ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

3

eainsi23

"ဦးခ်ီ  သား ေဖေဖဆီက ဖုန္းလာေနတယ္"

ဦးခ်ီစာဖတ္ေနတုန္း ဘိုးဘိုးက အခန္းထဲလာၿပီး ဖုန္းေပးလာတာေၾကာင့္ ဦးခ်ီ လွမ္းယူလိုက္၏။

" ဘိုးဘိုး  သားဖုန္းခဏ ေျပာအုန္းမယ္ေနာ္ ။ ၿပီးမွ သားလာေပးေတာ့မယ္"

သူ ႔ကို အခန္းထဲကေန နွင္ထုတ္ေနတဲ့ ေျမးျဖစ္သူေၾကာင့္ အုန္းဆီလိမ္းထားတဲ့ ေခါင္းေလးကို ပြတ္ကာ  ဦးသက္ေက်ာ္ အခန္းထဲကေန ထြက္ခဲ့လိုက္သည္။
ပံုညာဦးခ်ီ ဆိုတဲ့ နာမည္ဆန္းေလးနဲ ့မဆိုင္စြာ သူ ႔ေျမးက အေနေအးသည္။
သိတက္လိမ္မာလြန္းသည္။
အသက္ႀကီးလာၿပီမို ႔အရင္လို တစ္ေယာက္ထဲမေနခ်င္ေတာ့တဲ့ သူလိုအဘိုးႀကီးတစ္ေယာက္အတြက္ကေတာ့  ပံုညာဦးခ်ီက
ခ်စ္စရာေျမးငယ္ေလးပင္။
သက္မင္းပံုရဲ႕ ဆံုးမမူ ႔ေအာက္မွာ
ဦးခ်ီဘယ္ေလာက္သိတက္ လိမ္မာသလဲဆိုတာ  ေျပာေနစရာမလိုေအာင္ပင္။
အဲ့အတြက္လည္း ဦးသက္ေက်ာ္ မ်ားစြာေက်နပ္ရပါသည္။

ဘိုးဘိုးထြက္သြားတာေသခ်ာမွ သက္ပံုကို ဦးခ်ီ အသံျပဳလိုက္၏။

" သက္ပံု ကိုအရမ္း လြမ္းေနတာ "

ဦးခ်ီ စကားဆံုးေတာ့ ေလလႈိင္းထဲကေန
သက္ပံုရဲ႕ရယ္သံတိုးသဲ့သဲ့ကို ၾကားလိုက္ရသည္။
ဟိုဖက္အိမ္က ယေသာ္လင္းကို မတည့္ေပမဲ့  ဦးခ်ီ လို ေကာင္းမြန္တဲ့ မိဘကိုေတာ့ရေစခ်င္ပါသည္။
ထိုေကာင္ေလးသည္ ဦးခ်ီကို အၿမဲ အနိုင္က်င့္ေနေသာ္လည္း ကံမေကာင္းဘူးဆိုတာ သူ ႔ကိုသူ ေမ့ေနေလဟန္။
ဦးခ်ီက အသားမဲတယ္ဆိုေပမဲ့
ရုပ္ေခ်ာ တာကို ယေသာ္လင္း မသိေလသလား။

ၿပီးေတာ့ ဦးခ်ီမွာ  နံ ့သာျဖဴ ခင္းတစ္ဧက
ကိုလည္း အသက္ငယ္ငယ္နဲ ့ပိုင္ေသးသည္။
ထို ႔အျပင္  တံငါကုန္း႐ြာမွာ ဦးခ်ီတို ႔ပိုင္ဆိုင္မူ ႔သည္ လူတကာအားက်ရေလာက္ေအာင္ ခ်မ္းသာသည္ဆိုတာ  ယေသာ္လင္းက မသိ။
မႏၲေလးသားမဟုတ္ေပမဲ့ မႏၲေလးမွာ
သူငမဲလံုးလို ႔စေနာက္ေခၚေဝၚတဲ့ ေကာင္ေလးရဲ႕ အိမ္ၿခံေျမပိုင္ဆိုင္မူ ႔ကိုသိရင္ ယေသာ္လင္းမာန္ ထပ္ၿပီး သူ ႔ကို ေလွာင္ဝင့္မွာလား။ ကေလးပီပီ  ပံုညာဦးခ်ီတစ္ေယာက္ စိတ္ထဲ မေက်နပ္သမ်ွကို ေတြးလို ႔ေနသည္။

"ဦးခ်ီ က မႏၲေလးမွာေပ်ာ္ေနၿပီး ေဖေဖ့တို ႔ကိုေမ့ေနတယ္ထင္တာ ။ ဘိုးဘိုးတို ႔က ငါ့သားကို  အျပင္ေတြဘာေတြလိုက္ပို ႔တယ္မို ႔လား "

"လိုက္ပို ႔ပါတယ္။ သားစားခ်င္တာကိုလည္းဦးခ်ိန္းက ဝယ္ေကြၽးတယ္။ ဒါေပမဲ့ သားမေပ်ာ္ေတာ့ဘူး သက္ပံု။ အိမ္ျပန္လာခဲ့ေတာ့မယ္။ သက္ပံုလာေခၚေပးမွာလား။ ပါးပါးလာေခၚမွာလားဟင္ "

သက္ပံုနဲ ့စကားေျပာရင္း ဦးခ်ီ ဝမ္းနည္းစြာက်လာတဲ့ မ်က္ရည္ေတြကို မသိေအာင္ တိတ္တခိုးသုတ္လိုက္သည္။
ဘာေၾကာင့္ရယ္မသိ သူခုတေလာ အိမ္ကိုအတင္းျပန္ခ်င္ေနသည္။မႏၲေလးက သူ ႔အတြက္ေနေပ်ာ္ဖြယ္မေကာင္းလွ။

" သား မေပ်ာ္ရင္  ပါးပါးကို အႀကိဳ လႊတ္လိုက္မယ္ေနာ္။  ဘိုးဘိုးတို ႔ကို ေသခ်ာေျပာျပထားလိုက္ေလ။ ေနာက္နွစ္ေႏြရာသီမွ 
သားလာခဲ့မယ္လို ႔"

ဘာပဲေျပာေျပာ မိဘရင္ခြင္နဲ ့အၾကာႀကီးခြဲမေနသင့္ေသးတဲ့အ႐ြယ္မို ႔ ဦးခ်ီ မေပ်ာ္တာကို  သက္ပံု ဆက္မလုပ္ခ်င္ေပ။
ေဖေဖကေတာ့ ဘယ္လိုထင္မလဲ မသိေပမဲ့ ေကာင္းခ်ီက အရမ္းသတိရေနတဲ့ပံုမို ႔
ျပန္ေခၚေပးမွရျဖစ္မည္။

"ဟုတ္ကဲ့ ။ ပါးပါးေနေကာင္းလားသက္ပံု။ "

"ေနေကာင္းပါတယ္ ။ မင္းအေဖက ညကေတာင္ ေျပာေနတာ ။ အိမ္ျပန္ေခၚလိုက္ေတာ့ သားမရွိေတာ့ ကြၽန္ေတာ္ပ်င္းတယ္တဲ့ "

ဝမ္းနည္းေနတဲ့ ဦးခ်ီ စိတ္ကေလးသည္ သက္ပံုစကားၾကားေတာ့ ေပ်ာ္လာရ၏။
ဘယ္ေတာ့မွပါးပါးနဲ ့မတည့္ေပမဲ့ သူအၾကာႀကီးေတာ့ခြဲမေနနိုင္ေပ။

"ပါးပါးကို အရမ္းလြမ္းတာပဲ။ျပန္လာရင္ သားမွာေျပာစရာေတြ အမ်ားႀကီးရွိတယ္သက္ပံု။ ၿပီးေတာ့ လာႀကိဳရင္ သရက္သီး ယူခဲ့ေပးလို ႔ရမလား။ သား လက္ေဆာင္ေပးစရာရွိလို ႔"

မ်က္လံုးထဲ ယေသာ္လင္းကို ျမင္လာေတာ့ အိမ္က စိန္တလံုးေတြေပးခ်င္လာသည္။
သားအဖနွစ္ေယာက္ အလြမ္းမေျပေသးေပမဲ့ အလုပ္မအားလွတဲ့ သက္ပံုက မၾကာဘူး ဖုန္းခ်သြားတယ္။

ဖုန္းကို လက္ထဲကေန ခ်ကာ ဦးခ်ီ ျပတင္းေပါက္ ဆီသို ႔သြားကာ တဖက္အိမ္ကို ေခ်ာင္းၾကည့္လိုက္သည္။
ဒါေပမဲ့  ခပ္လွလွအန္တီတေယာက္ကလြဲၿပီးယေသာ္လင္းကိုေတာ့မေတြ ႕။

_____

"ယေသာ္  သားငယ္  ထေတာ့ ။
အိမ္ေရွ ႔မွာ သားသူငယ္ခ်င္းတဲ့ အလည္ေရာက္ေနတယ္။ သြားစကားသြားေျပာလိုက္အုန္း။ "

ေမေမ့အသံေၾကာင့္ ယေသာ္ အိပ္ေပ်ာ္ေနရာမွာ ကုန္းထလိုက္သည္။

"ဘယ္က သူငယ္ခ်င္းလဲ သားမွာ သူငယ္ခ်င္းမရွိ.."

ေျပာေနရင္ ေတြးမိသြားတာ ဟိုဖက္ၿခံက ငမဲလံုး ။ 
ထို ႔ေၾကာင့္အလ်ွင္အျမန္ အိပ္ယာထပ္ကေန ထကာ အခန္းျပင္ေျပးထြက္လိုက္၏။

ေဟာ ေတြ ႕ပါၿပီ။
ဧည့္ခန္းက ဆိုဖာထပ္မွာ  ပံုပံုေလးထိုင္ေနတဲ့ ေကာင္ေလး။

ေအာင္မာ အေစာႀကီးပဲ ေရမိုးခ်ိဳးၿပီး ပံုညာဦးခ်ီေဂၚေနတယ္ေပါ့။

ကိုယ္မ်က္နွာမသစ္ရေသးတာကို ေမ့ၿပီး
အေျပးအလႊား ပံုညာဦးခ်ီနဲ ့မ်က္နွာ ခ်င္းဆိုင္မွာ ေျပးထိုင္သည္။

"မင္း အလွဴ က ျပန္လာတာလား"

အျဖဴ ေရာင္ ရွပ္လက္တိုနဲ ့ ပုဆိုးကို ေသခ်ာ ဝတ္ဆင္ထားတာမို ႔ ဘယ္လိုပဲၾကည့္ၾကည့္ဦးခ်ီက ယေသာ္မ်က္လံုးထဲမွာ
အလွဴ သြားၿပီးျပန္လာတာတဲ့ပံုမ်ိဳး။

ဒါေပမဲ့ ယေသာ္လင္းစကားေၾကာင့္
ပံုညာဦးခ်ီ မ်က္ေမွာင္ကုတ္လာတာေၾကာင့္ ထပ္ၿပီးေျပာလိုက္သည္။

"ဒါဆို မင္း မဂၤလာေဆာင္က ျပန္လာတာလား "

" ဘာေတြလာေျပာေနတာလဲ။
မ်က္နွာလဲ မသစ္ရေသးပဲ ညစ္ပတ္လိုက္တာ။ အလွဴ သြားမွ ဒါမ်ိဳးဝတ္ရတာလား။
ငါက အိမ္မွာေနရင္းသာ အက်ၤ ီအေဟာင္းနဲ ့ေနတာ။ အျပင္သြားရင္ ဒါမ်ိဳးပဲ ဝတ္တယ္။ "

အထက္ေအာက္စံုဆန္ၾကည့္ၿပီးယေသာ္နွာေခါင္းရႈ ံ ့လိုက္တယ္။
၆နွစ္အ႐ြယ္ က ဒီလို ဝတ္ဖို ႔ ငယ္ေသးမဟုတ္ဘူးလား။ ေပါ့ေပါ့ပါးပါးမရွိလိုက္တာ။
ဘာပဲေျပာေျပာ ခါတိုင္း ပုဆိုးတိုတိုနဲ ့စာရင္ ဒါက ပိုၾကည့္ေကာင္းပါေသးတယ္။

"ေျပာ  ။ ဘာလာလုပ္တာလဲ "

ထိုအခါမွ  ဦးခ်ီ လာရင္ကိစၥကိုသတိရသည္။ ထို ႔ေၾကာင့္ ေဘးမွာ ခ်ထားတဲ့
လက္ဆြဲျခင္းေလးကိုေကာက္ကိုင္ကာ
စားပြဲေပၚတင္ေပးလိုက္သည္။
ယေသာ္လင္းကေတာ့ သူလုပ္သမ်ွ
ျပဴ းေနတဲ့ မ်က္လံုးေတြ ပိုဝိုင္းေအာင္
လိုက္ၾကည့္ေနသည္။

"ငါ ႐ြာျပန္ေတာ့မွာ မို ႔ မင္းကို လာနႈတ္ဆက္တာ ယေသာ္လင္း ။
ဒါက ငါတို ႔ၿခံထြက္သရက္သီးေတြ။
မင္းစားဖို ႔အိမ္ကို ယူခဲ့ခိုင္းလိုက္တာ "

သရက္သီးဆိုတာ ကို မၾကည့္နိုင္ပါ။
တအံ့တၾသ  ယေသာ္လင္း
ထပ္ေမးမိသည္။

"ျပန္မယ္ဟုတ္လား။ ဘာျပန္လုပ္မွာလဲ။
ျပန္လာအုန္းမွာလား။ "

"မလာေတာ့ဘူး။ ေနာက္နွစ္ ေႏြရာသီမွ လာေတာ့မွာ ယေသာ္ ။ ငါက      ဘိုးဘိုးတို ႔ဆီက ခနပဲလာလည္တာေလ "

ငမဲလံုးဆီကျပန္မယ္ၾကားေတာ့
ယေသာ္လင္း ဝမ္းနည္းသြား၏
သူတို ႔သူငယ္ခ်င္းေတာင္ ေကာင္းေကာင္းမျဖစ္လိုက္ရေသးဘူးေလ။

" သားေရ  မနက္စာ စားခဲ့ၿပီလား။
အန္တီ က အေစာႀကီးဆိုေတာ့ ဘာေကြၽးရမွန္းမသိလို ႔ ။ သား မနက္စာမစားခဲ့ရေသးရင္ အတူ စားသြားပါ့လား အန္တီတို ႔နဲ ့"

ဦးခ်ီ ၿပံဳးကာ မတ္တပ္ထရပ္လိုက္သည္။

"ေက်းဇူးတင္ပါတယ္ဗ်။ သားစားခဲ့ၿပီးပါပီ။
ဒါက အန္တီ တို ႔စားဖို ႔သားတို ႔ၿခံထြက္ေတြယူလာတာပါ။ "

"အို စိန္တလံုးေတြပဲ။ အားနာလိုက္တာ သားေရ။ အမ်ားႀကီးပဲ။  "

"ဟုတ္ကဲ့ အန္တီ ။ ဒါဆို သားျပန္ေတာ့မယ္ခင္ဗ်။  ႐ြာျပန္ေတာ့မွာမို ႔ယေသာ္ကို လာနႈတ္ဆက္တာ နည္းနည္းေတာင္ေစာသြားတယ္"

"မဟုတ္တာ ။ သားလာတာအေတာ္ပါပဲ။
အန္တီတို ႔အိမ္က ယေသာ္ကသာ အိပ္ပုတ္ႀကီးေနတာ "

ယေသာ္ တစ္ေယာက္  ေမေမနဲ ့ငမဲလံုးကို ၾကည့္ကာ  နႈတ္ခမ္းဆူလာပါသည္။
ထို ႔ေၾကာင့္

"ေမေမ  သားဗိုက္ဆာေနၿပီ "

"ေအးေအး ေမေမ ေနာက္ေဖးမွာ ထမင္းေၾကာ္ထားတာေမ့ေတာ့မလို ႔ခဏ ယေသာ္ေရ "

အေျပးကေလး ေနာက္ေဖးဝင္သြားမွ
ယေသာ္  ပါ  ဦးခ်ီလို မတ္တပ္ထရပ္လိုက္သည္။

"လာ ငါမင္းကို ျပန္ပို ႔ေပးမယ္။ "

ေရွ ႔ကေန ထြက္သြားတဲ့ ယေသာ္လင္းက
သူ ႔ကိုသူ မ်က္နွာ မသစ္ရေသးတာကို ေမ႔ေနသလားမသိ။ ညစ္ပတ္လွတဲ့
ယေသာ့္ကို ၾကည့္ကာ ဦးခ်ီ စိတ္ညစ္
လို ႔ေန၏။
သူက မနက္ဆို အိပ္ယာေစာေစာထသလို  ညဝတ္အက်ၤ ီနဲ ့မေနပဲ ေရခ်ိဳး
ၿပီး သန္ ႔ရွင္းစြာေနတက္သည္။
ဒါေပမဲ့  တခုေကာင္းတာက ယေသာ္လင္းမွာ   လွပေသာ ရုပ္ရည္ ရွိျခင္းပင္။
ညစ္ပတ္တာကို  သူရုပ္ေလးနဲ ့ထိန္းထားတာေၾကာင့္ တအားႀကီးေတာ့ ၾကည့္ရမဆိုးလွ။

"ပံုညာဦးခ်ီ "

"ဟင္ "

ထူးလိုက္တာက အလန္ ႔တၾကားေၾကာင့္
ယေသာ္ ပံုညာဦးခ်ီကို မေက်နပ္ေတာ့။
အၿမဲ ယေသာ္က လူဆိုးႀကီးမ်ားမွတ္ေနသလား။

"  ေနာင္နွစ္ ျပန္လာရင္  ငါတို ႔သူငယ္ခ်င္းလုပ္ၾကမယ္"

"တကယ္လား။ မင္း ငါကို ငမဲလံုးလို ႔မေခၚရဘူးေနာ္ "

ေမ်ွာ္လင့္တႀကီး လက္ညိဳးေထာင္ကာ ေမးလာတဲ့ေတာသားေၾကာင့္ ယေသာ္ မ်က္ေစာင္းထိုးၿပီး  ခပ္မာမာေျပာလိုက္တယ္။

"ေအး "

"ဟီးဟီး ဒါဆို  ေနာက္နွစ္ၾကမွ ေတြ ႕မယ္ ယေသာ္လင္း ဟိုမွာ ငါ့ပါးပါး ေစာင့္ေနတယ္ "

Prado ကားတစီးကို လက္ညိဳးထိုးျပတဲ့
ပံုညာေၾကာင့္ ယေသာ္ ေခါင္းညိမ့္ျပလိုက္သည္။
ထို ႔ေနာက္ ယေသာ္တို ႔ၿခံေရွ ႔ကေန ေျပးထြက္သြားေသာ အရိပ္ကေလးကို ေငးၾကည့္ရင္း  အေတာ္ၾကာထိုေနရာမွာ ရပ္တန္ ႔ေနခဲ့သည္။

"  ပါးပါးေရ သားတို ႔ျပန္လို ႔ရၿပီေနာ္ "

ၿခံထဲေျပးဝင္လာတဲ့ သားကို ၾကည့္ပီး ေကာင္းခ်ီ ေယာက္ခထီးကို နႈတ္ဆက္လိုက္၏။

" အေဖ  ဒါဆို ကြၽန္ေတာ္တို ႔ျပန္ေတာ့မယ္ဗ်။  လိုအပ္တာတခုခု ဆိုရင္ ဖုန္းဆက္အုန္းေနာ္ "

ဦးသက္ေက်ာ္ စိတ္မေကာင္းစြာ ေခါင္းၿငိမ့္ျပလိုက္တယ္။
သားေမြးၿပီး သမက္ရမယ္လို ႔ဘယ္တုန္းကမွ မထင္ခဲ့ေပမဲ့ သူကေတာ့ သမတ္တေယာက္ရခဲ့သည္။
ထူးဆန္းစြာပဲ  ထိုေကာင္ေလးက လိမ္မာၿပီး  အလိုက္သိတက္သည္။
ေဘးမွာ ခ်ထားေသာ  ဘူးေပါင္းစံုကို ၾကည့္ကာ ဦးသက္ေက်ာ္ စိတ္မဆိုးျဖစ္ေတာ့တာၾကာပါပီ။
အၿမဲေရာက္လာတက္ေသာ  ေဆးဘူးေတြနဲ ့စားစရာ အေၾကာ္အေလွာ္ေတြ က
ဘယ္ေလာက္ ဂရုစိုက္ေပးသလဲဆိုတာ သိသာပါတယ္။

" ေအးပါ။ ေကာင္းေကာင္းျပန္ၾကအုန္း။
ေျမးႀကီး ဘိုးဘိုးဆီဖုန္းဆက္အုန္းေနာ္ "

တဆက္ထဲ  ပံုညာဦးခ်ီ ကိုပါလွည့္မွာေတာ့

" ဟုတ္ကဲ့ ဘိုးဘိုး။ က်န္းမာေရးဂရုစိုက္အုန္းေနာ္။ သား ကန္ေတာ့ခဲ့ပါတယ္"

ၾကမ္းေပၚမွာ ျပားျပားေလးထိုင္ ကန္ေတာ့ေနတဲ့ ေျမးကို ၾကည့္ကာ မ်က္ရည္က
လူႀကီးတန္မဲ့ ေဝ့ခနဲ။
အလိမ္မာေျမးအတြက္ ဆုေတြ တသီႀကီးေပးၿပီေတာ့ နႈတ္ဆက္ကာ ကားနားထိလိုက္ပို ႔လိုက္သည္။
မခြဲခ်င္ေသးေပမဲ့ ျပန္ဖို ႔ေနာက္က်ရင္ ကေလး ကားပန္းမွာစိုးလို ႔ပင္။

လက္ေလးတျပျပ လုပ္ကာ ျပန္သြားတဲ့ ကားေလးကို ၾကည့္ပီး  ဦးသက္ေက်ာ္ ပင့္သက္ရႈိက္လိုက္၏။

သက္မင္းပံုတို ႔အေတာ္ေလးအဆင္ေျပေနၾကသည္ဟုၾကားရသည္။
႐ြာမွာေနေပမဲ့ ကိုခ်ိန္းေျပာပံု အရ 
စီးပြားေရးက အေတာ္ေခ်ာင္လည္သည္တဲ့။
ထူးဆန္းတဲ့ ႐ြာမွာ သက္မင္းပံုက
နွိမ္ခ်ခံရဖို ႔ေနေနသာသာ  အမ်ားရဲ႕
ေလးစားသူျဖစ္ေနတယ္ဆိုပဲ။

အလွဴ အတန္း ရက္ေရာသလို
ရပ္႐ြာ အေရးမွာ မပါရင္မၿပီးသည္ထိ
သက္မင္းပံုတို ႔လင္မယားက
ေကာင္းသတင္းနဲ ့ေၾကာ္ၾကားသည္။
ၿပီးေတာ့ စီးပြားေရး။
ဘယ္ေ႐ြ ႕ဘယ္မ်ွ ခ်မ္းသာေနၿပီလဲ မသိပမဲ့  အိမ္ၿခံေျမေတြကေတာ့ မႏၲေလးမွာ
လက္ညိဳးထိုးမလြဲရွိေသးသည္။

လမ္းပန္းဆက္သြယ္ေရးေကာင္းလာၿပီမို ႔ကုိယ္ပိုင္ကားေတြ ဘာေတြစီးနိုင္ၿပီး
အရင္လို မဟုတ္ေတာ့တဲ့ တံငါကုန္း႐ြာမွာ
လ်ွပ္စစ္မီးရၿပီျဖစ္တာေၾကာင့္  Airconနဲ ့ဘာနဲ ့ၿမိဳ ႕မွာလို ဇိမ္နဲ ့ေနရသည္တဲ့။

ေစ်းဆိုင္နဲ ့ပြဲရုံဆိုတာကလည္းအႀကီးအက်ယ္ ျဖစ္ေနၿပီမို ႔စိတ္ေတာ့ေအးရပါသည္။
မျဖစ္ေစခ်င္ခဲ့ေပမဲ့ ျဖစ္သြားေတာ့လည္းမိဘပဲေကာင္းစားတာပဲ ျမင္ခ်င္တာပါ။
သူကေတာ့  ေျခာက္ကပ္ကပ္အိမ္မွာ တစ္ေယာက္ထဲေပါ့။ သားသမီးေလးေယာက္ရွိတယ္။ အႀကီးဆံုးသားလင္မယားကလည္း မဆိုးသြမ္းေပမဲ့ လိမ္မာလွတဲ့ထဲမပါ။ မင္းသားလုပ္ေနတဲ့ ကိုခ်ိန္းကလည္း
အိမ္မွာမကပ္။ အငယ္ဆံုးသမီးကလည္း
နိုင္ငံျခားမွာသာေနသည္မို ႔ သူ ႔ဘဝဟာ အသက္ႀကီးလာေလေလေျခာက္ကပ္လာေလမို ႔ပ်င္းစရာေကာင္းလွေပသည္။

ထြက္ခြာသြားတဲ့ ကားေလးကို ေငးကာ
ဦးသက္ေက်ာ္  ဝမ္းနည္းစြာ ေတြးေနမိသည္။   ေတာင္းဆိုးပလံုးဆိုးပဲ ပစ္ရုိးထံုးစံရွိတာပါ ။ သားသမီးဆိုတာ  မိဘတိုင္းအတြက္  ပစ္ပယ္တယ္ဆိုတာ မရွိပါဘူး။

ခ်စ္တဲ့အိမ္စည္။

"ဦးချီ  သား ဖေဖေဆီက ဖုန်းလာနေတယ်"

ဦးချီစာဖတ်နေတုန်း ဘိုးဘိုးက အခန်းထဲလာပြီး ဖုန်းပေးလာတာကြောင့် ဦးချီ လှမ်းယူလိုက်၏။

" ဘိုးဘိုး  သားဖုန်းခဏ ပြောအုန်းမယ်နော် ။ ပြီးမှ သားလာပေးတော့မယ်"

သူ့ ကို အခန်းထဲကနေ နှင်ထုတ်နေတဲ့ မြေးဖြစ်သူကြောင့် အုန်းဆီလိမ်းထားတဲ့ ခေါင်းလေးကို ပွတ်ကာ  ဦးသက်ကျော် အခန်းထဲကနေ ထွက်ခဲ့လိုက်သည်။
ပုံညာဦးချီ ဆိုတဲ့ နာမည်ဆန်းလေးနဲ့ မဆိုင်စွာ သူ့ မြေးက အနေအေးသည်။
သိတက်လိမ်မာလွန်းသည်။
အသက်ကြီးလာပြီမို့ အရင်လို တစ်ယောက်ထဲမနေချင်တော့တဲ့ သူလိုအဘိုးကြီးတစ်ယောက်အတွက်ကတော့  ပုံညာဦးချီက
ချစ်စရာမြေးငယ်လေးပင်။
သက်မင်းပုံရဲ့ ဆုံးမမူ့ အောက်မှာ
ဦးချီဘယ်လောက်သိတက် လိမ်မာသလဲဆိုတာ  ပြောနေစရာမလိုအောင်ပင်။
အဲ့အတွက်လည်း ဦးသက်ကျော် များစွာကျေနပ်ရပါသည်။

ဘိုးဘိုးထွက်သွားတာသေချာမှ သက်ပုံကို ဦးချီ အသံပြုလိုက်၏။

" သက်ပုံ ကိုအရမ်း လွမ်းနေတာ "

ဦးချီ စကားဆုံးတော့ လေလှိုင်းထဲကနေ
သက်ပုံရဲ့ရယ်သံတိုးသဲ့သဲ့ကို ကြားလိုက်ရသည်။
ဟိုဖက်အိမ်က ယသော်လင်းကို မတည့်ပေမဲ့  ဦးချီ လို ကောင်းမွန်တဲ့ မိဘကိုတော့ရစေချင်ပါသည်။
ထိုကောင်လေးသည် ဦးချီကို အမြဲ အနိုင်ကျင့်နေသော်လည်း ကံမကောင်းဘူးဆိုတာ သူ့ ကိုသူ မေ့နေလေဟန်။
ဦးချီက အသားမဲတယ်ဆိုပေမဲ့
ရုပ်ချော တာကို ယသော်လင်း မသိလေသလား။

ပြီးတော့ ဦးချီမှာ  နံ့ သာဖြူ ခင်းတစ်ဧက
ကိုလည်း အသက်ငယ်ငယ်နဲ့ ပိုင်သေးသည်။
ထို့ အပြင်  တံငါကုန်းရွာမှာ ဦးချီတို့ ပိုင်ဆိုင်မူ့ သည် လူတကာအားကျရလောက်အောင် ချမ်းသာသည်ဆိုတာ  ယသော်လင်းက မသိ။
မန္တလေးသားမဟုတ်ပေမဲ့ မန္တလေးမှာ
သူငမဲလုံးလို့ စနောက်ခေါ်ဝေါ်တဲ့ ကောင်လေးရဲ့ အိမ်ခြံမြေပိုင်ဆိုင်မူ့ ကိုသိရင် ယသော်လင်းမာန် ထပ်ပြီး သူ့ ကို လှောင်ဝင့်မှာလား။ ကလေးပီပီ  ပုံညာဦးချီတစ်ယောက် စိတ်ထဲ မကျေနပ်သမျှကို တွေးလို့ နေသည်။

"ဦးချီ က မန္တလေးမှာပျော်နေပြီး ဖေဖေ့တို့ ကိုမေ့နေတယ်ထင်တာ ။ ဘိုးဘိုးတို့ က ငါ့သားကို  အပြင်တွေဘာတွေလိုက်ပို့ တယ်မို့ လား "

"လိုက်ပို့ ပါတယ်။ သားစားချင်တာကိုလည်းဦးချိန်းက ဝယ်ကျွေးတယ်။ ဒါပေမဲ့ သားမပျော်တော့ဘူး သက်ပုံ။ အိမ်ပြန်လာခဲ့တော့မယ်။ သက်ပုံလာခေါ်ပေးမှာလား။ ပါးပါးလာခေါ်မှာလားဟင် "

သက်ပုံနဲ့ စကားပြောရင်း ဦးချီ ဝမ်းနည်းစွာကျလာတဲ့ မျက်ရည်တွေကို မသိအောင် တိတ်တခိုးသုတ်လိုက်သည်။
ဘာကြောင့်ရယ်မသိ သူခုတလော အိမ်ကိုအတင်းပြန်ချင်နေသည်။မန္တလေးက သူ့ အတွက်နေပျော်ဖွယ်မကောင်းလှ။

" သား မပျော်ရင်  ပါးပါးကို အကြို လွှတ်လိုက်မယ်နော်။  ဘိုးဘိုးတို့ ကို သေချာပြောပြထားလိုက်လေ။ နောက်နှစ်နွေရာသီမှ 
သားလာခဲ့မယ်လို့ "

ဘာပဲပြောပြော မိဘရင်ခွင်နဲ့ အကြာကြီးခွဲမနေသင့်သေးတဲ့အရွယ်မို့  ဦးချီ မပျော်တာကို  သက်ပုံ ဆက်မလုပ်ချင်ပေ။
ဖေဖေကတော့ ဘယ်လိုထင်မလဲ မသိပေမဲ့ ကောင်းချီက အရမ်းသတိရနေတဲ့ပုံမို့
ပြန်ခေါ်ပေးမှရဖြစ်မည်။

"ဟုတ်ကဲ့ ။ ပါးပါးနေကောင်းလားသက်ပုံ။ "

"နေကောင်းပါတယ် ။ မင်းအဖေက ညကတောင် ပြောနေတာ ။ အိမ်ပြန်ခေါ်လိုက်တော့ သားမရှိတော့ ကျွန်တော်ပျင်းတယ်တဲ့ "

ဝမ်းနည်းနေတဲ့ ဦးချီ စိတ်ကလေးသည် သက်ပုံစကားကြားတော့ ပျော်လာရ၏။
ဘယ်တော့မှပါးပါးနဲ့ မတည့်ပေမဲ့ သူအကြာကြီးတော့ခွဲမနေနိုင်ပေ။

"ပါးပါးကို အရမ်းလွမ်းတာပဲ။ပြန်လာရင် သားမှာပြောစရာတွေ အများကြီးရှိတယ်သက်ပုံ။ ပြီးတော့ လာကြိုရင် သရက်သီး ယူခဲ့ပေးလို့ ရမလား။ သား လက်ဆောင်ပေးစရာရှိလို့ "

မျက်လုံးထဲ ယသော်လင်းကို မြင်လာတော့ အိမ်က စိန်တလုံးတွေပေးချင်လာသည်။
သားအဖနှစ်ယောက် အလွမ်းမပြေသေးပေမဲ့ အလုပ်မအားလှတဲ့ သက်ပုံက မကြာဘူး ဖုန်းချသွားတယ်။

ဖုန်းကို လက်ထဲကနေ ချကာ ဦးချီ ပြတင်းပေါက် ဆီသို့ သွားကာ တဖက်အိမ်ကို ချောင်းကြည့်လိုက်သည်။
ဒါပေမဲ့  ခပ်လှလှအန်တီတယောက်ကလွဲပြီးယသော်လင်းကိုတော့မတွေ့ ။

_____

"ယသော်  သားငယ်  ထတော့ ။
အိမ်ရှေ့ မှာ သားသူငယ်ချင်းတဲ့ အလည်ရောက်နေတယ်။ သွားစကားသွားပြောလိုက်အုံး။ "

မေမေ့အသံကြောင့် ယသော် အိပ်ပျော်နေရာမှာ ကုန်းထလိုက်သည်။

"ဘယ်က သူငယ်ချင်းလဲ သားမှာ သူငယ်ချင်းမရှိ.."

ပြောနေရင် တွေးမိသွားတာ ဟိုဖက်ခြံက ငမဲလုံး ။ 
ထို့ ကြောင့်အလျှင်အမြန် အိပ်ယာထပ်ကနေ ထကာ အခန်းပြင်ပြေးထွက်လိုက်၏။

ဟော တွေ့ ပါပြီ။
ဧည့်ခန်းက ဆိုဖာထပ်မှာ  ပုံပုံလေးထိုင်နေတဲ့ ကောင်လေး။

အောင်မာ အစောကြီးပဲ ရေမိုးချိုးပြီး ပုံညာဦးချီဂေါ်နေတယ်ပေါ့။

ကိုယ်မျက်နှာမသစ်ရသေးတာကို မေ့ပြီး
အပြေးအလွှား ပုံညာဦးချီနဲ့ မျက်နှာ ချင်းဆိုင်မှာ ပြေးထိုင်သည်။

"မင်း အလှူ က ပြန်လာတာလား"

အဖြူ ရောင် ရှပ်လက်တိုနဲ့  ပုဆိုးကို သေချာ ဝတ်ဆင်ထားတာမို့  ဘယ်လိုပဲကြည့်ကြည့်ဦးချီက ယသော်မျက်လုံးထဲမှာ
အလှူ သွားပြီးပြန်လာတာတဲ့ပုံမျိုး။

ဒါပေမဲ့ ယသော်လင်းစကားကြောင့်
ပုံညာဦးချီ မျက်မှောင်ကုတ်လာတာကြောင့် ထပ်ပြီးပြောလိုက်သည်။

"ဒါဆို မင်း မင်္ဂလာဆောင်က ပြန်လာတာလား "

" ဘာတွေလာပြောနေတာလဲ။
မျက်နှာလည်း မသစ်ရသေးပဲ ညစ်ပတ်လိုက်တာ။ အလှူ သွားမှ ဒါမျိုးဝတ်ရတာလား။
ငါက အိမ်မှာနေရင်းသာ အင်္ကျီအဟောင်းနဲ့ နေတာ။ အပြင်သွားရင် ဒါမျိုးပဲ ဝတ်တယ်။ "

အထက်အောက်စုံဆန်ကြည့်ပြီးယသော်နှာခေါင်းရှုံ့ လိုက်တယ်။
၆နှစ်အရွယ် က ဒီလို ဝတ်ဖို့  ငယ်သေးမဟုတ်ဘူးလား။ ပေါ့ပေါ့ပါးပါးမရှိလိုက်တာ။
ဘာပဲပြောပြော ခါတိုင်း ပုဆိုးတိုတိုနဲ့ စာရင် ဒါက ပိုကြည့်ကောင်းပါသေးသည်။

"ပြော  ။ ဘာလာလုပ်တာလဲ "

ထိုအခါမှ  ဦးချီ လာရင်ကိစ္စကိုသတိရသည်။ ထို့ ကြောင့် ဘေးမှာ ချထားတဲ့
လက်ဆွဲခြင်းလေးကိုကောက်ကိုင်ကာ
စားပွဲပေါ်တင်ပေးလိုက်သည်။
ယသော်လင်းကတော့ သူလုပ်သမျှ
ပြူးနေတဲ့ မျက်လုံးတွေ ပိုဝိုင်းအောင်
လိုက်ကြည့်နေသည်။

"ငါ ရွာပြန်တော့မှာ မို့  မင်းကို လာနှုတ်ဆက်တာ ယသော်လင်း ။
ဒါက ငါတို့ ခြံထွက်သရက်သီးတွေ။
မင်းစားဖို့ အိမ်ကို ယူခဲ့ခိုင်းလိုက်တာ "

သရက်သီးဆိုတာ ကို မကြည့်နိုင်ပါ။
တအံ့တသြ  ယသော်လင်း
ထပ်မေးမိသည်။

"ပြန်မယ်ဟုတ်လား။ ဘာပြန်လုပ်မှာလဲ။
ပြန်လာအုံးမှာလား။ "

"မလာတော့ဘူး။ နောက်နှစ် နွေရာသီမှ လာတော့မှာ ယသော် ။ ငါက      ဘိုးဘိုးတို့ ဆီက ခနပဲလာလည်တာလေ "

ငမဲလုံးဆီကပြန်မယ်ကြားတော့
ယသော်လင်း ဝမ်းနည်းသွား၏
သူတို့ သူငယ်ချင်းတောင် ကောင်းကောင်းမဖြစ်လိုက်ရသေးဘူးလေ။

" သားရေ  မနက်စာ စားခဲ့ပြီလား။
အန်တီ က အစောကြီးဆိုတော့ ဘာကျွေးရမှန်းမသိလို့  ။ သား မနက်စာမစားခဲ့ရသေးရင် အတူ စားသွားပါ့လား အန်တီတို့ နဲ့ "

ဦးချီ ပြုံးကာ မတ်တပ်ထရပ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်ဗျ။ သားစားခဲ့ပြီးပါပြီ။
ဒါက အန်တီ တို့ စားဖို့ သားတို့ ခြံထွက်တွေယူလာတာပါ။ "

"အို စိန်တလုံးတွေပဲ။ အားနာလိုက်တာ သားရေ။ အများကြီးပဲ။  "

"ဟုတ်ကဲ့ အန်တီ ။ ဒါဆို သားပြန်တော့မယ်ခင်ဗျ။  ရွာပြန်တော့မှာမို့ ယသော်ကို လာနှုတ်ဆက်တာ နည်းနည်းတောင်စောသွားတယ်"

"မဟုတ်တာ ။ သားလာတာအတော်ပါပဲ။
အန်တီတို့ အိမ်က ယသော်ကသာ အိပ်ပုတ်ကြီးနေတာ "

ယသော် တစ်ယောက်  မေမေနဲ့ ငမဲလုံးကို ကြည့်ကာ  နှုတ်ခမ်းဆူလာပါသည်။
ထို့ ကြောင့်

"မေမေ  သားဗိုက်ဆာနေပြီ "

"အေးအေး မေမေ နောက်ဖေးမှာ ထမင်းကြော်ထားတာမေ့တော့မလို့ ခဏ ယသော်ရေ "

အပြေးကလေး နောက်ဖေးဝင်သွားမှ
ယသော်  ပါ  ဦးချီလို မတ်တပ်ထရပ်လိုက်သည်။

"လာ ငါမင်းကို ပြန်ပို့ ပေးမယ်။ "

ရှေ့ ကနေ ထွက်သွားတဲ့ ယသော်လင်းက
သူ့ ကိုသူ မျက်နှာ မသစ်ရသေးတာကို မေ့နေသလားမသိ။ ညစ်ပတ်လှတဲ့
ယသော့်ကို ကြည့်ကာ ဦးချီ စိတ်ညစ်
လို့ နေ၏။
သူက မနက်ဆို အိပ်ယာစောစောထသလို  ညဝတ်အင်္ကျီနဲ့ မနေပဲ ရေချိုး
ပြီး သန့် ရှင်းစွာနေတက်သည်။
ဒါပေမဲ့  တခုကောင်းတာက ယသော်လင်းမှာ   လှပသော ရုပ်ရည် ရှိခြင်းပင်။
ညစ်ပတ်တာကို  သူရုပ်လေးနဲ့ ထိန်းထားတာကြောင့် တအားကြီးတော့ ကြည့်ရမဆိုးလှ။

"ပုံညာဦးချီ "

"ဟင် "

ထူးလိုက်တာက အလန့် တကြားကြောင့်
ယသော် ပုံညာဦးချီကို မကျေနပ်တော့။
အမြဲ ယသော်က လူဆိုးကြီးများမှတ်နေသလား။

"  နောင်နှစ် ပြန်လာရင်  ငါတို့ သူငယ်ချင်းလုပ်ကြမယ်"

"တကယ်လား။ မင်း ငါကို ငမဲလုံးလို့ မခေါ်ရဘူးနော် "

မျှော်လင့်တကြီး လက်ညိုးထောင်ကာ မေးလာတဲ့တောသားကြောင့် ယသော် မျက်စောင်းထိုးပြီး  ခပ်မာမာပြောလိုက်တယ်။

"အေး "

"ဟီးဟီး ဒါဆို  နောက်နှစ်ကြမှ တွေ့ မယ် ယသော်လင်း ဟိုမှာ ငါ့ပါးပါး စောင့်နေတယ် "

Prado ကားတစီးကို လက်ညိုးထိုးပြတဲ့
ပုံညာကြောင့် ယသော် ခေါင်းညိမ့်ပြလိုက်သည်။
ထို့ နောက် ယသော်တို့ ခြံရှေ့ ကနေ ပြေးထွက်သွားသော အရိပ်ကလေးကို ငေးကြည့်ရင်း  အတော်ကြာထိုနေရာမှာ ရပ်တန့် နေခဲ့သည်။

"  ပါးပါးရေ သားတို့ ပြန်လို့ ရပြီနော် "

ခြံထဲပြေးဝင်လာတဲ့ သားကို ကြည့်ပီး ကောင်းချီ ယောက်ခထီးကို နှုတ်ဆက်လိုက်၏။

" အဖေ  ဒါဆို ကျွန်တော်တို့ ပြန်တော့မယ်ဗျ။  လိုအပ်တာတခုခု ဆိုရင် ဖုန်းဆက်အုန်းနော် "

ဦးသက်ကျော် စိတ်မကောင်းစွာ ခေါင်းငြိမ့်ပြလိုက်တယ်။
သားမွေးပြီး သမက်ရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပေမဲ့ သူကတော့ သမတ်တယောက်ရခဲ့သည်။
ထူးဆန်းစွာပဲ  ထိုကောင်လေးက လိမ်မာပြီး  အလိုက်သိတက်သည်။
ဘေးမှာ ချထားသော  ဘူးပေါင်းစုံကို ကြည့်ကာ ဦးသက်ကျော် စိတ်မဆိုးဖြစ်တော့တာကြာပါပြီ။
အမြဲရောက်လာတက်သော  ဆေးဘူးတွေနဲ့ စားစရာ အကြော်အလှော်တွေ က
ဘယ်လောက် ဂရုစိုက်ပေးသလည်းဆိုတာ သိသာပါသည်။

" အေးပါ။ ကောင်းကောင်းပြန်ကြအုန်း။
မြေးကြီး ဘိုးဘိုးဆီဖုန်းဆက်နော် "

တဆက်ထဲ  ပုံညာဦးချီ ကိုပါလှည့်မှာတော့

" ဟုတ်ကဲ့ ဘိုးဘိုး။ ကျန်းမာရေးဂရုစိုက်အုန်းနော်။ သား ကန်တော့ခဲ့ပါတယ်"

ကြမ်းပေါ်မှာ ပြားပြားလေးထိုင် ကန်တော့နေတဲ့ မြေးကို ကြည့်ကာ မျက်ရည်က
လူကြီးတန်မဲ့ ဝေ့ခနဲ။
အလိမ်မာမြေးအတွက် ဆုတွေ တသီကြီးပေးပြီတော့ နှုတ်ဆက်ကာ ကားနားထိလိုက်ပို့ လိုက်သည်။
မခွဲချင်သေးပေမဲ့ ပြန်ဖို့ နောက်ကျရင် ကလေး ကားပန်းမှာစိုးလို့ ပင်။

လက်လေးတပြပြ လုပ်ကာ ပြန်သွားတဲ့ ကားလေးကို ကြည့်ပီး  ဦးသက်ကျော် ပင့်သက်ရှိုက်လိုက်၏။

သက်မင်းပုံတို့ အတော်လေးအဆင်ပြေနေကြသည်ဟုကြားရသည်။
ရွာမှာနေပေမဲ့ ကိုချိန်းပြောပုံ အရ 
စီးပွားရေးက အတော်ချောင်လည်သည်တဲ့။
ထူးဆန်းတဲ့ ရွာမှာ သက်မင်းပုံက
နှိမ်ချခံရဖို့ နေနေသာသာ  အများရဲ့
လေးစားသူဖြစ်နေတယ်ဆိုပဲ။

အလှူ အတန်း ရက်ရောသလို
ရပ်ရွာ အရေးမှာ မပါရင်မပြီးသည်ထိ
သက်မင်းပုံတို့ လင်မယားက
ကောင်းသတင်းနဲ့ ကျော်ကြားသည်။
ပြီးတော့ စီးပွားရေး။
ဘယ်ရွေ့ ဘယ်မျှ ချမ်းသာနေပြီလဲ မသိ ပေမဲ့  အိမ်ခြံမြေတွေကတော့ မန္တလေးမှာ
လက်ညိုးထိုးမလွဲရှိသေးသည်။

လမ်းပန်းဆက်သွယ်ရေးကောင်းလာပြီမို့ ကိုယ်ပိုင်ကားတွေ ဘာတွေစီးနိုင်ပြီး
အရင်လို မဟုတ်တော့တဲ့ တံငါကုန်းရွာမှာ
လျှပ်စစ်မီးရပြီဖြစ်တာကြောင့်  Airconနဲ့ ဘာနဲ့ မြို့ မှာလို ဇိမ်နဲ့ နေရသည်တဲ့။

ဈေးဆိုင်နဲ့ ပွဲရုံဆိုတာကလည်းအကြီးအကျယ် ဖြစ်နေပြီမို့ စိတ်တော့အေးရပါသည်။
မဖြစ်စေချင်ခဲ့ပေမဲ့ ဖြစ်သွားတော့လည်းမိဘပဲကောင်းစားတာပဲ မြင်ချင်တာပါ။
သူကတော့  ခြောက်ကပ်ကပ်အိမ်မှာ တစ်ယောက်ထဲပေါ့။ သားသမီးလေးယောက်ရှိတယ်။ အကြီးဆုံးသားလင်မယားကလည်း မဆိုးသွမ်းပေမဲ့ လိမ်မာလှတဲ့ထဲမပါ။ မင်းသားလုပ်နေတဲ့ ကိုချိန်းကလည်း
အိမ်မှာမကပ်။ အငယ်ဆုံးသမီးကလည်း
နိုင်ငံခြားမှာသာနေသည်မို့  သူ့ ဘဝဟာ အသက်ကြီးလာလေလေခြောက်ကပ်လာလေမို့ ပျင်းစရာကောင်းလှပေသည်။

ထွက်ခွာသွားတဲ့ ကားလေးကို ငေးကာ
ဦးသက်ကျော်  ဝမ်းနည်းစွာ တွေးနေမိသည်။   တောင်းဆိုးပလုံးဆိုးပဲ ပစ်ရိုးထုံးစံရှိတာပါ ။ သားသမီးဆိုတာ  မိဘတိုင်းအတွက်  ပစ်ပယ်တယ်ဆိုတာ မရှိပါဘူး။

ချစ်တဲ့အိမ်စည်။
 

 

Bạn đang đọc truyện trên: ZingTruyen.Xyz