နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
37
လက္ကနာရီကို ၾကည့္ေတာ့ ညေန၅နာရီထိုးေနၿပီမို ႔ ေသာ္ ျပန္ဖို႔ ပစၥည္းတခ်ိဳ ႕ေကာက္သိမ္းေနလိုက္၏။ သူအိမ္ျပန္မယ္ဆိုရင္ သူမ်ားေတြလိုေပါ့ေပါ့ပါးပါး ခ်က္ျခင္းျပန္လို႔မရ။ ေန႔ခင္းစာကအစ ကိုကို ထည့္ေပးလိုက္တဲ့ ထမင္းခ်ိဳင့္ နဲ႔ တိုလီမိုလီ ေတြကို တစ္ခုျခင္းေကာက္သိမ္းရတာ အၿမဲတမ္းလိုပင္။ ကုိကို ဆိုလို ႔ဒီခ်ိန္ ေဆးရုံေရွ႕မွာ ေရာက္ေနေရာေပါ့။ အေတြးနဲ႔တင္ေသာ့္နႈတ္ခမ္းေလး ေကြးညႊတ္သြားရ၏။
သူ႔နွလံုးသားအရွင္သခင္ဟာ နွစ္ေတြၾကာေညာင္းလာတဲ့အထိ ကို သူ႔ကို
ကေလးတစ္ေယာက္လို ျမင္ေနတုန္းပဲ။
ဒါကုိေတာ့ ေသာ္ေက်နပ္ပါသည္။
ဂုဏ္သိကၡာႀကီးမားလွတဲ့ ပံုညာဦးခ်ီက သူ႔အေပၚမွာ ေမတၲာမပ်က္သလို ၊ အခ်စ္လည္း မေလ်ာ့သြားေပမဲ့ ခုထိ တံုးအ ေနေသးတာေတာ့ စိတ္မရွည္စရာပါ။
မည္သို႔ပင္ ကိုကို က မေျပာင္းလဲပါေစ
ကိုကို႔ ဟာ ေသာ့္အသက္ကေလးမို႔
တရားသည္ျဖစ္ေစ ၊မတရားသည္ျဖစ္ေစ
ေသာ့္အပိုင္ျဖစ္ကိုျဖစ္လာပါလိမ့္မည္။
အခ်ိန္မ်ားစြာျဖတ္ေက်ာ္ၿပီးေနာက္မွာ
ယေသာ္လင္းဆိုတဲ့သူဟာ ကိုကို႔အေပၚမွာ အေရာင္လံုးဝေျပာင္းလဲသြားခဲ့သည္။
ဒါဟာ ေဖ်ာက္ျဖတ္မရတဲ့အမွန္တရားပင္။
ေသာ္ ကိုကို ခ်စ္ပါသည္။ ေသာ့္ဘဝမွာ မိဘေတြထပ္ပင္ ပိုၾကင္နာေပးခဲ့တဲ့ ကိုကို႔ကုိမွ ေသာ္မခ်စ္ရင္ ေသာ္ဟာ ရူးေနလို႔ပင္ျဖစ္လိမ့္မည္။ ဒီနွစ္ပိုင္းေတြမွာေသာ္ အမ်ားႀကီးကိုကို ႔ကို စိတ္ပူေနာက္ဆံတင္းခဲ့ရတာေတြမွအမ်ားႀကီး။ ၂၄ေက်ာ္အ႐ြယ္ေယာက်ာ္းရင့္မာတစ္ေယာက္ျဖစ္လာခဲ့တဲ့ ပံုညာဦးခ်ီ ၏တင့္တယ္ျခင္းေတြက ေသာ့္ကို ပူပင္ေသာက သိပ္မ်ားေစခဲ့ပါသည္။
ဒါေပမဲ့ ေသာ္ အခ်စ္ေတြပိုတိုးေအာင္
ကိုကိုက အရမ္းလိမ္မာခဲ့ပါသည္။
တခ်က္ေလးေတာင္ အရႈပ္အရွင္း
အထိအေတြ ႕မရွိရွာတဲ့ကိုကို ေလာကအလယ္မွာ ရွားပါးသန္႔စင္ေသာ အျဖဴေရာင္ကေလးပင္။
" ေဒါက္တာေသာ္ ျပန္ေတာ့မွာလားရွင့္"
နားေနခန္းတံခါးေပါက္ကိုဖြင့္လိုက္တာနဲ႔
ျဖတ္သန္းသြားတဲ့ ဆရာမတစ္ေယာက္က
ေခါင္းငံု႔နႈတ္ဆက္လာတာမို႔ ..
"ဟုတ္တယ္ ဆရာမ ၊ ကိုကိုလာႀကိဳေနလို႔ ျပန္ေတာ့မလို ႔။ ဆရာမတို႔ကေရာ ဒီေန႔ Night duty ဆင္းရမွာလား "
"ဟုတ္တယ္ ေဒါက္တာ ၊ ဒီေန႔ ေဒါက္တာသူငယ္ခ်င္း သုသုနဲ႔ ေဒါက္တာလျပည့္ေရာ Night ပဲ "
ယေသာ္ၿပံဳးျပရင္း
" ဟုတ္လား ဒါဆို ဒီတပါတ္ ကြၽန္ေတာ္နန္းျမတ္နဲ႔ အတူ ညဆိုင္းဆင္းရမယ္ထင္တယ္။ ဟုတ္ၿပီ ဆရာမေရ ကြၽန္ေတာ္သြားေတာ့မယ္ဗ် ၊ ေအာက္မွာ ကိုကိုေစာင့္ေနရတာ ၾကာေနမွာစိုးလို႔ "
"ဟုတ္ကဲ့ "
အနီဝတ္ဆရာမေလးက ၿပံဳးၿပံဳးရႊင္ရႊင္နႈတ္ဆက္ၿပီးျပန္ထြက္သြားတာမို႔ ေသာ္လည္း ဂ်ဴ တီကုတ္ကေလးလက္မွာခ်ိတ္ရင္း
ေအာက္ကို အေသာ့နွင္ရေတာ့သည္။
ခုဆို ေသာ္ဟာ ကိုကို ႔ေက်းဇူးေၾကာင့္ ဆရာဝန္တစ္ေယာက္ ျဖစ္လာခဲ့ပါၿပီ၊ မၾကာခင္မွာလည္း တာဝန္က်ရာ ေနရာသို႔ ေျပာင္းေ႐ြ ႕ တာဝန္ထမ္းေဆာင္ရေတာ့မွာမို႔ ေသာ္ရည္႐ြယ္ခ်က္ေတြဟာ တျဖည္းျဖည္းနီးကပ္လာၿပီဟု ဆိုရမွာပင္။
ေသာ္ေအာက္ထပ္ေရာက္ေတာ့ ကိုကိုက လူနာေတြအတြက္ သစ္ပင္ရိပ္ေအာက္မွာ ထိုင္စရာလုပ္ေပးထားတဲ့ ခံုကေလးေပၚမွာ ထိုင္ေစာင့္ေနပါသည္။
ေသာ္ နွစ္နွစ္ၿခိဳက္ၿခိဳက္ပါးခ်ိဳင့္ေလးေတြေပၚေအာင္ပင္ၿပံဳးလိုက္မိပါသည္။
ကိုကို က အမ်ားႀကီးေခ်ာလာပါ၏။
နံသာေရာင္ ရွပ္လက္တို နွင့္ အနက္ေရာင္ အကြက္စိပ္ ပုဆိုးေလးကို လိုက္ဖက္ေအာင္တြဲဝတ္ထားတဲ့ ကိုကိုသည္ ညေနဆည္းဆာလို ဝင္းဝါေနေသာအသားေရျဖင့္ ကတၱီပါညႇပ္ဖိနပ္ေလးကို ေသသပ္စြာစီးထားသည္။ ေသာ္သေဘာက်တဲ့ ရွည္လ်ားတဲ့ ေျခေခ်ာင္းေတြမွာ သန္႔ရွင္းၾကည္လင္ေနၿပီး ေျခသည္းေလးေတြကိုပါ ညီညာတိပစြာ လွီးျဖတ္တက္သူေလးပင္။
ထူထူထဲထဲမ်က္ခံုးတန္းကေလး နဲ႔
ၿပံဳးေယာင္သန္းေနတဲ့ မ်က္လံုးေလးေတြက လိုက္ဖက္သလို သေဘာမေနာေကာင္းတဲ့ သူေလးမို ႔ ျမင္လိုက္တာနဲ႔ ရင္ေအးေစတဲ့ပံုမ်ိဳးျဖစ္သည္။
အရင္လိုမဟုတ္ေတာ့တဲ့ ခပ္ထြားထြားလူဝံကိုယ္လံုးႀကီးသည္ တျဖည္းျဖည္းအ႐ြယ္ေရာက္လာၿပီးဝတ္တက္၊ စားတက္လာတာေၾကာင့္ထင္၏ အဆီပိုလံုးဝမရွိေတာ့ပဲ ယခုဆို ေတာင့္ေျဖာင့္ရွည္သြယ္လာကာအားကိုးခ်င္စရာ အမ်ိဳးသားပံုစံေလး ျဖစ္လာခဲ့ပါ၏။
" ကိုကို "
ေသာ္ေခၚသံေၾကာင့္ ေငးေမာေနရာမွ လွည့္ၾကည့္ကာ မတ္တပ္ထရပ္လာ၏။
ကမ္းလမ္းလာတဲ့လက္ေတြသည္
ေသာ့္ထံမွာ ထမင္းခ်ိဳင့္နွင့္ ေက်ာပိုးအိတ္ကေလးကို လွမ္းယူလာသည္။
"ေစာင့္ေနရတာၾကာၿပီလား "
"သိပ္မၾကာပါဘူး ေသာ့္ရ ။
ဒီေန ႔ ပင္ပန္းလား .. မ်က္နွာေလးႏြမ္းေနသလိုပဲ "
ေဆးရုံထဲမွာ ရွိတဲ့ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားရဲ႕မ်က္လံုးေတြက ကိုကို႔ဆီမွာမို ႔ေသာ္ လွလွပပေလး ၿပံဳး၍ ကိုကို႔လက္ကိုခ်ိတ္ဆြဲလိုက္သည္။ ဘယ္သူေတြဘယ္လိုထင္ထင္ ေသာ္ကေတာ့ လံုးဝရွက္မွာမဟုတ္ေပ။ ဒါေပမဲ့ ေဆးရုံက သူငယ္ခ်င္းေတြမွအပ အကုန္လံုးက ေသာ္တို႔ကို
ညီအကုိလို႔သာ ထင္ၾကတာမို႔ ျငင္းဆန္မူ႔မရွိပဲ နားေအးေအာင္ေသာ္ကေတာ့ပါးစပ္ပိတ္ေနခဲ့သည္။
" ဘာမွမစားခ်င္ဘူး ညေနစာ အိမ္မွာ
ကိုကို နွယ္ေကြၽးတဲ့ထမင္းသုပ္ေလးစားခ်င္တယ္။ ငါးဖယ္ေလးနဲ႔ေလ "
ေသာ္ ပူပူဆာဆာေလးေျပာလိုက္ေတာ့
အလိုလိုက္တက္ေသာ ပံုညာဦးခ်ီ က
ဆိုင္ကယ္ရပ္ထားတဲ့ ေနရာကို သြားေနရင္းမွ လွည့္ကာ ပါးကိုလာညႇစ္ၿပီး စ ၏။
" ကိုကို႔ေသာ္က ေလာဘအိုးကေလးပဲ။ ကဲ အိမ္ကိုျမန္ျမန္ သြားၾကမယ္ ၊ ေသာ္ဗိုက္ဆာလြန္ၿပီး မစားနိုင္မွာစိုးလို႔ ၊ ငါးဖယ္ေၾကာ္ပီးသားရွိတယ္ ၊ ေျမပဲဆံကေတာ့ထပ္ေၾကာ္ရအံုးမယ္ ခဏပါပဲ နာရီဝက္ေပါ့ ေသာ္က ေရခ်ိဳးရင္းေစာင့္ေပးမယ္မို႔လား "
လက္ေမာင္းကို မွီထားရင္းေသာ့္ ေခါင္းျမန္ျမန္ၿငိမ့္ျပလိုက္၏။ ပတ္ဝန္းက်င္မွာေတာ့ အကိုကို ခြၽဲတက္တဲ့ညီေလးေပါ့။ ဒါေပမဲ့ ကိုကိုက ေသာ္အကုိမဟုတ္သလို
ေသာ္ တိတ္တခိုးစြဲလန္းရသာဆိုလည္းမမွား။
*မင္းကိုေလာဘ သိပ္တက္ေနမိၿပီ ကိုကို ။
ဒါကို ငါကိုယ္တိုင္လည္း ထိန္းခ်ဳပ္လို႔မရနိုင္ေတာ့ဘူး။ *
အျပန္လမ္းမွာ ကိုကို႔ခါးကိုဖက္ၿပီး ေသာ္
စိတ္ကူးေလး႐ြက္လႊင့္ေနခဲ့သည္။
အခုဆိုရင္ ကိုကိုရဲ႕ ေသာ္တံဆိပ္ သီးစံုေရခဲေခ်ာင္းနွင့္ သစ္သီးအရသာစစ္စစ္အေအးဘူးေတြက City mart ေတြနွင့္
စတိုးဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြ ပါမက်န္ တင္ပို႔ေရာင္းခ်နိုင္ခဲ့သည္။ ရာသီေတြအလီလီေျပာင္းခဲ့သလို
ေသာ္တို႔အိမ္ကေလးကလည္းေျပာင္းလဲလာခဲ့သလို ေနထိုင္တဲ့ လူဦးေရလည္းေျပာင္းလဲသြားခဲ့ပါသည္။
" ကိုကို ေသာ္ အေပါ့သြားခ်င္လို႔အရင္ဝင္နွင့္ၿပီ "
ေသာ္သည္ အက်ဳင့္ပုတ္စြာ ၿခံေရွ႕ ဆိုင္ကယ္ရပ္လိုက္သည္နွင့္ အိမ္ထဲသို႔ဝင္ေျပးသြားေလေတာ့၏။ ေသာ့္ပစၥည္းတခ်ိဳ ႕ကို လက္ကကိုင္ရင္း ဆိုင္ကယ္ကိုအိမ္ထဲထိမသြင္းပဲ ေဒါက္ေထာက္လိုက္စဥ္ အလုပ္သမားေကာင္ေလးတစ္ေယာက္ကေျပးလာကာ ဆိုင္ကယ္ကို အထဲယူတြန္းေပးသြားသည္။
ဦးခ်ီ ၿခံကေလးသည္ အရင္လို ေျမကြက္လပ္ ေပၚမွာ စိုက္ပ်ိဳးထားေသာပန္းပင္ေတြမရွိေတာ့ပဲ အဲ့ဒီေနရာမွာ ဂိုေထာင္လို
အမိုးနဲ႔ အကာသာရွိတဲ့ အိမ္ႀကီးတစ္လံုးအစားထိုးဝင္ေရာက္လာခဲ့ပါသည္။
ၿခံေရွ႕ေထာင့္မွာေတာ့ အရင္လို ဆိုင္ခန္းကေလးရွိေနတုန္းပင္။ထိုေနရာမွာ လြင္ဦးဦးစီးကာ အလုပ္သမားအမ်ားစုနွင့္ အရင္အတိုင္းေရာင္းခ်ေနလ်က္ရွိၿပီး ဦးခ်ီကေတာ့ ပါဝင္လုပ္ကိုင္ျခင္းမရွိေတာ့ေပ။
အခ်ိန္ေတြသည္ အကုန္ျမန္လြန္းလွပါသည္။ သံေခ်ာင္း တစ္ေယာက္ပင္ ဂ်ပန္သို႔ေရာက္သြားတာ ၃နွစ္ၾကာခဲ့ေလၿပီ။ ထို႔ေနာက္အံ့ေမာင္ က သံေခ်ာင္းအမနွင့္အိမ္ေထာင္က်သြားၿပီး တင္ေမာင္ညႊန္႔ကေတာ့ ႐ြာမွာဖုန္းဆိုင္ကေလးပင္ ဖြင့္ၿပီးေနေလ၏။ နွစ္ေတြအၾကာႀကီးအတူေနခဲ့ရတဲ့ သူငယ္ခ်င္းေတြမို ႔ အသီးသီး ျပန္ထြက္သြားၾကရတဲ့အခါမွာ ရင္ထဲဟာတာတာျဖစ္၍က်န္ခဲ့ရပါသည္။ ေသာ္အိမ္ေလးကိုေတာ့ နွစ္စဥ္ ႐ြာကအဆင္မေျပတဲ့ ေက်ာင္းသူမိန္းကေလးမ်ားကိုထားရွိၿပီး ခုဆိုရင္ ဦးခ်ီဆိုင္ကအလုပ္သမား ေကာင္မေလးေတြပါ မက်န္ သြားေနၾက၏။
" ပံုညာေရ အမတို႔ ပစၥည္းသြားပို႔မလို႔ ၊
ဒီေန ႔ေငြခံရမဲ့ စာရင္းကိုအမယူသြားတယ္ေနာ္ ။ "
မေအးသီတာက ဦးခ်ီ ဆိုင္မွာ အားအထားရဆံုး အလုပ္သမားေခါင္းပင္။
အေရးႀကီးသည္မ်ားကို စိတ္ခ်လႊတ္ထားရေအာင္ထိ ယံုၾကည္ရသူမို႔ေခါင္းညိမ့္လ်က္
"ဟုတ္ သြားေလ အမ။ ကားနဲ႔လားဆိုင္ကယ္နဲ႔လား။ ပစၥည္းမ်ားရင္ light tuckယူသြား ၊ အၾကာႀကီးလုပ္မေနနဲ႔ အျပန္မိုးခ်ဳပ္ေနဦးမယ္ ပိုက္ဆံက ေနာက္ရက္မွ လိုက္ေကာက္လည္းရတယ္ "
"ေအးေအး ဒါဆို အမသြားေတာ့မယ္ "
ေရခဲေသတၲာေတြနဲ႔ အေအးထုပ္တဲ့ စားပြဲ ေတြ ေဘးက လူသြားလမ္း မွာ ျဖတ္ေလ်ွာက္သြားရင္း လမ္းတစ္ေလ်ွာက္အလုပ္မ်ားေနၾကတဲ့ ဝန္ထမ္းေတြကိုဂရုတစိုက္ၾကည့္မိသည္။
ေတာ္ေတာ္မ်ားမ်ားသည္ တံငါကုန္း႐ြာမွ
ျဖစ္ၿပီး အလုပ္မဲ့ မျဖစ္ေအာင္ ဒီမွာေခၚၿပီး
အလုပ္ေပးထားခဲ့ျခင္းျဖစ္သည္။ သူအလုပ္ရွိရာ အိမ္ႀကီးက ေခါင္မိုးအျမင့္ႀကီးေဆာက္ထားသည္မို ႔အေနာက္က အရင္အိမ္ေဟာင္းေလးကိုပင္မျမင္ရေအာင္ ကြယ္သြားခဲ့သည္။
ဂိုေထာင္သေဘာမ်ိဳးေဆာက္ထားကာ
အလုပ္သမားေကာင္ေလးမ်ားေနရေအာင္ ဒီအထဲမွာပင္ ထပ္ခိုးေလးထည့္ေပးထားလိုက္သည္။
ဦးခ်ီတို႔အိမ္ကေလးအေပၚထပ္မွာေတာ့ လြင္ဦး နွင့္ သူ႔ဆိုင္ဖက္က ေကာင္ေလး ၄ေယာက္ အတူေန၏။ ဒီနွစ္ေတြမွာ သူအမ်ားႀကီးႀကိဳးစားခဲ့တဲ့ရလာဒ္သည္ အျမင့္ဆံုးမဟုတ္ေတာင္ ေနရာတစ္ခုထိ ေရာက္ရွိနိုင္ခဲ့သည္။ ေရခဲပုံးေတြ တင္ရေအာင္ light truckတစ္စီး ကိုဝယ္နိုင္ခဲ့သလို
ေသာ့္ကိုလည္း လိုတရေအာင္ ထားနိုင္ခဲ့တာမို ႔ သူေက်နပ္ပါသည္။
" ေသာ္ ေရေသာက္ပီးမွေရခ်ိဳးရမယ္ေနာ္ "
"ေသာ္သိပါတယ္ကိုကိုရဲ႕။ ဒါနဲ႔ေလ
ဒီတပါတ္ ေသာ္ နန္းျမတ္နဲ႔ ညဂ်ဴ တီ ဆင္းရမယ္ထင္တယ္။ "
"အင္း အဲ့ေတာ့ "
သူစကားေထာက္ေပးေတာ့ ေသာ္က
ေရလဲပုဆိုးကို လက္ေပၚေခါက္တင္ရင္း
အေပါက္ဝမွာ မတ္တပ္ရေနတဲ့ သူ႔ကို
ဥာဏ္မ်ားခ်င္တဲ့ရုပ္ကေလးနဲ႔ရယ္ျပလာ၏။ ေသာ့္အေၾကာင္းသူ႔အသိဆံုးဆိုေပမဲ့ ဂ်ီက်တဲ့အသံေလးၾကားခ်င္တာေၾကာင့္ မေျပာပဲနႈတ္ဆိတ္ေနလိုက္၏။
ဆရာဝန္သာ ျဖစ္လာခဲ့တာ ေသာ္က ခုထိဦးခ်ီမ်က္လံုးထဲမွာ ခ်စ္စရာအေကာင္ေပါက္ကေလးအတိုင္းပင္။
"အဲ့ဒါ ကိုကိုက ထံုးစံအတိုင္း ညစာလာပို႔ေပးေပါ့ ။ "
ေသာ္နႈတ္ခမ္းေလးက အဆံုးသတ္မွာ စူထြက္လာ၏။ ထို႔ေၾကာင့္ ဆက္မစေတာ့ပဲ
" ကိုကိုသိပါတယ္ေသာ္ရာ ..ကဲေရသြားခ်ိဳးေတာ့ ကိုကိုမီးဖိုေခ်ာင္ အေျပးအလႊားဝင္လိုက္ဦးမယ္ "
ေသာ့္ ေက်ာပိုးအိတ္ကေလးကို ခ်ိတ္မွာခ်ိတ္ၿပီး ဦးခ်ီ ေျပာမိသည္။ထိုအခါ ေသာ္က
အနားတိုးလာကာ ဦးခ်ီ လက္ဖ်ံကို ကုန္းကိုက္ကာ မ်က္ေစာင္းထိုးလ်က္ ေရခ်ိဳးဖို႔ထြက္သြားေလ၏။ အနည္ငယ္အရာက်န္ခဲ့တဲ့သူ႔လက္ကို ျမင္သာေအာင္ေျမာက္ၾကည့္ရင္း မေက်နပ္ရင္ ထို႔သို႔ ခ်စ္စရာေကာင္းေအာင္ စိတ္ေျဖတက္ေသာ အက်င့္ဆိုးေလးကိုေတြးကာ ရယ္မိျပန္သည္။
ေနာက္ဆံုးအခန္းထဲမွ ထြက္လာေတာ့ လက္ထဲ ေသာ့္ထမင္းခ်ိဳင့္ေလးက ပါလာ၏။ ေဆးရုံမွာ စားၿပီးတခါထဲ ေဆးခဲ့တယ္ဆိုေပမဲ့ အိမ္ျပန္ေရာက္ရင္
ေရာဂါပိုးမႊားမကပ္ေအာင္ ေရေနႊးစိမ္ၿပီး ပိုးသတ္ေပးတက္သလို သန္႔သန္႔ရွင္းရွင္းေနာက္ရက္ကို ထည့္ေပးလို႔ရေအာင္
အထပ္ထပ္ ေသခ်ာေဆးေၾကာ ၿပီး စင္ေပၚမွာေမွာက္ေပးထားတက္တာကလည္း ဦးခ်င္၏ အက်င့္ပင္။
သူအလုပ္ပိုတယ္ဆိုေပမဲ့ ေသာ္ က်န္းမာဖို႔က အဓိကမို႔ အစားအေသာက္ကိုေတာ့ ဦးခ်ီ ေသခ်ာဂရုစိုက္ပါ၏
နာရီဝက္ခန္႔အၾကာ တြင္ ေသာ္စားခ်င္တဲ့ ထမင္းသုပ္ လွလွေလးနွစ္ပြဲသည္ စားပြဲမွာအဆင္သင့္ျဖစ္လာ၏။
သူ႔အေနနဲ႔ အစားေသာက္ဂ်ီးမ်ားတာမ်ိဳးေတာ့လံုးဝမရွိ။ မ်ားေသာအားျဖင့္ေသာ္ စားခ်င္တဲ့ အစားေသာက္မ်ိဳးကိုပဲ လိုက္စားတက္တာ ။
အဲ့ဒါေၾကာင့္ သံေခ်ာင္းကေျပာတာ
မင္း မယားကို အလိုလိုက္အႀကိဳက္ေဆာင္တဲ့ေနရာမွ နွစ္ေယာက္မရွိဘူးတဲ့။
မင္းမယားေလးလို႔ေသာ့္ကိုေျပာလြန္းလို႔
သူ႔မွာ တခါတေလ မိန္းကေလးအျဖစ္ျမင္ေယာင္မိၿပီး ရယ္မိတာခဏခဏပဲ။
" စားေတာ့မလား "
"အင္း"
ေသာ္ကလည္းေရခ်ိဳးၿပီးခဲ့တာမို႔ ထမင္းစားပြဲမွာ နွစ္ေယာက္အတူထိုင္ျဖစ္ရင္း ေသာ္ က စကားေျပာခ်င္ဟန္ျဖင့္ၾကည့္လာတာမို႔ မ်က္ခံုးပင့္ျပမိလ်ွင္
" ကိုကို ေသာ္ တံငါကုန္း႐ြာကိုဦးစားေပးေလ်ွာက္ထားေပမဲ့ ႐ြာမွာ လက္ရွိ တာဝန္က် ဆရာဝန္ေျပာင္းမိန္႔မတင္ေသးရင္
ေသာ္ရမွာမဟုတ္ေလာက္ေသးဘူးထင္တယ္ "
"အင္း မရလည္းဘယ္တက္နိုင္မလဲေသာ္ရာ..စိတ္ညစ္မေနပါနဲ႔ ။ တံငါကုန္းကတိုက္နယ္ေဆးရုံလို႔သာေျပာတာ လက္ရွိ ဆရာဝန္ က
နွစ္ေယာက္ပဲထားေပးတာဆိုေတာ့ လစ္လပ္ေနရာရဖို႔ေတာ့ေစာင့္ရမွာေပါ့။ "
"ေသာ္ေျပာခ်င္တာက ေသာ္သြားရင္ ကိုကိုေရာ အတူလိုက္မွာလား ေသာ္တစ္ေယာက္ထဲအရင္သြားရမလား "
ေသာ့္ေရွ႕ကို ထမင္းသုပ္ပန္းကန္ေလးတိုးေပးရင္း
"ေနာက္ကို ညစာကို ထမင္းသုပ္မစားရေတာ့ဘူးေနာ္ေသာ္။ တခါတေလမို ႔ ကိုကိုက မေျပာတာ ဒါစားၿပီးရင္ ညကို ရင္ခံေနမွာစိုးလို႔"
" ေသာ္ေျပာတာ အရင္ မေျဖပဲ အေရးမပါတာေတြေျပာေနတယ္ "
" ေသာ္ ေနမေကာင္းျဖစ္မွာထပ္ ဘယ္အရာက ပိုအေရးႀကီးလို႔လဲ ။ ေသာ္ ဘယ္သြားသြား ကိုကိုက အတူလိုက္ခဲ့မယ္လို႔ေျပာထားဖူးတယ္ေလ ၊ ေသာ္မွမွတ္မထားတာ "
မ်က္ဆံနက္နက္ကေလးက လင္းလဲ့သြားသလို ပါးလ်လ် အနီေရာင္နႈတ္ခမ္းပါးက ေကာ့တက္သြား၏။ ေသာ္ အၿပံဳးေတြက
သူ႔စိတ္ထဲေပ်ာ္သြားေၾကာင္း ျပသေနသည္မို ႔ဦးခ်ီ ေသာ္နွာေခါင္းခြၽန္းခြၽန္းေလးကို လွမ္းဆြဲညႇစ္လိုက္၏။
" အရူးေလး ကိုကိုစကားကိုမွတ္လည္းမထားဘူး "
သူ႔စကားေၾကာင့္ ေသာ့္ပါးခ်ိဳင့္ထင္းထင္းေလးက အခ်ိန္ၾကာစြာ တည္ၿမဲေနခဲ့ၿပီး
စင္းခ် သြားတဲ့ မ်က္ေတာင္ေလးေတြက
အေတာ္ၾကာ မၿငိမ္မသက္ ျဖစ္ေနခဲ့၏။
စားပြဲထပ္က ထမင္းသုပ္ပန္းကန္ကိုဗိုက္ဆာေနတဲ့ ေသာ္က မထိေတြ႕ေသး။ အၿပံဳးလွလွရွိတဲ့ေကာင္းကေလးကို အမွတ္တမဲ့အေတာ္ၾကာ ေငးၾကည့္မိရင္း သူကိုယ္တိုင္ သတိေပးဖို႔ ေမ့ေလ်ာ့ေနခဲ့ပါ၏။
တကယ္ေျပာတာ ေသာ္ ၿပံဳးလိုက္ရင္
သိပ္ခ်စ္စရာေကာင္းတာ ....
ခ်စ္တဲ့အိမ္စည္။
လက်ကနာရီကို ကြည့်တော့ ညနေ၅နာရီထိုးနေပြီမို့ သော် ပြန်ဖို့ ပစ္စည်းတချို့ ကောက်သိမ်းနေလိုက်၏။ သူအိမ်ပြန်မယ်ဆိုရင် သူများတွေလိုပေါ့ပေါ့ပါးပါး ချက်ခြင်းပြန်လို့မရ။ နေ့ခင်းစာကအစ ကိုကို ထည့်ပေးလိုက်တဲ့ ထမင်းချိုင့် နဲ့ တိုလီမိုလီ တွေကို တစ်ခုခြင်းကောက်သိမ်းရတာ အမြဲတမ်းလိုပင်။ ကိုကို ဆိုလို့ ဒီချိန် ဆေးရုံရှေ့မှာ ရောက်နေရောပေါ့။ အတွေးနဲ့တင်သော့်နှုတ်ခမ်းလေး ကွေးညွှတ်သွားရ၏။
သူ့နှလုံးသားအရှင်သခင်ဟာ နှစ်တွေကြာညောင်းလာတဲ့အထိ ကို သူ့ကို
ကလေးတစ်ယောက်လို မြင်နေတုန်းပဲ။
ဒါကိုတော့ သော်ကျေနပ်ပါသည်။
ဂုဏ်သိက္ခာကြီးမားလှတဲ့ ပုံညာဦးချီက သူ့အပေါ်မှာ မေတ္တာမပျက်သလို ၊ အချစ်လည်း မလျော့သွားပေမဲ့ ခုထိ တုံးအ နေသေးတာတော့ စိတ်မရှည်စရာပါ။
မည်သို့ပင် ကိုကို က မပြောင်းလဲပါစေ
ကိုကို့ ဟာ သော့်အသက်ကလေးမို့
တရားသည်ဖြစ်စေ ၊မတရားသည်ဖြစ်စေ
သော့်အပိုင်ဖြစ်ကိုဖြစ်လာပါလိမ့်မည်။
အချိန်များစွာဖြတ်ကျော်ပြီးနောက်မှာ
ယသော်လင်းဆိုတဲ့သူဟာ ကိုကို့အပေါ်မှာ အရောင်လုံးဝပြောင်းလဲသွားခဲ့သည်။
ဒါဟာ ဖျောက်ဖြတ်မရတဲ့အမှန်တရားပင်။
သော် ကိုကို ချစ်ပါသည်။ သော့်ဘဝမှာ မိဘတွေထပ်ပင် ပိုကြင်နာပေးခဲ့တဲ့ ကိုကို့ကိုမှ သော်မချစ်ရင် သော်ဟာ ရူးနေလို့ပင်ဖြစ်လိမ့်မည်။ ဒီနှစ်ပိုင်းတွေမှာသော် အများကြီးကိုကို့ ကို စိတ်ပူနောက်ဆံတင်းခဲ့ရတာတွေမှအများကြီး။ ၂၄ကျော်အရွယ်ယောကျာ်းရင့်မာတစ်ယောက်ဖြစ်လာခဲ့တဲ့ ပုံညာဦးချီ ၏တင့်တယ်ခြင်းတွေက သော့်ကို ပူပင်သောက သိပ်များစေခဲ့ပါသည်။
ဒါပေမဲ့ သော် အချစ်တွေပိုတိုးအောင်
ကိုကိုက အရမ်းလိမ်မာခဲ့ပါသည်။
တချက်လေးတောင် အရှုပ်အရှင်း
အထိအတွေ့ မရှိရှာတဲ့ကိုကို လောကအလယ်မှာ ရှားပါးသန့်စင်သော အဖြူရောင်ကလေးပင်။
" ဒေါက်တာသော် ပြန်တော့မှာလားရှင့်"
နားနေခန်းတံခါးပေါက်ကိုဖွင့်လိုက်တာနဲ့
ဖြတ်သန်းသွားတဲ့ ဆရာမတစ်ယောက်က
ခေါင်းငုံ့နှုတ်ဆက်လာတာမို့ ..
"ဟုတ်တယ် ဆရာမ ၊ ကိုကိုလာကြိုနေလို့ ပြန်တော့မလို့ ။ ဆရာမတို့ကရော ဒီနေ့ Night duty ဆင်းရမှာလား "
"ဟုတ်တယ် ဒေါက်တာ ၊ ဒီနေ့ ဒေါက်တာသူငယ်ချင်း သုသုနဲ့ ဒေါက်တာလပြည့်ရော Night ပဲ "
ယသော်ပြုံးပြရင်း
" ဟုတ်လား ဒါဆို ဒီတပါတ် ကျွန်တော်နန်းမြတ်နဲ့ အတူ ညဆိုင်းဆင်းရမယ်ထင်တယ်။ ဟုတ်ပြီ ဆရာမရေ ကျွန်တော်သွားတော့မယ်ဗျ ၊ အောက်မှာ ကိုကိုစောင့်နေရတာ ကြာနေမှာစိုးလို့ "
"ဟုတ်ကဲ့ "
အနီဝတ်ဆရာမလေးက ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်ပြီးပြန်ထွက်သွားတာမို့ သော်လည်း ဂျူ တီကုတ်ကလေးလက်မှာချိတ်ရင်း
အောက်ကို အသော့နှင်ရတော့သည်။
ခုဆို သော်ဟာ ကိုကို့ ကျေးဇူးကြောင့် ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့ပါပြီ၊ မကြာခင်မှာလည်း တာဝန်ကျရာ နေရာသို့ ပြောင်းရွေ့ တာဝန်ထမ်းဆောင်ရတော့မှာမို့ သော်ရည်ရွယ်ချက်တွေဟာ တဖြည်းဖြည်းနီးကပ်လာပြီဟု ဆိုရမှာပင်။
သော်အောက်ထပ်ရောက်တော့ ကိုကိုက လူနာတွေအတွက် သစ်ပင်ရိပ်အောက်မှာ ထိုင်စရာလုပ်ပေးထားတဲ့ ခုံကလေးပေါ်မှာ ထိုင်စောင့်နေပါသည်။
သော် နှစ်နှစ်ခြိုက်ခြိုက်ပါးချိုင့်လေးတွေပေါ်အောင်ပင်ပြုံးလိုက်မိပါသည်။
ကိုကို က အများကြီးချောလာပါ၏။
နံသာရောင် ရှပ်လက်တို နှင့် အနက်ရောင် အကွက်စိပ် ပုဆိုးလေးကို လိုက်ဖက်အောင်တွဲဝတ်ထားတဲ့ ကိုကိုသည် ညနေဆည်းဆာလို ဝင်းဝါနေသောအသားရေဖြင့် ကတ္တီပါညှပ်ဖိနပ်လေးကို သေသပ်စွာစီးထားသည်။ သော်သဘောကျတဲ့ ရှည်လျားတဲ့ ခြေချောင်းတွေမှာ သန့်ရှင်းကြည်လင်နေပြီး ခြေသည်းလေးတွေကိုပါ ညီညာတိပစွာ လှီးဖြတ်တက်သူလေးပင်။
ထူထူထဲထဲမျက်ခုံးတန်းကလေး နဲ့
ပြုံးယောင်သန်းနေတဲ့ မျက်လုံးလေးတွေက လိုက်ဖက်သလို သဘောမနောကောင်းတဲ့ သူလေးမို့ မြင်လိုက်တာနဲ့ ရင်အေးစေတဲ့ပုံမျိုးဖြစ်သည်။
အရင်လိုမဟုတ်တော့တဲ့ ခပ်ထွားထွားလူဝံကိုယ်လုံးကြီးသည် တဖြည်းဖြည်းအရွယ်ရောက်လာပြီးဝတ်တက်၊ စားတက်လာတာကြောင့်ထင်၏ အဆီပိုလုံးဝမရှိတော့ပဲ ယခုဆို တောင့်ဖြောင့်ရှည်သွယ်လာကာအားကိုးချင်စရာ အမျိုးသားပုံစံလေး ဖြစ်လာခဲ့ပါ၏။
" ကိုကို "
သော်ခေါ်သံကြောင့် ငေးမောနေရာမှ လှည့်ကြည့်ကာ မတ်တပ်ထရပ်လာ၏။
ကမ်းလမ်းလာတဲ့လက်တွေသည်
သော့်ထံမှာ ထမင်းချိုင့်နှင့် ကျောပိုးအိတ်ကလေးကို လှမ်းယူလာသည်။
"စောင့်နေရတာကြာပြီလား "
"သိပ်မကြာပါဘူး သော့်ရ ။
ဒီနေ့ ပင်ပန်းလား .. မျက်နှာလေးနွမ်းနေသလိုပဲ "
ဆေးရုံထဲမှာ ရှိတဲ့ အမျိုးသမီးတော်တော်များများရဲ့မျက်လုံးတွေက ကိုကို့ဆီမှာမို့ သော် လှလှပပလေး ပြုံး၍ ကိုကို့လက်ကိုချိတ်ဆွဲလိုက်သည်။ ဘယ်သူတွေဘယ်လိုထင်ထင် သော်ကတော့ လုံးဝရှက်မှာမဟုတ်ပေ။ ဒါပေမဲ့ ဆေးရုံက သူငယ်ချင်းတွေမှအပ အကုန်လုံးက သော်တို့ကို
ညီအကိုလို့သာ ထင်ကြတာမို့ ငြင်းဆန်မူ့မရှိပဲ နားအေးအောင်သော်ကတော့ပါးစပ်ပိတ်နေခဲ့သည်။
" ဘာမှမစားချင်ဘူး ညနေစာ အိမ်မှာ
ကိုကို နှယ်ကျွေးတဲ့ထမင်းသုပ်လေးစားချင်တယ်။ ငါးဖယ်လေးနဲ့လေ "
သော် ပူပူဆာဆာလေးပြောလိုက်တော့
အလိုလိုက်တက်သော ပုံညာဦးချီ က
ဆိုင်ကယ်ရပ်ထားတဲ့ နေရာကို သွားနေရင်းမှ လှည့်ကာ ပါးကိုလာညှစ်ပြီး စ ၏။
" ကိုကို့သော်က လောဘအိုးကလေးပဲ။ ကဲ အိမ်ကိုမြန်မြန် သွားကြမယ် ၊ သော်ဗိုက်ဆာလွန်ပြီး မစားနိုင်မှာစိုးလို့ ၊ ငါးဖယ်ကြော်ပီးသားရှိတယ် ၊ မြေပဲဆံကတော့ထပ်ကြော်ရအုံးမယ် ခဏပါပဲ နာရီဝက်ပေါ့ သော်က ရေချိုးရင်းစောင့်ပေးမယ်မို့လား "
လက်မောင်းကို မှီထားရင်းသော့် ခေါင်းမြန်မြန်ငြိမ့်ပြလိုက်၏။ ပတ်ဝန်းကျင်မှာတော့ အကိုကို ချွဲတက်တဲ့ညီလေးပေါ့။ ဒါပေမဲ့ ကိုကိုက သော်အကိုမဟုတ်သလို
သော် တိတ်တခိုးစွဲလန်းရသာဆိုလည်းမမှား။
*မင်းကိုလောဘ သိပ်တက်နေမိပြီ ကိုကို ။
ဒါကို ငါကိုယ်တိုင်လည်း ထိန်းချုပ်လို့မရနိုင်တော့ဘူး။ *
အပြန်လမ်းမှာ ကိုကို့ခါးကိုဖက်ပြီး သော်
စိတ်ကူးလေးရွက်လွှင့်နေခဲ့သည်။
အခုဆိုရင် ကိုကိုရဲ့ သော်တံဆိပ် သီးစုံရေခဲချောင်းနှင့် သစ်သီးအရသာစစ်စစ်အအေးဘူးတွေက City mart တွေနှင့်
စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေ ပါမကျန် တင်ပို့ရောင်းချနိုင်ခဲ့သည်။ ရာသီတွေအလီလီပြောင်းခဲ့သလို
သော်တို့အိမ်ကလေးကလည်းပြောင်းလဲလာခဲ့သလို နေထိုင်တဲ့ လူဦးရေလည်းပြောင်းလဲသွားခဲ့ပါသည်။
" ကိုကို သော် အပေါ့သွားချင်လို့အရင်ဝင်နှင့်ပြီ "
သော်သည် အကျုင့်ပုတ်စွာ ခြံရှေ့ ဆိုင်ကယ်ရပ်လိုက်သည်နှင့် အိမ်ထဲသို့ဝင်ပြေးသွားလေတော့၏။ သော့်ပစ္စည်းတချို့ ကို လက်ကကိုင်ရင်း ဆိုင်ကယ်ကိုအိမ်ထဲထိမသွင်းပဲ ဒေါက်ထောက်လိုက်စဉ် အလုပ်သမားကောင်လေးတစ်ယောက်ကပြေးလာကာ ဆိုင်ကယ်ကို အထဲယူတွန်းပေးသွားသည်။
ဦးချီ ခြံကလေးသည် အရင်လို မြေကွက်လပ် ပေါ်မှာ စိုက်ပျိုးထားသောပန်းပင်တွေမရှိတော့ပဲ အဲ့ဒီနေရာမှာ ဂိုထောင်လို
အမိုးနဲ့ အကာသာရှိတဲ့ အိမ်ကြီးတစ်လုံးအစားထိုးဝင်ရောက်လာခဲ့ပါသည်။
ခြံရှေ့ထောင့်မှာတော့ အရင်လို ဆိုင်ခန်းကလေးရှိနေတုန်းပင်။ထိုနေရာမှာ လွင်ဦးဦးစီးကာ အလုပ်သမားအများစုနှင့် အရင်အတိုင်းရောင်းချနေလျက်ရှိပြီး ဦးချီကတော့ ပါဝင်လုပ်ကိုင်ခြင်းမရှိတော့ပေ။
အချိန်တွေသည် အကုန်မြန်လွန်းလှပါသည်။ သံချောင်း တစ်ယောက်ပင် ဂျပန်သို့ရောက်သွားတာ ၃နှစ်ကြာခဲ့လေပြီ။ ထို့နောက်အံ့မောင် က သံချောင်းအမနှင့်အိမ်ထောင်ကျသွားပြီး တင်မောင်ညွှန့်ကတော့ ရွာမှာဖုန်းဆိုင်ကလေးပင် ဖွင့်ပြီးနေလေ၏။ နှစ်တွေအကြာကြီးအတူနေခဲ့ရတဲ့ သူငယ်ချင်းတွေမို့ အသီးသီး ပြန်ထွက်သွားကြရတဲ့အခါမှာ ရင်ထဲဟာတာတာဖြစ်၍ကျန်ခဲ့ရပါသည်။ သော်အိမ်လေးကိုတော့ နှစ်စဉ် ရွာကအဆင်မပြေတဲ့ ကျောင်းသူမိန်းကလေးများကိုထားရှိပြီး ခုဆိုရင် ဦးချီဆိုင်ကအလုပ်သမား ကောင်မလေးတွေပါ မကျန် သွားနေကြ၏။
" ပုံညာရေ အမတို့ ပစ္စည်းသွားပို့မလို့ ၊
ဒီနေ့ ငွေခံရမဲ့ စာရင်းကိုအမယူသွားတယ်နော် ။ "
မအေးသီတာက ဦးချီ ဆိုင်မှာ အားအထားရဆုံး အလုပ်သမားခေါင်းပင်။
အရေးကြီးသည်များကို စိတ်ချလွှတ်ထားရအောင်ထိ ယုံကြည်ရသူမို့ခေါင်းညိမ့်လျက်
"ဟုတ် သွားလေ အမ။ ကားနဲ့လားဆိုင်ကယ်နဲ့လား။ ပစ္စည်းများရင် light tuckယူသွား ၊ အကြာကြီးလုပ်မနေနဲ့ အပြန်မိုးချုပ်နေဦးမယ် ပိုက်ဆံက နောက်ရက်မှ လိုက်ကောက်လည်းရတယ် "
"အေးအေး ဒါဆို အမသွားတော့မယ် "
ရေခဲသေတ္တာတွေနဲ့ အအေးထုပ်တဲ့ စားပွဲ တွေ ဘေးက လူသွားလမ်း မှာ ဖြတ်လျှောက်သွားရင်း လမ်းတစ်လျှောက်အလုပ်များနေကြတဲ့ ဝန်ထမ်းတွေကိုဂရုတစိုက်ကြည့်မိသည်။
တော်တော်များများသည် တံငါကုန်းရွာမှ
ဖြစ်ပြီး အလုပ်မဲ့ မဖြစ်အောင် ဒီမှာခေါ်ပြီး
အလုပ်ပေးထားခဲ့ခြင်းဖြစ်သည်။ သူအလုပ်ရှိရာ အိမ်ကြီးက ခေါင်မိုးအမြင့်ကြီးဆောက်ထားသည်မို့ အနောက်က အရင်အိမ်ဟောင်းလေးကိုပင်မမြင်ရအောင် ကွယ်သွားခဲ့သည်။
ဂိုထောင်သဘောမျိုးဆောက်ထားကာ
အလုပ်သမားကောင်လေးများနေရအောင် ဒီအထဲမှာပင် ထပ်ခိုးလေးထည့်ပေးထားလိုက်သည်။
ဦးချီတို့အိမ်ကလေးအပေါ်ထပ်မှာတော့ လွင်ဦး နှင့် သူ့ဆိုင်ဖက်က ကောင်လေး ၄ယောက် အတူနေ၏။ ဒီနှစ်တွေမှာ သူအများကြီးကြိုးစားခဲ့တဲ့ရလာဒ်သည် အမြင့်ဆုံးမဟုတ်တောင် နေရာတစ်ခုထိ ရောက်ရှိနိုင်ခဲ့သည်။ ရေခဲပုံးတွေ တင်ရအောင် light truckတစ်စီး ကိုဝယ်နိုင်ခဲ့သလို
သော့်ကိုလည်း လိုတရအောင် ထားနိုင်ခဲ့တာမို့ သူကျေနပ်ပါသည်။
" သော် ရေသောက်ပီးမှရေချိုးရမယ်နော် "
"သော်သိပါတယ်ကိုကိုရဲ့။ ဒါနဲ့လေ
ဒီတပါတ် သော် နန်းမြတ်နဲ့ ညဂျူ တီ ဆင်းရမယ်ထင်တယ်။ "
"အင်း အဲ့တော့ "
သူစကားထောက်ပေးတော့ သော်က
ရေလဲပုဆိုးကို လက်ပေါ်ခေါက်တင်ရင်း
အပေါက်ဝမှာ မတ်တပ်ရနေတဲ့ သူ့ကို
ဥာဏ်များချင်တဲ့ရုပ်ကလေးနဲ့ရယ်ပြလာ၏။ သော့်အကြောင်းသူ့အသိဆုံးဆိုပေမဲ့ ဂျီကျတဲ့အသံလေးကြားချင်တာကြောင့် မပြောပဲနှုတ်ဆိတ်နေလိုက်၏။
ဆရာဝန်သာ ဖြစ်လာခဲ့တာ သော်က ခုထိဦးချီမျက်လုံးထဲမှာ ချစ်စရာအကောင်ပေါက်ကလေးအတိုင်းပင်။
"အဲ့ဒါ ကိုကိုက ထုံးစံအတိုင်း ညစာလာပို့ပေးပေါ့ ။ "
သော်နှုတ်ခမ်းလေးက အဆုံးသတ်မှာ စူထွက်လာ၏။ ထို့ကြောင့် ဆက်မစတော့ပဲ
" ကိုကိုသိပါတယ်သော်ရာ ..ကဲရေသွားချိုးတော့ ကိုကိုမီးဖိုချောင် အပြေးအလွှားဝင်လိုက်ဦးမယ် "
သော့် ကျောပိုးအိတ်ကလေးကို ချိတ်မှာချိတ်ပြီး ဦးချီ ပြောမိသည်။ထိုအခါ သော်က
အနားတိုးလာကာ ဦးချီ လက်ဖျံကို ကုန်းကိုက်ကာ မျက်စောင်းထိုးလျက် ရေချိုးဖို့ထွက်သွားလေ၏။ အနည်ငယ်အရာကျန်ခဲ့တဲ့သူ့လက်ကို မြင်သာအောင်မြောက်ကြည့်ရင်း မကျေနပ်ရင် ထို့သို့ ချစ်စရာကောင်းအောင် စိတ်ဖြေတက်သော အကျင့်ဆိုးလေးကိုတွေးကာ ရယ်မိပြန်သည်။
နောက်ဆုံးအခန်းထဲမှ ထွက်လာတော့ လက်ထဲ သော့်ထမင်းချိုင့်လေးက ပါလာ၏။ ဆေးရုံမှာ စားပြီးတခါထဲ ဆေးခဲ့တယ်ဆိုပေမဲ့ အိမ်ပြန်ရောက်ရင်
ရောဂါပိုးမွှားမကပ်အောင် ရေနွှေးစိမ်ပြီး ပိုးသတ်ပေးတက်သလို သန့်သန့်ရှင်းရှင်းနောက်ရက်ကို ထည့်ပေးလို့ရအောင်
အထပ်ထပ် သေချာဆေးကြော ပြီး စင်ပေါ်မှာမှောက်ပေးထားတက်တာကလည်း ဦးချင်၏ အကျင့်ပင်။
သူအလုပ်ပိုတယ်ဆိုပေမဲ့ သော် ကျန်းမာဖို့က အဓိကမို့ အစားအသောက်ကိုတော့ ဦးချီ သေချာဂရုစိုက်ပါ၏
နာရီဝက်ခန့်အကြာ တွင် သော်စားချင်တဲ့ ထမင်းသုပ် လှလှလေးနှစ်ပွဲသည် စားပွဲမှာအဆင်သင့်ဖြစ်လာ၏။
သူ့အနေနဲ့ အစားသောက်ဂျီးများတာမျိုးတော့လုံးဝမရှိ။ များသောအားဖြင့်သော် စားချင်တဲ့ အစားသောက်မျိုးကိုပဲ လိုက်စားတက်တာ ။
အဲ့ဒါကြောင့် သံချောင်းကပြောတာ
မင်း မယားကို အလိုလိုက်အကြိုက်ဆောင်တဲ့နေရာမှ နှစ်ယောက်မရှိဘူးတဲ့။
မင်းမယားလေးလို့သော့်ကိုပြောလွန်းလို့
သူ့မှာ တခါတလေ မိန်းကလေးအဖြစ်မြင်ယောင်မိပြီး ရယ်မိတာခဏခဏပဲ။
" စားတော့မလား "
"အင်း"
သော်ကလည်းရေချိုးပြီးခဲ့တာမို့ ထမင်းစားပွဲမှာ နှစ်ယောက်အတူထိုင်ဖြစ်ရင်း သော် က စကားပြောချင်ဟန်ဖြင့်ကြည့်လာတာမို့ မျက်ခုံးပင့်ပြမိလျှင်
" ကိုကို သော် တံငါကုန်းရွာကိုဦးစားပေးလျှောက်ထားပေမဲ့ ရွာမှာ လက်ရှိ တာဝန်ကျ ဆရာဝန်ပြောင်းမိန့်မတင်သေးရင်
သော်ရမှာမဟုတ်လောက်သေးဘူးထင်တယ် "
"အင်း မရလည်းဘယ်တက်နိုင်မလဲသော်ရာ..စိတ်ညစ်မနေပါနဲ့ ။ တံငါကုန်းကတိုက်နယ်ဆေးရုံလို့သာပြောတာ လက်ရှိ ဆရာဝန် က
နှစ်ယောက်ပဲထားပေးတာဆိုတော့ လစ်လပ်နေရာရဖို့တော့စောင့်ရမှာပေါ့။ "
"သော်ပြောချင်တာက သော်သွားရင် ကိုကိုရော အတူလိုက်မှာလား သော်တစ်ယောက်ထဲအရင်သွားရမလား "
သော့်ရှေ့ကို ထမင်းသုပ်ပန်းကန်လေးတိုးပေးရင်း
"နောက်ကို ညစာကို ထမင်းသုပ်မစားရတော့ဘူးနော်သော်။ တခါတလေမို့ ကိုကိုက မပြောတာ ဒါစားပြီးရင် ညကို ရင်ခံနေမှာစိုးလို့"
" သော်ပြောတာ အရင် မဖြေပဲ အရေးမပါတာတွေပြောနေတယ် "
" သော် နေမကောင်းဖြစ်မှာထပ် ဘယ်အရာက ပိုအရေးကြီးလို့လဲ ။ သော် ဘယ်သွားသွား ကိုကိုက အတူလိုက်ခဲ့မယ်လို့ပြောထားဖူးတယ်လေ ၊ သော်မှမှတ်မထားတာ "
မျက်ဆံနက်နက်ကလေးက လင်းလဲ့သွားသလို ပါးလျလျ အနီရောင်နှုတ်ခမ်းပါးက ကော့တက်သွား၏။ သော် အပြုံးတွေက
သူ့စိတ်ထဲပျော်သွားကြောင်း ပြသနေသည်မို့ ဦးချီ သော်နှာခေါင်းချွန်းချွန်းလေးကို လှမ်းဆွဲညှစ်လိုက်၏။
" အရူးလေး ကိုကိုစကားကိုမှတ်လည်းမထားဘူး "
သူ့စကားကြောင့် သော့်ပါးချိုင့်ထင်းထင်းလေးက အချိန်ကြာစွာ တည်မြဲနေခဲ့ပြီး
စင်းချ သွားတဲ့ မျက်တောင်လေးတွေက
အတော်ကြာ မငြိမ်မသက် ဖြစ်နေခဲ့၏။
စားပွဲထပ်က ထမင်းသုပ်ပန်းကန်ကိုဗိုက်ဆာနေတဲ့ သော်က မထိတွေ့သေး။ အပြုံးလှလှရှိတဲ့ကောင်းကလေးကို အမှတ်တမဲ့အတော်ကြာ ငေးကြည့်မိရင်း သူကိုယ်တိုင် သတိပေးဖို့ မေ့လျော့နေခဲ့ပါ၏။
တကယ်ပြောတာ သော် ပြုံးလိုက်ရင်
သိပ်ချစ်စရာကောင်းတာ ....
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz