နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
49
"ဒါဆို မင္းတို႔က လက္ထပ္ ၿပီးၿပီေပါ့"
ဖုန္းကင္မရာထဲမွာ သံေခ်ာင္းကမ်က္လံုးျပဴးမ်က္ဆံျပဴ းျဖင့္ၾကည့္လ်က္ အေျဖကိုမယံုသကၤာနားဆြံ႕ေနတာမို႔ လက္ထဲက ကိုင္ထားတဲ့ ေယာင္းမကိုေဘးခ်ကာ
ခါးတစ္ဝက္ေက်ာ္ေလာက္ရွိတဲ့ ေဘစင္ကိုလက္ေထာက္လိုက္ၿပီးလ်ွင္
" ၁၆ရက္နဲ႔ ၉နာရီ ၁၄မိနစ္တိတိရွိသြားၿပီ"
" ေသာက္ပိုေတြ စလာၿပီ၊ ရုိးရုိးေျပာလည္းရတယ္"
ရႈံ႕မဲ့သြားတဲ့ သံေခ်ာင္းမ်က္နွာကိုၾကည့္လ်က္ ဦးခ်ီတဟားဟားေအာ္ရယ္လိုက္မိသည္။ ေသာ္ကေတာ့ မန္းေလးကသူ႔သူငယ္ခ်င္းေတြကိုအရင္ရက္ေတြကတည္းက ေျပာျပလိုက္ၿပီဟု အသိေပးလာေသာ္လည္း ဦးခ်ီဖက္ကေတာ့ ခုမွအသိေပးျဖစ္တာျဖစ္သည္။ ေျပာလိုက္ေတာ့လည္း တစ္ေယာက္မွ မထူးဆန္းၾကသလို ၊
အရမ္းႀကီးအံ့ၾသသြားတာမ်ိဳးလည္း မရွိၾက။
" မင္းေရာ ဘယ္ေတာ့ျပန္လာမလဲ။ အသက္လည္းႀကီးေနၿပီ ျပန္လာၿပီး အေျခခ်သင့္ၿပီ မထင္ဘူးလား"
"မထင္ဘူး ၊ ငါ ဂ်ပန္မွာေပ်ာ္ေနၿပီကြ ၊ ခုလက္ရွိငါတြဲေနတဲ့ ေကာင္မေလးက ဒီနိုင္ငံသူ ၊ ငါ့ထက္ ၂နွစ္ငယ္တယ္ဆိုေပမဲ့ ငါတို႔ကုမၸဏီပိုင္ရွင္ရဲ႕တူမ ၊ ဟဲဟဲသူက ငါ့အထက္ကအရာရွိ "
သံေခ်ာင္းစကားကိုနားေထာင္ရင္း ခ်က္လက္စဟင္းအိုးကိုလည္း မတူးေအာင္ေမႊေနရေသးသည္။ ဒီေန႔ ေသာ့္အႀကိဳက္ ဝက္ေပါင္ေျခာက္ခ်က္တာျဖစ္သည္။ ေပါင္သားသီးသန္႔ကို ေျခာက္ေအာင္ေနလွမ္းၿပီး နွဴ းအိေနေအာင္ ငပိခ်က္ေလးလို ျပန္ခ်က္ေကြၽးတာကိုေသာ္က သိပ္ႀကိဳက္၏။
" ဆိုေတာ့...အဆင္ေျပရင္ ဟိုမွာအေျခခ်မယ္ေပါ့ "
"အင္း.. အဲ့လိုလုပ္မလားလို႔ေတြးေနတုန္းပါ၊ေသေတာ့မေသခ်ာေသးဘူး၊ လက္ထက္ဖို႔ေတာ့သူ႔ဖက္က ေျပာေနၿပီ ငါကေတာ့ ေနဖို႔ထိုင္ဖို႔ကရွိေသးေတာ့ စဥ္းစားေနဆဲပါပဲ"
ဦးခ်ီ ေခါင္းတညိမ့္ညိမ့္ သံေခ်ာင္းစကားကိုနားေထာင္မိသည္။ နိုင္ငံျခားမွာ အေနၾကာေတာ့သံေခ်ာင္းေတာင္ တကယ့္
စတိုင္ မိုက္မိုက္နဲ႔ လူေခ်ာတစ္ေယာက္ ျဖစ္လာခဲ့သည္။ အရင္က ပံုနဲ႔တျခားစီ ျဖစ္သြားတာေတာ့အမွန္ပင္။
စကားေျပာရင္း ဟင္းက က်က္သြားၿပီမို႔
မီးခလုတ္ကို ပိတ္လိုက္ၿပီး ပန္းကန္စင္ကိုကပ္ ေထာင္ထားတဲ့ဖုန္းကိုယူ၍ ေရခ်ိဳးခန္းဆီသို႔ သြားလိုက္၏။ ေရခ်ိဳးခန္းသည္ ဝန္ထမ္းအိမ္ယာျဖစ္ေသာ္ျငားက်ယ္က်ယ္ျပန္႔ျပန္႔ေတာ့ရွိသည္။
ဖုန္းကို ေစာကအတိုင္း ေရခ်ိဳးခန္းအျပင္ဖက္မွာရွိတဲ့ ခံုေပၚတင္၍ ထားခဲ့လိုက္သည္။ ဖုန္းထဲမွာရွိတဲ့ သံေခ်ာင္းက သူ႔လုပ္သမ်ွ ေသခ်ာလိုက္ၾကည့္ေနတာကိုေတြ႕ရသျဖင့္ ၿပံဳးမိေသးသည္။
သူဘာလို႔ မနက္ႀကီးဖုန္းေခၚေသးလဲ။
မနက္ဆို အိမ္မူ႔ကိစၥလုပ္ေနရတာနဲ႔ သူ႔မွာနည္းနည္းေတာင္မအားေပ။
ထမင္းဟင္းခ်က္ၿပီးတာနဲ႔ ေသာ့္ဝတ္ထားတဲ့ အဝတ္အစားေတြ ေသခ်ာေလ်ွာ္ေပးရေသးသည္။ မေလ်ွာ္လို႔လည္းမရေပ။
ေသာ့္အလုပ္က ေဆးရုံအလုပ္မို႔ ျပင္ပေရာဂါပိုးမႊားကပ္ညိတြယ္ကပ္နိုင္သည့္အဝတ္မ်ားကို ျပန္လာလ်ွင္ ဇြတ္လဲခိုင္း၍ ဆပ္ျပာနဲ႔ ေရနွစ္နာရီေလာက္စိမ္ၿပီးမွ ေလ်ွာ္ရ၏ ။ ေသာ္သည္ သူ႔ကို အပင္ပန္းမခံဖို႔ေျပာဖူးသည္။
အဝတ္ေလ်ွာ္စက္ကို ဦးခ်ီမႀကိဳက္ေပ။
ထို႔ေၾကာင့္ လက္ျဖင့္ပြတ္သပ္ေလ်ွာ္္ဖြတ္၍ ေသာ္လည္းေကာင္း၊ အေမႊးဆီျဖင့္ အနံအသက္ေကာင္းေအာင္ အႀကိမ္ေလ်ွာ္၍ တဖံု
ေသာ္ေရာဂါဘယ ကင္းေအာင္ တက္နိုင္သည့္ဖက္မွႀကိဳးစားလုပ္ကိုင္ေပးတာျဖစ္သည္။ ထိုမ်ွတင္မၿပီးေသး။ ေနပူေသာ ေနရာ၌ သံုးနာရီတိတိေနလွမ္းကာ မီးပူထိုးၿပီး ပရုတ္လံုးညႇပ္ကာ ေလလံုေသာ ပံုးမွာထား၂ရက္ထား၍ သိမ္းဆည္းတက္ေသးသည္။
ထို႔ေၾကာင့္ ေသာ့္မွာလံုေလာက္ေသာ
အဝတ္စားမ်ိဳးစံုရွိရေလသည္။ ထိုသို႔ လုပ္ေပးတက္တာ ယခုမွပင္မဟုတ္ ၊ မန္းေလး ေဆးရုံႀကီးမွာ ေသာ္ အလုပ္စ ဆင္းကတည္းကပင္ျဖစ္သည္။
"ဟိတ္ေကာင္ ပံုညာ ၊ မင္း တေန႔ တေန႔
ဒါေတြပဲ လုပ္ေနရတာလား "
သံေခ်ာင္းကို ဦးခ်ီ ျပန္မၾကည့္ျဖစ္ ၊ၿပံဳးရုံသာၿပံဳးမိသည္။ ေရစင္မွာစိုးလို႔ ထားခဲ့ေသာ ဖုန္းကေလးသည္ ေရခ်ိဳးခန္းအျပင္မွာရွိတဲ့ ခံုေပၚမွာပင္။
သူကေတာ့ ေရခ်ိဳးခန္းအေပါက္ကို ေက်ာခိုင္းမထားပဲ သံေခ်ာင္းျမင္သာေအာင္ အျပင္ကို မ်က္နွာလွည့္ထားျခင္းျဖစ္သည္။
" ဒါေတြဆိုတာ ဘာကိုေျပာတာလဲ။
အဝတ္ေလ်ွာ္တာလား ၊ ထမင္းခ်က္တာကိုလား"
"အကုန္လံုးပဲကြာ ၊မင္းကို ယေသာ္လင္းက မိန္းမလို႔ေခၚတာ နည္းေတာင္းနည္းေသးတယ္"
သံေခ်ာင္းအသံမွာ အားမလိုအားမရျဖစ္ေနျခင္းေတြေရာယွက္ေနတာမို႔ ေခါင္းရမ္းမိသည္။ အခ်စ္ကိုေတြ႕ရွိၿပီးသြားတဲ့ေနာက္ပိုင္း မွာ ေသာ္နဲ႔သူၾကားမွာ ကြာဟခ်က္မရွိေတာ့သေလာက္နည္းပါးျဖစ္လာရသည္။
" သူသေဘာက်ရင္ ေခၚပါေစ ကြာ။ ငါတို႔နွစ္ေယာက္ၾကားမွာ သတ္မွတ္ခ်က္မရွိပါဘူး ။ ေသာ္ကလည္း ေယာက်ာ္း ၊ ငါကလည္း ေယာက်ာ္း အထက္ေအာက္ခြဲျခားမူ႔ ငါ့မွာမရွိဘူး ေသာ္လိုခ်င္ခဲ့ရင္လည္း ငါျငင္းဆန္ေနမွာမဟုတ္ဘူး ။ ငါေပးမွာပဲ။ "
"ဟ ! ေသာက္ရမ္းေတြ သေဘာေကာင္းလွခ်ည္လား "
" ဒါကေတာ့ ခ်စ္တာကိုးကြ ... အဲ့ဒါေၾကာင္း ေယာက်ာ္းအလုပ္ ၊ မိန္းမအလုပ္ေတြ ခြဲျခားတဲ့ မ်က္လံုးမ်ိဳးနဲ႔ မင္းငါ့ကိုလာမၾကည့္မိေစနဲ႔။ စိတ္ဆိုးလို႔ေတာ့မဟုတ္ဘူး ၊
သံေခ်ာင္း ..ငါတို႔က"
စကားမဆံုးေသာ သံေခ်ာင္းအသံက က်ယ္ေလာင္စြာျဖတ္ဝင္လာ၏။
မ်က္နွာအမူအယာမွာလည္းခ်က္ျခင္း မႈန္ကုတ္ကုတ္အသြင္အျပင္ ေျပာင္းကာ
"ျမင့္ျမတ္ဟိန္း ..ျမင့္ျမတ္ဟိန္းပါဆို မသာရဲ႕ တစ္သက္လံုး ဒီနာမည္ပဲ စိတ္ထဲ
စြဲေနေတာ့မွာလား "
ဟု ေဒါသတႀကီးေျပာလာ၏။
ပထမတြင္ ဦးခ်ီေၾကာင္သြား၍ ဘာျပန္ေျပာရမွန္းမသိ။ ေနာက္မွ သေဘာေပါက္စြာ တဟားဟား အေအာ္ရယ္မိေတာ့သည္။
သံေခ်ာင္း၏ ဒုကၡသည္လည္း မေသးလွပင္။ အဲ့ဒါေၾကာင့္ ဒီေကာင္ဂ်ပန္မွာေပ်ာ္ေနတာျဖစ္မည္။ မဟုတ္ရင္ တစ္မ်ိဳးလံုး တစ္ေဆြလံုးသည္ သံေခ်ာင္းဟု သာ ေခၚတြင္တက္သလို တံငါကုန္း႐ြာ ရွိ ႀကီးႀကီးငယ္ငယ္
လူအကုန္လံုးကလည္းထိုသို႔သာနႈတ္က်ိဳးၾက၏။
"ေအး ..ျမင့္ျမတ္ဟိန္းရာ ။ ေတာင္းပန္တယ္ဟုတ္ၿပီလား "
ထိုအခါမွ သေကာင့္သားက မ်က္နွာေၾကာေလ်ာ့၏။
သက္ျပင္းေရးေရးခ်ရင္း ေဆးရုံမွာ အလုပ္မ်ားေနတဲ့ ေသာ့္ကိုလြမ္းရျပန္သည္။
ဒါေတာင္ တေနကုန္ ေဆးရုံမွာ အခ်ိန္ကုန္ရသူမဟုတ္လို႔ ၊ တေနကုန္သာဆိုရင္
ဦးခ်ီ မွာ ေနလို႔ ေတာင္ ရမွာမဟုတ္ေပ။
ေၾသာ္ ...အခ်စ္ အခ်စ္။
မခ်စ္ခင္တုန္းကေတာင္ မ်က္စိေအာက္က
ေသာ့္ကိုအေပ်ာက္ခံဖူးတာမဟုတ္ခဲ့။
ခ်စ္ၿပီးသည့္ေနာက္ပိုင္းတြင္ေတာ့ ဆိုဖြယ္ရာမရွိသေလာက္ပင္။
________
" ကိုကို ေရ.. ေသာ္မနက္ဖန္ ေပါက္စီ စားခ်င္တယ္...မန္ထိုေပါက္စီေလးျဖစ္ျဖစ္ ေပါင္းေပးပါအံုး "
မန္ထိုေပါက္စီကို ေသာ္ဟာ ဝက္သားနွပ္၊ၾကက္သားနွပ္ စသည္ျဖင့္ တြဲစားတက္၏။ ထို႔ေၾကာင့္...
" ၾကက္လား ၊ဝက္လား "
"ၾကက္သားနဲ႔ "
ေရခ်ိဳးျပန္လာတာမို႔ ေသာ္က အခန္းေထာင့္မွာ တဘတ္နဲ႔ ေသခ်ာေရသုတ္ရင္းေျပာေနတာျဖစ္သည္။ ဦးခ်ီ တခ်က္မ်ွသာ ေသာ့္ကို ၾကည့္၍ ညဝတ္ဝမ္းဆက္တစ္စံုကို ဗီရုိထဲမွ အလိုက္သင့္ထုတ္ေပးလိုက္သည္။ ျဖဴ ျဖဴ ႏုႏုနဲ႔ေသာ္သည္ ေဆးရုံသြားရင္ျဖင့္ ပုဆိုးျဖင့္ ရွပ္အက်ၤ ီမ်ိဳးစံုကို
ေသခ်ာ ဝတ္တက္ေသာ္ျငား အိမ္မွာ ဆိုရင္ေတာ့ ညဝတ္ဝမ္းဆက္ အဆင္မ်ိဳးစံုနဲ႔သာေနတက္သူျဖစ္သည္။
သူေပးေသာ အက်ၤ ီသခြားေရာင္ အစင္း ဝမ္းဆက္ကေလးကို ဦးခ်ီေရွ႕တြင္လဲလွယ္ဝတ္ဆင္လိုက္လ်ွင္ ..ဦးခ်ီ နား႐ြက္ဖ်ားေတြသည္ ရဲရဲနီေစြးသြားေလ၏။ ယေသာ္လင္း၏ ခနၶာကိုယ္တြင္ မည္သည့္ေနရာမွာ မွည့္နီေလး ရွိသလဲ ၊ မည္သည့္ေနရာမွာ အမာ႐ြတ္ရွိသလဲ ဆိုတာ သူမသိတာမဟုတ္၊ျမင္ရပါမ်ားသြားလို႔ ရုိးသြားတာမ်ိဳးမရွိပဲ
လင္မယားေတြျဖစ္ၿပီးမွ ပိုရွက္လာသလို။
" ရွက္ေနေသးလား "
ထိုးေဖာက္ဝင္ေရာက္လာတဲ့ ေသာ့္အသံေၾကာင့္ ရႈပ္ေထြးေနတဲ့ စိတ္အဟုန္သည္ ပယ္ေပ်ာက္၏။ ေခါင္းရမ္းျပလ်က္ပင္
" မရွက္ပါဘူး "
"နား႐ြက္ေတြ နီေနတယ္ "
" ဟုတ္လား ဘာျဖစ္လို႔လဲမသိဘူး "
ေယာင္နန သူ႔နား႐ြက္ကေလး ျပန္ကိုင္ရင္း ရွက္ကိုးရွက္ကန္းေမးတာမို႔ ေသာ္အနီးနားေျပးကပ္ရင္း ခါးကိုဖက္လိုက္သည္။
ထိုအခါမွာ ၾကင္ၾကင္နာနာေထြးေပြ႕လာတဲ့ လက္တစ္စံုေၾကာင့္ရင္ခြင္က်ယ္မွာ စုန္းစုန္းျမဳပ္ရေလ၏။
" ေသာ့္ကို ကိုကို ခ်စ္ေနလို႔ျဖစ္တာ "
"ေသာ္က လိပ္ကေလးပဲ "
"အင္း...ကိုကိုအမ်ားႀကီးခ်စ္တဲ့လိပ္ကေလး"
"ဟုတ္ပါ့ .. အမ်ားႀကီး အမ်ားႀကီး ခ်စ္ရတဲ့
လိပ္ပုေလး "
" ေသာ္က မပုဘူး၊ ကိုကိုကသာ ထြားက်ိဳင္းေနတာပါေနာ္..စကားမဆက္ မနက္ဖန္ေသာၾကာေန႔"
မ်က္နွာသြင္ျပင္ေျပာင္းလဲမူ႔ကို ေမာ့ၾကည့္၍ ေသာ္ ခပ္ဆိတ္ဆိတ္ရယ္မိသည္။
လည္စလုတ္ႀကီးႀကီးသည္ ထက္ေအာက္
စံုဆန္ေ႐ြ႕၍ လည္ပင္းတစ္ေလ်ွာက္အသားေရသည္နီျမန္း၍လာေခ်၏။
ေသာၾကာေန႔သည္ လင္မယားကိစၥအဝဝကို ေက်နပ္စြာ ျဖတ္သန္းရန္ျဖစ္သည္။
ထူးျခားသည္မွာ ထိုရက္ကိုေသာ္သက္မွတ္တာမဟုတ္ခဲ့ေပ။ တစ္ပတ္ကို တစ္ရက္မ်ွ သာ ကိုကို ယူမည္ျဖစ္ေၾကာင္းကို
သူနႈတ္က ကိုယ္တိုင္ထုတ္ေျပာခဲ့တာျဖစ္သည္။ စိတ္ဆႏၵနည္းပါးလြန္းတာကေတာ့ အံ့ၾသစရာပင္။ ထိုရက္မ်ိဳးဆိုရင္ သူစိတ္ေျဖေလ်ာ့ဖို႔ထက္ ေသာ့္ကိုသာ ေက်နပ္ေပ်ာ္ရႊင္ရေအာင္ လုပ္ေပးေလ့ရွိသည္။
" အင္း ကိုကို သိတယ္ "
ထိုမ်ွသာ တုန္႔ျပန္လာေတာ့လည္း ဝမ္းနည္းရျပန္သည္။ ကိုကိုပံုစံသည္ ထူးျခားၿပီး
ဝမ္းသာသြားတာမ်ိဳးလည္းမရွိသေလာက္မို႔..
" ဘာလို႔လဲဟင္ ၊ ကိုကို ေသာ့္နဲ႔ေနရတာအဆင္မေျပဘူးလား၊ ေသာ္က.. ေသာ္က ကိုကိုေက်နပ္အာင္မ်ားမစြမ္းေဆာင္.."
ငိုသံတခ်ိဳ႕ေရာယွက္ေနတဲ့ စကားတို႔သည္ အဆံုးထိေအာင္ ေျပာခြင့္မရွိခဲ့ပါ။
ေထြးပိတ္လာတဲ့ နႈတ္ခမ္းထူမ်ားက ေသာ့္နႈတ္ခမ္းေတြထပ္မွာ ၾကင္နာစြာခိုနား၍
ဝမ္းနည္းမူ႔ကို ေျဖေလ်ာ့ေစ၏။ အေတာ္ၾကာမွ ဖယ္ခြာ ၍ ေသာ့္နွဖူးျပင္ကို နႈတ္ခမတို႔ျဖင့္ အသာအယာ ထပ္နမ္းျပန္သည္။
" မဟုတ္တာေတြ မေတြးပါနဲ႔ကြာ ။
ကိုကို ေသာ့္ကို လိုအပ္ပါတယ္၊ ဒါေပမဲ့
ေသာ္က မိန္းကေလးမွမဟုတ္ပဲ။ ဒီစကားေျပာလို႔ ဝမ္းနည္းမသြားနဲ႔ဦးေသာ္၊ မိန္းကေလးေတြမွာ ဆက္ဆံဖို႔ သဘာဝတႀကီးက ထည့္ေပးထားတဲ့ လက္ေဆာင္ရွိတယ္။
ေသာ္ကိုယ္တိုင္လည္း ဆရာဝန္တစ္ေယာက္ပဲ ကိုကိုေျပာတာကို နားလည္မွာပါ။
ေယာက်ာ္းေလးတစ္ေယာက္ရဲ႕ သဘာဝမဟုတ္တဲ့ေနရာမွာ စိတ္ဆႏၵရွိသေလာက္
ကိုကိုသာ ..အရယူမယ္ဆိုရင္ ေရရွည္မွာခံစားရမဲ့ဆိုးက်ိဳးေတြကို ဘယ္သူခံစားရမွာလဲ။ ေသာ္ပဲ ခံစားရမွာေသာ္။ တစ္ပတ္မွာ တစ္ႀကိမ္ကိုေတာင္ ကိုကိုမင္းကို မထိရက္ဘူးေသာ္၊ ကိုကို႔ေၾကာင့္ မင္းဒုကၡေရာက္မွာ နည္းနည္းမွမလိုလားဘူး ၊ မင္းကို
အသက္အရွည္ႀကီး အနာေရာဂါ ကင္းကင္း ကိုကို႔ေဘးမွာရွိေစခ်င္တာ ေသာ့္ရဲ႕ ၊
အဲ့ဒါေၾကာင့္ ကိုကိုတို႔ရဲ႕ ခ်စ္ျခင္းတရားကို
လိင္မူ႔ကိစၥနဲ႔ မေရာေထြးပါနဲ႔၊ ကိုကိုေျပာၿပီးသားပဲ မင္းတစ္ေယာက္ထဲကိုပဲ ေသတဲ့အထိ သစၥာရွိရွိခ်စ္သြားပါလို႔။ ဘာလဲ ေသာ္က ကိုကိုေျပာတာကို မယံုဘူးလား ေျပာ"
ပါးနွစ္ဖက္ကို ဖ်စ္ညစ္ရင္းေမးလိုက္ေတာ့
ေသာ့္က နႈတ္ခမ္းဆူၿပီး ေခါင္းရမ္းျပ၏။
သူေရွ႕ေရာက္ရင္ ေဒါက္တာယေသာ္လင္းက လံုးဝကေလးေပါက္စေလးလိုျဖစ္သြားတက္သည္။
မိန္းကေလးနဲ႔တူတဲ့ ေသာ့္မ်က္နွာေပါက္ဟာ ဘဲဥပံုစံ အဝိုင္းေလးရွိၿပီး မ်က္လံုးဝိုင္းဝိုင္း ပါးခ်ိဳင့္ေရးေရးျဖင့္ ဦးခ်ီအတြက္ရင္သက္ရူ႕ေမာစရာ လံုးဝအလွေလးပင္ျဖစ္သည္။
" ေခါင္းရမ္းျပေပမဲ့ ၊ ကိုကို႔ကိုယံုတယ္ဆိုတာ ေသာ့္မ်က္လံုးေတြထဲမွာေပၚေနတယ္။ မေျဖခ်င္လည္း မေျဖပါနဲ႔ ၊ ကိုကိုက စကားေတြအမ်ားႀကီးေျပာျပရတာမႀကိဳက္ဘူး ေသာ္၊ လက္ေတြ႕ပဲသတ္ေသျပမွာ "
" တျခားရွည္ရွည္ေဝးေဝးကို သတ္ေသမျပနဲ႔ ၊ နမ္းတာကိုပဲ ဆရာႀကီးျဖစ္ေအာင္အရင္လုပ္လိုက္စမ္းပါဦး၊ တခါလည္းတႁပြတ္ႁပြတ္နဲ႔ ။ ဘာမွထူးျခားမလာဘူး "
နက္ရုိင္းေနတဲ့ ဦးခ်ီခံစားခ်က္ေတြသည္
ရႈ႕ံမဲ့လ်က္ ပဲပဲနွယ္နွယ္ေျပာေနေသာ ေသာ့္ေၾကာင့္ တစစီျဖစ္လ်က္။ ယေသာ္လင္းက ဘယ္ေတာ့မွ စကားေကာင္းေျပာရင္မရ။
" ဘဝမွာ ပထမဦးဆံုး အနမ္းစစ္စစ္ကို မင္းကိုေပးထားတာေလ ၊ ဒီေလာက္ေတာ့ ရွိမွာေပါ့ "
" ဘယ္သူမွ မင္းေလာက္မဆိုးတာေတာ့ေသခ်ာတယ္။ "
"ေသာ္ ! မင္းရန္မစနဲ႔ေနာ္ "
"ရန္စတာမွမဟုတ္တာ ..ငါေျပာတာ လက္မခံရင္ ကိုကို ျပန္နမ္းျပေလ .. မနမ္းျပရင္ ..မင္းမနမ္းတက္လို႔ပဲ ...နမ္း..နမ္း ဒီမွာနမ္းျပလိုက္"
ေျခဖ်ားေထာက္၍ နႈတ္ခမ္းကိုအတင္းစူေပးထားပံုကရယ္စရာ။ အလကားအနမ္းခံခ်င္ရင္ အနမ္းခံခ်င္တယ္ေျပာပါ့လား၊ စိတ္တိုေအာင္ရန္က စလိုက္ေသးသည္။
စပ္စလူးစိန္ေယာက်ာ္းကိုရထားမွေတာ့ ဒီေလာက္ေတာ့ရွိမွာပင္။
ဦးခ်ီ ေျခဖ်ားေထာက္ထားတဲ့ေသာ့္ကို
ခါးကေန ျကင္ၾကင္နာ ဆြဲေပြ႕ယူလိုက္၏။
ရင္ဘတ္နွစ္ခုထိစပ္သြားခ်ိန္တြင္ ေသာ့္ေမးဖ်ားကို ကိုင္ကာ ေမာ့ေစလိုက္သည္။
ေသာ္သည္လည္း ဦးခ်ီလည္ပင္းကို ျပန္လည္သိုင္းဖက္ရင္း မ်က္လံုးေတြကို စူးစူးစိုက္စိုက္တန္ျပန္စိုက္ၾကည့္လာသည္။
ထိုမ်က္လံုးအၾကည့္ေတြထဲမွာ ခ်စ္ျမတ္နိုးရိပ္ေတြပါသလို ၊ အားကိုးတြယ္တာရိပ္ေတြလည္းပါ၏။
" ခ်စ္တယ္ ေသာ္"
နႈတ္ခမ္း နွစ္စံုသည္ညင္သာစြာထိကပ္သြားေခ်၏။ ၾကမ္းတမ္းမူ႔ တစံုတရာ မရွိပဲ ႏုညံ့စြာလႈပ္ရွားေနမူ႔ေၾကာင့္ မည္သည့္အသံမွ ထြက္ေပၚမလာခဲ့။
ယေသာ္လင္းသည္ ပံုညာဦးခ်ီ အတြက္
တစ္သက္မွာ တစ္ခါသာပြင့္ေသာ မညိဳးႏြမ္းသြားမဲ့ အနီေရာင္ နွင္ဆီပြင့္ေလးတစ္ပြင့္သာ။
အဝါေရာင္နွင္ဆီပင္သည္ အနီေရာင္ပန္းကိုပြင့္၏။ ေမတၲာျဖင့္ ပ်ိဳးေသာပန္းမို႔ ပန္းပြင့္ခ်ိန္ကၾကာခဲ့သည္။ လွပေသာပန္းကေလးသည္ အပင္ထက္မွာ ငြားငြားစြင့္စြင့္။ စစ္မွန္ေသာ ေမတၱာေရစင္ေၾကာင့္ တစ္သက္ဘယ္ခါ ညိဳးေလ်ာ္မည္မဟုတ္ေတာ့။ တစ္ပင္မွာ တစ္ပြင့္၊ တစ္ပြင့္သည္သာ တစ္သက္လံုး။
ခ်စ္တဲ့အိမ္စည္။
(ေနာက္အပိုင္း ဇာတ္သိမ္း )
"တစ္ပင္မွာ တစ္ပြင့္ ၊ တစ္ပြင့္သည္သာ တစ္သက္လံုး"
အဲ့စကားက ပိုင္ရွင္ရိွလားဟင္။
ကိုယ္ဇေဝဇဝါျဖစ္ေနလို႔။ ေရးတာကေတာ့ကိုယ့္စိတ္ကူးနဲ႔ကိုယ္ပါ။ဖတ္သမ်ွလည္းမ်ားေနၿပီဆိုေတာ့ ေခါင္းထဲစြဲေနတာမ်ိဳးျဖစ္မွာစိုးလို႔
။ ရိွခဲ့ရင္ျပန္ျဖတ္ေပးပါ့မယ္ေနာ္
"ဒါဆို မင်းတို့က လက် ထပ် ပြီးပြီပေါ့"
ဖုန်းကင်မရာထဲမှာ သံချောင်းကမျက်လုံးပြူးမျက်ဆံပြူးဖြင့်ကြည့်လျက် အဖြေကိုမယုံသင်္ကာနားစွင့်နေတာမို့ လက်ထဲက ကိုင်ထားတဲ့ ယောင်းမကိုဘေးချကာ
ခါးတစ်ဝက်ကျော်လောက်ရှိတဲ့ ဘေစင်ကိုလက်ထောက်လိုက်ပြီးလျှင်
" ၁၆ရက်နဲ့ ၉နာရီ ၁၄မိနစ်တိတိရှိသွားပြီ"
" သောက်ပိုတွေ စလာပြီ၊ ရိုးရိုးပြောလည်းရတယ်"
ရှုံ့မဲ့သွားတဲ့ သံချောင်းမျက်နှာကိုကြည့်လျက် ဦးချီတဟားဟားအော်ရယ်လိုက်မိသည်။ သော်ကတော့ မန်းလေးကသူ့သူငယ်ချင်းတွေကိုအရင်ရက်တွေကတည်းက ပြောပြလိုက်ပြီဟု အသိပေးလာသော်လည်း ဦးချီဖက်ကတော့ ခုမှအသိပေးဖြစ်တာဖြစ်သည်။ ပြောလိုက်တော့လည်း တစ်ယောက်မှ မထူးဆန်းကြသလို ၊
အရမ်းကြီးအံ့သြသွားတာမျိုးလည်း မရှိကြ။
" မင်းရော ဘယ်တော့ပြန်လာမလဲ။ အသက်လည်းကြီးနေပြီ ပြန်လာပြီး အခြေချသင့်ပြီ မထင်ဘူးလား"
"မထင်ဘူး ၊ ငါ ဂျပန်မှာပျော်နေပြီကွ ၊ ခုလက်ရှိငါတွဲနေတဲ့ ကောင်မလေးက ဒီနိုင်ငံသူ ၊ ငါ့ထက် ၂နှစ်ငယ်တယ်ဆိုပေမဲ့ ငါတို့ကုမ္ပဏီပိုင်ရှင်ရဲ့တူမ ၊ ဟဲဟဲသူက ငါ့အထက်ကအရာရှိ "
သံချောင်းစကားကိုနားထောင်ရင်း ချက်လက်စဟင်းအိုးကိုလည်း မတူးအောင်မွှေနေရသေးသည်။ ဒီနေ့ သော့်အကြိုက် ဝက်ပေါင်ခြောက်ချက်တာဖြစ်သည်။ ပေါင်သားသီးသန့်ကို ခြောက်အောင်နေလှမ်းပြီး နှူးအိနေအောင် ငပိချက်လေးလို ပြန်ချက်ကျွေးတာကိုသော်က သိပ်ကြိုက်၏။
" ဆိုတော့...အဆင်ပြေရင် ဟိုမှာအခြေချမယ်ပေါ့ "
"အင်း.. အဲ့လိုလုပ်မလားလို့တွေးနေတုန်းပါ၊သေတော့မသေချာသေးဘူး၊ လက်ထက်ဖို့တော့သူ့ဖက်က ပြောနေပြီ ငါကတော့ နေဖို့ထိုင်ဖို့ကရှိသေးတော့ စဉ်းစားနေဆဲပါပဲ"
ဦးချီ ခေါင်းတညိမ့်ညိမ့် သံချောင်းစကားကိုနားထောင်မိသည်။ နိုင်ငံခြားမှာ အနေကြာတော့သံချောင်းတောင် တကယ့်
စတိုင် မိုက်မိုက်နဲ့ လူချောတစ်ယောက် ဖြစ်လာခဲ့သည်။ အရင်က ပုံနဲ့တခြားစီ ဖြစ်သွားတာတော့အမှန်ပင်။
စကားပြောရင်း ဟင်းက ကျက်သွားပြီမို့
မီးခလုတ်ကို ပိတ်လိုက်ပြီး ပန်းကန်စင်ကိုကပ် ထောင်ထားတဲ့ဖုန်းကိုယူ၍ ရေချိုးခန်းဆီသို့ သွားလိုက်၏။ ရေချိုးခန်းသည် ဝန်ထမ်းအိမ်ယာဖြစ်သော်ငြားကျယ်ကျယ်ပြန့်ပြန့်တော့ရှိသည်။
ဖုန်းကို စောကအတိုင်း ရေချိုးခန်းအပြင်ဖက်မှာရှိတဲ့ ခုံပေါ်တင်၍ ထားခဲ့လိုက်သည်။ ဖုန်းထဲမှာရှိတဲ့ သံချောင်းက သူ့လုပ်သမျှ သေချာလိုက်ကြည့်နေတာကိုတွေ့ရသဖြင့် ပြုံးမိသေးသည်။
သူဘာလို့ မနက်ကြီးဖုန်းခေါ်သေးလဲ။
မနက်ဆို အိမ်မူ့ကိစ္စလုပ်နေရတာနဲ့ သူ့မှာနည်းနည်းတောင်မအားပေ။
ထမင်းဟင်းချက်ပြီးတာနဲ့ သော့်ဝတ်ထားတဲ့ အဝတ်အစားတွေ သေချာလျှော်ပေးရသေးသည်။ မလျှော်လို့လည်းမရပေ။
သော့်အလုပ်က ဆေးရုံအလုပ်မို့ ပြင်ပရောဂါပိုးမွှားကပ်ညိတွယ်ကပ်နိုင်သည့်အဝတ်များကို ပြန်လာလျှင် ဇွတ်လဲခိုင်း၍ ဆပ်ပြာနဲ့ ရေနှစ်နာရီလောက်စိမ်ပြီးမှ လျှော်ရ၏ ။ သော်သည် သူ့ကို အပင်ပန်းမခံဖို့ပြောဖူးသည်။
အဝတ်လျှော်စက်ကို ဦးချီမကြိုက်ပေ။
ထို့ကြောင့် လက်ဖြင့်ပွတ်သပ်လျှော်ဖွတ်၍ သော်လည်းကောင်း၊ အမွှေးဆီဖြင့် အနံအသက်ကောင်းအောင် အကြိမ်လျှော်၍ တဖုံ
သော်ရောဂါဘယ ကင်းအောင် တက်နိုင်သည့်ဖက်မှကြိုးစားလုပ်ကိုင်ပေးတာဖြစ်သည်။ ထိုမျှတင်မပြီးသေး။ နေပူသော နေရာ၌ သုံးနာရီတိတိနေလှမ်းကာ မီးပူထိုးပြီး ပရုတ်လုံးညှပ်ကာ လေလုံသော ပုံးမှာထား၂ရက်ထား၍ သိမ်းဆည်းတက်သေးသည်။
ထို့ကြောင့် သော့်မှာလုံလောက်သော
အဝတ်စားမျိုးစုံရှိရလေသည်။ ထိုသို့ လုပ်ပေးတက်တာ ယခုမှပင်မဟုတ် ၊ မန်းလေး ဆေးရုံကြီးမှာ သော် အလုပ်စ ဆင်းကတည်းကပင်ဖြစ်သည်။
"ဟိတ်ကောင် ပုံညာ ၊ မင်း တနေ့ တနေ့
ဒါတွေပဲ လုပ်နေရတာလား "
သံချောင်းကို ဦးချီ ပြန်မကြည့်ဖြစ် ၊ပြုံးရုံသာပြုံးမိသည်။ ရေစင်မှာစိုးလို့ ထားခဲ့သော ဖုန်းကလေးသည် ရေချိုးခန်းအပြင်မှာရှိတဲ့ ခုံပေါ်မှာပင်။
သူကတော့ ရေချိုးခန်းအပေါက်ကို ကျောခိုင်းမထားပဲ သံချောင်းမြင်သာအောင် အပြင်ကို မျက်နှာလှည့်ထားခြင်းဖြစ်သည်။
" ဒါတွေဆိုတာ ဘာကိုပြောတာလဲ။
အဝတ်လျှော်တာလား ၊ ထမင်းချက်တာကိုလား"
"အကုန်လုံးပဲကွာ ၊မင်းကို ယသော်လင်းက မိန်းမလို့ခေါ်တာ နည်းတောင်းနည်းသေးတယ်"
သံချောင်းအသံမှာ အားမလိုအားမရဖြစ်နေခြင်းတွေရောယှက်နေတာမို့ ခေါင်းရမ်းမိသည်။ အချစ်ကိုတွေ့ရှိပြီးသွားတဲ့နောက်ပိုင်း မှာ သော်နဲ့သူကြားမှာ ကွာဟချက်မရှိတော့သလောက်နည်းပါးဖြစ်လာရသည်။
" သူသဘောကျရင် ခေါ်ပါစေ ကွာ။ ငါတို့နှစ်ယောက်ကြားမှာ သတ်မှတ်ချက်မရှိပါဘူး ။ သော်ကလည်း ယောကျာ်း ၊ ငါကလည်း ယောကျာ်း အထက်အောက်ခွဲခြားမူ့ ငါ့မှာမရှိဘူး သော်လိုချင်ခဲ့ရင်လည်း ငါငြင်းဆန်နေမှာမဟုတ်ဘူး ။ ငါပေးမှာပဲ။ "
"ဟ ! သောက်ရမ်းတွေ သဘောကောင်းလှချည်လား "
" ဒါကတော့ ချစ်တာကိုးကွ ... အဲ့ဒါကြောင်း ယောကျာ်းအလုပ် ၊ မိန်းမအလုပ်တွေ ခွဲခြားတဲ့ မျက်လုံးမျိုးနဲ့ မင်းငါ့ကိုလာမကြည့်မိစေနဲ့။ စိတ်ဆိုးလို့တော့မဟုတ်ဘူး ၊
သံချောင်း ..ငါတို့က"
စကားမဆုံးသော သံချောင်းအသံက ကျယ်လောင်စွာဖြတ်ဝင်လာ၏။
မျက်နှာအမူအယာမှာလည်းချက်ခြင်း မှုန်ကုတ်ကုတ်အသွင်အပြင် ပြောင်းကာ
"မြင့်မြတ်ဟိန်း ..မြင့်မြတ်ဟိန်းပါဆို မသာရဲ့ တစ်သက်လုံး ဒီနာမည်ပဲ စိတ်ထဲ
စွဲနေတော့မှာလား "
ဟု ဒေါသတကြီးပြောလာ၏။
ပထမတွင် ဦးချီကြောင်သွား၍ ဘာပြန်ပြောရမှန်းမသိ။ နောက်မှ သဘောပေါက်စွာ တဟားဟား အအော်ရယ်မိတော့သည်။
သံချောင်း၏ ဒုက္ခသည်လည်း မသေးလှပင်။ အဲ့ဒါကြောင့် ဒီကောင်ဂျပန်မှာပျော်နေတာဖြစ်မည်။ မဟုတ်ရင် တစ်မျိုးလုံး တစ်ဆွေလုံးသည် သံချောင်းဟု သာ ခေါ်တွင်တက်သလို တံငါကုန်းရွာ ရှိ ကြီးကြီးငယ်ငယ်
လူအကုန်လုံးကလည်းထိုသို့သာနှုတ်ကျိုးကြ၏။
"အေး ..မြင့်မြတ်ဟိန်းရာ ။ တောင်းပန်တယ်ဟုတ်ပြီလား "
ထိုအခါမှ သကောင့်သားက မျက်နှာကြောလျော့၏။
သက်ပြင်းရေးရေးချရင်း ဆေးရုံမှာ အလုပ်များနေတဲ့ သော့်ကိုလွမ်းရပြန်သည်။
ဒါတောင် တနေကုန် ဆေးရုံမှာ အချိန်ကုန်ရသူမဟုတ်လို့ ၊ တနေကုန်သာဆိုရင်
ဦးချီ မှာ နေလို့ တောင် ရမှာမဟုတ်ပေ။
သြော် ...အချစ် အချစ်။
မချစ်ခင်တုန်းကတောင် မျက်စိအောက်က
သော့်ကိုအပျောက်ခံဖူးတာမဟုတ်ခဲ့။
ချစ်ပြီးသည့်နောက်ပိုင်းတွင်တော့ ဆိုဖွယ်ရာမရှိသလောက်ပင်။
________
" ကိုကို ရေ.. သော်မနက်ဖန် ပေါက်စီ စားချင်တယ်...မန်ထိုပေါက်စီလေးဖြစ်ဖြစ် ပေါင်းပေးပါအုံး "
မန်ထိုပေါက်ဆီကို သော်ဟာ ဝက်သားနှပ်၊ ကြက်သားနှပ် စသည်ဖြင့် တွဲစားတက်၏။ ထို့ကြောင့်
" ကြက်လား ၊ဝက်လား "
"ကြက်သားနဲ့ "
ရေချိုးပြန်လာတာမို့ သော်က အခန်းထောင့်မှာ တဘတ်နဲ့ သေချာရေသုတ်ရင်းပြောနေတာဖြစ်သည်။ ဦးချီ တချက်မျှသာ သော့်ကို ကြည့်၍ ညဝတ်ဝမ်းဆက်တစ်စုံကို ဗီရိုထဲမှ အလိုက်သင့်ထုတ်ပေးလိုက်သည်။ ဖြူ ဖြူ နုနုနဲ့သော်သည် ဆေးရုံသွားရင်ဖြင့် ပုဆိုးဖြင့် ရှပ်အင်္ကျီမျိုးစုံကို
သေချာ ဝတ်တက်သော်ငြား အိမ်မှာ ဆိုရင်တော့ ညဝတ်ဝမ်းဆက် အဆင်မျိုးစုံနဲ့သာနေတက်သူဖြစ်သည်။
သူပေးသော အင်္ကျီသခွားရောင် အစင်း ဝမ်းဆက်ကလေးကို ဦးချီရှေ့တွင်လဲလှယ်ဝတ်ဆင်လိုက်လျှင် ..ဦးချီ နားရွက်ဖျားတွေသည် ရဲရဲနီစွေးသွားလေ၏။ ယသော်လင်း၏ ခန္ဓာကိုယ်တွင် မည်သည့်နေရာမှာ မှည့်နီလေး ရှိသလဲ ၊ မည်သည့်နေရာမှာ အမာရွတ်ရှိသလဲ ဆိုတာ သူမသိတာမဟုတ်၊မြင်ရပါများသွားလို့ ရိုးသွားတာမျိုးမရှိပဲ
လင်မယားတွေဖြစ်ပြီးမှ ပိုရှက်လာသလို။
" ရှက်နေသေးလား "
ထိုးဖောက်ဝင်ရောက်လာတဲ့ သော့်အသံကြောင့် ရှုပ်ထွေးနေတဲ့ စိတ်အဟုန်သည် ပယ်ပျောက်၏။ ခေါင်းရမ်းပြလျက်ပင်
" မရှက်ပါဘူး "
"နားရွက်တွေ နီနေတယ် "
" ဟုတ်လား ဘာဖြစ်လို့လဲမသိဘူး "
ယောင်နန သူ့နားရွက်ကလေး ပြန်ကိုင်ရင်း ရှက်ကိုးရှက်ကန်းမေးတာမို့ သော်အနီးနားပြေးကပ်ရင်း ခါးကိုဖက်လိုက်သည်။
ထိုအခါမှာ ကြင်ကြင်နာနာထွေးပွေ့လာတဲ့ လက်တစ်စုံကြောင့်ရင်ခွင်ကျယ်မှာ စုန်းစုန်းမြုပ်ရလေ၏။
" သော့်ကို ကိုကို ချစ်နေလို့ဖြစ်တာ "
"သော်က လိပ်ကလေးပဲ "
"အင်း...ကိုကိုအများကြီးချစ်တဲ့လိပ်ကလေး"
"ဟုတ်ပါ့ .. အများကြီး အများကြီး ချစ်ရတဲ့
လိပ်ပုလေး "
" သော်က မပုဘူး၊ ကိုကိုကသာ ထွားကျိုင်းနေတာပါနော်..စကားမဆက် မနက်ဖန်သောကြာနေ့"
မျက်နှာသွင်ပြင်ပြောင်းလဲမူ့ကို မော့ကြည့်၍ သော် ခပ်ဆိတ်ဆိတ်ရယ်မိသည်။
လည်စလုတ်ကြီးကြီးသည် ထက်အောက်
စုံဆန်ရွေ့၍ လည်ပင်းတစ်လျှောက်အသားရေသည်နီမြန်း၍လာချေ၏။
သောကြာနေ့သည် လင်မယားကိစ္စအဝဝကို ကျေနပ်စွာ ဖြတ်သန်းရန်ဖြစ်သည်။
ထူးခြားသည်မှာ ထိုရက်ကိုသော်သက်မှတ်တာမဟုတ်ခဲ့ပေ။ တစ်ပတ်ကို တစ်ရက်မျှ သာ ကိုကို ယူမည်ဖြစ်ကြောင်းကို
သူနှုတ်က ကိုယ်တိုင်ထုတ်ပြောခဲ့တာဖြစ်သည်။ စိတ်ဆန္ဒနည်းပါးလွန်းတာကတော့ အံ့သြစရာပင်။ ထိုရက်မျိုးဆိုရင် သူစိတ်ဖြေလျော့ဖို့ထက် သော့်ကိုသာ ကျေနပ်ပျော်ရွှင်ရအောင် လုပ်ပေးလေ့ရှိသည်။
" အင်း ကိုကို သိတယ် "
ထိုမျှသာ တုန့်ပြန်လာတော့လည်း ဝမ်းနည်းရပြန်သည်။ ကိုကိုပုံစံသည် ထူးခြားပြီး
ဝမ်းသာသွားတာမျိုးလည်းမရှိသလောက်မို့..
" ဘာလို့လဲဟင် ၊ ကိုကို သော့်နဲ့နေရတာအဆင်မပြေဘူးလား၊ သော်က.. သော်က ကိုကိုကျေနပ်အာင်များမစွမ်းဆောင်.."
ငိုသံတချို့ရောယှက်နေတဲ့ စကားတို့သည် အဆုံးထိအောင် ပြောခွင့်မရှိခဲ့ပါ။
ထွေးပိတ်လာတဲ့ နှုတ်ခမ်းထူများက သော့်နှုတ်ခမ်းတွေထပ်မှာ ကြင်နာစွာခိုနား၍
ဝမ်းနည်းမူ့ကို ဖြေလျော့စေ၏။ အတော်ကြာမှ ဖယ်ခွာ ၍ သော့်နှဖူးပြင်ကို နှုတ်ခမတို့ဖြင့် အသာအယာ ထပ်နမ်းပြန်သည်။
" မဟုတ်တာတွေ မတွေးပါနဲ့ကွာ ။
ကိုကို သော့်ကို လိုအပ်ပါတယ်၊ ဒါပေမဲ့
သော်က မိန်းကလေးမှမဟုတ်ပဲ။ ဒီစကားပြောလို့ ဝမ်းနည်းမသွားနဲ့ဦးသော်၊ မိန်းကလေးတွေမှာ ဆက်ဆံဖို့ သဘာဝတကြီးက ထည့်ပေးထားတဲ့ လက်ဆောင်ရှိတယ်။
သော်ကိုယ်တိုင်လည်း ဆရာဝန်တစ်ယောက်ပဲ ကိုကိုပြောတာကို နားလည်မှာပါ။
ယောကျာ်းလေးတစ်ယောက်ရဲ့ သဘာဝမဟုတ်တဲ့နေရာမှာ စိတ်ဆန္ဒရှိသလောက်
ကိုကိုသာ ..အရယူမယ်ဆိုရင် ရေရှည်မှာခံစားရမဲ့ဆိုးကျိုးတွေကို ဘယ်သူခံစားရမှာလဲ။ သော်ပဲ ခံစားရမှာသော်။ တစ်ပတ်မှာ တစ်ကြိမ်ကိုတောင် ကိုကိုမင်းကို မထိရက်ဘူးသော်၊ ကိုကို့ကြောင့် မင်းဒုက္ခရောက်မှာ နည်းနည်းမှမလိုလားဘူး ၊ မင်းကို
အသက်အရှည်ကြီး အနာရောဂါ ကင်းကင်း ကိုကို့ဘေးမှာရှိစေချင်တာ သော့်ရဲ့ ၊
အဲ့ဒါကြောင့် ကိုကိုတို့ရဲ့ ချစ်ခြင်းတရားကို
လိင်မူ့ကိစ္စနဲ့ မရောထွေးပါနဲ့၊ ကိုကိုပြောပြီးသားပဲ မင်းတစ်ယောက်ထဲကိုပဲ သေတဲ့အထိ သစ္စာရှိရှိချစ်သွားပါလို့။ ဘာလဲ သော်က ကိုကိုပြောတာကို မယုံဘူးလား ပြော"
ပါးနှစ်ဖက်ကို ဖျစ်ညစ်ရင်းမေးလိုက်တော့
သော့်က နှုတ်ခမ်းဆူပြီး ခေါင်းရမ်းပြ၏။
သူရှေ့ရောက်ရင် ဒေါက်တာယသော်လင်းက လုံးဝကလေးပေါက်စလေးလိုဖြစ်သွားတက်သည်။
မိန်းကလေးနဲ့တူတဲ့ သော့်မျက်နှာပေါက်ဟာ ဘဲဥပုံစံ အဝိုင်းလေးရှိပြီး မျက်လုံးဝိုင်းဝိုင်း ပါးချိုင့်ရေးရေးဖြင့် ဦးချီအတွက်ရင်သက်ရူ့မောစရာ လုံးဝအလှလေးပင်ဖြစ်သည်။
" ခေါင်းရမ်းပြပေမဲ့ ၊ ကိုကို့ကိုယုံတယ်ဆိုတာ သော့်မျက်လုံးတွေထဲမှာပေါ်နေတယ်။ မဖြေချင်လည်း မဖြေပါနဲ့ ၊ ကိုကိုက စကားတွေအများကြီးပြောပြရတာမကြိုက်ဘူး သော်၊ လက်တွေ့ပဲသတ်သေပြမှာ "
" တခြားရှည်ရှည်ဝေးဝေးကို သတ်သေမပြနဲ့ ၊ နမ်းတာကိုပဲ ဆရာကြီးဖြစ်အောင်အရင်လုပ်လိုက်စမ်းပါဦး၊ တခါလည်းတပြွတ်ပြွတ်နဲ့ ။ ဘာမှထူးခြားမလာဘူး "
နက်ရိုင်းနေတဲ့ ဦးချီခံစားချက်တွေသည်
ရှုံ့မဲ့လျက် ပဲပဲနှယ်နှယ်ပြောနေသော သော့်ကြောင့် တစစီဖြစ်လျက်။ ယသော်လင်းက ဘယ်တော့မှ စကားကောင်းပြောရင်မရ။
" ဘဝမှာ ပထမဦးဆုံး အနမ်းစစ်စစ်ကို မင်းကိုပေးထားတာလေ ၊ ဒီလောက်တော့ ရှိမှာပေါ့ "
" ဘယ်သူမှ မင်းလောက်မဆိုးတာတော့သေချာတယ်။ "
"သော် ! မင်းရန်မစနဲ့နော် "
"ရန်စတာမှမဟုတ်တာ ..ငါပြောတာ လက်မခံရင် ကိုကို ပြန်နမ်းပြလေ .. မနမ်းပြရင် ..မင်းမနမ်းတက်လို့ပဲ ...နမ်း..နမ်း ဒီမှာနမ်းပြလိုက်"
ခြေဖျားထောက်၍ နှုတ်ခမ်းကိုအတင်းစူပေးထားပုံကရယ်စရာ။ အလကားအနမ်းခံချင်ရင် အနမ်းခံချင်တယ်ပြောပါ့လား၊ စိတ်တိုအောင်ရန်က စလိုက်သေးသည်။
စပ်စလူးစိန်ယောကျာ်းကိုရထားမှတော့ ဒီလောက်တော့ရှိမှာပင်။
ဦးချီ ခြေဖျားထောက်ထားတဲ့သော့်ကို
ခါးကနေ ကြင်ကြင်နာ ဆွဲပွေ့ယူလိုက်၏။
ရင်ဘတ်နှစ်ခုထိစပ်သွားချိန်တွင် သော့်မေးဖျားကို ကိုင်ကာ မော့စေလိုက်သည်။
သော်သည်လည်း ဦးချီလည်ပင်းကို ပြန်လည်သိုင်းဖက်ရင်း မျက်လုံးတွေကို စူးစူးစိုက်စိုက်တန်ပြန်စိုက်ကြည့်လာသည်။
ထိုမျက်လုံးအကြည့်တွေထဲမှာ ချစ်မြတ်နိုးရိပ်တွေပါသလို ၊ အားကိုးတွယ်တာရိပ်တွေလည်းပါ၏။
" ချစ်တယ် သော်"
နှုတ်ခမ်း နှစ်စုံသည်ညင်သာစွာထိကပ်သွားချေ၏။ ကြမ်းတမ်းမူ့ တစုံတရာ မရှိပဲ နုညံ့စွာလှုပ်ရှားနေမူ့ကြောင့် မည်သည့်အသံမှ ထွက်ပေါ်မလာခဲ့။
ယသော်လင်းသည် ပုံညာဦးချီ အတွက်
တစ်သက်မှာ တစ်ခါသာပွင့်သော မညိုးနွမ်းသွားမဲ့ အနီရောင် နှင်ဆီပွင့်လေးတစ်ပွင့်သာ။
အဝါရောင်နှင်ဆီပင်သည် အနီရောင်ပန်းကိုပွင့်၏။ မေတ္တာဖြင့် ပျိုးသောပန်းမို့ ပန်းပွင့်ချိန်ကကြာခဲ့သည်။ လှပသောပန်းကလေးသည် အပင်ထက်မှာ ငွားငွားစွင့်စွင့်။ စစ်မှန်သော မေတ္တာရေစင်ကြောင့် တစ်သက်ဘယ်ခါ ညိုးလျော်မည်မဟုတ်တော့။ တစ်ပင်မှာ တစ်ပွင့်၊ တစ်ပွင့်သည်သာ တစ်သက်လုံး။
ချစ်တဲ့အိမ်စည်။
(နောက်အပိုင်း ဇာတ်သိမ်း )
"တစ်ပင်မှာ တစ်ပွင့် ၊ တစ်ပွင့်သည်သာ တစ်သက်လုံး"
အဲ့စကားက ပိုင်ရှင်ရှိလားဟင်။
ကိုယ်ဇဝေဇဝါဖြစ်နေလို့။ ရေးတာကတော့ကိုယ့်စိတ်ကူးနဲ့ကိုယ်ပါ။ဖတ်သမျှလည်းများနေပြီဆိုတော့ ခေါင်းထဲစွဲနေတာမျိုးဖြစ်မှာစိုးလို့
။ ရှိခဲ့ရင်ပြန်ဖြတ်ပေးပါ့မယ်နော်
Bạn đang đọc truyện trên: ZingTruyen.Xyz