ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

34

eainsi23

" ထူးထူးဆန္းဆန္း ..ယေသာ္လင္း မီးဖိုေခ်ာင္ဝင္ေနတယ္ေဟ့ ငါတို ႔ထီထိုးၾကမလား ..တင္ေမာင္ညႊန္႔ "

"ဟုတ္သားပဲ ဘာေတြစိတ္ၾကည္ေနတာလဲ ခါတိုင္းဒီခ်ိန္ ေက်ာင္းသြားဖို႔ ျပာယာခတ္ေနတဲ့ေကာင္က..ေနပါဦး မင္းက ခ်က္ေရာခ်က္တက္လို႔လားကြ .. "

ဦးခ်ီ သူဖုတ္ထားတဲ့ ကိတ္မုန္႔ေသးေသးေလးေတြကို ဗန္းထဲေသခ်ာေျပာင္းထည့္ေနရင္း ေသာ့္ကိုစိတ္ဝင္တစား ဝိုင္းေမးေနၾကတဲ့ သူငယ္ခ်င္းေတြကို ၿပံဳးလ်က္

" ဒီေန႔ေသာ္ ေက်ာင္းပိတ္တယ္ေလ..
သြားရႈပ္မေနနဲ ့ ေအာ္ဆဲခံေနရမယ္လြင္ဦး။ ဒီကိုလာ ၿပီး မုန္႔ဗန္းေတြ ဆိုင္ထဲသယ္ေပး "

"မင္းကေရာ ကိတ္မုန္႔ေတြအမ်ားႀကီး ဘာလို႔ဖုတ္ေနတာလဲ .. တေန႔ တေန ႔နားနားေနေန ေနလို႔မရဘူးလားပံုညာရာ "

" မုန္႔ဖုတ္တာ ဘာခက္တာမွတ္လို႔ လဲ .. ဒါက ဒီေန ႔ ေက်ာင္းက ေသာ့္သူငယ္ခ်င္းေတြ လာမယ္ဆိုလို႔ လုပ္ေကြၽးတာပါ..ေသာ္ ဘာကိတ္စားမွာလဲ "

" Cheese cake "

ၾကက္သြန္ျဖဴ ကို တဒုန္းဒုန္းေထာင္းရင္း
ေသာ္လွမ္းေအာ္သည္။ တကယ္ဆို ေသာ္က ထမင္းဟင္းခ်က္ေကာင္းသူမဟုတ္ေပ။ ဆိုင္စဖြင့္တဲ့ေနကတည္း အၿမဲတမ္း ျဖစ္သလို စားေနရတဲ့ ကိုကို႔အတြက္ ႀကိဳးစားခ်က္ေပးျခင္းသာ။

ေသာ္က ေန႔ခင္းေက်ာင္းသြားရင္ ကန္တင္းမွာ ဟင္းေကာင္းေကာင္းနဲ႔ထမင္းစားနိုင္ေသာ္လည္း ကုိကိုကေတာ့မတူေပ။
တခါတေလ ထမင္းစားခ်ိန္ေနာက္က်၍ ရင္ခံၿပီးမစားနိုင္တဲ့ေန႔ေတြေတာင္ရွိသည္တဲ့။

ထို႔အတြက္ ေသာ္ မ်ားစြာစိတ္မေကာင္းျဖစ္ရပါသည္။ ေသာ္ဒီေန႔ သက္ပံုပို႔ေပးထားေသာ ဝက္သားျပဳတ္ေၾကာ္ကို
ေနာက္ရက္ထိ အထားခံေအာင္ အမ်ွင္ေသးေသးေတြႏႊာကာ ၾကက္သြန္နီနဲ ့
ဝက္သားေမႊေၾကာ္ျပန္ေၾကာ္မွာျဖစ္သည္။
အသားသီးသန္႔ ဆိုေပမဲ့ ပါတဲ့အေခါက္ အနည္းကိုေတာ့ ေနာက္ရက္မွ ပုန္းရည္ နဲ႔ျဖစ္ျဖစ္ ခရမ္းသီးနဲ႔ျဖစ္ျဖစ္ ေရာခ်က္ဖို႔ခ်န္ထားလိုက္၏။

ဒီေန႔အတြက္ကေတာ့ မန္က်ည္းသီးစိမ္းကို ေထာင္းကာ ဆီသပ္ ခ်က္ၿပီး နံနံမိတ္၊ ငရုတ္သီးစိမ္း အုပ္ကာ
ေမႊးေမႊးေလးခ်က္မွာျဖစ္ၿပီး ဆီတို႔ဖူး ကို ပဲဆီဆမ္းၿပီး အရံဟင္းၾကမ္းအျဖစ္စားဖို႔ ေတြးထားသည္။ ေသာ္က ထူးဆန္းေသာ ဟင္းမ်ိဳးေတြကို မခ်က္တက္သည္မို ႔
အေၾကာ္အေလွာ္ ေလာက္သာ ေ႐ြးခ်ယ္ခ်က္ေပးျခင္းသာျဖစ္၏။

" ယေသာ္လင္း ငါဘာလုပ္ကူရမလဲ "

ေဘးနားမွာ လာရပ္ေသာ လူရိပ္ေၾကာင့္
ေမာ့ၾကည့္ျဖစ္သည္ ။ ထိုသူသည္ ခုမွ အိပ္ယာထ ၊ မ်က္နွာသစ္လာေသာ သံေခ်ာင္းျဖစ္ေနသည္မို႔ ေခါင္းရမ္းျပလိုက္သည္။

" ေတာ္ၿပီ မင္းမ်က္နွာသုတ္ပီးရင္း ကိုကို ႔ကို သြားကူလုပ္ေပးလိုက္စမ္းပါကြာ ..
ဒီေန ႔ ထမင္းေစာေစာေကြၽးမလို႔သူကို "

"ေနဦးေလ ငါမနက္စာ မစားရေသးဘူး
စားၿပီးမွပဲ ... "

"ဘာလို႔ စားေနအံုးမွာလဲ ေတာ္ၾကာေန ေန႔ခင္းစာ စားခ်ိန္ေရာက္ေတာ့မွာ ..မင္းအိပ္ယာထတဲ့အခ်ိန္လဲ ၾကည့္ဦး ၁၀နာရီ ထိုးေနၿပီ ..သြားပါ ငါခိုင္းသလို ကိုကို႔ကိုသာ သြားကူ လုပ္ေပးလိုက္ ..ငါဟင္းက်က္ရင္လွမ္းေအာ္လိုက္မယ္"

သံေခ်ာင္း မေက်မနပ္ျဖစ္သြား၏။
ယေသာ္လင္း က ထိုင္ၿပီး ဝက္သားတံုးကိုလက္နဲ႔ဖဲ့ေနတာမို ႔ သူလက္သီးနဲ႔႐ြယ္လိုက္တာကိုမျမင္ေပ။ မနက္အိပ္ယာထ ေနာက္က်တယ္ဆိုတာကလည္း ညဆို
သင္တန္းက စာေတြ သူလည္းျပန္က်က္ရေသးသည္ေလ။ ၿပီးေတာ့ သူ႔လင္က
ဆိုင္ပိတ္တဲ့အထိ မၿပီးနိုင္မစီးနိုင္ခိုင္းတာက် သူမျမင္ဘူး။ မေက်နပ္တာေတြသာ
အကုန္ေျပာလိုက္ရရင္ျဖင့္ ယေသာ္လင္းနဲ႔ သူနဲ႔ ဒီေနရာမွာ နပန္းသတ္ရနိုင္သည္။

" မသြားေသးပဲ အဲ့ဒါဘာလုပ္ေနတာလဲ"

"အဲ.. ဘာမွမလုပ္ဘူး အခုသြားေတာ့မလို ႔"

ခပ္သုတ္သုတ္ဆိုင္ဖက္ကို သံေခ်ာင္းကူးခဲ့လိုက္သည္။ သို႔ေသာ္ ဆရာႀကီးလုပ္ခ်င္တဲ့ ယေသာ္လင္းကိုေတာ့ သူဘာမွျပန္မေျပာခဲ့ရသည္ေၾကာင့္

"ရုပ္ေခ်ာေကာင္ျမင့္ျမတ္ဟိန္း မင္းက ငေၾကာက္လား ၊ ဟိုေကာင္ကို ဒါေလးေတာင္ မင္းမေျပာရဲဘူးလား ဟမ္!
မင္းရဲ႕ေခ်ာေမာတဲ့ ရုပ္ရည္ကိုေတာ့
သူရဲေဘာ ေၾကာင္တဲ့ အျပဳအမူေတြနဲ႔ သိကၡာမခ်သင့္ဘူးကြ ငါ့နွယ္ "

ကိုယ့္ေခါင္းကို လက္သီးစုတ္နဲ ့သံုးေလးခ်က္ထုရင္း မေက်မနပ္ သံေခ်ာင္းေရ႐ြတ္လိုက္သည္။

"အဲ့ဒါဘာျဖစ္လာတာလဲ သံေခ်ာင္းရ"

"ေဘာသံေခ်ာင္း ! အေဖ ဦးျမင့္ေဇာ္ အေမ ေဒၚျမတ္သူ တို႔ရဲ႕ ဒုတိယေျမာက္ သားေခ်ာ သားလွရတနာေလး အိမ္နာမည္ ဟိန္းကေလးေခၚ ျမင့္ျမတ္ဟိန္း ကြ၊
ေနာက္ကို မင္းေယာက္ဖ နာမည္ မွားေခၚရင္ ငါ့အမနဲ႔ မင္းကို တသက္လံုး သေဘာမတူဘူးမွတ္ထား အံ့ေမာင္ "

"အဲ အဲ့လိုေတာ့ မလုပ္ပါနဲ ့ေယာက္ဖေလးရယ္၊ငါမွားသြားပါတယ္ကြာ မမ ရဲ႕ အခ်စ္ကို မရေသးခင္ ေယာက္ဖကပါ မုန္းသြားမယ္ဆိုရင္ ငါ ရင္ကြဲရလိမ့္မယ္ေနာ္ "

စိတ္ဆိုးေနတဲ့ သံေခ်ာင္းကို အံ့ေမာင္အတင္းလိုက္ေခ်ာ့ေနတာကိုၾကည့္ၿပီး က်န္လူမ်ားက တဟားဟားရယ္ေနၾကသည္။
တကယ္က အံ့ေမာင္က သံေခ်ာင္းအမကို
ႀကိဳက္ေနတာျဖစ္ၿပီး အသက္အရ ၂နွစ္ေက်ာ္ေလာက္ကြာေလသည္။ မျမတ္ေလး ကေတာ့
စစ္ကိုင္းပညာေရး တကၠသိုလ္မွာ ေက်ာင္းတက္ေနကာ အံ့ေမာင္ကို စိတ္ဝင္စားဟန္ေတာ့မရွိလွ။ ထို႔ေၾကာင့္ အံ့ေမာင္မွာ
သံေခ်ာင္းရဲ႕အၿငိဳအျငင္ကို မခံရဲရွာတာျဖစ္သည္။

" ပံုညာ စုလဲ့ရီတို႔ အဖြဲ႕ ဘယ္ေန႔ အေဆာင္ကေျပာင္းခဲ့မလဲ ။ ငါတို ႔သြားေ႐ြ ႕ကူးရဦးမွာလား "

"ရတယ္ ဟိုကေန သံုးဘီးငွားလာၾကမယ္တဲ့ ေသာ့္အိမ္ေသာ့ကို မနက္က လာေတာင္းသြားတာ ၾကည့္ရတာ သူတို႔ဘာသာ သြားၾကမယ္ထင္တယ္ ။ အကူညီလိုရင္ဖုန္းဆက္ဖို ႔ ဖုန္းနံပါတ္ေပးလိုက္တယ္ ..လိုရင္ေတာ့ေခၚမွာေပါ့ "

"ဘယ္နွစ္ေယာက္ေနမွာတဲ့လဲ "

"ေလာေလာဆယ္ေတာ့ ၆ေယာက္ေလာက္ေနမယ္ထင္တယ္..သက္ပံုကေတာ့
ေနာက္ထပ္ ေနခ်င္တဲ့သူေတြေနလို႔ရေအာင္ အိမ္ေနာက္ဖက္မွာ အဖီဆြဲေပးမလို႔ေတာ့ေျပာေနတာပဲ။ ဘာပဲေျပာေျပာ ႐ြာကေန တကူးတက ေက်ာင္းလာတက္ရေတာ့ အေဆာင္စရိတ္ သက္သာနည္းလား
တခုပဲ အိမ္ေလးကို မပ်က္မစီးေအာင္
ဂရုတစိုက္ ေနဖို႔ ကိုေတာ့ေျပာထားရအံုးမယ္ "

" ေအးပါ ေျပာေတာ့ေျပာရမွာဆိုေပမဲ့
ငါတို႔႐ြာသူေတြအကုန္လံုး သန္႔သန္႔ရွင္းရွင္းေနတက္တဲ့သူေတြႀကီးပါပဲ .. စိတ္ပူမေနပါနဲ႔မိန္းကေလးေတြႀကီးေနတာ
အိမ္ထိန္းသိမ္းတာေလာက္ေတာ့ လုပ္ၾကမွာပါ"

ဦးခ်ီ ေနာက္ထပ္ စကားထပ္မဆိုျဖစ္ေပမဲ့ စိတ္ထဲမွာေတာ့ သတိေပးခ်က္ စာ႐ြက္ေတြသြားကပ္ထားဖို႔ကို ဆံုးျဖတ္ထားၿပီးသား။ ဦးခ်ီ အေနနဲ႔ ပံုမွန္ဆိုရင္ နွေျမာမတြန္႔တိုတက္ေပမဲ့ ေသာ့္ရဲ႕အိမ္ကေလးမို႔
လက္လြတ္စပယ္ မလုပ္လိုက္ခ်င္တာပင္။

" ကိုကိုေရ ထမင္းစားရေအာင္ "

မာလကာသီးေတြ ေရေဆးၿပီး ဗန္းထဲ ေသခ်ာထည့္ေနရာမွ လက္ေမာင္းကို လာဆြဲေခၚေနတဲ့ ေသာ့္ေၾကာင့္ ဦးခ်ီမွာ
ဆက္ထည့္လို႔မရေတာ့။

"ခဏေလး ေသာ္ ဒါေလးၿပီးေအာင္.."

"ထားခဲ့သူတို႔ အားရင္ လုပ္လိမ့္မယ္"

သံေခ်ာင္းတို႔ ငါးေယာက္ ေခါင္းကေလးေတြ ေထာင္သြားၾကသည္။ အဆိုးဆံုးကေတာ့ သံေခ်ာင္းပင္ မဲေမွာင္ေနတဲ့ မ်က္နွာျဖင့္ စားပြဲသုတ္ေနတဲ့ အဝတ္စုတ္ကို ပစ္ ခ်ၿပီး ခံုမွာ ေစာင့္ႀကီးေအာင့္ႀကီးဝင္ထိုင္၏
သူမွာေတာ့ ခုထိမနက္စာ မစားရေသးတာကို
တခ်ိဳ ႕ေသာ သူေတြက လက္ခ်င္းခ်ိတ္ၿပီး
ေန႔ခင္းစာ စားဖို႔သြားၾကသတဲ့။

_________

" ဘာခ်က္ထားတာလဲ ေသာ္ "

စားပြဲမွာ အတင္းထိုင္ခိုင္းေနျပန္တာေၾကာင့္ သူ႔မွာေသာ့္အလိုက် ထိုင္ရျပန္သည္။
ေသာ္က ေမးတာကိုမေျဖ အုပ္ေဆာင္းဖြင့္ကာ ခပ္ေမာက္ေမာက္ ခူးထားေသာ ထမင္းဇလံု ကို ဆြဲထုတ္လာ၏။

" ငါ နဲ႔အတူတူစားမယ္..ငယ္ငယ္က ပါးပါးလို ခြံ႕ေကြၽး "

" အဲ့တုန္းက ေသာ္က ကေလးေလးမို႔ ပါးပါးကခြံ ့တာေလ "

"ဘာလဲ မင္းက မခြံ႕ခ်င္လို႔လား "

ခ်က္ျခင္း စူပုတ္သြားတဲ့ ေသာ့္ေၾကာင့္ သူမွာ မေနနိုင္ျပန္

" မဟုတ္ပါဘူးကြာ ကဲ ေသာ္ နႈတ္ခမ္းႀကီးစူမေနနဲ ့ငါလက္ေရသြားေဆးလိုက္ဦးမယ္
"

ေဘစင္မွာ ေသခ်ာလက္ေဆးၿပီး ထမင္းစားပြဲျပန္ထိုင္ေတာ့ ေသာ္မ်က္နွာက ၿပံဳးၿပံဳးရႊင္ရႊင္ျဖစ္ေနျပန္သည္။

" အေျပာင္းအလဲျမန္ခ်က္ေနာ္ ယေသာ္လင္းတို႔က "

" ငါက ဘယ္သူမို႔လို႔လဲ ..ကိုကို႔ေသာ္ေလ ၊ မင္းပဲအရင္ကေတာ့ ခ်စ္စရာေလးဆို "

" မေျပာမိပါဘူး "

"ကိုကိုေနာ္ ငါ စိတ္မတိုခ်င္ဘူး "

"ေၾကာက္ပါတယ္ဗ်ာ ၊ မတိုလိုက္ပါနဲ႔
ကဲ ေသာ္ေရ ကိုကို ဘာနဲ႔ေကြၽးရမွာလဲ
ဒီမွာ ဟင္းက အရည္ေသာက္လဲမပါဘူး "

"အရည္ေသာက္ က ေရေႏြးငဲ့ထားတယ္ေလ ။ ငါ ဒီေန႔ မက်ည္းသီးေထာင္းဆီျပန္ေလးခ်က္ထားတယ္ အဲ့ဒါနဲ႔ ဆီတို႔ဖူးနဲ႔ နွယ္ေကြၽး ..ၿပီးရင္ ေဟာဒီက ဝက္သားမႊေၾကာ္ေလးနဲ႔ အာ ကိုကိုျမန္ျမန္နွယ္ ငါစားခ်င္လွၿပီ "

"လာေခၚေတာ့ ကိုကိုေရ ထမင္းစားရေအာင္ဆို "

လက္နဲ႔ ေသခ်ာနွယ္ထားတဲ့ ထမင္းကို ေသာ့္ကိုအရင္ခြံ႕ကာ ဦးခ်ီ ေမးသည္။
စိတ္ဆိုးျခင္းေတာ့ မရွိပါ။ ေသာ္က ကေလးေလးပဲရွိေသးသည္မို ႔ေသာ္နဲ႔ပတ္သတ္သမ်ွအရာရာသည္ သူ႔အေနနဲ႔ သနားၾကင္နာစိတ္ပဲဝင္တက္သည္။
ေသာ္ကပလုတ္ပေလာင္းစားေနရင္းနဲ႔ပင္

" ကိုကိုရာ ေကာင္းလိုက္တာ မင္းစားၾကည့္"ဟု ဦးခ်ီကိုပါ စားခိုင္းျပန္သည္။

မန္က်ည္းသီး၏ အရသာက ခ်ဥ္ေပမဲ့ ပုဇြန္ေျခာက္ ငပိမ်ားမ်ား ထည့္ခ်က္ထားတာမို ႔စားေကာင္းလွ၏။ ေနာက္ၿပီး ဆီတို႔ဖူးသည္ အနည္းငယ္ ေလးတဲ့ဖက္ သြားကာ
အကုန္ေပါင္း နွယ္ဖက္လိုက္ေတာ့အရသာက အေနေတာ္ျဖစ္သြားေလသည္။

ေရေႏြးေသာက္လိုက္ တေယာက္ တစ္လုတ္စားလိုက္ျဖင့္ ထမင္း နွစ္ဇလံုေလာက္ ကုန္သြား၏။ ထို႔ေနာက္ ေသာ္က ေႏြးစ ျပဳေနတဲ့ ေရေႏြးကို တဖူးဖူးမႈတ္ေသာက္ျပန္သည္။ ေသာ့္ပံုစံက အရာရာ စိတ္ေအးလက္ေအးရွိေနတဲ့ပံုမ်ိဳး။

" ေသာ္ မင္းထမင္းေတြ ခုတေလာ အမ်ားႀကီးစားနိုင္လာတယ္ေနာ္။ အဲ့ဒါေၾကာင့္ေနမွာ ေသာ့္အရပ္ကေလး ရွည္လာတယ္ .. ညဆို ေဆးေရာ ေသာက္တယ္မို႔လား "

"ေသာက္တယ္ေလ ..မေသာက္မခ်င္း မင္းေျပာေနမွေတာ့ ေသာက္ရတာေပါ့ "

ေသာ္ရဲ႕ ျငဴ စူသံေလးေၾကာင့္ ဦးခ်ီမွာ ၿပံဳးရျပန္သည္။ ဒီကေလးက တကယ္ ေဆးမေသာက္ခ်င္တာပဲ။

" ၁၈နွစ္ျပည့္ေအာင္ထိေတာ့ေသာက္ရမယ္ထင္တယ္ လာ ေသာ္ ကိုကိုတို႔အရပ္တိုင္းၾကည့္ရေအာင္ "

ဦးခ်ီ လက္သြားေဆးၿပီး ေသာ့္ကို ဆြဲကာ
အခန္းေပါက္ဝေရွ႕က သစ္သားတိုင္မွာ
ေက်ာမွီၿပီးကပ္ေစလိုက္သည္။ ထိုေနရာမွာ လတိုင္း ေသာ့္ကိုအရပ္တိုင္းေပးထားတဲ့အမွတ္သားေလးေတြရွိေလ၏။

" ဟားဟား တစ္လက္မ ရွည္လာတယ္ေသာ့္ရ .. ေသာ္က လူေလးေသးလို႔သာ မသိသာတာ ။ ၅ေပ၇လက္မဆိုတာ သိပ္မပုေတာ့ပါဘူး .. ေဆးေတာ့ ေသာက္ေပးဦးေနာ္ ဒါမွ ကိုကို႔ေသာ္ အရပ္ကေလးဒီထက္ပိုရွည္လာမွာ "

"မင္းအရပ္နဲ႔ ယွဥ္ၿပီး ငါ့ကို ပုတယ္ေျပာေနတာ ေက်ာင္းမွာဆိုရင္ ငါက ပုတဲ့ထဲမပါဘူး ..ခု ငါနဲ႔ခင္တဲ့ လျပည့္တို႔ သံုးေယာက္က ငါ့ထပ္နည္းနည္းေတာင္ ပုခ်င္ေသးတယ္"

ေသာ္က ဦးခ်ီ ကို ေခါင္းေမာ့ကာ ရန္ေတြ႕လာပါသည္။ သို႔ေပမဲ့ ေသာ့္အရပ္ကေလးသည္ ရွည္လ်ား ထြားက်ိဳင္းတဲ့ ဦးခ်ီနဲ႔ယွဥ္ရင္ ပုခံုးေလာက္သာ မေရာက္ခ်င္ေရာက္ခ်င္နဲ႔ မမွီမကမ္းရွိေနသည္မို ႔ သူခမ်ာ
အေတာ္ေလးမ်က္နာေမာ့ေနရရွာပါသည္။

ဦးခ်ီ ၿပံဳးကာ ေသာ့္နဖူးကုိ လက္သီးနဲ႔မနာေအာင္ထုလိုက္သည္။ ရႈံ ့မဲ့သြားေပမဲ့
ျပန္ေတာ့ မလုပ္လာပါ။ အရင္ကဆိုရင္ ယေသာ္လင္းက လက္ျမန္ေျချမန္ပင္။
ကေလးဘဝကို ျပန္ေတြးၾကည့္မယ္ဆိုရင္
သူ႔မွာ ေသာ့္ေၾကာင့္ ငိုခဲ့ရတာအခါခါပင္။

" ယေသာ္လင္း မင္းသူငယ္ခ်င္းေတြေရာက္ေနၿပီ "

တင္ေမာင္ၫြန္႔က စပ္ၿဖဲၿဖဲရုပ္နဲ႔ လာေခၚသည္ေၾကာင့္ ေသာ္ ဦးခ်ီကို လက္နဲ႔ ကုတ္ကာ တိုးတိုးေလးကပ္ေျပာလိုက္သည္။

"မင္းသူငယ္ခ်င္းေတြက နွာဗူးေတြသိလား.. ဒါေပမဲ့ မင္းေတာ့ မပါေစနဲ႔ ..
ခုလာတဲ့ နန္းျမတ္နဲ႔ သုသုက အလွေလးေတြ ဆိုေတာ့ မင္းပါ ငမ္းေၾကာထရင္ ငါနဲ႔ေတြ႕မယ္ "

ေသာ္က ႀကိမ္းေမာင္းၿပီးေရွ႕ကေန ေဘာက္ဆတ္ေဘာက္ဆတ္ သြားသည္မို႔ ဦးခ်ီ
ခ်စ္စနိုးၾကည့္ကာ ေခါင္းရမ္းလိုက္မိသည္။
တေန႔တေန ႔ဆိုင္မွာ မုန္႔လာစားတဲ့ အေခ်ာအလွေလးေတြ အေၾကာင္းကိုသာ ေျပာလိုက္ရင္ ေသာ္ေက်ာင္းေတာင္သြားေတာ့မဟုတ္။

မင္းမသိလို႔ပါ ေသာ္..
ငါရဲ႕ပထမ ရည္႐ြယ္ခ်က္ကမင္းမို႔
တျခား အလွအပေတြကို ျမင္ေနရင္ေတာင္ ငါ့မွာ ခံစားဖို႔အခ်ိန္မရွိေသးပါဘူး ...

ေနာက္ကေန ျဖည္းျဖည္းလိုက္သြားရင္း ဆိုင္ထဲဝင္ေတာ့ ေသာ္က ခံုမွာထိုင္ၿပီး သူ႔သူငယ္ခ်င္းအဖြဲ႕ကိုစကားေတြေျပာရင္း ဧည့္ခံေနေလသည္။ ေယာက်ာ္းေလးသံုးေယာက္ မိန္းကေလး နွစ္ေယာက္ ျဖစ္ကာ
ရည္ရည္မြန္မြန္ေလးေတြမို႔ ေသာ့္အတြက္သူ႔မွာ ေက်နပ္သြားတာေတာ့အမွန္ပင္။

ျပီးေတာ့ ေကာင္မေလးနွစ္ေယာက္က ေသာ္ေျပာသလိုပဲ တကယ္လွတယ္ဆိုတာ
အလုပ္ လုပ္ေနရင္းနဲ႔ မသိေအာင္ ကြက္ၾကည့္ကြက္ၾကည့္ လုပ္ေနၾကတဲ့ တံငါကုန္းသား ငါးေယာက္က သက္ေသပင္။
ရယ္ခ်င္ေပမဲ့ ရည္းစားလိုခ်င္ေနတာ တပိုင္းမက ေသေနၾကသူမ်ားမို႔ ဦးခ်ီမွာ မတားရက္ပါ..

ခြင့္လြတ္ပါ ေသာ္ေရ ..
မင္းေျပာသလို ကိုကို မငမ္းရင္ ေတာ့
အဆင္ေျပတယ္မို႔လား ..က်န္တဲ့ငါးေယာက္ကိုေတာ့ ကိုကိုလည္း မနိုင္ေတာ့လို႔ပါ

ခ်စ္တဲ့အိမ္စည္။

" ထူးထူးဆန်းဆန်း ..ယသော်လင်း မီးဖိုချောင်ဝင်နေတယ်ဟေ့ ငါတို့ ထီထိုးကြမလား ..တင်မောင်ညွှန့် "

"ဟုတ်သားပဲ ဘာတွေစိတ်ကြည်နေတာလဲ ခါတိုင်းဒီချိန် ကျောင်းသွားဖို့ ပြာယာခတ်နေတဲ့ကောင်က..နေပါဦး မင်းက ချက်ရောချက်တက်လို့လားကွ .. "

ဦးချီ သူဖုတ်ထားတဲ့ ကိတ်မုန့်သေးသေးလေးတွေကို ဗန်းထဲသေချာပြောင်းထည့်နေရင်း သော့်ကိုစိတ်ဝင်တစား ဝိုင်းမေးနေကြတဲ့ သူငယ်ချင်းတွေကို ပြုံးလျက်

" ဒီနေ့သော် ကျောင်းပိတ်တယ်လေ..
သွားရှုပ်မနေနဲ့ အော်ဆဲခံနေရမယ်လွင်ဦး။ ဒီကိုလာ ပြီး မုန့်ဗန်းတွေ ဆိုင်ထဲသယ်ပေး "

"မင်းကရော ကိတ်မုန့်တွေအများကြီး ဘာလို့ဖုတ်နေတာလဲ .. တနေ့ တနေ့ နားနားနေနေ နေလို့မရဘူးလားပုံညာရာ "

" မုန့်ဖုတ်တာ ဘာခက်တာမှတ်လို့ လဲ .. ဒါက ဒီနေ့ ကျောင်းက သော့်သူငယ်ချင်းတွေ လာမယ်ဆိုလို့ လုပ်ကျွေးတာပါ..သော် ဘာကိတ်စားမှာလဲ "

" Cheese cake "

ကြက်သွန်ဖြူ ကို တဒုန်းဒုန်းထောင်းရင်း
သော်လှမ်းအော်သည်။ တကယ်ဆို သော်က ထမင်းဟင်းချက်ကောင်းသူမဟုတ်ပေ။ ဆိုင်စဖွင့်တဲ့နေကတည်း အမြဲတမ်း ဖြစ်သလို စားနေရတဲ့ ကိုကို့အတွက် ကြိုးစားချက်ပေးခြင်းသာ။

သော်က နေ့ခင်းကျောင်းသွားရင် ကန်တင်းမှာ ဟင်းကောင်းကောင်းနဲ့ထမင်းစားနိုင်သော်လည်း ကိုကိုကတော့မတူပေ။
တခါတလေ ထမင်းစားချိန်နောက်ကျ၍ ရင်ခံပြီးမစားနိုင်တဲ့နေ့တွေတောင်ရှိသည်တဲ့။

ထို့အတွက် သော် များစွာစိတ်မကောင်းဖြစ်ရပါသည်။ သော်ဒီနေ့ သက်ပုံပို့ပေးထားသော ဝက်သားပြုတ်ကြော်ကို
နောက်ရက်ထိ အထားခံအောင် အမျှင်သေးသေးတွေနွှာကာ ကြက်သွန်နီနဲ့
ဝက်သားမွှေကြော်ပြန်ကြော်မှာဖြစ်သည်။
အသားသီးသန့် ဆိုပေမဲ့ ပါတဲ့အခေါက် အနည်းကိုတော့ နောက်ရက်မှ ပုန်းရည် နဲ့ဖြစ်ဖြစ် ခရမ်းသီးနဲ့ဖြစ်ဖြစ် ရောချက်ဖို့ချန်ထားလိုက်၏။

ဒီနေ့အတွက်ကတော့ မန်ကျည်းသီးစိမ်းကို ထောင်းကာ ဆီသပ် ချက်ပြီး နံနံမိတ်၊ ငရုတ်သီးစိမ်း အုပ်ကာ
မွှေးမွှေးလေးချက်မှာဖြစ်ပြီး ဆီတို့ဖူး ကို ပဲဆီဆမ်းပြီး အရံဟင်းကြမ်းအဖြစ်စားဖို့ တွေးထားသည်။ သော်က ထူးဆန်းသော ဟင်းမျိုးတွေကို မချက်တက်သည်မို့
အကြော်အလှော် လောက်သာ ရွေးချယ်ချက်ပေးခြင်းသာဖြစ်၏။

" ယသော်လင်း ငါဘာလုပ်ကူရမလဲ "

ဘေးနားမှာ လာရပ်သော လူရိပ်ကြောင့်
မော့ကြည့်ဖြစ်သည် ။ ထိုသူသည် ခုမှ အိပ်ယာထ ၊ မျက်နှာသစ်လာသော သံချောင်းဖြစ်နေသည်မို့ ခေါင်းရမ်းပြလိုက်သည်။

" တော်ပြီ မင်းမျက်နှာသုတ်ပီးရင်း ကိုကို့ ကို သွားကူလုပ်ပေးလိုက်စမ်းပါကွာ ..
ဒီနေ့ ထမင်းစောစောကျွေးမလို့သူကို "

"နေဦးလေ ငါမနက်စာ မစားရသေးဘူး
စားပြီးမှပဲ ... "

"ဘာလို့ စားနေအုံးမှာလဲ တော်ကြာနေ နေ့ခင်းစာ စားချိန်ရောက်တော့မှာ ..မင်းအိပ်ယာထတဲ့အချိန်လဲ ကြည့်ဦး ၁၀နာရီ ထိုးနေပြီ ..သွားပါ ငါခိုင်းသလို ကိုကို့ကိုသာ သွားကူ လုပ်ပေးလိုက် ..ငါဟင်းကျက်ရင်လှမ်းအော်လိုက်မယ်"

သံချောင်း မကျေမနပ်ဖြစ်သွား၏။
ယသော်လင်း က ထိုင်ပြီး ဝက်သားတုံးကိုလက်နဲ့ဖဲ့နေတာမို့ သူလက်သီးနဲ့ရွယ်လိုက်တာကိုမမြင်ပေ။ မနက်အိပ်ယာထ နောက်ကျတယ်ဆိုတာကလည်း ညဆို
သင်တန်းက စာတွေ သူလည်းပြန်ကျက်ရသေးသည်လေ။ ပြီးတော့ သူ့လင်က
ဆိုင်ပိတ်တဲ့အထိ မပြီးနိုင်မစီးနိုင်ခိုင်းတာကျ သူမမြင်ဘူး။ မကျေနပ်တာတွေသာ
အကုန်ပြောလိုက်ရရင်ဖြင့် ယသော်လင်းနဲ့ သူနဲ့ ဒီနေရာမှာ နပန်းသတ်ရနိုင်သည်။

" မသွားသေးပဲ အဲ့ဒါဘာလုပ်နေတာလဲ"

"အဲ.. ဘာမှမလုပ်ဘူး အခုသွားတော့မလို့ "

ခပ်သုတ်သုတ်ဆိုင်ဖက်ကို သံချောင်းကူးခဲ့လိုက်သည်။ သို့သော် ဆရာကြီးလုပ်ချင်တဲ့ ယသော်လင်းကိုတော့ သူဘာမှပြန်မပြောခဲ့ရသည်ကြောင့်

"ရုပ်ချောကောင်မြင့်မြတ်ဟိန်း မင်းက ငကြောက်လား ၊ ဟိုကောင်ကို ဒါလေးတောင် မင်းမပြောရဲဘူးလား ဟမ်!
မင်းရဲ့ချောမောတဲ့ ရုပ်ရည်ကိုတော့
သူရဲဘော ကြောင်တဲ့ အပြုအမူတွေနဲ့ သိက္ခာမချသင့်ဘူးကွ ငါ့နှယ် "

ကိုယ့်ခေါင်းကို လက်သီးစုတ်နဲ့ သုံးလေးချက်ထုရင်း မကျေမနပ် သံချောင်းရေရွတ်လိုက်သည်။

"အဲ့ဒါဘာဖြစ်လာတာလဲ သံချောင်းရ"

"ဘောသံချောင်း ! အဖေ ဦးမြင့်ဇော် အမေ ဒေါ်မြတ်သူ တို့ရဲ့ ဒုတိယမြောက် သားချော သားလှရတနာလေး အိမ်နာမည် ဟိန်းကလေးခေါ် မြင့်မြတ်ဟိန်း ကွ၊
နောက်ကို မင်းယောက်ဖ နာမည် မှားခေါ်ရင် ငါ့အမနဲ့ မင်းကို တသက်လုံး သဘောမတူဘူးမှတ်ထား အံ့မောင် "

"အဲ အဲ့လိုတော့ မလုပ်ပါနဲ့ ယောက်ဖလေးရယ်၊ငါမှားသွားပါတယ်ကွာ မမ ရဲ့ အချစ်ကို မရသေးခင် ယောက်ဖကပါ မုန်းသွားမယ်ဆိုရင် ငါ ရင်ကွဲရလိမ့်မယ်နော် "

စိတ်ဆိုးနေတဲ့ သံချောင်းကို အံ့မောင်အတင်းလိုက်ချော့နေတာကိုကြည့်ပြီး ကျန်လူများက တဟားဟားရယ်နေကြသည်။
တကယ်က အံ့မောင်က သံချောင်းအမကို
ကြိုက်နေတာဖြစ်ပြီး အသက်အရ ၂နှစ်ကျော်လောက်ကွာလေသည်။ မမြတ်လေး ကတော့
စစ်ကိုင်းပညာရေး တက္ကသိုလ်မှာ ကျောင်းတက်နေကာ အံ့မောင်ကို စိတ်ဝင်စားဟန်တော့မရှိလှ။ ထို့ကြောင့် အံ့မောင်မှာ
သံချောင်းရဲ့အငြိုအငြင်ကို မခံရဲရှာတာဖြစ်သည်။

" ပုံညာ စုလဲ့ရီတို့ အဖွဲ့ ဘယ်နေ့ အဆောင်ကပြောင်းခဲ့မလဲ ။ ငါတို့ သွားရွေ့ ကူးရဦးမှာလား "

"ရတယ် ဟိုကနေ သုံးဘီးငှားလာကြမယ်တဲ့ သော့်အိမ်သော့ကို မနက်က လာတောင်းသွားတာ ကြည့်ရတာ သူတို့ဘာသာ သွားကြမယ်ထင်တယ် ။ အကူညီလိုရင်ဖုန်းဆက်ဖို့ ဖုန်းနံပါတ်ပေးလိုက်တယ် ..လိုရင်တော့ခေါ်မှာပေါ့ "

"ဘယ်နှစ်ယောက်နေမှာတဲ့လဲ "

"လောလောဆယ်တော့ ၆ယောက်လောက်နေမယ်ထင်တယ်..သက်ပုံကတော့
နောက်ထပ် နေချင်တဲ့သူတွေနေလို့ရအောင် အိမ်နောက်ဖက်မှာ အဖီဆွဲပေးမလို့တော့ပြောနေတာပဲ။ ဘာပဲပြောပြော ရွာကနေ တကူးတက ကျောင်းလာတက်ရတော့ အဆောင်စရိတ် သက်သာနည်းလား
တခုပဲ အိမ်လေးကို မပျက်မစီးအောင်
ဂရုတစိုက် နေဖို့ ကိုတော့ပြောထားရအုံးမယ် "

" အေးပါ ပြောတော့ပြောရမှာဆိုပေမဲ့
ငါတို့ရွာသူတွေအကုန်လုံး သန့်သန့်ရှင်းရှင်းနေတက်တဲ့သူတွေကြီးပါပဲ .. စိတ်ပူမနေပါနဲ့မိန်းကလေးတွေကြီးနေတာ
အိမ်ထိန်းသိမ်းတာလောက်တော့ လုပ်ကြမှာပါ"

ဦးချီ နောက်ထပ် စကားထပ်မဆိုဖြစ်ပေမဲ့ စိတ်ထဲမှာတော့ သတိပေးချက် စာရွက်တွေသွားကပ်ထားဖို့ကို ဆုံးဖြတ်ထားပြီးသား။ ဦးချီ အနေနဲ့ ပုံမှန်ဆိုရင် နှမြောမတွန့်တိုတက်ပေမဲ့ သော့်ရဲ့အိမ်ကလေးမို့
လက်လွတ်စပယ် မလုပ်လိုက်ချင်တာပင်။

" ကိုကိုရေ ထမင်းစားရအောင် "

မာလကာသီးတွေ ရေဆေးပြီး ဗန်းထဲ သေချာထည့်နေရာမှ လက်မောင်းကို လာဆွဲခေါ်နေတဲ့ သော့်ကြောင့် ဦးချီမှာ
ဆက်ထည့်လို့မရတော့။

"ခဏလေး သော် ဒါလေးပြီးအောင်.."

"ထားခဲ့သူတို့ အားရင် လုပ်လိမ့်မယ်"

သံချောင်းတို့ ငါးယောက် ခေါင်းကလေးတွေ ထောင်သွားကြသည်။ အဆိုးဆုံးကတော့ သံချောင်းပင် မဲမှောင်နေတဲ့ မျက်နှာဖြင့် စားပွဲသုတ်နေတဲ့ အဝတ်စုတ်ကို ပစ် ချပြီး ခုံမှာ စောင့်ကြီးအောင့်ကြီးဝင်ထိုင်၏
သူမှာတော့ ခုထိမနက်စာ မစားရသေးတာကို
တချို့ သော သူတွေက လက်ချင်းချိတ်ပြီး
နေ့ခင်းစာ စားဖို့သွားကြသတဲ့။

_________

" ဘာချက်ထားတာလဲ သော် "

စားပွဲမှာ အတင်းထိုင်ခိုင်းနေပြန်တာကြောင့် သူ့မှာသော့်အလိုကျ ထိုင်ရပြန်သည်။
သော်က မေးတာကိုမဖြေ အုပ်ဆောင်းဖွင့်ကာ ခပ်မောက်မောက် ခူးထားသော ထမင်းဇလုံ ကို ဆွဲထုတ်လာ၏။

" ငါ နဲ့အတူတူစားမယ်..ငယ်ငယ်က ပါးပါးလို ခွံ့ကျွေး "

" အဲ့တုန်းက သော်က ကလေးလေးမို့ ပါးပါးကခွံ့ တာလေ "

"ဘာလဲ မင်းက မခွံ့ချင်လို့လား "

ချက်ခြင်း စူပုတ်သွားတဲ့ သော့်ကြောင့် သူမှာ မနေနိုင်ပြန်

" မဟုတ်ပါဘူးကွာ ကဲ သော် နှုတ်ခမ်းကြီးစူမနေနဲ့ ငါလက်ရေသွားဆေးလိုက်ဦးမယ်
"

ဘေစင်မှာ သေချာလက်ဆေးပြီး ထမင်းစားပွဲပြန်ထိုင်တော့ သော်မျက်နှာက ပြုံးပြုံးရွှင်ရွှင်ဖြစ်နေပြန်သည်။

" အပြောင်းအလဲမြန်ချက်နော် ယသော်လင်းတို့က "

" ငါက ဘယ်သူမို့လို့လဲ ..ကိုကို့သော်လေ ၊ မင်းပဲအရင်ကတော့ ချစ်စရာလေးဆို "

" မပြောမိပါဘူး "

"ကိုကိုနော် ငါ စိတ်မတိုချင်ဘူး "

"ကြောက်ပါတယ်ဗျာ ၊ မတိုလိုက်ပါနဲ့
ကဲ သော်ရေ ကိုကို ဘာနဲ့ကျွေးရမှာလဲ
ဒီမှာ ဟင်းက အရည်သောက်လဲမပါဘူး "

"အရည်သောက် က ရေနွေးငဲ့ထားတယ်လေ ။ ငါ ဒီနေ့ မကျည်းသီးထောင်းဆီပြန်လေးချက်ထားတယ် အဲ့ဒါနဲ့ ဆီတို့ဖူးနဲ့ နှယ်ကျွေး ..ပြီးရင် ဟောဒီက ဝက်သားမွှကြော်လေးနဲ့ အာ ကိုကိုမြန်မြန်နှယ် ငါစားချင်လှပြီ "

"လာခေါ်တော့ ကိုကိုရေ ထမင်းစားရအောင်ဆို "

လက်နဲ့ သေချာနှယ်ထားတဲ့ ထမင်းကို သော့်ကိုအရင်ခွံ့ကာ ဦးချီ မေးသည်။
စိတ်ဆိုးခြင်းတော့ မရှိပါ။ သော်က ကလေးလေးပဲရှိသေးသည်မို့ သော်နဲ့ပတ်သတ်သမျှအရာရာသည် သူ့အနေနဲ့ သနားကြင်နာစိတ်ပဲဝင်တက်သည်။
သော်ကပလုတ်ပလောင်းစားနေရင်းနဲ့ပင်

" ကိုကိုရာ ကောင်းလိုက်တာ မင်းစားကြည့်"ဟု ဦးချီကိုပါ စားခိုင်းပြန်သည်။

မန်ကျည်းသီး၏ အရသာက ချဉ်ပေမဲ့ ပုဇွန်ခြောက် ငပိများများ ထည့်ချက်ထားတာမို့ စားကောင်းလှ၏။ နောက်ပြီး ဆီတို့ဖူးသည် အနည်းငယ် လေးတဲ့ဖက် သွားကာ
အကုန်ပေါင်း နှယ်ဖက်လိုက်တော့အရသာက အနေတော်ဖြစ်သွားလေသည်။

ရေနွေးသောက်လိုက် တယောက် တစ်လုတ်စားလိုက်ဖြင့် ထမင်း နှစ်ဇလုံလောက် ကုန်သွား၏။ ထို့နောက် သော်က နွေးစ ပြုနေတဲ့ ရေနွေးကို တဖူးဖူးမှုတ်သောက်ပြန်သည်။ သော့်ပုံစံက အရာရာ စိတ်အေးလက်အေးရှိနေတဲ့ပုံမျိုး။

" သော် မင်းထမင်းတွေ ခုတလော အများကြီးစားနိုင်လာတယ်နော်။ အဲ့ဒါကြောင့်နေမှာ သော့်အရပ်ကလေး ရှည်လာတယ် .. ညဆို ဆေးရော သောက်တယ်မို့လား "

"သောက်တယ်လေ ..မသောက်မချင်း မင်းပြောနေမှတော့ သောက်ရတာပေါ့ "

သော်ရဲ့ ငြူ စူသံလေးကြောင့် ဦးချီမှာ ပြုံးရပြန်သည်။ ဒီကလေးက တကယ် ဆေးမသောက်ချင်တာပဲ။

" ၁၈နှစ်ပြည့်အောင်ထိတော့သောက်ရမယ်ထင်တယ် လာ သော် ကိုကိုတို့အရပ်တိုင်းကြည့်ရအောင် "

ဦးချီ လက်သွားဆေးပြီး သော့်ကို ဆွဲကာ
အခန်းပေါက်ဝရှေ့က သစ်သားတိုင်မှာ
ကျောမှီပြီးကပ်စေလိုက်သည်။ ထိုနေရာမှာ လတိုင်း သော့်ကိုအရပ်တိုင်းပေးထားတဲ့အမှတ်သားလေးတွေရှိလေ၏။

" ဟားဟား တစ်လက်မ ရှည်လာတယ်သော့်ရ .. သော်က လူလေးသေးလို့သာ မသိသာတာ ။ ၅ပေ၇လက်မဆိုတာ သိပ်မပုတော့ပါဘူး .. ဆေးတော့ သောက်ပေးဦးနော် ဒါမှ ကိုကို့သော် အရပ်ကလေးဒီထက်ပိုရှည်လာမှာ "

"မင်းအရပ်နဲ့ ယှဉ်ပြီး ငါ့ကို ပုတယ်ပြောနေတာ ကျောင်းမှာဆိုရင် ငါက ပုတဲ့ထဲမပါဘူး ..ခု ငါနဲ့ခင်တဲ့ လပြည့်တို့ သုံးယောက်က ငါ့ထပ်နည်းနည်းတောင် ပုချင်သေးတယ်"

သော်က ဦးချီ ကို ခေါင်းမော့ကာ ရန်တွေ့လာပါသည်။ သို့ပေမဲ့ သော့်အရပ်ကလေးသည် ရှည်လျား ထွားကျိုင်းတဲ့ ဦးချီနဲ့ယှဉ်ရင် ပုခုံးလောက်သာ မရောက်ချင်ရောက်ချင်နဲ့ မမှီမကမ်းရှိနေသည်မို့ သူခမျာ
အတော်လေးမျက်နာမော့နေရရှာပါသည်။

ဦးချီ ပြုံးကာ သော့်နဖူးကို လက်သီးနဲ့မနာအောင်ထုလိုက်သည်။ ရှုံ့ မဲ့သွားပေမဲ့
ပြန်တော့ မလုပ်လာပါ။ အရင်ကဆိုရင် ယသော်လင်းက လက်မြန်ခြေမြန်ပင်။
ကလေးဘဝကို ပြန်တွေးကြည့်မယ်ဆိုရင်
သူ့မှာ သော့်ကြောင့် ငိုခဲ့ရတာအခါခါပင်။

" ယသော်လင်း မင်းသူငယ်ချင်းတွေရောက်နေပြီ "

တင်မောင်ညွန့်က စပ်ဖြဲဖြဲရုပ်နဲ့ လာခေါ်သည်ကြောင့် သော် ဦးချီကို လက်နဲ့ ကုတ်ကာ တိုးတိုးလေးကပ်ပြောလိုက်သည်။

"မင်းသူငယ်ချင်းတွေက နှာဗူးတွေသိလား.. ဒါပေမဲ့ မင်းတော့ မပါစေနဲ့ ..
ခုလာတဲ့ နန်းမြတ်နဲ့ သုသုက အလှလေးတွေ ဆိုတော့ မင်းပါ ငမ်းကြောထရင် ငါနဲ့တွေ့မယ် "

သော်က ကြိမ်းမောင်းပြီးရှေ့ကနေ ဘောက်ဆတ်ဘောက်ဆတ် သွားသည်မို့ ဦးချီ
ချစ်စနိုးကြည့်ကာ ခေါင်းရမ်းလိုက်မိသည်။
တနေ့တနေ့ ဆိုင်မှာ မုန့်လာစားတဲ့ အချောအလှလေးတွေ အကြောင်းကိုသာ ပြောလိုက်ရင် သော်ကျောင်းတောင်သွားတော့မဟုတ်။

မင်းမသိလို့ပါ သော်..
ငါရဲ့ပထမ ရည်ရွယ်ချက်ကမင်းမို့
တခြား အလှအပတွေကို မြင်နေရင်တောင် ငါ့မှာ ခံစားဖို့အချိန်မရှိသေးပါဘူး ...

နောက်ကနေ ဖြည်းဖြည်းလိုက်သွားရင်း ဆိုင်ထဲဝင်တော့ သော်က ခုံမှာထိုင်ပြီး သူ့သူငယ်ချင်းအဖွဲ့ကိုစကားတွေပြောရင်း ဧည့်ခံနေလေသည်။ ယောကျာ်းလေးသုံးယောက် မိန်းကလေး နှစ်ယောက် ဖြစ်ကာ
ရည်ရည်မွန်မွန်လေးတွေမို့ သော့်အတွက်သူ့မှာ ကျေနပ်သွားတာတော့အမှန်ပင်။

ပြီးတော့ ကောင်မလေးနှစ်ယောက်က သော်ပြောသလိုပဲ တကယ်လှတယ်ဆိုတာ
အလုပ် လုပ်နေရင်းနဲ့ မသိအောင် ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတဲ့ တံငါကုန်းသား ငါးယောက်က သက်သေပင်။
ရယ်ချင်ပေမဲ့ ရည်းစားလိုချင်နေတာ တပိုင်းမက သေနေကြသူများမို့ ဦးချီမှာ မတားရက်ပါ..

ခွင့်လွတ်ပါ သော်ရေ ..
မင်းပြောသလို ကိုကို မငမ်းရင် တော့
အဆင်ပြေတယ်မို့လား ..ကျန်တဲ့ငါးယောက်ကိုတော့ ကိုကိုလည်း မနိုင်တော့လို့ပါ

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz