ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

36

eainsi23

တေငြ ႕ေငြ ႕ပူေနေသာ နဖူးေလးကို စမ္းရင္း မကုန္နိုင္တဲ့ မ်က္ရည္က စီးက်ျပန္၏။
အရမ္းဆိုးတဲ့ ေသာ္ ..၊ စိတ္ႀကီးတဲ့ ေသာ္
ထိုကေလးေသာ္ဟာ သူပိုင္တဲ့ တစ္ခုတည္းေသာ အားနည္းခ်က္ကေလးျဖစ္သည္။ ယေသာ္လင္းနဲ႔ ပတ္သတ္လာရင္
ဦးခ်ီမွာ ခုထိ မ်က္ရည္နဲ႔မ်က္ခြက္ ျဖစ္ေနဆဲ။

ေသာ္က သူခံစားခ်က္ေတြကို သက္သာေအာင္ ထိုသို႔ နာက်င္ေစမဲ့နည္းကိုသံုးၿပီး
ဖြင့္ထုတ္လိုက္ေပမဲ့ သူကေတာ့ ေသရာပါေအာင္ ရင္ထဲစြဲသြားခဲ့၏။
ဘာေတြအလိုမက်လို႔ ထိုသို႔
အဓိပၸါယ္မရွိတဲ့ လုပ္ရပ္မ်ိဳးကို လုပ္ရသလဲဆိုတာ သူမသိေပမဲ့ ေသာ့္အမွားမဟုတ္တာကိုေတာ့ သူသိသည္။

ဟုတ္တယ္ ေသာ္က ဘယ္ေတာ့မွမမွားဘူး.. ဂရုစိုက္မူ႔ ေလ်ာ့နည့္ခဲ့တဲ့ သူ႔ေၾကာင့္သာ ေသာ္ဒီလို အနာတရျဖစ္ရတာ...

တခ်က္ခ်က္ နာက်င္လို႔ ရႈံ႕မဲ့သြားတိုင္းလႈပ္ခတ္သြားတက္တဲ့ေသာ္မ်က္ေတာင္ေလးေတြကို ၾကည့္ရင္း
ဦးခ်ီ.. ေသာ္အိပ္ေနတဲ့ေခါင္းအုန္းေလးေပၚမွာ မရမကပူးကပ္အိပ္လ်က္
ေသာ့္ကို တင္းတင္းၾကပ္ၾကပ္ဖက္ထားမိ၏

ကိုကို မင္းကို သနားလြန္းလို႔ဘယ္လိုလုပ္ရမလဲေသာ္ရာ..

ပူးေႏြးေနတဲ့ ပါးကေလးကို သက္သာလို႔သက္သာျငား သူ႔ပါးနဲ႔ ထိကပ္ရင္း
ဦးခ်ီ ငိုမိျပန္သည္။ ေသာ့္ကမၻာက ဦးခ်ီ ျဖစ္သလို ဦးခ်ီ ရဲ႕ အနာဂတ္ေတြကလည္း ေသာ္သာျဖစ္ခဲ့သည္မို ႔ နာက်င္မူ ႔က
ထပ္တူၾကခဲ့ျပန္၏။

ေသာ္နဲ႔ပတ္သတ္သမ်ွ ဟိုကေလးေလးကတည္းက အထိခိုက္မခံဘူးတဲ့ ဦးခ်ီအတြက္ကေတာ့ ထိုေန႔ညဟာ ေသရာပါမဲ့အမွတ္ရဆိုးပင္။ မွတ္မွတ္ရရ သူတို႔ ၅တန္းနွစ္ကလည္း ေသာ္ထိုသို ႔ထိခိုက္ဒဏ္ရာရေအာင္လုပ္ဖူးေလသည္။
နွစ္စဥ္ သီတင္းကြၽတ္ေက်ာင္းပိတ္ရက္ကို
ဦးခ်ီ ေသာ့္အတြက္ ေမြးေန႔လက္ေဆာင္ေပးရင္း အခ်ိန္ေပးျဖစ္သည္။ သို႔ေသာ္ ထိုနွစ္က ေဒၚေလးေအးၾကည္၏ သမီး မမသိမ့္ တို႔ရွိရာ ခင္ဦးၿမိဳ ႕သို႔ အလည္လိုက္သြားမိခဲ့ၿပီး ေသာ္ေမြးေန႔ကို ေမ့ေလ်ာ့ခဲ့ရာ
ေသာ္ ေဆးရုံတင္လိုက္ရသည္ထိ ျဖစ္သြားခဲ့ဖူး၏။

ေသာ္က ဦးခ်ီနဲ႔ ပတ္သတ္လာရင္
အရမ္းစိတ္ႀကီးလြန္းသည္။ သူ႔စိတ္ကိုပင္
တခါတေလ မနိုင္တက္သူမို ႔ ေသာ့္ကိုဆို ဦးခ်ီ ကငယ္စဥ္ကတည္းက အေလ်ာ့ေပး
အလိုလိုက္ခဲ့ရကာ ခုအ႐ြယ္ေရာက္တဲ့အထိ ပင္။

________

အခ်ိန္အားျဖင့္ မနက္ ၆နာရီ။

မီးဖိုေခ်ာင္ထဲမွာ ဦးခ်ီ တစ္ေယာက္အလုပ္မ်ားေန၏။အမွန္ေျပာရရင္ ညကတည္းက သူတေရးမွ မအိပ္ရေသး။ ညက ထိုးထားတဲ့ ေထာပတ္ ေက်ာက္ေက်ာ ဗန္းကို
အတံုးေလးေတြလွီးကာေသခ်ာ ပလက္စတစ္ဘူး အျဖဴ ေလးေတြနဲ႔ ထည့္ၿပီး ထုတ္ပိုးေနရသည္။

တအိမ္လံုး တိတ္တိတ္ဆိတ္ဆိတ္ အိမ္ေပ်ာ္ေနၾကဆဲ မို ႔ သူတစ္ေယာက္ထဲသာ မီးဖိုေခ်ာင္မွာတကုတ္ကုတ္အလုပ္မ်ားေနသည္။

ေရခဲေသတၱာထဲမွာ မနက္၃နာရီေလာက္ကတည္းက ထည့္ေဖ်ာ္ၿပီးထည့္ထားတဲ့ အေအးဘူးေလးေတြကလည္းအဆင္သင့္ ၊ေသာ္ နိုးရင္ တိုက္ရေအာင္ ခ်က္ထားေသာ ဆန္ျပဳတ္ကေလးကလည္းက်က္ေနၿပီမို ႔ ဒီအလုပ္ကေလး ၿပီးသြားရင္ေတာ့ ဦးခ်ီ တျခားလုပ္စရာမရွိေတာ့ေပ။

" ပံုညာ "

ေခၚသံေၾကာင့္ ေမာ့ၾကည့္ေတာ့ လြင္ဦးနဲ႔
အံ့ေမာင္မို ႔ ေခါင္းငံု ႔ကာ အလုပ္ဆက္လုပ္ရင္း

" နိုးၿပီလား..အေစာႀကီးရွိေသးတယ္ "

"ငါတို႔ဆက္လုပ္လိုက္မယ္ မင္းသြားနားေတာ့"

"ရတယ္ ဒါၿပီးရင္ လုပ္စရာမရွိေတာ့ဘူး "

လြင္ဦး ပံုညာ လက္ထဲကဓားကို စိတ္မရွည္စြာ ဆြဲလုလိုက္သည္။

" ဒီအလုပ္ေတြကို ငါတို႔လည္း လုပ္တက္တယ္ပံုညာ .. စိတ္ခ်လက္ခ်ထားခဲ့ ."

ဦးခ်ီ သက္ျပင္းခ်ကာ မီးဖိုေခ်ာင္ကို ေက်ာခိုင္းလိုက္သည္။ ခနၶာကိုယ္က မရပ္မနားလုပ္ေနေပမဲ့သူစိတ္ေတြကေတာ့ မြန္းၾကပ္လြန္းလို ႔ ပံုလဲခ်င္ေနၿပီ။

အခန္းဆီကိုတေ႐ြ ႕ေ႐ြ ႕ျပန္ရင္း
အိပ္ေပ်ာ္ေနေသာေသာ့္ေဘးမွာ ကပ္ အိပ္လိုက္၏။ ထို႔ေနာက္ ေသာ့္ကိုယ္လံုးေလးကို ခါးကေနဆြဲၿပီး သူ႔ရင္ခြင္ထဲကို ထည့္ကာ ဖြဖြေလးဖက္ထားရင္း ပင္ပန္းေနၿပီျဖစ္တဲ့ သူ႔မ်က္လံုးေတြကို အနားေပးျဖစ္သည္။

စိုးရိမ္းစိတ္ေၾကာင့္ အိပ္ေပ်ာ္စဥ္ခဏအတြင္းမွာ  သူအိမ္မက္ထပ္မက္ခဲ့သည္။ အိမ္မက္ထဲမွာ ေသာ္က  ေသြးေတြနဲ႔ေဆာ့ေနသည္တဲ့။  သူ ၾကည့္ေနတုန္းမွာပဲ  ဓားကိုင္ထားတဲ့ လက္ကေလးက  လႈပ္ရွားလာၿပီး တကိုယ္လံုးကို ဓားနဲ႔ ျခစ္ေန၏။

" ေသာ္ မလုပ္နဲ႔  ။ မလုပ္ပါနဲ႔  "

ဦးခ်ီ တားျမစ္ခ်င္ေသာ္လည္း နႈတ္က တခြန္းမွထြက္မလာသလို ခနၶာကိုယ္ကလည္း လႈပ္မရ ။  တျဖည္းျဖည္းေသာ့္ ေသြးေတြပိုထြက္လာတာကို  ၾကည့္ရင္း  ဦးခ်ီ  ေနရာမွာ အေတာင့္သားရပ္ၾကည့္ရ၏။ 

နွလံုးခုန္နႈန္းေတြေပါက္ထြက္မတက္ တဒိန္းဒိန္းျမည္ဟိန္းလာခ်ိန္တြင္ဖ်တ္ခနဲ သူနိုးလာ၏။ ေခြၽးေတြ႐ြဲလ်က္ အလန္႔တၾကား ငုတ္တုတ္ထထိုင္လိုက္စဥ္ အိပ္ယာထဲမွာ သာ္မရွိေတာ့။ စိုးရိမ္တႀကီး ကုတင္ေပၚကေန ကုန္းဆင္းၿပီး ေသာ့္နာမည္ကိုေအာ္ကာ လိုက္ရွာမိေတာ့သည္။လတ္တေလာ မက္ခဲ့ေသာ အိမ္မက္သည္ သူရင္ကိုထိုးနွက္ေနသည္မို ႔ အသိစိတ္မကပ္နိုင္ေတာ့သလို ျဖစ္၍ေန၏။

" ေသာ္ ! ေသာ္ !"

စိုးရိမ္ေရမွတ္ေက်ာ္ေနတဲ့ သူေျခလွမ္းေတြသည္ အေရး၊ အေၾကာင္းဆိုလ်င္ ဘယ္သြားရမွန္းမသိေတာ့။ တုန္တုန္စက္စက္နွင့္ အခန္းေပါက္ဝေရွ ႔မွာ ေသာ့္နာမည္ကို အႀကိမ္ႀကိမ္ေခၚေနမိသည္။

" ေသာ္! "

"ငါဒီမွာ "

အသံသည္ တိုးဖ်ဖ်သာရွိသည္။
လားရာက ထမင္းစားခန္းဆီကမို ႔ ဦးခ်ီ အေျပးအလႊား ဝင္သြားခဲ့သည္။
သူ႔ပါးေပၚမွာ မ်က္ရည္က မေျခာက္ေသးေပ။ ေသာ္သာ တစ္ခုခုထပ္ျဖစ္ရင္ ရူးသြားမဲ့သူက အေၾကာက္လြန္ေနၿပီျဖစ္တဲ့သူသာျဖစ္သြားလိမ့္မည္ပင္။

ေသာ္သည္ ထမင္းစားစားပြဲမွာ ၿငိမ္သက္စြာ ဆန္ျပဳတ္ေသာက္ေန၏။ ေသာ္ပံုရိပ္ကေလးက ပူေလာင္ေနတဲ့ သူ႔နွလံုးသားကို ေရေလာင္းေပးလိုက္သည့္နွယ္။

ထိုေနရာသို႔အေျပးသြားကာ
ေသာ့္ကို ဖက္ထားရင္း ဦးခ်ီ အသံထြက္ေအာင္ ငိုမိသည္။

ေသာ္ဟာ လူဆိုးပင္။

ေသာ့္ကို သူအရႈံးေပးလိုက္ေလၿပီ။

အရာရာမွာ ၿပိဳင္ဖက္ကင္းသိကၡာႀကီးလြန္းတဲ့သူသည္ ေသာ့္ဒဏ္ရာ အနည္းအက်ဥ္းေၾကာင့္ နွလံုးေသြးေတြ ကုန္ဆံုးလုနီးပါးပင္ ျဖစ္ခဲ့ရသည္။ ႀကံ့ခိုင္သန္္မာေသာ သူ႔ဒူးေခါင္းေတြသည္ ေသာ့္ေၾကာင့္ တဆတ္ဆတ္တုန္ေနတာ မတ္မတ္ေတာင္မရပ္နိုင္ေတာ့ေပ။ ၆နွစ္သားကတည္းက ေသာ့္ေၾကာင့္က်တဲ့မ်က္ရည္တို႔က ခုထိ မရပ္တန္႔နိုင္ေသး။

" မင္း ငါ့ကို သတ္ေနတာေသာ္ ၊ မင္းငါ့ကို အသက္မရွင္ခ်င္ေအာင္ လုပ္ေနတာလား "

ထိုစကားကို တိုးတိုးေလးေရ႐ြတ္ရင္းဖက္ထားရမွ ဖယ္ၿပီး ေသာ့္ေဘးကခံုမွာ ေျခပစ္လက္ပစ္ဝင္ထိုင္လိုက္မိသည္။

သူ႔စကားေၾကာင့္ ေသာ္မ်က္လံုးေတြသည္ ထိတ္လန္႔တႀကီး ဝိုင္းစက္လာၿပီး တျဖည္းျဖည္းမ်က္ရည္မ်ားျဖင့္ျပည့္သိပ္တက္လာတာကိုေတြ႕ရ၏။ ဦးခ်ီ ေခါင္းငိုက္စိုက္က်သြားေလၿပီ။ အသက္မျပည့္ေသးေသာ
ကေလးတစ္ေယာက္မို ႔ မေန႔က ျဖစ္ရပ္မ်ိဳးကို ကိုင္တြယ္ေျဖရွင္းနိုင္ဖို ႔ဦးခ်ီအရန္သင့္မျဖစ္ေသး။ ေသာ့္ေသြးေတြသည္ သူ႔ကို အိမ္မက္ဆိုးအျဖစ္ေျခာက္လွန္႔ေနဆဲ။

" ဘာလို႔ မိုက္မဲရတာလဲ ၊ ဘာေၾကာင့္အဲ့လို လုပ္ရတာလဲ ယေသာ္လင္း မင္းရူးေနတာလား "

သူ႔စိတ္ေတြသည္ ခဲႀကီးႀကီးပစ္ေပါက္ခံလိုက္ရတဲ့ ကန္ေရျပင္လို အပူလႈိင္းေတြသည္ မရပ္မနား ေဘာင္ဘင္ခတ္ေန၏။

"..... "

" ဘာျဖစ္လာတာလဲ ငါ့ကိုေျပာစမ္း "

ေမာ့ၾကည့္ကာ ခပ္မာမာထပ္ေမးလိုက္သည္။

"...."

သူ႔ကို စကားလံုးဝမေျပာပဲ ေသာ္က လက္သီးနွစ္ဖက္ကိုက်စ္က်စ္ပါေအာင္ ဆုပ္လ်က္ အသံတိတ္ ငိုေနရင္း  ေဒါသတႀကီး ၾကည့္ေနတာျဖစ္၏။
ထို႔ေၾကာင့္ ဦးခ်ီ သူ႔ပါးေပၚကမ်က္ရည္မ်ားကိုသုတ္
လိုက္ၿပီး ေသာ့္ဖက္ကိုလွည့္ကာ ထပ္ေမးလိုက္၏။

" ငါ့ေၾကာင့္လား "

"..."

"ဘာကို စိတ္တိုင္းမက်တာလဲ ..မင္းမႀကိဳက္တာမွန္သမ်ွ ငါဘယ္တုန္းကလုပ္ဖူးလို႔လဲ ေသာ္ ..မင္းပါးစပ္ကေန မေျပာပဲ ဘာလို႔အသားနာေအာင္ လုပ္ရတာလဲ "

"မင္းကိုခ်စ္လို႔ "

ေသာ့္စကားဟာ ရုိးရုိးေလးပါပဲ။
ေသာ့္မ်က္ဝန္းေသာ့္အၾကည့္ေတြဟာ
သူ႔အတြက္ အရင္လို ေအးခ်မ္းေနတုန္းမို ႔ေခါင္းညိမ့္ကာ

" ငါလည္းမင္းကိုခ်စ္တာပဲေလ ေသာ့္ရဲ႕။ ဘာလဲ ငါက ေသာ့္ကိုမေခ်ာ့ပဲ ပစ္ထားခဲ့လို ႔ေသာ္က စိတ္ေကာက္လို႔လုပ္တာလားဟင္ ..ေနာက္ကို အဲ့လိုမလုပ္ပါနဲ႔ ေသာ္ရယ္. အဲ့ဒါအစား ကိုကို ႔ကို
ဆဲတာတို ႔ ၊ ထိုးတာတို႔လုပ္ပါ့လား.
ဘာလို ႔အဲ့လို ကိုယ့္အသားနာေအာင္လုပ္ရတာလဲ "

သူ႔စကားေၾကာင့္ ေသာ္က ေခါင္းေမာ့ရယ္၏။ ၿပီးေတာ့ ၿငိမ္ၿငိမ္ေလး တစ္ေနရာကိုေငးကာ

" မင္းအသားကို မိန္းကေလးေတြထိတာငါမႀကိဳက္ဘူးကိုကို  "

မေန႔က စုလဲ့ လက္ကိုကိုင္လိုက္လို႔ေသာ္စိတ္ဆိုးသြားတယ္ဆိုတာ ဦးခ်ီ နားလည္သြားတာမို ႔ ခ်က္ျခင္း ေသာ့္ကို လွမ္းဖက္ၿပီးေခ်ာ့လိုက္၏။ သူအရမ္းပင္ပန္းေနၿပီဆိုေပမဲ့ ေသာ္ကိုေနာက္ရက္ထိ ဆက္စိတ္မညစ္ေစခ်င္ေတာ့သည္မို ႔..

" ဒါဆို မႀကိဳက္ရင္ မႀကိဳက္တဲ့အေၾကာင္း ေသာ့္ပါးစပ္ကေနထုတ္ေျပာေလ..ေသာ္
ဘာလို႔ခုလို မိုက္ရူးရဲဆန္ရတာလဲ ဒါငါ့ကို
စိတ္ပူေစတယ္ဆိုတာ မင္းမသိဘူးလား"

"မင္းေျပာေတာ့  ရည္းစားလံုးဝမထားဘူးဆို အဲ့ဒါကို ဘာေၾကာင့္
မင္းခုလို တျခားမိန္းကေလးနဲ႔လက္ပြန္းတတီးေပြ႕ဖက္ေနရတာလဲ  ။ "

ဒီစကားကဘယ္လိုအဓိပၸါယ္သက္ေရာက္သလဲဆိုတာ ေသာ္မသိဘူးလား။
တဖက္မိန္းကေလးကသာ ဒီစကားေတြၾကားသြားမယ္ဆိုရင္

" မဟုတ္တာေတြေျပာမေနနဲ႔ ယေသာ္လင္း ..မင္းဘာလို႔ ဒီေလာက္ရုိင္းေနရတာလဲ .. "

"ဘာလဲ  ငါေျပာတာဘာမွားလို႔လဲ
မင္းတို ႔နွစ္ေယာက္ ဖက္ေနတာ ကို ငါ့မ်က္လံုးနဲ႔တည့္တည့္ျမင္ခဲ့တာ"

" ေသာ္ !"

ဦးခ်ီ ဆီမွ ေအာ္သံေၾကာင့္ ေသာ္ ကိုယ္လံုးေလးလန္႔ၿပီးတုန္သြား၏။
ထို႔ေနာက္  မယံုၾကည္နိုင္စြာ ဦးခ်ီကို ၾကည့္ရင္း ေသာ္  အံႀကိတ္မိသည္။
ပထမဆံုးအႀကိမ္  သူစိမ္းမိန္းကေလးတစ္ေယာက္ေၾကာင့္ ကိုကိုက ေသာ့္ကို ေဒါသတႀကီးေအာ္ခဲ့တာမို ႔  ရင္ဘတ္တစ္ခုလံုး ထုေခ်ခံလိုက္ရသလိုပင္ ..
တသက္လံုးေလသံမာမာေတာင္္မေျပာခဲ့ဘူးတဲ့ သူက ..ခုေတာ့ ေသာ့္ကို ..
 

" မင္းကို မုန္းတယ္  !!"

ဦးခ်ီ မ်က္နွာကိုၾကည့္ၿပီးေသာ္ အက်ယ္ႀကီးေအာ္ပစ္လိုက္သည္။ ေက်ာင္းမွာလဲေက်ာင္းမွာမို ႔ အိမ္မွာလဲအိမ္မွာမို ႔ကိုကို႔ေၾကာင့္ ေသာ္စိတ္ေတြ မၿငိမ္မသက္နိုင္ေတာ့။ နန္းျမတ္သည္ ကိုကို ႔ကို သေဘာက်သည္တဲ့။  အဲ့ဒီစကားကို စေနွာက္ဟန္ေျပာေနတာမဟုတ္ဘူးဆိုတာ ေသာ္သိသည္။  နန္းျမတ္က လွသလို ခ်မ္းလည္းခ်မ္းသာသည္မို ကိုကိုနဲ႔ဆို လိုက္ဖက္ညီေနမွာေနေသခ်ာေသာ္လည္း  ေသာ္ခြင့္မျပဳေပးနိုင္ပါ။ ထို႔ေၾကာင့္ အရမ္းစိတ္ဆိုးခဲ့ရသည္။ အိမ္ျပန္ေရာက္ေတာ့လည္း ကိုကို႔ကို  မိန္းကေလးတစ္ေယာက္နဲ ့ ဖက္ေနတဲ့ျမင္ကြင္းက ေသာ့္ကိုဆီးႀကိဳၿပန္သည္။

" ေသာ္ ငါမင္းကိုမရုိက္ခ်င္ဘူးေနာ္ ..
ငါစိတ္ကိုတိုေအာင္ လာမဆြနဲ ့။
ေျပာစမ္း မင္းဘာျဖစ္ခ်င္ေနတာလဲ..ငါ့ကို ဒီေလာက္ နွိပ္စက္ရေတာ္ေတာ့ေလ..
မင္းေျပာေနတဲ့ စကားေတြက အရမ္းေဘာင္ေက်ာ္ေနၿပီ  "

ေသာ္ တကယ္ မယံုနိုင္ေတာ့ဘူး။
ပံုညာဦးခ်ီ ရဲ႕နႈတ္က ခုလို စကားေတြ ေျပာထြက္မွာကို  သူ အိမ္မက္ေတာင္ မက္ခဲ့ဖူးတာမဟုတ္။  ေသာ့္နႈတ္ခမ္းပါးေတြသည္ တဆတ္ဆတ္တုန္လာၿပီးလွွ်င္

"မင္းခုေတာ့ ငါ့ကို ဒီစကားေတြေျပာၿပီေပါ့ .. ။ ရတယ္ ပံုညာဦးခ်ီ  ..။ေနာက္ဆို
ငါ့ဘက္က ေဘာင္ေက်ာ္တဲ့စကားေတြ ေျပာမွာမဟုတ္ေတာ့သလို ထပ္ၿပီးလည္း နွိပ္စက္မွာ မဟုတ္ေတာ့လို ႔မင္းစိတ္ပူစရာမလိုေတာ့ဘူး  "

ေျပာၿပီး  ေသာ္ မတ္တပ္ထရပ္လိုက္သည္။  ေသာ့္တကိုယ္လံုး အားမရွိေတာ့ေလာက္ေအာင္ ေပ်ာ့ဖက္ေနေပမဲ့  ဦးခ်ီ ေရွ ႔မွာေတာ့ ဆက္ရပ္မေနခ်င္ေတာ့..

ေသာ္ ဒီေန ႔ဘာျဖစ္ေနတာလဲဆိုတာ
ဦးခ်ီ မခန္႔မွန္းနိုင္ေတာ့သလို  စိတ္တိုေနရာမွ တဖန္ျပန္ၿပီး စိတ္ပူလာခဲ့သည္။
တိတ္ဆိတ္ေနဆဲမို ႔ ဟိုေကာင္ေတြ အုပ္စု တမင္ေရွာင္ေနမွန္းသေဘာေပါက္လိုက္၏။ ေသာ္ရဲ႕ရုိင္းျပတဲ့စကားေတြကို မခံစားနိုင္ေသာ္လည္း ထသြားေတာ့မဲ့  ေသာ့္လက္ ကိုလွမ္းဆြဲရင္း မသြားေအာင္ တားျမစ္လိုက္သည္။

" ဒါ ဘာလုပ္တာလဲ ေသာ္ .. မင္း ငါ့ကို ဒီလိုပံုစံလာမလုပ္နဲ႔   ။ ကိုယ့္အသားကို ကြယ္ရာမွာ မင္းနာက်င္ေအာင္ ထပ္လုပ္္မလို႔မို႔လား ..ဟုတ္တယ္ ငါမွားသြားတယ္  ေသာ္.. ငါေတာင္းပန္ပါတယ္..ထပ္မလုပ္ပါနဲ႔ေတာ့  "

" ငါ့လက္ကို လႊတ္လိုက္ ပံုညာဦးခ်ီ ။
မင္းကိုေျပာၿပီးပီပဲ မင္းစိတ္မပူရေအာင္ ငါေနေပးေတာ့မွာမို႔  ေတာင္းပန္စရာမလိုဘူး .."

"မဟုတ္ဘူး မသြားရဘူး မင္းျပန္ထိုင္ ။
ငါနဲ႔စကားေျပာမယ္ ..ေသာ္!! ကိုကိုေျပာေနတယ္ေလ ျပန္ထိုင္ .. "

မင္း ျဖစ္သြားလိုက္ ေသာ္ျဖစ္သြားလိုက္နဲ႔
ဦးခ်ီ အနည္းငယ္ ပ်ာယာခတ္၏။
ေသာ့္ကိုဘယ္လာက္စိတ္တိုတို ေသာ့္မ်က္နွာျမင္လိုက္တာနဲ႔ ေဒါသတဝက္ကအလိုလိုေပ်ာက္၏။ ေသာ္ကသာ  သူ႔ခံစားခ်က္ကို နားမလည္တာ  ။ ေသာ့္ကိုေတာ့အရိပ္တၾကည့္ၾကည့္ ေနခဲ့ရသူမို ႔ေသာ္ ဘာျဖစ္သလဲ သူသိသည္။ 
ေဘးမွာ ဆြဲထိုင္ခိုင္းတဲ့အတိုင္း ေသာ္ကေတာ့ မလႈပ္မရပ္ျပန္ထိုင္သည္  ။ ေသာ္ေသြးေအးလာေလ ေလ ပိုေၾကာက္လာေလမို ႔ေသာ့္လက္ကိုလႊတ္မေပးရဲ။

" ေသာ္ "

သူ ႔အသံသည္ေလးနက္ႏုညံ့လ်က္ရွိသည္။ လက္ကေလးကိုလည္း တယုတယ ကိုင္လိုက္ရင္း ေသာ္႔မ်က္နွာကို ေမးကေနဆြဲၿပီး သူ႔ဘက္လွည့္ေစလိုက္သည္။သူ႔ေဒါသေတြအကုန္လံုး တစိုးတစိေတာင္မရွိေတာ့ပဲ  အကုန္ေပ်ာက္ကြယ္သြားေလၿပီ။

" ေသာ္ ဘာေတြ စိတ္မေကာင္းျဖစ္ေနသလဲ ကိုကို မသိဘူး ။ ဒါေပမဲ့ ခု ေသာ့္ကို အရင္ေတာင္းပန္မယ္ ..ၿပီးရင္ ေသာ္ဘာေတြျဖစ္ေနရသလဲဆိုတဲ့ အေၾကာင္းကို တစ္လံုးမက်န္ ကိုကို ႔ကိုေျပာျပပါ "

အေခ်ာ့ခံရတဲ့ကေလးေတြပိုငိုသလိုပဲ ေသာ္  မ်က္လံုးထဲမွာခ်က္ျခင္း မ်က္ရည္ေတြဝိုင္းလာျပန္သည္။ သူ ေသာ့္ဆံပင္ေတြကိုဖြဖြသပ္ေပးရင္ စိတ္ေျပေအာင္ ႀကိဳးစားေပးေနမိသည္။ အရာရာဟာ ခ်က္ျခင္းျပန္ၿငိမ္သက္သြားသလိုပဲမို ႔ ဦးခ်ီ  စိတ္ဆိုးေနဆဲေသာ့္ကို  အႏုညံ့ဆံုးၾကည့္ၿပီးလ်ွင္

" ကိုကို ေတာင္းပန္ပါတယ္ေသာ္..။  
ေသာ္ဟာ ဘယ္တုန္းကမွ ကိုကို ႔အတြက္ စိတ္ညစ္စရာ ၊ စိတ္ပ်က္စရာမဟုတ္ခဲ့ပါဘူး။ ဒီေန ႔ေသာ့္ကို ၾကမ္းတမ္းတဲ့စကားလံုးေတြ ကိုကိုေျပာခဲ့မိတဲ့အတြက္ ကိုကို ခုအရမ္း စိတ္မေကာင္းျဖစ္ေနရတယ္။
ေနာက္ကို ေသာ့္ မႀကိဳက္တဲ့ စကားေတြမေျပာမိေအာင္ ကိုကို ႀကိဳးစားပါ့မယ္ ၊ ကတိေပးပါတယ္။
အဲ့ဒါေၾကာင့္ ေသာ္ကပဲ ကိုကို ႔ကိုသေဘာထားႀကီးစြာနဲ႔ ခြင့္လြတ္ေပးပါ"

"...."

"ၿပီးေတာ့  ကိုကို တို႔နွစ္ေယာက္ ဒီလိုပံုစံမ်ိဳး တခါေတာင္ရန္ျဖစ္ဖူးတာမဟုတ္ဘူးဆိုတာ ေသာ္လည္းသိတာပဲ ။ ဒါကို သင္ခန္းစာယူၿပီး ေနာက္ထပ္ ဘယ္ေတာ့မွရန္ထပ္မျဖစ္ရေအာင္ ကိုကိုတို႔စကားေျပာမွရမယ္ေသာ္။   ကိုကိုမွားတာ မွန္ပါတယ္ ဒါေပမဲ့  အက်ိဳးအေၾကာင္းမေျပာပဲ  လုပ္ခ်င္ရာ လုပ္တဲ့ ေသာ္လည္းမွားခဲ့တာပဲ ။ ရင္အနာရဆံုးက ေသာ္ ကိုကို ႔ကို ရုိင္းရုိင္းစိိုင္းစိုင္းျပန္ေအာ္တာပဲ။ အဲ့ဒါကို ကိုကိုလက္သင့္မခံေပးသလို ႀကိဳက္လည္းမႀကိဳက္ဘူးေသာ္။
မင္းမႀကိဳက္တာ ကိုကို မလုပ္ခဲ့ဖူးသလို
ကိုကိုမႀကိဳက္တာကိုလည္းေသာ္ မလုပ္ပါနဲ႔ "

"  ဟင့္..ေျပာေတာ့ငါက စိတ္ အေနွာက္ယွက္ျဖစ္ေစတယ္ဆို "

မ်က္ရည္စေတြစိုရႊဲေနတဲ့ ေသာ္က 
ရႈိက္သံ တဝက္နဲ႔ မပီမသေျပာလာ၏။

" မျဖစ္ပါဘူး.. ေသာ္ က ျပန္ေအာ္ေတာ့ ကိုကိုနည္းနည္းစိတ္တိုသြားလို႔ေျပာမိတာပါ .. အဲ့ဒါလည္း ကိုကို အႀကီးမပီမသ
ျဖစ္သြားတာမို႔ ေသာ့္ကိုေတာင္းပန္တယ္ေနာ္ ေသာ္ "

ေသာ္က သူ႔ေခါင္းကိုင္ထားတဲ့ ဦးခ်ီ လက္ကို အကိုင္မခံပဲ တြန္းခ်ကာ

" မဟုတ္ဘူး .. မင္း တျခားမိန္းမ တစ္ေယာက္အတြက္ ငါ့ကို..ငါ့ကို  ဟင့္.."

"လုပ္ၿပီ ...အဲ့လိုေတြ ယွဥ္ၿပီးေတြးစရာ လား ။
ေသာ္က  ကိုကို႔ ဘဝမွာ အေရးႀကီးဆံုးဆိုတာ ဒါေလးေတာင္ မသိဘူးလား။  ေအာ္တယ္ဆိုတာကလည္း
တဖက္က အပ်ိဳေလးေလ။ ကိုကိုတို႔အိမ္ကို
လာလည္းကူညီေပးရေသးတယ္ ၊ ခုလို ေျပာခံရေသးတယ္ဆိုရင္ ၾကားသြားရင္
ဘယ္ေကာင္းမလဲ  ။ တျခား ဘာရည္႐ြယ္ခ်က္နဲ႔မွ ေသာ့္ကိုဆူတာမဟုတ္ပါဘူးကြာ.. မဟုတ္တာေတြမေတြးနဲ႔ ကိုကိုက ေသာ္တစ္ေယာက္ထဲကိုပဲ ခ်စ္မွာ "

"ေသခ်ာလို႔လား"ဆိုတဲ့ သေဘာနဲ႔ မဲ့တဲ့တဲ့ေလး ၾကည့္လာတာမို ႔ ဦးခ်ီ ၿပံဳးလ်က္ ေခါင္းညိမ့္ျပလိုက္၏။

" ယံုပါ ေသာ္  ရာ .. ပါးပါး ရယ္ ၊သက္ပံုရယ္ ၊ မင္းရယ္က ငါ့ဘဝမွာ မရွိမျဖစ္ အလိုအပ္ဆံုးပဲ "

စကားဆံုးေတာ့  ေသာ္မ်က္နွာေလးၿပံဳးေယာင္သန္းသြား၏။ မ်က္ရည္မ်ားနဲ႔ ေသာ့္အၿပံဳးက သိပ္လွပါ တယ္ဆိုတာ ဦးခ်ီ ထိုေန႔မွသိခဲ့ရသည္။ ထို႔ေနာက္ ေသာ္ကစိတ္ေျပသြားသည္ထင္  ဦးခ်ီ လည္ပင္းကို သိုင္းဖက္ၿပီး ပုခံုးေပၚေခါင္းတင္လ်က္  အသံတိတ္ သြားသည္မို႔ ေက်ာကို အသာအယာပြတ္ေပးရင္း ေသာ့္ကိုနွစ္သိမ့္ေပးမိသည္။

"ေနာက္ကို  မိန္းကေလးေတြနဲ႔  ၃ေပအကြာမွာပဲေနပါ "

ေသာ့္ကိုတင္းၾကပ္စြာျပန္လည္ေထြးဖက္ရင္း  ကတိေပးလိုက္သည္။

" ေသာ္မႀကိဳက္ရင္  ၃ ေပမဟုတ္ဘူး
၃ကမၻာေလာက္ ျခားၿပီးေနေပးမယ္ ဟုတ္ၿပီလား ။ အဲ့ဒီအစား ေသာ္က 
ကိုကို႔ကို စိတ္ပူရေအာင္ မလုပ္ေတာ့ပါဘူးလို ႔ကတိျပန္ေပးရမယ္  ဘယ္လိုလဲေပးမွာလား "

ေခါင္းညိမ့္ျပလိုက္ေပမဲ့  ကိုကို႔ကိုဖက္ထားရင္း ထုတ္ မေျပာျဖစ္ေသးတဲ့စကားေတြကို  စိတ္ထဲကေနေျပာျပလိုက္သည္။

ေျပာင္းလဲလာစ  အေရာင္အေၾကာင္းကိုေတာ့  ေသာ္တစ္ေယာက္ပဲ သိရင္အဆင္ေျပမယ္ထင္တယ္ ကိုကို ..  ။
တေန႔ေရာက္ရင္ေတာ့ မင္းဟာ ထာ၀ရငါ့အပုိင္တစ္ခုျဖစ္လာရလိမ့္မယ္။
အဲ့ဒီေန႔ထိမေရာက္ခင္ကေတာ့  မင္းနွလံုးသားကို  ငါေပးထားတဲ့ ကန္သန္႔နယ္နမိတ္အတြင္းမွာပဲ လြတ္လပ္စြာပ်ံသန္း
ပါ..။ မဟုတ္ရင္ေတာ့ ငါမင္းကိုရက္စက္ရလိမ့္မယ္ ပံုညာဦးခ်ီ။

တသက္လံုး မခြဲအတူေနခဲ့ဖူးေပမဲ့ မင္း ငါ့အေၾကာင္းကို ခုထိ ေကာင္းေကာင္းမသိေသးဘူး ကိုကို။ ယေသာ္လင္းက မင္းထင္တာထပ္အဆိပ္ျပင္းတယ္ ဆိုတာ မင္းတသက္လံုး မသိေအာင္ ငါဖံုးကြယ္ထားမွာ ။
စိတ္ခ်ပါ ၊ ငါဘယ္ေလာက္ ဆိုးသြမ္းပါေစ
မင္းအသားကို ထိခိုက္ေအာင္ ထိမွာမဟုတ္ဘူး အဲ့ဒီအစား ငါ့ကိုယ္ငါပဲနာက်င္ေအာင္ လုပ္မွာကိုကို ။ အဲ့ဒါမင္းအတြက္ ပိုၿပီး ထိေရာက္လိမ့္မယ္ ။

ပုခံုးေပၚက  မ်က္နွာလွလွ ရဲ႕ မဲ့ၿပံဳးတစံုကို ေတာ့  အသာအယာ ေထြးေပြ႕ထားတဲ့ လက္ေတြရဲ႕ပိုင္ရွင္ကေတာ့မသိနိုင္ခဲ့ပါ။
အခ်စ္ဆိုတာ .. တခါတေလ ႏုညံ့တက္ေပမဲ့ တခါတေလေတာ့ ...

ခ်စ္တဲ့အိမ္စည္။

တငွေ့ ငွေ့ ပူနေသော နဖူးလေးကို စမ်းရင်း မကုန်နိုင်တဲ့ မျက်ရည်က စီးကျပြန်၏။
အရမ်းဆိုးတဲ့ သော် ..၊ စိတ်ကြီးတဲ့ သော်
ထိုကလေးသော်ဟာ သူပိုင်တဲ့ တစ်ခုတည်းသော အားနည်းချက်ကလေးဖြစ်သည်။ ယသော်လင်းနဲ့ ပတ်သတ်လာရင်
ဦးချီမှာ ခုထိ မျက်ရည်နဲ့မျက်ခွက် ဖြစ်နေဆဲ။

သော်က သူခံစားချက်တွေကို သက်သာအောင် ထိုသို့ နာကျင်စေမဲ့နည်းကိုသုံးပြီး
ဖွင့်ထုတ်လိုက်ပေမဲ့ သူကတော့ သေရာပါအောင် ရင်ထဲစွဲသွားခဲ့၏။
ဘာတွေအလိုမကျလို့ ထိုသို့
အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်မျိုးကို လုပ်ရသလဲဆိုတာ သူမသိပေမဲ့ သော့်အမှားမဟုတ်တာကိုတော့ သူသိသည်။

ဟုတ်တယ် သော်က ဘယ်တော့မှမမှားဘူး.. ဂရုစိုက်မူ့ လျော့နည့်ခဲ့တဲ့ သူ့ကြောင့်သာ သော်ဒီလို အနာတရဖြစ်ရတာ...

တချက်ချက် နာကျင်လို့ ရှုံ့မဲ့သွားတိုင်းလှုပ်ခတ်သွားတက်တဲ့သော်မျက်တောင်လေးတွေကို ကြည့်ရင်း
ဦးချီ.. သော်အိပ်နေတဲ့ခေါင်းအုန်းလေးပေါ်မှာ မရမကပူးကပ်အိပ်လျက်
သော့်ကို တင်းတင်းကြပ်ကြပ်ဖက်ထားမိ၏

ကိုကို မင်းကို သနားလွန်းလို့ဘယ်လိုလုပ်ရမလဲသော်ရာ..

ပူးနွေးနေတဲ့ ပါးကလေးကို သက်သာလို့သက်သာငြား သူ့ပါးနဲ့ ထိကပ်ရင်း
ဦးချီ ငိုမိပြန်သည်။ သော့်ကမ္ဘာက ဦးချီ ဖြစ်သလို ဦးချီ ရဲ့ အနာဂတ်တွေကလည်း သော်သာဖြစ်ခဲ့သည်မို့  နာကျင်မူ့ က
ထပ်တူကြခဲ့ပြန်၏။

သော်နဲ့ပတ်သတ်သမျှ ဟိုကလေးလေးကတည်းက အထိခိုက်မခံဘူးတဲ့ ဦးချီအတွက်ကတော့ ထိုနေ့ညဟာ သေရာပါမဲ့အမှတ်ရဆိုးပင်။ မှတ်မှတ်ရရ သူတို့ ၅တန်းနှစ်ကလည်း သော်ထိုသို့ ထိခိုက်ဒဏ်ရာရအောင်လုပ်ဖူးလေသည်။
နှစ်စဉ် သီတင်းကျွတ်ကျောင်းပိတ်ရက်ကို
ဦးချီ သော့်အတွက် မွေးနေ့လက်ဆောင်ပေးရင်း အချိန်ပေးဖြစ်သည်။ သို့သော် ထိုနှစ်က ဒေါ်လေးအေးကြည်၏ သမီး မမသိမ့် တို့ရှိရာ ခင်ဦးမြို့ သို့ အလည်လိုက်သွားမိခဲ့ပြီး သော်မွေးနေ့ကို မေ့လျော့ခဲ့ရာ
သော် ဆေးရုံတင်လိုက်ရသည်ထိ ဖြစ်သွားခဲ့ဖူး၏။

သော်က ဦးချီနဲ့ ပတ်သတ်လာရင်
အရမ်းစိတ်ကြီးလွန်းသည်။ သူ့စိတ်ကိုပင်
တခါတလေ မနိုင်တက်သူမို့  သော့်ကိုဆို ဦးချီ ကငယ်စဉ်ကတည်းက အလျော့ပေး
အလိုလိုက်ခဲ့ရကာ ခုအရွယ်ရောက်တဲ့အထိ ပင်။

________

အချိန်အားဖြင့် မနက် ၆နာရီ။

မီးဖိုချောင်ထဲမှာ ဦးချီ တစ်ယောက်အလုပ်များနေ၏။အမှန်ပြောရရင် ညကတည်းက သူတရေးမှ မအိပ်ရသေး။ ညက ထိုးထားတဲ့ ထောပတ် ကျောက်ကျော ဗန်းကို
အတုံးလေးတွေလှီးကာသေချာ ပလက်စတစ်ဘူး အဖြူ လေးတွေနဲ့ ထည့်ပြီး ထုတ်ပိုးနေရသည်။

တအိမ်လုံး တိတ်တိတ်ဆိတ်ဆိတ် အိမ်ပျော်နေကြဆဲ မို့  သူတစ်ယောက်ထဲသာ မီးဖိုချောင်မှာတကုတ်ကုတ်အလုပ်များနေသည်။

ရေခဲသေတ္တာထဲမှာ မနက်၃နာရီလောက်ကတည်းက ထည့်ဖျော်ပြီးထည့်ထားတဲ့ အအေးဘူးလေးတွေကလည်းအဆင်သင့် ၊သော် နိုးရင် တိုက်ရအောင် ချက်ထားသော ဆန်ပြုတ်ကလေးကလည်းကျက်နေပြီမို့  ဒီအလုပ်ကလေး ပြီးသွားရင်တော့ ဦးချီ တခြားလုပ်စရာမရှိတော့ပေ။

" ပုံညာ "

ခေါ်သံကြောင့် မော့ကြည့်တော့ လွင်ဦးနဲ့
အံ့မောင်မို့  ခေါင်းငုံ့ ကာ အလုပ်ဆက်လုပ်ရင်း

" နိုးပြီလား..အစောကြီးရှိသေးတယ် "

"ငါတို့ဆက်လုပ်လိုက်မယ် မင်းသွားနားတော့"

"ရတယ် ဒါပြီးရင် လုပ်စရာမရှိတော့ဘူး "

လွင်ဦး ပုံညာ လက်ထဲကဓားကို စိတ်မရှည်စွာ ဆွဲလုလိုက်သည်။

" ဒီအလုပ်တွေကို ငါတို့လည်း လုပ်တက်တယ်ပုံညာ .. စိတ်ချလက်ချထားခဲ့ ."

ဦးချီ သက်ပြင်းချကာ မီးဖိုချောင်ကို ကျောခိုင်းလိုက်သည်။ ခန္ဓာကိုယ်က မရပ်မနားလုပ်နေပေမဲ့သူစိတ်တွေကတော့ မွန်းကြပ်လွန်းလို့  ပုံလဲချင်နေပြီ။

အခန်းဆီကိုတရွေ့ ရွေ့ ပြန်ရင်း
အိပ်ပျော်နေသောသော့်ဘေးမှာ ကပ် အိပ်လိုက်၏။ ထို့နောက် သော့်ကိုယ်လုံးလေးကို ခါးကနေဆွဲပြီး သူ့ရင်ခွင်ထဲကို ထည့်ကာ ဖွဖွလေးဖက်ထားရင်း ပင်ပန်းနေပြီဖြစ်တဲ့ သူ့မျက်လုံးတွေကို အနားပေးဖြစ်သည်။

စိုးရိမ်းစိတ်ကြောင့် အိပ်ပျော်စဉ်ခဏအတွင်းမှာ  သူအိမ်မက်ထပ်မက်ခဲ့သည်။ အိမ်မက်ထဲမှာ သော်က  သွေးတွေနဲ့ဆော့နေသည်တဲ့။  သူ ကြည့်နေတုန်းမှာပဲ  ဓားကိုင်ထားတဲ့ လက်ကလေးက  လှုပ်ရှားလာပြီး တကိုယ်လုံးကို ဓားနဲ့ ခြစ်နေ၏။

" သော် မလုပ်နဲ့  ။ မလုပ်ပါနဲ့  "

ဦးချီ တားမြစ်ချင်သော်လည်း နှုတ်က တခွန်းမှထွက်မလာသလို ခန္ဓာကိုယ်ကလည်း လှုပ်မရ ။  တဖြည်းဖြည်းသော့် သွေးတွေပိုထွက်လာတာကို  ကြည့်ရင်း  ဦးချီ  နေရာမှာ အတောင့်သားရပ်ကြည့်ရ၏။ 

နှလုံးခုန်နှုန်းတွေပေါက်ထွက်မတက် တဒိန်းဒိန်းမြည်ဟိန်းလာချိန်တွင်ဖျတ်ခနဲ သူနိုးလာ၏။ ချွေးတွေရွဲလျက် အလန့်တကြား ငုတ်တုတ်ထထိုင်လိုက်စဉ် အိပ်ယာထဲမှာ သ်ာမရှိတော့။ စိုးရိမ်တကြီး ကုတင်ပေါ်ကနေ ကုန်းဆင်းပြီး သော့်နာမည်ကိုအော်ကာ လိုက်ရှာမိတော့သည်။လတ်တလော မက်ခဲ့သော အိမ်မက်သည် သူရင်ကိုထိုးနှက်နေသည်မို့  အသိစိတ်မကပ်နိုင်တော့သလို ဖြစ်၍နေ၏။

" သော် ! သော် !"

စိုးရိမ်ရေမှတ်ကျော်နေတဲ့ သူခြေလှမ်းတွေသည် အရေး၊ အကြောင်းဆိုလျင် ဘယ်သွားရမှန်းမသိတော့။ တုန်တုန်စက်စက်နှင့် အခန်းပေါက်ဝရှေ့ မှာ သော့်နာမည်ကို အကြိမ်ကြိမ်ခေါ်နေမိသည်။

" သော်! "

"ငါဒီမှာ "

အသံသည် တိုးဖျဖျသာရှိသည်။
လားရာက ထမင်းစားခန်းဆီကမို့  ဦးချီ အပြေးအလွှား ဝင်သွားခဲ့သည်။
သူ့ပါးပေါ်မှာ မျက်ရည်က မခြောက်သေးပေ။ သော်သာ တစ်ခုခုထပ်ဖြစ်ရင် ရူးသွားမဲ့သူက အကြောက်လွန်နေပြီဖြစ်တဲ့သူသာဖြစ်သွားလိမ့်မည်ပင်။

သော်သည် ထမင်းစားစားပွဲမှာ ငြိမ်သက်စွာ ဆန်ပြုတ်သောက်နေ၏။ သော်ပုံရိပ်ကလေးက ပူလောင်နေတဲ့ သူ့နှလုံးသားကို ရေလောင်းပေးလိုက်သည့်နှယ်။

ထိုနေရာသို့အပြေးသွားကာ
သော့်ကို ဖက်ထားရင်း ဦးချီ အသံထွက်အောင် ငိုမိသည်။

သော်ဟာ လူဆိုးပင်။

သော့်ကို သူအရှုံးပေးလိုက်လေပြီ။

အရာရာမှာ ပြိုင်ဖက်ကင်းသိက္ခာကြီးလွန်းတဲ့သူသည် သော့်ဒဏ်ရာ အနည်းအကျဉ်းကြောင့် နှလုံးသွေးတွေ ကုန်ဆုံးလုနီးပါးပင် ဖြစ်ခဲ့ရသည်။ ကြံ့ခိုင်သန်မာသော သူ့ဒူးခေါင်းတွေသည် သော့်ကြောင့် တဆတ်ဆတ်တုန်နေတာ မတ်မတ်တောင်မရပ်နိုင်တော့ပေ။ ၆နှစ်သားကတည်းက သော့်ကြောင့်ကျတဲ့မျက်ရည်တို့က ခုထိ မရပ်တန့်နိုင်သေး။

" မင်း ငါ့ကို သတ်နေတာသော် ၊ မင်းငါ့ကို အသက်မရှင်ချင်အောင် လုပ်နေတာလား "

ထိုစကားကို တိုးတိုးလေးရေရွတ်ရင်းဖက်ထားရမှ ဖယ်ပြီး သော့်ဘေးကခုံမှာ ခြေပစ်လက်ပစ်ဝင်ထိုင်လိုက်မိသည်။

သူ့စကားကြောင့် သော်မျက်လုံးတွေသည် ထိတ်လန့်တကြီး ဝိုင်းစက်လာပြီး တဖြည်းဖြည်းမျက်ရည်များဖြင့်ပြည့်သိပ်တက်လာတာကိုတွေ့ရ၏။ ဦးချီ ခေါင်းငိုက်စိုက်ကျသွားလေပြီ။ အသက်မပြည့်သေးသော
ကလေးတစ်ယောက်မို့  မနေ့က ဖြစ်ရပ်မျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဦးချီအရန်သင့်မဖြစ်သေး။ သော့်သွေးတွေသည် သူ့ကို အိမ်မက်ဆိုးအဖြစ်ခြောက်လှန့်နေဆဲ။

" ဘာလို့ မိုက်မဲရတာလဲ ၊ ဘာကြောင့်အဲ့လို လုပ်ရတာလဲ ယသော်လင်း မင်းရူးနေတာလား "

သူ့စိတ်တွေသည် ခဲကြီးကြီးပစ်ပေါက်ခံလိုက်ရတဲ့ ကန်ရေပြင်လို အပူလှိုင်းတွေသည် မရပ်မနား ဘောင်ဘင်ခတ်နေ၏။

"..... "

" ဘာဖြစ်လာတာလဲ ငါ့ကိုပြောစမ်း "

မော့ကြည့်ကာ ခပ်မာမာထပ်မေးလိုက်သည်။

"...."

သူ့ကို စကားလုံးဝမပြောပဲ သော်က လက်သီးနှစ်ဖက်ကိုကျစ်ကျစ်ပါအောင် ဆုပ်လျက် အသံတိတ် ငိုနေရင်း  ဒေါသတကြီး ကြည့်နေတာဖြစ်၏။
ထို့ကြောင့် ဦးချီ သူ့ပါးပေါ်ကမျက်ရည်များကိုသုတ်
လိုက်ပြီး သော့်ဖက်ကိုလှည့်ကာ ထပ်မေးလိုက်၏။

" ငါ့ကြောင့်လား "

"..."

"ဘာကို စိတ်တိုင်းမကျတာလဲ ..မင်းမကြိုက်တာမှန်သမျှ ငါဘယ်တုန်းကလုပ်ဖူးလို့လဲ သော် ..မင်းပါးစပ်ကနေ မပြောပဲ ဘာလို့အသားနာအောင် လုပ်ရတာလဲ "

"မင်းကိုချစ်လို့ "

သော့်စကားဟာ ရိုးရိုးလေးပါပဲ။
သော့်မျက်ဝန်းသော့်အကြည့်တွေဟာ
သူ့အတွက် အရင်လို အေးချမ်းနေတုန်းမို့ ခေါင်းညိမ့်ကာ

" ငါလည်းမင်းကိုချစ်တာပဲလေ သော့်ရဲ့။ ဘာလဲ ငါက သော့်ကိုမချော့ပဲ ပစ်ထားခဲ့လို့ သော်က စိတ်ကောက်လို့လုပ်တာလားဟင် ..နောက်ကို အဲ့လိုမလုပ်ပါနဲ့ သော်ရယ်. အဲ့ဒါအစား ကိုကို့ ကို
ဆဲတာတို့  ၊ ထိုးတာတို့လုပ်ပါ့လား.
ဘာလို့ အဲ့လို ကိုယ့်အသားနာအောင်လုပ်ရတာလဲ "

သူ့စကားကြောင့် သော်က ခေါင်းမော့ရယ်၏။ ပြီးတော့ ငြိမ်ငြိမ်လေး တစ်နေရာကိုငေးကာ

" မင်းအသားကို မိန်းကလေးတွေထိတာငါမကြိုက်ဘူးကိုကို  "

မနေ့က စုလဲ့ လက်ကိုကိုင်လိုက်လို့သော်စိတ်ဆိုးသွားတယ်ဆိုတာ ဦးချီ နားလည်သွားတာမို့  ချက်ခြင်း သော့်ကို လှမ်းဖက်ပြီးချော့လိုက်၏။ သူအရမ်းပင်ပန်းနေပြီဆိုပေမဲ့ သော်ကိုနောက်ရက်ထိ ဆက်စိတ်မညစ်စေချင်တော့သည်မို့ ..

" ဒါဆို မကြိုက်ရင် မကြိုက်တဲ့အကြောင်း သော့်ပါးစပ်ကနေထုတ်ပြောလေ..သော်
ဘာလို့ခုလို မိုက်ရူးရဲဆန်ရတာလဲ ဒါငါ့ကို
စိတ်ပူစေတယ်ဆိုတာ မင်းမသိဘူးလား"

"မင်းပြောတော့  ရည်းစားလုံးဝမထားဘူးဆို အဲ့ဒါကို ဘာကြောင့်
မင်းခုလို တခြားမိန်းကလေးနဲ့လက်ပွန်းတတီးပွေ့ဖက်နေရတာလဲ  ။ "

ဒီစကားကဘယ်လိုအဓိပ္ပါယ်သက်ရောက်သလဲဆိုတာ သော်မသိဘူးလား။
တဖက်မိန်းကလေးကသာ ဒီစကားတွေကြားသွားမယ်ဆိုရင်

" မဟုတ်တာတွေပြောမနေနဲ့ ယသော်လင်း ..မင်းဘာလို့ ဒီလောက်ရိုင်းနေရတာလဲ .. "

"ဘာလဲ  ငါပြောတာဘာမှားလို့လဲ
မင်းတို့ နှစ်ယောက် ဖက်နေတာ ကို ငါ့မျက်လုံးနဲ့တည့်တည့်မြင်ခဲ့တာ"

" သော် !"

ဦးချီ ဆီမှ အော်သံကြောင့် သော် ကိုယ်လုံးလေးလန့်ပြီးတုန်သွား၏။
ထို့နောက်  မယုံကြည်နိုင်စွာ ဦးချီကို ကြည့်ရင်း သော်  အံကြိတ်မိသည်။
ပထမဆုံးအကြိမ်  သူစိမ်းမိန်းကလေးတစ်ယောက်ကြောင့် ကိုကိုက သော့်ကို ဒေါသတကြီးအော်ခဲ့တာမို့   ရင်ဘတ်တစ်ခုလုံး ထုချေခံလိုက်ရသလိုပင် ..
တသက်လုံးလေသံမာမာတောင်မပြောခဲ့ဘူးတဲ့ သူက ..ခုတော့ သော့်ကို ..
 

" မင်းကို မုန်းတယ်  !!"

ဦးချီ မျက်နှာကိုကြည့်ပြီးသော် အကျယ်ကြီးအော်ပစ်လိုက်သည်။ ကျောင်းမှာလဲကျောင်းမှာမို့  အိမ်မှာလဲအိမ်မှာမို့ ကိုကို့ကြောင့် သော်စိတ်တွေ မငြိမ်မသက်နိုင်တော့။ နန်းမြတ်သည် ကိုကို့ ကို သဘောကျသည်တဲ့။  အဲ့ဒီစကားကို စနှောက်ဟန်ပြောနေတာမဟုတ်ဘူးဆိုတာ သော်သိသည်။  နန်းမြတ်က လှသလို ချမ်းလည်းချမ်းသာသည်မို ကိုကိုနဲ့ဆို လိုက်ဖက်ညီနေမှာနေသေချာသော်လည်း  သော်ခွင့်မပြုပေးနိုင်ပါ။ ထို့ကြောင့် အရမ်းစိတ်ဆိုးခဲ့ရသည်။ အိမ်ပြန်ရောက်တော့လည်း ကိုကို့ကို  မိန်းကလေးတစ်ယောက်နဲ့  ဖက်နေတဲ့မြင်ကွင်းက သော့်ကိုဆီးကြိုပြန်သည်။

" သော် ငါမင်းကိုမရိုက်ချင်ဘူးနော် ..
ငါစိတ်ကိုတိုအောင် လာမဆွနဲ့ ။
ပြောစမ်း မင်းဘာဖြစ်ချင်နေတာလဲ..ငါ့ကို ဒီလောက် နှိပ်စက်ရတော်တော့လေ..
မင်းပြောနေတဲ့ စကားတွေက အရမ်းဘောင်ကျော်နေပြီ  "

သော် တကယ် မယုံနိုင်တော့ဘူး။
ပုံညာဦးချီ ရဲ့နှုတ်က ခုလို စကားတွေ ပြောထွက်မှာကို  သူ အိမ်မက်တောင် မက်ခဲ့ဖူးတာမဟုတ်။  သော့်နှုတ်ခမ်းပါးတွေသည် တဆတ်ဆတ်တုန်လာပြီးလျှင်

"မင်းခုတော့ ငါ့ကို ဒီစကားတွေပြောပြီပေါ့ .. ။ ရတယ် ပုံညာဦးချီ  ..။နောက်ဆို
ငါ့ဘက်က ဘောင်ကျော်တဲ့စကားတွေ ပြောမှာမဟုတ်တော့သလို ထပ်ပြီးလည်း နှိပ်စက်မှာ မဟုတ်တော့လို့ မင်းစိတ်ပူစရာမလိုတော့ဘူး  "

ပြောပြီး  သော် မတ်တပ်ထရပ်လိုက်သည်။  သော့်တကိုယ်လုံး အားမရှိတော့လောက်အောင် ပျော့ဖက်နေပေမဲ့  ဦးချီ ရှေ့ မှာတော့ ဆက်ရပ်မနေချင်တော့..

သော် ဒီနေ့ ဘာဖြစ်နေတာလဲဆိုတာ
ဦးချီ မခန့်မှန်းနိုင်တော့သလို  စိတ်တိုနေရာမှ တဖန်ပြန်ပြီး စိတ်ပူလာခဲ့သည်။
တိတ်ဆိတ်နေဆဲမို့  ဟိုကောင်တွေ အုပ်စု တမင်ရှောင်နေမှန်းသဘောပေါက်လိုက်၏။ သော်ရဲ့ရိုင်းပြတဲ့စကားတွေကို မခံစားနိုင်သော်လည်း ထသွားတော့မဲ့  သော့်လက် ကိုလှမ်းဆွဲရင်း မသွားအောင် တားမြစ်လိုက်သည်။

" ဒါ ဘာလုပ်တာလဲ သော် .. မင်း ငါ့ကို ဒီလိုပုံစံလာမလုပ်နဲ့   ။ ကိုယ့်အသားကို ကွယ်ရာမှာ မင်းနာကျင်အောင် ထပ်လုပ်မလို့မို့လား ..ဟုတ်တယ် ငါမှားသွားတယ်  သော်.. ငါတောင်းပန်ပါတယ်..ထပ်မလုပ်ပါနဲ့တော့  "

" ငါ့လက်ကို လွှတ်လိုက် ပုံညာဦးချီ ။
မင်းကိုပြောပြီးပီပဲ မင်းစိတ်မပူရအောင် ငါနေပေးတော့မှာမို့  တောင်းပန်စရာမလိုဘူး .."

"မဟုတ်ဘူး မသွားရဘူး မင်းပြန်ထိုင် ။
ငါနဲ့စကားပြောမယ် ..သော်!! ကိုကိုပြောနေတယ်လေ ပြန်ထိုင် .. "

မင်း ဖြစ်သွားလိုက် သော်ဖြစ်သွားလိုက်နဲ့
ဦးချီ အနည်းငယ် ပျာယာခတ်၏။
သော့်ကိုဘယ်လာက်စိတ်တိုတို သော့်မျက်နှာမြင်လိုက်တာနဲ့ ဒေါသတဝက်ကအလိုလိုပျောက်၏။ သော်ကသာ  သူ့ခံစားချက်ကို နားမလည်တာ  ။ သော့်ကိုတော့အရိပ်တကြည့်ကြည့် နေခဲ့ရသူမို့ သော် ဘာဖြစ်သလဲ သူသိသည်။ 
ဘေးမှာ ဆွဲထိုင်ခိုင်းတဲ့အတိုင်း သော်ကတော့ မလှုပ်မရပ်ပြန်ထိုင်သည်  ။ သော်သွေးအေးလာလေ လေ ပိုကြောက်လာလေမို့ သော့်လက်ကိုလွှတ်မပေးရဲ။

" သော် "

သူ့ အသံသည်လေးနက်နုညံ့လျက်ရှိသည်။ လက်ကလေးကိုလည်း တယုတယ ကိုင်လိုက်ရင်း သော့်မျက်နှာကို မေးကနေဆွဲပြီး သူ့ဘက်လှည့်စေလိုက်သည်။သူ့ဒေါသတွေအကုန်လုံး တစိုးတစိတောင်မရှိတော့ပဲ  အကုန်ပျောက်ကွယ်သွားလေပြီ။

" သော် ဘာတွေ စိတ်မကောင်းဖြစ်နေသလဲ ကိုကို မသိဘူး ။ ဒါပေမဲ့ ခု သော့်ကို အရင်တောင်းပန်မယ် ..ပြီးရင် သော်ဘာတွေဖြစ်နေရသလဲဆိုတဲ့ အကြောင်းကို တစ်လုံးမကျန် ကိုကို့ ကိုပြောပြပါ "

အချော့ခံရတဲ့ကလေးတွေပိုငိုသလိုပဲ သော်  မျက်လုံးထဲမှာချက်ခြင်း မျက်ရည်တွေဝိုင်းလာပြန်သည်။ သူ သော့်ဆံပင်တွေကိုဖွဖွသပ်ပေးရင် စိတ်ပြေအောင် ကြိုးစားပေးနေမိသည်။ အရာရာဟာ ချက်ခြင်းပြန်ငြိမ်သက်သွားသလိုပဲမို့  ဦးချီ  စိတ်ဆိုးနေဆဲသော့်ကို  အနုညံ့ဆုံးကြည့်ပြီးလျှင်

" ကိုကို တောင်းပန်ပါတယ်သော်..။  
သော်ဟာ ဘယ်တုန်းကမှ ကိုကို့ အတွက် စိတ်ညစ်စရာ ၊ စိတ်ပျက်စရာမဟုတ်ခဲ့ပါဘူး။ ဒီနေ့ သော့်ကို ကြမ်းတမ်းတဲ့စကားလုံးတွေ ကိုကိုပြောခဲ့မိတဲ့အတွက် ကိုကို ခုအရမ်း စိတ်မကောင်းဖြစ်နေရတယ်။
နောက်ကို သော့် မကြိုက်တဲ့ စကားတွေမပြောမိအောင် ကိုကို ကြိုးစားပါ့မယ် ၊ ကတိပေးပါတယ်။
အဲ့ဒါကြောင့် သော်ကပဲ ကိုကို့ ကိုသဘောထားကြီးစွာနဲ့ ခွင့်လွတ်ပေးပါ"

"...."

"ပြီးတော့  ကိုကို တို့နှစ်ယောက် ဒီလိုပုံစံမျိုး တခါတောင်ရန်ဖြစ်ဖူးတာမဟုတ်ဘူးဆိုတာ သော်လည်းသိတာပဲ ။ ဒါကို သင်ခန်းစာယူပြီး နောက်ထပ် ဘယ်တော့မှရန်ထပ်မဖြစ်ရအောင် ကိုကိုတို့စကားပြောမှရမယ်သော်။   ကိုကိုမှားတာ မှန်ပါတယ် ဒါပေမဲ့  အကျိုးအကြောင်းမပြောပဲ  လုပ်ချင်ရာ လုပ်တဲ့ သော်လည်းမှားခဲ့တာပဲ ။ ရင်အနာရဆုံးက သော် ကိုကို့ ကို ရိုင်းရိုင်းစိုင်းစိုင်းပြန်အော်တာပဲ။ အဲ့ဒါကို ကိုကိုလက်သင့်မခံပေးသလို ကြိုက်လည်းမကြိုက်ဘူးသော်။
မင်းမကြိုက်တာ ကိုကို မလုပ်ခဲ့ဖူးသလို
ကိုကိုမကြိုက်တာကိုလည်းသော် မလုပ်ပါနဲ့ "

"  ဟင့်..ပြောတော့ငါက စိတ် အနှောက်ယှက်ဖြစ်စေတယ်ဆို "

မျက်ရည်စတွေစိုရွှဲနေတဲ့ သော်က 
ရှိုက်သံ တဝက်နဲ့ မပီမသပြောလာ၏။

" မဖြစ်ပါဘူး.. သော် က ပြန်အော်တော့ ကိုကိုနည်းနည်းစိတ်တိုသွားလို့ပြောမိတာပါ .. အဲ့ဒါလည်း ကိုကို အကြီးမပီမသ
ဖြစ်သွားတာမို့ သော့်ကိုတောင်းပန်တယ်နော် သော် "

သော်က သူ့ခေါင်းကိုင်ထားတဲ့ ဦးချီ လက်ကို အကိုင်မခံပဲ တွန်းချကာ

" မဟုတ်ဘူး .. မင်း တခြားမိန်းမ တစ်ယောက်အတွက် ငါ့ကို..ငါ့ကို  ဟင့်.."

"လုပ်ပြီ ...အဲ့လိုတွေ ယှဉ်ပြီးတွေးစရာ လား ။
သော်က  ကိုကို့ ဘဝမှာ အရေးကြီးဆုံးဆိုတာ ဒါလေးတောင် မသိဘူးလား။  အော်တယ်ဆိုတာကလည်း
တဖက်က အပျိုလေးလေ။ ကိုကိုတို့အိမ်ကို
လာလည်းကူညီပေးရသေးတယ် ၊ ခုလို ပြောခံရသေးတယ်ဆိုရင် ကြားသွားရင်
ဘယ်ကောင်းမလဲ  ။ တခြား ဘာရည်ရွယ်ချက်နဲ့မှ သော့်ကိုဆူတာမဟုတ်ပါဘူးကွာ.. မဟုတ်တာတွေမတွေးနဲ့ ကိုကိုက သော်တစ်ယောက်ထဲကိုပဲ ချစ်မှာ "

"သေချာလို့လား"ဆိုတဲ့ သဘောနဲ့ မဲ့တဲ့တဲ့လေး ကြည့်လာတာမို့  ဦးချီ ပြုံးလျက် ခေါင်းညိမ့်ပြလိုက်၏။

" ယုံပါ သော်  ရာ .. ပါးပါး ရယ် ၊သက်ပုံရယ် ၊ မင်းရယ်က ငါ့ဘဝမှာ မရှိမဖြစ် အလိုအပ်ဆုံးပဲ "

စကားဆုံးတော့  သော်မျက်နှာလေးပြုံးယောင်သန်းသွား၏။ မျက်ရည်များနဲ့ သော့်အပြုံးက သိပ်လှပါ တယ်ဆိုတာ ဦးချီ ထိုနေ့မှသိခဲ့ရသည်။ ထို့နောက် သော်ကစိတ်ပြေသွားသည်ထင်  ဦးချီ လည်ပင်းကို သိုင်းဖက်ပြီး ပုခုံးပေါ်ခေါင်းတင်လျက်  အသံတိတ် သွားသည်မို့ ကျောကို အသာအယာပွတ်ပေးရင်း သော့်ကိုနှစ်သိမ့်ပေးမိသည်။

"နောက်ကို  မိန်းကလေးတွေနဲ့  ၃ပေအကွာမှာပဲနေပါ "

သော့်ကိုတင်းကြပ်စွာပြန်လည်ထွေးဖက်ရင်း  ကတိပေးလိုက်သည်။

" သော်မကြိုက်ရင်  ၃ ပေမဟုတ်ဘူး
၃ကမ္ဘာလောက် ခြားပြီးနေပေးမယ် ဟုတ်ပြီလား ။ အဲ့ဒီအစား သော်က 
ကိုကို့ကို စိတ်ပူရအောင် မလုပ်တော့ပါဘူးလို့ ကတိပြန်ပေးရမယ်  ဘယ်လိုလဲပေးမှာလား "

ခေါင်းညိမ့်ပြလိုက်ပေမဲ့  ကိုကို့ကိုဖက်ထားရင်း ထုတ် မပြောဖြစ်သေးတဲ့စကားတွေကို  စိတ်ထဲကနေပြောပြလိုက်သည်။

ပြောင်းလဲလာစ  အရောင်အကြောင်းကိုတော့  သော်တစ်ယောက်ပဲ သိရင်အဆင်ပြေမယ်ထင်တယ် ကိုကို ..  ။
တနေ့ရောက်ရင်တော့ မင်းဟာ ထာဝရငါ့အပိုင်တစ်ခုဖြစ်လာရလိမ့်မယ်။
အဲ့ဒီနေ့ထိမရောက်ခင်ကတော့  မင်းနှလုံးသားကို  ငါပေးထားတဲ့ ကန်သန့်နယ်နမိတ်အတွင်းမှာပဲ လွတ်လပ်စွာပျံသန်း
ပါ..။ မဟုတ်ရင်တော့ ငါမင်းကိုရက်စက်ရလိမ့်မယ် ပုံညာဦးချီ။

တသက်လုံး မခွဲအတူနေခဲ့ဖူးပေမဲ့ မင်း ငါ့အကြောင်းကို ခုထိ ကောင်းကောင်းမသိသေးဘူး ကိုကို။ ယသော်လင်းက မင်းထင်တာထပ်အဆိပ်ပြင်းတယ် ဆိုတာ မင်းတသက်လုံး မသိအောင် ငါဖုံးကွယ်ထားမှာ ။
စိတ်ချပါ ၊ ငါဘယ်လောက် ဆိုးသွမ်းပါစေ
မင်းအသားကို ထိခိုက်အောင် ထိမှာမဟုတ်ဘူး အဲ့ဒီအစား ငါ့ကိုယ်ငါပဲနာကျင်အောင် လုပ်မှာကိုကို ။ အဲ့ဒါမင်းအတွက် ပိုပြီး ထိရောက်လိမ့်မယ် ။

ပုခုံးပေါ်က  မျက်နှာလှလှ ရဲ့ မဲ့ပြုံးတစုံကို တော့  အသာအယာ ထွေးပွေ့ထားတဲ့ လက်တွေရဲ့ပိုင်ရှင်ကတော့မသိနိုင်ခဲ့ပါ။
အချစ်ဆိုတာ .. တခါတလေ နုညံ့တက်ပေမဲ့ တခါတလေတော့ ...

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz