နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
38
အိမ္ေရွ႕ မ်က္နွာသာမွာ အေဆာက္အဦးအသစ္ေဆာက္ေတာ့ပန္းပင္ နွင့္ စားပင္အမ်ားအျပား ခုတ္ထြင္းရွင္းလင္းပစ္ခဲ့ရသည္။
ထိုအထဲမွာ ေသာ္ႀကိဳက္သေဘာက် စိုက္ခဲ့ေသာ နွင္းဆီပင္ေလးေတြေတာ့ခ်န္ခဲ့ျဖစ္၏။ ခ်န္ခဲ့ေသာ္ျငား အိမ္နွစ္အိမ္ၾကား
ေနေရာင္အလံုအေလာက္ မရွိေတာ့တာမို႔ အိမ္ေပၚ ဝရံတာကို ေျပာင္းေ႐ြ ႕ခဲ့ရသည္။
အိမ္ေဆာက္ေတာ့ ေသာ္က သူ႔နွင္းဆီပင္ေလး ကိုပါ ခုတ္ပစ္မွာ စိုးရိမ္ခဲ့ေသးတာ။
နွင္းဆီပင္က သစ္႐ြက္ေျခာက္တခ်ိဳ ႕ကို
ဖယ္ေပးရင္း ေသာ့္အေၾကာင္းကိုေတြးမိသြားေသးသည္။ အင္း မေတြးမိတဲ့ အခါ ဘယ္တုန္းကရွိခဲ့ဘူးလို႔လဲေလ။ သူ႔၏ ကိုယ္ စိတ္ နွလံုး သံုးပါးသည္ ေသာ္နွင့္လြတ္ကင္းဘူးတာ ဘယ္အရာမွ မရွိေပ။ ထို႔မ်ွအထိ ေသာ္
က ဦးခ်ီ ကိုစိုးမိုးနိုင္စြမ္းရွိပါ၏။
" ကိုေလး ကြၽန္ေတာ္ ခူးေပးရမလား "
အိမ္ေပၚထပ္မွာအိပ္ၾကတဲ့ အထဲက
အလုပ္သမားေကာင္ေလးစကားေၾကာင့္ ေခါင္းလွည့္ရမ္းျပလ်က္
" ရပါတယ္ကြာ .. မင္းတို႔ ကိုေသာ္ က
သူ႔အပင္ေတြ သူမ်ား ထိတာမႀကိဳက္ဖူးကြ။ ပန္းေတြကလည္း အဖူးေတြမ်ားေတာ့ ပြင့္တာေလးေ႐ြးေကာက္ေနရတာ မဟုတ္ရင္ မပြင့္ေသးတဲ့အဖူးပါတဲ့ကိုင္းမ်ားခ်ိဳးမိရင္ သူက တေန႔လံုး ေျပာမဆံုးေတာ့ဘူး "
ေသာ့္အေၾကာင္းကို ေျပာေနရင္းအလွဆံုး ပန္းတခ်ိဳ ႕ကို ပန္းအိုးထိုးဖို႔အတြက္ ကတ္ေၾကး ညႇပ္ကာ ခူးစြတ္လိုက္၏။
အၿမဲတမ္းမခူးေသာ္ျငား တခါတေလ
ေသာ္ နားရက္ အိမ္မွာေနတဲ့ေန႔ေတြမွာစိတ္ၾကည္ေအာင္စာၾကည့္စားပြဲမွာသူထားေပးေလ့ရွိသည္။
" အဲ့ဒါေၾကာင့္ ကိုလြင္ဦးက ေျပာတာ
ေနမွာ ။ မေန႔က ပန္းေတြအရမ္းပြင့္ေနလို႔
ကြၽန္ေတာ္ ဆိုင္က ဘုရားအိုးကို ခူးၿပီးလဲလိုက္ရမလားဆိုေတာ့ ၊ မင္းေနာက္ရက္႐ြာျပန္ခ်င္ရင္လုပ္တဲ့ "
"အမွန္ပဲ ငါ့ညီေရ ၊ ေသာ္က က်န္တာသာ
လက္ခံမယ္ သူ႔နွင္းဆီပင္ေတြနဲ႔ပတ္သတ္လာရင္ မရဘူးကြ "
ေကာင္ေလးက ရယ္ရယ္ေမာေမာ ေျပာေနတာမို ႔ ဦးခ်ီပါလိုက္ရယ္ရင္းေျပာမိသည္။ ေသာ့္အပင္ေလးကို အားေဆးေတြ ဘာေတြနဲ႔ ေသခ်ာ ဂရုစိုက္ခဲ့တာေၾကာင့္ ပန္းအိုးႀကီးႀကီးနဲ႔ စိုက္ခဲ့ေပမဲ့ ပန္းပြင့္ေတြကေတာ့ ဝတၲရားမျပတ္..အပင္တိုင္းလိုလို ဝင္းဝါေနေအာင္ပြင့္ေပးရွာသည္။ ထို႔ေၾကာင့္ အေပၚထပ္မွာ လာေနတဲ့ကေလးေတြကို ပန္းမခူးဖို ႔မွာထားရသည္ထိပင္။
ပန္းခူးၿပီး ျပန္ဝင္လာေတာ့ ဘုရားစင္ေရွ႕မွာ လြင္ဦး က ေစာင္ႀကီးၿခံဳကာ အိပ္ေနဆဲ။ အေပၚထပ္မွာ အခန္းအမ်ားႀကီးမရွိသည္မို႔ ဘုရားစင္ေရွ႕က ေနရာက်ယ္ႀကီးမွာ ဝန္ထမ္းေတြနဲ႔ ျပားအိပ္ၾကရသည္။ တစ္ခန္းတည္းရွိတဲ့ေလွကားေဘးက အခန္းမွာ လြင္ဦးကို အိပ္ယာေျပာင္းဖို႔ေျပာေသာ္လည္း တစ္ေယာက္ထဲ အထီးက်န္တယ္ကြ ဆိုၿပီး လံုးဝေျပာင္းခိုင္းလို႔မရေပ။
ေက်ာင္းတက္တုန္းက
သူငယ္ခ်င္းေတြနဲ႔ တေပ်ာ္တပါးစုအိပ္ခဲ့ဖူးေတာ့ ပါးစပ္ကသာ ထုတ္မေျပာတာ
ဒီေကာင္ တစ္ေယာက္ထဲေနတက္ပံုမေပၚ။
အလုပ္သမားေကာင္ေလးတစ္ခ်ိဳ ႕က အိပ္ယာသိမ္း အမႈိက္လွဲ လုပ္ေနၾကတာ
မို ႔ ဦးခ်ီလည္း ၾကာၾကာမေနေတာ့ပဲ ေအာက္ျပန္ဆင္းခဲ့၏။
သူျပန္ေရာက္ေတာ့ ေသာ္က ကုတင္ေပၚမွာ ေကြးေကြးေလးအိပ္ေပ်ာ္ေနဆဲျဖစ္၏။
ေရေဆးၿပီးထိုးစိုက္အလွဆင္ထားေသာ ပန္းအိုးေလးကို စားပြဲေပၚေနရာၾကေအာင္ ခ်ၿပီး ေသာ့္ေဘးနားကေနရာလြတ္မွာ ဝင္ထိုင္ၿပီး အိပ္ေနဆဲ ေသာ့္မ်က္နွာေလးကို ၾကည့္မိသည္။
သူပ်ိဳးေထာင္ခဲ့ေသာ ေကာင္ကေလးကခုဆိုရင္ ဆရာဝန္တစ္ေယာက္ေတာင္ျဖစ္ခဲ့ေခ်ၿပီ။ အခ်ိန္ေတြအကုန္ျမန္တာ မေန႔တေန႔ကလိုပါပဲလား။
ေမွးစက္ေနေသာ မ်က္ေတာင္ဖ်ားတို႔မွ အၾကည့္လႊဲၿပီး သူေလးပင့္စြာ သက္ၿပင္းရႈိက္မိ၏။ သူခုတေလာ စိတ္ထဲေလးလံေနသည္။ အ႐ြယ္ေရာက္လာတဲ့ေသာ္ကေလးဟာ ႐ြယ္တူ ဆရာဝန္မိန္းကေလးေတြ ၾကား ေရပန္းစားရုံသာမက ျပဳံးလိုက္တိုင္း ပါးခ်ိဳင့္ႀကီးႀကီးနဲ႔ စိတ္ရွည္တဲ့ ဆရာဝန္ေလးဆိုၿပီး နာမည္ႀကီးေသးသည္။ တေန႔ေန႔ ေသာ္ အိမ္ေထာင္ရက္သားက် သြားခဲ့ရင္ဆိုတဲ့ နွေျမာတသစိတ္ကေလးဟာ သူရင္မွာထိုးစိုက္ေနတာ ေသာ္ဘြဲ႕ရၿပီးကတည္းကျဖစ္သည္။
နံရံေပၚမွာ ခ်ိတ္ဆြဲထားေသာ ဘြဲ႕ဓာတ္ပံုနွစ္ပံုရွိသည္။ တစ္ပံုမွာ သူဘြဲ႕ယူတုန္းက ေသာ္ နဲ႔ရုိက္ထားတဲ့ပံုျဖစ္ၿပီးအဲ့တုန္းက ေသာ္က ေဆးေက်ာင္းတက္ေနဆဲပင္ျဖစ္ကာ သူ႔လက္ေမာင္းကို ခိုတြဲရုိက္ကူးထား၏။
ေနာက္တစ္ပံုကမူ ေသာ္ဘြဲ႕ယူတုန္းကပံုပင္။ ထိုပံုေလးထဲမွာ ေသာ္က ဘြဲ႕ဝတ္စံု ဝတ္ထားကာ ခ်စ္စရာေကာင္းေအာင္ၿပံဳးေနၿပီး သူ႔ကေတာ့ အျဖဴ ေရာင္ တိုက္ပံု ဝတ္ထားလ်က္ ေသာ့္ကို ၾကင္နာစြာ ေငးၾကည့္ေနဟန္ ျဖစ္သည္။ မတူညီတဲ့ပံုနွစ္ခုကို ယွဥ္ခ်ိတ္ထားေပမဲ့ မေျပာင္းလဲခဲ့တဲ့
သံေယာဇဥ္ ႀကိဳးေတြကေတာ့ နွစ္ေတြၾကာေညာင္းလာတာေတာင္ တူညီေနတုန္းပင္။ ႐ြာကအိမ္မွာလည္း ပါးပါးတို႔နဲ႔အတူရုိက္ထားတဲ့ပံုေတြေရာ ၊ဒီပံုေတြေရာ
ရွိေပမဲ့ သူကေတာ့ အမွတ္တရအျဖစ္ သူတို႔နွစ္ေယာက္ပံုကို ပံုတူပြား၍ အခန္းထဲမွာခ်ိတ္ထားျဖစ္သည္။
ring ..ring
ရုတ္တရက္ထြက္ေပၚလာတဲ့ဖုန္းသံေၾကာင့္ သူ႔အေတြးတို႔ကို ရုတ္သိမ္းရသည္။
ျမန္ဆန္စြာဖုန္းကို ကိုင္လိုက္ၿပီး ေသာ္နိုးသြားမလားစိုးရိမ္တႀကီး ၾကည့္မိလိုက္စဥ္
ေသာ္က အနည္းငယ္ဖြင့္ဟၾကည့္ကာ မ်က္ေမွာင္ႀကံဳ႕ လ်က္ ျပန္လည္ၿငိမ္သက္သြားတာေၾကာင့္
" sorry ေသာ္ ၊ နိုးသြားတာလား ကိုကို အျပင္မွာ သြားေျပာလိုက္မယ္ေနာ္ "
ေသာ့္အေၾကာင္းသူအသိဆံုးမို ႔ သူ တိုးတိုးေလး ေျပာလိုက္၏။ ထိုစဥ္ ေသာ္က မ်က္လံုးမဖြင့္ပဲ သူ႔ေပါင္ေပၚ ေခါင္းလာတင္ၿပီး ခါးကိုမသြားေစခ်င္ဟန္ျဖင့္ အတင္ဖက္ထား၏။
မ်က္လံုးကေတာ့ လံုးဝမဖြင့္ေသး။ မကိုင္ရေသးတဲ့ ဖုန္းကိုအရင္ကိုင္ကာ ေသာ္ၾကားေအာင္ စပီကာ ဖြင့္ေပးလိုက္သည္။ နားစြံေနဆဲ နား႐ြက္ကေလးေတြသည္ သူ႔ဖုန္းလာတိုင္း တစ္ေယာက္ထဲ နားေထာင္ခြင့္မေပး သူပါ ၾကားခ်င္ေသးသည္။ ေျပာေသးသည္ ၊ ကိုကိုေသာ္မသိေအာင္ အီစီကလီ လုပ္ရင္ဘယ္နွယ့္လုပ္မလဲတဲ့ ။ မဟုတ္တာေတြဆို ေသာ့္ေခါင္းက သိပ္ေတြးသည္။ အရင္ဆံုးရည္းစားရမဲ့သူသည္ ေသာ္သာျဖစ္ၿပီး သူကေတာ့ ေသာ္ အိမ္ေထာင္မက်မျခင္း
ကတိအတိဳင္း လက္တြဲေဖာ္ေ႐ြးခ်ယ္မည္မဟုတ္ေပ။
" ဟယ္လို ပါးပါးေဒါင္းကေလး အားေနရင္ ဖုန္းေလးဘာေလးဆက္ပါဦးကြ "
ပါးပါးအသံက ဖုန္းထဲကေနက်ယ္က်ယ္ေလာင္ထြက္လာတာမို႔ နားေထာင္ေနတဲ့ နား႐ြက္ကေလး သည္ ေပါ့ပါးစြာ ျပန္က်သြားကာ ကုတ္ထားတဲ့ မ်က္ခံုးကေလးသည္ ေျပေလ်ာ့သြား၏။ ခက္လိုက္ပါဘိ ယေသာ္လင္းရယ္။ သူက ဘယ္သူနဲ႔ ေျပာရမွာလဲ ။
" သားဒီေန႔ ဆက္မလို ႔ပါ ပါးပါးရ ၊ ေသာ္ နားရက္ဆိုေတာ့ သက္ပံုနဲ႔ေရာ ေျပာရေအာင္ ေန႔ခင္းေလာက္မွ ေခၚမလို႔ ။ မဟုတ္ရင္ ပါးပါးသားငယ္က ဒီခ်ိန္ဘယ္တုန္းက နိုးဘူးလို႔တုန္းဗ်"
" ငါ့သားကို လႊဲခ်မေနပါနဲ႔ ။ ေသာ္ေသာ္ မအားလည္း မင္းအားေနတာပဲ မင္းဆက္ေပါ့ကြ "
"ပါးပါး သားကို လြမ္းေနတာလားဗ် "
ခပ္ေနွာက္ေနွာက္ သူ စေတာ့ ပါးပါးအသံတိတ္သြား၏။ အေတာ္ၾကာမွ
" မိဘပဲ ကိုယ့္သားသမီးကို မလြမ္းတဲ့သူ ရွိမွာလား ၊ မနွစ္က သၾကၤန္ျပန္သြားၿပီးကတည္းက သားျပန္မလာတာ ဘယ္နွစ္လရွိေနၿပီလဲ . ."
ပါးပါးစကားေၾကာင့္ နွင့္ခနဲ ခံစားလိုက္ရသည္။ သူ ပါးပါးတို႔ကိုပစ္မ်ားထားမိေနသလား။ ေပါင္ေပၚမွာရွိတဲ့ ေသာ့္ကိုငံု ႔ၾကည့္ေတာ့ မ်က္လံုးေတြ ပြင့္ကာ သူ႔ကိုေမာ့ၾကည့္ေနတာမို႔ ဆံပင္ေတြကို သပ္တင္ရင္း
စိတ္မေကာင္းမျဖစ္နဲ႔ ဆိုတဲ့သေဘာျဖင့္ ၿပံဳးျပမိသည္။
" ခဏပဲေစာင့္ပါ ပါးပါး ၊ ေသာ္ သားတို႔ ႐ြာကိုေတာ့ဦးစားေပးေလ်ွာက္ထားတယ္ ၊
တကယ္လို႔မရခဲ့ဘူးဆိုရင္ေတာင္ ေစာင့္ရလွ ၂နွစ္ေလာက္ပါပဲ ။ အဲ့ဒါၿပီးရင္ သား
ပါးပါးတို႔နဲ႔႐ြာမွာ တသက္လံုးျပန္ေနပါ့မယ္ "
" ပါးပါး ေျပာတာ သားစိတ္အေနွာက္ယွက္ျဖစ္သြားရင္ ပါးပါးေတာင္းပန္ပါတယ္ ။
ေသာ္ေသာ့္ကိုလည္းဂရုစိုက္ပါကြာ ၊
ကေလးက သားကိုအားကိုးေနရတာ ပါးပါးတို႔သိပါတယ္။ ကဲ ကဲ စိတ္ထဲမထားနဲ႔
အိမ္အလုပ္ေတြလည္း အဆင္ေျပတယ္ ၊ ပါးပါးတို႔ နွစ္ေယာက္လည္းက်န္းမာတယ္
။ စိတ္ေျဖာင့္ေျဖာင့္နဲ႔ သားလုပ္စရာရွိတာလုပ္ပါ ။ ေန႔တိုင္းေတာ့ ဖုန္းဆက္ေပး ေဒါင္းကေလး ။ မင္းေဖေဖ က မင္းတို႔ဆီကဖုန္းကို ေမ်ွာ္ေနတက္တာ သားသိမွာပါ "
"ဟုတ္ကဲ့ ပါးပါး သားလည္းေတာင္းပန္ပါတယ္။
သက္ပံုကိုလည္း ခ်စ္တယ္လို႔ေျပာေပးပါအံုး ၊ ခဏပါပဲ သားမၾကာခင္ ေသာ္နဲ႔အတူ ျပန္လာခဲ့ပါ့မယ္ "
ပါးပါး ဖုန္းခ်ၿပီးေတာ့ ခဏၾကာမ်ွ ဦးခ်ီ ငိုင္ေတြ သြားသည္။ ပါးပါးတို႔ဆီကို တစ္နွစ္ကို နွစ္ႀကိမ္ခန္႔သာ ေရာက္ရွိေလ့ရွိၿပီး က်န္အခ်ိန္ေတြမွာေတာ့ မႏၲေလးမွာသာ အလုပ္လုပ္ရင္းေနျဖစ္ခဲ့သည္။အမွန္ဆို တစ္ဦးတည္းေသာ သား ျဖစ္တဲ့ သူ႔အေနနဲ႔ မိဘေတြ ေဘးမွာ ျပဳစုရင္းေနရမွာပင္။
ပါးပါးတို႔အ႐ြယ္က ၄၀ေက်ာ္ ၊ ၅၀ သန္တုန္းျမန္တုန္းဆိုေပမဲ့ တိုးတိုးအေဖာ္အျဖစ္ ေဘးနားမွာ ေနေစခ်င္ဟန္။
" ေတာင္းပန္ပါတယ္ ကိုကို ၊ ငါ့ေၾကာင့္သာမဟုတ္ရင္ လြန္ခဲ့တဲ့ ၄နွစ္ေလာက္ဘြဲ႕ရၿပီးကတည္းက ႐ြာမွာ ျပန္ေနျဖစ္မယ္ထင္တယ္ "
ပုတ္ခတ္ပုတ္ခတ္ ျဖင့္မ်က္ရည္သိမ္းေနတဲ့ ေသာ့္ေၾကာင့္ စိတ္မသက္မသာ ျဖစ္ရသလို ရင္ထဲလည္းမေကာင္းလွ။
" ေသာ့္ေၾကာင့္မဟုတ္ပါဘူးကြာ ၊
ဒီလိုပဲ ဘဝကိုျဖတ္သန္းဖို႔ အေၾကာင္းတရားပါလာခဲ့တာေၾကာင့္ပါ။ စိတ္မေကာင္းမျဖစ္ပါနဲ႔။ "
"ကိုကို ျပန္ခ်င္ ျပန္ပါ့လား ။ ငါတစ္ေယာက္ထဲ ေနရဲပါတယ္ ။ ခဏပဲၾကာမွာပဲဟာ
ပါးပါးတို႔ စိတ္ေျပေအာင္ အလည္ျပန္လိုက္ေလ "
"မျဖစ္ေသးပါဘူး ေသာ္ရာ၊ ဒီမွာ ေသာ္တစ္ေယာက္ထဲ စားဖို႔ေသာက္ဖို ႔ကရွိေသးတယ္ "
စိတ္ထဲျပန္ခ်င္ေပမဲ့ ေသာ္က သူမရွိရင္ျဖစ္မွာ မဟုတ္။
" ငါကေလးမွ မဟုတ္ေတာ့တာ။
ေနရာတကာ မင္းေမြးထားတဲ့သားလို႔ ဆက္ဆံမေနနဲ႔ ကိုကို။ ငါ့အ႐ြယ္ တခ်ိဳ ႕ဆို အိမ္ေထာင္က်လို႔ ကေလး သံုးေလးေယာက္ေတာင္ရွိေနၾကပီ ။ ဘယ္ခ်ိန္ထိ ငါ့ကို လူႀကီးလို႔ထင္မွာလဲ ကိုကို "
ေသာ္ အိပ္ေနရာမွ ထ ထိုင္ၿပီး ရန္ေတြ႕ပစ္လိုက္သည္။ ေနာက္ဆံတင္းတက္တဲ့
ကိုကိုက သူမပါရင္ ဘယ္တုန္းကမွ႐ြာကိုမျပန္ပါ။ သူေက်ာင္းပိတ္ရင္ပဲ ျဖစ္ျဖစ္ ၊အလုပ္နားရင္ပဲျဖစ္ျဖစ္ အဲ့အခ်ိန္ကိုသာ ေစာင့္၍ ေသာ့္ကိုပါတပါထဲသြားေလရာေခၚၿပီး အိမ္ျပန္တက္လြန္းသူပင္။
" လူႀကီးျဖစ္တာနဲ႔မွမဆိုင္တာေသာ္ရာ ၊
ငါသြားရင္ မင္းတစ္ေယာက္ထဲ အေနအစားဆင္းရဲဦးမွာ ၿပီးေတာ့ ေနာက္၂ရက္သံုးရက္ေနရင္ ညဂ်ဴ တီ ဆင္းရေတာ့မွာမဟုတ္လား ။ ည က် ဗိုက္ဆာတာတို႔ ၊
အိပ္ခ်င္တာတို႔ဆိုရင္ ..က်စ္ ! မျဖစ္ေသးပါဘူး "
သူ႔ဘာသာေျပာ ၊ သူ႔ဘာသာေတြးေနတဲ့
ကိုကို႔ေၾကာင့္ စိတ္ရႈပ္ေနရင္းမွ ေသာ္နႈတ္ခမ္းေလးေက်နပ္စြာၿပံဳးသြား၏။ ဒါေပမဲ့
မသြားခိုင္းလို႔ေတာ့မျဖစ္ပါ။ ပါးပါးနႈတ္မွ ဒီစကားမ်ိဳးထြက္လာတယ္ဆိုကတည္းက
သက္ပံု အေတာ္လြမ္း ေနပံုပင္။
" ငါ့ကိုစိတ္မပူပါနဲ႔ ကိုကိုရာ၊ ဒီမွာ ငါ့ကိုၾကည့္ ၊ မင္းျပန္ရင္ ငါ့ကိုမုန္႔ဖိုးမ်ားမ်ားေပးခဲ့ေလ ၊ ငါ အစားအေသာက္ မဆင္းရဲေအာင္ ေကာင္းတာေတြႀကီးပဲမွာစားပစ္မယ္ "
ပါးနွစ္ဖက္ကို လက္နဲ႔ညႇပ္ၿပီး ေသာ္ ခပ္တည္တည္ မ်က္လံုးခ်င္းဆံု ေျပာလိုက္ေတာ့
ကိုကို စိတ္ေလ်ာ့သြားဟန္ျဖင့္ သက္ျပင္းခ်ကာ ေခါင္းညိမ့္ျပလာ၏။ ျပန္ခ်င္ရင္ ျပန္ခ်င္တယ္ေပါ့။ ပံုညာဦးခ်ီ တစ္ေယာက္က သိပ္အေတြးမ်ားသည္။
ၾကည္လင္ကာ
ေတာက္ပေနတက္ေသာ ကိုကို႔မ်က္လံုးေတြကိုစိုက္ၾကည့္ရင္း ေသာ့္ရင္ခုန္လာရသည္မို႔ တိုးတိုးေလးေခၚလိုက္မိသည္။
"ကိုကို "
ကိုကို႔မ်က္နွာကို ကိုင္ထားတဲ့ေသာ့္လက္နွစ္ဖက္ကိုလြတ္မေပးေသး။
ေသာ့္အသံသည္ ႏုညံ့ လ်က္ရွိၿပီး ေသာ့္မ်က္လံုးေတြသည္ ထိုအခ်ိန္ ကိုကို႔ကို ခ်စ္တဲ့ အခ်စ္ေတြနဲ႔သာ ျပည့္ေနလိမ့္မည္။
ေသာ့္နွလံုးသားေတြသည္ မနက္အိပ္ယာနိုးထလာၿပီး မ်က္လံုးနွစ္လံုးပြင့္ကတည္းက ကိုကို႔ေၾကာင့္ တဆတ္ဆတ္ခုန္လ်က္ရွိသည္။ ဒီျမတ္နိုးလြန္းဖြယ္ အမ်ိဳးသားကိုမွ သူမရနိုင္ရင္ သူဟာ ကမၻာ့အညံ့ဖ်င္းဆံုး လူသားျဖစ္သြားလိမ့္မည္။
" ငါမင္းကို ခ်စ္တယ္ "
တည့္တည့္ၾကည့္ကာ ခ်စ္ေရးဆိုပစ္လိုက္၏။ ကိုကိုသာ ေသာ့္အပိုင္ျဖစ္လာခဲ့ရင္
ခုလို ခ်စ္စကားေတြ မၾကာခဏဆိုျဖစ္မည္ျဖစ္သလို ကိုကို႔ လက္ေခ်ာင္းရွည္ရွည္ေလးေတြနဲ႔ ကိုကို႔မ်က္လံုးေလးေတြကို ေသာ္ ျမတ္နိုးစြာ နမ္းရႈိက္ျဖစ္လိမ့္မည္။
ေသာ့္စကားဆံုေတာ့ ကိုကို ႔မ်က္လံုးေတြသည္ ခဏၾကာမ်ွ လက္ခနဲ ျဖစ္သြား၏။
ထို႔ေနာက္ ပံုမွန္အတိုင္းျပန္ျဖစ္သြားကာ
ေသာ့္ကိုရုိးသားစြာျပန္ၿပံဳးၿပီးလ်ွင္
"ကိုကိုလည္း မင္းကိုခ်စ္ပါတယ္ "
ကိုကို ႔အၿပံဳးက ရင္ေအးေဆးပါေသာ္လည္း ေသာ္လိုခ်င္တာ အဲ့ဒါမဟုတ္ေပ။
တံုးအ လြန္းတဲ့ ကိုကို႔ေၾကာင့္ ပုဇြန္စိတ္ကေလးလို ခုန္ေပါက္ေနတဲ့ ေသာ့္နွလံုးသားေလးသည္ ခ်က္ခ်င္းၿငိမ္သက္သြား၏။ ပါးေပၚကိုင္ထားဆဲ လက္နွစ္ဖက္ကို ျပန္ခ်ကာ အိပ္ယာေပၚမွာ ေသာ္စိတ္ဆိုးမာန္ဆိုး ငုတ္တုတ္ႀကီးထိုင္ေနမိသည္။
" ေသာ္ မနက္စာ ဘာစားမလဲ "
ၾကင္နာစြာ ထြက္ေပၚတဲ့ အသံသည္ လတ္တေလာ ယေသာ္လင္းကို နားခါးေစသလို။
"အလကား ေကာင္ "
ပ်စ္နစ္စြာဆိုရင္းေသာ္သည္ အိပ္ယာေပၚကေနထကာ
တင္ပလြဲေမြ ႕ရာေပၚမွာ ထိုင္တဲ့ ပံုညာဦးခ်ီဆိုတဲ့ေကာင္ကို ေခါင္းအုန္းနဲ႔ ပစ္ေပါက္ကာ ေဘာက္ဆတ္ေဘာက္ဆတ္နဲ႔ အိမ္ေနာက္ေဖးေရခ်ိဳးခန္းဆီကိုထြက္ခဲ့လိုက္သည္။
အသံုးမက်တဲ့ ကိုကိုသည္ ဘယ္ေတာ့မွ သူ႔အခ်စ္ေတြကိုျမင္မယ္မထင္ေပ။
ဒီပံုစံအတိုင္းဆို ေသာ္သာ ဘိုးႀကီးအိုျဖစ္ေတာ့မည္ ကိုကိုကေတာ့ ေနာက္ဆံုးအခ်ိန္ထိ ရုိးသားသြားမဲ့သေဘာရွိသည္။
"မျဖစ္ေတာ့ဘူး ကိုကို။ ရုိးရုိးမရရင္ ၊
ၾကမ္းသင့္ၾကမ္းရေတာ့မွာပဲ။ ငါနည္းနည္းမွ စိတ္ရွည္မေနေတာ့ဘူးမင္းကို "
ေသာ့္ႀကံဳးဝါးသံတခ်ိဳ ႕သည္ ေရခ်ိဳးခန္းမွာ ခိုင္မာစြာ လြင့္ပ်ံ ့လာခဲ့ၿပီးေနာက္....
ခ်စ္တဲ့အိမ္စည္။
အိမ်ရှေ့ မျက်နှာသာမှာ အဆောက်အဦးအသစ်ဆောက်တော့ပန်းပင် နှင့် စားပင်အများအပြား ခုတ်ထွင်းရှင်းလင်းပစ်ခဲ့ရသည်။
ထိုအထဲမှာ သော်ကြိုက်သဘောကျ စိုက်ခဲ့သော နှင်းဆီပင်လေးတွေတော့ချန်ခဲ့ဖြစ်၏။ ချန်ခဲ့သော်ငြား အိမ်နှစ်အိမ်ကြား
နေရောင်အလုံအလောက် မရှိတော့တာမို့ အိမ်ပေါ် ဝရံတာကို ပြောင်းရွေ့ ခဲ့ရသည်။
အိမ်ဆောက်တော့ သော်က သူ့နှင်းဆီပင်လေး ကိုပါ ခုတ်ပစ်မှာ စိုးရိမ်ခဲ့သေးတာ။
နှင်းဆီပင်က သစ်ရွက်ခြောက်တချို့ ကို
ဖယ်ပေးရင်း သော့်အကြောင်းကိုတွေးမိသွားသေးသည်။ အင်း မတွေးမိတဲ့ အခါ ဘယ်တုန်းကရှိခဲ့ဘူးလို့လဲလေ။ သူ့၏ ကိုယ် စိတ် နှလုံး သုံးပါးသည် သော်နှင့်လွတ်ကင်းဘူးတာ ဘယ်အရာမှ မရှိပေ။ ထို့မျှအထိ သော်
က ဦးချီ ကိုစိုးမိုးနိုင်စွမ်းရှိပါ၏။
" ကိုလေး ကျွန်တော် ခူးပေးရမလား "
အိမ်ပေါ်ထပ်မှာအိပ်ကြတဲ့ အထဲက
အလုပ်သမားကောင်လေးစကားကြောင့် ခေါင်းလှည့်ရမ်းပြလျက်
" ရပါတယ်ကွာ .. မင်းတို့ ကိုသော် က
သူ့အပင်တွေ သူများ ထိတာမကြိုက်ဖူးကွ။ ပန်းတွေကလည်း အဖူးတွေများတော့ ပွင့်တာလေးရွေးကောက်နေရတာ မဟုတ်ရင် မပွင့်သေးတဲ့အဖူးပါတဲ့ကိုင်းများချိုးမိရင် သူက တနေ့လုံး ပြောမဆုံးတော့ဘူး "
သော့်အကြောင်းကို ပြောနေရင်းအလှဆုံး ပန်းတချို့ ကို ပန်းအိုးထိုးဖို့အတွက် ကတ်ကြေး ညှပ်ကာ ခူးစွတ်လိုက်၏။
အမြဲတမ်းမခူးသော်ငြား တခါတလေ
သော် နားရက် အိမ်မှာနေတဲ့နေ့တွေမှာစိတ်ကြည်အောင်စာကြည့်စားပွဲမှာသူထားပေးလေ့ရှိသည်။
" အဲ့ဒါကြောင့် ကိုလွင်ဦးက ပြောတာ
နေမှာ ။ မနေ့က ပန်းတွေအရမ်းပွင့်နေလို့
ကျွန်တော် ဆိုင်က ဘုရားအိုးကို ခူးပြီးလဲလိုက်ရမလားဆိုတော့ ၊ မင်းနောက်ရက်ရွာပြန်ချင်ရင်လုပ်တဲ့ "
"အမှန်ပဲ ငါ့ညီရေ ၊ သော်က ကျန်တာသာ
လက်ခံမယ် သူ့နှင်းဆီပင်တွေနဲ့ပတ်သတ်လာရင် မရဘူးကွ "
ကောင်လေးက ရယ်ရယ်မောမော ပြောနေတာမို့ ဦးချီပါလိုက်ရယ်ရင်းပြောမိသည်။ သော့်အပင်လေးကို အားဆေးတွေ ဘာတွေနဲ့ သေချာ ဂရုစိုက်ခဲ့တာကြောင့် ပန်းအိုးကြီးကြီးနဲ့ စိုက်ခဲ့ပေမဲ့ ပန်းပွင့်တွေကတော့ ဝတ္တရားမပြတ်..အပင်တိုင်းလိုလို ဝင်းဝါနေအောင်ပွင့်ပေးရှာသည်။ ထို့ကြောင့် အပေါ်ထပ်မှာ လာနေတဲ့ကလေးတွေကို ပန်းမခူးဖို့ မှာထားရသည်ထိပင်။
ပန်းခူးပြီး ပြန်ဝင်လာတော့ ဘုရားစင်ရှေ့မှာ လွင်ဦး က စောင်ကြီးခြုံကာ အိပ်နေဆဲ။ အပေါ်ထပ်မှာ အခန်းအများကြီးမရှိသည်မို့ ဘုရားစင်ရှေ့က နေရာကျယ်ကြီးမှာ ဝန်ထမ်းတွေနဲ့ ပြားအိပ်ကြရသည်။ တစ်ခန်းတည်းရှိတဲ့လှေကားဘေးက အခန်းမှာ လွင်ဦးကို အိပ်ယာပြောင်းဖို့ပြောသော်လည်း တစ်ယောက်ထဲ အထီးကျန်တယ်ကွ ဆိုပြီး လုံးဝပြောင်းခိုင်းလို့မရပေ။
ကျောင်းတက်တုန်းက
သူငယ်ချင်းတွေနဲ့ တပျော်တပါးစုအိပ်ခဲ့ဖူးတော့ ပါးစပ်ကသာ ထုတ်မပြောတာ
ဒီကောင် တစ်ယောက်ထဲနေတက်ပုံမပေါ်။
အလုပ်သမားကောင်လေးတစ်ချို့ က အိပ်ယာသိမ်း အမှိုက်လှဲ လုပ်နေကြတာ
မို့ ဦးချီလည်း ကြာကြာမနေတော့ပဲ အောက်ပြန်ဆင်းခဲ့၏။
သူပြန်ရောက်တော့ သော်က ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေဆဲဖြစ်၏။
ရေဆေးပြီးထိုးစိုက်အလှဆင်ထားသော ပန်းအိုးလေးကို စားပွဲပေါ်နေရာကြအောင် ချပြီး သော့်ဘေးနားကနေရာလွတ်မှာ ဝင်ထိုင်ပြီး အိပ်နေဆဲ သော့်မျက်နှာလေးကို ကြည့်မိသည်။
သူပျိုးထောင်ခဲ့သော ကောင်ကလေးကခုဆိုရင် ဆရာဝန်တစ်ယောက်တောင်ဖြစ်ခဲ့ချေပြီ။ အချိန်တွေအကုန်မြန်တာ မနေ့တနေ့ကလိုပါပဲလား။
မှေးစက်နေသော မျက်တောင်ဖျားတို့မှ အကြည့်လွှဲပြီး သူလေးပင့်စွာ သက်ပြင်းရှိုက်မိ၏။ သူခုတလော စိတ်ထဲလေးလံနေသည်။ အရွယ်ရောက်လာတဲ့သော်ကလေးဟာ ရွယ်တူ ဆရာဝန်မိန်းကလေးတွေ ကြား ရေပန်းစားရုံသာမက ပြုံးလိုက်တိုင်း ပါးချိုင့်ကြီးကြီးနဲ့ စိတ်ရှည်တဲ့ ဆရာဝန်လေးဆိုပြီး နာမည်ကြီးသေးသည်။ တနေ့နေ့ သော် အိမ်ထောင်ရက်သားကျ သွားခဲ့ရင်ဆိုတဲ့ နှမြောတသစိတ်ကလေးဟာ သူရင်မှာထိုးစိုက်နေတာ သော်ဘွဲ့ရပြီးကတည်းကဖြစ်သည်။
နံရံပေါ်မှာ ချိတ်ဆွဲထားသော ဘွဲ့ဓာတ်ပုံနှစ်ပုံရှိသည်။ တစ်ပုံမှာ သူဘွဲ့ယူတုန်းက သော် နဲ့ရိုက်ထားတဲ့ပုံဖြစ်ပြီးအဲ့တုန်းက သော်က ဆေးကျောင်းတက်နေဆဲပင်ဖြစ်ကာ သူ့လက်မောင်းကို ခိုတွဲရိုက်ကူးထား၏။
နောက်တစ်ပုံကမူ သော်ဘွဲ့ယူတုန်းကပုံပင်။ ထိုပုံလေးထဲမှာ သော်က ဘွဲ့ဝတ်စုံ ဝတ်ထားကာ ချစ်စရာကောင်းအောင်ပြုံးနေပြီး သူ့ကတော့ အဖြူ ရောင် တိုက်ပုံ ဝတ်ထားလျက် သော့်ကို ကြင်နာစွာ ငေးကြည့်နေဟန် ဖြစ်သည်။ မတူညီတဲ့ပုံနှစ်ခုကို ယှဉ်ချိတ်ထားပေမဲ့ မပြောင်းလဲခဲ့တဲ့
သံယောဇဉ် ကြိုးတွေကတော့ နှစ်တွေကြာညောင်းလာတာတောင် တူညီနေတုန်းပင်။ ရွာကအိမ်မှာလည်း ပါးပါးတို့နဲ့အတူရိုက်ထားတဲ့ပုံတွေရော ၊ဒီပုံတွေရော
ရှိပေမဲ့ သူကတော့ အမှတ်တရအဖြစ် သူတို့နှစ်ယောက်ပုံကို ပုံတူပွား၍ အခန်းထဲမှာချိတ်ထားဖြစ်သည်။
ring ..ring
ရုတ်တရက်ထွက်ပေါ်လာတဲ့ဖုန်းသံကြောင့် သူ့အတွေးတို့ကို ရုတ်သိမ်းရသည်။
မြန်ဆန်စွာဖုန်းကို ကိုင်လိုက်ပြီး သော်နိုးသွားမလားစိုးရိမ်တကြီး ကြည့်မိလိုက်စဉ်
သော်က အနည်းငယ်ဖွင့်ဟကြည့်ကာ မျက်မှောင်ကြုံ့ လျက် ပြန်လည်ငြိမ်သက်သွားတာကြောင့်
" sorry သော် ၊ နိုးသွားတာလား ကိုကို အပြင်မှာ သွားပြောလိုက်မယ်နော် "
သော့်အကြောင်းသူအသိဆုံးမို့ သူ တိုးတိုးလေး ပြောလိုက်၏။ ထိုစဉ် သော်က မျက်လုံးမဖွင့်ပဲ သူ့ပေါင်ပေါ် ခေါင်းလာတင်ပြီး ခါးကိုမသွားစေချင်ဟန်ဖြင့် အတင်ဖက်ထား၏။
မျက်လုံးကတော့ လုံးဝမဖွင့်သေး။ မကိုင်ရသေးတဲ့ ဖုန်းကိုအရင်ကိုင်ကာ သော်ကြားအောင် စပီကာ ဖွင့်ပေးလိုက်သည်။ နားစွံနေဆဲ နားရွက်ကလေးတွေသည် သူ့ဖုန်းလာတိုင်း တစ်ယောက်ထဲ နားထောင်ခွင့်မပေး သူပါ ကြားချင်သေးသည်။ ပြောသေးသည် ၊ ကိုကိုသော်မသိအောင် အီစီကလီ လုပ်ရင်ဘယ်နှယ့်လုပ်မလဲတဲ့ ။ မဟုတ်တာတွေဆို သော့်ခေါင်းက သိပ်တွေးသည်။ အရင်ဆုံးရည်းစားရမဲ့သူသည် သော်သာဖြစ်ပြီး သူကတော့ သော် အိမ်ထောင်မကျမခြင်း
ကတိအတိုင်း လက်တွဲဖော်ရွေးချယ်မည်မဟုတ်ပေ။
" ဟယ်လို ပါးပါးဒေါင်းကလေး အားနေရင် ဖုန်းလေးဘာလေးဆက်ပါဦးကွ "
ပါးပါးအသံက ဖုန်းထဲကနေကျယ်ကျယ်လောင်ထွက်လာတာမို့ နားထောင်နေတဲ့ နားရွက်ကလေး သည် ပေါ့ပါးစွာ ပြန်ကျသွားကာ ကုတ်ထားတဲ့ မျက်ခုံးကလေးသည် ပြေလျော့သွား၏။ ခက်လိုက်ပါဘိ ယသော်လင်းရယ်။ သူက ဘယ်သူနဲ့ ပြောရမှာလဲ ။
" သားဒီနေ့ ဆက်မလို့ ပါ ပါးပါးရ ၊ သော် နားရက်ဆိုတော့ သက်ပုံနဲ့ရော ပြောရအောင် နေ့ခင်းလောက်မှ ခေါ်မလို့ ။ မဟုတ်ရင် ပါးပါးသားငယ်က ဒီချိန်ဘယ်တုန်းက နိုးဘူးလို့တုန်းဗျ"
" ငါ့သားကို လွှဲချမနေပါနဲ့ ။ သော်သော် မအားလည်း မင်းအားနေတာပဲ မင်းဆက်ပေါ့ကွ "
"ပါးပါး သားကို လွမ်းနေတာလားဗျ "
ခပ်နှောက်နှောက် သူ စတော့ ပါးပါးအသံတိတ်သွား၏။ အတော်ကြာမှ
" မိဘပဲ ကိုယ့်သားသမီးကို မလွမ်းတဲ့သူ ရှိမှာလား ၊ မနှစ်က သင်္ကြန်ပြန်သွားပြီးကတည်းက သားပြန်မလာတာ ဘယ်နှစ်လရှိနေပြီလဲ . ."
ပါးပါးစကားကြောင့် နှင့်ခနဲ ခံစားလိုက်ရသည်။ သူ ပါးပါးတို့ကိုပစ်များထားမိနေသလား။ ပေါင်ပေါ်မှာရှိတဲ့ သော့်ကိုငုံ့ ကြည့်တော့ မျက်လုံးတွေ ပွင့်ကာ သူ့ကိုမော့ကြည့်နေတာမို့ ဆံပင်တွေကို သပ်တင်ရင်း
စိတ်မကောင်းမဖြစ်နဲ့ ဆိုတဲ့သဘောဖြင့် ပြုံးပြမိသည်။
" ခဏပဲစောင့်ပါ ပါးပါး ၊ သော် သားတို့ ရွာကိုတော့ဦးစားပေးလျှောက်ထားတယ် ၊
တကယ်လို့မရခဲ့ဘူးဆိုရင်တောင် စောင့်ရလှ ၂နှစ်လောက်ပါပဲ ။ အဲ့ဒါပြီးရင် သား
ပါးပါးတို့နဲ့ရွာမှာ တသက်လုံးပြန်နေပါ့မယ် "
" ပါးပါး ပြောတာ သားစိတ်အနှောက်ယှက်ဖြစ်သွားရင် ပါးပါးတောင်းပန်ပါတယ် ။
သော်သော့်ကိုလည်းဂရုစိုက်ပါကွာ ၊
ကလေးက သားကိုအားကိုးနေရတာ ပါးပါးတို့သိပါတယ်။ ကဲ ကဲ စိတ်ထဲမထားနဲ့
အိမ်အလုပ်တွေလည်း အဆင်ပြေတယ် ၊ ပါးပါးတို့ နှစ်ယောက်လည်းကျန်းမာတယ်
။ စိတ်ဖြောင့်ဖြောင့်နဲ့ သားလုပ်စရာရှိတာလုပ်ပါ ။ နေ့တိုင်းတော့ ဖုန်းဆက်ပေး ဒေါင်းကလေး ။ မင်းဖေဖေ က မင်းတို့ဆီကဖုန်းကို မျှော်နေတက်တာ သားသိမှာပါ "
"ဟုတ်ကဲ့ ပါးပါး သားလည်းတောင်းပန်ပါတယ်။
သက်ပုံကိုလည်း ချစ်တယ်လို့ပြောပေးပါအုံး ၊ ခဏပါပဲ သားမကြာခင် သော်နဲ့အတူ ပြန်လာခဲ့ပါ့မယ် "
ပါးပါး ဖုန်းချပြီးတော့ ခဏကြာမျှ ဦးချီ ငိုင်တွေ သွားသည်။ ပါးပါးတို့ဆီကို တစ်နှစ်ကို နှစ်ကြိမ်ခန့်သာ ရောက်ရှိလေ့ရှိပြီး ကျန်အချိန်တွေမှာတော့ မန္တလေးမှာသာ အလုပ်လုပ်ရင်းနေဖြစ်ခဲ့သည်။အမှန်ဆို တစ်ဦးတည်းသော သား ဖြစ်တဲ့ သူ့အနေနဲ့ မိဘတွေ ဘေးမှာ ပြုစုရင်းနေရမှာပင်။
ပါးပါးတို့အရွယ်က ၄၀ကျော် ၊ ၅၀ သန်တုန်းမြန်တုန်းဆိုပေမဲ့ တိုးတိုးအဖော်အဖြစ် ဘေးနားမှာ နေစေချင်ဟန်။
" တောင်းပန်ပါတယ် ကိုကို ၊ ငါ့ကြောင့်သာမဟုတ်ရင် လွန်ခဲ့တဲ့ ၄နှစ်လောက်ဘွဲ့ရပြီးကတည်းက ရွာမှာ ပြန်နေဖြစ်မယ်ထင်တယ် "
ပုတ်ခတ်ပုတ်ခတ် ဖြင့်မျက်ရည်သိမ်းနေတဲ့ သော့်ကြောင့် စိတ်မသက်မသာ ဖြစ်ရသလို ရင်ထဲလည်းမကောင်းလှ။
" သော့်ကြောင့်မဟုတ်ပါဘူးကွာ ၊
ဒီလိုပဲ ဘဝကိုဖြတ်သန်းဖို့ အကြောင်းတရားပါလာခဲ့တာကြောင့်ပါ။ စိတ်မကောင်းမဖြစ်ပါနဲ့။ "
"ကိုကို ပြန်ချင် ပြန်ပါ့လား ။ ငါတစ်ယောက်ထဲ နေရဲပါတယ် ။ ခဏပဲကြာမှာပဲဟာ
ပါးပါးတို့ စိတ်ပြေအောင် အလည်ပြန်လိုက်လေ "
"မဖြစ်သေးပါဘူး သော်ရာ၊ ဒီမှာ သော်တစ်ယောက်ထဲ စားဖို့သောက်ဖို့ ကရှိသေးတယ် "
စိတ်ထဲပြန်ချင်ပေမဲ့ သော်က သူမရှိရင်ဖြစ်မှာ မဟုတ်။
" ငါကလေးမှ မဟုတ်တော့တာ။
နေရာတကာ မင်းမွေးထားတဲ့သားလို့ ဆက်ဆံမနေနဲ့ ကိုကို။ ငါ့အရွယ် တချို့ ဆို အိမ်ထောင်ကျလို့ ကလေး သုံးလေးယောက်တောင်ရှိနေကြပီ ။ ဘယ်ချိန်ထိ ငါ့ကို လူကြီးလို့ထင်မှာလဲ ကိုကို "
သော် အိပ်နေရာမှ ထ ထိုင်ပြီး ရန်တွေ့ပစ်လိုက်သည်။ နောက်ဆံတင်းတက်တဲ့
ကိုကိုက သူမပါရင် ဘယ်တုန်းကမှရွာကိုမပြန်ပါ။ သူကျောင်းပိတ်ရင်ပဲ ဖြစ်ဖြစ် ၊အလုပ်နားရင်ပဲဖြစ်ဖြစ် အဲ့အချိန်ကိုသာ စောင့်၍ သော့်ကိုပါတပါထဲသွားလေရာခေါ်ပြီး အိမ်ပြန်တက်လွန်းသူပင်။
" လူကြီးဖြစ်တာနဲ့မှမဆိုင်တာသော်ရာ ၊
ငါသွားရင် မင်းတစ်ယောက်ထဲ အနေအစားဆင်းရဲဦးမှာ ပြီးတော့ နောက်၂ရက်သုံးရက်နေရင် ညဂျူ တီ ဆင်းရတော့မှာမဟုတ်လား ။ ည ကျ ဗိုက်ဆာတာတို့ ၊
အိပ်ချင်တာတို့ဆိုရင် ..ကျစ် ! မဖြစ်သေးပါဘူး "
သူ့ဘာသာပြော ၊ သူ့ဘာသာတွေးနေတဲ့
ကိုကို့ကြောင့် စိတ်ရှုပ်နေရင်းမှ သော်နှုတ်ခမ်းလေးကျေနပ်စွာပြုံးသွား၏။ ဒါပေမဲ့
မသွားခိုင်းလို့တော့မဖြစ်ပါ။ ပါးပါးနှုတ်မှ ဒီစကားမျိုးထွက်လာတယ်ဆိုကတည်းက
သက်ပုံ အတော်လွမ်း နေပုံပင်။
" ငါ့ကိုစိတ်မပူပါနဲ့ ကိုကိုရာ၊ ဒီမှာ ငါ့ကိုကြည့် ၊ မင်းပြန်ရင် ငါ့ကိုမုန့်ဖိုးများများပေးခဲ့လေ ၊ ငါ အစားအသောက် မဆင်းရဲအောင် ကောင်းတာတွေကြီးပဲမှာစားပစ်မယ် "
ပါးနှစ်ဖက်ကို လက်နဲ့ညှပ်ပြီး သော် ခပ်တည်တည် မျက်လုံးချင်းဆုံ ပြောလိုက်တော့
ကိုကို စိတ်လျော့သွားဟန်ဖြင့် သက်ပြင်းချကာ ခေါင်းညိမ့်ပြလာ၏။ ပြန်ချင်ရင် ပြန်ချင်တယ်ပေါ့။ ပုံညာဦးချီ တစ်ယောက်က သိပ်အတွေးများသည်။
ကြည်လင်ကာ
တောက်ပနေတက်သော ကိုကို့မျက်လုံးတွေကိုစိုက်ကြည့်ရင်း သော့်ရင်ခုန်လာရသည်မို့ တိုးတိုးလေးခေါ်လိုက်မိသည်။
"ကိုကို "
ကိုကို့မျက်နှာကို ကိုင်ထားတဲ့သော့်လက်နှစ်ဖက်ကိုလွတ်မပေးသေး။
သော့်အသံသည် နုညံ့ လျက်ရှိပြီး သော့်မျက်လုံးတွေသည် ထိုအချိန် ကိုကို့ကို ချစ်တဲ့ အချစ်တွေနဲ့သာ ပြည့်နေလိမ့်မည်။
သော့်နှလုံးသားတွေသည် မနက်အိပ်ယာနိုးထလာပြီး မျက်လုံးနှစ်လုံးပွင့်ကတည်းက ကိုကို့ကြောင့် တဆတ်ဆတ်ခုန်လျက်ရှိသည်။ ဒီမြတ်နိုးလွန်းဖွယ် အမျိုးသားကိုမှ သူမရနိုင်ရင် သူဟာ ကမ္ဘာ့အညံ့ဖျင်းဆုံး လူသားဖြစ်သွားလိမ့်မည်။
" ငါမင်းကို ချစ်တယ် "
တည့်တည့်ကြည့်ကာ ချစ်ရေးဆိုပစ်လိုက်၏။ ကိုကိုသာ သော့်အပိုင်ဖြစ်လာခဲ့ရင်
ခုလို ချစ်စကားတွေ မကြာခဏဆိုဖြစ်မည်ဖြစ်သလို ကိုကို့ လက်ချောင်းရှည်ရှည်လေးတွေနဲ့ ကိုကို့မျက်လုံးလေးတွေကို သော် မြတ်နိုးစွာ နမ်းရှိုက်ဖြစ်လိမ့်မည်။
သော့်စကားဆုံတော့ ကိုကို့ မျက်လုံးတွေသည် ခဏကြာမျှ လက်ခနဲ ဖြစ်သွား၏။
ထို့နောက် ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ
သော့်ကိုရိုးသားစွာပြန်ပြုံးပြီးလျှင်
"ကိုကိုလည်း မင်းကိုချစ်ပါတယ် "
ကိုကို့ အပြုံးက ရင်အေးဆေးပါသော်လည်း သော်လိုချင်တာ အဲ့ဒါမဟုတ်ပေ။
တုံးအ လွန်းတဲ့ ကိုကို့ကြောင့် ပုဇွန်စိတ်ကလေးလို ခုန်ပေါက်နေတဲ့ သော့်နှလုံးသားလေးသည် ချက်ချင်းငြိမ်သက်သွား၏။ ပါးပေါ်ကိုင်ထားဆဲ လက်နှစ်ဖက်ကို ပြန်ချကာ အိပ်ယာပေါ်မှာ သော်စိတ်ဆိုးမာန်ဆိုး ငုတ်တုတ်ကြီးထိုင်နေမိသည်။
" သော် မနက်စာ ဘာစားမလဲ "
ကြင်နာစွာ ထွက်ပေါ်တဲ့ အသံသည် လတ်တလော ယသော်လင်းကို နားခါးစေသလို။
"အလကား ကောင် "
ပျစ်နစ်စွာဆိုရင်းသော်သည် အိပ်ယာပေါ်ကနေထကာ
တင်ပလွဲမွေ့ ရာပေါ်မှာ ထိုင်တဲ့ ပုံညာဦးချီဆိုတဲ့ကောင်ကို ခေါင်းအုန်းနဲ့ ပစ်ပေါက်ကာ ဘောက်ဆတ်ဘောက်ဆတ်နဲ့ အိမ်နောက်ဖေးရေချိုးခန်းဆီကိုထွက်ခဲ့လိုက်သည်။
အသုံးမကျတဲ့ ကိုကိုသည် ဘယ်တော့မှ သူ့အချစ်တွေကိုမြင်မယ်မထင်ပေ။
ဒီပုံစံအတိုင်းဆို သော်သာ ဘိုးကြီးအိုဖြစ်တော့မည် ကိုကိုကတော့ နောက်ဆုံးအချိန်ထိ ရိုးသားသွားမဲ့သဘောရှိသည်။
"မဖြစ်တော့ဘူး ကိုကို။ ရိုးရိုးမရရင် ၊
ကြမ်းသင့်ကြမ်းရတော့မှာပဲ။ ငါနည်းနည်းမှ စိတ်ရှည်မနေတော့ဘူးမင်းကို "
သော့်ကြုံးဝါးသံတချို့ သည် ရေချိုးခန်းမှာ ခိုင်မာစွာ လွင့်ပျံ့ လာခဲ့ပြီးနောက်....
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz