ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

44

eainsi23

" ဆရာ႕အမ်ိဳးသားဆိုတဲ့ တစ္ေယာက္ တကယ္ ေျဖာင့္တယ္ဟ ၊ တို႔ဆရာကလည္း
ခ်စ္စရာေလးဆိုေတာ့ လိုက္မွလိုက္ပဲ "

"နင္က ျမင္လိုက္ရေတာ့ ေျပာအားရွိမွာေပါ့ ၊  ဘယ္လိုလဲ ေတာ္ေတာ္ေခ်ာလား "

"ေခ်ာတာရယ္ ေတာ့မဟုတ္ဘူး။ အရပ္ရွည္ရွည္ နဲ႔ ေအးေအးခ်မ္းခ်မ္းရုပ္ကေလး ၊
မသိဘူးဟာ ..ငါ့မ်က္လံုးထဲေတာ့  အမ်ားႀကီး ထင္ေပၚေနတာမ်ိဳးမဟုတ္ပဲ ဒီတိုင္း ေအးခနဲ ခံစားလိုက္ရတာပဲ အသားေရ ကေတာ့ ထူးထူးဆန္းဆန္းပဲ ဝါဝင္းဝင္း အေရာင္မဟုတ္ဘူး ငါလည္းေသခ်ာေအာင္မေျပာတက္ေပမဲ့ အေတာ္ေလးလွတယ္။ သူ ႔ကုိၾကည့္ရတာ ညေန ဆည္းဆာေလးလိုပဲ "

" ေအးေအး နွာေခါင္းမီးေလးေလ်ာ့
ဆရာၾကားရင္ နင္တို႔ ေတာ့မလြယ္ဘူး "

" အာ မမေနာ္ရီ ကလည္း  ငယ္ေလးတို႔က
ဖြန္ေၾကာင္တာမဟုတ္ပါဘူး ၊ အလွအပကို ခံစားေနၾကတာပါ "

"သူမ်ားအေၾကာင္းကို ကိုယ္နဲ႔မဆိုင္ပဲ မေျပာပါနဲ႔ေတာ့ ။ အန္တီၾကဴ သိရင္ မလြယ္ဖူးေနာ္"

ေခါင္းခ်င္းဆိုင္ တြတ္ထိုးေနတဲ့ ဆရာမေလး နွစ္ေယာက္ကို အသက္အနည္းငယ္ႀကီးမယ္ထင္ရတဲ့ တစ္ေယာက္က ဝင္ေျပာလိုက္ေတာ့  ပါးစပ္ပိတ္ၿပီး ၿငိမ္သြားၾကသည္။မပိတ္လို႔လည္းမရ အန္တီၾကဴ 
အျမင္မေတာ္လို႔ ဆူရင္ တေန႔လံုး နာပူေအာင္ခံရတာေၾကာင့္ပင္။

ေသာ္ ဒါကို ေထာင့္ခ်ိဳး အကြယ္ကေန ၾကား၍ ရပ္ၾကည့္ေနမိတာျဖစ္သည္။
ေသာ့္မ်က္နွာသည္အနည္းငယ္ မႈန္မႈိင္းေနေသာ္ျငား စိတ္ေတာ့မတိုမိပါေလ။

တကယ္ဆို ပုညာဦးခ်ီ သည္ အ႐ြယ္ေရာက္လာကတည္းက ေခ်ာေမာေသာရုပ္ရည္မဟုတ္ေသာ္ျငား အၾကည့္ခံေသာ
ရုပ္ၾကည္ၾကည္ေလးျဖစ္သည္။

လူတကာ၏ အပူမီးကို မ်က္နွာျမင္ေအးခ်မ္းပါေစဆိုတဲ့ ဆုေတာင္းနွင့္ျပည့္သူပင္။

ေသာ္သည္ ငယ္စဥ္ကတည္းက
ေယာက်ာ္း ၊ မိန္းမ ႀကိဳက္သည္ ဟူ၍
ေသခ်ာေသာ စိတ္လိင္စိတ္ခံယူခ်က္မ်ိဳးမရွိခဲ့ပါ။  သူအ႐ြယ္ေရာက္စ စိတ္ပိုင္းဆိုင္ရာ စတင္ေျပာင္းလဲလာခ်ိန္ မွာ  ကိုကို႔၏ ေႏြးေထြးမူ ႔ၾကင္နာမူ ႔ျဖင့္ အ႐ြယ္ေရာက္ခဲ့ရသည္မို႔  မည္သည့္လိင္ကြဲမ်ိဳးမွ 
စိတ္နွလံုး သက္ေရာက္စိုးမိုးျခင္း မရွိနိုင္တာျဖစ္သည္။

သူ႔စိတ္ေတြသည္ ကိုကို က လြဲၿပီး တျခားသူကို ခ်စ္ျခင္း ေမတၲာျဖင့္ ၾကည့္ဖို႔ မလိုအပ္ေလာက္ေအာင္ ကိုကို ႔၏ အရိပ္မွာ ေအးခ်မ္းခဲ့သည္။ ကိုကို႔၏ ေႏြးေထြးမူ ႔ေအာက္မွာ ညံ့သက္ခဲ့ရသည္။ ထို႔ေၾကာင့္ နွစ္ေပါင္းမ်ားစြာၾကာေအာင္သူ႔နွလံုးသားသည္ ကိုကို တစ္ေယာက္ထဲကိုပင္ ခ်စ္ျမတ္နိုးစိတ္ဝင္နိုင္ခဲ့ျခင္းျဖစ္သည္။

______

အိမ္တံခါးေလးကို ေသာ္ မဖြင့္အားေသး။
အေၾကာင္းမွာ  ေျခသုတ္ခံုေဘးမွာ ခြၽတ္ထားတဲ့ ဖိနပ္ကေလးေၾကာင့္ပင္။

"ေသာ္က ဖိနပ္ဆို အနက္မွ ႀကိဳက္တာ ကိုကို"
ဆိုေတာ့ ဘယ္အခ်ိန္ဝယ္ဝယ္ အနက္ေရာင္ တစ္မ်ိဳးတည္းကိုသာ ဝယ္စီးတက္သူ။ 

" ကိုကို ေျခေထာက္ကေလးက ေျခသည္းၾကည္ၾကည္ေလးေတြနဲ႔ အရမ္းလွတာပဲ ။
အဲ့ဒါေၾကာင့္ ဖိနပ္ဆိုရင္ ႏုညံ့တဲ့ ကတၱီပါ ဖိနပ္ေလးေတြပဲ စီး " ဟု ေျပာမိေတာ့
သူ႔႔႔စကားကို နားေထာင္ကာ ခုခ်ိန္ထိ
ကတၱီပါဖိနပ္ကိုသာ စြဲစြဲၿမဲၿမဲစီးတက္သူ။
ထို႔လူမ်ိဳးကိုမွမခ်စ္ရင္ ေသာ္ကဘယ္သူကိုခ်စ္ရမွာလဲ။

ဒူး တစ္ဖက္ ေထာက္ထိုင္ကာ  အနက္ေရာင္ ဖိနပ္ေလးေရွ႕မွာ ထိုင္လိုက္ၿပီး သဲႀကိဳးေလးကို လက္နဲ႔ပြတ္ဆြဲ ထိေတြ႕ရင္း
အခ်ိန္အေတာ္ၾကာေအာင္ ထိုင္ၾကည့္ေနမိသည္။

သူ႔အခ်စ္က ကိုကိုတစ္ေယာက္ထဲတင္မဟုတ္။  ကိုကို နဲ႔ သက္ဆိုင္တဲ့ ပစၥည္းေလးေတြက အစ အကုန္သက္ေရာက္ေနတာပင္။ ထိုမ်ွအထိ ကိုကို ႔ကို သူ ခ်စ္ခင္ျမတ္နိုးရတာျဖစ္၏။

သူသည္ ထိုင္ရာမွ ထ ကာ
အိမ္တံခါး လက္ကိုင္မွ ကိုင္၍ တံခါးကို ဆြဲဖြင့္၏။  နႈတ္ခမ္းပါး ေလးသည္ ေကာ့တက္ကာ  ျဖဴ ႏုႏု ပါးျပင္မွာ ပါးခ်ိဳင့္ခြက္ေလးသည္ ထင္းလ်က္ရွိေန၏။

တေန႔လံုး လူနာေတြ ၾကည့္ခဲ့ရေသာ္လည္း  ပင္ပန္းတယ္ဟု မထင္နိုင္ေအာင္
ဒီ အိမ္ထဲမွာ သူ႔ေရႊရင္ေအး ေရာက္ေနသည္ဆိုတဲ့ အသိက  တစ္လ တိတိ ဆိတ္သုန္းခဲ့ေသာ အၿပံဳးပန္းကိုပြင့္ေစခဲ့သည္။

ခ်စ္တယ္ကိုကို  ငါမင္းကို သိပ္ခ်စ္တာ။

တစ္ခုတည္းေသာ အခန္းတံခါးသည္ ဖြင့္ထား၏။ ထို အထဲမွာ  တစ္ေယာက္ေသာ သူက အိပ္ယာထပ္မွာ ထိုင္ေနသည္ကို
ေသာ္ ျမင္ေနရသည္။ ပါးျပင္နွင့္ နား႐ြက္ဖ်ားသည္ ရီနီေနလ်က္ ကိုကို သည္ ရွက္ေသြးျဖာလ်က္ရွိ၏။

ကိုကိုလိုပင္ ေသာ္ကိုယ္တိုင္လည္း ေနရခက္ပါသည္။ သူတို႔နွစ္ေယာက္၏ အဆင့္တိုးတက္မူ ႔သည္ တစ္ဆင့္ ေက်ာ္လ်က္ အိမ္ေထာင္သည္ ဟူတဲ့ ေနရာကို ခုန္ပ်ံ ေက်ာ္လႊားေရာက္ရွိခဲ့ေလၿပီမို႔  မ်က္နွာခ်င္းဆိုင္ဖို႔ခက္လွ၏။ ဒါေပမဲ့ ေသာ္ အရွက္နည္းေအာင္ ေနဖို႔ ဆံုးျဖတ္ထားၿပီးသားပင္။
သူသာ ကိုကိုနဲ႔ ထပ္တူ ရွက္ေနလ်ွင္ ဘယ္ေတာ့မွ ကိုကိ့ုကိုပိုင္ဆိုင္ရမည္မဟုတ္ေပ။

"  အဟမ္း !  ဟို  ေစာင့္ေနရတာ ၾကာၿပီလား "

ကိုကို သည္ ေသာ့္ကို စကားမေျပာပါ။
နီရဲေနတဲ့ မ်က္နွာျဖင့္  မၿပံဳးမရယ္ပဲ
စာၾကည့္စားပြဲကို လက္ညိဳးထိုးျပ၏။
လက္ညိဳးညႊန္ရာ အရပ္ကို မ်က္လံုးေရာက္ေတာ့  စာ႐ြက္ေခါက္တစ္ခုကိုေတြ႕ရ၏။ ေၾကာင္ေတာင္ေတာင္ျဖင့္ ေကာက္ကိုင္၍ ကိုကို႔ဆီ အၾကည့္ေရာက္စဥ္ ဖတ္ဟူေသာ အျပဳ အမူျဖင့္ မ်က္စပစ္ျပသည္။ 

ခုထိ စကားတစ္ခြန္းေတာင္မေျပာေသးတာမို႔  ေသာ္သက္ျပင္းခ်ကာ စိတ္ကို မနည္းဆြဲဆန္႔ရွည္ေနရ၏။ ဒီကိုကို ဘာျဖစ္ခ်င္ေနတာလဲ။

စာထဲမွာ

" ဒီအေျခေနကို လက္ခံဖို႔ ခက္ခဲေသးလို႔
အခ်ိန္လိုေသးတယ္ ေသာ္။ ငါ့ကုိ နားလည္ေပးပါ "

ထိုမ်ွသာ။

စာ႐ြက္ကို လံုးေျခ လႊင့္ပစ္၍  ေဘးခ်င္းကပ္ ဝင္ထိုင္ေတာ့ သူ႔ကိုယ္လံုးကို ေသာ္နဲ႔မထိေအာင္ ခပ္ေဝးေဝးတိုး၏။
ဘာလဲ ဒီေကာင္ သူ႔ကိုလာ႐ြဲ႕ေနတာလား ။ ရွက္စိတ္တို႔သည္ ကိုကို႔ေၾကာင့္
ကုန္ဆံုးသြားခဲ့ေလၿပီ။ ကိုကိုသည္ ႏုႏုညံ့ညံ့ အျပဳ အမူမ်ိဳးနဲ႔ သူ႔ကိုမေနေစခ်င္ဟန္ပင္။

ေသာ္ထံသို႔  မသိမသာ ခိုးၾကည့္ေသာ မ်က္လံုးမ်ားက ေဘးကေန တလႈပ္လႈပ္။

အနီးအနားမွာ ကပ္ထိုင္ေနတာေၾကာင့္
သူျပဳ မူ သမ်ွ ေသခ်ာမၾကည့္ေတာင္အကုန္သိေနေတာ့ ခက္သား။
ရွက္တာလည္း ေတာ္ရုံေပါ့။
မသိရင္ ေသာ္က ခုမွျမင္ဖူးတဲ့သူက်ေနတာပဲ။ သူ႔ဖင္ေျပာင္ႀကီးကအစ ျမင္ဖူးေနတဲ့ေသာ့္ကို လိုတာထက္ပိုၿပီးရွက္ဖို႔ေတာ့ မသင့္။

" ကိုကို  ငါစိတ္မရွည္တက္တာ မင္းသိတယ္ေနာ္။ ငါ့ကိုအူယားေအာင္ မလုပ္စမ္းနဲ႔ ။ခ်စ္ရင္ခ်စ္တယ္ေပါ့။ မင္းဟာက မဟုတ္ေသးပါဘူး "

ေသာ္ ၿငီးညဴ စြာေျပာမိသည္။

တကယ္ဆို ဒီကအေတာ္ေလး ခ်စ္ခ်င္လွေလၿပီ။ 
ျဖစ္နိုင္ရင္ ဆြဲဆတ္ၿပီး နမ္းပစ္လိုက္ခ်င္တဲ့အထိ သူေတာ္ေတာ္ စိတ္ျမန္ေနပါသည္။

  ခုထိ စကားျပန္မလာေသးေသာ သူ သည္  ေဘးမွာငုတ္တုတ္ထိုင္လ်က္ ခ်ိဳသည္၊ ခါးသည္ တစ္ခြန္းမဆို။ ေသာ္ကေတာ့ အလြန္ အင္မတန္ သည္းခံေနရတဲ့ အေျခအေနေတြျဖစ္ေန၏။။

" ကိုကို!  မင္းဘယ္အခ်ိန္မွ  ငါ့ကို ခ်စ္တယ္ေျပာမွာလဲ။ မင္းကို တခါထဲ  မလာခင္ကတည္းက ေျပာခဲ့ၿပီးသားေနာ္။ ငါ့ဆီလိုက္လာရင္ မင္းက ငါ့ေယာက်ာ္းပဲ။ ခုေတာင္ ေဆးရုံမွာ  မင္းက ငါ့ေယာက်ာ္းဆိုတာ ေျပာခဲ့လိုက္ၿပီ။ ၿပီးမွာ မဟုတ္ပါဘူးလို႔ မင္းမွာ ျငင္းပိုင္ခြင့္မရွိေတာ့ဘူး။ ငါ့ဂုဏ္သိကၡာေတြအကုန္လံုးမင္းဆီမွာ ပံုထားၿပီးသား ဆိုတာ မင္းသိတယ္ ။ ငါ့ကို ရုတ္ရုတ္လုပ္မယ္ေတာ့မႀကံနဲ႔ "

တခါထဲ ယတိျပတ္ေျပာထားရသည္။
ခ်စ္တာလိုလို မခ်စ္တာလိုလို ေတာ့ လာမလုပ္နဲ႔ အခ်ိန္ေပးဆိုရင္လည္း အမ်ားဆံုးတစ္ရက္ေတာ့ ေပးလိုက္မည္။
ဒီထက္ပိုၿပီးေတာ့ မေပးနိုင္ပါ။
မဟုတ္ေတာင္ ေမြးကတည္းက လည္ပင္းမဖက္ရုံတမယ္ႀကီးလာတာမို႔ ဒီေလာက္ေပးေစာင့္ရတာေတာင္ မ်ားလွၿပီ။

"ဗိုက္ဆာ တယ္  ။ မင္းပို႔ထားတဲ့ဟင္းေတြ မကုန္ေသးဘူး  ေႏြးၿပီး စားရုံပဲ။ ထ 
ထမင္းစားမယ္ "

"   ေသာ္ဖာသာ စားနွင့္။ ငါ အိပ္ခ်င္လို႔ "

ပထမဆံုးထြက္လာတဲ့စကားဆိုေသာ္ျငား
ေသာ္ မ်က္ေမွာင္ၾကဳတ္မိ၏။

"  မရဘူး  ငါ တစ္ေယာက္ထဲ မစားတက္ဘူး မင္းက ငါ့ေယာက်ာ္းပဲ ငါနဲ႔ အတူစားေပး "

အသားက်ေအာင္ တမင္ ငါ့ေယာက်ာ္းဟုသာ ပစ္ေခၚေပးလိုက္သည္။
ထိုအခါ ေယာင္ေယာင္မွာမွားျဖင့္ ကုတင္ေပၚ ကုန္းတက္ေနတဲ့ ကိုကိုသည္
ျပန္ဆင္းကာ  လည္ပင္းေတြပြတ္၏ ။
နား႐ြက္ဖ်ားေတြကလည္း ရဲတြတ္လ်က္
မ်က္လံုးေတြကလည္း ေတာင္ေျမာက္ၾကည့္ကာ အစိုးမရေတာ့။  ထို႔ေနာက္ အသံတိုးတိုးျဖင့္

" အဲ့လို ႀကီး မေျပာနဲ႔"ဟုေျပာလာ၏။
ထိုအသံေလးသည္ ခ်စ္စရာေကာင္းေသာ္ျငား ေသာ္ကေတာ့ ရုပ္ဆိုးေအာင္မဲ့ျပကာ

" အဲ့လို မေျပာလို႔ ဘယ္လို ေျပာရမွာလဲ
မင္း ငါ့ေယာက်ာ္း လုပ္ဖို႔လိုက္လာတာမဟုတ္ဘူးလား ။ ခုေျပာ ေသခ်ာေအာင္၊
မင္း ငါ့ေယာက်ာ္း ဟုတ္သလား မဟုတ္ဘူးလား "

တမင္ ဂ်စ္တိုက္ေနတဲ့ ေသာ့္ကို အျမင္ကပ္ေပမဲ့  ဦးခ်ီ ေသခ်ာၾကည့္ပီးစကားမေျပာရဲပါ။ ေရာက္လာတုန္းကလည္း လြင္ဦး စကားေၾကာင့္ ဘာရယ္မဟုတ္စိုးရိမ္တႀကီးေရာက္လာခဲ့ရ၏။ ေနာက္ဆက္တြဲကိစၥခုထိ မစဥ္းစားခဲ့ရေသးဘူးေျပာရင္ ေသာ္က စိတ္ဆိုးဦးမည္။  အမွန္လည္း
သူ ခုထိ ေသာ္နဲ႔ မည္သို႔မည္ပံု ပတ္သတ္ရမွန္းစဥ္းစားလို႔မရေသး။

ရွက္စိတ္သာ  ႀကီးစိုးေနတာမို႔  ပါးပူ နား႐ြက္ပူ ျဖင့္ ေဘးမွာ ေတာင့္ေတာင့္ႀကီးရပ္ေနရတဲ့ အျဖစ္က ေနသာထိုင္သာမရွိလွ။

" ေျပာပါဆို "

"ေသာ္ ၿငိမ္ၿငိမ္ေနစမ္း "

ပုခံုး ကို ေမးတင္ကာ ေမးလာတာမို႔
ေသာ့္ေဘးနားကေန ေဝးေအာင္ ထပ္ေ႐ြ႕လိုက္၏။ ခုခ်ိန္မွာ ေသာ့္အထိအေတြ႕ကို သူမခံရဲေသး။ အလာတုန္းက
ေနမေကာင္းျဖစ္၍ အဖ်ားတက္ခဲ့တဲ့ သူသည္ ေသာ့္ေရွ႕ ေရာက္ေတာ့ ေခြၽးေစး မ်ားျပန္လ်က္ ေဆးကုစရာမလိုပဲ ေရာဂါ ေပ်ာက္လုမတက္ျဖစ္ေနေလၿပီ။

ေသာ္နဲ႔ ေဝးရာကို ထပ္ေ႐ြ ႕သြားတဲ့
ကိုကို ႔ေၾကာင့္ ေသာ္ မ်က္ခံုးတန္းေလးသည္ တြန္ ႔ခ်ိဳး ၍ နႈတ္ခမ္းတို႔သည္လည္းေရွ႕ကို စူထြက္လာ၏။

" ဘာလို ႔ဟိုဖက္တိုးတိုး သြားတာလဲ။
ဒီနားျပန္တိုးလားခဲ့ ။ မင္းမလာရင္ ငါလာမွာေနာ္။ ေမးတာသာေျဖလိုက္ ၊ ငါမင္းကို မေနွာက္ယွက္ေတာ့ဘူး "

"မေျဖခ်င္ဘူး ေသာ့္ငါ့ကို ဇြတ္မလုပ္နဲ႔ "

"က်စ္! "

ဆြဲေစာင့္လိုက္ရရင္ျဖင့္ ဒီေကာင္ အသားနာမွာပဲ အဖတ္တင္မည္။ ဒီေလာက္ ဒူလြန္းတာေတာ့မေကာင္း။

" ရတယ္ေလ မေမး ေတာ့ဘူး ၊ မင္းအိပ္ခ်င္ရင္ အိပ္ေတာ့ "

စကားဆံုးေတာ့ ေသာ္သည္ အခန္းအျပင္ကိုထြက္သြား၏။ ထိုအခါမွ သူလည္းအသက္ဝဝရူနိုင္ေတာ့သည္။ ေသာ့္အခန္းေလးသည္ သူတို႔နွစ္ေယာက္ေယာက္ ေကာင္းေကာင္း ေနနိုင္ရုံသာ က်ယ္၏။
စာၾကည့္စားပြဲမွာ စာၾကည့္မီးေလးနွင့္ ေသာ့္စာအုပ္ေတြကို တညီတညာထဲ အထပ္လိုက္ေတြ႕ရစဥ္  ဘာလိုအပ္ေနမွန္းမသိတဲ့ သူ႔စိတ္နွလံုးေလးသည္ အလံုးစံု ျပည့္ဝသြားသလို။
၈နွစ္ေက်ာ္ၾကာေအာင္ ျမင္ေတြ ႕ခဲ့ရတဲ့ မန္းေလးအိမ္က စာၾကည့္စားပြဲမွာ ေသာ္
စာအုပ္ေတြ အမ်ားႀကီးသည္ ေသာ္ထြက္သြားနွင့္ တပါထဲယူေဆာင္ခံလိုက္ရ၏။
ထိုေန႔ကတည္းက သူ႔စိတ္ေတြသည္ ေနလို႔မေကာင္းေတာ့တာျဖစ္သည္။

____

အခန္းနံရံမွာ ရွိတဲ့ ညမီးအိမ္မွ အလင္းေရာင္ ေဖ်ာ့ေဖ်ာ့သည္  အခန္းတြင္းရွိ  လွဲေလ်ာင္းေနသူ နွစ္ဦးေပၚ ျဖာက်လ်က္ရွိသည္။ ေသာ္သည္ မသိမသာ မ်က္လံုးေစြၿပီး ေဘးမွာ အတင္းမ်က္လံုးမွိတ္အိပ္ေနတဲ့ ကိုကို႔ထံသို႔ ၾကည့္မိသည္။
တေနလံုး အိပ္ထားတာမို႔  ဒီအခ်ိန္ကိုကို အိပ္ေသးမွာမဟုတ္ဘူးဆိုတာ ေသာ္သိ၏။  ၾကားမွာ ျခားထားေသာ
ဖက္လံုး ကို  ကိုကိုမသိေအာင္ ဖယ္ရွား၍ ကုတင္ေအာက္ကိုပစ္ခ်၏။ ထို႔ေနာက္ အနားကို အသံမၾကားေအာင္ ျဖည္းျဖည္းတိုးၿပီး ကိုကို႔ကို အားနွင့္ႀကံဳးဖက္လိုက္လ်ွင္....

" ေသာ္  ဖယ္ေပး ၊ အနားမကပ္ရဘူးလို႔ ငါေျပာထားတယ္ေလ ။ ဘယ္မွာလဲ ဖက္လံုး ။ "

ေသာ့္လက္ေတြၾကားက ရုန္းကန္ထြက္ေနတာမို႔  ေသာ္ ဖက္ထားရာမွ မလႊတ္ပဲ ေစာင္းအိပ္ေနရာမွ ႀကံဳးထ ၍  ကိုကို႔ ကိုယ္လံုးေပၚ ဖားပ်ံ ေလးလို ထပ္အိပ္ပစ္သည္။
ပိုဆိုးလာေသာ အေနထားကို ကိုကိုတစ္ေယာက္ မ်က္လံုးျပဴ းမ်က္ဆံျပဴ းျဖစ္ကာ ေသာ့္ကို ကိုယ္ေပၚမွ ခါခ်၍ မဆံုး။

ရမလား။

ညကိုေစာင့္ေနတာ ကိုကို။ အမွန္တိုင္းေျပာရင္ ဒါ မဂၤလာဦး ဆိုေပမဲ့ ဦးဖို႔ရာ ကိုယ့္အေျခအေနျဖင့္မျဖစ္ေသး။ ဒါေပမဲ့ ေသာ္ကေတာ့ မဂၤလာရွိေအာင္ တစ္ခုခုေတာ့ ရေအာင္ ယူဖို႔ဆံုးျဖတ္ထားသည္။

" အေဝးပစ္လိုက္ၿပီ မရွိေတာ့ဘူး "

"ေသာ္ ! "

ကိုကိုအသံသည္ စိတ္တိုစြာ ခပ္မာမာျဖစ္လ်က္။

" ငါ့ကိုလာမေအာ္နဲ႔ ပံုညာဦးခ်ီ ။ မင္းစိတ္တိုတက္သလို ငါလည္းတိုတက္တယ္ေနာ္။ ေရာက္လာကတည္းက ငါ့အသားကို မထိပဲ တြန္ ႔ဆုတ္တြန္ ႔ဆုတ္နဲ႔ မသတီသလို လုပ္ေနတာဘာသေဘာလဲ "

"ဘာမသတီတာလဲ။ ေသာ္ မင္းမဟုတ္တာေတြ မေျပာနဲ႔ "

"ဟြန္ ႔ မေျပာေစခ်င္ရင္  မင္းကို ငါ့ကို နမ္းလိုက္ေလ "

??

ေအာ္ဟစ္ေနရာမွ မဆီမဆိုင္ စကားေၾကာင့္ ဦးခ်ီ ဆက္ေျပာဖို႔ အခြင့္မသာေတာ့။
ရင္ဘတ္ေပၚမွာ ျပားျပားကပ္၍ ဂ်စ္တိဂ်စ္ကန္ ျပန္ၾကည့္လ်က္ ေျပာလာတဲ့ေလသံသည္ စေနွာက္ေနဟန္မတူပဲခပ္တည္တည္သာ။

" ဖယ္ ! လာေနာက္မေနနဲ႔ "

"ဘယ္သူက ေနွာက္ေနလို႔လဲ ။ မေျပာေစခ်င္ရင္ နမ္း ။ မဟုတ္ရင္ တစ္ညလံုး မင္းအိပ္ရမယ္မထင္နဲ႔ "

"ေသာ့္! "

"ဘာလဲ ေျပာ !!"

" က်စ္!"

နွစ္ဦးနွစ္ဖက္သည္ တင္းမာစြာ တစ္ေယာက္နဲ႔ တစ္ေယာက္ စူးစိုက္စြာၾကည့္ေနသည္။ အဆံုးသတ္မွာ သက္ျပင္းခ်လ်က္ အၾကည့္လြဲရသူက ဦးခ်ီသာ။
ေသာ္ကေတာ့ စူပုတ္လ်က္ ရင္ဘတ္ေပၚကေနေအာက္လည္း မဆင္း အေပၚစီးကေန သူ႔ကို ရႈ ႕တည္တည္ၾကည့္၏။

" က်စ္! "

ေနာက္တႀကိမ္ ဦးခ်ီ စုတ္သတ္မိသည္။
ကိုယ္ေပၚမွာ အုပ္္မိုးထားတဲ့ သူသည္ ဘယ္လိုဆြဲခ်ခ်ဆင္းမဲ့ပံုမျမင္။

" နမ္းၿပီးလို႔မွမဆင္းရင္ ငါကန္ခ်မွာ မင္းကို "

ေျပာၿပီး ေသာ့္နႈတ္ခမ္းကို အလ်ွင္အျမန္နမ္းၿပီးခ်က္ျခင္းဖယ္၏။ ၾကာခ်ိန္သည္ စကၠန္႔ဝက္မ်ွေတာင္ မရွိလွတာမို ႔ေသာ့္မ်က္နွာသည္ ပုတ္သိုးအိုဆိုးသြားၿပီးလ်ွင္။

" အဲ့ဒါအနမ္းလား ၊  စိတ္ပ်က္စရာပဲ။
မင္းဇာတ္ကားမၾကည့္ဖူးဘူးလား။ မင္းသားနဲ႔ မင္းသမီး နမ္းခန္းမွာ တႁပြတ္ႁပြတ္အသံျမည္တယ္ေလ "

"ငါ ကုလားကားပဲ ၾကည့္တယ္"

နီေစြးေနတဲ့ ရုပ္ျဖင့္ ေလသံသည္ ခပ္တိုးတိုးသာ။ ဒီအနမ္းေလာက္ကေလးနဲ႔ရွက္ေသးတာလားး အံ့ဖြယ္ပဲ ကိုကိုေရ။

" ကုလားကားမွာလဲနမ္းတဲ့အခန္း ပါတယ္ေလ "

"ေက်ာ္ၾကည့္တာ ငါက "

ေအး ေကာင္ေရာပဲ။

"ျပန္နမ္းမယ္။ ေသခ်ာနမ္း  ၊ မနမ္းရင္တကယ္မင္းမအိပ္ရဖူးမွတ္"

"ေသာ္ကကြာ "

ေလသံသည္ ေဒါသသံ လံုးလံုးမရွိေတာ့ပဲ
သနားစရာေကာင္းလွေအာင္ ေဖ်ာ့ေတာ့ေန၏။ မသိရင္ နွိပ္စက္ညႇင္းပန္းေနတဲ့အတိုင္း။

" လြယ္လြယ္ေလးပါ မင္းလုပ္တက္ပါတယ္ ၊ဟိုလိုကြာ ..ခ်ိဳခ်ဥ္စုပ္သလို ပဲ ၊ ဒီတခါ ၾကာၾကာေလးႀကိဳးစားၾကည့္လိုက္"

ေသာ့္စကားေၾကာင့္ ဦးခ်ီေဘးကိုလွည့္ထားတဲ့ သူ႔လည္ပင္းကို ျပန္တည့္မိသည္။ ညမီးေရာင္ေအာက္မွာ ျမင္ေနရတဲ့ေသာ့္နႈတ္ခမ္းကေလးသည္ ခါတိုင္းထက္ပို၍ နီေနသေယာင္။
လည္ပင္တေလ်ွာက္ ေျခာက္ေသြ႕လာတာ ထူးဆန္းလြန္းေနသည္။

ေသာ့္အလိုက် ေနာက္ဆံုးအႀကိမ္ႀကိဳးစားေပးဖို႔ သူ႔လက္ေတြကို ေသာ့္ပုခံုးေတြေပၚတင္လိုက္သည္။ စိုရႊဲေနတဲ့ လက္ဖဝါးကေခြၽးေစးေတြသည္ ေသာ့္အက်ၤ ီနဲ႔ သြားကပ္တာကို သူသိေပမဲ့မဖယ္ျဖစ္ေတာ့။

ေသာ္သည္ သူအဆင္ေျပေအာင္ မ်က္လံုးကိုမွိတ္ကာ နႈတ္ခမ္းကို ဝ လံုးေလးသ႑ာန္ စူေပးထား၏။  ဦးခ်ီ ႀကိဳးစား၍
ပါးစပ္ကို အနည္းငယ္ဖြင့္၏။ ထို႔ေနာက္
စုလံုးထားေသာ ေသာ့္နႈတ္ခမ္းလံုးကို
ခ်ိဳခ်ဥ္လံုးလို သေဘာထားကာ ထည့္ငံုလိုက္၏။ အရာရာအားလံုးသည္ ေသာ္သင္သလို ကြက္တိ။

ေနာက္ဆံုးပိတ္ အဆင္ေျပသြားခ်ိန္တြင္
ေသာ့္နႈတ္ခမ္းတို႔ကို တႁပြတ္ႁပြတ္ျမည္ေအာင္ စုပ္ေတာ့၏။

စုပ္လံုးခ်ိဳခ်ဥ္မဟုတ္ေသာ္ျငား စုပ္လံုးထက္ပို၍ ႏုညံ့တာကိုေတာ့ သူခံစားမိသည္။

ေသာ္သည္ စိတ္ပ်က္လက္ပ်က္  မ်က္လံုးတို႔ကိုေမွးစင္းကာ ဖြင့္ၾကည့္မိလ်ွင္ ပံုညာဦးခ်ီသည္ သူ ႔နႈတ္ခမ္းေတြကို ခ်ိဳခ်ဥ္အမွတ္ျဖင့္ အၿပီအျပင္ ဝါးစားေနေလသည္။

နမ္းေတာင္မနမ္းတက္ရွာတဲ့ကိုကိုပါတကား...

ခ်စ္တဲ့အိမ္စည္။

( ၾကယ္လိုခ်င္တယ္ၾကယ္..ၾကယ္)

" ဆရာ့အမျိုးသားဆိုတဲ့ တစ်ယောက် တကယ် ဖြောင့်တယ်ဟ ၊ တို့ဆရာကလည်း
ချစ်စရာလေးဆိုတော့ လိုက်မှလိုက်ပဲ "

"နင်က မြင်လိုက်ရတော့ ပြောအားရှိမှာပေါ့ ၊  ဘယ်လိုလဲ တော်တော်ချောလား "

"ချောတာရယ် တော့မဟုတ်ဘူး။ အရပ်ရှည်ရှည် နဲ့ အေးအေးချမ်းချမ်းရုပ်ကလေး ၊
မသိဘူးဟာ ..ငါ့မျက်လုံးထဲတော့  အများကြီး ထင်ပေါ်နေတာမျိုးမဟုတ်ပဲ ဒီတိုင်း အေးခနဲ ခံစားလိုက်ရတာပဲ အသားရေ ကတော့ ထူးထူးဆန်းဆန်းပဲ ဝါဝင်းဝင်း အရောင်မဟုတ်ဘူး ငါလည်းသေချာအောင်မပြောတက်ပေမဲ့ အတော်လေးလှတယ်။ သူ့ ကိုကြည့်ရတာ ညနေ ဆည်းဆာလေးလိုပဲ "

" အေးအေး နှာခေါင်းမီးလေးလျော့
ဆရာကြားရင် နင်တို့ တော့မလွယ်ဘူး "

" အာ မမနော်ရီ ကလည်း  ငယ်လေးတို့က
ဖွန်ကြောင်တာမဟုတ်ပါဘူး ၊ အလှအပကို ခံစားနေကြတာပါ "

"သူများအကြောင်းကို ကိုယ်နဲ့မဆိုင်ပဲ မပြောပါနဲ့တော့ ။ အန်တီကြူ သိရင် မလွယ်ဖူးနော်"

ခေါင်းချင်းဆိုင် တွတ်ထိုးနေတဲ့ ဆရာမလေး နှစ်ယောက်ကို အသက်အနည်းငယ်ကြီးမယ်ထင်ရတဲ့ တစ်ယောက်က ဝင်ပြောလိုက်တော့  ပါးစပ်ပိတ်ပြီး ငြိမ်သွားကြသည်။မပိတ်လို့လည်းမရ အန်တီကြူ 
အမြင်မတော်လို့ ဆူရင် တနေ့လုံး နာပူအောင်ခံရတာကြောင့်ပင်။

သော် ဒါကို ထောင့်ချိုး အကွယ်ကနေ ကြား၍ ရပ်ကြည့်နေမိတာဖြစ်သည်။
သော့်မျက်နှာသည်အနည်းငယ် မှုန်မှိုင်းနေသော်ငြား စိတ်တော့မတိုမိပါလေ။

တကယ်ဆို ပုညာဦးချီ သည် အရွယ်ရောက်လာကတည်းက ချောမောသောရုပ်ရည်မဟုတ်သော်ငြား အကြည့်ခံသော
ရုပ်ကြည်ကြည်လေးဖြစ်သည်။

လူတကာ၏ အပူမီးကို မျက်နှာမြင်အေးချမ်းပါစေဆိုတဲ့ ဆုတောင်းနှင့်ပြည့်သူပင်။

သော်သည် ငယ်စဉ်ကတည်းက
ယောကျာ်း ၊ မိန်းမ ကြိုက်သည် ဟူ၍
သေချာသော စိတ်လိင်စိတ်ခံယူချက်မျိုးမရှိခဲ့ပါ။  သူအရွယ်ရောက်စ စိတ်ပိုင်းဆိုင်ရာ စတင်ပြောင်းလဲလာချိန် မှာ  ကိုကို့၏ နွေးထွေးမူ့ ကြင်နာမူ့ ဖြင့် အရွယ်ရောက်ခဲ့ရသည်မို့  မည်သည့်လိင်ကွဲမျိုးမှ 
စိတ်နှလုံး သက်ရောက်စိုးမိုးခြင်း မရှိနိုင်တာဖြစ်သည်။

သူ့စိတ်တွေသည် ကိုကို က လွဲပြီး တခြားသူကို ချစ်ခြင်း မေတ္တာဖြင့် ကြည့်ဖို့ မလိုအပ်လောက်အောင် ကိုကို့ ၏ အရိပ်မှာ အေးချမ်းခဲ့သည်။ ကိုကို့၏ နွေးထွေးမူ့ အောက်မှာ ညံ့သက်ခဲ့ရသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာကြာအောင်သူ့နှလုံးသားသည် ကိုကို တစ်ယောက်ထဲကိုပင် ချစ်မြတ်နိုးစိတ်ဝင်နိုင်ခဲ့ခြင်းဖြစ်သည်။

______

အိမ်တံခါးလေးကို သော် မဖွင့်အားသေး။
အကြောင်းမှာ  ခြေသုတ်ခုံဘေးမှာ ချွတ်ထားတဲ့ ဖိနပ်ကလေးကြောင့်ပင်။

"သော်က ဖိနပ်ဆို အနက်မှ ကြိုက်တာ ကိုကို"
ဆိုတော့ ဘယ်အချိန်ဝယ်ဝယ် အနက်ရောင် တစ်မျိုးတည်းကိုသာ ဝယ်စီးတက်သူ။ 

" ကိုကို ခြေထောက်ကလေးက ခြေသည်းကြည်ကြည်လေးတွေနဲ့ အရမ်းလှတာပဲ ။
အဲ့ဒါကြောင့် ဖိနပ်ဆိုရင် နုညံ့တဲ့ ကတ္တီပါ ဖိနပ်လေးတွေပဲ စီး " ဟု ပြောမိတော့
သူ့စကားကို နားထောင်ကာ ခုချိန်ထိ
ကတ္တီပါဖိနပ်ကိုသာ စွဲစွဲမြဲမြဲစီးတက်သူ။
ထို့လူမျိုးကိုမှမချစ်ရင် သော်ကဘယ်သူကိုချစ်ရမှာလဲ။

ဒူး တစ်ဖက် ထောက်ထိုင်ကာ  အနက်ရောင် ဖိနပ်လေးရှေ့မှာ ထိုင်လိုက်ပြီး သဲကြိုးလေးကို လက်နဲ့ပွတ်ဆွဲ ထိတွေ့ရင်း
အချိန်အတော်ကြာအောင် ထိုင်ကြည့်နေမိသည်။

သူ့အချစ်က ကိုကိုတစ်ယောက်ထဲတင်မဟုတ်။  ကိုကို နဲ့ သက်ဆိုင်တဲ့ ပစ္စည်းလေးတွေက အစ အကုန်သက်ရောက်နေတာပင်။ ထိုမျှအထိ ကိုကို့ ကို သူ ချစ်ခင်မြတ်နိုးရတာဖြစ်၏။

သူသည် ထိုင်ရာမှ ထ ကာ
အိမ်တံခါး လက်ကိုင်မှ ကိုင်၍ တံခါးကို ဆွဲဖွင့်၏။  နှုတ်ခမ်းပါး လေးသည် ကော့တက်ကာ  ဖြူ နုနု ပါးပြင်မှာ ပါးချိုင့်ခွက်လေးသည် ထင်းလျက်ရှိနေ၏။

တနေ့လုံး လူနာတွေ ကြည့်ခဲ့ရသော်လည်း  ပင်ပန်းတယ်ဟု မထင်နိုင်အောင်
ဒီ အိမ်ထဲမှာ သူ့ရွှေရင်အေး ရောက်နေသည်ဆိုတဲ့ အသိက  တစ်လ တိတိ ဆိတ်သုန်းခဲ့သော အပြုံးပန်းကိုပွင့်စေခဲ့သည်။

ချစ်တယ်ကိုကို  ငါမင်းကို သိပ်ချစ်တာ။

တစ်ခုတည်းသော အခန်းတံခါးသည် ဖွင့်ထား၏။ ထို အထဲမှာ  တစ်ယောက်သော သူက အိပ်ယာထပ်မှာ ထိုင်နေသည်ကို
သော် မြင်နေရသည်။ ပါးပြင်နှင့် နားရွက်ဖျားသည် ရီနီနေလျက် ကိုကို သည် ရှက်သွေးဖြာလျက်ရှိ၏။

ကိုကိုလိုပင် သော်ကိုယ်တိုင်လည်း နေရခက်ပါသည်။ သူတို့နှစ်ယောက်၏ အဆင့်တိုးတက်မူ့ သည် တစ်ဆင့် ကျော်လျက် အိမ်ထောင်သည် ဟူတဲ့ နေရာကို ခုန်ပျံ ကျော်လွှားရောက်ရှိခဲ့လေပြီမို့  မျက်နှာချင်းဆိုင်ဖို့ခက်လှ၏။ ဒါပေမဲ့ သော် အရှက်နည်းအောင် နေဖို့ ဆုံးဖြတ်ထားပြီးသားပင်။
သူသာ ကိုကိုနဲ့ ထပ်တူ ရှက်နေလျှင် ဘယ်တော့မှ ကိုကို့ကိုပိုင်ဆိုင်ရမည်မဟုတ်ပေ။

"  အဟမ်း !  ဟို  စောင့်နေရတာ ကြာပြီလား "

ကိုကို သည် သော့်ကို စကားမပြောပါ။
နီရဲနေတဲ့ မျက်နှာဖြင့်  မပြုံးမရယ်ပဲ
စာကြည့်စားပွဲကို လက်ညိုးထိုးပြ၏။
လက်ညိုးညွှန်ရာ အရပ်ကို မျက်လုံးရောက်တော့  စာရွက်ခေါက်တစ်ခုကိုတွေ့ရ၏။ ကြောင်တောင်တောင်ဖြင့် ကောက်ကိုင်၍ ကိုကို့ဆီ အကြည့်ရောက်စဉ် ဖတ်ဟူသော အပြု အမူဖြင့် မျက်စပစ်ပြသည်။ 

ခုထိ စကားတစ်ခွန်းတောင်မပြောသေးတာမို့  သော်သက်ပြင်းချကာ စိတ်ကို မနည်းဆွဲဆန့်ရှည်နေရ၏။ ဒီကိုကို ဘာဖြစ်ချင်နေတာလဲ။

စာထဲမှာ

" ဒီအခြေနေကို လက်ခံဖို့ ခက်ခဲသေးလို့
အချိန်လိုသေးတယ် သော်။ ငါ့ကို နားလည်ပေးပါ "

ထိုမျှသာ။

စာရွက်ကို လုံးခြေ လွှင့်ပစ်၍  ဘေးချင်းကပ် ဝင်ထိုင်တော့ သူ့ကိုယ်လုံးကို သော်နဲ့မထိအောင် ခပ်ဝေးဝေးတိုး၏။
ဘာလဲ ဒီကောင် သူ့ကိုလာရွဲ့နေတာလား ။ ရှက်စိတ်တို့သည် ကိုကို့ကြောင့်
ကုန်ဆုံးသွားခဲ့လေပြီ။ ကိုကိုသည် နုနုညံ့ညံ့ အပြု အမူမျိုးနဲ့ သူ့ကိုမနေစေချင်ဟန်ပင်။

သော်ထံသို့  မသိမသာ ခိုးကြည့်သော မျက်လုံးများက ဘေးကနေ တလှုပ်လှုပ်။

အနီးအနားမှာ ကပ်ထိုင်နေတာကြောင့်
သူပြု မူ သမျှ သေချာမကြည့်တောင်အကုန်သိနေတော့ ခက်သား။
ရှက်တာလည်း တော်ရုံပေါ့။
မသိရင် သော်က ခုမှမြင်ဖူးတဲ့သူကျနေတာပဲ။ သူ့ဖင်ပြောင်ကြီးကအစ မြင်ဖူးနေတဲ့သော့်ကို လိုတာထက်ပိုပြီးရှက်ဖို့တော့ မသင့်။

" ကိုကို  ငါစိတ်မရှည်တက်တာ မင်းသိတယ်နော်။ ငါ့ကိုအူယားအောင် မလုပ်စမ်းနဲ့ ။ချစ်ရင်ချစ်တယ်ပေါ့။ မင်းဟာက မဟုတ်သေးပါဘူး "

သော် ငြီးညူ စွာပြောမိသည်။

တကယ်ဆို ဒီကအတော်လေး ချစ်ချင်လှလေပြီ။ 
ဖြစ်နိုင်ရင် ဆွဲဆတ်ပြီး နမ်းပစ်လိုက်ချင်တဲ့အထိ သူတော်တော် စိတ်မြန်နေပါသည်။

  ခုထိ စကားပြန်မလာသေးသော သူ သည်  ဘေးမှာငုတ်တုတ်ထိုင်လျက် ချိုသည်၊ ခါးသည် တစ်ခွန်းမဆို။ သော်ကတော့ အလွန် အင်မတန် သည်းခံနေရတဲ့ အခြေအနေတွေဖြစ်နေ၏။။

" ကိုကို!  မင်းဘယ်အချိန်မှ  ငါ့ကို ချစ်တယ်ပြောမှာလဲ။ မင်းကို တခါထဲ  မလာခင်ကတည်းက ပြောခဲ့ပြီးသားနော်။ ငါ့ဆီလိုက်လာရင် မင်းက ငါ့ယောကျာ်းပဲ။ ခုတောင် ဆေးရုံမှာ  မင်းက ငါ့ယောကျာ်းဆိုတာ ပြောခဲ့လိုက်ပြီ။ ပြီးမှာ မဟုတ်ပါဘူးလို့ မင်းမှာ ငြင်းပိုင်ခွင့်မရှိတော့ဘူး။ ငါ့ဂုဏ်သိက္ခာတွေအကုန်လုံးမင်းဆီမှာ ပုံထားပြီးသား ဆိုတာ မင်းသိတယ် ။ ငါ့ကို ရုတ်ရုတ်လုပ်မယ်တော့မကြံနဲ့ "

တခါထဲ ယတိပြတ်ပြောထားရသည်။
ချစ်တာလိုလို မချစ်တာလိုလို တော့ လာမလုပ်နဲ့ အချိန်ပေးဆိုရင်လည်း အများဆုံးတစ်ရက်တော့ ပေးလိုက်မည်။
ဒီထက်ပိုပြီးတော့ မပေးနိုင်ပါ။
မဟုတ်တောင် မွေးကတည်းက လည်ပင်းမဖက်ရုံတမယ်ကြီးလာတာမို့ ဒီလောက်ပေးစောင့်ရတာတောင် များလှပြီ။

"ဗိုက်ဆာ တယ်  ။ မင်းပို့ထားတဲ့ဟင်းတွေ မကုန်သေးဘူး  နွေးပြီး စားရုံပဲ။ ထ 
ထမင်းစားမယ် "

"   သော်ဖာသာ စားနှင့်။ ငါ အိပ်ချင်လို့ "

ပထမဆုံးထွက်လာတဲ့စကားဆိုသော်ငြား
သော် မျက်မှောင်ကြုတ်မိ၏။

"  မရဘူး  ငါ တစ်ယောက်ထဲ မစားတက်ဘူး မင်းက ငါ့ယောကျာ်းပဲ ငါနဲ့ အတူစားပေး "

အသားကျအောင် တမင် ငါ့ယောကျာ်းဟုသာ ပစ်ခေါ်ပေးလိုက်သည်။
ထိုအခါ ယောင်ယောင်မှာမှားဖြင့် ကုတင်ပေါ် ကုန်းတက်နေတဲ့ ကိုကိုသည်
ပြန်ဆင်းကာ  လည်ပင်းတွေပွတ်၏ ။
နားရွက်ဖျားတွေကလည်း ရဲတွတ်လျက်
မျက်လုံးတွေကလည်း တောင်မြောက်ကြည့်ကာ အစိုးမရတော့။  ထို့နောက် အသံတိုးတိုးဖြင့်

" အဲ့လို ကြီး မပြောနဲ့"ဟုပြောလာ၏။
ထိုအသံလေးသည် ချစ်စရာကောင်းသော်ငြား သော်ကတော့ ရုပ်ဆိုးအောင်မဲ့ပြကာ

" အဲ့လို မပြောလို့ ဘယ်လို ပြောရမှာလဲ
မင်း ငါ့ယောကျာ်း လုပ်ဖို့လိုက်လာတာမဟုတ်ဘူးလား ။ ခုပြော သေချာအောင်၊
မင်း ငါ့ယောကျာ်း ဟုတ်သလား မဟုတ်ဘူးလား "

တမင် ဂျစ်တိုက်နေတဲ့ သော့်ကို အမြင်ကပ်ပေမဲ့  ဦးချီ သေချာကြည့်ပီးစကားမပြောရဲပါ။ ရောက်လာတုန်းကလည်း လွင်ဦး စကားကြောင့် ဘာရယ်မဟုတ်စိုးရိမ်တကြီးရောက်လာခဲ့ရ၏။ နောက်ဆက်တွဲကိစ္စခုထိ မစဉ်းစားခဲ့ရသေးဘူးပြောရင် သော်က စိတ်ဆိုးဦးမည်။  အမှန်လည်း
သူ ခုထိ သော်နဲ့ မည်သို့မည်ပုံ ပတ်သတ်ရမှန်းစဉ်းစားလို့မရသေး။

ရှက်စိတ်သာ  ကြီးစိုးနေတာမို့  ပါးပူ နားရွက်ပူ ဖြင့် ဘေးမှာ တောင့်တောင့်ကြီးရပ်နေရတဲ့ အဖြစ်က နေသာထိုင်သာမရှိလှ။

" ပြောပါဆို "

"သော် ငြိမ်ငြိမ်နေစမ်း "

ပုခုံး ကို မေးတင်ကာ မေးလာတာမို့
သော့်ဘေးနားကနေ ဝေးအောင် ထပ်ရွေ့လိုက်၏။ ခုချိန်မှာ သော့်အထိအတွေ့ကို သူမခံရဲသေး။ အလာတုန်းက
နေမကောင်းဖြစ်၍ အဖျားတက်ခဲ့တဲ့ သူသည် သော့်ရှေ့ ရောက်တော့ ချွေးစေး များပြန်လျက် ဆေးကုစရာမလိုပဲ ရောဂါ ပျောက်လုမတက်ဖြစ်နေလေပြီ။

သော်နဲ့ ဝေးရာကို ထပ်ရွေ့ သွားတဲ့
ကိုကို့ ကြောင့် သော် မျက်ခုံးတန်းလေးသည် တွန့် ချိုး ၍ နှုတ်ခမ်းတို့သည်လည်းရှေ့ကို စူထွက်လာ၏။

" ဘာလို့ ဟိုဖက်တိုးတိုး သွားတာလဲ။
ဒီနားပြန်တိုးလားခဲ့ ။ မင်းမလာရင် ငါလာမှာနော်။ မေးတာသာဖြေလိုက် ၊ ငါမင်းကို မနှောက်ယှက်တော့ဘူး "

"မဖြေချင်ဘူး သော့်ငါ့ကို ဇွတ်မလုပ်နဲ့ "

"ကျစ်! "

ဆွဲစောင့်လိုက်ရရင်ဖြင့် ဒီကောင် အသားနာမှာပဲ အဖတ်တင်မည်။ ဒီလောက် ဒူလွန်းတာတော့မကောင်း။

" ရတယ်လေ မမေး တော့ဘူး ၊ မင်းအိပ်ချင်ရင် အိပ်တော့ "

စကားဆုံးတော့ သော်သည် အခန်းအပြင်ကိုထွက်သွား၏။ ထိုအခါမှ သူလည်းအသက်ဝဝရူနိုင်တော့သည်။ သော့်အခန်းလေးသည် သူတို့နှစ်ယောက်ယောက် ကောင်းကောင်း နေနိုင်ရုံသာ ကျယ်၏။
စာကြည့်စားပွဲမှာ စာကြည့်မီးလေးနှင့် သော့်စာအုပ်တွေကို တညီတညာထဲ အထပ်လိုက်တွေ့ရစဉ်  ဘာလိုအပ်နေမှန်းမသိတဲ့ သူ့စိတ်နှလုံးလေးသည် အလုံးစုံ ပြည့်ဝသွားသလို။
၈နှစ်ကျော်ကြာအောင် မြင်တွေ့ ခဲ့ရတဲ့ မန်းလေးအိမ်က စာကြည့်စားပွဲမှာ သော်
စာအုပ်တွေ အများကြီးသည် သော်ထွက်သွားနှင့် တပါထဲယူဆောင်ခံလိုက်ရ၏။
ထိုနေ့ကတည်းက သူ့စိတ်တွေသည် နေလို့မကောင်းတော့တာဖြစ်သည်။

____

အခန်းနံရံမှာ ရှိတဲ့ ညမီးအိမ်မှ အလင်းရောင် ဖျော့ဖျော့သည်  အခန်းတွင်းရှိ  လှဲလျောင်းနေသူ နှစ်ဦးပေါ် ဖြာကျလျက်ရှိသည်။ သော်သည် မသိမသာ မျက်လုံးစွေပြီး ဘေးမှာ အတင်းမျက်လုံးမှိတ်အိပ်နေတဲ့ ကိုကို့ထံသို့ ကြည့်မိသည်။
တနေလုံး အိပ်ထားတာမို့  ဒီအချိန်ကိုကို အိပ်သေးမှာမဟုတ်ဘူးဆိုတာ သော်သိ၏။  ကြားမှာ ခြားထားသော
ဖက်လုံး ကို  ကိုကိုမသိအောင် ဖယ်ရှား၍ ကုတင်အောက်ကိုပစ်ချ၏။ ထို့နောက် အနားကို အသံမကြားအောင် ဖြည်းဖြည်းတိုးပြီး ကိုကို့ကို အားနှင့်ကြုံးဖက်လိုက်လျှင်....

" သော်  ဖယ်ပေး ၊ အနားမကပ်ရဘူးလို့ ငါပြောထားတယ်လေ ။ ဘယ်မှာလဲ ဖက်လုံး ။ "

သော့်လက်တွေကြားက ရုန်းကန်ထွက်နေတာမို့  သော် ဖက်ထားရာမှ မလွှတ်ပဲ စောင်းအိပ်နေရာမှ ကြုံးထ ၍  ကိုကို့ ကိုယ်လုံးပေါ် ဖားပျံ လေးလို ထပ်အိပ်ပစ်သည်။
ပိုဆိုးလာသော အနေထားကို ကိုကိုတစ်ယောက် မျက်လုံးပြူးမျက်ဆံပြူးဖြစ်ကာ သော့်ကို ကိုယ်ပေါ်မှ ခါချ၍ မဆုံး။

ရမလား။

ညကိုစောင့်နေတာ ကိုကို။ အမှန်တိုင်းပြောရင် ဒါ မင်္ဂလာဦး ဆိုပေမဲ့ ဦးဖို့ရာ ကိုယ့်အခြေအနေဖြင့်မဖြစ်သေး။ ဒါပေမဲ့ သော်ကတော့ မင်္ဂလာရှိအောင် တစ်ခုခုတော့ ရအောင် ယူဖို့ဆုံးဖြတ်ထားသည်။

" အဝေးပစ်လိုက်ပြီ မရှိတော့ဘူး "

"သော် ! "

ကိုကိုအသံသည် စိတ်တိုစွာ ခပ်မာမာဖြစ်လျက်။

" ငါ့ကိုလာမအော်နဲ့ ပုံညာဦးချီ ။ မင်းစိတ်တိုတက်သလို ငါလည်းတိုတက်တယ်နော်။ ရောက်လာကတည်းက ငါ့အသားကို မထိပဲ တွန့် ဆုတ်တွန့် ဆုတ်နဲ့ မသတီသလို လုပ်နေတာဘာသဘောလဲ "

"ဘာမသတီတာလဲ။ သော် မင်းမဟုတ်တာတွေ မပြောနဲ့ "

"ဟွန့်  မပြောစေချင်ရင်  မင်းကို ငါ့ကို နမ်းလိုက်လေ "

??

အော်ဟစ်နေရာမှ မဆီမဆိုင် စကားကြောင့် ဦးချီ ဆက်ပြောဖို့ အခွင့်မသာတော့။
ရင်ဘတ်ပေါ်မှာ ပြားပြားကပ်၍ ဂျစ်တိဂျစ်ကန် ပြန်ကြည့်လျက် ပြောလာတဲ့လေသံသည် စနှောက်နေဟန်မတူပဲခပ်တည်တည်သာ။

" ဖယ် ! လာနောက်မနေနဲ့ "

"ဘယ်သူက နှောက်နေလို့လဲ ။ မပြောစေချင်ရင် နမ်း ။ မဟုတ်ရင် တစ်ညလုံး မင်းအိပ်ရမယ်မထင်နဲ့ "

"သော့်! "

"ဘာလဲ ပြော !!"

" ကျစ်!"

နှစ်ဦးနှစ်ဖက်သည် တင်းမာစွာ တစ်ယောက်နဲ့ တစ်ယောက် စူးစိုက်စွာကြည့်နေသည်။ အဆုံးသတ်မှာ သက်ပြင်းချလျက် အကြည့်လွဲရသူက ဦးချီသာ။
သော်ကတော့ စူပုတ်လျက် ရင်ဘတ်ပေါ်ကနေအောက်လည်း မဆင်း အပေါ်စီးကနေ သူ့ကို ရှု့ တည်တည်ကြည့်၏။

" ကျစ်! "

နောက်တကြိမ် ဦးချီ စုတ်သတ်မိသည်။
ကိုယ်ပေါ်မှာ အုပ်မိုးထားတဲ့ သူသည် ဘယ်လိုဆွဲချချဆင်းမဲ့ပုံမမြင်။

" နမ်းပြီးလို့မှမဆင်းရင် ငါကန်ချမှာ မင်းကို "

ပြောပြီး သော့်နှုတ်ခမ်းကို အလျှင်အမြန်နမ်းပြီးချက်ခြင်းဖယ်၏။ ကြာချိန်သည် စက္ကန့်ဝက်မျှတောင် မရှိလှတာမို့ သော့်မျက်နှာသည် ပုတ်သိုးအိုဆိုးသွားပြီးလျှင်။

" အဲ့ဒါအနမ်းလား ၊  စိတ်ပျက်စရာပဲ။
မင်းဇာတ်ကားမကြည့်ဖူးဘူးလား။ မင်းသားနဲ့ မင်းသမီး နမ်းခန်းမှာ တပြွတ်ပြွတ်အသံမြည်တယ်လေ "

"ငါ ကုလားကားပဲ ကြည့်တယ်"

နီစွေးနေတဲ့ ရုပ်ဖြင့် လေသံသည် ခပ်တိုးတိုးသာ။ ဒီအနမ်းလောက်ကလေးနဲ့ရှက်သေးတာလားး အံ့ဖွယ်ပဲ ကိုကိုရေ။

" ကုလားကားမှာလဲနမ်းတဲ့အခန်း ပါတယ်လေ "

"ကျော်ကြည့်တာ ငါက "

အေး ကောင်ရောပဲ။

"ပြန်နမ်းမယ်။ သေချာနမ်း  ၊ မနမ်းရင်တကယ်မင်းမအိပ်ရဖူးမှတ်"

"သော်ကကွာ "

လေသံသည် ဒေါသသံ လုံးလုံးမရှိတော့ပဲ
သနားစရာကောင်းလှအောင် ဖျော့တော့နေ၏။ မသိရင် နှိပ်စက်ညှင်းပန်းနေတဲ့အတိုင်း။

" လွယ်လွယ်လေးပါ မင်းလုပ်တက်ပါတယ် ၊ဟိုလိုကွာ ..ချိုချဉ်စုပ်သလို ပဲ ၊ ဒီတခါ ကြာကြာလေးကြိုးစားကြည့်လိုက်"

သော့်စကားကြောင့် ဦးချီဘေးကိုလှည့်ထားတဲ့ သူ့လည်ပင်းကို ပြန်တည့်မိသည်။ ညမီးရောင်အောက်မှာ မြင်နေရတဲ့သော့်နှုတ်ခမ်းကလေးသည် ခါတိုင်းထက်ပို၍ နီနေသယောင်။
လည်ပင်တလျှောက် ခြောက်သွေ့လာတာ ထူးဆန်းလွန်းနေသည်။

သော့်အလိုကျ နောက်ဆုံးအကြိမ်ကြိုးစားပေးဖို့ သူ့လက်တွေကို သော့်ပုခုံးတွေပေါ်တင်လိုက်သည်။ စိုရွှဲနေတဲ့ လက်ဖဝါးကချွေးစေးတွေသည် သော့်အင်္ကျီနဲ့ သွားကပ်တာကို သူသိပေမဲ့မဖယ်ဖြစ်တော့။

သော်သည် သူအဆင်ပြေအောင် မျက်လုံးကိုမှိတ်ကာ နှုတ်ခမ်းကို ဝ လုံးလေးသဏ္ဍာန် စူပေးထား၏။  ဦးချီ ကြိုးစား၍
ပါးစပ်ကို အနည်းငယ်ဖွင့်၏။ ထို့နောက်
စုလုံးထားသော သော့်နှုတ်ခမ်းလုံးကို
ချိုချဉ်လုံးလို သဘောထားကာ ထည့်ငုံလိုက်၏။ အရာရာအားလုံးသည် သော်သင်သလို ကွက်တိ။

နောက်ဆုံးပိတ် အဆင်ပြေသွားချိန်တွင်
သော့်နှုတ်ခမ်းတို့ကို တပြွတ်ပြွတ်မြည်အောင် စုပ်တော့၏။

စုပ်လုံးချိုချဉ်မဟုတ်သော်ငြား စုပ်လုံးထက်ပို၍ နုညံ့တာကိုတော့ သူခံစားမိသည်။

သော်သည် စိတ်ပျက်လက်ပျက်  မျက်လုံးတို့ကိုမှေးစင်းကာ ဖွင့်ကြည့်မိလျှင် ပုံညာဦးချီသည် သူ့ နှုတ်ခမ်းတွေကို ချိုချဉ်အမှတ်ဖြင့် အပြီအပြင် ဝါးစားနေလေသည်။

နမ်းတောင်မနမ်းတက်ရှာတဲ့ကိုကိုပါတကား...

ချစ်တဲ့အိမ်စည်။

( ကြယ်လိုချင်တယ်ကြယ်..ကြယ်)

Bạn đang đọc truyện trên: ZingTruyen.Xyz