ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

40

eainsi23

" ေဒါက္တာေသာ့္အတြက္တဲ့ အိမ္က လာပို႔သြာတယ္ "

နားေနခန္းထဲဝင္ဝင္ခ်င္း မစႏၵာလွမ္းေျပာလာတာေၾကာင့္ မလွမ္းမကမ္းက စားပြဲေပၚက အထုတ္ေတြကိုလွမ္းၾကည့္မိသည္။
ထို႔ေနာက္ ၿပံဳးလ်က္ အခန္းထဲဝင္လာရင္း
ပလက္စတစ္ခံုကိုဆြဲကာဝင္ထိုင္ရင္း

" ကိုကို ပို႔ခိုင္းထားတာထင္တယ္ ။
နန္းျမတ္ဘယ္သြားလဲ၊ သူလာရင္ တစ္ခါထဲ စားရေအာင္ မစႏၵာလည္း တခါထဲဝိုင္းထိုင္လိုက္ေလ "

ညတိုင္းဒီခ်ိန္ဆို အိမ္ကတစ္ခုမဟုတ္တစ္ခုေတာ့ပို႔ေပးတက္သည္ ။ လူမရွိေပမဲ့
ေထာင့္စိေအာင္ ဂရုစိုက္တက္လြန္းသူသည္ ဖုန္းတဂြမ္ဂြမ္ဆက္ကာ လိုေလစိတ္မရွိေအာင္ ျဖည့္ဆည္းေပးေနတုန္းပင္။

" အေကာင္းဆံုးေပါ့ ေဒါက္တာရယ္၊
အခ်ိန္ကိုမွန္ေနတာပဲေနာ္ ေဒါက္တာအိမ္က ၊ အဲ့ဒါေၾကာင့္ ေဒါက္တာသုသုနဲ႔ ဆရာမေလးေတြက ေဒါက္တာေသာ္နဲ႔ ဂ်ဴ တီအတူ က် ခ်င္ၾကတာ ..လာပို႔ရင္လည္း
တစ္ေယာက္စာမဟုတ္ပဲ အကုန္လံုးေလာက္ငွေအာင္ ပို႔ေပးတယ္၊ လက္ရာကလည္းေကာင္းဆိုေတာ့ အဆင္ကိုေျပေနတာပဲ..စကားမဆက္ ကြၽန္မက ေဒါက္တာေသာ္တို႔ဆိုင္က ေထာပတ္ကိတ္ကိုအေတာ္ေလး ႀကိဳက္တယ္ "

မစႏၵာစကားေၾကာင့္ေသာ္ၿပံဳးမိၿပီးလ်ွင္

" ဟုတ္ပါၿပီဗ်ာ .. ဒါဆို မနက္ဖန္ ယူခဲ့ေပးပါ့မယ္"

မစႏၵာက အျပာဝတ္သူနာျပဳ ဆိုေပမဲ့
အသက္ႀကီးတာေရာ ၊ ေသာ္တို႔ထက္လုပ္သက္ရင့္တာေရာေၾကာင့္ အမတစ္ေယာက္လို ေလးေလးစားစားဆက္ဆံရသည္။
စီနီယာလို႔သာ ေျပာတာပါ သေဘာေကာင္းသူမို႔ တခါတေလ အသက္ႀကီးမွန္းေတာင္ ေမ့သြားေလာက္ေအာင္ အေျပာဆို ညက္ကာ လူငယ္ေတြနဲ႔ တန္းတူ ေနတက္သည္။

"အတိုင္းထက္အလြန္ ေက်းဇူးတင္ရပါတယ္လို႔ပဲ အားမနာပဲေျပာရေတာ့မယ္ေဒါက္တာေသာ္ေရ .. "

" ရပါတယ္အမ ရာ ၊ ေျပာရမဲ့သူေတြမွမဟုတ္ပဲ။

ထိုစဥ္..

"ဘာေတြေက်းဇူးတင္ေနတာလဲ မစႏၵာ"

ဖြင့္ထားတဲ့ အခန္းတံခါးကေနနန္းျမတ္ ဝင္လာၿပီး နားေနခန္းအေပါက္ဝ နားက ေဘစင္္မွာ လက္အရင္ဝင္ေဆးရင္းေမး၏။

" ထံုးစံအတိုင္း ေဒါက္တာေသာ့္အိမ္က စားစရာပို႔တဲ့အေၾကာင္းရယ္ ၊ စားခ်င္တာကို ပူဆာေနတဲ့ အေၾကာင္းရယ္ေပါ့ရွင္"

" လာပို႔သြားၿပီလား "

ေသာ္တို႔ထိုင္ေနတဲ့ေဘးဝင္ထိုင္ရင္း tissue box ထဲက tissue ေတြ ဆြဲထုတ္ကာ ေရစိုေနေသာလက္ကိုသုတ္သည္။
ည၉နာရီေက်ာ္အခ်ိန္ပင္ျဖစ္လင့္ကစား
နန္းျမတ္က အစိမ္းႏုေရာင္ ပါတိတ္ဝမ္းဆက္ နဲ႔ ေက်ာ့ရွင္းေသာကိုယ္ဟန္က နည္းနည္းမွ အေရာင္အဝါမက်ဆင္းေသး။
လွပေသာ ရုပ္ရည္ေၾကာင့္ေဆးေလာကတြင္ နန္းျမတ္၏ နာမည္က
လူတိုင္းနီးပါးသိၾကသလို ခုခ်ိန္ထိ တြဲေနတဲ့ သူမရွိေသးတာေၾကာင့္ ေမ်ွာ္လင့္ေစာင္းစားေနၾကသူမ်ားကအမ်ားအျပား။

" အင္း ပို႔သြားၿပီ ၊ နင္ လူနာၾကည့္ျပန္လာတာလား "

"အင္း ကုတင္ နံပါတ္ ၇ က
ေဒၚခင္ခ်ိဳရီဆိုတဲ့ အေဒၚႀကီးေလ ၊ ဗိုက္ေအာင့္တယ္ဆိုလို႔ ေဆးတစ္လံုးသြားထိုးေပးလာတာ .. ဘာေတြလဲ ယေသာ္ ၊ ငါ ဒီေန႔ အေစာႀကီးအိပ္ခ်င္ေနတယ္သိလား .. လက္ဖက္သုပ္ကေလးပါရင္ေကာင္းမယ္ "

ေသာ့္အေမးကိုေခါင္းညိမ့္ျပရင္း သူ႔ဝသီအတိုင္း ထိုင္လိုက္တာနဲ႔ အစားအေသာက္ကိုအရင္စိတ္ဝင္စားသည္။ လက္ကလည္း ခ်က္ျခင္းအထုပ္ေတြျဖည္ကာ ဘာပါသလဲ ၾကည့္၍
တစ္ခုခ်င္း အျပင္ထုတ္ၾကည့္၏။ စားတိုင္းသာ ဝမယ္ဆိုရင္ နန္းျမတ္က ဖက္တီးပုတ္ႀကီးျဖစ္ေနမွာ ေသခ်ာသေလာက္ပင္။

"လက္ဖက္သုပ္ကေလးပါတယ္ဟ ၊
သီးစံုသုပ္ ၊ ထမင္းဆီစမ္း ၊ ဗူးထဲကဘာေတြလဲ ဝိုး ရွယ္ပဲေဟ့ လိေမၼာ္သီးေဖ်ာ္ရည္ ေတြ .. ဟဲ့ေနစမ္းပါဦး ေျပာေတာ့ ကိုကို ခရီးသြားေနတာဆို ဒါေတြက ဘယ္သူလုပ္ေပးတာလဲ ေျပာ "

ကိုကိုဆိုေသာ နာမ္စားက ေသာ္တစ္ေယာက္ပဲေခၚခြင့္ရွိတာမဟုတ္။ နန္းျမတ္အပါအဝင္ သုသုတို႔ လျပည့္တို႔ကလည္း ေသာ့္ေခၚသလို အက်င့္ပါၿပီး ထိုသို႔ေခၚၾက၏။အမွန္ဆို ပံုညာဦးခ်ီက ေသာ္နဲ႔ေတာင္ ၆လပဲကြာတာမို႔ အသက္ႀကီးလွတယ္ဟုမဆိုသာ။ ကိုယ္ပိုင္အလုပ္နွင့္ တည္ၿငိမ္ေသာဟန္ပန္ေၾကာင့္ ေတာ္ေတာ္မ်ားမ်ား အသက္ႀကီးတယ္ဟုထင္ကာရွိန္ၾကသည္။

" အိမ္္မွာ လြင္ဦး ရွိေသးတယ္ေလ ၊ ညတိုင္းနင္စားေနတဲ့ မုန္႔ေတြက လြင္ဦး လုပ္ေပးထားတာ ။ အစားအေသာက္အဲ့ေလာက္ႀကိဳက္ရင္ နင္လြင္ဦးကို စဥ္းစားသင့္တယ္မဟုတ္ဘူးလား "

ေျပာမနာဆိုမနာေတြမို႔ ေသာ္ အခြင့္သာတုန္း လြင္ဦးခန္႔အတြက္ စကားပါးေသးသည္။ လြင္ဦးဆိုတဲ့ေကာင္႐ြာမျပန္ရျခင္း၏ အေၾကာင္းတရားကလည္း ဒီဆရာဝန္မေလးေၾကာင့္ဆိုရင္မမွား။

နန္းျမတ္က လိမ္ေမာ္ရည္ကို ခြက္ထဲေလာင္းငဲ့ထည့္ရင္း ယေသာ္လင္းထံ မ်က္ေစာင္းလွမ္း႐ြယ္သည္။ မ်က္လံုးထဲ နန္းကိုျမင္လ်ွင္ ဘာမွမလုပ္တက္ေတာ့ပဲ ျပဴ းတိျပဴ းေၾကာင္ ျဖစ္သြားေလ့ရွိေသာ လူကိုျမင္ေယာင္မိလ်ွင္ နႈတ္ခမ္းေတြက ေအာ္တိုမဲ့၏။

" မႀကိဳက္နိုင္ပါဘူး အူေၾကာင္ေၾကာင္နဲ႔ ၊
လူေရွ႕ေရာက္လာရင္ တလြဲက လုပ္ေသး"

" ေၾသာ္ ဒါကေတာ့ ခ်စ္တာကိုးဟ၊
နင္ လြင္ဦးလို လူကို ရွာၾကည့္အံုး ထမင္းထုပ္သာ သိုးသြားမယ္ ေတြ႕မွာမဟုတ္ဘူး။သူ နင့္ကို တဖက္သတ္ခ်စ္ေနရတာ ဘယ္နွစ္နွစ္ေတာင္ရွိၿပီလဲ ဇြဲဆုေလးေတာ့ေပးသင့္တယ္မထင္ဘူးလား "

" မထင္ပါဘူး ၊ သူက ငါ့စတိုင္လ္ မွမဟုတ္တာ ၊ နင့္ကိုကို ဆိုရင္ ေတာ္ေသးတယ္။ေပးခ်င္ရင္ ကိုကို႔ကိုေပးေလ ၊ စဥ္းစားမေနဘူး ခ်က္ျခင္း ေခါင္းညိမ့္လိုက္မယ္ "

ေသာ့္ နႈတ္ခမ္းကို႐ြဲ႕ကာ ခ်က္ျခင္းေျပာ၏။

" ဆုေတာင္းေလ ၊ ကိုကို က တစ္သက္လံုး လူပ်ိဳႀကီးလုပ္မွာတဲ့ .."

ေပးစရာလား ကိုယ္ေတာင္ ျမင္ေနရုံနဲ႔ေလာဘမသတ္နိုင္တာ ၊ တပါးသူေပးဖို႔ဆို
ေဝလာေဝး။ ေသာ့္ဖက္က တသက္လံုး ကိုကိုနဲ႔ပတ္သတ္လာရင္ ေသးေသးေလးေတာင္ အစမခံမွန္းသိေတာ့ထပ္မစေတာ့ေပမဲ့ ရုပ္ကေတာ့ ၿပံဳးစိစိလုပ္ေနေသးသည္။ ေနစမ္းပါအံုး သူ႔စားစရာေတြလည္းယူစားေသးတယ္၊ ကိုယ့္နွလံုးသားကိုလည္း အလကားရမလားလို ႔နႈိက္ျမည္းခ်င္ေသးတယ္ ဒါဘာသေဘာလဲ။

" ရုပ္ႀကီးအိုမေနပါနဲ႔ ေဘးမွာ မစႏၵာတစ္ေယာက္လံုးထိုင္ေနေသးတယ္ဆိုတာ သတိရဦး ၊ မသိရင္ရည္းစားလုဖက္လိုပဲ ျဖစ္ပ်က္ေနတာပဲ "

"ဟာ! နန္းျမတ္ နင္ေနာ္ "

ေဘးက မစႏၵာကိုရွက္ရွက္နဲ႔ လွမ္းၾကည့္ရင္း ေသာ္ အလိုက္ကန္းဆိုးမသိတဲ့ကေလးမကိုေအာ္ရျပန္သည္။ ဒါကိုၾကားတဲ့မစႏၵာက အသီးသုပ္ကိုဇြန္းနဲ႔ေကာ္ကာ

" အလိုေတာ္ ကြၽန္မ ဘာမွမေျပာပါဘူး၊
သီးစံု သုပ္ေလာက္ လတ္တေလာ ဘယ္အရာမွ ကြၽန္မကို စိတ္ဝင္စားေအာင္ မလုပ္နိုင္ပါဘူးေတာ္ "

ဒီနားတစ္ဝိုင္းထဲထိုင္ေနတာမၾကားဘူးဆိုတာ ျဖစ္နိုင္ပါ့မလား။ ကိုယ္ရွက္မွာစိုးလို႔သာ အလိုက္တသင့္ေျပာေပးေနတာ
စားေနရင္းနဲ႔ ေခါင္းငံု႔ရယ္ေနတာ မျမင္စရာလား။

" ေနာက္ရက္ နင့္အတြက္ယူမလာဘူး
တံငါကုန္းသူမ "

"ေျပာေပါ့ တံငါကုန္းသူမဆိုရင္ေတာင္
ကိုကို႔ အတြက္သီးသန္႔ ႐ြာသူေလးလုပ္ေပးမယ္ ၊အဲ့ေလာက္ထိ တို႔မ်ားက
စိတ္ကူးယဥ္ထားၿပီးသား "

တမင္စေနာက္ေနတဲ့စကားဆိုေပမဲ့ဟိုးအရင္
ေက်ာင္းသူဘဝကတည္းက နန္းျမတ္က ကိုကို႔ကိုစိတ္ဝင္စားဖူးသူမို႔ ရင္ထဲေတာ့ မခ်ိလွပါ။ကိုကုိ႔ဖက္ကမစလို႔သာ လႈပ္္မရတာ။ ကိုကိုသာ စိတ္ဝင္စားေယာင္ျပၾကည့္ နန္းျမတ္က တခါထဲေခါင္းညိမ့္မဲ့သေဘာရွိသည္။ ေနာက္ထပ္ ဘာစကားမွ
မေျပာလာေစခ်င္ေတာ့တာမို႔ အသံတိတ္ၿပီး မသိခ်င္ေယာင္ေဆာင္ထားလိုက္မိသည္ထိ ကိုကိုနဲ႔ပတ္သတ္လာရင္ သူက အကဲပိုမိတုန္း။

________

" သားေရ ေသာ္ေသာ့္ဆီကဖုန္းလာေနတယ္ "

သက္ပံုေအာ္သံေၾကာင့္ ထမ္းထားတဲ့ ပဲပိုင္းကို ကားေပၚပစ္တင္ရင္း လူက အိမ္ထဲကိုအျမန္ေျပးဝင္လာမိသည္။ အိမ္ေရာက္တာ ၆ရက္ရွိေနၿပီ။ ညဆို ေသာ္က Night Duty ဆင္းရသလို ေန႔ဆိုေနျမင့္ေအာင္ အိပ္တက္သည္မို႔ စကားေကာင္းေကာင္းမေျပာရတဲ့ရက္ေတြ မ်ားေနၿပီဆိုရမည္။ တခါမွမခြဲဘူးတာမို႔ အေတာ္ေလး စိတ္ကသိကေအာက္ ျဖစ္ရသည္မို႔ ျပန္ခ်င္တာလူက တပိုင္းေသေနၿပီျဖစ္၏။
ညဆို ခြအိပ္ေနက် အိမ္ကဖက္လံုးသည္ ေသာ္လိုေမႊးပ်ံ ့ေသာ ရနံ ့သင္းသင္းမရွိသလို ေအးစက္စက္နဲ႔အရသာမရွိ။

" ျဖည္းျဖည္းလာတာမဟုတ္ဘူး "

လွမ္းေပးေသာဖုန္းကိုယူၿပီး ခြင့္လႊတ္ပါဆိုတဲ့သေဘာနဲ႔ သားက ၿပံဳးျပၿပီးလ်ွင္

" ေသာ္ေစာင့္ေနရတာၾကာမွာစိုးလို႔ပါ သက္ပံု ရာ "ဟု ဆင္ေျခေပးလာ၏။

ဖုန္းယူသြားသည့္တိုင္ေအာင္ ေက်ာခိုင္းသြားသည့္ေက်ာျပင္ကို သူေငးၾကည့္မိတုန္းပင္။ ပံုညာဦးခ်ီ ဆိုၿပီး သူတို႔ နွစ္ေယာက္ေပးျဖစ္ခဲ့တဲ့နာမည္ေလးနွင့္လိုက္ဖက္ေအာင္ သားက ေယာက်ာ္းပီလာသည္။ ရွည္လ်ားတဲ့ ေျခတန္ရွည္ေတြသည္ ခ်ည္ၾကမ္းပုဆိုး၏ ေအာက္မွာ အၿမဲ ကြယ္ဝွက္ေနတက္ၿပီး ၾကည္သာေသာအၿပံဳးကိုသာျမင္ရသူ ေအးခ်မ္းသြားေအာင္ ၿပံဳး ရယ္ေပးတက္သူ၊

၂၄နွစ္ဆိုေသာ အ႐ြယ္ပမာဏ ေရာက္လာသည္ထိ သားသည္သူတို႔ မ်က္စိေရွ႕ေအာက္မွာ
ေကာင္းမြန္စြာ ႀကီးထြားလာခဲ့ေလၿပီ။

ဒီေကာင္ေလးက သူတို႔သားေလးပါလားဆိုတဲ့စိတ္က ရင္ထဲမွာ သိမ့္ခနဲ။

ေၾသာ္ သားလွရတနာ။

" မ်က္စိေရွ႕တင္ သားက အ႐ြယ္ေရာက္လာတယ္မို႔လားသက္ပံု"

ေဘးကေနလာရပ္တဲ့ လူရိပ္ေၾကာင့္ သားကိုၾကည့္ေနရာမွ ျပန္ေမာ့မၾကည့္ပဲ

" အင္း အမ်ားႀကီး အ႐ြယ္ေရာက္လာတယ္ ျဖစ္နိုင္ရင္ သားကို အသက္မႀကီးခ်င္ေသးဘူး ေကာင္းခ်ီ ၊ စိတ္ထဲမွာ သားကို ကေလးေသးေသးေလးလိုေထြးေပြ႕ခ်င္ေနတုန္းပဲ "

"ျဖစ္ရေလ ခင္ဗ်ားရယ္ ၊ ျဖတ္သင့္တဲ့သံေယာဇဥ္ေတြျဖတ္ထားလိုက္စမ္းပါ ၊ ေပြ ႕ခ်င္ကြၽန္ေတာ္ကိုပဲေပြ႕ထား.. ခင္ဗ်ားအတြက္ဆိုရင္ အခ်ိန္တိုင္း ကေလးေလးျဖစ္ေပးဆိုျဖစ္ေပးပါ့မယ္ ခင္ဗ်ားသားကေတာ့ အခ်ိန္တန္ ေယာက်ာ္းယူသြားမဲ့ေကာင္ဆိုေတာ့ ခင္ဗ်ား သေဘာထားကိုလက္ခံမွာမဟုတ္ဘူးဗ် "

ေကာင္းခ်ီရဲ႕ မေထာ္မနန္းစကားေၾကာင့္
မ်က္ေစာင္းလွည့္႐ြယ္ရင္းရန္ေတြ႕မိသည္။
တစ္ေယာက္ကိုတစ္ေယာက္ အေဖာ္ျပဳရင္းေနခဲ့ၾကရတာမို႔ ေအးတူပူအမ်ွရွိေပမဲ့ တခါတေလ ေတာ့ ပ်င္းရိလွပါ၏ ။
ေမြးထားတဲ့ တစ္ဦးတည္းေသာ သားက
အခ်ိန္တန္ေဘးနားမွာ ျပန္လာေနမယ္
ဆိုေပမဲ့ အဲ့အခ်ိန္က ဘယ္ေန႔မွန္းမသိ။

" ဘာေၾကာင့္ မင္းကိုေထြးေပြ ႕ရမွာလဲ။မင္းရုပ္ကိုလည္း ျကည့္ပါဦး အသက္ကျဖင့္ ၅၀နားကပ္ေနၿပီ ဘယ္ေနရာက ကေလးနဲ႔တူလို႔လဲ။ တလြဲေတြ "

" ကြၽန္ေတာ့္ အသက္ကိုပဲျမင္ေနတာ
ခင္ဗ်ားအေပၚထားတဲ့ အခ်စ္ေတြကိုေတာ့မျမင္ဘူးမို႔လား "

" ၾကည့္စမ္း မသင့္ေတာ္တဲ့ စကားေတြအရွက္မရွိေျပာျပန္ၿပီ"

မ်က္ခံုးပင့္ကာ ဟန္ပါပါေမးမိစဥ္ ရွက္႐ြံစြာ
လြင့္လာတဲ့ စကားနဲ႔ မ်က္နွာထားက ငယ္စဥ္ကေနလံုးဝမဆိုင္ေတာ့ ။
အသက္ႀကီးလာတယ္ဆိုေပမဲ့ ေဟာင္းႏြမ္းမသြားတဲ့ အျပဳအမူေလးေတြနဲ႔ ခင္ဗ်ားကေတာ့ ခ်စ္စရာေကာင္းေနတုန္းပဲကြၽန္ေတာ္ သက္မင္းပံု။

_______

"ဟယ္လို ေသာ္ "

ဖုန္းကို နားမွာကပ္ရင္း အိမ္ေရွ႕ ခေရပင္ရွိရာ သစ္သားကြပ္ပ်စ္ ဆီကို ၿပံဳးရင္းသြားေနမိသည္။

" မင္း ပဲပိုင္းေတြထမ္းေနျပန္ၿပီဆို "

အေမးရွိလာေတာ့လည္း ေျဖေပးရမွာသူ႔အလုပ္ဆိုေသာ္ျငား ေသာ္က အေလးအပင္ေတြ သယ္ပိုးတာ မႀကိဳက္တက္သူမို႔ ၿပံဳးလက္စေလးေပ်ာက္ကာ အဆူခံရမဲ့ကေလးငယ္လို ျဖစ္ရျပန္သည္။

" ပြဲရုံက ကိုထူးျမင့္ေလ ၊ သူ ႔အမ်ိဳးသမီး
မီးဖြားေတာ့မယ္ဆိုၿပီး လာေခၚေတာ့ "

"အဲ့ဒါနဲ႔ မင္းက တျခားသူေတြ မလုပ္ခိုင္းပဲဝင္ထမ္းေပးတယ္ဆိုပါေတာ့..ဟုတ္လားကိုစိတ္ရင္းေကာင္းႀကီးရဲ႕ "

ခနိုးခနဲ႔ ႐ြဲ႕လာတဲ့ ပံုေလးေၾကာင့္ လူမျမင္ရေပမဲ့ ပါးေတြ ဆြဲညစ္ခ်င္တာ အသည္းတယားယား ။

" တျခားသူက တျခားသူ ေပါ့ေသာ္ရာ။
ကိုကို က အားေကာင္းေမာင္းသန္ေယာက်ာ္းတစ္ေယာက္ျဖစ္ေနလ်က္နဲ႔ ထိုင္ေတာ့မၾကည့္ခ်င္ပါဘူး။ အလုပ္ရွင္ နဲ႔ အလုပ္သမား ဆိုတဲ့ အျမင္ကုိမၾကည့္ပဲ
ကိုယ္ပစၥည္းကိုယ္လုပ္တယ္လို႔ပဲၾကည့္
စမ္းပါ။"

"မင္းပဲ အေျပာေကာင္း "

အိပ္ယာထဲ ဝင္ထိုင္ကာ ျခင္ေထာင္ေတြ
ခ်ေနရင္း မေက်မနပ္ေျပာမိသည္။
အေရးထဲ စိတ္တိုေနပါတယ္ဆိုမွ ျခင္ေထာင္က တိုင္မွာ ၿငိေနေသး၍

" ေတာက္! ဒီျခင္ေထာင္က တေမွာင့္ "

ခါတိုင္း အိပ္ယာေပၚ ဝင္ထိုးလွဲအိပ္လိုက္တာနဲ႔ ျခင္ေထာင္ခ်ေပး၊ ေဘးမွာျခင္္မဝင္ေအာင္ လိုက္ဖိေပးနဲ႔ လုပ္ေပးတက္ေသာသူက အနားမွာ မရွိ။ တစ္ေယာက္ထဲေနၾကည့္ေလ အဆင္မေျပေလမို ႔
ေသာ္ တအား ကိုကို႔ကို လြမ္းေနေလၿပီ။

" ျခင္ေထာင္ၿငိေနတယ္ဆိုရင္ ေသခ်ာ ျဖဳတ္ေလေသာ္ရဲ႕၊ မဟုတ္လို႔ အေပါက္ျဖစ္သြားရင္ ျခင္ဝင္တာနဲ႔ ေသာ္ေကာင္းေကာင္းအိပ္ရမွာမဟုတ္ဘူးေနာ္"

"ဆရာလာမလုပ္နဲ႔။ မေက်နပ္ရင္ မင္းကိုယ္တိုင္လာလုပ္ "

ျပန္လာပါလို႔လည္း ေျပာမထြက္ေလဟန္ရွိတဲ့ေသာ့္ေၾကာင့္ ေႂကြက်ေနတဲ့ ခေရပန္းေလးေတြကိုေငးကာ ဦးခ်ီ ဖြဖြၿပံဳးမိ၏။
တကယ္တမ္းက် ေသာ့္ကို သူကိုယ္တိုင္
လည္း တမ္းတမ္းတတ သတိရေနမိတာပဲမို႔လား။ သြားေလရာ တေကာက္ေကာက္ သူနဲ႔အတူ တန္းလန္းေလးပါတက္တဲ့ေသာ္က အခုဆို တစ္ေယာက္ထဲ ဘာမွမလုပ္တက္ေတာ့ေလဟန္။

" ေသာ္ကကြာ ၊ မအိပ္ခင္ စကားေလးခဏေျပာရတာကို ေကာင္းေကာင္းမေျပာခ်င္ဘူး။ ဘာလဲ သဖက္ခါ ကိုကိုျပန္မလာရေတာ့ဘူးလား "

"ဟင္!"

အာေမဋိတ္သံ တိုးတိုးေၾကာင့္ ေက်နပ္ျခင္းေတြကအလံုးအရင္း။ တိုး၍ ၾကည္ႏူးလာတဲ့ အခိုက္အတန္႔က မိုင္တစ္ရာေက်ာ္ေလာက္အကြာအေဝးက ေကာင္ေလး
ရဲ႕ ေပ်ာ္ရႊင္သြားမဲ့ရုပ္ကေလးေၾကာင့္ ျဖစ္မည္။

" တကယ္လား ၊ ျပန္လာေတာ့မွာလား "

ေခါင္းငံု႔ရယ္လိုက္ေသာ္ျငား တစ္ဖက္လူကုိေတာ့မသိေစရ။

" အင္း အဲ့ဒါေသာ္ ခြင့္ျပဳေပးမွပါ။ ဘယ္လိုလဲ ကိုကိုျပန္လာခဲ့ရမွာလား ၊ အဲ့လိုမွမဟုတ္ပဲ ေသာ္က ျပန္မလာခဲ့နဲ႔ဆိုရင္ေတာ့ ကိုကိုက... "

"မင္း ေနနိုင္ရင္ေနၾကည့္ေလ "

" မေန ..."

စကားေတာင္မဆံုးေသး ဖုန္းကိုဇြတ္ခ်သြားတဲ့ေသာ့္ေၾကာင့္ တဟားဟားး ေအာ္ရယ္မိေသး။ စိတ္က လက္တဆစ္ပါလားေသာ္ရယ္၊ မေနနိုင္ပါဘူးလို႔ ေတာင္ ေျပာခြင့္ေပးမသြားဘူး ခ်က္ျခင္း ဖုန္းခ်ပစ္တယ္ ။

" မင္း တကယ္ဆိုးတာပဲ ေသာ္ "

သူ႔အေတြးနဲ႔သူ ဖုန္းမွန္ျပင္ေပၚက ပါးခ်ိဳင့္ႀကီးႀကီးနဲ႔ေကာင္ေလးကို လက္ညိဳးနဲ႔ေတာက္က တစ္ေယာက္ထဲ ေျပာေနစဥ္
လူရိပ္က မ်က္စိေရွ႕လာရပ္လာရင္း..

" ျပန္မွာျဖင့္ျပန္ေတာ့ ေဖ့သား ၊ ခဏေလး႐ြာအလည္ျပန္လာတာေတာင္ အိမ္က မင္းမိန္းမကို လြမ္းေနမွေတာ့ တစ္လေလာက္ေနဦးလို႔ မတားေတာ့ပါဘူး "

" ဟာ တင္ေမာင္ညႊန္႔ အသံမေပးဘာမေပးနဲ႔ လာကြာ ထိုင္ "

ေဘးက ေနရာလြတ္ကို ပုတ္ျပလ်က္
နႈတ္ဆက္ေတာ့ တင္ေမာင္ၫြန္႔က ဝတ္ထားတဲ့အက်ၤ ီကို အပူသက္သာေအာင္ ခါရင္းဝင္ထိုင္လာသည္။

" ႐ြာေရာက္ကတည္းက အိမ္ကိုတစ္ေခါက္ေတာင္ မလာဘူးေနာ္ မင္းအေတာ္ေနနိုင္တဲ့ေကာင္ "

"မလာဆို အိမ္ျပန္ေရာက္တုန္း ပါးပါးတို႔
သက္သာေအာင္ ပြဲရုံအလုပ္ေတြ ကူေပးေနရတယ္ေလကြာ ..ဘယ္နွယ့္လဲ မင္းဆိုင္အလုပ္ေတြ အေျခေနေကာင္းလား "

" အင္း ၿမိဳ ႕ေတြလို တစ္ရက္ထဲ အမ်ားႀကီးေရာင္းအားတက္တာမ်ိဳးမဟုတ္ေပမဲ့
ငါ့ဆိုင္နဲ႔ငါေတာ့ မဆိုးဘူးေျပာရမွာပဲ။ ေန႔တိုင္း ၂လံုး ၊၃လံုးေတာ့ မေရာင္းရဘူး။ ဒါေပမဲ့ ဖုန္းျပင္တာမ်ိဳးကေတာ့ ႐ြာမွာငါတစ္ဆိုင္ထဲဆိုေတာ့ အလုပ္ျဖစ္ပါတယ္"

" အဲ့ဒီအသံပဲ ၾကားခ်င္ပါတယ္ ..ဒါနဲ႔ သီတင္းကြၽတ္ေရာက္ေတာ့မယ္ေနာ္ ဒီနွစ္ေရာ
မင္း မစြံေသးဘူးလား "

သူ႔စကားေၾကာင့္ တင္ေမာင္းၫြန္႔ကာ တဟားဟား အားရေအာင္ေအာ္ရယ္ၿပီးမွ

" ငါ့ကိုလာမေမးနဲ႔ မင္းကေရာ ဘယ္ေတာ့
မင္းမိန္းမနဲ႔ အတိအလင္း ျဖစ္မွာလဲေျပာ။
အခ်ိန္ေတြဆြဲမေနနဲ႔ေတာ့ ေဖ့သားရ၊
မင္းရဲ႕ေသာ္က အရင္လို ကေလးေလးမဟုတ္ေတာ့ဘူးေနာ္၊ အၿပံဳးလွလွေလးနဲ႔
လူနာေတြေရာ ၊ ဆရာဝန္မေလးေတြကိုေရာ ေႂကြေအာင္ ေႁခြနိုင္တဲ့ ဆရာဝန္ႀကီးေတာင္ ျဖစ္ေနၿပီ။ ေနာက္မွ ကိုကို ဒါ ကြၽန္ေတာ့္ရည္းစားဆိုၿပီး ဆြဲေခၚ မိတ္ဆက္ေပးမွဟက္ေကာ့ႀကီးျဖစ္က်န္ခဲ့မယ္ "

" ဘာေတြလာေျပာေနတာလဲ ေသာ္နဲ႔ငါက "

"ရုိးသားပါတယ္လို႔ေျပာမလို႔လား။ "

ေရွ႕ကေနပိတ္ေျပာလိုက္တင္ေမာင္ၫြန္႔စကားေၾကာင့္ ဦးခ်ီ စိတ္အလိုမက်စြာ ျပန္လွည့္ၾကည့္မိသည္။မရုိးသားေတာ့ သူတို႔ကဘာျဖစ္ေနလို႔လဲ။ မႈန္ကုတ္ကုတ္ျဖစ္ေနတဲ့သူ႔ရုပ္ကို တင္ေမာင္ၫြန္႔ကာ ျပန္ၾကည့္လာကာ

" မဟုတ္ေသးဘူး ပံုညာ ၊ မင္းငါ့ကိုအဲ့ဒီလို မၾကည့္နဲ႔ .. မင္းစိတ္ကိုမင္းမသိေသးလို႔ဒီတိုင္းျဖစ္ေနတာပါ ၊ ယေသာ္လင္းအေပၚထားတဲ့ မင္းခံစားခ်က္က သူငယ္ခ်င္းထက္ပိုေနတယ္ဆိုတာ မင္းမသိေပမဲ့ ေဘးလူေတြအကုန္သိတယ္၊ ယုတ္စြဆံုး မင္းမိဘေတြေတာင္ မင္းစိတ္ကို သိလို႔ စိတ္ခ်မ္းသာေအာင္ လႊတ္ေပးထားတာ"

"မဟုတ္ဘူး ေသာ္က ငါ့သူငယ္ခ်င္း "

ေသာ့္ကို တစ္ခါမွ သူ႔ရည္းစားအျဖစ္ ျမင္မၾကည့္ဘူးသလို ျမင္လည္းမျမင္ရက္ပါ။
ေနာက္ထိ သူ ဒီအေၾကာင္းနဲ႔ပတ္သတ္ၿပီး
လက္မခံနိုင္ေသးတာမို႔ ေခါင္းခါရမ္းကာ ျငင္းခ်က္ထုတ္မိသည္။

ဟုတ္တယ္ ေသာ္က သူ႔သူငယ္ခ်င္း ။

"ငါတို႔က ၾကားလူေတြပံုညာ။ မင္းမႀကိဳက္ရင္ ငါဆက္မေျပာေတာ့ဘူး ေအး ဒါေပမဲ့ မင္း သိလာတဲ့ အခါ အရမ္းေနာက္က်သြားမွာေတာ့စိုးတယ္ "

တင္ေမာင္ၫြန္႔မသက္မသာ သက္ျပင္းခ်မိသည္။ စိတ္ရႈပ္စြာ ဆံပင္ေတြကိုထိုးဖြရင္း အေဝးကိုေငးၾကည့္ေနတဲ့ ပံုညာကို
ေခါင္ေအးေအး စဥ္းစားနိုင္ေအာင္ သူတိတ္ဆိတ္ေနေပးလိုက္၏။

ေသာ္လို ပါးစပ္ဖ်ားက မခ်တမ္းေခၚတက္တဲ့ မင္းက အခ်စ္ကိုမသိနားမလည္ေသးတာပါပံုညာ..
စဥ္စားလိုက္သူငယ္ခ်င္း
မင္းစိတ္ကို မင္းလက္ခံေအာင္
ေသခ်ာ အႀကိမ္ႀကိမ္ စဥ္းစားၾကည့္ပါ..

ခ်စ္တဲ့အိမ္စည္။

(ငါေနာ္ စိတ္မရွည္ေတာ့ဘူး ။)

" ဒေါက်တာသော့်အတွက်တဲ့ အိမ်က လာပို့သွာတယ် "

နားနေခန်းထဲဝင်ဝင်ချင်း မစန္ဒါလှမ်းပြောလာတာကြောင့် မလှမ်းမကမ်းက စားပွဲပေါ်က အထုတ်တွေကိုလှမ်းကြည့်မိသည်။
ထို့နောက် ပြုံးလျက် အခန်းထဲဝင်လာရင်း
ပလက်စတစ်ခုံကိုဆွဲကာဝင်ထိုင်ရင်း

" ကိုကို ပို့ခိုင်းထားတာထင်တယ် ။
နန်းမြတ်ဘယ်သွားလဲ၊ သူလာရင် တစ်ခါထဲ စားရအောင် မစန္ဒာလည်း တခါထဲဝိုင်းထိုင်လိုက်လေ "

ညတိုင်းဒီချိန်ဆို အိမ်ကတစ်ခုမဟုတ်တစ်ခုတော့ပို့ပေးတက်သည် ။ လူမရှိပေမဲ့
ထောင့်စိအောင် ဂရုစိုက်တက်လွန်းသူသည် ဖုန်းတဂွမ်ဂွမ်ဆက်ကာ လိုလေစိတ်မရှိအောင် ဖြည့်ဆည်းပေးနေတုန်းပင်။

" အကောင်းဆုံးပေါ့ ဒေါက်တာရယ်၊
အချိန်ကိုမှန်နေတာပဲနော် ဒေါက်တာအိမ်က ၊ အဲ့ဒါကြောင့် ဒေါက်တာသုသုနဲ့ ဆရာမလေးတွေက ဒေါက်တာသော်နဲ့ ဂျူ တီအတူ ကျ ချင်ကြတာ ..လာပို့ရင်လည်း
တစ်ယောက်စာမဟုတ်ပဲ အကုန်လုံးလောက်ငှအောင် ပို့ပေးတယ်၊ လက်ရာကလည်းကောင်းဆိုတော့ အဆင်ကိုပြေနေတာပဲ..စကားမဆက် ကျွန်မက ဒေါက်တာသော်တို့ဆိုင်က ထောပတ်ကိတ်ကိုအတော်လေး ကြိုက်တယ် "

မစန္ဒာစကားကြောင့်သော်ပြုံးမိပြီးလျှင်

" ဟုတ်ပါပြီဗျာ .. ဒါဆို မနက်ဖန် ယူခဲ့ပေးပါ့မယ်"

မစန္ဒာက အပြာဝတ်သူနာပြု ဆိုပေမဲ့
အသက်ကြီးတာရော ၊ သော်တို့ထက်လုပ်သက်ရင့်တာရောကြောင့် အမတစ်ယောက်လို လေးလေးစားစားဆက်ဆံရသည်။
စီနီယာလို့သာ ပြောတာပါ သဘောကောင်းသူမို့ တခါတလေ အသက်ကြီးမှန်းတောင် မေ့သွားလောက်အောင် အပြောဆို ညက်ကာ လူငယ်တွေနဲ့ တန်းတူ နေတက်သည်။

"အတိုင်းထက်အလွန် ကျေးဇူးတင်ရပါတယ်လို့ပဲ အားမနာပဲပြောရတော့မယ်ဒေါက်တာသော်ရေ .. "

" ရပါတယ်အမ ရာ ၊ ပြောရမဲ့သူတွေမှမဟုတ်ပဲ။

ထိုစဉ်..

"ဘာတွေကျေးဇူးတင်နေတာလဲ မစန္ဒာ"

ဖွင့်ထားတဲ့ အခန်းတံခါးကနေနန်းမြတ် ဝင်လာပြီး နားနေခန်းအပေါက်ဝ နားက ဘေစင်မှာ လက်အရင်ဝင်ဆေးရင်းမေး၏။

" ထုံးစံအတိုင်း ဒေါက်တာသော့်အိမ်က စားစရာပို့တဲ့အကြောင်းရယ် ၊ စားချင်တာကို ပူဆာနေတဲ့ အကြောင်းရယ်ပေါ့ရှင်"

" လာပို့သွားပြီလား "

သော်တို့ထိုင်နေတဲ့ဘေးဝင်ထိုင်ရင်း tissue box ထဲက tissue တွေ ဆွဲထုတ်ကာ ရေစိုနေသောလက်ကိုသုတ်သည်။
ည၉နာရီကျော်အချိန်ပင်ဖြစ်လင့်ကစား
နန်းမြတ်က အစိမ်းနုရောင် ပါတိတ်ဝမ်းဆက် နဲ့ ကျော့ရှင်းသောကိုယ်ဟန်က နည်းနည်းမှ အရောင်အဝါမကျဆင်းသေး။
လှပသော ရုပ်ရည်ကြောင့်ဆေးလောကတွင် နန်းမြတ်၏ နာမည်က
လူတိုင်းနီးပါးသိကြသလို ခုချိန်ထိ တွဲနေတဲ့ သူမရှိသေးတာကြောင့် မျှော်လင့်စောင်းစားနေကြသူများကအများအပြား။

" အင်း ပို့သွားပြီ ၊ နင် လူနာကြည့်ပြန်လာတာလား "

"အင်း ကုတင် နံပါတ် ၇ က
ဒေါ်ခင်ချိုရီဆိုတဲ့ အဒေါ်ကြီးလေ ၊ ဗိုက်အောင့်တယ်ဆိုလို့ ဆေးတစ်လုံးသွားထိုးပေးလာတာ .. ဘာတွေလဲ ယသော် ၊ ငါ ဒီနေ့ အစောကြီးအိပ်ချင်နေတယ်သိလား .. လက်ဖက်သုပ်ကလေးပါရင်ကောင်းမယ် "

သော့်အမေးကိုခေါင်းညိမ့်ပြရင်း သူ့ဝသီအတိုင်း ထိုင်လိုက်တာနဲ့ အစားအသောက်ကိုအရင်စိတ်ဝင်စားသည်။ လက်ကလည်း ချက်ခြင်းအထုပ်တွေဖြည်ကာ ဘာပါသလဲ ကြည့်၍
တစ်ခုချင်း အပြင်ထုတ်ကြည့်၏။ စားတိုင်းသာ ဝမယ်ဆိုရင် နန်းမြတ်က ဖက်တီးပုတ်ကြီးဖြစ်နေမှာ သေချာသလောက်ပင်။

"လက်ဖက်သုပ်ကလေးပါတယ်ဟ ၊
သီးစုံသုပ် ၊ ထမင်းဆီစမ်း ၊ ဗူးထဲကဘာတွေလဲ ဝိုး ရှယ်ပဲဟေ့ လိမ္မော်သီးဖျော်ရည် တွေ .. ဟဲ့နေစမ်းပါဦး ပြောတော့ ကိုကို ခရီးသွားနေတာဆို ဒါတွေက ဘယ်သူလုပ်ပေးတာလဲ ပြော "

ကိုကိုဆိုသော နာမ်စားက သော်တစ်ယောက်ပဲခေါ်ခွင့်ရှိတာမဟုတ်။ နန်းမြတ်အပါအဝင် သုသုတို့ လပြည့်တို့ကလည်း သော့်ခေါ်သလို အကျင့်ပါပြီး ထိုသို့ခေါ်ကြ၏။အမှန်ဆို ပုံညာဦးချီက သော်နဲ့တောင် ၆လပဲကွာတာမို့ အသက်ကြီးလှတယ်ဟုမဆိုသာ။ ကိုယ်ပိုင်အလုပ်နှင့် တည်ငြိမ်သောဟန်ပန်ကြောင့် တော်တော်များများ အသက်ကြီးတယ်ဟုထင်ကာရှိန်ကြသည်။

" အိမ်မှာ လွင်ဦး ရှိသေးတယ်လေ ၊ ညတိုင်းနင်စားနေတဲ့ မုန့်တွေက လွင်ဦး လုပ်ပေးထားတာ ။ အစားအသောက်အဲ့လောက်ကြိုက်ရင် နင်လွင်ဦးကို စဉ်းစားသင့်တယ်မဟုတ်ဘူးလား "

ပြောမနာဆိုမနာတွေမို့ သော် အခွင့်သာတုန်း လွင်ဦးခန့်အတွက် စကားပါးသေးသည်။ လွင်ဦးဆိုတဲ့ကောင်ရွာမပြန်ရခြင်း၏ အကြောင်းတရားကလည်း ဒီဆရာဝန်မလေးကြောင့်ဆိုရင်မမှား။

နန်းမြတ်က လိမ်မော်ရည်ကို ခွက်ထဲလောင်းငဲ့ထည့်ရင်း ယသော်လင်းထံ မျက်စောင်းလှမ်းရွယ်သည်။ မျက်လုံးထဲ နန်းကိုမြင်လျှင် ဘာမှမလုပ်တက်တော့ပဲ ပြူးတိပြူးကြောင် ဖြစ်သွားလေ့ရှိသော လူကိုမြင်ယောင်မိလျှင် နှုတ်ခမ်းတွေက အော်တိုမဲ့၏။

" မကြိုက်နိုင်ပါဘူး အူကြောင်ကြောင်နဲ့ ၊
လူရှေ့ရောက်လာရင် တလွဲက လုပ်သေး"

" သြော် ဒါကတော့ ချစ်တာကိုးဟ၊
နင် လွင်ဦးလို လူကို ရှာကြည့်အုံး ထမင်းထုပ်သာ သိုးသွားမယ် တွေ့မှာမဟုတ်ဘူး။သူ နင့်ကို တဖက်သတ်ချစ်နေရတာ ဘယ်နှစ်နှစ်တောင်ရှိပြီလဲ ဇွဲဆုလေးတော့ပေးသင့်တယ်မထင်ဘူးလား "

" မထင်ပါဘူး ၊ သူက ငါ့စတိုင်လ် မှမဟုတ်တာ ၊ နင့်ကိုကို ဆိုရင် တော်သေးတယ်။ပေးချင်ရင် ကိုကို့ကိုပေးလေ ၊ စဉ်းစားမနေဘူး ချက်ခြင်း ခေါင်းညိမ့်လိုက်မယ် "

သော့် နှုတ်ခမ်းကိုရွဲ့ကာ ချက်ခြင်းပြော၏။

" ဆုတောင်းလေ ၊ ကိုကို က တစ်သက်လုံး လူပျိုကြီးလုပ်မှာတဲ့ .."

ပေးစရာလား ကိုယ်တောင် မြင်နေရုံနဲ့လောဘမသတ်နိုင်တာ ၊ တပါးသူပေးဖို့ဆို
ဝေလာဝေး။ သော့်ဖက်က တသက်လုံး ကိုကိုနဲ့ပတ်သတ်လာရင် သေးသေးလေးတောင် အစမခံမှန်းသိတော့ထပ်မစတော့ပေမဲ့ ရုပ်ကတော့ ပြုံးစိစိလုပ်နေသေးသည်။ နေစမ်းပါအုံး သူ့စားစရာတွေလည်းယူစားသေးတယ်၊ ကိုယ့်နှလုံးသားကိုလည်း အလကားရမလားလို့ နှိုက်မြည်းချင်သေးတယ် ဒါဘာသဘောလဲ။

" ရုပ်ကြီးအိုမနေပါနဲ့ ဘေးမှာ မစန္ဒာတစ်ယောက်လုံးထိုင်နေသေးတယ်ဆိုတာ သတိရဦး ၊ မသိရင်ရည်းစားလုဖက်လိုပဲ ဖြစ်ပျက်နေတာပဲ "

"ဟာ! နန်းမြတ် နင်နော် "

ဘေးက မစန္ဒာကိုရှက်ရှက်နဲ့ လှမ်းကြည့်ရင်း သော် အလိုက်ကန်းဆိုးမသိတဲ့ကလေးမကိုအော်ရပြန်သည်။ ဒါကိုကြားတဲ့မစန္ဒာက အသီးသုပ်ကိုဇွန်းနဲ့ကော်ကာ

" အလိုတော် ကျွန်မ ဘာမှမပြောပါဘူး၊
သီးစုံ သုပ်လောက် လတ်တလော ဘယ်အရာမှ ကျွန်မကို စိတ်ဝင်စားအောင် မလုပ်နိုင်ပါဘူးတော် "

ဒီနားတစ်ဝိုင်းထဲထိုင်နေတာမကြားဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ကိုယ်ရှက်မှာစိုးလို့သာ အလိုက်တသင့်ပြောပေးနေတာ
စားနေရင်းနဲ့ ခေါင်းငုံ့ရယ်နေတာ မမြင်စရာလား။

" နောက်ရက် နင့်အတွက်ယူမလာဘူး
တံငါကုန်းသူမ "

"ပြောပေါ့ တံငါကုန်းသူမဆိုရင်တောင်
ကိုကို့ အတွက်သီးသန့် ရွာသူလေးလုပ်ပေးမယ် ၊အဲ့လောက်ထိ တို့များက
စိတ်ကူးယဉ်ထားပြီးသား "

တမင်စနောက်နေတဲ့စကားဆိုပေမဲ့ဟိုးအရင်
ကျောင်းသူဘဝကတည်းက နန်းမြတ်က ကိုကို့ကိုစိတ်ဝင်စားဖူးသူမို့ ရင်ထဲတော့ မချိလှပါ။ကိုကို့ဖက်ကမစလို့သာ လှုပ်မရတာ။ ကိုကိုသာ စိတ်ဝင်စားယောင်ပြကြည့် နန်းမြတ်က တခါထဲခေါင်းညိမ့်မဲ့သဘောရှိသည်။ နောက်ထပ် ဘာစကားမှ
မပြောလာစေချင်တော့တာမို့ အသံတိတ်ပြီး မသိချင်ယောင်ဆောင်ထားလိုက်မိသည်ထိ ကိုကိုနဲ့ပတ်သတ်လာရင် သူက အကဲပိုမိတုန်း။

________

" သားရေ သော်သော့်ဆီကဖုန်းလာနေတယ် "

သက်ပုံအော်သံကြောင့် ထမ်းထားတဲ့ ပဲပိုင်းကို ကားပေါ်ပစ်တင်ရင်း လူက အိမ်ထဲကိုအမြန်ပြေးဝင်လာမိသည်။ အိမ်ရောက်တာ ၆ရက်ရှိနေပြီ။ ညဆို သော်က Night Duty ဆင်းရသလို နေ့ဆိုနေမြင့်အောင် အိပ်တက်သည်မို့ စကားကောင်းကောင်းမပြောရတဲ့ရက်တွေ များနေပြီဆိုရမည်။ တခါမှမခွဲဘူးတာမို့ အတော်လေး စိတ်ကသိကအောက် ဖြစ်ရသည်မို့ ပြန်ချင်တာလူက တပိုင်းသေနေပြီဖြစ်၏။
ညဆို ခွအိပ်နေကျ အိမ်ကဖက်လုံးသည် သော်လိုမွှေးပျံ့ သော ရနံ့ သင်းသင်းမရှိသလို အေးစက်စက်နဲ့အရသာမရှိ။

" ဖြည်းဖြည်းလာတာမဟုတ်ဘူး "

လှမ်းပေးသောဖုန်းကိုယူပြီး ခွင့်လွှတ်ပါဆိုတဲ့သဘောနဲ့ သားက ပြုံးပြပြီးလျှင်

" သော်စောင့်နေရတာကြာမှာစိုးလို့ပါ သက်ပုံ ရာ "ဟု ဆင်ခြေပေးလာ၏။

ဖုန်းယူသွားသည့်တိုင်အောင် ကျောခိုင်းသွားသည့်ကျောပြင်ကို သူငေးကြည့်မိတုန်းပင်။ ပုံညာဦးချီ ဆိုပြီး သူတို့ နှစ်ယောက်ပေးဖြစ်ခဲ့တဲ့နာမည်လေးနှင့်လိုက်ဖက်အောင် သားက ယောကျာ်းပီလာသည်။ ရှည်လျားတဲ့ ခြေတန်ရှည်တွေသည် ချည်ကြမ်းပုဆိုး၏ အောက်မှာ အမြဲ ကွယ်ဝှက်နေတက်ပြီး ကြည်သာသောအပြုံးကိုသာမြင်ရသူ အေးချမ်းသွားအောင် ပြုံး ရယ်ပေးတက်သူ၊

၂၄နှစ်ဆိုသော အရွယ်ပမာဏ ရောက်လာသည်ထိ သားသည်သူတို့ မျက်စိရှေ့အောက်မှာ
ကောင်းမွန်စွာ ကြီးထွားလာခဲ့လေပြီ။

ဒီကောင်လေးက သူတို့သားလေးပါလားဆိုတဲ့စိတ်က ရင်ထဲမှာ သိမ့်ခနဲ။

သြော် သားလှရတနာ။

" မျက်စိရှေ့တင် သားက အရွယ်ရောက်လာတယ်မို့လားသက်ပုံ"

ဘေးကနေလာရပ်တဲ့ လူရိပ်ကြောင့် သားကိုကြည့်နေရာမှ ပြန်မော့မကြည့်ပဲ

" အင်း အများကြီး အရွယ်ရောက်လာတယ် ဖြစ်နိုင်ရင် သားကို အသက်မကြီးချင်သေးဘူး ကောင်းချီ ၊ စိတ်ထဲမှာ သားကို ကလေးသေးသေးလေးလိုထွေးပွေ့ချင်နေတုန်းပဲ "

"ဖြစ်ရလေ ခင်ဗျားရယ် ၊ ဖြတ်သင့်တဲ့သံယောဇဉ်တွေဖြတ်ထားလိုက်စမ်းပါ ၊ ပွေ့ ချင်ကျွန်တော်ကိုပဲပွေ့ထား.. ခင်ဗျားအတွက်ဆိုရင် အချိန်တိုင်း ကလေးလေးဖြစ်ပေးဆိုဖြစ်ပေးပါ့မယ် ခင်ဗျားသားကတော့ အချိန်တန် ယောကျာ်းယူသွားမဲ့ကောင်ဆိုတော့ ခင်ဗျား သဘောထားကိုလက်ခံမှာမဟုတ်ဘူးဗျ "

ကောင်းချီရဲ့ မထော်မနန်းစကားကြောင့်
မျက်စောင်းလှည့်ရွယ်ရင်းရန်တွေ့မိသည်။
တစ်ယောက်ကိုတစ်ယောက် အဖော်ပြုရင်းနေခဲ့ကြရတာမို့ အေးတူပူအမျှရှိပေမဲ့ တခါတလေ တော့ ပျင်းရိလှပါ၏ ။
မွေးထားတဲ့ တစ်ဦးတည်းသော သားက
အချိန်တန်ဘေးနားမှာ ပြန်လာနေမယ်
ဆိုပေမဲ့ အဲ့အချိန်က ဘယ်နေ့မှန်းမသိ။

" ဘာကြောင့် မင်းကိုထွေးပွေ့ ရမှာလဲ။မင်းရုပ်ကိုလည်း ကြည့်ပါဦး အသက်ကဖြင့် ၅၀နားကပ်နေပြီ ဘယ်နေရာက ကလေးနဲ့တူလို့လဲ။ တလွဲတွေ "

" ကျွန်တော့် အသက်ကိုပဲမြင်နေတာ
ခင်ဗျားအပေါ်ထားတဲ့ အချစ်တွေကိုတော့မမြင်ဘူးမို့လား "

" ကြည့်စမ်း မသင့်တော်တဲ့ စကားတွေအရှက်မရှိပြောပြန်ပြီ"

မျက်ခုံးပင့်ကာ ဟန်ပါပါမေးမိစဉ် ရှက်ရွံစွာ
လွင့်လာတဲ့ စကားနဲ့ မျက်နှာထားက ငယ်စဉ်ကနေလုံးဝမဆိုင်တော့ ။
အသက်ကြီးလာတယ်ဆိုပေမဲ့ ဟောင်းနွမ်းမသွားတဲ့ အပြုအမူလေးတွေနဲ့ ခင်ဗျားကတော့ ချစ်စရာကောင်းနေတုန်းပဲကျွန်တော် သက်မင်းပုံ။

_______

"ဟယ်လို သော် "

ဖုန်းကို နားမှာကပ်ရင်း အိမ်ရှေ့ ခရေပင်ရှိရာ သစ်သားကွပ်ပျစ် ဆီကို ပြုံးရင်းသွားနေမိသည်။

" မင်း ပဲပိုင်းတွေထမ်းနေပြန်ပြီဆို "

အမေးရှိလာတော့လည်း ဖြေပေးရမှာသူ့အလုပ်ဆိုသော်ငြား သော်က အလေးအပင်တွေ သယ်ပိုးတာ မကြိုက်တက်သူမို့ ပြုံးလက်စလေးပျောက်ကာ အဆူခံရမဲ့ကလေးငယ်လို ဖြစ်ရပြန်သည်။

" ပွဲရုံက ကိုထူးမြင့်လေ ၊ သူ့ အမျိုးသမီး
မီးဖွားတော့မယ်ဆိုပြီး လာခေါ်တော့ "

"အဲ့ဒါနဲ့ မင်းက တခြားသူတွေ မလုပ်ခိုင်းပဲဝင်ထမ်းပေးတယ်ဆိုပါတော့..ဟုတ်လားကိုစိတ်ရင်းကောင်းကြီးရဲ့ "

ခနိုးခနဲ့ ရွဲ့လာတဲ့ ပုံလေးကြောင့် လူမမြင်ရပေမဲ့ ပါးတွေ ဆွဲညစ်ချင်တာ အသည်းတယားယား ။

" တခြားသူက တခြားသူ ပေါ့သော်ရာ။
ကိုကို က အားကောင်းမောင်းသန်ယောကျာ်းတစ်ယောက်ဖြစ်နေလျက်နဲ့ ထိုင်တော့မကြည့်ချင်ပါဘူး။ အလုပ်ရှင် နဲ့ အလုပ်သမား ဆိုတဲ့ အမြင်ကိုမကြည့်ပဲ
ကိုယ်ပစ္စည်းကိုယ်လုပ်တယ်လို့ပဲကြည့်
စမ်းပါ။"

"မင်းပဲ အပြောကောင်း "

အိပ်ယာထဲ ဝင်ထိုင်ကာ ခြင်ထောင်တွေ
ချနေရင်း မကျေမနပ်ပြောမိသည်။
အရေးထဲ စိတ်တိုနေပါတယ်ဆိုမှ ခြင်ထောင်က တိုင်မှာ ငြိနေသေး၍

" တောက်! ဒီခြင်ထောင်က တမှောင့် "

ခါတိုင်း အိပ်ယာပေါ် ဝင်ထိုးလှဲအိပ်လိုက်တာနဲ့ ခြင်ထောင်ချပေး၊ ဘေးမှာခြင်မဝင်အောင် လိုက်ဖိပေးနဲ့ လုပ်ပေးတက်သောသူက အနားမှာ မရှိ။ တစ်ယောက်ထဲနေကြည့်လေ အဆင်မပြေလေမို့
သော် တအား ကိုကို့ကို လွမ်းနေလေပြီ။

" ခြင်ထောင်ငြိနေတယ်ဆိုရင် သေချာ ဖြုတ်လေသော်ရဲ့၊ မဟုတ်လို့ အပေါက်ဖြစ်သွားရင် ခြင်ဝင်တာနဲ့ သော်ကောင်းကောင်းအိပ်ရမှာမဟုတ်ဘူးနော်"

"ဆရာလာမလုပ်နဲ့။ မကျေနပ်ရင် မင်းကိုယ်တိုင်လာလုပ် "

ပြန်လာပါလို့လည်း ပြောမထွက်လေဟန်ရှိတဲ့သော့်ကြောင့် ကြွေကျနေတဲ့ ခရေပန်းလေးတွေကိုငေးကာ ဦးချီ ဖွဖွပြုံးမိ၏။
တကယ်တမ်းကျ သော့်ကို သူကိုယ်တိုင်
လည်း တမ်းတမ်းတတ သတိရနေမိတာပဲမို့လား။ သွားလေရာ တကောက်ကောက် သူနဲ့အတူ တန်းလန်းလေးပါတက်တဲ့သော်က အခုဆို တစ်ယောက်ထဲ ဘာမှမလုပ်တက်တော့လေဟန်။

" သော်ကကွာ ၊ မအိပ်ခင် စကားလေးခဏပြောရတာကို ကောင်းကောင်းမပြောချင်ဘူး။ ဘာလဲ သဖက်ခါ ကိုကိုပြန်မလာရတော့ဘူးလား "

"ဟင်!"

အာမေဋိတ်သံ တိုးတိုးကြောင့် ကျေနပ်ခြင်းတွေကအလုံးအရင်း။ တိုး၍ ကြည်နူးလာတဲ့ အခိုက်အတန့်က မိုင်တစ်ရာကျော်လောက်အကွာအဝေးက ကောင်လေး
ရဲ့ ပျော်ရွှင်သွားမဲ့ရုပ်ကလေးကြောင့် ဖြစ်မည်။

" တကယ်လား ၊ ပြန်လာတော့မှာလား "

ခေါင်းငုံ့ရယ်လိုက်သော်ငြား တစ်ဖက်လူကိုတော့မသိစေရ။

" အင်း အဲ့ဒါသော် ခွင့်ပြုပေးမှပါ။ ဘယ်လိုလဲ ကိုကိုပြန်လာခဲ့ရမှာလား ၊ အဲ့လိုမှမဟုတ်ပဲ သော်က ပြန်မလာခဲ့နဲ့ဆိုရင်တော့ ကိုကိုက... "

"မင်း နေနိုင်ရင်နေကြည့်လေ "

" မနေ ..."

စကားတောင်မဆုံးသေး ဖုန်းကိုဇွတ်ချသွားတဲ့သော့်ကြောင့် တဟားဟားး အော်ရယ်မိသေး။ စိတ်က လက်တဆစ်ပါလားသော်ရယ်၊ မနေနိုင်ပါဘူးလို့ တောင် ပြောခွင့်ပေးမသွားဘူး ချက်ခြင်း ဖုန်းချပစ်တယ် ။

" မင်း တကယ်ဆိုးတာပဲ သော် "

သူ့အတွေးနဲ့သူ ဖုန်းမှန်ပြင်ပေါ်က ပါးချိုင့်ကြီးကြီးနဲ့ကောင်လေးကို လက်ညိုးနဲ့တောက်က တစ်ယောက်ထဲ ပြောနေစဉ်
လူရိပ်က မျက်စိရှေ့လာရပ်လာရင်း..

" ပြန်မှာဖြင့်ပြန်တော့ ဖေ့သား ၊ ခဏလေးရွာအလည်ပြန်လာတာတောင် အိမ်က မင်းမိန်းမကို လွမ်းနေမှတော့ တစ်လလောက်နေဦးလို့ မတားတော့ပါဘူး "

" ဟာ တင်မောင်ညွှန့် အသံမပေးဘာမပေးနဲ့ လာကွာ ထိုင် "

ဘေးက နေရာလွတ်ကို ပုတ်ပြလျက်
နှုတ်ဆက်တော့ တင်မောင်ညွန့်က ဝတ်ထားတဲ့အင်္ကျီကို အပူသက်သာအောင် ခါရင်းဝင်ထိုင်လာသည်။

" ရွာရောက်ကတည်းက အိမ်ကိုတစ်ခေါက်တောင် မလာဘူးနော် မင်းအတော်နေနိုင်တဲ့ကောင် "

"မလာဆို အိမ်ပြန်ရောက်တုန်း ပါးပါးတို့
သက်သာအောင် ပွဲရုံအလုပ်တွေ ကူပေးနေရတယ်လေကွာ ..ဘယ်နှယ့်လဲ မင်းဆိုင်အလုပ်တွေ အခြေနေကောင်းလား "

" အင်း မြို့ တွေလို တစ်ရက်ထဲ အများကြီးရောင်းအားတက်တာမျိုးမဟုတ်ပေမဲ့
ငါ့ဆိုင်နဲ့ငါတော့ မဆိုးဘူးပြောရမှာပဲ။ နေ့တိုင်း ၂လုံး ၊၃လုံးတော့ မရောင်းရဘူး။ ဒါပေမဲ့ ဖုန်းပြင်တာမျိုးကတော့ ရွာမှာငါတစ်ဆိုင်ထဲဆိုတော့ အလုပ်ဖြစ်ပါတယ်"

" အဲ့ဒီအသံပဲ ကြားချင်ပါတယ် ..ဒါနဲ့ သီတင်းကျွတ်ရောက်တော့မယ်နော် ဒီနှစ်ရော
မင်း မစွံသေးဘူးလား "

သူ့စကားကြောင့် တင်မောင်းညွန့်ကာ တဟားဟား အားရအောင်အော်ရယ်ပြီးမှ

" ငါ့ကိုလာမမေးနဲ့ မင်းကရော ဘယ်တော့
မင်းမိန်းမနဲ့ အတိအလင်း ဖြစ်မှာလဲပြော။
အချိန်တွေဆွဲမနေနဲ့တော့ ဖေ့သားရ၊
မင်းရဲ့သော်က အရင်လို ကလေးလေးမဟုတ်တော့ဘူးနော်၊ အပြုံးလှလှလေးနဲ့
လူနာတွေရော ၊ ဆရာဝန်မလေးတွေကိုရော ကြွေအောင် ခြွေနိုင်တဲ့ ဆရာဝန်ကြီးတောင် ဖြစ်နေပြီ။ နောက်မှ ကိုကို ဒါ ကျွန်တော့်ရည်းစားဆိုပြီး ဆွဲခေါ် မိတ်ဆက်ပေးမှဟက်ကော့ကြီးဖြစ်ကျန်ခဲ့မယ် "

" ဘာတွေလာပြောနေတာလဲ သော်နဲ့ငါက "

"ရိုးသားပါတယ်လို့ပြောမလို့လား။ "

ရှေ့ကနေပိတ်ပြောလိုက်တင်မောင်ညွန့်စကားကြောင့် ဦးချီ စိတ်အလိုမကျစွာ ပြန်လှည့်ကြည့်မိသည်။မရိုးသားတော့ သူတို့ကဘာဖြစ်နေလို့လဲ။ မှုန်ကုတ်ကုတ်ဖြစ်နေတဲ့သူ့ရုပ်ကို တင်မောင်ညွန့်ကာ ပြန်ကြည့်လာကာ

" မဟုတ်သေးဘူး ပုံညာ ၊ မင်းငါ့ကိုအဲ့ဒီလို မကြည့်နဲ့ .. မင်းစိတ်ကိုမင်းမသိသေးလို့ဒီတိုင်းဖြစ်နေတာပါ ၊ ယသော်လင်းအပေါ်ထားတဲ့ မင်းခံစားချက်က သူငယ်ချင်းထက်ပိုနေတယ်ဆိုတာ မင်းမသိပေမဲ့ ဘေးလူတွေအကုန်သိတယ်၊ ယုတ်စွဆုံး မင်းမိဘတွေတောင် မင်းစိတ်ကို သိလို့ စိတ်ချမ်းသာအောင် လွှတ်ပေးထားတာ"

"မဟုတ်ဘူး သော်က ငါ့သူငယ်ချင်း "

သော့်ကို တစ်ခါမှ သူ့ရည်းစားအဖြစ် မြင်မကြည့်ဘူးသလို မြင်လည်းမမြင်ရက်ပါ။
နောက်ထိ သူ ဒီအကြောင်းနဲ့ပတ်သတ်ပြီး
လက်မခံနိုင်သေးတာမို့ ခေါင်းခါရမ်းကာ ငြင်းချက်ထုတ်မိသည်။

ဟုတ်တယ် သော်က သူ့သူငယ်ချင်း ။

"ငါတို့က ကြားလူတွေပုံညာ။ မင်းမကြိုက်ရင် ငါဆက်မပြောတော့ဘူး အေး ဒါပေမဲ့ မင်း သိလာတဲ့ အခါ အရမ်းနောက်ကျသွားမှာတော့စိုးတယ် "

တင်မောင်ညွန့်မသက်မသာ သက်ပြင်းချမိသည်။ စိတ်ရှုပ်စွာ ဆံပင်တွေကိုထိုးဖွရင်း အဝေးကိုငေးကြည့်နေတဲ့ ပုံညာကို
ခေါင်အေးအေး စဉ်းစားနိုင်အောင် သူတိတ်ဆိတ်နေပေးလိုက်၏။

သော်လို ပါးစပ်ဖျားက မချတမ်းခေါ်တက်တဲ့ မင်းက အချစ်ကိုမသိနားမလည်သေးတာပါပုံညာ..
စဉ်စားလိုက်သူငယ်ချင်း
မင်းစိတ်ကို မင်းလက်ခံအောင်
သေချာ အကြိမ်ကြိမ် စဉ်းစားကြည့်ပါ..

ချစ်တဲ့အိမ်စည်။

(ငါနော် စိတ်မရှည်တော့ဘူး ။)

Bạn đang đọc truyện trên: ZingTruyen.Xyz