ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

41

eainsi23

" ေက်းဇူးတင္ပါတယ္  ေဝယံ "

ေခါင္းမွာေဆာင္းထားတဲ့ ဆိုင္ကယ္ဦးထုပ္ကို ခြၽတ္ေပးရင္း ေသာ္ ၿပံဳးလ်က္ဆိုလိုက္၏။ ေဝယံက သူေပးလိုက္တဲ့ဦးထုပ္ကိုလွမ္းယူၿပီး ဆိုင္ကယ္လက္ကိုင္မွာ အရင္ခ်ိတ္သည္။ ၿပီးၿပီဆိုမွ 

"  ရပါတယ္ ကြၽန္ေတာ္အိမ္နဲ႔ လမ္းသင့္ေနေတာ့ ထူးၿပီး ပင္ပန္းသြားတာမွမဟုတ္တာ "

ဒီေကာင္ေလးက ေသာ္တို႔ထက္ ၁နွစ္ေလာက္ငယ္သလို ေသာ္တို႔ဌာနကို ေရာက္လာတာ ရက္ပိုင္းေလာက္ပဲရွိအုံးမည္။
အေနအထိုင္ေအးေဆးတာေရာ၊
အလိုက္သိတာေရာေၾကာင့္  စေရာက္လာကတည္းက  လူခ်စ္လူခင္ မ်ားသူေလးပင္။

သူကလည္းသူ႔ဘာသာသူ သီးသန္႔ေနတက္သလို ေဝယံကလည္း ေအးေအးေနတက္သူမို႔  ေသာ္နဲ႔ကေတာ့  ၿပံဳးျပရုံကလြဲၿပီး ေခၚေျပာနႈတ္ဆက္တာထိေတာ့မခင္မင္ေပ။ 

ဒီေန႔ ညမွ ဂ်ဴတီအတူ ဆင္းခဲ့ရတာမို႔
ခါတိုင္းထက္ ပိုရင္းနွီးလာတာျဖစ္ၿပီး  ၊ ေသာ္ကိုယ္တိုင္လည္းအခက္အခဲျဖစ္ေနတာေရာမို႔  ခုအျပန္ဒီကေလး ရဲ႕အကူအညီကို ယူခဲ့ရသည္။
မဟုတ္ေတာင္ နန္းျမတ္က သူ႔ကားနဲ႔ ျပန္ပို႔မယ္ေျပာပါေသးတယ္။
ဒါကိုေတာ့ ေသာ္ ျငင္းဆန္ခဲ့သည္။
မိန္းကေလးသူငယ္ခ်င္းဆိုေသာ္ျငား နွစ္ေယာက္ထဲ တြဲသြားတြဲလာေတာ့ေသာ္ မလုပ္ခ်င္ပါ။ အမ်ားအျမင္ဆိုတာထက္  ကိုကို ႔ေရွ ႔ကို မိန္းကေလးေတြနဲ႔ တရင္းတနွီး လံုးဝမေနခ်င္တာမ်ိဳးျဖစ္သည္။

" ဒါဆို အားမနာေတာ့ဘူး"

" အင္း.. ကြၽန္ေတာ္သြားၿပီ "

အပိုအလိုမရွိ  နႈတ္ဆက္ကာ ဆိုင္ကယ္
စက္နိုးလိုက္တာမို႔ ေသာ့္မွာ အလ်ွင္အျမန္ေအာ္ရျပန္သည္။ 

  "ဟိတ္  ဆိုင္ကယ္ ေျဖးေျဖးစီး   "

"ဟုတ္ကဲ့ ကိုလင္း    "

ျပန္လွမ္းေအာ္သံဆံုးေတာ့ ဆိုင္ကယ္ကအေတာ္ေဝးေဝးေရာက္သြားၿပီျဖစ္၏။
ေသာ္ေခါင္းရမ္းလ်က္  အိမ္ဖက္ကို လွည့္လိုက္၏။  ခုေခတ္ကေလးေတြမ်ားခက္လိုက္တာ ။ ဆိုင္ကယ္စီးရင္ လ်ွပ္စီးလက္ လိုက္သလိုပဲ ျမန္္မွျမန္။  ေသာ္ဆိုရင္ ဘယ္ေတာ့မွ ျမန္ျမန္မစီးတက္ဘူး။ အခ်ိန္တန္အိမ္ျပန္ေရာက္ရင္ၿပီးေရာ  ၊ လဲမွာျပဳ မွာကို
ေတာ့  ဒုတိယနွစ္က ဆိုင္ကယ္ေမွာက္ၿပီးကတည္းက အေသေၾကာက္သြားတာ။
ခုလည္း တျခားသူ ေနာက္က မျဖစ္လို႔သာလိုက္စီးခဲ့ရတာ  ပါးစပ္က ဘုရားစာမျပတ္႐ြတ္လိုက္ရတာအေမာ။
အၿမဲ ကိုကို  ေနာက္ကသာ စိတ္ခ်လက္ခ် လိုက္ဖူးသူမို႔  သူစိမ္းေတြနဲ႔ စီးရင္ ေသာ္မွာ႔ဘယ္ေတာ့ စိတ္မေျဖာင့္။  ၿခံဝမွာ ရပ္၍ 
အျမႇီးေတာင္မျမင္ရေတာ့တဲ့ ဆိုင္ကယ္ကို ၾကည့္ၿပီး အိမ္ထဲဝင္ဖို႔အလွည့္  ရင္းနွီးေသာ ေလသံက ဆီး၍ႀကိဳ၏။

" လမ္းေပၚမွာပဲ  ေနမွာဆိုရင္လည္း တသက္လံုးအဲ့ေနရာမွ ရပ္ေနလိုက္၊  အိမ္ထဲ
လံုးဝ ဝင္မလာခဲ့နဲ႔ "

"ဟင္"

မာထန္လြန္းေသာစကားကုိဆိုၿပီး ေက်ာခိုင္းကာ တလႊားလႊားအိမ္ထဲလွမ္း
ဝင္သြားေသာ ခဲေရာင္ ရွပ္လက္တိုဝတ္ထားေသာ ေက်ာျပင္။ တိုးတိတ္ေသာ အာေမဋိတ္သံအဆံုး ေသာ္နႈတ္ခမ္းေထာင့္ေလးသည္ ေကြးၫႊတ္ေကာ့တက္လာၿပီး ေနာက္ က်ယ္ေလာင္ေသာ အသံကိုျပဳ၏။

" ကိုကို  ! "

ေအာ္သံသည္  ကေလးေတြ
အေမကိုေတြ႕ရင္ ေအာ္သလို ဝမ္းသာအာရအက်ယ္ႀကီးပင္ျဖစ္သည္။  လက္ေမာင္းကေန ေလ်ွာက်ေနတဲ့ ေက်ာပိုးအိတ္ကို ျပန္ပင့္တင္ရင္း
ညက ညစာအျဖစ္ အိမ္ကပို႔ေပးထားတဲ့ ဗူးေတြ ခြက္ေတြ ထည့္ထားတဲ့ အိတ္ႀကီးကိုတစ္ဖက္ကဆြဲကာ  အရိပ္ပမာေပ်ာက္ဆံုးသြားသူေနာက္  ကဆုန္ေပါက္လ်က္ ေျပးလိုက္၏။

" ကိုကို ! "

"ကိုကို ! "

"...."

၇ရက္ၾကာမ်ွ ေဝးေနရသူသည္ အခန္းအလယ္ေခါင္မွာ ေက်ာခိုင္းကာမတ္မတ္ရပ္ေနသည္။ ေက်ာပိုးအိတ္ေလးကို တိုင္မွာေျပးခ်ိတ္ရင္း လက္ထဲကအထုတ္ေတြကို ေတြ႕တဲ့ေနရာ ခ်ထားလိုက္ၿပီးေနာက္ 
ကိုကို႔ေဘးနားတိုးကပ္သြားမိသည္။

" ကိုကို   ျပန္လာၿပီလား "

" မျမင္ဘူးလား "

ပုတ္သိုးေနတဲ့ေလသံသည္ ေက်ာေပးလ်က္အေနထားကေနတိုးထြက္လာသည္။
အခန္းေထာင့္တေနရာတြင္ ပစၥည္းတခ်ိဳ ႕သည္ ပံုလ်က္အေနထားနွင့္ရွိေနၿပီး ကုတင္ေပၚတြင္လည္းခရီးေဆာင္အိတ္ကေလးသည္ ဖြင့္ထားဆဲျဖစ္ကာ အဝတ္အစားမ်ားကမူ  အျပင္သုိ႔မထုတ္ရေသး။
ထုတ္ေနဖိုျပင္စဥ္ ေသာ္ေရာက္လာသံၾကားလို႔ေျပးထြက္လာဟန္။

" သိတယ္ေလ  ဒါေပမဲ့ မေန႔ကေျပာေတာ့ သဖက္ခါမွ  ျပန္ခဲ့မယ္ဆို  " 

လက္နွစ္ဖက္သည္ ခါးမွာ ေထာက္လ်က္အေနထားျဖင့္  ေသာ့္ဖက္ကို လွည့္မလာေပ။  ျဖည္းျဖည္းခ်င္းတိုးကပ္သြား၍ ကိုကိုခါးကိုဖက္ၿပီး ေက်ာျပင္မွာမ်က္နွာအပ္လိုက္ၿပီးလ်ွင္

" ေစာေစာျပန္လာခဲ့ေပးလို႔ ေက်းဇူးတင္ပါတယ္ ။ အမွန္အတိုင္းေျပာရင္ ေသာ္
ကိုကို႔ကိုအရမ္းသတိရေနတာ။  " ဟု
တိုးတိုးေလးေျပာမိသည္။ ျပန္လာဖို႔ ေျပာထားတဲ့ရက္ထက္ တစ္ရက္ ေစာျပန္ခဲ့ေပးရုံနဲ႔တင္ေသာ္မွာ မ်က္ရည္က်လုနီးနီးျဖစ္ေနၿပီ။

ဖက္ထားတဲ့ လက္ေတြကို ငံု႔မၾကည့္ျဖစ္ေအာင္ မထိေတြ႕မိေအာင္  ႀကိဳးစားရတာပင္ပန္းသည္။ တင္းတင္းႀကိတ္ထားရတဲ့သြားေတြေၾကာင့္ သြားဖံုးေတြလည္း နာလုၿပီ။  သူ႔မွာေတာ့ ပါးပါးေနာက္ရက္လိုက္ပို႔ေပးမယ္ဆိုတာကိုေတာင္မေစာင့္ပဲ  ပဲပိုင္းတင္တဲ့ကုန္ကားနဲ႔ ညတြင္းခ်င္းေျပးလာခဲ့လိုက္ရတာ ေသာ္ မနက္အိမ္ျပန္လာခ်ိန္နဲ႔ ႀကံဳေအာင္ပင္။ ျမင္လိုက္ရတဲ့ျမင္ကြင္းသည္  ရင္ကို  စို႔နင့္ေစသလို ။ သူ႔ကိုက် ရည္းစားမထားဖို႔ ၊  တျခားသူေတြနဲ႔ နီးကပ္မေနဖို႔  ခ်ဳပ္ခ်ယ္ခဲ့သည္။

"ဆိုင္ကယ္ဝယ္ေပးထားတာ သူမ်ားေနာက္မွာ လိုက္စီးဖို႔မဟုတ္ဘူး "

" ကိုကို ဘာျဖစ္ေနတာလဲ ၊ ေရာက္ကတည္းက ငါ့ကိုေလသံမာႀကီးနဲ႔ ေအာ္လားဟစ္လားနဲ႔ "

"ဘာျဖစ္ရမွာလဲ  ကိုယ့္ဆိုင္ကယ္ကိုမစီးပဲ သူမ်ားေနာက္မွာ ထိုင္လိုက္လာလို႔ေျပာ
ေနတာေလ ၊ ငါေျပာတာဘာမွားေနလို႔လဲ"

ဖက္ထားတဲ့ လက္ကိုဖယ္ကာ ေသာ္ ကိုကိုေရွ႕ကို မတ္တပ္သြားရပ္သည္။
ေမာ့ၾကည့္လိုက္ေတာ့ တင္းႀကိတ္ထားတဲ့ေမးရုိးက တခါမွမျမင္ဖူးစြာ သိသာေအာင္ ျမင္ေနရၿပီး  တြန္ ႔ခ်ိဳးထားေသာမ်က္ခံုးတို႔က ထူးဆန္းဖြယ္ေကာင္းေအာင္ ေသာ့္ကို မေက်နပ္စြာၾကည့္ေန၏။

" အဲ့မ်က္နွာကိုျပင္ေနာ္၊  ခုမွေရာက္လာၿပီး လူကိုရန္လာမစနဲ႔။ "

" စကားကိုေဝ့လည္ေခ်ာင္ပတ္လုပ္မေနနဲ႔ ယေသာ္လင္းမာန္ ။ ငါရန္စေနတာမဟုတ္ဘူးဆိုတာ မင္းသိတယ္။ ငါေမးေနတာရွင္းရွင္းေလး ငါမရွိတုန္း မင္းအဲ့လိုေတြတခ်ိန္လံုးေနေနတာလား  "

"ဘာေျပာလိုက္တယ္ "

ေသာ္မ်က္လံုးေတြသည္ မာနတရားေၾကာင့္ခ်က္ခ်င္းစူးရဲကုန္သည္။ ဘယ္လိုစိတ္နဲ႔ ေစာ္ကားလိုက္တာလဲ။ ေသာ္ဘယ္တုန္းကမွ  ကိုကိုကလြဲၿပီး  တပါးသူကို လူကိုယ္တိုင္ကေရာ စိတ္နဲ႔ေရာ ျပစ္မွားဖူးတာမဟုတ္ဘူး။ ပံုညာဦးခ်ီ ဆိုတဲ့ေကာင္က  သူကေရာ ေသာ့္ကိုခ်စ္ၾကည့္ဖို႔မႀကိဳးစားပဲ
အျပစ္ျမင္ဖို႔ပဲတက္သည္။

" ငါ့ကိုျပန္မေအာ္နဲ႔ ယေသာ္လင္း  ၊
မင္းနႈတ္က ငါကို ဘယ္သူမွ မပတ္ရဘူးေလးဘာေလးနဲ႔ ေျပာခဲ့တာ ေမ့သြားၿပီလား  မင္းကိုယ္တိုင္ကေရာ အေနထိုင္ဆင္ခ်င္လား ..ရန္္မျဖစ္ခ်င္လို႔ၾကည့္ေနတာ ေျပာလိုက္ရင္ ပက္ေကာ့ကလန္ ျပန္ေအာ္ဖို႔ပဲတက္တာ"

"အေနထိုင္မဆင္ျခင္ေတာ့ ငါကဘာလုပ္ေနလို႔လဲ ၊ ဘာလဲ  ငါေျပာလို႔ မင္းက ပတ္သတ္ခ်င္တာေတာင္မပတ္သတ္ပဲေနရတဲ့သေဘာလား၊အဲ့ဒါမ်ိဳး ငါ့ကို စိန္လာမေခၚနဲ႔ ပံုညာဦးခ်ီ  မင္းစိတ္ထဲမပါရင္ ငါ ဘာတစ္ခုမွမတားဘူး ႀကိဳက္တာလုပ္ ၊ ငါ့ကို လာပံုမခ်နဲ႔  ။ "

ေသာ္အရမ္းကိုကို႔ကိုစိတ္နာေနၿပီ။
ေသာ့္နွလံုးကို ပိတ္ေလွာင္ထားခဲ့ရတာနွစ္ေတြဘယ္ေလာက္ရွိေနၿပီလဲ။

လက္မခံႏိုင္ပဲေရွာင္ေျပးသြားမွာစိုးလို႔ ေစာင့္ေနရတဲ့ ေန႔ေတြ၊ ေဘးကေနၾကည့္ေနရင္း  တိတ္တခိုးစြဲလန္းခဲ့ရတဲ့ေန႔ေတြ  ။
ဟား အရူးလိုပဲ။
မင္းကိုခ်စ္ရတာပင္ပန္းေနၿပီ ကိုကို။
ဘယ္ခ်ိန္ လႊတ္ခ်ခံလိုက္ရမလဲ  ဆိုတဲ့ စိတ္နဲ႔ ကိုယ္မပိုင္တဲ့ လူတစ္ေယာက္ကိုေငးၾကည့္ေနရတာေလာက္ နာက်င္ရတာမရွိဘူးဆိုတာမင္းကိုသိခ်င္တယ္။ ေန႔တိုင္း မင္းမ်က္နွာ ၾကည့္ၿပီး  မင္း ဂရုစိုက္မူ႔ေတြကို
ခံေနရေပမဲ့  တေန႔ မင္းက သူမ်ားကို ေ႐ြးခ်ယ္သြားရင္ ဆိုတဲ့  အေၾကာက္တရားေတြကို မင္းမွမခံစားဖူးတာ။

" ေသာ္ မင္းပါးစပ္ကိုပိတ္ထားေနာ္ ၊ ငါမင္းကိုရုိက္မိေတာ့မယ္  "

႐ြယ္လာတဲ့ လက္ေၾကာင့္ မ်က္နွာကိုေမာ့ေပးမိရင္း

" ရုိက္စမ္း ရုိက္လိုက္စမ္းပါ  ၊ ငါ့အသားနာလို႔ကေတာ့ မင္းကိုတသက္လံုး ခြင့္လြတ္လိမ့္မယ္မထင္နဲ႔ ။  ထစ္ခနဲရွိရင္ ရုိက္မယ္နွက္မယ္နဲ႔ မင္းက လူမိုက္လား ။ ငါကမင္းေမြးထားတဲ့သားမို႔ ရုိက္မယ္ေျပာတာလား ။ လုပ္စမ္းရုိက္ၾကည့္စမ္း  "

စိတ္တိုတိုနဲ႔ ေသာ္ ကိုကို႔ ရင္ဘတ္ႀကီးကို တဘုန္းဘုန္း ပိတ္ထုပစ္လိုက္သည္။
သူပဲလက္ပါတာလား ။ လုပ္ၾကည့္စမ္း။

ေတာက္!

႐ြယ္ထားတဲ့လက္ကို ျပန္ခ်ရင္း ေဒါသေတြကိုလ်ွာဖ်ားမွာ ေျဖေဖ်ာက္သည္။ အၿမဲ ရုိက္မယ္ဆိုတဲ့ စကားကိုေျပာခဲ့ဖူးေပမဲ့ ဘယ္တုန္းက သူလက္ပါဘူးလဲ။ ဘယ္တုန္းက အသားနာေအာင္လုပ္ဘူးလို႔လဲ။  အႀကီးကိုအႀကီးမွန္းမသိ ေအာ္လားဟစ္လားနဲ႔ လုပ္တဲ့သူကေတာ့ အေကာင္းေပါ့။
ျပန္ေအာ္လို႔ ေဒါသထြက္ေတာ့ သူကလူမိုက္ျဖစ္သြားတယ္။ ဟြန္း တရားက်ဖို ႔ေကာင္းတာ။ ဘယ္တုန္းကမွ ယေသာ္လင္းဆိုတဲ့တစ္ေယာက္က အေလ်ာ့ေပးဖို႔စိတ္ကူးရွိခဲ့ဖူးလို႔လဲ။ ရန္ျဖစ္တိုင္း  သူပဲအနိုင္ယူ၊သူပဲ အထက္စီးကေနတာမဟုတ္ဘူးလား။ လူေသးသေလာက္ ေသာက္က်င့္ယုတ္တဲ့ေနရာမွာနွစ္ေယာက္မရွိဘူး။

စိတ္တိုတိုနဲ႔  တက္ေခါက္ကာ ကုတင္ေပၚကို သြားငုတ္တုတ္ထိုင္သည္။

"အလကား ေကာင္ "

"ဘာေျပာတယ္"

ကိုယ့္ဖက္က ေလ်ာ့လိုက္ေတာ့လဲမဟုတ္ရ။ ယေသာ္လင္း ေတာ္ေတာ္အေၾကာတင္းေနတာ။ ေပေစာင္းေစာင္းၾကည့္ေနနဲ႔ရုပ္က သူေျပာခ်င္ရာ ၊ လုပ္ခ်င္ရာ လုပ္ပီးတာေတာင္  စိတ္မေျပေသးတဲ့ပံု ျဖင့္အခန္းအလယ္မွာ ရပ္၍  ရန္ေဆာင္ေနေသးသည္။

" ၾကားတဲ့အတိုင္းပဲ  "

"ေသာ္  ေတာ္ေတာ့ေနာ္ ငါရန္မျဖစ္ခ်င္ဘူး"

"ျဖစ္ေအာင္ဘယ္သူအရင္လာစတာလဲ 
မင္းျပန္လာတာ ငါ့ကိုသတိရလို႔မွမဟုတ္တာ  မင္းခုလို အနိုင္က်င့္ခ်င္လို႔  အက်င့္ပုတ္ၿပီးျပန္လာတာမို႔လား "

ေျပာရင္း ဝမ္းနည္းသြားသလို အသံေတြတိမ္ဝင္သြားကာ  မ်က္ရည္ၾကည္ေတြက ရစ္သိုင္းလာ၏။ ေဟာ  .. သူကတျပန္စီး ငိုျပပါလိမ့္မယ္။  
သူငိုရင္ ကိုယ္အမွား ျဖစ္သြားရသလို စိတ္က အက်င့္ပါစြာ ယခုလည္း ဟိုက မ်က္ေတာင္ေလးပုတ္ကာ ပုတ္ကာ လုပ္ျပလိုက္တာနဲ႔  ေဒါသဆိုတာ ေရနဲ႔ပတ္ခံရသလို ရွဲခနဲ ။

" ေတာင္တမ်ိဳး ၊ ေျမာက္ တမ်ိဳး စကားတက္တိုင္း ေလ်ွာက္ေျပာမေနနဲ႔။  သတိမရပဲ ဘယ္သူမွ  ညတြင္းခ်င္း ကုန္ကားနဲ႔ တက္လိုက္လာမွာလဲ။ တလမ္းလံုး ကားေစာင့္လို႔ ခါးနာေနတာေတာင္ မနားရေသးဘူး ၊ ကတ္ကတ္လန္ေအာင္ ရန္ေတြ႕တဲ့သူေၾကာင့္အေမာကိုစို႔ေရာ "

သိသိသာသာ ေျပာင္းလဲသြားေသာ ေလထုသည္  မၾကာခင္က ေအာ္ဟစ္ေသာင္းၾကမ္း ထားတာမဟုတ္သည့္အတိုင္းပင္။

"   မင္းတစ္ေယာက္ထဲ ပင္ပန္းတာလား
ငါလည္း တစ္ညလံုး ေကာင္းေကာင္းမအိပ္ရေသးဘူး "

"ဒါဆို လာေလ ၊ မင္းမွာ ထိုင္ဖို႔ ဖင္မပါဘူးလား၊  အဲ့နားမွာ ေျခေထာက္ေတြေညာင္းေအာင္  ဘာရွိလို႔ ရပ္ေနတာလဲ  ၊ ငါ နားခ်င္ၿပီ ဒီကို လာေတာ့ "

ကုတ္ထားတဲ့ မ်က္ေမွာင္ကို ျဖည္၍  ျခင္ေထာင္ကိုခ်လ်က္ ကုတင္ေပၚဦးခ်ီ အရင္တက္လိုက္သည္။ သိပ္မၾကာဘူး တေ႐ြ႕ေ႐ြ႕တက္လာေသာ  ေသာ္က  ေဘးနားမွာ  အသားဝင္လွဲအိပ္၏။ ဝတၱရားမျပတ္  ျခင္မဝင္ေအာင္ ဖိခု ေပးၿပီး မွ သူလည္း ေက်ာခ်ရသည္။ တညလံုး ငုတ္တုတ္ ထိုင္လိုက္ခဲ့ရတာမို႔ ခါးေက်ာ ေတြေတာင္တင္းမာေနသလို။   ခါတိုင္းလိုမဟုတ္  တိတ္ဆိတ္ စြာ ေဘးမွာ အိပ္ေနတဲ့ေသာ္ေၾကာင့္ စိတ္ထဲ မေကာင္း။

" ေနာက္ကို  သူမ်ားဆိုင္ကယ္ေနာက္က  လိုက္စီးမလာနဲ႔ "

"စီးခ်င္လို႔စီးတာ မဟုတ္ဘူး  ၊ ငါ့ဆိုင္ကယ္ စက္ႏုိးမရလို႔ လိုက္ခဲ့ရတာ၊ မင္းေအာ္ခ်င္သလို ငါ့ကိုလာေအာ္တယ္ အက်ိဳးအေၾကာင္း တစ္ခုေတာင္မေမးဘူး အဲ့ဒါတရားလား "

"စက္နႈိးမရဘူး ? "

တင္းေနတဲ့ သူ႔မ်က္နွာက အေၾကာေတြ ေသာ့္စကားေၾကာင့္ေျပေလ်ာ့သြားေလၿပီ။  ဟုတ္သားပဲ  ေသာ့္ဆိုင္ကယ္ေလးက နွစ္ေတြ ဒီေလာက္ၾကာ ေနၿပီဆိုမွ  ဘယ္စီးလို႔ေကာင္းေတာ့မလဲ  ။
သက္ျပင္းခ်ကာ ေက်ာေပးထားတဲ့ေသာ့္ကို  ေနာက္ကေန  ဖက္လိုက္ၿပီးလ်ွင္

"  ေနာက္ရက္ဆိုင္ကယ္အသစ္ေလး လဲေပးမယ္ေနာ္ တိတ္ေတာ့မငိုနဲ႔  "

" ဘုန္းႀကီးေခါင္းေခါက္ၿပီးမွ မွားပါတယ္ လုပ္လို႔ရမလား "

"ဟက္! ေသာ္က ဘုန္းႀကီးမွမဟုတ္တာကြာ  ..ေျပာစမ္းပါဦး ကိုကို႔ကိုမလြမ္းဘူးလား  " 

"ငါ အိပ္ခ်င္ၿပီ  "

"မအိပ္ရဘူး  "

တိုးဖက္လ်က္ ပုခံုးသားကို နမ္းလိုက္သည္။ ဆရာဝန္မွန္းသိသာစြာ ေဆးနံ႔သင္းသင္းက နွာေခါင္းဝမွာေဝ့ခနဲ။ လူညစ္ပါတ္ေလး ေရလည္းမခ်ိဳးဘူး။ ကိုယ့္အေတြးနဲ႔ကိုယ္ရယ္ခ်င္ေသာ္ျငား တဖက္လူကိုရန္ေတာ့သြားမစျဖစ္။

" မင္းေနာ္  "

"ကိုကိုလို႔ေခၚ  "

"အိပ္ၿပီကြာ မသိေတာ့ဘူး "

ရင္ခြင္ထဲအံဝင္ခြင္က် ျဖစ္ေနတဲ့ ကိုယ္လံုးေလးကိုတိုး၍ဖက္ထားလိုက္ၿပီး
ၿပံဳးလ်က္ သူပါ ေသာ္နဲ႔အတူ မ်က္လံုးမွိတ္လိုက္ေတာ့သည္။ လူေငြ ႕ေၾကာင့္
  ပန္ကာေလ ရွိသည္ဆိုေပမဲ့ အနည္းငယ္ေတာ့ပူေလာင္ပါသည္။ သို႔ေသာ္ ယေသာ္လင္းသည္ သူ႔အတြက္ ေႏြလည္းမပူ၊ ေဆာင္းလည္းမေအးတဲ့ ရာသီေပ်ာက္ လူသားကေလးမို႔  လြတ္ေနေသာ ေျခေထာက္ကိုပါ ေသာ္ေပါင္ေပၚခြရင္ အိပ္ေပ်ာ္ဖို႔  ႀကိဳးစားလိုက္ေတာ့၏။

______

"ခ်ကြာ "

"ေတာ္ၿပီ  ငါမေသာက္နိုင္ဘူး  "

မ်က္စိေရွ႕ေရာက္လာေသာ ဘီယာဗူးကို ျပန္တြန္းေပးရင္းျငင္းေတာ့ လြင္ဦးက ေခါင္းတရမ္းရမ္း ။

" မင္းမေသာက္ရင္ေနေတာ့  ေရာ႕   ယေသာ္လင္း မင္းေသာက္  "

ဦးခ်ီ  ျပန္တြန္းလိုက္တဲ့ ဗူးက  ေသာ့္ေရွ႕သို႔ျပန္ေရာက္သည္။

" ေသာ္ မေသာက္ .."

စကားေတာင္္မဆံုးေသး  ေသာ္က တဂြတ္ဂြတ္ျမည္ေအာင္ ေမာ့ေသာက္၏။

"အား ပူရွိန္းသြားတာပဲ "

အရသာကိုျမည္းစမ္း၍ ရႈံ ့မဲ့သြားသည့္တိုင္
သေဘာက်သြားပံုရကာ  အျမည္းပန္းကန္ကို နႈိက္ၿပီး  တၿမံဳ ႕ၿမံဳ ႕ဝါးျပန္သည္။

" ေဟ့ေကာင္ လြင္ဦး ကေလးကို မဟုတ္တာေတြေျမႇာက္ေပးမေနနဲ႔  "

"ဘာကေလးလဲ ၊ သူ႔ထက္ငယ္တဲ့ ေကာင္ေတြေတာင္ ဟိုမွာေသာက္ေနၾကတယ္မေတြ႕ဘူးလား  "

သူ႔တို႔ဝိုင္းနဲ႔ မလွမ္းမကမ္းက လူငယ္ေတြသက္သက္ဖြဲ႕ေသာက္ေနေသာဝိုင္းကို မ်က္စပစ္ျပရင္းလြင္ဦးဆိုေတာ့ ေသာ္ကပါ

"ဟုတ္သားပဲ  မနက္ဖန္လည္း အလုပ္ပိတ္တယ္ဆိုေတာ့ ငါ ေသာက္မွာေနာ္ မတားနဲ႔ "

"ေတာ္ၿပီ မေသာက္ရဘူး "

ေသာ္ေသာက္တဲ့ ဘီယာဗူးကိုလုယူၿပီး
ဦးခ်ီ  အရင္ေမာ့ေသာက္ပစ္လိုက္သည္။
လခထုတ္ရက္မို႔  အိမ္မွာေနတဲ့ကေလးေတြနဲ႔  ေပ်ာ္ေပ်ာ္ပါးပါး ဝိုင္းဖြဲ႕ၾကရာမွာ  သူတို႔နွစ္ေယာက္ပါ  လြင္ဦး ပေရာဂေၾကာင့္ အိမ္ေပၚ အရက္ဝိုင္းမွာ ညပ္ပါလာတာျဖစ္သည္။  ပံုမွန္ဆို သူ႔တို႔ဖာသာ ဘယ္ေလာက္ေသာက္ေသာက္ ဦးခ်ီ က အရက္ေသစာဆိုလွည့္ေတာင္ၾကည့္တာမဟုတ္။
တေနကုန္ နွစ္ေယာက္သမား အိပ္ထားတာမို႔  ညကိုျပန္အိပ္မရတာေၾကာင့္  ေသာ္အပ်င္းေျပေအာင္ လိုက္ပို႔ရုံသာ။

ခါးသက္ေသာ အရသာကလ်ွာဖ်ားမွာေဝ့ခနဲ။  ခ်က္ျခင္းဆန္တက္လာတဲ့ ေလပူက ေဂ့ ဆိုၿပီး  အသံထြက္လာေတာ့ ေသာ္ကလွည့္ၾကည့္ၿပီးရယ္၏။  

" ဝိုး ဒါမွ ငါ့ကိုကိုကြ ၾကည့္စမ္း  ဘယ္ေလာက္ေယာက်ာ္းပီသ သလဲ ..ေရာ႕ဒါေလးစားလိုက္  "

ပါးစပ္ထဲေရာက္လာတဲ့ အာလူးေၾကာ္ကို
ဖိႀကိတ္ဝါးရင္း ေသာ့္စကားေၾကာင့္လြင္ဦးကိုမ်က္ခံုးပင့္ျပရင္း ေနာက္ထပ္ တစ္ငံု ထပ္ေသာက္ျပလိုက္၏။ 

မေသာက္ခ်င္လို႔ မေသာက္တာ
မေသာက္တက္လို႔ မဟုတ္ဘူးဆိုတာ လြင္ဦးမင္းသိလိုက္စမ္း  ။

ခ်စ္တဲ့အိမ္စည္။

" ကျေးဇူးတင်ပါတယ်  ဝေယံ "

ခေါင်းမှာဆောင်းထားတဲ့ ဆိုင်ကယ်ဦးထုပ်ကို ချွတ်ပေးရင်း သော် ပြုံးလျက်ဆိုလိုက်၏။ ဝေယံက သူပေးလိုက်တဲ့ဦးထုပ်ကိုလှမ်းယူပြီး ဆိုင်ကယ်လက်ကိုင်မှာ အရင်ချိတ်သည်။ ပြီးပြီဆိုမှ 

"  ရပါတယ် ကျွန်တော်အိမ်နဲ့ လမ်းသင့်နေတော့ ထူးပြီး ပင်ပန်းသွားတာမှမဟုတ်တာ "

ဒီကောင်လေးက သော်တို့ထက် ၁နှစ်လောက်ငယ်သလို သော်တို့ဌာနကို ရောက်လာတာ ရက်ပိုင်းလောက်ပဲရှိအုံးမည်။
အနေအထိုင်အေးဆေးတာရော၊
အလိုက်သိတာရောကြောင့်  စရောက်လာကတည်းက  လူချစ်လူခင် များသူလေးပင်။

သူကလည်းသူ့ဘာသာသူ သီးသန့်နေတက်သလို ဝေယံကလည်း အေးအေးနေတက်သူမို့  သော်နဲ့ကတော့  ပြုံးပြရုံကလွဲပြီး ခေါ်ပြောနှုတ်ဆက်တာထိတော့မခင်မင်ပေ။ 

ဒီနေ့ ညမှ ဂျူတီအတူ ဆင်းခဲ့ရတာမို့
ခါတိုင်းထက် ပိုရင်းနှီးလာတာဖြစ်ပြီး  ၊ သော်ကိုယ်တိုင်လည်းအခက်အခဲဖြစ်နေတာရောမို့  ခုအပြန်ဒီကလေး ရဲ့အကူအညီကို ယူခဲ့ရသည်။
မဟုတ်တောင် နန်းမြတ်က သူ့ကားနဲ့ ပြန်ပို့မယ်ပြောပါသေးတယ်။
ဒါကိုတော့ သော် ငြင်းဆန်ခဲ့သည်။
မိန်းကလေးသူငယ်ချင်းဆိုသော်ငြား နှစ်ယောက်ထဲ တွဲသွားတွဲလာတော့သော် မလုပ်ချင်ပါ။ အများအမြင်ဆိုတာထက်  ကိုကို့ ရှေ့ ကို မိန်းကလေးတွေနဲ့ တရင်းတနှီး လုံးဝမနေချင်တာမျိုးဖြစ်သည်။

" ဒါဆို အားမနာတော့ဘူး"

" အင်း.. ကျွန်တော်သွားပြီ "

အပိုအလိုမရှိ  နှုတ်ဆက်ကာ ဆိုင်ကယ်
စက်နိုးလိုက်တာမို့ သော့်မှာ အလျှင်အမြန်အော်ရပြန်သည်။ 

  "ဟိတ်  ဆိုင်ကယ် ဖြေးဖြေးစီး   "

"ဟုတ်ကဲ့ ကိုလင်း    "

ပြန်လှမ်းအော်သံဆုံးတော့ ဆိုင်ကယ်ကအတော်ဝေးဝေးရောက်သွားပြီဖြစ်၏။
သော်ခေါင်းရမ်းလျက်  အိမ်ဖက်ကို လှည့်လိုက်၏။  ခုခေတ်ကလေးတွေများခက်လိုက်တာ ။ ဆိုင်ကယ်စီးရင် လျှပ်စီးလက် လိုက်သလိုပဲ မြန်မှမြန်။  သော်ဆိုရင် ဘယ်တော့မှ မြန်မြန်မစီးတက်ဘူး။ အချိန်တန်အိမ်ပြန်ရောက်ရင်ပြီးရော  ၊ လဲမှာပြု မှာကို
တော့  ဒုတိယနှစ်က ဆိုင်ကယ်မှောက်ပြီးကတည်းက အသေကြောက်သွားတာ။
ခုလည်း တခြားသူ နောက်က မဖြစ်လို့သာလိုက်စီးခဲ့ရတာ  ပါးစပ်က ဘုရားစာမပြတ်ရွတ်လိုက်ရတာအမော။
အမြဲ ကိုကို  နောက်ကသာ စိတ်ချလက်ချ လိုက်ဖူးသူမို့  သူစိမ်းတွေနဲ့ စီးရင် သော်မှာ့ဘယ်တော့ စိတ်မဖြောင့်။  ခြံဝမှာ ရပ်၍ 
အမြှီးတောင်မမြင်ရတော့တဲ့ ဆိုင်ကယ်ကို ကြည့်ပြီး အိမ်ထဲဝင်ဖို့အလှည့်  ရင်းနှီးသော လေသံက ဆီး၍ကြို၏။

" လမ်းပေါ်မှာပဲ  နေမှာဆိုရင်လည်း တသက်လုံးအဲ့နေရာမှ ရပ်နေလိုက်၊  အိမ်ထဲ
လုံးဝ ဝင်မလာခဲ့နဲ့ "

"ဟင်"

မာထန်လွန်းသောစကားကိုဆိုပြီး ကျောခိုင်းကာ တလွှားလွှားအိမ်ထဲလှမ်း
ဝင်သွားသော ခဲရောင် ရှပ်လက်တိုဝတ်ထားသော ကျောပြင်။ တိုးတိတ်သော အာမေဋိတ်သံအဆုံး သော်နှုတ်ခမ်းထောင့်လေးသည် ကွေးညွှတ်ကော့တက်လာပြီး နောက် ကျယ်လောင်သော အသံကိုပြု၏။

" ကိုကို  ! "

အော်သံသည်  ကလေးတွေ
အမေကိုတွေ့ရင် အော်သလို ဝမ်းသာအာရအကျယ်ကြီးပင်ဖြစ်သည်။  လက်မောင်းကနေ လျှောကျနေတဲ့ ကျောပိုးအိတ်ကို ပြန်ပင့်တင်ရင်း
ညက ညစာအဖြစ် အိမ်ကပို့ပေးထားတဲ့ ဗူးတွေ ခွက်တွေ ထည့်ထားတဲ့ အိတ်ကြီးကိုတစ်ဖက်ကဆွဲကာ  အရိပ်ပမာပျောက်ဆုံးသွားသူနောက်  ကဆုန်ပေါက်လျက် ပြေးလိုက်၏။

" ကိုကို ! "

"ကိုကို ! "

"...."

၇ရက်ကြာမျှ ဝေးနေရသူသည် အခန်းအလယ်ခေါင်မှာ ကျောခိုင်းကာမတ်မတ်ရပ်နေသည်။ ကျောပိုးအိတ်လေးကို တိုင်မှာပြေးချိတ်ရင်း လက်ထဲကအထုတ်တွေကို တွေ့တဲ့နေရာ ချထားလိုက်ပြီးနောက် 
ကိုကို့ဘေးနားတိုးကပ်သွားမိသည်။

" ကိုကို   ပြန်လာပြီလား "

" မမြင်ဘူးလား "

ပုတ်သိုးနေတဲ့လေသံသည် ကျောပေးလျက်အနေထားကနေတိုးထွက်လာသည်။
အခန်းထောင့်တနေရာတွင် ပစ္စည်းတချို့ သည် ပုံလျက်အနေထားနှင့်ရှိနေပြီး ကုတင်ပေါ်တွင်လည်းခရီးဆောင်အိတ်ကလေးသည် ဖွင့်ထားဆဲဖြစ်ကာ အဝတ်အစားများကမူ  အပြင်သို့မထုတ်ရသေး။
ထုတ်နေဖိုပြင်စဉ် သော်ရောက်လာသံကြားလို့ပြေးထွက်လာဟန်။

" သိတယ်လေ  ဒါပေမဲ့ မနေ့ကပြောတော့ သဖက်ခါမှ  ပြန်ခဲ့မယ်ဆို  " 

လက်နှစ်ဖက်သည် ခါးမှာ ထောက်လျက်အနေထားဖြင့်  သော့်ဖက်ကို လှည့်မလာပေ။  ဖြည်းဖြည်းချင်းတိုးကပ်သွား၍ ကိုကိုခါးကိုဖက်ပြီး ကျောပြင်မှာမျက်နှာအပ်လိုက်ပြီးလျှင်

" စောစောပြန်လာခဲ့ပေးလို့ ကျေးဇူးတင်ပါတယ် ။ အမှန်အတိုင်းပြောရင် သော်
ကိုကို့ကိုအရမ်းသတိရနေတာ။  " ဟု
တိုးတိုးလေးပြောမိသည်။ ပြန်လာဖို့ ပြောထားတဲ့ရက်ထက် တစ်ရက် စောပြန်ခဲ့ပေးရုံနဲ့တင်သော်မှာ မျက်ရည်ကျလုနီးနီးဖြစ်နေပြီ။

ဖက်ထားတဲ့ လက်တွေကို ငုံ့မကြည့်ဖြစ်အောင် မထိတွေ့မိအောင်  ကြိုးစားရတာပင်ပန်းသည်။ တင်းတင်းကြိတ်ထားရတဲ့သွားတွေကြောင့် သွားဖုံးတွေလည်း နာလုပြီ။  သူ့မှာတော့ ပါးပါးနောက်ရက်လိုက်ပို့ပေးမယ်ဆိုတာကိုတောင်မစောင့်ပဲ  ပဲပိုင်းတင်တဲ့ကုန်ကားနဲ့ ညတွင်းချင်းပြေးလာခဲ့လိုက်ရတာ သော် မနက်အိမ်ပြန်လာချိန်နဲ့ ကြုံအောင်ပင်။ မြင်လိုက်ရတဲ့မြင်ကွင်းသည်  ရင်ကို  စို့နင့်စေသလို ။ သူ့ကိုကျ ရည်းစားမထားဖို့ ၊  တခြားသူတွေနဲ့ နီးကပ်မနေဖို့  ချုပ်ချယ်ခဲ့သည်။

"ဆိုင်ကယ်ဝယ်ပေးထားတာ သူများနောက်မှာ လိုက်စီးဖို့မဟုတ်ဘူး "

" ကိုကို ဘာဖြစ်နေတာလဲ ၊ ရောက်ကတည်းက ငါ့ကိုလေသံမာကြီးနဲ့ အော်လားဟစ်လားနဲ့ "

"ဘာဖြစ်ရမှာလဲ  ကိုယ့်ဆိုင်ကယ်ကိုမစီးပဲ သူများနောက်မှာ ထိုင်လိုက်လာလို့ပြော
နေတာလေ ၊ ငါပြောတာဘာမှားနေလို့လဲ"

ဖက်ထားတဲ့ လက်ကိုဖယ်ကာ သော် ကိုကိုရှေ့ကို မတ်တပ်သွားရပ်သည်။
မော့ကြည့်လိုက်တော့ တင်းကြိတ်ထားတဲ့မေးရိုးက တခါမှမမြင်ဖူးစွာ သိသာအောင် မြင်နေရပြီး  တွန့် ချိုးထားသောမျက်ခုံးတို့က ထူးဆန်းဖွယ်ကောင်းအောင် သော့်ကို မကျေနပ်စွာကြည့်နေ၏။

" အဲ့မျက်နှာကိုပြင်နော်၊  ခုမှရောက်လာပြီး လူကိုရန်လာမစနဲ့။ "

" စကားကိုဝေ့လည်ချောင်ပတ်လုပ်မနေနဲ့ ယသော်လင်းမာန် ။ ငါရန်စနေတာမဟုတ်ဘူးဆိုတာ မင်းသိတယ်။ ငါမေးနေတာရှင်းရှင်းလေး ငါမရှိတုန်း မင်းအဲ့လိုတွေတချိန်လုံးနေနေတာလား  "

"ဘာပြောလိုက်တယ် "

သော်မျက်လုံးတွေသည် မာနတရားကြောင့်ချက်ချင်းစူးရဲကုန်သည်။ ဘယ်လိုစိတ်နဲ့ စော်ကားလိုက်တာလဲ။ သော်ဘယ်တုန်းကမှ  ကိုကိုကလွဲပြီး  တပါးသူကို လူကိုယ်တိုင်ကရော စိတ်နဲ့ရော ပြစ်မှားဖူးတာမဟုတ်ဘူး။ ပုံညာဦးချီ ဆိုတဲ့ကောင်က  သူကရော သော့်ကိုချစ်ကြည့်ဖို့မကြိုးစားပဲ
အပြစ်မြင်ဖို့ပဲတက်သည်။

" ငါ့ကိုပြန်မအော်နဲ့ ယသော်လင်း  ၊
မင်းနှုတ်က ငါကို ဘယ်သူမှ မပတ်ရဘူးလေးဘာလေးနဲ့ ပြောခဲ့တာ မေ့သွားပြီလား  မင်းကိုယ်တိုင်ကရော အနေထိုင်ဆင်ချင်လား ..ရန်မဖြစ်ချင်လို့ကြည့်နေတာ ပြောလိုက်ရင် ပက်ကော့ကလန် ပြန်အော်ဖို့ပဲတက်တာ"

"အနေထိုင်မဆင်ခြင်တော့ ငါကဘာလုပ်နေလို့လဲ ၊ ဘာလဲ  ငါပြောလို့ မင်းက ပတ်သတ်ချင်တာတောင်မပတ်သတ်ပဲနေရတဲ့သဘောလား၊အဲ့ဒါမျိုး ငါ့ကို စိန်လာမခေါ်နဲ့ ပုံညာဦးချီ  မင်းစိတ်ထဲမပါရင် ငါ ဘာတစ်ခုမှမတားဘူး ကြိုက်တာလုပ် ၊ ငါ့ကို လာပုံမချနဲ့  ။ "

သော်အရမ်းကိုကို့ကိုစိတ်နာနေပြီ။
သော့်နှလုံးကို ပိတ်လှောင်ထားခဲ့ရတာနှစ်တွေဘယ်လောက်ရှိနေပြီလဲ။

လက်မခံနိုင်ပဲရှောင်ပြေးသွားမှာစိုးလို့ စောင့်နေရတဲ့ နေ့တွေ၊ ဘေးကနေကြည့်နေရင်း  တိတ်တခိုးစွဲလန်းခဲ့ရတဲ့နေ့တွေ  ။
ဟား အရူးလိုပဲ။
မင်းကိုချစ်ရတာပင်ပန်းနေပြီ ကိုကို။
ဘယ်ချိန် လွှတ်ချခံလိုက်ရမလဲ  ဆိုတဲ့ စိတ်နဲ့ ကိုယ်မပိုင်တဲ့ လူတစ်ယောက်ကိုငေးကြည့်နေရတာလောက် နာကျင်ရတာမရှိဘူးဆိုတာမင်းကိုသိချင်တယ်။ နေ့တိုင်း မင်းမျက်နှာ ကြည့်ပြီး  မင်း ဂရုစိုက်မူ့တွေကို
ခံနေရပေမဲ့  တနေ့ မင်းက သူများကို ရွေးချယ်သွားရင် ဆိုတဲ့  အကြောက်တရားတွေကို မင်းမှမခံစားဖူးတာ။

" သော် မင်းပါးစပ်ကိုပိတ်ထားနော် ၊ ငါမင်းကိုရိုက်မိတော့မယ်  "

ရွယ်လာတဲ့ လက်ကြောင့် မျက်နှာကိုမော့ပေးမိရင်း

" ရိုက်စမ်း ရိုက်လိုက်စမ်းပါ  ၊ ငါ့အသားနာလို့ကတော့ မင်းကိုတသက်လုံး ခွင့်လွတ်လိမ့်မယ်မထင်နဲ့ ။  ထစ်ခနဲရှိရင် ရိုက်မယ်နှက်မယ်နဲ့ မင်းက လူမိုက်လား ။ ငါကမင်းမွေးထားတဲ့သားမို့ ရိုက်မယ်ပြောတာလား ။ လုပ်စမ်းရိုက်ကြည့်စမ်း  "

စိတ်တိုတိုနဲ့ သော် ကိုကို့ ရင်ဘတ်ကြီးကို တဘုန်းဘုန်း ပိတ်ထုပစ်လိုက်သည်။
သူပဲလက်ပါတာလား ။ လုပ်ကြည့်စမ်း။

တောက်!

ရွယ်ထားတဲ့လက်ကို ပြန်ချရင်း ဒေါသတွေကိုလျှာဖျားမှာ ဖြေဖျောက်သည်။ အမြဲ ရိုက်မယ်ဆိုတဲ့ စကားကိုပြောခဲ့ဖူးပေမဲ့ ဘယ်တုန်းက သူလက်ပါဘူးလဲ။ ဘယ်တုန်းက အသားနာအောင်လုပ်ဘူးလို့လဲ။  အကြီးကိုအကြီးမှန်းမသိ အော်လားဟစ်လားနဲ့ လုပ်တဲ့သူကတော့ အကောင်းပေါ့။
ပြန်အော်လို့ ဒေါသထွက်တော့ သူကလူမိုက်ဖြစ်သွားတယ်။ ဟွန်း တရားကျဖို့ ကောင်းတာ။ ဘယ်တုန်းကမှ ယသော်လင်းဆိုတဲ့တစ်ယောက်က အလျော့ပေးဖို့စိတ်ကူးရှိခဲ့ဖူးလို့လဲ။ ရန်ဖြစ်တိုင်း  သူပဲအနိုင်ယူ၊သူပဲ အထက်စီးကနေတာမဟုတ်ဘူးလား။ လူသေးသလောက် သောက်ကျင့်ယုတ်တဲ့နေရာမှာနှစ်ယောက်မရှိဘူး။

စိတ်တိုတိုနဲ့  တက်ခေါက်ကာ ကုတင်ပေါ်ကို သွားငုတ်တုတ်ထိုင်သည်။

"အလကား ကောင် "

"ဘာပြောတယ်"

ကိုယ့်ဖက်က လျော့လိုက်တော့လဲမဟုတ်ရ။ ယသော်လင်း တော်တော်အကြောတင်းနေတာ။ ပေစောင်းစောင်းကြည့်နေနဲ့ရုပ်က သူပြောချင်ရာ ၊ လုပ်ချင်ရာ လုပ်ပီးတာတောင်  စိတ်မပြေသေးတဲ့ပုံ ဖြင့်အခန်းအလယ်မှာ ရပ်၍  ရန်ဆောင်နေသေးသည်။

" ကြားတဲ့အတိုင်းပဲ  "

"သော်  တော်တော့နော် ငါရန်မဖြစ်ချင်ဘူး"

"ဖြစ်အောင်ဘယ်သူအရင်လာစတာလဲ 
မင်းပြန်လာတာ ငါ့ကိုသတိရလို့မှမဟုတ်တာ  မင်းခုလို အနိုင်ကျင့်ချင်လို့  အကျင့်ပုတ်ပြီးပြန်လာတာမို့လား "

ပြောရင်း ဝမ်းနည်းသွားသလို အသံတွေတိမ်ဝင်သွားကာ  မျက်ရည်ကြည်တွေက ရစ်သိုင်းလာ၏။ ဟော  .. သူကတပြန်စီး ငိုပြပါလိမ့်မယ်။  
သူငိုရင် ကိုယ်အမှား ဖြစ်သွားရသလို စိတ်က အကျင့်ပါစွာ ယခုလည်း ဟိုက မျက်တောင်လေးပုတ်ကာ ပုတ်ကာ လုပ်ပြလိုက်တာနဲ့  ဒေါသဆိုတာ ရေနဲ့ပတ်ခံရသလို ရှဲခနဲ ။

" တောင်တမျိုး ၊ မြောက် တမျိုး စကားတက်တိုင်း လျှောက်ပြောမနေနဲ့။  သတိမရပဲ ဘယ်သူမှ  ညတွင်းချင်း ကုန်ကားနဲ့ တက်လိုက်လာမှာလဲ။ တလမ်းလုံး ကားစောင့်လို့ ခါးနာနေတာတောင် မနားရသေးဘူး ၊ ကတ်ကတ်လန်အောင် ရန်တွေ့တဲ့သူကြောင့်အမောကိုစို့ရော "

သိသိသာသာ ပြောင်းလဲသွားသော လေထုသည်  မကြာခင်က အော်ဟစ်သောင်းကြမ်း ထားတာမဟုတ်သည့်အတိုင်းပင်။

"   မင်းတစ်ယောက်ထဲ ပင်ပန်းတာလား
ငါလည်း တစ်ညလုံး ကောင်းကောင်းမအိပ်ရသေးဘူး "

"ဒါဆို လာလေ ၊ မင်းမှာ ထိုင်ဖို့ ဖင်မပါဘူးလား၊  အဲ့နားမှာ ခြေထောက်တွေညောင်းအောင်  ဘာရှိလို့ ရပ်နေတာလဲ  ၊ ငါ နားချင်ပြီ ဒီကို လာတော့ "

ကုတ်ထားတဲ့ မျက်မှောင်ကို ဖြည်၍  ခြင်ထောင်ကိုချလျက် ကုတင်ပေါ်ဦးချီ အရင်တက်လိုက်သည်။ သိပ်မကြာဘူး တရွေ့ရွေ့တက်လာသော  သော်က  ဘေးနားမှာ  အသားဝင်လှဲအိပ်၏။ ဝတ္တရားမပြတ်  ခြင်မဝင်အောင် ဖိခု ပေးပြီး မှ သူလည်း ကျောချရသည်။ တညလုံး ငုတ်တုတ် ထိုင်လိုက်ခဲ့ရတာမို့ ခါးကျော တွေတောင်တင်းမာနေသလို။   ခါတိုင်းလိုမဟုတ်  တိတ်ဆိတ် စွာ ဘေးမှာ အိပ်နေတဲ့သော်ကြောင့် စိတ်ထဲ မကောင်း။

" နောက်ကို  သူများဆိုင်ကယ်နောက်က  လိုက်စီးမလာနဲ့ "

"စီးချင်လို့စီးတာ မဟုတ်ဘူး  ၊ ငါ့ဆိုင်ကယ် စက်နိုးမရလို့ လိုက်ခဲ့ရတာ၊ မင်းအော်ချင်သလို ငါ့ကိုလာအော်တယ် အကျိုးအကြောင်း တစ်ခုတောင်မမေးဘူး အဲ့ဒါတရားလား "

"စက်နှိုးမရဘူး ? "

တင်းနေတဲ့ သူ့မျက်နှာက အကြောတွေ သော့်စကားကြောင့်ပြေလျော့သွားလေပြီ။  ဟုတ်သားပဲ  သော့်ဆိုင်ကယ်လေးက နှစ်တွေ ဒီလောက်ကြာ နေပြီဆိုမှ  ဘယ်စီးလို့ကောင်းတော့မလဲ  ။
သက်ပြင်းချကာ ကျောပေးထားတဲ့သော့်ကို  နောက်ကနေ  ဖက်လိုက်ပြီးလျှင်

"  နောက်ရက်ဆိုင်ကယ်အသစ်လေး လဲပေးမယ်နော် တိတ်တော့မငိုနဲ့  "

" ဘုန်းကြီးခေါင်းခေါက်ပြီးမှ မှားပါတယ် လုပ်လို့ရမလား "

"ဟက်! သော်က ဘုန်းကြီးမှမဟုတ်တာကွာ  ..ပြောစမ်းပါဦး ကိုကို့ကိုမလွမ်းဘူးလား  " 

"ငါ အိပ်ချင်ပြီ  "

"မအိပ်ရဘူး  "

တိုးဖက်လျက် ပုခုံးသားကို နမ်းလိုက်သည်။ ဆရာဝန်မှန်းသိသာစွာ ဆေးနံ့သင်းသင်းက နှာခေါင်းဝမှာဝေ့ခနဲ။ လူညစ်ပါတ်လေး ရေလည်းမချိုးဘူး။ ကိုယ့်အတွေးနဲ့ကိုယ်ရယ်ချင်သော်ငြား တဖက်လူကိုရန်တော့သွားမစဖြစ်။

" မင်းနော်  "

"ကိုကိုလို့ခေါ်  "

"အိပ်ပြီကွာ မသိတော့ဘူး "

ရင်ခွင်ထဲအံဝင်ခွင်ကျ ဖြစ်နေတဲ့ ကိုယ်လုံးလေးကိုတိုး၍ဖက်ထားလိုက်ပြီး
ပြုံးလျက် သူပါ သော်နဲ့အတူ မျက်လုံးမှိတ်လိုက်တော့သည်။ လူငွေ့ ကြောင့်
  ပန်ကာလေ ရှိသည်ဆိုပေမဲ့ အနည်းငယ်တော့ပူလောင်ပါသည်။ သို့သော် ယသော်လင်းသည် သူ့အတွက် နွေလည်းမပူ၊ ဆောင်းလည်းမအေးတဲ့ ရာသီပျောက် လူသားကလေးမို့  လွတ်နေသော ခြေထောက်ကိုပါ သော်ပေါင်ပေါ်ခွရင် အိပ်ပျော်ဖို့  ကြိုးစားလိုက်တော့၏။

______

"ချကွာ "

"တော်ပြီ  ငါမသောက်နိုင်ဘူး  "

မျက်စိရှေ့ရောက်လာသော ဘီယာဗူးကို ပြန်တွန်းပေးရင်းငြင်းတော့ လွင်ဦးက ခေါင်းတရမ်းရမ်း ။

" မင်းမသောက်ရင်နေတော့  ရော့   ယသော်လင်း မင်းသောက်  "

ဦးချီ  ပြန်တွန်းလိုက်တဲ့ ဗူးက  သော့်ရှေ့သို့ပြန်ရောက်သည်။

" သော် မသောက် .."

စကားတောင်မဆုံးသေး  သော်က တဂွတ်ဂွတ်မြည်အောင် မော့သောက်၏။

"အား ပူရှိန်းသွားတာပဲ "

အရသာကိုမြည်းစမ်း၍ ရှုံ့ မဲ့သွားသည့်တိုင်
သဘောကျသွားပုံရကာ  အမြည်းပန်းကန်ကို နှိုက်ပြီး  တမြုံ့ မြုံ့ ဝါးပြန်သည်။

" ဟေ့ကောင် လွင်ဦး ကလေးကို မဟုတ်တာတွေမြှောက်ပေးမနေနဲ့  "

"ဘာကလေးလဲ ၊ သူ့ထက်ငယ်တဲ့ ကောင်တွေတောင် ဟိုမှာသောက်နေကြတယ်မတွေ့ဘူးလား  "

သူ့တို့ဝိုင်းနဲ့ မလှမ်းမကမ်းက လူငယ်တွေသက်သက်ဖွဲ့သောက်နေသောဝိုင်းကို မျက်စပစ်ပြရင်းလွင်ဦးဆိုတော့ သော်ကပါ

"ဟုတ်သားပဲ  မနက်ဖန်လည်း အလုပ်ပိတ်တယ်ဆိုတော့ ငါ သောက်မှာနော် မတားနဲ့ "

"တော်ပြီ မသောက်ရဘူး "

သော်သောက်တဲ့ ဘီယာဗူးကိုလုယူပြီး
ဦးချီ  အရင်မော့သောက်ပစ်လိုက်သည်။
လခထုတ်ရက်မို့  အိမ်မှာနေတဲ့ကလေးတွေနဲ့  ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့ကြရာမှာ  သူတို့နှစ်ယောက်ပါ  လွင်ဦး ပရောဂကြောင့် အိမ်ပေါ် အရက်ဝိုင်းမှာ ညပ်ပါလာတာဖြစ်သည်။  ပုံမှန်ဆို သူ့တို့ဖာသာ ဘယ်လောက်သောက်သောက် ဦးချီ က အရက်သေစာဆိုလှည့်တောင်ကြည့်တာမဟုတ်။
တနေကုန် နှစ်ယောက်သမား အိပ်ထားတာမို့  ညကိုပြန်အိပ်မရတာကြောင့်  သော်အပျင်းပြေအောင် လိုက်ပို့ရုံသာ။

ခါးသက်သော အရသာကလျှာဖျားမှာဝေ့ခနဲ။  ချက်ခြင်းဆန်တက်လာတဲ့ လေပူက ဂေ့ ဆိုပြီး  အသံထွက်လာတော့ သော်ကလှည့်ကြည့်ပြီးရယ်၏။  

" ဝိုး ဒါမှ ငါ့ကိုကိုကွ ကြည့်စမ်း  ဘယ်လောက်ယောကျာ်းပီသ သလဲ ..ရော့ဒါလေးစားလိုက်  "

ပါးစပ်ထဲရောက်လာတဲ့ အာလူးကြော်ကို
ဖိကြိတ်ဝါးရင်း သော့်စကားကြောင့်လွင်ဦးကိုမျက်ခုံးပင့်ပြရင်း နောက်ထပ် တစ်ငုံ ထပ်သောက်ပြလိုက်၏။ 

မသောက်ချင်လို့ မသောက်တာ
မသောက်တက်လို့ မဟုတ်ဘူးဆိုတာ လွင်ဦးမင်းသိလိုက်စမ်း  ။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz