နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
35
( Violent Warning 🚨 မည္သူမွအတုယူမမွားၾကေစရန္၊ ဇာတ္လမ္းကိုဇာတ္လမ္းလိုဖတ္ရန္ လက္ေတြ႕ဘဝတြင္ခံစားခ်က္ကိုဦးစားေပးၿပီး မည္သည့္မိုက္႐ူးရဲဆန္တဲ့ကိစၥမ်ိဳးမဆိုမလုပ္မိေစရန္။ အသက္မျပည့္ေသးသည့္ကေလးမ်ားေက်ာ္ဖတ္ရန္🚨)
ရက္သတၱပတ္ၾကာလြန္ၿပီးေနာက္
ပံုညာဦးခ်ီ ၏ တစ္ေခ်ာင္း ၅၀၀တန္ေရခဲေခ်ာင္းသည္ အမွန္ပင္ ေစ်းကြက္တစ္ခုအျဖစ္တြင္က်ယ္ခဲ့ေလသည္။
ေစတနာပါမူ ႔နဲ႔ သန္႔ရွင့္လတ္ဆတ္မူ ႔သစ္သီးပါဝင္မူ ႔မ်ားျခင္းတို ႔ေၾကာင့္ေန႔ခင္းအခ်ိန္တို႔တြင္ ေရခဲေခ်ာင္းကို သပ္သပ္လာဝယ္စားၾကသူေတြေတာင္ ရွိလာခဲ့သည္။
ထိုေၾကာင့္ တေန ႔တေန ႔ အခ်ဥ္သုပ္နွင့္ အေအးမ်ိဳးစံုအပါအဝင္ ဆိုင္ဖြင့္ခ်ိန္ တလေက်ာ္အတြင္း သစ္သီးေရခဲေခ်ာင္း မ်ားသည္လည္း ဦးခ်ီ၏ေရာင္းအားကိုမ်ားစြာတိုးတက္လာေစခဲ့သည္။
ဆိုင္လူရွင္းခ်ိန္တြင္ အခ်ိန္ေပးကာ ေရခဲေခ်ာင္းထုပ္ပိုးရသည္မို ႔ ဟိုငါးေကာင္လည္း တစ္ေယာက္မွ အေခ်ာင္မခိုရဲေပ။
ထိုအထဲတြင္ Deliလိုက္ပို ႔ေပးတဲ့ သံေခ်ာင္းတို႔နွစ္ေယာက္က အလုပ္ပိုျဖစ္သည္ဆိုရမည္
ေန႔စဥ္ မိန္းထဲက မိန္းကေလးအေဆာင္ေတာ္ေတာ္မ်ားမ်ား ေရာက္ဖူးရုံမက တခ်ိဳ ႕ဆို ခင္ေတာင္ေနေသးသည္တဲ့။ ပိုက္ဆံလည္းရ ဖြန္လည္းေၾကာင္ရမို ႔ လြင္ဦးတို ႔သံုးေယာက္က မနာလိုစြာ ေတာက္တေခါက္ေခါက္ ျဖစ္၍ ေနေလသည္။
ပံုညာဦးခ်ီကေတာ့ ေသာ့္အတြက္ ပိုက္ဆံရွာမယ္ဆိုတဲ့ ဆိုင္နာမည္အတိုင္း တေန႔တေန႔ ဘာလုပ္ေရာင္းရင္ ေကာင္းမလဲ ဟူၿပီး ထိုင္စဥ္းစားေနတက္သူပင္။
ဆိုင္၏ ေရာင္းအားတိုးလာမူ ႔သည္ ပင္ပန္းေပမဲ့
အေတာ္ေလး စိတ္ခ်မ္းသာစရာ ေကာင္းေပ၏။ ခုရက္ပိုင္းတြင္ တေန႔ ကို
၃သိန္းေက်ာ္ ၄သိန္းအထိ ေရာင္းအားရွိလာတာမို ႔အသစ္ဖြင့္ခါစ ဆိုင္အတြက္ကေတာ့ မေမ်ွာ္လင့္ရဲစရာ ပမာနပင္။
ထို႔ေၾကာင့္ ပံုညာဦးခ်ီ ၏ တၿပံဳးၿပံဳး မ်က္နွာကို ဆိုု္င္ကို မုန္ ႔လာစားမယ္ဆိုလ်ွင္ ေတြ႕ရမွာျဖစ္ၿပီ သူ႔ေနာက္ထပ္ တင္ေရာင္းမဲ့ ကိတ္မ်ိဳးစံုကိုလည္း အျမည္းအေနနဲ ့စားသံုးခြင့္ရမွာပဲျဖစ္၏။
ပံုညာဦးခ်ီ ၏ စီးပြားရွာနည္းမ်ားသည္ အံ့မခန္းစရာပင္။ ဘာလုပ္လုပ္ ေသခ်ာအျမတ္ကိုမၾကည့္ပဲ ေစတနာထားလုပ္ေပး၍လားမသိေပ..ဘာမုန္႔လာစားစား ေကာင္းမြန္တဲ့မွတ္ခ်က္မ်ားစြာၾကားရစၿမဲ။
ပုညာဦးခ်ီအတြက္ ထို႔စကားေတြသည္
သူတက္ခဲ့ေသာ မုန္ ႔လုပ္နည္းသင္တန္းမ်ိဳးစံုကိုအလဟသမျဖစ္ေအာင္ေန႔စဥ္ထုတ္သံုးဖို ႔အားေပးေနသေယာင္ ျဖစ္၍ေနေပေတာ့သည္။
"ပံုညာ ငါ ေထာပတ္ ေက်ာက္ေက်ာကို
မီးေအးေအးနဲ႔ နွပ္ထားတယ္ .. ေနာက္ ဘာလုပ္ေပးဖို႔လိုေသးလဲ "
" ေက်းဇူးပဲ စုလဲ့ တျခားေတာ့ လုပ္စရာမရွိဘူး နင္ ဗိုက္ဆာရင္ ထမင္းစားသြားေလ ဘာမွေတာ့ရွိမွာ မဟုတ္ဘူး ေၾကာင္အိမ္အေပၚထပ္မွာ သက္ပံုပို႔ေပးထားတဲ့ ငါးေျခာက္ေၾကာ္ဗူးေတြရွိတယ္ ယူစားလိုက္"
စုလဲ့ကာ ေခါင္းၿငိမ့္ျပကာ ေနာက္ၿခံထဲျပန္ဝင္သြားတာမို႔ ဦးခ်ီ လည္း အလုပ္ျပန္လုပ္ေနလိုက္သည္။
ဒီတေခါက္ ပြဲရုံမွာ ေထာပတ္သီးအဝင္မ်ားၿပီး ေရာင္းအားေလ်ာ့ေနတယ္ဆိုလို႔ ဘိုးဘိုးကို ကူေရာင္းေပးတဲ့အေနျဖင့္ သူကုန္ေတြပိုယူထားသည္။ ျပသနာက
အသီးေတြထဲမွာ အမွည့္ေတြ မ်ားေနတာပင္။ ေနာက္ရက္အထား မခံမွာလည္းဆိုးရတာမို႔
ဒီေန ႔မွ အိမ္ေျပာင္းလာတဲ့ စုလဲ့တို႔ကို ေခၚခိုင္းမိသည္။
စုလဲ့တို႔ အေမသည္ ႐ြာမွာဆိုရင္ သာေရး၊ နာေရးမွန္သမ်ွ အခ်ိဳပြဲကို တာဝန္ယူ ေပးရတဲ့ ႐ြာရဲ႕အားထားရာမို ႔ လက္ရာကလည္း ေျပာစမွတ္တြင္ေအာင္ပင္ေကာင္းပါသည္။ ထို႔ေၾကာင့္ အားနာေသာ္လည္း စုလဲ့ကိုေခၚကာ အကူညီေတာင္း၍ ေထာပတ္သီးေက်ာက္ေက်ာ ထိုးခိုင္းမိ၏။
ဒီေန ႔က တကယ္ပင္ ဆိုင္္မွာ အလုပ္မ်ားေနတာပင္။ အေၾကာင္းမွာ ေသာ္တို႔ေက်ာင္း fund fair ပြဲအတြက္ ေအာ္ဒါမ်ားကို
မနက္ေစာေစာ ေပးရမွာမို႔ ခုညေနကတည္းက တဆိုင္လံုး အလုပ္မ်ားေနၾကျခင္းပင္။
ပထမဦးဆံုး ေအာ္ဒါ အမ်ားႀကီးအတြက္
တာဝန္ပိုရသလို .. ဆိုင္အတြက္ ေန႔စဥ္ေရာင္းခ်မူ႔ကိုလည္း လစ္ဟင္းလို႔မျဖစ္ေပ။
ေန႔ခင္း ၁နာရီေနာက္ပိုင္းတြင္ တင္မာင္ညႊန္႔က ဖုန္းျပင္သင္တန္းသြားကာ
သံေခ်ာင္းက ေတာ့ ညေနေလးနာရီ ဆို
ဂ်ပန္စာ သင္တန္းသြားရေလသည္။
ထို႔ေၾကာင့္ ဆိုင္မွာ လူအင္အားနည္းေနတဲ့အခ်ိန္ လာကူေပးတဲ့ စုလဲ့တို ႔ ၂ေယာက္ကို သူ႔မွာ ေက်းဇူးတင္လို႔မဆံုးေပ။
အစက ေက်ာင္းမွာ ဘာေရာင္းရမလဲ
ဆိုတာေသာ္တို႔ သူငယ္ခ်င္းတစ္စု စဥ္းစားေနၾကဆဲဆိုေပမဲ့ အရင္တပါတ္ေက်ာင္းပိတ္ရက္ ဆိုင္မွာ မုန္႔လာစားရင္း သစ္သီးေဖ်ာ္ရည္
ေရာင္းဖို႔ အႀကံရသြားခဲ့ၾကသည္။
ထို႔အတြက္ ဦးခ်ီ မွာ အမ်ားႀကီး အႀကံထုတ္ ရွာေဖြ ရင္း လူငယ္ေတြ စိတ္ဝင္စားေစမဲ့ထုတ္ပိုးမူ ႔ပံုစံကိုသြားေတြ ႕ခဲ့သည္ ။
ထိုအရာ သည္ ဘူး ပံုစံေျပာင္းလဲရန္ျဖစ္ၿပီး
ကုန္က်စရိတ္သည္လည္း အနည္းငယ္ေတာ့ေစ်းတက္သြားေလေပမဲ့ ေက်နပ္စရာပိုေကာင္းသြား၏။ ဦးခ်ီ၏ အျမတ္အတြက္ကေတာ့ တစ္ဘူးမွ ၂၀၀ ေတာင္ မက်န္ေသာ္ျငား ေသာ့္ သူငယ္ခ်င္းေတြအတြက္မို ႔ ေငြေရးေၾကးေရး ကိုလ်စ္လ်ဴ ရႈ ႕ထားခဲ့ရ၏။
" ပံုညာ ႏြားနို႔ရၿပီ .. ေနာက္ေဖးတခါထဲပို႔လိုက္မယ္ "
"ေအး ...စုလဲ့ တို႔ကို တခါထဲ က်က္ေအာင္ႀကိဳခိုင္းထားလိုက္ .. ခဏေန ငါလာခဲ့မယ္တိုးသိန္း "
မနက္ဖန္မနက္ေစာေစာလာယူမွာမို ႔
ညေနကတည္းက အကုန္ျပင္ဆင္ထားရမည္ျဖစ္သည္။ ႏြားနို ႔ ၊ နို ႔စိမ္း နဲ႔ စေတာ္ဘယ္ရီ ၊ ေထာပတ္ကို အသီးအရသာမ်ားမ်ား ျဖင့္ စိမ့္ ေနေအာင္ ေဖ်ာ္ေပး မည္ ျဖစ္သလို ၊ ထိုသို႔ လုပ္ဖို႔မွာအျမတ္နည္းသလို လက္လည္းဝင္လွ၏။
တစ္ခုေကာင္းတာက ဦးခ်ီ ဆိုင္ကေလးသည္ ဆိုင္ထိုင္သူထက္ ပါဆယ္နွင့္ ေအာ္ဒါ မ်ားစြာကသာ လက္မလည္ေအာင္ ပိုေရာင္းရတာျဖစ္၏။
ဦးခ်ိန္းေက်းဇူးေၾကာင့္
online မွာ ေတာ့ အေတာ္ေလး နာမည္ရေနေသာ ဆိုင္ေလးတစ္ဆိုင္ျဖစ္၍
လာတာပင္။
" လြင္ဦး ဆိုင္ခဏေစာင့္ေပး ငါ အိမ္ဖက္ ႏြားနို ႔အိုးကိဳ်ခိုင္းထားတာ ပြက္က်ေနမွာစိုးလို ႔ သြားၾကည့္ဦးမယ္ "
" မင္း ထမင္းစားဖို႔ေနာက္က်ေနၿပီ တခါထဲစားခဲ့လိုက္ေလ ၊ ငါၾကည့္ထားလိုက္မယ္ "
ညေန ၃နာရီေက်ာ္ေနၿပီ သူ႔မွာခုထိ ေန႔ခင္းစာ မစားရေသး။ အလုပ္ေဇာနဲ႔ ဗိုက္ဆာလို႔ ဆာမွန္းေတာင္ေမ့၍ ေနသည္မို ႔
ေသာ္သိရင္ ဆူမွာကို ခုမွေတြးမိသြားကာ
တေန႔လံုးၿပံဳးဖို႔ေမ့ေနတဲ့နႈတ္ခမ္းေတြက
ေထာင့္ခ်ိဳးေလးေတြညႊတ္ၿပီး အသက္ဝင္လာခဲ့၏။
" ထမင္းစားမလို႔လား ပံုညာ "
"အြန္း..ဘာေတြခ်က္ေနတာလဲ ..
ထူးေထြလုပ္မေနနဲ႔ ငါတို႔ ျဖစ္သလိုစားတက္ပါတယ္ "
" ဘာမွေထြေထြထူးထူး မလုပ္ဘူး ၊
ေၾကာင္အိမ္ထဲမွာ ငါးေၾကာ္ေတြ ေတြ႕လို႔
ဘူးသီးနဲ႔ ဆီျပန္ ေရလည္ေလး ေရာထားတာ ။နင္စားေတာ့မလား ..ငါခူးေပးမယ္"
"နင္တို႔လည္း တခါထဲ ထမင္းစားသြားၾကေလ.. ေနာက္ရက္ လာမယ္ဆိုရင္ အိမ္မွာခ်က္မလာခဲ့နဲ႔ ဒီမွာပဲ ရွိထမင္း၊ ရွိဟင္းနဲ႔ ဒီမွာ ဝိုင္းလုပ္ဝိုင္းစား လာေပါင္းစားၾကလည္းျဖစ္တယ္.. ငါတို႔ကေတာ့ေယာက်ာ္းေလးေတြႀကီးပဲေနတာဆိုေတာ့ ဟင္းကေတာ့ျဖစ္သလိုပဲ...ဒါနဲ႔ ယုယေရာ "
ထမင္းစားပြဲမွာဝင္ထိုင္ရင္း စုလဲ့ တစ္ေယာက္ထဲျဖစ္ေနသည္မို ႔ေဘးဘီ လွည့္ၾကည့္ကာ ေမးသည္။
" ယုယ က အေပၚထပ္္မွာ ရႈပ္ပြေနလို႔သံရွင္းေရးလုပ္ေပးေနတယ္..နင္စားေနတုန္းငါလည္းတခါထဲဝင္စားလိုက္ေတာ့မယ္..
အရသာဘယ္လိုလဲ အဆင္ေျပလား "
ဦးခ်ီ ေခါင္းညိမ့္ျပကာ ထပ္မဆိုေတာ့ပဲ
ထမင္းငံု ႔စားေနမိသည္။ ဒီလိုပဲ တ႐ြာထဲသားခ်င္းေမာင္နွမေတြလိုျဖစ္ေနတာမို႔
အျမင္မေတာ္တာရွိရင္ ဝင္လုပ္ေပးေနၾက
၊ သိမ္းဆည္းေပးေနၾကျဖစ္၍ ဦးခ်ီ ဘာမွေတာ့ ထပ္မေျပာျဖစ္။
" ထမင္းထပ္ယူဦးမလား "
"ေတာ္ၿပီ စုလဲ့..နင္ခ်က္တာ စားေကာင္းေပမဲ့ အဆာလြန္ၿပီး ငါရင္ခံသြားလို႔ သိပ္စားမဝင္ေတာ့ဘူး .. ညေန ဗိုက္ဆာမွ ထပ္စားေတာ့မယ္ "
" ေနာက္ဆို ထမင္းစားခ်ိန္ကိုေနာက္မက်စမ္းနဲ႔ ေရရွည္ဆို နင္အစာအိမ္ေရာဂါျဖစ္လိမ့္မယ္.. ေပး..ေပး ငါေဆးလိုက္မယ္"
"ရတယ္စုလဲ့ ငါ့ဘာသာေဆးမယ္ "
"ေပးစမ္းပါ အားနာရမဲ့သူေတြမွ မဟုတ္တာ ငါေဆးပါ့မယ္"
စုလဲ့က သူစားၿပီးသား ပန္းကန္ေလးကို ကိုင္ရင္း ဦးခ်ီ ပန္းကန္ကိုပါေဆးေပးရန္ လုလိုက္တာမို ႔ ဦးခ်ီ အားနာစြာစုလဲ့လက္ေကာက္ဝတ္ကို ဆြဲထားလိုက္၏။
"ေနပါ ငါပဲေဆး.."
"ကိုကို !!"
"ဟင္"
အလန္႔တၾကား စုလဲ့ ရဲ႕လက္ကို လြတ္ခ်ၿပီး ေနာက္လွည့္ၾကည့္လိုက္ေတာ့ ေသာ္က ထမင္းစားခန္းေပါက္ဝမွာ သူ႔ကို
ေဒါသတႀကီး စူးစူးရဲရဲၾကည့္ေန၏။ ။
" ေသာ္ ဘယ္တုန္းက ျပန္ေရာက္တာလဲ "
"ခုမွ "
စကားဆံုးေတာ့ ေသာ္ က ေက်ာခိုင္းကာ အခန္းထဲကို တန္းဝင္သြား၏။
ေသာ္ၾကည့္သြားတဲ့ အၾကည့္ေတြကို
သူဘာသာမျပန္တက္ေပမဲ့ တခုခုျဖစ္သြားတယ္ဆိုတာ ဦးခ်ီ သိသည္။
ထို႔ေၾကာင့္ စုလဲ့ဖက္ကိုလွည့္ကာ
" ငါပဲေဆးေတာ့မယ္"ဟုေျပာၿပီး ျမန္ျမန္ဆန္ဆန္ေဆးေၾကာကာ အခန္းထဲလိုက္ဝင္ခဲ့သည္။
ကုတင္ေပၚမွာ ေသာ္က အခန္းေပါက္ဝကိုေက်ာေပးကာ ေကြေကြးေလးအိပ္ေနတာမို ႔ေဘးနားသြားရပ္ၿပီး နဖူးေလးကိုစမ္းၾကည့္ကာ
" ေနမေကာင္းလို႔လားေသာ္ မ်က္နွာေလးမလန္းဘူး "
"ေနေကာင္းပါတယ္ ငါခဏအိပ္ခ်င္လို႔ "
" ေသာ္ ဘာျဖစ္လို႔လဲ ..ဒီဖက္လွည္ ့ငါနဲ႔စကားေျပာရေအာင္ "
"ငါအိပ္ခ်င္ေနတယ္လို ႔မင္းကိုေျပာေနတယ္ေလ နားကန္းေနတာလား "
ေသာ္ဖက္က ရုိင္းစိုင္းစြာ ျပန္ေအာ္လာတာမို ႔ဦးခ်ီ မ်က္ေမွာင္ႀကံဳ ႕လ်က္ စိတ္ပ်က္လက္ပ်က္ ေျပာမိသည္။
" ေသာ္ ဘယ္လိုေလသံနဲ႔ ငါ့ကိုေျပာေနတာလဲ မင္းကို စိတ္ပူလို႔ေျပာေနတာေလ .. "
" မင္းကို ဘယ္သူက စိတ္ပူ ခိုင္းေနလို႔လဲ
ပံုညာဦးခ်ီ .. ဘယ္သူက ဂရုစိုက္ခိုင္းေနလို႔လဲ!!"
" ေသာ္ ..မင္း ! "
ဦးခ်ီ ေထာင္းခနဲ ေဒါသထြက္သြား၏။ သို႔ေသာ္ ခ်က္ျခင္းျပန္ထိန္းကာစိတ္ေလ်ာ့လိုက္သည္။ ေသာ္ ဘာျဖစ္လာမွန္းသူမသိေပမဲ့ ေသာ့္ကို အၾကမ္းပတမ္းဆက္ဆံလို႔မရဘူးဆိုတာ သူနားလည္သည္မို ႔...
" မင္းစိတ္မၾကည္ရင္ နားလိုက္ ေသာ္
ငါ ေစ်းသြားေရာင္းလိုက္ဦးမယ္ "
ေျပာၿပီး ဦးခ်ိ ေျခလွမ္းက်ဲနဲ႔အခန္းထဲကေနထြက္လာခဲ့လိုက္သည္။ အေတာ္ေလး ေသာ့္ကို စိတ္တိုေပမဲ့ သူ႔ေဒါသေတြကိုျပန္မ်ိဳ ခ်ခဲ့ရတာဟာ တစ္ေကာင္ႂကြက္ကေလး ေသာ့္ကို သနားလို႔။ဒါေပမဲ့ ေသာ္ ခုလို သူ႔ကို ျပန္ေျပာတာကိုေတာ့ ဦးခ်ီ လံုးဝမႀကိဳက္ဘူး။
" ဟိတ္ေကာင္ ထြက္လာတာျမန္လာခ်ည္လား ..ခါတိုင္း ယေသာ္လင္း ျပန္လာရင္ မင္းတို႔နွစ္ေယာက္ တသက္လံုးေျပာစရာစကားေတြ စုထားတဲ့အတိုင္း ေတာ္ေတာ္နဲ႔ဆိုင္ဖက္ျပန္မလာဘူး ေျပာေနလိုက္ၾကတာ တေမ့တေမာ "
လြင္ဦးစကားကို ခြန္႔တုန္႔မျပန္မိ။
ဦးခ်ီ လုပ္စရာ ရွိတာ ေတာက္ေလ်ာက္
လုပ္ေနရင္း သူ႔စိတ္ေတြကိုေျဖေလ်ာ့ေနမိသည္။
ပံုမွန္မဟုတ္ေသာ ပံုညာေၾကာင့္ လြင္ဦးတို႔ အကုန္လံုး ပါးစပ္ပိတ္သြားၾကရုံမက စုလဲ့တို႔နွစ္ေယာက္ကလည္း လုပ္စရာရွိတာလုပ္ေပးၿပီး ညေနထိေတာင္မေနသြားၾကပဲ ေစာေစာျပန္သြားၾက၏။
" တိုးသိန္း ဒီဧည့္သည္ေတြျပန္ရင္ ဆိုင္ပိတ္လိုက္ေတာ့ "
"ဟာ ခုမွ ၇နာရီခြဲပဲရွိေသးတယ္ေလ
ဆိုင္ပိတ္ခ်ိန္ေရာက္ဖို ႔ အေဝးႀကီးလိုေသးတယ္ "
" ဒီေန ႔ငါပင္ပန္းေနလို ႔ေစာေစာ သိမ္းမယ္..မင္းတို႔လည္း အျပင္ထြက္လည္ခ်င္ လည္ၾက "
သူပံုမွန္မဟုတ္တာသိ၍ အပိုစကားထပ္မဆိုလာၾကေပ။ ဦးခ်ီ စိတ္ေတြ တကယ္ပင္ ရႈပ္ေထြးေနတာပင္။ ေသာ္နဲ႔ ခုလို
ရန္မျဖစ္တာ နွစ္ေတြေတာင္ ၾကာလွေလၿပီ .. ကေလးတုန္းက ကေလးအ႐ြယ္မို ႔
စကားမ်ားရန္ျဖစ္ ရွိခဲ့ဖူးေပမဲ့ နားလည္တဲ့အ႐ြယ္ေရာက္မွ စကားမ်ားဖို႔မေျပာနဲ႔
ကေတာက္ကဆေတာင္ မျဖစ္ဘူးခဲ့။
ေသာ္ စိတ္ရႈပ္လို ႔သူ႔ကိုေအာ္လိုက္တာမ်ိဳး ျဖစ္နိုင္ေသာ္ျငားလည္း ဦးခ်ီ ရင္ထဲေနလို႔
တစ္စို ႔၍ ေနတာေတာ့အမွန္ပင္။
ဝမ္းနည္းရသလို စိတ္မေကာင္းလည္းျဖစ္ရ၏။
ေသာ္ကို တခ်ိန္လံုး သူပိုးေမြးသလို ေမြး
ခဲ့တာမို ႔ ေသာ့္ဖက္က ခုလို ေလသံမာမာနဲ႔ ျပန္ေအာ္လာတာမ်ိဳးကို သူလက္သင့္မခံနိုင္ေသးေပ။
ဦးခ်ီ ေတြးေနရင္းဘယ္လိုမွ အလုပ္ဆက္လုပ္လို ႔မျဖစ္နိုင္ေတာ့တာေၾကာင့္
အိမ္ဖက္ကို ျပန္ကူးလာခဲ့သည္။
တညေနလံုး ေသာ္အျပင္မထြက္လာ၍
စိတ္တိုရက္နဲ႔ စိတ္ကပူရေသးသည္မို ႔
အခန္းထဲသို ႔ အလ်င္စလို ဝင္မိခ်ိန္တြင္
" ေသာ္!! "
ဦးခ်ီ ေသြးပ်က္စြာေအာ္မိသည္။
ေသာ္ သည္ စာၾကည့္စားပြဲမွာ ထိုင္ရင္း
သူလက္ဖ်ံကို ဓားနဲ႔ ျခစ္ကာ ေဆာ့ေန၏။
ေသြးေတြစိမ့္ထြက္ေနေသာ လက္မွာ
ခဲခြၽန္ဓားနဲ႔ ဆြဲျခစ္ထားတဲ့ ျပတ္ရွရာေတြ
၅ခုထပ္မနည္း။
" ေသာ္ ! ေသာ္ မင္းရူးေနတာလား ..
ဘာလုပ္တာလဲ ဒါက . .. ဒါက ဘာလုပ္တာလဲလို ႔..ဟာကြာ ယေသာ္လင္း မင္း
ဘာလို ႔ ေတာက္!! "
ေယာက္ယက္ခက္စြာ အခန္းတြင္းမွာ ဦးခ်ီ ေျပးလႊားေနမိသည္။ သူ သူ ဘာလုပ္ရမလဲ... ေသြး ေတြ ...ေသာ္လက္မွာ ..
သူအမွား.. သူပစ္ထားခဲ့လို ႔။
" ဘာလို႔လဲ ေသာ္ရာ .. မလုပ္ရဘူးေလ
ဒီလိုေတြ လုပ္လို႔မရဘူးေလ ေသာ္ရဲ႕ "
ေအာင့္မ်က္လာေသာ ခံစားခ်က္နဲ ့ ေသာ့္လက္ကေလး တုန္တုန္ရီရီ မထိရက္စြာ ဆြဲယူမိသည္။ ခုျဖစ္သြားတာ ေသာ့္လက္မဟုတ္ပဲ သူနွလံုး တခုလံုးလိုပဲ နာက်င္လာသည္။ထို႔ေၾကာင့္ သူ ဝမ္းနည္းစြာ ငိုမိ၏။
နႈတ္မွလည္း " မလုပ္ရဘူးေလ"ဟု တတြတ္တြတ္ေရ႐ြတ္ေနကာ ေသာ္လက္ကေသြးေတြကို ငိုရင္းသုတ္ေပးေနမိ၏။
" မငိုနဲ႔ "
ေသာ္က သူ႔ကိုေမာ့ၾကည့္လာသည္။ ေသာ္ မ်က္လံုးေတြက နီရဲေနေပမဲ့
မ်က္ရည္ က်မေနေပ။ ေနာက္ဆံုး
ဆုပ္ကိုင္ထားတဲ့ ဓားေလးကို လႊတ္ခ် ၿပီး
ေသာ္လက္ေခ်ာင္းေလးေတြက
သူ႔မ်က္နွာေပၚတေ႐ြ ႕ေ႐ြ ႕တိုးလာ၍
မ်က္ရည္ေတြကို သုတ္ေပးလာ၏။
သူမထိန္းနိုင္ေတာ့ပါ။ ေနာက္ဆံုး
ဟီးခနဲ ေနေအာင္ ငိုခ် ၍ ေသာ့္ကို က်စ္က်စ္ပါေအာင္ဖက္ထားမိသည္။
ေသာ္နဲ႔ ပတ္သတ္လာရင္သူ ဟာမ်က္ရည္လြယ္သူ ၊ အရႈံးေပးတက္သူ ျဖစ္ေနဆဲပင္။
ေသာ္ က ငယ္ငယ္ကတည္းက
စိတ္ႀကီးကာ လိုခ်င္တာကိုရေအာင္ လုပ္တက္ေသာ သူ ျဖစ္ၿပီး စိတ္မထိန္းနိုင္ရင္လည္း ကိုယ့္အသားနာေအာင္ လုပ္တက္သူျဖစ္၏။ ထို႔ေၾကာင့္ အခ်ိန္တိုင္းေသာ့္ကို အထိခိုက္မခံရဲေအာင္ ဦးခ်ီ ဂရုစိုက္ခဲ့ရသည္၊ ေႏြးေထြးၾကင္နာေပးခဲ့ရသည္။
ေသာ့္စိတ္ကို အသိဆံုးသူက သူ ျဖစ္ပါလ်က္ .. ေသာ့္ကို ပစ္ထားမိခဲ့သလို စိတ္တိုမိခဲ့သည္ ။
ဒါေတြအကုန္လံုး သူ႔အမွားေတြပင္ျဖစ္သည္။ ..
သူသာ ေသာ့္ကို တစ္ေယာက္ထဲမထားရစ္ခဲ့ရင္ ဒီလို ေသာ္လုပ္မွာမဟုတ္ေပ...
" ကိုကိုေတာင္းပန္ပါတယ္ ေသာ္ရယ္ "
ခ်စ္တဲ့အိမ္စည္။
( Violent Warning 🚨 မည်သူမှအတုယူမမှားကြစေရန်၊ ဇာတ်လမ်းကိုဇာတ်လမ်းလိုဖတ်ရန် လက်တွေ့ဘဝတွင်ခံစားချက်ကိုဦးစားပေးပြီး မည်သည့်မိုက်ရူးရဲဆန်တဲ့ကိစ္စမျိုးမဆိုမလုပ်မိစေရန်။ အသက်မပြည့်သေးသည့်ကလေးများကျော်ဖတ်ရန်🚨)
ရက်သတ္တပတ်ကြာလွန်ပြီးနောက်
ပုံညာဦးချီ ၏ တစ်ချောင်း ၅၀၀တန်ရေခဲချောင်းသည် အမှန်ပင် ဈေးကွက်တစ်ခုအဖြစ်တွင်ကျယ်ခဲ့လေသည်။
စေတနာပါမူ့ နဲ့ သန့်ရှင့်လတ်ဆတ်မူ့ သစ်သီးပါဝင်မူ့ များခြင်းတို့ ကြောင့်နေ့ခင်းအချိန်တို့တွင် ရေခဲချောင်းကို သပ်သပ်လာဝယ်စားကြသူတွေတောင် ရှိလာခဲ့သည်။
ထိုကြောင့် တနေ့ တနေ့ အချဉ်သုပ်နှင့် အအေးမျိုးစုံအပါအဝင် ဆိုင်ဖွင့်ချိန် တစ်လကျော်အတွင်း သစ်သီးရေခဲချောင်း များသည်လည်း ဦးချီ၏ရောင်းအားကိုများစွာတိုးတက်လာစေခဲ့သည်။
ဆိုင်လူရှင်းချိန်တွင် အချိန်ပေးကာ ရေခဲချောင်းထုပ်ပိုးရသည်မို့ ဟိုငါးကောင်လည်း တစ်ယောက်မှ အချောင်မခိုရဲပေ။
ထိုအထဲတွင် Deliလိုက်ပို့ ပေးတဲ့ သံချောင်းတို့နှစ်ယောက်က အလုပ်ပိုဖြစ်သည်ဆိုရမည်
နေ့စဉ် မိန်းထဲက မိန်းကလေးအဆောင်တော်တော်များများ ရောက်ဖူးရုံမက တချို့ ဆို ခင်တောင်နေသေးသည်တဲ့။ ပိုက်ဆံလည်းရ ဖွန်လည်းကြောင်ရမို့ လွင်ဦးတို့ သုံးယောက်က မနာလိုစွာ တောက်တခေါက်ခေါက် ဖြစ်၍ နေလေသည်။
ပုံညာဦးချီကတော့ သော့်အတွက် ပိုက်ဆံရှာမယ်ဆိုတဲ့ ဆိုင်နာမည်အတိုင်း တနေ့တနေ့ ဘာလုပ်ရောင်းရင် ကောင်းမလဲ ဟူပြီး ထိုင်စဉ်းစားနေတက်သူပင်။
ဆိုင်၏ ရောင်းအားတိုးလာမူ့ သည် ပင်ပန်းပေမဲ့
အတော်လေး စိတ်ချမ်းသာစရာ ကောင်းပေ၏။ ခုရက်ပိုင်းတွင် တနေ့ ကို
၃သိန်းကျော် ၄သိန်းအထိ ရောင်းအားရှိလာတာမို့ အသစ်ဖွင့်ခါစ ဆိုင်အတွက်ကတော့ မမျှော်လင့်ရဲစရာ ပမာနပင်။
ထို့ကြောင့် ပုံညာဦးချီ ၏ တပြုံးပြုံး မျက်နှာကို ဆို်င်ကို မုန့် လာစားမယ်ဆိုလျှင် တွေ့ရမှာဖြစ်ပြီ သူ့နောက်ထပ် တင်ရောင်းမဲ့ ကိတ်မျိုးစုံကိုလည်း အမြည်းအနေနဲ့ စားသုံးခွင့်ရမှာပဲဖြစ်၏။
ပုံညာဦးချီ ၏ စီးပွားရှာနည်းများသည် အံ့မခန်းစရာပင်။ ဘာလုပ်လုပ် သေချာအမြတ်ကိုမကြည့်ပဲ စေတနာထားလုပ်ပေး၍လားမသိပေ..ဘာမုန့်လာစားစား ကောင်းမွန်တဲ့မှတ်ချက်များစွာကြားရစမြဲ။
ပုညာဦးချီအတွက် ထို့စကားတွေသည်
သူတက်ခဲ့သော မုန့် လုပ်နည်းသင်တန်းမျိုးစုံကိုအလဟသမဖြစ်အောင်နေ့စဉ်ထုတ်သုံးဖို့ အားပေးနေသယောင် ဖြစ်၍နေပေတော့သည်။
"ပုံညာ ငါ ထောပတ် ကျောက်ကျောကို
မီးအေးအေးနဲ့ နှပ်ထားတယ် .. နောက် ဘာလုပ်ပေးဖို့လိုသေးလဲ "
" ကျေးဇူးပဲ စုလဲ့ တခြားတော့ လုပ်စရာမရှိဘူး နင် ဗိုက်ဆာရင် ထမင်းစားသွားလေ ဘာမှတော့ရှိမှာ မဟုတ်ဘူး ကြောင်အိမ်အပေါ်ထပ်မှာ သက်ပုံပို့ပေးထားတဲ့ ငါးခြောက်ကြော်ဗူးတွေရှိတယ် ယူစားလိုက်"
စုလဲ့ကာ ခေါင်းငြိမ့်ပြကာ နောက်ခြံထဲပြန်ဝင်သွားတာမို့ ဦးချီ လည်း အလုပ်ပြန်လုပ်နေလိုက်သည်။
ဒီတခေါက် ပွဲရုံမှာ ထောပတ်သီးအဝင်များပြီး ရောင်းအားလျော့နေတယ်ဆိုလို့ ဘိုးဘိုးကို ကူရောင်းပေးတဲ့အနေဖြင့် သူကုန်တွေပိုယူထားသည်။ ပြသနာက
အသီးတွေထဲမှာ အမှည့်တွေ များနေတာပင်။ နောက်ရက်အထား မခံမှာလည်းဆိုးရတာမို့
ဒီနေ့ မှ အိမ်ပြောင်းလာတဲ့ စုလဲ့တို့ကို ခေါ်ခိုင်းမိသည်။
စုလဲ့တို့ အမေသည် ရွာမှာဆိုရင် သာရေး၊ နာရေးမှန်သမျှ အချိုပွဲကို တာဝန်ယူ ပေးရတဲ့ ရွာရဲ့အားထားရာမို့ လက်ရာကလည်း ပြောစမှတ်တွင်အောင်ပင်ကောင်းပါသည်။ ထို့ကြောင့် အားနာသော်လည်း စုလဲ့ကိုခေါ်ကာ အကူညီတောင်း၍ ထောပတ်သီးကျောက်ကျော ထိုးခိုင်းမိ၏။
ဒီနေ့ က တကယ်ပင် ဆိုင်မှာ အလုပ်များနေတာပင်။ အကြောင်းမှာ သော်တို့ကျောင်း fund fair ပွဲအတွက် အော်ဒါများကို
မနက်စောစော ပေးရမှာမို့ ခုညနေကတည်းက တဆိုင်လုံး အလုပ်များနေကြခြင်းပင်။
ပထမဦးဆုံး အော်ဒါ အများကြီးအတွက်
တာဝန်ပိုရသလို .. ဆိုင်အတွက် နေ့စဉ်ရောင်းချမူ့ကိုလည်း လစ်ဟင်းလို့မဖြစ်ပေ။
နေ့ခင်း ၁နာရီနောက်ပိုင်းတွင် တင်မာင်ညွှန့်က ဖုန်းပြင်သင်တန်းသွားကာ
သံချောင်းက တော့ ညနေလေးနာရီ ဆို
ဂျပန်စာ သင်တန်းသွားရလေသည်။
ထို့ကြောင့် ဆိုင်မှာ လူအင်အားနည်းနေတဲ့အချိန် လာကူပေးတဲ့ စုလဲ့တို့ ၂ယောက်ကို သူ့မှာ ကျေးဇူးတင်လို့မဆုံးပေ။
အစက ကျောင်းမှာ ဘာရောင်းရမလဲ
ဆိုတာသော်တို့ သူငယ်ချင်းတစ်စု စဉ်းစားနေကြဆဲဆိုပေမဲ့ အရင်တပါတ်ကျောင်းပိတ်ရက် ဆိုင်မှာ မုန့်လာစားရင်း သစ်သီးဖျော်ရည်
ရောင်းဖို့ အကြံရသွားခဲ့ကြသည်။
ထို့အတွက် ဦးချီ မှာ အများကြီး အကြံထုတ် ရှာဖွေ ရင်း လူငယ်တွေ စိတ်ဝင်စားစေမဲ့ထုတ်ပိုးမူ့ ပုံစံကိုသွားတွေ့ ခဲ့သည် ။
ထိုအရာ သည် ဘူး ပုံစံပြောင်းလဲရန်ဖြစ်ပြီး
ကုန်ကျစရိတ်သည်လည်း အနည်းငယ်တော့ဈေးတက်သွားလေပေမဲ့ ကျေနပ်စရာပိုကောင်းသွား၏။ ဦးချီ၏ အမြတ်အတွက်ကတော့ တစ်ဘူးမှ ၂၀၀ တောင် မကျန်သော်ငြား သော့် သူငယ်ချင်းတွေအတွက်မို့ ငွေရေးကြေးရေး ကိုလျစ်လျူ ရှု့ ထားခဲ့ရ၏။
" ပုံညာ နွားနို့ရပြီ .. နောက်ဖေးတခါထဲပို့လိုက်မယ် "
"အေး ...စုလဲ့ တို့ကို တခါထဲ ကျက်အောင်ကြိုခိုင်းထားလိုက် .. ခဏနေ ငါလာခဲ့မယ်တိုးသိန်း "
မနက်ဖန်မနက်စောစောလာယူမှာမို့
ညနေကတည်းက အကုန်ပြင်ဆင်ထားရမည်ဖြစ်သည်။ နွားနို့ ၊ နို့ စိမ်း နဲ့ စတော်ဘယ်ရီ ၊ ထောပတ်ကို အသီးအရသာများများ ဖြင့် စိမ့် နေအောင် ဖျော်ပေး မည် ဖြစ်သလို ၊ ထိုသို့ လုပ်ဖို့မှာအမြတ်နည်းသလို လက်လည်းဝင်လှ၏။
တစ်ခုကောင်းတာက ဦးချီ ဆိုင်ကလေးသည် ဆိုင်ထိုင်သူထက် ပါဆယ်နှင့် အော်ဒါ များစွာကသာ လက်မလည်အောင် ပိုရောင်းရတာဖြစ်၏။
ဦးချိန်းကျေးဇူးကြောင့်
online မှာ တော့ အတော်လေး နာမည်ရနေသော ဆိုင်လေးတစ်ဆိုင်ဖြစ်၍
လာတာပင်။
" လွင်ဦး ဆိုင်ခဏစောင့်ပေး ငါ အိမ်ဖက် နွားနို့ အိုးကျိုခိုင်းထားတာ ပွက်ကျနေမှာစိုးလို့ သွားကြည့်ဦးမယ် "
" မင်း ထမင်းစားဖို့နောက်ကျနေပြီ တခါထဲစားခဲ့လိုက်လေ ၊ ငါကြည့်ထားလိုက်မယ် "
ညနေ ၃နာရီကျော်နေပြီ သူ့မှာခုထိ နေ့ခင်းစာ မစားရသေး။ အလုပ်ဇောနဲ့ ဗိုက်ဆာလို့ ဆာမှန်းတောင်မေ့၍ နေသည်မို့
သော်သိရင် ဆူမှာကို ခုမှတွေးမိသွားကာ
တနေ့လုံးပြုံးဖို့မေ့နေတဲ့နှုတ်ခမ်းတွေက
ထောင့်ချိုးလေးတွေညွှတ်ပြီး အသက်ဝင်လာခဲ့၏။
" ထမင်းစားမလို့လား ပုံညာ "
"အွန်း..ဘာတွေချက်နေတာလဲ ..
ထူးထွေလုပ်မနေနဲ့ ငါတို့ ဖြစ်သလိုစားတက်ပါတယ် "
" ဘာမှထွေထွေထူးထူး မလုပ်ဘူး ၊
ကြောင်အိမ်ထဲမှာ ငါးကြော်တွေ တွေ့လို့
ဘူးသီးနဲ့ ဆီပြန် ရေလည်လေး ရောထားတာ ။နင်စားတော့မလား ..ငါခူးပေးမယ်"
"နင်တို့လည်း တခါထဲ ထမင်းစားသွားကြလေ.. နောက်ရက် လာမယ်ဆိုရင် အိမ်မှာချက်မလာခဲ့နဲ့ ဒီမှာပဲ ရှိထမင်း၊ ရှိဟင်းနဲ့ ဒီမှာ ဝိုင်းလုပ်ဝိုင်းစား လာပေါင်းစားကြလည်းဖြစ်တယ်.. ငါတို့ကတော့ယောကျာ်းလေးတွေကြီးပဲနေတာဆိုတော့ ဟင်းကတော့ဖြစ်သလိုပဲ...ဒါနဲ့ ယုယရော "
ထမင်းစားပွဲမှာဝင်ထိုင်ရင်း စုလဲ့ တစ်ယောက်ထဲဖြစ်နေသည်မို့ ဘေးဘီ လှည့်ကြည့်ကာ မေးသည်။
" ယုယ က အပေါ်ထပ်မှာ ရှုပ်ပွနေလို့သံရှင်းရေးလုပ်ပေးနေတယ်..နင်စားနေတုန်းငါလည်းတခါထဲဝင်စားလိုက်တော့မယ်..
အရသာဘယ်လိုလဲ အဆင်ပြေလား "
ဦးချီ ခေါင်းညိမ့်ပြကာ ထပ်မဆိုတော့ပဲ
ထမင်းငုံ့ စားနေမိသည်။ ဒီလိုပဲ တရွာထဲသားချင်းမောင်နှမတွေလိုဖြစ်နေတာမို့
အမြင်မတော်တာရှိရင် ဝင်လုပ်ပေးနေကြ
၊ သိမ်းဆည်းပေးနေကြဖြစ်၍ ဦးချီ ဘာမှတော့ ထပ်မပြောဖြစ်။
" ထမင်းထပ်ယူဦးမလား "
"တော်ပြီ စုလဲ့..နင်ချက်တာ စားကောင်းပေမဲ့ အဆာလွန်ပြီး ငါရင်ခံသွားလို့ သိပ်စားမဝင်တော့ဘူး .. ညနေ ဗိုက်ဆာမှ ထပ်စားတော့မယ် "
" နောက်ဆို ထမင်းစားချိန်ကိုနောက်မကျစမ်းနဲ့ ရေရှည်ဆို နင်အစာအိမ်ရောဂါဖြစ်လိမ့်မယ်.. ပေး..ပေး ငါဆေးလိုက်မယ်"
"ရတယ်စုလဲ့ ငါ့ဘာသာဆေးမယ် "
"ပေးစမ်းပါ အားနာရမဲ့သူတွေမှ မဟုတ်တာ ငါဆေးပါ့မယ်"
စုလဲ့က သူစားပြီးသား ပန်းကန်လေးကို ကိုင်ရင်း ဦးချီ ပန်းကန်ကိုပါဆေးပေးရန် လုလိုက်တာမို့ ဦးချီ အားနာစွာစုလဲ့လက်ကောက်ဝတ်ကို ဆွဲထားလိုက်၏။
"နေပါ ငါပဲဆေး.."
"ကိုကို !!"
"ဟင်"
အလန့်တကြား စုလဲ့ ရဲ့လက်ကို လွတ်ချပြီး နောက်လှည့်ကြည့်လိုက်တော့ သော်က ထမင်းစားခန်းပေါက်ဝမှာ သူ့ကို
ဒေါသတကြီး စူးစူးရဲရဲကြည့်နေ၏။ ။
" သော် ဘယ်တုန်းက ပြန်ရောက်တာလဲ "
"ခုမှ "
စကားဆုံးတော့ သော် က ကျောခိုင်းကာ အခန်းထဲကို တန်းဝင်သွား၏။
သော်ကြည့်သွားတဲ့ အကြည့်တွေကို
သူဘာသာမပြန်တက်ပေမဲ့ တခုခုဖြစ်သွားတယ်ဆိုတာ ဦးချီ သိသည်။
ထို့ကြောင့် စုလဲ့ဖက်ကိုလှည့်ကာ
" ငါပဲဆေးတော့မယ်"ဟုပြောပြီး မြန်မြန်ဆန်ဆန်ဆေးကြောကာ အခန်းထဲလိုက်ဝင်ခဲ့သည်။
ကုတင်ပေါ်မှာ သော်က အခန်းပေါက်ဝကိုကျောပေးကာ ကွေကွေးလေးအိပ်နေတာမို့ ဘေးနားသွားရပ်ပြီး နဖူးလေးကိုစမ်းကြည့်ကာ
" နေမကောင်းလို့လားသော် မျက်နှာလေးမလန်းဘူး "
"နေကောင်းပါတယ် ငါခဏအိပ်ချင်လို့ "
" သော် ဘာဖြစ်လို့လဲ ..ဒီဖက်လှည့် ငါနဲ့စကားပြောရအောင် "
"ငါအိပ်ချင်နေတယ်လို့ မင်းကိုပြောနေတယ်လေ နားကန်းနေတာလား "
သော်ဖက်က ရိုင်းစိုင်းစွာ ပြန်အော်လာတာမို့ ဦးချီ မျက်မှောင်ကြုံ့ လျက် စိတ်ပျက်လက်ပျက် ပြောမိသည်။
" သော် ဘယ်လိုလေသံနဲ့ ငါ့ကိုပြောနေတာလဲ မင်းကို စိတ်ပူလို့ပြောနေတာလေ .. "
" မင်းကို ဘယ်သူက စိတ်ပူ ခိုင်းနေလို့လဲ
ပုံညာဦးချီ .. ဘယ်သူက ဂရုစိုက်ခိုင်းနေလို့လဲ!!"
" သော် ..မင်း ! "
ဦးချီ ထောင်းခနဲ ဒေါသထွက်သွား၏။ သို့သော် ချက်ခြင်းပြန်ထိန်းကာစိတ်လျော့လိုက်သည်။ သော် ဘာဖြစ်လာမှန်းသူမသိပေမဲ့ သော့်ကို အကြမ်းပတမ်းဆက်ဆံလို့မရဘူးဆိုတာ သူနားလည်သည်မို့ ...
" မင်းစိတ်မကြည်ရင် နားလိုက် သော်
ငါ ဈေးသွားရောင်းလိုက်ဦးမယ် "
ပြောပြီး ဦးချိ ခြေလှမ်းကျဲနဲ့အခန်းထဲကနေထွက်လာခဲ့လိုက်သည်။ အတော်လေး သော့်ကို စိတ်တိုပေမဲ့ သူ့ဒေါသတွေကိုပြန်မျို ချခဲ့ရတာဟာ တစ်ကောင်ကြွက်ကလေး သော့်ကို သနားလို့။ဒါပေမဲ့ သော် ခုလို သူ့ကို ပြန်ပြောတာကိုတော့ ဦးချီ လုံးဝမကြိုက်ဘူး။
" ဟိတ်ကောင် ထွက်လာတာမြန်လာချည်လား ..ခါတိုင်း ယသော်လင်း ပြန်လာရင် မင်းတို့နှစ်ယောက် တသက်လုံးပြောစရာစကားတွေ စုထားတဲ့အတိုင်း တော်တော်နဲ့ဆိုင်ဖက်ပြန်မလာဘူး ပြောနေလိုက်ကြတာ တမေ့တမော "
လွင်ဦးစကားကို ခွန့်တုန့်မပြန်မိ။
ဦးချီ လုပ်စရာ ရှိတာ တောက်လျောက်
လုပ်နေရင်း သူ့စိတ်တွေကိုဖြေလျော့နေမိသည်။
ပုံမှန်မဟုတ်သော ပုံညာကြောင့် လွင်ဦးတို့ အကုန်လုံး ပါးစပ်ပိတ်သွားကြရုံမက စုလဲ့တို့နှစ်ယောက်ကလည်း လုပ်စရာရှိတာလုပ်ပေးပြီး ညနေထိတောင်မနေသွားကြပဲ စောစောပြန်သွားကြ၏။
" တိုးသိန်း ဒီဧည့်သည်တွေပြန်ရင် ဆိုင်ပိတ်လိုက်တော့ "
"ဟာ ခုမှ ၇နာရီခွဲပဲရှိသေးတယ်လေ
ဆိုင်ပိတ်ချိန်ရောက်ဖို့ အဝေးကြီးလိုသေးတယ် "
" ဒီနေ့ ငါပင်ပန်းနေလို့ စောစော သိမ်းမယ်..မင်းတို့လည်း အပြင်ထွက်လည်ချင် လည်ကြ "
သူပုံမှန်မဟုတ်တာသိ၍ အပိုစကားထပ်မဆိုလာကြပေ။ ဦးချီ စိတ်တွေ တကယ်ပင် ရှုပ်ထွေးနေတာပင်။ သော်နဲ့ ခုလို
ရန်မဖြစ်တာ နှစ်တွေတောင် ကြာလှလေပြီ .. ကလေးတုန်းက ကလေးအရွယ်မို့
စကားများရန်ဖြစ် ရှိခဲ့ဖူးပေမဲ့ နားလည်တဲ့အရွယ်ရောက်မှ စကားများဖို့မပြောနဲ့
ကတောက်ကဆတောင် မဖြစ်ဘူးခဲ့။
သော် စိတ်ရှုပ်လို့ သူ့ကိုအော်လိုက်တာမျိုး ဖြစ်နိုင်သော်ငြားလည်း ဦးချီ ရင်ထဲနေလို့
တစ်စို့ ၍ နေတာတော့အမှန်ပင်။
ဝမ်းနည်းရသလို စိတ်မကောင်းလည်းဖြစ်ရ၏။
သော်ကို တချိန်လုံး သူပိုးမွေးသလို မွေး
ခဲ့တာမို့ သော့်ဖက်က ခုလို လေသံမာမာနဲ့ ပြန်အော်လာတာမျိုးကို သူလက်သင့်မခံနိုင်သေးပေ။
ဦးချီ တွေးနေရင်းဘယ်လိုမှ အလုပ်ဆက်လုပ်လို့ မဖြစ်နိုင်တော့တာကြောင့်
အိမ်ဖက်ကို ပြန်ကူးလာခဲ့သည်။
တညနေလုံး သော်အပြင်မထွက်လာ၍
စိတ်တိုရက်နဲ့ စိတ်ကပူရသေးသည်မို့
အခန်းထဲသို့ အလျင်စလို ဝင်မိချိန်တွင်
" သော်!! "
ဦးချီ သွေးပျက်စွာအော်မိသည်။
သော် သည် စာကြည့်စားပွဲမှာ ထိုင်ရင်း
သူလက်ဖျံကို ဓားနဲ့ ခြစ်ကာ ဆော့နေ၏။
သွေးတွေစိမ့်ထွက်နေသော လက်မှာ
ခဲချွန်ဓားနဲ့ ဆွဲခြစ်ထားတဲ့ ပြတ်ရှရာတွေ
၅ခုထပ်မနည်း။
" သော် ! သော် မင်းရူးနေတာလား ..
ဘာလုပ်တာလဲ ဒါက . .. ဒါက ဘာလုပ်တာလဲလို့ ..ဟာကွာ ယသော်လင်း မင်း
ဘာလို့ တောက်!! "
ယောက်ယက်ခက်စွာ အခန်းတွင်းမှာ ဦးချီ ပြေးလွှားနေမိသည်။ သူ သူ ဘာလုပ်ရမလဲ... သွေး တွေ ...သော်လက်မှာ ..
သူအမှား.. သူပစ်ထားခဲ့လို့ ။
" ဘာလို့လဲ သော်ရာ .. မလုပ်ရဘူးလေ
ဒီလိုတွေ လုပ်လို့မရဘူးလေ သော်ရဲ့ "
အောင့်မျက်လာသော ခံစားချက်နဲ့ သော့်လက်ကလေး တုန်တုန်ရီရီ မထိရက်စွာ ဆွဲယူမိသည်။ ခုဖြစ်သွားတာ သော့်လက်မဟုတ်ပဲ သူနှလုံး တခုလုံးလိုပဲ နာကျင်လာသည်။ထို့ကြောင့် သူ ဝမ်းနည်းစွာ ငိုမိ၏။
နှုတ်မှလည်း " မလုပ်ရဘူးလေ"ဟု တတွတ်တွတ်ရေရွတ်နေကာ သော်လက်ကသွေးတွေကို ငိုရင်းသုတ်ပေးနေမိ၏။
" မငိုနဲ့ "
သော်က သူ့ကိုမော့ကြည့်လာသည်။ သော် မျက်လုံးတွေက နီရဲနေပေမဲ့
မျက်ရည် ကျမနေပေ။ နောက်ဆုံး
ဆုပ်ကိုင်ထားတဲ့ ဓားလေးကို လွှတ်ချ ပြီး
သော်လက်ချောင်းလေးတွေက
သူ့မျက်နှာပေါ်တရွေ့ ရွေ့ တိုးလာ၍
မျက်ရည်တွေကို သုတ်ပေးလာ၏။
သူမထိန်းနိုင်တော့ပါ။ နောက်ဆုံး
ဟီးခနဲ နေအောင် ငိုချ ၍ သော့်ကို ကျစ်ကျစ်ပါအောင်ဖက်ထားမိသည်။
သော်နဲ့ ပတ်သတ်လာရင်သူ ဟာမျက်ရည်လွယ်သူ ၊ အရှုံးပေးတက်သူ ဖြစ်နေဆဲပင်။
သော် က ငယ်ငယ်ကတည်းက
စိတ်ကြီးကာ လိုချင်တာကိုရအောင် လုပ်တက်သော သူ ဖြစ်ပြီး စိတ်မထိန်းနိုင်ရင်လည်း ကိုယ့်အသားနာအောင် လုပ်တက်သူဖြစ်၏။ ထို့ကြောင့် အချိန်တိုင်းသော့်ကို အထိခိုက်မခံရဲအောင် ဦးချီ ဂရုစိုက်ခဲ့ရသည်၊ နွေးထွေးကြင်နာပေးခဲ့ရသည်။
သော့်စိတ်ကို အသိဆုံးသူက သူ ဖြစ်ပါလျက် .. သော့်ကို ပစ်ထားမိခဲ့သလို စိတ်တိုမိခဲ့သည် ။
ဒါတွေအကုန်လုံး သူ့အမှားတွေပင်ဖြစ်သည်။ ..
သူသာ သော့်ကို တစ်ယောက်ထဲမထားရစ်ခဲ့ရင် ဒီလို သော်လုပ်မှာမဟုတ်ပေ...
" ကိုကိုတောင်းပန်ပါတယ် သော်ရယ် "
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz