နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
39
" ကိုကိုမွာတာေတြမေမ့နဲ႔ေနာ္ ေသာ္။
ေရခဲေသတၲာထဲမွာ ေသာ္ႀကိဳက္တက္မဲ့ဟင္းေလးေတြေၾကာ္ေလွာ္ထားခဲ့တယ္ ၊စားခါနီးထုတ္ေႏြးၿပီးမွစား ၊ ေနဦး က်န္ေသးတယ္ ေသာ့္ပိုက္ဆံအိတ္ထဲမွာ မုန္႔ဖိုးအမ်ားႀကီးျဖည့္ေပးထားတယ္ အဲ့ဒါ စားေစခ်င္လို႔ေနာ္ ..နွေျမာမေနနဲ႔ ေကာင္းတဲ့ဟာ
မွန္သမ်ွ အကုန္ဝယ္စား"
အဝတ္အိတ္ထဲ မီးပူထိုးထားတဲ့ အက်ၤ ီ
ေလးထည္ နဲ႔ ပုဆိုး ၅ထည္ ကို ညီညာေနေအာင္ထည့္ေပးရင္း ေသာ္ ကိုကိုေျပာသမ်ွ မငိုမိေအာင္ စိတ္ထိန္းရင္းနားေထာင္ေနရသည္။ အတူေနခဲ့ၾကတဲ့ ၈နွစ္နီးပါးအခ်ိန္အေတာအတြင္း ေသာ္တို႔ ခဏေလးေတာင္ ခြဲေနဘူးတာမဟုတ္ဘူး။
ေက်ာင္းေနတုန္းကလည္းေက်ာင္းေနတုန္းမို႔ ေသာ္ ေက်ာင္းပိတ္ရက္မွသာ ႐ြာကို
နွစ္ေယာက္အတူ ကိုကိုက ျပန္တက္တာ။
ခုေတာ့ ေသာ္ တစ္ေယာက္ထဲ ၉ရက္ ၁၀ရက္ ေနခဲ့ရမွာဆိုေတာ့ အဆင္ေျပမေနခ်င္ေပ။
" ေသာ္ ကိုကိုေျပာတာ ၾကားလား "
" ၾကားပါတယ္ "
ဝမ္းနည္းလာတာမို႔ ေသာ္ရင္ထဲမွာ ေနလို႔မေကာင္းျဖစ္၍ေနသည္။
" ကိုကို ဘာေျပာလိုက္သလဲ ေသာ္မၾကားပါဘူး။ ဒီဖက္လွည့္ပါဦး ဝမ္းနည္းေနတဲ့မ်က္နွာေလးကို ကိုကို ၾကည့္ပါရေစဦး "
အဝတ္ထည့္ေနတဲ့ ေသာ့္လက္ေတြကို ဆြဲယူၿပီး ေက်ာေပးထားလက္စ ေသာ့္ကိုယ္လံုးကို ျမင္သာေအာင္ မ်က္နွာခ်င္းဆိုင္ လွည့္ေစ၏။ ေသာ္က ကုတင္ေပၚမွာ ထိုင္ရက္ အေနထားနဲ႔ ခရီးေဆာင္အိတ္ျပင္ေပးေနတာျဖစ္ၿပီး ကိုကိုက ကုတင္ေဘးမွာ မတ္တပ္ရပ္ကာ ေသာ့္ကို စကားေျပာေနျခင္းသာျဖစ္၏။ လက္ကို ဆြဲကာ သူ႔ဖက္လွည့္ေစေသာ္လည္း ေသာ္ ထိုင္ရာမွ မထ သလို ၊ ေမာ့္လည္းမၾကည့္ေပ။ မ်က္လႊာခ်ထားတာမို႔ ျမင္လႊာထဲဝင္ေရာက္လာတဲ့ ကုတင္ေအာက္က ကိုကို ေျခေခ်ာင္းေလးေတြကိုသာ မက္မက္ေမာေမာ ၾကည့္ေနမိ၏။
" ကိုကိုမသြားပဲေနလိုက္ရမလား ေသာ္ "
ေမာ့္မၾကည့္ပဲ ေခါင္းရမ္းျပမိ၏။
မခြဲခ်င္ေသာ္လည္း ပါးပါးတို႔နဲ႔ ယွဥ္ၿပီး
ကိုကို႔ကို ေလာဘမႀကီးခ်င္ပါ။
" ေသာ္ တခါမွ မခြဲဖူးလို႔ နည္းနည္းဝမ္းနည္းသြားတာပါ ၊ ကိုကို သြားပါ ေသာ္
လိမ္လိမ္မာမာေနခဲ့ပါ့မယ္ "
"ေသခ်ာလို႔လား "
မယံုသကၤာ အေမးဟူ၍ သတ္မွတ္လို႔မရေအာင္ ကိုကို႔ေလသံထဲမွာ ေသာ့္အေပၚ ခ်စ္စနိုးရိပ္တို႔ ကိန္းဝပ္ေနပါသည္။
ေသာ္ မေက်မနပ္ေမာ့ၾကည့္မိသည္။
ၿပံဳးစစ နႈတ္ခမ္းတို႔သည္ ေသာ္ပံုစံကိုၾကည့္ကာ သေဘာက်ေနဟန္။
"ေသခ်ာပါတယ္ "
ေသာ့္အသံသည္ ေထာင့္မက်ိဳးစြာထြက္ေပၚလာပါသည္။ ေသာ္ သည္ တခါတေလ
ကိုကို႔အေပၚမွာ ခြၽဲႏြဲ႕ ခ်င္ ခြၽဲႏြဲ႕လိမ့္မည္။
ဒါေပမဲ့ ကိုကိုထင္သလို ခ်စ္စရာေကာင္းတဲ့ ကေလး မဟုတ္ဘူးဆိုတာ သိေစခ်င္သည္။ တေန႔တျခား ခ်စ္ရိပ္တိုးလာၿပီးေနာက္မွာ ေသာ္ ကိုကို ႔ကို အေတာမသတ္နိုင္ေအာင္ပိုင္ဆိုင္ခ်င္လာသည္။
" ကိုကို႔ေသာ္ .. နႈတ္ခမ္းႀကီး ဆူေနရင္
ဝက္ကေလး တူလာမယ္ေနာ္ ၊ လိုက္ခ်င္
ခြင့္ယူၿပီး လိုက္ခဲ့ ၊ ၿပီးမွ ကိုကိုေရ လြမ္းလို႔ပါ ဆိုရင္ ခ်က္ခ်င္းျပန္လာလို႔မရဘူးဗ်။ ကိုကိုက ၁၀ရက္ေလာက္ ေနရမွာ "
"ဘယ္သူက လြမ္းမယ္ေျပာလဲ ၊ မင္း
ေနနိုင္မွေတာ့ေန ခ်င္သေလာက္ေနေပါ့ ၊
ဟြန္း .. ငါကေတာ့ မင္းဆိုင္ကပိုက္ဆံေတြ အကုန္ ျဖဳန္းသံုးထားမွာပဲ မင္းမေၾကာက္ရင္ ျပန္မလာခဲ့နဲ႔ သေဘာရွိႀကိဳက္သေလာက္ေန "
" အားပါးပါး ေနခ်င္သေလာက္ေနလို႔သာ ေျပာေနတာပါကြာ ၊ စိတ္ဆိုးေနတဲ့ ေကာင္ေလးက အၾကာႀကီးေနရင္ ငါနဲ႔ေတြ႕မယ္ဆိုၿပီး အသံတိတ္က်ိန္းေနတာ ကိုကိုက မသိရွာဘူးဆိုေတာ့ "
ေမးဖ်ားကို လာကိုင္တဲ့ လက္ေတြကို ေသာ္ စိတ္ဆိုးတႀကီးပုတ္ခ်ပစ္လိုက္သည္။
ပံုညာဦးခ်ီက လာၿပီးေတာ့အကဲစမ္းေနတာ။
" မ်က္ေစာင္းထိုးေနတယ္ဆိုေတာ့ ကိုကိုကိုင္တာ မႀကိဳက္ဘူးလား ၊ "
"မႀကိဳက္ဘူး မကိုင္နဲ႔ "
"မႀကိဳက္လဲ ကိုင္မွာပဲ .. အို .. ပါးေလးက ညစ္လို႔ေကာင္းလိုက္တာ အိအိေလး "
ကိုကိုသည္ ေသာ္ ကို တမင္စိတ္ဆိုးေအာင္ စေနသည္မွာသိသာလွသည္။ ေမးကိုင္တာမႀကိဳက္ေတာ့ ပါးကို ေသာ္နႈတ္ခမ္းေတြဆူလာေအာင္ထိ ဆြဲညစ္ကာ တဟားဟားေအာ္ရယ္၏။ ေသာ္ ဝမ္းနည္းေနရာမွ စိတ္ဆိုးလာတာေၾကာင့္ ပါးေပၚကလက္ေတြကို အတင္းဆြဲဖယ္ လိုက္တာမို႔ ရုန္းရင္းဆန္ခတ္ ျဖစ္သြားကာ ကုတင္ကိုမွီရပ္ထားတဲ့ ကိုကို သည္ ေသာ့္ဖက္ကို ၿပိဳက်လာ၏။
ျမန္ဆန္လြန္းလွတဲ့ အျဖစ္က
ရုတ္တရက္ဆန္စြာ ျဖစ္လာတာမို ႔
ေသာ္ ကိုကို႔ ကို မမွီမကမ္းဆီးေပြ႕လိုက္သည္။ သို႔ေသာ္ ကိုယ္လံုးခ်င္းမတူတာေၾကာင့္ အေလးခ်ိန္ကို မထိန္းနိုင္ပဲ အိပ္ယာေပၚထပ္ရပ္လဲက်ကာ ကိုကို႔နႈတ္ခမ္းေတြသည္အရွိန္မထိန္းနိုင္ပဲ ေသာ္ နႈတ္ခမ္းကိုလာေရာက္ထိေတြ႕၏။
နွစ္ေယာက္လံုး၏ မ်က္လံုးေတြ သည္အဆမတန္ျပဴ းက်ယ္ သြားပါ၏။ တြန္းဖယ္ဖို႔ ေသာ္ေမ့သြားသလို ရုန္းကန္ဖယ္ထဖို႔ ကိုကို လည္း
သတိလြတ္သြားေလဟန္။ ကိုကို႔မ်က္လံုးေတြသည္ အသိစိတ္မဲ့လ်က္ ေသာ့္ကို အေၾကာင္သားၾကည့္ေန၏။ ထိကပ္ထားဆဲနႈတ္ခမ္းနွစ္လႊာက မိနွစ္အေတာ္ၾကာေအာင္ မခြာမိေသးပဲ ပူးကပ္ေနဆဲ။ ကိုကို႔ဆီမွ ထုတ္လႊင့္လာတဲ့ ေလေႏြးေႏြးက ေသာ့္နွာေခါင္းဖ်ားကိုရုိက္ခတ္ေနတာကို ခံစားမိသည္ထိေသာ္တို႔နွစ္ေယာက္နီးကပ္ေနပါသည္။
ပထမဆံုးသတိထားမိသူက ေသာ္ျဖစ္ေပမဲ့
မသိခ်င္ေယာင္ေဆာင္ကာ ကိုကို
မ်က္လံုးေတြကိုသာ စိုက္ၾကည့္ေနလိုက္၏။ အေတာ္ၾကာမွ
" ေသာ္ ..ေသာ္ ဟို ကိုကို
ေတာင္းပန္ ပါတယ္ "
အေျခေနသည္ ေသာ္ထင္တာထက္ ဆိုးပါသည္။ ေသာ့္ကိုယ္ေပၚကေန အလ်ွင္အျမန္ ထသြားရုံမက ကုတင္ေပၚကထိ ဝရုန္းသုန္းကားဆင္းသြားတဲ့ကိုကို႔ကို ေသာ္မည္သို႔ အျပစ္တင္ရမည္နည္း။
လဲက်သြားတဲ့အတိုင္း ေသာ့္ကိုယ္လံုးက
ေမြ ႕ရာ ေပၚမွာ ပက္လက္ ကေလးအျဖစ္ရွိေနဆဲ။ ျမင္ေနရတဲ့ပ်ဥ္ခင္းမ်က္နွာက်က္ကို ေငးၾကည့္ရင္း မ်က္ရည္စေတြကို မစီးက်ေအာင္ သိမ္းဆည္းေနမိသည္။
အလန္႔တၾကားျဖစ္သြားတဲ့ ကိုကိုပံုစံက
ေသာ္ ရင္ကို နာက်င္ေစသလို ရွက္႐ြံေစ၏ ။
" ေသာ္ ကိုကိုေတာင္းပန္ပါတယ္ "
ဦးခ်ီ ေသာ့္ေဘးကိုျပန္လည္ တိုးကပ္ကာ
ေတာင္းပန္မိသည္။ ခုထိ ေသာ့္မ်က္နွာကိုသူမၾကည့္မိေသး။ ပန္းေရာင္သန္းေနတဲ့ေသာ့္ နႈတ္ခမ္းဆီကိုအၾကည့္ေရာက္မိေတာ့
ဆက္တိုးေနတဲ့ ေျခလွမ္းေတြက ေနာက္ျပန္ဆုတ္သြားသည္။ သူ သူ ေသာ့္မ်က္နွာကိုမၾကည့္ရဲသလို ေသာ့္ကိုလည္းအားနည္မိသည္။ ထို႔ေၾကာင့္အေဝးကေနပဲ
ေသာ့္ကို ေတာင္းပန္ေနမိ၏။
" ကိုကိုတမင္လုပ္တာမဟုတ္ပါဘူး "
သူ ႔စကားဆံုးေတာ့ ေသာ္သည္ အိပ္ေနရာမွ ထ ထိုင္ကာ သူ႔ ကို စူးစူးရဲၾကည့္၏။
ေသာ့္အၾကည့္ေတြေၾကာင့္ သူ ေခါင္းငံု ႔လိုက္မိသည္ထိပင္။ အပူေလာင္သလိုစပ္ဖ်င္းဖ်င္းခံစားခ်က္ ကသူ႔တကိုယ္လံုးမွာ မီးေလာင္ကြၽမ္းေန ပ်ံ ့နွံေန၏။
" မင္း တမင္လုပ္တာမဟုတ္ေပမဲ့ နမ္းမိၿပီးသြားျပီကြ။ ဒါ ငါ့ပထမဆံုးအနမ္း ဆိုတာ မင္းသိရဲ႕သားနဲ႔ တမင္လုပ္တာမဟုတ္ဘူးလို႔ ေျပာထြက္ရက္သလား ငါ -ိုးမ ကိုကိုရ ..ဟီးအီး ငါ့ခ်စ္သူျဖစ္လာမဲ့သူအတြက္ အျမတ္တနိုးနမ္းရေအာင္ ခ်န္ထားတာေလး အဲ့ဒါကို မင္းဘယ္လိုျပန္ေလ်ွာ္ေပးမွာလဲ ပံုညာဦးခ်ီ ... ဘယ္လိုျပန္လုပ္ေပးနိုင္မွာလဲ ေျပာ "
အျငင္းခံလိုက္ရသလို ခံစားခ်က္ေၾကာင့္
ေသာ့္ စိတ္နွလံုးသည္ တစစီ ၿပိဳကြဲေနသလိုျဖစ္ေန၏။ သူ မထိရဲရေအာင္ ေသာ္က ဘာျဖစ္ေနလို႔လဲ ။ သူလန္ ႔သြားေအာင္
ေသာ္က ေၾကာက္စရာေကာင္းေနလို႔လား။ -ီးကိုကို ... ။
မ်က္ရည္နဲ႔မ်က္ခြက္ ေအာ္ဟစ္ေျပာဆိုလာတဲ့ ေသာ့္ေၾကာင့္ ဦးခ်ီ ပ်ာယာခတ္သြားဟာ ေျခမကိုင္မိလက္မကိုင္ျဖစ္သြား၏။
" အသံက်ယ္ႀကီး မငိုပါနဲ႔ ေသာ္ရယ္ ၊ အိမ္ေရွ႕က အလုပ္သမားေတြ ၾကားကုန္ရင္ ရွက္စရာႀကီး ။ ၿပီးေတာ့ ဒါ မေတာ္တဆ ဆိုတာ ေသာ္လည္းသိတာပဲ "
" မသိဘူး မသိခ်င္ဘူး .. သြား ငါ့ေဘးနားမလာခဲ့နဲ႔ ငတံုးေကာင္ "
ေလေပၚ ပ်ံဝဲလာတဲ့ ေခါင္းအုံး ေတြကို လိုက္ဖမ္းလ်က္ ဦးခ်ီ အျပင္ကိုလည္းထြက္မေျပးနိုင္။ သူစကားတစ္ခြန္းေျပာရင္
အမွားတစ္ခါပါသလို ေသာ္က အထနေကာက္၍ ငိုလို႔မၿပီးနိုင္ပဲ ကေလးေတြလို
ငိုရင္း ရန္ေတြ႕ေသး၏။ ေနာက္ဆံုး
ပစ္စရာ ေခါင္းအံုးမရွိေတာ့မွ ေမြ ႕ရာေပၚမွာ ဒီတိုင္း လက္ေပၚ ေခါင္းတင္လ်က္ ေကြးေကြးေလး ျပန္အိပ္သြား၏ ။ ခပ္ေသးေသး ပုခံုးေလးက လႈပ္ခတ္ေနဆဲမို ႔
ဦးခ်ီ ေခါင္းအံုးေလးပိုက္ကာ ကုတင္ေပၚကို ျပန္တက္၏။
ေခါင္းေအာက္ကခုထားတဲ့ ေသာ့္ လက္ကေလးကို
ဆြဲထုတ္ၿပီး ေခါင္းအံုးကို အစားထိုးျပန္ထည့္ေပးေနစဥ္ ေနာက္ျပန္လြင့္လာတဲ့ လက္က မ်က္စိေရွ ႔မဲခနဲ။
ဘုန္း !
အြန္ ႔!
ေဆးထိုးအပ္ကိုင္တဲ့ လက္က
လက္ေဝွ႔သမားထပ္ေတာင္ လက္ဆျပင္းေသး၏။ ပူထူသြားေသာ ေမးဖ်ားကို လက္နဲ႔အုပ္လ်က္ နာနာက်င္က်င္ေရ႐ြတ္မိသည္။
" ကြၽတ္ ! နာလိုက္တာ ေသာ္ရာ။
ကိုကို႔ ကို အဲ့ေလာက္ ခ်စ္ရသလား ။
ဒီမွာ ၾကည့္စမ္း နာသြားၿပီ "
"နာနာ ..သြား ငါ့နားမလာနဲ႔ ။ "
ေလသံနည္းနည့္ေပ်ာ့သြားတာမို႔ ဦးခ်ီ ၿပံဳးကာ ေဘးနားအတင္းတိုးအိပ္ကာဖက္၏
"လာမွာပဲ "
ေႏြးခနဲ ျဖစ္သြားတဲ့ ေက်ာျပင္ရယ္ ၊ အတင္းလာဖက္ထားတဲ့ လက္ႀကီးရယ္ေၾကာင့္
ေသာ့္မွာ မရုန္းသာ မလြင့္သာ။
" ကိုကို ဖယ္စမ္း ၊ မင္းနာခ်င္ေနတာလား။
ငါစိတ္ဆိုးေနတယ္ေနာ္ မင္းကို ၊ လာစမေနနဲ႔ "
" မဖယ္ပါဘူး။ ေသာ္ စိတ္ဆိုးေနတာ ကိုကိုသိသားပဲ၊ "
" မဆိုးေတာ့ဘူးဖယ္ "
"ၿငိမ္ၿငိမ္ေနပါေသာ္ရာ ၊ ညေနဆို
ဦေလးထက္လာေခၚေတာ့မွာ ေသာ္သိရက္သားနဲ႔။ သြားခါနီးလာခါနီးကို ေသာ္
စိတ္ေကာက္ေနရင္ ကိုကိုဘယ္လိုလုပ္
သြားရတာ စိတ္ေျဖာင့္မွာလဲ "
ရုန္းကန္ ထုရုိက္ေနဆဲလက္တို႔သည္
သိမ္ေမြ့ေသာ စကားတို႔ေၾကာင့္ ၿငိမ္သက္သြားပါ၏။ ဝင္ေလ ၊ ထြက္ေလ တို႔ က နား႐ြက္ဖ်ားမွာ ခပ္မွန္မွန္ လာထိလ်က္ ။
ငယ္စဥ္ကတည္းက ပါေနတဲ့အက်င့္အတိုင္း ေခါင္းအံုး တစ္ခုထဲပူးကပ္လာအိပ္ျပန္ၿပီဆိုတာ သိ၏။ ခါးမွာဖက္ထားတဲ့ တင္းၾကပ္တဲ့ လက္အားက ေလ်ာ့က်မသြားသလို ေနာက္ထပ္ လာတင္ေသာ ရွည္လ်ားတဲ့ ေျခေထာက္ႀကီးကလည္း ေသာ့္ ေပါင္ေပၚမွာ ရုန္းဖယ္မရေအာင္ခ်ဳပ္ေနွာင္ျပန္သည္။
တစ္ကိုယ္လံုးပစ္ကပ္ခြတင္ထားသည့္
တိုင္ ေလးလံတယ္လို႔ ေသာ္မခံစားရပါ။
ကိုကို ၏ ၁၀နွစ္ေက်ာ္ မကတဲ့ ဖက္လံုးေလး ျဖစ္ဖူးတဲ့ ေသာ္က ဒီအေနထားကို စိမ္းသက္မေန။
" ကိုကိုေတာင္းပန္ပါတယ္ေသာ္ "
ေသာ္မ်က္လံုးေတြကိုမွိတ္ကာ အသက္ကိုမွန္မွန္ရူ မိသည္။ နွာေခါင္းဝမွာ တိုးဝင္လာတဲ့ ကိုယ္သင္းနံ႔သည္ ေသာ္တစ္ဦးတည္းသာ ရူရႈိက္ခြင့္ရွိေသာ ရနံ႔။ အေမႊးနံ႔ သာမသံုးတက္ေသာ သူမို႔ ပင္ကိုရွိေသာမေမႊး၊ မနံေသာ ကိုယ္နံ႔စစ္စစ္ကိုသာ အနားကပ္ရင္ရရွိတက္၏။ ေႏြးေထြး စိတ္ၿငိမ္ေစေသာ ထိုကိုယ္နံ႔ ကို ေသာ္ တကယ္ႀကိဳက္နွစ္သက္ပါသည္။ အၿမဲ သူမမွားပဲ ေတာင္းပန္တက္သူမို ႔ ဒီတခါလည္းအေလ်ာ့ေပးကာ ေတာင္းပန္ျပန္သည္။
ေသာ္အၿမဲတမ္းလိုခ်င္ခဲ့တာေတာင္းပန္စကားေတြမဟုတ္ဘူးဆိုတာ ကိုကို႔ကိုဘယ္လို ေျပာရမလဲ ...
_______
"ေသာ္ေရ ကိုကို ခု မႏၲေလးကေန စထြက္ေနၿပီ "
"အင္း... ဘယ္နားေရာက္ေနသလဲ ဆိုရင္ ၿမိဳ႕ေတာ္ဥယ်ာဥ္နားမွာ ခု စစ္ကိုင္းဖက္ကိုသြားဖို႔ ကားကိုေကြ႕လိုက္ၿပီ "
ကိုထက္ ကားေမာင္းေနရင္း သူ႔တူကို စိတ္မရွည္စြာ ငဲ့ၾကည့္မိ၏။ တကယ္ပါပဲ
သူ႔အေဖတုန္းကလည္း ဖေအမို ႔ တအားကဲတယ္။ ေမြးထားတဲ့သားကလည္းဘာထူးလဲ။ ဖေအ့ ေျခရာ တပံုစံထဲ လိုက္နင္းသည္။ ကေလးဘဝကတည္းက တေသာ္တည္းေသာ္ေနခဲ့တာ ခုထိ ေသာ္ေနတုန္း မို႔ ၾကားရတာ ေတာ္ေတာ္
နားကေလာ ေနၿပီ ။
ဘယ္နွယ့္ကြာ မေတြ႕တာ ၾကာတဲ့ ဦးေလးကို အခ်ိန္ေပးၿပီး စကားေလးဘာေလး ေျပာသင့္တယ္မထင္ဘူးလား ။ ကားေပၚစေရာက္ကတည္းက ဖုန္းေျပာလာတာ စစ္ကိုင္းတံတားေပၚေတာင္ေရာက္ေတာ့မည္ ခုထိ မခ်ေသး။ ဟိုကေလးကလည္း ဆရာဝန္သာေျပာတယ္ ေဆးမကုပဲ ဖုန္းပဲေျပာေနသလားပဲ။
" အင္းပါ အလုပ္မအားရင္ ကိုကိုဖုန္းခ်လိုက္ေတာ့မယ္ေနာ္ ၊ ေသာ္အားမဲ့ခ်ိန္ဖုန္းဆက္လိုက္ ကိုကိုက ညကားဆိုေတာ့အိပ္ျဖစ္မွာမဟုတ္ဘူး ..ဟုတ္ၿပီ ..အင္း ..အင္း
ဒါဆို ကိုကိုဖုန္းခ်ၿပီေနာ္ေသာ္ "
ဖုန္းခ် လိုက္တာ ေသခ်ာၿပီဆိုမွ
"ဘာစကားေတြေျပာလို႔ ဒီေလာက္ၾကာေနရတာလဲ ကိုေလက်ယ္ရ ။ ဒီဦးေလးနဲ႔ အၾကာႀကီးေနမွ တစ္ခါေတြ႕ရတာကို အဖက္မလုပ္ဘူး၊ ေရာက္ကတည္းက ပလစ္ခံေနရတာပဲ ေဟ့ "
"အာ .. မပလစ္ပါဘူး ..ဦးထက္ကလည္း။
ေသာ္က အခ်ိန္တိုင္းအားေနတာမဟုတ္ေတာ့ သူအားမဲ့အခ်ိန္ကို ေစာင့္ၿပီးမွဖုန္းေျပာရတာ .. ဟဲဟဲ အဲ့ဒါေၾကာင့္ ဦးေလးထက္ဖက္ကို မလွည့္ေသးတာပါဗ်။ "
"ေတာ္ပါကြာ .. မင္းေကာင္ေလး မအားမွ ငါ့ဖက္လွည့္လာတာကို ငါက စကားလက္ခံေျပာေပးစရာလား "
တမင္စေနမွန္းသိသည္မို႔ လက္သီးနဲ႔ ဦးေလးပုခံုးကို ရယ္ေမာလ်က္ အသာလွမ္းထိုးလိုက္ၿပီးမွ
" ဟားဟား ဦးေလးရာ စိတ္မဆိုးတက္ပဲ ဆိုးခ်င္ေယာင္ေဆာင္မေနပါနဲ႔ ။ ကဲ ေျပာပ္အံုး ၊ ဟိုတေလာ ကိုဖိုးသား မိန္းမယူတယ္ဆို ဘယ္သူ႔သားသမီးနဲ႔လဲ .. ဘယ္႐ြာကတဲ့လဲ။ သား ကိုေတာ့စိတ္ဆိုးေနမွာေသခ်ာသေလာက္ပဲ။"
ကိုဖိုးသားဆိုတာ ဦးေလးအငယ္ဆံုးဆိုေပမဲ့ ဦးခ်ီ နဲ႔ ေတာ့ ၁၅နွစ္ေလာက္ကြာဟသည္။ အစက ဦးငယ္ဟု သင္ထားေသာ္လည္း ခ်စ္စနိုးနဲ႔ အမ်ားေခၚသလို ကိုဖိုးသားဟု သူပါေရာေယာင္ေခၚရင္းအက်င့္ပါခဲ့သည္။
" ေသခ်ာသေလာက္ပဲ ။ ဟိုတေလာကေတာင္ မင္းကို က်ိမ္းေနေသးတယ္ "
" ျပန္ေရာက္မွာ ေသခ်ာ ေခ်ာ့ရေတာ့မွာ ပဲ ဦးေလးထက္ ေရ ။
အမွန္ေတာ့ မဂၤလာေဆာင္ကို သား ျပန္လာမလို႔ပဲ ..အဲ့ရက္က ေသာ္ေနမေကာင္းျဖစ္သြားတာနဲ႔ မလာျဖစ္လိုက္တာ "
"အခ်ိန္တိုင္း ေသာ္ ေနေတာ့တာပဲ ငါ့တူရာ ၊၂၄နွစ္ဆိုတဲ့ အသက္က ငယ္ေတာ့တာမဟုတ္ဘူး စိတ္ဝင္စားရင္ စားတယ္၊ သေဘာက်ရင္ က်တယ္ေပါ့ကြ ။ "
"ဟာ ! သားတို႔က သူငယ္ခ်င္းေတြပါဗ် "
ပုညာဆီမွ အလန္႔တၾကားျငင္းဆိုသံေၾကာင့္ ကိုထက္ ေခါင္းရမ္းမိသည္။
ဘယ္သူငယ္ခ်င္းက ကိုကို ေရ ၊ ေသာ္ေရ
ဆိုၿပီး ႏုႏုညံ့ညံ့ေခၚလို႔လဲ။ ဘယ္သူငယ္ခ်င္းက အခ်ိန္တိုင္း လက္ညိဳး ညႊန္သမ်ွ
အင္း ေသာ္ ႀကိဳက္ရင္ ကိုကိုဝယ္ေပးမယ္လို႔ေျပာဖူးသလဲ။ ဘယ္သူငယ္ခ်င္းက
ေန႔စဥ္ မျပတ္ ေဆးရုံကို အပို႔ ၊ အႀကိဳ လုပ္ဖူးလို႔လဲ။ ဟြန္း .. ေျပာလိုက္ရရင္မေကာင္းရွိေတာ့မယ္။
"ေအး ေအး သူငယ္ခ်င္းေနလိုက္ ၊ ေတာ္ၾကာ သူမ်ားေနာက္ပါသြားမွ လာငိုမေနနဲ႔
မင္း ပါးစပ္ကသာ ရုိးရုိးသားသားပါ ေျပာေနတာ လက္ေတြ႕က် သမီးရည္းစားေတြေတာင္ မင္းေလာက္ မကဲဘူးကြ "
" ဒါကေတာ့ ငယ္သံေယာဇဥ္ေတြေၾကာင့္ပါဦးေလးရာ ၊ ေသာ္ နဲ႔ သားက ရုိးသားပါတယ္။
ေသာ္ ေရွ ႔သာ အဲ့ဒီစကားေတြသြားေျပာရင္ ဟိုက မိုးကိုမီးနဲ႔တက္ရႈိ ့ေနအံုးမယ္ "
" ေျပာမိတဲ့ ငါပဲမွားပါတယ္။ တေန႔က်မွ
ေသာ္နဲ႔ သား ကေလ ၊ သားနဲ႔ ေသာ္ကေလးဆိုတဲ့ မခို႔တရုိ ့ရုပ္ႀကီးနဲ႔ လာမိတ္ဆက္လို႔ကေတာ့ နားရင္းရုိက္လႊတ္မွာ မင္းကို "
ေသာ္နဲ႔ သူ႔ကို ဘာလို ႔အတင္းေပးစားေနၾကမွန္းနားမလည္ေပ။ထိုသို႔ ေျပာတိုင္းသူကေတာ့ စိတ္မဆိုးတဲ့အျပင္ ရယ္ေတာင္ရယ္ခ်င္ေသးတယ္ ။
တိတ္တဆိတ္ရယ္မိေနတုန္း
ညေနက မေတာ္တဆ အနမ္းအိအိေလးကို ျဖတ္ခနဲ ေတြးမိသြားစဥ္ ေလဆန္ကလည္ေခ်ာင္းဝမွာ ဆန္တက္လာသလို .
အဟြတ္ အဟြတ္ ..
ရွက္႐ြံစြာ ဆိုးေသာ ေခ်ာင္းသည္ ေတာ္ေတာ္နဲ႔ မရပ္ ။ ပူေလာင္ေသာ နား ၊
ပူေလာင္ စိတ္က အမွတ္တမဲ့ ျပန္ေတြးမိရုံနဲ႔ ေခ်ာ္ရည္ ပူထဲခုန္ဆင္းသကဲ့သို႔ ။
အဆက္မျပတ္တုန္ဟီးေနေသာရင္ဘတ္ကိုလက္နဲ႔ဖိ၍ သူ႔မ်က္ေမွာင္ကို အလိုမက်စြာကုတ္မိ၏။
ေစာကပင္ အေကာင္းတိုင္း ရယ္ေမာေနေသးသည္။ ခုခ်က္ခ်င္း ေနမေကာင္းခ်င္သလို နွလံုးခုန္သံေတြ မမွန္ေတာ့ေၾကာင့္ စိုးရိမ္သြား၏။ ေခ်ာင္းဆိုးလြန္သြားလို႔လား..ဒါမွမဟုတ္ ။
ဘုရားေရ
သူ ..သူ ေရာဂါ တစ္ခုခုမ်ားရွိေနၿပီလား...
ခ်စ္တဲ့အိမ္စည္။
" ကိုကိုမှာတာတွေမမေ့နဲ့နော် သော်။
ရေခဲသေတ္တာထဲမှာ သော်ကြိုက်တက်မဲ့ဟင်းလေးတွေကြော်လှော်ထားခဲ့တယ် ၊စားခါနီးထုတ်နွေးပြီးမှစား ၊ နေဦး ကျန်သေးတယ် သော့်ပိုက်ဆံအိတ်ထဲမှာ မုန့်ဖိုးအများကြီးဖြည့်ပေးထားတယ် အဲ့ဒါ စားစေချင်လို့နော် ..နှမြောမနေနဲ့ ကောင်းတဲ့ဟာ
မှန်သမျှ အကုန်ဝယ်စား"
အဝတ်အိတ်ထဲ မီးပူထိုးထားတဲ့ အင်္ကျီ
လေးထည် နဲ့ ပုဆိုး ၅ထည် ကို ညီညာနေအောင်ထည့်ပေးရင်း သော် ကိုကိုပြောသမျှ မငိုမိအောင် စိတ်ထိန်းရင်းနားထောင်နေရသည်။ အတူနေခဲ့ကြတဲ့ ၈နှစ်နီးပါးအချိန်အတောအတွင်း သော်တို့ ခဏလေးတောင် ခွဲနေဘူးတာမဟုတ်ဘူး။
ကျောင်းနေတုန်းကလည်းကျောင်းနေတုန်းမို့ သော် ကျောင်းပိတ်ရက်မှသာ ရွာကို
နှစ်ယောက်အတူ ကိုကိုက ပြန်တက်တာ။
ခုတော့ သော် တစ်ယောက်ထဲ ၉ရက် ၁၀ရက် နေခဲ့ရမှာဆိုတော့ အဆင်ပြေမနေချင်ပေ။
" သော် ကိုကိုပြောတာ ကြားလား "
" ကြားပါတယ် "
ဝမ်းနည်းလာတာမို့ သော်ရင်ထဲမှာ နေလို့မကောင်းဖြစ်၍နေသည်။
" ကိုကို ဘာပြောလိုက်သလဲ သော်မကြားပါဘူး။ ဒီဖက်လှည့်ပါဦး ဝမ်းနည်းနေတဲ့မျက်နှာလေးကို ကိုကို ကြည့်ပါရစေဦး "
အဝတ်ထည့်နေတဲ့ သော့်လက်တွေကို ဆွဲယူပြီး ကျောပေးထားလက်စ သော့်ကိုယ်လုံးကို မြင်သာအောင် မျက်နှာချင်းဆိုင် လှည့်စေ၏။ သော်က ကုတင်ပေါ်မှာ ထိုင်ရက် အနေထားနဲ့ ခရီးဆောင်အိတ်ပြင်ပေးနေတာဖြစ်ပြီး ကိုကိုက ကုတင်ဘေးမှာ မတ်တပ်ရပ်ကာ သော့်ကို စကားပြောနေခြင်းသာဖြစ်၏။ လက်ကို ဆွဲကာ သူ့ဖက်လှည့်စေသော်လည်း သော် ထိုင်ရာမှ မထ သလို ၊ မော့်လည်းမကြည့်ပေ။ မျက်လွှာချထားတာမို့ မြင်လွှာထဲဝင်ရောက်လာတဲ့ ကုတင်အောက်က ကိုကို ခြေချောင်းလေးတွေကိုသာ မက်မက်မောမော ကြည့်နေမိ၏။
" ကိုကိုမသွားပဲနေလိုက်ရမလား သော် "
မော့်မကြည့်ပဲ ခေါင်းရမ်းပြမိ၏။
မခွဲချင်သော်လည်း ပါးပါးတို့နဲ့ ယှဉ်ပြီး
ကိုကို့ကို လောဘမကြီးချင်ပါ။
" သော် တခါမှ မခွဲဖူးလို့ နည်းနည်းဝမ်းနည်းသွားတာပါ ၊ ကိုကို သွားပါ သော်
လိမ်လိမ်မာမာနေခဲ့ပါ့မယ် "
"သေချာလို့လား "
မယုံသင်္ကာ အမေးဟူ၍ သတ်မှတ်လို့မရအောင် ကိုကို့လေသံထဲမှာ သော့်အပေါ် ချစ်စနိုးရိပ်တို့ ကိန်းဝပ်နေပါသည်။
သော် မကျေမနပ်မော့ကြည့်မိသည်။
ပြုံးစစ နှုတ်ခမ်းတို့သည် သော်ပုံစံကိုကြည့်ကာ သဘောကျနေဟန်။
"သေချာပါတယ် "
သော့်အသံသည် ထောင့်မကျိုးစွာထွက်ပေါ်လာပါသည်။ သော် သည် တခါတလေ
ကိုကို့အပေါ်မှာ ချွဲနွဲ့ ချင် ချွဲနွဲ့လိမ့်မည်။
ဒါပေမဲ့ ကိုကိုထင်သလို ချစ်စရာကောင်းတဲ့ ကလေး မဟုတ်ဘူးဆိုတာ သိစေချင်သည်။ တနေ့တခြား ချစ်ရိပ်တိုးလာပြီးနောက်မှာ သော် ကိုကို့ ကို အတောမသတ်နိုင်အောင်ပိုင်ဆိုင်ချင်လာသည်။
" ကိုကို့သော် .. နှုတ်ခမ်းကြီး ဆူနေရင်
ဝက်ကလေး တူလာမယ်နော် ၊ လိုက်ချင်
ခွင့်ယူပြီး လိုက်ခဲ့ ၊ ပြီးမှ ကိုကိုရေ လွမ်းလို့ပါ ဆိုရင် ချက်ချင်းပြန်လာလို့မရဘူးဗျ။ ကိုကိုက ၁၀ရက်လောက် နေရမှာ "
"ဘယ်သူက လွမ်းမယ်ပြောလဲ ၊ မင်း
နေနိုင်မှတော့နေ ချင်သလောက်နေပေါ့ ၊
ဟွန်း .. ငါကတော့ မင်းဆိုင်ကပိုက်ဆံတွေ အကုန် ဖြုန်းသုံးထားမှာပဲ မင်းမကြောက်ရင် ပြန်မလာခဲ့နဲ့ သဘောရှိကြိုက်သလောက်နေ "
" အားပါးပါး နေချင်သလောက်နေလို့သာ ပြောနေတာပါကွာ ၊ စိတ်ဆိုးနေတဲ့ ကောင်လေးက အကြာကြီးနေရင် ငါနဲ့တွေ့မယ်ဆိုပြီး အသံတိတ်ကျိန်းနေတာ ကိုကိုက မသိရှာဘူးဆိုတော့ "
မေးဖျားကို လာကိုင်တဲ့ လက်တွေကို သော် စိတ်ဆိုးတကြီးပုတ်ချပစ်လိုက်သည်။
ပုံညာဦးချီက လာပြီးတော့အကဲစမ်းနေတာ။
" မျက်စောင်းထိုးနေတယ်ဆိုတော့ ကိုကိုကိုင်တာ မကြိုက်ဘူးလား ၊ "
"မကြိုက်ဘူး မကိုင်နဲ့ "
"မကြိုက်လဲ ကိုင်မှာပဲ .. အို .. ပါးလေးက ညစ်လို့ကောင်းလိုက်တာ အိအိလေး "
ကိုကိုသည် သော် ကို တမင်စိတ်ဆိုးအောင် စနေသည်မှာသိသာလှသည်။ မေးကိုင်တာမကြိုက်တော့ ပါးကို သော်နှုတ်ခမ်းတွေဆူလာအောင်ထိ ဆွဲညစ်ကာ တဟားဟားအော်ရယ်၏။ သော် ဝမ်းနည်းနေရာမှ စိတ်ဆိုးလာတာကြောင့် ပါးပေါ်ကလက်တွေကို အတင်းဆွဲဖယ် လိုက်တာမို့ ရုန်းရင်းဆန်ခတ် ဖြစ်သွားကာ ကုတင်ကိုမှီရပ်ထားတဲ့ ကိုကို သည် သော့်ဖက်ကို ပြိုကျလာ၏။
မြန်ဆန်လွန်းလှတဲ့ အဖြစ်က
ရုတ်တရက်ဆန်စွာ ဖြစ်လာတာမို့
သော် ကိုကို့ ကို မမှီမကမ်းဆီးပွေ့လိုက်သည်။ သို့သော် ကိုယ်လုံးချင်းမတူတာကြောင့် အလေးချိန်ကို မထိန်းနိုင်ပဲ အိပ်ယာပေါ်ထပ်ရပ်လဲကျကာ ကိုကို့နှုတ်ခမ်းတွေသည်အရှိန်မထိန်းနိုင်ပဲ သော် နှုတ်ခမ်းကိုလာရောက်ထိတွေ့၏။
နှစ်ယောက်လုံး၏ မျက်လုံးတွေ သည်အဆမတန်ပြူးကျယ် သွားပါ၏။ တွန်းဖယ်ဖို့ သော်မေ့သွားသလို ရုန်းကန်ဖယ်ထဖို့ ကိုကို လည်း
သတိလွတ်သွားလေဟန်။ ကိုကို့မျက်လုံးတွေသည် အသိစိတ်မဲ့လျက် သော့်ကို အကြောင်သားကြည့်နေ၏။ ထိကပ်ထားဆဲနှုတ်ခမ်းနှစ်လွှာက မိနှစ်အတော်ကြာအောင် မခွာမိသေးပဲ ပူးကပ်နေဆဲ။ ကိုကို့ဆီမှ ထုတ်လွှင့်လာတဲ့ လေနွေးနွေးက သော့်နှာခေါင်းဖျားကိုရိုက်ခတ်နေတာကို ခံစားမိသည်ထိသော်တို့နှစ်ယောက်နီးကပ်နေပါသည်။
ပထမဆုံးသတိထားမိသူက သော်ဖြစ်ပေမဲ့
မသိချင်ယောင်ဆောင်ကာ ကိုကို
မျက်လုံးတွေကိုသာ စိုက်ကြည့်နေလိုက်၏။ အတော်ကြာမှ
" သော် ..သော် ဟို ကိုကို
တောင်းပန် ပါတယ် "
အခြေနေသည် သော်ထင်တာထက် ဆိုးပါသည်။ သော့်ကိုယ်ပေါ်ကနေ အလျှင်အမြန် ထသွားရုံမက ကုတင်ပေါ်ကထိ ဝရုန်းသုန်းကားဆင်းသွားတဲ့ကိုကို့ကို သော်မည်သို့ အပြစ်တင်ရမည်နည်း။
လဲကျသွားတဲ့အတိုင်း သော့်ကိုယ်လုံးက
မွေ့ ရာ ပေါ်မှာ ပက်လက် ကလေးအဖြစ်ရှိနေဆဲ။ မြင်နေရတဲ့ပျဉ်ခင်းမျက်နှာကျက်ကို ငေးကြည့်ရင်း မျက်ရည်စတွေကို မစီးကျအောင် သိမ်းဆည်းနေမိသည်။
အလန့်တကြားဖြစ်သွားတဲ့ ကိုကိုပုံစံက
သော် ရင်ကို နာကျင်စေသလို ရှက်ရွံစေ၏ ။
" သော် ကိုကိုတောင်းပန်ပါတယ် "
ဦးချီ သော့်ဘေးကိုပြန်လည် တိုးကပ်ကာ
တောင်းပန်မိသည်။ ခုထိ သော့်မျက်နှာကိုသူမကြည့်မိသေး။ ပန်းရောင်သန်းနေတဲ့သော့် နှုတ်ခမ်းဆီကိုအကြည့်ရောက်မိတော့
ဆက်တိုးနေတဲ့ ခြေလှမ်းတွေက နောက်ပြန်ဆုတ်သွားသည်။ သူ သူ သော့်မျက်နှာကိုမကြည့်ရဲသလို သော့်ကိုလည်းအားနည်မိသည်။ ထို့ကြောင့်အဝေးကနေပဲ
သော့်ကို တောင်းပန်နေမိ၏။
" ကိုကိုတမင်လုပ်တာမဟုတ်ပါဘူး "
သူ့ စကားဆုံးတော့ သော်သည် အိပ်နေရာမှ ထ ထိုင်ကာ သူ့ ကို စူးစူးရဲကြည့်၏။
သော့်အကြည့်တွေကြောင့် သူ ခေါင်းငုံ့ လိုက်မိသည်ထိပင်။ အပူလောင်သလိုစပ်ဖျင်းဖျင်းခံစားချက် ကသူ့တကိုယ်လုံးမှာ မီးလောင်ကျွမ်းနေ ပျံ့ နှံနေ၏။
" မင်း တမင်လုပ်တာမဟုတ်ပေမဲ့ နမ်းမိပြီးသွားပြီကွ။ ဒါ ငါ့ပထမဆုံးအနမ်း ဆိုတာ မင်းသိရဲ့သားနဲ့ တမင်လုပ်တာမဟုတ်ဘူးလို့ ပြောထွက်ရက်သလား ငါ -ိုးမ ကိုကိုရ ..ဟီးအီး ငါ့ချစ်သူဖြစ်လာမဲ့သူအတွက် အမြတ်တနိုးနမ်းရအောင် ချန်ထားတာလေး အဲ့ဒါကို မင်းဘယ်လိုပြန်လျှော်ပေးမှာလဲ ပုံညာဦးချီ ... ဘယ်လိုပြန်လုပ်ပေးနိုင်မှာလဲ ပြော "
အငြင်းခံလိုက်ရသလို ခံစားချက်ကြောင့်
သော့် စိတ်နှလုံးသည် တစစီ ပြိုကွဲနေသလိုဖြစ်နေ၏။ သူ မထိရဲရအောင် သော်က ဘာဖြစ်နေလို့လဲ ။ သူလန့် သွားအောင်
သော်က ကြောက်စရာကောင်းနေလို့လား။ -ီးကိုကို ... ။
မျက်ရည်နဲ့မျက်ခွက် အော်ဟစ်ပြောဆိုလာတဲ့ သော့်ကြောင့် ဦးချီ ပျာယာခတ်သွားဟာ ခြေမကိုင်မိလက်မကိုင်ဖြစ်သွား၏။
" အသံကျယ်ကြီး မငိုပါနဲ့ သော်ရယ် ၊ အိမ်ရှေ့က အလုပ်သမားတွေ ကြားကုန်ရင် ရှက်စရာကြီး ။ ပြီးတော့ ဒါ မတော်တဆ ဆိုတာ သော်လည်းသိတာပဲ "
" မသိဘူး မသိချင်ဘူး .. သွား ငါ့ဘေးနားမလာခဲ့နဲ့ ငတုံးကောင် "
လေပေါ် ပျံဝဲလာတဲ့ ခေါင်းအုံး တွေကို လိုက်ဖမ်းလျက် ဦးချီ အပြင်ကိုလည်းထွက်မပြေးနိုင်။ သူစကားတစ်ခွန်းပြောရင်
အမှားတစ်ခါပါသလို သော်က အထနကောက်၍ ငိုလို့မပြီးနိုင်ပဲ ကလေးတွေလို
ငိုရင်း ရန်တွေ့သေး၏။ နောက်ဆုံး
ပစ်စရာ ခေါင်းအုံးမရှိတော့မှ မွေ့ ရာပေါ်မှာ ဒီတိုင်း လက်ပေါ် ခေါင်းတင်လျက် ကွေးကွေးလေး ပြန်အိပ်သွား၏ ။ ခပ်သေးသေး ပုခုံးလေးက လှုပ်ခတ်နေဆဲမို့
ဦးချီ ခေါင်းအုံးလေးပိုက်ကာ ကုတင်ပေါ်ကို ပြန်တက်၏။
ခေါင်းအောက်ကခုထားတဲ့ သော့် လက်ကလေးကို
ဆွဲထုတ်ပြီး ခေါင်းအုံးကို အစားထိုးပြန်ထည့်ပေးနေစဉ် နောက်ပြန်လွင့်လာတဲ့ လက်က မျက်စိရှေ့ မဲခနဲ။
ဘုန်း !
အွန့် !
ဆေးထိုးအပ်ကိုင်တဲ့ လက်က
လက်ဝှေ့သမားထပ်တောင် လက်ဆပြင်းသေး၏။ ပူထူသွားသော မေးဖျားကို လက်နဲ့အုပ်လျက် နာနာကျင်ကျင်ရေရွတ်မိသည်။
" ကျွတ် ! နာလိုက်တာ သော်ရာ။
ကိုကို့ ကို အဲ့လောက် ချစ်ရသလား ။
ဒီမှာ ကြည့်စမ်း နာသွားပြီ "
"နာနာ ..သွား ငါ့နားမလာနဲ့ ။ "
လေသံနည်းနည့်ပျော့သွားတာမို့ ဦးချီ ပြုံးကာ ဘေးနားအတင်းတိုးအိပ်ကာဖက်၏
"လာမှာပဲ "
နွေးခနဲ ဖြစ်သွားတဲ့ ကျောပြင်ရယ် ၊ အတင်းလာဖက်ထားတဲ့ လက်ကြီးရယ်ကြောင့်
သော့်မှာ မရုန်းသာ မလွင့်သာ။
" ကိုကို ဖယ်စမ်း ၊ မင်းနာချင်နေတာလား။
ငါစိတ်ဆိုးနေတယ်နော် မင်းကို ၊ လာစမနေနဲ့ "
" မဖယ်ပါဘူး။ သော် စိတ်ဆိုးနေတာ ကိုကိုသိသားပဲ၊ "
" မဆိုးတော့ဘူးဖယ် "
"ငြိမ်ငြိမ်နေပါသော်ရာ ၊ ညနေဆို
ဦလေးထက်လာခေါ်တော့မှာ သော်သိရက်သားနဲ့။ သွားခါနီးလာခါနီးကို သော်
စိတ်ကောက်နေရင် ကိုကိုဘယ်လိုလုပ်
သွားရတာ စိတ်ဖြောင့်မှာလဲ "
ရုန်းကန် ထုရိုက်နေဆဲလက်တို့သည်
သိမ်မွေ့သော စကားတို့ကြောင့် ငြိမ်သက်သွားပါ၏။ ဝင်လေ ၊ ထွက်လေ တို့ က နားရွက်ဖျားမှာ ခပ်မှန်မှန် လာထိလျက် ။
ငယ်စဉ်ကတည်းက ပါနေတဲ့အကျင့်အတိုင်း ခေါင်းအုံး တစ်ခုထဲပူးကပ်လာအိပ်ပြန်ပြီဆိုတာ သိ၏။ ခါးမှာဖက်ထားတဲ့ တင်းကြပ်တဲ့ လက်အားက လျော့ကျမသွားသလို နောက်ထပ် လာတင်သော ရှည်လျားတဲ့ ခြေထောက်ကြီးကလည်း သော့် ပေါင်ပေါ်မှာ ရုန်းဖယ်မရအောင်ချုပ်နှောင်ပြန်သည်။
တစ်ကိုယ်လုံးပစ်ကပ်ခွတင်ထားသည့်
တိုင် လေးလံတယ်လို့ သော်မခံစားရပါ။
ကိုကို ၏ ၁၀နှစ်ကျော် မကတဲ့ ဖက်လုံးလေး ဖြစ်ဖူးတဲ့ သော်က ဒီအနေထားကို စိမ်းသက်မနေ။
" ကိုကိုတောင်းပန်ပါတယ်သော် "
သော်မျက်လုံးတွေကိုမှိတ်ကာ အသက်ကိုမှန်မှန်ရူ မိသည်။ နှာခေါင်းဝမှာ တိုးဝင်လာတဲ့ ကိုယ်သင်းနံ့သည် သော်တစ်ဦးတည်းသာ ရူရှိုက်ခွင့်ရှိသော ရနံ့။ အမွှေးနံ့ သာမသုံးတက်သော သူမို့ ပင်ကိုရှိသောမမွှေး၊ မနံသော ကိုယ်နံ့စစ်စစ်ကိုသာ အနားကပ်ရင်ရရှိတက်၏။ နွေးထွေး စိတ်ငြိမ်စေသော ထိုကိုယ်နံ့ ကို သော် တကယ်ကြိုက်နှစ်သက်ပါသည်။ အမြဲ သူမမှားပဲ တောင်းပန်တက်သူမို့ ဒီတခါလည်းအလျော့ပေးကာ တောင်းပန်ပြန်သည်။
သော်အမြဲတမ်းလိုချင်ခဲ့တာတောင်းပန်စကားတွေမဟုတ်ဘူးဆိုတာ ကိုကို့ကိုဘယ်လို ပြောရမလဲ ...
_______
"သော်ရေ ကိုကို ခု မန္တလေးကနေ စထွက်နေပြီ "
"အင်း... ဘယ်နားရောက်နေသလဲ ဆိုရင် မြို့တော်ဥယျာဉ်နားမှာ ခု စစ်ကိုင်းဖက်ကိုသွားဖို့ ကားကိုကွေ့လိုက်ပြီ "
ကိုထက် ကားမောင်းနေရင်း သူ့တူကို စိတ်မရှည်စွာ ငဲ့ကြည့်မိ၏။ တကယ်ပါပဲ
သူ့အဖေတုန်းကလည်း ဖအေမို့ တအားကဲတယ်။ မွေးထားတဲ့သားကလည်းဘာထူးလဲ။ ဖအေ့ ခြေရာ တပုံစံထဲ လိုက်နင်းသည်။ ကလေးဘဝကတည်းက တသော်တည်းသော်နေခဲ့တာ ခုထိ သော်နေတုန်း မို့ ကြားရတာ တော်တော်
နားကလော နေပြီ ။
ဘယ်နှယ့်ကွာ မတွေ့တာ ကြာတဲ့ ဦးလေးကို အချိန်ပေးပြီး စကားလေးဘာလေး ပြောသင့်တယ်မထင်ဘူးလား ။ ကားပေါ်စရောက်ကတည်းက ဖုန်းပြောလာတာ စစ်ကိုင်းတံတားပေါ်တောင်ရောက်တော့မည် ခုထိ မချသေး။ ဟိုကလေးကလည်း ဆရာဝန်သာပြောတယ် ဆေးမကုပဲ ဖုန်းပဲပြောနေသလားပဲ။
" အင်းပါ အလုပ်မအားရင် ကိုကိုဖုန်းချလိုက်တော့မယ်နော် ၊ သော်အားမဲ့ချိန်ဖုန်းဆက်လိုက် ကိုကိုက ညကားဆိုတော့အိပ်ဖြစ်မှာမဟုတ်ဘူး ..ဟုတ်ပြီ ..အင်း ..အင်း
ဒါဆို ကိုကိုဖုန်းချပြီနော်သော် "
ဖုန်းချ လိုက်တာ သေချာပြီဆိုမှ
"ဘာစကားတွေပြောလို့ ဒီလောက်ကြာနေရတာလဲ ကိုလေကျယ်ရ ။ ဒီဦးလေးနဲ့ အကြာကြီးနေမှ တစ်ခါတွေ့ရတာကို အဖက်မလုပ်ဘူး၊ ရောက်ကတည်းက ပလစ်ခံနေရတာပဲ ဟေ့ "
"အာ .. မပလစ်ပါဘူး ..ဦးထက်ကလည်း။
သော်က အချိန်တိုင်းအားနေတာမဟုတ်တော့ သူအားမဲ့အချိန်ကို စောင့်ပြီးမှဖုန်းပြောရတာ .. ဟဲဟဲ အဲ့ဒါကြောင့် ဦးလေးထက်ဖက်ကို မလှည့်သေးတာပါဗျ။ "
"တော်ပါကွာ .. မင်းကောင်လေး မအားမှ ငါ့ဖက်လှည့်လာတာကို ငါက စကားလက်ခံပြောပေးစရာလား "
တမင်စနေမှန်းသိသည်မို့ လက်သီးနဲ့ ဦးလေးပုခုံးကို ရယ်မောလျက် အသာလှမ်းထိုးလိုက်ပြီးမှ
" ဟားဟား ဦးလေးရာ စိတ်မဆိုးတက်ပဲ ဆိုးချင်ယောင်ဆောင်မနေပါနဲ့ ။ ကဲ ပြောပ်အုံး ၊ ဟိုတလော ကိုဖိုးသား မိန်းမယူတယ်ဆို ဘယ်သူ့သားသမီးနဲ့လဲ .. ဘယ်ရွာကတဲ့လဲ။ သား ကိုတော့စိတ်ဆိုးနေမှာသေချာသလောက်ပဲ။"
ကိုဖိုးသားဆိုတာ ဦးလေးအငယ်ဆုံးဆိုပေမဲ့ ဦးချီ နဲ့ တော့ ၁၅နှစ်လောက်ကွာဟသည်။ အစက ဦးငယ်ဟု သင်ထားသော်လည်း ချစ်စနိုးနဲ့ အများခေါ်သလို ကိုဖိုးသားဟု သူပါရောယောင်ခေါ်ရင်းအကျင့်ပါခဲ့သည်။
" သေချာသလောက်ပဲ ။ ဟိုတလောကတောင် မင်းကို ကျိမ်းနေသေးတယ် "
" ပြန်ရောက်မှာ သေချာ ချော့ရတော့မှာ ပဲ ဦးလေးထက် ရေ ။
အမှန်တော့ မင်္ဂလာဆောင်ကို သား ပြန်လာမလို့ပဲ ..အဲ့ရက်က သော်နေမကောင်းဖြစ်သွားတာနဲ့ မလာဖြစ်လိုက်တာ "
"အချိန်တိုင်း သော် နေတော့တာပဲ ငါ့တူရာ ၊၂၄နှစ်ဆိုတဲ့ အသက်က ငယ်တော့တာမဟုတ်ဘူး စိတ်ဝင်စားရင် စားတယ်၊ သဘောကျရင် ကျတယ်ပေါ့ကွ ။ "
"ဟာ ! သားတို့က သူငယ်ချင်းတွေပါဗျ "
ပုညာဆီမှ အလန့်တကြားငြင်းဆိုသံကြောင့် ကိုထက် ခေါင်းရမ်းမိသည်။
ဘယ်သူငယ်ချင်းက ကိုကို ရေ ၊ သော်ရေ
ဆိုပြီး နုနုညံ့ညံ့ခေါ်လို့လဲ။ ဘယ်သူငယ်ချင်းက အချိန်တိုင်း လက်ညိုး ညွှန်သမျှ
အင်း သော် ကြိုက်ရင် ကိုကိုဝယ်ပေးမယ်လို့ပြောဖူးသလဲ။ ဘယ်သူငယ်ချင်းက
နေ့စဉ် မပြတ် ဆေးရုံကို အပို့ ၊ အကြို လုပ်ဖူးလို့လဲ။ ဟွန်း .. ပြောလိုက်ရရင်မကောင်းရှိတော့မယ်။
"အေး အေး သူငယ်ချင်းနေလိုက် ၊ တော်ကြာ သူများနောက်ပါသွားမှ လာငိုမနေနဲ့
မင်း ပါးစပ်ကသာ ရိုးရိုးသားသားပါ ပြောနေတာ လက်တွေ့ကျ သမီးရည်းစားတွေတောင် မင်းလောက် မကဲဘူးကွ "
" ဒါကတော့ ငယ်သံယောဇဉ်တွေကြောင့်ပါဦးလေးရာ ၊ သော် နဲ့ သားက ရိုးသားပါတယ်။
သော် ရှေ့ သာ အဲ့ဒီစကားတွေသွားပြောရင် ဟိုက မိုးကိုမီးနဲ့တက်ရှို့ နေအုံးမယ် "
" ပြောမိတဲ့ ငါပဲမှားပါတယ်။ တနေ့ကျမှ
သော်နဲ့ သား ကလေ ၊ သားနဲ့ သော်ကလေးဆိုတဲ့ မခို့တရို့ ရုပ်ကြီးနဲ့ လာမိတ်ဆက်လို့ကတော့ နားရင်းရိုက်လွှတ်မှာ မင်းကို "
သော်နဲ့ သူ့ကို ဘာလို့ အတင်းပေးစားနေကြမှန်းနားမလည်ပေ။ထိုသို့ ပြောတိုင်းသူကတော့ စိတ်မဆိုးတဲ့အပြင် ရယ်တောင်ရယ်ချင်သေးတယ် ။
တိတ်တဆိတ်ရယ်မိနေတုန်း
ညနေက မတော်တဆ အနမ်းအိအိလေးကို ဖြတ်ခနဲ တွေးမိသွားစဉ် လေဆန်ကလည်ချောင်းဝမှာ ဆန်တက်လာသလို .
အဟွတ် အဟွတ် ..
ရှက်ရွံစွာ ဆိုးသော ချောင်းသည် တော်တော်နဲ့ မရပ် ။ ပူလောင်သော နား ၊
ပူလောင် စိတ်က အမှတ်တမဲ့ ပြန်တွေးမိရုံနဲ့ ချော်ရည် ပူထဲခုန်ဆင်းသကဲ့သို့ ။
အဆက်မပြတ်တုန်ဟီးနေသောရင်ဘတ်ကိုလက်နဲ့ဖိ၍ သူ့မျက်မှောင်ကို အလိုမကျစွာကုတ်မိ၏။
စောကပင် အကောင်းတိုင်း ရယ်မောနေသေးသည်။ ခုချက်ချင်း နေမကောင်းချင်သလို နှလုံးခုန်သံတွေ မမှန်တော့ကြောင့် စိုးရိမ်သွား၏။ ချောင်းဆိုးလွန်သွားလို့လား..ဒါမှမဟုတ် ။
ဘုရားရေ
သူ ..သူ ရောဂါ တစ်ခုခုများရှိနေပြီလား...
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz