ ရင်ခုန်သံ ဟာ
သော့်ကြောင့်သာ အသက်ဝင်သည်။
ချစ်တဲ့စိတ်ကို မသိသေးခင်ကလည်း သော့်ကို ချစ်ခဲ့ရသလို ၊ ချစ်တက်စိတ်ကို သိပြီးချိန်မှာလည်း သော့်ကို ထားစရာမရှိအောင်ချစ်ခဲ့ရသည်။
__________
"မွေးနေ့မှာ ပျော်ရွှင်ပါစေ "
"ကျေးဇူးတင်ပါတယ်ဗျာ ၊ ကြာဇံကြော်လေး ပူတုန်းသုံးဆောင်ပါဦး ၊ မနက်ကအစောကြီး ကိုကို ထကြော်ပေးထားတာ၊ အန်တီကြူ က ကြက်သားစားတယ်မို့လား "
"စားပါတယ်ဆရာ၊ ကျွန်မ မစားတာ ဆိုလို့ အမဲသားပဲရှိတာပါ ၊ အဲ့ဒါကလည်း မျိုးရိုးစဉ်ဆက်တောင်သူလုပ်လာတော့ နွားတွေက ကျွန်မတို့ရဲ့ ကျေးဇူးရှင်လို ဖြစ်နေလို့ပါ။ "
သော် အားနာစွာ ပြုံးပြလိုက်ပြီးမှ
"တော်သေးတာပေါ့ ၊ မဟုတ်ရင် အန်တီကြူ ကို အားနာရတော့မလို့ "
"ရပါတယ်ဆရာရယ်၊ ကျွန်မ ကောင်းကောင်းသုံးဆောင်ပါ့မယ် "
"ဟုတ်ကဲ့ .. ဒါဆို သွားအုံးမယ် အန်တီကြူ
ဒါလေးတွေ ပူတုန်း လိုက်ဝေပေးလိုက်ဦးမယ်"
ထွက်ခွာသွားသော ဒေါက်တာယသော်လင်းရဲ့ ကျောပြင်ကို ငေးကြည့်နေရာမှ ဝေ့သီလာတဲ့ မျက်ရည်စကို မျက်တောင်များဖြင့်ပုတ်ခတ်သိမ်းလိုက်သည်။
ကောင်ကင်တခွင်သည် နေရောင်ခြည်အလင်းရောင် ဖြင့် ကြည်လင်သာယာလျက်ရှိသည်။ ဒေါ်ရင်မာကြူ မော့ကြည့်လျက် ပြုံးပြလိုက်၏။ ထိုအပြုံးတွေထဲမှာ နာကြည်းခြင်းတွေပါသလို နောင်တတရားတွေပါ၏။
" ဒီလိုပျော်ရွှင်စရာ ဘဝမျိုးလေးတွေရှိမှန်း သိခဲ့ရင် မင်းဖြစ်တည်မူ့ကို ငါမတားမြစ်ခဲ့ပါဘူး မောင်လေးရယ်"
လူ့သက်တမ်းတိုတိုလေးမှာ အတူတကွရှင်ဆိုင်ကျော်ဖြတ်ပေးမဲ့သူ ရှိတာဘယ်လောက်ကံကောင်းလိုက်သလဲဆိုတာ နောက်ကျခဲ့တယ်ဆိုပေမဲ့ ငါနားလည်သွားခဲ့ပြီမောင်လေး။
ပညာတက်တစ်ယောက်ဖြစ်ရဲ့နဲ့
နင့်ဖြစ်တည်မူ့ကိုရှက်ရွံ့မိခဲ့တယ်။ လက်မခံပေးနိုင်ခဲ့ဘူး။ ဒါတွေကြောင့် နင်ငါတို့ဘေးနားကနေ ကွယ်ပျောက်သွားခဲ့ရတယ်။
နင်က အတ္တကြီးတဲ့ မိသားစုဘေးကနေ သေဆုံးထွက်ခွာခြင်းကိုရွေးချယ်ခဲ့ပေမဲ့ ကျန်ခဲ့ငါတို့ကတော့ နောင်တတွေနဲ့ရှင်သန်နေရတယ်....
ဖြစ်လေရာဘဝမှာ ဒေါက်တာယသော်လင်းလို စစ်မှန်တဲ့ မေတ္တာပေးနိုင်တဲ့ ဖူးစာဖက်နဲ့ တွေ့ဆုံပါစေလို့ မမ ဆုတောင်းပေးလိုက်ပါတယ် ကလေးရယ်..
ထို့နောက် လက်ထဲက ဖော့ဗူး အဖြူ ရောင်လေးကို ဖွဖွထိတွေ့ရင်း သက်ပြင်းရှိုက်လိုက်ပြီး ပန်းပင်မျိုးစုံ စိုက်ပျိုးထားသော
သူမအိမ်ကလေးဆီကို တစ်လှမ်းခြင်းလှမ်းဝင်သွားတော့၏။
_______
နှစ်လခန့်ကြာပြီးနောက်....
" ကိုကို ..ကိုကိုရေ...ပုံညာဦးချီ ဘယ်မှာလဲ"
တဖုန်းဖုန်းအသံထွက်အောင် ရေခါနေတဲ့ အင်္ကျီကို လက်ထဲ ကိုင်လျက် ဦးချီ မျက်မှောင်ကြုံ သွား၏။
ဒေါက်တာယသော်လင်း အော်ကြီးဟစ်ကျယ်နဲ့ ဘာဖြစ်လာတာလဲ။
" ကိုကိုနောက်ဖေးမှာ အဝတ်လှမ်းနေတယ်"
မတိုး၊ မကျယ် ဖြင့် အသံပြု လိုက်လျှင်ဖုန်းကို ထောင်ပြလျက် နောက်ဖေးဆင်းတဲ့ အုတ်လှေကားထစ်လေးတွေကို ခုန်ပျံကျော်လွှား ပြေးဆင်းလာ၏။ အင်္ကျီလှမ်းမဲ့ အလုပ်သည် ပျက်ချေပြီ။ လက်ထဲက ရေစက်လက်သာ ရှိသေးသော အင်္ကျီသည် စတီးဖြင့် ပြုလုပ်ထားသော အဝတ်စင်ပေါ်တွင်ဒီအတိုင်း။
" ချော်ကျ ရင် ဘယ်နှယ့်လုပ်မလဲ "
ဆီးကြို ပွေ့လိုက်ရင်း ပူပင်စိတ်ဖြင့် ဆူမိသည်။ သူ့မျက်ခုံး တွေသည်တွန့်ကွေးလျက်ရှိနေသော်လည်း သော်ကတော့ သူနဲ့မတူစွာ ပါးချိုင့်ခွက်ကြီး ပေါ်အောင်ရယ်မောလျက် သူ့ဂုတ်ကို အတင်းသွားနှိမ့် ချရင်း ပါးတွေကို တရွှတ်ရွှတ်နမ်း၏။
သော့်ပုံစံက ဆယ်တန်းအောင်စာရင်းထွက်တုန်းကထက်ပင် ပျော်နေတဲ့ပုံမို့ သော့်ခါးကိုဖက်ကာ သော်ပြုသမျှ ငြိမ်သက်စွာ ခံနေမိသည်။ နမ်းလို့ အားရမှရပ်ကာ
ဖုန်းကို ပြ၏။
" ဘာတုန်းသော်ရ "
ခုန်စွ ၊ ခုန်စွ လုပ်နေတဲ့ သော့်ကြောင့် လက်ထဲက ဖုန်းကိုရှင်းလင်းစွာမမြင်ရ။
သော်သည် သူ့စကားကို နားဝင်ဟန်မတူ ထပ်မံပြီး ကိုယ်ပေါ်ကို ခုန်တက်ကာ ခါးကို ခြေထောက်တွေနဲ့ သိုင်းဖက်လျက် မျက်နှာအနှံ့ နမ်းပြန်၏။
သော်ပျော်နေတဲ့ပုံလေးကြောင့် ကြောင်တောင်တောင်ဖြစ်နေရာမှ ဦးချီ ကိုယ်တိုင်လည်း ပြုံး လာရသည်။
ဒီကောင်လေး တကယ်ပျော်နေတာပဲ။
အတော်ကြာမှ...
" တံငါကုန်းရွာကို ပြောင်းလို့ရပြီ ကိုကိုရ "
"ဟမ်!"
သော်သည် သူ့ပါးနှစ်ဖက်ကို လက်ဖဝါးနဲ့ တွန်း၍ စ နောက်သည်။
အလုံးစုံ မပျော်ဝင်နိုင်သေး။
ဒီသတင်းအမှန် ၊ အမှား သူမခွဲခြားနိုင်သေးသည်ကြောင့်ဖြစ်၏။
" ကြောင်တောင်တောင်လုပ်မနေနဲ့ ငါတို့ လကုန်ရင် အိမ်ပြန်လို့ရပြီ ကိုကို ၊ နောက်တစ်ပတ်မှာ အသစ်ပြောင်းလာမဲ့ ဆရာဝန် တစ်ယောက်ရောက်လာလိမ့်မယ် "
"တ..တကယ်နော် ..သော်"
မယုံလို့မဟုတ်ပေ၊ အသက်တမျှ အရေးကြီးသော သတင်းမို့ သေချာအောင်ထပ်မေးမိသည်။
" တကယ်ပေါ့ ကိုကိုရ ၊ ငါတို့ ဒီရက်ပိုင်းအတွင်း အိမ်ပြန်ဖို့စီစဉ်ရတော့မယ် "
ဦးချီ ယသော်လင်းပုခုံးပေါ် မှီလိုက်သည်။
သူ့ စိတ်နှလုံးသည် စိတ်ချ ငြိမ်းအေးခြင်းကြောင့် သက်တောင့်သက်သာ ဖြစ်၍ သွားလေ၏။
အနီရောင် နေဝန်းသည် အနောက်ရပ်သို့ တိုးဝင်၍ သွားသည်။
အိပ်တန်းပြန်ငှက်တို့သည်လည်းအတောင်ပံဖြန့်ကာ ကောင်းကင်မှာဝဲပျံကြ၏။
ပြန်ဖို့အချိန်သည် ကျရောက်ခဲ့လေပြီ။
စောင့်မျှော်လျက်ရှိတဲ့ ပါးပါးနဲ့ သက်ပုံကိုတွေးမိချိန်တွင် မျက်ရည်တစ်ကြောင်းသည် တသွင်သွင်စီးဆင်းလေသည်။
မိဘဟူသည် မသွားပါနှင့်ဟု မတားမြစ်၊
စောင့်ကြိုနေရမှ သူတို့ အလုပ်ဟုသာ
သက်မှတ်သူ။
ကြင်ဖော်ကို စောင့်ရှောက်မူ့ တာဝန်သည်
ပြီးဆုံးလေပြီ။ သားသမီး ဝတ္တရားသာ ကျန်ရှိတော့သည်မို့ တံငါကုန်းရွာကိုသာ ပြန်ရောက်ဖို့ပဲလိုတော့သည်။
နားချိန်ရောက်နေပြီဖြစ်တဲ့ ပါးပါးတို့နှစ်ယောက်ထံမှ လုပ်ငန်းများကိုလက်လွဲယူရမည်ဖြစ်သလို မိသားစု တာဝန်ကိုလည်း အိမ်ထောင်ဦးစီးတစ်ယောက်အဖြစ်ပုခုံးပြောင်း ထမ်းဆောင် ရမဲ့အချိန် ရောက်လေပြီ။
တာဝန်များစွာ အချိန်စီးနေသော ပုခုံးတွေသည် လေးလံမူ့ဟူ၍ အနည်းငယ်မျှတောင်မရှိခဲ့။ ပီတိအဟုန်သည် နှလုံးသားတစ်ခုလုံး ရိုက်ပုတ်လျက် တသိမ့်သိမ့်တငြိမ့်ငြိမ့်ဖြစ်လျက်။
ငယ်စဉ်က နှုတ်၌တတွတ်တွတ်ရေရွတ်
ခဲ့ဖူးသော သားသမီးကျင့်ဝတ် ကို စိတ်ထဲကနေ ၂၇နှစ်ကျော်မှ ထပ်မံရေရွတ်မိလိုက်သည်။
ကျွေး မွေး မပျက် ၊
ဆောင် ရွက် စီမံ
မွေခံ ထိုက်စေ ၊
လှူ မျှ ဝေ ၍
စောင့် လေ မျိုး နွယ်
ဝတ်ငါး သွယ်၊ ကျင့်ဖွယ် သား တို့တာ။ တဲ့လေ။
သူကတော့ ယခုအချိန်ထိ သားသမီး တာဝန်တစ်ခုတောင်မကျေပွန်သေး။
ပါးပါးနဲ့ သက်ပုံ ကို ပစ်ပြီး သော့်ဘေးမှာပဲ အချိန်တွေအများကြီးကုန်ဆုံးခဲ့သည်။ တစ်လတစ်ခါ အိမ်ကိုပြန်တိုင်း သက်ပုံ ရော ၊ပါးပါးပါ ပျော်နေတက်တာတွေကိုမြင်ရချိန်တိုင်း စိတ်ထဲမကောင်းလှ ၊ သိပ်မကြာခင် အတူနေရမှာပဲ ဆိုတဲ့ စိတ်နဲ့ အားတင်းခွဲခွာသမျှသည်
ဒီနေ့ နောက်ဆုံးဖြစ်ခဲ့လေသည်။
ငယ်ရွယ်စဉ်အချိန်က ငါလုပ်နိုင်တယ်ဆိုတဲ့စိတ်နဲ့ အိမ်ကိုမေ့ခဲ့သည်။ မိဘကိုမေ့ခဲ့သည်။ မိသားစု နည်းပါးတဲ့ ပါးပါးတို့နှစ်ယောက် အထီးကျန်နေတယ်ဆိုတာကို သူမသိခဲ့သလို ၊ ပင်ပန်းနေပြီ ဆိုတာကိုလည်း
သတိမထားမိခဲ့ပေ။
သူနောက်ဆုံး အသိတရားဝင်တဲ့နေ့သည်
မင်္ဂလာဆွမ်းကျွေးနေ့ကဖြစ်သည်။
ထိုနေ့က ပါးပါး ခါးနာသည်ဟု သက်ပုံကို
ပြောနေသံကြားခဲ့ရသည်။ သက်ပုံမျက်နှာစိုးရိမ်သွားတာကို တွေ့တော့ ပါးပါးသည်တိုးဖွဖွရယ်လေသည်။ သိပ်မနာပါဘူးဟု စစ နောက်နောက်ပြောနေသော်ငြား ဦးချီကတော့ သိသည်။ ပါးပါးက အတော်အသင့် ဒဏ်ရာလောက်ကို ညီးညူ မပြတက်သူပင်။ ထို့ကြောင့် အများကြီးစိတ်ပူခဲ့ရသည်။ တစ်လတစ်ခေါက်ရအောင်ပြန်၍ ဂရုစိုက်ခဲ့သည်။ အိမ်အလုပ်တွေကို ပြန်ကြည့်ပေးခဲ့သည်။
ယခုမူ အပြီးတိုင် အိမ်ပြန်ရတော့မည်တဲ့လေ။ မျှော်လင့်ရတဲ့နေ့သည် ရောက်ခဲ့ပြီမို့ လေးပင်နေသော စိတ်သည် ကင်းစင်ကုန်လေပြီ။
_________
ဒီဇင်ဘာလ ၁ရက်နေ့ ။
မနက်ခင်းသည် နေသာပေမဲ့ မြူတချို့ ဖြင့်
ဝေ့ဝါးနေတုန်းပင်။ အေးစိမ့်စိမ့် ရာသီဥတုကြောင့် လူတိုင်းအနွေးထည်ကိုယ်စီဖြင့် နွေးနွေးထွေးထွေးရှိနေလျက်...
"တံငါကုန်းရောက်ရင် ဝင်လည်ကြနော် "
"စိတ်ချ ဆရာရေ ကျွန်မတို့ မရောက်ရောက်အောင်ဝင်ခဲ့မယ် "
"ဝင်ခဲ့မယ်ဆရာ ၊ ကျွန်မတို့ကိုလည်းမေ့မသွားနဲ့ဦး "
"မေ့စရာလားဗျာ ၊ အကုန်လုံးကို သတိရနေမှာပါ "
သော်သည် သူ့ဆေးရုံမိသားစုများနှင့်
ပြန်ခါနီး နှုတ်ဆက်နေလေသည်။
ခင်ရာဆွေမျိုးမို့ အကုန်လုံးသည် မိသား
စုတစ်စုသဖွယ် မျက်နှာထပ်မှာ ဝမ်းနည်းမူ့က အတိုင်းသား ။
ခါတိုင်းလိုပင် ဆေးရုံဝန်းထဲသို့ တံငါကုန်းရွာသို့ ထွက်ခွာမည့် ကားလေးသည်
ရောက်ရှိနေလေသည်။
ကားပေါ်ကို တင်ဆောင်ရမည့် ပစ္စည်းများကို ကားသမားများနှင့်အတူ တင်ဆောင်ရင်း အကုန်လုံးကို အဝေးကနေ လက်ပြနှုတ်ဆက်လိုက်သည်။ နှစ်နှစ်ကျော်ခန့်နေခဲ့သော်ငြား ၊ အပြင်သိပ်မထွက်ခဲ့သော ဦးချီ သည် မေးထူးခေါ်ပြော လောက်သာ ရင်းနှီးခဲ့သည်။ သော်လိုတော့ အကျွမ်းတဝင် မရှိခဲ့။ အပြင်လူနဲ့ဆို သူဟာ အနေအေးတာကြောင့်လည်းပါမည်။
" ဓာတ်ပုံလေးတွေကိုတော့ ရှေ့ခန်းမှာ ထားမှာနော်။ အဲ့အတွက် ခုံနှစ်ခုံစာကားခဖြတ်ပေးလိုက်မယ်။ အထိအခိုက်မဖြစ်အောင်ဂရုစိုက်ပေးပါဦးကားဆရာရေ "
သူတို့နှစ်ယောက်ရဲ့ အမှတ်တရဘွဲ့ဓာတ်ပုံလေးတွေမို့ အထပ်ထပ် စက္ကူ တွေနဲ့ မထိခိုက်အောင်ပတ်ထားသော်လည်း စိတ်မချလှ ။
လူကတော့ ဆိုင်ကယ်နှင့်ပြန်ရမှာမို့
သော် လွတ်လွတ်လပ်လပ်ထိုင်ရအောင် ဘာပစ္စည်းမှမယူပဲ အလွတ်ပြန်မည်ဟုတွေးထားသည်။
"စိတ်ချ ဆရာ ၊ သေချာဂရုစိုက်လိုက်မယ်
ဘာကျန်သေးလဲ "
"ကုန်ပြီဗျ ၊ ထွက်လို့ရပြီ "
"ဟုတ်ကဲ့ ဒါဆို သွားနှင့်ပြီ ကိုယ့်ဆရာရေ "
ကားသမားသည် လက်ပြလျက် အရင်ထွက်သွား၏။ ခဏအကြာတွင် သော်လည်း နှုတ်ဆက်၍ ပြီးစီးခဲ့ပုံဖြင့် အနားကိုရောက်လာလေသည်။
" သွားရအာင် ကိုကို "
" အင်း .. လမ်းမှာ အေးနေမလားမသိဘူး နော် .. သော် ..မင်းအနွေးထည်းပါးနေသေးလား "
ခေါင်းစွပ် အနက်ရောင်လေးဆောင်းထားသော်လည်း သော့်နှာခေါင်းထိပ်ကလေးတွေရဲနေသေး၏။ နုနယ်သူမို့ အအေးမခံနိုင်သူပင်။ ဂွမ်းကပ် အထူအပြင် ချည်ထိုးအင်္ကျီပါမကျန်ဝတ်ပေးထားတောင်
စိတ်က မချချင်ပေ။
အနည်းငယ်နွေးအောင် ပါးနှစ်ဖက်ကို လက်အိတ်ချွတ်၍ ကပ်ပေးလိုက်စဉ် သော်သည် သူ့ကိုမော့၍ ပြုံးပြလာ၏။
" သွားကြရအောင်ကိုကို သော်မအေးဘူး ။ အိမ်ပြန်ရောက်ချင်ပြီ "
ဦးချီ ပြုံးလျက်ခေါင်းညိမ့်ပြလိုက်သည်။
"ဟုတ်ပြီ ၊ ကိုကိုတို့ အိမ်ပြန်ကြရအောင် "
ထို့နောက်လက်အိတ်ပြန်စွပ် ကာ ဆိုင်ကယ်ပေါ်တက်၏။ အိမ်ပြန်ဖို့ သူတို့နှစ်ယောက်စိတ်စောလှလေပြီ။ စောင့်မျှော်နေသူ
နှစ်ယောက်ကိုလည်း တွေ့ချင်လှလေပြီမို့။
ဆိုင်ကယ်သည် တရွေ့ရွေ့ ပြေးနေ၏။
နေလုံးကြီးသည် အရှေ့အရပ်မှ တရွေ့ရွေ့အပေါ်ကို ထိုးတက်လာလေသည်။ ကောင်းကင်ယံသည်
မြူ တို့ ကင်းလာချေပြီ။ မြေနီလမ်းတလျှောက် သူတို့နှစ်ယောက်သည် အပြုံး ကိုယ်စီဖြင့် ဆိုင်ကယ်ကို စီးလျက်တံငါကုန်းရွာသို့
ပြန်ခဲ့ကြတာဖြစ်သည်။
နောက်မှ လိုက်လာသော သော်သည်
သူ့ခါးကို တင်းတင်းဖက်လျက် နှုတ်မှလည်း ဘိုဖြူ ၏ သီချင်းကို ပျော်ရွှင်စွာ သီဆိုလျက်ရှိသည်။
ထိုသီချင်းသည် လင်းခေးအဝင် သီချင်းဖြစ်သည်။ အေးစိမ့်သောရာသီဥတုမို့ ဆိုင်ကယ်ကို ဖြေးဖြေးမောင်းနေတာကြောင့် ကြည်လင်သော သော့်အသံကို ရှင်းလင်းစွာကြားရလေသည်။ ထို သီချင်းကို သူလည်းရတာကြောင့် သော်နှင့်အတူ သံပြိုင် လိုက်ဆိုမိသည်။
ရယ်သံတွေသည် ခမ်းနားမူ့ မရှိသော
တောလမ်းလေးမှာ အသက်ဝင်ခဲ့လေသည်။
လူတွေလည်းမရှိသလို ၊ လမ်းမှာ အိမ်ခြေလည်း သိပ်မရှိလှ။ စောစီးသော ရာသီဥတုမှာ သူတို့နှစ်ယောက်ထဲသာ။
🎼တောပန်းလေးများနဲ့ လှချင်တိုင်းလှနေပါတဲ့.......လမ်းလေးကွေ့ကောက်ရာဘေးနှစ်ဖက်မှာ ....
အဆင်းအတက် ခရီးဆက်လို့
ဖြတ်ကျော်မြင်ကွင်းရှေ့မှာ...တောင်ပြာတန်းတွေစီးလို့ကာ....🎼
🎼မွေးရပ်မြို့ ကလေးဆီ...ရောက်ဖို့ နီးတွေးပျော်နေပြီ ...မိဘနဲ့ အမျိုးအဆွေ အားလုံးကို.....
အပါင်းအသင်းရောင်းရင်းများ..ဝမ်းသာလို့မဆုံးပေါ့လေ ....ကျယ်ကျယ်လောင်လောင် နှုတ်ဆက်နေ......🎼
ဇာတိမြေကို ပြန်ရတဲ့ခံစားမူ့သည် သစ်လွင်လျက်။ သီချင်းသံသည် ပျော်ရွှင်မူ့ဖြင့် တောလမ်းတလျှောက် တငြိမ့်ငြိမ့် ပျံ့နှံ့ ၍ နေချေသည်။
ချစ်တဲ့အိမ်စည်။
( Extraမရှိပါ။ ဇာတ်သိမ်းလေးအထိ လိုက်ပါဖတ်ရှု့သူတစ်ယောက်မကျန် အားလုံးကိုကျေးဇူးတင်ပါတယ်။ မှားယွင်းတဲ့သတ်ပုံများအတွက်လည်း မအိမ်စည်အားနာစွာ တောင်းပန်လိုက်ပါတယ်ရှင့်။ သဘောကြိုက်နှစ်ခြိုက်လျှင် reviewလှလှလေးတွေ ပေးဖို့တောင်းဆိုပါရစေ။ နှင်းဆီဝါတို့နီစွေးစေ ficကလေးကို စာဖတ်သူများထံ စိတ်ချလက်ချ အပ်နှံလိုက်ပါတယ်နော်)
Bạn đang đọc truyện trên: ZingTruyen.Xyz