နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
4
မႏၲေလးၿမိဳ ႕ထဲကေန ထြက္လာၿပီးတဲ့ေနာက္မွာ စစ္ကိုင္းတံတားႀကီးေပၚကေနတေ႐ြ ႕ေ႐ြ ႕စတင္ျဖတ္ ေက်ာ္လာခဲ့သည္။
အရင္မေျပလည္ခဲ့တဲ့ ဘဝကေနတျဖည္းျဖည္း ယခုလို ကိုယ္ပိုင္ဇိမ္ခံကားေလးတစ္စီးဝယ္လာနိုင္ခဲ့တာလည္း သက္မင္းပံုဆိုတဲ့အမ်ိဳးသားေၾကာင့္ပါ။ ေကာင္းခ်ီ တို ႔မိသားစုစီးပြားေရးက အေတာ္ေလးေခ်ာင္လည္လာခဲ့ၿပီးေနာက္မွာ ကားေမာင္းကိုလဲ ေကာင္းခ်ီ သင္ခဲ့သည္။ၿပီးေတာ့
မႏၲေလးကို အခုလို သြားရလာရတဲ့ အလုပ္ေတြကို ကုန္ကားေမာင္းသည္မွလြဲၿပီး ေကာင္းခ်ီပဲ လုပ္ျဖစ္ခဲ့သည္။
ကုန္ကားကေတာ့ အလုပ္သမားေတြနဲ ့
နွစ္ဝမ္းကြဲ ညီ ကိုထက္ကိုသာလႊဲထားခဲ့ၿပီး
ေကာင္းခ်ီကေတာ့ အရင္လို ပင္ပန္းတာမ်ိဳးေတြ ကို မလုပ္ျဖစ္ေတာ့ေပ။
သားဖနွစ္ေယာက္ထဲ ေမာင္းလာသည့္ကားမို ႔ စကားမေျပာျဖစ္ေတာ့တိတ္ဆိတ္ေနလ်က္။ ထို ႔ေၾကာင့္ ေဘးကေန ၿငိမ္သက္စြာ ေငးေမာလိုက္ပါလာေသာ သားကို ေခါင္းေလး လွမ္းဖိကိုင္လိုက္၏။
"ပါးပါးသား တိတ္လွခ်ည္လား "
ထို အခါမွလွည့္ၾကည့္လာတဲ့ မ်က္နွာက
စိတ္ရႈပ္ေထြးမူ ႔အျပည့္နဲ ့။
ၿပီးေတာ့ ခ်က္ခ်င္းေျပာလာ၏။
"သားစိတ္ညစ္လို ႔ပါ။ "
"အလိုဗ်ာ။ ငါ့သားကိုစိတ္ညစ္ေအာင္ဘယ္သူကမ်ားလုပ္လိုက္တာတုန္း "
ပါးပါးစကားေၾကာင့္ ဦးခ်ီ မ်က္နွာေလးမဲ့သြား၏။ ဘယ္သူရွိရမွာလဲ ။ယေသာ္လင္းေပါ့။ ထို ႔ေၾကာင့္သိလိုတာကိုေမးလိုက္၏။
"သား အသားမဲေနလားပါးပါး "
သူ ႔သားကို ၾကည့္ပီး ေကာင္းခ်ီ သေဘာက်လာရသည္။ဘယ္သူကမ်ား ဘာေတြေျပာလိုက္လို ႔ပါလိမ့္။ သူ ႔သားပံုညာဦးခ်ီက
ထိုင္းဗမာ ကျပားမို ႔ အသားမဲတဲ့ထဲမပါေပမဲ့ ဖေအတူသားပီသစြာ ညိဳတဲ့ထဲေတာ့ပါေနပါသည္။ဒါေပမဲ့ ညိဳဝင္းဝင္းေလးမို ႔
မျဖဴေပမဲ့ အေတာ္လွသည့္အသားေရျဖစ္သည္။
"မမဲပါဘူးကြာ။ ဘာျဖစ္လို ႔လဲ။ "
"သားကို ယေသာ္လင္းက ငမဲလံုးလို ႔ေခၚတယ္ပါးပါး။ ဒါေပမဲ့ သားစိတ္မဆိုးပါဘူး။
သူကသနားစရာေကာင္းတယ္ေလ"
"ဟားဟား ပံုညာဦးခ်ီရာ။ မင္း ငါ့သားလုပ္ၿပီးခံလာရတယ္ေပါ့။ ဟုတ္လား "
ေကာင္းခ်ီ စေနာက္ေနေသာ္လည္း
ဦးခ်ီက ရုပ္တည္ႀကီးနဲ ့မသိခ်င္ေယာင္ေဆာင္ေန၏။ ။
ကေလးဆိုေပမဲ့ ပံုညာဦးခ်ီက သိပ္ေယာက်ာ္းဆန္ခ်င္လြန္းတာ ဟိုးငယ္ငယ္ကတည္းက။ ဒါကလည္း သူ ႔ေၾကာင့္ပင္။
အၿမဲ ဆံုးမတက္ေသာ စကားမ်ားတြင္
"ေယာက်ာ္းေကာင္းျဖစ္ရမယ္" ဆိုတဲ့
စကားလံုးက မ်ားေသာအားျဖင့္ပါတက္သည္ပင္။
စီးပြားေရးဆိုရင္လည္းအၿမဲ နားထဲရုိက္သြင္းေနသလိုျဖစ္ေနေတာ့ ဘာလုပ္စားရမလဲဆိုတာ သူပါသိေနတက္တာမ်ိဳး။
ဥာဏ္လည္းေကာင္းတာေၾကာင့္ သားကို ေတာ့ ေကာင္းခ်ီ သိပ္ စိတ္မပူလွပါ။
ကေလးခ်င္းအတူတူ ေဆာ့ ေနရင္ေတာင္
သားသည္ ကေလးေလးကတည္းက မိန္းကေလးေတြနဲ ့အားနည္းသူကို နာက်င္ေအာင္မလုပ္တက္သူေပ။
သူတို ႔သားဖနွစ္ေယာက္ေမာင္းလာတဲ့ကားေလးသည္ ေန ႔တပိုင္းခန္ ႔ၾကာေတာ့
တံငါကုန္း႐ြာ သို ႔ ဆိုတဲ့ ဆိုင္းပုဒ္ရွိရာလမ္းခ်ိဳးသို ႔ေရာက္လာ၏။ လမ္းသည္ အရင္တုန္းကလို ခဲေတြခ်ိဳင့္ေတြ ထေနေသာ လမ္းဆိုးမဟုတ္ေတာ့ပဲ ညီညာေနေသာ ကတၲရာလမ္းအျဖစ္ေျပာင္းလဲလို ႔သြား၏။
" သက္ပံု ကိုလြမ္းလိုက္တာ "
႐ြာနာနီးလာေတာ့ ပံုညာဦးခ်ီက စိတ္လႈပ္ရွားလာဟန္။
"မင္းေဖေဖလည္း မင္းကိုလြမ္းေနတာပါကြာ။ ဒါဆိုေနာက္နွစ္ မင္းအဘိုးဆီအလည္မသြားေတာ့ဘူးလား"
"သြားရမွာေပါ့။ ဘိုးဘိုးက တေယာက္ထဲသနားပါတယ္။ သားက တနွစ္ေနမွ တေခါက္ပဲသြားနိုင္လို ႔ေတာင္ စိတ္မေကာင္းျဖစ္ေနတာ။ ၿပီးေတာ့ ယေသာ္လင္းကို ကတိေပးခဲ့တယ္ ေနာက္နွစ္ျပန္လာခဲ့မယ္လို ႔"
" သားမသြားလည္းဘာမွမျဖစ္ပါဘူး။ ဟို
ကေလးကလည္း သားကတိေပးခဲ့တာကိုမွတ္မိခ်င္မွ မွတ္မိမွာေပါ့ "
ဦးခ်ီစကားေၾကာင့္ ေသြးတိုးစမ္းသလို ထပ္ေမးလိုက္ေတာ့ ေျဖလာတဲ့ အေျဖက ေမ်ွာ္မွန္းထားသလိုပဲ။
"ပါးပါးမေကာင္းဘူးေနာ္။
ကတိဆိုတာ မတည္နိုင္ရင္မေပးရဘူး
လို ႔ပါးပါးပဲသင္ၿပီးေတာ့။ ယေသာ္လင္း မမွတ္မိလည္း သားမွတ္မိတယ္ေလ။
ေယာက်ာ္းေကာင္းဆိုတာ ေပးတဲ့ ကတိကိုတည္ရတယ္။ ပါးပါးကို သားတကယ္စိတ္ဆိုးတယ္"
"ဟားဟား ငါ့သားရာ။ ပါးပါးက စေနတာပါကြ။ ကတိဆိုတာေပးၿပီးရင္ တည္ရတယ္။ ဟုတ္တယ္ ။ ငါ့သားအရမ္းေတာ္တယ္..စိတ္ေတာ့မဆိုးပါနဲ ့ကြာ။ ဟိုမွာ အိမ္ေရာက္ေတာ့မယ္ မ်က္နွာေလးကိုၿပံဳးထားဟုတ္ၿပီလား"
အေဝးကတည္းက ျမင္ေနရတဲ့ ပန္းေရာင္တိုက္ကေလးသည္ အိမ္ဆိုတဲ့ သတ္မွတ္ခ်က္ထက္ ပိုၿပီးေလးနက္ေစသည္။
၃ေယာက္သာရွိေသာ မိသားစုအတြက္ကေတာ့ တစ္ဦးတစ္ေယာက္မရွိလိုက္တာနဲ ့သိသာစြာ အေနရခက္ျခင္းကိုျဖစ္ေပၚ၏။
"သက္ပံု ! "
ၿခံထဲကို ကားေမာင္းဝင္လိုက္တာနဲ ့
သက္ပံု က ေစ်းေရာင္းေနရာမွ ေျပးထြက္လာသလို ဦးခ်ီကလည္းသူ ႔အေဖထြက္လာတာေတြ ႕ေတာ့ ကားျပတင္းေပါက္ကေန ကုန္းေအာ္၏။
သူ ႔သားေအာ္သံၾကားေတာ့ သက္ပံုက
ၿပံဳးကာ ကားတံခါးကို ဆြဲဖြင့္ပီး ဦးခ်ီကို ဆြဲေပြ ႕ေခၚသြားသည္။
ေကာင္းခ်ီ သည္ သားနဲ ့ယွဥ္ရင္ မ်က္နွာအေတာ္ငယ္ရပါသည္။
အတူျပန္လာတာျခင္းအတူတူ သက္ပံုက လံုးဝ အဖက္လုပ္မသြားသည္မွာ အေတာ္ေလးစိတ္မခ်မ္းေျမ့ဖြယ္ေကာင္းလွပါသည္။
" သက္ပံု သားကို ေအာက္ခ်ေပးပါအုန္းဗ်"
"ဘာလို ႔တုန္း ။ ခုမွေတြ ႕ရတာ ခ်ီထားပါအုန္းမယ္ကြ "
သက္ပံု ပါးေတြကို နမ္းကာ ေျဖေတာ့
ဦးခ်ီက မနမ္းခံခ်င္သလို ေအာင့္သက္သက္ခံေနသည္။
ရယ္ခ်င္လွေပမဲ့မသိခ်င္ေယာင္ေဆာင္ကာ
လူႀကီးလုပ္ခ်င္လွတဲ့သားကို ဘယ္ျပန္ညာျပန္ဖက္နမ္းမိ၏။
"သား ကေလးမဟုတ္ေတာ့ဘူးေလ။
ေအာက္ကိုခ်ပါေပးသက္ပံု "
ဦးခ်ီစကားကို သက္ပံု နားမေထာင္ပဲ
၆နွစ္အ႐ြယ္သားကို အျမတ္တနိုးေထြးေပြ ႕ကာ အိမ္ထဲထိခ်ီသြားလိုက္၏။
"ဟာ ဦးခ်ီ ေလး ။ လာပါအုန္း မမသူဆီကို ။သား ျပန္လာမယ္ၾကားလို ႔ မမသူေစာင့္ေနတာ "
ဆိုင္ထဲ ဝင္လာေတာ့ ေဒၚေလးေအးၾကည္သမီး သိမ့္သိမ့္သူက လက္ကမ္းကာေခၚဖို ႔ႀကိဳးစား၏။ ဦးခ်ီ အေတာ္ေလး စိတ္ညစ္လွပါၿပီ။ တကယ္ေတာ့ ဦးခ်ီက ကိုယ္ထည္ထြားတဲ့ ထဲပါသည္။
သက္ပံု ခ်ီထားတာေတာင္ ေလးေနမွန္းသိသာေစတဲ့ ကိုယ္လံုးမ်ိဳးကို ကေလးလို
တမ်ိဳးလံုးဝိုင္းခ်ီဖို ႔ႀကိဳးစားေနၾကျခင္းအေပၚ အေတာ္ေလးစိတ္မသက္အသာျဖစ္ရသည္။
"မမသူ သား ကေလးမဟုတ္ေတာ့ပါဘူးဗ်။ သက္ပံုလည္း သားကို ေအာက္ခ်ေပးပါေတာ့ "
"ဟားဟား... ၾကားတဲ့တိုင္း မိသူေရ ညည္းတူ လူပ်ိဳလုပ္ခ်င္ေနၿပီေတြ ႕လား"
တဟားဟား ေအာ္ရယ္ေနၾကတဲ့ အလုပ္သမားေတြနဲ ့ မိဘေတြၾကားတြင္ ဦးခ်ီ
မေနတက္ေတာ့ၿပီ။
ထို ႔ေၾကာင့္ သက္ပံု ခ်ီထားရမွာ ရုန္းထြက္ကာ မလွမ္းမကမ္းက ခံုေလးေပၚမွာ ၿငိမ္သက္စြာသြားထိုင္လိုက္တယ္။ခဏၾကာေတာ့ ေကာင္းခ်ီက အထုတ္ပိုးေတြနဲ ့ဝင္လာ၏။
"မိသူ ဘယ္တုန္းကေရာက္တာလဲ။ ညည္းအမ်ိဳးသားကေရာ မပါဘူးလား"
ေဒၚေလးေအးၾကည္သမီး သိမ့္သိမ့္သူသည္ ေက်ာင္းၿပီးသည္နွင့္ ခင္ဦးၿမိဳ ႕သားနဲ ့
အိမ္ေထာင္က်သြားခဲ့တာျဖစ္သည္။
တဦးတည္းေသာသမီးမို ႔ေဒၚေလးေအးၾကည္ကေတာ့ ဟိုသြားေနလိုက္ ဒီလာေနလိုက္နဲ ့ အရင္လို တံငါကုန္း႐ြာမွာပဲအၿမဲေနတာမဟုတ္ေတာ့ေပ။
"မပါဘူး ကိုေကာင္း။ ခုက အေမ ေပါ့။
႐ြာျပန္ခ်င္လို ႔အတင္းလိုက္ပို ႔ခိုင္းေနေတာ့ မအားတဲ့ၾကားက ျပန္လာခဲ့လိုက္တာ ။ "
"မအားဆို ညည္းတို ႔စီးပြားေရးအေျခေနဘယ္လို ရွိလဲ။ "
"မိဇင္ ဒါေလး တပန္းကန္ထည့္ခဲ့။ က်န္တာ သမီးတို ႔တစ္ထုပ္ယူၿပီး ခြဲစားလိုက္ၾက။ ဟိုဖက္ ပြဲရုံဖက္လည္း တစ္ထုပ္ သြားပို ႔ေပးလိုက္အုန္း "
သိမ့္သိမ့္သူဆီေမးေနရင္းမွ စစ္ကိုင္းက ဝယ္လာတဲ့ နွင္းသီးေခၚ တရုတ္ဆီးသီးေတြကို ကေလးမ တေယာက္ဆီကမ္းေပးလိုက္သည္။
ၿပီးမွ စကားဝိုင္းဖက္ကို ျပန္လွည့္လာၿပီး
သူ႔သားဦးခ်ီ ပုခံုးကိုဖက္ကာ သိမ့္သိမ့္သူကို ေစာေစာကေမးခြန္းကို ေျဖဖို ႔ ေမးဆတ္ျပလိုက္သည္။
"စီးပြားေရး ကေတာ့ သမီးတို ႔အခု
စပါးေလွာင္ဖို ႔ႀကိဳးစားေနတယ္။ သမီးအမ်ိဳးသားမိဘေတြက စိုက္ပ်ိဳးေရးေဆးေရာင္းတာဆိုေတာ့ ဒီအလုပ္ကို အႀကံေပးေနလို ႔ကိုေကာင္း။ အရင္းနွီးကေတာ့ သူ ႔တို ႔ဖက္ က သိန္း၁၀၀ အေမြခြဲေပးပါတယ္။ အေမကေတာ့ လတ္တေလာ သိန္း၈၀ေပးထားေပမဲ့ လိုရင္ေျပာလို ႔ေတာ့ ေျပာတာပဲ ။အစကေတာ့ ဒီပမာနေလာက္နဲ ့တနိုင္တပိုင္လုပ္ၾကည့္မလားလို ႔"
" စပါးေလွာင္တာ ။ အင္း ။ မဆိုးဘူးထင္တာပဲ။ သက္ပံုေရာဘယ္လို ျမင္လဲ "
ကေလးမေလး လာေပးတဲ့ နွင္းသီးပန္းကန္ကို လွမ္းယူၿပီး စားပြဲဝိုင္းေပၚအရင္ ခ်ေပးလိုက္သည္။ ၿပီးမွ ေကာင္းခ်ီေမးတဲ့ ေမးခြန္းကို မစဥ္းစားပဲ သက္ပံုေျဖေပးလိုက္၏။
"အားေပးပါတယ္။စပါး ေစ်းေကာင္းရင္ေတာ့ ပိုၿပီး ကိုယ့္အတြက္အျမတ္က်န္တယ္။ ၿပီးေတာ့ အကိုတို ႔လို ကုန္စံုဆိုင္ေလးပါ တြဲဖြင့္ဖို ႔အႀကံေပးခ်င္တယ္။
ဘာလို ႔လဲ ဆိုရင္ စပါးေပးႀကိဳထုတ္တာမ်ိဳးဆိုရင္ ေစ်းဆိုင္ေလးပါဖြင့္ထားေတာ့
ေစ်းယူ စပါးေပး လုပ္လို ႔ရတယ္။ အဲ့ဒါဆို ကိုယ့္အတြက္လည္းနွစ္ဖက္နွစ္လမ္း တြက္ေျခကိုက္တာေပါ့။ "
သက္ပံုေျပာသမ်ွကို သိမ့္သိမ့္သူကေခါင္းတၿငိမ့္ၿငိမ့္နဲ ့နားေထာင္သည္။
တကယ္ေတာ့ ေစ်းေရာင္းတယ္ဆိုတာ
လမ္းေၾကာ တခုတည့္သြားရင္ အလြယ္ကူဆံုးလူမူ ႔ဆက္ဆံေရး ကိုဖန္တီးႏိုင္တယ္လို ႔သက္ပံုထင္တယ္။
ေစ်းသည္ေတြက မိတ္ေဆြ အေပါင္းသင္းဆန္ ႔တယ္။
သက္ပံုတို ႔ဆိုရင္ အစတုန္းက ဘယ္သူမွ မသိေပမဲ့ ခုဆိုရင္ တနယ္လံုး ေဇာတိက ပြဲရုံနဲ ့ကုန္စံုဆိုင္ဆိုတာ အသိသူမရွိေတာ့ေအာင္ ထင္ရွားလာတယ္။
ဒါဟာ ခင္မင္ရာ မိတ္ေဆြေတြရဲ႕ လမ္းျပမူ ႔ေတြနဲ ့ ပိုထြန္းေပါက္လာတယ္ဆိုရင္ပိုမွန္မယ္။ ပြဲရုံစလုပ္တုန္းက ဘာစလုပ္ရမလဲဆိုတာ သက္ပံုတို ႔ နားမလည္ဘူး။
လုပ္ငန္းေတြကို လည္ပတ္ေအာင္ဘယ္လို လုပ္ရမလဲ ။ ေစ်းကို ဘယ္လို ကစားရမလဲ ဆိုတာ အလုပ္နဲ ့ အေတြ ႕အႀကံဳက သင္သြားတာပဲ။
ၿပီးေတာ့ နာမည္ တလံုးကို ထိန္းသိမ္းဖို ႔၊
ရုိးသားၿပီးတနပ္စားမႀကံဖို ႔၊
ပိုက္ဆံတမ်က္နွာထဲ မၾကည့္ဖို ႔ အဲ့ဒါေတြက တကယ္လိုအပ္တယ္။
လူမူ ႔ဆက္ဆံေရးေကာင္းတဲ့ သက္ပံုေၾကာင့္ ဘာစီးပြားေရးလုပ္မလဲ ဆိုတာ
သူ ႔အလိုလို ေပၚလာတက္တာႀကီးပဲ။
အေတာ္ၾကာ စကားေျပာၿပီးေတာ့ သိမ့္သူျပန္သြား၏။ ထိုအခါမွ ေကာင္းခ်ီတို ႔မိသားစု လည္း ျမသက္ကို ဆိုင္ေစာင့္ခိုင္းကာ အေပၚတက္ခဲ့ရသည္။
" ဦးခ်ီ စကားေတြ တိတ္လွခ်ည္လား။
ေဖေဖတို ႔စကားေျပာတာနားေထာင္ရတာပ်င္းသြားလား "
သား အဝတ္ေတြကို ေသခ်ာ ဘီဒိုထဲ
ထည့္ေပးရင္းေမးလိုက္၏။ ေကာင္းခ်ီက ေတာ့ သြားအနားယူေနၿပီမို ႔ သက္ပံုနဲ ့ဦးခ်ီသာက်န္ခဲ့ျခင္းျဖစ္သည္။
"မပ်င္းပါဘူး။ သား ေတြးေနတာ ။
မမသူတို ႔အဆင္ေျပရင္ ေကာင္းမွာ ။ သားလည္း အလုပ္တခုလုပ္ခ်င္လို ႔"
"အဆန္းပါလားဦးခ်ီရ။ ငါ့သားအသက္အ႐ြယ္က ကစားရမဲ့အ႐ြယ္ပဲရွိေသးတယ္ေလ။ ဒါမ်ိဳးေတြ မေတြးတာအေကာင္းဆံုးပဲ။ တခါတေလ ေဖေဖစဥ္းစားမိတာ သားကို လူႀကီးစိတ္ေတြဝင္ေအာင္မ်ားေဖေဖတို ႔လုပ္မိသလားလို ႔။ ၆နွစ္အ႐ြယ္ကေလးတစ္ေယာက္ရဲ႕ စဥ္းစားဥာဏ္ထဲမွာ ကေလးအေတြးတခုေတာင္မရွိဘူးဆိုတာေတာ့ ေဖေဖစိတ္တိုင္းမက်ဘူးျဖစ္ေနတယ္ဦးခ်ီ။ အဲ့ေတာ့ ေဖေဖေျပာခ်င္တာ သားအ႐ြယ္ေလးနဲ ့ အဆင့္သင့္မျဖစ္ေသးတာမ်ိဳး မေတြးနဲ ့။ လုပ္ဖို ႔မႀကိဳးစားနဲ ့ၾကားလားဦးခ်ီ "
ေဖေဖ့စကားေၾကာင့္ ေက်နပ္သြားေအာင္းေခါင္းညိမ့္ျပမိတယ္။
ဘယ္လိုလုပ္မလဲ ။ ဦးခ်ီ က ကေလးေတြနဲ ့ေျပးလႊားေဆာ့ကစားရတာမ်ိဳး သိပ္မႀကိဳက္ဘူးေလ။
ဗီဇနဲ ့ဝါသနာ က ထူးဆန္းတာကိုေတာ့ ဦးခ်ီသိသည္။ ဘာေၾကာင့္ဆိုရင္
ဦးခ်ီက ကေလးဘဝကတည္းက ပါးပါးလို ပုဆိုးဝတ္ရတာကို ႀကိဳက္တယ္။
အရုပ္ေတြနဲ ့ေဆာ့ကစားရတာထပ္ ၿငိမ္ၿငိမ္ေလးထိုင္ၿပီး ပါးပါးတို ႔ေျပာတဲ့ စီးပြားေရးအေၾကာင္းေတြ ကိုနားေထာင္ရတာႀကိဳက္တယ္။
အဲ့ဲဒါကပဲ ဦးခ်ီရဲ႕ ဝါသနာျဖစ္ေနေတာ့ ဦးခ်ီ လည္းမတက္နိုင္ပါ။
မနွစ္က စာစသင္တဲ့ အ႐ြယ္တုန္းက ေက်ာင္းက ဆရာမကေမးသည္။
ကေလးတို ႔အသက္ႀကီးရင္ဘာလုပ္မွာလဲတဲ့။
တျခားကေလးေတြကေျဖၾကသည္။
ဆရာဝန္၊ အဆိုေတာ္ ၊ ေက်ာင္းဆရာမ
အဲ့လိုေျဖၾကေပမဲ့ဦးခ်ီကေတာ့ စီးပြားေရးလုပ္ငန္းရွင္ျဖစ္ခ်င္သည္ဟုသာေျဖခဲ့၏။
ခ်စ္တဲ့အိမ္စည္။
မန္တလေးမြို့ ထဲကနေ ထွက်လာပြီးတဲ့နောက်မှာ စစ်ကိုင်းတံတားကြီးပေါ်ကနေတရွေ့ ရွေ့ စတင်ဖြတ် ကျော်လာခဲ့သည်။
အရင်မပြေလည်ခဲ့တဲ့ ဘဝကနေတဖြည်းဖြည်း ယခုလို ကိုယ်ပိုင်ဇိမ်ခံကားလေးတစ်စီးဝယ်လာနိုင်ခဲ့တာလည်း သက်မင်းပုံဆိုတဲ့အမျိုးသားကြောင့်ပါ။ ကောင်းချီ တို့ မိသားစုစီးပွားရေးက အတော်လေးချောင်လည်လာခဲ့ပြီးနောက်မှာ ကားမောင်းကိုပါ ကောင်းချီ သင်ခဲ့သည်။ပြီးတော့
မန္တလေးကို အခုလို သွားရလာရတဲ့ အလုပ်တွေကို ကုန်ကားမောင်းသည်မှလွဲပြီး ကောင်းချီပဲ လုပ်ဖြစ်ခဲ့သည်။
ကုန်ကားကတော့ အလုပ်သမားတွေနဲ့
နှစ်ဝမ်းကွဲ ညီ ကိုထက်ကိုသာလွှဲထားခဲ့ပြီး
ကောင်းချီကတော့ အရင်လို ပင်ပန်းတာမျိုးတွေ ကို မလုပ်ဖြစ်တော့ပေ။
သားဖနှစ်ယောက်ထဲ မောင်းလာသည့်ကားမို့ စကားမပြောဖြစ်တော့တိတ်ဆိတ်နေလျက်။ ထို့ ကြောင့် ဘေးကနေ ငြိမ်သက်စွာ ငေးမောလိုက်ပါလာသော သားကို ခေါင်းလေး လှမ်းဖိကိုင်လိုက်၏။
"ပါးပါးသား တိတ်လှချည်လား "
ထို အခါမှလှည့်ကြည့်လာတဲ့ မျက်နှာက
စိတ်ရှုပ်ထွေးမူ့ အပြည့်နဲ့ ဖြစ်သည် ။
ပြီးတော့ ချက်ချင်းပြောလာ၏။
"သားစိတ်ညစ်လို့ ပါ။ "
"အလိုဗျာ။ ငါ့သားကိုစိတ်ညစ်အောင်ဘယ်သူကများလုပ်လိုက်တာတုန်း "
ပါးပါးစကားကြောင့် ဦးချီ မျက်နှာလေးမဲ့သွား၏။ ဘယ်သူရှိရမှာလဲ ။ယသော်လင်းပေါ့။ ထို့ ကြောင့်သိလိုတာကိုမေးလိုက်၏။
"သား အသားမဲနေလားပါးပါး "
သူ့ သားကို ကြည့်ပီး ကောင်းချီ သဘောကျလာရသည်။ဘယ်သူကများ ဘာတွေပြောလိုက်လို့ ပါလိမ့်။ သူ့ သားပုံညာဦးချီက
ထိုင်းဗမာ ကပြားမို့ အသားမဲတဲ့ထဲမပါပေမဲ့ ဖအေတူသားပီသစွာ ညိုတဲ့ထဲတော့ပါနေပါသည်။ဒါပေမဲ့ ညိုဝင်းဝင်းလေးမို့
မဖြူပေမဲ့ အတော်လှသည့်အသားရေဖြစ်သည်။
"မမဲပါဘူးကွာ။ ဘာဖြစ်လို့ လဲ။ "
"သားကို ယသော်လင်းက ငမဲလုံးလို့ ခေါ်တယ်ပါးပါး။ ဒါပေမဲ့ သားစိတ်မဆိုးပါဘူး။
သူကသနားစရာကောင်းတယ်လေ"
"ဟားဟား ပုံညာဦးချီရာ။ မင်း ငါ့သားလုပ်ပြီးခံလာရတယ်ပေါ့။ ဟုတ်လား "
ကောင်းချီ စနောက်နေသော်လည်း
ဦးချီက ရုပ်တည်ကြီးနဲ့ မသိချင်ယောင်ဆောင်နေ၏။ ။
ကလေးဆိုပေမဲ့ ပုံညာဦးချီက သိပ်ယောကျာ်းဆန်ချင်လွန်းတာ ဟိုးငယ်ငယ်ကတည်းက။ ဒါကလည်း သူ့ ကြောင့်ပင်။
အမြဲ ဆုံးမတက်သော စကားများတွင်
"ယောကျာ်းကောင်းဖြစ်ရမယ်" ဆိုတဲ့
စကားလုံးက များသောအားဖြင့်ပါတက်သည်ပင်။
စီးပွားရေးဆိုရင်လည်းအမြဲ နားထဲရိုက်သွင်းနေသလိုဖြစ်နေတော့ ဘာလုပ်စားရမလဲဆိုတာ သူပါသိနေတက်တာမျိုး။
ဥာဏ်လည်းကောင်းတာကြောင့် သားကို တော့ ကောင်းချီ သိပ် စိတ်မပူလှပါ။
ကလေးချင်းအတူတူ ဆော့ နေရင်တောင်
သားသည် ကလေးလေးကတည်းက မိန်းကလေးတွေနဲ့ အားနည်းသူကို နာကျင်အောင်မလုပ်တက်သူပေ။
သူတို့ သားဖနှစ်ယောက်မောင်းလာတဲ့ကားလေးသည် နေ့ တပိုင်းခန့် ကြာတော့
တံငါကုန်းရွာ သို့ ဆိုတဲ့ ဆိုင်းပုဒ်ရှိရာလမ်းချိုးသို့ ရောက်လာ၏။ လမ်းသည် အရင်တုန်းကလို ခဲတွေချိုင့်တွေ ထနေသော လမ်းဆိုးမဟုတ်တော့ပဲ ညီညာနေသော ကတ္တရာလမ်းအဖြစ်ပြောင်းလဲလို့ သွားပြီထြစ်၏။
" သက်ပုံ ကိုလွမ်းလိုက်တာ "
ရွာနာနီးလာတော့ ပုံညာဦးချီက စိတ်လှုပ်ရှားလာဟန်။
"မင်းဖေဖေလည်း မင်းကိုလွမ်းနေတာပါကွာ။ ဒါဆိုနောက်နှစ် မင်းအဘိုးဆီအလည်မသွားတော့ဘူးလား"
"သွားရမှာပေါ့။ ဘိုးဘိုးက တစ်ယောက်ထဲသနားပါတယ်။ သားက တစ်နှစ်နေမှ တခေါက်ပဲသွားနိုင်လို့ တောင် စိတ်မကောင်းဖြစ်နေတာ။ ပြီးတော့ ယသော်လင်းကို ကတိပေးခဲ့တယ် နောက်နှစ်ပြန်လာခဲ့မယ်လို့ "
ဖြေသည့်ဟန်က ကလေးတစ်ယောက်နှင့်မဆိုင်စွာတွေးစစ။
" သားမသွားလည်းဘာမှမဖြစ်ပါဘူး။
ဟို
ကလေးကလည်း သားကတိပေးခဲ့တာကိုမှတ်မိချင်မှ မှတ်မိမှာပေါ့ "
ဦးချီစကားကြောင့် သွေးတိုးစမ်းသလို ထပ်မေးလိုက်တော့ ဖြေလာတဲ့ အဖြေက မျှော်မှန်းထားသလိုပဲ ဖြစ်သည်။ သူ့သားက သိပ်ယောကျာ်းဆန်ချင်တဲ့ကောင်လေ။
"ပါးပါးမကောင်းဘူးနော်။
ကတိဆိုတာ မတည်နိုင်ရင်မပေးရဘူး
လို့ ပါးပါးပဲသင်ပြီးတော့။ ယသော်လင်း မမှတ်မိလည်း သားမှတ်မိတယ်လေ။
ယောကျာ်းကောင်းဆိုတာ ပေးတဲ့ ကတိကိုတည်ရတယ်။ ပါးပါးကို သားတကယ်စိတ်ဆိုးတယ်"
"ဟားဟား ငါ့သားရာ။ ပါးပါးက စနေတာပါကွ။ ကတိဆိုတာပေးပြီးရင် တည်ရတယ်။ ဟုတ်တယ် ။ ငါ့သားအရမ်းတော်တယ်..စိတ်တော့မဆိုးပါနဲ့ ကွာ။ ဟိုမှာ အိမ်ရောက်တော့မယ် မျက်နှာလေးကိုပြုံးထားဟုတ်ပြီလား"
အဝေးကတည်းက မြင်နေရတဲ့ ပန်းရောင်တိုက်ကလေးသည် အိမ်ဆိုတဲ့ သတ်မှတ်ချက်ထက် ပိုပြီးလေးနက်စေသည်။
၃ယောက်သာရှိသော မိသားစုအတွက်ကတော့ တစ်ဦးတစ်ယောက်မရှိလိုက်တာနဲ့ သိသာစွာ အနေရခက်ခြင်းကိုဖြစ်ပေါ်၏။
"သက်ပုံ ! "
ခြံထဲကို ကားမောင်းဝင်လိုက်တာနဲ့
သက်ပုံ က ဈေးရောင်းနေရာမှ ပြေးထွက်လာသလို ဦးချီကလည်းသူ့ အဖေထွက်လာတာတွေ့ တော့ ကားပြတင်းပေါက်ကနေ ကုန်းအော်၏။
သူ့ သားအော်သံကြားတော့ သက်ပုံက
ပြုံးကာ ကားတံခါးကို ဆွဲဖွင့်ပြီး ဦးချီကို ဆွဲပွေ့ ခေါ်သွားသည်။
ကောင်းချီ သည် သားနဲ့ ယှဉ်ရင် မျက်နှာအတော်ငယ်ရပါသည်။
အတူပြန်လာတာခြင်းအတူတူ သက်ပုံက လုံးဝ အဖက်လုပ်မသွားသည်မှာ အတော်လေးစိတ်မချမ်းမြေ့ဖွယ်ကောင်းလှသည်။
" သက်ပုံ သားကို အောက်ချပေးပါအုံးဗျ"
"ဘာလို့ တုန်း ။ ခုမှတွေ့ ရတာ ချီထားပါအုံးမယ်ကွ "
သက်ပုံ ပါးတွေကို နမ်းကာ ဖြေတော့
ဦးချီက မနမ်းခံချင်သလို အောင့်သက်သက်အနမ်းခံနေသည်။
ရယ်ချင်လှပေမဲ့မသိချင်ယောင်ဆောင်ကာ
လူကြီးလုပ်ချင်လှတဲ့သားကို ဘယ်ပြန်ညာပြန်ဖက်နမ်းမိပါ၏။
"သား ကလေးမဟုတ်တော့ဘူးလေ။
အောက်ကိုချပါပေးသက်ပုံ "
ကြာကြာမချီစေချင်တော့ပြောလာ၏။သူသားစကားကို သက်ပုံ နားမထောင်ပဲ
၆နှစ်အရွယ်သားကို အမြတ်တနိုးထွေးပွေ့ ကာ အိမ်ထဲထိချီသွားလိုက်၏။
"ဟာ ဦးချီ လေး ပြန်လာပြီလား။ လာပါအုံး မမသူဆီကို ။သား ပြန်လာမယ်ကြားလို့ မမသူစောင့်နေတာ ၊အိမ်အတွက်ဘာမုန့်ဝယ်ခဲ့လဲ "
ဆိုင်ထဲ ဝင်လာတော့ ဒေါ်လေးအေးကြည်သမီး သိမ့်သိမ့်သူက လက်ကမ်းကာခေါ်ဖို့ ကြိုးစား၏။ ဦးချီ အတော်လေး စိတ်ညစ်လှပါပြီ။ တကယ်တော့ ဦးချီက ကိုယ်ထည်ထွားတဲ့ ထဲပါသည်။
သက်ပုံ ချီထားတာတောင် လေးနေမှန်းသိသာစေတဲ့ ကိုယ်လုံးမျိုးကို ကလေးလို
တမျိုးလုံးဝိုင်းချီဖို့ ကြိုးစားနေကြခြင်းအပေါ် အတော်လေးစိတ်မသက်အသာဖြစ်ရသည်။
"မမသူ သား ကလေးမဟုတ်တော့ပါဘူးဗျ။ သက်ပုံလည်း သားကို အောက်ချပေးပါတော့ "
"ဟားဟား... ကြားတဲ့တိုင်း မိသူရေ ညည်းတူ လူပျိုလုပ်ချင်နေပြီတွေ့ လား"
တဟားဟား အော်ရယ်နေကြတဲ့ အလုပ်သမားတွေနဲ့ မိဘတွေကြားတွင် ဦးချီ မနေတက်တော့ပြီ။
ထို့ ကြောင့် သက်ပုံ ချီထားရမှာ ရုန်းထွက်ကာ မလှမ်းမကမ်းက ခုံလေးပေါ်မှာ ငြိမ်သက်စွာသွားထိုင်လိုက်သည်။ခဏကြာတော့ ဦးချီ၏ပါးပါးက အထုတ်ပိုးတွေနဲ့ ဝင်လာ၏။
"မိသူ ဘယ်တုန်းကရောက်တာလဲ။ ညည်းအမျိုးသားကရော မပါဘူးလား"
ဒေါ်လေးအေးကြည်သမီး သိမ့်သိမ့်သူသည် ကျောင်းပြီးသည်နှင့် ခင်ဦးမြို့ သားနဲ့
အိမ်ထောင်ကျသွားခဲ့တာဖြစ်သည်။
တဦးတည်းသောသမီးမို့ ဒေါ်လေးအေးကြည်ကတော့ ဟိုသွားနေလိုက် ဒီလာနေလိုက်နဲ့ အရင်လို တံငါကုန်းရွာမှာပဲအမြဲနေတာမဟုတ်တော့ပေ။
"မပါဘူး ကိုကောင်း။ ခုက အမေ ပေါ့။
ရွာပြန်ချင်လို့ အတင်းလိုက်ပို့ ခိုင်းနေတော့ မအားတဲ့ကြားက ပြန်လာခဲ့လိုက်တာ ။ "
"မအားဆို ညည်းတို့ စီးပွားရေးအခြေနေဘယ်လို ရှိလဲ။ "
စထိုင်လိုက်တာနဲ့ ကောင်းချီက ခင်ဦးမှာကျန်ခဲ့သော
မမသူ တို့စီးပွားရေးအခြေအနေကိုမေးလာ၏။ထို့နောက်ဘေးမှာရပ်နေသော ဝန်ထမ်းကောင်မလေးအား စစ်ကိုင်းက ဝယ်လာတဲ့ နှင်းသီးခေါ် တရုတ်ဆီးသီးတွေကို ပေးကာ စားဖို့ထည့်ခိုင်းလိုက်ပြန်သည်။
"မိဇင် ဒါလေး တပန်းကန်ထည့်ခဲ့။ ကျန်တာ သမီးတို့ တစ်ထုပ်ယူပြီး ခွဲစားလိုက်ကြ။ ဟိုဖက် ပွဲရုံဖက်လည်း တစ်ထုပ် သွားပို့ ပေးလိုက် "
ပြီးမှ စကားဝိုင်းဖက်ကို ပြန်လှည့်လာပြီး
သူ့သားဦးချီ ပုခုံးကိုဖက်ကာ သိမ့်သိမ့်သူကို စောစောကမေးခွန်းကို ဖြေဖို့ မေးဆတ်ပြလိုက်သည်။
"စီးပွားရေး ကတော့ သမီးတို့ အခု
စပါးလှောင်ဖို့ ကြိုးစားနေတယ်။ သမီးအမျိုးသားမိဘတွေက စိုက်ပျိုးရေးဆေးရောင်းတာဆိုတော့ ဒီအလုပ်ကို အကြံပေးနေလို့ ကိုကောင်း။ အရင်းနှီးကို သူ့ တို့ ဖက် က သိန်း၁၀၀ အမွေခွဲပေးပါတယ်။လတ်တလောအမေက သိန်း၈၀ပေးထားတယ်ကိုကောင်း၊ လိုရင်ပြောလို့ တော့ ပြောတာပဲ ။အစဆိုတော့ ဒီပမာနလောက်နဲ့ တနိုင်တပိုင်လုပ်ကြည့်မလားလို့ "
" စပါးလှောင်တာ ။ အင်း ။ မဆိုးဘူးထင်တာပဲ။ သက်ပုံရောဘယ်လို မြင်လဲ "
ကလေးမလေး လာပေးတဲ့ နှင်းသီးပန်းကန်ကို လှမ်းယူပြီး စားပွဲဝိုင်းပေါ်အရင် သက်မင်းပုံ ချပေးလိုက်သည်။ ပြီးမှ ကောင်းချီမေးတဲ့ မေးခွန်းကို မစဉ်းစားပဲ သက်ပုံဖြေပေးလိုက်၏။
"အားပေးပါတယ်။စပါး ဈေးကောင်းရင်တော့ ပိုပြီး ကိုယ့်အတွက်အမြတ်ကျန်တယ်။ ပြီးတော့ အကိုတို့ လို ကုန်စုံဆိုင်လေးပါ တွဲဖွင့်ဖို့ အကြံပေးချင်တယ်။
ဘာလို့ လဲ ဆိုရင် စပါးပေးကြိုထုတ်တာမျိုးဆိုရင် ဈေးဆိုင်လေးပါဖွင့်ထားတော့
ဈေးယူ စပါးပေး လုပ်လို့ ရတယ်။ အဲ့ဒါဆို ကိုယ့်အတွက်လည်းနှစ်ဖက်နှစ်လမ်း တွက်ခြေကိုက်တာပေါ့။ "
သက်ပုံပြောသမျှကို သိမ့်သိမ့်သူကခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်သည်။
တကယ်တော့ ဈေးရောင်းတယ်ဆိုတာ
လမ်းကြော တခုတည့်သွားရင် အလွယ်ကူဆုံးလူမူ့ ဆက်ဆံရေး ကိုဖန်တီးနိုင်တယ်လို့ သက်ပုံထင်သည်။
ဈေးသည်တွေက မိတ်ဆွေ အပေါင်းသင်းဆန့်သည်။
သက်ပုံတို့ ဆိုရင် အစတုန်းက ဘယ်သူမှ မသိပေမဲ့ ခုဆိုရင် တနယ်လုံး ဇောတိက ပွဲရုံနဲ့ ကုန်စုံဆိုင်ဆိုတာ အသိသူမရှိတော့အောင် ထင်ရှားလာရတယ်မို့လား။
ဒါဟာ ခင်မင်ရာ မိတ်ဆွေတွေရဲ့ လမ်းပြမူ့ တွေနဲ့ ပိုထွန်းပေါက်လာတယ်ဆိုရင်ပိုမှန်မည်။ ပွဲရုံစလုပ်တုန်းက ဘာစလုပ်ရမလဲဆိုတာ သက်ပုံတို့ နားမလည်ခဲ့ဘူး။
လုပ်ငန်းတွေကို လည်ပတ်အောင်ဘယ်လို လုပ်ရမလဲ ။ ဈေးကို ဘယ်လို ကစားရမလဲ ဆိုတာ အလုပ်နဲ့ အတွေ့ အကြုံက သင်သွားတာပဲဖြစ်သည်။
ပြီးတော့ နာမည် တစ်လုံးကို ထိန်းသိမ်းဖို့ ၊
ရိုးသားပြီးတနပ်စားမကြံဖို့ ၊
ပိုက်ဆံတစ်မျက်နှာထဲ မကြည့်ဖို့ အဲ့ဒါတွေက တကယ်လိုအပ်သည်။
လူမူ့ ဆက်ဆံရေးကောင်းတဲ့ သက်ပုံကြောင့် ဘာစီးပွားရေးလုပ်မလဲ ဆိုတာ
သူ့ အလိုလို ပေါ်လာတက်တာကြီးပဲ။
အတော်ကြာ စကားပြောပြီးတော့ သိမ့်သိမ့်သူပြန်သွား၏။ ထိုအခါမှ ကောင်းချီတို့ မိသားစု လည်း မြသက်ကို ဆိုင်စောင့်ခိုင်းကာ အပေါ်တက်ခဲ့ရသည်။
" ဦးချီ စကားတွေ တိတ်လှချည်လား။
ဖေဖေတို့ စကားပြောတာနားထောင်ရတာပျင်းသွားလို့လား "
သား အဝတ်တွေကို သေချာ ဘီဒိုထဲ
ထည့်ပေးရင်းသက်မင်းပုံမေးလိုက်၏။ ကောင်းချီက တော့ သွားအနားယူနေပြီမို့ သက်ပုံနဲ့ ဦးချီသာကျန်ခဲ့ခြင်းဖြစ်သည်။
"မပျင်းပါဘူး။ သား တွေးနေတာ ။
မမသူတို့ အဆင်ပြေရင် ကောင်းမှာ ။ သားလည်း အလုပ်တစ်ခုလုပ်ချင်လို့ "
"အဆန်းပါလားဦးချီရ။ ငါ့သားအသက်အရွယ်က ကစားရမဲ့အရွယ်ပဲရှိသေးတယ်လေ။ ဒါမျိုးတွေ မတွေးတာအကောင်းဆုံးပဲ။ တခါတလေ ဖေဖေစဉ်းစားမိတာ သားကို လူကြီးစိတ်တွေဝင်အောင်များဖေဖေတို့ လုပ်မိသလားလို့ ။ ၆နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ စဉ်းစားဥာဏ်ထဲမှာ ကလေးအတွေးတစ်ခုတောင်မရှိဘူးဆိုတာတော့ ဖေဖေစိတ်တိုင်းမကျဘူးဖြစ်နေတယ်ဦးချီ။ အဲ့တော့ ဖေဖေပြောချင်တာ သားအရွယ်လေးနဲ့ အဆင့်သင့်မဖြစ်သေးတာမျိုး မတွေးနဲ့ ။ လုပ်ဖို့ မကြိုးစားနဲ့ ကြားလားဦးချီ "
ဖေဖေ့စကားကြောင့် ကျေနပ်သွားအောင်းခေါင်းညိမ့်ပြမိသည်။
ဘယ်လိုလုပ်မလဲ ။ ဦးချီ က ကလေးတွေနဲ့ ပြေးလွှားဆော့ကစားရတာမျိုး သိပ်မကြိုက်ဘူးလေ။
ဗီဇနဲ့ ဝါသနာ က ထူးဆန်းတာကိုတော့ ဦးချီသိသည်။ ဘာကြောင့်ဆိုရင်
ဦးချီက ကလေးဘဝကတည်းက ပါးပါးလို ပုဆိုးဝတ်ရတာကို ကြိုက်သည်။
အရုပ်တွေနဲ့ ဆော့ကစားရတာထပ် ငြိမ်ငြိမ်လေးထိုင်ပြီး ပါးပါးတို့ ပြောတဲ့ စီးပွားရေးအကြောင်းတွေ ကိုနားထောင်ရတာကြိုက်သည်။
အဲ့ဒါကပဲ ဦးချီရဲ့ ဝါသနာဖြစ်နေတော့ ဦးချီ လည်းမတက်နိုင်ပါ။
မနှစ်က စာစသင်တဲ့ အရွယ်တုန်းက ကျောင်းက ဆရာမကမေးသည်။
ကလေးတို့ အသက်ကြီးရင်ဘာလုပ်မှာလဲတဲ့။
တခြားကလေးတွေကဖြေကြသည်။
ဆရာဝန်၊ အဆိုတော် ၊ ကျောင်းဆရာမ
အဲ့လိုဖြေကြပေမဲ့ဦးချီကတော့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သည်ဟုသာဖြေခဲ့၏။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz