နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
33
စာၾကည့္စားပြဲမွာ ေသာ္က ၿငိမ္သက္စြာ စာက်က္ေနၿပီး ဦးခ်ီကေတာ့ တေန႔လံုးေညာင္းညာေနတဲ့ေျခေထာက္ကိုေအာက္ဆင္းထားရင္း ကုတင္ေဘာင္ကို ေက်ာမွီကာ ဖုန္းသံုးရင္း အနားယူေန၏။
" ကိုကို "
"ဗ်ာ"
ထူးသံက ခ်က္ျခင္းထြက္လာ၏။
သို႔ေသာ္ မ်က္လံုးက ဖုန္းေပၚမွာ ဖယ္မလာသည္ေၾကာင့္ စာအုပ္ကိုပိတ္ကာ ေသာ္ ကုတင္ေပၚကို ဒူးေထာက္ၿပီး တက္လိုက္၏။ ထို႔ေနာက္ ကိုကို႔ေဘး နား
သြားထိုင္ကာ ဘာေတြၾကည့္ေနသလဲဆိုတာတိုးကပ္ၿပီး သြားစပ္စုေသး၏။
" ဘာေတြၾကည့္ေနတာလဲ "
" ေသာ္စာက်က္တာကို ကူေစာင့္ရင္း
သစ္သီး ေတြကို အေျခာက္လုပ္နည္းေလ့လာေနတာ .. ေနာက္ဆို သစ္သီးေျခာက္ လုပ္ေရာင္းမလို႔ေလ "
" တေန႔ တေန႔ ဘာလုပ္ေရာင္းမရမလဲ ပဲ ေတြးေနေတာ့ပဲ "
"ေတြးရမွာေပါ့ ..ဒါမွ ေသာ္ မပူမပင္ေက်ာင္းတက္နိုင္ေလ "
စကားေတြကို ဖုန္းၾကည့္ေနရင္းေျပာေနျခင္းသာ။ ေသာ့္ဖက္ကို ခုထိလွည့္ၾကည့္မလာေသးတာမို ႔စူပုတ္ကာေဘးမွာထိုင္ရင္း မေက်မနပ္ ကိုကို႔ကိုၾကည့္မိသည္။
ညအိပ္ဝတ္ကို ေသာ္လို အေရာင္အေသြးစံုတဲ့ ဝမ္းဆက္လွလွေလးေတြ ကိုကို႔မွာ မရွိပါ။ အၿမဲဝတ္ေလ့ရွိတဲ့ ဆိုင္ေၾကာ္ျငာ အက်ၤ ီအေဟာင္းေလးေတြနဲ႔ ပဲ ကိုကိုက ညဆိုရင္ လြတ္လြတ္လပ္လပ္ ေနေလ့ရွိ၏။ မန္းေလးေရာက္မွ အသားေတြက ပိုၿပီး ဝါညက္ညက္ကေလးျဖစ္လာေလသည္။
အ႐ြယ္ေရာက္လာလို႔လားမသိ ကိုကိုရုပ္ကေလးက သိသိသာသာ လူႀကီးပံုေလးေျပာင္းသြားသလိုပဲ။
" ကိုကို မင္းမွာ နႈတ္ခမ္းေမြးေရးေရးေလးေတြေပါက္ေနၿပီဟ "
ေသာ္ ဝမ္းသားအာရ ေအာ္ကာ ကိုကို႔မ်က္နွာနားတိုးကပ္လ်က္ ေသခ်ာၾကည့္လိုက္၏။ အဟုတ္ပဲ ၊ ပံုညာဦးခ်ီ လူႀကီးျဖစ္သြားပီထင္တယ္.. နႈတ္ခမ္းထပ္မွာ ခပ္ေရးေရးအေမႊးႏုေလးေတြက စတင္ေျပာင္းလဲလာၿပီဆိုတာ သတ္ေသျပေန၏။
" အသက္ ၁၇ေတာင္ ေက်ာ္ခဲ့ၿပီေလ ေသာ္ရယ္ "
"ဒါေပမဲ့ ငါ့မွာ ခုထိမေပါက္ေသးဘူး "
ေသာ္ စကားေၾကာင့္ ကိုကို ဖြဖြေလးၿပံဳးသြားတာကိုေသာ္ျမင္လိုက္ရ၏။ အနည္းငယ္သာ ၿပံဳးလိုက္တာမို ႔ နႈတ္ခမ္းေထာင့္စြန္းေလးေကာ့တက္ရုံသာ ျဖစ္သြား၏။
ၿပီးေတာ့ ဖုန္းကို ေဘးခ်ကာ ေသာ့္ဖက္ကို လံုးလံုးလ်ားလ်ားလွည့္ၾကည့္လာကာ
" မေပါက္ေတာ့မေကာင္းဘူးလား ေသာ္ရဲ႕။ မဟုတ္ေတာင္ ေသာ့္မ်က္နွာေလးက ကေလးေလးလို ႏုႏုေလး ၊ နႈတ္ခမ္းေမႊးေပါက္လာရင္ ရယ္စရာေလးျဖစ္ေနမွာေပါ့ "
"အင့္ဟင္ ငါလည္းမင္းလို နႈတ္ခမ္းေမႊးေပါက္ခ်င္တယ္ ၊ မဟုတ္ရင္အကုန္လံုးက ငါ့ကို မိန္းကေလးထင္ေနၾကတာ အဆင္မေျပဘူး "
"ေဟာ .. ေသာ္ကေလ မဟုတ္တာေတြကိုစိတ္ထဲ သိပ္ထည့္တာပဲ ၊ ေလာကႀကီးက
သူ႔ဟာနဲ႔သူ လိုက္ဖက္ေအာင္ ေမြးကတည္း ေပးလိုက္ၿပီးသားေလ ၊
ဒါကို မရခ်င္၊ မလိုခ်င္ပါဘူးလို ႔ျငင္းဆန္လို႔မွမရတာ။ ေသာ္ကို မိန္းကေလးနဲ႔
တူတယ္္ေျပာလည္းဘာျဖစ္လဲ.. စိတ္မေကာင္းျဖစ္စရာမွမဟုတ္တာ.. မဟုတ္လည္း ေသာ္မွာ ပါးခ်ိဳင့္လွလွေလးလည္းရွိတယ္ ၊ ေဟာဒီလို
ခ်စ္စရာ ေမးလံုးလံုးလည္းရွိတယ္ ..တူတယ္လို႔သူတို႔ေျပာလို႔ပဲ ရမယ္ ..မိန္းကေလးဆန္တယ္လို ႔ သူတို႔ မေျပာရဲပါဘူး။
ၿပီးေတာ့ ေသာ့္မွာ ထက္ျမတ္တဲ့ ဥာဏ္ရည္ရွိတယ္ ၊ ရဲရင့္သန္မာတဲ့စိတ္ဓာတ္ရွိတယ္ ..ကဲ ဘယ္ေနရာကို ေသးသိမ္သြားစရာရွိလို႔လဲ ကိုကုိ႔ေသာ္ရာ ။
ဒါေတြကို စိတ္ထဲမထားနဲ႔ေနာ္ ေသာ္.. ကိုကို မ်က္စိထဲမွာေတာ့ မင္းဆိုတဲ့ ယေသာ္လင္းမာန္ေလးက
တသီးတသန္႔ ခ်စ္စရာေကာင္းေနတုန္းပါပဲ။ "
ေမးဖ်ားကို ဖ်စ္ညစ္ေျပာလာတာမို ႔ေသာ္ စူပုတ္ေနရာမွ ၿပံဳးကာ
" အာ ေတာ္ၿပီကြာ မင္းအဲ့လိုႀကီး ငါ့ကို
အႏုအယြေတြမေျပာစမ္းနဲ႔ ရွက္စရာႀကီး "
"ဟားဟား ေသာ္ရာ ၊ မင္းစိတ္ေျပေအာင္လည္းေျပာရေသးတယ္ ..ေျပာစမ္းပါဦး မင္းက ငါ့ကိုရွက္ေသးတာလား "
" ငါက ဘာေၾကာင့္မင္းကို မရွက္ရမွာလဲ
မင္းေတာင္ ငယ္ငယ္က ဖင္မဲလို႔ေခၚရင္ ရွက္ေသးတာပဲမို႔လား "
"ဟာ ေသာ္ ! ဆက္မေျပာစမ္းနဲ ့ ငါအခုမမဲေတာ့ပါဘူး "
နီရဲသြားတဲ့ နားဖ်ားေတြကိုၾကည့္ရင္း ေသာ္ ရင္ထဲတမ်ိဳးႀကီးျဖစ္သြား၏။ ဘာမွန္းမသိတဲ့ တမ်ိဳးႀကီး မို ႔ ေသာ္ ဝမ္းနည္းသြားသလို ငိုခ်င္သြား၏။ ခုတေလာ ေသာ္ဘာျဖစ္ေနမွန္းမသိဘူး .. ကိုကုိ႔ကိုၾကည့္ေနရင္းနဲ႔ ခဏခဏ ဝမ္းနည္းလာတက္၏။
" ကိုကို ေသာ္ ဗိုက္ဆာတယ္ "
မ်က္ရည္ဝဲလာတာကို မျမင္ေစခ်င္တာမို ႔
ကိုကို ဗိုက္ေပၚ ေခါင္းတင္ကာ စကားလြဲလိုက္၏။ ေသာ့္စကားေၾကာင့္ ကိုကို ရွက္ေနတာေပ်ာက္သြားပံုရကာ ခ်က္ျခင္းမေမ့မေလ်ာ႕ ေခါင္းေပၚလက္ေရာက္လာကာ ဆံပင္ေတြကိုထိေတြ႕လာသည္။
" ဆာမွာေပါ့.. ေသာ္ ညေနက ထမင္းမွသိပ္မစားတာ .. ထေလ ငါတခုခု လုပ္ေပးမယ္ ဘာစားခ်င္လဲ ၊ ထမင္းလား ေပါင္မုန္႔လား "
"ဟင့္အင္ ငါ spicy စားခ်င္တာ ငါးဖယ္ေခ်ာင္းေလးနဲ ့"
"မိုးခ်ဳပ္ေနပီေလ အျပင္ထြက္လို႔ ေကာင္းပါ့မလား "
ကိုကို႔ ဗိုက္ကို ေခါင္းနဲ႔ပြတ္ကာ မရဘူးဆိုတဲ့အေၾကာင္းေသာ္ ဂ်စ္တိုက္ကာ ေျပာလိုက္သည္။
"မရဘူးလိုက္ပို႔ေပး ငါမနက္ဖန္ေက်ာင္းပိတ္တယ္ မင္းနဲ႔အတူတူမနက္က် ဆိုင္မွာေစ်းကူေရာင္းေပးမယ္ေလ ..
ကိုကိုကလည္း လုပ္ပါကြာ ငါစားခ်င္လို႔ပါဆို "
ကိုကိုဆီမွ' ေသာ္ကကြာ 'ဆိုတဲ့ စကားကလြဲၿပီးထပ္ထြက္မလာေတာ့ ။
သိတာေပါ့ ပံုညာဦးခ်ီ က ေသာ့္ကိုဘယ္တုန္းကမွ လြန္ဆန္ဘူးတာမွမဟုတ္တာ။
ထို႔ေနာက္ ဆိုင္ကယ္နဲ႔
Co Co store ကို ညႀကီးမိုးခ်ဳပ္ ကိုကိုက လိုက္ပို႔ရွာ၏။ ညေလေအးေအးကို
ဆိုုင္ကယ္စီးေနရင္း ေသာ္ စကားေတြေျပာေနလ်က္ ခံစားေနမိသည္။ ေရွ႕က ကိုကိုကေတာ့ ေအးေဆးသူမို႔ ေသာ္ေျပာသမ်ွ ေခါင္းတၿငိမ့္ၿငိမ့္
နားေထာင္ေနသည္ေၾကာင့္ ေသာ့္မွာ ခါးကိုဖက္ရင္း ေက်ာင္းကအေၾကာင္းေတြ ၊ စာသင္ရတာခက္ခဲတဲ့အေၾကာင္းေတြ စသည္တို႔ကို မေမာနိုင္မပန္းနိုင္ေျပာေနမိ၏။
______
" ေသာ္ အနက္ထုပ္ပဲစားေနာ္ ၊ အေအးမေသာက္နဲ ့ ကိုကိုေရဘူးပဲ ယူခဲ့မယ္၊
လက္ဖက္ၾကက္ဥက one လ ား two လား ေသာ္ "
ဆိုင္ထဲစဝင္လိုက္တာနဲ႔ ကိုကိုက ေမးလာ၏။ တခုခုသြားစားတိုင္း ေသာ္က ပိုက္ဆံမကိုင္တက္သလို မုန္႔လည္းမမွာတက္။ ကိုကိုကသာ ေသာ္စားခ်င္တာကိုဂရုတစိုက္ မွာေပး၊ ရွင္းေပးတက္သူမို ႔
ေသာ့္အတြက္ ထိုအရာေတြသည္ ေနသားက်လို႔ေန၏။
ထို႔ေၾကာင့္ လက္နွစ္ေခ်ာင္းေထာင္ျပကာ ဆိုင္အတြင္းမွာ မုန္႔ထိုင္စားလို႔ရေအာင္ခ်ေပးထားတဲ့ စားပြဲမွာ ေျပးၿပီးအရင္
ဝင္ထိုင္လိုက္သည္။
24hr ဖြင့္တဲ့ဆိုင္မို ႔ ညဆယ္နာရီေက်ာ္ေနေပမဲ့ လူကေတာ့ ရွိေနတုန္းပင္။
ဟိုၾကည့္ဒီၾကည့္နဲ ့ စပ္စုေနစဥ္ ကိုကိုက
ေသာ့္ေရွ႕ကို wifi စာ႐ြက္ေလးနွစ္႐ြက္ လာခ်ေပး၏။ ေသာ္ လက္မနဲ႔လက္ညိဳးေလး နွစ္ေခ်ာင္းကို အသည္းပံုသ႑ာန္ပူးျပကာ
" မင္းကိုအခ်စ္ဆံုးပဲ"ဟု ေျပာလိုက္၏။
ထံုးစံအတိုင္း ပံုညာဦးခ်ီ က ၿပံဳးရုံပဲၿပံဳးေနတာေပါ့။ ကိုကိုနဲ႔ေသာ္နဲ႔ဆိုရင္ ကိုကိုက ခုေနာက္ပိုင္း လူႀကီးတအားဆန္လာသလို စကားေျပာေတြလည္းနည္းလာ၏။
ေသာ္ကပဲ ကိုကို႔ကိုနားလည္လြန္ေနသလားေတာ့မသိ ေျပာင္းလဲလာတာကို ဘယ္လိုမွမေနေအာင္ ေသာ့္နွလံုးသားေတြက ခံစားလို႔ရေနေသးသည္။
ေသာ္ရဲ႕ပင္ကိုဗီဇက အရမ္းေမာက္မာၿပီး အနိုင္လိုခ်င္စိတ္ျပင္းျပသူမ်ိဳး ၊ အလြယ္ေျပာရရင္ ေသာ္က မီးလို ပူတဲ့ စိတ္ထားရွိတယ္ ၊ ထစ္ခနဲဆိုရင္ လက္ပါတက္သလို
ေတာ္ရုံဆို ေသာ္က လူနဲ႔မလိုက္ေအာင္
ရန္လိုတက္သူ ျဖစ္၏။ ကိုကိုကေတာ့ ေသာ္နဲ႔ဆန္႔က်င္ဖက္ပင္။
ၾကည့္လိုက္ရင္ ၿငိမ္းေအးသြားေစ တဲ့ရုပ္ရည္ရွိၿပီး စိတ္သေဘာထားလည္းေကာင္း၏။ ရွင္းရွင္းေျပာရရင္ ကိုကိုက မိုး႐ြာထဲမွာ ပြင့္ေနတဲ့ စပယ္ျဖဴ ေလးလို
လန္းဆန္းေမႊးပ်ံ ့ကာ မခူးရက္ခ်င္စရာေလးပင္။
အတူေနတာၾကာလာေတာ့ ေသာ္နားလည္လာတာ ေသာ္က ကိုကိုနဲ႔ပဲ ေနမွျဖစ္မည္ဆိုတာပဲ ။ အတၱႀကီး တကိုယ္ေကာင္းဆန္တဲ့ေသာ့္စိတ္ေတြကို ေပ်ာ့ေျပာင္းေအာင္ ၊ စိတ္တည္ၿငိမ္လာေအာင္ ကိုကိုပဲ
လိုသလို ေျပာင္းလဲနိုင္သည္။ ၿပီးေတာ့
ေသာ့္ကိုေသာ္ သိလာတာက
ေသာ္က အလႊမ္းမိုးခံခ်င္တဲ့ စိတ္မရွိဘူး။
အဲ့လို စိတ္မ်ိဳးရွိတဲ့ သူေတြက မ်ားေသာအားျဖင့္ တစ္ေယာက္ထဲ ေနတက္ၾကသည္။ ဒါကို ကိုကို သိလို႔ ေသာ့္ကို သူငယ္ခ်င္းေတြအမ်ားႀကီးထားခိုင္းတာျဖစ္သည္။
ခြၽင္းခ်က္အေနနဲ႔ကိုကိုကေတာ့ ေသာ္စိတ္ကို အလြယ္တကူအလႊမ္းမိုးလို႔ရသူပင္။
ေမေမဆံုးသြားၿပီးေနာက္မွာ ေသာ္ပိုၿပီးကိုကို ႔ကိုလိုအပ္လာသလို အတင္းတြယ္ကပ္လာသည္။ ေလာက မွာကိုကို တစ္ေယာက္ထဲသာ ေသာ့္ေဘးနားမွာရွိေတာ့သလို ခံစားလာရတာမ်ိဳး ပင္။
" Spicy အနက္ျပဳတ္ခိုင္းထားတာရပါၿပီ"
ေကာင္တာမွ မိန္းကေလး၏ ေအာ္သံေၾကာင့္ ေသာ့္အေတြးေတြ ရပ္တန္႔သြားသည္..ထိုအခါမွသတိရတာက ေသာ္ဖုန္းသံုးေနေပမဲ့ စိတ္ေတြလြင့္ေနတာကိုပင္ျဖစ္၏။
"ေသာ္ ဖုန္းကိုခ်ေတာ့ "
"ဟုတ္ ..ကိုကို ငါးဖယ္ေခ်ာင္းေလးေရာယူခဲ့ေပးေနာ္ "
ဦးခ် ီ ေခါင္းညိမ့္ျပကာ ေကာင္တာမွာ
စာ႐ြက္ျပၿပီး ေခါက္ဆြဲျပဳတ္ဘူးကို ယူလိုက္၏။ အေစာကကတည္း ငါးဖယ္နဲ႔ လက္ဖက္ၾကက္ဥဖိုးက ရွင္းထားၿပီးသားမို ႔
ပိုက္ဆံထပ္ရွင္းစရာမလိုေတာ့။
ေခါက္ဆြဲဘူးေလးကိုင္ကာ စားပြဲကိုျပန္လာသည္ထိ ေသာ္က သူ႔ကိုေငးၾကည့္ေနသည္။
" ကိုကိုေမႊေပးရမလား"
" ရတယ္ ငါ့ဟာငါေမႊမယ္ ။ကိုကိုက
ၾကက္ဥ ခြာေပး"
" အင္း ကိုကိုသိတယ္ စားစား "
အလိုက္သိစြာ ၾကက္ဥအခြံဖယ္ေပးရင္း တရွဴ းရွဴ းနဲ ့ေသာ္စားေနတာကိုလဲ ၾကည့္ရေသးသည္။
" ေသာ္ကေလ အစပ္ တအားႀကိဳက္တာပဲ မင္းအဲ့ဒါေၾကာင့္ဗိုက္ခဏ ခဏေအာင့္တက္တာ ..ကိုယ္က်န္းမာေရးေတာင္ ဂရုမစိုက္ပဲ ေသာ္ သူမ်ားကိုဘယ္လိုကုေပးမွာလဲ
ကြၽတ္! စပ္ၿပီမို႔လား ေရာ႕ ၾကက္ဥကိုက္လိုက္"
ခြာၿပီးသားၾကက္ဥေလးကိုပါးစပ္ဖ်ားမွာ သြားကပ္ေပးရင္းကေလးတစ္ေယာက္လို ဦးခ်ီမွာ စိတ္ပူေနရသည္။ မစားပါနဲ႔လို႔လဲ မေျပာရက္။ ေသာ္က သူေပးတဲ့မုန္႔ဖိုးေတာင္ ေက်ာင္းမွာ သိပ္စားတဲ့သူမဟုတ္။
တခါတေလ ပူဆာလာတာမို ႔ သူ႔မွာ
အလိုမလိုက္ခ်င္ပဲလိုက္ေနရသည္။
" ကိုကို စားမွာလား ဟ!ပါးစပ္"
"ေတာ္ၿပီ ကိုကို သြားတိုက္ၿပီးျပီ မစားခ်င္ေတာ့ဘူး "
"သြားတိုက္ၿပီးလည္းဘာျဖစ္လဲ အိမ္ေရာက္ရင္ေသာ္နဲ႔အတူ ျပန္တိုက္ေပါ့ "
ပါးစပ္ထဲအတင္းခြံလာတဲ့ အရသာသည္
ထူပူစပ္ရွိန္းေနတာမို ႔ေသာ့္ကိုခြံမဲ့ၾကက္ဥကို ကိုယ္အရင္စားလိုက္ရသည္ထိပင္။
ဒါကို ငါးဖယ္ေခ်ာင္းကို ကိုက္ေနရင္းေသာ္က ႁပံဳးစိစိနဲ ့သေဘာက်ေနသည္။ ဦးခ်ီ
မ်က္ေမွာင္ကုတ္ျပကာ သူကိုက္လို႔အနည္းငယ္က်န္တဲ့ ၾကက္ဥကို ေသာ့္ပါးစပ္ထဲ ခြံေကြၽးရင္း
" ရယ္မေနနဲ႔ေသာ္ ၊ ေနာက္ကို စပ္တာေတြမပူဆာစမ္းနဲ ့အျပန္ ေဆးေသာက္ရမယ္ ေသာ္ ။ ဒီေလာက္ ပူျပင္းေနတဲ့အရသာကို ဘာလို႔စားေနမွန္းကိုမသိဘူး "
ေသာ့္ကို ဆူၿပီး ပိုက္ဆံအိတ္ထဲထည့္ထားေနက် tissueထုပ္ကေလးဆြဲထုတ္ကာ လက္ထဲအတင္းထုိးေပးရျပန္သည္။
" သုတ္လိုက္ ၿပီးရင္ေရေသာက္ "
"ကိုကို အဖံုးဖြင့္ေပး "
ေမးေငါ့ကာ ေသာ္ တမင္ဂ်စ္တိုက္လိုက္သည္။
" ဟူး မင္းရည္းစားရရင္ ဒါေတြ မင္းလုပ္ေပးရမွာေနာ္ ေသာ္ ..မိန္းကေလးကိုသြားၿပီး ဟိတ္ ေရဘူးအဖံုးဖြင့္ေပးလို႔သြားခိုင္းရင္ေတာ့ တစ္ရက္ေတာင္ၿမဲမွာမဟုတ္ဘူး "
"ဒါဆိုလည္း ငါရည္းစားမထားဘူးေပါ့။
မင္းတစ္ေယာက္လိုေဘးမွာရွိေနသ၍
ငါ့မွာ ရည္းစားလိုေနဦးမလားကိုကိုရာ "
"မင္းမထားေပမဲ့ ငါထားမယ္ဆိုရင္ေရာ "
ေသာ္ ကိုကို ႔ကို ေသခ်ာစူးစိုက္ၾကည့္မိ၏။
ေရဘူးဖြင့္ေပးေနတဲ့ ေကာင္ကေလးသည္
မိန္းကေလးတိုင္း သေဘာက်ခ်င္စရာ ရုပ္ရည္ အျပဳ အမူ အကုန္ရွိေနသည္။
ေနာက္တခ်ိန္ ကိုကို သာ အတိအလင္း ေကာင္မေလးရလာခဲ့ရင္ ေသာ္ကေရာ
ကိုကို ေဘးနားမွာေနခြင့္ရပါအံုးမလား။
ေနလို႔ေရာ သင့္ပါအံုးမလား။
ဆိုင္ကယ္ေပၚတက္တဲ့အထိ ေသာ္ အနည္းငယ္ စိတ္လႈပ္ရွားမိသည္။ ထို႔ေနာက္
ကိုကို ႔ခါးကို တင္းၾကပ္စြာဖက္ထားရင္း
" ကိုကို မင္း ဘယ္လို ေကာင္မေလးမ်ိဳး ႀကိဳက္တာလဲဟင္ "
"ဟားဟား ေသာ္ရာ တခ်ိန္လံုးဒါေတြေတြးေနတာလား ဆိုင္ထဲကထြက္လာကတည္းက ၿငိမ္သြားပါတယ္ေအာက္ေမ့ေနတာ
ကိုကို႔ေသာ္က စိတ္ပူေနတာကိုး "
ေလတိုးသံနဲ ့ကိုကိုေလသံသဲ့သဲ့က ၿငိမ္ေအးေစေပမဲ့ ဘာေၾကာင့္မွန္းမသိေသာ္ရင္ပူေနတုန္း။
" ကိုကိုက ရည္းစားထားဖို႔ စိတ္ကူးေတာင္ရွိေနၿပီပဲ ငါေမးတာသာေျဖစမ္းပါ မင္းဘယ္လို မိန္းကေလးမ်ိဳး ကိုႀကိဳက္မွာလဲ "
"ေသာ္ေရ ကိုကိုက စတာပါကြ။
မင္းေက်ာင္းမၿပီးမခ်င္း အေပ်ာ္ရွာဖို ႔စိတ္မကူးဘူး ကိုကိုကတိေပးတယ္ဟုတ္ၿပီလား "
" ေက်ာင္းၿပီးလည္း မရွာပါနဲ႔လား
ငါ ဆရာဝန္ျဖစ္ရင္ မင္းကို လုပ္ေကြၽးမယ္လို႔ကတိေပးထားတယ္ေလ ၊ တသက္လံုး ငါနဲ႔အတူမေနခ်င္ဘူးလား "
"အဟား ကိုကို႔ေသာ္ရာ ၊ ကဲ ဟုတ္ၿပီ
ကိုကို မင္းနဲ႔ပဲအတူေနမယ္ "
မေသခ်ာတဲ့ စကားတခြန္းဆိုေပမဲ့ ေသာ္ေက်နပ္သြားပါသည္။ ဘယ္သူေတြၾကားဝင္လာလာ ကိုကိုက ေသာ့္ကိုကိုပဲ။
အပိုင္မေျပာနဲ႔ တခဏေတာင္ ေသာ္နွေျမာလြန္းလို ႔ မငွားနိုင္ေပ။
ေႏြးေထြးၾကင္နာတက္ေသာ
အမ်ိဳးေကာင္းသားက ေလာကမွာ ပံုညာဦးခ်ီ တစ္ေယာက္သာရွိသည္မို ႔ ေသာ္ ေလာဘေတြသည္ ႀကီးသတဲ့ ႀကီးလို႔လာေလသည္။
ခ်စ္တဲ့အိမ္စည္။
( တျခားစာေရးတဲ့သူေတြအမ်ားႀကီးေရးနိုင္တာကို တကယ္အံၾသၿပီးေလးစားတယ္။
ကိုယ္ဆိုရင္ ခုတေလာ စာမေရးနိုင္ေတာ့ဘူး ပိုဆိုးတာက ongoingနွစ္ပုဒ္ကိုတၿပိဳင္ထဲေရးေနရတာပဲ။ခုတေလာ ညေတြမွာလူကသာ အိပ္ေနတာ ဦးေနွာက္ကဆိုရင္ မနက္ေရးမဲ့စာကို စဥ္းစားေနတယ္ထင္တယ္ တခါတေလ အိမ္မက္လိုလိုဘာလိုလိုနဲ ့ႏုိးတခ်က္ အိပ္တခ်က္နဲ ့ ျဖစ္ေနတက္တယ္။ ပိုဆိုးတာက ဆံပင္ျဖဴေတြေပါက္ၿပီး ဆံပင္ေတြအေထြးလိုက္ကြၽတ္လာတာပဲ ။ ျမန္ျမန္ဒီနွစ္ပုဒ္ၿပီးသြားရင္ေတာ့ ဒီတခါေတာ္ေတာ္ၾကာေအာင္နားျဖစ္မယ္ထင္တယ္။ ေျပာလို႔သာေျပာတာ
ကိုယ့္အသက္က တျဖည္းျဖည္း ၃၀နားကပ္လာၿပီမို ႔ ေနာက္ဆို စာေရးကေတာ့ ပါးသြားမွာေသခ်ာသေလာက္ပဲ ။ )
စာကြည့်စားပွဲမှာ သော်က ငြိမ်သက်စွာ စာကျက်နေပြီး ဦးချီကတော့ တနေ့လုံးညောင်းညာနေတဲ့ခြေထောက်ကိုအောက်ဆင်းထားရင်း ကုတင်ဘောင်ကို ကျောမှီကာ ဖုန်းသုံးရင်း အနားယူနေ၏။
" ကိုကို "
"ဗျာ"
ထူးသံက ချက်ခြင်းထွက်လာ၏။
သို့သော် မျက်လုံးက ဖုန်းပေါ်မှာ ဖယ်မလာသည်ကြောင့် စာအုပ်ကိုပိတ်ကာ သော် ကုတင်ပေါ်ကို ဒူးထောက်ပြီး တက်လိုက်၏။ ထို့နောက် ကိုကို့ဘေး နား
သွားထိုင်ကာ ဘာတွေကြည့်နေသလဲဆိုတာတိုးကပ်ပြီး သွားစပ်စုသေး၏။
" ဘာတွေကြည့်နေတာလဲ "
" သော်စာကျက်တာကို ကူစောင့်ရင်း
သစ်သီး တွေကို အခြောက်လုပ်နည်းလေ့လာနေတာ .. နောက်ဆို သစ်သီးခြောက် လုပ်ရောင်းမလို့လေ "
" တနေ့ တနေ့ ဘာလုပ်ရောင်းမရမလဲ ပဲ တွေးနေတော့ပဲ "
"တွေးရမှာပေါ့ ..ဒါမှ သော် မပူမပင်ကျောင်းတက်နိုင်လေ "
စကားတွေကို ဖုန်းကြည့်နေရင်းပြောနေခြင်းသာ။ သော့်ဖက်ကို ခုထိလှည့်ကြည့်မလာသေးတာမို့ စူပုတ်ကာဘေးမှာထိုင်ရင်း မကျေမနပ် ကိုကို့ကိုကြည့်မိသည်။
ညအိပ်ဝတ်ကို သော်လို အရောင်အသွေးစုံတဲ့ ဝမ်းဆက်လှလှလေးတွေ ကိုကို့မှာ မရှိပါ။ အမြဲဝတ်လေ့ရှိတဲ့ ဆိုင်ကြော်ငြာ အင်္ကျီအဟောင်းလေးတွေနဲ့ ပဲ ကိုကိုက ညဆိုရင် လွတ်လွတ်လပ်လပ် နေလေ့ရှိ၏။ မန်းလေးရောက်မှ အသားတွေက ပိုပြီး ဝါညက်ညက်ကလေးဖြစ်လာလေသည်။
အရွယ်ရောက်လာလို့လားမသိ ကိုကိုရုပ်ကလေးက သိသိသာသာ လူကြီးပုံလေးပြောင်းသွားသလိုပဲ။
" ကိုကို မင်းမှာ နှုတ်ခမ်းမွေးရေးရေးလေးတွေပေါက်နေပြီဟ "
သော် ဝမ်းသားအာရ အော်ကာ ကိုကို့မျက်နှာနားတိုးကပ်လျက် သေချာကြည့်လိုက်၏။ အဟုတ်ပဲ ၊ ပုံညာဦးချီ လူကြီးဖြစ်သွားပီထင်တယ်.. နှုတ်ခမ်းထပ်မှာ ခပ်ရေးရေးအမွှေးနုလေးတွေက စတင်ပြောင်းလဲလာပြီဆိုတာ သတ်သေပြနေ၏။
" အသက် ၁၇တောင် ကျော်ခဲ့ပြီလေ သော်ရယ် "
"ဒါပေမဲ့ ငါ့မှာ ခုထိမပေါက်သေးဘူး "
သော် စကားကြောင့် ကိုကို ဖွဖွလေးပြုံးသွားတာကိုသော်မြင်လိုက်ရ၏။ အနည်းငယ်သာ ပြုံးလိုက်တာမို့ နှုတ်ခမ်းထောင့်စွန်းလေးကော့တက်ရုံသာ ဖြစ်သွား၏။
ပြီးတော့ ဖုန်းကို ဘေးချကာ သော့်ဖက်ကို လုံးလုံးလျားလျားလှည့်ကြည့်လာကာ
" မပေါက်တော့မကောင်းဘူးလား သော်ရဲ့။ မဟုတ်တောင် သော့်မျက်နှာလေးက ကလေးလေးလို နုနုလေး ၊ နှုတ်ခမ်းမွှေးပေါက်လာရင် ရယ်စရာလေးဖြစ်နေမှာပေါ့ "
"အင့်ဟင် ငါလည်းမင်းလို နှုတ်ခမ်းမွှေးပေါက်ချင်တယ် ၊ မဟုတ်ရင်အကုန်လုံးက ငါ့ကို မိန်းကလေးထင်နေကြတာ အဆင်မပြေဘူး "
"ဟော .. သော်ကလေ မဟုတ်တာတွေကိုစိတ်ထဲ သိပ်ထည့်တာပဲ ၊ လောကကြီးက
သူ့ဟာနဲ့သူ လိုက်ဖက်အောင် မွေးကတည်း ပေးလိုက်ပြီးသားလေ ၊
ဒါကို မရချင်၊ မလိုချင်ပါဘူးလို့ ငြင်းဆန်လို့မှမရတာ။ သော်ကို မိန်းကလေးနဲ့
တူတယ်ပြောလည်းဘာဖြစ်လဲ.. စိတ်မကောင်းဖြစ်စရာမှမဟုတ်တာ.. မဟုတ်လည်း သော်မှာ ပါးချိုင့်လှလှလေးလည်းရှိတယ် ၊ ဟောဒီလို
ချစ်စရာ မေးလုံးလုံးလည်းရှိတယ် ..တူတယ်လို့သူတို့ပြောလို့ပဲ ရမယ် ..မိန်းကလေးဆန်တယ်လို့ သူတို့ မပြောရဲပါဘူး။
ပြီးတော့ သော့်မှာ ထက်မြတ်တဲ့ ဥာဏ်ရည်ရှိတယ် ၊ ရဲရင့်သန်မာတဲ့စိတ်ဓာတ်ရှိတယ် ..ကဲ ဘယ်နေရာကို သေးသိမ်သွားစရာရှိလို့လဲ ကိုကို့သော်ရာ ။
ဒါတွေကို စိတ်ထဲမထားနဲ့နော် သော်.. ကိုကို မျက်စိထဲမှာတော့ မင်းဆိုတဲ့ ယသော်လင်းမာန်လေးက
တသီးတသန့် ချစ်စရာကောင်းနေတုန်းပါပဲ။ "
မေးဖျားကို ဖျစ်ညစ်ပြောလာတာမို့ သော် စူပုတ်နေရာမှ ပြုံးကာ
" အာ တော်ပြီကွာ မင်းအဲ့လိုကြီး ငါ့ကို
အနုအယွတွေမပြောစမ်းနဲ့ ရှက်စရာကြီး "
"ဟားဟား သော်ရာ ၊ မင်းစိတ်ပြေအောင်လည်းပြောရသေးတယ် ..ပြောစမ်းပါဦး မင်းက ငါ့ကိုရှက်သေးတာလား "
" ငါက ဘာကြောင့်မင်းကို မရှက်ရမှာလဲ
မင်းတောင် ငယ်ငယ်က ဖင်မဲလို့ခေါ်ရင် ရှက်သေးတာပဲမို့လား "
"ဟာ သော် ! ဆက်မပြောစမ်းနဲ့ ငါအခုမမဲတော့ပါဘူး "
နီရဲသွားတဲ့ နားဖျားတွေကိုကြည့်ရင်း သော် ရင်ထဲတမျိုးကြီးဖြစ်သွား၏။ ဘာမှန်းမသိတဲ့ တမျိုးကြီး မို့ သော် ဝမ်းနည်းသွားသလို ငိုချင်သွား၏။ ခုတလော သော်ဘာဖြစ်နေမှန်းမသိဘူး .. ကိုကို့ကိုကြည့်နေရင်းနဲ့ ခဏခဏ ဝမ်းနည်းလာတက်၏။
" ကိုကို သော် ဗိုက်ဆာတယ် "
မျက်ရည်ဝဲလာတာကို မမြင်စေချင်တာမို့
ကိုကို ဗိုက်ပေါ် ခေါင်းတင်ကာ စကားလွဲလိုက်၏။ သော့်စကားကြောင့် ကိုကို ရှက်နေတာပျောက်သွားပုံရကာ ချက်ခြင်းမမေ့မလျော့ ခေါင်းပေါ်လက်ရောက်လာကာ ဆံပင်တွေကိုထိတွေ့လာသည်။
" ဆာမှာပေါ့.. သော် ညနေက ထမင်းမှသိပ်မစားတာ .. ထလေ ငါတခုခု လုပ်ပေးမယ် ဘာစားချင်လဲ ၊ ထမင်းလား ပေါင်မုန့်လား "
"ဟင့်အင် ငါ spicy စားချင်တာ ငါးဖယ်ချောင်းလေးနဲ့ "
"မိုးချုပ်နေပီလေ အပြင်ထွက်လို့ ကောင်းပါ့မလား "
ကိုကို့ ဗိုက်ကို ခေါင်းနဲ့ပွတ်ကာ မရဘူးဆိုတဲ့အကြောင်းသော် ဂျစ်တိုက်ကာ ပြောလိုက်သည်။
"မရဘူးလိုက်ပို့ပေး ငါမနက်ဖန်ကျောင်းပိတ်တယ် မင်းနဲ့အတူတူမနက်ကျ ဆိုင်မှာဈေးကူရောင်းပေးမယ်လေ ..
ကိုကိုကလည်း လုပ်ပါကွာ ငါစားချင်လို့ပါဆို "
ကိုကိုဆီမှ' သော်ကကွာ 'ဆိုတဲ့ စကားကလွဲပြီးထပ်ထွက်မလာတော့ ။
သိတာပေါ့ ပုံညာဦးချီ က သော့်ကိုဘယ်တုန်းကမှ လွန်ဆန်ဘူးတာမှမဟုတ်တာ။
ထို့နောက် ဆိုင်ကယ်နဲ့
Co Co store ကို ညကြီးမိုးချုပ် ကိုကိုက လိုက်ပို့ရှာ၏။ ညလေအေးအေးကို
ဆိုင်ကယ်စီးနေရင်း သော် စကားတွေပြောနေလျက် ခံစားနေမိသည်။ ရှေ့က ကိုကိုကတော့ အေးဆေးသူမို့ သော်ပြောသမျှ ခေါင်းတငြိမ့်ငြိမ့်
နားထောင်နေသည်ကြောင့် သော့်မှာ ခါးကိုဖက်ရင်း ကျောင်းကအကြောင်းတွေ ၊ စာသင်ရတာခက်ခဲတဲ့အကြောင်းတွေ စသည်တို့ကို မမောနိုင်မပန်းနိုင်ပြောနေမိ၏။
______
" သော် အနက်ထုပ်ပဲစားနော် ၊ အအေးမသောက်နဲ့ ကိုကိုရေဘူးပဲ ယူခဲ့မယ်၊
လက်ဖက်ကြက်ဥက one လား two လား သော် "
ဆိုင်ထဲစဝင်လိုက်တာနဲ့ ကိုကိုက မေးလာ၏။ တခုခုသွားစားတိုင်း သော်က ပိုက်ဆံမကိုင်တက်သလို မုန့်လည်းမမှာတက်။ ကိုကိုကသာ သော်စားချင်တာကိုဂရုတစိုက် မှာပေး၊ ရှင်းပေးတက်သူမို့
သော့်အတွက် ထိုအရာတွေသည် နေသားကျလို့နေ၏။
ထို့ကြောင့် လက်နှစ်ချောင်းထောင်ပြကာ ဆိုင်အတွင်းမှာ မုန့်ထိုင်စားလို့ရအောင်ချပေးထားတဲ့ စားပွဲမှာ ပြေးပြီးအရင်
ဝင်ထိုင်လိုက်သည်။
24hr ဖွင့်တဲ့ဆိုင်မို့ ညဆယ်နာရီကျော်နေပေမဲ့ လူကတော့ ရှိနေတုန်းပင်။
ဟိုကြည့်ဒီကြည့်နဲ့ စပ်စုနေစဉ် ကိုကိုက
သော့်ရှေ့ကို wifi စာရွက်လေးနှစ်ရွက် လာချပေး၏။ သော် လက်မနဲ့လက်ညိုးလေး နှစ်ချောင်းကို အသည်းပုံသဏ္ဍာန်ပူးပြကာ
" မင်းကိုအချစ်ဆုံးပဲ"ဟု ပြောလိုက်၏။
ထုံးစံအတိုင်း ပုံညာဦးချီ က ပြုံးရုံပဲပြုံးနေတာပေါ့။ ကိုကိုနဲ့သော်နဲ့ဆိုရင် ကိုကိုက ခုနောက်ပိုင်း လူကြီးတအားဆန်လာသလို စကားပြောတွေလည်းနည်းလာ၏။
သော်ကပဲ ကိုကို့ကိုနားလည်လွန်နေသလားတော့မသိ ပြောင်းလဲလာတာကို ဘယ်လိုမှမနေအောင် သော့်နှလုံးသားတွေက ခံစားလို့ရနေသေးသည်။
သော်ရဲ့ပင်ကိုဗီဇက အရမ်းမောက်မာပြီး အနိုင်လိုချင်စိတ်ပြင်းပြသူမျိုး ၊ အလွယ်ပြောရရင် သော်က မီးလို ပူတဲ့ စိတ်ထားရှိတယ် ၊ ထစ်ခနဲဆိုရင် လက်ပါတက်သလို
တော်ရုံဆို သော်က လူနဲ့မလိုက်အောင်
ရန်လိုတက်သူ ဖြစ်၏။ ကိုကိုကတော့ သော်နဲ့ဆန့်ကျင်ဖက်ပင်။
ကြည့်လိုက်ရင် ငြိမ်းအေးသွားစေ တဲ့ရုပ်ရည်ရှိပြီး စိတ်သဘောထားလည်းကောင်း၏။ ရှင်းရှင်းပြောရရင် ကိုကိုက မိုးရွာထဲမှာ ပွင့်နေတဲ့ စပယ်ဖြူ လေးလို
လန်းဆန်းမွှေးပျံ့ ကာ မခူးရက်ချင်စရာလေးပင်။
အတူနေတာကြာလာတော့ သော်နားလည်လာတာ သော်က ကိုကိုနဲ့ပဲ နေမှဖြစ်မည်ဆိုတာပဲ ။ အတ္တကြီး တကိုယ်ကောင်းဆန်တဲ့သော့်စိတ်တွေကို ပျော့ပြောင်းအောင် ၊ စိတ်တည်ငြိမ်လာအောင် ကိုကိုပဲ
လိုသလို ပြောင်းလဲနိုင်သည်။ ပြီးတော့
သော့်ကိုသော် သိလာတာက
သော်က အလွှမ်းမိုးခံချင်တဲ့ စိတ်မရှိဘူး။
အဲ့လို စိတ်မျိုးရှိတဲ့ သူတွေက များသောအားဖြင့် တစ်ယောက်ထဲ နေတက်ကြသည်။ ဒါကို ကိုကို သိလို့ သော့်ကို သူငယ်ချင်းတွေအများကြီးထားခိုင်းတာဖြစ်သည်။
ချွင်းချက်အနေနဲ့ကိုကိုကတော့ သော်စိတ်ကို အလွယ်တကူအလွှမ်းမိုးလို့ရသူပင်။
မေမေဆုံးသွားပြီးနောက်မှာ သော်ပိုပြီးကိုကို့ ကိုလိုအပ်လာသလို အတင်းတွယ်ကပ်လာသည်။ လောက မှာကိုကို တစ်ယောက်ထဲသာ သော့်ဘေးနားမှာရှိတော့သလို ခံစားလာရတာမျိုး ပင်။
" Spicy အနက်ပြုတ်ခိုင်းထားတာရပါပြီ"
ကောင်တာမှ မိန်းကလေး၏ အော်သံကြောင့် သော့်အတွေးတွေ ရပ်တန့်သွားသည်..ထိုအခါမှသတိရတာက သော်ဖုန်းသုံးနေပေမဲ့ စိတ်တွေလွင့်နေတာကိုပင်ဖြစ်၏။
"သော် ဖုန်းကိုချတော့ "
"ဟုတ် ..ကိုကို ငါးဖယ်ချောင်းလေးရောယူခဲ့ပေးနော် "
ဦးချီ ခေါင်းညိမ့်ပြကာ ကောင်တာမှာ
စာရွက်ပြပြီး ခေါက်ဆွဲပြုတ်ဘူးကို ယူလိုက်၏။ အစောကကတည်း ငါးဖယ်နဲ့ လက်ဖက်ကြက်ဥဖိုးက ရှင်းထားပြီးသားမို့
ပိုက်ဆံထပ်ရှင်းစရာမလိုတော့။
ခေါက်ဆွဲဘူးလေးကိုင်ကာ စားပွဲကိုပြန်လာသည်ထိ သော်က သူ့ကိုငေးကြည့်နေသည်။
" ကိုကိုမွှေပေးရမလား"
" ရတယ် ငါ့ဟာငါမွှေမယ် ။ကိုကိုက
ကြက်ဥ ခွာပေး"
" အင်း ကိုကိုသိတယ် စားစား "
အလိုက်သိစွာ ကြက်ဥအခွံဖယ်ပေးရင်း တရှူးရှူးနဲ့ သော်စားနေတာကိုလဲ ကြည့်ရသေးသည်။
" သော်ကလေ အစပ် တအားကြိုက်တာပဲ မင်းအဲ့ဒါကြောင့်ဗိုက်ခဏ ခဏအောင့်တက်တာ ..ကိုယ်ကျန်းမာရေးတောင် ဂရုမစိုက်ပဲ သော် သူများကိုဘယ်လိုကုပေးမှာလဲ
ကျွတ်! စပ်ပြီမို့လား ရော့ ကြက်ဥကိုက်လိုက်"
ခွာပြီးသားကြက်ဥလေးကိုပါးစပ်ဖျားမှာ သွားကပ်ပေးရင်းကလေးတစ်ယောက်လို ဦးချီမှာ စိတ်ပူနေရသည်။ မစားပါနဲ့လို့လဲ မပြောရက်။ သော်က သူပေးတဲ့မုန့်ဖိုးတောင် ကျောင်းမှာ သိပ်စားတဲ့သူမဟုတ်။
တခါတလေ ပူဆာလာတာမို့ သူ့မှာ
အလိုမလိုက်ချင်ပဲလိုက်နေရသည်။
" ကိုကို စားမှာလား ဟ!ပါးစပ်"
"တော်ပြီ ကိုကို သွားတိုက်ပြီးပြီ မစားချင်တော့ဘူး "
"သွားတိုက်ပြီးလည်းဘာဖြစ်လဲ အိမ်ရောက်ရင်သော်နဲ့အတူ ပြန်တိုက်ပေါ့ "
ပါးစပ်ထဲအတင်းခွံလာတဲ့ အရသာသည်
ထူပူစပ်ရှိန်းနေတာမို့ သော့်ကိုခွံမဲ့ကြက်ဥကို ကိုယ်အရင်စားလိုက်ရသည်ထိပင်။
ဒါကို ငါးဖယ်ချောင်းကို ကိုက်နေရင်းသော်က ပြုံးစိစိနဲ့ သဘောကျနေသည်။ ဦးချီ
မျက်မှောင်ကုတ်ပြကာ သူကိုက်လို့အနည်းငယ်ကျန်တဲ့ ကြက်ဥကို သော့်ပါးစပ်ထဲ ခွံကျွေးရင်း
" ရယ်မနေနဲ့သော် ၊ နောက်ကို စပ်တာတွေမပူဆာစမ်းနဲ့ အပြန် ဆေးသောက်ရမယ် သော် ။ ဒီလောက် ပူပြင်းနေတဲ့အရသာကို ဘာလို့စားနေမှန်းကိုမသိဘူး "
သော့်ကို ဆူပြီး ပိုက်ဆံအိတ်ထဲထည့်ထားနေကျ tissueထုပ်ကလေးဆွဲထုတ်ကာ လက်ထဲအတင်းထိုးပေးရပြန်သည်။
" သုတ်လိုက် ပြီးရင်ရေသောက် "
"ကိုကို အဖုံးဖွင့်ပေး "
မေးငေါ့ကာ သော် တမင်ဂျစ်တိုက်လိုက်သည်။
" ဟူး မင်းရည်းစားရရင် ဒါတွေ မင်းလုပ်ပေးရမှာနော် သော် ..မိန်းကလေးကိုသွားပြီး ဟိတ် ရေဘူးအဖုံးဖွင့်ပေးလို့သွားခိုင်းရင်တော့ တစ်ရက်တောင်မြဲမှာမဟုတ်ဘူး "
"ဒါဆိုလည်း ငါရည်းစားမထားဘူးပေါ့။
မင်းတစ်ယောက်လိုဘေးမှာရှိနေသ၍
ငါ့မှာ ရည်းစားလိုနေဦးမလားကိုကိုရာ "
"မင်းမထားပေမဲ့ ငါထားမယ်ဆိုရင်ရော "
သော် ကိုကို့ ကို သေချာစူးစိုက်ကြည့်မိ၏။
ရေဘူးဖွင့်ပေးနေတဲ့ ကောင်ကလေးသည်
မိန်းကလေးတိုင်း သဘောကျချင်စရာ ရုပ်ရည် အပြု အမူ အကုန်ရှိနေသည်။
နောက်တချိန် ကိုကို သာ အတိအလင်း ကောင်မလေးရလာခဲ့ရင် သော်ကရော
ကိုကို ဘေးနားမှာနေခွင့်ရပါအုံးမလား။
နေလို့ရော သင့်ပါအုံးမလား။
ဆိုင်ကယ်ပေါ်တက်တဲ့အထိ သော် အနည်းငယ် စိတ်လှုပ်ရှားမိသည်။ ထို့နောက်
ကိုကို့ ခါးကို တင်းကြပ်စွာဖက်ထားရင်း
" ကိုကို မင်း ဘယ်လို ကောင်မလေးမျိုး ကြိုက်တာလဲဟင် "
"ဟားဟား သော်ရာ တချိန်လုံးဒါတွေတွေးနေတာလား ဆိုင်ထဲကထွက်လာကတည်းက ငြိမ်သွားပါတယ်အောက်မေ့နေတာ
ကိုကို့သော်က စိတ်ပူနေတာကိုး "
လေတိုးသံနဲ့ ကိုကိုလေသံသဲ့သဲ့က ငြိမ်အေးစေပေမဲ့ ဘာကြောင့်မှန်းမသိသော်ရင်ပူနေတုန်း။
" ကိုကိုက ရည်းစားထားဖို့ စိတ်ကူးတောင်ရှိနေပြီပဲ ငါမေးတာသာဖြေစမ်းပါ မင်းဘယ်လို မိန်းကလေးမျိုး ကိုကြိုက်မှာလဲ "
"သော်ရေ ကိုကိုက စတာပါကွ။
မင်းကျောင်းမပြီးမချင်း အပျော်ရှာဖို့ စိတ်မကူးဘူး ကိုကိုကတိပေးတယ်ဟုတ်ပြီလား "
" ကျောင်းပြီးလည်း မရှာပါနဲ့လား
ငါ ဆရာဝန်ဖြစ်ရင် မင်းကို လုပ်ကျွေးမယ်လို့ကတိပေးထားတယ်လေ ၊ တသက်လုံး ငါနဲ့အတူမနေချင်ဘူးလား "
"အဟား ကိုကို့သော်ရာ ၊ ကဲ ဟုတ်ပြီ
ကိုကို မင်းနဲ့ပဲအတူနေမယ် "
မသေချာတဲ့ စကားတခွန်းဆိုပေမဲ့ သော်ကျေနပ်သွားပါသည်။ ဘယ်သူတွေကြားဝင်လာလာ ကိုကိုက သော့်ကိုကိုပဲ။
အပိုင်မပြောနဲ့ တခဏတောင် သော်နှမြောလွန်းလို့ မငှားနိုင်ပေ။
နွေးထွေးကြင်နာတက်သော
အမျိုးကောင်းသားက လောကမှာ ပုံညာဦးချီ တစ်ယောက်သာရှိသည်မို့ သော် လောဘတွေသည် ကြီးသတဲ့ ကြီးလို့လာလေသည်။
ချစ်တဲ့အိမ်စည်။
( တခြားစာရေးတဲ့သူတွေအများကြီးရေးနိုင်တာကို တကယ်အံသြပြီးလေးစားတယ်။
ကိုယ်ဆိုရင် ခုတလော စာမရေးနိုင်တော့ဘူး ပိုဆိုးတာက ongoingနှစ်ပုဒ်ကိုတပြိုင်ထဲရေးနေရတာပဲ။ခုတလော ညတွေမှာလူကသာ အိပ်နေတာ ဦးနှောက်ကဆိုရင် မနက်ရေးမဲ့စာကို စဉ်းစားနေတယ်ထင်တယ် တခါတလေ အိမ်မက်လိုလိုဘာလိုလိုနဲ့ နိုးတချက် အိပ်တချက်နဲ့ ဖြစ်နေတက်တယ်။ ပိုဆိုးတာက ဆံပင်ဖြူတွေပေါက်ပြီး ဆံပင်တွေအထွေးလိုက်ကျွတ်လာတာပဲ ။ မြန်မြန်ဒီနှစ်ပုဒ်ပြီးသွားရင်တော့ ဒီတခါတော်တော်ကြာအောင်နားဖြစ်မယ်ထင်တယ်။ ပြောလို့သာပြောတာ
ကိုယ့်အသက်က တဖြည်းဖြည်း ၃၀နားကပ်လာပြီမို့ နောက်ဆို စာရေးကတော့ ပါးသွားမှာသေချာသလောက်ပဲ ။ )
Bạn đang đọc truyện trên: ZingTruyen.Xyz