ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

42

eainsi23


"  ကိုကို   မေသာက္ေတာ့နဲ ့"

ျဖတ္ခနဲ ဆြဲလုလာေသာ လက္ကေလးကို ေရွာင္ၿပီး  ဦးခ်ီ အရင္ ေမာ့ေသာက္ပစ္သည္။ ကိုယ္အရင္ေသာက္မွမဟုတ္ရင္  အဲ့ဒီပါးစပ္ေပါက္ေသးေသးေလးက ႂကြက္တြင္ေလးက်ေနတာပဲ ထည့္သမ်ွအကုန္ဝင္တာ။ အူရုိင္းမို႔ တစ္ဗူးဆိုလ်င္ ဆိုသေလာက္ ေထြလာတာမို႔  ၂ဗူးေျမာက္ေရာက္ေတာ့ တရွိန္းရွိန္းနဲ႔ လူက ႂကြတက္လာသလို။

" အရက္ဝိုင္းမွာ ထိုင္ေနၿပီး မေသာက္ရတာေတာ့ အဆင္မေျပဘူးကြာ ။ ကိုကိုမင္းမညစ္စမ္းနဲ႔ ငါေသာက္ခ်င္တယ္ ငါ့ကိုလည္းေပးေသာက္ "

"မရဘူး  ၊  ကေလးေတြက အရက္မေသာက္ရဘူး ၊  ေဟာဒီမွာ ကိုကိုက လူႀကီး ၊
အဲ့ဒါေၾကာင့္ကိုကိုပဲေသာက္မယ္  "

" ကိုကို မင္းမူးေနၿပီလား ၊ မင္းေသာက္တာ နွစ္ဗူးပဲရွိေသးတယ္ေနာ္ "

ေသာ့္စကားေၾကာင့္ သူ မမူးေသးဘူး
ဆိုတဲ့အေၾကာင္း ေခါင္းရမ္းျပသည္။ လြင္ဦးက ေဘးမွာ ထိုင္ၿပီး အျမည္းစားလိုက္ ဘီယာေမာ့လိုက္နဲ႔ တစ္ခြန္းမွ ဝင္မေျပာ တံုဏိဘာေဝလုပ္ေနသည္။ ဒီေကာင္မူးလ်င္ လူတစ္မ်ိဳး။  ၿငိမ္သက္သြားၿပီး  ဘာစကားမွ မေျပာေတာ့ဘူး။ ေသာ္ကေတာ့ ေဘးမွာ မေသာက္ရေတာ့ စူပုတ္ပုတ္လုပ္ေန၏။
မီးေရာင္ေအာက္မွာ ေသာ့္မ်က္နွာေလးကပိုဝင္းေနသလို။ ၾကည့္စမ္းပါအံုး ေသာ္ကတကယ္ ခ်စ္စရာေလးပဲ။

" ေသာ္  လာ ဒီနားတိုး ၊ ကိုကို႔ေဘးနားကပ္ထိုင္ "

ၾကားထဲမွာ လူတစ္ေယာက္ထိုင္စာလြတ္ေနတာကို သူမႀကိဳက္လို႔  ၾကမ္းကိုပုတ္ျပရင္းေသာ့္ကိုေခၚသည္။

" မလာဘူး "

"လာခဲ့ လာ ေဘးနားထိုင္ ကိုကို မင္းကို
ဘီယာ တစ္ငံု တိုက္မယ္ "

"မဟုတ္ရင္ မင္းကို သတ္မွာ "

ႀကံဳးဝါးရင္းေသာ္အနားတိုးလာသည္။
ပိုထိေတြ႕ ခ်င္လာေသာ စိတ္ေၾကာင့္ ေသာ့္ခါးကို ဖက္ရင္း ဆံပင္ေတြကို ဖြဖြေလးငံု ႔နမ္းလိုက္ေသးသည္။

ေသာ့္ကို တခါတေလ ထိေတြ ႕နမ္းရႈိက္ျခင္းဟာ သူ ႔အေနနဲ႔ မထူးဆန္း။
ေသာ္ကိုယ္တိုင္လည္းထူးဆန္းမည္မဟုတ္။  အတူတူေလ်ွာ္ေသာ ေခါင္းေလ်ွာ္ရည္ေလးေတြက ေသာ့္ဆံပင္ေရာက္မွ ပိုေမႊးသလို အတူတူသံုးေသာ ကိုယ္တိုက္
ဆပ္ျပာက ေသာ့္ပုခံုးသားေတြနဲ႔ ထိေတြ႕မွ ခ်ိဳၿမိန္လတ္ဆတ္သြားသလိုပင္။ ထို႔ေၾကာင့္ သူ႔နွာေခါင္းေတြရဲ႕ေျခခ်ရာေနရာသည္
ေသာ့္ပုခံုးေတြ ေသာ့္ဆံပင္ေတြမွာ အၿမဲတေစရွိေနတက္၏။

  သူလႊတ္ခ်ထားေသာ ဘီယာဗူးကို  ေမာင္ယေသာ္လင္းက အခြင့္ေရးယူကာ တရွိန္ထိုး ေမာ့ေသာက္ေနတာျမင္ေပမဲ့ သူမတားျဖစ္ခဲ့။
ေသာ့္ေခါင္းေလး ေမႊးေနတာက  သူ႔အတြက္ ဒီေန႔ပိုခ်ိဳျမေနသလို။

စိတ္ဝင္စားမူ ႔ဒီဂရီက မဆီမဆိုင္  ေသာ္
ေခါင္းေမႊးတာကိုစိတ္ေရာက္သြား၏။

" ငါ အိပ္ေတာ့မယ္ မင္းတို႔ျပန္ေတာ့ "

"အာ ငါတို႔ ခုမွ ေသာက္ေကာင္းတုန္းေလကြာ  "

လြင္ဦးက အပိုထပ္မဆိုေတာ့ပဲ   အနီးအနားမွာပဲ ေခြေခြေလး လွဲအိပ္ေတာ့တာမို႔
ေသာ္  မေက်မနပ္ျဖစ္သြားသည္။
ေဘးဝိုင္းက ေကာင္ေလးအဖြဲ႕ေတာင္မအိပ္ၾကေသးတာကို ။ ဒီေကာင္ သက္သက္ သူတို႔နွစ္ေယာက္ကို အျမင္ကပ္လို႔ တမင္ နွင္လိုက္တာ သိသားပဲ။

" ကိုကို အခန္းျပန္မယ္   "

"အင္း ျပန္မယ္   "

ယိုင္တိုင္တိုင္ ထရပ္တဲ့ ကိုကို႔ကို တဖက္ကတြဲလ်က္  အားေနေသာ လက္တစ္ဖက္ျဖင့္ ဘီယာဗူးေလးငါးဗူးကို ေသာ္ အိတ္ထဲ ထည့္ယူခဲ့သည္။ ေအာက္ေရာက္မွေသာက္မယ္။  မနက္ဖန္ အလုပ္ပိတ္ရက္မို႔  ေနဖင္ထိုးတဲ့အထိအိပ္လည္းဘာမွမျဖစ္။

" ကိုကို မင္းမူးေနလား "

စားပြဲေပၚကို  ဆြဲလာတဲ့ ဘီယာဗူးအိတ္ကိုတင္လ်က္ ေမးေတာ့ "မူးစရာလား"ဟု ျပန္ေျဖလာသည္။ ရစ္ေထြေနဟန္ရွိေပမဲ့
ဟန္မပ်က္ ေဘးမွာ မတ္မတ္ရပ္ေနနိုင္ေသးတာမို႔ သိပ္ႀကီးအေျခေနရမဆိုးဟု မွန္ယူနိုင္ေသာ္လည္း မီးေရာင္ျဖင့္ျမင္ေနရေသာ နား႐ြက္ဖ်ားနွင့္  ပါးျပင္နွစ္ဖက္သည္ နီရင့္ရင့္အေရာင္ကို ေျပာင္းလုၿပီမို႔

"မမူးဘူးလည္းဆိုေသး မင္း မ်က္လံုးေတြ စင္းေနၿပီ ၿပီးေတာ့..ပါးေတြလည္းနီေနတယ္..  "

"က်စ္ ! မမူးပါဘူးဆို ေပး ကိုကိုေသာက္ျပမယ္ "

စားပြဲေပၚက အိတ္ကို ဖြင့္ဖို႔ႀကံေနတာမို႔ လက္ေတြကိုလမ္းခ်ဳပ္ကိုင္လိုက္ၿပီးလ်ွင္

"ဟင့္အင္ မေသာက္နဲ႔ေတာ့ ေသာ္တို႔ လမ္းေလ်ွာက္ၾကမလား ကိုကို  "

" အျပင္မွာမိုးခ်ဳပ္ေနၿပီေလ "

" မရဘူး ေသာ္ လမ္းေလ်ွာက္ခ်င္ေနတယ္။ ကိုကို လိုက္ပို႔ေပး "

ရင္ဘတ္သာသာေလာက္သာရွိ
ေသာ အရပ္ကေလးနဲ႔ေသာ္က  သူ႔နဖူးနဲ႔ ဦးခ်ီ ရင္ဘတ္ကို လာေထာက္လ်က္ ေခါင္းကို ဟိုဖက္ သည္ဖက္ ေစာင္းကာ လႈပ္ရမ္းလ်က္ ဂ်ီက်၏။ ထို အျပဳအမူေလးကပင္
ဦးခ်ီ ၏ ရစ္မူးေနတဲ့ စိတ္အစံုကိုလန္းဆန္းမူ႔ေပးသကဲ့ ခ်စ္စရာေကာင္းလွသည္မို႔

" ကဲ ဟုတ္ၿပီဗ်ာ .. သြားမယ္ လာ ကိုကို႔လက္ကို ဆြဲ   "

" yes boss "

ရႊတ္ေနွာက္ေနွာက္ေသာ့္စကားေၾကာင့္
သူ႔အၿပံဳးေတြက မရပ္တန္႔ေတာ့ေပ။ နွစ္ေယာက္အတူ လက္ဆြဲကာ ၿခံတံခါးကို ဖြင့္ၿပီး အျပင္ထြက္လိုက္စဥ္မွာပင္ ေလတျဖဴ းျဖဴး က မ်က္နွာကို လာရုိက္၏။ အိမ္ထဲမွာ ေလဝင္ေလထြက္ သိပ္မရွိလွေပမဲ့ လမ္းေပၚထြက္ရင္ေတာ့ အသက္ဝဝရူ နိုင္ေပသည္။

ထိုအရာေတြသည္ ၿမိဳ ႕နွင့္ ေတာ ၏ ကြာျခားမူ႔ေတြ ျဖစ္ေလသည္။

ေတာ႐ြာ ေတြမွာ လူေနအိမ္ေျခ က်ဲ၍  စက္သံုးယာဥ္ သံုးစြဲမူ ႔ သိပ္မရွိတာေၾကာင့္
ေလထုညစ္ညမ္းမူ ႔ သက္သာတာ၏။

"  စိတ္ထဲ ခုမွ ေနသာထိုင္သာရွိသြားတာပဲ ၊  ကိုကို  ေသာ့္ကို  ေက်ာပိုးပါ့လား ဟိုတစ္ခါ ငါေနမေကာင္းတုန္းက  ပိုးသြားသလိုေလ  "

ၿခံတံခါးကို ေသာ့ျပန္ခတ္ေနစဥ္ေသာ့္စကားေၾကာင့္  ရယ္ခ်င္သြား၏
သူ႔ကိုသူ ကေလးေပါက္စေလးမ်ားထင္ေနသလား။ ေအးျမေသာေလေၾကာင့္ သူ ယိုင္ထိုးလႈပ္ခါေအာင္ထိေတာ့မမူးေတာ့။
သို႔ေသာ္ ခါတိုင္းနွင့္မတူ ျမဴ းႂကြေနတာမို႔
အလံုးစံုေတာ့  မၾကည္လင္ေသး။

"အဲ့တုန္းက ေသာ္ေနမေကာင္းလို႔ေလ ၊ ခုကေနေကာင္းလို႔  လမ္းေလ်ွာက္ရုံမကဘူး ေျပးလို႔လႊားလို႔ရေနတဲ့ လူေကာင္းႀကီးျဖစ္ေနၿပီကို "

" လူေကာင္းႀကီးျဖစ္ေနလည္း  ေက်ာမစီးရဘူးလို႔ ဘယ္သူေျပာလဲကြာ ၊ ငါစီးခ်င္တယ္  ငါ့ကိုပိုး  "

"ေရာ္ ခက္လိုက္တာ  "

"ကိုကို႔! "

" အာ  ဟုတ္ၿပီ တက္ကြာ တက္  "

စိတ္တိုသံအဆံုးမွာ  ေက်ာကုန္းေပးလိုက္ရသူက သူသာ။ ေသာ္နဲ႔ သူ႔ရဲ႕ဆက္ဆံေရးသည္ အမ်ားအျမင္မွာ အျမင္ကပ္စရာ၊ အျမင္မသင့္ေတာ္စရာ မရွိေလာက္ေအာင္ အသားက်ရုိးသား၍ေနေလသည္။  ေပါ့ပါးလွတဲ့ ေႏြးေထြးမူ ႔သည္ ေက်ာေပၚဖိသိပ္လာခ်ိန္တြင္ ဦးခ်ီ မတ္မတ္ျပန္ရပ္ၿပီး  ခါးကိုခြလာတဲ့ေျခေထာက္ကေလးကို ျပန္လည္ လက္နွင့္လ်ိဳသိုင္းလ်က္
စတင္လမ္းေလ်ွာက္လိုက္၏။

ည ၁၁ေက်ာ္ဆိုတဲ့ အခ်ိန္က  လူသူသြားလာမူ ႔နည္းပါးအခ်ိန္ ျဖစ္သည္မို႔
သြားလာမူ ႔ကမရွိသေလာက္။

အစားေသာက္ဆိုင္နွင့္ အဝတ္အထည္ဆိုင္မ်ားေပါမ်ားလွေသာ သူတို႔လမ္းေလးေပၚမွာ ေန႔ဆို ရႈပ္ယွက္ခတ္ ဆူညံေနသေလာက္ ညမွာေတာ့ ေသာ့ပိတ္ထားေသာ ဆိုင္တံခါးမ်ားနွင့္ တိတ္ဆိတ္ ၿငိမ္သက္လ်က္။

" ကိုကို  "

" ဗ်ာ "

" ငါ  ေနာက္အပတ္မွာ postingက်တဲ့ဆီ ေျပာင္းရေတာ့မယ္  "

တိတ္ဆိတ္ေနတဲ့ ပတ္ဝန္းက်င္မွာ သူရယ္ ေသာ္ရယ္ နွစ္ေယာက္ထဲပဲ ရွိလ်က္ ။
အၿမဲထိုးေဟာင္တက္ေသာ လမ္းေဘးေခြးအို ႀကီးသည္ လြန္ခဲ့ေသာ နွစ္ကပင္ေသဆံုးသြားခဲ့ၿပီမို႔ တခါတရံ ၇၃လမ္းမႀကီးမွာ ျဖတ္သန္းသြားတဲ့  ဆိုင္ကယ္သံမွလြဲ၍  မည္သို႔ေသာ ဆူညံသံ တစိုးတစိ မၾကားရေတာ့။ 

ေသာ္ ေျပာခ်င္တဲ့ အဓိပၸါယ္ကိုသူသိသည္မို႔
သက္ျပင္းခ်မိသည္။၃နာရီေလာက္ၾကာေအာင္  ေသာက္ခဲ့ေသာ ဘီယာနွစ္ဗူး၏ ေထြျပားမူ ႔သည္ ယခုမူ မည္သို႔ေသာအက်ိဳးသက္ေရာက္မူ ႔မွမရွိေတာ့သလို ၾကည္လင္သြား၏။ ေသာ့္ပံုစံကလည္း စိတ္ဓာတ္က်ေနဟန္ရွိသည္မို႔ ဦးခ်ီ ယဲ့ယဲ့ ၿပံဳးမိသည္။

" အင္း  ဘယ္သြားရမွာတဲ့လဲ   "

"  မလည္  "

"မလည္႐ြာ လား။ ဟာ ဒါဆို ကိုယ္တို႔႐ြာနဲ႔ နီးတာပဲေလ ေသာ္ရ  ..ဘာကို စိတ္မေကာင္းျဖစ္ေနတာလဲ ကိုကိုတို႔အစကတည္းက တံငါကုန္းမွာ ခ်က္ျခင္း မရနိုင္ေသးဘူးဆိုတာသိတာပဲ။ စိတ္မညစ္နဲ႔ မလည္မွာလည္း တိုက္နယ္ေဆးရုံရွိတယ္ ေအးလည္းေအးခ်မ္းတယ္။  ကိုကိုတို႔႐ြာ
နဲ႔ဆို ပိုေတာင္ နီးေသးတယ္  "

မလည္႐ြာသည္ တံငါကုန္း႐ြာကဲ့သို႔
ျမစ္ကမ္းနွဖူး မွာ တည္ထားေသာ ႐ြာကေလးျဖစ္ကာ ေရလမ္း ၊ကုန္းလမ္း စည္ကား၍ ကုန္သြယ္ေရးေကာင္းတဲ့႐ြာျဖစ္သည္။ တံငါကုန္း႐ြာ မဖြံ ့ၿဖိဳးစဥ္အခါကဆိုလ်င္  ၿမိဳ႕ကေလးၿမိဳ ႕ကို ေစ်းဝယ္ သြားဖို႔မလြယ္တာေၾကာင့္ ထို႐ြာကိုသာ အားထားခဲ့ရဖူးသည္။

စိတ္မခ်မ္းေျမ့ေနတဲ့ ေသာ္သည္ ကိုကိုစကားေၾကာင့္ ေလ်ာ့ရဲေနတဲ့ ေခါင္းကေလး
က အားမာန္တက္ကာ ျပန္မတ္လာ၏။

" တကယ္နီးလာဟင္  ။ ေသာ္စိတ္ညစ္တာ သံုးေလးရက္ရွိေနၿပီ  ၊ အရမ္းေဝးသြားရင္ ေသာ္ ကိုကို႔ကို ေခၚသြားရမွာအားနာလို႔   "

" ေသာ္ ကအရူးေလးပဲ ၊  ေသာ္ဘယ္သြား ကိုကိုက အတူလိုက္ေပးမယ္လို႔ ေျပာထားတယ္ေလ  ၊  မင္းနဲ႔ ကိုကိုနဲ႔ၾကားမွာ အားနာစရာ လိုေသးတယ္လားေသာ္ "

ပုခံုးေပၚကေခါင္းေလးကို နားထင္နဲ႔ အသာ ပစ္တိုက္ရင္း  ဦးခ်ီ ဆိုလိုက္ေတာ့ ေသာ္ရယ္သံ ခ်ိဳျမျမက တိုးသက္စြာထြက္လာသည္။
လမ္းမီးတိုင္ေတြေအာက္မွာ ရွည္သြယ္တဲ့ ကိုယ္လံုးေလးကို ခ်ီပိုးထားရင္း ေသာ္နဲ႔ထပ္တူ သူပါ အတူၿပံဳးရယ္မိ၏။

" အခ်စ္ဆိုတာ ဘာလဲ  မင္းသိသလားကိုကို  "

လွမ္းေတြတဲ့ ေျခလွမ္းေတြက ရပ္တန္႔လုလု။ ရယ္ေမာေနတဲ့ နႈတ္ခမ္းေတြသည္ စကားတစ္ခြန္းေၾကာင့္ေစ့ပိတ္လို႔သြားစဥ္။

" ေသာ္က အခ်စ္အေၾကာင္းေတြ ေျပာလို႔ပါလား ၊ ဘာလဲ ကိုကို႔ေသာ္က  အခ်စ္ကိုေတြ ႕ေနၿပီလား"

ေသခ်ာ နားေထာင္ၾကည့္မယ္ဆိုလ်င္ သူ႔ေလသံမွာ ေဒါသအနည္းအက်ဥ္းေရာေထြးေနမွာ မမွားေပ။ သူ ႔ကို ေသာ္ နွေျမာသလို ေသာ့္ကိုလည္းသူ႔နွေျမာသည္။
ျဖစ္နိုင္မယ္ဆိုလ်င္  အိမ္ေထာင္ မျပဳ ၊ အခ်စ္မရွာပဲ သူတို႔နွစ္ေယာက္အတူေနလို႔မျဖစ္နိုင္ေပဘူးလား။ ၾကားလူဝင္လာရင္သူတို႔နွစ္ေယာက္ပတ္သတ္မူ ႔သည္ အဆင္မေျပစရာျဖစ္လာလိမ့္မည္။ ဒါဆို ေသာ္ကေရာ စိတ္ခ်မ္းသာနိုင္မွာတဲ့လား။

သူ႔ေခါင္းထဲမွာ အႀကိမ္တစ္ေသာင္းေလာက္စဥ္းစားထားေသာ္လည္း အေျဖ က မေျပာင္းလဲေပ။ ကေလးဘဝကလို ေသာ္က ငါ့အပိုင္ လို႔ သူေျပာခြင့္မရွိေတာ့တာေသခ်ာသေလာက္မို႔  သူ႔စိတ္ေတြမြမ္းၾကပ္လာ၏။

" ငါေမးတာသာ ေျဖပါ  "

" အခ်စ္ဆိုဘာလဲ ငါမသိဘူး ေသာ္။ သိဖို႔လည္း ငါႀကိဳးစားေတာ့မွာမဟုတ္ဘူး ၊ ငါ့ဘဝမွာ မင္းရွိတယ္  ၊ၿပီးေတာ့ ပါးပါးနဲ႔ သက္ပံုရွိတယ္။ ဒါဆိုလံုေလာက္ေနပါၿပီ ၊  ငါတို႔ဘဝေတြက အရမ္းရုိးရွင္းလြန္းလို႔ တစ္စံုတစ္ေယာက္ကို ဝင္လာဖို႔မဖိတ္ေခၚခ်င္ေတာ့ဘူးေသာ္။ ငယ္တုန္းကေတာ့  တေန႔ ငါခ်စ္တဲ့သူတစ္ေယာက္ ေတြ ႕လာလိမ့္မယ္လို ႔လြယ္လြယ္ေတြးၾကည့္ဖူးေပမဲ့  အခုစိတ္နဲ႔ ျပန္ေတြးၾကည့္ေတာ့ မျဖစ္နိုင္ျပန္ဘူး။  "

"ဘာလို႔လဲ ..အရင္က မင္းေျပာေတာ့
မင္းခ်စ္လာမဲ့ သူ တစ္ေယာက္ရွိလာခဲ့ရင္
ပါးပါးတို႔နဲ႔ အတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနသြားမယ္ဆို  "

အသက္မပါစြာရယ္မိပါ၏။

"ထင္သေလာက္ လြယ္မယ္ထင္လား
ေသာ္၊  ငါေ႐ြးခ်ယ္မဲ့သူက ငါကိုခ်စ္သလို ငါ့မိသားစု ၊ ငါ့သူငယ္ခ်င္းကို လက္ခံမယ္ထင္သလား  ..ဘယ္အရာမွမလြယ္ဖူးေသာ္   ။ မင္းတို႔ သံုးေယာက္လံုးက ငါ့ဘဝပဲ  ..တစ္စံုတစ္ေယာက္မရွိပဲ  အသက္ရွင္နိုင္ေပမယ့္ မင္းတို႔မရွိပဲ မရွင္သန္ခ်င္ဘူး"

ပုခံုးေပၚ ေခါင္းတင္လ်က္ ေသာ္ ၿငိမ္သက္သြား၏။ ရဲေဆး တင္ခဲ့ေသာ ဘီယာဗူးေတြရဲ႕ တက္ႂကြမူ ႔အာနိသင္သည္  ပံုညာဦးခ်ီ ၏ ေအးခ်မ္းေသာ ေမတၲာတရားေအာက္တြင္ရွက္႐ြံ ့စြာ ၿငိမ္ဝတ္ပိျပားသြားရ၏။ ပံုညာဦးခ်ီကေတာ့ ပံုညာဦးခ်ီပါပဲ။  မူးေနရင္ေတာင္  ညစ္ညမ္းခ်င္တဲ့စိတ္မရွိတဲ့ မင္းကို လက္မလႊတ္နိုင္တာ ငါမွားသြားလားဟင္။

မင္းခ်စ္သူ ျဖစ္ဖို႔က ခက္ခဲလိုက္တာ ကိုကိုရာ။

လမ္းမီးတိုင္မ်ားစြာကို ျဖတ္ေက်ာ္လာခဲ့ၿပီးၿပီမို႔  အိမ္ဖက္ကို ကိုကိုျပန္လွည့္ေနတာေသာ္ သိ၏။ ေအာက္ကို လမ္းဆင္းေလ်ွာက္ပါ တစ္ခြန္းမေျပာ သလို သူကိုယ္တိုင္ကလည္း ကိုကို ေက်ာေပၚက မဆင္းခ်င္။

အရာအားလံုး က မင္းေျပာသလို ေနသားတက် ပါပဲကိုကို။  ဒါေပမယ့္ ငါေလာဘႀကီးေနဆဲပဲ မို႔ ငါ့အတၱေတြကို မင္းခြင့္လႊတ္ေပးပါ။ 

_______

၈ရက္ခန္႔ၾကာၿပီးေနာက္ ...

" လြင္ဦး  ဟိတ္ေကာင္ လြင္ဦး  "

မနက္ေစာေစာ  ဦးခ်ီ ၏ အသံက အခန္းထဲကေန  ဟိန္းလ်က္ ထြက္ေပၚလာၿပီးေနာက္ ခ်က္ျခင္း မီးဖိုးခန္းထဲ အေျပးအလႊားေရာက္လာ၏။

မီးဖိုခန္းထဲမွာ ထမင္းေၾကာ္စားေနတဲ့ လြင္ဦးက ပ်ာယာခတ္ေနတဲ့ ဦးခ်ီ ကိုေနာက္လွည့္ၾကည့္ၿပီး  ဘာတုန္းဟု
ေမးေငါ့ျပကာ ခ်က္ျခင္း ျပန္လွည့္၍ထမင္းေၾကာ္ေတြကို ဇြန္းနဲ႔ေမာက္ေမာက္ထည့္ပီး ပါးစပ္ထဲကို ထိုးထည့္၏။

" ေသာ္  ..ေသာ္ေရာ  အခန္းထဲက သူ႔အဝတ္အိတ္ႀကီးမရွိေတာ့ဘူးကြ  .. ဖုန္းေခၚေတာ့လည္းစက္ပိတ္ထားတယ္  .. သူတာဝန္က်တဲ့ေနရာမ်ား တစ္ေယာက္ထဲထြက္သြားတာလားမသိဘူးကြာ ၊ ေနာက္၂ရက္ေနရင္ ငါလိုက္ပို႔မယ္လို ႔ေျပာထားရက္နဲ႔ "

အရင္ေန႔ေတြကတည္းက သူ႔အလုပ္ေတြကို တျဖည္းျဖည္း ျဖတ္ေနတာ ေသာ္နဲ႔အတူ ႐ြာလိုက္ဖို႔ပင္။ ဒီကအလုပ္ကအေတာ္ေလး နာမည္ရေနၿပီမို႔ ပစ္ထားခဲ့လို႔လည္းမျဖစ္။ ထို႔ေၾကာင့္ ေရခဲဆိုင္ကိုဦးစီးဖို႔ ႐ြာက ကိုဖိုးသားတို႔ လင္္မယားကိုပါ လွမ္းေခၚထားတာ ေသာ္လည္းသိတာပဲ။
စိတ္ဆိုးရေအာင္လည္း သူနဲ႔ေသာ္ ရန္ျဖစ္ထားမရွိ။

" သြားၿပီေလ သူက  "

အရင္းမရွိ အဖ်ားမရွိစကားေၾကာင့္ အလိုမက်စြာမ်က္ေမွာင္ကုတ္မိလ်က္။

"စကားကို လူလိုေျပာ   "

"  လူလိုေျပာေနတာပဲ မင္းနားကိုက ဘာစို႔ထားမွန္းမသိဘူး။ မလည္႐ြာကို သြားၿပီ ။
မနက္က ကားဂိတ္ ငါကိုယ္တိုင္ လိုက္ပို႔ေပးခဲ့တာ ၇နာရီ ကားနဲ႔ "

"ဘာ!!  ငါ့ကို မနႈိးပဲ မင္းကိုဘာလို႔ သြားနႈိးပို႔ခိုင္းတာလဲ "

"႐ြံ လို႔ေနမွာေပါ့ ေရာ႕ စာ  ၊ မင္းအတြက္ေပးခဲ့တာ  "

အိတ္ေထာင္ထဲက ေခါက္ထားတဲ့စာ႐ြက္ျဖဴ ေလးကို သူ႔ေရွ ႔လွမ္းပစ္ေပးရင္း လြင္ဦးက ထမင္းစားမပ်က္ ။ မႈန္မႈိင္းေလးလံသြားတဲ့ စိတ္က ဘာေၾကာင့္ရယ္မသိ။
စာ႐ြက္ေခါက္ကို ဖတ္ဖို႔ ျဖန္ ႔လိုက္စဥ္
ငယ္စဥ္ကလိုပင္ လွပေနဆဲ လက္ေရးဝိုင္းဝိုင္းေလးေတြက မေျပာင္းလဲစြာ ညီညာလ်က္  ။  သူ႔နွလံုးသားေတြသည္ တဒိန္းဒိန္းတုန္ဟီးကာ  စာ႐ြက္ေပၚက စာေတြကိုစတင္ဖတ္ရႈ ႕လိုက္သည္။

ကိုကို ေရ  ငါ မင္းကို မေျပာပဲ  သြားနွင့္လို႔ စိတ္မဆိုးပါနဲ႔။ ဘာေၾကာင့္လည္းဆိုေတာ့ ဒီေန ႔ငါ မင္းကိုမေျပာမျဖစ္တဲ့အေၾကာင္းေတြ ေျပာျပခ်င္တာေလးရွိလို႔ ကိုကို  ။ ဒီစကားကို မင္းမ်က္နွာ ၾကည့္ၿပီး ေျပာမထြက္လို႔ ဒီနည္းကိုသံုးလိုက္ရတယ္ အင္း..
နည္းနည္း ဒိတ္ေအာက္ေနတယ္ဆိုေပမယ့္ ငါ့အတြက္ကေတာ့ မ်က္နွာပူ သက္သာဆံုးမို႔ပါ။
ဒီစာကို မင္းဖတ္ၿပီးသြားခ်ိန္မွာ  ငါတို႔ဆက္ဆံေရးက  ျပတ္ဆဲသြားမလား ၊ တစ္ဆင့္တက္သြားမလားဆိုတာ ငါမသိဘူးကိုကို။အဲ့ဒီအတြက္ ငါရင္းနွီးလိုက္ရတဲ့ တန္ဖိုးက ႀကီးတာ မို႔လို႔   မင္း ေသခ်ာနားေထာင္ေပးမွ ျဖစ္လိမ့္မယ္ထင္တယ္။
ငါမင္းကို ခ်စ္ေနတာ ၇နွစ္ရွိၿပီ ကိုကို ၊ 
မင္းထင္သလို ရုိးသားတဲ့ အခ်စ္ေတာ့မဟုတ္ခဲ့ဘူး အေရာင္စြန္းထင္း ေနတဲ့ အနီေရာင္ ခ်စ္ျခင္းတရားေတြနဲ႔ ပါ ၊ မင္းနားလည္ေအာင္ ရွင္းရွင္းေျပာရရင္ သူငယ္ခ်င္း
လို အခ်စ္မဟုတ္ဘူး ပါးပါးတို႔လို အခ်စ္။
မင္းကို ငါ့အပိုင္အျဖစ္ တေလာကလံုးကို အသိေပးခ်င္တာ ၊ မင္းစိတ္ ၊မင္းအၿပံဳး အကုန္ငါပိုင္ခ်င္တာ  အဲ့လို စိတ္ထားနဲ႔ မင္းကို ခ်စ္တာ ကိုကို  ။ အဲ့အတြက္ငါအရင္
ထြက္သြားမွာ ျဖစ္မွာမို ႔ ႀကိဳသြားနွင့္လိုက္တယ္  ၊ မင္းဆီ ကအေျဖကေတာ့ 
လတ္တေလာ မင္းကို စဥ္းစားခြင့္ေပးထားအံုးမွာမို ႔ျဖည္းျဖည္း အခ်ိန္ယူပါ။  ငါတာဝန္က်တဲ့ ေနရာမွာ ရွိေနမယ္ ကိုကို။
မင္း လိုက္လာခဲ့ရင္ေတာ့ ေသခ်ာေပါက္ မင္းက ငါ့ေယာက်ာ္းျဖစ္သြားၿပီမို႔  မခ်စ္နိုင္ရင္ မလာခဲ့ပါနဲ႔ 

                                    ပံု/ မင္းမိန္းမ

အဆံုးထိဖတ္ရူ ႔ၿပီးသြားခ်ိန္တြင္ ဦးခ်ီ
ထိုင္ခံုေပၚ ပံုလ်က္ပစ္က်သြား၏။
တဆတ္ဆတ္ တုန္ရီေနတဲ့ လက္ေတြသည္ ေပါ့ပါးတဲ့စာ႐ြက္ကေလးကိုပင္ မကိုင္နိုင္ေတာ့တာမို႔  စားပြဲေပၚ ခ်ထားလိုက္ရသည္ထိ  သူထိုအျဖစ္ကို လက္မခံနိုင္ေသး။ 

ေသာ္က သူ႔ကို ခ်စ္သည္တဲ့။
ထိုအခ်စ္သည္ တသက္လံုး သူမေတြးထားဖူးသာအရာ။ မခန္႔မွန္း ထားဖူးေသာ အျဖစ္အပ်က္။ မင္းမိန္းမ ဆိုတဲ့ စကားကို နားထဲျပန္ၾကားမိေတာ့  ရင္ထဲ ဝမ္းနည္းလာကာ ထ ထြက္သြားေသာ လြင္ဦး၏ ပံုရိပ္ကိုပင္ ေကာင္းေကာင္းမျမင္ရေအာင္ ေဝဝါးေစ၏။

သူငယ္ခ်င္းေတြ စေနွာက္တုန္းက ထိုစကားသည္ သူ႔အတြက္ ဘာမွမဟုတ္ခဲ့ေပမဲ့   ေသာ့္လက္ေရးဝိုင္းဝိုင္းေလးေတြနဲ႔ ေသာ္ကိုယ္တိုင္ယွဥ္တြဲလာေတာ့ သူမၾကားရက္ ၊မေျပာရက္။ 

ေသာ္ ဘာေၾကာင့္ သူ႔အေပၚမွာ ဒီလို စိတ္ထားနိုင္ရတာလဲ။

ဘာေၾကာင့္ ေသာ့္အေတြးေတြ ၊ ေသာ့္နွလံုးသားေတြက  မျဖဴစင္ေတာ့တာလဲ။ 

စို႐ြဲလာတဲ့ ပါးျပင္ကိုပင္ မသုတ္နိုင္ေတာ့တဲ့အထိ  သူ လက္ေတြသည္  အားအင္ကုန္ခမ္းသြားခဲ့ေလၿပီ။

ေသာ္  မင္း သိပ္မိုက္မဲတာပဲ

ခ်စ္တဲ့အိမ္စည္။

"  ကိုကို   မသောက်တော့နဲ့ "

ဖြတ်ခနဲ ဆွဲလုလာသော လက်ကလေးကို ရှောင်ပြီး  ဦးချီ အရင် မော့သောက်ပစ်သည်။ ကိုယ်အရင်သောက်မှမဟုတ်ရင်  အဲ့ဒီပါးစပ်ပေါက်သေးသေးလေးက ကြွက်တွင်လေးကျနေတာပဲ ထည့်သမျှအကုန်ဝင်တာ။ အူရိုင်းမို့ တစ်ဗူးဆိုလျင် ဆိုသလောက် ထွေလာတာမို့  ၂ဗူးမြောက်ရောက်တော့ တရှိန်းရှိန်းနဲ့ လူက ကြွတက်လာသလို။

" အရက်ဝိုင်းမှာ ထိုင်နေပြီး မသောက်ရတာတော့ အဆင်မပြေဘူးကွာ ။ ကိုကိုမင်းမညစ်စမ်းနဲ့ ငါသောက်ချင်တယ် ငါ့ကိုလည်းပေးသောက် "

"မရဘူး  ၊  ကလေးတွေက အရက်မသောက်ရဘူး ၊  ဟောဒီမှာ ကိုကိုက လူကြီး ၊
အဲ့ဒါကြောင့်ကိုကိုပဲသောက်မယ်  "

" ကိုကို မင်းမူးနေပြီလား ၊ မင်းသောက်တာ နှစ်ဗူးပဲရှိသေးတယ်နော် "

သော့်စကားကြောင့် သူ မမူးသေးဘူး
ဆိုတဲ့အကြောင်း ခေါင်းရမ်းပြသည်။ လွင်ဦးက ဘေးမှာ ထိုင်ပြီး အမြည်းစားလိုက် ဘီယာမော့လိုက်နဲ့ တစ်ခွန်းမှ ဝင်မပြော တုံဏိဘာဝေလုပ်နေသည်။ ဒီကောင်မူးလျင် လူတစ်မျိုး။  ငြိမ်သက်သွားပြီး  ဘာစကားမှ မပြောတော့ဘူး။ သော်ကတော့ ဘေးမှာ မသောက်ရတော့ စူပုတ်ပုတ်လုပ်နေ၏။
မီးရောင်အောက်မှာ သော့်မျက်နှာလေးကပိုဝင်းနေသလို။ ကြည့်စမ်းပါအုံး သော်ကတကယ် ချစ်စရာလေးပဲ။

" သော်  လာ ဒီနားတိုး ၊ ကိုကို့ဘေးနားကပ်ထိုင် "

ကြားထဲမှာ လူတစ်ယောက်ထိုင်စာလွတ်နေတာကို သူမကြိုက်လို့  ကြမ်းကိုပုတ်ပြရင်းသော့်ကိုခေါ်သည်။

" မလာဘူး "

"လာခဲ့ လာ ဘေးနားထိုင် ကိုကို မင်းကို
ဘီယာ တစ်ငုံ တိုက်မယ် "

"မဟုတ်ရင် မင်းကို သတ်မှာ "

ကြုံးဝါးရင်းသော်အနားတိုးလာသည်။
ပိုထိတွေ့ ချင်လာသော စိတ်ကြောင့် သော့်ခါးကို ဖက်ရင်း ဆံပင်တွေကို ဖွဖွလေးငုံ့ နမ်းလိုက်သေးသည်။

သော့်ကို တခါတလေ ထိတွေ့ နမ်းရှိုက်ခြင်းဟာ သူ့ အနေနဲ့ မထူးဆန်း။
သော်ကိုယ်တိုင်လည်းထူးဆန်းမည်မဟုတ်။  အတူတူလျှော်သော ခေါင်းလျှော်ရည်လေးတွေက သော့်ဆံပင်ရောက်မှ ပိုမွှေးသလို အတူတူသုံးသော ကိုယ်တိုက်
ဆပ်ပြာက သော့်ပုခုံးသားတွေနဲ့ ထိတွေ့မှ ချိုမြိန်လတ်ဆတ်သွားသလိုပင်။ ထို့ကြောင့် သူ့နှာခေါင်းတွေရဲ့ခြေချရာနေရာသည်
သော့်ပုခုံးတွေ သော့်ဆံပင်တွေမှာ အမြဲတစေရှိနေတက်၏။

  သူလွှတ်ချထားသော ဘီယာဗူးကို  မောင်ယသော်လင်းက အခွင့်ရေးယူကာ တရှိန်ထိုး မော့သောက်နေတာမြင်ပေမဲ့ သူမတားဖြစ်ခဲ့။
သော့်ခေါင်းလေး မွှေးနေတာက  သူ့အတွက် ဒီနေ့ပိုချိုမြနေသလို။

စိတ်ဝင်စားမူ့ ဒီဂရီက မဆီမဆိုင်  သော်
ခေါင်းမွှေးတာကိုစိတ်ရောက်သွား၏။

" ငါ အိပ်တော့မယ် မင်းတို့ပြန်တော့ "

"အာ ငါတို့ ခုမှ သောက်ကောင်းတုန်းလေကွာ  "

လွင်ဦးက အပိုထပ်မဆိုတော့ပဲ   အနီးအနားမှာပဲ ခွေခွေလေး လှဲအိပ်တော့တာမို့
သော်  မကျေမနပ်ဖြစ်သွားသည်။
ဘေးဝိုင်းက ကောင်လေးအဖွဲ့တောင်မအိပ်ကြသေးတာကို ။ ဒီကောင် သက်သက် သူတို့နှစ်ယောက်ကို အမြင်ကပ်လို့ တမင် နှင်လိုက်တာ သိသားပဲ။

" ကိုကို အခန်းပြန်မယ်   "

"အင်း ပြန်မယ်   "

ယိုင်တိုင်တိုင် ထရပ်တဲ့ ကိုကို့ကို တဖက်ကတွဲလျက်  အားနေသော လက်တစ်ဖက်ဖြင့် ဘီယာဗူးလေးငါးဗူးကို သော် အိတ်ထဲ ထည့်ယူခဲ့သည်။ အောက်ရောက်မှသောက်မယ်။  မနက်ဖန် အလုပ်ပိတ်ရက်မို့  နေဖင်ထိုးတဲ့အထိအိပ်လည်းဘာမှမဖြစ်။

" ကိုကို မင်းမူးနေလား "

စားပွဲပေါ်ကို  ဆွဲလာတဲ့ ဘီယာဗူးအိတ်ကိုတင်လျက် မေးတော့ "မူးစရာလား"ဟု ပြန်ဖြေလာသည်။ ရစ်ထွေနေဟန်ရှိပေမဲ့
ဟန်မပျက် ဘေးမှာ မတ်မတ်ရပ်နေနိုင်သေးတာမို့ သိပ်ကြီးအခြေနေရမဆိုးဟု မှန်ယူနိုင်သော်လည်း မီးရောင်ဖြင့်မြင်နေရသော နားရွက်ဖျားနှင့်  ပါးပြင်နှစ်ဖက်သည် နီရင့်ရင့်အရောင်ကို ပြောင်းလုပြီမို့

"မမူးဘူးလည်းဆိုသေး မင်း မျက်လုံးတွေ စင်းနေပြီ ပြီးတော့..ပါးတွေလည်းနီနေတယ်..  "

"ကျစ် ! မမူးပါဘူးဆို ပေး ကိုကိုသောက်ပြမယ် "

စားပွဲပေါ်က အိတ်ကို ဖွင့်ဖို့ကြံနေတာမို့ လက်တွေကိုလမ်းချုပ်ကိုင်လိုက်ပြီးလျှင်

"ဟင့်အင် မသောက်နဲ့တော့ သော်တို့ လမ်းလျှောက်ကြမလား ကိုကို  "

" အပြင်မှာမိုးချုပ်နေပြီလေ "

" မရဘူး သော် လမ်းလျှောက်ချင်နေတယ်။ ကိုကို လိုက်ပို့ပေး "

ရင်ဘတ်သာသာလောက်သာရှိ
သော အရပ်ကလေးနဲ့သော်က  သူ့နဖူးနဲ့ ဦးချီ ရင်ဘတ်ကို လာထောက်လျက် ခေါင်းကို ဟိုဖက် သည်ဖက် စောင်းကာ လှုပ်ရမ်းလျက် ဂျီကျ၏။ ထို အပြုအမူလေးကပင်
ဦးချီ ၏ ရစ်မူးနေတဲ့ စိတ်အစုံကိုလန်းဆန်းမူ့ပေးသကဲ့ ချစ်စရာကောင်းလှသည်မို့

" ကဲ ဟုတ်ပြီဗျာ .. သွားမယ် လာ ကိုကို့လက်ကို ဆွဲ   "

" yes boss "

ရွှတ်နှောက်နှောက်သော့်စကားကြောင့်
သူ့အပြုံးတွေက မရပ်တန့်တော့ပေ။ နှစ်ယောက်အတူ လက်ဆွဲကာ ခြံတံခါးကို ဖွင့်ပြီး အပြင်ထွက်လိုက်စဉ်မှာပင် လေတဖြူးဖြူး က မျက်နှာကို လာရိုက်၏။ အိမ်ထဲမှာ လေဝင်လေထွက် သိပ်မရှိလှပေမဲ့ လမ်းပေါ်ထွက်ရင်တော့ အသက်ဝဝရူ နိုင်ပေသည်။

ထိုအရာတွေသည် မြို့ နှင့် တော ၏ ကွာခြားမူ့တွေ ဖြစ်လေသည်။

တောရွာ တွေမှာ လူနေအိမ်ခြေ ကျဲ၍  စက်သုံးယာဉ် သုံးစွဲမူ့  သိပ်မရှိတာကြောင့်
လေထုညစ်ညမ်းမူ့  သက်သာတာ၏။

"  စိတ်ထဲ ခုမှ နေသာထိုင်သာရှိသွားတာပဲ ၊  ကိုကို  သော့်ကို  ကျောပိုးပါ့လား ဟိုတစ်ခါ ငါနေမကောင်းတုန်းက  ပိုးသွားသလိုလေ  "

ခြံတံခါးကို သော့ပြန်ခတ်နေစဉ်သော့်စကားကြောင့်  ရယ်ချင်သွား၏
သူ့ကိုသူ ကလေးပေါက်စလေးများထင်နေသလား။ အေးမြသောလေကြောင့် သူ ယိုင်ထိုးလှုပ်ခါအောင်ထိတော့မမူးတော့။
သို့သော် ခါတိုင်းနှင့်မတူ မြူးကြွနေတာမို့
အလုံးစုံတော့  မကြည်လင်သေး။

"အဲ့တုန်းက သော်နေမကောင်းလို့လေ ၊ ခုကနေကောင်းလို့  လမ်းလျှောက်ရုံမကဘူး ပြေးလို့လွှားလို့ရနေတဲ့ လူကောင်းကြီးဖြစ်နေပြီကို "

" လူကောင်းကြီးဖြစ်နေလည်း  ကျောမစီးရဘူးလို့ ဘယ်သူပြောလဲကွာ ၊ ငါစီးချင်တယ်  ငါ့ကိုပိုး  "

"ရော် ခက်လိုက်တာ  "

"ကိုကို့! "

" အာ  ဟုတ်ပြီ တက်ကွာ တက်  "

စိတ်တိုသံအဆုံးမှာ  ကျောကုန်းပေးလိုက်ရသူက သူသာ။ သော်နဲ့ သူ့ရဲ့ဆက်ဆံရေးသည် အများအမြင်မှာ အမြင်ကပ်စရာ၊ အမြင်မသင့်တော်စရာ မရှိလောက်အောင် အသားကျရိုးသား၍နေလေသည်။  ပေါ့ပါးလှတဲ့ နွေးထွေးမူ့ သည် ကျောပေါ်ဖိသိပ်လာချိန်တွင် ဦးချီ မတ်မတ်ပြန်ရပ်ပြီး  ခါးကိုခွလာတဲ့ခြေထောက်ကလေးကို ပြန်လည် လက်နှင့်လျိုသိုင်းလျက်
စတင်လမ်းလျှောက်လိုက်၏။

ည ၁၁ကျော်ဆိုတဲ့ အချိန်က  လူသူသွားလာမူ့ နည်းပါးအချိန် ဖြစ်သည်မို့
သွားလာမူ့ ကမရှိသလောက်။

အစားသောက်ဆိုင်နှင့် အဝတ်အထည်ဆိုင်များပေါများလှသော သူတို့လမ်းလေးပေါ်မှာ နေ့ဆို ရှုပ်ယှက်ခတ် ဆူညံနေသလောက် ညမှာတော့ သော့ပိတ်ထားသော ဆိုင်တံခါးများနှင့် တိတ်ဆိတ် ငြိမ်သက်လျက်။

" ကိုကို  "

" ဗျာ "

" ငါ  နောက်အပတ်မှာ postingကျတဲ့ဆီ ပြောင်းရတော့မယ်  "

တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ သူရယ် သော်ရယ် နှစ်ယောက်ထဲပဲ ရှိလျက် ။
အမြဲထိုးဟောင်တက်သော လမ်းဘေးခွေးအို ကြီးသည် လွန်ခဲ့သော နှစ်ကပင်သေဆုံးသွားခဲ့ပြီမို့ တခါတရံ ၇၃လမ်းမကြီးမှာ ဖြတ်သန်းသွားတဲ့  ဆိုင်ကယ်သံမှလွဲ၍  မည်သို့သော ဆူညံသံ တစိုးတစိ မကြားရတော့။ 

သော် ပြောချင်တဲ့ အဓိပ္ပါယ်ကိုသူသိသည်မို့
သက်ပြင်းချမိသည်။၃နာရီလောက်ကြာအောင်  သောက်ခဲ့သော ဘီယာနှစ်ဗူး၏ ထွေပြားမူ့ သည် ယခုမူ မည်သို့သောအကျိုးသက်ရောက်မူ့ မှမရှိတော့သလို ကြည်လင်သွား၏။ သော့်ပုံစံကလည်း စိတ်ဓာတ်ကျနေဟန်ရှိသည်မို့ ဦးချီ ယဲ့ယဲ့ ပြုံးမိသည်။

" အင်း  ဘယ်သွားရမှာတဲ့လဲ   "

"  မလည်  "

"မလည်ရွာ လား။ ဟာ ဒါဆို ကိုယ်တို့ရွာနဲ့ နီးတာပဲလေ သော်ရ  ..ဘာကို စိတ်မကောင်းဖြစ်နေတာလဲ ကိုကိုတို့အစကတည်းက တံငါကုန်းမှာ ချက်ခြင်း မရနိုင်သေးဘူးဆိုတာသိတာပဲ။ စိတ်မညစ်နဲ့ မလည်မှာလည်း တိုက်နယ်ဆေးရုံရှိတယ် အေးလည်းအေးချမ်းတယ်။  ကိုကိုတို့ရွာ
နဲ့ဆို ပိုတောင် နီးသေးတယ်  "

မလည်ရွာသည် တံငါကုန်းရွာကဲ့သို့
မြစ်ကမ်းနှဖူး မှာ တည်ထားသော ရွာကလေးဖြစ်ကာ ရေလမ်း ၊ကုန်းလမ်း စည်ကား၍ ကုန်သွယ်ရေးကောင်းတဲ့ရွာဖြစ်သည်။ တံငါကုန်းရွာ မဖွံ့ ဖြိုးစဉ်အခါကဆိုလျင်  မြို့ကလေးမြို့ ကို ဈေးဝယ် သွားဖို့မလွယ်တာကြောင့် ထိုရွာကိုသာ အားထားခဲ့ရဖူးသည်။

စိတ်မချမ်းမြေ့နေတဲ့ သော်သည် ကိုကိုစကားကြောင့် လျော့ရဲနေတဲ့ ခေါင်းကလေး
က အားမာန်တက်ကာ ပြန်မတ်လာ၏။

" တကယ်နီးလာဟင်  ။ သော်စိတ်ညစ်တာ သုံးလေးရက်ရှိနေပြီ  ၊ အရမ်းဝေးသွားရင် သော် ကိုကို့ကို ခေါ်သွားရမှာအားနာလို့   "

" သော် ကအရူးလေးပဲ ၊  သော်ဘယ်သွား ကိုကိုက အတူလိုက်ပေးမယ်လို့ ပြောထားတယ်လေ  ၊  မင်းနဲ့ ကိုကိုနဲ့ကြားမှာ အားနာစရာ လိုသေးတယ်လားသော် "

ပုခုံးပေါ်ကခေါင်းလေးကို နားထင်နဲ့ အသာ ပစ်တိုက်ရင်း  ဦးချီ ဆိုလိုက်တော့ သော်ရယ်သံ ချိုမြမြက တိုးသက်စွာထွက်လာသည်။
လမ်းမီးတိုင်တွေအောက်မှာ ရှည်သွယ်တဲ့ ကိုယ်လုံးလေးကို ချီပိုးထားရင်း သော်နဲ့ထပ်တူ သူပါ အတူပြုံးရယ်မိ၏။

" အချစ်ဆိုတာ ဘာလဲ  မင်းသိသလားကိုကို  "

လှမ်းတွေတဲ့ ခြေလှမ်းတွေက ရပ်တန့်လုလု။ ရယ်မောနေတဲ့ နှုတ်ခမ်းတွေသည် စကားတစ်ခွန်းကြောင့်စေ့ပိတ်လို့သွားစဉ်။

" သော်က အချစ်အကြောင်းတွေ ပြောလို့ပါလား ၊ ဘာလဲ ကိုကို့သော်က  အချစ်ကိုတွေ့ နေပြီလား"

သေချာ နားထောင်ကြည့်မယ်ဆိုလျင် သူ့လေသံမှာ ဒေါသအနည်းအကျဉ်းရောထွေးနေမှာ မမှားပေ။ သူ့ ကို သော် နှမြောသလို သော့်ကိုလည်းသူ့နှမြောသည်။
ဖြစ်နိုင်မယ်ဆိုလျင်  အိမ်ထောင် မပြု ၊ အချစ်မရှာပဲ သူတို့နှစ်ယောက်အတူနေလို့မဖြစ်နိုင်ပေဘူးလား။ ကြားလူဝင်လာရင်သူတို့နှစ်ယောက်ပတ်သတ်မူ့ သည် အဆင်မပြေစရာဖြစ်လာလိမ့်မည်။ ဒါဆို သော်ကရော စိတ်ချမ်းသာနိုင်မှာတဲ့လား။

သူ့ခေါင်းထဲမှာ အကြိမ်တစ်သောင်းလောက်စဉ်းစားထားသော်လည်း အဖြေ က မပြောင်းလဲပေ။ ကလေးဘဝကလို သော်က ငါ့အပိုင် လို့ သူပြောခွင့်မရှိတော့တာသေချာသလောက်မို့  သူ့စိတ်တွေမွမ်းကြပ်လာ၏။

" ငါမေးတာသာ ဖြေပါ  "

" အချစ်ဆိုဘာလဲ ငါမသိဘူး သော်။ သိဖို့လည်း ငါကြိုးစားတော့မှာမဟုတ်ဘူး ၊ ငါ့ဘဝမှာ မင်းရှိတယ်  ၊ပြီးတော့ ပါးပါးနဲ့ သက်ပုံရှိတယ်။ ဒါဆိုလုံလောက်နေပါပြီ ၊  ငါတို့ဘဝတွေက အရမ်းရိုးရှင်းလွန်းလို့ တစ်စုံတစ်ယောက်ကို ဝင်လာဖို့မဖိတ်ခေါ်ချင်တော့ဘူးသော်။ ငယ်တုန်းကတော့  တနေ့ ငါချစ်တဲ့သူတစ်ယောက် တွေ့ လာလိမ့်မယ်လို့ လွယ်လွယ်တွေးကြည့်ဖူးပေမဲ့  အခုစိတ်နဲ့ ပြန်တွေးကြည့်တော့ မဖြစ်နိုင်ပြန်ဘူး။  "

"ဘာလို့လဲ ..အရင်က မင်းပြောတော့
မင်းချစ်လာမဲ့ သူ တစ်ယောက်ရှိလာခဲ့ရင်
ပါးပါးတို့နဲ့ အတူ ပျော်ပျော်ရွှင်ရွှင်နေသွားမယ်ဆို  "

အသက်မပါစွာရယ်မိပါ၏။

"ထင်သလောက် လွယ်မယ်ထင်လား
သော်၊  ငါရွေးချယ်မဲ့သူက ငါကိုချစ်သလို ငါ့မိသားစု ၊ ငါ့သူငယ်ချင်းကို လက်ခံမယ်ထင်သလား  ..ဘယ်အရာမှမလွယ်ဖူးသော်   ။ မင်းတို့ သုံးယောက်လုံးက ငါ့ဘဝပဲ  ..တစ်စုံတစ်ယောက်မရှိပဲ  အသက်ရှင်နိုင်ပေမယ့် မင်းတို့မရှိပဲ မရှင်သန်ချင်ဘူး"

ပုခုံးပေါ် ခေါင်းတင်လျက် သော် ငြိမ်သက်သွား၏။ ရဲဆေး တင်ခဲ့သော ဘီယာဗူးတွေရဲ့ တက်ကြွမူ့ အာနိသင်သည်  ပုံညာဦးချီ ၏ အေးချမ်းသော မေတ္တာတရားအောက်တွင်ရှက်ရွံ့ စွာ ငြိမ်ဝတ်ပိပြားသွားရ၏။ ပုံညာဦးချီကတော့ ပုံညာဦးချီပါပဲ။  မူးနေရင်တောင်  ညစ်ညမ်းချင်တဲ့စိတ်မရှိတဲ့ မင်းကို လက်မလွှတ်နိုင်တာ ငါမှားသွားလားဟင်။

မင်းချစ်သူ ဖြစ်ဖို့က ခက်ခဲလိုက်တာ ကိုကိုရာ။

လမ်းမီးတိုင်များစွာကို ဖြတ်ကျော်လာခဲ့ပြီးပြီမို့  အိမ်ဖက်ကို ကိုကိုပြန်လှည့်နေတာသော် သိ၏။ အောက်ကို လမ်းဆင်းလျှောက်ပါ တစ်ခွန်းမပြော သလို သူကိုယ်တိုင်ကလည်း ကိုကို ကျောပေါ်က မဆင်းချင်။

အရာအားလုံး က မင်းပြောသလို နေသားတကျ ပါပဲကိုကို။  ဒါပေမယ့် ငါလောဘကြီးနေဆဲပဲ မို့ ငါ့အတ္တတွေကို မင်းခွင့်လွှတ်ပေးပါ။ 

_______

၈ရက်ခန့်ကြာပြီးနောက် ...

" လွင်ဦး  ဟိတ်ကောင် လွင်ဦး  "

မနက်စောစော  ဦးချီ ၏ အသံက အခန်းထဲကနေ  ဟိန်းလျက် ထွက်ပေါ်လာပြီးနောက် ချက်ခြင်း မီးဖိုးခန်းထဲ အပြေးအလွှားရောက်လာ၏။

မီးဖိုခန်းထဲမှာ ထမင်းကြော်စားနေတဲ့ လွင်ဦးက ပျာယာခတ်နေတဲ့ ဦးချီ ကိုနောက်လှည့်ကြည့်ပြီး  ဘာတုန်းဟု
မေးငေါ့ပြကာ ချက်ခြင်း ပြန်လှည့်၍ထမင်းကြော်တွေကို ဇွန်းနဲ့မောက်မောက်ထည့်ပီး ပါးစပ်ထဲကို ထိုးထည့်၏။

" သော်  ..သော်ရော  အခန်းထဲက သူ့အဝတ်အိတ်ကြီးမရှိတော့ဘူးကွ  .. ဖုန်းခေါ်တော့လည်းစက်ပိတ်ထားတယ်  .. သူတာဝန်ကျတဲ့နေရာများ တစ်ယောက်ထဲထွက်သွားတာလားမသိဘူးကွာ ၊ နောက်၂ရက်နေရင် ငါလိုက်ပို့မယ်လို့ ပြောထားရက်နဲ့ "

အရင်နေ့တွေကတည်းက သူ့အလုပ်တွေကို တဖြည်းဖြည်း ဖြတ်နေတာ သော်နဲ့အတူ ရွာလိုက်ဖို့ပင်။ ဒီကအလုပ်ကအတော်လေး နာမည်ရနေပြီမို့ ပစ်ထားခဲ့လို့လည်းမဖြစ်။ ထို့ကြောင့် ရေခဲဆိုင်ကိုဦးစီးဖို့ ရွာက ကိုဖိုးသားတို့ လင်မယားကိုပါ လှမ်းခေါ်ထားတာ သော်လည်းသိတာပဲ။
စိတ်ဆိုးရအောင်လည်း သူနဲ့သော် ရန်ဖြစ်ထားမရှိ။

" သွားပြီလေ သူက  "

အရင်းမရှိ အဖျားမရှိစကားကြောင့် အလိုမကျစွာမျက်မှောင်ကုတ်မိလျက်။

"စကားကို လူလိုပြော   "

"  လူလိုပြောနေတာပဲ မင်းနားကိုက ဘာစို့ထားမှန်းမသိဘူး။ မလည်ရွာကို သွားပြီ ။
မနက်က ကားဂိတ် ငါကိုယ်တိုင် လိုက်ပို့ပေးခဲ့တာ ၇နာရီ ကားနဲ့ "

"ဘာ!!  ငါ့ကို မနှိုးပဲ မင်းကိုဘာလို့ သွားနှိုးပို့ခိုင်းတာလဲ "

"ရွံ လို့နေမှာပေါ့ ရော့ စာ  ၊ မင်းအတွက်ပေးခဲ့တာ  "

အိတ်ထောင်ထဲက ခေါက်ထားတဲ့စာရွက်ဖြူ လေးကို သူ့ရှေ့ လှမ်းပစ်ပေးရင်း လွင်ဦးက ထမင်းစားမပျက် ။ မှုန်မှိုင်းလေးလံသွားတဲ့ စိတ်က ဘာကြောင့်ရယ်မသိ။
စာရွက်ခေါက်ကို ဖတ်ဖို့ ဖြန့် လိုက်စဉ်
ငယ်စဉ်ကလိုပင် လှပနေဆဲ လက်ရေးဝိုင်းဝိုင်းလေးတွေက မပြောင်းလဲစွာ ညီညာလျက်  ။  သူ့နှလုံးသားတွေသည် တဒိန်းဒိန်းတုန်ဟီးကာ  စာရွက်ပေါ်က စာတွေကိုစတင်ဖတ်ရှု့ လိုက်သည်။

ကိုကို ရေ  ငါ မင်းကို မပြောပဲ  သွားနှင့်လို့ စိတ်မဆိုးပါနဲ့။ ဘာကြောင့်လည်းဆိုတော့ ဒီနေ့ ငါ မင်းကိုမပြောမဖြစ်တဲ့အကြောင်းတွေ ပြောပြချင်တာလေးရှိလို့ ကိုကို  ။ ဒီစကားကို မင်းမျက်နှာ ကြည့်ပြီး ပြောမထွက်လို့ ဒီနည်းကိုသုံးလိုက်ရတယ် အင်း..
နည်းနည်း ဒိတ်အောက်နေတယ်ဆိုပေမယ့် ငါ့အတွက်ကတော့ မျက်နှာပူ သက်သာဆုံးမို့ပါ။
ဒီစာကို မင်းဖတ်ပြီးသွားချိန်မှာ  ငါတို့ဆက်ဆံရေးက  ပြတ်ဆဲသွားမလား ၊ တစ်ဆင့်တက်သွားမလားဆိုတာ ငါမသိဘူးကိုကို။အဲ့ဒီအတွက် ငါရင်းနှီးလိုက်ရတဲ့ တန်ဖိုးက ကြီးတာ မို့လို့   မင်း သေချာနားထောင်ပေးမှ ဖြစ်လိမ့်မယ်ထင်တယ်။
ငါမင်းကို ချစ်နေတာ ၇နှစ်ရှိပြီ ကိုကို ၊ 
မင်းထင်သလို ရိုးသားတဲ့ အချစ်တော့မဟုတ်ခဲ့ဘူး အရောင်စွန်းထင်း နေတဲ့ အနီရောင် ချစ်ခြင်းတရားတွေနဲ့ ပါ ၊ မင်းနားလည်အောင် ရှင်းရှင်းပြောရရင် သူငယ်ချင်း
လို အချစ်မဟုတ်ဘူး ပါးပါးတို့လို အချစ်။
မင်းကို ငါ့အပိုင်အဖြစ် တလောကလုံးကို အသိပေးချင်တာ ၊ မင်းစိတ် ၊မင်းအပြုံး အကုန်ငါပိုင်ချင်တာ  အဲ့လို စိတ်ထားနဲ့ မင်းကို ချစ်တာ ကိုကို  ။ အဲ့အတွက်ငါအရင်
ထွက်သွားမှာ ဖြစ်မှာမို့  ကြိုသွားနှင့်လိုက်တယ်  ၊ မင်းဆီ ကအဖြေကတော့ 
လတ်တလော မင်းကို စဉ်းစားခွင့်ပေးထားအုံးမှာမို့ ဖြည်းဖြည်း အချိန်ယူပါ။  ငါတာဝန်ကျတဲ့ နေရာမှာ ရှိနေမယ် ကိုကို။
မင်း လိုက်လာခဲ့ရင်တော့ သေချာပေါက် မင်းက ငါ့ယောကျာ်းဖြစ်သွားပြီမို့  မချစ်နိုင်ရင် မလာခဲ့ပါနဲ့ 

                                    ပုံ/ မင်းမိန်းမ

အဆုံးထိဖတ်ရူ့ ပြီးသွားချိန်တွင် ဦးချီ
ထိုင်ခုံပေါ် ပုံလျက်ပစ်ကျသွား၏။
တဆတ်ဆတ် တုန်ရီနေတဲ့ လက်တွေသည် ပေါ့ပါးတဲ့စာရွက်ကလေးကိုပင် မကိုင်နိုင်တော့တာမို့  စားပွဲပေါ် ချထားလိုက်ရသည်ထိ  သူထိုအဖြစ်ကို လက်မခံနိုင်သေး။ 

သော်က သူ့ကို ချစ်သည်တဲ့။
ထိုအချစ်သည် တသက်လုံး သူမတွေးထားဖူးသာအရာ။ မခန့်မှန်း ထားဖူးသော အဖြစ်အပျက်။ မင်းမိန်းမ ဆိုတဲ့ စကားကို နားထဲပြန်ကြားမိတော့  ရင်ထဲ ဝမ်းနည်းလာကာ ထ ထွက်သွားသော လွင်ဦး၏ ပုံရိပ်ကိုပင် ကောင်းကောင်းမမြင်ရအောင် ဝေဝါးစေ၏။

သူငယ်ချင်းတွေ စနှောက်တုန်းက ထိုစကားသည် သူ့အတွက် ဘာမှမဟုတ်ခဲ့ပေမဲ့   သော့်လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့ သော်ကိုယ်တိုင်ယှဉ်တွဲလာတော့ သူမကြားရက် ၊မပြောရက်။ 

သော် ဘာကြောင့် သူ့အပေါ်မှာ ဒီလို စိတ်ထားနိုင်ရတာလဲ။

ဘာကြောင့် သော့်အတွေးတွေ ၊ သော့်နှလုံးသားတွေက  မဖြူစင်တော့တာလဲ။ 

စိုရွဲလာတဲ့ ပါးပြင်ကိုပင် မသုတ်နိုင်တော့တဲ့အထိ  သူ လက်တွေသည်  အားအင်ကုန်ခမ်းသွားခဲ့လေပြီ။

သော်  မင်း သိပ်မိုက်မဲတာပဲ

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz