နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
48
ပထမဦးဆံုး အႀကိမ္မို႔ နာက်င္မူ႔သည္ ရူးမတက္။ ဒါေပမဲ့ ထိုနာက်င္မူ႔ကို တယုတယ မခံစားအား ေဘးမွ ေစာင္စကို ဆုပ္ကိုင္လ်က္ တရႈံ႕ရႈံ ့ငိုေနတဲ့ ပံုညာဦးခ်ီ ကို
စိတ္ပ်က္လြန္းလို႔ ထိုင္ၾကည့္ေနမိသည္ထိပင္။
" မင္းအရမ္း လြန္ေနၿပီေနာ္ ကိုကို "
မထိန္းနိုင္ေတာ့သည့္အဆံုး ထိုစကားကို ေျပာမိေတာ့၏။ ကေလးမဟုတ္သလို မိန္းမငယ္ေလးလည္း မဟုတ္ပဲ ဘာေၾကာင့္
ထိုမ်ွ အျဖစ္သည္း ေနမွန္းစဥ္းစားလို႔မရေပ။ ညတုန္းက သူ႔ဟာသူ ပန္းၿပီး ဘာစကားမွမေျပာနိုင္ပဲ အိပ္ေပ်ာ္သြားလို႔သာေပါ့ မဟုတ္ရင္ တစ္ညလံုး နားဒုကၡေပးမွာ ေသခ်ာသေလာက္ပင္။
" ေသာ္ မင္းစကားကို ၾကည့္ေျပာ "
ဒါမ်ိဳးက် ခ်က္ျခင္း ပက္ခနဲ ရန္ေတြ႕နိုင္သည္။ အျမင္ကပ္ပုဒ္မနဲ႔ ေနာက္တစ္ႀကိမ္ထပ္လုပ္ရင္ ကိုယ္ပဲ နာမွာေၾကာင့္သာ စိတ္ေလ်ာ့လိုက္ရတာ ၊ နို႔မို႔ဆို ဒင္းလြယ္မွာမဟုတ္။
" ၾကည့္ေျပာေနတာပဲ။ ကိုကိုလုပ္ေနတဲ့ပံုကေရာ အဓိပၸါယ္ရွိလို႔လား..နာတာက ငါပါ ..ဟြန္း..မသိရင္ မင္းက အေစာ္ကားခံရတဲ့ မိန္းကေလးလိုပဲ "
"ငိုမွာေပါ့ .. ေယာက်ာ္းလည္း မငိုရဘူးလို႔ ဘယ္သူေျပာလဲ။ ငါ ဘဝတစ္သက္စာလံုး
ေရႊလိုအုထားတဲ့ ေယာက်ာ္းဘဝကြ၊ ခုေတာ့ ပန္းေကာင္းအညႊန္႔ခ်ိဳး မင္းမို႔လို႔ လုပ္ရက္တယ္..ဟင့္"
ရန္ေတြ႕ေနရာမွ ေနာက္ဆံုးပိတ္ ဟင့္ခနဲ
ရႈိက္လိုက္သံေၾကာင့္ လူက ကိုကိုနဲ႔အၿပိဳင္ လိုက္ ငိုရမွာလိုလို ၊ ရန္ျပန္ေတြ႕ရေတာ့မွာလိုလို။
ရဲရဲနီေနတဲ့ မ်က္လံုးမ်ားျဖင့္ စူးစိုက္ၾကည့္လ်က္ မည္သည့္စကားမွ ဆက္ေျပာမလာျပန္ေတာ့မွ ေသာ္ သက္ျပင္းခ်ရေတာ့သည္။
ေတြ႕လား ေတြ႕လား ။ ယူခ်င္အုံးဟဲ့
ေယာက်ာ္းဆိုၿပီး ကိုယ့္ပါးကိုသာျပန္ရုိက္ခ်င္ေတာ့သည္။ မိေအးနွစ္ခါနာ ဆိုတာ ကိုယ္မွကိုယ္အစစ္။
ဘာပဲေျပာေျပာ ဇြတ္လုပ္ခဲ့မိတာ ေသာ္ကိုယ္တိုင္ဆိုေတာ့ ရွက္ေတာ့ရွက္မိ၏။
_________
" ဆန္ျပဳတ္ေသာက္မယ္ "
" မေသာက္ခ်င္ဘူး "
"မေသာက္လို႔မရဘူးေလ ၊ ေသာ္ မဆိုးစမ္းနဲ႔ ထ ..အစာမစားပဲေဆးေသာက္လို႔မရဘူး "
နွဖူးကိုစမ္းၾကည့္ေတာ့လည္း ကိုယ္ေငြ႕က ေႏြးေႏြး။ မနက္ကတည္းက စိတ္ဆိုးၿပီး ခုထိ စကားတစ္ခြန္းမွ အပိုမေျပာေသး၊ အဲ့လိုက် လည္း ကိုယ္က မေနနိုင္ျပန္။
ထို႔ေၾကာင့္ အႀကီးပီပီ တစ္ထစ္ေလ်ာ့၍
" ေသာ္ ကိုကိုေတာင္းပန္ပါတယ္ ၊ ေနာ္ ၊
မနက္က ကိုကို ေသာ့္ကိုမေအာ္လိုက္သင့္ဘူး "
"..."
" စိတ္မဆိုးပါနဲ႔ေတာ့ေသာ္ရာ ကိုကိုက.."
"ငါစိတ္ဆိုးေနတာမဟုတ္ဘူး ပုံညာဦးခ်ီ
မင္းစိတ္ထဲမွာ ငါကို မျဖစ္မေန ယူထားရလို႔ စိတ္ညစ္ေနရတယ္မို႔လား။ "
စကားမဆံုးေသး ျဖတ္ေျပာလိုက္တဲ့ ေသာ့္စကားေၾကာင့္ ေယာင္ေယာင္မွားမွား ေခါင္းရမ္းျပမိသည္။
"မဟုတ္ဘူး ေသာ္..အဲ့လို မဟုတ္"
"လမ္းခြဲမယ္ "
"ယေသာ္လင္းမာန္!!! "
ေဒါသတႀကီး ေအာ္သံက ငုတ္လ်ိဳးေနတဲ့ ေသာ့္စိတ္ကို နႈိးဆြ လိုက္သလို။
သူပဲေဒါသထြက္တက္သလား ။ တစ္မနက္လံုးအႀကိမ္ႀကိမ္ေတြးေနမိတဲ့ အေတြးက ကိုကို ေသာ့္ကို မခ်စ္ဘူး ဆိုတာပဲ။
မာနနဲ႔ အရွက္သိကၡာကိုေတာင္ ကိုကို႔ကိုခ်စ္တဲ့စိတ္လ်စ္လ်ဴ ရႈ ႕ခဲ့သည္။
ျပန္ရလိုက္တာ ကိုယ္ကပဲ သူ႔ဘဝကိုျဖတ္စီးပစ္လိုက္တဲ့ လူယုတ္မာလိုလို။
မႈန္ကုတ္ေနတဲ့ မ်က္ခံုးေတြက အလိုမက်စြာ ထိစပ္လုလုျဖစ္ေအာင္ ၾကည့္ေနတာမို႔ ၊ ေသာ္ မ်က္နွာလြဲပစ္လိုက္ၿပီးလ်ွင္
" ငါေျပာတာဘာမွားလို႔ ငါ့ကို လာေအာ္ေနတာလဲ ။ ငါ့ကို ျပန္မခ်စ္နိုင္တဲ့ ေကာင္ကို ငါက ဘာေၾကာင့္ဆက္ဆြဲထားရမွာလဲ ၊
သြားစမ္း ပံုညာဦးခ်ီ မင္းလိုေကာင္ကို ဘယ္ေတာ့မွ မခ်စ္ေတာ့ဘူး ၊ ဘယ္ေတာ့မွ
ငါ့ေဘးနားမွာ မထားေတာ့ဘူး "
အေလ်ာ့ေပးမယ္လို႔စိတ္ကူးထားတဲ့ အေတြးသည္ ေသာ့္အေျပာေတြေၾကာင့္ ေပ်ာက္ကြယ္ကုန္၏ ။ ထို႔သို႔ မိုက္ရုိင္းတဲ့စကားေတြကို မခံနိုင္သလို ေသာ့္ကိုလည္းမေျပာေစခ်င္ခဲ့ေပ။ ဒီနွစ္ပိုင္းေသာ္ အရမ္းဆိုးလာ၏။ ရုိင္းဆိုင္းမူ႔ကိုအႀကိမ္ႀကိမ္ ႀကံဳခဲ့ဖူးေပမဲ့ ဒီတခါက ၾကားဖူးသမ်ွထဲမွာ သူသည္းမခံႏုိင္ဆံုး။
"မင္းပါးစပ္ကိုပိတ္ထားစမ္း ။ ဘာစကားမွဆက္မေျပာေတာ့နဲ႔ ၊ လမ္းခြဲခ်င္တာမို႔လား .. ေအး ခြဲမယ္။ ငါကလည္း
စကားတစ္ခြန္းကို လြယ္လြယ္ေျပာ လြယ္လြယ္ ဆံုးျဖတ္ခ်က္ခ်တက္တဲ့ သူမ်ိဳးနဲ႔ အတူမရွိခ်င္ဘူး "
ဆတ္ခနဲ ထရပ္ကာ အခန္းထဲကေန
ဦးခ်ီ ေျခလွမ္းက်ဲျဖင့္ ထြက္ခဲ့လိုက္သည္။
ရင္ထဲမွာ ဗေလာင္ ဆူေနတဲ့ ခံစားခ်က္က အမ်ိဳးမည္မသိေအာင္ပင္။ ကုတင္ေပၚမွာ ေနမေကာင္းတဲ့ ေသာ္ ဘယ္လိုက်န္ေနခဲ့လဲ သူမသိ ။ တစ္ခါေလာက္ေတာ့ မွတ္ေလာက္ေအာင္ ပစ္ထားမယ္ဆိုတဲ့ စိတ္နဲ႔
အိမ္ေရွ႕ရပ္ထားတဲ့ ဆိုင္ကယ္ကို ဆြဲထုတ္ကာ တက္လိုက္သည္။
သူစိတ္ဆိုးခဲ့သည္။ေနာက္ၿပီး ရင္ဘတ္ထဲက ထံုေပလိုက္၍ အဆမတန္နာခဲ့သည္။
______
နာရီလက္တံေလးေတြ တေ႐ြ႕ေ႐ြ႕ ေ႐ြ႕လ်ားကုန္ဆံုး ေနသည့္တိုင္ ဦးခ်ီ အိမ္မျပန္ျဖစ္ေသး။
ဘုရားရိပ္၊ တရားရိပ္က ေအးခ်မ္းေသာ္ျငား ရင္ထဲက အပူမီးကို မျငႇိမ္းသက္နိုင္ေသးပါ။ ဆည္းလည္းသံ တညံညံက ေတာင္ေလေဝ့တိုင္း ရင္ေအးေအာင္ ထြက္ေပၚေနလ်က္။ ညေန ၄နာရီပဲ ရွိေသးေပမဲ့
မိုးအံု ေနတာမို႔ သစ္ပင္ရိပ္မရွိတဲ့ ဘုရားရင္ျပင္ေတာ္ေပၚမွာ ကေလးေတြ ေဆာ့ကစားေနၾကသည္။
ဦးခ်ီကေတာ့ ရင္ျပင္ေတာ္ကို ေက်ာခိုင္းကာ ျမစ္ဆိပ္ဆင္းတဲ့ အုတ္ေလွကားေတြေပၚမွာ ထိုင္၍ အေၾကာင္းျပခ်က္မရွိ ျမစ္ျပင္က်ယ္ကို ေငးေမာေနမိသည္။
မၾကာမွီ မိုး႐ြာေတာ့မည္ဆိုတာကို ေလနဲ႔အတူ ပါလာတဲ့ မိုးနံ႔ေၾကာင့္ သူခန္႔မွန္းမိ၏။ သို႔ေသာ္ ဆူဆူညံညံေဆာ့ေနဆဲကေလးေတြက ျပန္ဖို႔ေမ့ေနၾကသေယာင္။
သူငယ္ငယ္က ဒီေလာက္ႀကီးမေဆာ့ဘူးပါေခ်။ ေသာ္က ေတာ့ အေဆာ့မက္တဲ့ေကာင္ငယ္ေလးေပါ့။ ေသာ္က မာလကာသီးစားရတာႀကိဳက္သလို စကားေတြ အမ်ားႀကီးေျပာရတာကိုႀကိဳက္တယ္။ၿပီးေတာ့
ဂိမ္းေဆာ့ရတာကိုလည္းႀကိဳက္တယ္။
ဒါေပမဲ့ ေသာ္ ၈တန္းအ႐ြယ္ကတည္းကေန ခုခ်ိန္ထိ gameေဆာ့တာမျမင္ေတာ့။
မေဆာ့ဆို ေသာ့္မွာ ေဆာ့ကစားဖို႔အခ်ိန္
မွမရွိေတာ့တာေလ။ ေႏြရာသီေက်ာင္းပိတ္ရက္ေတြဆိုရင္ ဦးခ်ီက မုန္႔လုပ္နည္းသင္တန္းေတြတက္ၿပီး လက္တည့္စမ္း မုန္႔မ်ိဳးစံုလုပ္ေနခ်ိန္တြင္ ေသာ္က ကစားဖို႔ေနေနသာသာ စာအုပ္နွင့္မ်က္နွာနဲ႔ပင္မခြာခဲ့ေပ။
ေသာ္ဘယ္ေလာက္ႀကိဳးစားသလဲဆိုရင္ တံငါကုန္းအိမ္မွာ ရွိတဲ့ ေသာ္ဂုဏ္ျပဳမွတ္တမ္းနွင့္ ဆုတံဆိပ္ေပါင္းမ်ားစြာက သက္ေသပင္ျဖစ္၏။ အစတုန္းက ဦးခ်ီအိပ္ခန္းထဲမွာ အမွတ္တရထားရွိခဲ့ေသာ္လည္း
ယခုမူ ဧည့္ခန္းမွာ မွန္ေကာင္တာျဖင့္ ပါးပါး တို႔က ေသာ့္အတြက္ ဂုဏ္ယူစြာ တခမ္းတနားထားရွိေပးခဲ့သည္။
ေသာ့္အေၾကာင္းေတြးမိေတာ့ စိတ္ဆိုးတာေမ့ၿပီး မရည္႐ြယ္ပဲၿပံဳးမိျပန္သည္။
"ဟီးအီး..က်န္မယ္ ဟင့္..က်န္ခ်င္တယ္"
ထိုစဥ္ ကေလးငိုသံသဲ့သဲ့ေၾကာင့္ ဦးခ်ီ ေနာက္လွည့္ၾကည့္မိလ်ွင္ ေစာက ေဆာ့ကစားေနၾကေသာ ကေလးအုပ္စုထဲက ေကာင္ကေလးက ကေလးေပါက္စေလးကို ေက်ာပိုးထား၍ ေခ်ာ့ေမာ့ေနတာကိုေတြ႕ရ၏။
" ညီမေလးရယ္ တိတ္ပါေနာ္ ..ဟုတ္ၿပီ ျပန္ခ်င္တာလား ..တိတ္တိတ္ ကိုကိုတို႔ျပန္ၾကမယ္...ဟိုေကာင္ေတြ ငါျပန္ေတာ့မယ္ဒီမွာ ငါ့ညီမေလး က မေနေတာ့ဘူးကြ"
"ဟာ ဒီမွာေဆာ့ေနတုန္းေလကြာ၊ ေအာက္ခ် ထားလိုက္..ငိုလည္းခဏပဲ ၿပီးေအာင္ေဆာ့ကြာ"
"မေဆာ့ေတာ့ဘူးဖိုးထူး ငါ့ညီမေလး ဗိုက္ဆာေနေလာက္ၿပီဟ .."
"ဒါဆိုလည္းၿပီးေရာကြာ ေနာက္ရက္ မင္းညီမကိုေခၚမလာနဲ႔ ။မင္းကို တအားကပ္လြန္းတယ္"
"မေခၚလို႔မရဘူးေလကြာ ..ငါ့ညီမေလးမွာ ငါပဲ ရွိတာ..ငါ့အေဖမရွိကတည္းက အေမက ပိုက္ဆံရွာေနရတာနဲ႔ ညီမေလးကို မထိန္းအားေတာ့ဘူး ..အဲ့ဒါေၾကာင့္ ညီမေလးက အေမ့ထက္စာရင္ ငါ့ကိုပဲ ကပ္တယ္..ျပန္ၿပီကြာ.. မင္းတို႔လည္းျပန္ေတာ့မိုး႐ြာေတာ့မယ္ "
ကေလးေသးေသးေလးကို ေက်ာပိုးထြက္သြားတဲ့ ၇နွစ္အ႐ြယ္ေကာင္ေလးကိုေငးၾကည့္ရင္း ေသာ့္ကိုသတိရမိသြားသည္။
ေသာ္က ငယ္ငယ္ကတည္းက သူ႔ကိုသိပ္ကပ္တာ ..။ ထိုစဥ္က အနိုင္က်င့္တယ္ထင္၍ မေက်နပ္ဖူးသည္ကိုျပန္ေတြးမိကာ
ဦးခ်ီ ေခါင္းငံု႔ရယ္မိ၏။ ရယ္သံတခ်ိဳ႕မွာ ေနာင္တ တရားေတြ ကိန္းဝပ္ေနတာ သူပဲသိသည္။ ေသာ္မွာ ေဖေဖမရွိသလို
ယခုဆို ေမေမလည္းမရွ်ိေတာ့ ေသာ့္ရဲ႕အားကိုးခင္တြယ္စရာက သူသာရွိသည္ကို သိရက္နဲ႔ ေသာ့္အပၚမၾကင္နာခဲ့။
" ကိုကုိေရ ေသာ့္ကိုေက်ာပိုးပါ "
"မပိုးခ်င္ဘူး မင္းမွာေျခေထာက္ပါတာပဲ ကိုယ့္ဖာသာေလ်ွာက္ေပါ့"
" မေလ်ွာက္ခ်င္ဘူး ကိုကိုပိုးပါ ၊ ကိုကိုေက်ာက ေႏြးလို႔ ေသာ္အဲ့လိုပဲ ေနခ်င္တယ္"
ကိုကို႔ေက်ာက ေႏြးသတဲ့လားေသာ္ရယ္။
ထိုစကားသည္ အဖမဲ့သားတစ္ေယာက္ဆီမွ လိုခ်င္ခဲ့ေသာမိဘေမတၲာကို သူ႔ဆီက အစားထိုးဖို႔ ႀကိဳးစားခဲ့မွန္းသိရင္ ကိုကိုမျငင္းဆန္ခဲ့ပါဘူးကြာ။
မိုးေလနံ႔ ဟာ တျဖည္းျဖည္းျပင္းလာ၏။
ေလတိုက္ခတ္နႈန္းဟာလည္း ပိုျမင့္လာ၏။
သူအိမ္မျပန္နိုင္ေသး။
နားထဲမွာ ယခင္က ၾကားခဲ့ဖူးေသာ ေသာ့္စကားေတြသာ ထပ္တလဲလဲၾကားေနမိသည္။
" ကိုကိုေရ ေသာ္ေက်ာင္းမွာ အဆင့္၁ရျပန္ၿပီသိလား။ ၁၀တန္းေအာင္ရင္ ေသာ္ ဆရာဝန္ႀကီးျဖစ္အေအာင္လုပ္ေပးမယ္ေနာ္ ..အဲ့ဒါဆို ကိုကို ခုလို မဖ်ားေတာ့ဘူး "
ေသာ္ကအပ္ေၾကာက္ေပးမဲ့ ယခုထိတိုင္ေအာင္ တစ္ခြန္းမညီးညဴပဲ သူ႔စကားအတိုင္းျဖစ္ေအာင္လုပ္ျပသြားခဲ့သည္။
" ကိုကို႔ကို ေသာ္ ကန္ေတာ့ပါတယ္။
ေသာ္မလိမ္မာတာရွိရင္ ကိုကိုကပဲ စိတ္ရွည္ခြင့္လြတ္ေပးပါ "
သူ႔ေျခဖမိုးမွာထိေတြ႕ကန္ေတာ့ေနတဲ့
ေသာ္ေသးေသးေလး။
ထိုအရာေတြသည္ပံုရိပ္ပမာ သူ႔ျမင္လႊာမွာတဖ်တ္ဖ်တ္ေျပာင္းေန၏။ ထို႔ေနာက္
ေသာ္ဘြဲ႕ယူတုန္းက ၿပံဳးေနတဲ့ ပံုေလးေတြ။ ထိုအခ်ိန္က ေျပာခဲ့ဖူးတာသတိရမိ၏။
"ေသာ္ ကဆရာဝန္လုပ္ရတာမၾကဳိက္ဖူးကိုကို ၊ ဒါေပမဲ့ ကိုကို ေနမေကာင္းျဖစ္မွာကို ပိုမႀကိဳက္ဘူး"တဲ့
မိုးဖႊားေတြ တဖႊားဖႊားက်လာေလၿပီ။
သူထိုင္ရာမွမထမိေသး။ တခ်ိန္လံုးေသာ္ဟာ သူ႔ေဘးမွာ ရွိေနခဲ့ၿပီး သူ႔ကုိအရိပ္တၾကည့္ၾကည့္ ၾကည့္ေနခဲ့သည္။
သူကေရာ...သူကေရာ ေသာ့္အေပၚ ပိုက္ဆံကလြဲၿပီး ေသာ္လိုအပ္တဲ့ေႏြးေထြးမူ႔ကို လံုေလာက္စြာေပးခဲ့ဖူးရဲ႕လား။
ေလျပင္းတခ်က္အေဝွ႔ မွာ မိုးေရနဲ႔ေရာ၍ လူက တုန္ခနဲ။
ေသာ္ ေနမေကာင္းဘူး ၊ သူအိမ္ျပန္ရမယ္။ ဟုတ္တယ္ ေသာ့္ကို သူတစ္ေယာက္ထဲထားခဲ့တာပဲ.. သူ ဒီတခါလည္း အႀကီးမပီသခဲ့မိျပန္ဘူး။
ၿပီးေတာ့ ေသာ္ အရမ္းနာေနရွာမွာ..
ဖ်တ္ခနဲ ထရရပ္မိေတာ့ ၾကာျမင့္စြာ ထိုင္ေနခဲ့တဲ့ေျခေထာက္ေတြက ထံုေပလိုက္၍ လူကယိုင္သြားစဥ္
"ကိုကို "
မိုးသံၾကားမွာ ထြက္ေပၚလာေသာ အသံေလး။ သူလွည့္ၾကည့္မိခ်ိန္တြင္ ေသာ္ဟာ သူ႔ဆီကို ေျပးလာ၏။ လႊတ္ခ်ခဲ့ဟန္တူတဲ့ ထီးအဝါေလးဟာ ေလနဲ႔အတူဘုရားရင္ျပင္ေပၚမွာ ပို႔လို႔ပက္လက္။
ေသာ္ဟာ ခ်က္ျခင္း မိုးေရေတြေၾကာင့္ရႊဲရႊဲစိုကုန္ေလသည္။ ေျပးလာတဲ့ေသာ့္ကို
ဆီးႀကိဳ ေပြ႕ဖက္ရင္း ဦးခ်ီ ရႈိက္ႀကီးတငင္ငင္ငိုခ်လိုက္၏။ ေသာ့္ကိုဖက္ထားရင္း ေဝးရမွာကိုပိုေၾကာက္လာ၏။ ေသာ္မရွိတဲ့ဘဝကို သူမေတြးရဲသည္မို႔ ေသာ့္လည္ပင္းမွာမ်က္နွာအပ္ရင္း အသံက်ယ္ႀကီးျဖင့္ေအာ္ငိုမိ၏။ ေသာ့္လက္ဖဝါးေတြသည္ ဦးခ်ီ ေက်ာမွာ ထပ္ေအာက္ေ႐ြ႕၍ ပြတ္သပ္ေခ်ာ့ျမဴေနေသာ္ျငား သူဝမ္းနည္းမူ႔ကမေျပေပ်ာက္ခဲ့။ သူေမ့ေနေသာ အေၾကာင္းတရားသည္ ယခုမူေပၚထြက္လာေခ်ၿပီ။
ေသာ့္ကိုမခ်စ္တာမဟုတ္ပဲ ခ်စ္တာထက္မ်ားစြာ ပိုေနခဲ့သည့္အေၾကာင္းေတြကို မည္သို႔ေျပာျပရမည္နည္း။ လမ္းခြဲမယ္ေျပာလိုက္တုန္းက ရရွိခဲ့တဲ့ နာက်င္မူ႔ေတြ
ထိုအရာေတြသည္ ေသာ္မရွိရင္ မျဖစ္ဘူးဆိုတာ မီးေမာင္းထိုးျပသလို ။
ေသာ္..ကိုကိုေလ ..မင္းကို...
________
"ေဆးရုံကို စိတ္ခ်ပါဆရာ ၊ ခုရက္ပိုင္း လူနာသိပ္မရွိဘူးဆိုေတာ့ ကြၽန္မပဲ ၾကည့္စီစဥ္လိုက္ပါ့မယ္၊ "
" ေက်းဇူးတင္ပါတယ္ အန္တီၾကဴ "
"မလိုပါဘူး ဆရာရယ္ ၊သက္သာေအာင္သာေနပါ ၊ ေဆးထိုးထားတယ္ဆိုေတာ့
ည ေခြၽးေတြထြက္လာလိမ့္မယ္ အက်ၤ ီေလးလဲေပးမွေတာ့ျဖစ္မယ္ မဟုတ္ရင္ ေခြၽးနဲ႔ ျပန္အေအးပတ္ေနမွာစိုးလို႔ .. "
ေဆးအိတ္ကိုကိုင္လ်က္ ျပန္ဖို႔ မတ္တပ္ရပ္လိုက္တဲ့ အန္တီၾကဴ ကိုယဲ့ယဲ့သာ
ျပန္ၿပံဳးျပနိုင္၏။ ဆရာဝန္ကို ဆရာလာလုပ္ေနတယ္လို႔ မေျပာနိုင္ေအာင္ပင္ သူ႔လုပ္ရပ္က ကိုကို႔ေၾကာင့္ကေလးဆန္ခဲ့တာပဲမဟုတ္လား။ ေဆးရုံအနွံ႔ လိုက္ရွာခဲ့ရသလို... ေရႊမုေဠာဘုရားမွာေတြ႕ခဲ့သည္ဆိုလို႔ လမ္းမွာေတြ႕တဲ့ဆိုင္ကယ္ကိုတား၍ လိုက္ပို႔ခိုင္းခဲ့ရေသးသည္။
ထိုအခ်ိန္က ကိုကိုသာ ထားသြားရင္ ဆိုတဲ့စိတ္ျဖင့္ နာလို႔နာမွန္း ၊ ဖ်ားလို႔ဖ်ားေနမွန္းမသိခဲ့ေလာက္ေအာင္ ေသာကမ်ားခဲ့ရသည္။ ျပန္ေရာက္ေတာ့ အခ်ိန္အေတာ္ၾကာမိုးေရထဲေနခဲ့တဲ့ အက်ိဳးေက်းဇူးေၾကာင့္ လူက မိုက္ခနဲ ျဖစ္သြားေသးသည္။ ထို႔ၾကာင့္ကုိကို႔မွာ စိုးရိမ္တႀကီး သူနာျပဳဆရာမႀကီး အန္တီၾကဴကိုအေျပးအလႊားသြားေခၚရ၏။
"ေသာ္ အန္တီၾကဴ ျပန္သြားၿပီလား ..."
" အင္း..ခုပဲ ျပန္သြားတယ္ ။ ဘာေတြလဲ..
ေသာ္ဆန္ျပဳတ္ မေသာက္ခ်င္ဘူး"
လက္ထဲပန္းကန္ကို စားပြဲေပၚေသခ်ာတင္ေပးၿပီးမွ လွဲေနတဲ့ ေသာ့္ကို ဆြဲေပြ႕၍ ထူေပးလိုက္သည္။
" ေခါက္ဆြဲျပဳတ္ ကို ၾကက္ဥ နဲ႔ျပဳတ္လာတာ။ အရင္စားလိုက္ဦး ပူတုန္း"
"ခဏေလး ကုိကို ေသာ္..ေမးစရာရွိလို႔ပါ "
ဇြန္းကုိင္ထားတဲ့ လက္သည္ ၿငိမ္သက္သြားသည္။ေသခ်ာျပန္ၾကည့္လာတဲ့မ်က္နွာထက္မွာ ေသာ္ေမးမဲ့အေၾကာင္းတရားကို သိေနသလို ခပ္ဖြဖြၿပံဳးျပလာ၏။
" ေသာ္ မေမးနဲ႔ ကိုကိုပဲ ေျဖပါ့မယ္၊
အခ်ိန္တိုင္းေမးေနရလြန္းလို႔ ေသာ္ပင္ပန္းခဲ့ၿပီးၿပီ ၊ ဒီေန႔က စၿပီး ကိုကိုကပဲ ေသာ့္ကို
အခ်ိန္တိုင္းေျပာေပးပါ့မယ္ "
ေသာ့္နား႐ြက္ဖ်ားေလးသည္ နီေစြးသြားသလို အျဖဴ ေရာင္ ပါးျပင္သည္လည္း ပန္းႏုေရာင္သန္းသြားေလသည္။
ၿပံဳးေယာင္ေနတဲ့ နႈတ္ခမ္းေတြေၾကာင့္
ပါးေပၚက ပါးခ်ိဳင့္ခြက္ကေလးသည္ ခပ္ေရးေရးေပၚေန၏။ မ်က္လႊာခ်ထားတဲ့ အခ်ိန္မွာသာ ထင္းေနေအာင္ေပၚတက္တဲ့ မ်က္ေတာင္ဖ်ားေတြ ။
အခ်ိန္တိုင္း ေဘးမွာရွိေနခဲ့ေသာ ေသာ္သည္ ထိုမ်ွထိ လွသတဲ့လား။
ၾကယ္ေလးတစ္လံုးလို တလဲ့လဲ့ေတာက္ေနတက္တဲ့ မ်က္လံုးေလးေတြကို ျမင္ခ်င္တာေၾကာင့္ ေမးကေနဆြဲေမာ့ကာ အၾကည့္ျခင္းဆံုေစၿပီးလ်ွင္
"ေသာ္ "
တိုးလ်လ် အသံဆိုေသာ္ျငား အမိန္႔ေပးေစခိုင္းနိုင္ေလာက္ေအာင္ထိ ညိဳ႕ငင္မူ႔ရွိ၏။
ေသာ့္နွလံုးသားသည္ စူးရဲေနတဲ့ ကိုကိုအၾကည့္ေတြေၾကာင့္ ယိမ္းႏြဲ႕ခုန္ေပါက္ေနသကဲ့သို႔။
" ခ်စ္တာကို မျမင္နိုင္ေလာက္ေအာင္ထိ ကိုကိုမင္းကို အခ်စ္လြန္ေနခဲ့တာ "
ေမ်ွာ္လင့္ခဲ့ဖူးေသာ ထိုစကားကို ၾကားရျပန္ေတာ့လည္း နွလံုးသားက ခံနိုင္ရည္မရွိ။
" မငိုနဲ႔ ၊ အခ်ိန္တိုင္း မင္းရုိးသြားေအာင္ထိ
ကိုကိုေျပာမယ္၊ သိပ္ခ်စ္တယ္ ေသာ္။ မင္းတစ္ေယာက္ထဲနဲ႔ စၿပီး မင္းတစ္ေယာက္ထဲကိုပဲ ေသတဲ့အထိ ခ်စ္သြားမွာ ယံု"
ပါးျပင္ကိုတယုတယ သုတ္ေပးေနတဲ့ လက္ေတြကို ေသာ္ဆုပ္ကိုင္၍ ထိုလက္ေပၚမွာ မ်က္နွာအပ္ကာ ငိုမိ၏။
ေသာ္ ကိုကို႔ကိုခ်စ္လာခဲ့ရတာ ၈နွစ္ရွိၿပီ။
ျပန္ခ်စ္လာေစခ်င္ခဲ့ေသာ္လည္း မေမ်ွာ္လင့္ခဲ့ဖူးေသာ ေမတၲာ ေရာင္ျပန္ဟပ္လာခဲ့တဲ့အခ်ိန္မွာေတာ့ ဝမ္းနည္းမူ႔ကအတိုင္းအဆမရွိ။ ဒီေန႔မွစ၍ ကိုကိုနဲ႔ေသာ္သည္
အျပန္အလွန္ ခ်စ္ျမတ္နိုးခဲ့သူမ်ားျဖစ္လာခဲ့ေလၿပီ။ နွစ္ေပါင္းမ်ားစြာ အတူေနခဲ့ၾကသူေတြမို႔ ေသာ္ ကိုကို႔အေၾကာင္းကိုသိသည္။
ပံုညာဦးခ်ီ၏ နႈတ္က ခ်စ္တယ္ ဟုေျပာလ်ွင္ ထိုစကားသည္ ေသတဲ့အထိ တည္ေနမည္ျဖစ္ေၾကာင္း..ေသာ္ကလြဲၿပီး မည္သူသိနိုင္မွာလဲ...
ခ်စ္တဲ့အိမ္စည္။
( နက္နဲတဲ့ကိစၥကို ဆရာႀကီေတြပဲနားလည္တာ။ အထက္ေအာက္ေတြ မေမးနဲ႔ေျဖရတာရွက္လို႔ )
ပထမဦးဆုံး အကြိမ်မို့ နာကျင်မူ့သည် ရူးမတက်။ ဒါပေမဲ့ ထိုနာကျင်မူ့ကို တယုတယ မခံစားအား ဘေးမှ စောင်စကို ဆုပ်ကိုင်လျက် တရှုံ့ရှုံ့ ငိုနေတဲ့ ပုံညာဦးချီ ကို
စိတ်ပျက်လွန်းလို့ ထိုင်ကြည့်နေမိသည်ထိပင်။
" မင်းအရမ်း လွန်နေပြီနော် ကိုကို "
မထိန်းနိုင်တော့သည့်အဆုံး ထိုစကားကို ပြောမိတော့၏။ ကလေးမဟုတ်သလို မိန်းမငယ်လေးလည်း မဟုတ်ပဲ ဘာကြောင့်
ထိုမျှ အဖြစ်သည်း နေမှန်းစဉ်းစားလို့မရပေ။ ညတုန်းက သူ့ဟာသူ ပန်းပြီး ဘာစကားမှမပြောနိုင်ပဲ အိပ်ပျော်သွားလို့သာပေါ့ မဟုတ်ရင် တစ်ညလုံး နားဒုက္ခပေးမှာ သေချာသလောက်ပင်။
" သော် မင်းစကားကို ကြည့်ပြော "
ဒါမျိုးကျ ချက်ခြင်း ပက်ခနဲ ရန်တွေ့နိုင်သည်။ အမြင်ကပ်ပုဒ်မနဲ့ နောက်တစ်ကြိမ်ထပ်လုပ်ရင် ကိုယ်ပဲ နာမှာကြောင့်သာ စိတ်လျော့လိုက်ရတာ ၊ နို့မို့ဆို ဒင်းလွယ်မှာမဟုတ်။
" ကြည့်ပြောနေတာပဲ။ ကိုကိုလုပ်နေတဲ့ပုံကရော အဓိပ္ပါယ်ရှိလို့လား..နာတာက ငါပါ ..ဟွန်း..မသိရင် မင်းက အစော်ကားခံရတဲ့ မိန်းကလေးလိုပဲ "
"ငိုမှာပေါ့ .. ယောကျာ်းလည်း မငိုရဘူးလို့ ဘယ်သူပြောလဲ။ ငါ ဘဝတစ်သက်စာလုံး
ရွှေလိုအုထားတဲ့ ယောကျာ်းဘဝကွ၊ ခုတော့ ပန်းကောင်းအညွှန့်ချိုး မင်းမို့လို့ လုပ်ရက်တယ်..ဟင့်"
ရန်တွေ့နေရာမှ နောက်ဆုံးပိတ် ဟင့်ခနဲ
ရှိုက်လိုက်သံကြောင့် လူက ကိုကိုနဲ့အပြိုင် လိုက် ငိုရမှာလိုလို ၊ ရန်ပြန်တွေ့ရတော့မှာလိုလို။
ရဲရဲနီနေတဲ့ မျက်လုံးများဖြင့် စူးစိုက်ကြည့်လျက် မည်သည့်စကားမှ ဆက်ပြောမလာပြန်တော့မှ သော် သက်ပြင်းချရတော့သည်။
တွေ့လား တွေ့လား ။ ယူချင်အုံးဟဲ့
ယောကျာ်းဆိုပြီး ကိုယ့်ပါးကိုသာပြန်ရိုက်ချင်တော့သည်။ မိအေးနှစ်ခါနာ ဆိုတာ ကိုယ်မှကိုယ်အစစ်။
ဘာပဲပြောပြော ဇွတ်လုပ်ခဲ့မိတာ သော်ကိုယ်တိုင်ဆိုတော့ ရှက်တော့ရှက်မိ၏။
_________
" ဆန်ပြုတ်သောက်မယ် "
" မသောက်ချင်ဘူး "
"မသောက်လို့မရဘူးလေ ၊ သော် မဆိုးစမ်းနဲ့ ထ ..အစာမစားပဲဆေးသောက်လို့မရဘူး "
နှဖူးကိုစမ်းကြည့်တော့လည်း ကိုယ်ငွေ့က နွေးနွေး။ မနက်ကတည်းက စိတ်ဆိုးပြီး ခုထိ စကားတစ်ခွန်းမှ အပိုမပြောသေး၊ အဲ့လိုကျ လည်း ကိုယ်က မနေနိုင်ပြန်။
ထို့ကြောင့် အကြီးပီပီ တစ်ထစ်လျော့၍
" သော် ကိုကိုတောင်းပန်ပါတယ် ၊ နော် ၊
မနက်က ကိုကို သော့်ကိုမအော်လိုက်သင့်ဘူး "
"..."
" စိတ်မဆိုးပါနဲ့တော့သော်ရာ ကိုကိုက.."
"ငါစိတ်ဆိုးနေတာမဟုတ်ဘူး ပုံညာဦးချီ
မင်းစိတ်ထဲမှာ ငါကို မဖြစ်မနေ ယူထားရလို့ စိတ်ညစ်နေရတယ်မို့လား။ "
စကားမဆုံးသေး ဖြတ်ပြောလိုက်တဲ့ သော့်စကားကြောင့် ယောင်ယောင်မှားမှား ခေါင်းရမ်းပြမိသည်။
"မဟုတ်ဘူး သော်..အဲ့လို မဟုတ်"
"လမ်းခွဲမယ် "
"ယသော်လင်းမာန်!!! "
ဒေါသတကြီး အော်သံက ငုတ်လျိုးနေတဲ့ သော့်စိတ်ကို နှိုးဆွ လိုက်သလို။
သူပဲဒေါသထွက်တက်သလား ။ တစ်မနက်လုံးအကြိမ်ကြိမ်တွေးနေမိတဲ့ အတွေးက ကိုကို သော့်ကို မချစ်ဘူး ဆိုတာပဲ။
မာနနဲ့ အရှက်သိက္ခာကိုတောင် ကိုကို့ကိုချစ်တဲ့စိတ်လျစ်လျူ ရှု့ ခဲ့သည်။
ပြန်ရလိုက်တာ ကိုယ်ကပဲ သူ့ဘဝကိုဖြတ်စီးပစ်လိုက်တဲ့ လူယုတ်မာလိုလို။
မှုန်ကုတ်နေတဲ့ မျက်ခုံးတွေက အလိုမကျစွာ ထိစပ်လုလုဖြစ်အောင် ကြည့်နေတာမို့ ၊ သော် မျက်နှာလွဲပစ်လိုက်ပြီးလျှင်
" ငါပြောတာဘာမှားလို့ ငါ့ကို လာအော်နေတာလဲ ။ ငါ့ကို ပြန်မချစ်နိုင်တဲ့ ကောင်ကို ငါက ဘာကြောင့်ဆက်ဆွဲထားရမှာလဲ ၊
သွားစမ်း ပုံညာဦးချီ မင်းလိုကောင်ကို ဘယ်တော့မှ မချစ်တော့ဘူး ၊ ဘယ်တော့မှ
ငါ့ဘေးနားမှာ မထားတော့ဘူး "
အလျော့ပေးမယ်လို့စိတ်ကူးထားတဲ့ အတွေးသည် သော့်အပြောတွေကြောင့် ပျောက်ကွယ်ကုန်၏ ။ ထို့သို့ မိုက်ရိုင်းတဲ့စကားတွေကို မခံနိုင်သလို သော့်ကိုလည်းမပြောစေချင်ခဲ့ပေ။ ဒီနှစ်ပိုင်းသော် အရမ်းဆိုးလာ၏။ ရိုင်းဆိုင်းမူ့ကိုအကြိမ်ကြိမ် ကြုံခဲ့ဖူးပေမဲ့ ဒီတခါက ကြားဖူးသမျှထဲမှာ သူသည်းမခံနိုင်ဆုံး။
"မင်းပါးစပ်ကိုပိတ်ထားစမ်း ။ ဘာစကားမှဆက်မပြောတော့နဲ့ ၊ လမ်းခွဲချင်တာမို့လား .. အေး ခွဲမယ်။ ငါကလည်း
စကားတစ်ခွန်းကို လွယ်လွယ်ပြော လွယ်လွယ် ဆုံးဖြတ်ချက်ချတက်တဲ့ သူမျိုးနဲ့ အတူမရှိချင်ဘူး "
ဆတ်ခနဲ ထရပ်ကာ အခန်းထဲကနေ
ဦးချီ ခြေလှမ်းကျဲဖြင့် ထွက်ခဲ့လိုက်သည်။
ရင်ထဲမှာ ဗလောင် ဆူနေတဲ့ ခံစားချက်က အမျိုးမည်မသိအောင်ပင်။ ကုတင်ပေါ်မှာ နေမကောင်းတဲ့ သော် ဘယ်လိုကျန်နေခဲ့လဲ သူမသိ ။ တစ်ခါလောက်တော့ မှတ်လောက်အောင် ပစ်ထားမယ်ဆိုတဲ့ စိတ်နဲ့
အိမ်ရှေ့ရပ်ထားတဲ့ ဆိုင်ကယ်ကို ဆွဲထုတ်ကာ တက်လိုက်သည်။
သူစိတ်ဆိုးခဲ့သည်။နောက်ပြီး ရင်ဘတ်ထဲက ထုံပေလိုက်၍ အဆမတန်နာခဲ့သည်။
______
နာရီလက်တံလေးတွေ တရွေ့ရွေ့ ရွေ့လျားကုန်ဆုံး နေသည့်တိုင် ဦးချီ အိမ်မပြန်ဖြစ်သေး။
ဘုရားရိပ်၊ တရားရိပ်က အေးချမ်းသော်ငြား ရင်ထဲက အပူမီးကို မငြှိမ်းသက်နိုင်သေးပါ။ ဆည်းလည်းသံ တညံညံက တောင်လေဝေ့တိုင်း ရင်အေးအောင် ထွက်ပေါ်နေလျက်။ ညနေ ၄နာရီပဲ ရှိသေးပေမဲ့
မိုးအုံ နေတာမို့ သစ်ပင်ရိပ်မရှိတဲ့ ဘုရားရင်ပြင်တော်ပေါ်မှာ ကလေးတွေ ဆော့ကစားနေကြသည်။
ဦးချီကတော့ ရင်ပြင်တော်ကို ကျောခိုင်းကာ မြစ်ဆိပ်ဆင်းတဲ့ အုတ်လှေကားတွေပေါ်မှာ ထိုင်၍ အကြောင်းပြချက်မရှိ မြစ်ပြင်ကျယ်ကို ငေးမောနေမိသည်။
မကြာမှီ မိုးရွာတော့မည်ဆိုတာကို လေနဲ့အတူ ပါလာတဲ့ မိုးနံ့ကြောင့် သူခန့်မှန်းမိ၏။ သို့သော် ဆူဆူညံညံဆော့နေဆဲကလေးတွေက ပြန်ဖို့မေ့နေကြသယောင်။
သူငယ်ငယ်က ဒီလောက်ကြီးမဆော့ဘူးပါချေ။ သော်က တော့ အဆော့မက်တဲ့ကောင်ငယ်လေးပေါ့။ သော်က မာလကာသီးစားရတာကြိုက်သလို စကားတွေ အများကြီးပြောရတာကိုကြိုက်တယ်။ပြီးတော့
ဂိမ်းဆော့ရတာကိုလည်းကြိုက်တယ်။
ဒါပေမဲ့ သော် ၈တန်းအရွယ်ကတည်းကနေ ခုချိန်ထိ gameဆော့တာမမြင်တော့။
မဆော့ဆို သော့်မှာ ဆော့ကစားဖို့အချိန်
မှမရှိတော့တာလေ။ နွေရာသီကျောင်းပိတ်ရက်တွေဆိုရင် ဦးချီက မုန့်လုပ်နည်းသင်တန်းတွေတက်ပြီး လက်တည့်စမ်း မုန့်မျိုးစုံလုပ်နေချိန်တွင် သော်က ကစားဖို့နေနေသာသာ စာအုပ်နှင့်မျက်နှာနဲ့ပင်မခွာခဲ့ပေ။
သော်ဘယ်လောက်ကြိုးစားသလဲဆိုရင် တံငါကုန်းအိမ်မှာ ရှိတဲ့ သော်ဂုဏ်ပြုမှတ်တမ်းနှင့် ဆုတံဆိပ်ပေါင်းများစွာက သက်သေပင်ဖြစ်၏။ အစတုန်းက ဦးချီအိပ်ခန်းထဲမှာ အမှတ်တရထားရှိခဲ့သော်လည်း
ယခုမူ ဧည့်ခန်းမှာ မှန်ကောင်တာဖြင့် ပါးပါး တို့က သော့်အတွက် ဂုဏ်ယူစွာ တခမ်းတနားထားရှိပေးခဲ့သည်။
သော့်အကြောင်းတွေးမိတော့ စိတ်ဆိုးတာမေ့ပြီး မရည်ရွယ်ပဲပြုံးမိပြန်သည်။
"ဟီးအီး..ကျန်မယ် ဟင့်..ကျန်ချင်တယ်"
ထိုစဉ် ကလေးငိုသံသဲ့သဲ့ကြောင့် ဦးချီ နောက်လှည့်ကြည့်မိလျှင် စောက ဆော့ကစားနေကြသော ကလေးအုပ်စုထဲက ကောင်ကလေးက ကလေးပေါက်စလေးကို ကျောပိုးထား၍ ချော့မော့နေတာကိုတွေ့ရ၏။
" ညီမလေးရယ် တိတ်ပါနော် ..ဟုတ်ပြီ ပြန်ချင်တာလား ..တိတ်တိတ် ကိုကိုတို့ပြန်ကြမယ်...ဟိုကောင်တွေ ငါပြန်တော့မယ်ဒီမှာ ငါ့ညီမလေး က မနေတော့ဘူးကွ"
"ဟာ ဒီမှာဆော့နေတုန်းလေကွာ၊ အောက်ချ ထားလိုက်..ငိုလည်းခဏပဲ ပြီးအောင်ဆော့ကွာ"
"မဆော့တော့ဘူးဖိုးထူး ငါ့ညီမလေး ဗိုက်ဆာနေလောက်ပြီဟ .."
"ဒါဆိုလည်းပြီးရောကွာ နောက်ရက် မင်းညီမကိုခေါ်မလာနဲ့ ။မင်းကို တအားကပ်လွန်းတယ်"
"မခေါ်လို့မရဘူးလေကွာ ..ငါ့ညီမလေးမှာ ငါပဲ ရှိတာ..ငါ့အဖေမရှိကတည်းက အမေက ပိုက်ဆံရှာနေရတာနဲ့ ညီမလေးကို မထိန်းအားတော့ဘူး ..အဲ့ဒါကြောင့် ညီမလေးက အမေ့ထက်စာရင် ငါ့ကိုပဲ ကပ်တယ်..ပြန်ပြီကွာ.. မင်းတို့လည်းပြန်တော့မိုးရွာတော့မယ် "
ကလေးသေးသေးလေးကို ကျောပိုးထွက်သွားတဲ့ ၇နှစ်အရွယ်ကောင်လေးကိုငေးကြည့်ရင်း သော့်ကိုသတိရမိသွားသည်။
သော်က ငယ်ငယ်ကတည်းက သူ့ကိုသိပ်ကပ်တာ ..။ ထိုစဉ်က အနိုင်ကျင့်တယ်ထင်၍ မကျေနပ်ဖူးသည်ကိုပြန်တွေးမိကာ
ဦးချီ ခေါင်းငုံ့ရယ်မိ၏။ ရယ်သံတချို့မှာ နောင်တ တရားတွေ ကိန်းဝပ်နေတာ သူပဲသိသည်။ သော်မှာ ဖေဖေမရှိသလို
ယခုဆို မေမေလည်းမရျှိတော့ သော့်ရဲ့အားကိုးခင်တွယ်စရာက သူသာရှိသည်ကို သိရက်နဲ့ သော့်အပ်ါမကြင်နာခဲ့။
" ကိုကိုရေ သော့်ကိုကျောပိုးပါ "
"မပိုးချင်ဘူး မင်းမှာခြေထောက်ပါတာပဲ ကိုယ့်ဖာသာလျှောက်ပေါ့"
" မလျှောက်ချင်ဘူး ကိုကိုပိုးပါ ၊ ကိုကိုကျောက နွေးလို့ သော်အဲ့လိုပဲ နေချင်တယ်"
ကိုကို့ကျောက နွေးသတဲ့လားသော်ရယ်။
ထိုစကားသည် အဖမဲ့သားတစ်ယောက်ဆီမှ လိုချင်ခဲ့သောမိဘမေတ္တာကို သူ့ဆီက အစားထိုးဖို့ ကြိုးစားခဲ့မှန်းသိရင် ကိုကိုမငြင်းဆန်ခဲ့ပါဘူးကွာ။
မိုးလေနံ့ ဟာ တဖြည်းဖြည်းပြင်းလာ၏။
လေတိုက်ခတ်နှုန်းဟာလည်း ပိုမြင့်လာ၏။
သူအိမ်မပြန်နိုင်သေး။
နားထဲမှာ ယခင်က ကြားခဲ့ဖူးသော သော့်စကားတွေသာ ထပ်တလဲလဲကြားနေမိသည်။
" ကိုကိုရေ သော်ကျောင်းမှာ အဆင့်၁ရပြန်ပြီသိလား။ ၁၀တန်းအောင်ရင် သော် ဆရာဝန်ကြီးဖြစ်အအောင်လုပ်ပေးမယ်နော် ..အဲ့ဒါဆို ကိုကို ခုလို မဖျားတော့ဘူး "
သော်ကအပ်ကြောက်ပေးမဲ့ ယခုထိတိုင်အောင် တစ်ခွန်းမညီးညူပဲ သူ့စကားအတိုင်းဖြစ်အောင်လုပ်ပြသွားခဲ့သည်။
" ကိုကို့ကို သော် ကန်တော့ပါတယ်။
သော်မလိမ်မာတာရှိရင် ကိုကိုကပဲ စိတ်ရှည်ခွင့်လွတ်ပေးပါ "
သူ့ခြေဖမိုးမှာထိတွေ့ကန်တော့နေတဲ့
သော်သေးသေးလေး။
ထိုအရာတွေသည်ပုံရိပ်ပမာ သူ့မြင်လွှာမှာတဖျတ်ဖျတ်ပြောင်းနေ၏။ ထို့နောက်
သော်ဘွဲ့ယူတုန်းက ပြုံးနေတဲ့ ပုံလေးတွေ။ ထိုအချိန်က ပြောခဲ့ဖူးတာသတိရမိ၏။
"သော် ကဆရာဝန်လုပ်ရတာမကြိုက်ဖူးကိုကို ၊ ဒါပေမဲ့ ကိုကို နေမကောင်းဖြစ်မှာကို ပိုမကြိုက်ဘူး"တဲ့
မိုးဖွှားတွေ တဖွှားဖွှားကျလာလေပြီ။
သူထိုင်ရာမှမထမိသေး။ တချိန်လုံးသော်ဟာ သူ့ဘေးမှာ ရှိနေခဲ့ပြီး သူ့ကိုအရိပ်တကြည့်ကြည့် ကြည့်နေခဲ့သည်။
သူကရော...သူကရော သော့်အပေါ် ပိုက်ဆံကလွဲပြီး သော်လိုအပ်တဲ့နွေးထွေးမူ့ကို လုံလောက်စွာပေးခဲ့ဖူးရဲ့လား။
လေပြင်းတချက်အဝှေ့ မှာ မိုးရေနဲ့ရော၍ လူက တုန်ခနဲ။
သော် နေမကောင်းဘူး ၊ သူအိမ်ပြန်ရမယ်။ ဟုတ်တယ် သော့်ကို သူတစ်ယောက်ထဲထားခဲ့တာပဲ.. သူ ဒီတခါလည်း အကြီးမပီသခဲ့မိပြန်ဘူး။
ပြီးတော့ သော် အရမ်းနာနေရှာမှာ..
ဖျတ်ခနဲ ထရရပ်မိတော့ ကြာမြင့်စွာ ထိုင်နေခဲ့တဲ့ခြေထောက်တွေက ထုံပေလိုက်၍ လူကယိုင်သွားစဉ်
"ကိုကို "
မိုးသံကြားမှာ ထွက်ပေါ်လာသော အသံလေး။ သူလှည့်ကြည့်မိချိန်တွင် သော်ဟာ သူ့ဆီကို ပြေးလာ၏။ လွှတ်ချခဲ့ဟန်တူတဲ့ ထီးအဝါလေးဟာ လေနဲ့အတူဘုရားရင်ပြင်ပေါ်မှာ ပို့လို့ပက်လက်။
သော်ဟာ ချက်ခြင်း မိုးရေတွေကြောင့်ရွှဲရွှဲစိုကုန်လေသည်။ ပြေးလာတဲ့သော့်ကို
ဆီးကြို ပွေ့ဖက်ရင်း ဦးချီ ရှိုက်ကြီးတငင်ငင်ငိုချလိုက်၏။ သော့်ကိုဖက်ထားရင်း ဝေးရမှာကိုပိုကြောက်လာ၏။ သော်မရှိတဲ့ဘဝကို သူမတွေးရဲသည်မို့ သော့်လည်ပင်းမှာမျက်နှာအပ်ရင်း အသံကျယ်ကြီးဖြင့်အော်ငိုမိ၏။ သော့်လက်ဖဝါးတွေသည် ဦးချီ ကျောမှာ ထပ်အောက်ရွေ့၍ ပွတ်သပ်ချော့မြူနေသော်ငြား သူဝမ်းနည်းမူ့ကမပြေပျောက်ခဲ့။ သူမေ့နေသော အကြောင်းတရားသည် ယခုမူပေါ်ထွက်လာချေပြီ။
သော့်ကိုမချစ်တာမဟုတ်ပဲ ချစ်တာထက်များစွာ ပိုနေခဲ့သည့်အကြောင်းတွေကို မည်သို့ပြောပြရမည်နည်း။ လမ်းခွဲမယ်ပြောလိုက်တုန်းက ရရှိခဲ့တဲ့ နာကျင်မူ့တွေ
ထိုအရာတွေသည် သော်မရှိရင် မဖြစ်ဘူးဆိုတာ မီးမောင်းထိုးပြသလို ။
သော်..ကိုကိုလေ ..မင်းကို...
________
"ဆေးရုံကို စိတ်ချပါဆရာ ၊ ခုရက်ပိုင်း လူနာသိပ်မရှိဘူးဆိုတော့ ကျွန်မပဲ ကြည့်စီစဉ်လိုက်ပါ့မယ်၊ "
" ကျေးဇူးတင်ပါတယ် အန်တီကြူ "
"မလိုပါဘူး ဆရာရယ် ၊သက်သာအောင်သာနေပါ ၊ ဆေးထိုးထားတယ်ဆိုတော့
ည ချွေးတွေထွက်လာလိမ့်မယ် အင်္ကျီလေးလဲပေးမှတော့ဖြစ်မယ် မဟုတ်ရင် ချွေးနဲ့ ပြန်အအေးပတ်နေမှာစိုးလို့ .. "
ဆေးအိတ်ကိုကိုင်လျက် ပြန်ဖို့ မတ်တပ်ရပ်လိုက်တဲ့ အန်တီကြူ ကိုယဲ့ယဲ့သာ
ပြန်ပြုံးပြနိုင်၏။ ဆရာဝန်ကို ဆရာလာလုပ်နေတယ်လို့ မပြောနိုင်အောင်ပင် သူ့လုပ်ရပ်က ကိုကို့ကြောင့်ကလေးဆန်ခဲ့တာပဲမဟုတ်လား။ ဆေးရုံအနှံ့ လိုက်ရှာခဲ့ရသလို... ရွှေမုဠောဘုရားမှာတွေ့ခဲ့သည်ဆိုလို့ လမ်းမှာတွေ့တဲ့ဆိုင်ကယ်ကိုတား၍ လိုက်ပို့ခိုင်းခဲ့ရသေးသည်။
ထိုအချိန်က ကိုကိုသာ ထားသွားရင် ဆိုတဲ့စိတ်ဖြင့် နာလို့နာမှန်း ၊ ဖျားလို့ဖျားနေမှန်းမသိခဲ့လောက်အောင် သောကများခဲ့ရသည်။ ပြန်ရောက်တော့ အချိန်အတော်ကြာမိုးရေထဲနေခဲ့တဲ့ အကျိုးကျေးဇူးကြောင့် လူက မိုက်ခနဲ ဖြစ်သွားသေးသည်။ ထို့ကြာင့်ကိုကို့မှာ စိုးရိမ်တကြီး သူနာပြုဆရာမကြီး အန်တီကြူကိုအပြေးအလွှားသွားခေါ်ရ၏။
"သော် အန်တီကြူ ပြန်သွားပြီလား ..."
" အင်း..ခုပဲ ပြန်သွားတယ် ။ ဘာတွေလဲ..
သော်ဆန်ပြုတ် မသောက်ချင်ဘူး"
လက်ထဲပန်းကန်ကို စားပွဲပေါ်သေချာတင်ပေးပြီးမှ လှဲနေတဲ့ သော့်ကို ဆွဲပွေ့၍ ထူပေးလိုက်သည်။
" ခေါက်ဆွဲပြုတ် ကို ကြက်ဥ နဲ့ပြုတ်လာတာ။ အရင်စားလိုက်ဦး ပူတုန်း"
"ခဏလေး ကိုကို သော်..မေးစရာရှိလို့ပါ "
ဇွန်းကိုင်ထားတဲ့ လက်သည် ငြိမ်သက်သွားသည်။သေချာပြန်ကြည့်လာတဲ့မျက်နှာထက်မှာ သော်မေးမဲ့အကြောင်းတရားကို သိနေသလို ခပ်ဖွဖွပြုံးပြလာ၏။
" သော် မမေးနဲ့ ကိုကိုပဲ ဖြေပါ့မယ်၊
အချိန်တိုင်းမေးနေရလွန်းလို့ သော်ပင်ပန်းခဲ့ပြီးပြီ ၊ ဒီနေ့က စပြီး ကိုကိုကပဲ သော့်ကို
အချိန်တိုင်းပြောပေးပါ့မယ် "
သော့်နားရွက်ဖျားလေးသည် နီစွေးသွားသလို အဖြူ ရောင် ပါးပြင်သည်လည်း ပန်းနုရောင်သန်းသွားလေသည်။
ပြုံးယောင်နေတဲ့ နှုတ်ခမ်းတွေကြောင့်
ပါးပေါ်က ပါးချိုင့်ခွက်ကလေးသည် ခပ်ရေးရေးပေါ်နေ၏။ မျက်လွှာချထားတဲ့ အချိန်မှာသာ ထင်းနေအောင်ပေါ်တက်တဲ့ မျက်တောင်ဖျားတွေ ။
အချိန်တိုင်း ဘေးမှာရှိနေခဲ့သော သော်သည် ထိုမျှထိ လှသတဲ့လား။
ကြယ်လေးတစ်လုံးလို တလဲ့လဲ့တောက်နေတက်တဲ့ မျက်လုံးလေးတွေကို မြင်ချင်တာကြောင့် မေးကနေဆွဲမော့ကာ အကြည့်ခြင်းဆုံစေပြီးလျှင်
"သော် "
တိုးလျလျ အသံဆိုသော်ငြား အမိန့်ပေးစေခိုင်းနိုင်လောက်အောင်ထိ ညို့ငင်မူ့ရှိ၏။
သော့်နှလုံးသားသည် စူးရဲနေတဲ့ ကိုကိုအကြည့်တွေကြောင့် ယိမ်းနွဲ့ခုန်ပေါက်နေသကဲ့သို့။
" ချစ်တာကို မမြင်နိုင်လောက်အောင်ထိ ကိုကိုမင်းကို အချစ်လွန်နေခဲ့တာ "
မျှော်လင့်ခဲ့ဖူးသော ထိုစကားကို ကြားရပြန်တော့လည်း နှလုံးသားက ခံနိုင်ရည်မရှိ။
" မငိုနဲ့ ၊ အချိန်တိုင်း မင်းရိုးသွားအောင်ထိ
ကိုကိုပြောမယ်၊ သိပ်ချစ်တယ် သော်။ မင်းတစ်ယောက်ထဲနဲ့ စပြီး မင်းတစ်ယောက်ထဲကိုပဲ သေတဲ့အထိ ချစ်သွားမှာ ယုံ"
ပါးပြင်ကိုတယုတယ သုတ်ပေးနေတဲ့ လက်တွေကို သော်ဆုပ်ကိုင်၍ ထိုလက်ပေါ်မှာ မျက်နှာအပ်ကာ ငိုမိ၏။
သော် ကိုကို့ကိုချစ်လာခဲ့ရတာ ၈နှစ်ရှိပြီ။
ပြန်ချစ်လာစေချင်ခဲ့သော်လည်း မမျှော်လင့်ခဲ့ဖူးသော မေတ္တာ ရောင်ပြန်ဟပ်လာခဲ့တဲ့အချိန်မှာတော့ ဝမ်းနည်းမူ့ကအတိုင်းအဆမရှိ။ ဒီနေ့မှစ၍ ကိုကိုနဲ့သော်သည်
အပြန်အလှန် ချစ်မြတ်နိုးခဲ့သူများဖြစ်လာခဲ့လေပြီ။ နှစ်ပေါင်းများစွာ အတူနေခဲ့ကြသူတွေမို့ သော် ကိုကို့အကြောင်းကိုသိသည်။
ပုံညာဦးချီ၏ နှုတ်က ချစ်တယ် ဟုပြောလျှင် ထိုစကားသည် သေတဲ့အထိ တည်နေမည်ဖြစ်ကြောင်း..သော်ကလွဲပြီး မည်သူသိနိုင်မှာလဲ...
ချစ်တဲ့အိမ်စည်။
( နက်နဲတဲ့ကိစ္စကို ဆရာကြီတွေပဲနားလည်တာ။ အထက်အောက်တွေ မမေးနဲ့ဖြေရတာရှက်လို့ )
Bạn đang đọc truyện trên: ZingTruyen.Xyz