ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

43

eainsi23

" ဆရာ မႏၲေလးက ပါဆယ္ေရာက္လာလို႔တဲ့  ႐ြာထဲက  ရတနာပံုကားဂိတ္မွဴ းက
လူႀကံဳ လွမ္းေပးလိုက္တယ္ "

လက္ထဲေရာက္လာေသာ ပလက္စတစ္ ျခင္းကို ငံု ႔ၾကည့္ရင္း ယူလာေပးတဲ့ သူနာျပဳ ဆရာမေလးကို ေက်းဇူးတင္စြာၿပံဳးျပလိုက္မိ၏။ ေဆးရုံမွာေရာက္တာမၾကာေသးေပမဲ့အရာအားလံုး ေနသားတက်ပင္။
ဆရာဝန္ဆိုလို႔ သူတစ္ေယာက္သာရွိသည့္အျပင္  လုပ္သက္ရင့္တဲ့ အျပာဝတ္သူနာျပဳ အန္တီၾကဴ နွင့္ အနီဝတ္သူနာျပဳငယ္ေလးသံုးေယာက္ ၊ ေဆးရုံလုပ္သားငါးေယာက္သာရွိေလသည္။ ဝန္ထမ္းအင္အားနည္းသည္ဆိုေသာ္ျငား ေက်း႐ြာငယ္မို႔ လံုေလာက္တာထက္ပိုကာ ေႏြးေထြးစည္းလံုးေသာေနရာေလးတစ္ခုသာျဖစ္၏။

" ယူလာေပးတဲ့အတြက္ေက်းဇူးပါ ဆရာမ၊ ကြၽန္ေတာ္ ကားခ ေလး ဘယ္လိုေပးရမွာလဲမသိဘူး  "

"   ေဆးရုံက လူေတြ အတြက္ ပစၥည္းတင္ခ ေပးစရာမလိုဘူးေလ ဆရာရဲ႕   ။  အရင္ပစၥည္းေတြ ယူတုန္းက ဆရာ႕ကိုိဂိတ္မွဴ းမေျပာလိုက္ဘူးလား "

"   ေျပာေတာ့ေျပာလိုက္ပါတယ္ ၊ ခဏတိုင္းဆိုေတာ့အားနာလို႔ပါ  "

"ဘာမွမျဖစ္ဘူး ဆရာ။  ကြၽန္မ တို႔ပစၥည္းေတြ အိမ္ကပါးလိုက္လို႔သြားယူလည္း ပိုက္ဆံမရွင္းေပးရဘူး  "

"ဟုတ္ပါၿပီဗ်ာ ၊ ယူလာေပးလို႔ ေက်းဇူးပဲ ဆရာမ "

" ရတယ္ဆရာရယ္ ၊  ေျပာရမဲ့သူေတြမွမဟုတ္တာကို  ၊ ဒါဆို ကြၽန္မ ျပန္အံုးမယ္"

သူနာျပဳ  ဆရာမေလး ျပန္သြားသည္နွင့္ 
ေသခ်ာထုတ္ပိုးထားေသာ ျခင္းေလးကို စားပြဲတင္လိုက္၏။ သူေနတဲ့ေနရာသည္ ေဆးရုံကေပးတဲ့ ဝန္ထမ္း အိမ္ယာေလးမွာျဖစ္သည္။ တစ္ထပ္တိုက္ေလးျဖစ္ၿပီးအိမ္ေရွ႕မွာ ဝရံတာအေသးေလးပါကာ ေရခ်ိဳးခန္း၊အိမ္သာျဖင့္ ေသေသသပ္သပ္ ေဆာက္ေပးထား၏။ အရင္ေနထိုင္ေသာ ဆရာဝန္မ သည္ အပ်ိဳႀကီး ျဖစ္၍ တစ္ေယာက္ထဲ စနစ္တက် ေနထိုင္ခဲ့သည္ေၾကာင့္
တအိမ္လံုး ပ်က္စီယိုယြင္းေနတာမ်ိဳးမျဖစ္ပဲ
သန္႔ရွင္းသပ္ရပ္လ်က္ရွိသည္။

ေခါင္းရင္းတြင္ စိန္ပန္းပင္ႀကီးရွိၿပီးထိုအပင္ေအာက္တြင္  ေဆးေပးခန္းေလး တစ္ခုရွိသည္။ ထိုေဆးေပးခန္းတြင္  မနက္ ၈နာရီကေန ၉နာရီခြဲထိ သူေဆးရုံလူနာမၾကည့္ခင္  ေဆးခန္းဖြင့္ေလ့ရွိ၏။

အိမ္ေရွ႕မ်က္နွာသာတြင္ အာစီယံ သေျပပင္ သံုးပင္နွင့္ ဇြန္းပန္းရုံ နွစ္ရုံရွိ၏။

လက္ရွိထိုင္ေနတဲ့ ဝရံတာတြင္  ခံုအျဖဴ ေလး သံုးလံုးနွင့္ စားပြဲတစ္လံုး ရွိကာ မလွမ္းမကမ္းတြင္ စတီးျဖင့္ ျပဳလုပ္ထားတဲ့ ဒါန္းလွလွေလးတစ္လံုးလည္းရွိသည္။ ထိုအရာမ်ားသည္ အရင္ ဆရာမ၏ ေက်းဇူးေၾကာင့္ က်န္ခဲ့သည့္ပစၥည္းမ်ားပင္။ သူလို အဝတ္အိတ္ေလးတစ္လံုး နဲ႔ေရာက္ရွိလာတဲ့သူအတြက္ ေက်းဇူးတင္လို႔ပင္ မကုန္နိုင္ခဲ့ပါ။

စားပြဲမွာ ခ်ထားတဲ့ ျခင္းနီေလးကို ဖြင့္ေဖာက္လိုက္၏။ အထဲမွာ အိတ္တစ္လံုးစီနွင့္ ေသခ်ာပိတ္ထည့္ေပးလိုက္ေသာ အထုပ္အပိုးမ်ားသည္ တစ္ပတ္တစ္ခါ မထပ္ရေအာင္ ေရာက္ရွိလာတက္ေသာ စားစရာမ်ားပင္။   သူ ဟင္းခ်က္စားရမွာ ပ်င္းမွန္း ကိုကိုသိေနတာပဲ ေမ်ွာ္လင့္ေစာင့္ဆိုင္းရေအာင္ ဘာလို႔မ်ားလုပ္ခ်င္ရတာလဲ ဆိုတာ သူနားမလည္။

ရက္ ၂၀ေက်ာ္ရွိေနၿပီ ၊ ခုထိ ေရာက္ရွိမလာေသးတဲ့ ကိုကို႔ေၾကာင့္ ဝမ္းနည္းရေပမယ့္  ေျဖသာရပါသည္။ မဟုတ္ရင္
မျဖဴ စင္ေတာ့တဲ့ ေမတၲာေတြနဲ႔ ေငးၾကည့္ေနရတာပိုပင္ပန္း၏။

ပထမဆံုး အထုတ္ကေလးကိုဖြင့္ေဖာက္လိုက္ေတာ့  ပလက္စတစ္ဘူးအၾကည္ေလးနဲ႔ထည့္ထားေသာ သစ္သီးေျခာက္မ်ား။ မရည္႐ြယ္ပဲ မ်က္ရည္စ ဟာ ေပါက္ခနဲ။  ကိုကို သည္ လူကိုယ္တိုင္ မေရာက္လာခဲ့ေပမဲ့  စားစရာနွင့္ လိုအပ္မယ္ထင္ေသာ ပစၥည္းမ်ိဳးစံုကို မၾကာခဏ ပို႔ေပးတက္၏။ မည္သို႔ပင္ ဂရု စိုက္ ေပးေနပါေစ  သူ႔နွလံုးသားေတြသည္ ကိုကို႔ေၾကာင့္နာက်င္ေနရဆဲပင္။ 

တစ္ထုပ္ ျခင္းဖြင့္ေဖာက္ ၾကည့္ေတာ့ 
ေသခ်ာေၾကာ္ေလွာ္ေပးထားတဲ့ ဟင္းအမယ္မ်ိဳးစံု ။  ႐ြာဆိုေပမဲ့ မီးရသည္မို႔  ေရခဲ ေသတၱာထဲ ထည့္စားရုံသာ ။ ရပ္႐ြာက လွဴ ဒါန္းထားသည္ဟု ဆိုတဲ့ ေရခဲေသတၲာ နွင့္ ပရိေဘာဂအစံုအလင္သည္  အေတာ္ႀကီး
ၿပီးျပည့္စံုသည္မို႔  ေနရတာ (ကိုကို႔ကလြမ္းသည့္စိတ္မွလဲြ၍) စိတ္ခ်မ္းသာရတာထက္ပင္ ပိုပါ၏။

" ဆရာ အေရးေပၚ ေမြးလူနာေရာက္ေနပါတယ္ရွင့္ "

ထိုစဥ္ ခပ္သုတ္သုတ္ လာေခၚတဲ့  ေဆးရုံလုပ္သား အေဒၚႀကီးစကားေၾကာင့္ အထုတ္ေတြနဲ႔ ငုတ္တုတ္ထိုင္ေငးငိုင္ေနရာမွ ကပ်ာကယာ ေကာက္သိမ္းကာ

" အခုလာခဲ့မယ္ ေဒၚေလး  ၊ အန္တီၾကဴေရာက္ေနၿပီမို႔လား အဆင္သင့္လုပ္ခိုင္းထားလိုက္ေနာ္ "

"ဟုတ္ကဲ့ ဆရာ "

သူေနတဲ့ အေဆာင္သည္ ေဆးရုံဝန္းထဲမွာမို႔ အေရးေပၚလူနာေရာက္လာတိုင္း ထိုသို႔ လာေခၚေပးတက္သည္။ ေဆးရုံဝန္းသည္ ႐ြာအေနာက္ေျမာက္ဖ်ားဆံုးမွာရွိၿပီး
ေျမေနရာက်ယ္ဝန္း၏။   သစ္ပင္၊ပန္းပင္မ်ားစြာကို ႐ြာသားမ်ားက အခ်ိန္ေပး၍လာစုိက္ပ်ိဳးတက္သလို  ေဆးရုံရွိဝန္ထမ္းမ်ားကလည္း ဂရုတစိုက္ပ်ိဳးေထာင္ေပးသည္ေၾကာင့္ ေဆးရံုနွင့္မတူပဲ ပန္းၿခံ ႀကီးနွင့္ပင္ပို တူကာ လူေနအိမ္ေျခ ေဝးေသာ္လည္း ေၾကာက္စရာမေကာင္းလွ။

ထို႔အျပင္  သူေနထိုင္ရာ လံုးခ်င္းအိမ္ကေလး၏ မလွမ္းမကမ္းတြင္ သူနာျပဳ ဆရာမႀကီး အန္တီၾကဴေနသလို ၊ အန္တီၾကဴ နွင့္ ဆက္ရက္ တိုက္ခန္းမ်ားတြင္လည္း တျခားဝန္ထမ္းမ်ား ေနၾကသည္မို႔ ႐ြာထဲမဟုတ္ေသာလည္း ပ်င္းေတာ့မပ်င္းရေပ။

ပစၥည္းမ်ားအကုန္သိမ္းဆည္းၿပီးေနာက္ အဝတ္အစားလဲကာ ေဆးရုံဖက္ကိုကူးရသည္။  ၿမိဳ ႕နဲ႔ အလွမ္းကြာ၍ အနီးအနားရွိ ေက်း႐ြာမ်ား၏ အားထားရာမွာ ဒီေဆးရုံသာရွိသည္မို႔  လူနာမ်ားကေတာ့ မပ်က္ေပ။ အမ်ားစုသည္ ဖ်ားနာသူမ်ား၊ ေမြးလူနာမ်ားနွင့္ အေသးစားခြဲစိတ္မူ႔မ်ားသာ ျဖစ္ၿပီး က်န္ ေရာဂါ ႀကီးမားသူမ်ားကိုေတာ့  ေဆးပစၥည္းအစံုအလင္မရွိ၍ ေရႊဘို မႏၲေလး လို ၿမိဳ ႕ႀကီးမ်ားကိုသာ လႊဲေျပာင္းေပးရ၏။ 
     

_______

" ပံုညာ  ဆန္ျပဳတ္ေသာက္ရေအာင္ ၊ မင္း မနက္ေဆး မေသာက္ရေသးဘူးေနာ္။ အစားမစားပဲ ေဆးေသာက္လို႔မရဘူး။
ခဏေန  နန္းျမတ္လာၾကည့္လိမ့္မယ္ ၊ ေဆးေသာက္ၿပီး အက်ၤ ီလဲရေအာင္ "

"ထားခဲ့ ငါၿပီးမွ ေသာက္လိုက္မယ္ "

"တခါထဲ ေသာက္ကြာ မင္းကေလးမဟုတ္ပဲ အမ်ားႀကီးေျပာရေအာင္ မလုပ္စမ္းနဲ႔  "

ကိုယ့္ဖက္ကသာ စကားေတြေျပာေနတာ တဖက္လူကေတာ့ ေက်ာေပးၿပီး အိပ္ေနရာကေနလွည့္ေတာင္မၾကည့္ ။ စိတ္ပ်က္လက္ပ်က္  ကိုင္ထားေသာ ဆံျပဳတ္ပန္းကန္ကို စားပြဲေပၚကို ခ် ၍ ေဘးမွာ ဝင္ထိုင္သည္။ 

"လြမ္းေနရင္လည္း လိုက္သြားလိုက္ ပံုညာရာ တခါတေလ မင္းအေတြးေတြ
သိပ္မ်ားလြန္းတာမေကာင္းဘူး  "

"...."

"မင္း စိတ္ကို မင္းကိုယ္တိုင္ ညာေနတာမင္းသိရဲ႕လားပံုညာ ၊ ယေသာ္လင္း မင္းကို ခ်စ္ေနတာ မင္းပဲ မသိတာ၊ ငါတို႔အကုန္လံုး သိတယ္။ ၿပီးေတာ့  ေဖသက္ တို႔လည္း သိတယ္ "

ေသာ့္ခ်န္ခဲ့တဲ့ ေခါင္းအံုးေလးကို က်စ္က်စ္ပါေအာင္ ဖက္ထားရင္း စကားေတြေျပာေနတဲ့ လြင္ကို ေက်ာေပးထားရာမွ လွည့္မၾကည့္ျဖစ္။  တိတ္ဆိတ္ၿငိမ္သက္သြားတဲ့ အခန္းထဲမွာ တျဖည္းျဖည့္ေလ်ာ့နည္းလာတဲ့ ေသာ့္အေငြ ႕အသက္ေတြကို သူမုန္းသည္။
မနက္တိုင္း ကိုကိုေရ ဆိုတဲ့ အသံေလးနဲ႔အစခ်ီ ခဲ့ေသာ အသံေလးကို ၾကားခ်င္မိသလို၊  ၾကားရမွာလည္း ေၾကာက္၏။

သူ႔ကိုယ္သူပင္ နားမလည္နိင္ေတာ့သည္ထိ ေသာ့္အေပၚမွာ  ထားတဲ့ စိတ္ထားကို မမွန္းဆ နိုင္ခဲ့ပါ။

လြန္ခဲ့တဲ့ လ  ၊  သူ တံငါကုန္း႐ြာကိုျပန္တုန္းကေတာင္ ေသာ္နွင့္  ေလလိႈင္းကေန
ဖုန္းအဆက္သြယ္မျပတ္ ေျပာျဖစ္ခဲ့ေသးသည္။
ဒါကိုေတာင္သူေနတက္ခဲ့တာမဟုတ္။

ခုလို အစိမ္းသက္သက္  အသံမၾကား ၊
အဆက္သြယ္ မရွိေနဖို႔ဆိုတာ တစ္ခါေတာင္မရွိဖူးခဲ့တာမို႔  ရူးခ်င္သလိုလို ပင္ျဖစ္ေနခဲ့သည္။

"    မင္းမခ်စ္နိုင္ရင္ေတာ့ ဒီလိုျပတ္ျပတ္သားသား ေနလိုက္တာေကာင္းပါတယ္။
အခ်ိန္တန္ရင္  သူလည္း  မင္းကိုေမ့သြားလိမ့္မယ္။ ဒီေကာင္ေလးက လူေလးနဲ႔မလိုက္ စိတ္မာလိုက္တာ... ခုပဲ ၾကည့္
မင္းကို ဖုန္းတစ္ခါေတာင္ မဆက္ဘူးမို႔လား။ အရင္ မင္း႐ြာျပန္တုန္းကဆို
အားရင္ အားသလို  ဖုန္းဆက္ေနတက္တဲ့ေကာင္က ခုဆို  ၁လေတာင္ျပည့္ေတာ့မယ္ အဆက္အသြယ္မလုပ္ပဲေနတာပဲၾကည့္  ..တကယ္ေသြးေအးတဲ့ေကာင္။
ငါထင္တာေတာ့  မင္းနဲ႔ အေနနီးလို႔ စိတ္ယိုင္တာမ်ိဳးလည္းျဖစ္နိုင္တာပဲ။ မင္းစိတ္မပါရင္ စိတ္ထဲထည့္မေနနဲ႔ အခ်ိန္တန္
သူ နဲ႔အေနနီးတဲ့ ဆရာဝန္မ ျဖစ္ျဖစ္ သူနာျပဳ ပဲ ျဖစ္ျဖစ္  တစ္ေယာက္ေယာက္နဲ႔ ခ်စ္ႀကိဳက္သြားလိမ့္မယ္ ။  ေဆးေသာက္ကြာ
ခဏေန နန္းျမတ္လာၾကည့္ရင္ အားနာစရာ ႀကီး အဝတ္အစားေလးဘာေလးလဲထားဦး "

လြင္ဦး ထြက္လာခဲ့သည့္တိုင္ ကုတင္ေပၚကလူက မလႈပ္ ။  အခန္းေပါက္ဝေရာက္မွ
ျပန္လွည့္ၾကည့္ရင္း ရယ္လိုက္၏။
တမင္ ဂ်င္းေကြၽးထားခဲ့တာမွတ္စမ္း ပံုညာ။  အနည္းနဲ႔အမ်ားေတာ့ ပံုညာဦးခ်ီရင္ထဲ ေသာက ပင္လယ္ေဝေနေလာက္ၿပီဆိုတာ သူသိသည္။ ဒီေကာင္ ယေသာ္လင္းကို မခ်စ္လို႔ မဟုတ္ အခ်စ္လြန္ေနျခင္းေၾကာင့္ျဖစ္သည္။ တခါတေလ ေတြေဝမူ ႔ေတြကို မနာလိုျခင္း မီးနဲ႔ ရႈိ ့ရင္ အရည္ေပ်ာ္လြယ္တယ္။
ယေသာ္လင္း က ခ်စ္သာ ခ်စ္တက္တာ
နည္းလမ္းက်ေအာင္ မလုပ္တက္ဘူး။

" ကိုႀကီးဖိုးသား ႀကိဳးစားလွခ်ည္လားဗ်။ ဘယ္နွယ့္လဲ..  လုပ္ငန္းေတြ နားလည္ၿပီလား  "

အမွာစာရင္းေတြၾကည့္ေနတဲ့ ကိုဖိုးသားက  သူအသံေၾကာင့္  လွည့္ၾကည့္ကာ

" အေျခက်ေနၿပီးသား လုပ္ငန္းတစ္ခုကို
ဆက္လုပ္ဖို႔ သိပ္မခက္ပါဘူးကြာ။ ငါ့တူကိုေတာ့ ခ်ီးက်ဴ းတယ္။ ေရခဲဆိုင္ ေထာင္
ထားတယ္ေျပာေတာ့  ေသးေသးေလးပဲမွတ္ေနတာ ။ ဒီေရာက္မွ  မ်က္လံုးျပဴ းသြားတာ..ဘယ္လိုလဲ ေဆးတိုက္လို႔ရလား။
အဖ်ားရက္ရွည္ေနၿပီေနာ္  ဆရာဝန္လာၾကည့္ရင္ ေဆးရုံတက္ရမလား ေမးၾကည့္ဦး "

"  ေဆးရုံသြားစရာမလိုပါဘူး ခဏေန ေပ်ာက္သြားလိမ့္မယ္။ ဒါပဲဗ်ာ စကားမေျပာအားေသးဘူး ကိုႀကီးဖိုးသား
စာရင္းလုပ္ေနတာမို႔လား ဆက္လုပ္ေတာ့၊ ကြၽန္ေတာ္လည္း ဆိုင္ဖက္သြားမယ္ ၊ ဒီေန႔ သစ္သီးပြဲ ေအာ္ဒါ အမ်ားႀကီး မွာထားတာရွိတယ္ ေန႔ခင္းအမွီေပးရမွာ  မအားေသးဘူးဗ်ိဳ ႕"

ေျပာၿပီး ဆိုင္ဖက္ေျပးဝင္သြားတာမို႔
လိုက္ၾကည့္ရင္း ဖိုးသားတစ္ေယာက္ မဆီမဆိုင္ ကိုယ့္တူကို အားက်ေနမိေသးတယ္။  ဒီေကာင္ေလးက ေမြးကတည္းက
တကယ္ကံေကာင္းတာ။ သူ႔အေဖ ကိုေကာင္း ကိုေတာင္ သူ႔မ်က္နွာေၾကာင့္
ေယာက္ခမ လုပ္သူက ခြင့္လႊတ္သြားတာ။
ကိုေကာင္းတို႔ လင္မယားက လုပ္တက္ကိုင္တက္ဆိုေပမယ့္  ဒီေကာင္ေလးအိမ္ကိုေရာက္လာမွ တရွိန္ထိုးတက္သြားတဲ့စီးပြားေရး က ေၾကာက္ခမန္းလိလိ။

ေတာမွာသာ ကိုေကာင္းတို႔လင္မယား
ဟိတ္ဟန္မရွိ၊ မာန္မာန မရွိ ေနၾကတာ ။
သူတို႔ ခ်မ္းသာမူ ႔က မည္၍ မည္မ်ွဆိုတာ ဘယ္သူမွ မသိသေလာက္ပဲ။

ေပါင္းသင္းတဲ့ သူငယ္ခ်င္း ေတြကိုပဲ ၾကည့္မလား။ ေနာက္ေက်ာ ဓားနဲ႔ထိုးမဲ့ေကာင္တစ္ေကာင္မွမပါဘူး။  နိုင္ငံျခားေရာက္ေနတဲ့ သံေခ်ာင္းေတာင္  ခုထိ  သတိတရ
မုန္႔ဖုတ္စက္ လွမ္းေပးလိုက္ အသီးေဖ်ာ္စက္ လွမ္းပို႔လိုက္နဲ႔ ခုထိ အဆက္အသြယ္မျပတ္ဘူး။ ဒါေတြ ဒီေကာင္ ကံေကာင္းတာမဟုတ္လို႔ဘာေတြလဲ။  ကိုယ့္မွာသာ
ခုထိအသက္ ၄၀ေက်ာ္တာေတာင္အလုပ္အကုိင္ အတည္တက် မရွိေသး။ ေတာ္ေသးတယ္တူေတာ္ေမာင္က အလုပ္ေခၚေပးထားလို႔ ။
 

______

" ကိုလြင္ဦး ဟိုးမွာ    ကိုလင္းသူငယ္ခ်င္း ေဒါက္တာမေလး လာေနၿပီ "

အလုပ္သမား ေကာင္ေလးစကားေၾကာင့္
လွမ္းၾကည့္ေတာ့ နန္းျမတ္ စီးေနက် ကားအျဖဴ ေလးက ဆိုင္ေရွ ႔ထိုးရပ္လာသည္။

လက္ထဲက ကိုင္ထားတဲ့  ဖရဲသီးစိတ္ကို ဘယ္ခ်ရမွန္းမသိ ပ်ာေနစဥ္ ကားေပၚက
နတ္သမီး တစ္ေယာက္ ဆင္းလာသလို
နန္းျမတ္က  ေဆးအိတ္ကိုင္လ်က္ လွလွပပဆင္းလာ၏။
ဒီမိန္းကေလး သူနဲ႔ မထိုက္တန္ေအာင္ကို လွသလို မာနလည္းႀကီး၏။ ထို႔ေၾကာင့္ ေရွ႕ဆက္မတိုးရက္သလို အေနထားမွာ သူကိုယ္တိုင္ နွစ္ေတြ အမ်ားႀကီး
ၾကာေအာင္ရပ္တန္ ႔ေနမိတာ။ အဲ့ဒါေတြေၾကာင့္ ယေသာ္လင္း ခံစားခ်က္ကို သူနားလည္တယ္ေျပာရမည္။

" ေရာက္လာၿပီလား နန္းျမတ္  ေစာသားပဲ  "

ခရီးဦးႀကိဳ ျပဳစကားဟာ ထိုမ်ွ ေလာက္သာ ။

"ဟုတ္တယ္ လြင္ဦး၊   နန္း ေဆးရုံ အသြားကိုဝင္လာလိုက္တာ ။ မသက္သာဘူးလား ကိုကိုက "

"မသက္သာတာ ထက္ စိတ္ေထာင္းကိုေၾကေနတာမ်ိဳး။ ကြၽန္ေတာ္လည္း
ဂရုစိုက္တာပဲ ခုထိ အဖ်ားရက္ရွည္ေနေတာ့စိတ္ပူလို႔။ အနီးအနားေဆးခန္းရွိေပမယ့္ ေခၚမရပဲ ဂ်စ္ေနလို႔ နန္းျမတ္ရယ္ "

"ဟုတ္လား  ဒါဆို နန္းတို႔ သြားၾကည့္ရေအာင္ေလ "

ေခါင္းညိမ့္ျပရင္း ေရွ႕ကေန လမ္းျပေခၚေဆာင္သြားလိုက္၏။ ျပသနာက အခန္းေပါက္ဝေရာက္မွ ေတြ႕တာျဖစ္သည္။ ကုတင္ေပၚမွာ အိပ္ေနသူက မရွိသလို အခန္းထဲက ဗီဒို တံခါးကပြင့္ေန၏။ ထူးျခားဆံုးက နံရံေပၚမွာ ခ်ိတ္ဆြဲထားတဲ့ ဘြဲ႕ပံု နွစ္ခုက ေပ်ာက္ျခင္းမလွေပ်ာက္လို႔။
ဒီမသာ သူ႔ကိုေဆးျပန္ထိုးသြားၿပီ။

"အဲ .. ဟိုေလ နန္းျမတ္   "

အခန္းေပါက္ဝမွာ ရပ္ေနတဲ့ လြင္ဦးက ေရွ႕ဆက္မသြားပဲ နန္းဖက္ကို လွည့္ကာ ေၾကာင္ေတာင္ေတာင္လုပ္ေနတာမို႔

" ဘာျဖစ္ျပန္တာလဲ  ..ေရွ႕က လြင္ဦးပိတ္ရပ္ေနေတာ့ နန္း ဘယ္လို အထဲဝင္ရမွာလဲ  "

"မဝင္ေတာ့နဲ႔ နန္းျမတ္ "

"ရွင္"

"ဟိုေလ  တျခားမဟုတ္ပါဘူး  ကုစရာလူနာမရွိေတာ့လို႔ မဝင္ေတာ့နဲ႔ေျပာတာပါ "

လူနာမရွိတဲ့ အိမ္ကိုလိမ္ေခၚလိုက္တာမို႔ ေဒါသကေထာင္းခနဲ။

"ဘာရွင့္ !  ကုရစရာ လူနာမရွိပဲ ဘာကိစၥကြၽန္မကိုေခၚတာလဲ  ဒီကိစၥေနာက္စရာမဟုတ္ဘူးဆိုတာ ရွင္မသိဘူးလား ။ စိတ္ပ်က္စရာ ေၾကာင္ေတာင္ေတာင္နဲ႔။"

စိတ္ဆိုးမာန္ဆိုး ေျပာဆိုကာ ထြက္သြားတဲ့နန္းျမတ္ေၾကာင့္ လြင္ဦးမွာ ေျခမကိုင္မိလက္မကိုင္မိ။
အဲ့ဒါ ဟိုမသာ လုပ္လို႔။

" ေနဦး နန္းျမတ္  မဟုတ္ဘူးေလ ။ ကိုယ္ရွင္းျပဦးမယ္ေလ နန္းျမတ္ ! နန္းျမတ္လို႔ "

တေၾကာ္ေၾကာ္ေအာ္၍ ေျပးလိုက္သည့္တိုင္  တစ္ေယာက္ေသာ သူ ကအဖက္မလုပ္ေတာ့။

_______

" ဆရာ  လူတစ္ေယာက္က ဆရာနဲ႔ေတြ႕ခ်င္လို႔တဲ့  "

လူနာၾကည့္ေနတဲ့ လက္တို႔ဟာ ရပ္တန္႔သြားစဥ္ သူနာျပဳ ဆရာမေလးက ထပ္ေျပာလာ၏။

" အရပ္ရွည္ရွည္ နဲ႔ ခပ္ေခ်ာေခ်ာပဲ ဆရာ။
ခရီးေဆာင္ အိတ္တစ္လံုးေရာပါတယ္  ၿပီးေတာ့  မွန္ေဘာင္နဲ႔ ဓာတ္ပံုလား ၊ ပန္းခ်ီကားလားမသိဘူး အဲ့ဒါေရာ ကိုင္ထားတယ္ "

ျမင္သမ်ွ မခြၽင္းမခ်န္ေျပာျပေနတဲ့ သူနာျပဳ ကိုလွည့္ၿပံဳး ျပရင္း  အိတ္ထဲ ေသာ့ ကို ထုတ္ေပးလိုက္၏။

" ဒါေလး  သူ႔ကို သြားေပး ေပးလို႔ရမလားဆရာမ  ၊ ၿပီးေတာ့ အိ္မ္ထဲမွာဝင္ေစာင့္ေနဖို႔ပါ ေျပာေပးပါ ေနာ္ "

"ဟုတ္ ရတယ္ ဆရာ ၊ ကြၽန္မ အခုပဲ သြားေပးလိုက္မယ္ ၊ ဆရာ႕အကိုထင္တယ္  "

စပ္စုခ်င္တဲ့ မ်က္လံုးေတြေၾကာင့္ သေဘာတက် ရယ္မိသည္။ ဒီမွာက တကယ္ မိသားစုေတြလို ျဖစ္ေနတာမို႔ အားနာစရာ
သိပ္မရွိေတာ့။  ၿပီးေတာ့ ကိုကိုက သူ႔အတြက္ လူသိရွင္ၾကား ေျပာျပဖို႔ ရွက္ဖို႔ မလိုေလာက္ေအာင္  ဟိုးမိုးေပၚမွာ တင္ထားခ်င္တဲ့သူ။ သူ႔ကိုယ္သူ ကိုေတာင္ ကိုကိုနဲ႔ပတ္သတ္လာရင္ ေအာက္ထပ္ကို အလြယ္တကူ ဆင္းေပးခဲ့ရေလာက္တဲ့ထိ
ျမင့္ျမတ္တဲ့ လူသား။ ငါ တကယ္မင္းမိန္းမ
ျဖစ္ရလည္း ေက်နပ္တယ္ကိုကို။ ေနာက္ဆံုးေတာ့ မင္းေရာက္လာခဲ့ၿပီေနာ္။

" ကြၽန္ေတာ့္အမ်ိဳးသားပါ  "

"ရွင္ "

အာေမဋိတ္သံသည္ တစ္သံထဲမဟုတ္။
ေဘးကုတင္မွာ လူနာမရွိေသာ္ျငား သူ႔ေဘးမွာ ရပ္တန္႔ေနၾကေသာ ေဆးရုံဝန္ထမ္းမ်ားစြာရွိ၏။ မင္းေၾကာင့္ ငါဟာ
ရွက္ေၾကာျပတ္သြားၿပီ  ပံုညာဦးခ်ီ။

ခ်စ္တဲ့အိမ္စည္။

" ဆရာ မန္တလေးက ပါဆယ်ရောက်လာလို့တဲ့  ရွာထဲက  ရတနာပုံကားဂိတ်မှူးက
လူကြုံ လှမ်းပေးလိုက်တယ် "

လက်ထဲရောက်လာသော ပလက်စတစ် ခြင်းကို ငုံ့ ကြည့်ရင်း ယူလာပေးတဲ့ သူနာပြု ဆရာမလေးကို ကျေးဇူးတင်စွာပြုံးပြလိုက်မိ၏။ ဆေးရုံမှာရောက်တာမကြာသေးပေမဲ့အရာအားလုံး နေသားတကျပင်။
ဆရာဝန်ဆိုလို့ သူတစ်ယောက်သာရှိသည့်အပြင်  လုပ်သက်ရင့်တဲ့ အပြာဝတ်သူနာပြု အန်တီကြူ နှင့် အနီဝတ်သူနာပြုငယ်လေးသုံးယောက် ၊ ဆေးရုံလုပ်သားငါးယောက်သာရှိလေသည်။ ဝန်ထမ်းအင်အားနည်းသည်ဆိုသော်ငြား ကျေးရွာငယ်မို့ လုံလောက်တာထက်ပိုကာ နွေးထွေးစည်းလုံးသောနေရာလေးတစ်ခုသာဖြစ်၏။

" ယူလာပေးတဲ့အတွက်ကျေးဇူးပါ ဆရာမ၊ ကျွန်တော် ကားခ လေး ဘယ်လိုပေးရမှာလဲမသိဘူး  "

"   ဆေးရုံက လူတွေ အတွက် ပစ္စည်းတင်ခ ပေးစရာမလိုဘူးလေ ဆရာရဲ့   ။  အရင်ပစ္စည်းတွေ ယူတုန်းက ဆရာ့ကိုဂိတ်မှူးမပြောလိုက်ဘူးလား "

"   ပြောတော့ပြောလိုက်ပါတယ် ၊ ခဏတိုင်းဆိုတော့အားနာလို့ပါ  "

"ဘာမှမဖြစ်ဘူး ဆရာ။  ကျွန်မ တို့ပစ္စည်းတွေ အိမ်ကပါးလိုက်လို့သွားယူလည်း ပိုက်ဆံမရှင်းပေးရဘူး  "

"ဟုတ်ပါပြီဗျာ ၊ ယူလာပေးလို့ ကျေးဇူးပဲ ဆရာမ "

" ရတယ်ဆရာရယ် ၊  ပြောရမဲ့သူတွေမှမဟုတ်တာကို  ၊ ဒါဆို ကျွန်မ ပြန်အုံးမယ်"

သူနာပြု  ဆရာမလေး ပြန်သွားသည်နှင့် 
သေချာထုတ်ပိုးထားသော ခြင်းလေးကို စားပွဲတင်လိုက်၏။ သူနေတဲ့နေရာသည် ဆေးရုံကပေးတဲ့ ဝန်ထမ်း အိမ်ယာလေးမှာဖြစ်သည်။ တစ်ထပ်တိုက်လေးဖြစ်ပြီးအိမ်ရှေ့မှာ ဝရံတာအသေးလေးပါကာ ရေချိုးခန်း၊အိမ်သာဖြင့် သေသေသပ်သပ် ဆောက်ပေးထား၏။ အရင်နေထိုင်သော ဆရာဝန်မ သည် အပျိုကြီး ဖြစ်၍ တစ်ယောက်ထဲ စနစ်တကျ နေထိုင်ခဲ့သည်ကြောင့်
တအိမ်လုံး ပျက်စီယိုယွင်းနေတာမျိုးမဖြစ်ပဲ
သန့်ရှင်းသပ်ရပ်လျက်ရှိသည်။

ခေါင်းရင်းတွင် စိန်ပန်းပင်ကြီးရှိပြီးထိုအပင်အောက်တွင်  ဆေးပေးခန်းလေး တစ်ခုရှိသည်။ ထိုဆေးပေးခန်းတွင်  မနက် ၈နာရီကနေ ၉နာရီခွဲထိ သူဆေးရုံလူနာမကြည့်ခင်  ဆေးခန်းဖွင့်လေ့ရှိ၏။

အိမ်ရှေ့မျက်နှာသာတွင် အာစီယံ သပြေပင် သုံးပင်နှင့် ဇွန်းပန်းရုံ နှစ်ရုံရှိ၏။

လက်ရှိထိုင်နေတဲ့ ဝရံတာတွင်  ခုံအဖြူ လေး သုံးလုံးနှင့် စားပွဲတစ်လုံး ရှိကာ မလှမ်းမကမ်းတွင် စတီးဖြင့် ပြုလုပ်ထားတဲ့ ဒါန်းလှလှလေးတစ်လုံးလည်းရှိသည်။ ထိုအရာများသည် အရင် ဆရာမ၏ ကျေးဇူးကြောင့် ကျန်ခဲ့သည့်ပစ္စည်းများပင်။ သူလို အဝတ်အိတ်လေးတစ်လုံး နဲ့ရောက်ရှိလာတဲ့သူအတွက် ကျေးဇူးတင်လို့ပင် မကုန်နိုင်ခဲ့ပါ။

စားပွဲမှာ ချထားတဲ့ ခြင်းနီလေးကို ဖွင့်ဖောက်လိုက်၏။ အထဲမှာ အိတ်တစ်လုံးစီနှင့် သေချာပိတ်ထည့်ပေးလိုက်သော အထုပ်အပိုးများသည် တစ်ပတ်တစ်ခါ မထပ်ရအောင် ရောက်ရှိလာတက်သော စားစရာများပင်။   သူ ဟင်းချက်စားရမှာ ပျင်းမှန်း ကိုကိုသိနေတာပဲ မျှော်လင့်စောင့်ဆိုင်းရအောင် ဘာလို့များလုပ်ချင်ရတာလဲ ဆိုတာ သူနားမလည်။

ရက် ၂၀ကျော်ရှိနေပြီ ၊ ခုထိ ရောက်ရှိမလာသေးတဲ့ ကိုကို့ကြောင့် ဝမ်းနည်းရပေမယ့်  ဖြေသာရပါသည်။ မဟုတ်ရင်
မဖြူ စင်တော့တဲ့ မေတ္တာတွေနဲ့ ငေးကြည့်နေရတာပိုပင်ပန်း၏။

ပထမဆုံး အထုတ်ကလေးကိုဖွင့်ဖောက်လိုက်တော့  ပလက်စတစ်ဘူးအကြည်လေးနဲ့ထည့်ထားသော သစ်သီးခြောက်များ။ မရည်ရွယ်ပဲ မျက်ရည်စ ဟာ ပေါက်ခနဲ။  ကိုကို သည် လူကိုယ်တိုင် မရောက်လာခဲ့ပေမဲ့  စားစရာနှင့် လိုအပ်မယ်ထင်သော ပစ္စည်းမျိုးစုံကို မကြာခဏ ပို့ပေးတက်၏။ မည်သို့ပင် ဂရု စိုက် ပေးနေပါစေ  သူ့နှလုံးသားတွေသည် ကိုကို့ကြောင့်နာကျင်နေရဆဲပင်။ 

တစ်ထုပ် ခြင်းဖွင့်ဖောက် ကြည့်တော့ 
သေချာကြော်လှော်ပေးထားတဲ့ ဟင်းအမယ်မျိုးစုံ ။  ရွာဆိုပေမဲ့ မီးရသည်မို့  ရေခဲ သေတ္တာထဲ ထည့်စားရုံသာ ။ ရပ်ရွာက လှူ ဒါန်းထားသည်ဟု ဆိုတဲ့ ရေခဲသေတ္တာ နှင့် ပရိဘောဂအစုံအလင်သည်  အတော်ကြီး
ပြီးပြည့်စုံသည်မို့  နေရတာ (ကိုကို့ကလွမ်းသည့်စိတ်မှလွဲ၍) စိတ်ချမ်းသာရတာထက်ပင် ပိုပါ၏။

" ဆရာ အရေးပေါ် မွေးလူနာရောက်နေပါတယ်ရှင့် "

ထိုစဉ် ခပ်သုတ်သုတ် လာခေါ်တဲ့  ဆေးရုံလုပ်သား အဒေါ်ကြီးစကားကြောင့် အထုတ်တွေနဲ့ ငုတ်တုတ်ထိုင်ငေးငိုင်နေရာမှ ကပျာကယာ ကောက်သိမ်းကာ

" အခုလာခဲ့မယ် ဒေါ်လေး  ၊ အန်တီကြူရောက်နေပြီမို့လား အဆင်သင့်လုပ်ခိုင်းထားလိုက်နော် "

"ဟုတ်ကဲ့ ဆရာ "

သူနေတဲ့ အဆောင်သည် ဆေးရုံဝန်းထဲမှာမို့ အရေးပေါ်လူနာရောက်လာတိုင်း ထိုသို့ လာခေါ်ပေးတက်သည်။ ဆေးရုံဝန်းသည် ရွာအနောက်မြောက်ဖျားဆုံးမှာရှိပြီး
မြေနေရာကျယ်ဝန်း၏။   သစ်ပင်၊ပန်းပင်များစွာကို ရွာသားများက အချိန်ပေး၍လာစိုက်ပျိုးတက်သလို  ဆေးရုံရှိဝန်ထမ်းများကလည်း ဂရုတစိုက်ပျိုးထောင်ပေးသည်ကြောင့် ဆေးရုံနှင့်မတူပဲ ပန်းခြံ ကြီးနှင့်ပင်ပို တူကာ လူနေအိမ်ခြေ ဝေးသော်လည်း ကြောက်စရာမကောင်းလှ။

ထို့အပြင်  သူနေထိုင်ရာ လုံးချင်းအိမ်ကလေး၏ မလှမ်းမကမ်းတွင် သူနာပြု ဆရာမကြီးအန်တီကြူ နေသလို ၊ အန်တီကြူနှင့္ဆက်ရက် တိုက်ခန်းများတွင်လည်း တခြားဝန်ထမ်းများ နေကြသည်မို့ ရွာထဲမဟုတ်သောလည်း ပျင်းတော့မပျင်းရပေ။

ပစ္စည်းများအကုန်သိမ်းဆည်းပြီးနောက် အဝတ်အစားလဲကာ ဆေးရုံဖက်ကိုကူးရသည်။  မြို့ နဲ့ အလှမ်းကွာ၍ အနီးအနားရှိ ကျေးရွာများ၏ အားထားရာမှာ ဒီဆေးရုံသာရှိသည်မို့  လူနာများကတော့ မပျက်ပေ။ အများစုသည် ဖျားနာသူများ၊ မွေးလူနာများနှင့် အသေးစားခွဲစိတ်မူ့များသာ ဖြစ်ပြီး ကျန် ရောဂါ ကြီးမားသူများကိုတော့  ဆေးပစ္စည်းအစုံအလင်မရှိ၍ ရွှေဘို မန္တလေး လို မြို့ ကြီးများကိုသာ လွှဲပြောင်းပေးရ၏။ 
     

_______

" ပုံညာ  ဆန်ပြုတ်သောက်ရအောင် ၊ မင်း မနက်ဆေး မသောက်ရသေးဘူးနော်။ အစားမစားပဲ ဆေးသောက်လို့မရဘူး။
ခဏနေ  နန်းမြတ်လာကြည့်လိမ့်မယ် ၊ ဆေးသောက်ပြီး အင်္ကျီလဲရအောင် "

"ထားခဲ့ ငါပြီးမှ သောက်လိုက်မယ် "

"တခါထဲ သောက်ကွာ မင်းကလေးမဟုတ်ပဲ အများကြီးပြောရအောင် မလုပ်စမ်းနဲ့  "

ကိုယ့်ဖက်ကသာ စကားတွေပြောနေတာ တဖက်လူကတော့ ကျောပေးပြီး အိပ်နေရာကနေလှည့်တောင်မကြည့် ။ စိတ်ပျက်လက်ပျက်  ကိုင်ထားသော ဆံပြုတ်ပန်းကန်ကို စားပွဲပေါ်ကို ချ ၍ ဘေးမှာ ဝင်ထိုင်သည်။ 

"လွမ်းနေရင်လည်း လိုက်သွားလိုက် ပုံညာရာ တခါတလေ မင်းအတွေးတွေ
သိပ်များလွန်းတာမကောင်းဘူး  "

"...."

"မင်း စိတ်ကို မင်းကိုယ်တိုင် ညာနေတာမင်းသိရဲ့လားပုံညာ ၊ ယသော်လင်း မင်းကို ချစ်နေတာ မင်းပဲ မသိတာ၊ ငါတို့အကုန်လုံး သိတယ်။ ပြီးတော့  ဖေသက် တို့လည်း သိတယ် "

သော့်ချန်ခဲ့တဲ့ ခေါင်းအုံးလေးကို ကျစ်ကျစ်ပါအောင် ဖက်ထားရင်း စကားတွေပြောနေတဲ့ လွင်ကို ကျောပေးထားရာမှ လှည့်မကြည့်ဖြစ်။  တိတ်ဆိတ်ငြိမ်သက်သွားတဲ့ အခန်းထဲမှာ တဖြည်းဖြည့်လျော့နည်းလာတဲ့ သော့်အငွေ့ အသက်တွေကို သူမုန်းသည်။
မနက်တိုင်း ကိုကိုရေ ဆိုတဲ့ အသံလေးနဲ့အစချီ ခဲ့သော အသံလေးကို ကြားချင်မိသလို၊  ကြားရမှာလည်း ကြောက်၏။

သူ့ကိုယ်သူပင် နားမလည်နိင်တော့သည်ထိ သော့်အပေါ်မှာ  ထားတဲ့ စိတ်ထားကို မမှန်းဆ နိုင်ခဲ့ပါ။

လွန်ခဲ့တဲ့ လ  ၊  သူ တံငါကုန်းရွာကိုပြန်တုန်းကတောင် သော်နှင့်  လေလှိုင်းကနေ
ဖုန်းအဆက်သွယ်မပြတ် ပြောဖြစ်ခဲ့သေးသည်။
ဒါကိုတောင်သူနေတက်ခဲ့တာမဟုတ်။

ခုလို အစိမ်းသက်သက်  အသံမကြား ၊
အဆက်သွယ် မရှိနေဖို့ဆိုတာ တစ်ခါတောင်မရှိဖူးခဲ့တာမို့  ရူးချင်သလိုလို ပင်ဖြစ်နေခဲ့သည်။

"    မင်းမချစ်နိုင်ရင်တော့ ဒီလိုပြတ်ပြတ်သားသား နေလိုက်တာကောင်းပါတယ်။
အချိန်တန်ရင်  သူလည်း  မင်းကိုမေ့သွားလိမ့်မယ်။ ဒီကောင်လေးက လူလေးနဲ့မလိုက် စိတ်မာလိုက်တာ... ခုပဲ ကြည့်
မင်းကို ဖုန်းတစ်ခါတောင် မဆက်ဘူးမို့လား။ အရင် မင်းရွာပြန်တုန်းကဆို
အားရင် အားသလို  ဖုန်းဆက်နေတက်တဲ့ကောင်က ခုဆို  ၁လတောင်ပြည့်တော့မယ် အဆက်အသွယ်မလုပ်ပဲနေတာပဲကြည့်  ..တကယ်သွေးအေးတဲ့ကောင်။
ငါထင်တာတော့  မင်းနဲ့ အနေနီးလို့ စိတ်ယိုင်တာမျိုးလည်းဖြစ်နိုင်တာပဲ။ မင်းစိတ်မပါရင် စိတ်ထဲထည့်မနေနဲ့ အချိန်တန်
သူ နဲ့အနေနီးတဲ့ ဆရာဝန်မ ဖြစ်ဖြစ် သူနာပြု ပဲ ဖြစ်ဖြစ်  တစ်ယောက်ယောက်နဲ့ ချစ်ကြိုက်သွားလိမ့်မယ် ။  ဆေးသောက်ကွာ
ခဏနေ နန်းမြတ်လာကြည့်ရင် အားနာစရာ ကြီး အဝတ်အစားလေးဘာလေးလဲထားဦး "

လွင်ဦး ထွက်လာခဲ့သည့်တိုင် ကုတင်ပေါ်ကလူက မလှုပ် ။  အခန်းပေါက်ဝရောက်မှ
ပြန်လှည့်ကြည့်ရင်း ရယ်လိုက်၏။
တမင် ဂျင်းကျွေးထားခဲ့တာမှတ်စမ်း ပုံညာ။  အနည်းနဲ့အများတော့ ပုံညာဦးချီရင်ထဲ သောက ပင်လယ်ဝေနေလောက်ပြီဆိုတာ သူသိသည်။ ဒီကောင် ယသော်လင်းကို မချစ်လို့ မဟုတ် အချစ်လွန်နေခြင်းကြောင့်ဖြစ်သည်။ တခါတလေ တွေဝေမူ့ တွေကို မနာလိုခြင်း မီးနဲ့ ရှို့ ရင် အရည်ပျော်လွယ်တယ်။
ယသော်လင်း က ချစ်သာ ချစ်တက်တာ
နည်းလမ်းကျအောင် မလုပ်တက်ဘူး။

" ကိုကြီးဖိုးသား ကြိုးစားလှချည်လားဗျ။ ဘယ်နှယ့်လဲ..  လုပ်ငန်းတွေ နားလည်ပြီလား  "

အမှာစာရင်းတွေကြည့်နေတဲ့ ကိုဖိုးသားက  သူအသံကြောင့်  လှည့်ကြည့်ကာ

" အခြေကျနေပြီးသား လုပ်ငန်းတစ်ခုကို
ဆက်လုပ်ဖို့ သိပ်မခက်ပါဘူးကွာ။ ငါ့တူကိုတော့ ချီးကျူးတယ်။ ရေခဲဆိုင် ထောင်
ထားတယ်ပြောတော့  သေးသေးလေးပဲမှတ်နေတာ ။ ဒီရောက်မှ  မျက်လုံးပြူးသွားတာ..ဘယ်လိုလဲ ဆေးတိုက်လို့ရလား။
အဖျားရက်ရှည်နေပြီနော်  ဆရာဝန်လာကြည့်ရင် ဆေးရုံတက်ရမလား မေးကြည့်ဦး "

"  ဆေးရုံသွားစရာမလိုပါဘူး ခဏနေ ပျောက်သွားလိမ့်မယ်။ ဒါပဲဗျာ စကားမပြောအားသေးဘူး ကိုကြီးဖိုးသား
စာရင်းလုပ်နေတာမို့လား ဆက်လုပ်တော့၊ ကျွန်တော်လည်း ဆိုင်ဖက်သွားမယ် ၊ ဒီနေ့ သစ်သီးပွဲ အော်ဒါ အများကြီး မှာထားတာရှိတယ် နေ့ခင်းအမှီပေးရမှာ  မအားသေးဘူးဗျို့ "

ပြောပြီး ဆိုင်ဖက်ပြေးဝင်သွားတာမို့
လိုက်ကြည့်ရင်း ဖိုးသားတစ်ယောက် မဆီမဆိုင် ကိုယ့်တူကို အားကျနေမိသေးတယ်။  ဒီကောင်လေးက မွေးကတည်းက
တကယ်ကံကောင်းတာ။ သူ့အဖေ ကိုကောင်း ကိုတောင် သူ့မျက်နှာကြောင့်
ယောက်ခမ လုပ်သူက ခွင့်လွှတ်သွားတာ။
ကိုကောင်းတို့ လင်မယားက လုပ်တက်ကိုင်တက်ဆိုပေမယ့်  ဒီကောင်လေးအိမ်ကိုရောက်လာမှ တရှိန်ထိုးတက်သွားတဲ့စီးပွားရေး က ကြောက်ခမန်းလိလိ။

တောမှာသာ ကိုကောင်းတို့လင်မယား
ဟိတ်ဟန်မရှိ၊ မာန်မာန မရှိ နေကြတာ ။
သူတို့ ချမ်းသာမူ့ က မည်၍ မည်မျှဆိုတာ ဘယ်သူမှ မသိသလောက်ပဲ။

ပေါင်းသင်းတဲ့ သူငယ်ချင်း တွေကိုပဲ ကြည့်မလား။ နောက်ကျော ဓားနဲ့ထိုးမဲ့ကောင်တစ်ကောင်မှမပါဘူး။  နိုင်ငံခြားရောက်နေတဲ့ သံချောင်းတောင်  ခုထိ  သတိတရ
မုန့်ဖုတ်စက် လှမ်းပေးလိုက် အသီးဖျော်စက် လှမ်းပို့လိုက်နဲ့ ခုထိ အဆက်အသွယ်မပြတ်ဘူး။ ဒါတွေ ဒီကောင် ကံကောင်းတာမဟုတ်လို့ဘာတွေလဲ။  ကိုယ့်မှာသာ
ခုထိအသက် ၄၀ကျော်တာတောင်အလုပ်အကိုင် အတည်တကျ မရှိသေး။ တော်သေးတယ်တူတော်မောင်က အလုပ်ခေါ်ပေးထားလို့ ။
 

______

" ကိုလွင်ဦး ဟိုးမှာ    ကိုလင်းသူငယ်ချင်း ဒေါက်တာမလေး လာနေပြီ "

အလုပ်သမား ကောင်လေးစကားကြောင့်
လှမ်းကြည့်တော့ နန်းမြတ် စီးနေကျ ကားအဖြူ လေးက ဆိုင်ရှေ့ ထိုးရပ်လာသည်။

လက်ထဲက ကိုင်ထားတဲ့  ဖရဲသီးစိတ်ကို ဘယ်ချရမှန်းမသိ ပျာနေစဉ် ကားပေါ်က
နတ်သမီး တစ်ယောက် ဆင်းလာသလို
နန်းမြတ်က  ဆေးအိတ်ကိုင်လျက် လှလှပပဆင်းလာ၏။
ဒီမိန်းကလေး သူနဲ့ မထိုက်တန်အောင်ကို လှသလို မာနလည်းကြီး၏။ ထို့ကြောင့် ရှေ့ဆက်မတိုးရက်သလို အနေထားမှာ သူကိုယ်တိုင် နှစ်တွေ အများကြီး
ကြာအောင်ရပ်တန့် နေမိတာ။ အဲ့ဒါတွေကြောင့် ယသော်လင်း ခံစားချက်ကို သူနားလည်တယ်ပြောရမည်။

" ရောက်လာပြီလား နန်းမြတ်  စောသားပဲ  "

ခရီးဦးကြို ပြုစကားဟာ ထိုမျှ လောက်သာ ။

"ဟုတ်တယ် လွင်ဦး၊   နန်း ဆေးရုံ အသွားကိုဝင်လာလိုက်တာ ။ မသက်သာဘူးလား ကိုကိုက "

"မသက်သာတာ ထက် စိတ်ထောင်းကိုကြေနေတာမျိုး။ ကျွန်တော်လည်း
ဂရုစိုက်တာပဲ ခုထိ အဖျားရက်ရှည်နေတော့စိတ်ပူလို့။ အနီးအနားဆေးခန်းရှိပေမယ့် ခေါ်မရပဲ ဂျစ်နေလို့ နန်းမြတ်ရယ် "

"ဟုတ်လား  ဒါဆို နန်းတို့ သွားကြည့်ရအောင်လေ "

ခေါင်းညိမ့်ပြရင်း ရှေ့ကနေ လမ်းပြခေါ်ဆောင်သွားလိုက်၏။ ပြသနာက အခန်းပေါက်ဝရောက်မှ တွေ့တာဖြစ်သည်။ ကုတင်ပေါ်မှာ အိပ်နေသူက မရှိသလို အခန်းထဲက ဗီဒို တံခါးကပွင့်နေ၏။ ထူးခြားဆုံးက နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ ဘွဲ့ပုံ နှစ်ခုက ပျောက်ခြင်းမလှပျောက်လို့။
ဒီမသာ သူ့ကိုဆေးပြန်ထိုးသွားပြီ။

"အဲ .. ဟိုလေ နန်းမြတ်   "

အခန်းပေါက်ဝမှာ ရပ်နေတဲ့ လွင်ဦးက ရှေ့ဆက်မသွားပဲ နန်းဖက်ကို လှည့်ကာ ကြောင်တောင်တောင်လုပ်နေတာမို့

" ဘာဖြစ်ပြန်တာလဲ  ..ရှေ့က လွင်ဦးပိတ်ရပ်နေတော့ နန်း ဘယ်လို အထဲဝင်ရမှာလဲ  "

"မဝင်တော့နဲ့ နန်းမြတ် "

"ရှင်"

"ဟိုလေ  တခြားမဟုတ်ပါဘူး  ကုစရာလူနာမရှိတော့လို့ မဝင်တော့နဲ့ပြောတာပါ "

လူနာမရှိတဲ့ အိမ်ကိုလိမ်ခေါ်လိုက်တာမို့ ဒေါသကထောင်းခနဲ။

"ဘာရှင့် !  ကုရစရာ လူနာမရှိပဲ ဘာကိစ္စကျွန်မကိုခေါ်တာလဲ  ဒီကိစ္စနောက်စရာမဟုတ်ဘူးဆိုတာ ရှင်မသိဘူးလား ။ စိတ်ပျက်စရာ ကြောင်တောင်တောင်နဲ့။"

စိတ်ဆိုးမာန်ဆိုး ပြောဆိုကာ ထွက်သွားတဲ့နန်းမြတ်ကြောင့် လွင်ဦးမှာ ခြေမကိုင်မိလက်မကိုင်မိ။
အဲ့ဒါ ဟိုမသာ လုပ်လို့။

" နေဦး နန်းမြတ်  မဟုတ်ဘူးလေ ။ ကိုယ်ရှင်းပြဦးမယ်လေ နန်းမြတ် ! နန်းမြတ်လို့ "

တကြော်ကြော်အော်၍ ပြေးလိုက်သည့်တိုင်  တစ်ယောက်သော သူ ကအဖက်မလုပ်တော့။

_______

" ဆရာ  လူတစ်ယောက်က ဆရာနဲ့တွေ့ချင်လို့တဲ့  "

လူနာကြည့်နေတဲ့ လက်တို့ဟာ ရပ်တန့်သွားစဉ် သူနာပြု ဆရာမလေးက ထပ်ပြောလာ၏။

" အရပ်ရှည်ရှည် နဲ့ ခပ်ချောချောပဲ ဆရာ။
ခရီးဆောင် အိတ်တစ်လုံးရောပါတယ်  ပြီးတော့  မှန်ဘောင်နဲ့ ဓာတ်ပုံလား ၊ ပန်းချီကားလားမသိဘူး အဲ့ဒါရော ကိုင်ထားတယ် "

မြင်သမျှ မချွင်းမချန်ပြောပြနေတဲ့ သူနာပြု ကိုလှည့်ပြုံး ပြရင်း  အိတ်ထဲ သော့ ကို ထုတ်ပေးလိုက်၏။

" ဒါလေး  သူ့ကို သွားပေး ပေးလို့ရမလားဆရာမ  ၊ ပြီးတော့ အ်ိမ်ထဲမှာဝင်စောင့်နေဖို့ပါ ပြောပေးပါ နော် "

"ဟုတ် ရတယ် ဆရာ ၊ ကျွန်မ အခုပဲ သွားပေးလိုက်မယ် ၊ ဆရာ့အကိုထင်တယ်  "

စပ်စုချင်တဲ့ မျက်လုံးတွေကြောင့် သဘောတကျ ရယ်မိသည်။ ဒီမှာက တကယ် မိသားစုတွေလို ဖြစ်နေတာမို့ အားနာစရာ
သိပ်မရှိတော့။  ပြီးတော့ ကိုကိုက သူ့အတွက် လူသိရှင်ကြား ပြောပြဖို့ ရှက်ဖို့ မလိုလောက်အောင်  ဟိုးမိုးပေါ်မှာ တင်ထားချင်တဲ့သူ။ သူ့ကိုယ်သူ ကိုတောင် ကိုကိုနဲ့ပတ်သတ်လာရင် အောက်ထပ်ကို အလွယ်တကူ ဆင်းပေးခဲ့ရလောက်တဲ့ထိ
မြင့်မြတ်တဲ့ လူသား။ ငါ တကယ်မင်းမိန်းမ
ဖြစ်ရလည်း ကျေနပ်တယ်ကိုကို။ နောက်ဆုံးတော့ မင်းရောက်လာခဲ့ပြီနော်။

" ကျွန်တော့်အမျိုးသားပါ  "

"ရှင် "

အာမေဋိတ်သံသည် တစ်သံထဲမဟုတ်။
ဘေးကုတင်မှာ လူနာမရှိသော်ငြား သူ့ဘေးမှာ ရပ်တန့်နေကြသော ဆေးရုံဝန်ထမ်းများစွာရှိ၏။ မင်းကြောင့် ငါဟာ
ရှက်ကြောပြတ်သွားပြီ  ပုံညာဦးချီ။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz