နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
45
ေဒါက္တာယေသာ္လင္း၏ ပ်င္းရိဖြယ္မနက္ခင္းမ်ားသည္ အရင္လို တိတ္တဆိတ္မဟုတ္ေတာ့ၿပီ။
အိုးခြက္သံ သဲ့သဲ့ျဖင့္ မနက္ဆို အမ်ိဳးသားရဲ႕ သာယာဖြယ္ ခ်က္ျပဳတ္သံျဖင့္ ေသာ္ကို ဆီးလို႔ႀကိဳ၏။
" ကိုကို ေသာ္ေဆးခန္းသြားထိုင္ေတာ့မယ္။ မၾကာဘူး ျပန္လာခဲ့မယ္သိလား။ လူနာ သိပ္မရွိဘူးဒီေန႔ ။ နမ္းပါဦး ငါ့ကို "
ငါးေၾကာ္ေနတဲ့ဦးခ်ီးနားလာၿပီး နႈတ္ခမ္းကို
ဆူလ်က္ မ်က္နွာကိုေမာ့ေပးလာတာမို႔ အျမန္ငံု ႔နမ္းလိုက္ရသည္။
ယခုဆို သူဒီကိုေရာက္တာ ၄ရက္ခန္႔ရွိေလၿပီ။ မထူးျခားေသာ ဆက္ဆံေရးမွာ အနမ္းတစ္ခုကေတာ့ ေခါင္းစဥ္မရွိပဲ အသစ္တိုးလာခဲ့သည္။
ရွက္သလားဆိုရင္ ရွက္ေသးပါသည္။
ပိုဆိုးတာက သူတို႔နွစ္ေယာက္ကို လင္မယားဆိုတဲ့ အျမင္ျဖင့္ ေဆးရုံတစ္ရုံလံုး တင္မက ႐ြာထဲက လူေတြကပါ ၾကည့္လာၾကတာျဖစ္သည္။ ေသာ့္အေပၚ မည္သို႔ေသာ စိတ္ထားကိုထားရမွန္းမသိေသးေပမဲ့ စိတ္ဆင္းရဲေအာင္ ေတာ့ မလုပ္ခ်င္ပါ။ လူအမ်ားသိလာလာေလေလ
ေသာ့္ကို ဦးခ်ီ ပစ္ပယ္လို႔ မရေလေလပင္။
လင္မယားဆိုေတာ့လည္း လင္မယားလိုက္ရုံသာရွိေတာ့၏။ ခ်စ္ခ်စ္ မခ်စ္ခ်စ္ လူသိကုန္ၿပီဆိုမွ သူျငင္းရင္ ေသာ္အရွက္ကြဲမည္။
သူထားခဲ့ရင္ ေသာ္ အိမ္ေထာင္ကြဲျဖစ္မည္။ အေကာင္းတိုင္း မက်န္နိုင္ေတာ့တဲ့
ေသာ့္ဂုဏ္သိကၡာအတြက္ သူ ဘဝကို ေသာ့္နားမွာေနဖို႔ ေ႐ြးခ်ယ္လိုက္ရ၏။
သို႔ေသာ္ ေသာ့္ကိုေတာ့ ခ်စ္သလား
မခ်စ္သလား သူမသိ။
" ျပန္လာမွ မနက္စာစားမယ္ ငါ့ကိုေစာင့္အုံး "
"အင္း .. ေစာင့္ေနမယ္ ။ ဘာစားခ်င္လဲ။
ေပါင္မုန္႔ ႏြားနို႔စိမ္စားမလား "
"ႏြားနို႔ရွိလို႔လား"
"ရွိတယ္ မနက္ကေစ်းမွာ ႏြားနို႔စစ္တာေတြ႕လို႔ဝယ္ခဲ့တယ္"
"အင္း ကိုကို ၾကဳိက္တာလုပ္ ေသာ္သြားေတာ့မယ္ ေခါင္းနည္းနည္းငံု႔ေပး "
လက္ထဲက ဇြန္းကို ခ်ကာ ေသာ့္အလို က်
ခါးကုိင္းေပးရင္း အနီးနားကပ္လာတဲ့ နႈတ္ခမ္းပါးေလးကို ေထြးစုပ္လိုက္၏။
"ႁပြတ္ "
စကၠန္႔အနည္းငယ္ၾကာေတာ့ ျပန္လႊတ္ေပးကာ ေသာ့္မ်က္နွာကို ၾကည့္မိလ်ွင္
ေသာ္သည္ သူ႔ကိုမေက်မနပ္ ၾကည့္ေန၏။
" ညက ငါ downထားတဲ့ နမ္းနည္းေတြကို ေလ့လာထားစမ္းပါ။ ၄ရက္ရွိၿပီခုထိ တိုးတက္မလာေသးဘူး။ ကြၽတ္ ...ေနာက္က်ေနၿပီ။ ျပန္လာမွဆက္ေျပာေတာ့မယ္ ..သြားၿပီ "
ခပ္သုတ္သုတ္ေျပာၿပီးထြက္သြားတဲ့သူကိုၾကည့္ၿပီး ရွက္ရွက္ျဖင့္ နႈတ္ခမ္းကိုက္ကာ ေခါင္းငံု႔လိုက္ရေတာ့သည္။
သြားတဲ့သူသည္ ထြက္သြားခဲ့ေပမဲ့ က်န္ခဲ့ရသူကေတာ့ရွက္စိတ္မေျပေသး။
ေသာ္ဆိုးမွန္းသိေပမဲ့ ဒီေလာက္ ဆိုးလိမ့္မယ္မွန္းသူတကယ္မထင္ခဲ့တာပင္။
ေသာ္က မနက္ ၈နာရီဆို ေဆးခန္းဖြင့္ေလ့ရွိသည္။ ႐ြာေဆးခန္းမို႔ ေဆးဖိုးေတာ့အမ်ားႀကီးမေတာင္းရွာပါ။ တစ္ခါျပ ၂၀၀၀ ၊ ၃၀၀၀ က တခါတေလ ေဆးဖိုးသာယူ၍ ပိုပို လ်ံလ်ံ အမ်ားႀကီးေတာ့မရွိလွ။ ၿပီးေတာ့
ေသာ္က ဦးခ်ီ ကလြဲၿပီး ၾကင္နာတက္သူမို႔
ေဆးခန္းလာသူမ်ားက ဆရာေလး ၊ဆရာဝန္ေလးျဖင့္ တတြတ္တြတ္ေခၚကာ ခ်စ္ခင္ၾကသည္။
အၿပံဳး ခ်ိဳခ်ိဳ ပါးခ်ိဳင့္ေကြးေကြးကလည္း ထိုအခ်ိန္ဆို မျမင္ခ်င္မွအဆံုးေပ။
ေသာ့္ဝင္ေငြသည္ ဆရာဝန္လစာ တစ္မ်ိဳးသာရွိၿပီး ေဆးခန္းက ဝင္ေငြကလည္းထင္သေလာက္မဟုတ္။ သို႔ေသာ္ တာဝန္က်ရာေနရာသည္ ေက်း႐ြာႀကီးမို႔
ကုန္က်စရိတ္အထူးသက္သာကာ ရတဲ့လစာက ေလာက္ငွသည္ထက္ပင္ပို၏။
ေသာ္ဝင္ေငြသည္ သူ႔အတြက္ ေလာက္သည္ျဖစ္ေစ မေလာက္သည္ျဖစ္ေစအေရးမႀကီးေပ။
ဦးခ်ီမွာ ပိုက္ဆံေတြအမ်ားႀကီး စုမိထားၿပီးသားမို႔ ေသာ္ စိတ္ပင္ပန္းစရာေတာ့မလို။
ခင္ဦးက အမဝမ္းကြဲ မသိမ့္ဆီမွာ စပါးေလွာင္ဖို႔ ရွယ္ယာ ထည့္ထားတဲ့ေငြက
၁၀စုနွစ္မကေတာ့ေပ။ ထိုေငြအေၾကာင္းကို ေသာ္ကေတာ့မသိ။ မႀကံဳ လို႔ မေျပာျဖစ္ေပမဲ့ သူ႔မွာရွိတဲ့ ေငြေတြအေၾကာင္းကို ေသာ္သိေအာင္ေျပာျပရအံုးမည္။
ring ring ...
ဖုန္းသံေၾကာင့္ ဟင္းခ်က္ဒယ္အိုးနီရဲ႕
ခလုတ္ကို လွည့္ပိတ္၏။ ဒီေန႔ မနက္အေစာႀကီး သူေစ်းသြားခဲ့သည္။ ႐ြာေစ်းမို႔ ေနျမင့္ရင္ ဟင္းခ်က္စရာကုန္ေလ့ရွိတာမို႔ ေစာေစာေတာ့ထရ၏။
လက္ဆတ္ေသာ ငါးေတြသည္
တံငါကုန္းလို ျမစ္ေဘး႐ြာမို႔ ေပါ၏။
ေပၚဦးေပၚဖ်ား ငါးလူးမို႔ေစ်းႀကီးေသာ္လည္း အရသာ ခ်ိဳသလို ေသာ္ကလည္းႀကိဳက္သည္မို႔ ငါေၾကာ္ဆီျပန္ခ်က္ဖို႔ စိတ္ကူးျဖင့္ဝယ္ခဲ့သည္။ ဘူးၫြန္႔ ဟင္းခ်ိဳ ျဖင့္
႐ြာမွာ သိပ္တဲ့ မုန္ညင္းခ်ဥ္ဟာ အလိုက္ဖက္ဆံုးမို႔ ဒီေန႔ေသာ္ ထမင္းစား ၿမိန္မွာေတာ့ေသခ်ာသလာက္ပင္။
"ဟလို ပါးပါး "
"ပါးပါး မဟုတ္ဘူး ေဖေဖပါသား "
ဖုန္းထဲမွာထြက္လာေသာ ၾကည္ေအးတဲ့ေလးေၾကာင့္ နႈတ္ခမ္းထပ္မွာ အၿပံဳးပါးပါးတင္၏။
" သက္ပံု ေနေကာင္းလားဗ် "
"ေမးဖို႔ေတာ့သတိရေသးသားပဲ"
"သတိမရစရာလား သက္ပံုရ ၊သားက မဟုတ္ေတာင္ ကားစံုစမ္းၿပီး တံငါကုန္းကို
ေသာ္အားရက္နဲ႔တိုက္ ျပန္လာမလို႔ "
တံငါကုန္း႐ြာနဲ႔ ကုန္သယ္ကားလမ္းမ်ား
ေပၚလာၿပီမို ႔အရင္လို ေရလမ္းတင္မဟုတ္ေတာ့ေပ။ အနည္းငယ္ လမ္းၾကမ္းေသးေပမဲ့ ဆိုးဝါးစြာ သြားမရ၊လာမရေတာ့မဟုတ္။ ကားသည္ သံုးရက္ တစ္ခါထြက္သည္ဟုဆိုကာ ၾကာခ်ိန္မွာ ၁နာရီေက်ာ္ေက်ာ္ေလာက္သာ ေမာင္းနွင္ရေသာခရီးျဖစ္သည္။ သိပ္ႀကီးမေဝးတာမို႔ အားတဲ့ရက္တိုင္း သြားဖို႔စိတ္ကူးထားသည္။
" ေသာ္ နဲ႔ သားက ဘာလဲသား။
တိက်ေသခ်ာတဲ့ သတင္းသဲ့သဲ့ တံခါးကုန္း႐ြာထိ ေရာက္လာတယ္ ..အဲ့ဒါသားအေနနဲ႔ ေဖေဖ့ကိုေသခ်ာရွင္းျပဖို႔ မလိုဘူးလား "
ဦးခ်ီ သည္ အိမ္ေနာက္ေဖးသို႔ ဆင္းတဲ့ တံခါးေပါက္ဝမွာ မတ္တပ္ရပ္လ်က္ ဟိုးအေဝးက ေတာင္တန္းႀကီးေတြကိုေငးေမာမိသည္။ လွမ္းျမင္ေနရတဲ့ ေတာင္တန္းေပၚက မႈန္ပ်ပ် ဘုရားေစတီ အျဖဴ ေလးသည္လည္း သပၸါယ္စရာပင္။
ဒီအရပ္ဒီေဒသသည္ တကယ္ေအးခ်မ္းလ်က္ ေနလို႔ အလြန္ေကာင္းေပသည္။
သို႔ေသာ္ ဦးခ်ီ ရင္ထဲမေအးခ်မ္းနိုင္ပါ ။
ပါးပါးတို႔ကို အသိေပးရမယ္ဆိုေပမဲ့
သူဘယ္ကေန စေျပာရမွန္းမသိ။
ေၾကာက္တာေတာ့မဟုတ္ပါ။ မ်က္နွာပူ
ေနတယ္ဆိုတာ ပိုမွန္လိမ့္မည္။
" ကိုကို "
ေက်ာျပင္သည္ ႏုညံေသာ ပါးျပင္ရဲ႕အထိအေတြ႕ေၾကာင့္မတ္ခနဲ။
တင္းၾကပ္စြာဖက္တြယ္မူ ႔က ခါးေပၚကိုေရာက္လာခ်ိန္တြင္ ေသာ့္ကိုငဲ့ၾကည့္၏။
"သက္ပံု ေသာ္ရွိတယ္ေျပာမလား သားစပီကာ ဖြင့္လိုက္မယ္။ "
" ဟယ္လို သားငယ္ "
ေသာ္ အျမင္ကပ္စြာ ကိုကို႔ေက်ာကို ထုလိုက္၏။ ဒါ တမင္လုပ္တာ။
ဦးခ်ီကေတာ့ ခပ္တည္တည္လုပ္၍ ေသာ့္ကို ေျပာလိုက္ဆိုတဲ့ သေဘာျဖင့္ ဖုန္းကိုမ်က္စပစ္ျပ၏။
"ဟုတ္ သက္ပံု သားရွိပါတယ္"
အေနရခက္ေသာျငား ခ်ိဳသာေသာအသံျဖင့္ ေသာ္ အသံျပဳ လိုက္သည္။
ကိုကို႔ကုိေတာ့ အက်င့္ပုတ္လို႔ မ်က္ေစာင္း
ထိုးမပ်က္။
"သားတို႔ ေဖေဖတို႔ကိုတိုင္ပင္သင့္တယ္မထင္ဘူးလား။ ေဒါင္းကေလး လည္းအတတူတူပဲ အႀကီးျဖစ္ၿပီး ေဖေဖက ပိုရင့္က်က္မယ္ထင္ထားတာ။ မိဘနွစ္ေယာက္စလံုး ငုတ္တုတ္ႀကီးရွိေနလ်က္နဲ႔ လုပ္ခ်င္တာလုပ္ပစ္တာကိုေတာ့ ေဖေဖ စိတ္ဆိုးတယ္"
စိတ္ဆိုးေနတယ္ဟုဆိုေသာ္ျငားေဒါသသံ အလ်င္း မရွိ။ အမွန္ဆို ေသာ့္အျပစ္ေတြႀကီးပဲမို႔ ကိုကို ႔ကို အားနာစြာ ေမာ့ၾကည့္မိ၏။ ဒီကိစၥကိုဇြတ္လုပ္မိတာ ေသာ္ျဖစ္သလို ေဘးကေန ေသာ္ျခယ္လွယ္သမ်ွေရငံု နႈတ္ပိတ္ေနသူက ကိုကိုသာ။
ဆူခံထိေတာ့ ေသာ္မပါပဲ ကိုကို႔ကိုသာ အႀကီးျဖစ္သည့္ေၾကာင့္ ပိုဆူေနတာမို႔ ေသာ္စိတ္မေကာင္းေတာ့။
ဝမ္းနည္းမူ ႔ ၊ အျပစ္မကင္းမူ႔တို႔ေၾကာင့္
ေသာ္ကိုကို ေတာင္းပန္ခ်င္တဲ့ မ်က္နွာေလးနွင့္ေမာ့ၾကည့္မိလိုက္လ်ွင္
" သက္ပံု သားေတာင္းပန္ပါတယ္။
သားတို႔ ဒီအားလပ္ရက္ လာခဲ့မယ္ေနာ္။
စိတ္မဆိုးပါနဲ႔ေတာ့။ ဆူမယ္ဆိုရင္လည္းအဲ့က်မွဆူပါ .."
ငိုခ်ေတာ့မတက္ျဖစ္ေနတဲ့ ေသာ့္ကို ေပြ႕ဖက္ရင္း သက္ပံုကိုလည္း ေခ်ာ့ေနရသည္။
ေသာ္က သူနဲ႔သာ အေက်ာတင္းတာ။
ငယ္စဥ္ကတည္းက ပါးပါးတို႔သက္ပံုတို႔ အသံမာလိုက္တာနဲ႔ မ်က္ရည္က
ခ်က္ျခင္းဝဲလာတက္သူပင္။ ခုလည္း သူ႔အျပစ္မကင္းဟု ယူဆပံုေပၚကာ တစ္ေယာက္ထဲ ဝမ္းနည္း ေနသည္ထင္။
" ေဖေဖက သားကို ဆူခ်င္လို႔ဆူေနတာမွမဟုတ္တာ သားရယ္။ သားလုပ္လိုက္တဲ့လုပ္ရပ္က ေသာ္ေသာ့္အေပၚမွာ ေဖေဖတို႔ တာဝန္မကင္းသလို ခံစားေနရတယ္။ သားသာ သေဘာက်ရင္ ေဖေဖတို႔က ေကာင္းေကာင္းမြန္မြန္ ျဖစ္ေအာင္လုပ္ေပးမွာေပါ့။ ခုလို တနယ္တေက်းမွာ ျဖစ္သလို သက္မွတ္လိုက္တာမ်ိဳးကေတာ့"
"မဟုတ္ဘူး။ အဲ့ဒါ ကိုကို႔ေၾကာင့္မဟုတ္ပါဘူး။ သား ..သားအျပစ္ေတြပါ။ သားကိုကို႔ကိုခ်စ္လြန္းလို႔ ဇြတ္လုပ္မိတာပါ ဟင့္... သက္ပံု ဆူခ်င္ရင္ သားကို ဆူပါ ကိုကို႔ကုိ မဆူပါနဲ႔ "
တစ္ေယာက္ကို ဆူရင္ တစ္ေယာက္က ကာကြယ္ေပး ။ ဘယ္ေတာ့မွ ဒီကေလးနွစ္ေယာက္ကို ဆံုးမ မယ္ႀကံ႐ြယ္လိုက္ရင္ လိုရင္းေရာက္ဖူးတာမရွိ။
ခက္တယ္ တကယ္ခက္တယ္။
အဆံုးသတ္က် မိဘေတြကသာ
အလိုက္ကမ္းဆိုးမသိ ဆူပူတက္သူေတြျဖစ္ေရာ။
" နွစ္ေယာက္စလံုး အလုပ္ပိတ္ရက္ကိုလာခဲ့ၾက။ လာမဲ့ရက္ကို ဖုန္းေတာ့ႀကိဳဆက္ ေဖေဖဖုန္းခ်ၿပီ "
"ဟုတ္ကဲ့ သက္ပံု"
ဖုန္းကေလး သည္ ခ်သြားေခ်ၿပီ။
သို႔ေသာ္ ေသာ္ကေတာ့ ငို၍ မၿပီးေတာ့။
" ကိုကို ကိုကို ..သက္ပံုက ဟင့္ ေသာ့္ကို
မုန္းသြားၿပီလားမသိဘူး "
"ဘာလို႔ သက္ပံုက ေသာ့္ကိုမုန္းရမွာလဲ။ "
ဦးခ်ီ မ်က္ေမွာင္ကုတ္ကာ ေမးသည္။
ေသာ္သည္ တခါတေလ ထိုသို႔ အေျခမရွိတဲ့ စကားမ်ိဳးကိုေျပာတက္ေသးသည္။
ထိုအက်င့္ကိုေတာ့ သူမႀကိဳက္။
မိသားစုဟူေသာ စကားရဲ႕ အဓိပၸါယ္ကို ေသာ္ရွင္းလင္းစြာ မသိရွိေသး။
မွားေနခဲ့ရင္ေတာင္ သက္ပံုတို႔က မွန္ကန္တဲ့ လမ္းကိုသာ ညႊန္ျပလိမ့္မည္။
မုန္းသြားမည္ဆိုတာ ဘယ္ေတာ့မွရွိမွာမဟုတ္။
"မသိဘူး မင္းကို အတင္းယူလိုက္လို႔ ငါ့ကိုမုန္းသြားရင္ ဘယ္လိုလုပ္မလဲ "
" ဒါဆို အစကတည္းက မုန္းမွာေၾကာက္ရင္ မယူနဲ႔ေလ "
ဂ်စ္တစ္တစ္ စကားကို ေျပာလ်က္ ေသာ့္ကို ရင္ခြင္ထဲကေနဆြဲထုတ္ကာဖယ္လိုက္၏။ တခါတေလ ထိုေကာင္ေလးက အျမင္ကပ္စရာ။
" ဖယ္ ငါ့ကိုမဖက္နဲ႔ "
အတင္းေမ်ာ့ တစ္ေကာင္လို တြယ္ကပ္ေနတဲ့ လက္ေတြက ဘယ္လိုဖယ္ဖယ္မရ။
" ကိုကို ေသာ့္ကို မခ်စ္ေတာ့ဘူးလားဟင္။ ေသခ်ာၾကည့္ပါဦး ေသာ္က ဒီေလာက္ခ်စ္စရာေကာင္းတာ။ "
"မသိဘူးဖယ္။ ငါ့နားမကပ္နဲ႔ .. တစ္လေတာင္မျပည့္ေသးဘူး မင္းငါ့ကို ယူၿပီး ေနာင္တရေနၿပီမို႔လား "
" ငါဘယ္မွာေနာင္တရေနလို႔လဲ။ ငါေျပာတဲ့စကားထဲမွာ အဲ့စကားတစ္ခြန္းေတာင္မပါဘူး "
"မပါဘူးဆိုၿပီး ဝိနည္းလြတ္မေျပာနဲ႔ေလ။
သက္ပံု နည္းနည္းဆူကာရွိေသး မင္း အခု
စိတ္ညစ္ေနၿပီမို႔လား"
"ကိုကို႔!"
"ဘာလဲ"
တစ္ေယာက္ နဲ႔ တစ္ေယာက္ ေပေစာင္းေစာင္းၾကည့္ကာ ရန္ေဆာင္ေနၾကစဥ္ ေသာ္သည္ လ်ွင္ျမန္ေသာ အရွိန္ျဖင့္ ကိုယ္ေပၚခြတက္လာကာ ဦးခ်ီ နႈတ္ခမ္းေတြကို မႊတ္သိပ္စြာနမ္းလာ၏။
ဒါမ်ိဳးက် သြက္သည္။ ျပဳတ္မက်ေအာင္လည္း ေနတက္သလို ဦးခ်ီ နႈတ္ခမ္းေတြကို လည္း ေကာင္းေကာင္းနမ္းတက္၏။
သူသာ ..ခုထိ ေသာ္ေက်နပ္ေအာင္ မနမ္းနိုင္ေသး။ နႈတ္ခမ္းပါးေလးသည္ တလႈပ္လႈပ္ ဦးခ်ီ နႈတ္ခမ္းေတြကိုထိေတြ႕ပြတ္သပ္ေနကာ လက္ကေလးေတြက ဦးခ်ီ ပါးနွစ္ဖက္ကို ပင့္ေမာ့ထား၏။
ေသာ္ျပဳတ္မက်ဖို႔အေရး တင္ပါးေလးကို ပင့္တင္ထားဖို႔က ဦးခ်ီ အလုပ္သာ။
"ႁပြတ္!"
မကြၽမ္းက်င္ေသးဆဲ အျဖစ္မို႔ ေသာ္လည္း စမ္းတဝါးဝါး။
ေၾသာ္ ခက္လိုက္ပါဘိ။
"ခ်စ္တယ္ "
"မသိဘူး "
စင္းခ်သြားတဲ့ မ်က္ေတာင္တိုစိတ္စိတ္ေတြက အသက္ရူမွားစရာ။
ခ်က္ျခင္း မ်က္ခြံေတြကို ဖိကပ္နမ္းပစ္ကာ
"မသိလည္း ဘာမွမျဖစ္ဘူး ကိုကို ။ ၿပီးေတာ့မင္းမခ်စ္လည္း အေရးမႀကီးေတာ့ဘူး "
"ေသာ္ မင္း !"
"ဟားဟား ငါပဲ မင္းကို လံုလံုေလာက္ေလာက္ခ်စ္ေပးေတာ့မယ္ေျပာမလို႔ပါ။ ေဒါသႀကီးပဲ။ စိတ္ေလ်ာ့ကိုကို စိတ္ေလ်ာ့ "
ကိုယ္ေပၚက ဖားပ်ံ ကို အားနဲ႔ အေဝးပစ္လိုက္ရင္ျဖင့္ မေကာင္းရွိေရာ႕မယ္။
လူက ေခြးပစ္တဲ့ တုတ္ေလာက္နဲ႔ ဦးခ်ီကို မထိခလုတ္ က စခ်င္ေသးသည္။
" ဆင္း ေအာက္ကို ..မနက္စာ စားမယ္ "
" ဘာေကြၽးမွာလဲ "
"အုန္းတတီး "
"အားးး ကိုကိုတအားညစ္ပတ္တာပဲ"
တမင္႐ြဲ႕ ကာ အီးတစ္တံုးဟု ဆိုေတာ့ ေစြ႕ေစြ႕ခုန္လ်က္ ေက်ာကို တဘုန္းဘုန္းလိုက္ထု၏။ ဦးခ်ီ သေဘာက်စြာ တဟားးေအာ္ရယ္၏။ ေသာ္နဲ႔ ဆို သူက အလြယ္နည္းကို က်င့္သံုးတက္လာသလိုပင္။
စိတ္ညစ္လြယ္ ၊ ေမ့လြယ္၊ ေပ်ာ္လြယ္ သူ႔ဘဝသည္ ဘယ္အရာမွ ၾကာၾကာ စိတ္ညစ္ရသည္ဟူ၍မရွိ။ လက္ခုပ္ဆိုတာ
နွစ္ဖက္တီးမွ ျမည္၏။ ထို႔အတူ သူတို႔အိမ္ေထာင္ေရးမွာလည္း ေသာ္လွမ္းရုိက္ေသာ လက္တစ္ဖက္ကို သူ႔လက္ျဖင့္ေက်နပ္စြာ ခံယူ လိုက္ၿပီမို ႔ အထူး စိတ္ညစ္ခံမေနေတာ့ေပ။ ေသာ္နဲ႔ေနရင္ ေပ်ာ္သည္၊
ေသာ္ရယ္ေနရင္ သူေက်နပ္သည္၊ ေသာ္ငိုရင္ သူ႔ကိုယ္သူ မုန္းသည္။ ထို႔ေၾကာင့္ ခ်စ္ေရးခ်စ္ျဖာေတြကို မေလ့လာ မစမ္းစစ္ခ်င္ေတာ့ ၊ ေသာ္က လင္းမယားဟု ေရွ႕မွာ ေျပာလ်ွင္ သူလည္း ေနာက္ကလိုက္၍ ေသာ္ေျပာသလို ပါပဲဗ်ာ ဟု ေျပာရုံသာ။
ခ်စ္တဲ့အိမ္စည္။
ဒေါက်တာယသော်လင်း၏ ပျင်းရိဖွယ်မနက်ခင်းများသည် အရင်လို တိတ်တဆိတ်မဟုတ်တော့ပြီ။
အိုးခွက်သံ သဲ့သဲ့ဖြင့် မနက်ဆို အမျိုးသားရဲ့ သာယာဖွယ် ချက်ပြုတ်သံဖြင့် သော်ကို ဆီးလို့ကြို၏။
" ကိုကို သော်ဆေးခန်းသွားထိုင်တော့မယ်။ မကြာဘူး ပြန်လာခဲ့မယ်သိလား။ လူနာ သိပ်မရှိဘူးဒီနေ့ ။ နမ်းပါဦး ငါ့ကို "
ငါးကြော်နေတဲ့ဦးချီးနားလာပြီး နှုတ်ခမ်းကို
ဆူလျက် မျက်နှာကိုမော့ပေးလာတာမို့ အမြန်ငုံ့ နမ်းလိုက်ရသည်။
ယခုဆို သူဒီကိုရောက်တာ ၄ရက်ခန့်ရှိလေပြီ။ မထူးခြားသော ဆက်ဆံရေးမှာ အနမ်းတစ်ခုကတော့ ခေါင်းစဉ်မရှိပဲ အသစ်တိုးလာခဲ့သည်။
ရှက်သလားဆိုရင် ရှက်သေးပါသည်။
ပိုဆိုးတာက သူတို့နှစ်ယောက်ကို လင်မယားဆိုတဲ့ အမြင်ဖြင့် ဆေးရုံတစ်ရုံလုံး တင်မက ရွာထဲက လူတွေကပါ ကြည့်လာကြတာဖြစ်သည်။ သော့်အပေါ် မည်သို့သော စိတ်ထားကိုထားရမှန်းမသိသေးပေမဲ့ စိတ်ဆင်းရဲအောင် တော့ မလုပ်ချင်ပါ။ လူအများသိလာလာလေလေ
သော့်ကို ဦးချီ ပစ်ပယ်လို့ မရလေလေပင်။
လင်မယားဆိုတော့လည်း လင်မယားလိုက်ရုံသာရှိတော့၏။ ချစ်ချစ် မချစ်ချစ် လူသိကုန်ပြီဆိုမှ သူငြင်းရင် သော်အရှက်ကွဲမည်။
သူထားခဲ့ရင် သော် အိမ်ထောင်ကွဲဖြစ်မည်။ အကောင်းတိုင်း မကျန်နိုင်တော့တဲ့
သော့်ဂုဏ်သိက္ခာအတွက် သူ ဘဝကို သော့်နားမှာနေဖို့ ရွေးချယ်လိုက်ရ၏။
သို့သော် သော့်ကိုတော့ ချစ်သလား
မချစ်သလား သူမသိ။
" ပြန်လာမှ မနက်စာစားမယ် ငါ့ကိုစောင့်အုံး "
"အင်း .. စောင့်နေမယ် ။ ဘာစားချင်လဲ။
ပေါင်မုန့် နွားနို့စိမ်စားမလား "
"နွားနို့ရှိလို့လား"
"ရှိတယ် မနက်ကဈေးမှာ နွားနို့စစ်တာတွေ့လို့ဝယ်ခဲ့တယ်"
"အင်း ကိုကို ကြိုက်တာလုပ် သော်သွားတော့မယ် ခေါင်းနည်းနည်းငုံ့ပေး "
လက်ထဲက ဇွန်းကို ချကာ သော့်အလို ကျ
ခါးကိုင်းပေးရင်း အနီးနားကပ်လာတဲ့ နှုတ်ခမ်းပါးလေးကို ထွေးစုပ်လိုက်၏။
"ပြွတ် "
စက္ကန့်အနည်းငယ်ကြာတော့ ပြန်လွှတ်ပေးကာ သော့်မျက်နှာကို ကြည့်မိလျှင်
သော်သည် သူ့ကိုမကျေမနပ် ကြည့်နေ၏။
" ညက ငါ downထားတဲ့ နမ်းနည်းတွေကို လေ့လာထားစမ်းပါ။ ၄ရက်ရှိပြီခုထိ တိုးတက်မလာသေးဘူး။ ကျွတ် ...နောက်ကျနေပြီ။ ပြန်လာမှဆက်ပြောတော့မယ် ..သွားပြီ "
ခပ်သုတ်သုတ်ပြောပြီးထွက်သွားတဲ့သူကိုကြည့်ပြီး ရှက်ရှက်ဖြင့် နှုတ်ခမ်းကိုက်ကာ ခေါင်းငုံ့လိုက်ရတော့သည်။
သွားတဲ့သူသည် ထွက်သွားခဲ့ပေမဲ့ ကျန်ခဲ့ရသူကတော့ရှက်စိတ်မပြေသေး။
သော်ဆိုးမှန်းသိပေမဲ့ ဒီလောက် ဆိုးလိမ့်မယ်မှန်းသူတကယ်မထင်ခဲ့တာပင်။
သော်က မနက် ၈နာရီဆို ဆေးခန်းဖွင့်လေ့ရှိသည်။ ရွာဆေးခန်းမို့ ဆေးဖိုးတော့အများကြီးမတောင်းရှာပါ။ တစ်ခါပြ ၂၀၀၀ ၊ ၃၀၀၀ က တခါတလေ ဆေးဖိုးသာယူ၍ ပိုပို လျံလျံ အများကြီးတော့မရှိလှ။ ပြီးတော့
သော်က ဦးချီ ကလွဲပြီး ကြင်နာတက်သူမို့
ဆေးခန်းလာသူများက ဆရာလေး ၊ဆရာဝန်လေးဖြင့် တတွတ်တွတ်ခေါ်ကာ ချစ်ခင်ကြသည်။
အပြုံး ချိုချို ပါးချိုင့်ကွေးကွေးကလည်း ထိုအချိန်ဆို မမြင်ချင်မှအဆုံးပေ။
သော့်ဝင်ငွေသည် ဆရာဝန်လစာ တစ်မျိုးသာရှိပြီး ဆေးခန်းက ဝင်ငွေကလည်းထင်သလောက်မဟုတ်။ သို့သော် တာဝန်ကျရာနေရာသည် ကျေးရွာကြီးမို့
ကုန်ကျစရိတ်အထူးသက်သာကာ ရတဲ့လစာက လောက်ငှသည်ထက်ပင်ပို၏။
သော်ဝင်ငွေသည် သူ့အတွက် လောက်သည်ဖြစ်စေ မလောက်သည်ဖြစ်စေအရေးမကြီးပေ။
ဦးချီမှာ ပိုက်ဆံတွေအများကြီး စုမိထားပြီးသားမို့ သော် စိတ်ပင်ပန်းစရာတော့မလို။
ခင်ဦးက အမဝမ်းကွဲ မသိမ့်ဆီမှာ စပါးလှောင်ဖို့ ရှယ်ယာ ထည့်ထားတဲ့ငွေက
၁၀စုနှစ်မကတော့ပေ။ ထိုငွေအကြောင်းကို သော်ကတော့မသိ။ မကြုံ လို့ မပြောဖြစ်ပေမဲ့ သူ့မှာရှိတဲ့ ငွေတွေအကြောင်းကို သော်သိအောင်ပြောပြရအုံးမည်။
ring ring ...
ဖုန်းသံကြောင့် ဟင်းချက်ဒယ်အိုးနီရဲ့
ခလုတ်ကို လှည့်ပိတ်၏။ ဒီနေ့ မနက်အစောကြီး သူဈေးသွားခဲ့သည်။ ရွာဈေးမို့ နေမြင့်ရင် ဟင်းချက်စရာကုန်လေ့ရှိတာမို့ စောစောတော့ထရ၏။
လက်ဆတ်သော ငါးတွေသည်
တံငါကုန်းလို မြစ်ဘေးရွာမို့ ပေါ၏။
ပေါ်ဦးပေါ်ဖျား ငါးလူးမို့ဈေးကြီးသော်လည်း အရသာ ချိုသလို သော်ကလည်းကြိုက်သည်မို့ ငါကြော်ဆီပြန်ချက်ဖို့ စိတ်ကူးဖြင့်ဝယ်ခဲ့သည်။ ဘူးညွန့် ဟင်းချို ဖြင့်
ရွာမှာ သိပ်တဲ့ မုန်ညင်းချဉ်ဟာ အလိုက်ဖက်ဆုံးမို့ ဒီနေ့သော် ထမင်းစား မြိန်မှာတော့သေချာသလာက်ပင်။
"ဟလို ပါးပါး "
"ပါးပါး မဟုတ်ဘူး ဖေဖေပါသား "
ဖုန်းထဲမှာထွက်လာသော ကြည်အေးတဲ့လေးကြောင့် နှုတ်ခမ်းထပ်မှာ အပြုံးပါးပါးတင်၏။
" သက်ပုံ နေကောင်းလားဗျ "
"မေးဖို့တော့သတိရသေးသားပဲ"
"သတိမရစရာလား သက်ပုံရ ၊သားက မဟုတ်တောင် ကားစုံစမ်းပြီး တံငါကုန်းကို
သော်အားရက်နဲ့တိုက် ပြန်လာမလို့ "
တံငါကုန်းရွာနဲ့ ကုန်သယ်ကားလမ်းများ
ပေါ်လာပြီမို့ အရင်လို ရေလမ်းတင်မဟုတ်တော့ပေ။ အနည်းငယ် လမ်းကြမ်းသေးပေမဲ့ ဆိုးဝါးစွာ သွားမရ၊လာမရတော့မဟုတ်။ ကားသည် သုံးရက် တစ်ခါထွက်သည်ဟုဆိုကာ ကြာချိန်မှာ ၁နာရီကျော်ကျော်လောက်သာ မောင်းနှင်ရသောခရီးဖြစ်သည်။ သိပ်ကြီးမဝေးတာမို့ အားတဲ့ရက်တိုင်း သွားဖို့စိတ်ကူးထားသည်။
" သော် နဲ့ သားက ဘာလဲသား။
တိကျသေချာတဲ့ သတင်းသဲ့သဲ့ တံခါးကုန်းရွာထိ ရောက်လာတယ် ..အဲ့ဒါသားအနေနဲ့ ဖေဖေ့ကိုသေချာရှင်းပြဖို့ မလိုဘူးလား "
ဦးချီ သည် အိမ်နောက်ဖေးသို့ ဆင်းတဲ့ တံခါးပေါက်ဝမှာ မတ်တပ်ရပ်လျက် ဟိုးအဝေးက တောင်တန်းကြီးတွေကိုငေးမောမိသည်။ လှမ်းမြင်နေရတဲ့ တောင်တန်းပေါ်က မှုန်ပျပျ ဘုရားစေတီ အဖြူ လေးသည်လည်း သပ္ပါယ်စရာပင်။
ဒီအရပ်ဒီဒေသသည် တကယ်အေးချမ်းလျက် နေလို့ အလွန်ကောင်းပေသည်။
သို့သော် ဦးချီ ရင်ထဲမအေးချမ်းနိုင်ပါ ။
ပါးပါးတို့ကို အသိပေးရမယ်ဆိုပေမဲ့
သူဘယ်ကနေ စပြောရမှန်းမသိ။
ကြောက်တာတော့မဟုတ်ပါ။ မျက်နှာပူ
နေတယ်ဆိုတာ ပိုမှန်လိမ့်မည်။
" ကိုကို "
ကျောပြင်သည် နုညံသော ပါးပြင်ရဲ့အထိအတွေ့ကြောင့်မတ်ခနဲ။
တင်းကြပ်စွာဖက်တွယ်မူ့ က ခါးပေါ်ကိုရောက်လာချိန်တွင် သော့်ကိုငဲ့ကြည့်၏။
"သက်ပုံ သော်ရှိတယ်ပြောမလား သားစပီကာ ဖွင့်လိုက်မယ်။ "
" ဟယ်လို သားငယ် "
သော် အမြင်ကပ်စွာ ကိုကို့ကျောကို ထုလိုက်၏။ ဒါ တမင်လုပ်တာ။
ဦးချီကတော့ ခပ်တည်တည်လုပ်၍ သော့်ကို ပြောလိုက်ဆိုတဲ့ သဘောဖြင့် ဖုန်းကိုမျက်စပစ်ပြ၏။
"ဟုတ် သက်ပုံ သားရှိပါတယ်"
အနေရခက်သောငြား ချိုသာသောအသံဖြင့် သော် အသံပြု လိုက်သည်။
ကိုကို့ကိုတော့ အကျင့်ပုတ်လို့ မျက်စောင်း
ထိုးမပျက်။
"သားတို့ ဖေဖေတို့ကိုတိုင်ပင်သင့်တယ်မထင်ဘူးလား။ ဒေါင်းကလေး လည်းအတတူတူပဲ အကြီးဖြစ်ပြီး ဖေဖေက ပိုရင့်ကျက်မယ်ထင်ထားတာ။ မိဘနှစ်ယောက်စလုံး ငုတ်တုတ်ကြီးရှိနေလျက်နဲ့ လုပ်ချင်တာလုပ်ပစ်တာကိုတော့ ဖေဖေ စိတ်ဆိုးတယ်"
စိတ်ဆိုးနေတယ်ဟုဆိုသော်ငြားဒေါသသံ အလျင်း မရှိ။ အမှန်ဆို သော့်အပြစ်တွေကြီးပဲမို့ ကိုကို့ ကို အားနာစွာ မော့ကြည့်မိ၏။ ဒီကိစ္စကိုဇွတ်လုပ်မိတာ သော်ဖြစ်သလို ဘေးကနေ သော်ခြယ်လှယ်သမျှရေငုံ နှုတ်ပိတ်နေသူက ကိုကိုသာ။
ဆူခံထိတော့ သော်မပါပဲ ကိုကို့ကိုသာ အကြီးဖြစ်သည့်ကြောင့် ပိုဆူနေတာမို့ သော်စိတ်မကောင်းတော့။
ဝမ်းနည်းမူ့ ၊ အပြစ်မကင်းမူ့တို့ကြောင့်
သော်ကိုကို တောင်းပန်ချင်တဲ့ မျက်နှာလေးနှင့်မော့ကြည့်မိလိုက်လျှင်
" သက်ပုံ သားတောင်းပန်ပါတယ်။
သားတို့ ဒီအားလပ်ရက် လာခဲ့မယ်နော်။
စိတ်မဆိုးပါနဲ့တော့။ ဆူမယ်ဆိုရင်လည်းအဲ့ကျမှဆူပါ .."
ငိုချတော့မတက်ဖြစ်နေတဲ့ သော့်ကို ပွေ့ဖက်ရင်း သက်ပုံကိုလည်း ချော့နေရသည်။
သော်က သူနဲ့သာ အကျောတင်းတာ။
ငယ်စဉ်ကတည်းက ပါးပါးတို့သက်ပုံတို့ အသံမာလိုက်တာနဲ့ မျက်ရည်က
ချက်ခြင်းဝဲလာတက်သူပင်။ ခုလည်း သူ့အပြစ်မကင်းဟု ယူဆပုံပေါ်ကာ တစ်ယောက်ထဲ ဝမ်းနည်း နေသည်ထင်။
" ဖေဖေက သားကို ဆူချင်လို့ဆူနေတာမှမဟုတ်တာ သားရယ်။ သားလုပ်လိုက်တဲ့လုပ်ရပ်က သော်သော့်အပေါ်မှာ ဖေဖေတို့ တာဝန်မကင်းသလို ခံစားနေရတယ်။ သားသာ သဘောကျရင် ဖေဖေတို့က ကောင်းကောင်းမွန်မွန် ဖြစ်အောင်လုပ်ပေးမှာပေါ့။ ခုလို တနယ်တကျေးမှာ ဖြစ်သလို သက်မှတ်လိုက်တာမျိုးကတော့"
"မဟုတ်ဘူး။ အဲ့ဒါ ကိုကို့ကြောင့်မဟုတ်ပါဘူး။ သား ..သားအပြစ်တွေပါ။ သားကိုကို့ကိုချစ်လွန်းလို့ ဇွတ်လုပ်မိတာပါ ဟင့်... သက်ပုံ ဆူချင်ရင် သားကို ဆူပါ ကိုကို့ကို မဆူပါနဲ့ "
တစ်ယောက်ကို ဆူရင် တစ်ယောက်က ကာကွယ်ပေး ။ ဘယ်တော့မှ ဒီကလေးနှစ်ယောက်ကို ဆုံးမ မယ်ကြံရွယ်လိုက်ရင် လိုရင်းရောက်ဖူးတာမရှိ။
ခက်တယ် တကယ်ခက်တယ်။
အဆုံးသတ်ကျ မိဘတွေကသာ
အလိုက်ကမ်းဆိုးမသိ ဆူပူတက်သူတွေဖြစ်ရော။
" နှစ်ယောက်စလုံး အလုပ်ပိတ်ရက်ကိုလာခဲ့ကြ။ လာမဲ့ရက်ကို ဖုန်းတော့ကြိုဆက် ဖေဖေဖုန်းချပြီ "
"ဟုတ်ကဲ့ သက်ပုံ"
ဖုန်းကလေး သည် ချသွားချေပြီ။
သို့သော် သော်ကတော့ ငို၍ မပြီးတော့။
" ကိုကို ကိုကို ..သက်ပုံက ဟင့် သော့်ကို
မုန်းသွားပြီလားမသိဘူး "
"ဘာလို့ သက်ပုံက သော့်ကိုမုန်းရမှာလဲ။ "
ဦးချီ မျက်မှောင်ကုတ်ကာ မေးသည်။
သော်သည် တခါတလေ ထိုသို့ အခြေမရှိတဲ့ စကားမျိုးကိုပြောတက်သေးသည်။
ထိုအကျင့်ကိုတော့ သူမကြိုက်။
မိသားစုဟူသော စကားရဲ့ အဓိပ္ပါယ်ကို သော်ရှင်းလင်းစွာ မသိရှိသေး။
မှားနေခဲ့ရင်တောင် သက်ပုံတို့က မှန်ကန်တဲ့ လမ်းကိုသာ ညွှန်ပြလိမ့်မည်။
မုန်းသွားမည်ဆိုတာ ဘယ်တော့မှရှိမှာမဟုတ်။
"မသိဘူး မင်းကို အတင်းယူလိုက်လို့ ငါ့ကိုမုန်းသွားရင် ဘယ်လိုလုပ်မလဲ "
" ဒါဆို အစကတည်းက မုန်းမှာကြောက်ရင် မယူနဲ့လေ "
ဂျစ်တစ်တစ် စကားကို ပြောလျက် သော့်ကို ရင်ခွင်ထဲကနေဆွဲထုတ်ကာဖယ်လိုက်၏။ တခါတလေ ထိုကောင်လေးက အမြင်ကပ်စရာ။
" ဖယ် ငါ့ကိုမဖက်နဲ့ "
အတင်းမျော့ တစ်ကောင်လို တွယ်ကပ်နေတဲ့ လက်တွေက ဘယ်လိုဖယ်ဖယ်မရ။
" ကိုကို သော့်ကို မချစ်တော့ဘူးလားဟင်။ သေချာကြည့်ပါဦး သော်က ဒီလောက်ချစ်စရာကောင်းတာ။ "
"မသိဘူးဖယ်။ ငါ့နားမကပ်နဲ့ .. တစ်လတောင်မပြည့်သေးဘူး မင်းငါ့ကို ယူပြီး နောင်တရနေပြီမို့လား "
" ငါဘယ်မှာနောင်တရနေလို့လဲ။ ငါပြောတဲ့စကားထဲမှာ အဲ့စကားတစ်ခွန်းတောင်မပါဘူး "
"မပါဘူးဆိုပြီး ဝိနည်းလွတ်မပြောနဲ့လေ။
သက်ပုံ နည်းနည်းဆူကာရှိသေး မင်း အခု
စိတ်ညစ်နေပြီမို့လား"
"ကိုကို့!"
"ဘာလဲ"
တစ်ယောက် နဲ့ တစ်ယောက် ပေစောင်းစောင်းကြည့်ကာ ရန်ဆောင်နေကြစဉ် သော်သည် လျှင်မြန်သော အရှိန်ဖြင့် ကိုယ်ပေါ်ခွတက်လာကာ ဦးချီ နှုတ်ခမ်းတွေကို မွှတ်သိပ်စွာနမ်းလာ၏။
ဒါမျိုးကျ သွက်သည်။ ပြုတ်မကျအောင်လည်း နေတက်သလို ဦးချီ နှုတ်ခမ်းတွေကို လည်း ကောင်းကောင်းနမ်းတက်၏။
သူသာ ..ခုထိ သော်ကျေနပ်အောင် မနမ်းနိုင်သေး။ နှုတ်ခမ်းပါးလေးသည် တလှုပ်လှုပ် ဦးချီ နှုတ်ခမ်းတွေကိုထိတွေ့ပွတ်သပ်နေကာ လက်ကလေးတွေက ဦးချီ ပါးနှစ်ဖက်ကို ပင့်မော့ထား၏။
သော်ပြုတ်မကျဖို့အရေး တင်ပါးလေးကို ပင့်တင်ထားဖို့က ဦးချီ အလုပ်သာ။
"ပြွတ်!"
မကျွမ်းကျင်သေးဆဲ အဖြစ်မို့ သော်လည်း စမ်းတဝါးဝါး။
သြော် ခက်လိုက်ပါဘိ။
"ချစ်တယ် "
"မသိဘူး "
စင်းချသွားတဲ့ မျက်တောင်တိုစိတ်စိတ်တွေက အသက်ရူမှားစရာ။
ချက်ခြင်း မျက်ခွံတွေကို ဖိကပ်နမ်းပစ်ကာ
"မသိလည်း ဘာမှမဖြစ်ဘူး ကိုကို ။ ပြီးတော့မင်းမချစ်လည်း အရေးမကြီးတော့ဘူး "
"သော် မင်း !"
"ဟားဟား ငါပဲ မင်းကို လုံလုံလောက်လောက်ချစ်ပေးတော့မယ်ပြောမလို့ပါ။ ဒေါသကြီးပဲ။ စိတ်လျော့ကိုကို စိတ်လျော့ "
ကိုယ်ပေါ်က ဖားပျံ ကို အားနဲ့ အဝေးပစ်လိုက်ရင်ဖြင့် မကောင်းရှိရော့မယ်။
လူက ခွေးပစ်တဲ့ တုတ်လောက်နဲ့ ဦးချီကို မထိခလုတ် က စချင်သေးသည်။
" ဆင်း အောက်ကို ..မနက်စာ စားမယ် "
" ဘာကျွေးမှာလဲ "
"အုန်းတတီး "
"အားးး ကိုကိုတအားညစ်ပတ်တာပဲ"
တမင်ရွဲ့ ကာ အီးတစ်တုံးဟု ဆိုတော့ စွေ့စွေ့ခုန်လျက် ကျောကို တဘုန်းဘုန်းလိုက်ထု၏။ ဦးချီ သဘောကျစွာ တဟားးအော်ရယ်၏။ သော်နဲ့ ဆို သူက အလွယ်နည်းကို ကျင့်သုံးတက်လာသလိုပင်။
စိတ်ညစ်လွယ် ၊ မေ့လွယ်၊ ပျော်လွယ် သူ့ဘဝသည် ဘယ်အရာမှ ကြာကြာ စိတ်ညစ်ရသည်ဟူ၍မရှိ။ လက်ခုပ်ဆိုတာ
နှစ်ဖက်တီးမှ မြည်၏။ ထို့အတူ သူတို့အိမ်ထောင်ရေးမှာလည်း သော်လှမ်းရိုက်သော လက်တစ်ဖက်ကို သူ့လက်ဖြင့်ကျေနပ်စွာ ခံယူ လိုက်ပြီမို့ အထူး စိတ်ညစ်ခံမနေတော့ပေ။ သော်နဲ့နေရင် ပျော်သည်၊
သော်ရယ်နေရင် သူကျေနပ်သည်၊ သော်ငိုရင် သူ့ကိုယ်သူ မုန်းသည်။ ထို့ကြောင့် ချစ်ရေးချစ်ဖြာတွေကို မလေ့လာ မစမ်းစစ်ချင်တော့ ၊ သော်က လင်းမယားဟု ရှေ့မှာ ပြောလျှင် သူလည်း နောက်ကလိုက်၍ သော်ပြောသလို ပါပဲဗျာ ဟု ပြောရုံသာ ဖြစ်သည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz