နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
46
အခ်ိန္အားျဖင့္ မနက္ ၈နာရီခန္႔တြင္
တံငါကုန္း႐ြာ သို႔ ထြက္ခြာမည့္ လိုင္းကားသည္ ခရီးသည္မ်ားကို တင္ေဆာင္လ်က္ေဆးရုံဝန္းထဲသို႔ဝင္ေရာက္လာ၏။
ေနာက္ခန္းတြင္ ခရီးသည္ အမ်ားအျပား
တင္ေဆာင္လာေသာ္လည္းေရွ႕ကားေခါင္းခန္းမွာေတာ့ ေနရာလြတ္ေနဆဲပင္။
ပြမ္ ပြမ္!!
အျဖဴေရာင္ တစ္ထပ္တိုက္ ကေလးေရွ႕တြင္ ဟြန္းျမည္သံေပးလိုက္စဥ္ ေသာ္တစ္ေယာက္ ကိုကိုေပးတဲ့ လက္ရွည္ အဝါေရာင္ေလးကို ယူဝတ္လိုက္ရင္းေရွ႕ကေန ထြက္ကာ ေသာ့ပိတ္ရန္ တံခါးမႀကီးေရွ႕တြင္ရပ္ေစာင့္လိုက္၏။
ကိုကိုကေတာ့ ေနာက္ကေန အထုတ္အပိုးမ်ားျဖင့္ အနိုင္မနင္းျဖစ္ေနေသာ္ျငား ေသာ့္ကိုေတာ့ ဖုန္းတစ္လံုးေတာင္ မသယ္ခိုင္းပါေခ်။
"ကိုကို ငါသယ္မယ္ တစ္ထုတ္ေပး "
"ရတယ္ ေရွ႕ကေနသြား "
ညာဖက္လက္ထဲတြင္ အဝတ္အိတ္တစ္ထုတ္ကိုင္ထားၿပီး ဘယ္ဖက္လက္ထဲတြင္ေတာ့ ႐ြာထဲက ပါးပါးတို႔အသိေတြလာေပးထားေသာ ႐ြာထြက္လက္ေဆာင္ မ်ားကို စုေပါင္းကိုင္ေဆာင္ထားေလသည္။
ခရီးေဆာင္အိတ္ထဲတြင္ နွစ္ေယာက္စလံုး၏ အသံုးအေဆာင္အဝတ္အစားမ်ားကို အတူတကြ ေပါင္းထည့္ထားတာမို႔
အနည္းငယ္ ျပည့္ေဖာင္းခ်င္ေန၏။
ဦးခ်ီ အျပင္ေရာက္တာနွင့္တၿပိဳင္နက္ ေသာ္က အိမ္တံခါးကို ဆြဲပိတ္လ်က္ေသာ့ခတ္လိုက္သည္။
လက္ရွိ ေဆးရုံမွာ ဖ်ားနာလူနာ နွစ္ေယာက္နွင့္ ေမြးလူနာ တစ္ေယာက္သာရွိၿပီး
လူနာ နည္းပါးေနတာေၾကာင့္ ေသာ္ ခြင့္သံုးရက္ ယူကာ တံငါငွာကုန္းသို႔ျပန္ဖို႔ စိတ္ကူးမိျခင္းျဖစ္သည္။
"ေသာ္ ကိုကို အရင္ တက္မယ္။ အလယ္ခုံက ပူတယ္ ေသာ္က ျပတင္းေပါက္နားက ေနရာမွာ ထိုင္ မဟုတ္ရင္ ခံုပူၿပီးကားမူးမယ္"
"ဟုတ္"
ကားေမာင္းသူေဘးမွာ ခံုနွစ္ခုရွိ၏။ အလယ္ခံု၏ ေအာက္တြင္ အင္ဂ်င္ ရွိတာေၾကာင့္ ၾကာၾကာစီးရင္ ဖင္ပူတက္၏။
ထို႔ေၾကာင့္ ေသာ့္ကို ေဘးထိုင္ခိုင္းကာ သူကေတာ့ ထိုအလယ္ခံုေနရာကိုယူလိုက္၏။ ကားကေလး သည္ တေ႐ြ႕ ေ႐ြ႕စတင္ေမာင္းေနေလၿပီ။ ေသာ္သည္ ျပတင္းေပါက္ကို ေမးတင္လ်က္ ျပင္ပရူ ႔ခင္းမ်ားကို ေငးေမာေနသည္။
လြတ္လပ္ေသာစိတ္ႏၵျဖင့္ ေသာ့္ပံုစံသည္ ကေလးတစ္ေယာက္လို ေပါ့ပါးလွသည္။
ဝါလြင္လြင္ ရွပ္လက္ရွည္ကေလး သည္
ေသာ့္အသားေရျဖင့္လိုက္ကာ ခ်စ္စရာ သြင္ျပင္ရွိေသာ ကေလးငယ္သဖြယ္။
ဆရာဝန္ျဖစ္စကတည္းက သပ္ရပ္စြာၿဖီးသင္တက္ေသာ ဆံႏြယ္ေလးမ်ားသည္
ယခုမူ ေလတိုးဒဏ္ေၾကာင့္ လႈပ္ခါယိမ္းႏြဲ႕လ်က္။
" ဆရာတို႔က တံငါကုန္း႐ြာက ေဇာတိက ဆိုင္နဲ႔ ေဆြမ်ိဳးေတြလားဗ် "
ကားသမား စကားေၾကာင့္ ေသာ့္ကို ေငးေနရာမွ လွည့္ၾကည့္ရင္း ေခါင္းညိမ့္ျပလ်က္
" ကြၽန္ေတာ့္မိဘေတြပါ "
" ေဟာ္ဗ်ာ ၊ ကြၽန္ေတာ္က ေဆြမ်ိဳးေတြေလာက္ပဲထင္တာ ၊ ေဇာတိက ဆိုင္က ကြၽန္ေတာ္တို႔ တနယ္လံုး နာမည္ႀကီး ဆိုေတာ့ မသိသူမရွိပဲဗ်။ကြၽန္ေတာ္တို႔ မိသားစုလက္ငုတ္လက္ရင္းက ေတာင္သူေတြဆို ေတာ့ ပဲစိမ္းငံု ၊ေျမပဲ ဆိုရင္ မျပတ္တမ္း
ေဇာတိက ပြဲရုံကိုပို႔ခဲ့ရတာေပါ့ "
"ဟုတ္ကဲ့ "
"ဒါနဲ႔ ဆရာတို႔ကိုေတာ့ ကြၽန္ေတာ္ မျမင္ဖူးဘူးဗ်။ ကြၽန္ေတာ္က တံငါကုန္းနဲ႔ သံုးရက္ျခား တစ္ခါ လိုင္းထြက္ေတာ့ အၿမဲေရာက္ေနၾကမို႔ပါ။ ခုလည္း ေနာက္က
ခရီးသည္ေတြက ေဇာတိကပြဲရုံကို သြားမဲ့ခရီးသည္ေတြေလ "
" မေတြ႕ဆို ကြၽန္ေတာ္က မန္းေလးေနတာမ်ားလို႔ပါ။ "
ကားဆရာက သေဘာေကာင္းပံုရကာ
အဆက္မျပတ္စကားေျပာလိုက္လာသည္။ ဦးခ်ီကေတာ့ ေမးသမ်ွေျဖေနတယ္ဆိုေပမဲ့ မ်က္လံုးေတြကေတာ့ ေသာ့္ထံပါးမွမခြာ။ ေသာ္က ကားအရမ္းလႈပ္ရင္ ေခါင္းမူးတက္သည္။ လမ္းက ဆိုးဝါးတယ္မဟုတ္ေသာ္ျငား ေျမနီလမ္းမို႔ တခ်ိဳ ႕ေနရာေတြဆို ခ်ိဳင့္ေတြခြက္ေတြ ရွိ၍ အနည္းငယ္ေတာ့ ခါရမ္းေနတက္၏။
" ေသာ္ မူးေနလား ၊ လာ ကိုကို႔ကို မွီထား "
ေသာ္မူးရင္ ေအာ့အန္ၿပီးမူးတာမဟုတ္။
တရိပ္ရိပ္ေခါင္းေတြ မူးေနတက္တာမ်ိဳးျဖစ္၏။ အသာအယာ သူ႔ဖက္ကို ဆြဲယူမွီေစၿပီး လက္နဲ႔ နားထင္ေတြကို နွိပ္ေပးေနမိစဥ္
စကားမ်ားေသာ ကားဆရာက တအံတၾသလွည့္ၾကည့္ရင္းထပ္ေမးလာ၏။
"ဆရာတို႔ က တကယ္ပဲ႐ြာထဲမွာ ေျပာေနၾကတဲ့ အတိုင္းလားဟင္၊ စပ္စုတာေတာ့မဟုတ္ေပမဲ့ နွစ္ေယာက္စလံုးက ညီအကိုလိုပံုစံမ်ိဳးျဖစ္ေနေတာ့"
ဦးခ်ီ လူေတြကို တကယ္စိတ္ပ်က္တာပဲ။
သူဟာ ဖခင္နွစ္ေယာက္ကေနေမြးေသာ သားမို႔ လူ႔ပတ္ဝန္းက်င္ရဲ႕ စိတ္ဝင္စားမူ႔ကိုငယ္စဥ္ကတည္းက ခံစားရသူပင္။
မည္သို႔ပင္ ေျပာင္းလဲလာေသာ ေခတ္စနစ္ျဖစ္ပါေစ လူေတြရဲ႕အမူအက်င့္က ေျပာင္းလဲမသြားေပ။ အားေန တပါးသူ ၏
လူ ႔အခြင့္အေရးကို အတင္းအဖ်င္းအျဖစ္ သမုတ္ၾကသည္။ အျပစ္ျမင္ၾကသည္။
ခုလည္းကားဆရာသည္ ထို႔အတိုင္းျဖစ္သည္။ စပ္မစုပါဘူးဟု ေျပာေသာ္ျငား မ်က္လံုးတို႔က တခ်က္တခ်က္ေရာက္လာကာ ေသခ်ာၾကည့္ေနမွန္း သိသာေစေအာင္ပင္။
"သူတို႔ေျပာတဲ့ အတိုင္း ေသာ္က ကြၽန္ေတာ့္အမ်ိဳးသားပါ ။ ရွက္စရာမဟုတ္လို႔ လိမ္စရာမရွိပါဘူး။ ကြၽန္ေတာ့္မိဘေတြလိုေပါ့။ သူတို႔ေနထိုင္တဲ့ ဘဝတစ္ေယာက္လံုး အေကာင္းဆံုးျပဳ မူေနထိုင္ခဲ့ၾကတယ္။ အဲ့အတြက္ မည္သူတစ္ဦးတစ္ေယာက္ကမွ
မေလးမစား ၊ မထီမဲ့ျမင္ မေစာ္ကားဝင့္ဘူး ဗ်။ ဂုဏ္သိကၡာနဲ႔ စိတ္ဓာတ္ေရးရာကိုပဲၾကည့္....ပါးပါးတို႔က တနယ္လံုး သိၾကတဲ့အတိုင္း နာမည္ပ်က္ တစ္စြန္းတစေတာင္ရွိခဲ့ဘူးတာမဟုတ္ဘူး။ ကြၽန္ေတာ္လည္း အဲ့အတိုင္းပဲ။ ယေသာ္နဲ႔ ကြၽန္ေတာ္က ၅နွစ္အ႐ြယ္ကတည္းက သူငယ္ခ်င္းေတြျဖစ္လာခဲ့တာ။ ယေသာ္ မွာ ကြၽန္ေတာ္ကလြဲၿပီး တျခားသူမရွိခဲ့သလို ကြၽန္ေတာ္ကလည္း ယေသာ္ကလြဲၿပီး ေယာက်ာ္း၊မိန္းမ
ဘယ္သူပဲျဖစ္ျဖစ္ ေစ့ေစ့ေတာင္မၾကည့္ဖူးဘူး။ ဒါမွန္ေသာစကားပဲ။ ဒီအသက္အ႐ြယ္အထိ အေကာင္းဆံုးေနထိုင္ခဲ့ၿပီးၿပီျဖစ္တဲ့ အတြက္ ဘယ္သူ႔အျမင္မွ ဂရုမစိုက္ေတာ့ဘူး။ အဲ့အတြက္ ကြၽန္ေတာ္တို႔ ကို ကြၽန္ေတာ္တို႔ သိကၡာလံုတယ္။ က်န္ခဲ့တဲ့အတိတ္ကိုပဲ ၾကည့္ၾကည့္ ၊ ေရွ႕ဆက္ရမဲ့အနာဂတ္ကိုပဲၾကည့္ၾကည့္
ကိုယ္သမိုင္းကိုယ္ေရးရမွာပဲ။ ပတ္ဝန္းက်င္ရဲ႕ အျမင္ကို ကြၽန္ေတာ္ဂရုမစိုက္တက္ဘူး ။ အဓိက က ယေသာ္ေပါ့။ သူစိတ္ခ်မ္းသာရင္ ကြၽန္ေတာ္ ေပ်ာ္တယ္။
ဒီေလာက္ပါပဲ "
ပုခံုးေပၚကို မွီတင္ထားတဲ့ ေခါင္းကေလးသည္ အနည္းငယ္ လႈပ္ရမ္းကာ ေခါင္းေအာက္က ပုခံုးသားကို ဆံပင္နက္နက္ေတြနွင့္ပြတ္သပ္ထိေတြ႕ရင္း နႈတ္ခမ္းပါးတစ္စံုကေတာ့ လွပစြာေကာ့႐ြန္းလ်က္။
မခ်စ္ဘူး မခ်စ္ဘူးနဲ႔ မင္းငါ့ကို ခ်စ္ေနတာအသိသားႀကီး ကိုကို။
ကားသမားသည္ အားနာစြာ ပါးစပ္ပိတ္သြားေခ်ၿပီ။ မူးေနွာက္ေနတဲ့ ေသာ့္ကို
နွိပ္နယ္ေပးရင္း ဦးခ်ီကေတာ့ ခပ္တည္တည္ပင္။
_______
" ကိုေကာင္းေရ ကားလာၿပီေဟ့ "
ျမသက္အသံသည္ တံငါကုန္း႐ြာရွိ
ေဇာတိကကုန္စံုဆိုင္ႀကီးမွာ ပဲ့တင္သြားလ်က္။
သိပ္မၾကာခင္ ေကာင္းခ်ီ နွင့္သက္ပံု သည္ အေျပးအလႊား အိမ္ေရွ႕ေျပးထြက္ခဲ့ၾက၏။
ထိုေန႔က ေစ်းဆိုင္ႀကီးပိတ္ထားေသာ္ျငား သူတို႔အကုန္လံုး အလုပ္ရႈတ္ေနၾက၏။ အေၾကာင္းမွာ မနက္ဖန္ ဘုန္ႀကီးေက်ာင္းငါးေက်ာင္းကိုပင့္ဖိတ္လ်က္ ဆြမ္းကပ္
မည္ျဖစ္၍ပင္။
ဒိုင္နာကားေသးေလးသည္ ပြဲရုံဖက္ျခမ္းေရွ႕တြင္ရပ္တန္႔သြား၏။ ေစ်းဆိုင္နွင့္ပြဲရုံသည္ ကပ္လ်က္ ဆိုေသာ္ျငား သက္ပံု တစ္ေယာက္ ကေလးေတြ အိမ္ဖက္ ေလ်ွာက္လာတဲ့အထိ မေစာင့္နိုင္စြာ ခပ္သြက္သြက္ ကားေဘးကိုကပ္သြားလိုက္သည္။
"သားငယ္ ေသာ္ေသာ္ ေနမေကာင္းဘူးလား "
အရင္ဆင္းလာတဲ့ ေသာ္သည္ မ်က္နွာႏြမ္းဖက္ဖက္မို႔ လက္ကိုတြဲလ်က္ေမးလိုက္၏။
"မဟုတ္ဘူး သက္ပံု၊ ေသာ္က လမ္းၾကမ္းရင္ အဲ့လိုပဲ ကားမူးတက္တယ္"
ဦးခ်ီက ဝင္ေျဖျခင္းျဖစ္၏။
သက္ပံုက ဦးခ်ီကို ခဏၾကာမ်ွသာၾကည့္ၿပီး
ေသာ့္လက္ကိုအသာဖြဖြပုတ္လ်က္
"လမ္းက အေတာ္ဆိုးလား ျပန္ရင္ ဆိုင္ကယ္ယူသြားေလ ကားဆိုမူးေနအံုးမယ္။
ေဒါင္းကေလး ေျပာေတာ့ ေစ်းကလည္းေစ်းရုံနဲ႔ ေဝးတယ္ဆို ဘာဘာညာညာ သြားရေအာင္ ဆိုင္ကယ္ရွိေတာ့ပိုအဆင္ေျပတာေပါ့ "
အထုတ္ေတြပိုးေတြ ကားေပၚကခ်လ်က္ ဦးခ်ီ အျပန္ သက္ပံု ေျပာသလို ယူသြားဖို႔ ဆံုးျဖတ္လိုက္၏။ ယေသာ္လင္းကေတာ့ သူ႔အျပစ္နဲ႔သူမို႔ အသံမထြက္ရဲေသး။ တိတ္တခိုးၿပံဳးကာ မမျမသက္လက္ထဲ ေသးတဲ့အထုတ္တခ်ိဳ႕ေပးကာ ဦးခ်ီ ခရီးေဆာင္အိတ္ဆြဲ၍ အထဲအရင္ဝင္သြားလိုက္၏။ သက္ပံုနဲ႔ ေသာ္ လြတ္လြတ္လပ္လပ္ေျပာၾကေစရန္ပင္။
"သားငယ္ သက္သာလား "
"သက္သာပါတယ္ သက္ပံု ၊ ဟို
သားကို စိတ္ဆိုးေနတုန္းလားဟင္ "
သက္ပံု မ်က္နွာက ေဒါသ ၊အမုန္း တစံုတစ္ခုမွမရွိပဲ ပကတိ ေအးခ်မ္းလ်က္။
သက္ပံုက ေသာ့္စကားေၾကာင့္ၿပံဳး၏။
ထို႔အၿပံဳးေၾကာင့္ မေနတက္စြာ ေခါင္းငံုလိုက္မိသည္ထိပင္။ သက္ပံုတို႔တေတြ ျဖဴ စင္ရုိးသားေလ ၊ ေဒါသမရွိေလ ေသာ္ စိတ္မလံုေလပင္။
"ေဖေဖက ဘာေၾကာင့္ ေသာ္ေသာ္ကိုစိတ္ဆိုးရမွာလဲ။ ေဖေဖ ဆူတယ္ဆိုတာ
တျခားအေၾကာင္းေၾကာင့္မဟုတ္ဘူး သား.. လက္ထက္မယ္ဆိုရင္ေတာင္မိဘေတြရွိေသးတာပဲ ေဖေဖတို႔ကိုမေျပာပဲ လုပ္လိုက္တာကို ဝမ္းနည္းသြားတာ"
"မဟုတ္ဘူး သက္ပံု။ သားတို႔ လက္မထက္ရေသးပါဘူး။ "
"ဒါဆို ဘာလို႔..."
သက္ပံုထံမွာ ဇေဝဇဝါ အၾကည့္ေတြေၾကာင့္ သက္ျပင္းခ်ကာ ျဖစ္ေၾကာင္းကုန္စင္ေျပာရေတာ့သည္။ ဖခင္တစ္ေယာက္ထံမွာ
ူသူ႔သားကို မရမက လုပ္ႄကံထားရတဲ့အေၾကာင္းကို ေျပာျပရတာ ရွက္စရာဆိုေပမဲ့ ေသာ္ အမွန္အတိုင္းေျပာျပလိုက္သည္။
စကားဆံုးေတာ့ သက္ပံုတစ္ေယာက္ ဟက္ဟက္ပတ္ပတ္ရယ္ေမာေတာ့သည္။
ေသာ္ကေတာ့ရွက္႐ြံစြာ မ်က္နွာရဲရဲျဖင့္ သက္ပံုေဘးကိုရပ္ေနမိသည္။
ကိုကို ႔၏ အသံုးမက်မူ ႔ေၾကာင့္ ေသာ္ကေတာ့ သက္ပံုေရွ႕မွာ ရွက္႐ြံေနရေလၿပီ။
" ဟားဟား သားရာ။ အျဖစ္မွန္က အဲ့လိုလား..ေသာ္ သားအျဖစ္က ဟားဟား ..sorry သားငယ္ ေဖေဖေလွာင္တာမဟုတ္ဘူး ခ်စ္စရာေကာင္းလို႔ "
သက္ပံု မ်က္ဝန္းေတြမွာ ရယ္ရလြန္းလို႔ မ်က္ရည္စေတြပါ တြဲခိုလ်က္။ ထို႔ေနာက္သက္ပံုက သူ႔မ်က္ဝန္းေထာင့္က မ်က္ရည္စေတြလက္မျဖင့္သုတ္ကာ
"အဟမ္း ေဖေဖသိသေလာက္ေတာ့ ဦးခ်ီက တအားရုိးသားတဲ့ေကာင္ကြ။ သူ႔ပါးပါးလည္းရုိးတယ္ဆိုေပမဲ့ ေကာင္းခ်ီ လူပ်ိဳဘဝက ေစ်းမွာကုန္ထမ္းဖူးခဲ့ေတာ့ ျဖတ္သန္းခဲ့ရတဲ့ ပတ္ဝန္းက်င္က လူစံုတယ္။ ေနရာမ်ိဳးစံုမွာ က်င္လည္ခဲ့ရတာဆိုေတာ့ ေကာင္းခ်ီက ဦးခ်ီထက္စာရင္ လူရည္လည္တယ္။ ဦးခ်ီက်အဲ့တိုင္းမဟုတ္ဘူး။ သူက ငယ္ငယ္ကတည္းက ေသာ့္ေသာ့္မ်က္နွာပဲ ၾကည့္ေနခဲ့ရသူမို႔လားမသိဘူး ပတ္ဝန္းက်င္ကိုစိတ္ဝင္စားမူ႔သိပ္မရွိဘူး။ အဲ့ဒါေၾကာင့္နည္းနည္းေတာ့တံုးတယ္"
" ဘာပဲေျပာေျပာ သားဖက္က ခုလို
ဖန္တီးယူလိုက္တာေကာင္းပါတယ္။ မဟုတ္ရင္ သားငယ္ အသက္ႀကီးတဲ့ထိ ေမာင္ေလက်ယ္က လႈပ္မွာမဟုတ္ဘူး။ လာ အေပၚသြားရေအာင္ ေအာက္ထပ္က ဆိုင္ပိတ္ထားေတာ့ ပူတယ္"
ေအာက္ထပ္ ေစ်းဆိုင္ႀကီးသည္ အဝင္ဝ တံခါးတစ္ခ်ပ္သာဖြင့္ထားကာသည္မို႔ ခါတိုင္းလို ခင္းက်င္းထားတဲ့ ပစၥည္းမ်ားမရွိပဲ
အထဲမွာတင္ စုၿပံဳလ်က္ ေလဝင္ေလထြက္မရွိလွ။
" ဆိုင္ဒီေန႔ပိတ္တာလား သက္ပံု "
" အင္း ပြဲရုံပဲဖြင့္ထားတယ္ ။ေစ်းဆိုင္ကေတာ့ ေစ်းမေရာင္းအားလို႔ ဆိုင္ပိတ္ထားတာ။ ပိတ္မွလည္းျဖစ္မွာေလ။ မဟုတ္ရင္ ေနာက္ေဖးခ်က္ျပဳတ္ေနၾကတဲ့ သူေတြေရာရွိေတာ့ ေဖေဖတို႔ ဝိုင္းကူလုပ္ေပးနဲ႔ ေရွ႕ေစ်းဆိုင္က ပစ္ထားသလိုျဖစ္ေနမွာပဲေလ "
"ဘာပြဲရွိလို႔လဲ သက္ပံု။ ခ်က္ျပဳတ္ေနၾကတာအမ်ားႀကီးလားလို႔"
အေပၚထပ္တက္တဲ့ေလွခါးေဘးမွာ အလွဴမီနီယမ္း ေဘးဆြဲတံခါးေလးရွိ၏။ ထိုတံခါးကေန႔ခင္းပိုင္းေတြဆို လင္းလင္းခ်င္းခ်င္းရွိေအာင္ ဖြင့္ထားေလ့ရွိတာမို႔ ေအာက္မွာ ခ်က္ျပဳတ္ေနၾကတဲ့ လူေတြနဲ႔ မိုးၿပဲ ဒယ္အိုးႀကီးေတြကို လွမ္းျမင္ေနရ၏။
"မနက္ဖန္သားတို႔ နွစ္ေယာက္အတြက္
မဂၤလာဆြမ္းကပ္ရွိတယ္ေလ "
"ဗ်ာ"
"ဟုတ္တယ္ သားက ခြင့္ရက္အၾကာႀကီးမရဘူးဆိုေတာ့ အားျခင္း စီစဥ္လိုက္ရတယ္။ မွာသား ( မွာသားဆိုတာ ခုတ္ေရာင္းတဲ့ အသားကိုေျပးဝယ္ရတာမဟုတ္ပဲ သားမသတ္ခင္ကတည္းက ေလာက္ငွေအာင္ အခ်ိန္ဘယ္ေလာက္ယူမွာေနာ္ ဆိုၿပီး မွာရတာမ်ိဳး ) မခ်က္ခ်င္လို႔ ငါးေျခာက္ခ်က္ ၊ပဲဟင္းခ်ိဳ နဲ႔ သရက္ခ်ဥ္ ၊ အငန္ေၾကာ္စီစဥ္ထားတယ္။ "
ေသာ္ မ်က္လံုးေလးဝိုင္းသြား၏။ တဆက္ထဲ စိတ္ပူသြားတာမို႔ ...
"ကိုကိုကေရာ လက္ခံပါ့မလား"
"စိတ္မပူနဲ႔ လာအေပၚသြားရေအာင္"
သက္ပံုကေတာ့ေအးခ်မ္းသူမို႔ ခပ္ပါးပါးၿပံဳးလ်က္သက္ေတာင့္သက္သာရွိေသာ္လည္း
ေသာ္ကေတာ့ထိုသို႔မေနနိုင္ပါေခ်။
ကိုကိုက ရက္သိ၊ ႐ြာသိ ေသာ္တို႔အေနအထားကို လက္ခံနိုင္ပါ့မလားဆိုတာေသာ္ကိုယ္တိုင္လည္း ယံုၾကည္မူ႔မရွိတာမို႔
စိတ္အေတာ္ႀကီးပူေနမိသည္။
ကိုယ့္ဖက္ေတာ့ ကိုကို႔ကိုဆိုရင္
အေသရရ အရွင္ရရ လိုခ်င္ပါတယ္ဆိုေသာ္ျငား ပံုညာဦးခ်ီကရွက္ရွက္ျဖင့္ ျငင္းလိုက္ရင္ျဖင့္ အရွက္ကြဲမည့္အျပင္ အသည္းပါအဆစ္ကြဲအံုးမည္။
_________
ပံုညာဦးခ်ီ၏ အခန္းသည္ အရင္လို မဟုတ္ေတာ့ၿပီ။ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ အခန္းတြင္းမွာ အသစ္တပ္ဆင္ထားေသာ ဇာအနားသတ္လိုက္ကာ ငယ္သည္ ျမစ္ဆိပ္မွ ေဝ့ဝဲ တိုက္ခတ္ ေလေၾကာင့္ တဖ်ပ္ဖ်ပ္ လႈပ္ခတ္လ်က္ရွိ၏။ မီးအလင္းေရာင္ေၾကာင့္ အခန္းတြင္း ထင္းလင္းေနကာ
နွစ္ေယာက္အိပ္မကတဲ့ ကြၽန္းကုတင္ႀကီးက ဦးခ်ီ အရင္အိပ္ေနၾကကုတင္ထက္ပင္ႀကီးေသး၏။ အိပ္ယာေပၚတြင္ ပန္းႏုေရာင္ အိပ္ယာအျပင္အဆင္သည္ ခါတိုင္းနွင့္မတူစြာ လွပစြာ အလွဆင္ေပးထားတာမို႔
ေသာ္ အေတာ္ႀကီး မ်က္နွာပူေနရတဲ့ အေနအထားမွာသာ။
"ကိုကို "
ေရခ်ိဳးခန္းထဲထြက္လာတဲ့ ကိုကိုသည္
မ်က္နွာထပ္မွာမည္သို႔ေသာေျပာင္းလဲမူ႔မွမရွိေပ။ ေရလဲပုဆိုးကို ေျပာင္းလဲဝတ္ဆင္ထားသည့္တိုင္ အနည္းငယ္ေတာ့ စိုထိုင္းေနသည့္ပံုမို႔ ေသာ္ထ္ုင္ေနရာမွထကာ ဗီဒိုတံခါးဖြင့္လ်က္ပုဆိုးတစ္ထည္ယူေပးလိုက္၏
" ရာသီဥတုက သိပ္မပူပါဘူး၊ အေအးမိေအာင္ မိုးခ်ဳပ္မွ ေရဘာလို႔ခ်ိဳးေနတာလဲ "
" အိပ္ယာခင္းေတြၾကည့္ပီး ဒီတိုင္းအိပ္ရမွာအားနာလို႔ပါေသာ္ရာ "
ကိုကိုစကားေၾကာင့္လူက ၿပံဳးမိမတက္။
မနက္ဆြမ္းကပ္အေၾကာင္းကိုကိုသိသလား၊ မသိေသးဘူးလား ေသာ္မသိ။
ေရာက္ေရာက္ခ်င္း အထုတ္အပိုးေတြခ်ကာ ခဏေတာင္မနား ပြဲရုံဖက္ေျပးကာ
အလုပ္လုပ္သည္။ ဒီေန႔မွ ကုန္ပို႔လာတဲ့ သူေတြမ်ားေနတာေၾကာင့္ပါးပါးနဲ႔ ကိုကိုကေတာ့ ပြဲရုံမွာ တေနကုန္ပင္ အလုပ္လုပ္ၾကရသည္။
" ကိုကိုေသာ္ ေျပာစရာရွိလို႔ "
တီရွပ္အေဟာင္းတစ္ထည္ဆိုေပမဲ့ မီးပူထိုးကာ ေသခ်ာထည့္သိမ္းထားတာမို႔ ေကာ့ပ်ံလ်က္ ေခါက္ရုိးမ်ားျဖင့္ ထင္းေနေသာ အက်ၤ ီကို ေခါင္းမွစြပ္ဝတ္ေနတဲ့ ကိုကိုက လက္ေပါက္ေတြကိုထည့္ရင္း ေျပာဟု ဆိုသည္။
"ဟို.. ဟို.. မနက္ ကိစၥသိၿပီးၿပီလားဟင္"
"သိတယ္ေလ "
မဝင့္ရဲၾကည့္ေနရာမွ မ်က္လံုးျပဴးသြားလ်က္ ကိုကို႔ေဘးကို ေျပးကပ္၏။
"ဒါဆို ကိုကို မျငင္းဘူးလား"
"ကိုကိုက ဘာလို႔ျငင္းရမွာလဲ"
" ေသာ့္ကို လက္္ထက္ခ်င္ဘူးမို႔လား"
"မထက္ခ်င္ဘူးလို႔ ဘယ္သူေျပာလဲ"
" ဒါဆို ေသာ့္ကိုခ်စ္လား "
"မသိဘူး"
ေျပာၿပီး ကုတင္ေပၚ ေလးဘက္ကုန္းတက္သြားတာမို႔ ေသာ္ေျပးကာ ကိုကို႔ဖင္ႀကီးကိုပိတ္ရုိက္ပစ္လိုက္၏။
ျဖန္း...
" ေသာ့္! "
ဖင္ထိရင္ တစက္မွမခံတဲ့ ကိုကို။
ေအာ္ေပါ့ သူဘာလို ႔အူယားေအာင္လာလုပ္ေနေသးလဲ။
အျမင္ကပ္စြာျဖင့္ ေစာင္ကို ေခါင္းၿမီးၿခံဳကာ စိတ္ေကာက္ပစ္လိုက္၏။
လာမေခ်ာ့ေသာ္ျငား ထပ္ေတာ့ မအာ္ေတာ့။ ထို႔အျပင္ ေသာ္ၿခံဳထားတဲ့ေစာင္ကို ဆြဲလ်က္ သူပါ ေစာင္ထဲဝင္လာ၏။
ထို႔ေနာက္ လက္တစ္ဖက္သည္ ေသာ့္ကို သိုင္းဖက္လ်က္ ေသာ့္ဆံပင္ေတြၾကားမ်က္နွာ အပ္လာတာမို႔ စိတ္မကုန္စြာထပ္ေမးလိုက္၏။
" ကိုကို ခ်စ္လားလို႔ "
"အိပ္ေတာ့ "
ေသာ္ နႈတ္ခမ္းဆူလ်က္ ပါးစပ္ပိတ္သြား၏။ပံုညာဦးခ်ီက အလကားခ်ီးထုတ္ေကာင္ပဲ။ ငတံုး ငအ ငဖ်င္း ။
မင္းဖာသာ ခ်စ္ခ်စ္မခ်စ္ခ်စ္ မနက္ဖန္ဆို
မင္းက ရပ္ေက်ာ္႐ြာေက်ာ္ ငါ့ေယာက်ာ္းျဖစ္လာေတာ့မွာဆိုတာ မေမ့နဲ႔။
ခ်စ္တဲ့အိမ္စည္။
(အပိုင္း၅၀ဇာတ္သိမ္းမွာပါ)
အချိန်အားဖြင့် မနက် ၈နာရီခန့်တွင်
တံငါကုန်းရွာ သို့ ထွက်ခွာမည့် လိုင်းကားသည် ခရီးသည်များကို တင်ဆောင်လျက်ဆေးရုံဝန်းထဲသို့ဝင်ရောက်လာ၏။
နောက်ခန်းတွင် ခရီးသည် အများအပြား
တင်ဆောင်လာသော်လည်းရှေ့ကားခေါင်းခန်းမှာတော့ နေရာလွတ်နေဆဲပင်။
ပွမ် ပွမ်!!
အဖြူရောင် တစ်ထပ်တိုက် ကလေးရှေ့တွင် ဟွန်းမြည်သံပေးလိုက်စဉ် သော်တစ်ယောက် ကိုကိုပေးတဲ့ လက်ရှည် အဝါရောင်လေးကို ယူဝတ်လိုက်ရင်းရှေ့ကနေ ထွက်ကာ သော့ပိတ်ရန် တံခါးမကြီးရှေ့တွင်ရပ်စောင့်လိုက်၏။
ကိုကိုကတော့ နောက်ကနေ အထုတ်အပိုးများဖြင့် အနိုင်မနင်းဖြစ်နေသော်ငြား သော့်ကိုတော့ ဖုန်းတစ်လုံးတောင် မသယ်ခိုင်းပါချေ။
"ကိုကို ငါသယ်မယ် တစ်ထုတ်ပေး "
"ရတယ် ရှေ့ကနေသွား "
ညာဖက်လက်ထဲတွင် အဝတ်အိတ်တစ်ထုတ်ကိုင်ထားပြီး ဘယ်ဖက်လက်ထဲတွင်တော့ ရွာထဲက ပါးပါးတို့အသိတွေလာပေးထားသော ရွာထွက်လက်ဆောင် များကို စုပေါင်းကိုင်ဆောင်ထားလေသည်။
ခရီးဆောင်အိတ်ထဲတွင် နှစ်ယောက်စလုံး၏ အသုံးအဆောင်အဝတ်အစားများကို အတူတကွ ပေါင်းထည့်ထားတာမို့
အနည်းငယ် ပြည့်ဖောင်းချင်နေ၏။
ဦးချီ အပြင်ရောက်တာနှင့်တပြိုင်နက် သော်က အိမ်တံခါးကို ဆွဲပိတ်လျက်သော့ခတ်လိုက်သည်။
လက်ရှိ ဆေးရုံမှာ ဖျားနာလူနာ နှစ်ယောက်နှင့် မွေးလူနာ တစ်ယောက်သာရှိပြီး
လူနာ နည်းပါးနေတာကြောင့် သော် ခွင့်သုံးရက် ယူကာ တံငါငှာကုန်းသို့ပြန်ဖို့ စိတ်ကူးမိခြင်းဖြစ်သည်။
"သော် ကိုကို အရင် တက်မယ်။ အလယ်ခုံက ပူတယ် သော်က ပြတင်းပေါက်နားက နေရာမှာ ထိုင် မဟုတ်ရင် ခုံပူပြီးကားမူးမယ်"
"ဟုတ်"
ကားမောင်းသူဘေးမှာ ခုံနှစ်ခုရှိ၏။ အလယ်ခုံ၏ အောက်တွင် အင်ဂျင် ရှိတာကြောင့် ကြာကြာစီးရင် ဖင်ပူတက်၏။
ထို့ကြောင့် သော့်ကို ဘေးထိုင်ခိုင်းကာ သူကတော့ ထိုအလယ်ခုံနေရာကိုယူလိုက်၏။ ကားကလေး သည် တရွေ့ ရွေ့စတင်မောင်းနေလေပြီ။ သော်သည် ပြတင်းပေါက်ကို မေးတင်လျက် ပြင်ပရူ့ ခင်းများကို ငေးမောနေသည်။
လွတ်လပ်သောစိတ်န္ဒဖြင့် သော့်ပုံစံသည် ကလေးတစ်ယောက်လို ပေါ့ပါးလှသည်။
ဝါလွင်လွင် ရှပ်လက်ရှည်ကလေး သည်
သော့်အသားရေဖြင့်လိုက်ကာ ချစ်စရာ သွင်ပြင်ရှိသော ကလေးငယ်သဖွယ်။
ဆရာဝန်ဖြစ်စကတည်းက သပ်ရပ်စွာဖြီးသင်တက်သော ဆံနွယ်လေးများသည်
ယခုမူ လေတိုးဒဏ်ကြောင့် လှုပ်ခါယိမ်းနွဲ့လျက်။
" ဆရာတို့က တံငါကုန်းရွာက ဇောတိက ဆိုင်နဲ့ ဆွေမျိုးတွေလားဗျ "
ကားသမား စကားကြောင့် သော့်ကို ငေးနေရာမှ လှည့်ကြည့်ရင်း ခေါင်းညိမ့်ပြလျက်
" ကျွန်တော့်မိဘတွေပါ "
" ဟော်ဗျာ ၊ ကျွန်တော်က ဆွေမျိုးတွေလောက်ပဲထင်တာ ၊ ဇောတိက ဆိုင်က ကျွန်တော်တို့ တနယ်လုံး နာမည်ကြီး ဆိုတော့ မသိသူမရှိပဲဗျ။ကျွန်တော်တို့ မိသားစုလက်ငုတ်လက်ရင်းက တောင်သူတွေဆို တော့ ပဲစိမ်းငုံ ၊မြေပဲ ဆိုရင် မပြတ်တမ်း
ဇောတိက ပွဲရုံကိုပို့ခဲ့ရတာပေါ့ "
"ဟုတ်ကဲ့ "
"ဒါနဲ့ ဆရာတို့ကိုတော့ ကျွန်တော် မမြင်ဖူးဘူးဗျ။ ကျွန်တော်က တံငါကုန်းနဲ့ သုံးရက်ခြား တစ်ခါ လိုင်းထွက်တော့ အမြဲရောက်နေကြမို့ပါ။ ခုလည်း နောက်က
ခရီးသည်တွေက ဇောတိကပွဲရုံကို သွားမဲ့ခရီးသည်တွေလေ "
" မတွေ့ဆို ကျွန်တော်က မန်းလေးနေတာများလို့ပါ။ "
ကားဆရာက သဘောကောင်းပုံရကာ
အဆက်မပြတ်စကားပြောလိုက်လာသည်။ ဦးချီကတော့ မေးသမျှဖြေနေတယ်ဆိုပေမဲ့ မျက်လုံးတွေကတော့ သော့်ထံပါးမှမခွာ။ သော်က ကားအရမ်းလှုပ်ရင် ခေါင်းမူးတက်သည်။ လမ်းက ဆိုးဝါးတယ်မဟုတ်သော်ငြား မြေနီလမ်းမို့ တချို့ နေရာတွေဆို ချိုင့်တွေခွက်တွေ ရှိ၍ အနည်းငယ်တော့ ခါရမ်းနေတက်၏။
" သော် မူးနေလား ၊ လာ ကိုကို့ကို မှီထား "
သော်မူးရင် အော့အန်ပြီးမူးတာမဟုတ်။
တရိပ်ရိပ်ခေါင်းတွေ မူးနေတက်တာမျိုးဖြစ်၏။ အသာအယာ သူ့ဖက်ကို ဆွဲယူမှီစေပြီး လက်နဲ့ နားထင်တွေကို နှိပ်ပေးနေမိစဉ်
စကားများသော ကားဆရာက တအံတသြလှည့်ကြည့်ရင်းထပ်မေးလာ၏။
"ဆရာတို့ က တကယ်ပဲရွာထဲမှာ ပြောနေကြတဲ့ အတိုင်းလားဟင်၊ စပ်စုတာတော့မဟုတ်ပေမဲ့ နှစ်ယောက်စလုံးက ညီအကိုလိုပုံစံမျိုးဖြစ်နေတော့"
ဦးချီ လူတွေကို တကယ်စိတ်ပျက်တာပဲ။
သူဟာ ဖခင်နှစ်ယောက်ကနေမွေးသော သားမို့ လူ့ပတ်ဝန်းကျင်ရဲ့ စိတ်ဝင်စားမူ့ကိုငယ်စဉ်ကတည်းက ခံစားရသူပင်။
မည်သို့ပင် ပြောင်းလဲလာသော ခေတ်စနစ်ဖြစ်ပါစေ လူတွေရဲ့အမူအကျင့်က ပြောင်းလဲမသွားပေ။ အားနေ တပါးသူ ၏
လူ့ အခွင့်အရေးကို အတင်းအဖျင်းအဖြစ် သမုတ်ကြသည်။ အပြစ်မြင်ကြသည်။
ခုလည်းကားဆရာသည် ထို့အတိုင်းဖြစ်သည်။ စပ်မစုပါဘူးဟု ပြောသော်ငြား မျက်လုံးတို့က တချက်တချက်ရောက်လာကာ သေချာကြည့်နေမှန်း သိသာစေအောင်ပင်။
"သူတို့ပြောတဲ့ အတိုင်း သော်က ကျွန်တော့်အမျိုးသားပါ ။ ရှက်စရာမဟုတ်လို့ လိမ်စရာမရှိပါဘူး။ ကျွန်တော့်မိဘတွေလိုပေါ့။ သူတို့နေထိုင်တဲ့ ဘဝတစ်ယောက်လုံး အကောင်းဆုံးပြု မူနေထိုင်ခဲ့ကြတယ်။ အဲ့အတွက် မည်သူတစ်ဦးတစ်ယောက်ကမှ
မလေးမစား ၊ မထီမဲ့မြင် မစော်ကားဝင့်ဘူး ဗျ။ ဂုဏ်သိက္ခာနဲ့ စိတ်ဓာတ်ရေးရာကိုပဲကြည့်....ပါးပါးတို့က တနယ်လုံး သိကြတဲ့အတိုင်း နာမည်ပျက် တစ်စွန်းတစတောင်ရှိခဲ့ဘူးတာမဟုတ်ဘူး။ ကျွန်တော်လည်း အဲ့အတိုင်းပဲ။ ယသော်နဲ့ ကျွန်တော်က ၅နှစ်အရွယ်ကတည်းက သူငယ်ချင်းတွေဖြစ်လာခဲ့တာ။ ယသော် မှာ ကျွန်တော်ကလွဲပြီး တခြားသူမရှိခဲ့သလို ကျွန်တော်ကလည်း ယသော်ကလွဲပြီး ယောကျာ်း၊မိန်းမ
ဘယ်သူပဲဖြစ်ဖြစ် စေ့စေ့တောင်မကြည့်ဖူးဘူး။ ဒါမှန်သောစကားပဲ။ ဒီအသက်အရွယ်အထိ အကောင်းဆုံးနေထိုင်ခဲ့ပြီးပြီဖြစ်တဲ့ အတွက် ဘယ်သူ့အမြင်မှ ဂရုမစိုက်တော့ဘူး။ အဲ့အတွက် ကျွန်တော်တို့ ကို ကျွန်တော်တို့ သိက္ခာလုံတယ်။ ကျန်ခဲ့တဲ့အတိတ်ကိုပဲ ကြည့်ကြည့် ၊ ရှေ့ဆက်ရမဲ့အနာဂတ်ကိုပဲကြည့်ကြည့်
ကိုယ်သမိုင်းကိုယ်ရေးရမှာပဲ။ ပတ်ဝန်းကျင်ရဲ့ အမြင်ကို ကျွန်တော်ဂရုမစိုက်တက်ဘူး ။ အဓိက က ယသော်ပေါ့။ သူစိတ်ချမ်းသာရင် ကျွန်တော် ပျော်တယ်။
ဒီလောက်ပါပဲ "
ပုခုံးပေါ်ကို မှီတင်ထားတဲ့ ခေါင်းကလေးသည် အနည်းငယ် လှုပ်ရမ်းကာ ခေါင်းအောက်က ပုခုံးသားကို ဆံပင်နက်နက်တွေနှင့်ပွတ်သပ်ထိတွေ့ရင်း နှုတ်ခမ်းပါးတစ်စုံကတော့ လှပစွာကော့ရွန်းလျက်။
မချစ်ဘူး မချစ်ဘူးနဲ့ မင်းငါ့ကို ချစ်နေတာအသိသားကြီး ကိုကို။
ကားသမားသည် အားနာစွာ ပါးစပ်ပိတ်သွားချေပြီ။ မူးနှောက်နေတဲ့ သော့်ကို
နှိပ်နယ်ပေးရင်း ဦးချီကတော့ ခပ်တည်တည်ပင်။
_______
" ကိုကောင်းရေ ကားလာပြီဟေ့ "
မြသက်အသံသည် တံငါကုန်းရွာရှိ
ဇောတိကကုန်စုံဆိုင်ကြီးမှာ ပဲ့တင်သွားလျက်။
သိပ်မကြာခင် ကောင်းချီ နှင့်သက်ပုံ သည် အပြေးအလွှား အိမ်ရှေ့ပြေးထွက်ခဲ့ကြ၏။
ထိုနေ့က ဈေးဆိုင်ကြီးပိတ်ထားသော်ငြား သူတို့အကုန်လုံး အလုပ်ရှုတ်နေကြ၏။ အကြောင်းမှာ မနက်ဖန် ဘုန်ကြီးကျောင်းငါးကျောင်းကိုပင့်ဖိတ်လျက် ဆွမ်းကပ်
မည်ဖြစ်၍ပင်။
ဒိုင်နာကားသေးလေးသည် ပွဲရုံဖက်ခြမ်းရှေ့တွင်ရပ်တန့်သွား၏။ ဈေးဆိုင်နှင့်ပွဲရုံသည် ကပ်လျက် ဆိုသော်ငြား သက်ပုံ တစ်ယောက် ကလေးတွေ အိမ်ဖက် လျှောက်လာတဲ့အထိ မစောင့်နိုင်စွာ ခပ်သွက်သွက် ကားဘေးကိုကပ်သွားလိုက်သည်။
"သားငယ် သော်သော် နေမကောင်းဘူးလား "
အရင်ဆင်းလာတဲ့ သော်သည် မျက်နှာနွမ်းဖက်ဖက်မို့ လက်ကိုတွဲလျက်မေးလိုက်၏။
"မဟုတ်ဘူး သက်ပုံ၊ သော်က လမ်းကြမ်းရင် အဲ့လိုပဲ ကားမူးတက်တယ်"
ဦးချီက ဝင်ဖြေခြင်းဖြစ်၏။
သက်ပုံက ဦးချီကို ခဏကြာမျှသာကြည့်ပြီး
သော့်လက်ကိုအသာဖွဖွပုတ်လျက်
"လမ်းက အတော်ဆိုးလား ပြန်ရင် ဆိုင်ကယ်ယူသွားလေ ကားဆိုမူးနေအုံးမယ်။
ဒေါင်းကလေး ပြောတော့ ဈေးကလည်းဈေးရုံနဲ့ ဝေးတယ်ဆို ဘာဘာညာညာ သွားရအောင် ဆိုင်ကယ်ရှိတော့ပိုအဆင်ပြေတာပေါ့ "
အထုတ်တွေပိုးတွေ ကားပေါ်ကချလျက် ဦးချီ အပြန် သက်ပုံ ပြောသလို ယူသွားဖို့ ဆုံးဖြတ်လိုက်၏။ ယသော်လင်းကတော့ သူ့အပြစ်နဲ့သူမို့ အသံမထွက်ရဲသေး။ တိတ်တခိုးပြုံးကာ မမမြသက်လက်ထဲ သေးတဲ့အထုတ်တချို့ပေးကာ ဦးချီ ခရီးဆောင်အိတ်ဆွဲ၍ အထဲအရင်ဝင်သွားလိုက်၏။ သက်ပုံနဲ့ သော် လွတ်လွတ်လပ်လပ်ပြောကြစေရန်ပင်။
"သားငယ် သက်သာလား "
"သက်သာပါတယ် သက်ပုံ ၊ ဟို
သားကို စိတ်ဆိုးနေတုန်းလားဟင် "
သက်ပုံ မျက်နှာက ဒေါသ ၊အမုန်း တစုံတစ်ခုမှမရှိပဲ ပကတိ အေးချမ်းလျက်။
သက်ပုံက သော့်စကားကြောင့်ပြုံး၏။
ထို့အပြုံးကြောင့် မနေတက်စွာ ခေါင်းငုံလိုက်မိသည်ထိပင်။ သက်ပုံတို့တတွေ ဖြူ စင်ရိုးသားလေ ၊ ဒေါသမရှိလေ သော် စိတ်မလုံလေပင်။
"ဖေဖေက ဘာကြောင့် သော်သော်ကိုစိတ်ဆိုးရမှာလဲ။ ဖေဖေ ဆူတယ်ဆိုတာ
တခြားအကြောင်းကြောင့်မဟုတ်ဘူး သား.. လက်ထက်မယ်ဆိုရင်တောင်မိဘတွေရှိသေးတာပဲ ဖေဖေတို့ကိုမပြောပဲ လုပ်လိုက်တာကို ဝမ်းနည်းသွားတာ"
"မဟုတ်ဘူး သက်ပုံ။ သားတို့ လက်မထက်ရသေးပါဘူး။ "
"ဒါဆို ဘာလို့..."
သက်ပုံထံမှာ ဇဝေဇဝါ အကြည့်တွေကြောင့် သက်ပြင်းချကာ ဖြစ်ကြောင်းကုန်စင်ပြောရတော့သည်။ ဖခင်တစ်ယောက်ထံမှာ
ူသူ့သားကို မရမက လုပ်ကြံထားရတဲ့အကြောင်းကို ပြောပြရတာ ရှက်စရာဆိုပေမဲ့ သော် အမှန်အတိုင်းပြောပြလိုက်သည်။
စကားဆုံးတော့ သက်ပုံတစ်ယောက် ဟက်ဟက်ပတ်ပတ်ရယ်မောတော့သည်။
သော်ကတော့ရှက်ရွံစွာ မျက်နှာရဲရဲဖြင့် သက်ပုံဘေးကိုရပ်နေမိသည်။
ကိုကို့ ၏ အသုံးမကျမူ့ ကြောင့် သော်ကတော့ သက်ပုံရှေ့မှာ ရှက်ရွံနေရလေပြီ။
" ဟားဟား သားရာ။ အဖြစ်မှန်က အဲ့လိုလား..သော် သားအဖြစ်က ဟားဟား ..sorry သားငယ် ဖေဖေလှောင်တာမဟုတ်ဘူး ချစ်စရာကောင်းလို့ "
သက်ပုံ မျက်ဝန်းတွေမှာ ရယ်ရလွန်းလို့ မျက်ရည်စတွေပါ တွဲခိုလျက်။ ထို့နောက်သက်ပုံက သူ့မျက်ဝန်းထောင့်က မျက်ရည်စတွေလက်မဖြင့်သုတ်ကာ
"အဟမ်း ဖေဖေသိသလောက်တော့ ဦးချီက တအားရိုးသားတဲ့ကောင်ကွ။ သူ့ပါးပါးလည်းရိုးတယ်ဆိုပေမဲ့ ကောင်းချီ လူပျိုဘဝက ဈေးမှာကုန်ထမ်းဖူးခဲ့တော့ ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်က လူစုံတယ်။ နေရာမျိုးစုံမှာ ကျင်လည်ခဲ့ရတာဆိုတော့ ကောင်းချီက ဦးချီထက်စာရင် လူရည်လည်တယ်။ ဦးချီကျအဲ့တိုင်းမဟုတ်ဘူး။ သူက ငယ်ငယ်ကတည်းက သော့်သော့်မျက်နှာပဲ ကြည့်နေခဲ့ရသူမို့လားမသိဘူး ပတ်ဝန်းကျင်ကိုစိတ်ဝင်စားမူ့သိပ်မရှိဘူး။ အဲ့ဒါကြောင့်နည်းနည်းတော့တုံးတယ်"
" ဘာပဲပြောပြော သားဖက်က ခုလို
ဖန်တီးယူလိုက်တာကောင်းပါတယ်။ မဟုတ်ရင် သားငယ် အသက်ကြီးတဲ့ထိ မောင်လေကျယ်က လှုပ်မှာမဟုတ်ဘူး။ လာ အပေါ်သွားရအောင် အောက်ထပ်က ဆိုင်ပိတ်ထားတော့ ပူတယ်"
အောက်ထပ် ဈေးဆိုင်ကြီးသည် အဝင်ဝ တံခါးတစ်ချပ်သာဖွင့်ထားကာသည်မို့ ခါတိုင်းလို ခင်းကျင်းထားတဲ့ ပစ္စည်းများမရှိပဲ
အထဲမှာတင် စုပြုံလျက် လေဝင်လေထွက်မရှိလှ။
" ဆိုင်ဒီနေ့ပိတ်တာလား သက်ပုံ "
" အင်း ပွဲရုံပဲဖွင့်ထားတယ် ။ဈေးဆိုင်ကတော့ ဈေးမရောင်းအားလို့ ဆိုင်ပိတ်ထားတာ။ ပိတ်မှလည်းဖြစ်မှာလေ။ မဟုတ်ရင် နောက်ဖေးချက်ပြုတ်နေကြတဲ့ သူတွေရောရှိတော့ ဖေဖေတို့ ဝိုင်းကူလုပ်ပေးနဲ့ ရှေ့ဈေးဆိုင်က ပစ်ထားသလိုဖြစ်နေမှာပဲလေ "
"ဘာပွဲရှိလို့လဲ သက်ပုံ။ ချက်ပြုတ်နေကြတာအများကြီးလားလို့"
အပေါ်ထပ်တက်တဲ့လှေခါးဘေးမှာ အလှူမီနီယမ်း ဘေးဆွဲတံခါးလေးရှိ၏။ ထိုတံခါးကနေ့ခင်းပိုင်းတွေဆို လင်းလင်းချင်းချင်းရှိအောင် ဖွင့်ထားလေ့ရှိတာမို့ အောက်မှာ ချက်ပြုတ်နေကြတဲ့ လူတွေနဲ့ မိုးပြဲ ဒယ်အိုးကြီးတွေကို လှမ်းမြင်နေရ၏။
"မနက်ဖန်သားတို့ နှစ်ယောက်အတွက်
မင်္ဂလာဆွမ်းကပ်ရှိတယ်လေ "
"ဗျာ"
"ဟုတ်တယ် သားက ခွင့်ရက်အကြာကြီးမရဘူးဆိုတော့ အားခြင်း စီစဉ်လိုက်ရတယ်။ မှာသား ( မှာသားဆိုတာ ခုတ်ရောင်းတဲ့ အသားကိုပြေးဝယ်ရတာမဟုတ်ပဲ သားမသတ်ခင်ကတည်းက လောက်ငှအောင် အချိန်ဘယ်လောက်ယူမှာနော် ဆိုပြီး မှာရတာမျိုး ) မချက်ချင်လို့ ငါးခြောက်ချက် ၊ပဲဟင်းချို နဲ့ သရက်ချဉ် ၊ အငန်ကြော်စီစဉ်ထားတယ်။ "
သော် မျက်လုံးလေးဝိုင်းသွား၏။ တဆက်ထဲ စိတ်ပူသွားတာမို့ ...
"ကိုကိုကရော လက်ခံပါ့မလား"
"စိတ်မပူနဲ့ လာအပေါ်သွားရအောင်"
သက်ပုံကတော့အေးချမ်းသူမို့ ခပ်ပါးပါးပြုံးလျက်သက်တောင့်သက်သာရှိသော်လည်း
သော်ကတော့ထိုသို့မနေနိုင်ပါချေ။
ကိုကိုက ရက်သိ၊ ရွာသိ သော်တို့အနေအထားကို လက်ခံနိုင်ပါ့မလားဆိုတာသော်ကိုယ်တိုင်လည်း ယုံကြည်မူ့မရှိတာမို့
စိတ်အတော်ကြီးပူနေမိသည်။
ကိုယ့်ဖက်တော့ ကိုကို့ကိုဆိုရင်
အသေရရ အရှင်ရရ လိုချင်ပါတယ်ဆိုသော်ငြား ပုံညာဦးချီကရှက်ရှက်ဖြင့် ငြင်းလိုက်ရင်ဖြင့် အရှက်ကွဲမည့်အပြင် အသည်းပါအဆစ်ကွဲအုံးမည်။
_________
ပုံညာဦးချီ၏ အခန်းသည် အရင်လို မဟုတ်တော့ပြီ။ ပန်းရောင်ဖျော့ဖျော့ အခန်းတွင်းမှာ အသစ်တပ်ဆင်ထားသော ဇာအနားသတ်လိုက်ကာ ငယ်သည် မြစ်ဆိပ်မှ ဝေ့ဝဲ တိုက်ခတ် လေကြောင့် တဖျပ်ဖျပ် လှုပ်ခတ်လျက်ရှိ၏။ မီးအလင်းရောင်ကြောင့် အခန်းတွင်း ထင်းလင်းနေကာ
နှစ်ယောက်အိပ်မကတဲ့ ကျွန်းကုတင်ကြီးက ဦးချီ အရင်အိပ်နေကြကုတင်ထက်ပင်ကြီးသေး၏။ အိပ်ယာပေါ်တွင် ပန်းနုရောင် အိပ်ယာအပြင်အဆင်သည် ခါတိုင်းနှင့်မတူစွာ လှပစွာ အလှဆင်ပေးထားတာမို့
သော် အတော်ကြီး မျက်နှာပူနေရတဲ့ အနေအထားမှာသာ။
"ကိုကို "
ရေချိုးခန်းထဲထွက်လာတဲ့ ကိုကိုသည်
မျက်နှာထပ်မှာမည်သို့သောပြောင်းလဲမူ့မှမရှိပေ။ ရေလဲပုဆိုးကို ပြောင်းလဲဝတ်ဆင်ထားသည့်တိုင် အနည်းငယ်တော့ စိုထိုင်းနေသည့်ပုံမို့ သော်ထ်ုင်နေရာမှထကာ ဗီဒိုတံခါးဖွင့်လျက်ပုဆိုးတစ်ထည်ယူပေးလိုက်၏
" ရာသီဥတုက သိပ်မပူပါဘူး၊ အအေးမိအောင် မိုးချုပ်မှ ရေဘာလို့ချိုးနေတာလဲ "
" အိပ်ယာခင်းတွေကြည့်ပီး ဒီတိုင်းအိပ်ရမှာအားနာလို့ပါသော်ရာ "
ကိုကိုစကားကြောင့်လူက ပြုံးမိမတက်။
မနက်ဆွမ်းကပ်အကြောင်းကိုကိုသိသလား၊ မသိသေးဘူးလား သော်မသိ။
ရောက်ရောက်ချင်း အထုတ်အပိုးတွေချကာ ခဏတောင်မနား ပွဲရုံဖက်ပြေးကာ
အလုပ်လုပ်သည်။ ဒီနေ့မှ ကုန်ပို့လာတဲ့ သူတွေများနေတာကြောင့်ပါးပါးနဲ့ ကိုကိုကတော့ ပွဲရုံမှာ တနေကုန်ပင် အလုပ်လုပ်ကြရသည်။
" ကိုကိုသော် ပြောစရာရှိလို့ "
တီရှပ်အဟောင်းတစ်ထည်ဆိုပေမဲ့ မီးပူထိုးကာ သေချာထည့်သိမ်းထားတာမို့ ကော့ပျံလျက် ခေါက်ရိုးများဖြင့် ထင်းနေသော အင်္ကျီကို ခေါင်းမှစွပ်ဝတ်နေတဲ့ ကိုကိုက လက်ပေါက်တွေကိုထည့်ရင်း ပြောဟု ဆိုသည်။
"ဟို.. ဟို.. မနက် ကိစ္စသိပြီးပြီလားဟင်"
"သိတယ်လေ "
မဝင့်ရဲကြည့်နေရာမှ မျက်လုံးပြူးသွားလျက် ကိုကို့ဘေးကို ပြေးကပ်၏။
"ဒါဆို ကိုကို မငြင်းဘူးလား"
"ကိုကိုက ဘာလို့ငြင်းရမှာလဲ"
" သော့်ကို လက်ထက်ချင်ဘူးမို့လား"
"မထက်ချင်ဘူးလို့ ဘယ်သူပြောလဲ"
" ဒါဆို သော့်ကိုချစ်လား "
"မသိဘူး"
ပြောပြီး ကုတင်ပေါ် လေးဘက်ကုန်းတက်သွားတာမို့ သော်ပြေးကာ ကိုကို့ဖင်ကြီးကိုပိတ်ရိုက်ပစ်လိုက်၏။
ဖြန်း...
" သော့်! "
ဖင်ထိရင် တစက်မှမခံတဲ့ ကိုကို။
အော်ပေါ့ သူဘာလို့ အူယားအောင်လာလုပ်နေသေးလဲ။
အမြင်ကပ်စွာဖြင့် စောင်ကို ခေါင်းမြီးခြုံကာ စိတ်ကောက်ပစ်လိုက်၏။
လာမချော့သော်ငြား ထပ်တော့ မအ်ာတော့။ ထို့အပြင် သော်ခြုံထားတဲ့စောင်ကို ဆွဲလျက် သူပါ စောင်ထဲဝင်လာ၏။
ထို့နောက် လက်တစ်ဖက်သည် သော့်ကို သိုင်းဖက်လျက် သော့်ဆံပင်တွေကြားမျက်နှာ အပ်လာတာမို့ စိတ်မကုန်စွာထပ်မေးလိုက်၏။
" ကိုကို ချစ်လားလို့ "
"အိပ်တော့ "
သော် နှုတ်ခမ်းဆူလျက် ပါးစပ်ပိတ်သွား၏။ပုံညာဦးချီက အလကားချီးထုတ်ကောင်ပဲ။ ငတုံး ငအ ငဖျင်း ။
မင်းဘာသာသာ ချစ်ချစ်မချစ်ချစ် မနက်ဖန်ဆို
မင်းက ရပ်ကျော်ရွာကျော် ငါ့ယောကျာ်းဖြစ်လာတော့မှာဆိုတာ မမေ့နဲ့။
ချစ်တဲ့အိမ်စည်။
(အပိုင်း၅၀ဇာတ်သိမ်းမှာပါ)
Bạn đang đọc truyện trên: ZingTruyen.Xyz